+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, December 31, 2009

သူယုံကြည်ရာကဏ္ဍ VOA Burmese.com

သူယုံကြည်ရာကဏ္ဍ VOA Burmese Section

ဦးဘုန်းမြင့်အောင် အငြိမ်းစားကျောင်းဆရာ (မန္တလေးမြို့)

ကျွန်တော်ယုံကြည်တာက,တော့လေ အများအကျိုးစီးပွါးလုပ်ဆောင်ခြင်းဟာ တရားတယ်၊ အများ
အကျိုးစီးပွါးကို ဦးစားပေးပြီးလုပ်ဆောင်မယ်ဆိုရင် လူ့လောက,ကြီးဟာ ပိုပြီးသာယာမယ်လို့
ကျွန်တော်ယုံကြည်ပါတယ်။
ကိုယ်ကျိုးစီးပွါးလုပ်တဲ့လူတွေကြောင့် လောက,ကြီးဟာ သိပ်ပြီးတော့အေးချမ်းမှုးချမ်းမှုမရှိဘူးလို့
မြင်တယ်လေ။
အများအကျိုးကိုများများလုပ်တဲ့လူတွေ တိုးလာလေ လောက,ကြီးမှာ ဒုက္ခရောက်တဲ့လူတွေအတွက်
က ပိုအားကိုးရာရ,တယ်လို့ ခံယူပါတယ်၊ တကယ်ကျတော့လေ လူတွေဟာကိုယ့်အတွက်ပဲကိုယ် ရုန်း
ကန်နေကြတယ်လေ ကိုယ့်အတွက်ပဲကိုယ်ရုန်းကန်နေမယ့်အစား ဒုက္ခရောက်နေတဲ့သူတွေ သူတို့တ တွေကိုသက်သာ အောင် ဒုက္ခက,ကင်းလွတ်အောင်လုပ်သင့်တယ်လို့မြင်လာရင် ဒါက ပိုပြီးကောင်း
ပါတယ်။

ဥပမာ စာအုပ်တွေရှိတယ် ရှိတဲ့စာအုပ်တွေက မီးလောင်သွားတဲ့အခါကျတော့ တော်တော်လေးသံဝေ
ဂ,ရ,တယ် ဒီစာအုပ်တွေ ငါ စာကြည့်တိုက်ကိုလှူထားရင် ဒါမလောင်နိုင်ဘူးပေါ့ အခုတော့အိမ်မီးလောင်
တဲ့အခါ စာအုပ် တွေပါသွားတယ်လေ၊ မီးလောင်လို့ပြာဖြစ်သွားတဲ့နောက်ပိုင်းမှာ စာအုပ်တွေထပ်စုတယ် စုပြီးတော့မှ ပြင်ဇာဆို တဲ့ ပြင်ဇာဆိုတာက ပြင်ဦးလွင်မြို့နယ်ထဲမှာပါ ရှေးတုန်းကတော့ မေမြို့လို့ခေါ်ပါ
တယ်၊ အဲ့ဒီမှာ စာကြည့်တိုက်ကလေးလုပ်လိုက်ပါတယ် စာကြည့်တိုက်နာမည်ကို ပညာ့အလင်းရောင် စာကြည့်တိုက် လို့ နာ မည်ပေးထားပါတယ် အဲဒီမှာ စာငတ်ကြတယ်၊ စာကြည့်တိုက်ဖွင့်လိုက်တာနဲ့ တ ပြိုင်နက်ထဲ ကလေးလူကြီး စာဖတ်ချင်လို့ရောက်လာကြတယ် သူတို့ကိုစာနာပါတယ် စာကြည့်တိုက်ထဲ
မှာလည်း သူတို့ဖတ်လို့ရ,တယ် အိမ်ကိုလည်းပဲငှားပါတယ် အခ,မဲ့ငှားတာပါ သဘောကတော့ ကိုယ်လည်း ဖတ်လို့ရ,တယ် အများလည်းဖတ်လို့ရ,တဲ့ အကျိုးပြုတဲ့လုပ်ငန်း လေးကို စ,ပြီးတော့အကောင်အထည်ဖေါ်
ပါတယ်၊ ပညာဒါန,လို့ဆိုလည်း မမှားပါဘူး။

အဲဒီစာကြည့်တိုက်လေးနဲ့ကပ်ရက်ပေါ့လေ အဲဒီပြင်ဇာမှာပဲ သုခမေတ္တာမိဘမဲ့ကျောင်း ဆိုပြီး သုခမေတ္တာ
ဆိုတာ ကတော့ ဆရာကြီးဦးသုခ,ကို ဂုဏ်ပြုတဲ့အနေနဲ့ သုခမေတ္တာမိဘမဲ့ကျောင်း လို့ နာမည်ပေးတာပါ၊
အဲဒါ ဆောက်တုန်းနော် မပြီးသေးဘူး တချို့ကတော့လေ ဒီလိုပရ,ဟိတ,မျိုး စိတ်မဝင်စားဘူး၊ ဘုရားတည်
မှ ကျောင်း ဆောက်မှကုသိုလ်ရ,တယ်လို့ တချို့ကခံယူထားတယ်၊ ဒါပေမယ့်လို့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒီဒုက္ခအတွင်းက,လွတ်ကင်းအောင် ပြုစုစောင့်ရှောက်ပါလို့ တနည်း
အားဖြင့် သွယ်ဝိုက်ပြီး ဟောတာပါပဲ၊ အဲဒီတော့ဘာပဲပြောပြော ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေက အတော်
များပါတယ် ဒုက္ခပင်လယ်တွေ ဝေနေတဲ့ ပုဂ္ဂိုလ်တွေ ဟို အသိတရားရှိတဲ့ပုဂ္ဂိုလ်တွေ အဲဒီဒုက္ခက လွတ် ကင်းအောင်ပေါ့လေ တတ်နိုင်သလောက်ပြုစုစောင့် ရှောက်မယ် ဒုက္ခက,လွတ်အောင် လုပ်သင့်တယ်လို့ ခံယူပါတယ်။

သူတို့တတွေဒုက္ခရောက်နေတာကို ကူညီလိုက်လို့ သူတို့မှာသက်သာရာရ,သွားတယ် သူတို့တတွေ
စိတ်ချမ်း ချမ်းသာသာနဲ့ ဥပမာ ကျန်းမာရေးကောင်းလာတယ် သူတို့တတွေအသိပညာလေးတွေကြွယ်
လာတယ် သူတို့မှာ လူရာဝင်လာတယ်ဆိုလို့ရှိရင် ပီတိဖြစ်ရ,ပါတယ်၊ ကိုယ်ပြုစုစောင့်ရှောက်လိုက်တဲ့ကလေးတယောက် လူလားမြောက်ပြီးတော့ သူ့မှာ ဒုက္ခတွင်းက,နေပြီး
လွတ်ကင်း ပြီးတော့နေတယ်၊ တင့်တောင့်တင့်တယ်နေ နိုင်တယ်ဆိုလို့ ရှိရင် ကြည့်ပြီးတော့ပီတိဖြစ်
ရ,ပါတယ်၊ အဲဒီပီတိဟာဘာနဲ့မှလဲလို့လည်းမရ,ပါဘူး။

လောက,မှာပေါ့လေ ကိုယ်ကျိုးစီးပွါးထက် အများအကျိုးစီးပွါးလုပ်တဲ့ပုဂ္ဂိုလ်တွေ များလာတာနဲ့အမျှ
လောက, ကြီးဟာ ကမ္ဘာကြီးဟာ သာယာလာမှာပါ၊ အဲဒါကြောင့်မို့ ကျွန်တော်တို့တတွေက အများအ ကျိုးစီးပွါးကိုဦးစားပေးပြီး တနည်းအားဖြင့်အတ္တအကျိုးစီးပွါးထက် ငို့ဘ ငါ့ဘို့လုပ်တာထက် အများအ
ကျိုးစီးပွါးကို ပိုပြီးတော့ ဦးစားပေးပြီးတော့လုပ်သင့်ပါတယ်။

ဦးဘုန်းမြင့်အောင်
အငြိမ်းစားကျောင်းဆရာ
မန္တလေးမြို့

VOA Burmese Section မှ ထုတ်လွှင့်သည့် သူယုံကြည်ရာကဏ္ဍတွင် အငြိမ်းစားကျောင်းဆရာ ဦးဘုန်းမြင့် (မန္တလေး)၏ ပြောကြားချက်များကို နားဆင်ပြီးပြန်လည်ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါသည်။

မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 30, 2009

ဘဝအမြင်အာရုဏ် ထင်ရှားရှင်းလင်းကြပါစေ

ဘဝအမြင်အာရုဏ် ထင်ရှားရှင်းလင်းကြပါစေ
(မင်းစိုးစံ)

“ခင်ဗျားရဲ့ ဘယ်ဘက်မျက်လုံးကို ဒါလေးနဲ့ပိတ်ထားပြီး မေးစေ့ကိုဒီတန်းလေးပေါ်တင်ထားပါ၊ နဖူးကိုလည်း အပေါ်တန်းနဲ့ ကပ်ထားပါ၊ ပြီးရင် ညာဘက်မျက်လုံးနဲ့ အဲဒီအဝိုင်းလေးကို စိုက်ကြည့်နေပါ၊ ကြက်ခြေခတ်
နေရာကို တည့်တည့် ကြည့်ပြီး အလင်းရောင်မြင်တိုင်း ဟောဒီခလုတ်ကိုနှိပ်ပါ၊ မျက်လုံးတဘက်ကို သုံးမိ
နစ်ကြာမှာဖြစ်ပါတယ်။ သုံးမိနစ်အတွင်း မျက်လုံးညောင်းလို့ နားချင်ရင်နားနိုင်ပါတယ်၊ အဲဒါနဲ့ပတ်သက်
လို့ ဘာများမေးစရာရှိပါသလဲ”

မျက်လုံးအထူးကုဆေးခန်းတွင်းမှ ဆရာဝန်အကူ၏ ရှင်းလင်းပြောကြားချက်များဖြစ်သည်။
အမြင်အာရုဏ်ချို့တဲ့ သူတို့အနေဖြင့် မဖြစ်မနေအချိန်မှီကာကွယ်ကုသ,ရေးသည် အလွန်အရေးကြီး
လှပါ၏။

“မေးစရာဘာတခုမှ မရှိပါဘူး”
“အိုကေ ဒီက,စမ်းသပ်မှုတွေပြီးတာနဲ့ ဆရာဝန်အခန်းကိုသွားကြတာပေါ့”

မျက်လုံးတဘက်ကို ပိတ်ပြီး ကျန်တဘက်ဖြင့်အဝိုင်းလေးအတွင်းသို့ ကြည့်လိုက်ရာတွင် အစိမ်းနုရောင်နီး
ပါးရှိ သည့်ကြက်ခြေခတ်ပုံသဏ္ဍန်ကိုတွေ့လိုက်ရ၏။ တီးတိ ဟူသောအသံကြားလိုက်တိုင်း အလင်းရောင်
အစက်ကလေးပေါ်လာ၏၊ တနေရာတည်းတွင်တော့မဟုတ်၊ အရှေ့အနောက်တောင်မြောက် အရပ်ရှစ် မျက်နှာအရပ်ဆယ် မျက်နှာတို့တွင်တချက်ပြီးတချက်လင်းလက်ပေါ်ထွက်လာသဖြင့် အလင်းရောင်အ
စက်ကလေးကိုမြင်တိုင်း ခလုတ်ကို နှိပ်ရ၏။
ဆရာဝန်အခန်းသို့ရောက်သွားသောအခါ ခေတ်မှီပစ္စည်းကိရိယာများတပ်ဆင်ထားသည့် အခန်းတွင်း
သို့ရောက် သွားသည်မှာ အာကာသ,သို့ပျံသန်းမည့်လွန်းပျံယာဉ်အတွင်းရောက်သွားသကယ့်သို့ ခံစား
လိုက်ရ၏၊ လွန်းပျံ ယာဉ်ကို တခါဘူးမျှမမြင်ဘူးပါ၊ နေရာတကျရှုတ်ထွေးနေသည်ကို တင်စားလိုက်ခြင်း
ဖြစ်သည်။

“ခင်ဗျားရဲ့မျက်နှာကို မော့ထားပါ၊ မျက်စဉ်းခပ်မယ်၊ မျက်နှာကျက်ကိုမော့ကြည့်ပါ၊ ဟုတ်ပြီ”

ဆရာဝန်သည် မျက်လုံးနှစ်ဘက်စလုံးကို မျက်စဉ်းခပ်ပြီးနောက် မျက်ရည်များသုတ်ပစ်ရန် စက္ကူလှမ်းပေး
ပါ သည်။ ရှေ့တည့်တည့်တွင်ရှိသည့် စာလုံးများပေါ်နေသော မှန်ကိုကြည့်ခိုင်းပြီးမျက်လုံးကို အရာဝတ္ထု
တခုဖြင့် စမ်းသပ်နေပါ၏။
“ရှေ့တည့်တည့်ကိုကြည့်နေပါ၊မျက်လုံးကိုရွေ့လျားခြင်းမရှိစေပါနဲ့”

မျက်လုံးအတွင်းသို့ တခုခုဖြင့်ထိုးမိသည်ကိုသိလိုက်သည် သို့သော်နာကျင်ထိရှသည့်ဝေဒနာမျိုးတော့မ
ဟုတ်၊ အမြင်အာရုဏ်တွင် Computer Screen ကိုလက်ဖြင့်ထိုးလိုက်ပါက,အရည်တခုခုပြန့်သွားသည့်ပုံစံ
မျိုးမြင်ရ,ခြင်း ဖြစ်သည်။

“အိုကေ… ခင်ဗျားမျက်လုံးမှာ ရေတိမ်ဖြစ်ချင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်၊ အဲဒီတော့ အခုပေးလိုက်တဲ့ ဆေး
ရည် ကိုညဘက်အိပ်ရာဝင်ကာနီးတိုင်း မျက်စဉ်းခပ်ပေးပါ၊ နောက်နှစ်ပါတ်ကြာရင်ပြန်လာခဲ့ပါ၊ မျက်စဉ်း ခပ်ရဲ့သားနဲ့ အခြေအနေက မကောင်းဘူးဆိုရင် စားဆေးပေးပါ့မယ်၊ ဘာများမေးစရာရှိပါသလဲ”

ဆရာဝန်သည် ဆေးမှတ်တမ်းများကိုရေးနေရင်းမှ လှမ်းမေးလိုက်သောကြောင့် စာရေးသူက,သိချင်သည်
ကိုပြန်မေးလိုက်ပါသည်။

“ဟုတ်ကဲ့ ရေတိမ်မဖြစ်အောင် မျက်လုံးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိချင်ပါတယ်”

“ခင်ဗျားမှာ အသက်အရွယ်က နည်းနည်းစကားပြောလာပြီိဆိုတော့ Multivitamin ဆေးတွေစားဘို့
လိုပါတယ်၊ နောက်တခုကတော့ မျက်လုံးကိုသိပ်ပြီးတော့ အလုပ်မပေးပါနဲ့၊ အထူးသဖြင့် Computer
Screen ရှေ့မှာအကြာကြီးထိုင်အလုပ်လုပ်တာမျိုး ရှောင်ကြဉ်နိုင်ရင် ပိုသင့်တော်ကောင်းမွန်ပါလိမ့်မယ်၊ ဘာများမေးစရာရှိပါသေးလဲ”

စာရေးသူက ဘာမှမေးမြန်းစရာမရှိကြောင်း ပြန်လည်ပြောဆိုလိုက်ပါသည်။ ဆရာဝန်က
“ကောင်းပြီလေ နောက်နှစ်ပတ်အတွင်းတွေ့နိုင်ဘို့အတွက် Appointment ယူလိုက်ပါ၊ ကောင်းသော
နေ့ဖြစ်ပါ စေ”

ဆေးခန်းအပြင်ဘက်တွင် နှင်းများသူ့ထက်ငါအလုအယက် ပြိုဆင်းနေကြ၏၊ အမြင်အာရုဏ်သည် အလွန်
အရေးကြီးသည်ဟုဆိုချင်ပါ၏၊ အမြင်အာရုဏ် ချို့တဲ့ပါက ကွဲကွဲပြားပြားထင်ထင်ရှားရှား မမြင်နိုင်သည့်အ
တွက် ဆုံးရှုံးနစ်နာမှု၊ မှားယွင်းသည့်အမှတ်သညာကြောင့်လွဲမှားသည့် အမြင်များဖြစ်ပေါ်လာနိုင်သည့်အ
တွက် မိမိကိုယ်တိုင်ကိုသာမက မိမိနှင့်ပတ်သက်သူများအပေါ်၌လည်း မကောင်းသည့် အကျိုးဆက်များ ဖြစ်ပေါ်သက်ရောက်စေမည်ဖြစ်၏။
ဤကားလူတယောက်၏ သဘာဝအမြင်အာရုဏ်သာဖြစ်ပါ၏၊ ဘဝအမြင်ချို့တဲ့မည်ဆိုပါက မည်သည့်အ
တိုင်းအတာအထိ တာသွားမည်ဆိုသည်ကို စဉ်းစားတွေးတောကြည့်လိုက်သောအခါတွင်မူ သင်ခဏ်းစာ ယူစရာများ အများအပြားရှိသည်ကို တွေ့ရမည်ဖြစ်ပါ၏။
အထူးသဖြင့် အရွယ်ရောက်ပြီးသည့် ကရင်လူငယ်မောင်မယ်များ ဘဝအမြင်ချို့တဲ့မှုကြောင့် မိမိဘဝသာမ
က,လူမှုရေး၊ အမျိုးသားရေးတို့တွင် နစ်နာဆုံးရှုံးရ,ပုံများကို အနည်းငယ်တင်ပြလိုပါသည်။

ကရင်ဒုက္ခသည်စခန်းတခုမှ ဖြစ်ရပ်မှန်တခုကို စ,တင်ရေးပြလိုပါသည်။
ကရင်အမျိုးသမီးငယ်လေးအချို့သည် မိမိဘဝအတွက် ထိုင်းနိုင်ငံတွင်ကျီးလန့်စာစားရပ်တည်နေကြရ,
သဖြင့် အားကိုးရာကိုရှာကြသည့်အခါ အနီးစပ်ဆုံးထိုင်းအမျိုးသားများကိုရွေးချယ်ကြ၏၊ အချို့မယား
ငယ်ဘဝ၊ အချို့ အပျော်မယားဘဝ၊ အချို့ကံကောင်းထောက်မ,၍ အတည်တကျကိုယ့်အိုးကိုယ့်အိမ်နှင့် ဘဝကိုထူထောင်ကြရ,သော်လည်း အခွင့်အရေးပြည့်ပြည့်ဝ,ဝ,ရ,ရှိကြသည်မဟုတ်။
ဥပမာ ထိုင်း(ပီးမိုင်)နှစ်သစ်ကူးပါက ကရင်အမျိုးသမီးသည် ထိုင်းတို့၏ဓလေ့ထုံးစံအတိုင်း လိုက်လုပ်ကြ
ရ,သော်လည်း ကရင်(ဏိင်းထင်းသင့်)နှစ်သစ်ကူးပါက ထိုင်းအမျိုးသားအနေဖြင့် တစုံတရာအသိအမှတ်
ပြုရန်မဆိုထားနှင့် ဇနီးဖြစ်သူကို ကရင့်နှစ်သစ်ကူးအခန်းအနားသို့ပင် တက်ခွင့်မပြုချေ။

ဘဝရှေ့ရေးအတွက် တတိယနိုင်ငံသို့သွားခွင့်ကြုံသောအခါတွင်မူ ခင်ပွန်းသည်က,ထိုင်းအမျိုးသားဖြစ်
နေသဖြင့် အခွင့်အရေးများဆုံရှုံးကုန်၏။ မိဘနှင့်ညီအစ်ကိုမောင်နှမ,များ တတိယနိုင်ငံသို့ထွက်သွား
သည့်အခါ မိဘမောင်ဘွားများကိုလွမ်းဆွတ်သတိရ,ခြင်းများဖြင့် ထိုင်းတွင်ကျန်ရစ်ခဲ့ရ,ရှာသည့် အဖြစ်များရှိသကယ့်သို့၊ အကြောင်းအမျိုးမျိုးကြောင့် တိတ်တဆိတ် တတိယနိုင်ငံသို့ မိဘများနှင့်အတူ လိုက်လာခဲ့သော အိမ်ထောင်သည်ကရင်အမျိုးသမီးတဦးသည် သားနှင့်သမီးနှစ်ဦးအနက် သမီးကို ဘ
ခင်ဖြစ်သူ ထိုင်းအမျိုးသားထံ၌ ထားရစ်ခဲ့၍ သားကိုတတိယနိုင်ငံသို့ ခေါ်လာခဲ့၏။
သားငယ်သမီးငယ်နှင့်ခွဲခွါနေထိုင်ရ,သောမိခင်တဦးသည်၎င်း မိခင်နှင့်ခွဲခွါနေထိုင်ရ,သောလူမမယ်
ကလေးငယ်တို့သည်၎င်း ညီမ,ငယ်နှင့်ခွဲခွါရသောအစ်ကိုဖြစ်သူသည်၎င်း မောင်ငယ်နှင့်ခွဲခွါရသည့် အစ်မ,ဖြစ်သူသည်၎င်း ထိုထိုသောပုဂ္ဂိုလ်တို့၏ စိတ်ပိုင်းဆိုင်ရာ ခံစား ချက်များမည်သို့ရှိမည်ဆိုသည်
ကို စာဖတ်သူတို့အနေဖြင့် ခံစားနားလည်လိမ့်မည်ဟုထင်ပါသည်။

ထပ်မံ၍ မနီလွိုင်မြန်မာကျောင်းသားများစခန်းအတွင်းမှ ဖြစ်ရပ်မှန်တခုကို ရေးပြလိုပါသည်။
မနီလွိုင်မြန်မာကျောင်းသားများစခန်းကို ထန်းဟင်ဒုက္ခသည်စခန်းအနီးသို့ပြောင်းရွှေ့ရန် ပြင်ဆင်စိုင်း
ပြင်းနေသောအချိန်ကာလ,ဖြစ်ပါသည်။
၈.၈.၈၈ ကျောင်းသားတဦး စာရေးသူထံသို့ရောက်လာပြီး ဤသို့ဆိုလှာပါ၏

“ခင်ဗျားတို့ကို ကူညီပါရ,စေ၊ ခင်ဗျားဝမ်းကွဲမ,လေးကို ကျုပ်နဲ့လက်ထပ်ပေးလိုက်ပါ၊ ဟန်ဆောင်လင်မယား
ပေါ့ တတိယနိုင်ငံကိုရောက်တာနဲ့ သူ့လမ်းသူသွား ကျုပ်လမ်းကျုပ်သွားပေါ့ဗျာ၊ အရေးကြီးတာက သူ့အနေ
နဲ့ ထန်းဟင်ကိုပြောင်းသွားတဲ့အထဲမှာ ပါမသွားဘို့အရေးကြီးတယ်”

“ကျုပ်က ဗမာဆိုတော့ ခင်ဗျားသဘောမတူနိုင်ဘူးဆိုတာကျုပ်သိပါတယ်၊ ကျုပ်တို့ဗမာတွေက ခင်ဗျားတို့ တိုင်းရင်း သားတွေအပေါ်မှာ နှစ်ပရိစ္ဆေဒများစွာ အနိုင်ကျင့်လာခဲ့တာဆိုတော့ ပြန်လည်ပေးဆပ်တဲ့အနေနဲ့ အခုလို လာပြောတာပါ”

တတ်လည်းတတ်နိုင်ပါ့ ကိုရွှေဗမာရယ်၊ ဒီအပြောလေးတွေနဲ့ပဲ ခင်ဗျားတို့စားလာတာ အံခွနေပြီမဟုတ်
လား၊ ရိုးသားတာကောင်းပါတယ်၊ အ,တာမကောင်းဘူးဆိုတော့ ကျုပ်ရိုးသားပါရ,စေ၊ မအ,ပါရစေနဲ့။

“ခင်ဗျားတို့ မိသားစုက တတိယနိုင်ငံကို မကြာခင်ထွက်သွားကြတော့မှာမဟုတ်လား UN မအောင်သေး
တဲ့ ခင်ဗျားတို့ရဲ့ဝမ်းကွဲမလေးကို တယောက်ယောက်နဲ့ နေရာချထားပေးခဲ့ပါ၊ ဒါမှသူ့ဘဝအတွက် လုံခြုံ စိတ်ချရ,မှာပေါ့ ခင်ဗျားက ကရင်ဆိုတော့ ဗမာတွေမဟုတ်တဲ့ အခြားကရင်တယောက်ယောက်နဲ့ လက်ထပ်ထားပေးသင့်တယ်၊ နယ်စပ်ကိုရောက်သွားရင် အခြေအနေတွေက ဘယ်လိုတွေဖြစ်လာမလဲ
ဆိုတာ ခင်ဗျားသိနိုင်မှာမဟုတ်ဘူး”

ထိုအခါစာရေးသူသည် ထိုသူကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး

“ကျုပ်က ကရင်ဖြစ်လို့ ကျုပ်ရဲ့ ဝမ်းကွဲညီမ,ကို ဗမာနဲ့မယူရ,ဘူးဆိုတဲ့ စည်းမျဉ်းတွေသတ်မှတ်ထားတာ
မရှိဘူး၊ သူဟာ အရွယ်ရောက်ပြီးသူတယောက်ဖြစ်သလို သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရှိတယ်၊ ကရင်နဲ့ပေးစားလို့ကော ကရင်တိုင်းကောင်းတယ်လို့ ထင်သလား၊ ဗမာတိုင်းက,လည်း ဆိုးပေနေတာ မဟုတ်ဘူး၊သူကြိုက်လို့က,တော့ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူယူမှာပဲ၊ ခင်ဗျားကို သူလက်မခံနိုင်တာက ခင်ဗျားနဲ့သူ့ရဲ့အပိုင်းပဲ၊ ကျုပ်က,ဗမာ ကိုမယူရ,ဘူးလို့ အမိန့်ထုတ်ထားတာမဟုတ်ဘူး၊ ထုတ်လို့လည်းမ
ရ,ဘူး”

ထိုသူ ပြန်သွား၏၊ စော်ကားသည်လား? စေတနာလား? ဆိုသည်ကိုတော့ စာရေးသူမဝေခွဲတတ်၊
သို့သော် ကရင်မ,လေးတဦးခမျာ ဗမာကျောင်းသားတဦးကို လူကြီးများသဘောတူသဖြင့်မလွှဲမရှောင်
သာပဲ လက်ထပ်ယူလိုက်ရ,သည့်အဖြစ်အပျက်တခု မနီလွိုင်မြန်မာကျောင်းသားစခန်း၌ ရှိခဲ့ဘူးပါ၏။
၁၉၉၈ ခုနှစ်နောက်ပိုင်း UNHCR (Bangkok) တွင် UN လာလျှောက်သူများ အထူးတင်းကြပ်ခံလာရ,
သောအချိန်ဖြစ်ပါ၏၊ ၁၉၉၀ခုနှစ်က UN အောင်ထားသူများကို UN မှ Camp သွင်းသောအခါ ၎င်းတို့ နှင့်အတူနေထိုင်သော ဆွေမျိုးသားချင်းများအခက်ကြုံသောကာလ,ဟုဆိုနိုင်၏။
ထို့ကြောင့်နီးစပ်ရာ UN အောင်ထားသူများနှင့် မိမိတို့ ၏ နှမ,သားချင်းများကို အလျဉ်စလိုနေရာချပေး
ကြလေ၏။

ထို့အတူစာရေးသူ၏ ညီမ,ဝမ်းကွဲသည်လည်း မှီခိုသူအဖြစ်စာရင်းသွင်းခြင်းမပြုနိုင်သဖြင့် သူမ,၏ ကိုယ်
ရေးရာဇဝင်ဖြင့် UN လျှောက်တင်ရာတွင် Reject အဖြစ်သတ်မှတ်ခြင်းခံရ,သောကြောင့် သူမ,၏ဘဝ ရှေ့ရေးမှာ မရေမရာမသေမခြာဖြစ်နေရ,ခြင်းဖြစ်သည်။
နောက်ထပ်တဦးရောက်လာပြန်ပါ၏၊ အသက်အရွယ်အားဖြင့် အနည်းငယ်ရ,နေပြီဖြစ်ပြီး အသောက်
အစားကို ဖက်တွယ်နေသူတဦးဖြစ်ပါ၏၊ စာရေးသူ၏အိမ်ပေါ်သို့ တက်လာပြီး ချဉ်စုတ်စုတ်အနံ့များဖြင့် ဤသို့ဆိုပါ၏။

“ဟိုဒင်းဗျာ ခင်ဗျားဝမ်းကွဲညီမ,လေးကို ကျွန်တော်မေတ္တာရှိတယ်ဗျာ၊ ခင်ဗျားသဘောတူမယ်ဆိုရင်
ကျွန်တော် လူကြီးစုံရာနဲ့ လာတောင်းပါ့မယ်”
ဒေါသ,အကြီးအကျယ်ထွက်မိသော်လည်း စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ အသံကိုအချိုသာဆုံးထား၍ ပြန်လည်ပြောဆိုလွှတ်လိုက်ရ,သည်။

ထိုစဉ်အခါက စာရေးသူအနေဖြင့် ပြဿနာတရပ်ကို အလွယ်နည်းဖြင့်ဖြေရှင်းခဲ့မိမည်ဆိုပါလျှင် မည်သို့
မည်ပုံ ဖြစ်လာမည်ကိုမသိသော်လည်း နောင်တ,တရားများအကြိမ်ကြိမ်ရ,နေမည်မှာသေခြာလှသည်၊အ
ဘယ်ကြောင့်ဆိုသော် စာရေးသူ၏ညီမ,ဝမ်းကွဲသည် တတိယနိုင်ငံသို့ UNHCR အစီအစဉ်ဖြင့်စိတ်ချမ်း
ချမ်းသာသာဖြင့် ရောက်ရှိနေပြီဖြစ်သောကြောင့်ဖြစ်ပါ၏။

မနီလွိုင်မြန်မာကျောင်းသားများစခန်းအတွင်းမှ သက်ဆိုင်သူနှစ်ဘက်လူကြီးများစီစဉ်ပေးမှုကြောင့် အိမ် ထောင်သည်ဖြစ်ခဲ့ရ,ရှာသော ကရင်အမျိုးသမီးသည် တတိယနိုင်ငံသို့ရောက်လာခဲ့ရ,သော်လည်း သူမ,၏ဘဝသက်တာတွင် တပါးသူ၏အကူအညီကိုယူခဲ့ရ,သည် ဆိုသည့်အရိပ်သည် မည်သည့်နည်း
နှင့်မျှ ပျောက်ပျက်သွားနိုင်လိမ့်မည်မဟုတ်၊ တိုက်ဆိုင်မှုများဖြစ်ပေါ်လာတိုင်း တနုံ့နုံ့ခံစားနေရ,မည်
သာဖြစ်၏။
အထူးသဖြင့် ဗမာစကားပုံအရ, လင်နဲ့မယား လျှာနဲ့သွား ဆိုသည့်အတိုင်း အကြောင်းတစုံတရာကြောင့် အချေအတင်စကားပြောကြရ,သည့်အခါ ထိုမပြောပ,လောက်သော၊ အချင်းအရာလေးသည် သူမ,အ
တွက် အပြင်းထန်ဆုံးရိုက်ချက်တခုဖြစ်နေမည်သာဖြစ်ပါ၏။

စာရေးသူသည် နှင်းပွင့်များကပ်ညိနေသည့် တပ်ထားသောမျက်မှန်ကိုချွတ်ကာ အဝတ်စ,ဖြင့်သုတ်ပစ်
လိုက်ပါ သည်၊ တလက်စ,တည်းတွေးတောရင်း ရင်ထဲတီးတိုးရေရွတ်နေမိသည်မှာ အရွယ်ရောက်သူ ကရင်အမျိုးသမီး များ ဘဝကိုမှန်မှန်ကန်ကန်မြင်နိုင်ကြပါစေ ဟူ၍ဖြစ်ပါတော့သည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်အမျိုးသားနှစ်သစ်ကူး Video မှတ်တမ်း(1)


ကရင့်အမျိုးသား သီချင်းဖြင့် အခန်းအနားကို စ,တင်
ဖွင့်လှစ်ကြစဉ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်အမျိုးသားနှစ်သစ်ကူး Video မှတ်တမ်း(2)


ကရင်အမျိုးသားနှစ်သစ်ကူးအခန်းအနား၌
ဏာ.ဍိင် (ကရင်စောင်းကောက်) ဖြင့်တီးခတ်သီဆိုနေကြသည့်
ဆရာမ နန်းတင်လှနှင့် ဆရာမ နန်းအေးအေးသိန်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်အမျိုးသားနှစ်သစ်ကူး Video မှတ်တမ်း(3)


ကရင်နှစ်သစ်ကူးအခန်းအနား၌ ဟှိင်
(သံဝင် သို့မဟုတ် မိချောင်းလျှာ) မှုတ်ပြနေသည့်
ဖွါးဖွါး နန်း မ,နု

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, December 28, 2009

ဟုတ်သေးရဲ့လားကွယ်တို့



ဟုတ်သေးရဲ့လားကွယ်တို့

(မင်းစိုးစံ)

တည့်တည့်ပြောလည်း နားမလည်
ရွဲ့ပြောတော့လည်း နားမလည်
ဝေ့လည်ကြောင်ပတ်ကလိမ်ဆင်
အရိပ်ပြလို့အကောင်မထင်တတ်
အပွေးမြင်လို့မှအပင်မသိရှာ
ဗေထိဆိုတာနဲ့အပြိုပြိုအလဲလဲ
လွင့်ကွဲပြဲစင်
မေးလိုက်စမ်းချင်တယ်
ဘယ်လိုလဲ ရေမြေ့ရှင်တို့။

သောင်ပြင်မှာအမဲလိုက်
ရေတွင်းပျက်မှာ ပိုက်ထောင်
နွေခေါင်ခေါင်မှာ စပါးကျဲ
စပ်ဖြဲဖြဲနဲ့မအူမလည်
အငိုလွယ်သလောက်ရှိုက်ဘို့ခက်။

လ,ဆုတ်ရက်မျိုးမှာ လ,ရောင်အားကိုး
ရိုးရာနဲ့ဘာသာတရား
မခွဲခြားတတ်သမျှ
ထပ်ဆင့်ကွဲပြား
မလျှော်မသင့်တာတွေများမြောင်စေမယ့်အဖြစ်။

အကောင်းဆုံးဆိုတာ နံပါတ် တစ် ဖြစ်ပေမယ့်
တခုထက်မက,တဲ့နံပါတ်တစ်တွေ
ရှိနေတယ်ဆိုတာ
ယုံဘို့ရာအရေး
ဝန်လေးနေတုန်းပဲလား?။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 27, 2009

မင်ဏီဆိုးတား ကရင်အမျိုးသားနှစ်သစ်ကူးပွဲ

မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပ,ခြင်း
December 27 2009
ဖူ့ယောင်ဟဲ့

ယနေ့ December 27 2009 တနင်္ဂနွေနေ့တွင် မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ 942 Edmund Avenue
ရှိ ကရင်မိသားစုဝင်များ ကရင့်ရိုးရာကောက်သစ်စားပွဲနှင့် ကရင်အမျိုးသားနှစ်သစ်ကူးအခန်းအနားကို
ကျင်းပ,ပြု လုပ်ကြကြောင်းသတင်းရရှိပါသည်။
အခန်းအနားအစီအစဉ်အရ, ဦးစွာ ကရင့်အမျိုးသားအလံတော်ကို အလေးပြုကြပြီး ကရင့်အမျိုးသားသီ
ချင်းဖြင့် အခန်းအနားကို ဖွင့်လှစ်ကြောင်းသီရှိရ,ပါသည်။



ကောက်သစ်စားပွဲအကြောင်းရှင်းပြပြောဆိုနေသည့် နော်မူးတူ
Photo by; Nann Kyon Par Shoo.

ထို့နောက် ဆရာမ,နော်မူးတူမှ တချိန်တခါတုန်းစီက ရိုးရာကောက်သစ်စားပွဲ ကျင်းပ,ပြုလုပ်ခဲ့ပုံများကို တခုတ် တရ,ရှင်းလင်းပြောကြားသွားပြီးနောက် ဆရာမ, နန်းတင်လှနှင့် ဆရာမ နန်းအေးအေးသိန်းတို့မှ အခန်းအနား တက် ရောက်လာကြသူများကို ကရင့်ရိုးရာစောင်းကောက်ဖြင့် ဏိင်းထင်းသင့်ရာဓနာ.(ဗမာဘာသာဖြင့် နှစ်သစ် ကူး ဆုတောင်း) အမည်ရ တေးသီချင်းကို သီဆိုတီးခတ် ဖျော်ဖြေသွားကြကြောင်း

ဏါ.ဍိင် ကရင့်ရိုးရာစောင်းကောက်ဖြင့် တီးခတ်သီဆိုဖျော်ဖြေနေကြသည့်
ဆရာမ နန်းတင်လှ(ထိုင်)နှင့် ဆရာမ နန်းအေးအေးသိန်း(ရပ်)
Photo by; Nann Kyon Par Shoo.

ဆရာ မန်းဝင်းမိုးမှ ကရင့်ရိုးရာအသုံးအဆောင်ပစ္စည်းများ၏ တခုစီအမည်နာမ,များနှင့်တကွ အသုံးပြုပုံ
များအား မျိုးဆက်သစ်သားသားမီးမီးများကို အသေးစိပ်ရှင်းလင်းပြောကြားသွားသည့်အပြင် စိတ်ဝင် တစားမေးမြန်းလာ ကြသော သားသားမီးမီးများ၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းပြ
ပြောဆိုပေးသွားပါကြောင်း



ကရင့်ရိုးရာ အသုံးအဆောင်ပစ္စည်းများ၏ ကရင်အခေါ်အဝေါ်များနှင့် ပြုလုပ်သုံးစွဲပုံများကို
ရှင်းလင်းပြောဆိုနေသည့် ဆရာ ဝင်မိုး
Photo by; Nann Kyon Par Shoo.

ဆရာမန်းဝင်းမိုးမှ ရိုးရာအသုံးအဆောင်ပစ္စည်းများအကြောင်း ရှင်းလင်းပြောဆိုပြီးသည့်နောက်တွင်
အဘွားဖြစ် သူ နန်းမ,နုမှ ကရင့်ရိုးရာလေမှုတ်ဒူရိယာပစ္စည်းများအနက် ဟှိင် (ဗမာအခေါ် သံဝင်
သို့မဟုတ် မိချောင်းလျှာ) ဖြင့် ဧည့်ပရိဿတ်များကိုမှုတ်ပြသွားသည့်အပြင် မမြင်မတွေ့ဘူး သေးသူ အယောက်စီတိုင်းအား ဟှိင် ဟုခေါ်ဆို သည့် လေမှုတ်ဒူရိယာပစ္စည်းကို အနီးကပ်ပြသ,သွားကြောင်း သိရှိရ,ပါသည်။

ဟှိင် (သံဝင် သို့မဟုတ် မိချောင်းလျှာ) ဖြင့် မှုတ်ပြရန် ဟန်ပြင်နေသည့်
အဖွါး နန်းမ,နု
Photo by; Nann Kyon Par Shoo.

ထို့အပြင် ဆရာမန်းနွဲ့ယဉ်မှ ကရင်လူမျိုးများဆင်းသက်လာပုံအကြောင်းအကျဉ်းချုပ်နှင့် ကရင့်ဘားစည် (ဖါးစည်)အကြောင်း၊ ကရင့်အမျိုးသားအလံတော်အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြား
သွား သည့်အပြင် အခြားဗဟုဿုတ,ဖြစ်ဘွယ်ရာများနှင့် မှတ်သားဘွယ်ရာများကိုရှင်းလင်းပြောကြား
ရာ၌ ဖါးစည် တွင် ဆင်၊ ဖါး၊ ငှက်၊ငါး၊ စသည့်အရုပ်များပါရှိသည့်အပြင်၊ ဖါးစည်၏မျက်နှာပြင်ပေါ်တွင် တကောင်၏ နောက်ကို တကောင်က လက်ျာရစ် လိုက်သည့်ပုံသဏ္ဍန်ဖေါ်ပြထားကြောင်း၊
မင်ဏီဆိုးတား၌ ဖါးစည်တလုံးရှိကြောင်း၊ ဖါး စည်၏ခါးလည်တွင် ကြိုးဖြင့်ချိတ်ဆွဲလျှင် အလေးချိန်
ညီမျှသဖြင့် တသမတ်တည်းရှိကြောင်း အခြားပစ္စည်းများ ကယ်သို့ မဟုတ်ကြောင်းနီးစပ်ရာပုလိုင်းတ
လုံးကိုယူ၍ သရုပ်ဖေါ်ရှင်းလင်းပြသ,ပြောဆိုသွားကြောင်းသ တင်းရ,ရှိပါသည်။



မျိုးဆက်သစ်လူငယ်လေးများကို စိတ်ရှည်လက်ရှည် သရုပ်ပြပြောဆိုနေသည့်
ဆရာ မန်းနွဲ့ယဉ်
Photo by; Phu Young Hat

ထို့နောက် ကောက်သစ်စားသည့်အနေဖြင့် ပိန်းဥ၊ မျှစ်၊ ခရုတို့ဖြင့်ချက်ပြုတ်ထားသည့် ကရင့်ရိုးရာ
ဟင်းလျာနှင့် ထမင်းကို လင်ဗန်းတချပ်တွင်ထည့်ကာ လက်ရည်တပြင်စည်းစားသောက်ကြပြီး ငှက်ပျော အူနိုင်းချင်းဖြင့်ချက် ထားသည့် မုန့်ဟင်းခါး ကြက်သားဆန်ပြုတ် တို့ဖြင့်ကျွေးမွေးဧည့်ခံကြောင်းနှင့် လူထုပရိဿတ် ၁၀၀ နီးပါးခန့် တက်ရောက်လာသည့် အဆိုပါအခန်းအနားကို မွန်းလွဲ ၃း၀၀ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရ,ရှိပါ သည်။
လာမည့် January 09, 2010 ၌လည်း ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မင်ဏီဆိုးတားတွင်
စည် စည်ကားကားသိုက်သိုက်မြိုက်မြိုက် ပျော်ပျော်ရွှင်ရွှင်ဖြင့် တစုတစည်းကျင်းပ,ပြုလုပ်ကြမည်
ဖြစ်ကြောင်းသိရှိရ,ပါသည်။

ဖူ့ယောင်ဟဲ့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 24, 2009

မင်းလူရဲ့ အီကြာကွေးအမှတ်တရ (VOA Burmese Section)

မင်းလူရဲ့ အီကြာကွေးအမှတ်တရ,
ကိုကျော်အောင်လွင်(VOA Burmese Section)

အနုပညာမိုးကောင်းကင်ကဏ္ဍမှာ ကိုကျော်အောင်လွင် စီစဉ်တင်ဆက်ထားတဲ့ မင်းလူရဲ့ အီကြာကွေး
အမှတ်တ ရ, ကိုနားထောင်ပြီး ပြန်ရေးပြလိုက်တာဖြစ်ပါတယ်။

ဆရာမင်းလူပြောသလို သရော်စာရေးတဲ့ ဆရာအီကြာကွေးကို နောက်တမျိုးပြောရ,မယ်ဆိုရင် ဟာသ,
စာရေး ဆရာအီကြာကွေးရဲ့ အရေးအသားတွေကို ပေါတောတောအရေးအသား၊ အဆင့်မရှိတဲ့အရေးအ
သားဆိုပြီး ကျုပ် ပြည်တွင်းမှာနေခဲ့တုန်းက မဖတ်ဖြစ်ခဲ့တာများပါတယ်၊ ဆရာအီကြာကွေးဟာ ကဗျာရေး တယ်ဆိုတာကိုလည်း လုံးဝ,မှတကယ့်ကိုလုံးဝ, မသိခဲ့ရိုးအမှန်ပါ။
အခုလိုသိလိုက်ရ,တဲ့အချိန်မှာ ဆရာဟာဘဝတပါးကိုပြောင်းသွားပါပြီ။
နောက်တယောက်က,တော့ ကျုပ်တို့ရဲ့ ကရင့်အမျိုးသားခေါင်းဆောင်ကောင်း KNU အတွင်းရေးမှူးချုပ်
ပဒို မန်းရှာဖြစ်ပါတယ်၊ သူ့ကိုလည်း စာရေးဆရာမှန်း၊ ကဗျာဆရာမှန်း ကျုပ် လုံးဝ,မှတကယ်လုံးဝ,မသိခဲ့
ပါဘူး။
သူလုပ်ကြံခံရတဲ့ February 14 (Valentine day) ချစ်သူများနေ့ နောက်ပိုင်းမှာမှ သိလိုက်ရ,တဲ့အတွက်
ကျုပ် ဘယ်လိုခံစားနေရ,မှန်းကို ပြောမပြတတ်အောင်ဖြစ်ရပါတယ်။
ကျုပ်ရဲ့အမှုမဲ့အမှတ်မဲ့ နေထိုင်ကျင့်ကြံလာခဲ့မှုတွေဟာ ကျုပ်ဘဝအတွက် အလဟဿ ဖြစ်ကုန်တယ်။
အဲဒီလိုပဲလောက,ကြီးမှာ ဆရာကိုဆရာမှန်း၊ သူတော်ကောင်းကိုသူတော်ကောင်းမှန်း၊ မိတ်ဆွေကိုမိတ်
ဆွေမှန်း၊ ရန်သူကိုရန်သူမှန်း၊ ပညာရှိကိုပညာရှိမှန်း ကျုပ်မသိခဲ့တာဘယ်လောက်အထိရှိနေခဲ့ပြီလဲဆို
တာ မရည်မတွက်နိုင်တော့ဘူးလို့ထင်ပါတယ်။
ထားလိုက်ပါတော့ဗျာ။
ဆရာမင်းလူပြောထားတဲ့ အီကြာကွေးအမှတ်တရ,ကို စိတ်ဝင်စားရင်ဖတ်ကြည့်စေချင်ပါတယ်။


ဆရာကွေးက, ဆရာကွေးကြီးတဲ့အချိန်ကျမှ ကျွန်တော်တို့နဲ့သိတာဆိုတော့ ဟိုဘက်အပိုင်းတွေတော့
ကျွန် တော်တို့သိပ်မသိဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်စ,သိတာက ကျွန်တော်တို့ရှစ်တန်း၊ ကိုးတန်း
လောက်မှာ ဆရာကွေးက နော်၊ ရှုထောင့်ဂျာနယ်မှာ နိုင်ငံတော်ပြည်အရေး ဆိုတဲ့ကဏ္ဍနဲ့ နော်၊ သရော် စာတွေရေးနေပြီ ပင်တိုင်ကဏ္ဍပေါ့နော်။
အဲဒီနောက်ပိုင်းမှာလည်း ခွပ်လိုက်ကြစို့သူငယ်ချင်းပေါ့နော် နာမည်ကြီးတွေပေါ့ သူ့ရဲ့၊ အဲဒီမှာကတည်း
က ကျွန်တော်တို့က ဒါတွေကိုဖတ်ပြီးကြိုက်ခဲ့ရ,တာပေါ့၊ တနည်းပြောရ,ရင်လည်း ဟို နည်းနာယူခဲ့ရ,
တယ်ပေါ့။
ဟို ကျွန်တော်တို့က အဲဒီတုန်းကတော့ ကလေးပဲပေါ့ပဲပေါ့နော် ကလေးပဲရှိသေးတာပေါ့၊ အဲဒီနောက်
ကျွန်တော် တို့တတွေ စာတွေဘာတွေရေးပြီး ရေးတော့မှ ဆရာကွေးကိုသေသေခြာခြာတွေ့ဘူးတာပါ။
ကျန်တဲ့အချိန်တွေကတော့ ဟောပြောပွဲမှာပဲပေါ့၊ ဟောပြောပွဲမှာဆရာကွေးပြောတာတွေ ကျွန်တော်တို့ သွားနားထောင်ရ,တာပေါ့နော်။
အဲ နောက်ပိုင်းမှာတော့ ဆရာကွေးနဲ့အတူတူ ကျွန်တော်ဟောပြောပွဲလေးတွေဘာလေးတွေ အတူသွား
ခဲ့ဘူး တာလေးတွေရှိတယ်၊ နောက် တော်တော်လည်းရင်းနှီးမှုတွေရှိလာခဲ့တယ်ပေါ့နော်၊ အဲဒါနဲ့ပတ်သက် ပြီးတော့ ကျွန်တော် Essay ဆန်ဆန်လေး တခုတောင်ရေးသေးတယ် မွှေးလွန်းသည့်ကွေး ဆိုပြီးတော့ ၊ အဲ ဒီမှာလည်း ကျွန်တော်အမှတ်တရ,လေးတွေပေါ့နော် ဆရာကွေးနဲ့ဘယ်လိုစ,ဆုံတယ်ဆိုတာကို၊ ဘယ်လို စ,ဆုံလိုက်မှန်း တောင်မသိလိုက်ဘူး ဆရာကွေးနဲ့က၊ အမှတ်တရ,ပြောလို့မရ,ဘူး တနေရာမှာ ဒီလိုပဲဆုံ
ပြီးတော့ စ,ဆုံဆုံခြင်းပဲခင်သွားတယ်လို့ပဲ ပြောရမှာပဲလေ။
ဘာကွာခြားသလဲဆိုတော့ ဆရာကွေးတို့က သူက Satire သမားတယောက်အနေနဲ့ရပ်တည်ပြီးတော့
Satire သက်သက်ကိုပဲရေးတာလေ၊ ကျွန်တော်တို့ကျတော့ အဲဒီလိုမဟုတ်ဘူး ကျွန်တော်တို့က ဝတ္ထု
ရေးမယ် ဟုတ်လား Essay လေးတွေရေးမယ် ဟို လုံးချင်းဝတ္ထုလည်းရေးတယ်ပေါ့နော်၊ အချစ်ဝတ္ထု
တွေလည်း ရေးတယ် အဲဒီကြားထဲမှာမှ ကျွန်တော်တို့က ကြုံသလို Satire လေးတွေကိုညှပ်ညှပ်ပြီး တော့ထည့်သွားတာ၊ အဲ တခုတော့ ကွာမယ်ထင်တယ်၊ အဲ Satire နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ ဥပမာဆရာမောင်သော်က ဆိုရင်လည်း Satire သမားပဲပေါ့နော်၊ ဆရာဦးကိုယုဆိုတော့ နော် ဆရာ မောင်တင့်နိုင်ဆိုတဲ့ နာမည်နဲ့ရေးတာပေါ့နော် ဒါလည်း Satire သမားတွေလိုပဲလို့ ပြောလို့ရ,တာပေါ့နော်၊ ဒါပေမယ့်ခုဏပြောသလိုပေါ့ အဲဒီဆရာတွေကျတော့ ဒီ ဒီဟာသက်သက်ရေးတာမဟုတ်ဘူးလေ၊ တခြား စာတွေလည်းရေးသေးတယ်လေ။
Satire သက်သက်ကိုပဲ တခါတည်းဆုပ်ကိုင်ပြီးရေးတာဆိုရင်တော့ ဒါ တော်တော်ရှားတယ်ဗျ။


ဆရာကွေးတို့လက်ထက်က ဥပမာပေါ့ နော်၊ သင်္ကြန်သံချပ် ထားပါတော့နော်၊ ဆရာကွေးတို့က သင်္ကြန်
ခေတ်ကောင်းတဲ့တလျှောက်လုံး သံချပ်တွေရေးခဲ့ကြတာကိုး၊ သံချပ်လည်းရေးတယ် ကိုယ်တိုင်လည်း
သင်္ကြန်တွင်းတတွင်းလုံး ကားပေါ်မှာ နေ့နေ့ညည ကိုယ်တိုင်သံချပ်ဝင်တိုက်ချင်လည်းတိုက်နေတာကိုး၊ အဲဒီလိုအချိန်မျိုးရှိ တယ်လေ။
နောက်တခါဇာတ်သဘင်ကျတော့လည်း ဆရာကွေးတို့က အဲဒီလိုဇာတ်သဘင်နောက်ကိုလိုက်တယ်လေ၊
ဇာတ် ဇာတ်နဲ့ ဟို တလ,ကိုးသီတင်းလိုက်သွားတာတို့ ဘာတို့ ဒါတွေရှိတယ်၊ ဒီလိုအခွင့်အရေး သူတို့ က,ပိုရ,တယ်ပေါ့ နော်၊ အဲဒီတော့ တနေရာ ခရီးတခုကို သူက ဟို သေသေခြာခြာ စိမ်ပြေနပြေ အကြာ ကြီးလေ့လာပြီးတော့ လုပ်နိုင်တာပေါ့နော်။
ကျွန်တော်တို့ဘက် ခေတ်ကျတော့ အဲဒီလောက်တော့ အခွင့်အရေးတွေမရ,တော့ဘူးပေါ့နော်၊ ဒါလေး
တွေကွာ မယ်ထင်တယ်၊ ကျွန်တော်တို့ဘက်ခေတ်ကျတော့ ကျွန်တော်တို့က, ဘာသာသလဲဆိုတော့ သတင်းသာတယ်၊ ကျွန်တော်တို့ကျတော့သိရ,တာက ဟိုက,သတင်းတွေ စာတွေဖတ်ရ,တာ၊ ရေဒီယို
က ဟာတွေလေ၊ ဟုတ်လား ရုပ်မြင်သံကြားတွေလည်းပေါ်လာတယ် စသည်ဖြင့်ပေါ့နော်။
သတင်းတွေသိရ,တဲ့အပေါ်မှာ ကျွန်တော်တို့က ပိုပြီးတော့လုပ်ဖြစ်တာများတယ်။
ဆရာကွေးနဲ့ပတ်သက်လို့ဆိုရင် ပြောစရာတွေက သိပ်များလွန်းတယ်၊ ဟို တခုခုမှတ်မှတ်သားသား
ပြောဘို့ ဆိုတာ တော်တော်ခက်တယ်၊ တချို့တွေက,ပေါ့နော် တချို့တွေက ဆရာကွေးကို ဟို ရိုးရိုး ဟာသ,သမားကြီးပေါ့ နော်၊ ဟာသ,လျှောက်ရေးတဲ့လူကြီးတယောက်ပေါ့ဗျာ ဆိုတာလောက်ပဲသိထား
ကြတဲ့လူတွေရှိတယ်ဗျ။
တချို့တွေက နော် ဆရာကွေးရဲ့စာတွေက ဟိုဒင်း နည်းနည်းပေါတယ်ပေါ့ဗျာ၊ ထားပါတော့နော်၊ ဟို
အဆင့်မရှိ ဘူးလိုလို စသဖြင့် ဟို ပြောကြတဲ့လူတွေလည်းရှိတယ်ဗျ၊ ဟို ကျွန်တော်က ပြောချင်တာက,
တော့ ဒီလိုဗျ၊ ဆရာ ကွေးက, သူ့မှာသိထားတာတွေက အများကြီးရှိတယ်ဗျ နော်၊ ဟို နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ် ဘာသာရေးနဲ့ပဲဖြစ်ဖြစ် တခြား လူမှုရေးကိစ္စတွေနဲ့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တကယ်လေးလေးနက်နက်သိထားတဲ့ဟာတွေ သူ့စီမှာအ များကြီးရှိတယ်၊ အဲဒါတွေကို မရေးဘူး၊ သိပ်လည်းမပြောဘူး၊ မပြောပဲနဲ့သူ့ဟာသူဒီလိုပဲ နောက်လား ပြောင် လား ဘာညာနဲ့ပေါ့နော် ဒီလိုပဲနေသွားတယ်ပေါ့နော်။
ဒါပေမယ့်သူ့ရဲ့ရင်ထဲမှာပေါ့နော် သဘောက လူတွေထင်ထားသလိုမဟုတ်ဘူးဗျ၊ သူ့မှာဝမ်းနည်းစရာ
တွေ စိတ် ထိခိုက်စရာတွေအများကြီးရှိခဲ့တယ်၊ တော်တော်စိတ်ထိခိုက်စရာကောင်းတဲ့ဟာမျိုး ရှိခဲ့တယ်၊ မှတ်မှတ်ရ,ရ,တခု ဆိုရင် သူပြောပြတာနော်၊ သူပြန်ပြောပြတာနော်၊ မှတ်မှတ်ရ,ရ,ဆိုရင်သူက,စာပေဟောပြောပွဲ စင်ပေါ်မှာပြေနေ တုန်းမှာပဲ အတော်ဆိုးတဲ့သတင်းတခု သူ့စီကိုရောက်လာတယ်၊ ပြောခါနီးလေး စင်ပေါ်တက်ခါနီးလေးနော်၊ တော်တော်ဆိုးတဲ့ သတင်းပေါ့ဗျာ၊ အဲဒီမှာသူဘာလုပ်ရ,မှန်းမသိဘူး၊ ဒါပေမယ့် သူပြန်စဉ်းစားလိုက်တဲ့အခါကျ တော့ ဒါက ငါ့ကိုယ်ရေးကိုယ်တာကိစ္စတပိုင်းပဲ၊ ဟိုမှာပရိဿတ်ကြီးက ငါ့ကိုစောင့်နေပြီ နော်၊ ဒါ ပရိဿတ်ကို ဟို
ဟာသ,နဲ့ နော် ငါဟောပြောဘို့က ငါ့တာဝန်ပဲလို့ သူ စင်ပေါ်တက်သွားတယ်တဲ့ တက်သွားတော့ သူတ
ခါ တည်း အဲဒီမှာပြောလိုက်တာ တော်တော်လည်းကြာတယ်၊ သူကရယ်(ရီ)စရာတွေကိုဆက်တိုက်ပြော
ချလိုက် တာ တော်တော်လေးလည်းကြာတယ်တဲ့၊ ပြီးတော့မှ သူ ပြန်ပြောပြတယ်၊ ငါ့တသက်တာမှာ တဲ့ အဲဒီဟောပြော ပွဲဟာ ရယ်(ရီ)စရာအကောင်းဆုံးဟောပြောပွဲပဲ တဲ့၊ ဒါ ဆရာကွေးရဲ့ စရိုက်ကလေးကို ဒီလောက်ပြောရင်သိလိမ့် မယ်လို့ထင်တယ်။

ဆရာမင်းလူ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရထား

သတိထားစရာ ရထားတစဉ်း
(မင်းစိုးစံ)

ရထားတွဲကြီး ဘူတာရုံကနေ
ခရီးစ,ထွက်တော့
သူခုတ်တဲ့အသံက

ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။

နည်းနည်းလေးအရှိန်ရ,လာတော့
ခုတ်သံကတမျိုး

ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။

အဲဒီထက်ပိုပြီးအရှိန်ရ,လာတဲ့အခါမှာတော့
ပြောင်းသွားတဲ့ ရထားခုတ်သံ

ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။

ခရီးတဝက်ရောက်ခါနီးမှာတော့
ခုတ်သံကတမျိုးပြောင်းသွားပြန်တယ်။

ဟုတ်ဟုတ်..မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။

ခရီးတဝက်ကျော်ကျော်မှာခုတ်တဲ့အသံက,တော့

ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။

ဘူတာရုံကိုလှမ်းမြင်ရ,ပြီဆိုတာနဲ့

ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။

ဘူတာရုံလည်းရောက်ခါနီးရော

ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။

ဘူတာလည်းဆိုက်ရော
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။ နဲ့
ရထားကြီးဟာ
ဘူတာရုံထဲဝင်ဘို့ကြိုးစားလိုက်တာ
ဘူတာရုံစပ်အနား
ရပ်သွားပါတော့တယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တိုက်ပွဲပျော် အီကြာကွေး (ဓနုဖြူကျော်ထွန်း)


တိုက်ပွဲပျော်
ဓနုဖြုကျော်ထွန်း (အီကြာကွေး) ၁၉၃၈ - ၂၀၀၉
ဒီဇင်ဘာ ၂၁၊ ၂၀၀၉

ပုခက်ထဲက၊ “အူဝဲ” ဟစ်ကာ
စစ်ကျေညာပြီး၊ လောကကြီး၏
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို
မဖြုံအံခဲ၊ ပွဲဆက်နွှဲယင်း
လူလဲ တော်တော်ကြီးခဲ့ပေါ့။

မိုက်လဲ မိုက်လို့၊ တိုက်လဲ တိုက်ခဲ့
ရှုံးလိုက်တာလဲ၊ အသေင်္ချေ။

ရဲလဲရဲလို့၊ နွှဲလဲနွှဲခဲ့
အောင်ပွဲတွေလဲ အနန္တ။

သည်လိုပဲပေါ့
တိုက်ပွဲဆိုတာ၊ သာချင်သာသည်
တိုက်ပွဲဆိုတာ၊ နာချင်နာမည်
ဘယ်မှာ ခန့်မှန်း သိနိုင်မလဲ။

နာ နာ သာသာ
ဘာမှ မဖြုံ၊ စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး
အဟုန်မတန့်တတ်ပါဘူး။

ရှေ့ကဆီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား …

ရှေ့က ကန့်၍ အဟန့်အတား
ဆူးတွေ ထားမလား …

ယောကျာ်းဟေ့နော်၊ တိုက်ပွဲပျော်
ကျနော် တိုက်ယင်း တက်မှာဘဲ။

၁၉၆၆ စက်တင်ဘာလ၊ ရှုမ၀မဂ္ဂဇင်း အဖွင့်ကဗျာ
စာရေးဆရာ ဓနုဖြူကျော်ထွန်း (အီကြာကွေး) ၏ ကျော်ကြားသောကဗျာအဖြစ် ပြန်လည် တင်ဆက်လိုက်ပါတယ်။
မိုးမခ,စာစောင်မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 22, 2009

ဆရာ ဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ (အောင်ငြိမ်း)

ကဗျာဆရာ ဗန်းမော်ညိုနွဲ့ အမှတ်တရ
ကိုကျော်အောင်လွင်(VOA Burmese Section)

ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ November 12 ရက်နေ့က ကွယ်လွန်သွားပြီဆိုတဲ့သတင်းကြောင့်
ဆရာဖြတ် သန်းခဲ့တဲ့ ပညာရေးအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အနုပညာအသိုင်းအဝိုင်းက
လူတွေက ဆရာ့ကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တမ်းတ,ကြပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ ကဗျာဆရာတဦးကွယ်လွန်သွားပြီိဆိုရင် စာနယ်ဇင်းလောက,သားတွေက
မဂ္ဂဇင်း ဂျာနယ်တွေမှာ နာရေးသတင်းဖြစ်ဖြစ် အမှတ်တရ,ဆောင်းပါးဖြစ်ဖြစ် အနည်းဆုံးတော့
ဖေါ်ပြကြပါတယ်၊ ဒါပေမယ့် ကဗျာဆရာဗန်းမော်ညိုနွဲ့ကတော့ မြန်မာ့စာနယ်ဇင်းလောက,မှာ ဖေါ်ပြခဲ့တာမျိုးမတွေ့ရပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ အနုပညာဖန်တီးခွင့်ပိတ်ပင်ခံထားရတဲ့
ကဗျာဆရာတဦးဖြစ်လို့ပါပဲ၊မြန်မာပြည်ဒီမိုကရေစီအရေး တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်
ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှည်တဦးဖြစ်
ခဲ့တဲ့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ မြန်မာ့စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းကစ,လို့ သူကွယ်
လွန်ခဲ့တဲ့အချိန်အထိ သူဖန်တီးတဲ့အနုပညာတွေကို မြန်မာစစ်အ စိုးရ,က စာနယ်ဇင်းတွေမှာ ဖေါ် ပြခွင့်မပေးခဲ့ပါဘူး။
သူ့အကြောင်းကို တခြားစာပေလောက,သားတွေကလည်း ရေးသားဖေါ်ပြခွင့်မရ,ကြပါဘူး၊ ဒါကြောင့်
ဆရာဗန်း မော်ညိုနွဲ့ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ သူ့ကိုအောင်းမေ့တသ,ကြတဲ့အကြောင်း ရေးသား ဖေါ်ပြချက်တွေကိုပါ စာနယ်ဇင်းတွေမှာ မတွေ့ရတာပါ။
ပြည်ပ,က စာနယ်ဇင်းတွေမှာတော့ ဆရာဗန်းမော်ညိုနွဲ့ကို တန်ဘိုးထားကြသူတွေက သူကွယ်လွန်တဲ့အ
ထိမ်းအမှတ်အဖြစ် ကဗျာတွေစာတွေနဲ့ တခန်းတနားတုံ့ပြန်ကြပါတယ်၊ အဲဒီအထဲက ကဗျာဖန်တီးသူ အောင်ငြိမ်းရဲ့ ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ ဆိုတဲ့ကဗျာကို တင်ဆက်ပေးချင်ပါတယ်။
ဒီကဗျာကို အရှေ့မိုးကောင်းကင် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာပါခင်ဗျား။

ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ
(အောင်ငြိမ်း)


မြန်မာမင်းလက်ထက်
ကောင်းတုံလို့ခေါ်တဲ့
ဧရာဝတီတဖက်ကမ်း
ရှေ့တန်းကင်းစခန်းဖြစ်ခဲ့တဲ့
မြို့။

တပိန်မြစ်ကြောင်းလမ်း
ဧရာဝတီမြစ်ကြောင်းလမ်း
ကုန်းလမ်း ရေလမ်း
ရှမ်း၊ ကချင်၊ တရုတ်၊ ကုလား
သွားလာကူးသန်း
ပိုးလမ်းမ,ကြီးရဲ့တစိပ်တဒေသ
ကုန်သွယ်ရေးလမ်းမ,ပေါ်က
မြို့။

ဒုတိယကမ္ဘစစ်ကာလ
စစ်ရေးအချက်အခြာကျ
လီတိုလမ်းမ,ကြီးပေါ်က
မြို့။

အင်္ဂလိပ်တပ်၊ ဂျပန်တပ်
အမေရိကန်တပ်၊ တရုတ်တပ်
တပ်ပေါင်းစုံကျော်ဖြတ်နင်း
စစ်တလင်းဖြစ်ခဲ့တဲ့
မြို့။

ဒီမြို့ကလေးဟာ
မတော်တာဆိုရင်
ရှင်ဘုရင်ကိုပင်ခွ(ဂွ)တိုက်တဲ့
သာသနာ့အကျော်အမော်
ဗန်းမော်ဆရာတော်အစ
မြစ်ဧရာပေါ်က,သံမဏိလင်းယုံ
ဗန်းမော်တင်အောင်အဆုံး
နှလုံးရည်လက်နက်
ကလောင်ထက်တဲ့
မြို့။

လွတ်လပ်ရေးအတွက်
ရရင်ရ မရရင်ချဘို့
ဗိုလ်အောင်ဆန်းကိုယ်တိုင်
လာရောက်စည်းရုံး
လက်ရုံးတောင့်တဲ့
မြို့။

ကိုလိုနီခေတ်
ဖက်ဆစ်ဂျပန်ခေတ်
လွတ်လပ်ရေးခေတ်
ဒီမိုကရေစီတိုက်ပွဲခေတ်
ခေတ်ပြိုင်သမိုင်းအဆက်ဆက်
တော်လှန်ရေးမျိုးဆက်မပြတ်တဲ့
မြို့။

ဒီမြို့ကလေးမှာ
အသက် ၈၇ နှစ်အရွယ်
ကျောင်းဆရာ
ကဗျာဆရာ
ပြည်သူချစ်တဲ့ဆရာအိုတယောက်
ပေါက်ဖွါးနေထိုင်
ကြီးပြင်းထွက်ခွါ
လွမ်းစရာတွေကျန်ခဲ့တဲ့
မြို့။

စေတနာ၊ ဝါသနာ၊ အနစ်နာ
နာသုံးနာနဲ့ရပ်တည်
သစ္စာဝါဒီတဦး
တောရှင်းမြေပြင်
လယ်သစ်ထွင်တဲ့
မြို့။

ဓါးများကိုထက်စေသူ
ပန်းများကိုပွင့်စေသူ
ကျောက်သားလိုမာပြီး
မြေဆီမြေသားလို
နူးညံ့ပျော့ပျောင်းစွာ
မထင်မရှားနေထိုင်သွားခဲ့သူ
ဒီမြို့နဲ့ဒီလူ
ဘာကိုမှုမတုန်း
ဒီလူတွေရှိနေသရွေ့
ဒီမြို့နဲ့ဒီပြည်ဟာ
ဘယ်တော့မှမတိမ်ကောဘူး။

အောင်ငြိမ်း
November 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 20, 2009

သသူယုံကြည်ရာ VOA Burmese Section

VOA Burmese Section ကနေ သက်ကြီးစကားသက်ငယ်ကြားဆိုတဲ့ အစီအစဉ်ကို
တင်ဆက်ထားရာမှာ Fine Art အနုပညာဘာသာဘွဲ့ရ, မနေနေရဲ့ သူယုံကြည်တာကို
ပြောပြထားတာမို့နားထောင်ပြီး တဆင့်ပြန်ရေးသားတင်ပြလိုက်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘယ်လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ် ကိုယ်ယုံကြည်တာလေးတွေကို
ပြောပြချင်တယ်ဆိုရင် ဗွီအိုအေကိုဆက်သွယ်ပြီး ပြောပြနိုင်ပါတယ်။
လိပ်စာကတော့
E-mail burmese@voanews.com
Phone +1 202-382-5554
Fax + 1 202-382-5552

ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်မယုံကြည်တာကတော့ အနုပညာနဲ့မွေ့လျော်နေထိုင်ခြင်းဟာ အကောင်းဆုံးနေထိုင်ခြင်း
ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

အနုပညာဆိုတဲ့နေရာမှာ ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံပညာ၊ ကဗျာ၊ စာပေ၊ သဘင်၊ ဂီတ,၊ ရုပ်ရှင် စ,တာတွေအားလုံးပါဝင်ပါတယ်။
ဘာလို့အကောင်းဆုံးဖြစ်သလဲဆိုတော့ အနုပညာသမားဟာ ကျယ်သောနှလုံးသား၊ ကြီးသောခံစား

ချက်၊ လင်းသောမျက်စိ၊ ပွင့်သောအတွေးအခေါ်ရှိတဲ့အတွက်ကြောင့် ဘဝမှာ အကောင်းဆုံးနေထိုင်နည်း ဖြစ်တယ်လို့ ယုံကြည်တာဖြစ်ပါတယ်။
အနုပညာနဲ့မွေ့လျော်နေထိုင်တဲ့အခါမှာ ဘဝဆိုတာ ဒီမှာတင်ရှိနေတာမဟုတ်ဘူးဆိုတာကိုသိပါတယ်၊အနုပညာနဲ့နေထိုင်တဲ့လူတယောက်က သူ့ရဲ့ခံစားချက်တွေဟာ ဒီမှာရှိနေတဲ့အဖြစ်အပျက်တွေအားလုံး ကျော်လွန်ပြီးတော့ ခံစားနိုင်တယ်လို့ထင်ပါတယ်။
သူများတွေမြင်တာထက် ကျော်လွန်ပြီးမြင်နိုင်တယ်၊ မဖြတ်သန်းနိုင်တဲ့နေရာတွေဖြတ်သန်းနိုင်ပြီးမဖြတ်သန်း ကြတဲ့အတားအဆီးတွေကို ဖြတ်သန်းပြီးတော့ မြင်နိုင်တဲ့သူ၊ အချိန်နဲ့နေရာကိုပျောက်စေနိုင်တဲ့သူလို့ ထင်လို့ပါ။
အနုပညာသမားတယောက်က လူတယောက်ပဲ၊ ဒါပေယ့်သူက လူတွေထဲမှာရှိတဲ့ ကြင်လည်ကျက်စားတဲ့ဒေသ,တွေ၊ နယ်မြေတွေဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေးနယ်မြေတွေမှာပဲ သူက တခြားလူတွေနဲ့ ကူးလူးဖြတ်သန်းသွားလာနေတဲ့အချိန်မှာပဲ အဲဒီနယ်မြေတွေကနေပြီးတော့ ချုပ်နှောင်ထားတဲ့ တားဆီးထားတဲ့ အဆီးအတားတွေ စည်းမျဉ်း ဘောင်တွေကိုကျော်ဖြတ်ပြီးတော့ သူက မြင်နိုင်တယ် တွေ့ နိုင်တယ် နားလည်ခံစားနိုင်တယ်လို့ ကျွန်မယုံကြည်တယ်။
ကျမအဲဒီလိုယုံကြည်တဲ့အတွက်ကြောင့် အနုပညာနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကို လေ့လာတယ်လေ၊အနုပညာနဲ့ပတ်သက်တဲ့ ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံ၊ ကဗျာ၊ စာပေ၊ သဘင်၊ ဂီတ,၊ ရုပ်ရှင်က အစ,အားလုံးနဲ့မွေ့လျော်နေထိုင်ပါတယ်။
ကျွန်မယုံကြည်ထားတာက အနုပညာသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး၊ တရားဓမ္မသမား
လည်းမဟုတ်ပါဘူး၊ ထို့အတူ စီးပွါးရေးလူမှုရေးသမားလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် အနုပညာသမား
ဟာ နိုင်ငံရေးသမားလည်းဟုတ်တယ်၊ တရားဓမ္မသမားလည်းဟုတ်တယ်၊ လူမှုရေးသမားလည်း
ဟုတ်တယ်။
အနုပညာသမားသည် လူမှုပတ်ဝန်းကျင်နယ်ပယ်အားလုံးမှာရှိတဲ့ အရာအားလုံးနဲ့ပတ်သက်ပြီး
တော့ သူခံစားသိရှိတဲ့အရာတွေအားလုံးကို ဖြတ်သန်းသွားတယ်၊ ကျော်လွှားနိုင်တယ်၊ ဘောင်တွေ
စည်းတွေကို ကျော်လွှားသွားနိုင်တယ်
လို့ ကျမယုံကြည်ပါတယ်။
၁၉၁၆ ခုနှစ်က,နေ ၁၉၂၀ ကျော်လောက်အထိ အနုပညာနယ်ပယ်မှာထွန်းကားခဲ့တဲ့ ဒါးဒ,ဝါဒပေါ့နော်
အဲဒီဒါးဒ ,ဝါဒ,က တဦးဖြစ်တဲ့ ဂျူးဟင်းနပ်ဘာဒါ ဆိုတဲ့အနုပညာရှင်တဦးပြောတဲ့စကားကို ကိုးကားပြီး
တော့ပြောပြချင်ပါတယ်။
သူက ဘာပြောသလဲဆိုတော့ ဒါးဒယက်ဆိုတာက,တဲ့ ဖြတ်သန်းမသွားနိုင်တဲ့ပုံသဏ္ဍန်များမှနေထိုင်ခြင်းကိုချစ်မြတ်နိုးပြီး ဘဝဆိုတာ ဒီမှာပဲမဟုတ်ပါဘူး ဟိုမှာဟိုမှာလို့သိလည်းသိ ပြောလည်းပြောတဲ့ လူတယောက်ပါ လို့ ဖွင့်ဆိုထားပါတယ်။
ကျွန်မကတော့ အဲဒီဒါးဒ,ရဲ့နေရာမှာ အနုပညာသမားလို့အစားထိုးပြီးတော့ ခံစားချင်ပါတယ်၊ အနုပညာ
နဲ့မွေ့လျော် နေထိုင်တဲ့အခါမှာ ဘဝဆိုတာဒီမှာလေးတင်မဟုတ်ပါဘူးဆိုတာကို သိလာပါတယ်၊
ဥပမာ သိပ်လှတဲ့နေဝင်ချိန် လေးတချိန်မှာပေါ့နော်၊ တိမ်တွေက,လည်းတောက်နေတယ်၊ ရောင်စုံ
ကွန့်မြူးနေတယ်၊ ကောင်းကင်ကိုကြည့်ပြီး တော့ လှလိုက်တာ၊ ကြည်နူးလိုက်တာလို့ ပြောကြပါတယ်။
ဒါပေမယ့် အနုပညာသမားတယောက်က,တော့ အဲဒီဖြတ်သန်းမသွားနိုင်တဲ့ ပုံသဏ္ဍန်တွေက,နေတ
ဆင့်အဲဒီ တိမ်တွေရဲ့အောက်မှာ ယိုင်နဲ့နဲ့အိမ်ခြေလေးတွေရှိမယ်၊ မျက်ရည်ဖြူးထားတဲ့ ထမင်းဝိုင်းရှိမယ်၊
ကျောင်း မသွား တော့တဲ့ကျောင်းသားတွေရှိမယ်၊ သားသမီးပျောက်တဲ့မိခင်တွေ၊ ဒါဏ်ရာဒါဏ်ချက်နဲ့မြို့ တော်ကြီးရှိတယ်ဆိုတာ အကြောင်းကိုပါ သိလည်းသိနေတယ်၊ ပြောလည်းပြောနေသူပါလို့ ကျွန်မယုံကြည်ပါတယ်။
အဓိက,လေးပြောချင်တာကတော့ အနုပညာနဲ့နေထိုင်တဲ့လူက သူ့ရဲ့စိတ်ထဲ သူ့မှာကြီးကျယ်တဲ့ ဟို နှလုံး
သားပေါ့နော်၊ ကြီးတဲ့ခံစားချက် ကျယ်တဲ့နှလုံးသား လင်းတဲ့မျက်စိ ပွင့်တဲ့အတွေးအခေါ်ကို ခုနပြောသလို
ဘောင်တွေပေါ့နော်၊ ဘာသာရေးတို့၊ စီးပွါးရေးတို့၊ လူမှုရေးတို့ နိုင်ငံရေးတို့မှာရှိတဲ့ စည်းတွေ ဘောင်တွေ ဥပဒေသ, တွေ ကျော်ဖြတ်ပြီးမြင်တယ်၊ မြင်နိုင်ဘို့ကြိုးစားတယ်၊ မြင်လည်းမြင်တယ် အဲဒီလိုမျိုးလို့ ကျွန်မ ယုံကြည်ပါတယ်။
အနုပညာနဲ့မွေ့လျော်နေထိုင်တဲ့သူတွေဟာ မဖြတ်သန်းနိုင်တဲ့ပုံသဏ္ဍန်တွေကိုကျော်ဖြတ်ပြီးတော့၊မဖြတ်

သန်းကြတဲ့ အတားအဆီးတွေကိုလည်း ကျော်ဖြတ်နိုင်မယ်၊ အချိန်နဲ့နေရာတွေကိုလည်းကျော်ဖြတ်နိုင်
တယ် ပျောက်စေနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အနုပညာနဲ့နေထိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းဖြစ်တယ် လို့ ကျွန်မ,ယုံကြည်ပါတယ်ရှင်။


မနေနေ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, December 19, 2009

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီးကျင်းပ,ခဲ့ (KIC)

ဓါတ်ပုံ ခေတ်ပြိုင်ဂျာနယ်

ထိုင်း မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီးကျင်းပ,ခဲ့


ဒီဇင်ဘာ ၁၉ရက်။
စောခါးစူးညား (ကေအိုင်စီ)

ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၇၄၉ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ မင်္ဂလာပွဲတော်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း အပါအ၀င် ပြည်တွင်းပြည်ပများ၌လည်း အသီးသီး ကျင်းပ ခဲ့ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ စသည့် ကရင်ဒုက္ခသည်စခန်းများနှင့်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ထို့ကော်ကိုး၊ နို့ဖိုးထီးမူးထာ့၊ ဝေါ်လေဂွင်များ၊
မြ၀တီမြို့နှင့် ရွှေကုက္ကိုကျေးရွာများအပြင် မဲဆောက်မြို့၊ မယ်တော်ဆေးခန်း ၌လည်း ၄င်းတို့၏ အစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။
ယခုနှစ် မယ်လစခန်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသည့် ငါးမျှားတံ(တခွဲဘိုး) တံခွန်တိုင်နှင့် အခြားရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်တင်ဆက်သွားခဲ့သည့်အတွက် ယခင်နှစ်ထက် ပိုစည်ကားကာ လူထုပရိသတ်ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်ဟု စခန်းတွဲဖက်အတွင်း
ရေးမှူး စောရန်းကူးက ယခုလိုပြောသည်။

ဒီနှစ် မယ်လစခန်းမှာ ကရင်နှစ်သစ်ကူးကျင်းပတာ အရင်နှစ်ထက် အတော်စည်ကား၊ ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုး ဆက်သစ်လူငယ်တွေ မသိသေးတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည် ဖော်ထုတ်တာရှိတယ်။
ဥပမာအားဖြင့် ဒီမနက်မှာ ထောင်လိုက်တဲ့ တခွဲဘိုး(ငါးမျှားတံ တံခွန်တိုင်)လိုယဉ် ကျေးမှုကို သိတဲ့သူ အတော်ရှားတယ်လေ။ ဆိုလိုတာက မျိုးဆက်သစ် ကရင်လူငယ်တွေ မသိသေးတဲ့ ကရင်ယဉ်ကျေး
မှုတွေ ဖော်ထုတ်ပြသ,တော့ လူစည်ကားတာပေါ့”ဟု သူက ဆိုသည်။
ဒုက္ခသည်စခန်း၌ ယခုလို ကရင်နှစ်သစ်ကူးနေ့တွင် မိမိယဉ်ကျေးမှုကို လွတ်လပ်စွာ တင်ဆက်ပြသ,
နိုင်သော်လည်း ဖော်ထုတ်ခွင့်မရသည့် နေရာဒေသ,အများအပြား ရှိနေသေးကြောင်းနှင့် အချုပ်အခြာ
အာဏာရှိသည့် ကရင်ပြည်နယ်ရှိလာပါက ကရင်နှစ်သစ်ကူးကို ယခုထက်ပို၍ စည်ကားစွာကျင်းပနိုင်
မှာဖြစ်ကြောင်း စောရန်းကူးက ဆက်ပြောသည်။
မယ်လနှစ်သစ်ကူးပွဲ လာရောက်သူ စောဆာ့ဖလယ့်မူးကလည်း “ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ ကရင်နှစ်သစ်ကူးနေ့ကို ဒီလို စည်စည်ကားကား ကျင်းပတာ တခါမှ မ
တွေ့ဖူးဘူး။ ကျနော့်အတွက် ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ။
နောက် စခန်းမှာ ဒီလို ခမ်းခမ်းနားနားလုပ်တာကိုတွေ့တော့ စိတ်ထဲမှာအရမ်းပျော်တယ်။
အထူးသဖြင့်ကျနော် မသိသေးတဲ့ ကရင့်ရိုးရာဓလေ့တွေကို ဖော်ထုတ်ပြသ,တာတွေ့ရတော့
ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်”ဟု ဆိုသည်။
နှစ်စဉ် စပါးပေါ်ချိန်တိုင်းတွင် စပါးစောင့်နတ် ဖီးဘူးယော်ကို ပူဇော်ပ,သ,ခြင်းနှင့်အတူ ကျင်းပ,ပြုလုပ်
လေ့ရှိသည့် ကရင်နှစ်သစ်ကူးပွဲ တော်များတွင် ရိုးရာဒုံးယိမ်း၊ ၀ါးညှပ်၊ တောင်ယာစူးထိုးအကများ၊
ရိုးရာနှင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများ၊ လက်ဝှေ့ အပါအ၀င် ဘောလုံး၊ ဘော်လီဘော၊ ပိုက်
ကျော်ခြင်း၊ ချောတိုင်တက်ခြင်း စသည့် အားကစားပြိုင်ပွဲများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
ကော့ကရိတ်မြို့နယ်၊ ကွင်းကလေး(နို့ဖိုးထီးမူးထာ့)နှင့် မဲ့ကနဲကျေးရွာတို့ စုပေါင်းပြုလုပ်သည့်
နှစ်သစ်ကူးပွဲတွင် မဲ့ကနဲရွာမှ ဘာသာ ရေးဆရာတဦးက “ကျနော်တို့ ကရင်နှစ်သစ်ကူးဆိုတာ
ကရင်တွေရဲ့ စုစည်းညီညွတ်ခြင်းကို ပြသတာဖြစ်လို့ ဘာသာခွဲခြားမှုမရှိပါ ဘူး။
အခုလိုရွာတွေစုပေါင်းပြီး လုပ်ဆောင်ခြင်းအားဖြင့် ကျနော်တို့လူမျိုးရဲ့စည်းလုံးမှုကို ဖေါ်ဆောင်
လိုက်တာပဲ ဖြစ်တယ်”ဟု ပြောသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁၀ခုနှစ်သည် ကရင်အမျိုးသားများအတွက် စိုးရိမ် ဖွယ်ကောင်းသည့် နှစ်တနှစ်ဖြစ်ကြောင်း၊ ကေအဲန်ယူသည် တိုင်းရင်းသားလူမျိုးများအတွက် မည်သည့်အာမခံချက် အခွင့်အရေးမှ မပါဝင်သည့် ဖွဲ့စည်းပုံအခြေ
ခံဥပဒေနှင့် ရွေးကောက်ပွဲဆိုသည်ကို ဆန့်ကျင်နေကြောင်း၊ နိုင်ငံရေးအရ ရုန်းကန်တိုက်ပွဲဝင်မှုသည် ကရင်အမျိုးသားများ၏ ဘ၀ကံကြမ္မာနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် ကရင်လူမျိုးတိုင်း၏ အမျိုး သားရေးတာဝန်ဖြစ်၍ အောင် ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားသည်။
ယခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို နယ်စပ်ဒေသတ၀ိုက်အပြင် မြန်မာပြည်တွင်းရှိ ရန်ကုန်၊ ဖားအံ၊ ဖာပွန်၊
ဘီးလင်း စသည့်မြို့များနှင့် အင်္ဂလန်၊ နယူးဇီလန်၊ မလေးရှား၊ သြစတြေးလျား၊ အမေရိကန်၊ ကနေဒါ၊
ဂျပန်၊ ကိုးရီးယား စသည့်နိုင်ငံများ၌လည်း ကျင်းပ,ခဲ့ကြကြောင်း သိရှိရသည်။
သလေ(ပြာသို)လဆန်း ၁ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ကို အတည်ပြုနိုင်ရေး
အတွက် ကရင်အမတ်များဖြစ်ကြ သည့် စောဂျွန်ဆင်ဒီဖိုးမင်း၊ စောမြတ်သိန်း၊ မန်းဘခိုင်၊ စောဆစ်ဒနီ
လူနီ၊ စောဖေသာ၊ စောကံအေး၊ မန်းထွန်းခင်၊ မန်းရွှေညွှန့်၊ စော သာဒွေး၊ ဦးဖိုးမျှင်၊ စောဖိုးချစ်နှင့်
ဦးလှဖေတို့က ကြိုးပမ်းခဲ့ရာ ၁၉၃၈ ခုနှစ်တွင် တရားဝင်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး
စောစံစီဖိုး၊ မန်းရွှေဘနှင့် ဆရာစံဘော်တို့က ကရင်နှစ်သစ်ကူးနေ့ ရရှိအောင် ကူညီစွမ်းဆောင်
ပေးခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 17, 2009

ကေအင်န်ယူထိန်းချုပ်ဒေသ,မှသစ်များ ခုတ်ခွင့်ပိုပေးနေ

ကေအန်ယူ ထိန်းချုပ်ဒေသမှသစ်များ ခုတ်ခွင့် ပိုပေးနေ
ဝီရ / ၁၇ ဒီဇင်ဘာ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသတဝိုက်ရှိ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ထားရာ မဲကသာခွင်အတွင်း သစ်ထုတ်လုပ်ခွင့်ကို ကေအန်ယူက ယမန်နှစ်ကထက် ပိုမိုလုပ်ကိုင်ခွင့်ပြု
လိုက်ကြောင်း ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ဒီဇင်ဘာလဆန်းပိုင်းက စလို့ သစ်ခုတ်ခွင့် စပေးတာ။ အခု သစ်ဝယ်ရောင်းတဲ့ ထိုင်းလုပ်ငန်း ရှင်တွေကလည်း မြန်မာဘက်ခြမ်းက သစ်ခုတ်တဲ့သူအတွက် ဘတ်ငွေအရင်းအနှီး သိန်းဆယ်ချီ
လာအပ် ထားကြတယ်။
ကေအန်ယူက အများဆုံးဖွင့်ရင်လည်း (၂) လပဲဆိုတော့ သစ်ထုတ်တဲ့သူတွေက အပြိုင်အဆိုင်ပေါ့”
ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကေအန်ယူက ၎င်းတို့ထိန်းချုပ်ဒေသမှ သစ်ထုတ်ခွင့်ကို ၂၀၀၇ ခုနှစ်ကတည်းက ကန့်သတ်ထားရာမှ
ပြန်လည် လုပ်ခွင့်ပေးလာခြင်းဖြစ်ပြီး သစ် (၁) တန်လျှင် ထိုင်းဘတ် (၃,၀၀၀- ၄,၀၀၀) အကြား
ကောက် ခံကြောင်း သိရသည်။

“အခု ခုတ်ခွင့်ပေးတဲ့နေရာက ဘုရားသုံးဆူကနေ မိုင် (၂၀) လောက် ဝေးတယ်။ ဘုရားသုံးဆူကို
ရောက်ဖို့ စစ်တပ်တို့၊ အပစ်ရပ်အဖွဲ့တို့ စတဲ့ အခြားဂိတ်ပေါင်း (၆) ဂိတ်ကိုလည်း ပေးရသေးတယ်။
ဒါပေမယ့် အဝယ်လိုက်တော့ အခု သစ်ခုတ်တဲ့ လုပ်ငန်းရှင်တွေ (၁၅) ယောက်ကျော်ရှိတယ်။
သစ် (၁) တန်ဆိုရင် ဘတ် (၂,၀၀၀) လောက်တော့ ကျန်တာပေါ့” ဟု ဘုရားသုံးဆူမြို့မှ အခြား သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
ဘုရားသုံးဆူတွင် လက်ရှိ သစ်မာ (၁) တန်လျှင် ဘတ် (၃၅,၀၀၀) ဝန်းကျင်အထိ ရှိနေပြီး ထိုင်း
လုပ်ငန်းရှင်တို့က အပြိုင်အဆိုင်ဝယ်ယူနေကြ၍ ဈေးဆက်တက်ရန်ရှိကြောင်း သစ်လုပ်ငန်းရှင်များ
က ပြောသည်။
ကေအန်ယူ သစ်တောရေးရာဌာန၏ မှတ်တမ်းများအရ မဲကသာခွင်တွင် သစ်ထုတ်လုပ်နိုင်သည့်
ဧကပေါင်း (၅,၀၀၀) ခန့် ရှိသော်လည်း ယခုအခါ အတွင်းပိုင်းကျသည့် ဧကပေါင်း (၁,၀၀၀) ကျော်
သာ ကျန်ရှိကြောင်း သစ်လုပ်ငန်းရှင်တို့က ပြောသည်။
နအဖစစ်တပ်၊ ဒီကေဘီအေ ပူးပေါင်းတပ်တို့နှင့် ကေအန်ယူအကြား (၁) လနီးပါး တိုက်ပွဲဖြစ်ပွားခြင်း
မရှိခဲ့သည့် အဆိုပါ တပ်မဟာ (၆) ဒေသကို ယခု ပွင့်လင်းရာသီတွင် နအဖနှင့် ဒီကေဘီအေတို့ဘက်
က စစ်ဆင်ရေး ပြန်လည်စတင်ရန်ရှိပြီး ထိုဒေသကို ကေအန်ယူတို့ လက်လွှတ်ရနိုင်ကြောင်း
ဒီကေဘီအေနှင့် နီးစပ်သူ စီးပွားရေးသမားတဦးက ပြောသည်။
၎င်းက “ဒီကေဘီအေက နယ်ခြားစောင့်တပ် မပြောင်းခင် ဒီဒေသကို သိမ်းပိုက်ထားဖို့ ဆန္ဒရှိနေ
တယ်။ ခက်တာက တပ်မဟာ (၆) က ကေအန်ယူရဲ့ ကင်းပုန်းတပ်တွေပဲ ရှိတယ်။ ဌာနအနေနဲ့
အတည်ချထားတာ မရှိတော့ တပ်မဟာ (၇) ကို တိုက်သလို အပြတ်လုပ်လို့မရဘူး။
ဒါပေမယ့် ၂၀၁၀ ခုနှစ်ကျရင် အဓိကကျတဲ့ မဲကသာတို့လိုနေရာကိုတော့ ကေအန်ယူ လက်လွှတ်
ရဖို့ ရှိတယ်။ ဒါကို သိလို့ ကေအန်ယူကလည်း အဲဒီကသစ်တွေကို အခုလို အကုန်ထုတ်ရောင်းနေတာ
ဖြစ်တယ်” ဟု ပြောသည်။
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တို့က ပိတ်ပင်ထားသော်လည်း ထိုင်းစီးပွားရေးသမား
တို့က နှစ်ဖက်ညှိနှိုင်းကာ သစ်နှင့် အခြားသဘာဝသယံဇာတတို့ကို (၁၄) တန် တင်ဆောင်နိုင်သည့်
ကားကြီးတို့ဖြင့် ထိုပိတ်ထားသည့်ဂိတ်မှတဆင့် တလလျှင် အနည်းဆုံး (၂) ကြိမ်၊ (၁) ကြိမ်လျှင် ကား
အစီးရေ (၁၀) စီးဝန်းကျင် ဖြတ်သန်းလျက်ရှိကြောင်း မြို့ခံတို့က ပြောသည်။

ခေတ်ပြိုင်မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သူလိုသူ သို့မဟုတ်)သူ့လိုလူ

ဆရာအောင်ဇေ ရဲ့ကဗျာကို ဘီဘီစီ အင်္လကာပန်းခင်းအစီစဉ်ကနေ 05-June-1999 ညနေမှာတကြိမ်နဲ့
စနေည ချမ်းရှုခင်းသာကနေ တကြော့ပြန်အလင်္ကာပန်းခင်းကဏ္ဍအစီစဉ်ကနေ 03-July-1999 တကြိမ် ထပ်ပြီးထုတ်လွှင့် ခဲ့ပါတယ်။
ဆရာအောင်ဇေက ကဗျာခေါင်းစဉ်ကို သူလိုသူ လို့ပေးထားပေမယ့် တာဝန်ခံဖြစ်တဲ့ ဆရာဦးကျော်ဇံသာ
က သူ့လိုလူ ဆိုပြီး ပြင်ပေးလိုက်တဲ့အတွက် အတော်ကလေးပြည့်စုံသွားတယ်လို့ ဆရာအောင်ဇေက
ပြောပြပါတယ်။
ကဗျာခေါင်းစည်းနာမည်နဲ့ပတ်သက်လို့ ဆရာအောင်ဇေ ဆက်ပြောပြတာကတော့

ကျွန်တော့်အနေနဲ့ သူ့လိုလူ ဆိုတဲ့ခေါင်းစဉ်ကိုမသုံးတာက ဆရာကြီးနန်းညွန့်ဆွေ သုံးထားခဲ့တဲ့
ခေါင်းစဉ်ဖြစ်နေ လို့ပါ၊ ဆရာကြီးနန်းညွန့်ဆွေက ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးပြီးသူ့လိုလူ
ဆိုတာကို သုံးထားခဲ့လေတော့ ဆရာ့ဂုဏ်သိက္ခာကိုလေးစားတန်ဘိုးထားတာပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကဗျာစပ်နည်းတွေသင်ခဲ့ရတာမဟုတ်ဘူးလေ၊ အဲဒါ ဆရာကြီး
နန်းညွန့်ဆွေရဲ့ ကဗျာစပ်နည်း နိဿယျည်း ဆိုတဲ့စာအုပ်ကနေ ကဗျာစပ်နည်းတွေ သင်ခဲ့ရတာ
ဆိုတော့ ဆရာသုံးခဲ့တဲ့ နာမည်ကို မသုံးတာပါ။

သူလိုသူ(သို့မဟုတ်)သူ့လိုလူ
(အောင်ဇေ)


ငယ်စဉ်တောင်ကျေး ကလေးအရွယ်
လူမမယ်မှ ခင်တွယ်ဖခင်
သံယောဇဉ်ကို ခုံမင်သော်လည်း
စွန့်လွှတ်ခွဲ၍ လှိုင်းဝဲခက်ထန်
လောကဓံကို တော်လှန်စွမ်းသူ
သူ့လိုလူ။

တိုင်းပြည့်ဝန်တာ မွေးမြေခွါ၍
ကြုံလှာဒေသ မွေ့လျှော်ရ,သည့်
ဘဝရေစီး သည်ခရီးမှ
မညည်းမညူ သူ့လိုလူ။

ဘဝရေစက် ရှေးပန္နက်နှင့်
စုံမက်သည်းချာ သားရတနာကို
ရှောင်ခွါသလို စိမ်းသလိုနှင့်
မြင့်မိုရ်သခင် မွေးမိခင်တွက်
ရတက်မအေး ပူဆွေးမအား
အမျိုးသားတွက် ချိန်ခွင်ထက်မှာ
အလေးသာသည့် ကြင်နာယိုဖိတ်
မြန်မာ့စိတ်ဓါတ် ကမ္ဘာပတ်အောင်
စွမ်းဆောင်နိုင်သူ သူ့လိုလူ။

အာဏာမဖက် လက်နက်မကိုင်
ကြံ့ခိုင်နှလုံး အမုန်းဇာတ်သိမ်း
ငြိမ်းချမ်းရေးနိုဘယ်လ် ဂုဏ်ထည်တဲ့သူ
သူ့လိုလူ။

ပြည်ထောင်စုဘွား တိုင်းရင်းသားတို့
အားထားယုံကြည် လေးမြတ်သည်သို့
တိုင်းပြည်အတွက် မျှောလင့်ချက်အမှန်
ဗေဒါပြန်အံခဲ သူ့လိုလူဘယ်သူရှိမလဲ?
သူဘဲပေါ့။


အောင်ဇေ

08-September-1998

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 15, 2009

အကြိမ်၇၀မြောက် ကရင်နှစ်သစ်ကူးနေ့ ဆင်နွှဲ(VOA NEWS)


အကြိမ် ၇၀ မြောက် ကရင်နှစ်သစ်ကူးနေ့ ဆင်နွှဲ

16 December 2009
နော်ရှိုး - voaburmese.com

ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ဟာ ကရင်တမျိုးသားလုံး ကျွဲချိုမှုတ်၊ ဖားစည်တီးပြီး ပျော်ပျော်ပါးပါး
ဆင်နွှဲကြတဲ့ ကရင်သက္ကရာဇ် ၂၇၄၉ နှစ်မြောက် သလေလ ၁ ရက်၊ ကရင်နှစ်သစ်ကူးနေ့ ကျရောက်
တဲ့နေ့ ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စကော၊ အရှေ့ပိုး၊ အနောက်ပိုး စတဲ့ ကရင်လူမျိုးစုတွေ အားလုံး ကိုးကွယ်တဲ့ ဘာသာမရွေး၊ နေရာဒေသမရွေး ပါဝင်ဆင်နွှဲလေ့ ရှိကြ
တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့ကို နိုင်ငံတော် အားလပ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားတဲ့နေ့လည်း ဖြစ်
ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပကြပုံ တစေ့တစောင်း
ကိုတော့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ကရင်နှစ်သစ်ကူးနေ့မှာ အချင်းချင်းတွေ့ရင် မာနေအော်ကဲ ဘူဒူဘူဒါးလို့ နှုတ်ခွန်းဆက်ကြပါတယ်။
အားလုံး ဘေးရန်ကင်းပြီး ချမ်းသာကြွယ်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းတာ ဖြစ်ပါတယ်။
မြန်မာလ ပြာသိုလရဲ့ ပထမနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ အခမ်းအနားတွေကို မြန်မာနိုင်ငံတ၀န်းက ကရင်တိုင်းရင်းသားတွေ ကျင်းပကြပါတယ်။ နှစ်စဉ် ရန်ကုန် အင်းစိန်က
အာလိင်ငါးဆင့် ဘုန်းကြီးကျောင်းမှာဆိုရင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ၃၊ ၄၊ ၅ ရက်
ကြာလောက် ကျင်းပပြီး လူပေါင်း ၃,၀၀၀၊ ၅,၀၀၀ လောက် ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ ကရင်အမျိုးသားအလံ လွှင့်ထူ အလေးပြုခြင်းနဲ့အတူ ကရင်ဒုံးအကတွေ၊ ရိုးရာ
လက်ဝှေ့ပွဲတွေ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အားကစားပွဲတွေ၊ ပွဲဈေးတန်းတွေနဲ့ ဆင်နွှဲလေ့ရှိပါ
တယ်။
ဒီကနေ့ခေတ်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို မလေးရှား၊ သြစတြေးလျ၊ ဗြိတိန်၊ နော်ဝေး၊
ကနေဒါနဲ့ အမေရိကန်နိုင်ငံတလွှားမှာ ကျင်းပလာကြပါတယ်။

ကရင်နှစ်သစ်ကူးနေ့ကို အကြီးအကျယ် ကျင်းပဖို့ စီစဉ်နေတဲ့ အမေရိကန်ပြည်ထောင်စု နီဘရာဆကာ (Nebraska) ပြည်နယ် ကရင်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စောရော့ကီက ဒီနှစ်ကျင်းပမယ့် ကရင်နှစ်
သစ်ကူး အခမ်းအနားနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“ကျနော်တို့ ခန့်မှန်းထားတာ ၃,၀၀၀ အထက်လို့ ခန့်မှန်းထားတယ်။ အကောင်းဆုံးတော့ ပြင်ဆင်
ထားကြတယ်။ ကရင်အမျိုးသား ယဉ်ကျေးမှု ဖော်ထုတ်ဖို့အတွက်ဆိုပြီး ကျနော်တို့ Karen Idol 2010
ကိုလုပ်ဖို့ အားလုံး စီစဉ်ထားတယ်။ အဲဒါက ကရင်တွေမှာရှိတဲ့ သူတို့ရဲ့ ၀ါသနာ၊ သီချင်းဆိုတာတို့၊
American Idol ပုံစံမျိုး၊ ဒီဥစ္စာ ပထမဦးဆုံးအကြိမ် အနေနဲ့ State တိုင်းမှာရှိတဲ့ ကရင်တွေအားလုံး
ကို ဖိတ်ခေါ်ထားတယ်။ ပထမဆုရတဲ့သူကို ဒေါ်လာ ၁,၀၀၀ ဆုချီးမြှင့်ဖို့ စီစဉ်ထားတယ်။”

ဆက်လက်ပြီး စောရော့ကီက ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားတွေအတွက် ဘယ်လို
အရေးပါသလဲ ဆိုတာနဲ့ ပတ်သက်ပြီး…

“ကရင်နှစ်သစ်ကူးကတော့ ကျနော့်တယောက် အတွက်ရော၊ တမျိုးသားလုံးအတွက်ရော အင်မတန်မှ အရေးကြီးတဲ့ ပွဲတပွဲဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ဆိုတာ ကျနော်
တို့မှာ အမျိုးသား ဘာသာစကား ရှိတယ်၊ ယဉ်ကျေးမှု ရှိတယ်၊ ထုံးတမ်းစဉ်လာ ရှိတယ်၊ ထို့နည်းတူ
ကရင်ရဲ့ အမျိုးသားအလံတော် ဆိုတာလည်း ရှိတယ်။ ဒါကြောင့် ဒီဟာတွေ မပပျောက်ဖို့အတွက်
ဒီကနေ့အထိ ကမ္ဘာမှာ ကျနော်တို့က အသိအမှတ်ပြု ခံရဖို့အတွက် ကရင်အားလုံးမှာလည်း တာဝန်ရှိ
တယ်လို့ ကျနော် ယုံကြည်တယ်။”

ကရင်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံမှာ နှစ်စဉ် တရားဝင် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် အကြိမ်ပေါင်း
၇၀ တိတိ ရှိပါပြီ။ သမိုင်းနောက်ကြောင်းလေး တစေ့တစောင်း ပြန်ကြည့်မယ် ဆိုရင်တော့ ၁၉၃၇ ခုနှစ် ကိုလိုနီခေတ် မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ခွဲလိုက်တဲ့အခါတုန်းက အသက်အကြီးရင့်ဆုံး ကရင်အမျိုးသား အဖွဲ့ကြီးတခုဖြစ်တဲ့ Karen National Association (KNA) ခေါ် ကရင်အမျိုးသား အဖွဲ့ချုပ်နဲ့အတူ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ကရင်လွှတ်တော်အမတ် ၁၂ ဦးက ကရင်ကို လူမျိုးတမျိုးအနေနဲ့
တရားဝင် အသိအမှတ်ပြုရေးအတွက် ဗြိတိသျှ ကိုလိုနီအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဗြိတိသျှ
အစိုးရက ကရင်အမျိုးသားနေ့ အစား ကရင်နှစ်သစ်ကူးနေ့ကို သတ်မှတ်ပေးဖို့ တုံ့ပြန်ပါတယ်။
ဒီလိုနဲ့ ၁၉၃၈ ခုနှစ်မှာ ကရင်နှစ်သစ်ကူးနေ့ကို နိုင်ငံတော် အားလပ်ရက်အဖြစ် ဥပဒေပြု ပြဋ္ဌာန်းပြီး
စတင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တနှစ်အကြာ ၁၉၃၉ ခုနှစ်ကစလို့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို
ပထမဆုံးအကြိမ် တရားဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကရင်သက္ကရာဇ်ဟာ ခရစ်သက္ကရာဇ်ထက် နှစ်ပေါင်း ၇၃၉ နှစ် ကြီးပါတယ်။ အဲဒီလိုဖြစ်ရတဲ့
အကြောင်းရင်းက ကရင်လူမျိုးတွေဟာ မွန်ဂိုးလီးယားနိုင်ငံ ဂိုဘီသဲကန္တာရကနေ ဒီကနေ့ မြန်မာနိုင်ငံ
ဘက်ကို အလုံးအရင်း ရွှေ့ပြောင်းလာခဲ့ကြတာ အများဆုံးအသုတ်ဖြစ်တဲ့ ဒုတိယ ပြောင်းရွှေ့မှုကြီး
ဟာ ခရစ်သက္ကရာဇ် မတိုင်မီ နှစ်ပေါင်း ၇၃၉ ခုနှစ်ကို သတ်မှတ်တာဆိုပြီး ကရင်သမိုင်း မှတ်တမ်း
တွေထဲမှာ ဖော်ပြထားပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, December 14, 2009

အလင်္ကာပန်းခင်း (အောင်ဇေ)

BBC Burmese Service ဆရာဦးကျော်ဇံသာ(ယခု VOA Burmese Section) စီစဉ်ထုတ်လွှင့်ခဲ့တဲ့ အလင်္ကာပန်း ခင်း အစီစဉ်ကနေ 15-July- 1998 ညနေပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ကဗျာတပုဒ်ကို တင်ပြလိုက်ပါတယ်။


အလင်္ကာပန်းခင်း
(အောင်ဇေ)

အလင်္ကာပန်းခင်း သစ်ဆင်းတဲ့အလှ
ဘဝရဲ့ကဗျာ ဖြူနီဝါပြာ
ရောင်စုံဖြာတဲ့ ပန်းကဗျာအကြောင်း
သိကောင်းစရာ အလင်္ကာ။

လှသောဖြူသော နုသောရင့်သော
ယနံ့သဘောစုံလင်
လေငင်ရာလွင့် ဆွတ်ပျံ့ပျံ့
သင်းယနံ့ အလင်္ကာ။

အလင်္ကာပန်းခင်းရဲ့အလည်
နှစ်လိုဘွယ်အပြုံး
သင်းပျံ့ပျံ့ထုံးတဲ့
နှလုံးလှတဲ့ ပန်းကလေးတွေ။

ရိုးရိုးယဉ်ယဉ်
အသွင်မဆန်းသော်လည်း
လွမ်းမက်တဲ့ ပန်းခက်တွေ။


သင်းပျံ့ပုံထူးလှသမို့
ယနံ့စူးရှတဲ့ပန်းမလ်မျိုးလည်း
ပန်းခင်းထဲမှာရှိတန်ကောင်းရဲ့။

တနေရာမှာတော့
ခတ်သော့သော့လေအလွင့်မှာ
ဝင့်ဝါသလိုအသွင်ဆန်းတဲ့
စပယ်ပန်းနီနီတွေ။

ပကတိစပယ်ဖြူ
အေးကြူကြူဖြူဖွေးဖွေးမှာ
ဘယ်သူတွေအရောင်ရေးလို့
နီစွေးစွေးဖြစ်သလဲ?။

ပင်မြင့်က,ပိတောက်မင်း
ဘယ်သူတွေအတင်းပြောင်းလို့
သစ်ခေါင်းတွင်းအောင်းသလဲ?။

ပင်ယံက,သစ်ခွ
မြေချလိုတာနဲ့
ပင်ရင်းမှာပွင့်စေတာမျိုး
ဘယ်သူပျိုးသလဲ?။

အလင်္ကာပန်းခင်းမှာ
အလှကိုယ်စီရှိကြသည်မို့
ပီပြင်အလှ ဝေငှရွေးပန်း
ကဗျာဥာဏ်သဘော
အလင်္ကာနှောလို့
ပြောပြမကုန် ယနံ့စုံတဲ့
အလင်္ကာပန်းခင်းရဲ့
ပန်းကလေးတွေ ပန်းကလေးတွေ။

အောင်ဇေ
01-May-1998
ကဗျာတွေကို ဖေါ်ပြခွင့်ပြုတဲ့ ဆရာအေင်ဇေ ကို အထူးကျေးဇူးတင်ကြောင်းပါခင်ဗျား။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 13, 2009

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ(ဇာတ်သိမ်း)

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ
(မင်းစိုးစံ)

(ယခင်အပါတ်မှအဆက်)


အခန်း(၇)

“ကျွန်တော့်အတွေ့အကြုံအရ,ကျွန်တော်သိသလောက်ပြောရ,မယ်ဆိုရင်ကရင်နှစ်သစ်ကူးနေ့မရောက် ခင်အကြိုညမှာ ဖီ့ဘူးယော်ကိုပင့်ဖိတ်ရပါတယ်၊ညဥ့်ဦးယံပိုင်းကစ,ပြီး အာရုဏ်ကျင်းသည်အထိ ဖီ့ဘူး
ယော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပူဇော်ကန်တော့ကြပါတယ်၊ ကရင့်ရိုးရာဒူရိယာပစ္စည်းများနဲ့တွဲဖက်သီ ဆိုတီးမှုတ်ထားတဲ့ ရိုးရာတေး ကာလပေါ်တေးများကိုသာ အဓိက,ထားသီဆိုက,ခုန်ယှဉ်ပြိုင်ကြပါတယ်။ ပေါ်ဦးပေါ်ဖျားကောက်နှံစပါးကို လက်ဆုံနဲ့ထောင်း စကော(ဆန်ကော)နဲ့ ပြာပြီးဆန်ဖြစ်အောင် လုပ်ကြ
ပါတယ်၊ အဲဒါကိုတော့ ဖီ့ဘူးယော်အတွက် ဆောက်လုပ်ထားတဲ့တဲနန်းရှေ့မှာ လုပ်ကြရတာပါ။
နှစ်သစ်ကူးတဲ့မနက်မှာတော့ ဖီ့ဘူးယော်နတ်သမီးကိုပြန်ပို့ကြရပါတယ်၊ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ဒုံးအဖွဲ့တွေအားလုံးဟာ ဖီ့ဘူးယော်တွက်သီးသန့်စပ်ဆိုထားတဲ့တေးသီချင်းနဲ့အတူ က,ကွက်တခုတည်းကို သံပြိုင်သီဆိုပြီး စည်းစနစ်တကျညီညီညာညာက,ကြရပါတယ်၊ ဒုံးဆရာမှန်ရင် အဲဒီတေးသီချင်းနဲ့ က,ကွက်ကို ဆိုတတ်က,တတ်ပါတယ်၊ အဲဒီလိုဖီ့ဘူးယော်နတ်သမီးကိုပြန်ပို့ပြီးပြီဆို
မှ ကရင်အမျိုးသားများဆင်းသက်လာပုံအကြောင်းတွေ ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်ရရှိလာ ပုံအကြောင်းတွေ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့အကြောင်းတွေကို လူကြီးသူမ,တွေက ပြောပြကြပါတယ်။”

ဖူ့ယောင်ဟဲ့သည် တက်ရောက်လာသူများကို အကဲခပ်ကြည့်လိုက်သည်၊ လူအတော်များများစိတ်ဝင် တစားရှိနေသည်ဟုထင်သည်၊ အဘယ်ကြောင့်ဆိုသော် ဒီဇင်္ဘာအားကစားပွဲမှလူလတ်ပိုင်းအချို့ ဖူ့
ယောင်ဟဲ့တို့ ဆွေးနွေးသည့်နေရာသို့ ခပ်ကုတ်ကုတ်ဝင်လာသည်ကိုတွေ့နေရသောကြောင့်ဖြစ်၏။

“အဲဒါတွေပြီးပြီဆိုရင် ခရု ဒါမှမဟုတ် ဖါး ရ,ရာတမျိုးမျိုးကို ပိန်းဥမျှစ်ချဉ်တွေနဲ့ရောချက်ထားတဲ့ဟင်းတ
မယ်ရယ်၊ မနေ့ညက,လက်ဆုံနဲ့ထောင်းလို့ရ,လာတဲ့ပေါ်ဦးပေါ်ဖျား ဆန်ကိုချက်ပြုတ်ပြီး တပျော်တပါး စုပေါင်းစားသောက်ကြရပါတယ်။
နေ့လည်ဘက်မှာတော့ ကရင့်ရိုးရာအားကစားနည်းတွေဖြစ်တဲ့ နဘန်းပွဲ၊ လက်ဝှေ့ပွဲ၊ ချောတိုင်တက်ပွဲ၊
စတဲ့ပျော်ပွဲရွှင်ပွဲတွေကို တနေကုန်အောင် ယှဉ်ပြိုင်ကစားကြပါတယ်။
ညဘက်မှာတော့ နေ့လည်ဘက်က အားကစားပြိုင်ပွဲတွေမှာ ဆုရတဲ့လူတွေ၊ ဆုရတဲ့အဖွဲ့တွေအပြင်
မနေ့ညက ဒုံးပြိုင်ပွဲမှာ ဆုရတဲ့ဒုံးအဖွဲ့၊ ရာဓနာ.(ဆုတောင်းသီချင်း)ဆုရရှိသူအဆိုရှင်၊စောင်းကောက်
ပြိုင်ပွဲ၊ ဗျတ်စောင်းပြိုင်ပွဲ၊ ပီဘာပြိုင်ပွဲ၊ ဟှိင်(ဂိန်) ပြိုင်ပွဲ၊ ဖွန်ဒွါပြိုင်ပွဲ၊ ပီခွန်ပြိုင်ပွဲတွေမှာ ဆုရတဲ့လူတွေ ကိုဆုပေးပါတယ်။
အဲဒီဆုရတဲ့ ဒုံးအဖွဲ့တွေ အဆိုရှင်တွေ အတီးအမှုတ်ရှင်တွေက၊လာရောက်ကြည့်ရှုအားပေးတဲ့ ပရိဿတ်
တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်ကြပါတယ်။နောက်တော့ ဆ်ုအါင်လင် လို့ခေါ်တဲ့ ကရင့်ရိုး ရာ သြပွဲ
ပေါ့ဗျာ။
ဒီဘက်ပိုင်းမှာတော့သိကြမြင်ကြတဲ့အတိုင်း အနောက်တိုင်းခေတ်ပေါ်တေးဂီတတွေနဲ့ စတိတ်ရှိုးတွေ
ဘာတွေနဲ့ လုပ်လာကြတာများပါတယ်။
ဒါကတော့ ကျွန်တော်သိသလောက်ပြောပြတာပါ နေရာဒေသ,နဲ့အချိန်အခါ အခြေအနေပေါ်လိုက်ပြီး လုပ်ကြကိုင်ကြတာမျိုးလည်းရှိနိုင်ပါတယ်။”

ဖူ့ယောင်ဟဲ့ပြောအပြီး ထိုင်မည်ပြုလိုက်စဉ် လူတယောက်က

“အားတော့နာပါရဲ့ တခုတော့ရှိပါတယ် ဟိုဒင်းလေ နတ်ဆိုတော့ဗျာ ကျုပ်တို့စာသင်ကျောင်းရှေ့မှာ လုပ် ဘို့ကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ နတ်တို့ရိုးရာတို့ဆိုတာကို ကျုပ်တို့ကလိုလားတာမဟုတ်ဘူးဗျ၊ အဲဒီတော့ဗျာ အဲဒီအစီအစဉ်ကို ကျုပ်တို့သဘောမတူနိုင်ဘူး”

“အဲဒီအတွက်ဘာမှစိတ်မပူပါနဲ့၊ မစိုးရိမ်ကြပါနဲ့၊ ကျွန်တော်စောစောပိုင်းကပြောခဲ့သလို ယဉ်ကျေးမှုအ တီးအမှုတ်တွေနဲ့ ဖီ့ဘူးယော်ကို ပူဇော်ကန်တော့မှာဆိုတော့ ယဉ်ကျေးမှုစင်မြင့်ရှိတဲ့နေရာမှာ ပြုလုပ် မှာဖြစ်ပါတယ်။”

ထိုအခါ နိုင်ငံခြားဘာသာစကားကို အတော်အတန်ပြောနိုင် ရေးသားနိုင်သည့် လူတဦးက ဤသို့ဆိုပြန်
သည်။

“မောင်ကျော်ဖူ့ယောင်ဟဲ့ခင်ဗျား ဗမာလိုတော့ကျွန်တော်ကောင်းကောင်းမပြောတတ်ပါဘူး၊ ကျွန်တော့် ပထွေးဆိုရင်”

ဘေးနားကလူတယောက်က ဗမာဘာသာဖြင့် ပထွေးမဟုတ်ဘူး မွေးစားအဖေ ဟုပြောရန်သင်ပေးနေ
၏။

“အဲ…အဲ… မှားသွားလို့ ကျွန်တော့်မွေးစားအဖေဆိုရင် မကောင်းတဲ့အယူအဆ,ကိုစွန့်လွှတ်ပြီး ကောင်း
မွန်တဲ့ အယူအဆ,တွေနဲ့ အသက်တာကိုပြောင်းလွဲ အသက်ရှင်ဘို့အမြဲတမ်းဆိုဆုံးမ,လေ့ရှိပါတယ်၊
ဒီတော့ အခုလေးတင်ပြောသွားတဲ့ အယူအဆ,ဖြစ်တဲ့ နတ်တွေဘာတွေကို နားမထောင်တော့ပဲ ကျွန် တော်တို့ကရင်အမျိုးသားအမျိုးသမီးတွေ ခေတ်မှီတဲ့စနစ်ကလေးနဲ့သွားကြမယ်ဆိုရင် အမျိုးသားစည်း လုံးညီညွတ်ရေးအတွက် အလားအလာကောင်းတခု ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလားခင်ဗျာ။
ဘာကြောင့်လည်းဆိုတော့ ရိုးရာနတ်စားတာတို့ဘာတို့ဆိုတာက ဟောင်းနွမ်းနေတဲ့အယူအဆ,တွေ
မဟုတ်လား?”

ထိုပုဂ္ဂိုလ်ပြောသွားသည့်စကားများတွင် မိမိတို့ကရင်အမျိုးသားတို့၏ ဘဝဖြစ်စဉ်ကိုမျက်ခြေပြတ်နေသူ တဦးဖြစ်နေသည်မှာသေခြာလှသည်၊ သို့တည်းမဟုတ် မျက်ခြေပြတ်သွားရန်ကြိုးစားအားထုတ်ချင်ပုံ

ရ,သည်၊ အဘယ်ကြောင့်ဆိုသော် ဗမာများခေါ်ဆိုသည့် နတ်စားသည်ဆိုသည့်ဝေါဟာရကိုလည်း
ကောင်း ရိုးရာဟူသည့်ဝေါဟာရကိုလည်းကောင်း ကရင်တယောက်ဖြစ်ပါလျှက် ကရင်ဘာသာဖြင့်
ခေါ်ဆိုသုံးနှုံး သည့်အနက်ကိုလုံးဝနားမလည်သည့်အပြင် နားလည်ရန်ကြိုးစားလိုစိတ်လုံးဝမရှိသော
ကြောင့် ထိုသို့သောစကားမျိုးကို လူရှေ့သူရှေ့၌ ပြောဆိုနေခြင်းဖြစ်တန်ရာသည်။
တိုးတက်ခေတ်မှီခြင်းဆိုသည်ကို ထိုသူမည်သို့နားလည်သဘောပေါက်သည်ကိုတော့ ဖူ့ယောင်ဟဲ့ မ
တွေးတတ်၊ သေခြာသည်မှာ တိုင်းတပါးအမျိုးသားစာပေကို လေ့လာသင်ကြားထားလာရာမှ ထိုတိုင်း သားတို့၏ဓလေ့စရိုက်များကို မိမိတို့ကရင်အမျိုးသားထုအတွင်း ချွတ်စွပ်လိုက်နာကျင့်သုံးစေရေးအလို့
ငှာ မိုက်မဲခြင်းကြီးစွာဖြင့် ကြိုးစားပုံဖေါ်သွတ်သွင်းနေသည်ဟု ဖူ့ယောင်ဟဲ့ကောက်ချက်ချလိုက်မိသည်။
ဖူ့ယောင်ဟဲ့သည် အခြေအနေကိုအကဲခပ်လိုက်သည်၊ အားလုံးသည်ဖူ့ယောင်ဟဲ့ ပြန်လည်ချေပ,မည့်စ ကားလုံးများကို ကြားချင်နေပုံရ,သည်။

“ ဒီမိုကရေစီရဲ့သဘောသဘာဝအရ,ဘယ်သူမဆိုလွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ ဒီ လိုပြောလိုက်တဲ့အတွက် ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ၊ ဒါကြောင့် တိုးတက်ခေတ်မှီတယ်ဆိုတဲ့အပိုင်းကိုလည်း ဆက်မဆွေးနွေးချင်တော့ပါဘူး၊ နှစ်သစ်ကူးအတွက် ဆွေးနွေးကြတာက ပိုကောင်းမယ်ထင်ပါတယ်”

“ ဟုတ်ပါတယ် အခုကျွန်တော်တို့ဟာက လမ်းကြောင်းလွဲမလိုလိုဖြစ်နေပါပြီ”

အဝေးရောက်အဖွဲ့ဝင်တဦးလည်းဖြစ် ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မီတီ၏ ဥက္ကဌလည်ြး့ဖစ်သူက
“ ဟုတ်ကဲ့ ဒီကနေ့အထိ ကျွန်တော်ဘက်က,ဆောင်ရွက်ပြီးစီးသွားတာတွေကို အစီရင်ခံတင်ပြရမယ်
ဆိုရင် အရေးကြီးပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားခြင်းခံထားရသော ဧည့်သည်တော်များထံသို့ အခန်းအ နားအစီအစဉ်များနှင့်တကွ ဖိတ်စာများပူးတွဲပေးပို့မှု ပြီးစီးသွားခြင်း၊ အခြားဒေသ,မှပေးမည်ဟုဂတိပြု ထားသည့်ငွေကြေးများ အမြန်ဆုံးပေးပို့ရန် အကြောင်းကြားမှုပြီးစီးသွားခြင်း၊ ပွဲတော်ကို အေးအေးချမ်း ချမ်းပြုလုပ်နိုင်ရေးအတွက် ကြက်ဒူးဆစ်ရွာ အုပ်ချုပ်ရေးမှူးနှင့်တကွ ဆိုင်ရာပိုင်ရာများထံသို့ ကျင်းပ,
မည့်နေရာ အချိန် နေ့ရက် တို့ကို ပေးပို့ပြီးစီးသွားပြီဖြစ်ပါတယ်၊နေရာကတော့အခုကျွန်တော်တို့အစည်း အဝေးလုပ်နေတဲ့ စာသင်ကျောင်းမှာပဲဖြစ်ပါတယ်”

သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဘက်သို့ ဖူ့ယောင်ဟဲ့ ငဲ့ကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်သည် ငါ့အလုပ် ငါသိပါတယ်ကွာ ဟူသည့်အပြုံးမျိုးပြုံးလျှက် အစည်းအဝေးကာလတလျှောက် ရေးမှတ်ထားသည့်စာ ရွက်စာတမ်းများကို ၎င်း၏အိတ်ရှုံ့ထဲမှ ထုတ်ယူနေပါတော့သည်။

အခန်း(၈)

“သားကြီး ထမင်းစားမယ်ဟေ့ ”
အဖေက ဖူ့ယောင်ဟဲ့ကိုလှမ်းခေါ်ရင်း ထမင်းပူပူပေါ်သို့ ငါးပိရည်များဆမ်းနေ၏၊ အမေကမျှစ်ပြုတ်ကို အခွံနွှာနေရင်းမှ ဤသို့ဆိုလိုက်၏

“အင်ဥကြော်ရ,ပြီလားမသိဘူး၊ တချက်လောက်ကြည့်လိုက်ပါဦး၊ ရ,ရင်ပန်းကန်လုံးထဲခပ်ထည့်လိုက်”

မီဖိုပေါ်ရှိ ဒယ်အိုးထဲတွင် ကြက်သွန်နီနိုင်နိုင်ဖြင့်ကြော်ထားသည့် စားချင်စဘွယ်မွှေးကြိုင်နေသည့် အင်ဥကြော်ကို သစ်သားယောက်မ,ဖြင့်မွှေနေရင်းမှ ဖူ့ယောင်ဟဲ့သည် ကဗျာတပုဒ်ကို စိတ်ထဲမှ မှုန်းခြယ်လိုက်ရင်း ကဗျာခေါင်းစဉ်ကို စိတ်ကူးဖြင့်ပေးလိုက်၏ ခေါင်းစဉ်မှာ………

ဏိင်းထင်းသင့်ရာ.ဓနာ(နှစ်သစ်ကူးဆုတောင်း) ဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, December 12, 2009

စိတ် ဧချမ်းသာယာဘို့

စိတ် ဧချမ်းသာယာဘို့
www.voaburmesenews.com

ဗြိတိန်နိုင်ငံမှာ စီးပွါးရေးလုပ်နေတဲ့ မကြည်သာစံ ယုံကြည်တာက စိတ်အေးချမ်းသာယာဘို့ဆိုတာ
အင်မတန် အရေးကြီးပါတယ်ဆိုတာကို VOA BurmeseSectionက,နေကိုကျော်အောင်လွင်တင်ပြ
ထားတာနားထောင်ပြီး ပြန်ရေးပြလိုက်ပါတယ်။

ကျွန်မ,ယုံကြည်တာကတော့ စိတ်ထားတတ်ရင်မြတ်ပါတယ်ဆိုတဲ့ စာဆိုလေးတခုရှိပါတယ်၊ ဘဝ,မှာ
လူတွေ ဟာ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်၊ ဆိုးတာလုပ်ရင်ဆိုးတာဖြစ်မယ်၊ စေတနာဟာ တူတဲ့အကျိုးပေး တယ်ဆိုတာတွေ၊ စေတနာကြောင့် ဖြစ်လာရ,တဲ့ကောင်းကျိုးဆိုးကျိုးတွေကတော့ အလွယ်ကူဆုံး အလျှင်မြန် ဆုံးထိရောက်ကြပါတယ်။
စိတ်ထောင်းကိုယ်ကြေဆိုတဲ့စကားအရ,မိမိတယုတယ,ပြုစုပျိုးထောင်ထားခဲ့တဲ့အရာတခုခုကို
အကြောင်းအမျိုး မျိုးကြောင့်တစုံတယောက်က, ပိုင်ဆိုင်ရ,ယူသွားတဲ့အခါမှာ ဘယ်လိုဝေဒနာမျိုး ခံစားကြရ,သလဲဆိုတာ လူတိုင်း လူတိုင်းအနည်းနဲ့အများတော့ ခံစားကြရ,မှာပါ။
မိမိလက်လွှတ်ဆုံးရှုံးလိုက်ရ,တာကို နှမျောတသ,ပြီးတော့ ယူကြုံးမရ,ဖြစ်တဲ့စိတ်၊ ပိုင်ဆိုင်သွားတဲ့
သူအပေါ်မှာ မုန်းတီးဒေါသ,ဖြစ်ရ,တဲ့စိတ်တွေ၊ ဂလဲ့စားခြေလိုတဲ့စိတ်မာန် မီးတွေကြောင့်မိမိကိုယ်
မိမိပြင်းထန်စွာ လောင်ကျွမ်းခံရပါတယ်။
တကယ်လို့များ အဲ့ဒီအခြေအနေမျိုးကြုံလာခဲ့တဲ့အခါမှာ အော်…သူဖြစ်ချိန်တန်လို့ဖြစ်တာပဲ ဒီလို
ဖြေသိမ့်ပြီး တော့ ပိုပြီးကောင်းတဲ့အခြေအနေကိုပြောင်းဘို့ ဖန်တီးသွားတာပဲလို့ ဥပက္ခာတရားကို
ရှေ့ထားပြီး မေတ္တာတရားကို ပွါးနိုင်ခဲ့ရင် အတိုင်းမရှိ အေးချမ်းငြိမ်းချမ်းတဲ့ခံစားမှုကို ရရှိနိုင်မှာပါ၊

ဒါကြောင့်မို့လည်း စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုစကားရှိပါတယ်၊ လူကြီးသူမ,တွေရဲ့ ချစ်စ,ကို
ရှည်စေ၊ မုန်း စ,ကိုတိုစေ ဆိုတဲ့ဆုံးမ,စကားအတိုင်းသာ လူတိုင်းလူတိုင်းလိုက်နာကျင့်သုံးနိုင်ကြ
မယ်ဆိုရင် မိမိအတွက်ကော အများအတွက်ပါ အကျိုး ကောင်းကျိုးတွေအများကြီးပိုရ,မယ်လို့
ခံစားရ,နိုင်ပါတယ်၊ လုံးဝ,ဥဿုံယုံကြည်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း ဒီ နိုင်ငံခြားမှာလာပြီးတော့ စီးပွါးတွေရှာနေတဲ့အခါမှာ ကိုယ်မျှော်မှန်း
သလောက် ဘဝ, ကို မရာက်သေးတဲ့အတွက်ကြောင့်မို့လို့ စိတ်တွေပင်ပမ်းပြီးတော့ နေ့ရောညရော အစွမ်းကုန်ကြိုးစားပေမယ့် လည်း ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမရောက်နိုင်သေးဘူး၊ ဒါကို ကိုယ်က, စိတ်ပင်ပမ်းနေတယ်။
အဲဒီအခါမှာ ဘယ်လို ကိုယ်က,ပြန်ပြီးတော့ စိတ်ဖြေသိမ့်ရ,မလဲဆိုရင် အော်…ငါဒီနေ့ဒီအချိန်အခါမှာ
ဒီလောက် ပဲငါ့ကံက,ဖန်တီးပေးတယ်၊ ဒါကြောင့်မို့လို့ ပုံမှန်ပဲအေးအေးချမ်းချမ်းနဲ့ရပ်တည်ဘို့ ဆုံးဖြတ် လိုက်ပါတယ်၊ အဲဒီ အခါမှာ အရမ်းစိတ်ပင်ပမ်းတဲ့ဒါဏ်တွေမရှိတော့ပဲနဲ့ အေးအေးချမ်းချမ်း ကိုယ်နဲ့
စိတ်လေးကို ငြိမ်းချမ်းစွာနဲ့ အောင်မြင်အောင်လို့ ဆက်ပြီးတော့လုပ်နိုင်ဘို့အတွက်ကို တည်ငြိမ်မှုတွေ
ရ, ရှိလာပါတယ်။
အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့စိတ်ထားလေးကို အေးချမ်းစွာထားတတ်လို့ရှိရင် ကိုယ့်ဘဝသာယာမှု
စိတ်ချမ်းသာမှုတွေ ရ,ရှိနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်။

မကြည်သာစံ
ဗြိတိန်နိုင်ငံ
By; VOA Burmese news.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကမ္ဘာမြေကြီးသို့ မေးခွန်းထုတ်ခြင်း

ကမ္ဘာမြေကြီးသို့ မေးခွန်းထုတ်ခြင်း
(မင်းစိုးစံ)

မနက်ဖြန်ဆိုတာ
ဘာမှမရေရာဘူး
သေခြာတဲ့ဒီနေ့ရက်
ဘာလုပ်ခဲ့မလဲ?

ငါ့ကြောင့်အနာတရ,ဖြစ်နေတဲ့
ကမ္ဘာမြေကြီးအတွက်
ခုတ်ခဲ့တဲ့သစ်ပင်တွေ
ပြန်စိုက်ဖြစ်ချင်တယ်။

ငါ့ကြောင့်ညစ်ညမ်းနေတဲ့
ကမ္ဘာမြေကြီးအတွက်
စွန့်ပစ်ခဲ့တဲ့အညစ်အကြေးအားလုံး
သိမ်းကြုံးဆေးကြောပစ်ချင်တယ်။

ငါ့ကြောင့်အဆိပ်သင့်နေတဲ့
ကမ္ဘာမြေကြီးအတွက်
အဆိပ်ပြေဆေးတခွက်
ဖေါ်စပ်ပေးခဲ့ချင်တယ်။

ငါနဲ့ဆက်ဆံနေတဲ့လူတွေအပေါ်
မတော်မတရားတာတွေ
ကံသုံးပါးနဲ့ပြုခဲ့လေသမျှ
ဝန်ချချင်တယ်။

လူသတ်သမားတွေလက်ထဲက
ငါ့အသက်ကိုကယ်ခဲ့တဲ့သူ
အဲဒီလူကို
ငါပူဇော်ချင်တယ်။

ငါ့ထက်အသက်ကြီးစေငယ်စေ
ရွယ်တူတွေပဲဖြစ်ဖြစ်
ငါ့ဆရာစစ်စစ်တွေအပေါ်မှာ
အပြစ်လုပ်လာခဲ့သမျှ
ငါတောင်းပန်ရ,မယ်။

အဲဒါတွေအသာထား
ငါ့ဘဝလူလားမြောက်ဘို့အရေး
ကျွေးမွေးသုတ်သင်ပေးခဲ့တဲ့
ငါ့ရဲ့မိဘနှစ်ပါးကို
အိမ်ဦးခန်းမှာထားပြီး
ပြုစုယုယ,ဘို့အသိတရား
ငါမစဉ်းစားမိသမျှတော့
အနိစ္စနဲ့သင်္ခါရ,သဘောတွေ
နောကြေနေတဲ့ကမ္ဘာမြေကြီးက
ငါ့ကိုကြေနပ်မှာတဲ့လား?

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 10, 2009

နာဂစ်သမိုင်း(သို့မဟုတ်)နာဂစ်မုန်တိုင်း

အခုတင်ပြမယ့်စာလုံးလေးတွေကတော့ ကရင်အမျိုးသားအဆိုကျော် စဝ်လိက်သိင့်
(ကျော်လိုက်သိတ်)ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ သီချင်းတွေထဲက သူချင်းတပုဒ်ဖြစ်တဲ့
ဏာဂေဟ်မေင်.စိင် ဒါမှမဟုတ် ဏာဂေဟ်လ်ုဖုက် ဆိုတဲ့ တေးသီချင်းကို မှီငြမ်းပြီး
ရေးသားထားတာဖြစ်ပါတယ်။
ခေါင်းစည်းကိုလည်း ဆရာကျော်လိုက်သိတ် ပေးထားတဲ့သီချင်းခေါင်းစည်းအတိုင်း
တိုက်ရိုက်ပေးထားပါ တယ်။
ဒီတေးသီချင်းကို (http;//www.sawsoehtataung.blogspot.com)ရဲ့ ရုပ်သံအပိုင်း
အစ,လေးတွေကိုနားထောင်ပြီး သင့်လျှော်အောင်ဘာသာပြန်ထားတာပါ။
ဗမာလိုကတော့ နာဂစ်သမိုင်း(သို့မဟုတ်)နာဂစ်မုန်တိုင်း ဖြစ်ပါတယ်။

နာဂစ်သမိုင်း(သို့မဟုတ်)နာဂစ်မုန်တိုင်း
(မင်းစိုးစံ)

သန်းကောင်ကျော်တိတ်ဆိတ်
ကလေးတွေအိပ်ပျော်ချိန်
တိမ်မဲတွေထူထပ်
ကောင်းကင်မှာလျှပ်စီိးလက်
မိုးချုံးသံက,ဆက်တိုက်
လ,မိုက်တဲ့ည။

လေမုန်တိုင်းနဲ့
ပင်လယ်ရေလှိုင်း
ဒုံးစိုင်းမွှေအညှာအတာကင်း
မြစ်ညှာက,ရေတွေ
သမုဒ္ဒရာထဲအဆင်းမှာ
အမှီအတွယ်ကင်းမဲ့စွာ
လှိုင်းလုံးတွေနဲ့မျောပါသွားကြရ,။


အဲဒီညဟာ
မုန်တိုင်းနဲ့ပင်လယ်လှိုင်းကြောင့်
ရိုင်းစိုင်းတဲ့လျှပ်စီးအကြား
အော်ဟစ်သံသာကြားနေရ,
ဘာဆိုဘာမှမမြင်ရ,တဲ့ည။

ညီအစ်ကိုတို့ရေ
အိမ်တွေနဲ့လှေကားတွေ
စပါးနဲ့စပါးကျီပါမကျန်
အော်မြည်ရင်းဝရုဏ်းသုန်းကားနဲ့
ကျွဲနွားနဲ့အိမ်မွေးတိရိစ္ဆာန်တွေပါ
ကြီးမားလွန်းတဲ့ရေလှိုင်းကြား
မျောပါသွားတဲ့နောက်
ရွာရဲ့လူဦးရည်အယောက်ငါးသောင်းဟာ
အယောက်နှစ်ရာကျော်လောက်သာ
ကျန်ရစ်ခဲ့ပါတယ်။

တန်ခူးလ,ကွယ်ခါနီး
နှစ်ထောင့်ရှစ်မေလသုံးရက်ည,အဖြစ်က,
နာဂစ်ဆိုတဲ့မုန်တိုင်း
ပင်လယ်ရေလှိုင်းကြီးကြောင့်
ကလေးတွေငိုရှိုက်
မိဘ,မဲ့ဘဝကိုထွေးပိုက်လိုက်ကြရ,သလို
ဇနီးနဲ့သမီးသားပျောက်လို့
အပူမီးတောက်နေတဲ့
ခင်ပွန်းသည်ရဲ့မျက်ရည်
ခင်ပွန်းနဲ့သားသမီးပျောက်လို့
သောက,ရောက်နေတဲ့
ဇနီးသည်ရဲ့မျက်ရည်
ဒီမျက်ရည်များထက်မပိုပေမယ့်
မလျော့တဲ့အဘိုးအိုရဲ့မျက်ရည်ဟာ
သားသမီးနဲ့မြေးမြစ်တွေပျောက်လို့
ဧရာဝတီမြစ်တလျှောက်တကြော
အမောတကောနဲ့
မျောခဲ့ရ,ယုံမက,
ကယ်မ,မယ့်သူမဲ့တဲ့
သူ့ရဲ့ဘဝ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 9, 2009

ဒီပရင်္ဂ(ဆရာ ကြည်မောင်သန်း) VOA Burmese Section

ကဗျာဆရာဆိုတာ လာခြင်းကောင်းတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။
ခေါင်းဖြတ်အသတ်ခံရတယ်၊ နယ်နှင်ခံရတယ်။
အိမ်အကျယ်ချုပ်ခံရတယ်။
Black List ထဲအထည့်ခံရတယ်။
အနန္ဒသူရိယ အမတ်ကြီးက နယ်နှင်ခံရ,တယ်၊(မဲဇာအပို့ခံရ,တယ်) ခေါင်းဖြတ်အသတ်ခံရ,တယ်။
စလေဦးပုည ကျတော့ မြို့ဝန်ဦးအိုးရဲ့အိမ်မှာ အကျယ်ချုပ်ခံရ,တယ်။
မှိုင်း(သခင်ကိုယ်တော်မှိုင်း)ကျတော့ အင်္ဂလိပ်အစိုးရ,က Black List ထဲ ထည့်တာခံရတယ်။
ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)

ကဗျာဆရာကြည်မောင်သန်းကတော့ ကဗျာတပုဒ်ကြောင့် လွတ်ရာကိုတိမ်းရှောင်နေရပါတယ်။



ဒီပရင်္ဂ
ကဗျာဆရာ ကြည်မောင်သန်း

ပုံပြင်ထဲက,မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက,မြို့လည်းမဟုတ်
ရာဇဝင်ထဲက,မြို့တခု
ပုဂံခေတ်ထဲက,ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့နှစ်ပေါင်း
၇၀၀ကျော်ထဲက,ရှိတဲ့မြို့တမြို့
သမိုင်းဝင်မြို့တမြို့။

ဒီမြို့ကို
ဂဒူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က,နတ်တွေ
ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်
မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့ကိုဒီနာမည်တွင်ခဲ့ရ,တယ်။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်
သာသနိက,အဆောက်အဦ(အုံ)တွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့
စီးပွါးကူးသန်းသွားလာဘို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ,
အစည်အကားဆုံးမြို့၁၂ မြို့ထဲက,
မြို့တမြို့။

အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီး
ဒီမြို့ကိုအစားရ,တယ်
စစ်သူကြီးမဟာဗန္ဒုလ
နေမျိုးသူရ,ရဲခေါင်ဘွဲ့နဲ့
ဒီမြို့ရဲ့မြို့ဝန်။

ဘုံနန်းမြို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဒုလ
မင်းတိုင်ပင် အရှင်ဝံသ
အတုလ,ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော် ဦးဒါး
ဒီမြို့သားပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ဗဒီန်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့က,နေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရ,တယ်။
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရ,တယ်။
ဒီမြို့မှာ
သစ္စာဖေါက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရ,တယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံမရောက် သက်မပျောက်
ဖြစိခဲ့ရ,တယ်။
ဒီမြို့မှာ
အံကြိတ်ရ,တက်ခေါက်ရ,တဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ဒီဒေသ,
ဆောင်းတွင်းအခါသမယ,မှာ
မိုးရွာဘို့မဆိုထားနဲ့
မိုးအုံ့ဘို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပ,ပျောက်အောင်ရွာတဲ့မိုးမို့
အညာအခေါ်
ဆင်ရာမိုးတိမ် တဲ့လေ။

မုံရွာ ရေဦးကိုဖြတ်သန်းရင်း
ဒီမြို့ကို
လှမ်းကြည့်လိုက်တဲ့အခါ
အတိတ်တစ္ဆေက,
ငါ့ကိုခြောက်လှန့်နေလေရဲ့။

ကြည်မောင်သန်း

28-July-2008 ထုတ် ချယ်ရိမဂ္ဂဇင်းမှာ စာပေစိစစ်ရေးရဲ့ခွင့်ပြုချက်နဲ့ဖေါ်ပြခဲ့တဲ့ ကဗျာဆရာ
ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ဆိုတဲ့ကဗျာကြောင့် အာဏာပိုင်တွေက,ဖိအားပေးလို့ အယ်ဒီတာလည်း အဖြုတ်ခံရ,ကဗျာဆရာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရ,ပါတယ်။

VOA Burmese Section , အနုပညာမိုးကောင်းကင်ကဏ္ဍက ကိုကျော်အောင်လွင်တင်ပြထားတာကို
နားထောင်ပြီး ပြန်ရေးပြလိုက်တာဖြစ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အတွေး

လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ရေးသားထားတဲ့ ဆရာအောင်ဇေရဲ့
ကဗျာတပုဒ်ကိုဖေါ် ပြလိုက်ပါတယ်၊ ခံစားကြည့်ကြပါ။
03-October-1998 မှာရေးသားခဲ့တာဖြစ်ပါတယ်။
ကဗျာခေါင်းစဉ်က အတွေး ဖြစ်ပါတယ်။

အတွေး
(အောင်ဇေ)

ဒေါနတောင်တန်း
စမ်းချောင်းတခုနံဘေး
အေးချမ်းတဲ့ရွာကလေးရဲ့
သေးသွယ်တဲ့တဲငယ်မှာ
ရောင့်ရဲတတ်တဲ့
တောင်ပေါ်သားတို့ဘာဝ
ရှိသမျှအမြင်
အလှအသွင်ချည်းပဲပေါ့။

ပြန်ပြောင်းတွက်စစ်
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်
ဖက်ဆစ်တော်လှန်ရေးကာလ,မှာ
မင်းနဲ့ငါအတူ
ကြည်ဖြုလက်တွဲလို့
တိုက်ပွဲဝင်ခဲ့ချိန်မှာ။


ကချင်၊ ကရင်နီ၊ ချင်းနဲ့
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း
လျှမ်းလျှမ်းတောက်ပြေင်မြောက်တဲ့သတ္တိနဲ့
ဇွဲရှိရှိတော်လှန်
ပြည်ထောင်စုရန်ကို
တွန်းလှန်လို့ဖြိုဖျက်
နှစ်သက်ဘွယ်ပုံရိပ်
အတိတ်ကာလ,ကြည်မြဘွယ်ရာ
ပုံရိပ်လွှာအတွေးလေး
မဆုံးသေးခင်မှာ။

ဝုန်းဒိုင်းပေါက်ကွဲသံ
ငရဲပွက်သလိုညံပေရော
ဆူသံညံသံဟိန်းဟောက်သံ
ငိုသံရှိုက်သံထိတ်လန့်သံ
ငရဲဟန်မြင်ကွင်း
ယမ်းခိုးတွေအရှင်းမှာ။

ပန်းတွေလည်းကြွေ
စမ်းရေလည်းနောက်
အမိပျောက်သားငယ်လေး
ဧချမ်းပါတယ်ဆိုတဲ့ရွာကလေးရဲ့နိဂုဏ်း
ဖွေးဖြူတဲ့ပြာပူတွေအဖုံးမှာ။

ရင်ထဲမှာ
စစ်ကနဲနာ ဟာကနဲလှိုက်
ရှိုက်ကနဲဖို
ငိုနေတဲ့နှလုံးသားရဲ့အတွေးမှာ
အလှတရား
တိုင်းရင်းသားတွေကြား
ကိုယ်စီကိုယ်ငှ ပီသ,တဲ့အလှ
ကိုယ်စီရှိကြတာကို
ငါက,တော့သိခဲ့ရ,ပါရဲ့။

သို့သော်လည်းလေ အခုချိန်မတော့
မှုန်ဝေတဲ့ယမ်းခိုးတွေက
အလည်မှာကာခြား
နယ်ခြားနေရ, တို့ဘဝမှာ
တိုင်းရင်းသားအချင်းချင်း
အမြင်ခြင်းမတူ
အယူအဆ,ကွဲပြား
လူမျိုးရေးဆိုတဲ့စိတ်ထားနဲ့
အတွေးမှားရှိလေမှဖြင့်
ပြည်ထောင်စုအရေး
နောင် အေးဘွယ်မရှိလေဘူး။

ခုချိန်မှာလေ တို့များတတွေ
< ယမ်းခိုးဝေတဲ့ သေနတ်တွေကိုဘေးမှာချလို့
ညီမျှကြည်ဖြူ တန်းတူရည်တူ
ဖြူလွင်တဲ့ခုံဝိုင်းမှာ
တဦးကိုတဦးယိုင်းပင်းလို့
တိုင်းပြည်အတွက်မျိုးဆက်ကောင်းတွေ
ငြိမ်းချမ်းရေးဆိုတဲ့အဘိုးထိုက်ရတနာတွေကို
နောင်မျိုးဆက်အတွက်
အမွေပေးဆက်ကြရ,အောင်။

အောင်ဇေ
လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးသို့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 8, 2009

သူယုံကြည်ရာ

အခြေခံသမားကျင့်ဝတ်လက်စွဲ စာအုပ်ကို ရေးသားတဲ့ ဒေါက်တာ မြင့်ဦး(GP)ရဲ့
သူယုံကြည်ရာလေးတွေပါ။

By ; VOA (Burmese Section.)

ကျွန်တော်က ဒီ ဆရာဝန်တယောက်ဖြစ်နေတော့ ဆရာဝန်တွေယုံကြည်ရမယ့်ဥစ္စာ ကျွန်တော့်မှာ
ရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ သမားကျင့်ဝတ်သိက္ခာတွေပေါ့လေ ဆေးပညာသိက္ခာကျင့်ဝတ်
ဒါကို ဆရာဝန်တွေဘက်က,လိုက်နာစောင့်ထိန်းဘို့ ကျွန်တော်ယုံကြည်ပါတယ်၊ဆရာဝန်မှမဟုတ်ပါ
ဘူး ဆေးကုသ,ပေးနေတဲ့လူတွေပေါ့လေ၊ တိုင်းရင်းဆေးဆရာတွေ၊ တရုတ်ဆေးဆရာတွေ နောက်ဆုံး ပယောဂဆရာတွေပါ အပါအဝင်ပေါ့ဗျာ လူနာကိုထိတွေ့နေတဲ့လူတွေ ဒီလူတွေအကုန်လုံးဟာ သမား ကျင့်ဝတ်သိက္ခာကိုစောင့်ထိန်းမယ်ဆိုလို့ရှိရင် ဆေးလောက ဆေးကုသ,ရေးမှာအစွမ်းထက်မယ်၊ ဆေး လောက,ကြီးတခုလုံးတိုးတက်ကောင်းမွန်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
လူတိုင်းလူတိုင်းမှာ ကျင့်ဝတ်သိက္ခာဆိုတာရှိပါတယ်၊ သားသမီးဝတ်တို့၊ မိဘဝတ်တို့၊ နော် ဆရာဝတ်တို့ နောက်အကြီးအကဲဝတ်ပေါ့နော်၊ တိုင်းပြည်အကြီးအကဲကအစ,သူတို့ရဲ့ဝတ်တွေ ဝတ္တရားတွေ ကျင့်ဝတ်
တွေ သူတို့စောင့်ထိန်းမယ်ဆိုလို့ရှိရင် လောက,ကြီးကြီးပွါးချမ်းသာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီတော့လောက,နီတိလို့ခေးတာပေါ့ဗျာ၊ လောက,မှာရှိတဲ့စည်းကမ်းတွေကို လူတိုင်းလူတိုင်းက,စောင့် ထိန်းကြရင်လောက,ကြီး ကြီးပွါးချမ်းသာမယ်၊ ဆရာဝန်တွေအနေနဲ့ကျတော့ ထူးခြားတာတခုက ဒီ သမားကျင့်ဝတ်ပေါ့နော် လူနာနဲ့ဆရာဝန်ထိတွေ့တဲ့အခါမှာ လူနာတွေက ဆရာဝန်ကိုယုံကြည်ပြီးသား သူတို့တတွေကိုက,ဆရာဝန်ကိုယုံကြည်တဲ့အတွက်ကြောင့် ပုံအပ်တာ လုံးဝဥဿုံပုံအပ်ထားတဲ့အတွက်
ကြောင့် သူတို့ဝှက်ထားတဲ့အတွင်းရေးတွေ ဆရာဝန်ကိုလာပြီးဖွင့်ပြောတယ်၊ ဒါတင်မက,ဘူး မ မြင်ဝံ့
ဆေးဆရာ ဆိုသလို သူတို့သူများကိုပေးမပြတဲ့ ကိုယ်အင်္ဂါအစိပ်အပိုင်းတွေ ဆရာဝန်တွေကိုလာပြ
တယ်ဗျ။

ဆရာဝန်တွေကိုလာပြရုံတင်မက,ဘူး၊ ထိတွေ့ကိုင်တွယ်စမ်းသပ်ခိုင်းတယ်၊ အဲဒီတော့ ဆရာဝန်တွေက ဘာဖြစ်သလဲဆိုတော့ ကိုယ့်ကိုယုံကြည်လာတဲ့လူနာတွေကို ပြန်လည်ပြီးတော့ ကျွန်တော်တို့က သစ္စာ
ရှိရမယ်၊
သူတို့က,တိုင်ပင်လာတဲ့ သူများတကာကိုပေးမသိတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ က,လျှို့
ဝှက်ပေးထား ရ,မယ်၊ အဲဒီလိုလျှို့ဝှက်ပေးထားနိုင်မှ ကျွန်တော်တို့ဆေးကုသ,ရေး အစွမ်းထက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
လျှို့ဝှက်ထားတယ်ဆိုတာ ဘယ်လောက်အထိလျှို့ဝှက်ထားရမလဲဆိုလို့ရှိရင် သက်ဆိုင်ရာဥပဒေအာ
ဏာနဲ့ ဟေ့ ဒီလူနာရဲ့အကြောင်းကိုပြောစမ်းပါလို့ ကျွန်တော်တို့ကိုအတင်းအကြပ်စေခိုင်းလာရင်တောင်
မှ ဆရာဝန်တွေဟာ လူနာဘက်ကိုသစ္စာရှိပြီး တခါတည်းကျွန်တော် လူနာသေရင်သေပါစေ၊ ဆရာဝန် သေရင်သေပါစေ ဘယ်တော့မှဖွင့်မပြောဘူးဆိုတာလေးကို ကျွန်တော်တို့ထိန်းသိမ်းဘို့လိုအပ်ပါတယ်။ ထိန်းသိမ်းထားဘို့ သင့်တယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။
နောက်တချက်က လူနာတွေကနေပြီးတော့ ကျွန်တော်တို့ဆရာဝန်တွေဆီမှာ လာပြကြတဲ့အခါ ငါဆရာ
ဝန်ပဲ ငါတတ်တယ် ငါသိတယ်ဆိုပြီးတော့ ကျွန်တော်တို့က အတတ်ပညာကိုမောင်ပိုင်ကျိုးပြီးတော့ နော် ကျွန်တော်တို့ကလူနာကိုအသိမပေးတော့ဘူး ဒါမျိုးတွေကျွန်တော်တို့လုပ်တာတွေကို မလုပ်သင့် ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ဆိုတော့ ကျွန်တော်တို့တတ်ထားတဲ့ပညာရပ်တွေကို ကျွန်တော်တို့က,မျှဝေပေးရ,မယ်၊ ရောဂါအခြေ အနေဘယ်လိုရှိသလဲ? နောက်ထပ်တိုးတက်လာဘို့၊ ဆုတ်ယုတ်သွားဘို့ ဘာတွေဖြစ်နိုင်သလဲ? ငွေ ကြေးဘယ်လောက်ကုန်ကျမလဲ? ဒီနည်းနဲ့မရ,ရင် တခြားဘယ်နည်းနဲ့ကုလို့ရ,သေးသလဲ? ဒါတွေအ
ကုန်လုံးကို ကျွန်တော်တို့က လူနာကိုအသိပေးရမယ်။
ကျွန်တော်တို့တတ်တဲ့ပညာတွေကို အသိပေးပြီးတော့ လူနာရဲ့ ကျွန်တော်တို့က သဘောတူညီမှု ရ,ယူ
ရမယ်၊ ကျွန်တော်တို့တတ်သိပြီးသား အသိပညာတွေကို လူနာတွေကိုမျှဝေပြီးတော့ လူနာရဲ့သဘော
တူညီမှုရ,မှ သူတို့ဆီကကျွန်တော်တို့ထိတွေ့ကိုင်တွယ်လို့ရ,တယ်၊ ကုသ,လို့ရတယ်၊ လူနာက,မသိပဲနဲ့ မောင်ပိုင်စီးပြီးကုတာမျိုးတွေ ဒါမျိုးတွေမလုပ်သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း သူများတကာကိုပြောသလို ယုံကြည်တဲ့အတိုင်းလည်းအဓိဌာန်ရှိပြီးတော့
ပေါ့လေ လုပ်ဆောင်နိုင်အောင်ကြိုးစားလျှက်ရှိပါတယ်၊ ဆရာဝန်ဘက်ကလည်းမက,ပါဘူး၊လူနာဘက် က,လည်းဆရာဝန်တွေကို အပြန်အလှန်လေးစားပြီးတော့ဆက်ဆံဘို့လိုပါတယ်၊ဆရာဝန်ဘက်က, တော့ဘာလဲဆိုရင် လာပြတဲ့လူနာဟာ လူသားတယောက်ပါလားဆိုတဲ့စိတ်ဓါတ်နဲ့ အကြင်နာဂရုဏာ
တရားလေး ကိုယ်ချင်းစာတရားလေးထားပြီးတော့ ကုသ,ပေးဘို့လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်ပါ
တယ်။
လူတိုင်းလူတိုင်းက,နေပြီးတော့ ကျင့်ဝတ်ကျင့်စဉ်ကလေးတွေဖြစ်တဲ့ သိက္ခာလေးတွေကိုထိန်းသိမ်း စောင့်ထိန်းကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီးဟာ တိုးတက်ကြီးပွါးပြီးရင်း ဝပြောလာပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျား။

VOA ဗမာပိုင်းအစီအစဉ်က ထုတ်လွှင့်တဲ့ သူယုံကြည်ရာကဏ္ဍက ဒေါက်တာမြင့်ဦး (GP)ရဲ့ပြောပြချက်
တွေကို နားထောင်ပြီး တင်ပြထားတာဖြစ်ပါတယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ခြံတွင်းပန်း

ဆရာအောင်ဇေရဲ့ ငယ်မူငယ်သွေးလက်ရာကို ခံစားကြည့်ကြပါခင်ဗျား၊ ဒီကဗျာကို ၁၉၆၈ ခုနှစ်တုန်းက ရေးစပ်ထားကြောင်းကို ကဗျာရဲ့အောက်မှာ ရေးသားထားတဲ့ရက်စွဲက,သက်သေခံနေပါတယ်။

ခြံတွင်းပန်း
Align Center(အောင်ဇေ)

သင်းပျံ့မွှေကြိုင် စပယ်ခိုင်သည်
လှိုင်လှိုင်မွှေးလျှက် တင့်မောလျှက်။

ကိုယ့်ခြံတွင်းမှ ပန်းအလှမို့
တမ်းတ,လွမ်းမက် စပယ်ခက်ဟု
နှစ်သက်သွင်ပြင် မသိမြင်ခဲ့။

ဝေးမြေရပ်ပြည် ဟိုဘက်ဆီမှ
ချယ်ရီပင်ပျို လှမ်းလင့်ကြိုလည်း
သူ့လိုယနံ့ မသင်းပျံ့ခဲ့။

လှမာန်ဝင့်ကြွ နှင်းဆီလှကို
ယုယ,ထွေးပိုက် လှမ်းလင့်လိုက်လည်း
သိုက်မြိုက်ခြံရံ ဆူးခက်မာန်ကြောင့်
နီလျှံသွေးစ, မြေသို့ကျခဲ့။

ရွှေရည်ခေါင်ရောက် ပန်းပိတောက်ကို
အံ့လောက်သွင်ပြင် သူ့စွမ်းအင်ကြောင့်
ခုံမင်ကြိုးစား ရ,ပါငြားလည်း
ဝံ့ကြွားဂုဏ်ဝါ ခဏတာမို့
ကိုယ့်မှာလွန်ခဲ့ မနှစ်သက်။

စိတ်ကြိုက်ပန်းလွှာ မတွေ့ပါ၍
ရင်မှာမောလှိုက် ချွေးပြိုက်ပြိုက်ဖြင့်
ငိုက်စိုက်ခေါင်းချ ခြံဝ,အရောက်
သည်တထောက်တွင် စပယ်ခင်သည်
ကြည်လင်ပြုံး၍ ကြိုလေသတည်း။

သင်းပျံ့မွှေးကြိုင် စပယ်ခိုင်သည်
လှိုင်လှိုင်မွှေးလျှက် တင့်မောလျှက်။

အောင်ဇေ
01-February- 1968

ကဗျာများကိုဖေါ်ပြခွင့်ပြုသည့် ဆရာအောင်ဇေအား အထူးကျေးဇူးတင်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....