+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, February 28, 2010

စိုင်းဆိုင်မောဝ် ကျွန်တော့်ရဲ့ စံပယ်

တောင်ပေါ်သားလေးတယောက်ရဲ့ မြေပြန့်သူလေးတယောက်အပေါ် ချစ်မိတဲ့အဖြစ်ကိုတော့ ဒီမှာခံစားနိုင်ပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လွှမ်းမိုး ပုထုဇနော ဥုမ္မတ္တကော

လွှမ်းမိုးရဲ့ ပုထုဇနော ဥုမ္မတ္တကော ဆိုတာလေးကို နားဆင်ကြပါစို့လား

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တေးသံရှင်နာမည်နဲ့ သီချင်းနာမည် မသိလို့ပါ

အချစ်နဲ့ပတ်သက်လာရင် မိန်းကလေးတွေမှာလည်း ဒီလိုရှိတတ်ကြပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စိုင်းထီးဆိုင် ဆင်းရဲသားအတွေး

စိုင်းထီးဆိုင်ရဲ့ ဆင်းရဲသားအတွေး ပါ ခံစားကြည့်ကြပါနော်။


သီချင်းတင်နည်းသင်ပေးတဲ့ ဆုတောင်းကို အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒါဖတ်ပြီးမှ သွားကြပါ

ဒါဖတ်ပြီးမှ သွားကြပါ
(မင်းစိုးစံ)

(ပ) “ဟေ့လူ ဘာလုပ်နေလဲဗျ၊”
(ဒု) “ဒီလိုပါပဲဗျာ မကြာခင်နွေပေါက်တော့မှာဆိုတော့ ငါးမျှားထွက်ဘို့ လိုအပ်တာတွေ ပြင်ဆင် နေတာ”

(ပ) “ငါးမျှားတော့ အိမ်အတွက် မီးဖိုချောင်စားရိတ်သက်သာတာပေါ့၊ ရေကန်ပေါင်း ၁၀၀၀၀ ကျော် ရှိတဲ့ ပြည်နယ်ဆိုတော့ ခင်ဗျားတော့ မင်ဏီဆိုးတား တံငါသည်ဖြစ်နိုင်လောက်ပါရဲ့”
(ဒု) “တံငါသည်ဖြစ်တာမဖြစ်တာတော့ မသိဘူး၊ ငါးလတ်လတ်ဆတ်ဆတ် စားရ,တာပေါ့”

(ပ) “ခင်ဗျားက ငါးလတ်လတ်ဆတ်ဆတ်စားချင်တယ်ဆိုရင် ဘိတ်စာတခုတွေ့တယ်ဗျ၊ ဘယ်လောက် မှ မကျဘူး”
(ဒု) “ဟုတ်လား ဘယ်မှာလည်းဗျ ဘယ်လောက်ကျလဲ၊ အလုပ်က အပမ်းဖြေခရီးခွင့် ရ,ရင်သွားချင် တယ်”

(ပ) “ဂျပန်မှာလေဗျာ ယန်း၁၃၅၀ ဆိုရင် ရေလည်အဆောက်အဦးပေါ်ကနေ ညနေ ၄း၀၀နာရီကနေ ည ၇း၃၀ အထိရေသတ္တဝါတွေကို ကြည့်ပြီး အပြတ်မှိန်းလို့ရ,တယ်ဆိုပဲ”
(ဒု) “ဟုတ်လား နောက်တော့ရော ဘာတွေရှိသေးလဲ?”

(ပ) “ဂျပန်ရောက် ကရင်တွေနဲ့မိတ်ဆွေဖြစ်ဦးမယ်၊ ရင်းနှီးမှုတွေပိုပြီးရ,လာမယ်လေဗျာ၊ ကြိုတင် နာ မည် စာရင်းသွင်းထားနော်၊ ဖုန်းနံပါတ်တွေ အများကြီးဆိုတော့ ဆက်သွယ်ရ,တာ လွယ်တယ်”
(ဒု) “အိုးဟိုး သိပ်ကောင်းတဲ့အစီအစဉ်ပဲ၊ အဲဒါမှ နိုင်ငံခြားရောက်နေတဲ့ကျုပ်တို့ကရင်တွေ စည်းရုံးမှုပိုရှိလာမှာဗျ”

(တ) “ခင်ဗျားတို့နှစ်ယောက် ဘာတွေ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြတာလဲ”

(ဒု) “ငါးလတ်လတ်ဆတ်ဆတ်စားချင်တဲ့ကျုပ်ကို ဒီလူက ဂျပန်က,ဘိတ်စာအကြောင်း လာပြောနေ တာနဲ့ အခုလာမယ့် Juneလ,မှာ Vacation ယူပြီး သွားမလားလို့”
(တ) “အင်းပေါ့ဗျာ ဒါပေမယ့် တခုတော့ပြောချင်တယ်၊ Blog တခုပေါ်မှာရေးထားတဲ့ စာပိုဒ်လေးတခု ကို ဖတ်ကြည့်ပြီးမှ သွားရင် ပိုကောင်းမလားလို့ပါ”

(ပ+ဒု) “ဘာတွေရေးထားလို့လဲ ဆရာသမားရဲ့”

(တ) “သူရေးထားတာကတော့ အများသား၊ မှတ်မိသလောက်လေးပြောပြမယ်”
“ရွာကထွက်ပြေးလာတဲ့ ရွာသားတချို့ရဲ့ ပြောပြချက်အရ နအဖ စစ်တပ်ဟာ ကေအင်န်ယူတပ်ဖွဲ့ကိုထိပ် တိုက် ရင်မဆိုင်တော့ပဲ ရွာသားတွေကိုသာ လိုက်ပြီးပစ်ခတ်သတ်ဖြတ်နေတာကြောင့် ကိုယ့်လူမျိုးကို တတ်နိုင်တဲ့ဘက်က အကူအညီပေးကြဘို့ မေတ္တာရပ်ခံပါတယ်၊ ပိုက်ဆံ တဒေါ်လာဆိုတာ ခင်ဗျားအ တွက် အချိုရည်တဗူးတောင် ဝယ်သောက်လို့ မရ,ပါဘူးတဲ့ သူတို့မိသားစုအတွက်တော့ ညမနက်ထ မင်းစားလို့ရ,ပါတယ် ဆိုပြီးအဲဒီလိုကိုရေးထားတဲ့အပြင် ဓါတ်ပုံတွေပါပြထားတာ၊ ကျုပ်တောင် CD ထဲ ဓါတ်ပုံတပုံကူးထည့်ထားတယ်”
“အဲဒီတော့ အပေါ်ကစာကိုဖတ် အခုဓါတ်ပုံလေးကို ကြည့်ပြီး၊ ဂျပန်က မိတ်ဆုံစားပွဲမှာ တဝ,တပြဲ စားနိုင်သောက်နိုင်ပါစေဗျား”


(ပ+ဒု) “ခင်ဗျားဟာက သေခြာလို့လား”
(တ) “ဘာလဲ မယုံကြဘူးဆိုပါတော့၊ ဒါဆိုရင်http;//sawkyawlay.blogspot.com အဲဒီကိုသွားပေတော့”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, February 27, 2010

အါင်ဟှေဝ်တာၟလှ် မေ၀်သှေ်အေး

အါင်ဟှေဝ်တာၟလှ် မေ၀်သှေ်အေးAlign Center
(စ၀်ထေါဟ်တွါ်)

လ၀်လ်ုစယ် ယ်ုသာကဲုးထင်း
တင်းဏါၟမီ့မး ခွါင်သႛင်း။
လ၀်လင်အ်ုသာ ဆ်ုမာနိုင်
ခိုင့်ဖါသှေ်အေး ဟှေဝ်ဍေအိုင်။

ဆိုဒ်ဃှာၟဃှံင် ထင်းထ၀့်သာ့မျာ့
တင်းဏါၟဍး အင်းအုဂ်ထိုင်သါ့။
အ်ုဆိုဒ်ဍေအု ဆံင့်မံင်းပေ၀့်
ဆိုဒ်လင်ဖိုဟ်ဏင့် လ်ုဝါင့်မေံ။

အ်ုဏင့်ဆါၟ အှ်လုခါန်ၟယါင်
္ဘံင်းကဲထဲုးဘာၟ အင်းအ၀်ပါင်။
အ်ုဆိုဒ်အှ်ထ၀်ၟ လ်ုခါန်ၟဆိုင့်
ယးအူးခး ဍူလာ့လ်ုနိုင့်။

အှ်လုထုဦ့ခါင့် ဆ်ုဟှဲသး
အင်းကိုဝ်ၟဏီ မေ၀်အွါထီ့လး။
ထံင်လ်ုဍုံဍေါဟ် တင်းဏါၟဟှေး
ဏ်ုအါင်ဟှေဝ်ဏင့် မေ၀်သှေ်အေး။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ(ကေါဝ်တြာ်ခင်းထ်ါလး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ချီလီနိုင်ငံ ငလျှင်လှုပ် (VOA Burmese news)

Photo by www.google.com

Photo from VOA Burmese Section
ချီလီနိုင်ငံမှာ ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်
27 February 2010


ချီလီနိုင်ငံမှာ စနေနေ့ မနက်ပိုင်းက ပြင်းအား ၈.၈ ရှိတဲ့ ငလျင်ကြီး လှုပ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၇၈ ယောက် သေဆုံးသွားပြီး ပစိဖိတ် သမုဒ္ဒယာတလျောက် ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ချီလီသမ္မတ Michelle Bachelet က ပြောပါတယ်။

ဒီကနေ့မနက်ပိုင်း ၃ နာရီခွဲသာသာလောက်မှာ လှုပ်ခဲ့တဲ့ အဲဒီငလျင်ဟာ ချီလီနိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ မြို့ပြဒေသတွေ ပါဝင်ပြီး ပြင်းအား ၆.၉ ရှိတဲ့ နောက်ဆက် တုန်လှုပ်မှုအပါအ၀င် နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းထွာရေးဌာနက ပြောပါတယ်။

ရုပ်မြင်သံကြားသတင်းတွေမှာတော့ ပျက်ဆီးနေတဲ့အဆောက်အဦးတွေ၊ လမ်းမတွေပေါ်မှာ အဆောက်အဦးပျက်တွေ ပြိုကျထားတာတွေကို ပြသနေပါတယ်။ မြို့တော် ဆန်တီယားဂိုးအပြင်မှာ အနည်းဆုံး တံတားတခုပျက်ဆီးသွားပြီး လေဆိပ်ပါ ထိခိုက်သွားတဲ့အတွက် လောလောဆယ် ပိတ်ထားရပါတယ်။

ရုရှားနိုင်ငံအပါအ၀င် ပစိဖိတ်ဒေသတကြောမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ Easter ကျွန်းကလူတွေကို ကယ်ထုတ်ဖို့ သမ္မတ ဘာရှာလက် (Bachelet) က အမိန့်ထုတ်ထားပါတယ်။ ငလျင်လှုပ်တဲ့နေရာက သတင်းအချက်အလက်တွေ ခုချိန်ထိ သိပ်မထွက်လာသေးပါဘူး။ တောင်အမေရိကတိုက်အတွင်းက တခြား တိုင်းပြည်တွေကိုလည်း အခုငလျင်က အဖျားခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, February 26, 2010

နယ်စပ်ဖြတ်ပြီး ကူညီတာတွေ သြစတြေးလျ က ရပ်တော့မယ် (VOA,Burmese news)

နယ်စပ်ဖြတ်ကျော် အကူအညီတွေ သြစတြေးလျ ဆက်ပေးတော့မည်မဟုတ်

27 February 2010


သြစတြေးလျအစိုးရက မြန်မာပြည်ထဲကို နယ်စပ်ဖြတ်ကျော် အကူအညီပေးနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ အခုလို နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေဟာ လူနည်းစု တိုင်းရင်းသား ပြည်နယ်တွေအတွက်၊ ဒေသခံတွေအတွက် မရှိမဖြစ် လိုအပ်နေတာဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေကတော့ ထောက်ပြကြပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်တဲ့ အကြောင်းပြချက်ကတော့ ရှင်းရှင်းလင်းလင်း ပြောမထားတဲ့ နိုင်ငံတော် အချုပ်အချာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကြောင့် ဖြစ်တယ်လို့ ပြောပြထားပါတယ်။

နယ်စပ်တွေကတဆင့် လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာက ကူညီရေးလုပ်ငန်းတွေကို မြန်မာစစ်အစိုးရကလည်း တရားဝင် ခွင့်ပြုချက်ပေးထားတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲမှာလည်း အစိုးရမဟုတ်တဲ့ အဲန်ဂျီအို လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ၀င်ရောက်လုပ်ကိုင်နေကြတာ ရှိပါတယ်။

အခုလို သြစတြေးလျနိုင်ငံအနေနဲ့ နယ်စပ်ကနေဖြတ်ကျော်ပြီး ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တာတွေ ရပ်ဆိုင်းတော့မယ်ဆိုရင် တကယ်ကူညီမှုတွေ လိုအပ်နေတဲ့ လူထုအတွက် ဘယ်လောက်ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပါသလဲ။ မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဲန်ဂျီအို အဖွဲ့တခုမှာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိဟောင်းတဦးကတော့ အနည်းနဲ့အများဆိုသလို နစ်နာမှုရှိလိမ့်မယ်လို့ ဆိုပါတယ်။

"cross border တွေက ဒီဘက်မှာ ဘာလုပ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့်ပေါ့နော် သင်တန်းတွေ ဘာတွေ ပို့ချမယ်ဆိုရင်တော့ ဒီဘက်ကလူတွေက အများကြီး ပို့ချပေးနိုင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အထဲက လူမှုဝန်ထမ်းတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ အလုပ်သမားတွေ၊ ကျောင်းသားတွေက သူတို့သင်ကြားချင်တာတွေကို ပြင်ပမှာ သွားရောက်သင်ကြားခွင့် ရမယ်ဆိုရင် သူတို့တွေအတွက်ကတော့၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ပညာကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကျိုးရှိတာပဲ။ ဆိုတော့ သင်တန်းတို့ဘာတို့ကတော့ အကျိုးရှိမှာပဲ။ သူတို့လုပ်နိုင်သမျှကတော့ အမြတ်ပဲ။ မလုပ်ရဘူးဆိုရင်တော့ အခွင့်အရေး ဆုံးရှုံးတဲ့အနေနဲ့တော့ ကျမမြင်တာကတော့ ရပ်လိုက်ဖို့ အကျိုးမရှိဘူး ဆိုတာကို ကျမ မတွေ့ဖူးတော့ သိပ်မသိဘူး။ ဒါပေမဲ့ ပေးမယ်ဆိုရင်တော့ ဘယ်အရာမဆို အကျိုးရှိတယ်လို့ ကျမ ယူဆတယ်။ စောစောကပြောသလို သင်တန်းတွေပေးတယ်ဆိုရင် အဲဒါတွေ အားလုံးဟာ positive impact တွေပဲ။"

အထူးသဖြင့် မြန်မာနိုင်ငံထဲမှာသွားလုပ်နေကြတဲ့ အဲန်ဂျီအိုတွေထဲမှာလည်း အခက်အခဲတွေ အမျိုးမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။ ကန့်သတ်မှုတွေ ကြီးမားတဲ့နိုင်ငံထဲမှာ အလုပ်လုပ်ရတာဟာ ကူညီလုပ်ငန်းတွေအတွင်း ကြန့်ကြာမှုတွေ ဖြစ်တာကြုံရတယ်လို့ သူကပြောပြပါတယ်။

"အထဲမှာရှိတာကတော့ အရင်ဆုံး နားလည်မှုပေါ့နော်။ နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့က အများကြီးလိုတယ်။ အခက်အခဲကတော့ နေရာတိုင်းပါပဲ၊ နေ့တိုင်းပဲ။ လူတဦးနဲ့တဦး တွေ့လည်း နေ့တိုင်းတွေ့တာပဲ။ အချင်းချင်း ၀န်ထမ်းထဲမှာကို ပြဿနာတွေ ရှိတယ်။ ဥပမာပြောရမယ်ဆိုရင် ခရီးသွားတာပေါ့နော်၊ အာဏာပိုင်တွေမှာလည်း သူတို့အခက်အခဲ ရှိရင်ရှိမယ်။ ဆိုလိုချင်တာက နိုင်ငံခြားသားတွေကို အဲဒီနေရာ သွားခွင့်မပြုဘူးဆိုရင် ကျမတို့က နှစ်ဖက်ညှိတာပေါ့နော်။ ကိုယ်လုပ်ထားတဲ့ အလုပ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်က အဲဒီနေရာမှာသွားဖို့လိုရင်၊ နိုင်ငံခြားသား sensitivity ရှိတယ်ဆိုရင် ကျမတို့က ၀န်ထမ်းပေါ့နော်။ မြန်မာပြည်က၀န်ထမ်း ကိုယ့်နိုင်ငံသားကပဲ ဦးဆောင်ပြီးတော့ သွားတယ်။ အဲဒီအချက်ကို နှစ်ဖက်စလုံးက နားလည်ပေးရမယ်။ အဲဒါ ဥပမာတခုပေါ့နော်။ ဆိုတော့ နှစ်ဦးနှစ်ဖက် အခက်အခဲ ရှိတယ်ဆိုရင် အလယ်လူရဲ့တာဝန်က အများကြီးရှိပါတယ်။ တာဝန်ယူထားတဲ့သူက ညှိဖို့ပေါ့နော်။ အခက်အခဲကတော့ အဖက်ဖက်မှာ ရှိပါတယ်။"

ဒါကတော့ မြန်မာနိုင်ငံတွင်း အဲန်ဂျီအိုလုပ်ငန်းတခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ၀န်ထမ်းဟောင်းတဦး ပြောပြခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေဟာ လူနည်းစုဒေသက တိုင်းရင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။

သြစတြေးလျ အစိုးရဟာ ၂၀၀၃ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော် ကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, February 25, 2010

ခင်းအှ်အး မ၀့်မှ်လာၟဏင့်


Photos by Jack kelly Clark


ခင်းအှ်အး မ၀့်မှ်လာၟဏင့်

(နာန်ၟဖ၀့်က၀်ကေ၀်)


ဖ၀့်ဖိင်ၟလးဍေ ယးထဲုးဖေႜ၀်

လီဗင်ၟနာရ ပ်ုမုလေ၀်
အု္ဍံင္ပၞာ့ ဏု္လ၀္ပ်
ဆိုင့္ယု္ဏါၟ မုက္မ်သု္ကါ။

႓းယ္ုဏါၟ ဏု္လ၀္ဆု္ခႜါင္
ထံင်ခ၀့်လယ့်သီး လေ၀်္ဘုံးပါင်။
ဍ္ဘါင်အးခင်း စုဂ်လေံကိုဝ်
ဝါင်ဍေ၀်လံင်ပျုက် မေံဏီထိုဒ်။

ထံင်ထီ့ခေႜါဟ်ဏါင် ထေါတ်ဝါမေ၀်ၟ
ထဲုးဍးဍ္ဘါင် မင်တ်ုလေံ။
ဍ္ဘါင်ခင်းအး ကႜီးဝေ့ပါင်
ဝါင်ဍေ၀်ဍးထဲုး အှ်ခွါင်ဍါင်။

လ်ုဟှာလ်ုစါင်္ဘးယါင်ယှး
ဏ်ုအှ်ထီ့ခီ့ ယ်ုထီ့ထ။
ခင်းအးမ၀့်မှ် ဍ္ဘါင်ဟှေး
ဖႜုံ္ဘေ့ဏု ပါသိုဝ်္ဘုံးအေး။

နာန်ၟက၀်ကေ၀်ဖ၀့်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရင်မခုံချင်တော့ပါ

ရင်မခုံချင်တော့ပါ
(မင်းစိုးစံ)

ဒီနေ့တော့ စာတွေရေးဘို့ လက်သိပ်မတွေ့တာနဲ့ Blog တွေကိုလျှောက်မွှေလိုက်တာ ကိုငြိမ်းဝေရဲ့Blog ထဲရောက်သွားတယ်။
သူပြောတာက ရင်ခုံသံကို နားထောင်ချင်ရင် ကဗျာဖတ်ပါ၊ ရင်ခုံသံကို ကြားစေချင်ရင် ကဗျာရေးပါ ဆိုတာ ရေးထားတာတွေ့လိုက်ရ,တယ်။

ခေတ်ပြိုင်ကိုရောက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ မှတ်သားစရာစကား ကိုတွေ့ပြန်ရော
အလုပ်မှာလည်း တူရ,မယ်။
အကျိုးမှာလည်း တူရ,မယ်။
ရည်ရွယ်ချက်မှာလည်း တူရ,မယ်။
အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။

ဒါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြောသလို မဟုတ်လို့ လူတွေဟာ ကွဲပြဲပြီး ရန်ပွဲတွေဖြစ်နေတာများလား? ဆိုတာ စဉ်းစားရင်း Mouse နဲ့လိုက်ကလိလိုက်တာ http;//www.irrawaddy.org/bur ကို ရောက် သွားတော့ ဆရာငြိမ်းဝေ ရေးတဲ့ ဆောင်းပါး လိုလို ကြော်ငြာလိုလို စာစုတချို့ကို ဖတ်လိုက်ရပြန်တယ်၊ Russia ကဗျာဆရာ Mayakovasky အကြောင်းကို ရေးထားတာပါ။
ကျုပ်သိတဲ့ ဆရာငြိမ်းဝေဟုတ်မဟုတ်ဆိုတာတော့ ကျုပ်အတိအကျပြောလို့မရပါဘူး၊ ဒါပေမယ့် ကျုပ် သိတဲ့ ဆရာငြိမ်းဝေဟာ တော်လှန်ရေးနယ်မြေက ဖြစ်သလို ဘာသာပြန်ကဗျာတွေကို အထူးတလည် နှစ်ခြိုက်တဲ့သူတယောက်ဖြစ်ပါတယ်။

သူတင်ပြတဲ့ကဗျာတွေအများစုဟာ ရင်ထဲမှာ တွေးစရာတွေစဉ်း စားစရာတွေနဲ့ လျှို့ဝှက်သဲဖို ဇာတ်လမ်းလို စိတ်ဝင်စားဘို့ကောင်းလွန်းလှတဲ့အတွက် သူ့ဆောင်းပါးထဲ က တချို့ကိုရေးပြချင်ပါတယ် ဆောင်းပါးတပုဒ်လုံးကို ရေးပြချင်ပေမယ့် ဆရာငြိမ်းဝေရဲ့ အရေးအသား တွေကို စာဖတ်ပရိဿတ်တွေအနေနဲ့ ကိုယ်တိုင်ခံစားနိုင်အောင် အမြည်းသဘောလောက်ပဲ ရေးသား တင်ပြမှာပါ။

နောက်တခုက ကျုပ်ရဲ့ ခပ်ကြောင်ကြောင်နိုင်တဲ့ အရေးအသားတွေကြောင့် ဆရာငြိမ်းဝေရဲ့ အရေးအ သားတွေကို ပျက်ဆီးသွားမှာ စိုးရိမ်တာကလည်း တပိုင်းပေါ့လေ။

ဆရာငြိမ်းဝေရေးထားတဲ့အထဲမှာ Russia ကဗျာဆရာ Mayakovasky ဟာ သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့တယ်လို့ ဆိုထားပါတယ်။
Russia ကဗျာဆရာ Mayakovasky သူ့ကိုယ်သူ အဆုံးမစီရင်ခင် ရေးသွားတဲ့ သူ့သေတမ်းစာကတော့

အဖြစ်အပျက်က အဆုံးသတ်သွားပါပြီ
အချစ်လှေက
ဓလေ့ထုံးစံကို အစိပ်စိပ်အမွှာမွှာ ခွဲပစ်ခဲ့ပြီ
ဟု သူ့ရင်ခုံသံကို ကမ္ဘာကြီးတခုလုံးကြားအောင်ပြောသွားခဲ့ ရေးခဲ့၏

Russia ကဗျာဆရာ Mayakovasky အကြောင်း နောက်တနေရာမှာ ဆရာငြိမ်းဝေရေးထားတာက တော့
ကဗျာရွတ်ဆိုပွဲများ ဆက်တိုက်လုပ်သည်။
ပြဇာတ်များ ရေးသည်။
နောက်တော့ သတင်းစာဆရာဖြစ်လာသည်။

ဆရာငြိမ်းဝေတင်ပြထားတဲ့ ဓလေ့ထုံးစံကို အစိပ်စိပ်အမွှာမွှာခွဲပစ်ခဲ့ပြီ ဆိုတဲ့ဆောင်းပါးက Russia ကဗျာဆရာ Mayakovasky ရဲ့ ကြွေးကျော်သံ ကဗျာ ကတော့

ဗျူရိုကရက် တအုပ်တမ,ကြီးကို
သန့်စင်ပစ်ဘို့မလွယ်ပ
ရေချိုးပေးလို့လည်း မလုံလောက်
နောက်…အဲဒီဗျူရိုကရက်တွေပေါ့
သက်သက်သာသာ အဝေဘန်ခံရ,
အထောက်အပံ့တွေတောင် ပေးခံရ,ရဲ့။

ဆက်လက်ပြီး အပြည့်အစုံကို ဖတ်ချင်တယ်ဆိုရင်တော့ http;//www.irrawaddy.org/bur ရဲ့ စာအုပ် စင် ဆိုတဲ့ကဏ္ဍမှာ အပြည့်အဝ ခံစားကြည့်နိုင်ပါတယ်။
ပြုပြင်ပြောင်းလွဲရေးလုပ်မယ့် ကဗျာဆရာတွေအတွက် ရင်ခုံသံကို နားထောင်မလား? ရင်ခုံသံကို နား ထောင်ခိုင်းမလား? ဆိုတာကတော့ ကာယကံရှင်တွေရဲ့ အဆုံးအဖြတ်ပါပဲ။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သံရုံးအတွင်းပြေးဝင်သူ နိုင်ငံခြားသားဖြစ်နေ

ပြင်သစ်သံရုံးအတွင်း ဝင်ရောက်သူမှာ နိုင်ငံခြားသားဖြစ်
မဇစ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၃ မိနစ်


ပြင်သစ်သံရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သူ ကင်မရွန်း နိုင်ငံသားကို ရဲလက်သို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က ရောက်ရှိလာခဲ့သူ အမည်မသိ ကင်မရွန်းနိုင်ငံသားကို ရဲက စစ်ဆေးမေးမြန်းစဉ် သံရုံးတံခါးအပွင့်နှင့် ကြုံကြိုက်၍ သံရုံးအတွင်း ဝင်ပြေးသွားခြင်း ဖြစ်သည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။

ရဲက တင်ပြပြောဆိုမှုအပြီး သံရုံးက ပြန်လည်အပ်နှံလိုက်သဖြင့် ကောင်းမွန်စွာ လိုက်ပါသွားကြောင်း သိရှိရသည်။

မစ္ဈိမ သတင်းဌာနမှ တိုက်ရိုက် ကူးယူဖေါ်ပြသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, February 24, 2010

ဖွင့်၍မကြည့်ရဲသော တံခါးတချပ်

Photo by; Nount Kaw Kay Phort

ဖွင့်၍မကြည့်ရဲသော တံခါးတချပ်

(စိုးရိမ်)

စိတ်ကို
အကွေ့မှာမျှောဆင်းတတ်ဘို့က
လိုအပ်တဲ့ကျန်းမာရေး။


ကိုယ့်ရင်ဘတ်ကို မ,တင်ကြည့်ပြန်တော့
အတိတ်က
ထိတ်လန့်ဘွယ်မြေခွေး။

စကားလုံးအဖိတ်အလျှံများ
သတ်ပုံအကျအပေါက်များလို့
ဆေးလိပ်တိုမီးညှိပြီး
ကိုယ်ပဲ ည,ကို လက်ပစ်ကူးရတယ်။

(စိုးရိမ်)

(ပေဖူးလွှာ မဂ္ဂဇင်း)

ပေဖူးလွှာမဂ္ဂဇင်းကနေ ကူးယူရေးသားဖေါ်ပြထားတာဖြစ်ပါတယ်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂျာနယ်ဓါတ်ပုံ (မိုးမခ)

မိုးမခ,ဂျာနယ်ထဲကနေ ကူးယူထားတာပါ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြင်သစ်သံရုံးအတွင်း လူတဦးပြေးဝင်

ပြင်သစ်သံရုံးတွင်းသို့ လူတဦးဝင်ပြေး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၂၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအတွင်းသို့ လူတဦးပြေးဝင်သွားပြီးနောက် ရဲများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက သံရုံးရှေ့တွင် စောင့်ဆိုင်းမှုပြုနေကြသည်။

မြို့နယ်မှူးအဆင့် ရဲအရာရှိအပါအဝင် ရဲ နှစ်ဒါဇင်ကျော်က သံရုံးရှေ့တွင် စောင့်ဆိုင်းနေသည်။

တရားခံတဦး ပြေးဝင်သွား၍ စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းသောအခါ သံရုံးဝန်ထမ်းတဦးက အခင်းဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ဖြေကြားသော်လည်း အသေးစိတ်ကို ပြောရန် ငြင်းဆန်ထားသည်။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, February 23, 2010

သေါဟ်သင့်အ်ုတါ ယဲါမိင် (ဖူဖူ့သုံ)

Photo by; www.google.com

သေါဟ်သင့်အ်ုတာ ယဲါမိင် (မိတ်ဆွေဝတ္တရား ငါးပါး)

(ဖူဖူ့သုံ)

ဖှေ်လင့်ထ႟ာ

ခႜိုဝ်သာမ၀့်မှ်

ဆ်ုဏှ်မ္ဘါိုဝ်

ခႜါင္အို၀္မုက္လာ

သုဂ်ကျာတ၀်မင့်

တါယဲါဆင့်

သေါဟ်သင့်္ဘးသှေ်ယါ့။

္ဘးအင်းဏင်ဖှေ်လင့်ဒြပ်ခ်ုသိုဝ်သယ်ဏှ်လှ်။
္ဘးအှ်ကှေ်သုင်းသာ အေတ၀်လံင်လှ်။
္ဘးခႜါင်အေမုက် လ၀်အေမုက်လှ်။
္ဘးအှ်ကှေ်သုဂ်ကျာ အေတ၀်လံင်လှ်။
ဆ်ုဖါ်ဆ်ုမာအေအှ် လ်ုမိင်မိင်လါၟ္ဘးမ္ဘါိုဝ်ဝေ့ဍးလှ်။

အင်းတါင်က်ုဆါၟ
သထဖက ဖူဖူ့သုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဃှံင်ၟအ်ုတါ ယဲါမိင်( အလုပ်သမားဝတ္တရား ငါးပါး)

Photo by; www.google. com

ဃှံင်ၟအ်ုတါ ယဲါမိင်
(အလုပ်သမားဝတ္တရား ငါးပါး)

(ဖူဖူ့သုံ)

လင်ခါင့်္ဘးမီ့

တၚ၀ီၟလု္ယါ့

္ဘးသါအင်းကိင်

ယေါဝ်ၟဃှိင်အေလုက်

အင်းအုဂ်ဂုဏ်ၟတါ

တါယဲါဖါ

ဃှင်ၟဆါၟ္ဘးသှေ်ယါ့။


္ဘးမီ့ဝေ့လု က်ုဆါၟလင်ခါင့်ဏှ်လှ်။

္ဘးဟှယ့်ထုင်းဝီၟလု က်ုဆါၟမေံယါ့ဏှ်လှ်။

အ္ဘေးသါဏှ်အင်းကိင် အေဖှေ်လင့်မ္ဘးထါင်ဆေါတ်ဝေ့ဍးလှ်။

က်ုဆါၟဆ်ုဖါ်ဆ်ုမါသယ်လ်ုဖးဏှ်္ဘးလံင်ယေါဝ်ၟအေဃှိင်လှ်။

လ်ုဟုဖင့်ခေါဟ် အ်ုဂုဏ်ၟအ်ုတါအှ်လုဖး္ဘးအင်းအုဂ်ဝေ့လှ်။

အင်းတါင်က်ုဆါၟ
သထဖက ဖူဖူ့သုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

က်ုဆါၟအ်ုတာယဲါမိင်(အလုပ်ရှင်ဝတ္တရား ငါးပါး)



က်ုဆါၟအ်ုတာယဲါမိင်
(အလုပ်ရှင် ဝတ္တရားငါးပါး)
(ဖူဖူ့သုံ)

ဍုဂ်အင်းအ္ဘေႜယ်

လ၀်ဝယ်ကိုဝ်ၟစါင်

ဆံင်ကါင်္ဘး္ဘေင်

အင်းဏင်ဃှဦု့ဟှံင်

ခါ့ထံင္ဖု္လ်ာၟ

တာယဲါဖါ

က်ုဆါၟ္ဘးသှေ်ယါ့။

္ဘးဍုဂ်အင်းအ္ဘေႜယ်လှ်။

္ဘးလ၀်ဆ်ုခႜါင်မုက်လာ ကိုဝ်ၟဖိုင့်ဍေလှ်။

စုဂ်ဆါ့အေအှ်လိုမိင်မိင်ခ၀့်္ဘး္ဘေင်ဖှေ်ဝေ့ဍးလှ်။

္ဘးအင်းဏင်ဖှေ်ဆ်ုဖါ်ဆ်ုမါ အ္ဘေးအေဃှဦု့ဟှင်ဏှ်လှ်။

အ်ုခါ့အေထံင်ဏှ်္ဘးဖ်ုလျာၟဝေ့ဍးလှ်။

အင်းတါင်က်ုဆါၟ
သထဖက ဖူဖူ့သုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဏာၟဍိင္ဖႜီမဲြါေအး

Photo by; VOA Burmese service

ဏာၟဍိင္ဖႜီမဲြါေအး


(နာန်ၟက၀်ကေ၀်ဖ၀့်)

လ၀်လိုင်ဃှေဝ်
ဏ်ုဆုလေ၀်အှ်
ဏ်ုလေ၀်သါ့။

ဟှေဝ်ယုဂ်
ယ်ုဆုလေ၀်အှ်
ယ်ုမုလေ၀်
ပ်ုယိုဝ် မေ၀်သေ၀်မွဲါလိုင်အေးခွါ့။

ယေါဝ်ၟ္ဘုဂ်ကဲအေး
ဝီ့ဍုင်းအေး ဏ်ုအေကိုဝ်
ခႜိဳ၀္လင္သာ တႜာဥာဏ္ခယ္။

ဏ်ုကဲ ဆြာ့ပံင်ခွေဝ်
ထ်ုမးသိင်း ယ်ုကဲဆြာ့
အ်ုခုဂ်ထႝာ့ ပ်ုအေခွိက်ယှိုဝ်
မာယှံင် ဆိုဒ်ဟှင်ၟ သှေ်မျးလယ့်။

တု္က်ဲဳၟခီ
လု္ခႜဳဂ္ခီ ငးင၀်
ယ်ုမ်ုလ၀်တ၀်တ၀်
သေႝာဝ့်ခႜံင့် အေလ်ုအှ်္ဘးဍူ

ဆိုဒ်ဆ်ုဃှူ့ဖိုဝ်စိုင်စိုင်(ကျိုင်ကျိုင်)
မ်ုပုတိုင်ထင်းစ်ါလင်သာ
မါအ္ဘေးဏေ့
အ်ုဝေ့ယိုဝ် ဏါၟဍိင်ဖႜီမွဲါအေး္ဘှ်။

နာန်ၟက၀်ကေ၀်ဖ၀့်
ဍုံလ်ုဂုဏ်ၟ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, February 22, 2010

ကလေးကို ငယ်ငယ်ကတည်းက ဆုံးမ,သွန်သင်ပါ(VOA )

Photo by; Nann Kyi Pyar

ကလေးကို ငယ်ငယ်ကတည်းက ဆုံးမ,သွန်သင်ပါ

(ဒေါက်တာ မျိုးမြတ်လွင်)

ကျွန်တော်ယုံကြည်တာကိုပြောရ,မယ်ဆိုရင်တော့ လူတိုင်းနဲ့မသားစုတိုင်းမှာပေါ့လေ ကိုယ့်ရဲ့ကလေး တွေကို လိမ္မာလာအောင် တိုးတက်ရာတိုးတက်ကြောင်းရှိအောင် မှန်ရာမှန်ကြောင်းရောက်အောင်လို့ အသေအခြာသွန်သင် ဆုံးမ,သင့်တယ်လို့ထင်ပါတယ်။

ဒါ လူတိုင်း မိသားစုတိုင်း နိုင်ငံတိုင်းမှာ ဒီဟာအလွန်အရေးကြီးတယ်လို့ အထူးယုံကြည်တယ်ပေါ့၊ ဒါကို လူတိုင်းလုပ်သင့်တယ် မိသားစုတိုင်းလုပ်သင့်တယ် ကျွန်တော့်အမြင်ရှိပါတယ်၊ ကျွန်တော့်ရဲ့အလုပ်အ နေနဲ့ကလည်း ကလေးအထူးကုဆိုတော့ ဒီကလေးတွေနဲ့ မိသားစုတွေနဲ့ အမြဲထိတွေ့နေရ,တယ်။

ကလေးဆိုတာ မွေးလာတာနဲ့ ဆိုးသွမ်းတာမဟုတ်ဘူးခင်ဗျာ့၊ များသောအားဖြင့် ဒီကလေးဟာ သူ့ဗီဇ တော့ပါတယ်၊ ဒါပေမယ့် မိသားစုကနေပြီးတော့ သူတို့ကိုကောင်းကောင်းမွန်မွန် သွန်သင်ဆုံးမ,ရင် သူ တို့က ကောင်းကောင်းမွန်မွန်စာတွေ ဖတ်တယ်၊ လိမ္မာတယ်၊ ဒါဆိုရင် တမိသားစုလုံးပျော်ရွှင်တယ်၊ သူ တို့ရဲ့ နောင်ရေးအတွက်လည်း ကောင်းတယ်ပေါ့လေ။

အဲဒါကြောင့် အလွန်အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မိဘက ကလေးတွေလိမ္မာအောင် အချိန်ပေးသင့်တယ်၊ ကလေးတွေနဲ့ အတူနေသင့်တယ်၊ မွေးက တည်းက ပေါ့လေ၊ ကလေးတွေကို စကားပြောရ,မယ်၊ ကလေးတွေကို ပစ်မထားရ,ဘူး၊ ကလေးတွေ ဟို မငိုရင်ပြီးရော ဆိုပြီးတော့ပစ်ထားတာ မကောင်းဘူးပေါ့။

ကလေးတွေနဲ့ စကားပြောရ,မယ်၊ စကားလုံးလေးတွေက အစ,ပေါ့လေ၊ ဘာစကားလုံးလေးတွေပြော သင့်တယ် ဆိုတာ၊ ဒီ မိဘ အဖေအမေ ဘာပြောသလဲဆိုတာကြည့်ပြီးတော့ သူတို့က စကားပြောသင် တာကိုး၊ နောက်ပြီးတော့ဗဟုဿုတ ဆိုတာလည်း အဲဒီလိုပဲ အဖေအမေကို အတုခိုးသွားမှာကိုး။

အဲဒီကျတော့ ဒီ အဖေအမေက အလွန်အရေးကြီးပါတယ် ပေါ့လေ၊ ကျွန်တော်ကလည်း ကြီးပြင်းလာ တာ ဗမာပြည်မှာကြီးပြင်းလာပြီးတော့ နိုင်ငံခြားမှာအလုပ်လုပ်တယ်ပေါ့လေ၊ ဒါပေမယ့် ဗမာပြည်မှာ လည်း အလုပ်လုပ်ခဲ့ဘူးပါတယ်။
အဲဒါကြောင့် ကျွန်တော့်အတွေ့အကြုံအရ,ရော ဒီ မိသားစုတွေနဲ့အတွေ့အကြုံအရ,ရော ကျွန်တော်သာ ဓက,တွေ အများကြီးရှိတယ်ပေါ့လေ၊ အထူးသဖြင့်ပြောရ,မယ်ဆိုရင်တော့ ဗမာပြည်အတွေ့အကြုံအရ, အရင်ပြောရ,မယ်ဆိုရင် ဗမာပြည်မှာ ကလေးတွေကို မိဘများက များသောအားဖြင့် အထူးသွန်သင် ဆုံးမ,တယ်၊ တင်းကြပ်တယ်ပေါ့လေ။

ကျွန်တော့်အမြင်ပြောရ,မယ်ဆိုရင်တော့ အဲဒီလို တင်းကြပ်လွန်းတဲ့အခါကျတော့ ကလေးတွေဟာ အ များအားဖြင့်တော့ သိပ်လိမ္မာသွားပြီး ငြိမ်သွားသလိုရှိတယ်၊ ဒါပေမယ့် ကျွန်တော့်အမြင်တော့လေ တ ချို့ကလေးတွေက ရိုးသားမှုသိပ်မရှိတော့ဘူးပေါ့၊ သူတို့က,ကြောက်နေရ,တာကိုး ကလေးမိဘတွေကို။

အဲဒါကလည်း အစွန်းရောက်ပေါ့လေ၊ အရမ်းကြောက်ပြီးတော့ ကလေးတွေက လူကြီးရှေ့မှာတော့ ကောင်းတာလုပ်တယ်၊ ဒါပေမယ့် ကွယ်ရာမှာတမျိုးဖြစ်နိုင်တယ်ပေါ့လေ၊ ဒါကလည်းအစွန်းတခုပေါ့။

အနောက်နိုင်ငံတွေ အထူးသဖြင့်မှာတော့ ကလေးတွေကို သူတို့ပစ်ထားတယ်၊ အဲဒါ တခါတလေ က လေးတွေဆိုးရင်လည်း အရမ်းဆူတာ အရမ်းငေါက်တာ လုပ်တယ်၊ များသောအားဖြင့် အနောက်နိုင်ငံ က ပစ်ထားတာများတဲ့အတွက် ဒီ ဂရုမစိုက်တာများတဲ့အတွက် ကလေးတွေက ဆိုးသွားပြန်ရော၊ အဲဒီ အခါကျတော့ ကျွန်တော်တို့က ခလယ်(အလည်)လမ်းပေါ့လေ၊ အရမ်းကြီးလည်း မတင်းကြပ်ရ,ဘူး၊ ဒါပေမယ့်လည်း ဆုံးမ,ရ,မယ်၊ ဒါကို အကောင်းဆုံးလမ်းလို့ ကျွန်တော်တို့ ယူဆ,ပါတယ်။

ကလေးတွေကို ငယ်ငယ်တတည်းကနေ မပြုပြင် မဆုံးမ,ထားလို့ရှိရင် ဆိုးသွမ်းမယ် ဟို မဟုတ်တာ တွေလည်း ဖြစ်လာနိုင်တယ်၊ အဲဒါဆိုရင် ကလေးလည်းမကောင်းဘူး တမိသားစုလုံးလည်း စိတ်ဆင်းရဲ ရ,မယ်လေ။
အဲဒီကျတော့ ဒီ ကလေးတွေကို ငယ်စဉ်ကတည်းက,နေပြီးတော့ ဆိုဆုံးမ,ဘို့ကို အလွန်အရေးကြီးပါ တယ်၊ ကျွန်တော့်အနေနဲ့က,တော့ ပြောလိုက်ချင်ပါတယ်။

VOA Burmese Section ကနေ ဗြိတိန်နိုင်ငံ (Salisbury hospital)ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးမြတ်လွင်က, သူယုံကြည်ရာကဏ္ဍမှာ ကလေးငယ်တွေနဲ့ ပတ်သက်တာတွေပြောသွား တာကို နားထောင်ပြီး
ပြန်ရေးလိုက်တာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မံင်ဆံင့်ဏး ၀ီသူးဍေခႜယ်


မံင်ဆံင့်ဏး ၀ီသူးဍေခႜယ်
(နာန်ၟက၀်ကေ၀်ဖ၀့်)

အုဂ်တုဂ်ယိုဝ် အင်းလယ်ထင်းသာ အု္ဘႜင်ဍေအု္ဘႜင်ယုဂ်၊ က၀်သႝုက်ဖ၀့်သီး လင်ပွါင်းဟှံင် ဖ၀့်ထင်းထါင် အ်ုသင့်ယုဂ်၊ စံင်ပါဖ၀့်သီး္ဘေ့ဏှ်သိုဝ်ဆေ၀်ၟ၊ လင်ဃှဲုးလင်ပျ ဟှင်းခေါဟ်ထ်ါအု္ဘႜင်အးမာၟဆေ၀်ၟယုဂ်၊ လာဏင့်္ဘိုဝ်သီး ယ်ုသာဏင်းဏေ၀်ၟအေး။ မွဲ္ဘါးဆ်ုဏှ်လယ့် ယ်ုသာဏင်းလ်ုသှေ်္ဘးဏှ်။

ယ်ုသာအုဂ်္ဘးဍေါဟ်ဍေါဟ်လေံ အ်ုခေါဟ်စံင် ယ်ုသာဖိုင်အှ်ထ၀်ၟထါင် သာဆ်ုဆါ့ဖိုင်လင်ၟလ်ုစံင်းယိုဝ် အ်ု ဖိုင်လင်ၟ္ဘႜးလာဏင့် အ်ုဃှုင်ၟလင်ၟအှ်ထ၀်ၟသီးလ်ုကါဍါ် မိင့်စိင်ဍ်ါအေးဏှ် ယ်ုလ၀်သှေ်ဆေ၀်ၟလှ်။

ပ်ုယိုဝ် ပ်ုလ၀်လင်ပ်ုသာ ပ်ုမု္ဘးဃှူ့ဃှင်၊ ပ်ုမုတ်ုတွယ်ထင်းစူး မ်ုလေ၀်ထ၀့်ဟှံင် ကါင်ဖါအေး အေဟှံင်ဍ၀် ပ်ုမုဖံင်းဏေ၀်ၟ ဖ၀့်တိုင်ဆ်ုပုယေါတ်မ၀့်ဃှင် ဆု္ခႜါင္ဖႜဳံးလု္စံင္းယို၀္ဆံင့္ဏးမုက္မါၟလွ္၊လ၀္ခႜါင္ဆါၟအု္ဟွင္ၟ အု္ရၜသီး ဟှေဝ်မါၟလှ်။

ပ်ုယိုဝ် မွဲါပ်ုလ၀် အင်းအဲုးမေ၀်တါလှ်၊္ဘးဆ်ုဏှ်လဲ စါ်္ဘိုဝ် ပ်ုဖံင်းထင်းဖ်ါထင်းဆု လ်ုပိင်လ်ုပးယိုဝ်္ဘေ့ပ်ုဆ်ု လ၀်ဏှ် တ်ုဖႜးသာယါင်မါလှ်၊ ဟ်ုကိုဝ်စိုဝ်လေါဟ်သာသီး ဟှိုင့်လိုင်အေး၊ ကေ၀်လိက်ဆါၟယ်ုလုဟှာ အေ လ၀်္ဘေ့သိုဝ်စါ်္ဘိုဝ် ပ၀်ၟလိက်ဆါၟလ်ုဏင် အ်ုသီးသုင်းသာ မ်ုလင်ယှာဆေ၀်ၟဟှဏှ် ယ်ုလ၀်္ဘးအေး။
ယ်ုအှ်လု ခါန်ၟဆိုင့်ခါ့ ပ်ုဖႜုံဆိုဒ်တ်ါခေါဟ်ဍေါဟ်လ်ုဟှာ လ၀်ဖှေ်ယု

ပ်ုတိုဒ်က်ုရေင့် အ်ုဏိင်းအ်ုလ္ဘားယိက် ထင်းယိုဝ် ထၞာ့နူၟဏှ်္ဘးဆါင့်လု ဖႜုံယှိုဝ်ၟမူထင်းခ၀့်လ်ုကါင် ပ်ုဝီၟ ကုံဝါကံင်းဆု ဟွာင္ၟဆါၟ႓်ာဆါၟ အွ္ဍၚအု္စံင္ဏွ္သီး ပါ့ထဦု့လ်ုဏင်ဆေ၀်ၟ

ဆ်ုခႜါင်အ်ုဝေ့ဏှ် မွဲါအု္ဘးအ်ုမွဲါဟှ မွဲါတ၀်လံင်ဆေ၀်ၟဟှ ဆံင့်မံင်းယေါဝ်ၟခွါၟဏင်ထီး။

ပ်ုယင်သုဂ်ခေါဟ်ဍေါဟ်လ်ုဟှာလ၀်ဝေ့

ဆ်ုဖါ်ဆ်ုမာသီး မု္ဘးမ၀့်မှ်ဆေ၀်ၟ။
အ်ုဂုဏ်ခ၀်သီး မု္ဘးမ၀့်မှ်ဆေ၀်ၟ။
ဆ်ုပုယေါတ်သီး မု္ဘးမ၀့်မှ်ဆေ၀်ၟ။
ဆ်ုအုဝေ့ယိုဝ်မ ဟ်ုလ၀်ဆ်ုဃှူ့ဃှင်သှေ်လှ်။

အ်ုခေါဟ်စံင် ပု္ဖႜဳံဆိုဒ္အု္ထိုင့္အု္ကႜာဖိုင္ ဆု္ခႜါင္အု္ဍံင္လု္ဖး အေလ်ုဍုဂ်ပါင် လ်ုလိုင့်ဃှဦုဍါ်္ဘးစါ်္ဘိုဝ် ပ်ုဆု ပ်ုယေါတ်လ်ုဖး ပၞာ့္ဘေ့သိုဝ် မံင်ဆံင့်ဏး ဟ်ုဝီသူးဍေခႜယ်ဆေ၀်ၟလှ် အ်ုလူၟမ်ုသ၀့်ဏှ်မွဲါအေး။

အ်ုခါဟ်စံင် မံင်ဆံင့်ဏးအ်ုလူၟမ်ုသ၀့်ထင်းသိုဝ် ဆိုဒ်ဆေါဝ်သင့်ဖေါဟ်ဍီပြီးသီးလ်ုဖး ဏ်ုသီးမ်ုဝီသူးဍေခႜယ် တ်ါတါ်လှ်ဟှ။

နာန်ၟက၀်ကေ၀်ဖ၀့်

ပ၀်ၟလိက်ဆါၟသီးဟှေး ဏ်ုသီး မ်ုလ၀်္ဘးသါဆ်ုခႜါင် အေအှ်လုမိင်မိင်ဆေ၀်ၟဍူ ယ်ုလိက်ဒၞံင့်ဏှ် မွဲါဝေ့
kawkayphort@gmail.com ဆေ၀်ၟလှ်။ အှ်ဆံင်းလာၟဆါ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, February 21, 2010

အမှတ်ရ,တဲ့စာမျက်နှာ

Photo by Nount Kaw Kay Phort
အမှတ်ရ,တဲ့ စာမျက်နှာ
(ငြိမ်းလူ)

အကွေ့
အပျော်စီးသင်္ဘောပေါ်က
လူတွေကို သရော်တာလား

နေ့
ထားလိုက်စမ်းပါ
ရေတက် ရေကျက
သဘာဝတရားကို
တိုက်စား

တသက်လုံး
လောက်စာလုံးမမြင်ဖူးတော့
ပြောရခက်သား
ဒါနဲ့ ပြန်လေတဲ့ ငှက်ခါး
နားခါမှ သိမယ်ဆိုပဲ။



မုန်တိုင်းက
အရင်လာတာလား
လေပြေ

အလင်းနှစ်နဲ့ချီ
သယ်ဆောင်လာတာ
လွတ်မြောက်ခြင်း

ထွင်းလှေနဲ့လား
စပ်လှေလား
သွားမယ်
ရှေးရေစက်ကံမကုန်တာ
သူပုန်ထခြင်း။

တက်ခုတ်ရင်း
သွားကြားထိုးတံဖြစ်သွားတဲ့
သမိုင်းတွေကို
နိဂုံးမချုပ်ပါရစေနဲ့

ဘုရားဖူးသွားရင်
ကလေးတွေခြောက်ဖို့
စက္ကူကျားတွေ
အကောင်ပေါက်ကါစ,လို့ရှိတယ်လို့--- ပြောလိုက်ရုံ

အချိုးအကွေ့တိုင်းမှာ
လှိုင်းဒဏ်နဲ့ရင်ဆိုင်

ဝိုင်တခွက်-- မယိမ်းမယိုင်
သင်္ဘောပေါ်
ထိုင်လိုက်သွားပါစေ

သူ့မှာ
အကွေ့နဲ့ နေ့လည်းရှိ
ညတော့ရှိတယ်
လ မရှိပြန်ဘူး

တို့အတွက်တော့ --
တက်ကျိုးးရင် လှော်ဖို့
လက်ထိုးဖော်သာအရေးကြီးတယ်။ ။

ငြိမ်းလူ

www.yoma3.org မှ ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တပ်တွင်းမကျေနပ်မှု (ဗထူး) ရိုးမ ၃

Photo by; Nount Kaw Kay Phort

တပ်မတော်ထဲမှာ မကျေနပ်မှုများဖြစ်ပွား

Sunday, 21 February 2010 13:22 ဗထူး

တပ်မတော်ထဲတွင် ဆက်တိုက်ဖြစ်ပွားနေသော မကျေနပ်မှုများနှင့် တပ်မ (၇၇) လက်အောက်ခံတပ်များတွင် ဖြစ်ပွားနေသည့် မကျေနပ်မှုများ ဆက်စပ်လျှက်ရှိသည်။

အဆိုပါ မကျေနပ်မှုသည် တပ်တွင်း ရဲဘော်မိသားစုဝင်များ ကြပ်တည်းမှုများကို ဆွေးနွေးပွဲတွင် တင်ပြခဲ့မှုများကြောင့် ဖြစ်သည်။

“အဓိက အားဖြင့်အမှတ် (၇၀၄) ခြေမြန်တပ်ရင်း (ထူးကြီး) အခြေစိုက်ဖြစ်တာ၊ အလားတူအခြားခြေမြန်တပ်ရင်းများလည်း ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်” အမည်မဖော်လိုသည့် ဒုရင်းမှူးတဦးက ပြောသည်။

အလားတူဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ရန် တိုင်းတပ်မ အလျောက် ကြပ်မက်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များပေးပို့ထားကြောင်း ၎င်းဒုရင်းမှူးက ဆက်ပြောသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် တပ်တွင်းစောင့်ကြည့်လေ့လာသူ တဦးအဆိုအရ “ ဒီလိုမျိုးတွေက မကြာခင်ဆက်တိုက်ဖြစ်လာမှာဘဲ” ဟု ပြောသည်။

တပ်မတော်တွင်း အောက်ခြေ အကြပ်တည်းများနှင့်ပတ်သက်၍ ရင်ဆိုင်နေရပြီး အခြေခံရိက္ခာပင် မလုံလောက်တော့ကြောင်း ပြောဆိုသွားခဲ့သည်။

www.yoma3.org မှ ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, February 20, 2010

ဆောင်းတွင်းအိပ်မက်

Photo by www.kaungkin.blogspot.com

ဆောင်းတွင်းအိပ်မက်

(မင်းစိုးစံ)

“အခုတလော ဗုံးတွေတော်တော်ကွဲနေတယ်ဗျ။”
“ဘယ်နေရာတွေမှာ ကွဲတာလဲ? အေးဗျာ ကျုပ်က အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ဆိုတော့။”

“တော်လှန်ရေး နယ်မြေတွေမှာပေါ့ဗျ၊ အထူးသဖြင့် နယ်စပ်တွေမှာပေါ့။”
“ဟုတ်လား? ဘာကြောင့် ဒီလိုဖြစ်နေတာလဲမသိဘူး?”

“ဗမာစစ်အုပ်စု ရွေးကောက်ပွဲလုပ်မယ်မဟုတ်လား? သဘာဝဘေးအန္တရာယ်ဆိုးတွေလည်း မရှိဘူး လေဗျာ။”
“ဟာ… မဆိုင်တာက စ,ပြောပြန်ပြီ။ ဗုံးပေါက်တဲ့ကိစ္စနဲ့ ရွေးကောက်ပွဲကိစ္စ သဘာဝဘေးအန္တရာယ်တွေ ခင်ဗျားဟာက အဆက်အစပ်ကိုမရှိဘူး။”

“ရန်ကုန်မြို့လည်တွေမှာ ဗုံးပေါက်ရင် ကမ္ဘာကို ညာလို့မရဘူး၊ နယ်စပ်မှာပေါက်တော့ လိန်ရညာရတာ ပိုအဆင်ပြေတယ်လေ။”
“အိုးဟိုး….ခင်ဗျားဟာက မဟုတ်သေးပါဘူး၊ နယ်စပ်ဗုံးကွဲတာနဲ့ ကမ္ဘာကို လိန်တာနဲ့ ပိုလို့တောင်မ ဆိုင်သေး။”

“သေသေခြာခြာနားထောင်၊ ပြီးရင်စဉ်းစား၊ စဉ်းစားပြီးအသေအခြာပြန်တွေး၊ ပြီးမှ ယုံ။ ကျုပ်ပြောပြ မယ်၊ နာဂစ်မုန်တိုင်းဖြစ်နေတာတောင် လူထုဆန္ဒခံယူပွဲလုပ်နိုင်ခဲ့သေးတာပဲ အခုကျတော့ရွေးကောက် ပွဲ မလုပ်ဖြစ်ရင် အရှက်ရ,မှာစိုးနေတာဗျို့၊ အဲဒီတော့ ဗုံးတွေလိုက်ပြီးခွဲပြနေတာ။”
“ရှေ့ဆက်ပြီး ဗုံးပေါက်တာတွေများလာလိမ့်မယ်၊ ဒီထက်ပိုပြီးစိပ်လာလိမ့်မယ်၊ ဒီထက်အတွင်းပိုင်းကျ တဲ့ဒေသတွေအထိ ပြင်းအားကောင်းတဲ့ဗုံးတွေခွဲပြမယ် ပြီးတာနဲ့ ဗုံးရန်ကိုကြောက်လို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်။ ပြည်သူ့လွတ်မြောက်ရေးအတွက် တော်လှန်နေကြတဲ့အဖွဲ့အစည်းတွေလည်း နာမည် ဖျက်ရာလည်းရောက် သူတို့လည်းဆက်အုပ်ချုပ်လို့ရ ခင်ဗျားက ကျုပ်ပြောတာကိုလက်မခံဘူး၊မဆလ ဘက် လိုက်ပြီး ပြောပြောနေတယ် မထူးပါဘူး၊ ကြာတယ် အခုကျုပ်လက်ထဲက ဗုံးကို စနက်တန်ဆွဲ ဖြုတ်လိုက်မယ်၊ ကဲကွာ…”

“ဟေ့လူ….. မလုပ်နဲ့….. မလုပ်နဲ့……. မလုပ်နဲ့”

“သားတို့အဖေ ဘာတွေထ,အော်နေတာလည်း ဒီမှာ အိမ်စာတွေလုပ်နေတာ လန့်လိုက်တာနော်။”
“ဘာမှမဟုတ်ပါဘူးကွာ လူနာတယောက်နဲ့စကားပြောခဲ့တာကို ပြန်ပြီးတော့အိပ်မက်မက်နေတာပါ တ လက်စ,တည်း ဟို သောက်ရေ တခွက်လောက်ခပ်ပေးပါကွယ်”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မါ့အ်ုတာယဲါမိင်(ဇနီးဝတ္တရား ငါးပါး)



မါ့အ်ုတာ ယဲါမိင်(ဇနီးဝတ္တရားငါးပါး)

(ဖူဖူ့သုံ)

ဟှယ်ဆ်ုဟှိင်းဖိုင်

ယေါဝ်ၟခိုင့်အှ်ကှေ်
ှ်

ဟှာဃှေဝ်အ္ဘဲုံ

ဖှေ်သုင့်အင်းဏင်

ကိုဝ်္ဘႜင်္ဘးဃှာ

ယဲါအ်ုတာ အ်ုမါ့္ဘးသှေ်ယါ့။


္ဘေ့ဟှိင်းဖိုင် မ်ုဟှေဝ်္ဘးသိုဝ်္ဘးအင်းတါင်ဝေ့လှ်။
ဝါဟှယ့်ထါင်ဖှေ်ထ ဒြပ်ခ်ုသိုဝ်လ်ုဖးဏှ်္ဘးယေါဝ်ၟခိုင့်အှ်ကှေ်ထလှ်။

လ်ုဝါအ်ုဖင့်ခေါဟ် သုင်းသာလ်ုအုခႜုင့်ခ၀့် အ္ဘဲုံ္ဘးအေးလှ်။

္ဘးယေါဝ်ၟဟှေဝ်အင်းဏင်ဖါဝေ့ ခံင်ၟအယ်သယ်ဏှ်လှ်။

လုက်ဆိင့်္ဘေ့မ်ုကဲထင်းအ်ုဟှင်ၟ မု္ဘးဃှာဝေ့ကိုဝ်ၟ္ဘႜင်ဍေလှ်။


အင်းတါင်က်ုဆါၟ

ဝထဖက ဖူဖူ့သုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, February 19, 2010

ဝါအ်ုတါ ယဲါမိင် (ဖူဖူ့သုံ)

ဝါအ်ုတာယဲါမိင်(ခင်ပွန်းသည်မှ မိမိဇနီးအပေါ်ထားရှိရမည့်ဝတ္တရားငါးပါး)
(ဖူဖူ့သုံ)

လ၀်ဍေဏီၟအိင်

လုက်ဆိင့်ဖှေ်ကုံ

အ္ဘဲုံလ်ုဃှေဝ်

စေ၀်ဓင့်က်ုယိုင့်

တြိဳင့္အဲလာၟ

တါယဲါဖါ

အ်ုဝ္ဘါးသှေ်ယါ့။


္ဘးလ၀်ဍေဏီၟအိင် ကိုဝ်္ဘႜင်ဍေလှ်။

ဒြပ်ခ်ုသိုဝ်လုက်ဆိင့်လ်ုဖး္ဘးဖှေ်ကုံဝေ့ဍးလှ်။

လ်ုအုမါ့ဖင့်ခေါဟ် လ်ုအုဟှူ့ဟှာ အှ်ကှေ်သုင်းသာ အ္ဘဲုံ္ဘးအေးလှ်။

လ်ုမါ့ဖင့်ခေါဟ်္ဘးအှ်ကှေ်လင် ဆ်ုအဲဆ်ုကဲု လ်ုအုဍေါဟ်ထုက်လှ်။

ဝထဖက ဖူဖူု့သုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆရာကောင်းတပည့်များ ပန်းကောင်းပန်နိုင်ကြပါစေ

Photo By; Nann Kaw Kay Phor

ဆရာကောင်းတပည့်များ ပန်းကောင်းပန်နိုင်ကြပါစေ

(မင်းစိုးစံ)

တပည့်တွေက
မမျှမတ, မတူမညီဖြစ်နေကြတဲ့
ဒဿမကိန်းနဲ့အပိုင်းကိန်းကိုမြှောက်ပြီး
နှစ်ထောင့်တစ်ဆယ်နဲ့ပေါင်းဘို့
ပုံသေနည်းအကြောင်းမေးတော့
ကျုပ်,ရယ်သွမ်းသွေးရင်း
ဝင်းခတ်ထားတဲ့ခြံစည်းရိုးကို
သူ့အလိုလိုပျက်ကျိုးပြိုတဲ့အထိ
စောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းကတော့
သုည(သုံည)ရဲ့ နှစ်ထပ်ကိန်းရင်းကိုရှာခိုင်းပြီး
သုညအချင်းချင်းနှုတ်
သုညအချင်းချင်းပေါင်း
သုညအချင်းချင်းပြန်စားခိုင်းတယ်။

တပည့်များက
ဆွဲငင်အားအကြောင်းမေးတော့
မထူးခြားတဲ့လေသံ
ဟန်ပန်အပြည့်နဲ့ကျုပ်က
သုမုဒ္ဒရာတွေ၊ တောတွေ
တောင်တွေ၊ လူတွေ
ရပ်နေ၊ သွားနေ၊ လုပ်နေနိုင်တာတွေဟာ
ဆွဲငင်အားကြောင့်ပါလို့ရှင်းပြရင်း
ပိုသေခြာစေဘို့အရေး
အပွင့်တွေဖွေးနေတဲ့
ကျောင်းဘေးက,သရက်ပင်ရင်းမှာ
အသီးကြွေကျလာတဲ့အထိ
စောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းက
အရွက်ချင်းထပ်
အသီးချင်းညှပ်
အပွင့်ချင်းတဖြတ်ဖြတ်ခါနေတဲ့
သရက်ပင်အရင်းကို
ပုဆိန်တစဉ်းနဲ့ခုတ်လှဲ
အသီးကင်းအသီးရင့်
အပွင့်တွေအားလုံး
ကျောင်းသားတွေကိုစားစေခဲ့တယ်။

တပည့်တွေက
ဖန်လ်မီးသီးအစ,ကို
သိချင်ကြလေတော့
ကျုပ်က,မီးရဲ့အကျိုးကျေးဇူးနဲ့
မီးရဲ့ဘဝ မူလအစ,ကို
သိရ,အောင်ဆိုပြီး
နေ့ခင်းကြောင်တောင်
နွေခေါင်ခေါင်မှာ
လျှပ်ရောင်ပြက်လင်း
မိုးကြိုးခွင်းတဲ့အထိ
သင်းတို့ကိုစောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းကျတော့
စာသင်ကျောင်းအတွင်း
ဝက်ကိုသွင်းမောင်းပြီး
ကျောင်းကြီးကိုမီးရှို့
မီးခိုးမီးလျှံလက်ကျန်တွေကြား
ကင်ဖုတ်ထားသလိုဖြစ်သွားတဲ့
ဝက်သားကို စားစေခဲ့တယ်။

မျိုးဆက်သစ်တွေအတွက်ပူဆွေး
ပညာရေးစံနစ် ပြောင်းပစ်ဘို့အလုပ်
ကျုပ်တို့နှစ်ယောက်ဟာ
ER အခန်းထဲရောက်နေကြရုံမက
အထူးကုဆရာဝန်တွေ
အထူးကုဆရာဝန်မ,များ
ကျုပ်တို့ရဲ့ခွဲချုပ်ထားပြီး
ကိုယ်ခန္ဒာကြီးရဲ့ အတွင်းအပြင်တရစပ်
ဖြတ်၊ ညှပ်၊ ကပ်၊ တတ်သွင်းထားတဲ့
စက်တွေ ပိုက်တွေကို
ခေါင်းငိုက်စိုက်ချရင်း ဖြုတ်နေကြလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ER= Emergency Room

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, February 17, 2010

လိမ့်နေသောဘီး(ဘိန်း)

Photo by; Phu young Hat


လိမ့်နေသောဘီး(ဘိန်း)

(မင်းစိုးစံ)

ကားကလေးဟာ East I 94 အဝေးပြေးလမ်းမ,ကြီးပေါ်မှာ ပြေးနေပါတယ်၊ ဦးတည်နေတာကတော့ Woodbury မြို့ဘက်ကိုဖြစ်ပါတယ်။ ကားပေါ်မှာတော့ ဆေးရုံကိုသွားမယ့် လူနာတယောက်နဲ့ စကား ပြန်လုပ်တဲ့ Interpreter သူတို့ နှစ်ယောက်သားစကားစမည်ပြောနေကြပါတယ်။
အဝေးပြေးလမ်းမ,ကြီးရဲ့ တဘက်တချက်မှာတော့ မနေ့တနေ့က ကျလာတဲ့နှင်တွေက တောင်ပုံယာပုံ နေရာယူလို့နေပါတယ်။
လူနာက “ဆရာ ဒီ မင်ဏီဆိုးတားမှာ ဆောင်းဥတုဆိုရင် နှင်းတွေက တော်တော်ဆိုးဆိုးရွားရွားကျတာ ပဲနော်၊ အအေးဓါတ်ကလည်း ကြောက်စရာကောင်းလိုက်တာ၊ နွေပေါက်လာရင်တော့ တော်တော်လှ တာပဲဗျ၊ ဒါကြောင့် အမေရိကန်နိုင်ငံမှာ ရာသီဥတုလေးမျိုးလေးစားရှိတယ်လို့ပြောကြတာကိုး”

စကားပြန်လုပ်သူက ကားကိုထိန်းပြီးမောင်းနေရင်းကနေ လူနာကိုပြန်ပြောလိုက်တာကတော့
“ဘယ်ကလာဟုတ်ရမှာလည်းကွ၊ ငါမင်ဏီဆိုးတားမှာနေလာတာကြာလှပြီ၊ မင်းပြောသလို ရာသီဥတု လေးမျိုးတခါမှ မတွေ့ဘူးပါဘူး၊ ငါမြင်တာကတော့ ရာသီနှစ်ရာသီပဲရှိတယ်”

လူနာက အံ့အားသင့်သွားပြီး

“မဟုတ်တာပဲဆရာရယ်၊ Spring, Summer, Fall, Winter နွေအကူး၊ နွေ၊ ဆောင်းအကူး၊ ဆောင်း ဆိုပြီး ရာသီဥတုလေးမျိုးရှိနေတာပဲ၊ မဟုတ်လား”

စကားပြန်လုပ်တဲ့လူက
“ ငါမြင်တဲ့ ရာသီနှစ်မျိုးဆိုတာက ဆားဖြူးတဲ့ရာသီနဲ့ လမ်းပြင်တဲ့ရာသီ ဒါပဲမြင်တယ်၊ မင်းစဉ်းစားကြည့် နွေပေါက်လာရင် လမ်းပြင်တယ်၊ ဟောအခုလိုနှင်းတွေကျလာရင် ဆားဖြူးတယ်”

ဟုတ်သလိုလိုပဲ ဆိုတဲ့ပုံမျိုးနဲ့လူနာဟာ ပြုံးစေ့စေ့လုပ်ရင်းငြိမ်နေပါတော့တယ်။ သူတို့သွားတဲ့နေရာ က တော့ Physical therapy ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့ ဆေးခန်းလေးဖြစ်ပါတယ်။
“ မင်း VOA နားထောင်ဖြစ်လား၊ မွန်အမျိုးသားနေ့နဲ့ ကရင်နှစ်သစ်ကူးနေ့ ကို Indiana State မှာ လုပ် တဲ့အကြောင်းလေကွာ၊ အဲဒါ မင်းက ကရင်ဆိုတော့ ဘယ်လိုမြင်လဲ”

အဲဒီအခါမှာတော့ လူနာက စဉ်းစားသလိုလုပ်ရင်းက
“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် သူတို့ရင်နှစ်သစ်ကူးလုပ်တဲ့နေ့က တော်တော်ကိုရက်လွန်နေပြီဖြစ် တယ်၊ ပြီးတော့ January 31 ရက်ဆိုတော့ အဲဒီနေ့က ကရင့်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်နေတယ်၊ အဲဒီတော့ ကျွန်တော်မြင်တာကတော့ အဲဒါမျိုးမဖြစ်သင့်သလို၊ မလုပ်သင့်ဘူးဗျ”

စကားပြန်ဖြစ်တဲ့ ကားဒရိုင်ဘာဟာ သုံးလမ်းပြိုင်လမ်းရဲ့ဘယ်ဘက်အစွန်ကနေ ညာဘက်ကိုပြောင်းဘို့ ကားနောက်ဘက်ပိုင်းကို လှမ်းကြည့်လိုက်ရင်းကနေ
“ဒါဆိုရင် Australia မှာ မင်းတို့ကရင့်နေ့ထူးနေ့မြတ် သုံးခုကို တရက်ထဲလုပ်တာကို မင်းဘယ်လိုမြင် လဲ”

အဲဒီအခါမှာတော့ လူနာဟာသိပ်စဉ်းစားမနေတော့ပဲ
“အဲဒါနဲ့ပတ်သက်လို့ကတော့ ဆရာလည်းသိပါတယ်၊ နိုင်ငံခြားရောက်နေကြတာဆိုတော့ အချိန်ကိုလု နေကြရတာမဟုတ်လား၊ အားလုံးအဆင်ပြေတဲ့နေ့မျိုး အားတဲ့ရက်မျိုးရွေးလုပ်ကြရတာမို့ နားလည်ပေး ရမှာပေါ့ဗျာ”

ကားမောင်းတဲ့စကားပြန်ဟာ သူ့ရှေ့တည့်တည့်က နောက်ကြည့်မှန်ကို နည်းနည်းပြင်လိုက်ရင်းကနေ
“ဟုတ်ပါတယ်၊ နားလည်ပေးတာ မပေးတာကိုပြောတာမဟုတ်ဘူးလေ၊ ကရင်အမျိုးသားတယောက်အ နေနဲ့ ဘယ်လိုမြင်သလဲဆိုတာကို သိချင်နေတာပါ”

အဲဒီတော့မှ လူနာဟာ စကားပြန်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး
“ဆရာက ဘယ်လိုမြင်လို့လဲ”
“ နိုး…နိုး…ငါက ကရင်မှမဟုတ်တာ ဘယ်ပြောလို့ကောင်းမလဲကွာ၊ မင်းတို့ကရင်တွေတောင်မှ ဘာသံ မှ မထွက်တဲ့ဥစ္စာကို”

လူနာက သူ့ရဲ့ဘယ်ဘက်အခြမ်းမှာရှိနေတဲ့ Heat အပူပေးတဲ့ခလုတ်ကို လျှော့ချလိုက်ပြီး
“ဒီလိုလဲ သဘောမထားပါနဲ့ဗျာ၊ ဗမာ့အရေးလဲ ကရင့်အရေး၊ ကရင့်အရေးလဲ ဗမာ့အရေး ဆိုတဲ့စိတ်က လေးနဲ့ အပြုသဘောမျိုးပြောတာဆိုရင်တော့ အများစုက နားလည်လက်ခံကြမှာပါ”

စကားပြန်လုပ်တဲ့လူဟာ လူနာဘက်ကိုမသိမသာလှည့်ကြည့်ရာကနေ ရယ်ကျဲကျဲလုပ်နေလိုက်ပါ တယ် ပြီးတော့မှ
“မင်းက ငါ့ကိုဗမာလို့ ထင်နေတာကိုး၊ ငါ့အဘိုးက ပြည်ကြီးတရုတ် ငါ့အဘွားက တောင်ကြီးရှမ်း ငါ့အ ဖေက ရခိုင်နဲ့ပအိုဝ်ကပြား ငါ့အမေနဲ့ရန်ကုန်မှာဖူးစာဆုံတာ အဲဒီတော့ ငါ့ကိုယ်ငါ ဘာလူမျိုးလို့ပြောရင် ကောင်းမလဲမသိဘူး၊ ငါ့အတွက်လူမျိုးကအရေးမကြီးပါဘူး၊အေးကွ ငါကတော့တခုစိုးရိမ်နေတယ်၊ အဲ ဒါ ဘာလဲဆိုတော့ အင်္ဂလိပ်တွေပြောတဲ့ Culture of Opposition လိုဟာမျိုးဖြစ်သွားရင် အနာဂါတ်အ တွက် မကောင်းဘူးကွ”

လူနာဟာ သူ့ကိုယ်ခန္ဒာကို နည်းနည်းပြန်မတ်လိုက်သလိုမျိုး ပြင်ထိုင်လိုက်ရင်း
“ အော်….ဟုတ်တယ်ဗျ ဆရာပြောမှပဲသတိရ,တယ် Culture of Opposition ဆိုတာလေးကို၊ ကျွန် တော်သင်တန်းတခုကိုတက်တော့ သင်တန်းဆရာက ဗီယက်နမ် စစ်ပွဲကာလတုန်းက မြို့လည်လမ်းမ ပေါ်မှာ နေ့တိုင်းလိုလို လူသေအလောင်းတွေမြင်ရတွေ့ရတာများလာတော့ အဲဒီမြို့ခံလူတွေဟာ သ မားရိုးကျအတိုင်းပဲ ဘာမှမဆန်းသလို သွားလိုက်လာလိုက်လုပ်နေကြတယ်လို့ ပြောပြဘူးတယ်ဗျ”

အဝေးပြေးကားလမ်းမကြီးကနေ ခွဲထွက်အပြီး၊ လမ်းဆုံလမ်းခွတနေရာအရောက်မှာတော့ မီးနီနဲ့တိုး တာမို့ ကားကိုအသာအယာစက်အရှိန်သပ် ရပ်လိုက်ရင်း စကားပြန်လုပ်သူက
“မင်းပြောတဲ့ အဖြစ်အပျက်က နည်းနည်းဝေးတယ်၊ အနီးဆုံးဥပမာပြောပြမယ်၊ မဲဆောက်နဲ့ကပ် လျှက် မြန်မာဘက်က မြဝတီမြို့ ဆိုတာမင်းသိတယ် မဟုတ်လား၊ အဲဒီမှာ ဘုရားပွဲကျင်းပ,တော့ ညဘက်မှာ ဘုရားကို အပူဇော်ခံထွက်တာ”

လူနာဟာ ဒုတိယအကြိမ်အံ့အားသင့်သွားပုံ ရ,ပါတယ်၊ ဒါကြောင့်သူက စကားဆုံးတဲ့အထိ မစောင့်ပဲ
“ဟိုးဆရာဟိုး အဲဒါတော့မဖြစ်နိုင်ဘူး၊ဘယ့်နှယ်ဗျာ ဘုရားအပူဇော်ခံတာ ညဘက်ဆိုတော့ ကျွန်တော် တခါမှ တွေ့လည်းမတွေ့ဘူးဘူး၊ မြင်လည်းမမြင်ဘူးဘူး၊ ကြားလည်းမကြားဘူးဘူး”

အဲဒီအခါမှာတော့ မီးစိမ်းသွားတဲ့အတွက် စကားပြန်လုပ်သူဟာ ကားကိုဆက်မောင်းရင်းက
“အဲဒါပြောတာပေါ့၊ ငါ့စကားဆုံးအောင်နားထောင်ပါဦးကွ၊ အဲဒီလိုညဘက် ဘုရားအပူဇော်ခံတော့ ရ ဟန်းခံရှင်ပြုတာလည်းပါသေးတယ်မောင်၊ ပထမဆုံးကားပေါ်မှာ ဘုရားရုပ်ပွါးတော်၊ ဒုတိယကားပေါ် မှာက ရဟန်းလောင်းနဲ့မောင်ရင်လောင်းတွေ၊ အဲဒီလိုနဲ့ကွာနောက်ဆုံးကားမှာကျတော့ အတီးအမှုတ် သမားတွေနဲ့အက,သမားတွေ အရက်နဲ့အမြည်းနဲ့ မူးရူးပြီးကခုန်အော်ဟစ်နေကြတာပေါ့၊ ငါပြောချင် တာက ဘုရားရှင်လက်ထက်တုန်းက အဲဒီလိုသာဘုရားအပင့်သွားကြမယ်၊ ပူဇော်ဘို့သွားကြမယ်ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ် ကြွမယ်များထင်သလား၊ လက်ခံမယ်ထင်သလား”

လူနာဟာ ဘာပြန်ပြောရမှန်းမသိဖြစ်နေပါတော့တယ်၊ ဆယ့်ငါးစက္ကန့်လောက် ကားစက်သံကလွဲလို့ ဘာသံမှမကြားရအောင် ငြိမ်သွားပါတော့တယ်၊ စကားပြန်က သူ့စကားကိုဆက်ပါတယ်။
“အေး အဲဒီမြို့မှာ ငါကျောင်းဆရာလုပ်ခဲ့တယ်၊ ငါးနှစ်ကျော်လောက်ကို နေလာခဲ့တာ၊ အဲဒီလို ဖြစ်ပျက် နေတာကို ဟေ့လူတွေ ခင်ဗျားတို့ဟာ မလုပ်သင့်မလုပ်ထိုက်တာ မလုပ်နဲ့လေ ဆိုပြီး ပြောလို့ရမလား၊ အဲဒါက အစဉ်လာတခုလိုဖြစ်သွားပြီ သွားပြောတဲ့လူ ဘာဖြစ်သွားမလဲ”

အဲဒီလိုစကားပြန်က ပြောလိုက်တော့ လူနာဟာ မဆိုင်းမတွပြန်ပြောလိုက်ပုံကတော့
“ပြောဘို့မလိုပါဘူးဆရာရယ်၊ အခု DKBA က ညဘက်ဘုရားလှည့်ပြီးအပူဇော်ခံမယ့်အစား လောင်းက စားနည်း မျိုးစုံနဲ့ပြောင်းပစ်လိုက်တော့ သူ့အလိုလိုပျောက်သွားမှာပေါ့ဗျ၊ ဟုတ်တယ်မှတ်လား”

သူတို့ကားလေးဟာ ဆေးရုံရဲ့ အဝင်ဝ,ကိုရောက်လာပါပြီ၊ စကားပြန်က သူ့ကားကို ဘယ်ဘက်ချိုး ကွေ့လိုက် ညာဘက်ချိုးကွေ့လိုက် လုပ်နေရာကနေ
“ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) အသံလွှင့်ဌာနရှိတုန်းက မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကို လေလှိုင်းကနေ ပြန်ချေပ,တာလေးပြောပြမယ်၊ မြန်မာ့အသံကတဲ့ နှစ်ဘက်စစ်သည်တွေကျဆုံး တာနဲ့ပတ်သက်ပြီး မမှန်တဲ့သတင်းမှားတွေကို ခဏ, ခဏ,လွှင့်တယ်တဲ့ ပထမ စ,လွှင့်တော့ လူတွေ က မယုံကြဘူးတဲ့၊ နောက်ကြာလာတဲ့အခါကျတော့သံသယ လေးဝင်လာတယ်၊ တကယ်ပဲလားပေါ့၊ နောက်ဆုံးတော့ အဲဒီလိုလွှင့်တဲ့အကြိမ်တွေများလာတော့ လူတချို့က တကယ်ကိုယုံသွားကြရောတဲ့”

ဆေးရုံရဲ့ ကားရပ်ဘို့ထားတဲ့နေရာကိုအရောက်မှာ ကားမောင်းတဲ့စကားပြန်ဟာ သူ့ကားကို စနစ်တကျ ထိုးရပ်လိုက်ပါတော့တယ်။

“ကဲ ရောက်ပြီဟေ့၊ မင်းဘာသာမင်း ဆင်းလို့ရပါ့မလား၊ ငါတွဲရမလား”
“ရပါတယ်ဆရာ၊ ချိုင်းထောက်လေးသာ ကျွန်တော့်ဘက်ကိုကမ်းပေးပါ၊ ကျေးဇူးပဲ”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, February 16, 2010

မျိုးချစ်တပ်မတော်သားတဦးရဲ့ ရင်ဖွင့်စကား (VOA BURMESE SECTION)



မျိုးချစ်တပ်မတော်သားတဦးရဲ့  ရင်ဖွင့်စကား (အပိုင်း နှစ်)

14 February 2010

မြန်မာတပ်မတော်ဟာ လူအင်အားတိုးချဲ့ ဖို့ ကြိုးစားနေပေမဲ့ လက်တွေ့မှာ ပြည်သူလူထုအကြား စစ်တပ်ထဲကို ဝင်လိုနေသူ အလွန်နည်းပါးနေကြောင်း အနုမြူနည်းပညာ၊ စစ်လက်နက်အင်အား တိုးချဲ့ မှု တွေကလည်း တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးမဖြစ်နိုင်ကြောင်း ကိုယ်တွေ့ကြုံ ခံစားမိတယ်လို့ မြန်မာ့ တပ်မတော် အရာရှိတဦးက ဗွီအိုအေ ကို ပြောဆိုပါတယ်။ မကြာသေးခင်ကပဲ တပ်မတော်ကို စွန့်ခွာပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အမြောက်တပ်အရာရှိတဦးဖြစ်တဲ့ ဗိုလ်ရဲထက် ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဗိုလ်ကြီးရဲထက် ။ ။ လက်ရှိအနေအထားမှာ တပ်မတော်ရဲ့  လုပ်ရပ်တွေ၊ တပ်မတော်ကို အစိုးရက အမိန့်ပေး စေခိုင်းလို့ လုပ်ရတဲ့ အနေအထားတွေမှာ လက်ရှိပြည်သူတွေ မြင်တဲ့အနေအထားအရ တပ်မတော်ရဲ့ လုပ်ရပ် တွေကို အမြင်မကြည်ကြတော့တဲ့အခါမှာ ဘယ်သူမှလည်း တပ်ထဲကို ဝင်ချင်စိတ် မရှိကြတော့ဘူး။ မရှိကြ တော့ တက်နိုင်သမျှ ရှောင်တိမ်းကြတဲ့ အနေအထားတွေ ဖြစ်လာတယ်။ နောက်ဆုံး ဘယ်လိုလူမျိုးတွေ ဝင်လာကြသလဲဆိုရင် အပြင်မှာ လူသတ်မှုဖြစ်ခဲ့တယ်၊ ပြစ်မှုတစုံတရာ ဖြစ်လာခဲ့ပြီး တပ်ထဲကို ဝင်လာတဲ့ အနေအထားမျိုးတွေ ရှိကြတယ်။ အဲဒီလို အနေအထားတွေနဲ့ဆိုတော့ ကျနော်တို့ လေးလပတ်တခုမှာ စစ်သည်တွေ စုဆောင်းရမှုနဲ့ အင်အားပြုန်းတီးမှုတွေကို ပြန်ကြည့်ရင် အနည်းဆုံး level ကျနေတဲ့ အနေအထားမျိုးမှာ ရှိနေတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ကြီးရဲထက် တို့ တာဝန်ကျခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ လူအင်အားက ဖွဲ့စည်းပုံ အင်အားအရ ပြည့်မီမှုတွေ ရှိခဲ့လား။

ဗိုလ်ကြီးရဲထက် ။ ။ ဖွဲ့စည်းပုံ အင်အားကတော့ မပြည့်ဘူးခင်များ။ ကျနော်တို့ ဖွဲ့စည်းပုံ အင်အားအရ တပ်ရင်း တရင်းမှာ ၇၈၀ လောက်ရှိပါတယ်။ အရာရှိအင်အားက ၄၀ သတ်မှတ်ထားပေမဲ့ အရာရှိအင်အားမှာပဲ ကျနော် ထွက်လာတဲ့အချိန်အထိကို အရာရှိအင်အားက ၁၆ ယောက်၊ ၁၇ ယောက်လောက်ပဲ ရှိတယ်။ တခြားအဆင့် အင်အားကလည်း ၇၀၀ ကျော်ရှိရမယ့် အနေအထားမှာ ဘယ်လောက်ပဲရှိသလဲဆိုရင် ၉၀ ကျော်ပဲရှိတယ်။ ဒီအနေအထားမှာ တပ်ပြင်ပလုပ်ငန်း တာဝန်ခံတွေ သူဟာနဲ့သူ ပြန်ထွက်ထွက်သွားတာ တကယ့်တကယ် တပ်မှာ ကျနော်တို့ တန်းစီးတော့ လူ ၃၀ လောက်ပဲ ရှိတဲ့အနေအထားပဲရှိတယ်။ နောက်ချန်အင်အားပေါ့။ တပ်ရင်းရဲ့  အမည်ပေါက်မှာတော့ ၁၀၀ ကျော်ရှိတယ်။ ခြေလျှင်တွေမှာတော့ အများဆုံးတပ်ရင်းက ၃၅၀ က အများဆုံးပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အခုလို တပ်ရင်းတပ်ဖွဲ့တွေမှာ ဖွဲ့စည်းပုံမပြည့်တာရယ်၊ တပ်မတော်မှာ ထမ်းဆောင်လို စိတ် နည်းလာတဲ့ အခြေအနေတွေနဲ့ဆိုရင် တပ်မတော်ခေါင်းဆောင်ကြီးတွေ ပြောနေကျ မြန်မာ့တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတာက တကယ် ဖြစ်လာနိုင်ပါမလား။

ဗိုလ်ကြီးရဲထက် ။ ။ ဒီလို ဖြစ်လာဖို့ဆိုရင်တော့ သူတို့တွေ တကယ်ချမှတ်ထားတဲ့ မူအတိုင်း ကျင့်ဆောင်နိုင်မှ ဖြစ်လာဖို့ အလားအလာရှိပါတယ်။ လက်ရှိအနေအထားအတိုင်း သွားနေမယ်ဆိုရင်တော့ ပြည်သူနဲ့ တပ်မတော် နှစ်ခြမ်းကွဲ နေရုံတင်မဟုတ်ဘဲနဲ့ တပ်မတော်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကွဲဖို့ရာ အလားအလာတွေ အများကြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တပ်မတော် အင်အားချဲ့ တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်ပြောချင်တဲ့ အကြောင်းအရာကဘာလဲဆိုတော့ ဒီတပ်မတော်အောက်ကို လူအင်အားတင်မက နည်းပညာပိုင်းဆိုင်ရာ၊ လက်နက်အင်အားပိုင်ဆိုင်ရာတွေမှာ တိုးချဲ့ နေတဲ့ကိစ္စတွေပါ။ အထူးသဖြင့် ဗိုလ်ကြီးရဲထက်တို့ဆိုရင် မဟာသိပ္ပံတန်းတွေမှာ အနုမြူနည်းပညာရပ်ဆိုင်ရာ၊ ဓတုဗေဒ နည်းပညာပိုင်ဆိုင်ရာတွေမှာ ပညာဆည်းပူးခဲ့ ရတယ်လို့ ကြားသိရတယ်။ အဲဒီ သင်ကြားမှုတွေရဲ့  အဓိကရည်ရွယ်ချက်က ဘာလဲ။

ဗိုလ်ကြီးရဲထက် ။ ။ အဓိက သင်ကြားမှုကတော့ ကျနော်တို့ ပြည်တွင်းပေါ့ ပြည်ပပညာတော်သင် အဖွဲ့တွေ ကတော့ နည်းပညာပိုင်းပေါ့။ နည်းပညာပိုင်းကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာတွေနဲ့ အဓိက သင်ကြားခဲ့ကြ ပြီးတော့ ကျနော်တို့ ပြည်တွင်းပိုင်းကျတော့ သီအိုရီအပိုင်းကို အဓိက သင်ကြားပါတယ်။ သီအိုရီပိုင်းဆိုင်ရာကို အဓိကသင်ကြားရာမှာ ကျနော်တို့က ဘယ်လိုပုံစံနဲ့သွားသလဲဆိုရင် သင်ကြားတဲ့အထဲကနေ မဟာတန်း နေရာကိုပဲ သူတို့က ပြန်ရွေးချယ်ပါတယ်။ ရွေးချယ်ပြီးတော့ ဒီကျောင်းတွေမှာ နည်းပြပြန်ဖြစ်တဲ့ လူတွေလည်း ရှိတယ်။ ကိုယ့်ရဲ့  တိုင်း ခြေလျှင် တပ်ရင်းတပ်မတွေကို ပြန်သွားပြီးတော့ စစ်တာဝန်တွေ ပြန်ထမ်းဆောင်တဲ့ လူတွေလည်းရှိတယ်။ ဒီအထဲကနေမှ တချို့  သင့်တော်မယ်ထင်တဲ့လူတွေကို နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်း တွေမှာ ပြန်လည်အသုံးပြုတဲ့ အနေအထားတွေလည်း ရှိပါတယ်။ အဲဒီပုံစံမျိုးနဲ့ ခွဲထုတ်ထားတာပေါ့။ ခွဲထုတ် ပြီးတော့ လိုအပ်သလို ပြန်ပြီးတော့ ကျနော်တို့ရဲ့  ပညာအရည်အချင်းရတဲ့အဆင့်ပေါ်မှာ မူတည်ပြီး ပြန် သတ်မှတ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဗိုလ်ကြီးတို့အနေနဲ့ ဒီပညာရပ်တွေကို စစ်တက္ကသိုလ်မှာ သီးသန့် မဟာတန်း အနေနဲ့ သွားရောက်ဆည်းပူးကြတဲ့အခါမှာ အထူးသဖြင့် အနုမြူနည်းပညာ၊ ဓာတုဗေဒ နည်းပညာတွေနဲ့ ပတ်သက်လို့ သင်ကြားယူရတဲ့ ရည်ရွယ်ချက်က ဘာလို့ နားလည်ထားသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်တို့ အဓိကနားလည်ထားတဲ့ ရည်ရွယ်ချက်က ကျနော်တို့အနေနဲ့ ကျနော်တို့ နိုင်ငံ အနေနဲ့ နည်းပညာပိုင်ဆိုင်ရာမှာ အနောက်နိုင်ငံတွေနဲ့ဆရင် အများကြီးခေတ်နောက်ကျနေတဲ့ အနေအထား မျိုးမှာ ကျနော်တို့ကို ချပေးတဲ့ မူအရတော့ ကျနော်တို့နိုင်ငံရဲ့  နည်းပညာပိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဘက်ကနေပြီးတော့၊ အရပ်ဘက်ကနေလုပ်ဖို့ မလုံလောက်ဘဲနဲ့ တပ်ဘက်ကလည်း ဒီနည်းပညာပိုင်း ဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ သူတို့ချပေးတဲ့ မူအရတော့ ဒီရည်ရွယ်ချက်နဲ့ သင်ကြားကြတယ်။ နောက်ပြီးတော့ ကမ္ဘာ့တပ်မတော်အသီးသီးကို ကြည့်မယ်ဆိုရင် ခေါင်းဆောင်နေတဲ့ အရာရှိတွေက သာမန်ဘွဲ့အပြင် အခုလိုမျိုး အဆင့်မြင့်ဘွဲ့တွေ ရထားပြီးတဲ့လူတွေ ပုဂ္ဂိုလ် မျိုးတွေက ဦးဆောင်နေကြတဲ့ အနေအထားမှာ ကျနော်တို့ မြန်မာ့တပ်မတော်အနေနဲ့လည်း နိုင်ငံတကာ တပ်မတော်တွေကို ပုခုံးချင်းယှဉ် ရင်ပေါင်တန်းနိုင်ဖို့ အနေအထားတွေ။ နောက်ပြီးတော့ နောက်ပိုင်း တိုးတက် လာတဲ့ နည်းပညာအနေအထားတွေကို လိုက်မီနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အဓိကထား သင်ကြားရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အပြင်ဘက်က စွပ်စွဲမှုတွေနဲ့ သံသယရှိနေကြတယ်။ မြန်မာစစ်တပ်အနေနဲ့ အဏုမြူလက်နက် ထုတ်ဖို့အဆင့်အထိ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဗိုလ်ကြီးရဲထက်အနေနဲ့ ကျောင်းတွေမှာ ဒါမှမဟုတ် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းမှာ ဒီလို ထုတ်ဖော်ပြောကြားခဲ့တာတွေကို ကြားခဲ့ရဖူးသလား။ ဒါမှမဟုတ် သိခဲ့ရတာတွေရှိလား။

ဗိုလ်ကြီးရဲထက် ။ ။ အဲဒီလိုမျိုး တရားဝင်ကြီး ထုတ်ဖော်ပြောကြားတာတွေတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့  ယူဆချက်အရတော့ အခု ကျနော်စောစောကပြောတဲ့ လုပ်ငန်းထဲမှာ သုံးတာရှိတယ်၊ နည်းပြပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်လို့ တပ်ရင်းတပ်မတွေကို တာဝန်ထမ်းဆောင်တဲ့ဟာတွေလည်း ရှိတယ်။ ဒီတော့ လုပ်ငန်း ပိုင်းမှာ ထမ်းဆောင်တဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင် အခု နိုင်ငံတကာက ပြောနေတဲ့ လက်နက်ထုတ်လုပ်ဖို့ အနေအထားမျိုးဘက်ကို ရောက်ဖို့က များပါတယ်။ ကျနော်တို့ကတော့ ဒီလုပ်ငန်းခွင်ထဲကို မဝင်သေးဘူး ဆိုပေမဲ့ ကျနော်ရှေ့ ကနေ ဝင်သွားတဲ့ အသိမိတ်ဆွေတွေ၊ ကျနော်တို့ရဲ့  နောင်တော်တွေ ရှိတဲ့အခါကျတော့ သူတို့နဲ့ တခါတလေ ပြန်လည်တွေ့ဆုံတဲ့အခါကျတော့ သတင်းတော့ သဲ့သဲ့ကြားတာပေါ့။ ဒီလို သတင်းသဲ့သဲ့ ပြန်ကြားတဲ့အခါမျိုးမှာ ဒီဟာ လုပ်ဆောင်နေတဲ့ဟာ အမှန်ဆိုတာကိုတော့ သိရတယ်။ ကျနော်တို့ သင်ကြားတဲ့ အခါမှာလည်း သူတို့ရဲ့  သင်ကြားမှုအနေအထားကို ကြည့်လိုက်တာနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ လူတယောက် အနေနဲ့ ဘယ်အပိုင်းကို ရည်ညွှန်းနေတယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လက်ရှိပညာတွေ ဆည်းပူးနေရင်နဲ့ ကိုယ်ဆည်းပူးနေတဲ့ ပညာတွေဟာ နောက်ပိုင်းမှာ အမိန့်အရ ဥပမာအားဖြင့် ဒီလို အဏုမြူဆိုင်ရာ၊ လက်နက်ဆိုင်ရာ တိုးချဲ့ ထုတ်လုပ်ရေးတွေ ဘက်မှာ ဝင်ထမ်းဆောင်ရမယ်ဆိုတဲ့ အနေအထားမျိုးကို သိလာရတဲ့အခါကျတော့ ဗိုလ်ကြီးရဲထက် အနေနဲ့ ဘယ်လိုစဉ်းစားမိသလဲ၊ ဘယ်လိုခံစားရသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်အနေနဲ့ကတော့ စဉ်းစားမိတာကတော့ ကျနော်စောစောကပြောသလိုပဲ နိုင်ငံရေး အရရော၊ တပ်မတော်ပိုင်းအရရော ကျနော်က နဂိုကတည်းက မဖြစ်သင့်ဘူးလို့ အနေအထားမျိုးမှာ အခုလိုမျိုး ကျနော်တို့ ဒီပညာနဲ့သင်ပြီးတော့ နေလာတဲ့အခါကျတော့ ပြန်စဉ်းစားကြည့်တာပေါ့။ လက်ရှိအနေအထား တောင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေက ထမင်းတလုပ်စားဖို့ကို တော်တော်ကြီးကို ရုန်းကန်နေရတဲ့ အနေအထားမျိုးမှာ ကျနော်တို့ရဲ့  စစ်ဘက်ဆိုင်ရာ၊ စစ်လက်နက်တွေကို တိုးချဲ့ မယ် ဒီလိုတွေ ဆက်ပြီး လုပ် နေမယ် ဆိုရင် ဒီအပေါ်မှာ ကျနော်တို့ရဲ့  ငွေကုန်ကြေးကျမှုတွေက တိုင်းပြည်ဘဏ္ဍာ တော်တော်လေး ဆုံးရှုံးနေတဲ့ အနေအထားတွေ ဖြစ်နေတယ်။ ဒီအနေအထားမျိုးမှာ ကျနော်တို့က ကိုယ့်ရဲ့  တိုင်းပြည်ဖွံ့ဖြိုးမှု ရည်ရွယ်ချက်နဲ့ လုပ်ပေးမယ့် ကိုယ့်ရဲ့ လုပ်ရပ်ရဲ့  အကျိုးသက်ရောက်မှုက ကိုယ့်ရဲ့  တိုင်းပြည်သူပြည်သား တွေပဲ ငတ်ပြတ်မှုတွေ၊ ဆင်းရဲဒုက္ခကြုံတွေ့မှုတွေနဲ့ ကြုံတွေ့သွားရမယ့် အနေအထားမှာပေါ့၊ ကျနော်ရဲ့  လုပ်ရပ်တခုက မှားယွင်းသွားမယ်ဆိုတဲ့ အခြေအနေမျိုးကို ကြုံလာတဲ့အခါမှာ အဲဒီလို အဖြစ်မခံချင်ဘူး။ သမိုင်းမှာ နံမည်ဆိုး ကျန်သွားမှာကို ကြောက်တယ်။ ဒီလိုတွေ လုပ်ခဲ့လို့ တိုင်းပြည်ရဲ့  ဘဏ္ဍာရေးက ဆိုးဝါး ခဲ့တယ်ဆိုတဲ့ အနေအထားမှာ ကျနော်ကိုယ်တိုင် ဒီလိုလုပ်ခဲ့တဲ့ထဲမှာ ပါသွားခဲ့လို့ရှိရင် ကျန်ရစ်သွားမယ့် ကျနော့်ရဲ့  အမှားကို ကြောက်တဲ့အတွက်၊ ကျနော့်မိသားစုဘဝနဲ့ ကျနော့်ဘဝကို စတေးခံခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ တပ်မတော်မှာ အရာရှိငယ်တယောက်အနေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပြောနေတဲ့ မြန်မာတပ်မတော်အနေနဲ့ ပြည်ပနိုင်ငံတွေရဲ့  ခြိမ်းခြောက်မှု အန္တရာယ်၊ ပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့ အမြဲအဆင်သင့်ရှိနေရမယ်ဆိုတဲ့ အနေအထားမှာ ဗမာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ပြည်ပနိုင်ငံတွေရဲ့  ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ယူဆသလား။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော်တို့ကို ချမှတ်ပေးတဲ့ လမ်းညွှန်းချက်တွေ (၄) ရပ်အပေါ် ကြည့်လို့ရှိရင်တော့ သူတို့ ပြောပုံအရဆိုရင် ဒီဘက်မှာ နိုင်ငံတကာကနေ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးတယ်ဆိုတဲ့ အနေအထားမျိုးတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေထားတယ်၊ ကျနော်တို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်၊ နိုင်ငံရေး အရ ဝင်ရောက်နောက်ယှက်တယ်ဆိုတဲ့ အနေအထားမျိုးတွေပေါ့။ ဒါက သူတို့ပြောတဲ့မူ။ ကျနော်တို့လည်း အရင်တုန်းက ဒီမူတွေကို လက်ခံခဲ့တယ်။ တကယ့်တကယ် ပြန်လေ့လာကြည့်တဲ့အခါ ဒါတွေက ပြောမယ် ဆိုလို့ရှိရင် လူ့အခွင့်အရေးအရ လုပ်ပေးရမယ့် အနေအထားမျိုးတွေလည်း ရှိတာပေါ့။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု လုပ်တယ်ဆိုတာ အရင်တုန်းကတော့ ကျနော်တို့ တိုင်းသူပြည်သားတွေကို ငတ်စေချင်လို့ ထင်ခဲ့တယ်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့မှ တကယ့်တကယ် တိုင်းပြည်က ရရှိတဲ့ဘဏ္ဍာတွေဟာ ဘယ်ကို ရောက်သွားသလဲဆိုရင် ကဏ္ဍအလိုက် ကျန်းမာရေး၊ ပညာရေး၊ စစ်ရေး အစရှိတဲ့ ကဏ္ဍအလိုက် တွေ မှာ အဓိက အသုံးများတာက စစ်ရေးကဏ္ဍမှာ သုံးပြီးတော့ ကျန်တဲ့ကဏ္ဍတွေမှာ အလွန်ဆုံးသုံးရင် ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲတယ်။ ဒီလို ၅% သုံးတဲ့အနေအထားတောင် မရှိပါဘူး။ ၂% ပေါ့ - ပြီးခဲ့တဲ့တခေါက် တိုင်းပြည်ဘဏ္ဍာရေးဝင်ငွေမှာဆိုရင် ပညာရေးကဏ္ဍ နဲ့ ကျန်းမာရေးကဏ္ဍမှာ ၂% ဆိုပြီး သုံးခဲ့တယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက်ကို ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံ တိုးတက်မှ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုက level လိုက်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျန်တဲ့ကဏ္ဍတွေမှာ ကျဆင်းနေပြီးတော့ စစ် လက်နက်ပစ္စည်းကဏ္ဍမှာပဲ တိုးတက်လာလို့ရှိရင် အဲဒီနိုင်ငံက စစ်ကိုအားကိုးပြီးတော့ စစ်ဖြစ်ဖို့ အဓိက ရည်ညွှန်းနေတဲ့ပုံစံမျိုး ဖြစ်သွားဖို့ များသွားပြီ။ မဖြစ်သင့်ဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ကြီးအနေနဲ့ ဒီဘက်ကို ရောက်လာပြီးနောက် ဒီဘက်မှာ နွေးနွေးထွေးထွေး ကြိုဆိုမှုတွေ ရရဲ့လား။

ဗိုလ်ကြီးရဲထက် ။ ။ ဟုတ်ကဲ့၊ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရောက်လာတဲ့အခါမှာ ကျနော်အပေါ်မှာ အများကြီး သူတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ အားလုံး ဝိုင်းဝန်း ပံ့ပိုးပေးကြတာတွေ ရှိပါတယ်။ အားလုံးလည်း နွေးနွေးထွေးထွေး၊ လိုအပ်တဲ့အနေအထားတွေ အကုန် ကူညီပေးပါတယ်။ ဒီကို ရောက်လာတဲ့အခါကျမှ ဘာကိုခံစားမိသလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်မှာ အရင်တုန်းက တပ်မတော်သားတယောက်က ဘယ်ကိုပဲ ခရီးသွားသွား ရောက်တဲ့နေရာမှာ စားဖို့နေဖို့အတွက်ကို ပြည်သူလူထုက ဝမ်းပန်းတသာနဲ့ ကြိုဆိုတယ်ဆိုတဲ့ ခံစားမှုမျိုး ပုံစံလေး သွားတွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့ ဟိုမှာတုန်းက နေခဲ့တဲ့အနေအထားမျိုးမှာတော့ ဒီလို မရဘူးပေါ့။ အဲဒီအနေအထားမျိုးကို သွားပြီးတော့ ခံစားမိပါတယ်။ ပြောင်းပြန်ဖြစ်နေတဲ့ပုံစံမျိုးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာတပ်မတော်ထဲမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တချို့ က ဗိုလ်ကြီးရဲထက် ကို သစ္စာဖောက်တဦးအဖြစ် စွပ်စွဲလာခဲ့ရင် ဘယ်လိုတုံ့ပြန်လိုသလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ဒါကတော့ လက်ရှိအမြင်အားဖြင့်တော့ ကျနော်က တပ်မတော်ကနေ အခုလို ထွက်ပြေး လာတယ်၊ တိုင်းပြည်အပေါ် သစ္စာဖောက်တယ်လို့ သူတို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်မှာ တကယ် သစ္စာဖောက်တယ်၊ မဖောက်ဘူး။ ထားလိုက်တော့ ကျနော် တပ်မတော်က သစ္စာဖောက်တယ် ဆိုရင်ပေါ့၊ ကျနော်သစ္စာဖောက်တာက ကျနော့်ကိုယ်ကျိုးအတွက်လား၊ ပြည်သူလူထုအကျိုးအတွက်လားဆိုတဲ့ အနေအထားပေါ့။ တပ်မတော်သားဆိုတာက မိမိရဲ့  ကိုယ်ကျိုးစီးပွားကို မကြည့်ဘဲနဲ့ ပြည်သူလူထုရဲ့  အကျိုး စီးပွား ကိုပဲ ကြည့်ပြီးတော့ လုပ်ပေးရမယ်၊ စွန့်လွှတ်အနစ်နာ ခံရမယ်။ ဒီလို စွန့်လွှတ်အနစ်နာခံမှ တပ်မတော် သားကောင်းတယောက်ဆိုတဲ့ ခံယူချက်မျိုးလေး သူတို့ရင်ထဲမှာ တကယ်ရှိနေတယ်ဆိုရင်တော့ သစ္စာဖောက် လို့ မြင်မှာ မဟုတ်ဘူး။ ဒီလိုမှ မဟုတ်ဘဲနဲ့ အခုလက်ရှိ စစ်အာဏာရှင်အစိုးရရဲ့  ရိုက်သွင်းထားတဲ့ဟာတွေကို ကြည့်ပြီးတော့ ကျန်တဲ့ကဏ္ဍတွေကို လေ့လာဆည်းပူးမှု မရှိတဲ့လူတွေဆိုရင်တော့ ကျနော်ကို သစ္စာဖောက်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် အဲဒါတွေကို ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကနေ ဘယ်သူတွေဟာ တိုင်းပြည်အပေါ် သစ္စာဖောက်သွားတယ်ဆိုတာကို သက်သေပြမယ်လို့ ယုံကြည်ပါတယ်။

VOA Burmese Section ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အဲဆိုဒ်ဖေါဟ်

Photo by; Nann Kaw Kay Phort

အဲဆိုဒ်ဖေါဟ်

(သုင့်ထြီၟဟှင်းခေါဟ်ဝီၟ)

သဲုးယ်ုဝေ့ ဖႜုံဖေါဟ်စိုင်စိုင်(ကျိုင်ကျိုင်)
ဍေဆိုဒ်ဟှင်ၟ မ်ုအင်းလယ်နိုင်။

သီ့ဍးဝေ့ ယ်ုလုပါကါ
ဍေဆိုဒ်ဟှင်ၟ ယ်ုမုကုက်မါ။

သီ့လင္မါၟ အု္က်းလု္ဆီ့
ကို၀္႓ႜင္မု္ကဲ ဖႜဳံသုဲးထီ့။

အ်ုကျးလ်ုယါ ဍေဖႜုံဆိုဒ်
ထံင်ခ၀့်လယ့်သီး မ်ုကေႜစိုဒ်။

စ်ါခႜုက် ထံင်လ်ုနာရ
္ဘးထုင်ၟသီး မ်ုဏင်းဆိုဒ်ဆ။

လ်ုနာရ ဖႜုံဖေါဟ်အေအှ်
ကိုဝ်္ဘႜင်ဆိုဒ်ဟှင်ၟ မ်ုထုဂ်ဖႜဟ်။

သုင့်ထြီၟဟှင်းခေါဟ်ဝီၟ
သၞိင့်ဍိုဝ်တ်ုဝါန့်
(အဲဆိုဒ်သ္ဘာင်းဖေါဟ် ကုံရွဲါ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, February 15, 2010

အချိန်မရလို့တဲ့လားကွယ်တို့

Photo By; Center for Victims of Torture

အချိန်မရလို့တဲ့လားကွယ်တို့

(မင်းစိုးစံ)

သိပ်သည်းမှောင်မဲ၊ တိမ်မဲပြေးလွှား
တလွှားကောင်းကင်၊ ဝေဟင်တိမ်အက်
လင်းလက်လျှပ်ပန်း၊ လေကြမ်းမွှေ့ဆင်
သစ်ပင်ထိုးယိမ်း၊ ရွက်စိမ်းမြေခ
ကျိုးကျသစ်ကိုင်း၊ မုန်တိုင်းတွေကြား
စွမ်းအားအပြည့်၊ မာန်အပြည့်နဲ့
အပြည့်ပေးဆပ်၊ မားမားရပ်ရင်း
စွဲမှတ်ယုံကြည်၊ ပန်းတိုင်ဆီသို့
တူညီလှမ်းမယ် ဆိုသူတွေ။

လှေခွက်ချည်းကျန်၊ အလံမလဲ
အားမာန်ဇွဲနဲ့၊ တိုက်ပွဲထောင်ရာ
ကြုံခဲ့ပါလည်း၊ ခိုင်မာမြံမြဲ
လက်ချင်းတွဲယှက်၊ အောင်ပွဲဆင်ကြ
တချိန်က။


အခုတော့လေ၊ ငယ်ပေါင်းဆွေတို့
ရေမြေဝေးခြား၊ နိုင်ငံခြား၌
ကွာခြားလူမှု၊ အခြေပြု၍
ချိန်လုဖွေရှာ၊ ငွေဒေါ်လာကြောင့်
ဘာညာဘယ်သို့၊ မည်ကယ့်သို့ဟု
ဤသို့ဖြစ်ကြောင်း၊ အကြောင်းကြောင်းနှင့်
အကြောင်းမျိုးစုံ၊ ပြမကုန်ကြ
သင်တို့ဘဝ။

ဒီပုံသာဆို၊ သိပ်မလိုဘူး
စစ်ဗိုလ်မောင်လှ၊ ဆောက်မယ့်ပြတိုက်
ဝင်ကြဘို့တော့ နီးလာပြီ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ခါးသီးမှု နာကျည်းမှုတို့ ဘယ်ကိုသွားမလဲ

ခါးသီးမှု နာကျည်းမှုတို့ ဘယ်ကိုသွားမလဲ
ဇော်မင်း (လူ့ဘောင်သစ်)
စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၄၁ မိနစ်


ဟိုတုန်းက ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ စာရေးဆရာကြီးတဦး ရှိခဲ့ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့သူတွေထဲက တဦးလည်း ဖြစ်ပါတယ်။ ဆန်းထွန်း (မန်းတက္ကသိုလ်) ဟာ သူ့ကလောင်နာမည် နောက်မှာ မန်းတက္ကသိုလ်ဆိုတာကို တပ်ထားပေမယ့် ခေတ်ပညာရေးအရ သတ်မှတ်ထားတဲ့ ဘီအေ၊ အမ်အေ စတဲ့ ဘွဲ့တွေ မရရှိခဲ့ပါဘူး။
ပြောရရင် ဘုန်းကြီးလူထွက်တဦးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစာနဲ့ ပတ်သက်ရင် အလွန်ထူးချွန်သူ ဖြစ်တဲ့အတွက် မန္တလေးတက္ကသိုလ်မှာ ကျောင်းသားတွေကို မြန်မာစာ ပို့ချပေးဖို့ တက္ကသိုလ်ဆရာ အ လုပ်ကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်မှာလည်း မြန်မာစာ ပို့ချသင်ကြားခဲ့ပါတယ်။ စာရေးတော့ ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ ကလောင်အမည်နဲ့ စာတွေ ရေးသားခဲ့ပါတယ်။ တချိန်ထဲမှာလည်း လူ့ဂွစာလို့ နာမည်ကျော်ပါသေးတယ်။

သူကိုယ်တိုင်ရေးတဲ့ သူကိုရင်ဘဝတုန်းက အကြောင်းအရာတခုကို မဂ္ဂဇင်းတခုမှာ ၁၉၈၂ ခုနှစ် လောက် တုန်းကလို့ ထင်ပါတယ်။ အဲဒါကို ဖတ်လိုက်ရပါတယ်။ လူငယ် လူလတ် လူကြီးအားလုံး အတုယူသင့်တယ်ထင်လို့ မှတ်မိသလောက် ပြန်ပြီး မျှဝေလိုက်ပါတယ်။

သူငယ်ငယ်တုန်းက ကိုရင်ဘဝမှာ မန္တလေးကို ရောက်လာပါတယ်။ မန္တလေးက စာသင်တိုက်တခုမှာ နေထိုင်ရင်း စာလိုက်ရပါတယ်။ တနေ့တော့ သင်္ကန်းတစုံလောက် ဝယ်ဖို့ဆိုပြီး အိမ်တော်ရာဘုရားနဲ့ ဆက်နေတဲ့ ဆင်တံတားဆိုတဲ့ ရပ်ကွက်က သင်္ကန်းပရိက္ခရာရောင်းတဲ့ အတန်းကို သွားပါတယ်။
ဒါနဲ့ သင်္ကန်းဆိုင် တဆိုင်ရှေ့မှာ မတ်တပ်ရပ်နေရင်း သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးကို သင်္ကန်းတစုံ လောက် ဝယ်ချင်လို့ သင်္ကန်းတွေ ကြည့်ပါရစေလို့ ပြောလိုက်ပါတယ်။

အဲလို ပြောလိုက်တော့ သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးက သူ့ကိုတချက် အကဲခတ်လိုက်ပြီး “ကိုရင် ဘယ်စာမွေးပွဲတွေ အောင်ပြီးပြီလဲ” လို့ မေးခွန်းထုတ်ပါတယ်။ အဲတော့ ကိုရင်က “စာလိုက်နေတုန်းပါ။ ဘယ်စာမွေးပွဲမှ မအောင်သေးပါဘူး” လို့ ပြန်ဖြေပါတယ်။ သူအဲသလိုလည်းပြောရော ဆိုင်ရှင်အဖွား ကြီးက “ဘယ်စာမေးပွဲမှ မအောင်သေးရင် တပည့်တော်မ ကိုရင့်ကို သင်္ကန်း မရောင်းနိုင်ဘူး” ဆိုပြီး လုပ်သတဲ့။ ဆန်းထွန်း (မန်းတက္ကသိုလ်) အလောင်းအလျာ ကိုရင်ဟာ ဆိုင်ရှင်အဖွားကြီးရဲ့ အဖြေ ကြောင့် ဒေါသဖြစ်လိုက်တာ ဆတ်ဆတ်ကို တုန်သွားတာပါပဲ။

သင်္ကန်းကို အလကား လာအလှူခံတာလည်းမဟုတ်၊ ပိုက်ဆံပေးပြီး ဝယ်ပါမယ်လို့ ပြောတာတောင် သူ့ကို အဲလို ပြောရမလားဆိုတဲ့ ခံစားချက်ကြောင့်ပါ။ ဒါပေမဲ့ ဆိုင်ရှင်အဖွားကြီးက “ကိုရင် စာမေးပွဲ အောင်ရင် တပည့်တော်မ ဆိုင်ကို ပြန်လာခဲ့။ ကိုရင့်ဆီက ပိုက်ဆံမယူဘူး။ ကိုရင့်ကို တပည့်တော်မ သင်္ကန်းတစုံ လှူမယ်” လို့ ဆက်ပြောလိုက်တယ်။ တခြား သင်္ကန်းဆိုင်တွေ ဆင်တံတားတန်းမှာ အ များအပြား ရှိပေမယ့် ကိုရင်ဟာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်တော့ ဘယ်သင်္ကန်းဆိုင်ကိုမှ မဝင်တော့ဘဲ ကျောင်းကို တန်းပြန်လာခဲ့တယ်။ စိတ်ထဲမှာလည်း ဒီမိန်းမကြီး တနေ့ကျ ငါ့အကြောင်း သိမယ်ဆိုပြီး ကြိမ်းဝါးမိသေးတယ်။ ကိုရင့်အနေနဲ့ ဒေါသထွက်မယ်ဆိုလည်း ထွက်ထိုက်ပါတယ်။ သင်္ကန်းဆိုင်ဆိုတာ စီးပွားရေး လုပ်ငန်းတခုပဲ။ သင်္ကန်းကို ပိုက်ဆံနဲ့ ရောင်းတာမို့လား။ စားမေးပွဲအောင်မှ ရောင်းပေးမယ် စားမေးပွဲမအောင်သေးရင် မရောင်းဘူးလို့ သတ်မှတ်ထားတာမှ မဟုတ်တာကိုး။

နောက် ၆ လဆိုလား၊ ၁ဝ လောက် ရှိတော့ဆိုလား ကိုရင်ဟာ ပထမဆုံး သူဖြေရတဲ့ စာမေးပွဲကို အောင်သွားခဲ့တယ်။ ဒါနဲ့ ဆင်တံတားက အဲဒီသင်္ကန်းဆိုင်ကို ပြန်သွားပြီး ဆိုင်ရှေ့မှာ မတ်တပ်ရပ်ပြီး လူလုံးပြလိုက်တယ်။ အဖွားကြီးက “ဘာလဲ ကိုရင်” လို့ မေးလိုက်တော့ ကိုရင်က “တကာမကြီး ကျုပ်စာမေးပွဲ အောင်သွားပြီ။ အဲတာ လာပြောတာ” လို့ ပြန်ဖြေလိုက်တယ်။ ဆိုင်ရှင်အဖွားကြီးက ကိုရင့်ကို မှတ်မိတယ်။ ကိုရင့်ကို ဆိုင်ပေါ်က ခုံပုလေးပေါ်မှာ အထိုင်ခိုင်းပြီး ရှစ်ခိုးရင်း သင်္ကန်းတစုံ ကိုရင့်ကို လှူလိုက်တယ်။

ဆရာကြီးဆန်းထွန်းက သူ့ဆောင်းပါးထဲမှာ အဲဒီကိစ္စကို အခုလိုပြန်ပြီး မှတ်ချက်ချပါတယ်။ သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးက အဲဒီခေတ်တုန်းက လတ်လျားလတ်လျား လုပ်နေတဲ့ ကိုရင်တွေကိုလည်း မြင်ဖူးဟန်ရှိတော့ သူ့ကိုလည်း အဲသလိုမှတ်ပြီး ပညာစမ်းလိုက်တာလို့ ထင်ကြောင်း ပြောပါတယ်။ မခံချင်စိတ်နဲ့ ကြိုးစားတော့ စာမေးပွဲလည်း အောင်ခဲ့ပါတယ်။ သူ နည်းနည်းကြီးလာတော့ ဒီကိစ္စကို သဘောပေါက်လာပါတယ်တဲ့။

အဖွားကြီးသူ့ကို ပြောတဲ့အပြောက စိန်ခေါ်မှု တမျိုးလို့ ဆိုနိုင်ပါတယ်။ အဖွားကြီး ပြောလိုက်လို့ ခံစားရတဲ့ ဒေါသထွက်မှု၊ ခါးသီးမှု၊ စိတ်နာကျည်းမှုတွေဟာ စာလိုက်နေတဲ့ ကိုရင်ကို တဖက်မှာ တွန်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီး စာပိုကြိုးစားဖို့ ဖြစ်လာရတယ်လို့ ဆိုလိုတာပါ။ တကယ်လို့ အဖွားကြီးကို စိတ်နာတဲ့ ခါးသီးမှုသက်သက်ကို စိတ်ထဲမှာမွေးထားပြီး တနုံ့နုံ့နဲ့ခံစားနေရင် စာကြိုးစားဖို့ တွန်းအားသဘောမျိုး ဖြစ်မလာတော့ဘဲ အဲဒီခါးသီးမှုဟာ ကာယကံရှင်ကိုပဲ နောင်မှာ အကျိုးယုတ်စေတယ်လို့ ဆိုလိုချင်တာပါ။ ဒါ့ကြောင့် သူကြီးပြင်းလာတော့ အဲဒီ သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးကို သူ့ရဲ့ ကျေးဇူးရှင်အဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

နောက်တခုကတော့ ဒီဇာတ်လမ်းနဲ့ တိုက်ရိုက်မဟုတ်ပေမယ့် ဆင်ဆင်တူတဲ့ အဖြစ်အပျက် တခုပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစ ဂျပန်တွေ စစ်ရှုံးသွားတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။
ဒါက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖြစ်အပျက်ပါ။ မိတ္ထီလာမှာ စခန်းချနေတဲ့ မဟာမိတ် စစ်ခေါင်းဆောင် တဦးဖြစ်သူ ဗြိတိသျှ ဗိုလ်ချုပ် ဝီလီယမ်စလင်းကို ဗိုလ်ချုပ်အောင်ဆန်း သွားတွေ့တုန်းက ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်စလင်းရဲ့ ရုံးထဲကို ဝင်လာတဲ့အခါမှာ စစ်ပြီးခါစလေးပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်စစ်ယူနီဖောင်း ဝတ်ထားပြီး ခါးမှာလည်း ဂျပန်ဓားရှည်ကြီး ချိတ်ထား တယ်လို့ ဆိုပါတယ်။ စစ်ပြီးစဆိုတော့ တခြားအစားထိုး ဝတ်ဖို့ ယူနီဖောင်းတွေလည်း မရှိသေးလို့ မ သတ် မှတ်ရသေးလို့ ဖြစ်ပါလိမ့်မယ်။ အစောင့် အင်္ဂလိပ်စစ်သားတွေက ဂျပန်တွေ လက်နက်ချပြီးမှ ဒီဂျပန်စစ်ဗိုလ် ဘယ်ကနေ ပေါ်လာတာလဲလို့ ယုံထင်ကြောင်ထင် ဖြစ်ပြီး စစ်လားဆေးလား ဖြစ်ပါ သေးတယ်။ ထားပါတော့။

ဗိုလ်ချုပ်စလင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ့လျှောက် မြန်မာ့နိုင်ငံရေးကို ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာမျိုး ဆွေးနွေးကြပါတယ်တဲ့။ ဆွေးနွေးကြတဲ့အထဲမှာ နောင် မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်၊ အုပ် ချုပ်ရေးစနစ် စတာတွေလည်း ပါပါလိမ့်မယ်။
ပါလီမန် ဒီမိုကရေစီ ပုံစံနဲ့ သွားမယ့် အကြောင်းအရာတွေလည်း ပါမှာကတော့ သေချာပါတယ်။ တခြားနိုင်ငံရေး အကြောင်းအရာတွေလည်း ပါမှာပါ။ အဲဒီနေရာမှာ အဲသလိုပြောဆို ဆွေးနွေးနေ ရင်းကနေ ဗိုလ်ချုပ်စလင်းက ဂျပန်စစ်ယူနီဖောင်း ဝတ်ထားဆဲဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စေ့စေ့ ကြည့်ပြီး
“Aung San, you can not be a politician and a general at the same time”
လို့ ပြောပါတယ်။
ဆိုလိုတာကတော့ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင် အရပ်သား နိုင်ငံရေး ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ရာထူးကို တချိန်တည်း တပြိုင်ထဲ ယူထားလို့ မရဘူးဆိုတာကို ပြောတာပါ။

စိတ်နာကျည်းမှု၊ ခါးသီးမှုနဲ့ တိုင်းတာပြီး ပြောရမယ်ဆိုရင် အင်္ဂလိပ်ဆိုတာ ရန်သူဟောင်းပါ။ ရန်သူဟောင်းမှ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ အမျိုးချစ်စိတ်ကို ရှေ့ကတည်ထားပြီး ပြောရမယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဘုရင်ကို နန်းချပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တာပါ။
တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့ပါတယ်။ အဲသလို ကိုလိုနီလုပ် နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ဖို့အတွက် ဖက်ဆစ်ဂျပန်နဲ့တောင် ပေါင်းခဲ့ရသေးတာပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့ နေရာမှာ သူတို့ပြောတိုင်း လိုက်လုပ်ရမှာလား။
သူတို့ အင်္ဂလန်က ပါလီမန် ဒီမိုကရေစီစနစ်က ဘာ့ကြောင့် ဘယ်လောက်များ ကောင်းလို့ မြန်မာတွေ က အတုယူရမှာလဲ။

ကိုယ်က မကြာခင် လွတ်လပ်ရေး ရတော့မှာ ဆိုတာကလည်း သေချာပေါက်နီးပါး တွက်လို့ရနေပြီ။ ခင်ဗျားတို့ အင်္ဂလိပ်တွေ ဝင်မရှုတ်နဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ့်စိတ်ကြိုက် အုပ်ချုပ်မှာပဲလို့ ပြောမယ်ဆို ရင် ပြောလို့ရပါတယ်။
ဒါမှမဟုတ်လည်း သင်းတို့ ငါတို့မြေကြီးပေါ်ကနေ ထွက်မသွားခင် အရှိန်အဝါ ရှိနေဆဲမို့ သူတို့ပြောသ လို၊ တိုက်တွန်းသလို ခဏတော့ လုပ်လိုက်မယ်။ သူတို့ထွက်သွားတာနဲ့ ငါတို့တိုင်းပြည်ကိုငါတို့ကြိုက် တဲ့ စနစ်နဲ့ အုပ်ချုပ်မယ်ဆိုပြီး တေးထားလည်း ရတာပါပဲ။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲသလို မလုပ်ခဲ့ပါဘူး။ ပါလီမန် ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆိုတာကို ဆုံးဖြတ်ထားတဲ့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းဖို့ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဗိုလ်ချုပ်ဟာ အရပ်သား ဖြစ်နေပါပြီ။ စစ်တပ်ကနေ ဗိုလ်ချုပ်ရာထူး ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကနေ ဦးအောင်ဆန်း ဖြစ်နေပါပြီ။ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့သူတွေကို စိတ်နာ ကျည်းတာနဲ့ ခါးသီးတာနဲ့ သူတို့နဲ့ မတူပြီးရော ကိုယ်လုပ်ခြင်တာ လုပ်မယ်ဆိုတဲ့ စိတ်မျိုးကို ဗိုလ်ချုပ် အောင်ဆန်းက ဦးစားမပေးခဲ့ပါဘူး။ ဒါဟာ နှောင်းလူတွေအတွက် သင်ခန်းစာယူဖို့ အလွန်ကောင်းပါ တယ်။

ခါးသီးမှု နာကျည်းမှုတွေ ဆိုတာ အိမ်ထောင်စုအတွင်း၊ ဆွေမျိုးစုအတွင်း၊ အဖွဲ့အစည်းအတွင်း၊ တော် လှန်ရေးအတွင်း၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတခု အတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိကြပါတယ်။
ရှိနေတတ် ပါတယ်။ ဒီခါးသီးမှု နားကျည်းမှုတွေဟာ လုံးလုံးပျောက်မသွားဘဲ စိတ်ထဲမှာတော့ အနဲနဲ့အ များ ကျန်ရှိနေတာကလည်း သဘာဝပါ။ သို့သော် အဆိုပါ ခါးသီးမှု နားကျည်းမှုတွေကို တနုံ့နုံ့ ခံစားပြီး ဒေါသအမျက် ထွက်နေတာထက် အလုပ်တခုလုပ်နိုင်ဖို့ တွန်းအားအဖြစ် အသွင်ပြောင်းလဲစေတာက ပို လို့ အကျိုးရှိပါတယ်။ ဘာသာရေး သဘောနဲ့ ပြောရရင်တော့ ခါးသီးမှုတွေ နာကျည်းမှုတွေကို ရှိရင် ရှိ တယ်လို့ သဘောထား၊ အဲဒီနောက်ကိုတော့ မလိုက်နဲ့ဆိုတဲ့ သဘောပါ။
အဲဒီနောက်ကို လိုက်မိရင်တော့ လိုက်မိတဲ့သူသာ အကျိုးယုတ်စေပါတယ်။

အခုလို တင်ပြတာက အမှားလုပ်နေတဲ့သူတွေကို ထောက်မပြတော့ဘူးလား၊ အပြစ်ကျူးလွန်ခဲ့သူ တွေကို အရေးယူ အပြစ်မပေးတော့ဘူးလား၊ ကြေအေးခိုင်းတာလားဆိုတဲ့ သဘောမျိုး မဟုတ်ပါ။

အမှားလုပ်ခဲ့သူတွေ လုပ်နေသူတွေလည်း သက်ဆိုင်သလို အချိန်အခါ၊ အခြေအနေအရ တနေ့ ဒါ တွေကို ပြန်လည်ပေးဆပ်ရမှာပါ။

ဆိုလိုတာက တချိန်တုန်းက အကြောင်းကြောင်းကြောင့် ရင်ထဲမှာ၊ စိတ်ထဲမှာ ရလာခဲ့တဲ့ ခါးသီးမှုတွေ၊ နားကျည်းမှုတွေ နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေရင် ကာယကံရှင်အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ရှေ့မှာဆက်မလုပ်နိုင်ဘဲ ဖြစ်နေရင် အကျိုးမရှိနိုင်ဘူးလို့ ဆိုလိုချင်တာဖြစ်ပါတယ်။ ဒီနှစ်ခုဟာ သီးခြားစီ ဖြစ်တည်နေတယ် ဆိုတာကို ထောက်ပြလိုရင်းပါ။ အဲတာကို သဘောပေါက်ရင် အားလုံးအတွက် အကျိုးရှိပါလိမ့်မယ်။

(၁ဝ ရက် ဖေဖဝါရီလ၊ ၂ဝ၁ဝ ခုနှစ်)
မစ္ဈိမ သတင်းဌာနမှ တိုက်ရိုက်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပေးဆပ်ခဲ့သူတို့၏ကိုယ်စား မေးခွန်းထုတ်ခြင်း

Photo by Phu Young Hat

ပေးဆပ်ခဲ့သူတို့၏ကိုယ်စား မေးခွန်းထုတ်ခြင်း

(မင်းစိုးစံ)

ဂိမ္မာန်နွေဦး လေပြေမြူးဆော့
အရူးပန်းလေး ညမှာမွှေးလျှက်
နွယ်ထွေးယှက်လန်း လူပျိုပန်း။

စိန်ပန်းနီတွေ မိုးဖွဲတွေနဲ့
လူတွေနင်းဘို့ တလင်းမြေမှာ
ခင်းကြွေရှာပေါ့ နီတျာတျာ။

ခရေပန်းလေး နှင်းလေအေးကြား
ပျံ့မွှေးထုံသင်း မြေတလင်းထက်
ဆင်းကြွေသက်ကြ ဖွေးလွလွ။


ခူးလိုက…ခူး
ပန်လိုက…ပန်
ချွေလိုက…ချွေ
နင်းလိုက…နင်း
ပန်းခင်းထဲက
ကြီးပြင်းလာခဲ့ကြသူတို့ရေ…..။

ခင်ဗျားတို့
ပန်းတွေကိုစံနမူထား
ပန်းတွေကြားက
ထွက်မသွားခင်
အမှန်တရားအတွက်
တာဝန်မကျေခဲ့ချင်တော့ဘူးလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, February 14, 2010

မွဲါမ်ုကဲဆေ၀်ၟဟှ


မွဲါမ်ုကဲဆေ၀်ၟဟှ
(စ၀်ထေါဟ်တွါ်)

ထီသိုဝ်ဟှေး
အ်ုကါင်းဍေအ်ုကံင်း

ဏ်ုသာဍေဏု သံင်း

ယ်ုသာဍေယု သံင်း

ဟှံင်ၟလှ်။


အ်ုတ၀်ဍေအ်ုလံင်
ဏ်ုသ္ဘာံင် ယ်ုဆိုဒ်ဟှင်ၟ

ယ်ုသ္ဘာံင် ဏ်ုဆိုဒ်ဟှင်ၟ

ပ်ုသာအေထံင်ဆေ၀်ၟဍူ

မူထ်ုလူခါၟသိုဝ့်

ဆဲအူးဖိုဝ့်သာလိုင်ဃှေဝ်

ပ်ုမုလေ၀်မ၀့်မှ်စါ်္ဘိုဝ်

စှ်ယေါဝ်ၟခွါၟ္ဘးလယ့်

မွဲါမ်ုဟှေဝ်ဟှ။


အ်ုဟှေဝ်ဍေအ်ုအိုင်
အဲုးသာဆိုင်အေကဲ

ဏ်ုအေအဲဖႜုံဆိုဒ်

ကႜိဳဒ္စိုဒ္အါင္တုင္ၟသာ

ကို၀္ဟွာေဍကဲယါၟ။


စ၀်ထေါဟ်တွါ်
ကႜဳံပိုင္ၟ

(ကေါဝ်တြာ်ခင်းထ်ါလး)
အါင်တုင်ၟသာ = သည်းခံခြင်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပဒိုမန်းရှားလာဖန်း သိပါစေ

ဓါတ်ပုံ ဆုတောင်း(ကိုးရီးယား)

ပဒိုမန်းရှားလာဖန်း သိပါစေ
(မင်းစိုးစံ)

ချစ်သူတွေရဲ့နေ့တဲ့
ကျုပ်တို့တသက်လုံးမမေ့ဘူး ပဒို။


အမျိုးသားအရေး
ဒီမိုကရေစီရေးနဲ့

ပြည်သူတရပ်လုံးလွတ်မြောက်ရေးအတွက်
ပဒိုမျှော်တွေးတဲ့
သမိုင်းပေးတာဝန်ကို

ကျေပြွန်လိုသူတွေမို့

ပဒိုကို အမှတ်ရလို့နေပါတယ်။


အပေါ်ယံကြောကိုကြည့်
ပြောချင်သလိုပြော

လုပ်ချင်သလိုလုပ်

အုပ်စုဖွဲ့တဲ့လူတွေကတော့

အမှုမဲ့အမှတ်မဲ့နေရုံမက

ဘာကိုမှမစဉ်းစား

မှားပြီးရင်းမှားနေကြတယ် ပဒို။


အချို့ခမျာများ
နည်းဗျူဟာကြွယ်

ပရိယာယ်များတဲ့

ရန်သူရဲ့ခြေဖဝါးအောက်

တမျိုးသားလုံးကျွန်ဘဝရောက်အောင်

အမြှောက်အပင့်တွေကြားမှာ

သာယာနေကြတယ် ပဒို။


တချို့ဆိုရင်
ဘာကိုမှကြိုမမြင်ကြ

လုပ်ချင်တာကိုသာလုပ်ကြပြီး

လုပ်သင့်တာကိုမတွေး

အားလုံးအတွက်အလေးမတား

အတ္တနဲ့မာန ကြားမှာ

ဝေဝါးနေကြတုန်းပဲ ပဒို။


ပြောရဦးမယ် ပဒို
အဲဒီလိုလူတွေရှိနေပေမယ့်

ကျုပ်တို့တတွေမှာ

ပဒိုရေးခဲ့တဲ့ကဗျာ

ချစ်သမီးသို့ ဆိုတာကို

အခါခါအထပ်ထပ်

ရွတ်ဆိုကြရင်း

ခရီးပြင်းနှင်နေကြတယ်ဆိုတာ
ပဒိုသိပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, February 13, 2010

ကရင်ကောင်းဘွိုင်များ

ကရင် ကောင်းဘွိုင်များ
(မင်းစိုးစံ)

ကရင်အမျိုးသားအတွက်ငွေကြယ်တပွင့်ဖြစ်တဲ့ နော်လူဝီဇာဘင်ဇင်အကြောင်းကို ရေးသားဖေါ်ပြပြီး ပြန်တော့ သူ့ခင်ပွန်းဟောင်း ဗိုလ်လင်းထိန်အကြောင်းရေးရင်ကောင်းမှာပဲဆိုပြီးတွေးမိတယ် ဒါကြောင့် သူ့အကြောင်း စုစည်းမိသလောက်ရေးပြချင်ပါတယ်။ အထောက်အထားတွေခိုင်လုံတိကျမှု မရှိတဲ့အ တွက် ရေးရပြုရတာလည်း သိပ်တော့အားမရှိပါဘူး၊ ဒါပေမယ့် သူ့အကြောင်းကိုပြောပြသူတွေကတော့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါလို့ အသေအခြာကိုပြောနေတာဆိုတော့ သူတို့ပြောတဲ့အတိုင်းရေးပြလိုက် ပါတယ်။
ဗိုလ်လင်းထိန် တပ်မဟာမှူးမဖြစ်ခင်မှာ တပ်မဟာ(၅)ရဲ့တပ်မဟာမှူးက ဗိုလ်စိုးဖြစ်ပါတယ်၊ ဗိုလ်စိုးက တော့မိဘဆွေမျိုးတွေ ချမ်းသာကြွယ်ဝသူတယောက်ဖြစ်ပါတယ်၊ ဗိုလ်စိုးရဲ့မိဘနှစ်ပါးဟာဘုရားဒါယိ ကာကျောင်းဒါယိကာများဖြစ်ကြတဲ့အတွက် သထုံမြို့က,ဓမ္မမေဓဏီစာသင်တိုက်ကို ဆောက်လုပ်လှူ ဒါန်းခဲ့ကြတယ်လို့ဆိုပါတယ်။

သထုံခရိုင်နောင်ကုလားကျေးရွာဟာ ဗိုလ်စိုးရဲ့မွေးရပ်ဇာတိဖြစ်ပြီးတော့ သူ့မိဘများဟာ လယ်ဧက ပေါင်းများစွာပိုင်ဆိုင်တဲ့လယ်ပိုင်ရှင်ကြီးများဖြစ်ကြတဲ့အတွက် ဗိုလ်စိုးရဲ့လက်အောက်ငယ်သားအကြတ် စစ်သည်တွေအတွက် စားနပ်ရိက္ခာကိုလုံးဝ,ပူပန်စရာမလိုဘူးလို့ပြောပါတယ်။

ဗိုလ်စိုးရဲ့လက်အောက်မှာတော့ ဗိုလ်လင်းထိန်နဲ့ဗိုလ်ရာကျော်တို့က ဘယ်လက်ရုံးညာလက်ရုံးလို့ဆိုရ လောက်အောင် အားကိုးရတယ်လို့ဆိုပါတယ်။

ဗိုလ်လင်းထိန်ဟာ အင်မတန်လက်ဖြောင့်တဲ့အတွက် ကရင်ကောင်းဘွိုင်(Karen Cow Boy)လို့တောင် အချို့ကမှတ်တမ်းတင်ကြပါတယ်၊ ဘယ်လောက်အထိလက်ဖြောင့်သလဲဆိုရင် အရင်တုန်းကသိကြတဲ့ အတိုင်း ခရီးသွားရင်လှည်းစီးသွားကြရတာဆိုတော့ လှည်းလမ်းရဲ့တဘက်တချက်က သစ်ကိုင်းတွေ ပေါ်မှာ ခုန်ကူးတဲ့ရှဥ့်ကိုတောင် လှည်းပေါ်ကနေတချက်တည်းနဲ့မှန်အောင်ပစ်နိုင်တယ်လို့ဆိုပါတယ်။

ဗိုလ်စိုးက ဇာတ်တို့အငြိမ့်တို့ဆိုရင် အရမ်းကိုဝါသနာကြီးသူဖြစ်သလို၊ ဗိုလ်လင်းထိန်ကလည်း မိန်းမဆို ရင် နာမည်နည်းနည်းကြီးတယ်လို့ပြောပါတယ်၊ ဗိုလ်ရာကျော်ကတော့ မီးပုံးပျံလွှတ်ရတာ အရမ်းပျော် တယ်လို့ဆိုပါတယ်။
ဗိုလ်ရာကျော်ဟာ ဖလံတောင်အပိုင် ပိန္နဲတောရွာက ဘုန်းကြီးကျောင်းမှာ မီးပုံးပျံလွှတ်တဲ့အခါတိုင်း ရွာ သားတွေနဲ့အတူ မီးပုံးလွှတ်လေ့ရှိပြီး မီးပုံးစက္ကူအတွက် ငါးကျပ်၊ တဆယ်စသည်ဖြင့် ပေးလေ့ရှိတဲ့အ ကြောင်း ပြောပြပါတယ်။

ဗိုလ်စိုးကျဆုံးပြီးမှ ဗိုလ်လင်းထိန်ဟာ တပ်မဟာမှူးနေရာကိုတာဝန်ယူတာပါ၊ ဗိုလ်စိုးကျဆုံးရတာက လည်း သူ့မွေးစားသားကို ပြန်ခေါ်တော့ မွေးစားသားက,ပစ်သတ်တာလို့ဆိုပါတယ်၊ အဲဒီတုန်းက သ ထုံ သစ်စက်မှာ ဗိုလ်စိုးရဲ့မွေးစားသားဟာ သစ်စက်မန်နေဂျာလိုလို၊ သစ်စက်ပိုင်ရှင်လိုလို ဖြစ်နေတယ် လို့ဆိုပါတယ်။

ဗိုလ်စိုးမကျဆုံးခင်မှာ ဗိုလ်ရာကျော် အရင်ကျဆုံးပါတယ်၊ သူတို့စခန်းကို ကချင်သေနတ်ကိုင်တပ်ရင်း က ထိုးစစ်ဆင်လာတော့ ဗိုလ်ရာကျော်တယောက်တည်း သေနတ်နှစ်လက်နဲ့ခုခံပြီး သူတို့ရဲ့တပ်ကို ဆုတ်စေခဲ့တယ်လို့ဆိုပါတယ်။
အများနဲ့တယောက်ဆိုတော့ ဗိုလ်ရာကျော်ဟာ တကိုယ်လုံးသေနတ်ဒါဏ်ရာဗလပွနဲ့ ပေါက်ပြဲနေတဲ့ဖွဲ အိတ်လိုကြေမွကုန်တယ်လို့ဆိုပါတယ်။ ဗိုလ်ရာကျော်လက်ချက်ကြောင့် တဘက်လူတွေလည်းတော် တော်များများကျဆုံးကုန်တယ်လို့ဆိုပါတယ်။

ဗိုလ်ရာကျော်ကျဆုံးတော့ ဗိုလ်စိုးဟာ သူ့သွေးသောက်အတွက် မော်လမြိုင်က ဇာတ်အဖွဲ့ကိုငှားပြီး ဗိုလ်ရာကျော်ကျဆုံးတဲ့ လေးကေရွာမှာ က,ပြဘို့ငှားရမ်းခဲ့ပါတယ်၊ အဲဒီတုန်းက ကောလိပ်စိန်ဆိုတဲ့ ဇာတ်ဟာ နာမည်ကြီးဇာတ်အဖွဲ့ဖြစ်ပါတယ်။
ကောလိပ်စိန်နဲ့မရှေးမနှောင်းမှာပဲ ပါဝါစိန်ဆိုတဲ့ ကရင်ဇာတ်ဟာအင်မတန်နာမည်ကြီးတယ်လို့ဆိုပါ တယ်၊ ပါဝါစိန်ဆိုတဲ့မင်းသားဟာ အသက်အရွယ်နည်းနည်းရလာတော့ မာန်စဝ်သ်ုနာခါ့ ဆိုတဲ့အမည်နဲ့ လူရွှင်တော်အဖြစ် ဆက်လက်လှုပ်ရှားရင်း အခုတော့ သူ့ရဲ့ဇာတိ ထီဖိုးဇံမှာ အနားယူနေတယ်လို့ဆိုပါတယ်။

ဒီနေရာမှာပြောချင်တာကတော့ ဗိုလ်လင်းထိန်နဲ့ဗိုလ်ရာကျော်အကြောင်းပါ၊ ဗိုလ်လင်းထိန်က သူ့တပ် ဖွဲ့တွေထဲက ဘယ်သူစီးကရက်သောက်ပြီးမြင်းစီးရဲသလဲ၊ အဲဒီပြေးနေတဲ့မြင်းပေါ်ကလူရဲ့ ခဲထားတဲ့စီး ကရက်ကို သူမှန်အောင်ပစ်ပြမယ်ပြောတော့ ဘယ်သူမှမြင်းမစီးရဲကြဘူး၊ ဒီအချိန်မှာ ဗိုလ်ရာကျော်က သူစီးမယ်ဆိုပြီး စီးကရက်ခဲရင်းမြင်းကိုဒုန်းစိုင်းစီးတော့တာပဲတဲ့၊ အဲဒီလို ဒုန်းစိုင်းပြေးနေတဲ့မြင်းပေါ်က ဗိုလ်ရာကျော်ရဲ့ စီးကရက်ကို ဗိုလ်လင်းထိန်ဟာ မှန်အောင်ပစ်ပြလိုက်တယ်လို့ပြောပါတယ်။

ဗိုလ်လင်းထိန်ပစ်ပြလို့အပြီးမှာ ဗိုလ်ရာကျော်က ဗိုလ်လင်းထိန်ကို
ကဲ ခင်ဗျားမြင်းစီးပေတော့ ကျုပ်ပစ်မယ်လို့ပြောတော့ ဗိုလ်ရာကျော်ရဲ့လက်ကိုယုံတဲ့ ဗိုလ်လင်းထိန်က လည်း မဆိုင်းမတွပဲမြင်းပေါ်ကို စီးကရက်ခဲရင်း လွှားကနဲခုန်တက်လိုက်ပြီးမြင်းကို နှင်တော့တာပဲတဲ့ အဲဒါကိုဗိုလ်ရာကျော်ဟာ သူ့သေနတ်နဲ့ ဗိုလ်လင်းထိန်ခဲထားတဲ့စီးကရက်ကို မှန်အောင်ပစ်ပြသွား တယ်ဆိုပဲ။

အဲဒီတော့ အထိနာတဲ့ရန်သူတွေက ဗိုလ်ရာကျော်ကို စိစိညက်ညက်ကြေအောင် ပစ်သတ်သွားတာဖြစ် တယ်လို့ပြောကြပါတယ်၊ ဗိုလ်စိုးတို့ ဗိုလ်ရာကျော်ရဲ့အသုဘအခန်းအနားကိုလုပ်ပြီးလို့ လူစုကွဲသွား တော့ ကောလိပ်စိန်တို့ဇာတ်အဖွဲ့လည်း မော်လမြိုင်ကိုပြန်တာပေါ့ဗျာ၊ လမ်းမှာ ဗမာစစ်တပ်နဲ့တိုးတော့ ဘယ်ကပြန်လာတယ်ဆိုတာသိပေမယ့် ဘာမှအရေးမယူဘူးလို့ဆိုပါတယ်။

အရင်တုန်းကဗမာစစ်တပ်နဲ့အခုဗမာစစ်တပ်ကတော့ အနုပညာသမားတွေနဲ့လူထုအပေါ်ဆက်ဆံပုံ ခြင်းက နံ့သာနဲ့မစင်လို ကွာတယ်လို့ပြောပါတယ်။

ဗိုလ်လင်းထိန်တပ်မဟာမှူးဖြစ်လာတော့ အမှုတခုကိုဖြေရှင်းရတယ်တဲ့၊ သူအမှုဖြေရှင်းပုံကတော့ အဲဒီ နေ့မနက်မှာ အရပ်ဘက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာလူကြီးတွေကိုခေါ်၊ ဖယောင်းတိုင်၃၀ကိုမီးထွန်းခိုင်းပြီး ကာဘိုင်ထဲကိုကျည်အပြည့်ဖြည့်၊ အဲဒီဖယောင်းတိုင်တွေကိုပစ်ပြလိုက်တာဖယောင်းတိုင်တွေတတိုင်မှ မလဲပဲ မီးညွန့်တွေကိုငြိမ်းအောင်ပစ်ပြသွားပြီးတော့ အသေအခြာစီမံချက်ပြုတ်ထားတဲ့ ထမင်းနဲ့ဟင်း ကို ကျွေးမွေးဧည့်ခံလိုက်ပါရောတဲ့။
ဒါကတော့ ကျုပ်ကြားခဲ့ရတာလေးတွေကိုပြန်ရေးပြလိုက်တာဖြစ်တဲ့အတွက် အားနည်းချက်တွေရှိမှာ ဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....