+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, April 30, 2009

ဝက်တုပ်ကွေးရောဂါ နောက်ဆက်တွဲသတင်း

Photo VOA Burmese Service
30 April 2009
VOA (Burmese Service)
ဝက်တုပ်ကွေးရောဂါ အကြီးအကျယ် ပျံ့နှံ့နိုင်တဲ့အဆင့်ကို WHO (World Health Organization)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် မာဂရက်ချမ်း (Margaret Chan) က
သတိပေးချက် အဆင့် ၅ သို့ မြှင့်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ဂျနီဗာမှာကြေညာလိုက်ပြီး
နိုင်ငံအားလုံး အဲဒီနှုန်းထားနဲ့ ပြင်ဆင်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ပထ၀ီဒေသတလျှောက် လူတွေအကြား မြင့်မားကျယ်ပြန့်စွာကူးစက်နိုင်တယ်လို့ WHOက ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၅၉ ယောက် သေဆုံးပြီး
လူ ၂၅၀၀ ယောက်လောက် ၀က်တုပ်ကွေးရောဂါ ဖြစ်နေကြပါတယ်။
အမေရိကန်နိုင်ငံ ပြည်နယ် ၁၀ ခုမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်သူ ၉၁ ယောက် ရှိကြောင်း
ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနက ကြေညာပြီး မိန်းပြည်နယ် (Maine) က လာတဲ့သတင်းတရပ်က
ရောဂါဖြစ်သူ ၃ ယောက် တွေ့ရှိလို့ အခုအခါ ပြည်နယ် ၁၁ ခုမှာ ရောဂါဖြစ်သူ ၉၄ ယောက် ရှိသွားပါပြီ။
အသက် ၂၃ လသားတယောက် ကတော့ ၀က်တုပ်ကွေး ရောဂါနဲ့ တက္ကဆက် ပြည်နယ်မှာ သေဆုံးသွားပါပြီ။
ဝက်တုပ်ကွေးရောဂါ ဖြစ်နေကြ တဲ့ အထဲမှာ သြစတေးလျ၊ ဗြိတန်၊ ကနေဒါ၊ ကိုစတာရီကာ၊ ဂျာမနီ၊
အစ္စရေး၊ စပိန်နဲ့ နယူဇီလန် နိုင်ငံတို့ ပါဝင် ပါတယ်။
သြစတေးလျ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတော့
ဖျားနေကြလို့ ၀က်တုပ်ကွေး ဟုတ်မဟုတ် စူးစမ်းနေဆဲ ဖြစ်ပါတယ်။
ဝက်တုပ်ကွေးရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးကို အတက်နိုင်ဆုံး ကြိုးစားနေပါတယ်လို့
သမ္မတ အိုဘားမားက ကြေညာပါတယ်။
VOA သတင်းဌာန မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ )အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 29, 2009

ဝက်တုပ်ကွေးရောဂါပိုး နောက်ဆက်တွဲသတင်း

Photo by VOA News

VOA (Burmese Service)
ဝက်တုပ်ကွေး ရောဂါကြောင့် အမေရိကန် နိုင်ငံမှာ မက္ကဆီကို အနောက်ပိုင်းနဲ့
နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်စ် ပြည်နယ်က ၂၃လသား ကလေးငယ်လေး
သေဆုံးသွားကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန
ယာယီညွန်ကြားရေးမှူး ဒေါက်တာ Richard Besser က ပြောပါတယ်။
မက္ကဆီကို နိုင်ငံပြင်ပမှာ ပထမဆုံး သေဆုံးမှုပါ။
လော့စ်အိန်ဂျလိစ်မြို့မှာ တုပ်ကွေးရောဂါနဲ့ သေဆုံးရသူနှစ်ဦးဟာ
ဝက်တုပ်ကွေးရောဂါနဲ့ ဆက်စပ်ပုံမရဘူးလို့ ဒေသတွင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက
ပြောကြောင်း Los Angeles Times သတင်းစာကပြောပါတယ်။
မက္ကဆီကိုနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရောဂါကူးစက်မှု
၁၁ ခုရှိသွားပြီဖြစ်ပြီး အခြေအနေကိုကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။

ကောက်နှုတ်တင်ပြသူ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 28, 2009

တရားမျှတတဲ့ အလျော် အစား

ဓါတ်ပုံ မင်းစိုးစံ

အလျှော်အစား

ပန်းပွင့်များမှာ
ဖူးရာမှငုံ ငုံရာမှပွင့်
ပွင့်ရာမှအာ အာရာမှကြွေ
လောကမြေစီ မကျမှီလေး
ပျံ့မွှေးပွင့်လွှာ ဤကမ္ဘာတွက်
သူ့ရဲ့ဝန်တာ ကျေခဲ့ပါ၏။
ဓါတ်ပုံ Co2zenith
သစ်ရွက်သည်လည်း
ပုရစ်တံသီ ရွက်နုစည်ဝေ
ကျကြွေရော်ရွက် မြေမသက်ခင်
လောကတခွင် သူ့ဝန်းကျင်ကို
မြဲစဉ်ဝန်တာ ကျေသွားရှာ၏။
ပန်းပွင့်မြေသက် သစ်ရွက်မြေဆင်း
ပျက်ကြွေယွင်းမင့် အပွင့်အရွက်
မြေဆီတက်ရေး ပေးဆက်သေး၏

အတ္တသမား
အိုလူသားတို့ သင်တို့ကမ္ဘာ
ဤမြေလွှာမှ လိုသမျှယူ
ပိုသမျှဖြုဉ်း ကမ္ဘာပြုဉ်းလု
ဂရုမစိုက် ထင်တိုင်းမိုက်တော့
မုန်တိုင်းတွေဆင် ငလျင်တွေလှုပ်
တောအုပ်မီးလောင် နေရောင်ပြင်းရှ
တောင်တွေကျပြို လေပူလည်းတိုက်

ရေခဲလှိုက်ပျော် ကပ်ဆိုက်ရောဂါ
အစာခေါင်းပါး ခံစားဆုံဆည်း
ကမ္ဘာကြီးက သူ့ရဲ့ဘဏ္ဍာ
ပြန်ယူတာပဲ လိုတာပေးလိုက်
ဆက်မမိုက်နဲ့။ ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ်ဏာ.ဍိင် Karen Harp Soung (for Karen national new year)


ဏိင်းသင့်ရာ.ဓနာ.။ ထါခေါဟ်ဏါ.ဍိင်
နှစ်သစ်ဆုတောင်း။ ကရင့်စောင်းသီချင်း


New year has arrive, everyone promote Karen tradition.


If there’s water in the pound, the lotus will bloom.
If there’s no water, then the lotus will die, everyone aware of it.


If Karen National culture is glorious, Karen will be well known.
To make Karen being recognized, everyone please preserve Karen culture.


If Karen culture is obscured, Karen people will be unknown, not make Karen being unrecognized, everyone demonstrate Karen culture.


If the Banyan tree grows inside a tree, that tree will die. As Karen culture, if we adapt other culture, our own culture will be disappearing.


Children in future generation, please gather Karen culture. If you don’t speak Karen language, Karen will be suffocated.


Finally, I am pray for everyone’s health and wellness. May you all have everything and live a peace full time.



မင်းစိုးစံ( အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဝက်တုပ်ကွေးရောဂါ နောက်ဆက်တွဲသတင်း

Photo by (VOA)


ဝက်တုပ်ကွေးရောဂါ နောက်ဆက်တွဲ (VOA Burmese Section)

မက္ကဆီကိုနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၄၉ ယောက် သေဆုံးပြီး
တခြား ၁,၆၀၀ ကျော် ၀က်တုပ်ကွေးရောဂါ ဖြစ်နေကြကြောင်းသိရှိရပါတယ်။
အမေရိကန်နိုင်ငံမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀ ယောက်၊
ကနေဒါနိုင်ငံမှာ ရောဂါဖြစ်သူ ၆ ယောက်၊
စပိန်နိုင်ငံမှာ ၁ ယောက် ရှိကြောင်း တနင်္လာနေ့မှာ
အသီးသီးကြေညာပါတယ်။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တယောက်ကောင်းနဲ့တော့ မရဘူးမှတ်

ဓါတ်ပုံ မင်းစိုးစံ

တယောက်ကောင်းနဲ့တော့ မရဘူးမှတ်

တောင်ပေါ်က လူတွေက
တောင်အောက်က လူတွေကို
သူလိုငါလိုမမြင်
အသေးအမွှားတွေလို့ ထင်နေမှတော့။

တောင်အောက်က လူတွေက
တောင်ပေါ်ကလူတွေကို
လူတွေလို့မမြင်
တရိ စ္ဆာန်တွေလို့ မြင်ပေမပေါ့။

တောင်ပေါ်ကလူတွေနဲ့
တောင်အောက်က လူတွေကြား
အထင်မှား အမြင်မှား
သံသယတွေပွါးနေရင်
ခင်ဗျားတို့ ပါးစပ်ဖျားမှာ
ရေပန်းစားနေတဲ့
စည်းရုံးကြရအောင်ဆိုတဲ့ စကား
ကျုပ် နားကြားပျင်း ကပ်တယ်ဗျာ။

တကယ်စည်းလုံးချင်ရင်
အထင်အမြင်ပြတ်သား
သံသယအရှင်းသားနဲ့
တောင်ပေါ်ကလူတွေက တောင်အောက်ကိုဆင်းလာ
တောင်အောက်ကလူတွေက တောင်ပေါ်ကိုတက်ခဲ့
တောင်ရဲ့ ထက်ဝက်မှာဆုံ
ပွင့်လင်းရိုးသားမှု အဖုံဖုံနဲ့
အစွမ်းကုန် အပြုသဘော
နှီးနှောကြမယ်ဆိုရင်
စည်းလုံးညီညွတ်ရေးဆိုတာ
မဝေးပါဘူးလေ။

ဒါပေမယ့်
မျိုးချစ်တဲ့ မောင်တို့
တောင်အောက်ကို ကြိုးစားအဆင်းနဲ့
တောင်ပေါ်ကို ကြိုးစားအတက်ကြား
နှစ်ဘက်ကိုယ်စီ နားလည်မှုပေး
ဖေးမကူညီ
ယုံကြည်မှုတည်ဆောက်
မာန်မာနကို ဖျောက်ဖျက်
အစွန်းရောက်ခဲ့တာ ခွါချ
အဲဒါမှ စည်းလုံးရေးရမယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မူ.ယံင့်ဖါန် လိက်အင်းသံင်း

ဓါတ်ပုံ မင်းစိုးစံ
မူယွန့်ဖေါင် မှတ်သားထားသော စကားစုများ
၁။ ဘ၀မှာဖြစ်ပျက်ခဲ့သမျှတွေဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ မိမိလုပ်သမျှရဲ့ ရောင်ပြန်ဟပ်မှု
ပဲ့တင်သံတွေပါ။
၂။မနာလိုစိတ်ဟာ ယင်ကောင်တစ်ကောင်လိုပါပဲ၊ ကိုယ်ခန္ဓာရဲ့ ကောင်းတဲ့အစိတ်အပိုင်း
မှန်သမျှတွေကို ကျော်ခွသွားပြီးတော့ အနာကိုတွေ့မှရပ်တော့တယ်။
၃။မိတ်ဆွေအစစ်အမှန်ဆိုတာ ညနေခင်း ဆည်းဆာ အရောင်လိုပါပဲ၊ ပတ်ဝန်းကျင်မှောင်လာမှ
သိသိသာသာ အရောင်တောက်ပလာတယ်။
၎။ အလှအပဆိုတာ တစ်ခါတစ်ရံအရက်ထက်ပိုဆိုးပါတယ်၊ မြင်သူကိုရော ပိုင်သူကိုပါ
မူးယဇ်စေတတ်တယ်။
၅။ ပျော်ရွှင်မှုဆိုတာ လိပ်ပြာလိုပါပဲ၊ လိုက်ဖမ်းလျှင်လက်လှမ်းမမီ ငြိမ်ငြိမ်ထိုင်နေတော့မှ
လူပေါ်လာနားတတ်တယ်။
၆။ မလုပ်သင့်တာကို လုပ်မိလျှင်တော့ မမကြိုက်တာကို ခံယူရလိမ့်မယ်။
၇။ သင့်မှာ မိတ်ဆွေငါးဆယ်ရှိနေသလား၊ မလုံလောက်သေးပါ၊
သင့်မှာရန်သူတစ်ယောက်ရှိနေသလား၊ များလွန်းနေပြီ။
၈။ စာရိတ္တဆိုတာ စက္ကူဖြူတစ်ရွက်လိုပါပဲ၊ တစ်ကြိမ်စွန်းထင်းမိလျှင်တော့
ပကတိဖြူစင်အောင် ပြန်မလုပ်နိုင်တော့ပါဘူး။
ဓါတ်ပုံ မင်းစိုးစံ
၉။ အလွမ်းကြောင့် ကျတဲ့မျက်ရည်ဟာ မှန်ပြောင်းထက် ဝေးဝေးမြင်နိုင်စွမ်းရှိပါတယ်။
၁၀။ဘယ်တော့မှမကျခြင်းဟာ ဂုဏ်မဟုတ်ပါ၊
ကျပြီးပြန်တက်နိုင်ခြင်းသည်သာ ဂုဏ်ဖြစ်တယ်။
၁၁။တစ်သက်တစ်ခါ ကောင်းသည့်ကံကြမ္မာလာ၍တံခါးခေါက်စမြဲ၊
သို့သော် လမ်းထိပ်ကဘုံဆိုင်ကိုရောက်နေသောကြောင့် မကြားလိုက်မိကြချေ။
၁၂။ကံကောင်းခြင်းဟာ နှစ်ခါလာရိုးထုံးစံမရှိနိုင်ပေမယ့်၊
ကံဆိုးခြင်းကတော့ အဖော်ခေါ်လာတတ်ပါတယ်။
၁၃။အချစ်ဆိုတာ သူရဲကောင်းတစ်ယောက်ကို စုတ်ချာပျက်စီးသွားအောင်လုပ်နိုင်သလို၊
နုံချာတဲ့သူကိုလည်း သူရဲကောင်းတစ်ယောက်ဖြစ်အောင် လုပ်နိုင်စွမ်းရှိပါတယ်။
၁၄။မေတ္တာတရားဟာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ရှိပါတယ်။

၁၅။ဒေါသဖြစ်လျှင် ၁.ကနေ ၁၀ အထိ ရည်ပါ၊ ဒေါသစိတ်
တအားပြင်းထန်လျှင်တော့ ၁.ကနေ ၁၀၀ အထိရည်တွက်ပါ။
ဗဟုသုတဖြစ်စေရန် မိမိမှတ်မိသောအပိုင်းအစများကိုသာ စုစည်းတင်ပြခြင်းဖြစ်ပါသည်၊
စာရေးဆရာအမည်ကိုတော့ မမှတ်မိတော့ပါ။
မူ.ယံင့်ဖါန်.
မူ.ယံင့်ဖါန် Blog မှ ကူးယူဖေါ်ပြပါသည်။
မင်းစုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 27, 2009

မေဓါဝီ၏ ရေးမိရေးရာများ

(ဓါတ်ပုံ မင်းစိုးစံ)

လမ်းအပြိုင်လျှောက်ရင်း
ပန်းတိုင်ပျောက်တတ်တယ် - သတိ။
မိမိတို့ဘက် မှန်တယ်ဟု
သူ့ဘက် အပြစ်ရှု - ဂရု။
သူ့အုပ်စုကို ငါမမှု
ငါ့အုပ်စုကို သူမမှု
အကျိတ်အခဲတွေ စု။
အုပ်စုတွေကွဲ တုတ်တွေဆွဲ
ရန်သူ တဟဲဟဲ။
ကောင်းကြသေးရဲ့လား - ကဲ။
(တင်မိုး)
၂၁၊ ၁၂၊ ၂၀၀၅

(ဓါတ်ပုံ မင်းစိုးစံ)
problem solving
ပြဿနာတခု ပြေလည်မယ်ကြံကာရှိသေး နောက်တခုက အနားရောက်လာပြန်တယ်။
ဒီလိုပါပဲ ဘ၀ဆိုတာ စိန်ခေါ်မှုတွေ ရုန်းကန်မှုတွေ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတာပဲလေ။
ဒါတွေမှ မရှိရင်လည်း နေရတာ ပျင်းစရာကောင်းလိုက်မယ့်ဖြစ်ခြင်း။
ပြဿနာတခုစဖြစ်ပြီဆိုရင် စိတ်ညစ်မိပေမဲ့ အဲဒီပြဿနာကို ပြေလည်အောင်
ဖြေရှင်းလိုက်နိုင်ရင် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။
နောက်ပြဿနာတခု ဖြေရှင်းဖို့အတွက်လည်း အင်အားအသစ်တွေ
ထပ်ရလိုက်တယ်ဆိုပါတော့။

ပြဿနာတခု ဖြေရှင်းတဲ့နေရာမှာ
မြွေမသေ တုတ်မကျိုးတို့ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာဆိုတဲ့ နည်းလမ်းတွေကိုတော့
အမုန်းဆုံးပဲ။
အဲဒါတွေက စကားပုံတွေထဲမှာပဲရှိတယ်။ လက်တွေ့ဘ၀နဲ့ နီးစပ်မှု မရှိဘူး။
မြွေလဲ မသေစေချင် တုတ်လဲမကျိုးစေချင်ရင် အပေါက်ခံလိုက်ရမှာလား။
ဒါမှမဟုတ် ထိုင်ကြည့်နေမှာလား။
ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့အတွက်
ကိုယ်တိုင်က မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့ ကိုယ့်ရဲ့မှန်ကန်တဲ့ အတွေးအခေါ်အယူအဆကို
ထုတ်ဖော်ပြသနိုင်ဖို့ အရေးကြီးပါတယ်။
ဒီလို အမြင်မှန်နဲ့ အယူအဆမှန်တွေကို ထုတ်ဖော်ပြပြီးတဲ့နောက်
မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ဖို့ဆိုရင်တော့ ဒွိဟ ဖြစ်မနေသင့်ဘူး။
တခုခုကိုတော့ စတေးရမှာပဲ။
မြွေလား? တုတ်လား?
အန္တရာယ်ပေးမဲ့သူဆိုရင် သွား ။
(မေဓါဝီ)

(ဓါတ်ပုံ မင်းစိုးစံ)
life
တိုတောင်းတဲ့ ဘ၀လေးအတွင်းမှာ
ဘယ်သူ့အတွက် အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးခံမလဲ ...
မိဘ ဆွေမျိုး ဘာသာ သာသနာ တိုင်းပြည်
ငါ ...
ဘာလုပ်ရမလဲ။
ဆုံးဖြတ်ချက်တခု သေသေချာချာ ချရတော့မယ်။
လောလောဆယ်တော့ သက်ပြင်းတွေသာ ချမိပါရဲ့။
(မေဓါဝီ)
ဒီစာလုံးလေးတွေဟာ မေဓါဝီ ဘလော့ဂ်ထဲက ကူးထားတာပါ။
ကျုပ်ကြိုက်သလို အချို့မိတ်ဆွေတွေ ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 26, 2009

ဝက်တုပ်ကွေးရောဂါပိုး မက္ကစီကိုတွင် လူ ၈၁ဦးသေဆုံး

ဝက်တုပ်ကွေးရောဂါပိုး မက္ကစီကိုတွင် လူ ၈၁ ဦးသေဆုံး
(VOA Burmese Service)
Photo by BBC Burmese Service
မက္ကဆီကို နိုင်ငံမှာ Swine flu ဝက်တုပ်ကွေး ကူးစက် ပျံ့ပွားမှုကြောင့် သေဆုံးသူပေါင်း
၈၁ ယောက်ရှိသွားပြီလို့  မက္ကဆီကို ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
မက္ကဆီကို စီးတီး မြို့တော်နဲ့အနီးဝန်းကျင်က ဒေသတွေမှာ ကျောင်းတွေကို
မေလ ၆ ရက်နေ့ အထိ ပိတ်ထားမယ်လို့  အစိုးရက ကြေငြာခဲ့တာနဲ့ အတူ
လူအသေအပျောက်နှုန်း အသစ်ကို ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပြောကြား
ခဲ့တာဖြစ်ပါတယ်။

မက္ကဆီကို နိုင်ငံနဲ့  အမေရိကန် နိုင်ငံတွေမှာ ဝက်တုပ်ကွေးလို့ 
အတည်ပြုနိုင်တဲ့ နောက်ထပ် ကူးစက်မှုတွေနဲ့  ဖြစ်နိုင်ချေရှိတဲ့ ကူးစက်မှုတွေကြောင့် 
လူတွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့ ဖြစ်ပွားနိုင်တဲ့ အလားအလာရှိနေတာမို့ 
ဒီဗိုင်းရပ်ပိုးဟာ နိုင်ငံတကာမှာ အများပြည်သူ ကျန်းမာရေးအတွက် အရေးပေါ်
စိုးရိမ်စရာဖြစ်တယ်လို့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ကြေငြာထားပါတယ်။
ဗိုင်းရပ် ကူးစက်မှုကို တာဝန်ရှိသူတွေ ထိန်းနိုင်မှာ မဟုတ်ဘူးလို့  အမေရိကန်
ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားပါတယ်။
နယူးဇီလန် နိုင်ငံမှာတော့ မက္ကဆီကိုကနေ လတ်တလောပြန်လာတဲ့
ကျောင်းသား ၁၀ ယောက်ဟာ ဝက်တုပ်ကွေး ဗိုင်းရပ်ကူးစက်လာခဲ့ပုံရတယ်လို့ 
နယူးဇီလန် ကျန်းမာရေးဝန်ကြီးကပြောပါတယ်။
မက္ကဆီကိုနိုင်ငံမှာ လူပေါင်း ၁၃၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ရတာဟာ
ဝက်တုပ်ကွေးဗိုင်းရပ်ကြောင့် ဖြစ်မယ်လို့ သံသယရှိကြောင်း
တာဝန်ရှိသူတွေကပြောပါတယ်။
Roman Catholic ဘာသာဝင် အများစုနေထိုင်ကြတဲ့ မက္ကဆီကိုမှာ
ဒီကနေ့ တနင်္ဂနွေနေ့ ဝတ်ပြု ဆုတောင်းပွဲတွေကို တနိုင်ငံလုံးက
ဘုရားကျောင်းတွေမှာ ဖျက်ခဲ့ပါတယ်။
မြို့တော်ထဲမှာလဲ လူစုလူဝေးပွဲတွေ အားလုံးကို ၁၀ ရက်မလုပ်ရလို့ 
မြို့တော်ဝန်က အမိန့် ထုတ်ထားတဲ့ အပြင် လူနာတွေကိုသီးခြားထားဖို့နဲ့ 
ခရီးသွားတွေကို စစ်ဆေးမှုတွေလုပ်ဖို့  ကျန်းမာရေးဌာနကို လုပ်ပိုင်ခွင့်တွေ
ပေးထားပါတယ်။
အမေရိကန်မှာတော့ California ပြည်နယ်မှာ ၁ ယောက် နဲ့  Kansas ပြည်နယ်မှာ ၂ ယောက်
အပါအဝင် အသက်အန္တာရာယ်မရှိသေးတဲ့ ရောဂါကူးစက်မှုစုစုပေါင်း ၁၁ ခု တွေ့ ရှိထားတယ်လို့ 
ကျန်းမာရေး တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အပမ်းဖြေခရီးမှ အပမ်းပြေဓါတ်ပုံများ

အပမ်းပြေပါစေ၊ အနွမ်းပြေပါစေ၊ အလွမ်းပြေပါစေ













Oregon





Oregon မှ သူငယ်ချင်းများအား အထူးကျေးဇူးတင်ပါသည်။
အပမ်းပြေပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Prepare for wind shift at widfire



SC officials prepare for wind shift at wildfire
Apr 26, 2009 (10:11a CDT)

CONWAY, S.C.
South Carolina forestry officials say a wildfire that's destroyed more than 70 houses is mostly contained, but firefighters are preparing for shifting winds that could drive danger to other areas.

Forester Mike Ney told workers Sunday morning that winds are expected to shift Monday, blowing to the southwest.

Since the fire started Wednesday, winds have mostly driven flames north, parallel to the coast.

Ney says firefighters will continue to douse hotspots. They'll also widen fire breaks and create more of them to the south, and drop water from the air.

The blaze, which has damaged an additional 100 houses, remained 85 percent contained Sunday. Authorities say overnight humidity helped keep fire activity down

Qwest သတင်းမှ ထပ်ဆင့်ဖေါ်ပြသည်
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
USA

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 25, 2009

သူ့အထွာနဲ့ သူ


ဓါတ်ပုံ co2 zenith


သူ့အထွာနဲ့ သူ၊ ကိုယ့်အထွာနဲ့ ကိုယ်

ကျုပ်ရေးမယ့် အကြောင်းအရာလေး မရေးခင်မှာ ပုံပြင်တပုဒ်လောက် ရေးပြပါ
ရစေ။
တောမီးတွေလောင်တော့ တောထဲမှာကျက်စားနေကြတဲ့ သတ္တဝါတွေ မီးလွတ်ရာကို
ပြေးကြတာပေါ့၊ အဲဒီလိုပြေးလွှားလို့ မီးလွတ်တဲ့နေရာကိုရောက်တာ့
အမောအပမ်းဖြေကြရင်း ဆင်ကပြောတယ် ကြည့်ကြစမ်းပါဦးကွာ သစ်ကိုင်းနဲ့ခြစ်မိလို့
ငါ့ကျောက်ကုန်း(ကျောကုန်း)တထွာလောက်ပြဲသွားတယ် လို့ပြောတော့
ဖြုတ်ကလည်း ငါ့ကျောက်ကုန်း(ကျောကုန်း)လည်း တထွာလောက်ပြဲနေတယ်လို့
ဆိုလိုက်တော့ ဆင်က မင်းကွာ၊ အကောင်ကဖြင့် လက်သည်း(လက်သဲ)ထိပ်လောက်တောင်
မရှိတာများ တထွာလောက်ပြဲတယ်ဆိုတော့ လွန်တာပေါ့တဲ့။

ဒီတော့ဖြုတ်က ခင်ဗျားလည်း ခင်ဗျားအထွာနဲ့ခင်ဗျား၊ ကျုပ်လည်း ကျုပ်အထွာနဲ့ ကျုပ်ပေါ့ဗျာတဲ့။
ကျုပ်ဘာကြောင့် စကားဦးသန်းထားရသလဲဆိုတော့ ကျုပ်အတွေးအခေါ်လေးနဲ့
သတင်းသုံးသပ်မလို့ပါ၊ ဝါရင့်နိုင်ငံရေးသမားတယောက် မဟုတ်ရသလို၊အတွေ့အကြုံရင့်ကျက်တဲ့
သတင်းသမားတယောက်လည်း မဟုတ်ရပါဘူး။
ဒီလိုဗျဒီလို။
မိုင်းပပျောက်ရေးလှုပ်ရှားသူတွေက မြေမြှုပ်မိုင်း အသုံးပြုတာတားဘို့ မြန်မာနိုင်ငံ က
အခုအချိန်အထိ အကောင်အထည်မဖေါ်နိုင်သေးဘူးဆိုပြီး ဝေဘန်သွားတော့ ဗမာစစ်အစိုးရက
လက်နက်ကိုင် အဖွဲ့ ၁၈ခုထဲက ၁၇ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားပြီး ဖြစ်တဲ့အပြင် ကျန်နေတဲ့တဖွဲ့နဲ့လည်း
ညှိနှိုင်းနေပါတယ်၊ ပဋိပက္ခတွေ မရှိတော့ တဲ့အတွက် သူတို့အနေနဲ့ မိုင်းထောင်တဲ့ကိစ္စကို
ထည့်ပြောနေစရာမလိုပါဘူး ဆို ပြီး မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာလုပ်ခဲ့တဲ့
မြေမြှုပ်မိုင်းပပျောက်ရေးနဲ့ဆိုင်တဲ့ အစည်းအဝေးမှာ ပြောခဲ့တယ်ဆိုပါလား။
ဒါပေမယ့် အခြေအနေတွေဟာ အခုအချိန်အထိ တိုးတက်မှုရှိမလာသေးဘူး ဆိုပြီး
မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦး ဖြစ်တဲ့
မစ္စအမ်မီလီ ကီတူဒတ် Ms. Emilie Kedutdat ကပြောပြန်ပါတယ်။
မိုင်းဗုံးတွေကို စက်ရုံက ထုတ်တာပဲဖြစ်ဖြစ်၊အိမ်နောက်ဖြေးက လုပ်တာပဲ ဖြစ်ဖြစ်
သာမာန်အိမ်သုံးပစ္စည်းမဟုတ်တာကြောင့် ဘာမှမထူးဘူး၊ နိုင်ငံတကာ
သဘောတူညီချက်တွေအရ ဒါဟာ တရားမဝင်ဘူး၊ လက်လုပ်ဗုံးတွေဟာ အထိအခိုက်
နည်းပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်ရှိတယ်၊ အထူးသဖြင့်ဘယ်လိုဘယ်ပုံ
လုပ်ထားမှန်းမသိတဲ့အတွက် မိုင်းရှင်းသူတွေအတွက် အခက်အခဲအများအပြား
ကြုံတွေ့ကြရတတ်တာကြောင့် အိမ်တွင်းဖြစ်မိုင်းတွေဟာ၊ စက်ရုံကထုတ် တဲ့မိုင်းတွေလိုပဲ
အန္တရာယ်ကြီးမားပါတယ်ဆိုတဲ့အကြောင်း၊ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ဝင်တဦးဖြစ်တဲ့
မစ္စမေရီဝဲဟမ်း Ms. Mary Wereham ကပြောသွားပါသေးတယ်။
ဗမာစစ်အစိုးရရဲ့ စကားအသွားအလာအရ ၁၈ဖွဲ့ထဲက တဖွဲ့ပဲကျန်တယ်ဆိုတော့၊
မြေမြှုပ်မိုင်းကို KNU ပဲသုံးတာ၊ သူတို့မသုံးဘူးလို့ပြောလိုက်တာပါ၊ စစ်အစိုးရရဲ့စကားကို
အားပေးထောက်ခံလိုက်တဲ့၊ အရေးအသားတခုပေါ်လာပါတယ်၊ KNLA တွေဟာ
SPDC နဲ့ DKBA တို့ ထိုးစစ်ဆင်လာမှာကို ကြိုသိထားတဲ့အတွက် ဒေသတခုလုံးမှာ၊
မြေမြှုပ်မိုင်းတွေ၊ ထောင်ချောက်မိုင်းတွေ ပြည့်နှက်နေတဲ့အပြင် KNLA တို့ကိုယ်တိုင်
ထုတ်လုပ်ထားတဲ့ ရှေ့ထွက်မိုင်းတွေနဲ့ ခုခံတိုက်ခိုက်နိုင်တဲ့ အကြောင်း ရေးသားထားတာ
တွေ့ရပါတယ်။
အဲဒီသတင်းနဲ့ တရက်ထဲလိုလိုမှာ မီးလောင်ရာလေပင့်တဲ့ အရေးအသားတခု
ထပ်တွေ့လိုက်ရပြန်ပါတယ်၊ ခြောက်လအတွင်း ရွာသားအယောက် ၃၀ မိုင်းနင်း မိပြီး
၁၅ယောက်သေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတာပါ။

ဓါတ်ပုံ co2zenith မှ ကူးယူဖေါ်ပြပါသည်။

ဒီတော့ဗျာ ပြောလက်စနဲ့ ကျုပ်ပြောပါရစေ၊ သတင်းစာလွတ်လပ်ခွင့်ဆိုတာ
ရှိနေလေတော့ သတင်းကိုအတတ်နိုင်ဆုံး မြန်ဆန်မှန်ကန်တိကျမှုဖြစ်အောင်
ကြိုးစားရေးသားထုတ်လွှင့်ကြရမှာက သတင်းသမားတွေရဲ့ တာဝန်ဖြစ်သလို၊
ကိုယ်တင်ပြရေးသားလိုက်တဲ့သတင်းဟာ ကိုယ့်အာဘော်မဖြစ်အောင် ထိန်းသိမ်းရမယ့်ဝတ္တရား
ရှိတယ်ဆိုတာကိုလည်း သတင်းသမားတိုင်းသိကြပါတယ်။
ကျုပ်သင်တန်းတခုတက်ခဲ့တုန်းက တကယ်လို့များခင်ဗျားဟာ သတင်းမပေးရဲသူ
မပေးချင်သူတယောက်စီက သတင်းယူမယ်ဆိုရင်၊ သူပြောချင်လာအောင် လုပ်ပါ၊
အကယ်၍များ ခင်ဗျားက သတင်းပေးသူဖြစ်မယ်ဆိုရင်တော့ သတင်းသမားရဲ့
စကားနောက်ကို မလိုက်မိအောင်သတိထားပြီး ကိုယ်ပြောရမယ့်အချက်
အလက်ကိုသာ ထပ်ခါတလဲလဲပြောပါ၊ ဆိုပြီးသင်ခဲ့ရသဗျ။
ဘာကြောင့်လဲဆိုတော့တဲ့ သတင်းသမားတွေတိုင်းဟာ ကိုယ့်လူချည်းပဲမဟုတ် နိုင်လို့ပါတဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မိုင်းနင်းမိလို့ ငိုညည်းနေသူတွေ၊ သေနတ်ဒါဏ်ယာကြောင့် လဲကျနေသူရဲ့
ပုံတွေကိုဖေါ်ပြထားတဲ့ တချို့ဘလော့ဂ်တွေမှာ SPDC နှင့် DKBA တို့၏ ဘာညာဆိုပြီးရေးသားကြတာ
တွေ့ရပါတယ်၊ အဲဒီလိုရေးမယ့်အစားပြည် တွင်းစစ်၏ အနိဌာရုံများ၊ ဒါမှမဟုတ်
လူသတ်လက်နက်များထုတ်လုပ်ကြသည့် နိုင်ငံများအတွက် ပေးဆပ်နေကြရသည့်
အပြစ်မဲ့ကရင်ပြည်သူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်သွားအောင် အရေးအသားတွေ
ပြင်စေချင်ပါတယ်။
ဘာကြောင့်လည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းဟာ အခြေအနေပေါ်မူ တည်ပြီး
လုပ်ရကိုင်ရတဲ့အခါကျတော့ မလွှဲမရှောင်နိုင်တဲ့ မတော်တဆမှုဆိုတာ အနည်းနဲ့အများ
ကြုံတွေ့တတ်ကြရတာကြောင့်ပါ။

မစ္ဈိမ သတင်းဌာနနှင့် ကေအိုင်စီ သတင်းစဉ်တို့မှ သတင်းအချက်အလက်များကို
မှီငြမ်းရေးသားထားခြင်း ဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
Minnesota, USA. April 25, 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 24, 2009

ကြာတာကတော့ အတော်လေးကို ကြာလာခဲ့ပါပြီ




ဒီဓါတ်ပုံကို Myanmar true news က ရပါတယ်

ကြာတာကတော့ အတော်လေးကို ကြာလာခဲ့ပါပြီ

နေလာခဲ့တာ ကြာတာကတော့ အတော်လေးကို ကြာလာခဲ့ပါပြီ
ပြန်သွားဘို့ကလည်း နီးတာထက်ကို ပိုပြီးနီးလာနေပါတယ်
အနတ္တ အမြဲမရှိ အနိစ္စ အမြဲရှိ၏ ဆိုတဲ့အတိုင်း လူတိုင်းဟာ တနေ့မဟုတ်တနေ့
အားလုံးသေကြရမှာ အသေအခြာပဲ။
သေခြင်းတရားနဲ့ပတ်သက်တဲ့ စာကြောင်းတွေထဲက
စာကြောင်းလေးတကြောင်းနဲ့ ပတ်သက်ပြီးဆွေးနွေးချင်လို့ပါ။
ကျုပ် ခပ်ငယ်ငယ်တုန်းကပေါ့ စာကြောင်းတကြောင်း
ဘတ်ဘူးတယ်ဗျ။
ဘာရေးထားသလဲဆိုတော့

အကယ်၍များ မင်းဟာ မနက်ဖြန်မှာ
တကယ်သေရမယ်ဆိုတာ
အတိအကျသိရပြီဆိုရင်
မင်းအလုပ်ချင်ဆုံးအရာက ဘာလဲ။
ဆိုတဲ့မေးခွန်းလေးပါ။

ခင်ဗျားအနေနဲ့ အဲဒီမေးခွန်းလေးကို ဖြေနိုင်မလား။
ဖြေမယ်ဆိုရင် ကျုပ်ရဲ့လိပ်စာပေးလိုက်ပါ့မယ်။
ခင်ဗျားရဲ့ အဖြေကို ကျုပ်ရဲ့ Blog ထဲမှာတင်ထားချင်လို့ပါ။
တခုတော့ရှိတယ် Blog ထဲမှာ ခင်ဗျားနာမည် မပါစေချင်ရင်ကြိုတင်ပြောပေါ့ဗျာ။
ကျုပ် လိပ်စာက sathanmyint@yahoo.com ဖြစ်ပါတယ်။
မေးခွန်းကို ပုံတွေကြည့်ပြီးဖြေနိုင်ပါတယ်။ မကြည့်ပဲဖြေရင်လည်းရပါတယ်။
ကျေးဇူးတင်နေမှာပါ။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်အမျိုးသား သုခုမအနုပညာရှင် အဓိပတိကြီးများ


ကျဝ်လိက်သိင့်( စွန်ရဲ)




သိင်းလးဘင်(ဘောင်) (နန်းရွက်ဝါ)


မူးဓံင့်အွာ(နန်းရွှေဖြူ)





အားမာန်သစ် ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။ (နာမည် ဘာသာပြန်ထားသည်များ မှားနေပါက ပြင်ဆင်ပေးပါရန်)
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စိန့်ပေါမြို့ ကရင့်အမျိုးသား နှစ်သစ်ကူးနေ့ အခန်းအနား ဓါတ်ပုံမှတ်တမ်း( ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ်)

စိတ်ဝင်စားတယ်၊ ကြိုက်တယ်၊ အသုံးတည့်မယ် ဆိုရင် ကူးယူနိုင်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်နာမည်လေး ထည့်ပေးဘို့ ဝန်မလေးစေချင်ဘူး။ ပိုင်ရှင်နာမည်က Min Soe San လို့မှတ်လိုက်ပါ။





















































စိတ်ဝင်စားတယ်၊ ကြိုက်တယ်၊ အသုံးတည့်မယ် ဆိုရင် ကူးယူနိုင်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်နာမည်လေး ထည့်ပေးဘို့ ဝန်မလေးစေချင်ဘူး။ ပိုင်ရှင်နာမည်က Min Soe San လို့မှတ်လိုက်ပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....