+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, April 30, 2010

အသင့်ပြင်ထားကြဟေ့

ပြင်ထားကြဟေ့
(မင်းစိုးစံ)

မောင်ကျော်သန်းနဲ့မောင်ချစ်သူ
ရာထူးမတူကြပေမယ့်
နယ်ခြားစောင့်တပ်ဆိုတဲ့မူတရပ်
သဘောတူကြသတဲ့။ ။

မောင်ချစ်သူရဲ့မဟာစံအိမ်
မြေနီတောင်က ချိန်ထားတဲ့
ဝရဇိန်လက်နက်ထက်ပြင်း
အမြောက်ကြီးတွေကအထင်းသားဆိုတော့
သူမငြင်းရဲပေဘူး။ ။

ဒင်းတို့တတွေသဘောတူပေမယ့်
စောဘဦးကြီးရဲ့မူ
ကိုင်စွဲထူတဲ့ငါတို့
တိုက်ပွဲဝင်ဘို့အတွက်
အသင့်ပြင်တဲ့အနေနဲ့
ရွာတွေတိုင်းက
အိမ်တွေတိုင်းမှာ
ပဲစဉ်းငုံတပင်

ငရုပ်တပင်

သင်္ဘောတပင်နဲ့

ငှက်ပျောတပင်
အရင်စိုက်ထားစေရေး
အကြံပေးလိုက်ပါရစေ။ ။

နောက်မကျသေးဘူးဆိုရင်
မဝေးတော့တဲ့ကာလတခုမှာ
အသုံးတည့်လာပါလိမ့်မယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စေတနာမှန်သော သာဓက

စေတနာမှန်သော သာဓက



ဘယ်အလုပ်မျိုးမဆို စေတနာမှန်တယ် အနစ်နာခံတယ် ဝါသနာပါတယ် ကြိုးစားတယ် အတည်တကျမပြောင်းမလွဲလုပ်မယ်ဆိုရင် အများအတွက်လည်း အကျိုးရှိတယ် ကိုယ့်အတွက်လည်း အကျိုးမယုတ်ဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်

အဲဒီတော့ လူပုဂ္ဂိုလ် တဦးချင်းအနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်ကို စေတနာမှန်မှန်နဲ့ တစိုက်မတ်မတ် အနစ်နာခံလုပ်ဆောင်သွားကြမယ်ဆိုရင် ကိုယ့်လုပ်ရပ်က ကိုယ့်ကိုရောင်ပြန်ဟပ်မှာသေခြာပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဒီ ဗွီဒီအနိုအပိုင်းအစလေးကတော့ www.rfa.org ကနေကူးယူဖေါ်ပြထားတာဖြစ်ပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

My Angel (Shar Paung Shue)

ယု အိင်မူးဏင်
ဆူ့ကေ၀် ယိုင် ယှးဖါန်ယှူး



ကရင်လူငယ်လေးတယောက်ရဲ့ ခံစားချက်တေးသီချင်းတွေကို နားဆင်လိုတယ်ဆိုရင် myspace.com/mrshoomayn
အဲဒီကိုသွားနိုင်ပါတယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရိုးမပေါ်မှာ အိပ်ပါရစေ

ငြိမ်းလူ(ရိုးမ၃ သတင်းဌါန အယ်ဒီတာချုပ်)
အသက်၄၃နှစ်
ဧပြီ ၂၉ ၂၀၁၀ နံနက်၃နာရီအချိန်တွင်ကွယ်လွန်သည်


ရိုးမပေါ်မှာ အိပ်ပါရစေ
(မောင်လွမ်းဏီ)

ကောဇာသက္ကရာဇ် ခွန်နှစ်ဆယ့်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။

လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။

ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ်၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။

ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ်နေဆဲလား။

ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။

ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ၊ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊

သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တဝက်ထူလွှင့်နေပြီကော။ ။


(ရဲဘော်ရေးဖော် ငြိမ်းလူသို့  …)
မောင်လွမ်းဏီ
၂၉ - ၄- ၂၀၁၀
ကဗျာနဲ့ဓါတ်ပုံကိုhttp;//www.yoema3.org ကကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦ်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 29, 2010

ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ခြင်း



ဒီဗွီဒီအို အပိုင်းအစကို http;//thawthikho.blogspot.com ကနေ ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။
ကဗျာဆရာ တင်မိုးက ဘိုကလေးဖြစ်ရပ်မှန်ကို ပြောပြသွားတာပါ ဒါဆိုရင် မနေ့တနေ့ကဖြစ်သွားတဲ့ ပဲခိုးတိုင်းသောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းကို တိုက်ခိုက်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကြောင့် အဲဒီနယ်တဝိုက်က လူတွေအတွက်မတွေးရဲစရာပါပဲ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင်ကုန်ကူး မျက်လုံးပြူး

Photo by http;//thawthikho.blogspot.com

ကရင်ကုန်ကူး မျက်လုံးပြူး
(မင်းစိုးစံ)

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ကျော်ကျော်လောက်တုန်းက ကျုပ်တို့ကရင့်တော်လှန်ရေးအတွက် ဝင်ငွေအ ကောင်းဆုံးဖြစ်စေခဲ့တဲ့ ထိုင်းကနေ ဗမာပြည်ထဲကို လူသုံးကုန်ပစ္စည်းမျိုးစုံသွင်းတော့ အကောက်အခွန် ဌာနအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီကနေမြစ်ဖျားခံမှ အခု ခေါင်းစဉ်နဲ့အဆင်ပြေနိုင်မယ်ထင်လို့ပါ။

အဲဒီအချိန်တုန်းက ပွဲစားတွေက တရုတ် ကုလားနဲ့ ထိုင်းတွေကြီးစိုးတဲ့အချိန်ပေါ့၊ အဲဒီမှာ ကရင်တွေက ပွဲကြိုတွေ၊ ပွဲကြိုဆိုတာက ပစ္စည်းဝယ်ဘို့ရောက်လာတဲ့ ကုန်သည်တွေကို စခန်းရဲ့ဂိတ်နားမှာစောင့်ရင်း တရုတ်တွေ ကုလားတွေဆီကို ခေါ်သွားပေးတာ။
ပစ္စည်းဝယ်တဲ့ လူနဲ့တရုတ်တွေဈေးစကားပြောနေချိန်မှာ ပွဲကြိုတွေက အထမ်းသမားတွေကို စားရေး သောက်ရေး အတွက်လိုအပ်တာတွေစီစဉ်ပေးတာတို့ ဧည့်စာရင်းတိုင်တာတို့ အကောက်ခွန်ရုံးကိုသွား ပြီး အခွန်ဆောင်တာတို့ လုပ်ပေးရတယ် အဝယ်သမားတွေပြန်ရင် ဂိတ်အထိလိုက်ပို့ပေးတာတို့ စတာ တွေ လုပ်ပေးကြရတာပေါ့။

အထမ်းသမားဆိုတာက ပစ္စည်းတွေကို နယ်စပ်ကနေ ဗမာပြည်အတွင်းပိုင်းအထိ သယ်ပိုးပေးကြတဲ့သူ တွေဖြစ်ပါတယ်။

အဲဒီလိုနဲ့ကြာလာတော့ ပွဲကြိုလုပ်နေတဲ့ ကရင်တွေက တရုတ်ပွဲစားတွေ ကုလားပွဲစားတွေ လုပ်ပုံကိုင်ပုံ ကိုတဖြည်းဖြည်းနားလည်လာတော့ ပွဲစားအလုပ်လုပ်ကြသလို စောစောတုန်းက အထမ်းသမားအဖြစ် ပစ္စည်းထမ်းပိုးနေတဲ့ သူတွေထဲကလည်းပိုက်ဆံချေးပြီးအရောင်းအဝယ်လုပ်ကြတာဆိုတော့ ကရင်ပွဲ စားဆိုတဲ့ လူတန်းစားတရပ်က အဲဒီမှာပေါ်လာတာပေါ့ဗျာ။

ဒါပေမယ့် တရုတ်တွေကုလားတွေထားပေးတဲ့ဈေးမျိုး ကရင်ပွဲစားတွေက ထားမပေးနိုင်တဲ့အခါကျ တော့ ဝယ်လက်တွေက တရုတ်နဲ့ ကုလားပွဲစားဆီ ပြန်ရောက်ကုန်ပြန်တယ်။

ဘာကြောင့်လည်းဆိုတာကို ကရင်ပွဲစားတွေက စဉ်းစားတာပေါ့၊ မဲဆောက်က ဆိုင်တွေမှာလည်း ဈေး ကအတူတူ သယ်ယူပို့ဆောင်ခ,ကလည်းအတူတူ အကောက်အခွန်တွေကလည်း အတူတူ အားလုံးအ တူတူဖြစ်နေပါလျှက်က တရုတ်ကုလားပွဲစားတွေက ဘာကြောင့်ဈေးပိုလျှော့နိုင်ရသလဲဆိုတာ မစဉ်း စားတတ်အောင်ဖြစ်နေတော့တာပေါ့။

တနေ့တော့ ကရင်ကုန်သည်(အဝယ်သမား)က တရုတ်ကုလားပွဲစားတွေလုပ်တဲ့ ပုံစံကို ကရင်ပွဲစားတ ယောက်ကို ဖေါက်သည်ချလိုက်တော့ အဲဒီမှာတင် မင်းတို့အဲဒီလိုမမှန်မကန်လုပ်တာကို သွားတိုင်မယ် ဆိုပြီးလုပ်တော့ ကရင်ကုန်သည်(အဝယ်သမား)ခမျာ အားလုံးကို အမှန်အကန်အခွန်ဆောင်လိုက်ရတဲ့ အတွက် အရှုံးပေါ်သွားပါတော့တယ်။
တရုတ်ပွဲစား ကုလားပွဲစားတွေပြောလိုက်တာကတော့ မင်းတို့ကရင်တွေ တုံးကိုတုံးပါတယ် တဲ့။


နယ်မြေကလည်း ကရင်နယ်မြေ အကောက်အခွန်ဌာနမှာလည်းကရင်၊ စစ်ဆေးရေးဂိတ်မှာလည်း က ရင်၊ အဝယ်သမားတွေကလည်း ကရင်၊ ကရင်ပွဲစားရှိနေပါလျှက် ဘာကြောင့်ကရင် အဝယ်သမားတွေ ကရင်ပွဲစားဆီမှာ မဝယ်တာလဲ? ကရင်ပွဲစားတွေက တရုတ်ပွဲစား ကုလားပွဲစားကို မယှဉ်နိုင်တဲ့အဓိက တရားခံဟာ ဘယ်သူလို့ထင်ပါသလဲ?

Photo by http;//thawthikho.blogspot.com

အခုလည်း ကျုပ်တို့ ကရင့်အမျိုးသားဒေါက်တာဆိုင်မွန်သာနဲ့အဖွဲ့ ရွေးကောက်ပွဲဝင်ဘို့ ပြင်ဆင်နေပါပြီ ကရင်လူထုက သူ့ကိုထောက်ခံမဲပေးမယ်လို့ထင်ပါသလား? ကရင်လူထုကထည့်တဲ့မဲတွေ သူ့မဲပုံးထဲ ရောက်နိုင်ပါ့မလား? ရောက်တယ်ထားဦးတော့ အမတ်တနေရာစာတောင် ရနိုင်ပါ့မလား? အဲဒီရတဲ့အ မတ်နေရာကနေ ကရင်လူထုအကျိုးအတွက် ဘာတွေလုပ်ပေးနိုင်မှာတဲ့တုန်း? ကရင်ပြည်သူလူထုအ ကျိုးအတွက် ဘယ်လောက်ပြောရေးဆိုပိုင်ခွင့် ရ,နိုင်မှာတဲ့တုန်း?
Photo by www.irrawaddy.org

သူ့အနေနဲ့က ပါတီများအနေဖြင့် ပါတီရံပုံငွေများရှာဖွေပိုင်ခွင့်ရှိသည်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြောင့် ပါတီဖွဲ့ပြီးရွေးကောက်ပွဲဝင်တာဆိုရင် ဘောင်းဘီချွတ်လိုက်တဲ့ ဦးသိန်းစိန်တို့ကို ယှဉ်ဘို့ဖြစ်နိုင် ခြေ ရှိပါ့မလားဆိုတာ။

သြော်…………… ကရင်ကုန်ကူး မျက်လုံးပြူးနေပါပကောဗျာတို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 27, 2010

ကြက်ပွဲ


အဘိုးထိန်မောင်ခင်ဗျား မြင်တဲ့အတိုင်းပါပဲ ကျုပ်တို့တတွေဘဝကတော့ တနေ့ကျရင် အဲဒီခြင်းကြားကြီး တွေထဲက ကြက်တွေလိုဖြစ်ကုန်မှာ စိုးရိမ်တယ်ဗျာ သိလား?



တပ်မဟာ(၇) တပ်မဟာမှူးထိန်မောင်၏ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်တဲ့ KNLA ရဲဘော်များနဲ့ မဟာမိတ်တပ်မတော်သားအားလုံးဟာ တပ်ပေါင်းစုနဲ့အောင် ပွဲခံမယ် ဆိုတာကို အတွေးအခေါ်အရ ရှင်းနေရမယ်။ဒို့ဟာ ရန်သူကို နိုင်ငံရေး၊စစ်ရေးထိုးစစ်တွေနဲ့ လက်တွေ့စစ်ဆင်တဲ့အခါ အားသာချက်တွေအများကြီးနဲ့ အားနည်းချက်တချို့တွေ့လာရလိမ့်မယ်။
ကြုံတွေ့လာမယ့်အားနည်းချက်တချို့ကို တဆင့်ပြီးတဆင့် မှန်မှန်ကန်ကန်ဖြေရှင်းသွားကြရလိမ့်မယ်။
ဒီလိုဖြေရှင်းသွားနိုင်ရင် အောင်မြင်မှုပိုရပြီး တိုးတက်မှုတွေကြီးကြီးမားမားဖြစ်လာလိမ့်မယ်။
ဒါကြောင့် ရဲဘော်တို့အားလုံးဟာ နိုင်ငံရေး၊ စစ်ရေး၊ စည်းလုံးရေး၊ အုပ်ချုပ်ရေးတွေကို နားလည်တတ်
ကျွမ်းထားကြရမယ်။

ဒီစာစုတွေက အဘိုးဗမာတောထဲမသွားခင် ပြောသွားခဲ့တဲ့စကားလေ၊ အဲဒါ အဲဒီစာစောင်တခုထဲမှာပဲ ဒေါနအောင်ပွဲစာစောင်ရဲ့ အယ်ဒီတာကတိုက်တိုက်ဆိုင်ဆိုင် ကဗျာဆရာတင်မိုးရဲ့ ကဗျာကို ဖေါ်ပြထားတယ်အဘိုး။


သမိုင်းမှာ မင်း တရားခံဖြစ်မယ်
(တင်မိုး)

မင်း မမှန်ရင်၊
မင်း တရားခံဖြစ်မယ်
ငါ မမှန်ရင်၊
ငါ တရားခံဖြစ်မယ်
တရားဆိုတာ၊
ညှာလည်းမညှာ၊
ညာလည်းမညာ
သာစေ၊ နာစေ လည်းမရှိ
ပကတိ၊ သူ့သဘောသူဆောင်ခြင်းပါပဲ၊

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အတ္ထုပ္ပတ်
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အနာဂါတ်
မပါတ်သက်ချင်လို့ မရ၊
မဆက်စပ်ချင်လို့ မရ
မင်းဘ၀ကို၊ မင်းသာပြဌာန်းတယ်။

မင်းဘာလဲ၊
မင်းဘယ်သူလဲ၊
မင်းဟာမင်းပဲ။
(တင်မိုး)

၁၉၉၈ ခုနှစ် မေလထုတ် ဒေါနအောင်ပွဲစာစောင် အတွဲ(၁) အမှတ်(၁) မှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။





ဗိုလ်မှူးကြီးစောချစ်သူခင်ဗျား အကယ်ရွေ့ DKBA အချင်းချင်း အောက်ကဖေါ်ပြထားတဲ့အခြေအနေလိုမျိုးဖြစ်လာခဲ့ရင် ခင်ဗျားဆောက်ထားတဲ့အိမ်ကြီး ဘာဖြစ်သွားမယ်လို့ ခင်ဗျားထင်ပါသလဲ? ကရင်လူမျိုးတွေအတွက် ခင်ဗျားတာဝန်ကျေပြီလို့ ယူဆထားတယ်ဆိုပါတော့ တကယ်ဆိုရင် ခင်ဗျား မလေးရှားသွားပြီးအလုပ်လုပ်သင့်တာပေါ့ အခုတော့ဗျာ အမျိုးသားရေးကို ခုတုံးလုပ်ပြီး အိမ်ကြီးကြီးဆောက်လိုက်တာ ခင်ဗျားသတ္တိက အိမ်ဖေါ်မလေးတယောက်ရဲ့ အဆင့်လောက်တောင်မရှိတော့ပါလားဗျာ။




တနေ့ကျရင် ကရင်အဖွဲ့အစည်းတွေမှန်သမျှ (ဘယ်လိုအဖွဲ့အစည်းမျိုးမဆို)တဖွဲ့နဲ့တဖွဲ့ ကြက်ပွဲလိုမဖြစ်ကြပဲ နားလည်မှုတွေပေးကြပြီးယုံကြည်မှုတွေတည်ဆောက်ရင်း တယောက်နဲ့တယောက် မာန်မာနနဲ့ အာဃာတ တရားတွေကင်းစင်စွာ နွေးနွေးထွေးထွေး ဖေးမ,ကူညီသွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မင်းစိုးစံ
အဝးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 26, 2010

ကမ္ဘာ့ဘဏ်မှာ တရုတ်ဆုံးဖြတ်ခွင့် ပိုရှိလာပြီနော်

Photo by www.moemaka.net
ကမ္ဘာ့ဘဏ်မှာ တရုတ် ဆုံးဖြတ်ခွင့် ပိုရှိလာ

26 April 2010


နိုင်ငံပေါင်း ၁၈၆ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို အဆုံးအဖြတ်ပေးတဲ့ ကမ္ဘာ့ဘဏ်မှာ တရုတ်နိုင်ငံဟာ မဲပေးနိုင်ခွင့် ပိုရရှိသွားပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ တရုတ်ရဲ့ စီးပွားရေးက ကြီးမားလာတာကြောင့် တရုတ်ရဲ့ မဲပေးနိုင်အားကလည်း တိုးလာတာ ဖြစ်ပါတယ်လို့ ၀ါရှင်တန်မှာရှိတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ် (Robert Zoellick) က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တရုတ်ရဲ့ မဲပေးနိုင်အားဟာ ၂.၇၈% ကနေ ၄.၄၂% ကို တိုးလာပါတယ်။ အမေရိကန်နဲ့ ဂျပန်ပြီးရင် တရုတ်ဟာ ကမ္ဘာ့ဘဏ်မှာ တတိယ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

တချို့တိုင်းပြည်တွေဟာ တတိယကမ္ဘာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဟောင်းနေပြီဖြစ်ပြီး ကမ္ဘာ့ဘဏ်အနေနဲ့ ဒီအယူအဆကနေ ထွက်ဖို့လိုတာကို အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်လို့ မစ္စတာဇိုးလစ်က သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘာကြီးဟာ အရင်တုန်းကလို နိုင်ငံကြီး တနိုင်ငံရဲ့ စီးပွားရေး အဓိက အင်အားတရပ်အပေါ် လည်ပတ် အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ နိုင်ငံများစွာရဲ့ စီးပွားရေး အင်အားအပေါ် အဓိကထား လည်ပတ် အလုပ်လုပ်နေရတာ ဖြစ်လာနေပြီလို့ သူက ဆိုပါတယ်။

ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက မဲပေးနိုင်အားကို တိုးမြှင့်လိုက်တဲ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အရင်းအင်အားကိုလည်း ဒေါ်လာ သန်းပေါင်း ၃,၅၀၀ အထိ တိုးမြှင့်ဖို့ ကမ္ဘာ့ဘဏ် အဖွဲ့ဝင်တွေက သဘောတူလိုက်ကြပါတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းအတွင်း ပိုပြီး များများစားစား ချေးခဲ့တာကို ကာမိဖို့ အခုလို အရင်းအင်အားကို တိုးလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းကတေော့ www.voanews.com/burmese က တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 25, 2010

ဆင်တကယ်သွားပြီဆိုပါတော့


ဆင်တကယ်သွားပြီဆိုပါတော့
(မင်းစိုးစံ)

ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့စကား ကြားဘူးမှာပေါ့နော်၊ တကယ့်လက်တွေ့မှာလည်း ဆင်သွားတဲ့ လမ်းကိုပဲလိုက်သွားခဲ့ရတဲ့အဖြစ်တွေကို ကျုပ်ကိုယ်တိုင်ကြုံဘူးတာမျိုးရှိခဲ့တယ်ဗျ။

ကျုပ်ကြုံရ လျှောက်ခဲ့ရတဲ့ဆင်သွားလမ်းက နှစ်မျိုးရှိတော့ကာ အဲဒီနှစ်မျိုးထဲက ဘယ်အမျိုးအစားက ပိုအဆင်ပြေတယ်ဆိုတာ နည်းနည်းလောက်ရှင်းပြချင်တယ်။

ပထမတမျိုးက မုံယိုနေတဲ့ဆင်ကိုလိုက်ဘမ်းတော့ သူ့ခြေရာအတိုင်းလိုက်သွားရတဲ့လမ်းမျိုးနဲ့၊ သစ်ဆွဲ ဆင်တွေနောက်လိုက်ရင်း လျှောက်ရတဲ့လမ်းကတမျိုး အဲဒီလမ်းနှစ်မျိုးပေါ့ဗျာ။

ပထမဆင်သွားတဲ့လမ်းက သိပ်မနိမ့်ဘူး တောတွေဘာတွေ နည်းနည်းခုတ်ရတယ်၊ ဒုတိယလမ်းက မဆိုးဘူး သစ်တုံးကြီးပါသွားတော့ လမ်းကရှင်းနေတယ်လေ၊ နည်းနည်းတော့ကြာတယ်၊ဘာကြောင့် လည်းဆိုရင် ဆင်ကြီကသစ်တုံးကိုရုန်းနေတာဆိုတော့ ခရီးသိပ်မတွင်ဘူးပေါ့၊ ဆင်ကိုကိုက်တဲ့တောယင်ကောင် အကိုက်ခံရတာခြင်းကတော့ အတူတူလောက်ပါပဲ။

ကဲအခု ကျုပ်တို့တတွေပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ခေါ်တဲ့ ဗမာစစ်အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံနဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံက အသံထွက်လာတာသတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုပြီး
“မြန်မာပြည် ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်း နဲ့သိမ်းသွင်းနေတယ် မြန်မာစစ်ခေါင်းဆောင်တွေရဲ့အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတယ်” အဲဒီလိုကိုပြောသွားတာ။
ကျုပ်စဉ်းစားမိတာက ဒီလောက်တောင်၂၁ နှစ်ဆိုတဲ့အချိန်ကိုယူပြီးမှ ပြောတာဆိုတော့ သိပ်တော့ပေါ့ ပေါ့တန်တန်မဟုတ်ဘူးဗျ။

တရုတ်ဗမာအရေးအခင်းတုန်းက တရုတ်တွေ ကျိန်းထားတာတခုရှိတယ်ဗျ အဲဒါကို ဆောင်းပါးတခုမှာ ကျုပ်ရေးထားတာရှိဘူးတယ်ထင်တာပဲ
ဘယ်လိုကျိန်းထားသလဲဆိုတော့ “ဟေ့ ဒီမှာ မင်းတို့ဗမာတွေလောက်ကတော့ ငါတို့တရုတ်တွေက ငယ်ပါအမွှေးနဲ့ချီ ငယ်ပါအတံနဲ့ရိုက်ပြီး ငယ်ပါအရည်(သုတ်ရည်)နဲ့ပင်လယ်ထဲမျှောပစ်မယ်ကွ” ဆိုတာ။
ဒီကနေ့ဗမာစစ်အုပ်စုလက်ထက်မှာ တရုတ်တွေဘယ်လောက် ကြီးစိုးနေသလဲဆိုရင် ဗမာအမျိုး သမီးငယ်လေးတွေ တရုတ်ကြီးတွေနဲ့ အတူနေဘို့ ဆရာဝန်နဲ့ အပျိုစင်ဟုတ်မဟုတ်စစ်ဆေးရတာ ဆရာဝန်တွေ မနားရဘူးဆိုပဲဗျ။

ဒါကြောင့် အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) ဆက်ပြောသွားတာက
“တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုလုပ်ဆောင် လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

ကဲဗျာ ဒီကနေ့ကျုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်တဲ့ ဗမာနိုင်ငံကြီးကိုကြည့်လိုက်ရအောင် အော် မေ့သွားတယ် ကျုပ်က နိုင်ငံရေးအကြောင်းနားလည်တာမဟုတ်ဘူးနော်၊ ကျုပ်ရဲ့တထွာတမိုက် လောက်အမြင်လေးကိုတင်ပြတာဆိုတော့ ဝါရင့်နိုင်ငံရေးသမားတွေ နိုင်ငံရေးသုတေသီတွေ ကို တောင်းပန်ချင်တာက နားလည်ခွင့်လွှတ်ပေးဘို့ပါ။

အခုတရုတ်က ဗမာပြည်ထဲက ထွက်တဲ့ ဓါတ်ငွေ့တွေ၊ ရေနံတွေ၊ ကျောက်မျက်ရတနာတွေ၊ ရေအား လျှပ်စစ်ကရမယ့် လျှပ်စစ်ဓါတ်တွေ ဘာကြောင့်သိမ်းကြုံးယူနေတာလဲဆိုတာ စဉ်းစားကြည့်ကြရ အောင် ကျုပ်အမြင်က တချိန်တုန်းက အင်ဒိုချိုင်းနားဆိုတာကို တရုတ်က ပြန်လုပ်ချင်နေတာလို့ကျုပ် ကတော့ အဲဒီလိုမြင်တယ်၊ အခုဆောက်နေတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုက သံသယဖြစ်စရာတွေ စိုးရိမ်စရာတွေပဲဗျ။

အမေရိကန်နဲ့ တရုတ်စစ်ဖြစ်ပြီဆိုရင် အဓိက လိုအပ်တာက လောင်စာပဲ လောင်စာမရှိရင် ယာဉ်တွေ မှန်သမျှစက်ယန္တားမှန်သမျှ အားလုံးလည်ပတ်လို့မရတော့ဘူးမဟုတ်လား၊ တရုတ်ရဲ့ရေမြေအနေအထားကို ကြည့်လိုက်ပြန်တော့ ပင်လယ်ပြင်နဲ့ထိစပ်တဲ့အပိုင်းက နည်းနေတယ်ထင်တာပဲ။
Pho to by www.google.com /map

ဟုတ်ပြီ လောင်စာဆီကိုအာရပ်နိုင်ငံက ယူမယ်ဆိုရင်မဖြစ်နိုင်ဘူးလားလို့မေးစရာရှိပါတယ်၊ အမေရိ ကန်ရေတပ်က ကမ္ဘာ့ရေပိုင်နက်ကို ထိန်းလိုက်ရင် တရုတ်အတွက်လောင်စာက အီးကြောပိတ်နိုင် တယ်ဗျ ဒီတော့ ဗမာပြည်က ထွက်သမျှရေနံ ထွက်သမျှဓါတ်ငွေ့ အစက်ကလေးတစက်မှမကျန်အောင် ရ ဘို့အရေးကြီးလေတော့ကာ သူတပါးနိုင်ငံဝင်မစွက်ဘူးဆိုတာက တရုတ်အတွက်မဲပြာပုဆိုးဖြစ်နေတာပေါ့။

မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရှိအောင် တမင်လုပ်ကြံရေးဆွဲထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အ မတ် ၉ ဦးက သမ္မတအိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြတယ်ဆိုတာလည်းသတင်းထဲမှာတွေ့ လိုက်ရတယ်။

နောက်တခုပြောတာက“ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်” ဆိုပဲ။

အမေရိကန်နိုင်ငံကို လူတယောက်က ဆင်နဲ့နှိုင်းသွားတယ်ဗျ၊ ဆင်သွားရင်လမ်းဖြစ်တယ်လို့ဆိုပါတယ်
ကဲအားလုံးဗျာ မျိုးချစ်မြန်မာဆိုတဲ့လူတွေ၊ သခင်မျိုးလို့ဆိုတဲ့လူတွေ၊ မဟာမြန်မာတွေ ဒီမိုကရေစီလို့ဆိုတဲ့သူတွေ၊ လက်နက်ကိုင် တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေ ဘာအဖွဲ့ညာအဖွဲ့ ဟိုအဖွဲ့ဒီအဖွဲ့တွေ တယောက်နဲ့တယောက်သူ့ကို ကိုယ်ကအပြစ်ပြော ကိုယ့်ကိုသူကအပြစ်ပြော လုပ်နေကြမယ့်အစား ပူးပေါင်းကြမလား ဒါမှမဟုတ်တရုတ်တွေပြုသမျှနုကြမလား။

ဆင်ကြီးကတကယ်သွားပြီဆိုရင် လမ်းကတော့ဖြစ်မှာပဲ အဲကျုပ်တို့ဘက်က ဘာတွေကြိုတင်ပြင်ဆင် တားတာရှိပြီလဲ? ဆင်ကြီးကတကယ်မသွားဘူးဆိုရင်ကော ဘာဆက်လုပ်ကြမလဲ? ဆင်ကြီးမသွားဘူး ထင်ပြီး ဘာတခုမှတင်ကြိုပြင်ဆင်မထားဘူးရင်တော့………………။

အားလုံးကိုလေးစားလျှက်

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စိုးရိမ်လို့ပါဗျာ

Photo by www, irrawady.org

စိုးရိမ်လို့ပါဗျာ
(မင်းစိုးစံ)

ရာသီကပြောင်းလာပြီဗျ အခုကျုပ်ရောက်နေတဲ့ဒေသက နွေအကူး(Spring) ရာသီပေါ့ သစ်ရွက်တွေ အချို့ အညွန့်အဖူးလေးတွေထွက်လာသလို အချို့ကတော့ ထွက်ပြူဘို့အားယူနေတာမို့ အနွေးကြီးမ ဟုတ်ပေမယ့် အအေးဓါတ်သက်သာလာတာကတော့ အသေအခြာပဲ။
ကားလမ်းဘေးတဘက်တချက်မှာ ဆောင်း(Winter)ရာသီတုန်းက တောင်ပုံရာပုံဖြစ်နေတဲ့ ရေခဲပုံတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပြီဆိုတော့ နေရောင်ခြည်အောက်က လမ်းမ,ကြီးဟာ သူ့ရဲ့အရှိန် အဝါကို အနက်ရောင်တောက်တောက်နဲ့ ကြွားနေပါလားလို့ ထင်စရာဖြစ်နေပါတယ်။ သင်္ကြန်ကာလဆိုပေမယ့် ရေကစားလို့က သိပ်မဖြစ်သေးဘူးလေ၊ အအေးက သက်သာရုံပဲ၊ အပူချိန် က တယောက်နဲ့တယောက်ရေလောင်းလိုက်လို့ကတော့ အအေးမိနှာစေးမှာအသေအခြာပါပဲ။

ကျုပ်ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆိုရင်ကဲသလားမမေးနဲ့ ကျုပ်နေတဲ့နေရာက နတ်မောက်စက်မှု လက်မှုအထက်တန်းကျောင်းဝင်းလေဗျာ၊ ကန်တော်ကြီးနဲ့လည်းနီးတယ်၊ အဲဒါမြေနီကုန်းဘက်ရေပက် ခံထွက်တော့ ရေပက်တဲ့ရပ်ကွက်ကို ကားပေါ်ကနေ ခနဲ့လိုက်ပုံလေးပြန်သတိရနေလိုက်သေး။
“မင်းတို့အရပ်က ကြမ်းတယ်ဆို၊ မင်းတို့ပက်တာ ဘိန်းစားလိုပဲ”
“ခွက်စုတ်ကလေးနဲ့ပက်တာလောက်တော့ ရယ်(ရီ)တာပေါ့ ရယ်(ရီ)တာပေါ့” အဲဒီလိုကို ကဲတာ။

Photo by www, irrawady.org

ထိုင်းဘက်ရောက်ပြန်တော့ သိတဲ့အတိုင်းပဲ ကိုယ်နည်းနည်းခိုက်တဲ့မိန်းကလေးဆိုရင် ရေခွက်ထဲမှာ ပေါင်ဒါမှုန့်နဲ့ရေနဲ့ရောပြီးမျက်နှာတွေပါးတွေကို လိုက်ပြီးလူးပေးလိုက်တာမျိုး၊ သူ့နောက်ကျောကနေ ရေလောင်းပြီး ကျောကိုသာသာလေးပုတ်ပေးတာမျိုး တခါကားငှားပြီးတော့ ကားပေါ်မှာ ရေတိုင်ကီ ကြီးတွေထဲရေတွေဖြည့်ရေခဲတုံးစိမ်ထား ကိုယ့်ကိုပက်တဲ့လူတွေကို ကားပေါ်ကနေ ရေခဲရေနဲ့ပြန်ပက်၊ နည်းနည်းအေးလာရင်နွေးအောင်ဆိုပြီး သမင်တွေ စပါးနှံတွေ အဲဒီတံဆိပ်တွေပါတဲ့ရှတ်တွေတွတ်ကြ၊ အမူးလွန်တဲ့ကောင်ဥသြဆွဲရင် အံဖတ်တွေဝိုင်းရှင်းနဲ့ အဲ အဲဒီလိုကိုကဲခဲ့တာဗျို့။

တတိယနိုင်ငံရောက်လာတော့ ကျုပ်ရောက်နေတဲ့မြို့ကအအေးဓါတ်ကဲတဲ့ဒေသဆိုတော့ ဒီလိုလမျိုးမှာ ရေမကစားဖြစ်ပေမယ့် သက်ကြီးပူဇော်ပွဲဆိုတာမျိုးတော့ နှစ်တိုင်းလုပ်ဖြစ်တယ်ဗျ လူမျိုးမရွေးဘာသာ မရွေးပေါ့ဗျာအသက်ခြောက်ဆယ့်ငါးနှစ်နဲ့အထက်မှန်ရင် အဲဒါရှိသမျှစာရင်းကိုကောက်ပြီး လှူဘွယ် ပစ္စည်း တွေနဲ့ကန်တော့ကြတာ၊ တချို့ပုဂ္ဂိုလ်တွေက အသစ်ထွင်တာလား ဘာလားတော့မသိဘူး သူ တို့ကတော့ သင်္ကြန်ပွဲကို ဂျူလိုင်လမှာစုပြီးလုပ်တာရှိတယ်ဗျ၊ ကျုပ်တို့ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်နဲ့ တိုက်ဆိုင်တာတခါ ကြုံတော့ ကျုပ်တောင်ဘာတွေမှားနေပြီလည်းပေါ့၊

တချို့မြန်မာ့ရိုးရာကိုထိန်းသိမ်း ချင်တဲ့လူတွေကတော့ ဒါဟာဘာဖြစ်တယ်၊ ညာဖြစ်တယ် မလုပ်ထိုက်မလုပ်သင့်ဘူးဆိုတာတွေ ဖြစ် ကုန်တယ်၊ ဒီနှစ်သင်္ကြန်တော့ ဘာသံမှမကြားမိဘူး၊ ဘယ်ကြားမလည်းဗျာ ကျုပ်ကနေမကောင်းတဲ့လူ ဆိုတော့ ဘယ်မှသွားဖြစ်လာဖြစ်တာမှမဟုတ်တာ။




အဲဒီလိုပဲ ကျုပ်တို့ကရင့်ရိုးရာပွဲတွေကို နိုင်ငံခြားရောက်နေတဲ့ကရင်တချို့က အချိန်မရလို့ နေ့သုံးနေ့ကို တရက်ထဲလုပ်တာမျိုး အချိန်နှောင်းမှကရင့်နေ့ထူးနေ့မြတ်တွေကိုလုပ်တာမျိုး တနင်္ဂနွေနေ့နဲ့ဆုံနေလို့ ရက်ရွှေ့တာမျိုးတွေ လုပ်နေကြတော့ နဂိုလ်ကတည်းကမှ ကရင့်နေ့ထူးနေ့မြတ်တွေ ရိုးရာပွဲတွေက မရှိသလောက်ဖြစ်နေတဲ့ ဥစ္စာဗျာ၊ နိုင်ငံခြားရောက်နေတဲ့ ဒေါ်လာစားတွေက ဒေါ်လာမျက်နှာနဲ့ကောင်းကင်နိုင်ငံတော်ကိုပဲ အဓိ ကထားနေကြတယ်လို့ပြောလိုက်ရင် လွန်သွားမလားမသိဘူး၊ ဒီလိုသာဆိုရင်တော့ နောင်လာမယ့်နှစ် ဆယ်စုနှစ်နှစ်စုလောက်ဆိုရင် ကရင့်နေ့ထူးနေ့မြတ်တွေလည်း ဘယ်နေ့တွေမှာ တိတိကျကျလုပ်ရမယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိနိုင်တော့သလို ကရင်စာပေမပြောနဲ့ ယဉ်ကျေးမှုမက စကားတွေပါ ပျောက်ကုန်မှာတော့သေခြာတယ်။

အဲဒီတော့ဗျာ နောင်လာနောက်သားတွေကို အစဉ်လာကောင်းလေးတွေထားခဲ့ပေးဘို့ အားလုံးအားလုံး အနယ်နယ်အရပ်ရပ်ကိုရောက်နေတဲ့ ဘိုးဘိုးကရင်၊ ဘွားဘွားကရင်တွေတာဝန်မမေ့ကြပါနဲ့ဆိုတာ အ ထူးမေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါရဲ့ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 24, 2010

အာဏာရှင်လက်က ရုန်းထွက်ဘို့ အလားအလာအကောင်းဆုံးအချိန်


အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန်

24 April 2010


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်လွှတ်တော်မှာ သူပြောကြားတဲ့မိန့်ခန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားရာမှာ သူက အခုလို ပြောကြားသွားတာဖြစ်ပါတယ်။ အထက်က ပြောကြားခဲ့သလိုပဲ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ မျိုးချစ်တပ်မတော်သားတွေ ပူးပေါင်းကြရင် လျှပ်တပြတ်အတွင်းမှာ အောင်မြင်မယ်လို့ မစ္စတာ ရိုရာဘာကာ က ဆိုထားတဲ့အတွက် ဒါဟာ အပြောလွယ်သလောက် လုပ်ရခက်မယ့်ကိစ္စ၊ "easier said than done" ဖြစ်မနေဘူးလား ဆိုတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ အမေးကိုတော့ သူက အခုလို စပြီးတောဖြေပါတယ်။

"ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်လာခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ဖို့၊ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့ ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင် လုပ်ဖို့အတွက်ပါ အခွင့်အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။"

အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင် အရင်ကနဲ့ ဘာများကွာခြားနေလို့လဲ ဆိုတဲ့မေးခွန်းကိုတော့ လွှတ်တော်အမတ် ဒေနာရိုရာဘာကာ က အခုလို ဖြေကြားသွားပြန်ပါတယ်။

"ကျနော်တို့ဟာ အခု ပွင့်နေတဲ့တံခါးဝတခုကို ရောက်ရှိနေပါတယ်။ မင်းဆိုးမင်းညစ်စနစ်ကို ဆန့်ကျင်တဲ့ မြန်မာပြည်က အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေ ဦးဆောင်တဲ့မြန်မာတွေ တိုင်းရင်းသားအုပ်စုတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပါ။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ အခုလောက် ဘယ်တုန်းကမှ မဆိုးခဲ့ပါဘူး။ စစ်တပ်အတွင်းမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေအနေနဲ့လည်း ချစားပျက်စီးနေတဲ့ အစိုးရ၊ တရုတ်လို ပြည်ပနိုင်ငံမျိုးရဲ့ လက်အောက်ခံလုပ်ချင်နေတဲ့ အစိုးရရဲ့ စစ်တပ်ဖြစ်နေတာထက် လူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိတဲ့ ပြည်သူ့ဝန်ထမ်း တပ်မတော်ဖြစ်မြောက်ရေးကို လိုလားတောင့်တနေကြပါတယ်။"

အမေရိကန်အောက်လွှတ်တော်အမတ် ဒေနာရိုရာ ဘာကာ ပြောသွားတာဖြစ်ပါတယ်။ ဒီဆက်သွယ်မေးမြန်းချက် အပြည့်စုံကို ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးမယ့် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ ဆက်ပြီးနားဆင်နိုင်ပါတယ်။

www.voanews.com/burmese ကကူးယူဖေါ်ပြခြင်းဖြစ်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 23, 2010

ဒီမိုကရေစီရေး စစ်တပ်ထဲကပူးပေါင်းဘို့ အမေရိကန်အမတ် တိုက်တွန်း


ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း

23 April 2010


မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန် တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။

“အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။”

အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန် ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့တိုင်းပြည် အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။

မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းကတော့ www.voanews.com/burmese ကနေ ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 22, 2010

ဘန်ကောက်အရေးအခင်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘန်ကောက်မှာ ဗုံးပေါက်တယ်ဆိုပါလား

Photo by www.bbcburmese.com

ဘန်ကောက်မြို့ မြို့ပတ်ရထား ဘူတာရုံအနီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွား

22 April 2010

ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေနဲ့ ထိုင်းအစိုးရအကြား အခြေအနေတွေဟာ တစထက်တစ ပိုတင်းမာလာနေပြီး နောက်ဆုံးရရှိတဲ့ သတင်းအရ အစိုးရ ဆန့်ကျင်သူတွေ စုဝေးတဲ့ မနီးမဝေးက စစ်သားတွေ လုံခြုံရေး ချထားတဲ့ ဘန်ကောက်မြို့ရဲ့ နေရာတခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးလောက်ရှိပြီး အဲဒီအနီးအနား တ၀ိုက် လမ်းသွားလမ်းလာ အ၀င်အထွက် အားလုံးကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေ သိရအောင် ဗုံးပေါက်ကွဲရာ နေရာအနီးမှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပြခဲ့ပါတယ်။

“အခုက စီးလုံမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာက စီးလုံ ဟိုဘက်ထိပ်မှာက အနီဝတ် ဆန္ဒပြသူတွေရှိတယ်၊ ဒီဘက်ထိပ်မှာက အစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ ဒီနေ့ အင်အား တော်တော်များတယ်။ ဆန္ဒပြနေတဲ့အချိန် စံတော်ချိန် ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဆန္ဒပြတဲ့နောက်က စီးလုံလမ်းထဲမှာ ဖြစ်တာ။ စစ်သားတွေ ရှိနေတဲ့နေရာကို အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတော့ ဗုံးကွဲတယ်။ ကွဲတော့ ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျနော် မတွေ့လိုက်ဘူး။ ဆေးရုံကားနဲ့ ခေါ်သွားတယ်။

“အခု စစ်တပ်က အဲဒီလမ်း တခုလုံးကို ပိတ်ထားတယ်။ ကျနော်တို့ ထွက်လို့မရဘူး။ ထွက်လို့မရဘူးဆိုတာ စစ်တပ်က လုံခြုံတဲ့ အမြင့်နေရာမှာ ကျနော်တို့ကို တင်ပြီးတော့ အဲဒီမှာ ၀င်ခိုင်းထားတယ်။ မပြန်ခိုင်းသေးဘူး။ အခြေအနေက အဲဒီလောက်ပဲ။ ဒါပေမဲ့ ဟိုဘက်ထိပ်က ဆန္ဒပြမှု နောက်ဆုံး အခြေအနေတော့ မသိလိုက်ဘူး။

“ဒါပေမဲ့ ခုနက ဆန္ဒပြတာတော့ တော်တော် တင်းတင်းမာမာ ဖြစ်နေကြတယ်။ အဓိက အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေက ရှေ့ကို အတင်းတက်ပြီးတော့ အနီဝတ် ဆန္ဒပြသူတွေ အနားထိ ကပ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီးတော့ သူတို့ကို အတင်းတွန်းထုတ်ပြီးတော့ နည်းနည်း တင်းတင်းမာမာတော့ ဖြစ်သေးတယ်။ ဒါပေမဲ့ အခြေအနေက အေးအေးချမ်းချမ်း ဖြစ်နေတဲ့ အချိန်မှာပဲ ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဖြစ်တာ။”

ဘယ်အဆောက်အဦးနဲ့ အနီးဆုံးလဲ၊ အခု ဗုံးပေါက်တဲ့နေရာက စီးလုံရဲ့ ဘယ်နေရာနားလောက်ကျလဲ။

“အခု ဗုံးပေါက်တာ စီးလုံမှာ။ သိရသလောက် စစ်သားတွေ အပြောအရတော့ Sky Train Station အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတာ။ ကျနော်တို့အားလုံးကို Station က စစ်သားတွေက Station က တနေရာကို ကျနော်တို့ကို ခေါ်ထားတယ်။ အကုန်လုံးကို ဘယ်မှ မထွက်ခိုင်းဘူး။ ဒီမှာပဲ ထားထားတယ်။ သူတို့ လုံခြုံရေး ရှင်းနေတယ်လို့ ပြောတယ်။ ဘယ်သူ ဗုံးပစ်တာလဲ၊ ဗုံးခွဲတာလဲ သူတို့ လိုက်ရှာနေတယ်လို့ ပြောတယ်။”

ဗုံးက တလုံးပဲ ကွဲတာလား၊ နှစ်လုံး သုံးလုံး ဆက်တိုက် ကွဲတာလား။

“ကျနော်ကြားတာတော့ သုံးလုံးလောက် ကြားတယ်။ ပထမတလုံးက တော်တော်ကျယ်တယ်။ ပထမတလုံး ကြားပြီးတော့ နောက်ထပ် နှစ်လုံး ဆက်တိုက်ကွဲတယ်။ ကြားလိုက်တဲ့အချိန်မှာ ကျနော်တို့လာတဲ့ အချိန်လည်းကျရော ဒီမှာ ဆေးရုံတင်ကားတွေ ပြင်နေပြီ၊ စစ်သားတွေ နေရာယူထားကြတယ်။ စစ်သားတွေက အကုန်လုံး လိုက်ရှာနေတယ်၊ အခုအနေအထားက။”

အစိုးရ ဆန့်ကျင်တဲ့ အုပ်စုနဲ့ အစိုးရဘက်က ဆန္ဒပြတဲ့အုပ်စု ကြားထဲမှာ ထိပ်တိုက် ရင်ဆိုင်တာတွေရော ရှိလား၊ အခုအချိန်ထိ။

“အခုချိန်ထိတော့ အနီဝတ် ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားတဲ့ အုပ်စုတွေက ပြီးခဲ့တဲ့အချိန် ၈ နာရီလောက်အထိ ကျနော် အဲဒီထိပ်မှာရှိတော့ အဲဒီအချိန်ထိတော့ တင်းတင်းမာမာ ဘာမှမရှိသေးဘူး။ ကြားထဲမှာက ရဲကားတွေရော၊ ရဲတွေရော တော်တော်လေး နေရာယူထားတယ်။ သူတို့ အပြည့်ပဲ။ ကျနော်ထင်တယ်၊ တပ်ရင်း တရင်းစာလောက်ကို ရှိတယ်။ ရဲကလည်း တော်တော် အင်အားများတယ်။ သုံးလေးရာလောက် ယူထားတယ်။ အဲဒီကြားထဲမှာ ဖြည့်ထားတာပေါ့။ တကယ်တမ်း စစ်တပ်ရှိတာ စီးလုံ လမ်းထဲမှာ။ အခုဖြစ်သွားတာ စီးလုံလမ်းထဲမှာ။ စစ်တပ်ကို ပစ်တယ်လို့ ပြောပါတယ်။”

ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စီးလုံနေရာ အနီးတ၀ိုက်မှာ ရောက်နေတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နာရီပိုင်း အတွင်းမှာပဲ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ Sky Train မြို့ပတ်ရထားတွေကိုလည်း လောလောဆယ် ပြေးဆွဲခွင့် မပြုတော့ဘဲ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဒဏ်ရာရသူ အနည်းဆုံး ၂၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးထပ်ပြီး ပေါက်တယ်လို့ သိရပါတယ်။ အခု နောက်ဆုံးအခြေအနေလေး ပြောပြပေးပါ။

“ဟုတ်ကဲ့၊ ပထမ ဗုံး ၃ လုံးပေါက်တယ်၊ ပေါက်ပြီးတော့ မကြာခင်မှာဘဲ ဒီ Sky Train Station ပေါ့၊ Sky Train Station တခုလုံးကလည်း စစ်တပ်တွေက နေရာယူထားတော့ အဲဒီ Station ကို နောက်ထပ် ၂ လုံး ပစ်တယ်။ အဲဒီမှာ စစ်သားတွေတော့ မထိဘူး။ ကျနော်သိရသလောက် နိုင်ငံခြားသား တော်တော်များများ ထိခိုက်တယ်။ အယောက် ၂၀ ကျော် အနည်းဆုံး အခု ဒဏ်ရာရထားပါတယ်။

“ကျနော် အဲဒီနေရာက ထွက်လာတဲ့ အချိန်မှာတောင် နောက်ထပ် ပေါက်ကွဲသံတွေ ကြားနေရတော့ နောက်ထပ် ဘယ်နှစ်လုံး ထပ်ပေါက်လဲတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ အခြေအနေကတော့ အစိုးရ လိုလားတဲ့ ဆန္ဒပြအုပ်စုကတော့ လူစုကွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆန္ဒပြတဲ့ အနောက်နားလေးမှာပဲ ပေါက်ကွဲမှုက ထဖြစ်တာကိုး။ ဖြစ်တော့ စစ်တပ်က ဆန္ဒပြသူတွေရော၊ သတင်းထောက်တွေရော Sky Train Station ပေါ်မှာ ခဏ နားခိုင်းထားပါတယ်။ ဘယ်မှ မထွက်ခိုင်းပါဘူး။

“ပြီးတော့ အဲဒီအခြေအနေမှာပဲ နောက်ထပ် ဗုံးတွေ ထပ်ပေါက်တာပေါ့။ ထပ်ပေါက်ပြီး ကျနော်တို့ ထွက်လာတဲ့အချိန်မှာ ပေါက်ကွဲသံတွေ ကြားတယ်။ သူနာပြုကားတွေ ငါးစီး၊ ခြောက်စီးလောက် ထွက်သွားတယ်။ ကျနော် စစ်သားတွေ မေးကြည့်တော့ အယောက် ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒါကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အခု ဖြစ်နေတဲ့နေရာနဲ့ ကျနော်ရှိတဲ့နေရာနဲ့ နီးတော့ အနီဝတ် ဆန္ဒပြသူတွေအပေါ် ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ၀ဲနေတယ်။ ၀ဲနေတော့ အောက်ကနေ မီးကျည် မီးပန်းတွေနဲ့ သူတို့ ပစ်ဖောက်နေကြပါတယ်။ အဲဒါ နောက်ဆုံး အခြေအနေပါ။”
“အခုက စီးလုံမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာက စီးလုံ ဟိုဘက်ထိပ်မှာက အနီဝတ် ဆန္ဒပြသူတွေရှိတယ်၊ ဒီဘက်ထိပ်မှာက အစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ ဒီနေ့ အင်အား တော်တော်များတယ်။ ဆန္ဒပြနေတဲ့အချိန် စံတော်ချိန် ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဆန္ဒပြတဲ့နောက်က စီးလုံလမ်းထဲမှာ ဖြစ်တာ။ စစ်သားတွေ ရှိနေတဲ့နေရာကို အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတော့ ဗုံးကွဲတယ်။ ကွဲတော့ ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျနော် မတွေ့လိုက်ဘူး။ ဆေးရုံကားနဲ့ ခေါ်သွားတယ်။

“အခု စစ်တပ်က အဲဒီလမ်း တခုလုံးကို ပိတ်ထားတယ်။ ကျနော်တို့ ထွက်လို့မရဘူး။ ထွက်လို့မရဘူးဆိုတာ စစ်တပ်က လုံခြုံတဲ့ အမြင့်နေရာမှာ ကျနော်တို့ကို တင်ပြီးတော့ အဲဒီမှာ ၀င်ခိုင်းထားတယ်။ မပြန်ခိုင်းသေးဘူး။ အခြေအနေက အဲဒီလောက်ပဲ။ ဒါပေမဲ့ ဟိုဘက်ထိပ်က ဆန္ဒပြမှု နောက်ဆုံး အခြေအနေတော့ မသိလိုက်ဘူး။

“ဒါပေမဲ့ ခုနက ဆန္ဒပြတာတော့ တော်တော် တင်းတင်းမာမာ ဖြစ်နေကြတယ်။ အဓိက အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေက ရှေ့ကို အတင်းတက်ပြီးတော့ အနီဝတ် ဆန္ဒပြသူတွေ အနားထိ ကပ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီးတော့ သူတို့ကို အတင်းတွန်းထုတ်ပြီးတော့ နည်းနည်း တင်းတင်းမာမာတော့ ဖြစ်သေးတယ်။ ဒါပေမဲ့ အခြေအနေက အေးအေးချမ်းချမ်း ဖြစ်နေတဲ့ အချိန်မှာပဲ ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဖြစ်တာ။”

ဘယ်အဆောက်အဦးနဲ့ အနီးဆုံးလဲ၊ အခု ဗုံးပေါက်တဲ့နေရာက စီးလုံရဲ့ ဘယ်နေရာနားလောက်ကျလဲ။

“အခု ဗုံးပေါက်တာ စီးလုံမှာ။ သိရသလောက် စစ်သားတွေ အပြောအရတော့ Sky Train Station အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတာ။ ကျနော်တို့အားလုံးကို Station က စစ်သားတွေက Station က တနေရာကို ကျနော်တို့ကို ခေါ်ထားတယ်။ အကုန်လုံးကို ဘယ်မှ မထွက်ခိုင်းဘူး။ ဒီမှာပဲ ထားထားတယ်။ သူတို့ လုံခြုံရေး ရှင်းနေတယ်လို့ ပြောတယ်။ ဘယ်သူ ဗုံးပစ်တာလဲ၊ ဗုံးခွဲတာလဲ သူတို့ လိုက်ရှာနေတယ်လို့ ပြောတယ်။”

ဗုံးက တလုံးပဲ ကွဲတာလား၊ နှစ်လုံး သုံးလုံး ဆက်တိုက် ကွဲတာလား။

“ကျနော်ကြားတာတော့ သုံးလုံးလောက် ကြားတယ်။ ပထမတလုံးက တော်တော်ကျယ်တယ်။ ပထမတလုံး ကြားပြီးတော့ နောက်ထပ် နှစ်လုံး ဆက်တိုက်ကွဲတယ်။ ကြားလိုက်တဲ့အချိန်မှာ ကျနော်တို့လာတဲ့ အချိန်လည်းကျရော ဒီမှာ ဆေးရုံတင်ကားတွေ ပြင်နေပြီ၊ စစ်သားတွေ နေရာယူထားကြတယ်။ စစ်သားတွေက အကုန်လုံး လိုက်ရှာနေတယ်၊ အခုအနေအထားက။”

အစိုးရ ဆန့်ကျင်တဲ့ အုပ်စုနဲ့ အစိုးရဘက်က ဆန္ဒပြတဲ့အုပ်စု ကြားထဲမှာ ထိပ်တိုက် ရင်ဆိုင်တာတွေရော ရှိလား၊ အခုအချိန်ထိ။

“အခုချိန်ထိတော့ အနီဝတ် ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားတဲ့ အုပ်စုတွေက ပြီးခဲ့တဲ့အချိန် ၈ နာရီလောက်အထိ ကျနော် အဲဒီထိပ်မှာရှိတော့ အဲဒီအချိန်ထိတော့ တင်းတင်းမာမာ ဘာမှမရှိသေးဘူး။ ကြားထဲမှာက ရဲကားတွေရော၊ ရဲတွေရော တော်တော်လေး နေရာယူထားတယ်။ သူတို့ အပြည့်ပဲ။ ကျနော်ထင်တယ်၊ တပ်ရင်း တရင်းစာလောက်ကို ရှိတယ်။ ရဲကလည်း တော်တော် အင်အားများတယ်။ သုံးလေးရာလောက် ယူထားတယ်။ အဲဒီကြားထဲမှာ ဖြည့်ထားတာပေါ့။ တကယ်တမ်း စစ်တပ်ရှိတာ စီးလုံ လမ်းထဲမှာ။ အခုဖြစ်သွားတာ စီးလုံလမ်းထဲမှာ။ စစ်တပ်ကို ပစ်တယ်လို့ ပြောပါတယ်။”

ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စီးလုံနေရာ အနီးတ၀ိုက်မှာ ရောက်နေတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နာရီပိုင်း အတွင်းမှာပဲ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ Sky Train မြို့ပတ်ရထားတွေကိုလည်း လောလောဆယ် ပြေးဆွဲခွင့် မပြုတော့ဘဲ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဒဏ်ရာရသူ အနည်းဆုံး ၂၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးထပ်ပြီး ပေါက်တယ်လို့ သိရပါတယ်။ အခု နောက်ဆုံးအခြေအနေလေး ပြောပြပေးပါ။

“ဟုတ်ကဲ့၊ ပထမ ဗုံး ၃ လုံးပေါက်တယ်၊ ပေါက်ပြီးတော့ မကြာခင်မှာဘဲ ဒီ Sky Train Station ပေါ့၊ Sky Train Station တခုလုံးကလည်း စစ်တပ်တွေက နေရာယူထားတော့ အဲဒီ Station ကို နောက်ထပ် ၂ လုံး ပစ်တယ်။ အဲဒီမှာ စစ်သားတွေတော့ မထိဘူး။ ကျနော်သိရသလောက် နိုင်ငံခြားသား တော်တော်များများ ထိခိုက်တယ်။ အယောက် ၂၀ ကျော် အနည်းဆုံး အခု ဒဏ်ရာရထားပါတယ်။

“ကျနော် အဲဒီနေရာက ထွက်လာတဲ့ အချိန်မှာတောင် နောက်ထပ် ပေါက်ကွဲသံတွေ ကြားနေရတော့ နောက်ထပ် ဘယ်နှစ်လုံး ထပ်ပေါက်လဲတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ အခြေအနေကတော့ အစိုးရ လိုလားတဲ့ ဆန္ဒပြအုပ်စုကတော့ လူစုကွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆန္ဒပြတဲ့ အနောက်နားလေးမှာပဲ ပေါက်ကွဲမှုက ထဖြစ်တာကိုး။ ဖြစ်တော့ စစ်တပ်က ဆန္ဒပြသူတွေရော၊ သတင်းထောက်တွေရော Sky Train Station ပေါ်မှာ ခဏ နားခိုင်းထားပါတယ်။ ဘယ်မှ မထွက်ခိုင်းပါဘူး။

“ပြီးတော့ အဲဒီအခြေအနေမှာပဲ နောက်ထပ် ဗုံးတွေ ထပ်ပေါက်တာပေါ့။ ထပ်ပေါက်ပြီး ကျနော်တို့ ထွက်လာတဲ့အချိန်မှာ ပေါက်ကွဲသံတွေ ကြားတယ်။ သူနာပြုကားတွေ ငါးစီး၊ ခြောက်စီးလောက် ထွက်သွားတယ်။ ကျနော် စစ်သားတွေ မေးကြည့်တော့ အယောက် ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒါကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အခု ဖြစ်နေတဲ့နေရာနဲ့ ကျနော်ရှိတဲ့နေရာနဲ့ နီးတော့ အနီဝတ် ဆန္ဒပြသူတွေအပေါ် ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ၀ဲနေတယ်။ ၀ဲနေတော့ အောက်ကနေ မီးကျည် မီးပန်းတွေနဲ့ သူတို့ ပစ်ဖောက်နေကြပါတယ်။ အဲဒါ နောက်ဆုံး အခြေအနေပါ။”

ဒီသတင်းကို http;//www.voanews.com/burmese ကနေတိုက်ရိုက်ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗမာစစ်အစိုးရနဲ့ထိတွေ့ဆက်ဆံမှု အမေရိကန်ဆက်လုပ်မယ်

Phopto by www.bbcburmese.com

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု အမေရိကန် ဆက်လုပ်မည်

22 April 2010


မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ရုတ်တရက် ပြောင်းလဲဖို့ အလားအလာ မရှိသေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ တနှစ်အတွင်းမှာ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကိုလည်း တနှစ်တည်းမှာပဲ ဖြေရှင်းလို့ မရဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အပတ်က လက်နက်တချို့ တင်ပို့ခဲ့တယ်ဆိုပြီး အစီရင်ခံစာတစောင် ပေါ်ထွက်လာပါတယ်။ အဲဒီကိစ္စကို သိပါသလားလို့ သတင်းထောက် တယောက်က မေးခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ခရော်လီကတော့ အဲဒီ အစီရင်ခံစာကို သေချာ မလေ့လာရသေးဘူးလို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာဆိုတာ ဘယ်ကထုတ်တဲ့ အစီရင်ခံစာလဲ၊ ဘာအစီရင်ခံစာလဲ ဆိုတာကိုတော့ မေးတဲ့ သတင်းထောက်ကလည်း မပြောသလို နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရော်လီကလည်း ပြောကြားခြင်း မရှိပါဘူး။

သို့သော်လည်း မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ လက်နက်အရောင်းအ၀ယ် ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တယ်လို့တော့ မစ္စတာ ခရော်လီက အခုလို ပြောသွားခဲ့ပါတယ်။

“အဲဒီအစီရင်ခံစာကို ကျနော်တို့ ဆန်းစစ်လေ့လာခြင်း မရှိဘဲနဲ့တော့ ကျနော်တို့အနေနဲ့ ဒီအချက်ကို မှတ်သားထားရုံပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သိကြတဲ့ အတိုင်းပါပဲ၊ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါ အထူးသတိထားပြီး ပွင့်လင်း မြင်သာအောင် လုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။

“ပြီးတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်နွယ်မှုတွေ ရှိနေတာကိုလည်း ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ မြန်မာအပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးဟာ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာ စောင့်ထိန်းကြဖို့လည်း မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ ဆိုတာတွေဟာ စစ်လက်နက် ပစ္စည်းနဲ့ လောင်စာတွေကို မြောက်ကိုရီးယားကို မတင်ပို့ရဘူး၊ မြောက်ကိုရီးယားနဲ့ အရောင်းအ၀ယ် မလုပ်ရဘူး၊ ဒီပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တက်ရောက်ပြီး ရှာဖွေစစ်ဆေးခွင့် ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

နောက်တခါ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် လက်ရှိကျင့်သုံးနေတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ အထက်လွှတ်တော် အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို မေတ္တာရပ်ခံ နေကြပါတယ်။ ဒီမူဝါဒသစ်ဟာ အလုပ်မဖြစ်တဲ့အတွက် သုံးသပ်ရမယ့်အချိန် ရောက်ပြီလား ဆိုတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ခရော်လီက အခုလို ဖြေကြားသွားပါတယ်။

“ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပြဿနာက တနှစ်အတွင်း ဖန်တီးခဲ့တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆိုတော့ တနှစ်တည်း ဖြေရှင်းလို့ ရနိုင်မှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အနုလုံ ပဋိလုံ သုံးသပ်ပြီးမှ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့တာပါ။ ဒီလို ပြောင်းလဲခဲ့ရတာဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒဏ်ခတ်အရေးယူမှု တခုတည်းနဲ့ ဘာရလဒ်မှ ပေါ်ထွက်မလာလို့ပါပဲ။

“ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းရေးနဲ့ စိုးရိမ်ပူပန်စရာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှည်ရှည်လျားလျား ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေကို ဆက်လက် လုပ်ကြရဦးမှာပါ။ ဒါပေမဲ့ ကျနော်တို့ ပြောခဲ့သလိုပါပဲ၊ မြန်မာအစိုးရရဲ့ မကြခင်က လုပ်ရပ်တချို့ကြောင့် ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတာပါ။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို သူတို့ ပြည်တွင်းမှာ ဖြေရှင်းကြရပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်း အစိတ်အပိုင်း အမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရပါလိမ့်မယ်။ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရှိသူတွေ၊ ပါဝင်နိုင်သူတွေ ပိုများလာအောင် ဖွင့်ပေးရပါလိမ့်မယ်။”

အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလီကန်အမတ်တွေ ဖြစ်တဲ့ ဂျက်ဂရက်တို့၊ မစ်ခ်ျ မက်ကော်နယ်လ်တို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံ အပေါ်မှာ အမေရိကန် အစိုးရ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒကို ပြန်လည်သုံးသပ်သင့်ပြီ ဆိုပြီး မကြာခဏ မေတ္တာရပ်ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ www.voanews.com/burmese က ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 20, 2010

ရှမ်းသီချင်းလေး နားထောင်ကြည့်ပါ



ဒီ ဗွီဒီယိုကို http;//karennisocial.ning.com ကနေကူးယူပြီးတင်ဆက်လိုက်တာပါ။

ဘာတွေပြောလို့ ဘာတွေဆိုတယ်ဆိုတာ နားမလည်ပေမယ့် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုရိုးရာတွေကို အရမ်းလေးစားတန်ဘိုးထားပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုကို ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်တဲ့ ဘယ်သူ့ကိုမဆို ကျုပ် လေးစားဂုဏ်ယူနေပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
picture widgets

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင်နီအက

Photo by http;//karennisocial.ning.com

Find more videos like this on Karenni



Find more videos like this on Karenni

ကရင်နီရိုးရာ အကလေးတွေကိုကြည့်ရှုအားပေးတဲ့အတွက် အထူးကိုပဲကျေးဇူးတင်ပါတယ်။
ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကိုhttp;//karennisocial.ning.com ကနေ ကူးယူဖေါ်ပြထားခြင်းဖြစ်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 19, 2010

ကေစီအေနဲ့ ဘီဘီစီတွေ့ဆုံမေးမြန်းခန်း

KCA ဒုတိယဥက္ကဌ နော်မေရီသန္တာထွန်းနဲ့
ဘီဘီစီမြန်မာပိုင်းဌာနတို့
တွေ့ဆုံမေးမြန်းခန်း


ယူကေနိုင်ငံမှာရှိတဲ့ ကရင်အမျိုးသားတွေဖွဲ့စည်းထားတဲ့ ဒီကေစီအေခေါ်တဲ့ရွေးကောက်ပွဲကိုယူကေ နိုင်ငံ ဘောဒါန်မြို့မှာ စနေနေ့က ကျင်းပ,ခဲ့ပါတယ် သူတို့အဖွဲ့ကို ၂နှစ်တကြိမ်ပြန်လည်ရွေးကောက်ပြင် ဆင်ဖွဲ့စည်းလေ့ရှိပြီး အဖွဲ့ဝင်ပေါင်း၁၅၀ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။ ယူကေနိုင်ငံမှာကရင်အမျိုးသားအဖွဲ့ ဖွဲ့စည်းထားရှိတာနဲ့ပတ်သက်ပြီးတော့ ကေစီအေရဲ့ဒုတိယဥက္ကဌ နော်မေရီသန္တာထွန်းကို မသီတာက ဆက်သွယ်မေးမြန်းထားခဲ့ရာမှာ အခုလိုပြောပြပါတယ်။

“ကရင်အမျိုးသားအဖွဲ့အစည်းကို အဓိကအားဖြင့် ဟို ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုရယ် စာပေရယ် ဘာသာစကားတွေကို ထိန်းသိမ်းဘို့ ဒါကတချက်ပေါ့နော် နောက်ပြီးတော့ ဒီ ယူကေမှာ နယ်စပ်ကနေ ပြီးတော့ ဒုက္ခသည်စခန်းက ရောက်ရှိလာတဲ့ ကရင်လူမျိုးတွေကို ဒီ ယူကေမှာ လာပြီးတော့နေထိုင်တဲ့ အခါမှာ သူတို့ရဲ့နေထိုင်ရေးတွေ၊စားဝတ်နေရေးတွေ၊ပညာရေးတွေကို ကူညီဆောင်ရွက်ပေးဘို့ နောက် ပြီးတော့အခုလက်ရှိ ဗမာပြည်မှာရှိနေတဲ့ ကရင်လူထုရဲ့ ဟို အခြေအနေတွေကို ကမ္ဘာကသိအောင်လုပ် ဆောင်ပေးဘို့နဲ့ နယ်စပ်ဒုက္ခသည်စခန်းမှာရှိနေတဲ့ ကရင်တွေနဲ့ တောထဲမှာ စစ်အစိုးရရဲ့တိုက်ခိုက်ထိုး နှက်မှုကြောင့် နေထိုင်နေရတဲ့ကရင်ဒုက္ခသည်တွေကို ငွေကြေးထောက်ပံ့မှုတွေပေးဘို့ နောက်ပြီးတော့ ကျမတို့ ကမ္ဘာတဝှန်းမှာရှိနေတဲ့ တခြားကရင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှု လူမျိုးရေးလှုပ်ရှား မှုတွေမှာ အတူပူးပေါင်းဆောင်ရွက်ဘို့နဲ့ ယူကေမှာရှိတဲ့ တခြားဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့အစည်းတွေနဲ့ အတူလက်တွဲပူးပေါင်းပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ဖွဲ့စည်းဘို့ ရည်ရွယ်ချက်တွေနဲ့ ဒီအဖွဲ့ အစည်းကို ဖွဲ့စည်းခဲ့တာပါ”

“သူတို့ ယူကေနိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် ကရင်လူမျိုးဘယ်လောက်လောက် ရှိနေပါလဲ”

“ကရင်လူမျိုးစုစုပေါင်း ခန့်မှန်းခြေ ၅၀၀ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်၊ လူအများဆုံးက တော့ဒုက္ခသည်စခန်းကနေပြီးတော့ ရောက်လာခဲ့တဲ့လူတွေရှိပါတယ်၊ ပယ်ရီဘိုတန်မှာလည်း ရှိပါ တယ်ရှင့်”

“အဲဒီတော့ ယူကေမှာရောက်နေတဲ့ ကရင်လူမျိုးအများစုအတွက်ပေါ့လေ ဒီ ဘာသာစကားအပြင် အဓိ ကရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေပါလဲ”

“အဓိကပေါ့နော် ဒုက္ခသည်စခန်းကရောက်လာတဲ့ ကရင်လူမျိုးတွေဆိုရင် ဘာသာစကားတခုတည်းပဲမ ဟုတ်ဘူး သူတို့အတွက် ပညာရေး အလုပ်အကိုင်မှာ ခက်ခဲမှုတွေအများကြီးရှိပါတယ် ဥပမာဆိုရင် နယ်စကပ်မှာတုန်းက သူတို့ရဲ့ Professional အလုပ်အကိုင်တွေရှိတယ် ဥပမာအရင်က လူနာပြုစုရေး အဓိကလုပ်ခဲ့တဲ့လူရှိတယ်၊ ဒီရောက်တဲ့အခါကျတော့ ဒီကနေရာအသစ် ဒေသအသစ်မှာရောက်နေပြီး တော့ ပညာရေးစနစ်အသစ်တွေမှာကျတော့ သူတို့ရဲ့သိခဲ့တဲ့ အတွေ့အကြုံတွေ ပညာရေးတွေဟာ ဒီက ပညာရေးနဲ့အသိအမှတ်ပြု အံကိုက်မှုတွေမရှိပဲနဲ့ သူတို့ကအောက်ခြေအလုပ်တွေကိုသာ လုပ်နေရပြီး တော့ အဲလိုမျိုးအခက်ခဲတွေ အမျိုးမျိုးရှိပါတယ်၊ ဒါကြောင့်ဒီ KCA Karen Community Association
ကနေပြီးတော့ ဒ်ီလူတွေရဲ့ရှေ့လျှောက်ရမယ့် Life တွေဘယ်လိုတိုးတက်မှုရှိမလဲဆိုတာ အဲဒါတွေအား
လုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ကရင်လူမျိုးတွေ တိုးတက်မှုရှိအောင် လှုပ်ရှားနေတာပါရှင့်”

ဒီအကြောင်းအရာလေးကတော့ ဧပြီလ ၂၀ရက် အင်္ဂါနေ့မနက်ပိုင်း http;//www.bbc.uk/ Burmese က ထုတ်လွှင့်သွားတာကို နားထောင်ပြီးပြန်လည်ရေးသားတင်ပြလိုက်ခြင်းဖြစ်တဲ့အတွက် စာလုံးပေါင်း မှားရင်ပဲဖြစ်ဖြစ် အသံထွက်မှားနေရင်ပဲဖြစ်ဖြစ် ဖြစ်သမျှဟာ ကျုပ်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကြိုက်ရာရွေးကြပေတော့



နိဗ္ဗာန်ဘုံကိုသွားမလား အပါယ်ကိုလားမလား

သပ္ပူရိသ သူတော်စင်အပေါင်းတို့


လူနတ်ချမ်းသာ လိုချင်ရှာ ပြုပါ ဒါန,သာ။
အနာရောဂါ ကင်းချင်ရှာ စောင့်ပါ သိလ,သာ။


စိတ်ဆင်းရဲတာ လွတ်ချင်ရှာ လုပ်ပါ သမထ,သာ။
နိဗ္ဗာန်ချမ်းသာ လိုချင်ရှာ ရှုပါဝိပဿနာ။


ထိုလေးမျိုးမှာ ဆွေသဟာ ကြိုက်ရာရွေးစမ်းပါ

ရောင်ဝါထွန်းလင်း နေ-လ မင်းလည်း
မှောင်ခြင်းနောက်ဆုံး ခန္ဒာပြုဉ်း၏။


လူ့ဘုံလောက သက်ရှင်ကြလည်း
သေခြင်းနောက်ဆုံး ခန္ဒာပြုဉ်း၏။


မာလာပွင့်ဖူး ရောင်စုံမြူးလည်း
မြေခ,နောက်ဆုံး ခန္ဒာပြုဉ်း၏။


ရူပါအလှ ဂုဏ်မာန,လည်း
လျှောကျနောက်ဆုံး ခန္ဒာပြုဉ်း၏။

ပြည်တွင်းမှရောက်လာသော စာရွက်ငယ်တခုမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘလော့တနှစ်ပြည့် အထိန်းအမှတ်

ဒီနေ့ကတော့ ကျုပ်ဘလော့ရေးတာ တနှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်

ဒါကြောင့် တနှစ်ပြည့်တဲ့ခုလိုအချိန်မှာ ကျုပ်ကိုဘလော့ရေးဖြစ်အောင် ဘလော့လောကထဲရောက်လာ
အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရုံမက အစစအရာရာ အသေးစိပ်သင်ကြားပေးတဲ့ဆရာသမား
အားလုံးကို လက်ဆယ်ဖြာထိပ်မှာမိုးလို့ လေးစားရိုကျိုးစွာဦးချကန်တော့လိုက်ပါတယ်။

သူတို့တတွေထဲကအချို့ကို မမြင်ဘူးပေမယ့် ကျုပ်ထက်အသက်ငယ်မယ်ဆိုတာပြောစရာမရှိပါဘူး။
အသက်ငယ်ပေမယ့် ဆရာဆိုတာဆရာပါပဲ၊ သူတို့ရဲ့ပညာဂုဏ်ကို ဆရာဂုဏ်ကိုကိုယ့်ထက်အသက်
်ငယ်တာပဲဆိုပြီး အသိအမှတ်မပြုလို့ကတော့ အဲဒီလူပုဂ္ဂိုလ်ဟာတနေ့ဒုက္ခရောက်မှာပါပဲ။

အဲဒီတော့ ကျုပ်ရဲ့ဆရာတွေက ဘယ်သူလည်းဆိုတာ သူတို့တတွေကျုပ်ရဲ့ဘလော့သက်တမ်း
တနှစ် ပြည့်အမှတ်တရရေးထားတာလေးတွေကိုဖတ်ရင်း သိနိုင်မှာဖြစ်ပါကြောင်းပါခင်ဗျား။

တ်ုကာဖူ့ယှာ....

မာန်နဲအချိန်မရတာနဲ့ အခုရတဲ့အချိန်လေးကို တ်ုကာဖူ့ယှာလိုချင်တဲ့ မာန်နဲအမြင်တစ်ချို့
ကို ဒီကနေပဲရေပေးလိုက်တယ်။အောက်ပါအတိုင်းပဲ ကူးယူလိုက်ပါ....

ဖူ့တာမိက်ဆိုတာ ကျနော့်ရဲ့ဘလော့ဂါညီကိုထဲက တစ်ယောက်ဖြစ်ပါတယ်။ ညီကိုဆိုပေ
မယ့် တကယ်တော့ သူဟာကျနော်ထက် အများကြီး ပရဟိတလုပ်ငန်း၊ ကရင်လူမျိုးများ
အကျိုးတွေကို သယ်ပိုးဆောင်ရွက်သူဖြစ် သလို ပိုးကရင်စာပေကိုလည်း နှိုက်နှိုက်ချွတ်ချွတ်
သိသူလည်းဖြစ်ပါတယ်။ သူက ကျနော်ကို ကရင်လူမျိုးနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အမြင်လေး
ပြောပေးပါ ရေးပေးပါဆိုလို့ တိုက်တွန်းတာကြောင့် ဆန္ဒတစ်ခုကို ကျနော်ချစ်တဲ့ ကရင်
လူမျိုးများဆီသို့ ဝေငှလိုက်ရပါတယ်။ အမှားပါရင် နားလည်ပေးစေချင်သည်...

ကျနော်အမြင်အရင်ပြောရရင် ကျနော်တို့ကရင်တွေဟာ တသံတည်း တစ်မျိုးတည်းဖြစ်အောင်
မလုပ်ဆောင်ကြ။ကိုယ်ထင်ရာ ကိုယ်စိုင်းတာများတယ်။ မသိမနားလည်တဲ့ဖြူစင်ရိုးသားတဲ့လူ
တွေကို လိမ်ညာလှည့်ဖြားကာ ကိုယ့်ကိုဆရာတစ်ဆူသဖွယ် ကျင့်သုံးနေကြတယ်။

ဘာမှမဟုတ်တဲ့အရာတွေကို “ဖားသူငယ်က နွားခြေခွက်ကို သမုဒ္ဒရာ ထင်မှတ်နေသည့်အလား”
ကိုယ့်ကိုအထင်ကြီမှုတွေ အရမ်းလွယ်တယ်။ ရှိနင့်ပြီးသား အခြေအနေတွေကို ပိုမိုခိုင်ခန့်လာအောင်၊
ပိုကောင်းလာအောင်၊ ပိုပြီးစည်းလုံးလာအောင်မလုပ်ဆောင်သည့်အပြင် ကိုယ့်လူမျိုး ပရမ်းပတာဖြစ်အောင်သာလုပ်ဆောင်နေကြတာကိုပဲတွေ့ရတယ်။

ဒါကြောင့် နည်းမှန် လမ်းမှန်ပညာတတ်ဖို့လိုတယ်။ တတ်ထားသောပညာများကို positive
way အကောင်းဖက်ကို ဦးတည်စေသော အခြေအနေဖြစ်အောင် လုပ်ဆောင်ကြဖို့လိုတယ်။

ဒါ....ကျနော်ရဲ့ရိုးစင်းသောအမြင်၊ ကျနော့်ရဲ့ဆန္ဒပင်ဖြစ်ပါတယ်။

စောလင်းနက်စ်

ဒီပုဂ္ဂိုလ်ကတော့ ကျုပ်ရဲ့ဘလော့ကို ကောင်းသည်ထက်ကောင်းအောင်ပြုပြင်ပေးတဲ့သူဖြစ်ပါတယ်၊ ပြီး တော့သူဟာ သံဃာတော်တပါးဖြစ်ပြီး ကျောင်းတဘက်နဲ့မအားမလပ်တဲ့ကြားထဲက အခုလိုစေတနာ ထားလုပ်တောင်ပေးတာဟာ ကျုပ်အင်မတန်ကျေးဇူးတင်ပါတယ်၊ ဘလော့အတော်များများကိုလည်း သူ့အနေနဲ့ဝိုင်းဝန်းကူညီတာတွေရှိလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။ အဲဒီအတွက်ဆရာစောလင်း နက်စ်ကိုအဖန်ဖန်တလဲလဲကျေးဇူးတင်ပါတယ်။

နောက်တယောက်ကတော့ ကျုပ်အတွက် ဘလော့လုပ်ပေးဘို့ ပထမဦးဆုံးအကြံပြုသူဖြစ်ပါတယ် သူ ကျုပ်ရဲ့ဘလော့တနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ရေးလိုက်တဲ့စာကြောင်းလေးကတော့ ဒီလိုပါဗျာ။

မာန်ကျဝ်ဖူ့တာမိက်

မာန်ကျဝ်ရေးစေချင်တဲ့ ဘလော့အထိမ်းအမှတ်စာအတွက် ကျနော် ကြိုးစားရေးခဲ့ပေမယ့် ကံမကောင်းအ ကြောင်းမလှလို့လားမသိဘူး ကျနော့်လက်ကိုင်ကွန်ပြူတာကြီးက ဟိုတညမှာ ရေဖိတ်ကျပြီး ဖွင့်မရဘူးဖြစ် နေပါတယ်။ ဆောင်းပါးက ဒက်စတော့မှာ တင်ထားတော့ ဘယ်လိုမှ ထုတ်လို့မရဘူး ဖြစ်နေပါတယ်။ တကယ်တော့ ဒီညနည်းနည်းအဆုံးသတ်ပြီး နက်ဖြန် ဖူ့တာမိက်ရဲ့ အထိမ်းအမှတ်လေးမှာ တင်နိုင်ဖို့ ရည်ရွယ် ခဲ့ပါတယ်။
အဲဒီအတွက်လည်း မာန်ကျဝ် ဖူ့တာမိက်ကို အနူးအညွတ်ပဲ တောင်းပန်ပါတယ်။ ကျနော့ရဲ့ မမျှော်လင့်ခဲ့တဲ့ အဖြစ်အပျက်လေးတခုပါ။
စိတ်မကောင်းစွာနဲ့ပဲ စာပြန်လိုက်ပါတယ်။
မင်ကျဝ်ရဲ့ ဘလော့အထိမ်းအမှတ်နေ့မှာ ဒီထက်မက မီဒီယာနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမယ် လို့ မျှော်လင့်လျှက်
ကျော်အဲခေါင်သောင့်(သြစတြေးလျား)

နောက်တယောက်ကလည်း သံဃာတော်တပါးပဲဖြစ်ပါတယ်။ ကျုပ်အတွက် စာလုံးဖေါင့်တွေကို ဘယ်လိုလုပ်ပါ ဒီလိုစမ်းသပ်ကြည့်ပါဆိုပြီး စိတ်ရှည်လက်ရှည်သင်ကြားပေးတဲ့ ဆရာတဆူဖြစ်ပါတယ်၊ သူကတော့ ပိုးကရင် ဘာသာနဲ့အခုလိုရေးသားထားပါတယ်ခင်ဗျား။

ခႜိဳ၀္လင္သာၟၟၟ
ဆ်ုအိုင်ဏှ် ဟှာဃှေဝ်အေယါင်၊ ဆ်ုဟှေဝ်ဏှ် မာအေဍုဂ်ပါင်၊
သာဆိင့်ပြေ ကိုဝ်ဏ္ဘီးကႜါင်၊ သာသန မွဲာဝေ့ကျာ်ဆ်ုခႜါင်။
ဖူ့ကျာ်ဥတ္တမ(ဘာၟလာင့်ခင်းထာ်)
ကျာ်က်ုဆာၟကႜံင်တွဝ့်ထး ဓ၀်ပြေဏှ် ဖူ့ကျာ်ဥတ္တမ ဆူ့ကေ၀်ခႜယ့်က္ဋာထာင်ဝေ့ ဍေလ်ုဝါ်ဏှ် ဆေ၀်ၟလှ်။လ်ုဝါ်ဖိုင်ဏှ်္ဘးသာ အ်ုဍောဟ်ထုက် ဆု္ခႜါင္အွ္လု္ဖႜံဳးၟၟၟဏွ္လယ့္စာ္႓ို၀္..သြာဆိင့်ပြေ ကိုဝ်ဏ္ဘီးကႜါင်ဋ္ဋ ဏှ်လှ်။ ဟု္မႝီၟလု္ဟွာ အေပိုင်္ဘး သာဆိင့်ပြေ၊ သာဟှေဝ်လ်ုဖႜုံးဏှ်စာ်္ဘိုဝ် အု္က်းအု္ဟွင္ၟ၊မႝီၟအု္ဟွင္ၟ၊လုိဒ္ကာၟအု္ဟွင္ၟ၊ဆုိဒ္ဟွင္ၟဆးဟွင္ၟ ထံင်အ်ုလုက်ဆိင့် မ်ုဟှေဝ်ဏေ၀်ၟဝေ့ဆေ၀်ၟလှ်။
ပ်ုမုလ၀်္ဘးသာဏှ် လိုဒ်ကာၟခေါဟ်ဍာ ဟှယ့်ဍးခံင်လောဟ်သာ လ်ုမႜိက် လ်ုသာ့ လ်ုဟှာဍေလ်ုဟှာ အှ်္ဘးလာၟ ဍေသာမိတ္တာ၊ ဆ်ုပႜယ်တ၀်၊အှ်္ဘးလာၟဍေဆ်ုသာကဲုၟဆ်ုဟှေဝ်လ်ုဖးအေအှ်ကိုဝ်ဟှာဍေစာ်္ဘိုဝ်…ဆ်ုယှူး္ဘှ် (peace)ဏှ် မ်ုဏေ၀်ၟ္ဘးဆေ၀်ၟလှ်။ပ်ုသီးလ်ုဖး မွဲာဝေ့ ပုထုဇေန် အ်ုခေါဟ်ကျံင် ဆ်ုအုမးသယ် လ်ုစယ်လ်ုခႜဲ
မ်ုအှ်ဝေ့ ကိုဝ်ဟှာဍေလှ်။ လာဏင့်္ဘိုဝ်သီး ဆ်ုမးလ်ုဖးဏှ် အေဍးလင်ဟှံင် ခႜိုဝ်လင်ထာင်သာ၊ အေပ္ကုံအင်းတာင်ထင်းထာင်သာ လ်ုအုဟှေဝ်ခ၀့်စာ်္ဘိုဝ် ဟ်ုကိုဝ်ဝေ့ဍး မႝီၟေဟွ၀္အြာ ကဲဆေ၀်ၟလှ်။
ဖူ့တာမိက် ဟှေး…မာန်နဲာသီးကေ၀်လိက်သှေ်အေး…..ဖူ့တာမိက် အှ်ဖႜဲမူၟဏီဏှ်္ဘေ့သာအှ်သိုဝ် ဍုဂ်ပါင်၊ထင်းထ၀့်ကဲလာ ကိုဝ်မိင်ဍေဆာ်…မာန်နဲာ မ်ုရာဓနာၟ ဖှေ်္ဘးဆေ၀်ၟလှ်။
အှ်ဆံင်းလာၟဆာ်….။
with regard
saw

အဲဒါကတော့ ကျုပ်ရဲ့ဆရာက ကျုပ်ကိုမသိတာနားမလည်တာကိုရှင်းလင်းပြောဆိုပေးရုံမက ကျုပ်အ တွက်ဆုမွန်ကောင်းတွေတောင်းပေးတဲ့အတွက် အထူးတလည်ကျေးဇူးတင်ကြောင်းပါခင်ဗျား။

နောက်တယောက်ကတော့ စောကျော်ခွီးဖြစ်ပါတယ်၊ သူ့ကိုတော့ ကျုပ်မြင်ဘူးတယ်ဗျ၊ ကျုပ်ကွန်ပျူ တာနဲ့သူ့ကွန်ပျူတာကိုဆက်ပြီး ကျုပ်မသိတာတွေကို ဝေးမောင်ကျော် ဟိုနေရာကိုသွား ဒီနေရာကိုနှိပ် ဟိုအကွက်ထဲက ဟာကို ဒီလိုကလေးလုပ်ပါ ဆိုပြီးအသေအခြာသင်ပေးတာ ကျုပ်ကအသက်က လည်းမငယ် ကွန်ပျူတာဆိုတာကိုလည်း မမြင်ဘူးလေတော့ သင်ပေးတဲ့အခိုက်တော့ ရတာပေါ့ဗျာ ပြီး တာနဲ့ မေ့သွားတာပဲ။

သူကတော့ ကျုပ်ရဲ့တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကဗျာတပုဒ်ကိုရေးသားစပ်ဆိုပေးထားပါတယ် ခံစားကြည့်ကြပါခင်ဗျား။

တိုက်ပွဲခေါ်သံ
(လင်္ကာဒီပ)


ရဲဘော်……..
ဇွဲကောင်းလိုက်ကြတာ
မွန်ဂို သဲချောင်းကလာကြတယ်
နယ်မြေတွေ ရေကြည်ရာမြက်နုရာ
ရှာဖွေ လာလမ်းတလျောက်
သံပေါက် ကဗျာများထားခဲ့ကြတယ်
ဇွဲကပင်တောင်က သက်သေပေါ့ကွယ်။

ရဲဘော်……..
ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင်
တနင်္သာ၊ ဧရာ
ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ
ကိုးဒီသွေးများကမ္ဘာ
ဒီမြေနေရာ တို့သာသခင်
အမှန်မြင်တတ်ကြစေ။

ရဲဘော်……..
မတရားတဲ့ ပဒေသရာဇ်
မတရားတဲ့အခြေအမြစ်မဲ့တွေ
မတရားတဲ့ မဟာရူးတွေကြောင့်
သမိုင်းနှောင့်သမိုင်းပျောက်
မီးတောက်တွေ ဝေနေကြတုန်း။

ရဲဘော်……..
ငါတို့မရိုင်းဘူး မရိုင်းဘူး
သမိုင်းအရပြောတာပါ။
ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့
ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ
စာနာမှု ရှေ့တန်းတင်
ညှာတာမှု ရှေ့တန်းတင်
ညီအစ်ကိုပင် သဘောထားခဲ့ကြလဲ။

ရဲဘော်……..
စုတ်လေ စုတ်လေ ငတ်မပြေ
ဖုတ်တစ္ဆေအာဏာရူးများ
လူပါးဝ နအဖငမိုက်ငပေ
အမြင်မှန်တွေဆိုက်စေဖို့

သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
(လင်္ကာဒီပ)

နောက်တယောက်ကတော့ ဆုတောင်းဆိုတဲ့ လူငယ်လေးတယောက်ဖြစ်ပါတယ်သူကတော့ ဘလော့ပေါ်မှာ သီချင်းတင်တဲ့နည်းကို အသေအခြာသင်ပေးရုံမက ပရိုဂရမ်လေးတွေကိုပါ ပေးလိုက်တဲ့အတွက် ကျုပ်တင်ချင် တဲ့သီချင်းမှန်သမျှကို တင်နိုင်တာကြောင့် သူ့ကိုကျေးဇူးတင်ပါတယ် ကျုပ်ရဲ့ဘလော့ တနှစ်ပြည့်အထိမ်းအမှတ် အတွက် တခုခုရေးပေးပါဆိုတာကို စာရေးအကြောင်းကြားလိုက်ပေမယ့် သူ့ဆီကဘာမှမရပါဘူး။ သူ့ရဲ့ဆန္ဒက တော့ပိုးကရင်စာပေ တိုးတက်ပြန့်ပွါးရေး၊ ထိန်းသိမ်းမြှင့်တင်ရေးဖြစ်ပါတယ်။


သူ့ဆီကဘာတခုမှ မရပေမယ့် ဆရာဆိုတဲ့ဂုဏ်ကို ကျုပ်လေးစားတန်ဘိုးထားကြောင်းပါခင်ဗျား။

နောက်တယောက်ကတော့ ကျုပ်တခါမှမမြင်ဘူးတဲ့ မတွေ့ဘူးတဲ့ ကရင့်သမီးပျိုလေးတယောက်ဖြစ်ပါတယ် သူ့ကိုလည်း ကျုပ်ရဲ့ဘလော့ တနှစ်ပြည့်အတွက်အမှတ်တရရေးပေးဘို့ပြောလိုက်တာမို့ သူကအခုလို ရေးထား ပါတယ်။

nanyaminwai
ကရင်အမျိုးသားနဲ့ပတ်သက်သော လူမူရေးနဲ့ယဉ်ကျေးမှုကို မပြောဆိုချင်ပါသို့သော် ပညာရေးနှင့် အနာဂါတ်အတွက် အနည်းငယ်အကြံပေးလိုပါသည်။ ကရင်ဖြစ်နေကြသော လူသားအားလုံးကို အခုကျမပြောပါမည်၊ ကျမတို့ ဘာဖြစ်နေကြသနည်း၊ကျမတို့ ဘာတွေလုပ်သင့်ကြသနည်းဆိုတာ အရင်စဉ်းစားပါ။ ကိုယ်ကျိုးအတွက်မဟုတ်ပါ ။တစ်မျိုးသားလုံးအတွက်ပါ။ ရပ်ကြည့်နေရုံနဲ့မရပါ ၊ လက်တွေ့တွင်ကျင်လည်တတ်မြောက်လာအောင်ကြိုးစားဆောင်ရွက်သင့်သည်။
တစ်မျိုးသားလုံးအတွက်စဉ်းစားစေချင်သည်။

အကြောင်းကြောင်းသောကံကြမ္မာကြောင့် ကရင်အမျိုးသားတိုင်းနိုင်ငံတကာတွင်ရောက်ရှိနေကြပါ သနည်း။
ဘယ်သောအခါမှမမေ့ကြပါနဲ့ (ကိုယ့်ကိုကိုယ် ကရင်ဆိုတာ)၊ ဘယ်နေရာ ရောက်ရောက်ကရင်ဆိုတာ ကရင်ပါပဲ။ခရစ်ယာန်၊ဗုဒ္ဓဘာသာခွဲနေစရာမလိုပါ။တွေ့ လျှင်တွေ့ သောနေရာတိုင်းတွင်နွေးထွေးစွာ ဖော်ရွေတတ်သော ကျမတို့ ရဲ့ဓလေ့ကိုမမေ့ကြစေလိုပါ။၁၀စုနှစ်တစ်ခုအတွင်းပင်လျှင် ကျမတို့မျက်ဝါး ထင်ထင်တွေ့ခဲ့ရပြီဖြစ်သည်။တစ်ချိန်တစ်ခါ ကညီအကိုလိုချစ်ခဲ့ကြသော ကျမတို့ ကရင်တပ်မတော် သားများ ယခုအချိန်ဘယ်ကဲ့သို့ ဖြစ်နေသည်ကိုလည်းလေ့လာကြည့်စေချင်သည်။

ဒီအဖြစ်အပျက်သည်ရိုးရိုးသာမန်ဟုဘယ်သောအခါမှမတွေးလိုက်ပါနဲ့၊ဒီသင်ခန်းစာကို မယူလျှင် ကျမတို့ တစ်မျိုးသားလုံး နောက်တစ်ခေါက်သွေးကွဲရန် ဖြစ်လာမှာမလွဲပေ။ ကျမတို့နဲ့ဆန့်ကျင်ဘက်ကိုကျမ မပြောချင် အဘယ်ကြောင့်ဆိုသော် ကျမတို့တွင်အားနည်းမှုများရှိနေသည်။ ယခုကြည့်လိုက်ပါ၊တစ်ကမ္ဘာလုံးတွင် ရှိသော ဒုက္ခသည်အများစုသည် ကျမတို့ အမျိုးသားအများစုဖြစ်သည်၊ သင့်တွင်ကူညီစိတ်များရှိလျှင် ပို မိုကြိုးစားသင့်သည်၊အ၀ါရောင် ခေါင်းပေါင်းများဖြစ်ကြသော သာသနာ့တပ်မတော်ခေါ်သက်မဲ့တပ်မ တော်မှ လူများကို ကျမပြောနေခြင်းမဟုတ်ပါ။
(သာသနာ့တပ်မတော်ခေါ်သက်မဲ့တပ်မတော်သို့ )ကိုယ့်တစ်မျိုးသားလုံး ကျီးလန့်စာစာဖြစ်နေသောအချိန်တောင်မှ၊ ကိုယ့်အမျိုးစားစရာမရှိ ၊ခိုကိုးရာမဲ့၊ ပြေးနေရသောအချိန်တွင်တောင်မှ မိမိလောဘအတွက်ကြွားရဲသောလူများကို ကျမပြောလည်းထူးမည် မဟုတ်ပါ။သို့ သော်ဝဋ်သည်အချိန်ခါမရွေးလိုက်တတ်ပါတယ်။ အခုအချိန်ဘယ်လောက်ပဲအင်အား တောင့်တင်းပါစေ၊ တစ်နေ့ကိုယ့်အလှည့်ရောက်လာလျှင်မနွဲ့ပါနဲ့။

သက်မဲ့တပ်မတော်သို့ သင်တို့တစ်နေ့နားလည်လာပါလိမ့်မည်၊ သင့်အမျိုး သင့်အပေါ်ဘယ်လောက် ကောင်းခဲ့သနည်းပြန်စဉ်းစားပါ။ တောထဲတွင် အတူတိုက်ပွဲဝင်၊ အတူအိပ်၊ အတူစား နေကြသော သင့်ရဲဘော်များသည် ယခုသင့်အမျိုးသားဒုက္ခသည်များနဲ့အတူ ပန်းတိုင်ကိုသွားနေကြသည်။ ကျမတစ်ခုမေးချင်သည် ၊သင်တို့ ပန်းတိုင်သည်ဘယ်နေရာနည်း။ သင်တို့ စိတ်ချမ်းသာ၊သင်တို့ငြိမ်းချမ်းလျှင်တော်ပြီလား၊ကျန်သောသင့်အမျိုးများကိုပစ်ထားတော့မည်လား ။ဒုက္ခပင်လယ်ဝေနေသော ၊ငိုကြွေးငြီးတွားသံနှင့်ပြည့်နှက်နေသော သင့်အမျိုးကြားတွင် သင်တို့သည်သင်တို့အတွက် ကိုယ့်အမျိုး ကိုတောင်မရှောင်ပဲတိုက်ခိုက်နေကြပြီ။
တစ်ဖက်က သင့်မိခင်တပ်မတော်မှ ရဲဘော်များကမူ သင်တို့အလိုက်မသိသော်လည်းညီအကိုချင်း မ တိုက်ခိုက်ရအောင်သင်တို့ကိုအမျိုမျိုးရှောင်ခဲ့ပြီဖြစ်သည်၊ သင်တို့အားကိုးနေသော ဆန့်ကျင်ဘက်တပ် မတော်နဲ့အဆင်ပြေအောင်ဆိုပြီး သင်တို့အားနယ်ပယ်ပေါင်းများစွာပေးခဲ့ပြီဖြစ်သည်၊သင်တို့ကိုမနိုင် သောကြောင့်ပေးလိုက်ခြင်းမဟုတ်။သင်တို့အပေါ်စာနာစိတ်ရှိသောသူကို သင်တို့ကရန်သူလို ဆက် ဆံနေသည်ကို ကျမနားမလည်နိုင်ပါ၊ သို့သော်သင်တို့အနေဖြင့် သင့်ညီအကိုကို ပြန်ကြည့်ဖို့ရန် စဉ်စား သင့်ပါပြီတစ်ခုမေးချင်ပါသေးသည်။သင်ပညာဘယ်လောက်တတ်ပါသနည်း။ သက်မွေးဝမ်းကျောင်း ပညာတစ်ခုခုရပါပြီလား။

ကျမမေးနေရခြင်းကလည်းကျမအရမ်းတတ်မြောက်နေလို့မဟုတ်ပါ။သင့်နောက်လာနောက်သားသည်သင့်ထက်အမြဲတမ်းတော်နေရမည်ကို သင့်စိတ်ထဲတွင်စွဲမြဲထားပါ၊သူတို့တတ်မြောက်အောင်လည်း သင်တတ်ဖို့လိုပါသည်။

စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်မှသာ သင်အမျိုးသားတွက်ကျန်ပေမည်။သင်အမျိုး စာပေ၊ဘာသာ၊သာ သနာ မပျောက်ကွယ်အောင်လုပ်ဆောင်ရမှာသည် ကျမတို့အားလုံးတာဝန်ဖြစ်သည်။

ကရင်အမျိုးသားအားလုံးသို့
-ကြိုးစားကြပါ
-စည်းလုံးကြပါ၊ညီညွတ်ကြပါ၊ (နွားကွဲလျှင်ကျားဆွဲ၊ ၀ါးများတော့မြစ်ကိုကူးနိုင်)
အချင်းချင်းရိုင်းပင်းကူညီကြပါ
-သင့်အမျိုးသားအကြောင်းကိုဘယ်သောအခါမှမမေ့လျှော့ပါနဲ့(သင်ကရင်လူမျိုးဖြစ်သည်ကို)

နန်းဝေေ၀

ဒါကတော့ နန်းဝေေ၀ရဲ့ အမြင်နဲ့သူဖြစ်ချင်တဲ့ အရာတွေပါ၊ လူငယ်တွေရဲ့ဆန္ဒကိုဖြည့်ပေးဘို့ အတွက် တာဝန်ယူထားတဲ့ တာဝန်ရှိတဲ့ ကရင်ခေါင်းဆောင်ဆိုသူတွေ စဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။

နောက်ဆုံးရောက်လာတာကတော့ ကဗျာရေးစပ်ရာမှာ အင်မတန်တော်တဲ့ ကဗျာဆရာမလေးတ ယောက်က ကျုပ်ရဲ့ဘလော့တနှစ်ပြည့်တဲ့နေ့မှာ ကရင်ဘာသာနဲ့အခုလိုရေးသားပေးပို့ထားပါတယ်။ ကရင်ဘာသာနဲ့ဗမာဘာသာများကို အထူးပိုင်နိုင်ကြွမ်းကျင်စွာရေးသားနိုင်တဲ့ ဆရာမကိုအထူးကျေးဇူး တင်ကြောင်းပါခင်ဗျား။

သဲုးထာ်္ဘံင်
(Poison)

ဖံႜုဆိုဒ်ထာ်္ဘံင်
အှ်အးကံင်
အ်ုဖႜံင်မွဲာထီ့ဆာ။

လ်ုဝီၟကုံဍ၀်
လင်ယ်ာပႜ၀်
အှ်ထ၀်ၟ္ဘးသှေ်ယာ့။

မ်ုလင်မာၟဟှံင်
ဖံႜုဆိုဒ်္ဘံင်
အ်ုဖႜံင်သှေ်ယာ့လာၟ။

ေ႓႔လု္လင္မာၟ
ေယာ၀္ခြါၟလာၟ
ဟ်ုယှာၟသ္ဘာင်းဖေါဟ်။

စင္႓ို၀္ဏွ္ၟၟၟၟၟၟၟၟၟ
လိက္လာဲ၊ ဘာသာ႔၊ မႝီၟသာမိုင္
လိက်ဘာသာ့ခ၀့် အေလ်ုအှ်ဍ၀်
ဆိုဒ်ဖ၀့်လ်ုဖး လင်ယီးစွးဏှ်
သှေ်ယာ့လာၟဆာ် ဖႜုံယှင်ဖေါဟ်။

(Poison)



ဝေး..မောင်ကျော် အှ်ဆံင်းလာၟဆါ်
မောင်ကျော်ရဲ့ ဘလော့ဂ်သက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ဒီကဗျာလေးနဲ့ ကျမဂုဏ်ပြုခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကရင်လူမျိုးရဲ့စာပေ၊စကားနဲ့ ယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းရ မှာ ကျမတို့ကရင်လူမျိုးအားလုံးမှာတာဝန်ရှိပါတယ်၊ မောင်ကျော်တစ်ယောက် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်း မာခြင်းနဲ့အတူ ဘေးရန်အပေါင်းကျော်လွန်နိုင်ပြီး ရောဂါဘယကင်းဝေးပါစေ အသက်ရှည်ပါစေလို့ဆုမွန်ကောင်း တောင်းပေးလိုက်တယ်။

မှတ်ချက်။ ။ကဗျာရဲ့အောက်မှာ ကျမရဲ့ကလောင်နာမည်ကို Poison လို့ရေးပေးပါ။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ပါဗျား။ အားလုံးကို တယောက်မကျန်ကျေးဇူးတင်ကြောင်းပါ၊ ကျုပ်ရဲ့ဆရာများနဲ့တကွ တခါဘူးမျှမမြင်မ တွေ့ကြရပေမယ့် ကြီးမားခိုင်ခန့်တဲ့ ခင်မင်မှုတွေနဲ့အခုလိုရေးသားပေးပို့ အားပေးကြတာကို မျက်ရည်စို့မတတ် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်၊ နောင်ကိုလည်းအခုလို အားပေးကူညီကြပါလို့ ပြောကြားလိုပါတယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 17, 2010

ဗုံးကွဲပြန်ပြီဆိုပါလား? ဒုက္ခသည်တွေနေတဲ့နေရာတခုမှာ


Photo by www.voanews/burmese.com

ပါကစ္စတန်ဒုက္ခသည်စခန်းမှာ အသေခံဗုံးခွဲ

WWW.VOANEWS/BURMESE.COM18 April 2010


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဒုက္ခသည်စခန်းတခုမှာ အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့လို့ လူပေါင်း ၄၁ ဦး သေဆုံးပြီး တခြား လူ ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။ အိုးအိမ်စွန့်ခွာပြေးလာကြတဲ့ ဒုက္ခသည်တွေကိုထားတဲ့ ကာချာပူကာ (Kacha Pukka) ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေဟာ အကူအညီပစ္စည်းတွေ ရရှိဖို့ တန်းစီနေကြချိန်မှာ မိနစ်ပိုင်းပဲခြားပြီး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့တာပါ။

အသေခံဗုံးခွဲသူတွေဟာ ရှေးရိုးစွဲ မူစလင်အမျိုးသမီးတွေဝတ်တဲ့ တကိုယ်လုံးခြုံထားတဲ့ burka ခေါင်းမြီးခြုံပုဝါတွေကို ၀တ်ဆင်ထားကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက လုပ်ဆောင်တာလို့ ယူဆကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတဦးက ပြောပါတယ်။ ပါကစ္စတန်တပ်တွေက တာလီဘန်တွေကို ထိုးစစ်တွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အာရက်ဇီးယား ပြည်နယ်ကနေ ဒုက္ခသည်တွေ ထွက်ပြေးပြီးတော့ ဒီစခန်းမှာ လာနေကြရတာပါ။

တာလီဘန်တွေရဲ့ အကြမ်းဖက်လုပ်ငန်းတွေ၊ အစိုးရရဲ့ စစ်ဆင်ရေးတွေကြောင့် အဲဒီဒေသဟာ ဒေသခံတွေ အိုးအိမ်စွန့်ခွာ အထွက်ပြေးရဆုံး နယ်မြေဖြစ်ပါတယ်

ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေကူးယူဖေါ်ပြခြင်းဖြစ်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗုံးကွဲပြန်ပြီ မြစ်ဆုံမှာတဲ့ (voanews/burmese.com)


Photo by www.bbcburmese.com

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ


17 April 2010


ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်တော့ လို့တော့ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ်ရှင့်။ အထိအခိုက်တော့မရှိဘူး။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေါ့နော်၊ အဲလိုမျိုး ပျက်ဆီးသွားတယ်ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်ဆီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက်ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
Photo by www.irrawidy.org
ဘာတွေညစ်စုတ်ဘို့ကြံနေတာလဲဗျ၊ ဒါမှမဟုတ်ဆုတောင်းပွဲကိုလန့်နေတာလား နောက်တခုက ကိုယ့်လူတွေကို ကိုယ်မယုံရတော့ဘူးဆိုပါတော့

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင်တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီဖြစ်တာကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။

VOA မြန်မာပိုင်းအစီအစဉ်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ကြောင်းပါခင်ဗျား။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အမေရိကန်ရောက် ကရင်တွေအတွက်



အမေရိကန်ရောက် ကရင်တွေအတွက်
(နန်းဝေဝေ)

အမေရိကမှာ (၁၀)နှစ်ကြာရင် တကြိမ်စီ ပြုလုပ်တဲ့ သန်းခေါင်စာရင်း(လူဦးရေ) ကေါက်ယူတဲ့ အစီစဉ် ကို ဒီနှစ်(၂၀၁၀)ဧပြီလမှာလုပ်ဆောင်ဘို့ဖြစ်တယ် အခုကစပြီးအမေရိကန်အစိုးရက သန်းခေါင်စာရင်း ဖေါင်စာရွက်ကိုစာတိုက်ကတဆင့် အိမ်တိုင်းသို့စတင်ပို့ပေးနေပါတယ်။ ဒီဖေါင်ကို ဖြည့်ပြီးရင် စာတိုက် ကနေ ပြန်ပို့ပေးရမယ်ဖြစ်ပါတယ်။
ရွှေကရင်တွေက ဒီအချိန် အမေရိကမှာ ဒေါ်လာသုံးပြီး အိပ်ကောင်းတိုင်းအိပ် စားကောင်းတိုင်းစား နေတုန်းပဲလား။ တဆက်တည်းမှာ ဗမာ(မြန်မာ)တွေကအမေရိကမှာဗမာအမည်ပေါက်ဘို့အတွက် စည်းရုံးလှုံ့ဆော်နေတာကို တွေ့နိုင်ပါတယ်။ဗမာတမျိုးတည်းနဲ့ သူတို့တွေ မှန်ထားတယ် အဆင့်ထိမရ နိုင်တဲ့အတွက်အခြားလူမျိုးတွေကိုပါ Burmeseအဖြစ်ဖြည့်ပေးဖို့လှုံ့းဆော်နေကြတယ်။၊ ဗမာတွေကတော့ ဘယ်နိုင်ငံသားဖြစ်ကြောင်းကေါက်ခံတာလို့ပြောနေကြပါတယ်။
ဘယ်နိုင်ငံသားဖြစ်ကြောင်းကေါက်ခံတာမဟုတ်။လူမျိုးကို ( Race)ကေါက်ခံခြင်းသာဖြစ်တယ်။ ဒီလိုရတဲ့ အခွင့်အလမ်းမှာ ကရင်ဆိုတဲ့အမည်ကိုအမေရိကမှာပေါက်အောင်လုပ်ဘို့လား.။ ဗမာ(burmese)ပေါက်အောင်အားပေးဖို့လားဆုံးဖြတ်ကြပါ။၊ ကရင် အတွက်လို့စဉ်းစားဖြစ်ရင် karenလို့တညီတညွတ်တည်းထည့်ရင် ကောင်းမယ်ထင်ပါတယ်။ တယေက်တမျိုးထည့်ရင်မကောင်းပါ။ အမေရိကမှာ Hmoong လူမျိးအမည် ပေါက်လာတာကို အတုယူကြပါ ။
Hmoong (မုန်းလူမျိုး) က Thai or Lao လို့မခံခပါ။ ဒါကြောင့်အခြားလူတွေ မသိရင်လည်း အမေ ရိကန်အစိုးရ သိတယ်ဆိုတာကို သန်းခေါင်စာရင်းဖေါင်စာရွက်မှာပါ ထည့်ထားတာက မျက်မြင်ပါ။ ကရင်စာရင်းပေါက်ဘို့အတွက် ဗမာလာလုပ်ဘို့မဟုတ်ရင်။ တချိုန်ကရင်တွေကတော့ ဗမာကို ပထမ ဦးစားပေးရင် သူတို့တွေရတဲ့ အခွင့်အလမ်းကမှ တဆင့်တောင်းခံဘို့စဉ်းစားကြပါလို့ပြောချင်ပါတယ်။
ဒီနေရာမှာတခုစဉ်းစားစရာက အမေရိကမှာဗမာတွေအမည်ပေါက်ပြီးနောက်ပိုင်း အခြားလူမျိုးတွေကို ဂရုစိုက်မယ်လို့ထင်ကြသလား။

ကမ္ဘာမှာ ကရင်လူမျိုးရှိနေကြောင်းပြသနိုင်တဲ့ အခွင့်အလမ်းကို အမေရိကရောက်ကရင်တွေက ဘယ် လိုအသုံးပြုကြဖို့လည်း ဆိုတာကိုစောင့်ကြည့်နေတာဖြစ်တယ်။ ဒီအလုပ်ကို ဘယ်သူက ဦးဆောင်မှာ လည်း ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလည်း ဆိုတာကိုရွှေကရင်တွေဘယ်လို စဉ်းစားထားပါသလဲ။ ဒီဖေါင်စာရွက်ကို အမည်တပ်ပြီးပို့ပေးတာမဟုတ်ပါ။
Residentsဆိုတဲ့ခေါင်းစဉ်နဲ့ Homes andApartments တို့လိပ်စာတွေကိုပို့ပေးတာဖြစ်တယ်။
ကရင်ဆိုတာကိုတယောက်တမျိုးထည့်ရင် လူမျိုးပျောက်လိမ့်မယ်။ American karen ထည့်လိုက်ရင် အားလုံး karen ဖြစ်လာကြဘို့အကြံပြုတိုက်တွန်းပါတယ်။ ကရင်ဆိုတာကို သိစေဘို့အတွက် ရောက်ရာနေရာကဖေါ်ထုတ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

နန်းယမင်းဝေ (or) နန်းဝေဝေ

E-mail ပို့ပေးတဲ့ နန်းဝေဝေ သို့မဟုတ် နန်းယမင်းဝေကို အထူးကိုကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....