+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 30, 2009

ကရင် ဗမာ အဘိဓာန်

လိက် စွန်ငှက်

လိက် သုတ်လိမ်းသည်

လိက် စာ

လိက်က်ုရောင့် ပြန်စာ

လိက် ဆွဲထားသည်

လိက်က်ုဆုဂ် စာလုံးပေါင်း

လိက်ခင်းထါ် အခြေခံသင်ပုန်းကြီး

လိက်ဆုဂ်(ချုဂ်) စာချုပ်

လိက်ဆောတ်ဖ ဝတ်ရွတ်စဉ်၊ ရွတ်ဖတ်ရန်စာ

လိက်ဆ်ုဖါ် သားရေပေါ်တွင်ရေးသားထားသည့်စာ

လိက်ရုက်လး ပေရွက်ပေါ်တွင်ရေးသားထားသည့်စာ

လိက်ဆိင့်ဃှီး သမာကျမ်းစာ

လိက်တာ. ဆေးဒါန်း

လိက်ခင်းမီး စွန်လက်သဲ

လိက်ထေါဟ်ယှး ဒေါင်းစွန်

လိက်ထံင် စာရောက်သည်

လိက်ဍုံ စာအိပ်

လိက်ဏး စွန်ရဲ

လိက်ဏး ငှက်ဆိုး

လိက်ပ်ုတိင့် လျှောက်လွှာ

လိက်ပြိုင့် သတင်းစာ

လိက်ဖယ့် ဆွဲကြိုး(ပုတီး)ဆွဲသည်

လိက်ဖယ့်ဖံင်ကုဂ် ဝါးပုတီးဆွဲသည်

လိက်ဖယ့်နောတ်ထုံ ဇွန်းပုတီးဆွဲသည်

လိက်ဖယ့်စေဝ် ငွေဆွဲကြိုးဆွဲသည်

လိက်ဖယ့်ဓံင့် ရွှေဆွဲကြိုးဆွဲသည်

လိက်ဖယ့်မံင် မောင်းပုတီးဆွဲသည်

ရှေးခေတ်ကရင်အမျိုးသမီးများသည် ငွေဖြင့်ပြုလုပ်ထားသော ဇွန်းသဏ္ဍန်ပုတီး၊ ဝါးကျည်ထောက်သဏ္ဍန်ပုတီး၊ မောင်းသဏ္ဍန်ပုတီးများကို လည်၌တန်ဆာဆင်ဆွဲလေ့ရှိကြသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 27, 2009

ငွေ နေမကောင်းလို့

ငွေနေမကောင်းလို့


ခင်ပွန်း။ ။ ရှင်မ,ရေ.....ဘာတွေချက်နေသလဲကွ။ ဆာလှပြီ။
ဇနီး။ ။ ဆန်ပြုတ်။

ခင်ပွန်း။ ။ ဘယ်သူနေမကောင်းဖြစ်နေလို့လဲ?
ဇနီး။ ။ ငွေ နေမကောင်းဖြစ်နေတယ်။

ခင်ပွန်း။ ။ ဟေ.......။

ဖလံတောင်ပန်းဖြူဖြူစာစောင် မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တ်ုကျဲု.

တ်ုကျဲု.

လာဖါန်ခါ့ ဏ်ုလုဍးလါ
လါခ်ါမ ဏ်ုအင်းဃှူ့လါ။

ဏင်းထင်းသာ လါခ်ါမ
လါဖါန်အွာ မ်ုဍးသှေ်ဟှာ့။

မာန်နဲါ ပညာသာမိ(ပညာ့တ်ုဝါန့်)
ထီ့ထ်ုမုင်.ဘာ.

ဆူလါင့်ဖဝ့်အွာ လိက်အုဂ်


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၃)
မန်းR,ဘဇန်

တော်လှန်တဲ့ဆယ်စုနှစ်
တခု နှစ်ခု သုံးခု လေးခုများအတွင်း
တို့သူငယ်ချင်းတချို့ဟာ
ဗျူရိုကရက်တွေ
စစ်ဝါဒီတွေ
ငါ့မင်းငါ့ချင်းတွေ
အချောင်သမားတွေ
ကိုယ်ကျိုးရှာတွေ
လူထုဆန့်ကျင်ရေးသမားတွေ
အဖြစ်နဲ့ပါဝင်ခဲ့တယ်။

တော်လှန်ရေးတရပ်ရဲ့
အလှည့်အပြောင်း
အကွေ့အလှည့်
အကြပ်အတည်း
အခက်အခဲတွေနဲ့
တွေ့ဆုံရင်ဆိုင်ရတာနဲ့
ရန်သူရဲ့ကြီးမားတဲ့
ထိုးစစ်တွေကြားမှာ
မရပ်တည်
မနေနိုင်တော့ပဲ
သစ္စာဖေါက်တွေနဲ့
အချောင်သမားတွေ
သွားရာလမ်းအတိုင်း
သက်ရှိနဲ့သက်မဲ့ရဲဘော်တွေရဲ့
နှလုံးသွေးနဲ့ရင်းပြီး
ရယူခဲ့ကြတဲ့
တော်လှန်ရေးရံပုံငွေထုပ်ကိုပိုက်
သွေးစိမ်းရှင်ရှင်နီရဲနေတဲ့
ရန်သူ့ဖနောင့်အောက်
ဒူးထောက်လို့
ဦးညွှတ်လိုက်ကြတယ်။

တော်လှန်တဲ့သစ္စာတရားတော်ကို
ချေမွဖျက်ဆီးလိုက်တယ်။

ဖေါက်ပြန်တဲ့သမိုင်းတရားခံစာရင်း
ဝင်သွားတော့တယ်။

တော်လှန်တယ်ဆိုကတည်းက
ပြည်သူအတွက်
အမျိုးသားအတွက် ဖြစ်တယ်။

ပြည်သူ့ဘဝနဲ့
ဘာတခုမှပိုလျှံဘို့မလိုဘူး။

နေ့စဉ်အာဟာရ(Daily bread)ဆိုရင်
လုံလောက်ပြီပေါ့။

တို့ပြည်သူတွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်။

တို့ရဲဘော်တွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်။

တို့ရဲဘော်တွေရဲ့
သားသမီးဇနီးတွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်
ဆိုတာကို
ကိုယ်ချင်းစာတရား ထားမှပေါ့။

အခန်း(၄)သို့ဆက်လက်ဖတ်ရှုပါရန်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၃)

မန်းR,ဘဇန်

သူငယ်ချင်း
တို့ရဲဘော်သူရဲကောင်း
စစ်သည်တော်အထောင်အသောင်းဟာ

အမွန်မြတ်ဆုံး
စွန့်လွှတ်ခြင်းမျိုးနဲ့
စွန့်လွှတ်လိုက်ကြပြီ။

အမွန်မြတ်ဆုံး
ပေးဆပ်ခြင်းမျိုးနဲ့
ပေးဆပ်လိုက်ကြပြီ။

တော်လှန်ရေးသမိုင်းတာဝန်တွေ
ကျေပြွန်ကြလေပြီ။

အသက်ရှင်နေသေးတဲ့
ငါတို့တတွေ
သူတို့ရဲ့
တော်လှန်တဲ့သစ္စာတရားတော်ကို
စောင့်သိရိုသေသမှုဖြင့်
လူလူချင်း သွေးစုတ်မှု
လူမျိုးချင်း ကျွန်ပြုမှု
ကင်းဝေးတဲ့
အမျိုးသားဒီမိုကရေစီ
လူ့ဘောင်သစ်ကို
အရောက်ချီတက်ကြရမယ်။

ဒီ.....အမျိုးသားဒီမိုကရေစီ
လူ့ဘောင်သစ်သို့ချီတက်ရာမယ်
တော်လှန်တဲ့အတွေး
တော်လှန်တဲ့အရေး
တော်လှန်တဲ့အစား
တော်လှန်တဲ့အသွား
တော်လှန်တဲ့
အပြုအမူအနေအထိုင်မျိုးကို
ကျင့်ကြံပြုမူကြရမယ်။


ဒီ.....တော်လှန်ရေးကျင့်ဝတ်တွေကို
ဆုပ်ကိုင်နိုင်မှသာ
တို့အမျိုးသားပြည်သူတွေနဲ့
တသားတည်းဖြစ်မယ်။

တော်လှန်သူနဲ့ပြည်သူ
ပြည်သူနဲ့တော်လှန်သူဟာ
ဘဝ,တခုတည်းဖြစ်မှ
တသားတည်းဖြစ်မှ
အရာရာကိုစွမ်းဆောင်နိုင်တဲ့
အနန္တစွမ်းအားရှင်တွေ
ဖြစ်လာမယ်။
ဘယ်ရန်သူကိုမဆို
ဖြိုခွဲနိုင်မယ်။

တော်လှန်တဲ့သစ္စာတရားနဲ့
ပတ်သက်လို့
နိုင်ငံတကာနဲ့
ဒို့အမျိုးသားခေါင်းဆောင်ကြီးတွေက
တို့တတွေကို
ဒီလိုသြဝါဒတွေပေးခဲ့တယ်။

လူထုမပါရင်
ဘယ်တော်လှန်ရေးမှ
မအောင်နိုင်ဘူး။


လူထုဆန့်ကျင်လို့
လူထုကြားနေတာနဲ့
တို့ရှုံးမှာဖြစ်တယ်။

လူထုဆန့်ကျင်ရေး
မလုပ်နဲ့.....တဲ့။

လူထုဟာ
အနန္တစွမ်းအားရှင်တွေ
ဖြစ်တယ်။

ဟိုချီမင်း
စောဘဦးကြီးနဲ့
မန်းဘဇန်တို့က
သြဝါဒပေးခဲ့ကြတယ်။

ဒီသြဝါဒတွေဟာ
တော်လှန်ရေးတရပ်ရဲ့(လူထု)
လမ်းစဉ်ဖြစ်တယ်။

နိုင်ငံရေးဆိုင်ရာ
စစ်ရေးဆိုင်ရာ
စည်းရုံးရေးဆိုင်ရာ
အခြေခံမူတွေဖြစ်တယ်။

ဖဆပလ
ပထစ
မဆလ နဲ့
နဝတ ခေတ်တွေအထိ
မြေဝယ်မကျ
လုပ်ဆောင်ကြရဲ့လား?
ဆိုတာကို
သုံးသပ်ဘို့လိုအပ်တယ်။

တို့အမျိုးသားခေါင်းဆောင်ကြီး
စောဘဦးကြီးကို
တော်လှန်ရေးစံနမူနာအဖြစ်ထားတယ်။

သူဟာ
တို့ကရင်အမျိုးသားများအတွင်း
ပညာအရှိဆုံး၊
ရာထူးအမြင့်ဆုံး
ဥစ္စာဓန, အကြွယ်ဝ,ဆုံး
ဖြစ်တယ်။

သူ့ကိုယ်ကျိုးစီးပွါးအတွက်
ဘာတခုမျှ
ပြည်သူထံမှ မယူခဲ့ဘူး။

အားလုံးစွန့်လွှတ်
ပေးလှူခဲ့တယ်။

နောက်ဆုံး
အမွန်မြတ်ဆုံးစွန့်လွှတ်ခြင်းဖြင့်
သူ့အသက်ကို
အဘ,ကရင်ပြည်အတွက်
ပေးလှူဆက်ကပ်လိုက်တယ်။

သူ့ရုပ်ကလာပ်ကို
ဦးညွှတ်အလေးပြုဘို့
တို့အဘ,ကရင်မြေပေါ်မှာ
ထားခွင့်မရ,ရှာဘူး။

ပင်လယ်ထဲ
ဖျက်ဆီးဖျောက်ဖျက်ခြင်း
ခံလိုက်ရတယ်။

ဆက်လက်ဖေါ်ပြပါမည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၂)
မန်းR,ဘဇန်

တို့တပ်မတော်ဟာ
အမျိုးသားပြည်သူ့ရင်သွေးတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတော့
အမျိုးသားပြည်သူမရှိရင်
တို့တပ်မတော်မရှိဘူးဆိုတာ

ခိုင်မြဲစွာမှတ်သားသင်ယူခဲ့တယ်။

ပြည်သူတွေ
အမျိုးသားတွေ
စားသလိုတို့ စားတယ်
ဝတ်သလို တို့ဝတ်တယ်
နေသလို တို့နေတယ်။

တပ်မတော်ဆိုတဲ့
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့
စည်းလုံးညီညွတ်မှုကိုရှေးရှုပြီး
(ယူနီဖေါင်း)ညီတူဝတ်စုံကို
အမျိုးသားပြည်သူတွေရဲ့
ရင်ကဖြစ်တဲ့ချွေးနည်းစာနဲ့
နိုင်ငံတော်က တပ်ဆင်ပေးတယ်။

နှစ်စဉ်ထုတ်မပေးနိုင်ဘူး။

လက်နက်တပ်ဆင်မှုကတော့
မျိုးစုံပဲ။

အမျိုးသားပြည်သူတွေရဲ့
ရင်ကဖြစ်တဲ့ချွေးနည်းစာနဲ့
မှောင်ခိုသေနတ်ဈေးကွက်က
ဝယ်တယ်။

ရန်သူ့စီက
တိုက်ယူတယ်။

တို့စီမှာရှိကြတဲ့
စက်မှုအတတ်ပညာရှင်တွေက
ထုတ်လုပ်တယ်။

တို့နည်းနဲ့တို့တပ်မတော်ရဲ့
စက်ယန္တယားကို
လည်ပတ်တယ်။

လုံလောက်မှုမရှိသေးဘူး။

မဟယဗျူဟာအရ,
ရန်သူက ထိုးစစ်
တို့က,ခံစစ်
အဆင့်မှာပဲ ရှိသေးတယ်။

တို့စစ်သမိုင်းဟာ
နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီ။

ဒီနှစ်ပေါင်းလေးဆယ်ကျော်
ခုခံတော်လှန်စစ်သမိုင်းတလျှောက်
တို့ချစ်မြတ်နိုးတဲ့
ခေါင်းဆောင်တွေနဲ့
သူရဲကောင်းစစ်သည်
အထောင်အသောင်းဖြစ်တဲ့
စောဘဦးကြီး
ဗိုလ်ချုပ် စိုင်းကေ
ဗိုလ်ချုပ် မင်းမောင်
စကောမောလေး
စတဲ့......ခေါင်းဆောင်ကြီးတွေနဲ့
ဗိုလ်မှူးကြီး ဖန်းရှောင်း
ဗိုလ်မှူးကြီး မြစိန်
ဒုတိယဗိုလ်မှူးကြီး ချစ်တင်
ဒုတိယဗိုလ်မှူးကြီး သောင်းညွန့်
ဒုတိယဗိုလ်မှူးကြီး ဂါးမင်း
ဒုတိယဗိုလ်မှူးကြီး ဂျော်နီဖိုး
ဒုတိယဗိုလ်မှူးကြီး ကျော်လှိုင်(မြပုခက်)
ဗိုလ်မှူး သန်းရှိန်
ဗိုလ်မှူး မောင်ဇန်
ဗိုလ်မှူး ချစ်မောင်
ဗိုလ်မှူး တူးတူ
ဗိုလ်မှူး ကီးဒို
စတဲ့.....တပ်မှူးကြီးတွေ
ဗိုလ်ကြီး ချစ်လေးမောင်(တချက်တကောင်)
ဗိုလ်ကြီး တာပီး
ဗိုလ် ချစ်ဧ
ဗိုလ် လှအောင်ဖိုး
ဗိုလ် ဖါးပယော်
ဗိုလ် သောထူး
ဒုဗိုလ် ထိုလွီဇန်
ဒုဗိုလ် မိုးအောင်ဝင်း
ဒုဗိုလ် မုတော
ဒုဗိုလ် မောင်ထွေး
ဒုဗိုလ်ကြောင်ကြွက်
ဒုဗိုလ်သာဂေး
ဒုဗိုလ် နိုင်နိုင်


တပ်ကြပ်ကြီး တင်ထွန်း
တပ်ကြပ် ပုချို(ရော့ကီး)
တပ်ကြပ် စောကဲ
တပ်သားကျော် မိုးကျော်ဇန်
တပ်သားကျော် ဘာဂျာမွတ်(ခင်မောင်အေး)

အစ္စလာန်သူရဲကောင်း
စတဲ့....စတဲ့....စတဲ့။

အိုး.........။
မြစ်ဝ,ကျွန်းပေါ်ပခူးရိုးမ,နဲ့
အရှေ့ရိုးမ,တဝှမ်းလုံးက
သူရဲကောင်းစစ်သည်တော်
အထောင်အသောင်းဟာ
စစ်မြေပြင်မှာ ကျည်သင့်လို့
သူရဲကောင်းစစ်သည်တော်များ
ဗိမ္မာန်တော်မှာကွန်းခိုလို့
ထာဝရ,အနားယူနေကြပြီးဖြစ်တယ်။

အဲဒီဗိမ္မာန်တော်ကနေ
တို့ရဲဘော်တွေ
ပြည်သူအတွက်
တိုက်ပွဲဝင်ကြရဲ့လား?

တို့ရဲဘော်တွေ
တော်လှန်သူတွေ
ပီသ,ရဲ့လား?
တို့ရဲဘော်တွေ
ကိုယ်ကျိုးရှာ
အတ္တအချောင်သမားတွေ
ဖြစ်ကုန်ပြီလား?
ဆိုတာတွေကို
စိုက်ကြည့်နေကြတယ်။

တော်လှန်ရေးသမိုင်း
တရားခံဘယ်သူတွေဖြစ်နေကြသလဲ?
ဆိုတာကို
စောင့်ကြည့်နေကြတယ်။

အခန်း(၃)သို့ ဆက်လက်ဖတ်ရှုပါရန်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၂)
မန်းR, ဘဇန်

ဒီမိုကရေစီနဲ့လူ့ဘောင်သစ်ကို
ချီတက်ရာမှာ
စစ်အာဏာရူး
ဘီလူးသဘက်တွေက
သေနတ်နဲ့စောင့်နေတယ်။

သူတို့စိတ်ကြိုက်ရေးဆွဲတဲ့
တရားဥပဒေ
အချုပ်
ထောင်
ပုလိပ်
စစ်သားတွေနဲ့
တို့ကိုကြိုနေတယ်။
ဟန့်တားနေတယ်။
ဒီအဟန့်အတားတွေကို
ဖယ်ရှားဘို့
မလွဲမသွေ
စစ်တပ်ကိုတည်ဆောက်ရမယ်။

စစ်တပ်ဆိုတာ
လူတန်းစားတရပ်မဟုတ်ဘူး။
အခွင့်ထူးခံ
ရေပေါ်ဆီတွေ မဟုတ်ဘူး။


အမျိုးသားပြည်သူလူထုရဲ့
အသက်အိုးအိမ်
စည်းစိမ်ကိုကာကွယ်တဲ့
အမျိုးသားပြည်သူလူထုထဲက
ပေါက်ဖွါးဆင်းသက်လာတဲ့
အမျိုးသားပြည်သူလူထုရဲ့
ချွေးနည်းစာနဲ့ထောက်ပံ့ထားတဲ့

အမျိုးသားပြည်သူလူထုရဲ့
အရှင်သခင်မဟုတ်တဲ့
အမျိုးသားပြည်သူလူထုကို
အလုပ်အကျွေးပြုတဲ့
ပြည်သူ့အစေခံ
ပြည်သူ့ကျေးကျွန်တွေသာ
ဖြစ်တယ်။

ပြည်သူသာအမိ
ပြည်သူသာအအဘ ဆိုတဲ့
သစ္စာတရားကိုဦးထိပ်ပန်ဆင်တဲ့
စစ်တပ်
တပ်မတော်ကို
ဖွဲ့စည်းကြတယ်။



ဆက်လက်ဖေါ်ပြပါဦးမည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တော်လှန်ရေးလား? တန်ပြန်လား? အခန်း(၂)
မန်းR, ဘဇန်

သူငယ်ချင်း
တော်လှန်သူတို့ရဲ့
ဘူမိနက်သန်မြေကိုရောက်တော့
ကမ္ဘာသစ်တခုကိုရောက်နေသလိုပဲ။

အဆောင်အယောင်တွေ
အဆင့်အတန်းတွေ
ဘာတခုမှမတွေ့ရပဲ
ဒီမိုကရေစီ(ကမ္ဘာသစ်)ကို
တည်ဆောက်နေတဲ့
တော်လှန်ရေးအိမ်ထောင်စုကြီးတခုလို
ပျော်စရာကောင်းလိုက်တာ။

ဒီမိုကရေစီ
လူ့အခွင့်အရေး
အပြည့်အဝ,ရှိတယ်။

လွတ်လပ်စွာ
တွေး
ရေး
ဆွေးနွေးကြတယ်။

တိုင်းချစ်
ပြည်ချစ်
မျိုးချစ်တွေကို ရွေးကောက်တယ်။

ဒီမိုကရေစီအခွင့်အရေးကို
ကလောင်ကိုင်တိုက်လို့
မရ,တဲ့အဆုံး
နိုင်ငံတကာတော်လှန်ရေးနိယာမ
တရားတော်အရ,
ဒီမိုကရေစီကမ္ဘာ
ဒီမိုကရေစီလူ့ဘောင်သစ်သို့
ချီတက်ရာမှာ
အဟန့်အတား
ဆူးညှောင့် ခလုတ်ကန်သင်းတွေကို
ဖယ်ရှားရှင်းလင်းတဲ့
တခုတည်းသော
နောက်ဆုံးနည်းလမ်းဟာ
လက်နက်ကိုင်တော်လှန်ရေး
ဖြစ်တယ်။

ဆက်လက်ဖေါ်ပြပါမည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား? အခန်း(၁)
မန်းR,ဘဇန်


အဲဒီတုန်းက
တို့တတွေမှာ
အရပ်လွယ်အိပ်တလုံး။
တန်ဘိုးမကြီးတဲ့
အင်္ကျီနဲ့ပုဆိုး။
ဖနောင့်ကပြတ်နေတဲ့
ခြေညှပ်ဖိနပ်။
ဟောင်းနွမ်းနေပြီဖြစ်တဲ့
စောင်တထည်။
အမေပေးလိုက်တဲ့
(၁၀၀ကျပ်)သောငွေအသပြာသာ
ပါခဲ့တယ်။

ပုဂ္ဂလိကပိုင်ဆိုင်မှုရယ်လို့
ဘာတခုမှမရှိ
ဗလာနတ္ထိ။
ဒါပေမယ့်
တို့တတွေမှာ
စွမ်းပကားကြီးမားတဲ့
မျိုးချစ်စိတ်
ပြည်ချစ်စိတ်
တော်လှန်ရေးစိတ်ဓါတ်တွေ
တင်းပြည့်ကျပ်ပြည့် ပါလာတယ်။

ဒီပိုင်ဆိုင်မှုတွေ ရင်ဝယ်ပိုက်ရင်း
တို့ချစ်တဲ့ အမေ
ညီ
ညီမ,လေးတွေကို
ခွဲခွါခဲ့ကြတယ်။

အခန်း(၂)သို့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်

ထပ်ဆင့်ကူးယူဖေါ်ပြသူ၏အမှာစာ

ကျုပ်ကို ဆရာဝန်က ဧဧဆေးဆေးအနားယူဘို့မှာထားပေမယ့် စာအုပ်တွေကို
ဟိုရှာဒီရှာလုပ်နေရင်း ဒီစာအုပ်လေးကိုတွေ့တာနဲ့ တော်လှန်သူတို့အတွက်
ဖေါ်ပြလိုက်ပါတယ်။
စာအုပ်က အကြမ်းထည်ပါ၊ အသေအခြာစိစစ်ထားတဲ့ စာအုပ်မဟုတ်
သေးပါဘူး။ ဒါပေမယ့်လည်း စာရေးသူကိုယ်တိုင်ရဲ့ လက်ရေးနဲ့ပြင်ဆင်
စိစစ်ထားတာမို့ အခန်းပေါင်း(၁၀)ခန်းပါတဲ့ ဒီစာအုပ်ကို
အချိန်ရ,ရင်ရ,သလိုဆက်လက်ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

တော်လှန်ရေးလား? တန်ပြန်လား? အခန်း(၁)
မန်းR, ဘဇန်

သူငယ်ချင်း
တို့တတွေ
တပါတီငါ့မင်းငါ့ချင်း
စစ်အာဏာရှင်ကိုလိုနီပညာရေးဥခွံထဲက
ရုန်းထွက်ပြီး
ဒီမိုကရေစီ
လူ့အခွင့်အရေးးအပြည့်အဝရ,ရှိရေးနဲ့
ထာဝရငြိမ်းချမ်းရေးတို့အတွက်
တို့အသက်ကို
ဆက်ကပ်ပူဇော်မယ်လို့
သန္ဓိဌာန်ခိုင်ခိုင်မာမာချကာ
တော်လှန်သူတို့ရဲ့
ဘူမိနက်သန်မြေကို
ခြေချလို့ရောက်လာကြတယ်။

ဆက်လက်ဖေါ်ပြပါမည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 23, 2009

ဒုက္ခသည်


ဒုက္ခသည်
ဆောင်းပါး
ဦးကေသရိန္ဒ (နို့ဖိုး)
အင်္ဂါနေ့၊ စက်တင်ဘာလ 22 ရက် 2009 ခုနှစ် 17 နာရီ 31 မိနစ်

'ဦးဇင်းကေသရိန္ဒ ဖုန်းလာတယ်' ဆိုပြီး တယ်လီဖုန်းဆိုင်က လှမ်းအော်ခေါ်လိုက်တဲ့ အသံကြောင့် တော်တော်ကို ထူးဆန်းသွားတယ်….။ စက်တင်ဘာ တော်လှန်ရေး ၁ နှစ်ပြည့်ပြီးနောက်ပိုင်း

ဒီနေ့အချိန်ထိ ဖုန်းလာတယ်ဆိုတဲ့ ခေါ်သံကို မကြားရတာ အခုလို ပြန်ကြားရလို့
ထူးဆန်းသလို ခံစားမိပါရဲ့။ ဘယ်သူများလဲ သိရအောင် သွားကိုင်လိုက်မှဆိုပြီး၊ ဖုန်းဆိုင်သွားတော့ ။
``ဦးဇင်း သူငယ်ချင်းလို့ ပြောတယ် …… နောက် ၅ မိနစ်ကြာရင် ပြန်ဆက်မယ်လို့ မှာသွားတယ် ..´´
ဆိုပြီး ဆိုင်က ကောင်လေးက ဆီးကြိုပြီး ပြောပါလေရော။ ဘယ်သူများ ဖြစ်မလဲဆိုပြီး စဉ်းစားရတာ
၁ ကနေ ၁ဝဝ အထိ ဆတိုး ပေါင်းရသလိုပဲ၊ ပေါင်းလေမှားလေ ရှုပ်လာလေပဲ။
ကဲ … ဒါနဲ့ မစဉ်းစားဘဲ ထိုင်စောင့်နေလိုက်တော့တယ်။ ဦးဇင်းတို့ နို့ဖိုးဒုက္ခသည်စခန်းမှာ
လက်ကိုင်ဖုန်း သုံးခွင့် မရကြတော့၊ အခပေး တယ်လီဖုန်းဆိုင်တွေကို အားကိုးပြီး …၊
မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြုရတာပေါ့။
ခဏကြာတော့ တယ်လီဖုန်းပြန်လာတယ်။ ရန်ကုန်က သူငယ်ချင်းတယောက်ပါ။
မဲဆောက်ကနေ ဆက်လာတာ။ ကျောင်းနေဘက်ကြီးလည်းဖြစ် ၉ တန်း၊
၁၀ တန်းလောက်ကတည်းက ဘွဲ့ရတဲ့အထိ တွဲခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတယောက်။
ဦးဇင်းနဲ့ စက်တင်ဘာတော်လှန်ရေးအပြီး မတွေ့ကြတော့တဲ့
သူငယ်ချင်းတယောက် ဖြစ်ပါတယ်။
သူက အခုမှ ဦးဇင်းသတင်း မဲဆောက်ကရပြီး ဆက်သွယ်လာတာ။
သူ မဲဆောက်ရောက်နေတယ်တဲ့။ …. သူရောက်နေတာ ၁၀ ရက်လောက်ရှိပြီ။
လိုအပ်တဲ့ အကူအညီ မင်းဆီ တောင်းမလို့ ဖုန်းဆက်တာပါ ဆိုပြီး၊ ….
အခုမှ ပြန်တွေ့တဲ့ သူငယ်ချင်းကို သာကြောင်းမာကြောင်းတောင် မမေးတော့ဘဲ
ဖြစ်ချင်တာတွေကို ပြောတော့တာပဲ။
`` ဒုက္ခသည် စခန်းဝင်ချင်ပါတယ်´´…….. တဲ့။
သူ ဦးဆုံးပြောလိုက်တဲ့စကား။ သူက မြန်မာပြည်မှာ ဒုက္ခရောက်ပြီး မဲဆောက်ဘက် ထွက်လာခဲ့တာ။ သူတယောက်ထဲ လာတာမဟုတ်ဘူး။ သူ့မိန်းမပါ ခေါ်လာခဲ့တာတဲ့။ အဲဒါဒုက္ခသည်စခန်း ဝင်ချင်လို့
ဦးဇင်းဆီ ဖုန်းဆက်လာခဲ့တာပါ။
``သြော် ... မြန်မာပြည်က ထွက်ပြေးလာကြပြန်ပြီ´´ လို့ တွေးမိရင်း နအဖရဲ့ ရက်စက်မှုတွေက ရပ်တန်းကရပ်ဖို့ ကမ္ဘာမှာဘယ်သူ့ကို အားကိုးရမှာလဲ။

ထိုင်းနိုင်ငံမှာ … ဒုက္ခသည်စခန်း ၉ ခု ရှိပါတယ်။

(၁) ထမ်းမဟင်
(၂) ဘန့်ဒုံယမ်း
(၃) နို့ဖိုး
(၄) အုန်းဖြန်
(၅) မယ်လ
(၆) မယ်လဦး
(၇) မယ်လမလွန်
(၈) ဘန့်မဲ့ဆရင်း
(၉) ဘန်းမိုင်နိုင်ဆွပ် … တို့ ဖြစ်ကြပါတယ်။

ဒုက္ခသည်စခန်းတိုင်းဟာ အမှန်တကယ် ဒုက္ခရောက်လာကြတဲ့ မြန်မာနိုင်ငံသားများအတွက် တတိယနိုင်ငံတွေဆီ ထွက်ခွာနိုင်တဲ့ တောကြိုအုံကြားက အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကြီးဆိုလည်း မမှားပါဘူး။
မျှော်လင့်ခြင်းနယ်မြေတခု…၊ နောက်ပြီး စောင့်ဆိုင်းချိန်အကြာဆုံး Transit Room ကြီးပဲ။
မြန်မာလူမျိုးတွေ နိုင်ငံခြားသွားကြတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ
လေယာဉ်တစင်းနဲ့တစင်း ပြောင်းစီးကြဖို့ Transit Room မှာ စောင့်ဆိုင်းကြရတယ်
မဟုတ်လား။
ဒုက္ခသည်စခန်းထဲမှာလည်း ကိုယ်သွားလိုတဲ့ နိုင်ငံတွေဆီ သွားဖို့ရာ မျှော်လင့်ရင်း နှစ်နဲ့ချီပြီး
စောင့်ကြရတယ်။ သူတို့လည်း တိုင်းပြည်မှ ပြန်လို့မရကြတာ ဒီမှာပဲ တခြားနိုင်ငံသွားဖို့
မျှော်လင့်ရင်း နေနေကြတာပေါ့။

ဒီလိုစောင့်ရင်းနဲ့မှ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုကို ခံယူပြီး အောင်မြင်မှ တတိယနိုင်ငံသို့
သွားရောက်ကြတာပါ။ အဆင့်ပေါင်းများစွာ ဖြတ်ကျော်ရပါတယ်။
ဒုက္ခသည်အဖြစ် စာရင်းသွင်းရန် လက်ပတ်ပေးတဲ့အဆင့်၊ (အကြို) ဓာတ်ပုံရိုက်တဲ့အဆင့်၊
(IOM) ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မှတ်ပုံတင်ရန် အင်တာဗျူးတဲ့အဆင့်၊
အဲဒီအင်တာဗျူး ဖြေကြားချက်တွေကို (PAB) ဘုတ်အဖွဲ့မှ စစ်မှန်ခြင်း ရှိ၊မရှိ ဆုံးဖြတ်တဲ့အဆင့်၊
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံလိုက်တဲ့ မြန်မာနိုင်ငံသားတယောက်အတွက် ဆက်လက်ပြီး
ဖြတ်သန်းရတဲ့ အဆင့်တွေလည်း ရှိပါတယ်။

အမေရိကန်သို့ ခိုလှုံခွင့်လျှောက်ထားမယ့်သူ အတွက်ကတော့ OPE အင်တာဗျူးကို စောင့်ဆိုင်းရပြီး၊ ဒုတိယအကြိမ် OPE အင်တာဗျူးပြီးတဲ့အခါ နောက် ၆ လအတွင်းမှာ DHS အင်တာဗျူးကို
သွားရောက်ပြီး အစစ်အဆေး ထပ်မံခံရပါတယ်။ အဲဒီလို အဆင့်ပေါင်းများစွာကို အောင်မြင်နိုင်မှ၊ ကျန်းမာရေးကောင်းမွန်မှ တတိယနိုင်ငံတွေက ခေါ်ယူတာပါ။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ကမ္ဘာမှာရှိတဲ့ ဆင်းရဲနိုင်ငံတွေ၊ ဦးဇင်းတို့ မြန်မာနိုင်ငံလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နိုင်ငံတွေက လူတွေကို ကူညီပေးနေတာပါ။
ဒုက္ခသည်အဖြစ် စာရင်းသွင်းလက်ခံပေးပါတယ်။

သူတို့မှာက ဒုက္ခသည်အဖြစ် သတ်မှတ်ပေးတဲ့၊ အချက်အလက်တွေတော့ ရှိတာပေါ့။
ဦးဇင်းလည်း အများကြီး မသိပါဘူး..။ ယေဘုယျသတ်မှတ်ချက် ၃ ချက်ရှိတယ်လို့
ဒီစခန်းထဲရောက်တော့မှ သိရတာပါ။

(၁) ဘာသာရေး ဒုက္ခသည်
(၂) လူမျိုးရေး ဒုက္ခသည်
(၃) နိုင်ငံရေး ဒုက္ခသည် … ဆိုပြီး ယေဘုယျသတ်မှတ်ထားတယ်တဲ့။
ဦးဇင်းတို့ နို့ဖိုးစခန်းမှာတော့ စစ်ပြေးဒုက္ခသည်တွေကို လူမျိုးရေးဒုက္ခသည်အဖြစ်
ဦးစားပေးထားတယ်။
နအဖ စစ်ကြောင်းကနေ ထိုးစစ်ဆင်မှုကြောင့် ကရင်ရွာတွေက ဒေသခံတွေဒီဘက်ခြမ်းကို ထွက်ပြေးလာကြတယ်။ သူတို့ဘဝတွေက ဆိုးမှဆိုးပဲ။
မြေမြှုပ်မိုင်းထိလို့ ပြတ်သတ်လာတဲ့လူနဲ့၊ မိသားစုလိုက်ကို အဓမ္မပြုကျင့်ခံရတာတဲ့။
စစ်ကြောင်းက အမျိုးသမီးမရှောင်၊ အမျိုးသားမရှောင်ပါပဲ။
ဒါတင် ဘယ်ကမလဲ။ တရွာလုံးပါ မီးရှို့လို့ နေစရာ၊ စားစရာမရှိ ကလေးတွေ လက်ဆွဲပြီး ဒီဘက်ကို ပြေးလာကြတာ..။ ခွေးတွေ ဝက်တွေတောင် ခေါ်လာလိုက်ကြသေးတယ်။
အင်မတန်မှ သနားစရာကောင်းလှတဲ့ ဦးဇင်းတို့ တိုင်းရင်းသားတွေရဲ့ဘဝတွေပါ။
ဘာသာရေးဒုက္ခသည်ကတော့၊ ဦးဇင်းတို့ မြန်မာနိုင်ငံအတွင်းမှာ တခြားဘာသာရေး
အဖွဲ့အစည်းတွေ ရှိကြတယ် မဟုတ်လား။ မြို့ကလူတွေ ဘယ်သိပါ့မလဲ..။
နယ်တွေ နယ်စွန်နယ်ဖျားတွေမှာ ဘာသာရေး နှိပ်ကွပ်မှုတွေကို လူ့အခွင့်အရေး
ချိုးဖောက်ပြီး စစ်အစိုးရက ပြောင်ပြောင်တင်းတင်း ဆောင်ရွက်လျက်ရှိနေပါတယ်။
ဘုရားရှစ်ခိုးကျောင်းတွေ မီးရှို့ဖျက်ဆီးတာတို့၊ ဘာသာရေး အခမ်းအနားတွေမှာ
ဝင်ရောက်ဖမ်းဆီးတာတို့၊ လူရှေ့သူရှေ့ ဘာသာရေးခေါင်းဆောင်တွေကို
ပါးရိုက်နားရိုက်တာမျိုး။
အဲဒီလို ဖိနှိပ်မှု ခံကြရတဲ့ ဘာသာရေးသမားတွေကို ကုလ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး - UNHCR က ဘာသာရေး ဒုက္ခသည်အဖြစ် စာရင်းလက်ခံ
ဆောင်ရွက်ပေးပါတယ်။ အကြမ်းမျဉ်း ရေးပြတာပါ။ အရှည်ပြောရရင် ဆုံးတော့မှာမဟုတ်ဘူး။
လူမျိုးရေးဒုက္ခသည်ကလည်း တိုင်းရင်းသားလူမျိုးများ သော်လည်းကောင်း၊ စစ်အစိုးရကို
ဆန့်ကျင်ကြတဲ့ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း စတဲ့ ဒေသတွေမှာ စစ်အစိုးရက လူမျိုးကြီးဝါဒနဲ့ နှိမ်နင်း၊ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် ဖန်တီးပြုလုပ်၊ တိုင်းရင်းသားတွေအပေါ်
နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး၊ နအဖ ရဲ့ ရက်စက်မှုတွေ ခံကြရတဲ့ တိုင်းရင်းသားလူမျိုးတွေကို
UNHCR က လူသားချင်း စာနာထောက်ထားမှုကြောင့် လူမျိုးရေးဒုက္ခသည်အဖြစ် စာရင်းသွင်း လက်ခံပေးပါတယ်။
အဲဒီမှာ ဦးဇင်းအတွေ့အကြုံလေး နည်းနည်းပြောပြချင်တယ်။
ဦးဇင်းက အခုလို ရဟန်းမဝတ်ခင်က ဒုက္ခသည်စခန်းထဲ စရောက်စက
ကရင်ရပ်ကွက်အတွင်းမှာ နေရသေးတယ်။ ဗမာဆိုလို့ ဦးဇင်းသူငယ်ချင်း
တယောက်ရယ်၊ ဦးဇင်းရယ်။ နှစ်ယောက်ပဲ ရှိတယ်..။
တရပ်ကွက်လုံး ကရင်စကားပြောကြတာ။ သူတို့လည်း ကရင် စစ်ပြေးဒုက္ခသည်တွေပဲ။
နေစက ဦးဇင်းတို့ကို စကားတောင် မပြောကြဘူး။ ဗမာလေးတွေမို့လို့တဲ့။
ဦးဇင်းတို့က ရောရတာပေါ့။ ကြာတော့ သူတို့က ခင်လာတယ်။
သူတို့ကို စစ်အစိုးရတပ်က ဗမာကောင်တွေက နှိပ်စက်လိုက်လို့ ဒီလိုထွက်ပြေးလာရတယ်ဆိုပြီး
ဗမာတွေကို မုန်းနေတာ၊ … ဘယ်လောက် ဝမ်းနည်းစရာကောင်းလည်း … တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် တမင်ဖန်တီးလွှတ်လိုက်တာ..။
အဲဒါနဲ့ ဦးဇင်းက တဖက်လှည့်နဲ့ ရှင်းပြရတာပေါ့။
ငါတို့က ဘာလူမျိုးမှ မဟုတ်ဘူးလို့ .. ကျောင်းသားတွေပါလို့ ပြောရတယ်..။
နအဖ ကို တော်လှန်နေတဲ့ ကျောင်းသားတွေဆိုတာ ဗမာလူမျိုးတမျိုးတည်းအတွက်
အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံအတွက် ဒီမိုကရေစီတိုက်ပွဲဝင်နေကြတဲ့
သူတွေပါဆိုပြီး ရှင်းပြရတယ်။ ငါတို့ရဲ့ သွေးတွေမှာ တိုင်းရင်းသားပေါင်းစုံအတွက်
အလုပ်လုပ်နေရတာဖြစ်လို့ တိုင်းရင်းသားပေါင်းစုံရဲ့ သွေးတွေနဲ့ လည်ပတ်နေတယ်။
အဲဒီတော့ မင်းက ကရင်ဆိုရင် ငါလည်း ကရင်ပဲ။
မင်းက ချင်းဆိုရင် ငါလည်းပဲ ချင်းပဲပေါ့လို့ ပြောချလိုက်မှ .. သူတို့က နားလည်ပေးတယ်။
ဒါတောင် ဦးဇင်းကို ပြောလိုက်သေးတယ်..၊ အခုဆိုရင် မင်းက ကရင်တွေကြားမှာနေတာ
မင်းလည်း ကရင်ပဲတဲ့။ အတော်ချစ်ဖို့ကောင်းတဲ့ စကားလေး။
တိုင်းရင်းသားတွေ ပွင့်ပွင့်လင်းလင်း အရမ်းရှိတယ်။
ကဲထားပါတော့ …. နိုင်ငံရေး ဒုက္ခသည်အကြောင်း နည်းနည်းပြောရအောင်။

နိုင်ငံရေးဒုက္ခသည်အဖြစ် စာရင်းသွင်းပေးခြင်း ခံရသူတွေကတော့ မြန်မာနိုင်ငံအတွင်း
နအဖ အာဏာရှင် စစ်အစိုးရရဲ့ ပေါ်လစီအပေါ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်၊
ဒီမိုကရေစီကို လိုလားကြတဲ့ ပြည်သူတွေဟာ မတရားတဲ့ အမိန့်ဟူသမျှ ဖီဆန်ကြရင်း၊
တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေကို တော်လှန်ကြရင်း..၊ စစ်အစိုးရကို ဆန့်ကျင်တဲ့သူတိုင်း
နိုင်ငံရေးသမားတွေ ဖြစ်ကုန်ကြပါလေရော။ သူတို့တွေဟာ မတရားမှုတွေကို ဆန့်ကျင်ရင်း၊
မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိအောင် ကြိုးစားကြလို့၊ အာဏာရှင်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို ရှောင်ကြတိမ်းကြနဲ့ ဒီဘက်ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ဆိုလိုပါတယ်။

အချို့ဆိုရင် နိုင်ငံရေးအမှုနဲ့ ထောင်ကျကြ၊ ထောင်ကထွက်ပြီး အမြဲတမ်း နောက်ယောင်ခံ
လိုက်ခံရ၊ အခါကြီးရက်ကြီး အထိမ်းအမှတ်နေ့တွေ ရောက်တိုင်း အထိန်းသိမ်းခံကြရနဲ့
ဘယ်လိုမှ ပြည်တွင်းမှာ ဆက်နေလို့ မရတော့လို့ ဒီဘက်ကို ရောက်လာကြတာပါပဲ။
အဲဒီလိုမျိုး မြန်မာနိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ထွက်ခွာလာခဲ့ သူတွေကိုတော့
သူတို့ဆန္ဒအလျောက် ဒုက္ခသည်အဖြစ် ခံယူချင်တယ်ဆိုရင်တော့ UNHCR က
နိုင်ငံရေးဒုက္ခသည်အဖြစ် စာရင်းသွင်းပေးတယ်။

ဦးဇင်းအမြင်ကတော့ ၅၆ သန်းသော မြန်မာပြည်သူတွေဟာ ဒုက္ခသည်တွေပဲလို့
ဦးဇင်း မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ နအဖ ရဲ့ လက်အောက်မှာ ပြည်သူပြည်သားတို့ ဒုက္ခရောက်နေကြလို့ပါပဲ။
အဲဒီတော့ ဦးဇင်းရဲ့ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အခြားသော သူပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းထဲကို ရောက်အောင်လာခဲ့ပါ။ ကူညီနိုင်တာရှိလို့ကတော့ သိသိ၊ မသိသိ အားလုံးကို အကူအညီပေးပါ့မယ်။
ဦးဇင်းတို့ နို့ဖိုးဒုက္ခသည်စခန်း ဝင်လာဖို့တော့ ဦးဇင်း မတတ်နိုင်ပါဘူး။
ဦးဇင်းတို့ကိုလည်း UNHCR ကနေ စခန်းသွင်းလိုက်တာပါ။

…..`` သူငယ်ချင်းရယ် မင်းဝင်လာမှ ငါကူညီပါ့မယ်´´……..`` ရောက်အောင်သာ .. လာပါ´´ လို့ ပြောလိုက်ချင်ပါတော့တယ်။ ။


(မဲဆောက်၌ UNHCR, JRS သော်လည်းကောင်း၊ အခြားအဖွဲ့အစည်းများသော်လည်းကောင်း မိမိတို့၏ အဖြစ်အပျက်များကို ပြောပြ၍ ဒုက္ခသည်စခန်းသို့ လာရောက်ရန် စုံစမ်းနိုင်ပါသည်။)

မစ္ဈိမ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒုက္ခသည်စခန်းရှိလူသစ်အတွက် စားနပ်ရိက္ခာနှင့်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ် ရွှေ့ဆိုင်း


မယ်လဒုက္ခသည်စခန်းရှိလူသစ်အတွက် စားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ရွှေ့ဆိုင်း
Posted on September 21, 2009 by sawmanthein
စက်တင်ဘာ ၂၁ ရက် ၂၀၀၉

ယခုလ(၂၈)နေ့တွင်မယ်လဒုက္ခသည်စခန်းရှိလူသစ်(၁)သောင်းခန့်ကိုစားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက် သည်ဟုစခန်း ဒုဥက္ကဌကပြောသည်။

စခန်းဒုဥက္ကဌစောထွန်းထွန်းက”၂၀၀၈၂၀၀၉မှာရောက်ရှိလာတဲ့လူသစ်(၁)သောင်းကို ရိက္ခာလက်မှတ်ထုတ်ပေးဘို့ကိစ္စကို”တီဘီဘီစီ”အဖွဲ့ကရက်ရွှေ့လိုက်တယ်ဘယ် လောက်ကြာမှာလည်း တော့မသိသေး ဘူး”ဟုဖားစည်သံသို့ပြောသည်။

အဆိုပါလူသစ်များထဲတွင် မိမိအစီအစဉ်ဖြင့် စားနိုင်သောက်နိုင်သူများပါရှိပြီး အချို့မှာ ကိုယ်ပိုင်မော် တော်ဆိုင်ကယ်များနှင့် စခန်းအတွင်း ဈေးဆိုင်ဖွင့်ထားသူများပါရှိပြီး စစ်ဆေးမှုပြုလုပ်ပြီးလျှင်လူ(၆)ထောင်ခန့်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ရရှိနိုင်မည် ဟုလည်းပြောသည်။

လက်ရှိမယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်(၅)သောင်းခန့် နေထိုင်လျှက်ရှိရာ ဒုက္ခ သည်အဖြစ် တရားဝင်အသိအမှတ်ပြုခံရသူ(၃)သောင်းရှိပြီး ရိက္ခာလက်မှတ်ရရှိ သူ(၁) သောင်းနှင့် ရိက္ခာလက် မှတ်မရရှိသေး သူ(၁) သောင်းတို့ဖြစ်သည်။

မယ်လ၊အုန်းဖျန်၊နို့ဖိုး၊စသည့်ဒုက္ခသည်စခန်းများထဲတွင် ဒုက္ခသည်များလျှော့နဲသွားခြင်းမရှိဘဲ
အဆမတန်များပြားလာရခြင်းမှာဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရရှိ
သောကြောင့်ဖြစ်ပြီး အကျိုးဆက်အဖြစ် စခန်းအတွင်းအဂတိလိုက်စားမှုများနှင့်
ရှုတ်ထွေးမှုများစွာ မကြာခဏဖြစ်ပွားလျှက်ရှိသည်ဟုမယ်လစခန်းမှဘာသာရေး ဆရာတဦးကဖားစည်သံသို့ပြောသည်။

တတိယနိုင်ငံထွက်ခွာခွင့်ရရှိရန်အတွက် ဒုက္ခသည်စခန်းများတွင် တရားမ၀င်လာရောက်နေ
ထိုင်ကြသူများကို သက်ဆိုင်ရာခရိုင်အာဏာပိုင်များနှင့်စစ်တပ်က ၀င်ရောက်စစ် ဆေးမှုများ
ရှိသော်လည်း အဖမ်းခံရပြီးနောက်ရက်များတွင် ပြန်လည်ဝင်ရောက်လာကြသဖြင့်
အဓိကတာဝန်ရှိသူမှာ စခန်းအုပ်ချုပ်ရေးသာဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားသည်။

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို ထိုင်းမြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း(တီဘီဘီစီ)က ကူညီထောက်ပံ့ ပေးပြီး လူဦးရေစိစစ်မှုကိုပါ
ပူးတွဲ လုပ်ဆောင်သည်။

ယခုလကုန်ပိုင်းတွင် (တီဘီဘီစီ)က လူသစ်များအတွက် ရိက္ခာနှင့်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးရန် စိစစ်မှုကို အုန်းဖျန်နှင့်နို့ဖိုးစခန်းများတွင်ပြုလုပ်ပေးမည်ဖြစ်ပြီး မယ်လ စခန်းကိုမူရွှေ့ဆိုင်း ထားသည်ဟု
၎င်းအဖွဲ့၏ ၀န်ထမ်းတဦးကပြောသည်။

ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်မြန်မာဒုက္ခသည်စခန်း(၉)ခုရှိပြီးမြန်မာဒုက္ခသည် (၁၄၀၀၀၀)ခန့်
နေထိုင်လျှက်ရှိသည် (တီဘီဘီစီ)အဖွဲ့၏စစ်တမ်းတွင်ဖေါ်ပြထားသည်။

ဖားစည်သံ
ဖါးစည်သံblog မှတိုက်ရိုက်ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 22, 2009

ကရင် ဗမာ အဘိဓာန်

လါင်းခါင့် လှည်းနောက်မြီး

လါင်းခေါဟ် လှည်းဦးထိပ်

လါင်းစံင်(လါင်းဟှိင်း)လှည်းအိမ်

လါင်းစယ် လှည်းနားဍောင်း

လါင်းဆွဲခါင် လှည်းဝက်စွယ်

လါင်းထာခွင် လှည်းဘီးသံခွေ

လါင်းနူ.သး လှည်းပန်းတောင်း

လါင်းဏာ.ဍါ် လှည်းနားပန်(လှည်းသပ်)

လါင်းပး လှည်းဘီး

လါင်းပးသွာ့ လှည်းဘီးထောက်(ဒေါက်)

မှတ်ချက်
ပိုးကရင်စာလုံးဖြစ်တဲ့ လ, န, မ, င, ရေးဘို့လိုအပ်တဲ့ စာလုံး(အောက်ဆင့်)တွေအခက်အခဲ
ရှိနေပါတယ်။
အခုလောလောဆယ် zawgyi-Burmese font နဲ့ရ,သလောက်လေး တင်လိုက်ပါတယ်။
စာလုံးအမှားတွေတွေ့ရင် ပြင်ပေးကြပါ။ အားလုံးအတွက် အမှားကင်းလေ ပိုကောင်းလေပေါ့။
အခေါ်အဝေါ်လေးတွေ ဒေသတခုနဲ့တခုမတူနိုင်တဲ့အတွက် မတူတဲ့အခေါ်အဝေါ်တွေကို ထပ်ဆင့်တင်ပြကြပါ။
ဖေါ်ပြကြပါ။
အထူးမေတ္တာရပ်ခံပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင် ဗမာ အဘိဓာန်

သြုက် ဇရပ်

သြိုင့်ထုင်း ရုံးပင်

သြဲထဝ့် ဗောဓိပင်

သြီ့ စရစ်ပင်

သြဝ့်ခေါဟ် ဆိတ်ဖူး

သြဝ်.သ်ုပဝ်. အလျှင်စလိုအလောတကြီး

လ်ုခါင့်ခေါဟ်ဏ်ုမာဆ်ုလုမိင်မိင်ဏှ် သြဝ်.သ်ုပဝ်.လိုင်ဃှေဝ်။
နောက်နောင် မင်းအလုပ်တခုခုလုပ်ရင် အလျှင်စလိုအလောတကြီးမလုပ်နဲ့တော့။

သြင့် ကမ်းခြေ(ဆိပ်ကမ်း)(မြစ်ကမ်း)

သြင့်ပါ ငရဲဘုံ(ဝိပါကဝဋ်)

ဏ်ုမာဆ်ုအေအိုင်ဍူ ဏ်ုမုထံင်ဟှးဝေ့ လ်ုသြင့်ပါအိုဝ်လှ်။
မင်း ဒုစရိုက်အလုပ်လုပ်ရင်တော့ ငရဲပြည်ကိုရောက်မှာပဲ။

သြုံ့ ပြုံးတီး။ပြုတ်ပြုတ်ပြုဉ်း။(လက်ကျန်မရှိသည့်တိုင်)

ဏ်ုသီးအေလေ၀်လံင်အင်းဆ်ုဏှ် ဍုဂ်သြု့င်ဆ်ုဖေါဟ်ဆ်ုဃှာ.ဃှေဝ်။
မင်းတို့တောလိုက်ထွက်ရင် သားကောင်တွေကို အမျိုးမပြုတ်စေနဲ့။

ဏ်ုသီးဃှူ့ဃှင်အေးဍူ ဏ်ုသီးဆိုဒ် မ်ုသြု့င်ဏှ်ထီ့ဆာယုဂ်။
မင်းတို့မညီညွတ်ရင်တော့ မင်းတို့အမျိုးပြုတ်မှာသေခြာတယ်။

သြေဝ်သ်ုခါ မကောင်းသောအနံ့အသက်(ခါးတူး၊တူးခြစ်)(အနံ့မခံနိုင်လောက်သော)

ဏ်ုကုတုက်ယိုဝ် မွဲါအ်ုနိုင့် သြေဝ်သ်ုခါမာလဲ့။
မင်းအခန်းက နံလှချည်လား။
ယးအူးထီ့လးဖုက်အ်ုခေါဟ်စံင် နိုင့်သြေဝ်သ်ုခါဝေ့လှ်။
ငါးပိရည်အိုးဝေကျတဲ့အတွက် ခါးတူးနံဆော်နေတာပါ။

သွာ့ သွား

ယ်ုဖူ့အ်ုသွာ့ဏှ် ခိုင့်မာ.လှ်။
ငါ့အဘိုးရဲ့သွားက သိပ်ခိုင်တာပဲ။

သွာ့(သ်ုဝါ့) ကြာပင်

ဏ်ုဍေယု ဏီ့ဟှာပ်ုညီ့ လင်ယှးအေးသွာ့ဍေထီ့။
မင်းနဲ့ငါ တူစုံလက်တွဲ မခွဲမခွါရေနဲ့ကြာ။

သွာ့ ကြီးသည်။(ထွားသည်)

လ်ုဏိင်းယိုဝ် ဏ်ုဏဲစဃွှာထီ.လ်ုဖး မွဲါအ်ုသွာ့မာလဲ။
ဒီနှစ် မင်းကန်ဇွန်းဥတွေက ထွားလှချည့်လား။

သွာ့ အထစ်

ဃှင့်ယိုဝ် အ်ုသွာ့အှ် ယှာင်လဲ။
ဒီလှေခါး အထစ်ဘယ်လောက်ရှိလဲ။

သွာ့ခင့် အံသွား။

သွာ့ခင်း သွားရင်း။

သွာ့ဃှိင် သွားကျိန်းသည်။
(သွာ့=မဲ)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မှားနေတာတွေ့ရင် ပြင်ပေးကြပါဗျို့။





ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 21, 2009

ကရင် ဗမာ အဘိဓာန်


သိင်းက်ုဆင့်မဲ သစ်ဆင်စွယ်
သိင်းကျာ (သိင်းနွဲာဖေါဟ်) ဇီဝကလက်ထုပ်
သိင်းက်ုသိင့်က်ုတိုဒ်. သစ်ကတိုး
သိင်းခး ခပေါင်းရေကြည်
သိင်းစဃွှာ ဧကရာဇ်ပင်
သိင်းဆူး မှန်ဆူးပင်(မှန်ပင်)
သိင်းဆင့်အှေ် ပျင်းတောက်သိမ်
သိင်းတ်ုကောဝ် အောက်ချင်းစာပင်
သိင်းဏါ့အှေ် ဖက်ဝန်းပင်
သိင်းနိုင့်မိုင့် သစ်ကြမ်းပိုး
သိင်းဖူထင့်ဍေဝ် ဝက်ဝံသည်းခြေပင်
သိင်းဖါ့ တောင်ပိန္နဲ (တောင်ပိန်း)
သိင်းနိုင့်အုဂ် သပွတ်ကြီး
သိင်းဖဝ့်မူ. ပန်းမ
သိင်းဝးလး သစ်မင်း
သိင်းသါဍင် အုံတုံပင်
သိင်းသီ့လုံး လောက်သေပင်
သိင်းသာယှာ. မလောပင်
သိင်းသွဝ့် နတ်သြဇာပင်(ကပ္ပရုက္ခ=ပဒေသာပင်)
သိင်းဃှဲုးသေါဟ် နွယ်ချို
သိင်းဃှီ ရင်းတိုက်ပင်
သိင်းမူးယှာ.(ကဝ်ဆံင်.) ဘဲ့ပြားပင်
သိင်းမီယဝ်ဝါင်း နဘဲပင်
သိင်းယးအူး သစ်ပုတ်ပင်
သိင်းမေဝ်ထီ့ ဆန်ဆေးရည်ပင်
သိင်းမီ သပြေပင်
သိင်းသ်ုလေ၀် တမာပင်
သိင်းဃှဲုးဆြာ့ ဆရာဝန်
သိင်းဃှဲုးဖာ.စိုင် ဆေးဝါး
သိင်းဃှဲုး နွယ်ပင်


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင် ဗမာ အဘိဓာန်

သင့်(အ်ုသင့်) အသစ်
ဏ်ုထုဍံင်ယိုဝ် မွဲါအ်ုသင့်ဟှ။
မင်းလုံခြည်က အသစ်လား။
သင့်(အ်ုသင့်) ရက်
ယ်ုအှ်ခိုဝ်ဏု အ်ုသင့်ယိက်မာ.ယုဂ်။
မင်းကိုငါစောင့်နေတာ ရက်အတော်ကြာနေပြီ။
သင့်ဝဝ် ဥဩငှက်
သင့်ထံင်. သရော(တရော)
သင့်မယ် နွားခြံ(နွားနို့ညှစ်ရာတွင် အသုံးပြုသည့်ခြံငယ်လေး)
သင့်ဆိင်းဆောတ် အသစ်ချပ်ချွတ်
သင့်ဃွှဲ(သင့်ခဲ) အသင်္ချေ(အရည်အတွက်)
သင်းဝင် ပဲ့တင်ထပ်သည်။
အေမွဲါ ဏ်ုကောဝ်ယှာဏ်ုလူ. လ်ုခေါဟ်လံင်ဆုဂ်ဏှ် ဏ်ုလူ.သဝ့်
သင်းဝင်ဝေ့လှ်။
အကယ်၍ တောင်တွေကြားမှာ မင်းအသံကို ဟစ်လိုက်မယ်ဆိုရင်
မင်းအသံပဲ့တင်ထပ်လိမ့်မယ်။
သင်းသိက် သုံးမတ်(၇၅ပြား)
သံင်သာ့ သံသရာ
သံင့် စီသည်။ စီထားသည်(စနစ်တကျ၊သပ်သပ်ယပ်ယပ်)
သံင့် ငေါင်းကောင်။
ငေါင်းကောင်သည် လူနှင့်တူသောသတ္တဝါဖြစ်သည်။
ဆံပင်အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကိုဆံစု(ဆံတု)လုပ်ပါက
ဆံပင်ကောင်းသည်ဟုအယူရှိသဖြင့်ရှေးခေတ် အမျိုးသမီးများ ငေါင်း
၏ဆံပင်ကိုဆံစု(ဆံတု)လုပ်ကြသည်။
၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကယ့်သို့
ကွေး၍မရချေ။
သို့သော်အလွန်အပြေးသန်သည်။ ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည့်
ခွေးပင်လိုက်၍မမှီနိုင်ပေ။
၎င်းတို့ကိုဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာပါတ်ဝန်းကျင်တောင်စောင်းတနေရာတွင်
ဝါးဖက်(ဝါးပိုးဖက်)များကိုခင်းထားရသည်။
ဖက်ခင်းထားသည့်တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့
သည် ဖက်များကိုနင်းမိပြီး ခြေချော်ကာတောင်အောက်သို့လိမ့်ကျသွားတတ်သည်။
တောင်အောက်မှစောင့်၍ ဖမ်းရသည်။
၎င်းငေါင်းကောင်သည် လဲကျရာမှထ,လိုလျှင်သစ်ပင်ငယ်လေးများရှိရာသို့လူးလှိမ့်ပြီး ထို
သစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ,ကြရသည်။
ထို့ကြောင့်၎င်းတို့ လဲကျရာမှ မထ,နိုင်မှီ အမိဖမ်းရသည်။
သူတို့ကိုယဉ်ပါးအောင်မွေး၍မရချေ။
သစ်သီး၊ ငါး စသည်တို့ကိုစားသည်။
အုပ်စုဖွဲ့နေထိုင်သည်။
အကြီးဆုံးအကောင်မှာ လူ၁၀နှစ်သားအရွယ်ခန့်ရှိသည်။
ငေါင်း....ငေါင်း ဟုအော်မြည်တတ်သည်။
ယခုအခါအလွန်ရှားပါးသွားပြီး ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်သည်။
သူတို့၏အရိုးကို ဆေးတံရိုးလုပ်ပြီးသောက်လျှင် သွားခိုင်သည်ဟုရှေးလူကြီးများက ဆိုကြသည်။

သံင့်ဍုဂ် အုတ်စီသည်။
သံင့်ထါင်လင် ဖိသိပ်သည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး



ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 20, 2009

ကရင် ဗမာ အဘိဓာန်

လင်ထေံ ကျသွားသည်
လင်ထေံလ်ုဃှင့်လံင်
လှေခါးပေါ်မှ ကျသည်။
လင်ထေံလ်ုသိင်းခီ့
သစ်ပင်ပေါ်မှကျသည်။
လင်ထုံ. ဖိတ်ကျသည်။
မေဝ်လင်ထုံ.
ထမင်းဖိတ်ကျသည်။
လင်ထုက် ပြတ်လပ်သည်။
လာမ်ုလုက်ယိုဝ် စေ၀်လင်ထုက်ဆေ၀်.။
လကုန်ခါနီးမှာ ငွေကပြတ်နေတယ်။
လင်ထေ၀်(လင်သူ့) ကျွတ်ကျသည်။
ယ်ုခေါဟ်လင်သူ့လုက်ယုဂ်။
ငါ့ဆံပင်ကျွတ်ကုန်ပြီ။
ထဲုးလ်ုဍူယိုဝ်အ်ုဆံင်းလင်ထေဝ်လုက်ယုဂ်။
ဒီခွေးတကောင်ရဲ့ အမွှေးတွေကျွတ်ကုန်ပြီ။
လင်ထီ့လင်ဆာ သေချာစွာ
ဏ်ုအေလဝ်ဆ်ုဍူ လဝ်အေလင်ထီ့လင်ဆာ။
မင်း ပြောမယ်ဆိုရင် သေသေချာချာပြော။
လင်တ်ုလံင်. ချော်ကျသည်။
ယ်ုလင်တ်ုလံင်. လ်ုဆုနိုင့်လုံထ်ါအိုဝ်။
နွားတင်းကုပ်နားမှာ ငါချော်ကျတယ်။
လင်တြိုင် ဝေဖြာသည်။
သိင်းလ်ုထုင်းယိုဝ် လင်တြိုင်ဟှေဝ်မာ.လှ်။
ဒီသစ်တပင်ကတော့ အခက်အလက်တွေဝေဖြာနေတာပဲ။
လင်တုင်လင်တှ် ကဲ့ရဲ့ရှုတ်ချဘွယ်ရာ
ဏ်ုဆုဖ်ါဆ်ုမါယိုဝ် လင်ဆ်ုလင်တုင်လင်တှ်စွးမာ.လှ်။
မင်းလုပ်ရပ်က သူများကဲ့ရဲ့ရှုတ်ချစရာကောင်းလိုက်တာ။
လင်ထံင်. လျော့သည်
ဏ်ုဏါ.ဍိင်ဏှ် အ်ုလူ.လင်ထံင်.မိုဝ့်။
မင်းစောင်းက အသံလျော့နေပါလား။
လင်ဆိုင့် တင်းသည်။
ဏ်ုဏါ.ဍိင်ယိုဝ်အ်ုလူ.လင်ဆိုင့်မာ.လဲ။
မင်းစောင်းက အသံတင်းလှချည်လား။
ကဲ မြင်ကြတဲ့အတိုင်းပါပဲ zawgyi နဲ့ ဇောက,က,နေရတာ
ဖြစ်နိုင်ရင် ကျုပ်အိမ်ထဲဝင်ပြီး နည်းပေးလမ်းပြလုပ်ပေးကြပါ။
ရေးသင့်တာတွေက အများကြီးမို့ပါ။
ကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင် ဗမာ အဘိဓာန်


လံင် ဖြောင့်မတ်သော
လံင် ကိုယ်ကာယ
လံင် လိုက်သည်
လံင်ခေါဝ်. ကိုယ်ပူသည်
လံင်ဆံင်. လိုက်ရှာသည်
လံင်ဖံင်း လိုက်ဖမ်းသည်
လံင်ထံင် ဖြောင့်တန်းသော
လံင်တိင်ဏိင် ဖြောင့်စဉ်းသော
လံင်အ်ုသာ စိတ်အလိုလိုက်သည်
လံင်လေါတ်သာ တယောက်ကိုတယောက်လိုက်သည်
လံင်အ်ုဝါ လင်နောက်လိုက်သည်
လံင့် အရိုးတောင်
ဝါလံင့် ကရင်အမျိုးသားများသေဆုံးလျှင်မီးနှင့်သဂြိုဟ်
လံင့်ထါ် ပြီးအရိုးပြာကိုအရိုးတောင်သို့ ပို့ကြသည်
လံင်စှ် ကိုယ်စွပ်စိုသော
လံင့်(ဟှုဂ်လံင့်) ဝမ်းလျှောသည်
လံင့်ပျောဝ် အထက်လန်အောက်လျှော
လံင့်ကံင် နှမျောသည်
လံင်.(လံင်ဆု) ပြုစားသည်(အပင်းထည့်သည်)
လံင်.မေဝ်(ပိဏ္ဍပတ်) ဆွမ်းလောင်းသည်
လံင်.တ်ုဘင်. ဆွမ်းကြီးလောင်းသည်
လံင်.အံင်(ဆ်ုရံင်.အံင်) ကာလနဂါး

၎င်း"လံင်.အံင်"ခေါ်သတ္တဝါကို ကရင်တို့အလွန်အပြောများ ကြသည်။ မည်ကယ့်သို့သောပုံပန်းသဏ္ဍန်ရှိသည် ဆိုသည်ကိုမူ အမျိုးမျိုးပြောဆိုကြသည်။
အချို့က ဗမာအခေါ် ကာလနဂါးကိုပင်"လံင်.အံင်"ဟုခေါ်ဆိုကြသည်။
သို့သော် "ဖူ့လေင်ဟှယ့်" ပေထုပ်(ပေစာ)တွင်မူ လူကယ့်သို့ပုံသဏ္ဍန်ရှိပြီး တောင်လုံးတမျှ ကိုယ်ကာယကြီးထွားသည်။ အလွန်အအိပ်ကြီးသည်။ ဘုရားအဆူဆူကိုမှီလိုက်သည်။
စသည်ဖြင့်ပါရှိ၏။
သုခ်ုနုက်(မန်းခနုပ်) (သုဓနု)ပေထုပ်တွင် သုခ်ုနုက်နှင့် နာန်.ဏင့်ကာရီ့(ဒွေးမယ်နော်)တို့ ငွေတောင်ပြည်မှပြန်လာ ရာ၌ (လံင်.အံင်)၏ ပုခုံးတဘက် တချက်စီစီး၍ လိုက်ပါလာခဲ့ကြသည်ဟုဆိုသည်။
အချို့ကရင်များက ယ္ခုခေတ်ခေါ်သော ကုလားအုတ်ကိုပင် "ဆ်ုလံင်.အံင်" ဖြစ်သည်ဟုဆိုကြသည်။
ယုတ္တိရှိတန်သလောက်ရှိသည်။
သူတို့အဆိုအရ ကရင်တို့ မြောက်ပိုင်း "ထီ့ဆေဝ်မေဝ်ယွာ" မှဖြတ်သန်းလာကြစဉ်က စီးနင်းလာသော သတ္တဝါဖြစ်သည် ဟုဆိုသည်။
သဲကဏ္ဍာရကိုဖြတ်ကျော်လာစဉ် စီးလာခြင်းဖြစ်သည်။
နည်းပညာပိုင်းအားနည်းတော့ တင်ပြပုံကလည်း စိတ်ဝင်စားစရာမရှိဘူးပေါ့။
ပိုးကရင်ဖေါင့်ကိုကူးပြီးပြီ၊ ကွန်ပျူတာလည်းကောင်းလာပြီ၊လူလည်းနေကောင်းပြီဆိုရင်
တင်ပြစရာတွေအများကြီးရှိပါသေးတယ်။
Pwo-Karen, Burmese, English အဘိဓမ္မာ စာအုပ်ကျုပ်စီမှာရှိပါတယ်။
ပြီးတော့ English Picture Dictionary (Pwo-Karen)
စာအုပ်လည်းရှိပါတယ်။
တတ်ကြွမ်းတဲ့ခေတ်ပညာတတ် ကရင်လူငယ်တွေ ကျုပ်စီကို ဆက်သွယ်ပါ
စာတိုက်ကနေပို့ပေးလိုက်ပါ့မယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြေးဦးချီလောက်ပြီ

မြေးဦးချီလောက်ပြီ


လမင်းက ထိန်ထိန်သာ
ရေပြင်က ပြာလဲ့လဲ့
ခပ်သွဲ့သွဲ့လေပြေညှင်း
ပန်းယနံ့သင်းဖွဲ့။

ပန်းမင်းရယ်တဲ့ ငွေသဇင်
ပင်မြင့်မှာမွှေး
လေနုအေး ဆောင်ယူခဲ့တယ်
လွမ်းအောင်ထင့်လေး။

ရေပြင်နဲ့ လမင်းငယ်
လေညှင်းနဲ့ သဇင်ပန်း
သောင်ရင်းကို မိုးမခ,နမ်းတော့
ပြောင်းဆန်အောင်လွမ်း။

ငယ်ကြွမ်းဆွေမောင့်ချစ်ဦး
မြေးဦးတောင်ချီနေပြီ
ဗမာပြည်ဒီမိုကရေစီအရေးမို့
ကဗျာမပီ စာစီလိုက်တယ်
ခွင့်လွှတ်ဘို့ရည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အတ္တအမှောင်

အတ္တအမှောင်

ပုပ်တဲ့အထုပ်ကိုဖြေချ
အနံ့ဆိုးတွေလှိုင်းထ,တော့
ရိုင်းပြတဲ့လူသိုက်
ဝိုင်းကိုက်ချင်ကြ။

အလုပ်ရှုတ်တဲ့ကျုပ်
အရှုတ်လုပ်လို့တဲ့။

ကျုပ်အထင်
သူတို့ခွင်(ဂွင်)ပျက်
ဒေါသ,တွေ.....ထွက်လျှံကျ။

ငါ့သမီးရ,ဘို့
ငါ့ဇနီးမယားလှ,ဘို့
ငါ့သားဝ,ဘို့
သူတပါးထမင်းလုတ်ကို
နှိုက်ထုတ်ယူ
ပါးစပ်ပိတ်တဲ့လူကို.....ပေး
ခေါင်းငြိမ့်တဲ့လူကို......ကျွေး
လက်ညှိုးထောင်တဲ့လူကို.....မွေးထား
ကိုယ်တိုင်ကျ Millianare စည်းစိမ်များနဲ့။

မောဟ,တွေနဲ့
လောဘ,ရမက်အဆိပ်တက်
အထွတ်အထိပ်ရောက်
ဆန်ကော(စကော)လောက်မှ
စောက်(ဇောက်)မနက်။

ဖေါက်ပြန်တဲ့လူတန်းစား
တိုးတက်များပြား
ကြီးပွါးနေလျှက်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 18, 2009

စာ

စာ

ကျုပ်သမီးတွေ
ဂျပန်စာသင်နေပါတယ်။

ပန်းကို……. ဆာခူးရာ
အဝါရောင်ကို…...ခူးရို
လေပြေဆိုရင်…..ခါးဆယ်
အားကာ….ဆိုတာ အနီရောင်
အောရင်းဂျီ…..ဆိုတာက လိမ္မော်ရောင်
အညိုရောင်က……ချီးရို
ပန်းရောင်ကို......ဖင့်ကူ
အဖြူရောင်ဆို.....ရှီးခို
အောင်း……ဆိုတာ အပြာရောင်
ခရမ်းရောင်က…...မူရာဆာကီ
အသံထွက်ပီအောင်
သင်နေကြတယ်။

ကိုယ့်ကရင်စကားကျ
အင်္ဂလိပ်လိုညှပ်ပြော
မြစ်ချောင်းပေါတဲ့ဒေသ
မိုးရေခံ…….သောက်ကြမှတော့
ကရင်စာပျောက်ကုန်ရောပေါ့။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ခွေးနောင်တ

ခွေးနောင်တ


ကျုပ်ဘဝက
ကလေကဝ
လမ်းဘေးချောင်မကျတကျ
တွေ့သမျှ အရိုးအရင်း
ကိုက်ဝါးရင်း ကြီးပြင်းခဲ့။

မယုံချင်စရာကျုပ်ဘဝ
ပြောင်းတာမှချက်ခြင်း
တမဟုတ်ခြင်းဝ,ဖြိုး
လူဆိုးသူခိုးရဲ့အိမ်မှာ
ကျုပ်ဟာသူ့အတွက်
သစ္စာရှိတဲ့……ခွေး။

သခင်အရှိန်အဝါနဲ့
ကိုက်ချင်တဲ့လူကို.......ကိုက်
လိုက်ချင်တဲ့လူကို.......လိုက်
ဘယ်သူ့မှဂရုမစိုက်ဘူး။

ကျုပ်ကိုက်ခဲလို့....... ကြွဲပဲသူ
ကျုပ်လိုက်ဆွဲလို့......ယိုင်လဲသူ
သခင်ကိုယ်တိုင်......ဝင်ပြီးရှင်း
ကျုပ်…….အနေသာအရှင်းကြီး။

လူဆိုးသူခိုးကြီးကျုပ်သခင်
နိုင်ငံခြားထွက်ဘို့ပြင်တော့
မဆင်မခြင်နေခဲ့တဲ့ကျုပ်
ဘယ်ချောင်ထဲ
ဝင်ကုတ်နေရပါ့?

ကျုပ်လိုက်ဆွဲလို့.....ယိုင်လဲခဲ့သူ
ကျုပ်ကိုက်ခဲလို့......ကွဲပြဲခဲ့သူ
ဒီလူတွေရဲ့ကြား
ဟင်းစားဖြစ်ရတော့မယ့်ကျုပ်
သခင်ဆိုးယုတ်ခဲ့တဲ့အထုပ်ကိုထမ်း
ဟော့ရမ်းခဲ့သမျှ.....နောင်တရ။

ဟော……ကျုပ်ကိုသတ်ဘို့အပြေးအလွှား
ညာသံပေးရင်း….လာကြပြီ
အလှည့်ကျရင် မနွဲ့စတမ်း....တဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယ်ုမွဲါလ်ုဍူ( ကျုပ်က အကောင်)

ယ်ုမွဲါလ်ုဍူ (ကျုပ်က အကောင်)





တောင်ပျံတွေနဲ့ အှ်ဍေအ်ုဍါ်
လေထဲမှာဝဲပျံလို့......ရတယ်။ ယူဝိင်ဝင့်လီထ်ါသှေ်။

ခြေချောင်းများနဲ့ ခင်းအးခ၀့်
နားချင်တဲ့နေရာ....နားလို့ရတယ်။ ဆံင်.လင်ထံင်ခ၀့်လယ့် ဆံင်.လင်သှေ်။

နှုတ်သီးပြွန်နဲ့ အှ်ဍေအ်ုနောတ်
ချွန်ချင်သလို......ချွန် သာအှ်သိုဝ် စူသှေ်
ထိုးချင်သလို......ထိုးလို့ရတယ်။ သာအှ်သိုဝ် ဆေ၀်သှေ်။

တောင်ပျံရှိပေမယ့် အ်ုဍါ်အှ်လာ.ဏင့်
ငှက်မဟုတ်ဘူး။ ထေါဟ်မွဲါအေး။

ခြေချောင်းများနဲ့ ခင်းအးလာ.ဏင့်
ပျားမဟုတ်ဘူး။ ဏေဝ့်မွဲါအေး။

နှုတ်သီးတပြင်ပြင်နဲ့ အ်ုနောတ်အင်းတါင်ဝယ်သာ
ခြင်မဟုတ်ဘူး။ စီ.စံင်မေါဝ်.ယှာမွဲါအေး။

သွေးစုတ်တဲ့….ဖြုတ်ထက် အင်းဆုဂ်ဟ်ုသဲုး
ပိုကြီးတဲ့….ယင်ကောင်။ ဍေါဟ်ဏါင်းခီး.....မွဲါဍူလာ့။

ဟိုးတချိန်တုန်းက…….။ ကျာပင့်ခီ ခါ့ဝီဍး
ဂျပန်ခေတ်ချွေးတပ်သား ဖံင်းမိုင့်ဏေ၀်.ထ သုဂ်လ်ုဖး
ထမင်းတနပ်….စားရဘို့အရေး မ်ုအင်းမေဝ်လ်ုပုကျး
ယင်ကောင်ဖမ်းပေးရသတဲ့။ ဖံင်းဖှေ်ဍူလာ့ကိုဝ်အ်ုဟှာ။

ဒုက္ခသည်ဒီဘက်ခေတ် တ္ဒုက်ခီ.ထံင်ထါင်စူးယါ့
ယင်ကောင်ကိုသာဒေါ်လာပစ်ကျွေးလိုက် ခွိက်ဍုဂ်အင်းဍူလာ့ဍ၀်လာ
အားလုံးအေးဆေးပဲ။ ကးအေးယှူးမျာ့ မုက်မုက်လာ။

ဒေါ်လာမပေးချင်လို့ ဖှေ်လင့်ကဲအေးစေဝ်ဍဝ်လာ
ယင်ကောင်ဖမ်းဘို့ပြင်ရင်တော့ မ်ုဖံင်းဍူလာ့အင်းတါင်သာ
ကတုံကယင်နဲ့ ဝမ်းလျှောရုံတင်မဟုတ် ဝါထေါတ်ဝါယေဟ်ဟှုဂ်လေ၀်လ်ုကါ
အသက်ကိုဖက်နဲ့ထုတ်ထားရမယ်။ သိင်းလးဖိုင် သာမိုင့်သ်ါထး။

နှုတ်သီးပြွန်နဲ့ဆိုတော့ အ်ုနောတ်အှ်အုခေါဟ်စံင်
ချွန်ချင်သလို......ချွန် သာအှ်သိုဝ် စူသှေ်
ထိုးချင်သလို.....ထိုးလို့ရတဲ့ သာအှ်သိုဝ် ဆေဝ်သှေ်
ကျုပ်……ယင်ကောင်။ ယ်ုယိုဝ်မွဲါ ဍူလာ့မံင်ယေဝ့်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 14, 2009

သနူးထူးဂျာနယ်မှကောက်နှုတ်ချက်အချို့

သနူးထူးဂှာနယ်မှ ကောက်နှုတ်ဖေါ်ပြချက်အချို့
တီးမောင်ဖြူ

(လေ့လာသူတဦး)


သူသည် KNLA တပ်ရင်း(၈)တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီးစောဂျိုး၏ တပ်ရင်းဌာနချုပ် တပ်ကြပ်ကြီး
တဦးဖြစ်ပြီး သူ့ကိုမောင်ဖြူဟုခေါ်ကြ၍ ငယ်ရွယ်သူများက တီးမောင်ဖြူဟုခေါ်ကြသည်။
၁၉၇၅ ခုနှစ်ခန့်တွင် KNLA တပ်ရင်း(၈)သို့တောခိုရောက်ရှိသည်။
၁၉၇၄ခု နှစ်ကုန်ပိုင်းတွင် မဆလ တပ်များ၏ဖြတ်လေးဖြတ်စစ်ဆင်ရေးကြီးသည် ပဲခူးရိုးမတိုင်းမှတဆင့်
အရှေ့ရိုးမတိုင်းသို့ကူးလာပြီး တပ်မဟာ (၃) ၏အတွင်းစည်းဖြစ်သော မူသယ်တွင်ဝင်ရောက်တပ်စွဲခဲ့သည်။
၎င်းနောက် ဖါပွန်နယ် ဖွဝေါ(ဆာမူပယ်)သို့ဝင်ရောက်တပ်စွဲကာ ကျောက်ကြီးမှမူသယ်၊မူသယ်မှဖွဝေါသို့ လူထုကိုချွေးတပ်ဆွဲ၍ ကားလမ်းဖေါက်ခိုင်းရာ လူထုအများအပြားအတုံးအရုံးသေဆုံးခဲ့ကြရသည်။
၁၉၇၄မှ၁၉၈၀ခုနှစ်အထိ ကျောက်ကြီးမြို့နယ်နှင့်မုံးမြိ့နယ်အတွင်း တောင်ခြေဒေသမှစစ်တောင်းမြစ်အထိ
ဒေသတလျှောက် မဆလ၏စစ်တပ်အင်အားများစွာဖြင့်ထိုးစစ်ဆင်မှုများကို ရဲရဲတောက်တိုက်ပွဲဆင်ခဲ့ကြ
သူများမှာ ကျောက်ကြီးမြို့နယ်တွင် ဗိုလ်ဘီ၊ ပဒိုမောင်တင်၊ ပဒိုနော်ဖလိုး၊ ဗိုလ်ရှမ်းတို့နည်းတူ မုံးမြို့နယ်
ဘက်တွင် ဗိုလ်ကျော်ရွှေနှင့် မောင်ဖြူတို့သည်လည်း ထင်ရှားသူများဖြစ်ကြသည်။
မဆလတပ်များ၏ ဖြတ်(၄)ဖြတ်စစ်ဆင်ရေးတွင် ရိက္ခာဖြတ်သောနည်းဗျူဟာကြောင့် ထွက်ပြေးတိမ်းရှောင်
ကြရသော လူထူအများအပြားရိက္ခာပြတ်လပ်၍သေဆုံးခဲ့ကြရသည်။
ထိုစဉ်က မဆလ၏လက်သုံးစကားမှာ “ကရင်တွေကိုရိုးရိုးကျည်နဲ့တင်မဟုတ်ပဲ ငစိန်ကျည်နဲ့ပစ်ရမယ်
ဟုကြွေးကျော်ကြုံးဝါးခဲ့ကြသည်။
၁၉၈၁-၈၂လောက်တွင်ကျောက်ကြီးနှင့်မုံးမြို့နယ်တို့တွင် ကွင်းဒေသများသို့ထိုးဖေါက်လှုပ်ရှားရသည်။
ထိုစဉ်က ရွှေကျင်မှကျောက်ကြီး၊ကျောက်ကြီးမှမုံး၊ မုံးမှဇရပ်ကြီးအထိ တောင်ခြေကားလမ်းတလျှောက်
ခြံစည်းရိုးခတ်ထားပြီးခြံစည်းရိုးတလျှောက် ၂ဖါလုံလျှင်ကင်းတဲတတဲဆောက်လုပ်ထားသည်။
ကျေးရွာလူထုကိုမဆလက နေ့ကင်းညကင်းစောင့်ခိုင်းသည်၊ ထို့အပြင် ညဘက်၌တနာရီပြည့်တိုင်း တုံးခေါက်
အချက်ပေးရသဖြင့် တုံးခေါက်သံများညစဉ်ဆူညံနေ၏။
ကျေးရွာတိုင်း ခြံစည်းရိုးသုံးထပ်ကာ၊ ညှောင့်စိုက်ထားသဖြင့် အကျဉ်းစခန်းသဖွယ်ဖြစ်ရုံမက ခွင့်ပြုချက်မရပဲ
ဝင်ထွက်သွားလာခွင့်မရှိချေ။
ခြံစည်းရိုးနှင့်ကားလမ်းကိုဖြတ်၍ ကွင်းဒေသသို့၎င်း၊ စစ်တောင်းမြစ်ရိုးသို့၎င်း ထိုးဖေါက်လှုပ်ရှားရန်အလွန်
ခက်ခဲသည်၊ ဇွဲနဘဲကြီးစွာဖြင့်ကွင်းဒေသသို့ထိုးဖေါက်လှုပ်ရှားရင်း ၁၉၈၇တွင် ကျွန်ုပ်တို့ကရင်အမျိုးသား
အာဇာနည် တီးမောင်ဖြူကျဆုံးခဲ့ရလေသည်။

လေ့လာသူတဦး
သနူးထူးဂျာနယ်
June, 2002






ချစ်ရဲဘော်များသို့ပေးစာ အမှတ်(၁၁)
(ရေဆန်)

တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ဖြစ်ဘို့ အခြေခံအားဖြင့် ဘာတွေလိုအပ်ပါသလဲ?
တော်လှန်ရေးခေါင်းတောင်ကောင်းတယောက်ကို ဘယ်လိုပေတံတွေနဲ့ တိုင်းထွာမှာလဲ?
ဘာကြောင့်လဲဆိုရင် ကရင့်တော်လှန်ရေးကြီးအတွက် တော်လှန်ရေးခေါင်းဆောင်ကောင်းတွေ
အထောင်အသောင်းလိုအပ်နေလို့ပါပဲ။
အဆုံးအဖြတ်သဘောဆောင်တဲ့ သမိုင်းကာလတခုမှာ တော်လှန်ရေးကိုဦးစီးခေါင်းဆောင်နိုင်စွမ်းရှိ
တဲ့ တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ဖြစ်ဘို့က အခက်ခဲဆုံးပါပဲ။
များသောအားဖြင့်လူတွေဟာ တန်ဘိုးကြီးမားလှတဲ့တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးသွားပြီးနောက်မှသာ ဒီခေါင်းဆောင်ကောင်းရဲ့ တန်ဘိုးကြီးမားမှုကိုသိကြပါတယ်။
ပွင့်လင်းဖြောင့်မတ်ခြင်းနဲ့ သစ္စာစောင့်သိမှုဟာ ခေါင်းဆောင်ကောင်းတယောက်မှာ မုချရှိရမယ့်အရည်
အချင်းတွေပါ။
ပြည်သူအပေါ်၊ မိမိအမျိုးသားအပေါ်၊မိမိရဲ့ရဲဘော်ရဲဘက်များအပေါ် ပွင့်လင်းဖြောင့်မတ်ခြင်းနဲ့သစ္စာရှိခြင်း တို့ဟာ တော်လှန်ရေးခေါင်းဆောင်ကောင်းတို့ရဲ့ ထူးခြားချက်နဲ့ဂုဏ်အရည်အသွေးဖြစ်တယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ကိုယ်ကျိုးစွန့်အနစ်နာခံ
လေ့ရှိတယ်။
သူတို့ရဲ့ပြည်သူ သူတို့ရဲ့အမျိုးသား သူတို့ရဲ့ရဲဘော်ရဲဘက်တွေအပေါ် အထူးချစ်ခင်လေးစားတတ်ကြတယ်၊
တန်ဘိုးထားတတ်ကြတယ်။
တက်တက်ကြွကြွဆည်းပူးလေ့လာခြင်းရှိကြသလို တက်တက်ကြွကြွအလုပ်လုပ်တတ်ကြတယ်၊ အသက်ပါပါ
ဆည်းပူးလေ့လာလေ့ရှိတယ်။
သဘောတရားနဲ့လက်တွေ့ကို ပေါင်းစပ်လေ့ရှိတယ်။
အကန်းနဲ့တူတဲ့ သဘောတရားမပါတဲ့လက်တွေ့မျိုး၊ အမြုံနဲ့တူတဲ့ လက်တွေ့မပါတဲ့သဘောတရားမျိုးကို ဆန့်ကျင်တယ်။
လေ့လာမှုကောင်းလို့ ဥာဏ်ပညာအရာမှာ၊ ဆင်ခြင်တုံတရားအရာမှာ ရန်သူထက်သာလွန်တတ်ကြတယ်။
သူရသတ္တိနဲ့ယုံကြည်စိတ်ရှိတယ်။
အထူးသဖြင့် တော်လှန်ရေးရဲ့အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးကာလများမှာ ပြည်သူတွေရဲ့ရှေ့ဆုံးတန်းက မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်မှုတာဝန်ကို မမှိတ်မသုံထမ်းဆောင်လေ့ရှိတယ်။
စည်းကမ်းစနစ်ရှိတယ်။
၁၉ရာစုခေတ်အစ,ကနေ ဒီကနေ့အထိခေါင်းဆောင်ကောင်းတို့ရဲ့ နေထိုင်ဆောင်ရွက်ချက်တွေဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ဘူး၊ ပေါ့ပေါ့ပျက်ပျက်မဟုတ်ဘူး၊ အပေါ်ယံကြောမဟုတ်ဘူး။
နေချင်သလိုနေ၊ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်တဲ့လူတွေဟာ ဘယ်တော့မှခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ဘူး။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ မိမိအဖွဲ့အစည်း၊ မိမိပြည်သူ၊ မိမိအမျိုးသား၊ မိမိလမ်းစဉ်နဲ့လုပ် ငန်းစဉ်တွေကို တာဝန်ခံလေ့ရှိကြတယ်။
မိမိချို့ယွင်းချက်နဲ့ အမှားတွေအားနည်းချက်တွေကိုရဲဝန့်စွာတာဝန်ခံကြသလို ရိုးရိုးသားသားပြုပြင်တတ်ကြ တယ်။
သမိုင်းမှာ တော်လှန်ရေးဆိုတာကိုမဖြတ်သန်းပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်ကို လွယ်လွယ်ကူကူရခဲ့တဲ့
သာဓကမျိုး မရှိခဲ့ဘူး။
ကမ္ဘာကိုစိုးမိုးခဲ့ကြတဲ့အင်္ဂလိပ်လူမျိုးတွေတောင် ၁၆ရာစုက Glorious Revolution ကိုဖြတ်သန်းခဲ့ရတယ်၊လော လောဆယ်ပြိုင်ဘက်မရှိ တခုတည်းကျန်နေတဲ့ အမေရိကန်ပြည်ထောင်စုတောင်မှ ၁၇၇၆ခုနှစ်က
American Revolution ကိုဆင်နွှဲခဲ့ရတယ်။
UN ရဲ့လုံခြုံရေးကောင်စည် အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်လည်း ၁၉ရာစုအတွင်းမှာ French Revolution
ကိုလုပ်ခဲ့ရတယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ စိတ်ဓါတ်အရ၊ တွေးခေါ်မှုအရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ
အလံကိုင်တွေဖြစ်ကြတယ်။
ဆရာမြသန်းတင့်ရဲ့ စကားနဲ့ဆိုရင် သူတို့ဟာ ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကိုတွေဝေခြင်းမရှိ ဖြတ်ရဲကြ
သူတွေဖြစ်တယ်။
တော်လှန်တဲ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ရဲ့စကားနဲ့ဆိုရင် သူတို့ဟာ မုန်တိုင်းထဲကလူတွေဖြစ်တယ်။
ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့စကားနဲ့ဆိုရင် သူတို့ရဲ့ခေါင်းထဲမှာ၊ အဘိဓမ္မာထဲမှာ လက်နက်ချအညံ့ခံရေးဆိုတဲ့ စာလုံးလုံးဝမရှိသူတွေဖြစ်တယ်။
တော်လှန်ရေးခေါင်းဆောင်ကောင်းဆိုတာ ရေစုန်မှာလှေကြုံလိုက်ပါလာကြတဲ့သူတွေမဟုတ်၊ ရေစီးကို ဆန်တက်ရဲကြသူတွေဖြစ်တယ်။
တိုက်စစ်မှာရှေ့ဆုံးတန်းက နေတတ်ကြသလို၊ ခံစစ်မှာလည်း သံမဏိကတုတ်ကြီးတွေဖြစ်တတ်ကြတယ်။
လက်ရှိကရင့်တော်လှန်ရေးရဲ့ ဂန္တဝင်တိုက်ပွဲကာလမှာ ကရင်ပြည်သူတွေရဲ့အကျိုးကို ကြည်ဖြူစွာထမ်းဆောင် ကြမည့် သံမဏိသူရဲကောင်း အထောင်အသောင်းလိုအပ်နေတယ်။
ကရင့်တော်လှန်ရေးသမိုင်းရဲ့ လိုအပ်ချက်ကိုဘယ်ပုံဘယ်နည်းဖြည့်ကြမလဲ?။
ရဲဘော်တို့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ကြ။
အဖြေပေးကြ၊

ရေဆန်
သနူးထူးဂျာနယ်
June 2002


ကရင်လိုဘာသာပြန်ချင်ပေမယ့် နည်းပညာပိုင်းဆိုင်ရာမှာ အလွန်အားနည်းနေတဲ့အတွက် ခဏတဖြုတ်လောက်
သည်းခံပေးကြပါ။
နောက်တခုက ကျုပ်Computer အလုပ်မလုပ်သလို လူကလည်းကျန်းမာရေးမကောင်းသေးပါဘူး။ အရင်ကလို
Scanner နဲ့လုပ်မယ်ဆိုပြန်တော့ Scanner ကလည်း နားမထောင်ပြန်ဘူး။
ကျုပ်ကိုကူညီကြပါ။ ပိုးကရင်ဖေါင့်ဘယ်လို ဒေါင်းလုပ်ယူရမလဲဆိုတာအပြင် ဒေါင်းလုတ်နည်း အသေးစိပ်ကိုပါ
ရေးသားပေးကြပါ။
အခုရေးသားကောက်နှုတ်ချက်တွေနဲ့ပတ်သက်လို့ သဘောထားအမြင်လေးတွေ ရေးပေးကြပါဦး။
ကျုပ်လူတော်ဖြစ်ချင်လို့မဟုတ်ပါဘူး။ လူညံ့တယောက်မဖြစ်ချင်လို့ပါ။
အားလုံးကိုလေးစားခင်မင်လျှက်
minsoesan09@gmail.com
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး





ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 9, 2009

ခေါင်းစဉ်မဲ့ မနက်ဖြန်များ

ခေါင်းစဉ်မဲ့ မနက်ဖြန်များသို့
(ထိန်လင်း)

ကြည့်လိုက်စမ်းပါ
တိမ်အောက်မှာ.....တောင်
တောင်အောက်မှာ....တော
တောအောက်မှာ…..တဲ
တဲထဲမှာ….လူ
အဲဒီလူ….အဲဒီလူတွေဟာ
ကမ္ဘာမြေကို….အားကိုး
ဆိုးရွားတဲ့အရပ်ကို....ရှောင်
တောကြို….လျှိုမြောင်ကြား
ဒုက္ခများကို….ရင်ဆိုင်
လောကဓံ…..အနိုင်နွှဲ
မာန်တင်းလို့ပေါ့။

မာယာများတဲ့….တောနက်ထဲ
ဆင်းဆင်းရဲရဲ...နေကြရ
ဒီအနုညာတ….ဘ၀တွေကြားမှာ
အနာဂါတ်ကို….ပြင်ဆင်
ပတ်ဝန်းကျင်အသွင်သစ်
ဖွင့်လှစ်ဖို့စွမ်းလောက်တဲ့
တယောက်က….တရာ
တရာက…..တထောင်
အမှောင်ကိုအလင်းဆောင်မဲ့
နွံနစ်တဲ့…..ပတ္တမြားတွေ
အသေအချာ
တကယ်ရှိတာမို့
အတပ်သိ
ထွက်ပေါ်စေရေး
တို့တတွေ…..ကြိုးပမ်းကြစို့။


ထိန်လင်း
သနူးထူးဂျာနယ်(June, 2002)




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗီဇ

ဗီဇ


ဗီဇဆိုသည်မှာ မွေးကတည်းကပါလာသော၊ မိခင်ဝမ်းတွင်းမှကျွတ်ကတည်းက ပါလာသော အကျင့်စရိုက်
မျိုးကို ဆိုလိုသည်ဟု ထင်ပါသည်။
ထိုဗီဇသည် လုံးဝပယ်ဖျက်၍မရနိုင်သည့် အရာတခုဟုဆိုလျှင်ရမည်ထင်သည်။
ခွေးလိမ္မာများသည် မည်မျှပင်လိမ္မာစေကာမူ ဟောင်တတ်သောအကျင့်ကို ဖျောက်ဖျက်၍မရသည့်နည်းတူ
လူသည်လည်း မွေးရာပါဗီဇကို ဖျောက်ဖျက်၍မရစကောင်းချေ။
လူ့အသိုက်အမြုံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ထူထောင်ရာ၌ ဦးဆောင်သူသည် မရှိမဖြစ် လိုအပ်သည်။
အကျင့်ကောင်းများ၊ စရိုက်ကောင်းများဖြင့် အသင်းအဖွဲ့ကို ဦးဆောင်ဦးရွက်ပြုသည့် လူဦးရည်များသောအဖွဲ့
အစည်းသည် တိုးတက်အောင်မြင်မည်ဖြစ်သော်လည်း ကောင်းသောအကျင့်စရိုက်များ မရှိသည့် လူအများစု ဦးဆောင်သည့်အဖွဲ့အစည်းသည်ကား ဆန့်ကျင်ဘက်အကျိုးကိုသာ ပေးမည်ဖြစ်သည်။
အိမ်တအိမ်တွင် ခေါင်ချုပ်မှ မိုးယိုနေသည်ကို သိနေပါလျှက်၊ ခေါင်ကိုမပြင်ပဲ ကြမ်းကိုသာလဲနေသော အိမ်
သည်၊ရေရှည်တွင်မည်သို့ဖြစ်နိုင်မည်ဆိုသည်ကို ခန့်မှန်းနိုင်မည်ဖြစ်၏။
အဖွဲ့အစည်းတခုတွင် ထိပ်ပိုင်းတွင်နေရာယူသူတဦးသည် မည်မျှအရေးပါသည်ကို ဆိုလိုခြင်းဖြစ်၏။
အဖွဲ့အစည်းတခု ရေရှည်တည်တံ့ခြင်း၊ မကြာမတင်ပျက်ဆီးပျောက်ကွယ်ခြင်းသည် အကြောင်းအချင်းအရာ
များစွာအနက် ဗီဇမကောင်းသောသူများ နေရာယူမှုနည်းခြင်းများခြင်းသည်လည်း အချက်တခုဖြစ်ပါ၏။
စာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံအရ ကောင်းသောရည်ရွယ်ချက်များ(စီမံကိန်း)ဖြင့် တည်ထောင်ဖွဲ့စည်း
ထားသည့်အဖွဲ့အစည်းအချို့ လျှင်လျှင်မြန်မြန်ပျက်ဆီးယိုယွင်းသွားသည့်အဖြစ်ကိုတွေ့ခဲ့ရ၏။
ထိုအဖွဲ့ရှိထိပ်ပိုင်းခေါင်းဆောင်အများစု၏ စိတ်နေသဘောထားများသည် ဤသို့ရှိကြ၏။
ရှိတဲ့လူနည်းနည်းလေးနဲ့ ကြိုးစားလုပ်လာတာ အောင်မြင်ကာနီးလာမှ မင်းတို့ဘာမှပါဝင်ပတ်သက်စရာ
မလိုဘူး။
ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားပြီးမှ ပြန်ဝင်လာမယ်ဆိုရင် ငါကတော့ဒီအဖွဲ့ကထွက်ပြီးသားပဲ။
ငါမပါလို့ကတော့ ဒီအဖွဲ့ပျက်တာပေါ့ကွာ။
ငါပေးတဲ့အကြံကိုမယူရင် ငါဆိုတဲ့ကောင်က ဘယ်သူ့ကိုမှဗိုလ်မထားဘူး။
ငါကဘာမှမလုပ်တတ်ပေမယ့် ခိုင်းတတ်တယ်ကွ။
ဒီအဖွဲ့ကို ငါဦးဆောင်မယ် ငါဦးမဆောင်ရရင် နောက်တဖွဲ့ဖွဲ့မယ်။
ငါ့ကိုထောက်ခံပါ၊ငါ့ကိုကလန်ကဆန်လုပ်လို့ကတော့ ကျန်းမာရေးချို့တဲ့သွားမယ်။
ငါခေါင်းဆောင်ကွ၊ငါပြောတဲ့အတိုင်းလုပ် အဓွန့်မတက်နဲ့။
ပေါင်းစည်းကြတာပေါ့၊ ဒါပေမယ့် မင်းတို့အားလုံးငါ့အမိန့်နာခံရမယ်။
ငါခေါ်တဲ့အခါလာထားနော်၊ နောက်ကျရင်တော့ငါ့အဆိုးမဆိုနဲ့။
ငါတို့ကလူနည်းစုကွ ဟိုဘက်အုပ်စုကအင်အားကြီးတော့ သူတို့နဲ့ပေါင်းမှဖြစ်မယ်။
ထိုစိတ်သဘောထားများထားရှိကြ၍ ထိုအဖွဲ့ဆုတ်ယုတ်ကျဆုံးလေတော့၏။
ကံကောင်းထောက်မ,၍ ဖေါ်ပြပါစိတ်သဘောထားများဖြင့် အများစုဦးဆောင်သော်လည်းအခိုက်အတန့် တည်တံ့နေနိုင်သည့်အဖွဲ့အစည်းတခုခုသည် အခြေခံလူထုကို ကောင်းကျိုးပေးဆောင်မည့်အဖွဲ့မျိုး
မဟုတ်။
လူထုအပေါ်ဂုတ်သွေးစုတ်ကာ အကြမ်းဖက်အနိုင်ကျင့်ဗိုလ်ကျသည့် ဝေစားမျှစားအဖွဲ့အစည်းမျိုးသာ
ဖြစ်၏။
အဝေအစားမတည့်သောနေ့တနေ့တွင် ထိုအဖွဲ့ကံဆိုးမိုးမှောင်ကျမည်သာတည်း။span id=<"fullpost">
အတုယူစရာကောင်းသောခေါင်းဆောင်တဦးအကြောင်း ရေးသားတင်ပြလိုပါသည်။
ထိုအဖွဲ့အစည်းသည် လူနည်းစုဖြစ်ပြီး မထင်ရှားသောအဖွဲ့ဖြစ်၏။
လူနည်းစုဖြစ်သော်လည်း အင်အားကြီးမားသူထံပူးပေါင်းခြင်းအလျှဉ်းမလုပ်၊ သို့သော်လေ့လာစူးစမ်းမှု
ဝိရိယအလွန်မြင့်မား၏။
ထိုအဖွဲ့ကိုဦးဆောင်သူက “ဆင်းရဲတဲ့သူဆိုတာ ချမ်းသာတဲ့သူနဲ့ပေါင်းမိပြီဆိုရင် သူ့ဘ၀အမြဲတမ်း
နိမ့်ကျပြီသာမှတ်...ကိုယ့်မှာရှိတဲ့အင်အားကိုမြင်တတ်ရတယ်...အသုံးချတတ်ရတယ်...လေ့လာမှုလိုတယ်
လိုအပ်တဲ့ပြင်ဆင်မှုမျိုးလုပ်ထားရတယ်
အခန်းအနားတခုကို ဦးဆောင်ကျင်းပ,သောအခါ ထိုသူသည် အဖွဲ့၏အဓိပတိကြီးဖြစ်ပါလျှက် သဘာပတိနေရာ
တွင်မနေပဲ အောက်ခြေသိမ်းအလုပ်များကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်၏။
အောက်ခြေသိမ်းဆိုသည်မှာ အခန်းအနားသို့တက်ရောက်လာသူများကို နေရာချထားပေးခြင်း၊ စားသောက်စရာများဝေငှချထားပေးခြင်း၊ အမှိုက်သရိုက်များသိမ်းဆည်းခြင်း၊ အညစ်အကြေးများကို သန့်စင်
ခြင်းများကိုလုပ်လေ၏။
ဒီလိုလုပ်ရတာက နောက်ပေါက်တွေကို နေရာပေးတာ၊ အတွေ့အကြုံရှိလာအောင်လေ့ကျင့်ပေးတာ၊ ပြုစုပျိုးထောင်တာ၊ အခန်းအနားမစ,ခင် တလလောက်ကြိုတင်သင်ပေးထားတယ်၊ သဘာပတိပြောရမယ့်
စကားအသုံးအနှုံး၊ အခန်းအနားမှုးကအစ,သဘောထားထုတ်ပြန်ချက်ဖတ်တဲ့သူအဆုံး၊ သူ့နေရာနဲ့သူ
ထောင့်စေ့နေအောင်၊ ဒါတောင်မှအားနည်းချက်တွေကတပုံကြီး၊ နောက်တခုက အခန်းအနားတက်လာ
သူတွေရဲ့ အခြေအနေကို အနီးကပ်လေ့လာလို့ရတယ်၊ ကိုယ်လုပ်တဲ့အခန်းအနားအပေါ် စိတ်ဝင်စားမှုနည်း
ခြင်းများခြင်း၊ အဲဒီလိုလုပ်နိုင်တော့ ကိုယ့်အဖွဲ့ရဲ့အားနည်းချက်ကို သိတဲ့အတွက်ပြင်သင့်တာအချိန်မှီပြင် နိုင်တယ်၊ ကလေးတွေကိုသင်ပေးတာက နည်းစနစ်တွေ၊ ကြက်တူရွေးနှုတ်တိုက်မဟုတ်ဘူး
ခေါင်းဆောင်အများစုသည် ထိုသို့မမြင်၍လားမသိ။
သဘာပတိနေရာမျိုးမှနေ၍ စင်မြင့်ပေါ်တွင်ပွါးနေလေတော့၏။
မည်သို့ဆိုစေ ဖေါ်ပြခဲ့ပြီးသောအဆင့်အတန်းနိမ့်ကျသည့် စိတ်သဘောထားများနှင့်ဗီဇရှိသူအများစုတို့
ပေါင်းစု၍ ဦးဆောင်သောအဖွဲ့အစည်းမှ ရှင်သန်ထိုးထွက်လာမည့် မျိုးဆက်သစ်များအတွက် ရင်လေးမိ
သည်သာမက, အခြေခံလူထုအတွက် အကျိုးမဲ့စေသောအဖွဲ့အစည်းများ လူ့အဆောက်အဦးအတွင်း
တဆထက်တဆ တိုးတက်များပြားလာမည်ဆိုပါက..........။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
span id=<"fullpost">

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂုဏ်သိက္ခာ

ဂုဏ်သိက္ခာ

အခန်း(က)

“သမီး…..ရေနွေးဆူပြီလား....?”
“ဟုတ်ကဲ့အဖေ…အခုလေးတင်လ္ဘက်ခြောက်ခပ်ထားလိုက်တယ်...”
ဖိုးတုတ်သည်အိမ်ရှေ့ခန်းမှ မီးဖိုဆောင်အတွင်းသို့ဝင်လာ၏။
ဖိုခနောက်ပေါ်ရှိထမင်းအိုးထဲမှ ထမင်းကြမ်းကိုပန်းကန်အတွင်းသို့ ခူးထည့်လိုက်ပြီး
ခုံဝိုင်းပေါ်ရှိ မနေ့ညကငရုပ်သီးမှုန့်ပါရုံလေးဖျော်ထားသည့် ငါးပိရည်လက်ကျန်ကိုထမင်း
ပေါ်သို့ ဆမ်းချလိုက်သည်။
လက်ကျန်ကြောင်လျှာသီးမီးဖုတ်ဖြင့် ကတိုက်ကရိုက်စားလေ၏။
ရေနွေးကြမ်းဖြင့် ထမင်းကိုမျှောချလိုက်သည်၊ ပူလိုက်သည့်ရေနွေး လျှာကျွတ်မတတ်။
ဖိုးတုတ်သည် သမီးဖြစ်သူကိုလူတလုံးသူတလုံးဖြစ်ရန် ကျောင်းထားချင်သော်လည်း အခြေအနေက
မပေး။
ယနေ့အိပ်ရာထ,အနည်းငယ်နောက်ကျသဖြင့် အလုပ်ကမသေခြာ။
အသက်အရွယ်ကြီးရင့်သော ဖိုးတုတ်အတွက် အလုပ်ရှင်ရှားလွန်းလှ၏။
စားဝတ်နေရေးကြပ်တည်းသောကြောင့် သမီးဖြစ်သူခမျာ အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ တရားမ၀င်အလုပ်
သမအဖြစ် အလုပ်လုပ်ရန်ထွက်သွားလေ၏။
ဘာမျှမကြာလိုက် ၈၈ ကျောင်းသားတဦးနှင့်အကြောင်းပါကာ နိုင်ငံခြားထွက်သွားကြောင်းကြားလိုက်ရ၏။
သမီးဖြစ်သူက နိုင်ငံခြားသို့လာရန်ခေါ်သော်လည်း ဖိုးတုတ်တယောက် သူမြတ်နိုးတွယ်တာသည့် သည်မြေ
သည်ရေကို မခွဲချင်။
သို့သော်မင်းဆိုးမင်းညစ်၏ အများပြည်သူဆင်းရဲတွင်းနက်သည်ထက်နက်အောင် မကောင်းသည့်ဘက်၌
အလွန်ကြွမ်းကြင်လိမ္မာမှုကြောင့် အလွန်ဧချမ်းသာယာသည့် သည်မြေ သည်လေ သည်ရေကို ဖိုးတုတ်
စွန့်ခွါခဲ့ရလေ၏။

အခန်း(ခ)
ဒုက္ခသည်စခန်းတခုအတွင်းသို့ ဖိုးတုတ်ရောက်ခဲ့လေပြီ။
Under Table(အောက်လမ်း)နည်းဖြင့်ဒုက္ခသည်အဖြစ်ကို ဖိုးတုတ်ရရှိခဲ့ခြင်းဖြစ်သည်။
စခန်းအတွင်းရောက်အောင်ပို့ပေးသူ၊စခန်းအတွင်းရှိဆိုင်ရာပိုင်ရာများအပြင် ၎င်းတို့၏လက်ပါးစေ
ခိုင်းဖတ်များကို အဆင့်ဆင့်ပူဇော်ပ,သ,ရ၏။
နေစရာအိမ်၊ စားစရာရိက္ခာ ဘာဆိုဘာမှမပူရ။
ရေအတွက် တလ ဘတ်၁၀၀ပေးလိုက်ရုံသာ၊ သို့သော်အများကြားကောင်းအောင်တော့ လိမ်ညာပြောဆို
ပေးရ၏။
“အဘက အသက်ကြီးတော့..... ရေပိုက်နားသွားတန်းစီဘို့မလွယ်ဘူးလေ....အသက်ကြီးသူတွေကို
တာဝန်ရှိသူက.....သီးသန့်စီစဉ်ပေးတာပါ.....”
သမီးပို့ပေးလိုက်သောအစိမ်းများသည် အလွန်တန်ခိုးထက်မြက်စူးရှလှပါပေ့။
စားနပ်ရိက္ခာကားများရောက်လာပါက ကားပေါ်မှစားကုန်သောက်ကုန်များကို သိုလှောင်ရုံအတွင်းသို့သွင်းရ
၏။
ရိက္ခာသယ်ချခ ဘတ်လေးဆယ်ပေးရသည်၊ ကင်းခတလ ဘတ်နှစ်ဆယ်ပေးရသည်။
ကိုယ့်ကင်း ကိုယ်တိုင်စောင့်မည်ဆိုတော့စောင့်ခွင့်မပေး။
ကင်းခပေးရန် ငွေမရှိသူများ ဆီတပုလင်းဖြတ်ယူထားခြင်းခံရ၏။
ဗမာပြည်တွင်းမှ မင်းဆိုးမင်းညစ်စရိုက်များ နယ်စပ်ဒုက္ခသည်စခန်းအတွင်းသို့ မည်သို့မည်ပုံ
စိမ့်ဝင်နေသည်ကို ဖိုးတုတ်စဉ်းစားရန် ဥာဏ်မမှီချင်တော့။
သမီးပို့ပေးလိုက်သောငွေများကိုထုတ်ရန် ဖိုးတုတ်အပြင်ထွက်ရသည်၊ ထိုအခါ အပြင်ထွက်ခွင့်လက်မှတ်
ရေးရ၏။ လူတဦးလျှင်သုံးရက်ထွက်ခွင့်ရှိ၏၊ လက်မှတ်တစောင်ဘတ် ၁၀၀ပေးရ၏။
သုံးရက်ထက်ပိုလိုချင်ပါက Kroung Htip(စီးကရက်) တဗူးပေးရသည်။
မိသားစုတစုအတွင်း လူတဦးလျှော့နေသဖြင့် ဖိုးတုတ်လူစားဝင်လိုက်သည်။
အားလုံးနီးပါးအဆင်ပြေချောမွေ့သွားလေပြီ။

အခန်း(ဂ)
သမီးဖြစ်သူထံသို့ ဖိုးတုတ်ရောက်ရှိခဲ့ပါချေပြီ။
သမီးဖြစ်သူပြောသော ၈၈ကျောင်းသားဆိုသူကိုမတွေ့ရ။
မီးသွေးတုံးက အဖေခေါ်ရလောက်အောင် မဲတူးနေသည့်လူထွားကြီးတဦးကိုတွေ့ရသည်။
Boy friend ဟုပြော၏။
ထိုလူမဲဖြင့်အတူနေကြောင်း၊ ၈၈ကျောင်းသားနှင့်ဟန်ဆောင်လင်မယားအဖြစ် UNHCR တွင် မလှိမ့်
တပတ်လုပ်ပြီး နိုင်ငံခြားထွက်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းသာအားရပြောနေသည့် သမီးဖြစ်သူကို ကြည့်ကာ
ဖိုးတုတ်တယောက် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတော့သည်။
သမီးဖြစ်သူနေအိမ်ရှိ ထမင်းစားခန်းသည် ကျယ်ဝန်းသည်ဟုပြောနိုင်၏။ လူ၁၂ ဦးတပြိုင်တည်းဝင်စား
နိုင်ပြီး အစားအသောက်များတင်ထားသည့် လက်တွန်းလှည်းနှစ်စဉ်းရှိ၏။
မည်မျှအဆင့်အတန်းမြင့်မားသည်ဆိုစေကာမူ ဖိုးတုတ်အတွက် စိတ်မောလူမောစရာများသာ ဖြစ်ခဲ့ပါ၏။
တနေ့တရက်လေးမျှ စိတ်မချမ်းသာရ။
ဟိုဟာစား စားပြန်ပြီ၊ သည်ဟာစား စားပြန်ပြီနှင့်သမီးဖြစ်သူ မြည်တွံတောက်တီးနေသောကြောင့်ဖြစ်၏။
အသက်အရွယ်ရလာသော ဖိုးတုတ်သည် အစားအသောက်ကို များများမစားနိုင်ပါ၊ နည်းနည်းချင်းနှင့်
အကြိမ်များများစားရ၏။
သမီး၏ Boy friend ဆိုသူပုဂ္ဂိုလ်ကြီး၏ မွေးနေ့ဖြစ်သည်။
ဝတ်ကောင်းစားလှများဖြင့်လူအချို့ရောက်လာကာ စားပွဲဝိုင်းတွင် နိုင်ငံခြားရုပ်ရှင်ကားများအတိုင်း
ပြောဆိုစားသောက်နေကြ၏။
အသက်ကြီးရင့်သူတို့၏ ထုံးစံအတိုင်း ဖိုးတုတ်သည် အလွန်ဆာလောင်လာသဖြင့် မီးဖိုဆောင်သို့ဝင်ကာ
KFC (Kentucky Fried Chicken)တတုံးကို ယူစားလိုက်သည်။
ထိုအခိုက် သမီးဖြစ်သူ၏ Boy friend က ကြက်သားကြော်လာယူခိုက်နှင့်ဆုံလေတော့၏။
အပြင်တွင်သူတို့တသိုက် ဘိုလိုထော့ကင်းနေသည်ဖြစ်၍ ဘာပြောနေသည်ကို
မီးဖိုဆောင်အတွင်းမှ ဖိုးတုတ်နားမလည်ပါ။
သို့သော်တခုခုမှားနေသည်ဆိုသည်ကိုတော့ ဖိုးတုတ်အလိုလိုသိလိုက်ပါ၏။

အခန်း(ဃ)
စိုးရိမ်ထိတ်လန့်မှုများ၊ အားငယ်စိတ်များ၊ မိမိကိုယ်ကိုမကြေနပ်မှုများကြောင့် ဖိုးတုတ်တယောက်
ဂဏှာမငြိမ်ဖြစ်နေစဉ် အခန်းတံခါးကို ၀ုန်းကနဲဆွဲဖွင့်လိုက်သံနှင့်အတူ သမီးဖြစ်သူအခန်းအတွင်းသို့
ဝင်လာ၏။
“အဖေ….ခုချိန်မှာ သမီးဟာ နေ့စားသမား၊ ကျဘမ်းသမား ဖိုးတုတ်ရဲ့သမီးမဟုတ်တော့ဘူးဆိုတာ အဖေ့ကို
ခဏခဏပြောထားတယ်.... ပြီးတော့အဖေဟာလည်း......အင်မတန်ဆင်းရဲတဲ့..... ကျဘမ်းသမားဖိုးတုတ်
ဘ၀မျိုးမဟုတ်တော့ဘူးဆိုတာလည်း..... ပြောထားတာပဲ အစားအသောက် အနေအထိုင်ဆင်ခြင်ဘို့..... သတိပေးခဲ့တာလည်း အကြိမ်မနည်းတော့ဘူး.....”
သမီးသည် လေသံကိုထိန်း၍ပြောနေသော်လည်းဒေါသမည်မျှထွက်နေသည်ကို ဖိုးတုတ်ကောင်းကောင်း သိပါ၏။
“သမီးဟာ…. အဆင့်အတန်းမြင့်တဲ့၊ လူဂုဏ်တန်အသိုင်းအ၀ိုင်းတွေကြားမှာ လှုပ်ရှားရုန်းကန်နေရတယ်
ဆိုတာအဖေ သိမှာပါ….ဒီလိုအဆင့်မြင့်တဲ့သမီးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဘို့အတွက်.....အဖေ့မှာ
တာဝန်ရှိပါတယ်အဖေ....အခုတော့.....အဖေ့လုပ်ပုံက...သမီးရဲ့ဂုဏ်သိက္ခာတွေ.....ဘာဖြစ်ကုန်ပြီလဲ?
သမီးရဲ့မျက်နှာ.....ဘယ်လိုထားရမှာလဲ?.....”
သမီးသည် မျက်နှာကို လက်ဖ၀ါးနှစ်ဖက်ဖြင့်အုပ်၍ အခန်းပြင်သို့ ထွက်သွားပါတော့သည်။
သမီးဆိုလိုသည့် ဂုဏ်သိက္ခာဆိုသည်ကို ဖိုးတုတ်စဉ်းစားကြည့်မိ၏။
မြန်မာပြည်မှဝန်ထမ်းအချို့ နည်းမျိုးစုံဖြင့်ပြည်သူအပေါ်ရိုက်စားလုပ်ကာ ထည်ထည်ဝါ၀ါနေထိုင်နိုင်မှုကို
ဂုဏ်သိက္ခာဟုဆိုမည်လော?၊
မုန့်ဟင်းခါးတပွဲ ၁၀၀ဟုဆိုင်းဘုတ်ချိတ်ထားသောမုန့်ဟင်းခါးသည်က လာစားသူအား အကြော်တခုချေ
ထည့်ကာ ၁၃၀ တောင်းခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ကမ္ဘာ့စီးပွါးရေးကျဆင်းမှုကြောင့် အလှူရှင်နိုင်ငံများမှ အကူအညီများလျှော့ချနေသည်ဟု ပြောဆိုကာ
ကိုယ်ပိုင်ကုန်စုံဆိုင်တည်နိုင်ခြင်း၊လိုင်းကားပြေးဆွဲနိုင်ခြင်း တို့သည် ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ရေရရေးအတွက် သားသည်မိခင်များ နေ့တဓူဝ ရေဘုံပိုင်အနား ငြင်းခုံပြောဆိုခြင်းကို ဂုဏ်သိက္ခာဟု
ဆိုမည်လော?၊
ကျွန်ုပ်တို့သည် တရားဝင်အကြင်လင်မယားဖြစ်ပါသည်ဟု UNHCR ၌လိမ်ညာပြောဆို၍ တတိယနိုင်ငံ
သို့ထွက်လာနိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုပါပဲလျှက် ဆန့်ကျင်ဘက်လိင်နှင့် တအိုးတအိမ်အတူနေထိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ခေတ်ပညာတတ်မဟုတ်သောဖိုးတုတ်၊ ခေတ်ပညာတတ်အတွေးဖြင့်တွေးလိုက်၏။
ကမ္ဘာ့ရာသီဥတုပြောင်းလွဲလာမှုကြောင့် တိရိစ္ဆာန်တို့သည် ပြောင်းလွဲနေထိုင်ကြကုန်၏။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 25, 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 8, 2009

အမင်္ဂလာအဓိပတိ


အမင်္ဂလာအဓိပတိ



ဦးဆောင်ရမယ်

ဟုတ်လား?
အကြောက်တရားနဲ့ယှဉ်တွဲတဲ့
နောက်လိုက်ကောင်း.....ဖြစ်ခဲရတယ်။

လူသတ်ရမယ်
ဟုတ်လား?
အမှားမရှိတဲ့....အပြစ်မဲ့သူတွေရဲ့သွေး
မင်းလက်မှာ..... စွန်းထေးခဲရတယ်။

အမိန့်ပေးရမယ်
ဟုတ်လား?
ညစ်စုတ်တဲ့လူနည်းစုအတွက်
ဖြူစင်တဲ့လူများစွာရဲ့ဘ၀ကို
မငဲ့တဲ့ရာဇသံမျိုး....... ပေးခဲရတယ်။

အချောင်သမားဗီဇ
ဝါးတီးမှန်သမျှအကုန်ဆွဲ
အရင်းမဆိုက်ပဲလှေထိုးလိုက်ဘို့ပြင်
သူ့မယားလိုချင်ရင် သူ့လင်ကိုလှံနဲ့ထိုး
ညစ်ညမ်းပုတ်သိုးတဲ့ အကျင့်ဆိုးနဲ့ခေါင်းဆောင်လုပ်
တော်တော်ယုတ်တဲ့..... လူမသမာ။

ပြည်သူဆိုတာ
အခြေခံလူထုကြမ်းခင်းဖြစ်ပေမယ့်

မင်းလို…….
ထမင်းတနပ်၊ချေး(ချီုး)တနပ်စားပြီး
လူလုပ်နေကြသူတွေမဟုတ်ဘူး။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 23 2009
ဲ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....