+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, June 29, 2010

မေါဝ်ၟတုံ့ဖေါဟ်ကျဝ် (ဆြာ့ကျဝ်လိက်သိင့်)




ယ်ုဖံင်းဏေ၀်ၟထုဂ်ဖႜဟ်ထင်းလု http://zawmintun2009.blogspot.com/ အှ်အိုဝ်ဆေ၀်ၟလှ်
ဏ်ုသီး္ဘးသါဆံင့်ဏးအးထင်းဆေ၀်ၟဍူ လေ၀်လ်ုအုဝေ့ ဟှိင်းဏှ်္ဘှ်။
ထါခေါဟ်ဖႜုံအှ်အးမါၟလှ်။

အှ်ဆံင်းလာၟဆါ်

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စည်းချက်



စည်းချက်

လောအယ်စိုး
ဇွန် ၂၉၊ ၂၀၁၀

ကိစ္စတခုနဲ့ ကျွန်တော် အမေရိကန်နိုင်ငံရောက် ကရင်ဒုက္ခသည်တွေနေထိုင်သော ရပ်ကွက်ကိုရောက်သွားရင်း သူမကို စတင်မြင်ဖူးခဲ့တာပါ။ သိပ်သေချာတာကတော့ … သူမ ပြုံးသောအပြုံးက အရက်ပြုံး၊ အရက်သမားများနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ခဲ့ဖူးတော့ ဒီအရည်ဝင်ပြီး ကျေနပ်လို့ပြုံးတဲ့ အပြုံးပါ။

ကျွန်တော်ကိစ္စတခုနဲ့ အိမ်တအိမ်ကိုသွားအရှာ အိမ်မှားပြီးဝင်သွားမိတော့ သူမက ရပါတယ် ဆိုပြီး ကရင်လို ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်နိုင်ငံကို သူတို့ရောက်လာပေမယ့် အိမ်ရဲ့ပြင်ဆင်မှုနဲ့ သန့်ရှင်းမှု အနေအထားကတော့ ဒေါနတောင်ခြေရင်းက လယ်သမား၊ တောင်ယာ လုပ်ကိုင်စားသောက်သော မိသားစုရဲ့ အိမ်ပုံစံ အနေအထားအတိုင်းပါပဲ။
ရေခံမြေခံကို မမေ့ချင်သောသဘောတွေလည်း ပါမှာပေါ့။ တခါက ကလေးလေးယောက်ကို ဂရုစိုက်မှုနည်းလို့ ဆိုပြီး ကလေးစောင့်ရှောက်ရေးအဖွဲ့က စကားပြန်အဖြစ်ခေါ်လို့ သွားရပြန်တော့ သူမနဲ့ စကားပြောရပြန်ပါတယ်။ ဒီတခါတော့ အရက်မမူးတော့ပါဘူး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်တော်တို့ကို ဧည့်ခံစကားပြောရှာပြီး မေးသမျှ မေးခွန်းတွေကို ဖြေရှာပါတယ်။

၎င်းရဲ့ခင်ပွန်းသည်ကိုမေးတော့ ထိုင်းဒုက္ခသည်စခန်းမှာနေထိုင်ရင်း စခန်းကနေခိုးထွက်ပြီး တောထဲက ဝက်ဝံတကောင်ကို ဟင်းစားနဲ့ သည်းခြေအတွက်ပစ်လိုက်မိတာ ယနေ့တိုင် ထောင်ထဲကမထွက်ရသေးကြောင်း သိလိုက်ရတယ်။ ပြီးတော့လည်း ထိုင်းရဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမှုကြောင့် ဥပဒေအရ သူမ၏ခင်ပွန်းကို ထိုင်းနိုင်ငံမှတဆင့် ဘယ်တတိယနိုင်ငံကိုမှ ထွက်ခွင့် မပေးတော့ဘူးလို့ သူမရဲ့ပြောပြချက်အရ သိရပါတယ်။

သူမကိုပြောရင်တော့ အမြဲတမ်း ပြုံးပြုံးလေး နားထောင်နေတတ်ပြီး အမြဲတမ်း လုပ်ချင်တာ လျှောက်လုပ်တတ်သူတဦးပါ။ ကျွန်တော့ထက်သာတာကတော့ သူမရဲ့ ကားအစိမ်းရောင်လေးကို ကိုယ်တိုင် မောင်းပြီး တခါတခါ ကျွန်တော့်ဆီကို ရောက်လာတတ်ပါတယ်။ ဘာသာစကား အဆီးအတားတခုက သူတို့တတွေကို အခက်အခဲများစွာ ပေးပါတယ်။ ဒီအမေရိကန်နိုင်ငံကို ကျွန်တော်ရောက်တာ ၂ နှစ်နီးပါး ရှိနေပေမယ့် ယခုတိုင် ကျွန်တော် ကားမမောင်းတတ်သေးပါဘူး။

တနေ့ကိစ္စတခုကြောင့် သူမနဲ့ကျွန်တော် ကားကြုံလိုက်စီးရင်း သူမရဲ့ကားနဲ့ပတ်သက်ပြီး စကားစပ်မိပါတယ်။

“နေပါဦးညီမ … အခုမောင်းနေတဲ့ကားက ဘာအမျိုးအစားလဲ” လို့ ဆိုတော့ …

“အကိုရယ် … ကျွန်မလည်း ဘာအမျိုးအစားမှန်း မသိပါဘူး…။ ဝယ်တာ ၃ လလောက်ရှိပြီ။ ကားဆိုရင် မောင်းလို့ရရင် ပြီးရောမဟုတ်လား၊ အမျိုးအစားတွေ ဘာတွေ မလိုပါဘူး” တဲ့ လေ။ မှတ်သားလောက်စရာပါပဲ။

သူမရဲ့ကလေးတွေကို ဂရုစိုက်ကြည့်ရှုမှုနည်းတော့ ကလေးစောင့်ရှောက်ရေးအဖွဲ့ (ဃဏှ)က အရာရှိနဲ့ ကျွန်တော် နှစ်ပတ် တခါ သူမဆီ ရောက်နေကျပါပဲ။

အိမ်ထောင်ရှိသော အမျိုးသားတယောက်နဲ့ သူမတို့ရဲ့ လူမှုရေးသတင်းတွေ၊ ကျွန်တော်တို့ ကရင်ဒုက္ခသည် အသိုင်းအဝိုင်းအတွင်း ကြားလာရတော့၊ အားလုံး မဖြစ်သင့်တာတွေ မဖြစ်ရအောင် သူမကို ကျွန်တော် သတိပေးမိပါတယ်။

“ကျွန်မကတော့ ကင်းကင်းရှင်းရှင်းပဲ နေချင်တယ်၊ သူပဲ ခဏခဏ လာလာ နှောက်ယှက်နေလို့ကို ခက်နေတာ” ဆိုပြီး ပြုံးပြီး ကျွန်တော့်ကို ပြောတတ်စမြဲပါ။ အဲ့ဒီအမျိုးသားကိုလည်း သူမ အရမ်းမုန်းတယ်လို့ဆိုပြီး ပြောတတ်ပါသေးတယ်။

နောက်တော့ အဲ့ဒီ … သူ မုန်းပါတယ်ဆိုသော ကိုယ်တော်ချောလည်း၊ မယားဟောင်းရဲ့ အိမ်ပေါ်ကဆင်းပြီး သူမရဲ့အိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့သွားပါပြီ။

“အစ်ကိုရယ် … ကျွန်မတို့နှစ်ယောက်က ငယ်ရည်းစားတွေပါ၊ ဟိုး … ထားဝယ်ဒေသမှာ ကရင်တော်လှန်ရေးကို အတူလုပ်ခဲ့ကြတုန်းကပေါ့” ဆိုပြီး ပြုံးလို့ …။ တဖန် သူမရဲ့အချစ်ဇာတ်လမ်းကလည်း၊ ဂန္ထဝင်ပဲဆန်သလားတော့ မသိဘူး၊ အခု သူတို့နှစ်ဦး ဇာတ်ပြန်ပေါင်းလိုက်တဲ့အချိန်မှာ တဖက်မှာ ကလေး ၄ ယောက်စီ။

ကိုယ်တော်ချောရဲ့ဇနီးသည်ကလည်း ဘဝမှာအားကိုးစရာဆိုလို့ ဒီယောက်ျားပဲရှိတာ၊ သူမရဲ့ဘဝတခုလုံး ပုံအပ်
ပြီး လေယာဉ်ပျံ အတူတူစီးကာ၊ ဒုက္ခသည်စခန်းကနေ ဒီအမေရိကန်ကို ရောက်ခဲ့တာ ကလေး ၄ ယောက်ရတဲ့ အထိပါပဲလေ။ ညနေတိုင်း သူမရဲ့သောကကိုဖြေဖျောက်ဖို့၊ အရက်တွေပဲ နင်းကန်သောက်နေတာကို ကြားရတော့ ကိုယ်တော်ချောရဲ့ဇနီးအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။

ဘယ်သူတွေ … ဘာပဲပြောပြော ငယ်ချစ်ဟောင်းနဲ့ ဘဝသစ်ကို အတူလျှောက်ရင်း အိမ်မက်တွေနဲ့ အပျော်ကြီး ပျော်နေသူကတော့ ပြုံးပိုင်ရှင်မမပါပဲ။ “သူက ကျွန်မခလေးတွေကို အရမ်းနားလည်တာ” – “သူ့ခမျာ … သူ့မယားဟောင်းနဲ့တောင် အဆက်အသွယ်လုပ်ခွင့် မရရှာဘူး” ဆိုပြီး မှတ်သားစရာ ဂရုဏာအသံနဲ့ ကျွန်တော့်ကိုတွေ့ရင် ပြောနေကျ။

ကိုယ်တော်ချောခမျာ ဘယ်အိမ်ပြန်လို့ရတော့မလဲ အသည်းနှလုံး မီးလောင်ကျွမ်းနေသော ကိုယ်တော်ချောရဲ့ ဇနီးသည်ဟောင်းက ကျွန်တော်တို့ ဘာဖလိုးမြို့ ကရင်ရပ်မိရပ်ဖကို သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်ပြီး (ချစ်လင်ဟောင်း) ကလေးတွေရဲ့ဖခင်သွားတော့ သားသမီးတွေရဲ့ရှေ့ရေး ကိစ္စတွေကို အပူတပြင်း လာရောက် တိုင်ပင်ရှာပါတယ်။ “ဒီကောင့်မျက်နှာကို လုံးဝ မမြင်ချင်တော့ဘူး … အိမ်ပေါ်ပြန်မတက်နိုင်အောင် ကူညီကြပါဦး” လို့ဆိုလာတော့ - သူ အိမ်ကို ရောက်လာတာနဲ့ (911) ကို ခေါ်ပြီး ရဲကိုအကြောင်းကြားဖို့ အကြံပေး စီစဉ်လိုက်ရတာပေါ့။

“ခင်ဗျားအိမ်က သားသမီးတွေကို ပြန်မတွေ့ဘူးလား” လို့ ကျွန်တော်က ကိုယ်တော်ချောကိုမေးတော့ ခမျာ မျက်နှာငယ်လေးနဲ့ “တွေ့ချင်တာပေါ့အစ်ကိုရယ် ဘယ့်နှယ့်ပြောတာတုန်း၊ ကျွန်တော် အိမ်အရိပ်နင်းတာနဲ့ ရဲခေါ်မယ်လုပ်တော့ ဘယ်လိုမှပြန်လို့မရတော့ဘူး” လို့ ပြောရှာတယ်။ ကျွန်တော်လည်း “အေး မင်းဒုက္ခ၊ မင်းပဲရှာတာ” လို့ဆိုတော့ … မျက်လုံးလေး ပေကလတ်၊ ပေကလတ်နဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်ရှာပါတယ်။ တကယ်ပါ၊ ကျွန်တော်လည်း ဒီပြဿနာဖြေရှင်းလို့ မတတ်ပါ။

တနေ့တော့ မိတ်ဆွေတယောက်က “ခင်ဗျားကြားပြီးပြီးလား … နော်အယ်မူး (အမည်ရင်း မဟုတ်ပါ) တယောက်
သူ့ရဲ့သားကို ဓားမြှောင်နဲ့လိုက်လို့ ရဲက ဖမ်းသွားပြီ” လို့ဆိုတော့ ကျွန်တော်က ဘာမှမသိသေးဘူး၊ ရုံးရောက် ဂတ်ရောက်ဖြစ်ရင် ဒီမြို့မှာ မြန်မာပြည်သားတွေအတွက် ကျွန်တော် စကားပြန်လုပ်ပေးနေကျပဲလေ၊ ကျွန်တော် သိသင့်တာပေါ့။

ဒီလိုနဲ့ တပတ်ကျော်ကျော်လေးကျတော့ ကျွန်တော် စကားပြန်လုပ်တဲ့ရုံးက “ခင်ဗျား နောက်တပတ် တနင်္လာနေ့ မနက်ကျရင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကြီး အချုပ်သားတယောက်ကို စစ်ဆေးဖို့ရှိတာ ခင်ဗျား သွားရမယ်” လို့ ဆိုတော့ - “နေပါဦး … သူက ဘယ်သူလဲ” လို့မေးလိုက်တော့ “နော်အယ်မူး ပါ” တဲ့ လေ … ဒါဆိုရင်တော့ သေချာသွားပါပြီ။

အချုပ်သားထောင်မှာ ဝတ်ရုံအနီကြီးဆင်မြန်းလို့ မမအယ်မူးကို တွေ့လိုက်ပါပြီ။ သူမ ကိုယ်ဝန်တောင် အတော့်ကို ရင့်နေပြီပဲ။ မပြောင်းလဲပါ၊ အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်ရှာပါတယ်။ သူမ ဖြတ်သန်းခဲ့သော လောကဓံ တရားတွေက ဒီ တည်ငြိမ်မှုကို ပေးထားပုံရပါတယ်။

“ကဲ - နင် ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ ...

“ကလေးကို ဆုံးမတာပါ၊ ဘာမှထူးထူးခြားခြား ရာဇဝတ်မှုကို မကျူးလွန်မိပါဘူး” တဲ့လေ။ “ဟ … ဒါဆို ဘာဖြစ်လို့ ဒီအချုပ်ထဲ ရောက်နေရတာလဲ” လို့ မေးတော့ …

“ကျွန်မသား .. မနက်ကတည်းက အိမ်ကနေထွက်သွားလိုက်တာ … ည ကိုးနာရီအထိကို အိမ်ပြန်မရောက်ဘူး၊ အဲ့ဒါ ကျမစိတ်ပူပြီး သူ့ကိုလိုက်ရှာတာ၊ တွေ့လည်းတွေ့ရော သူက ပြေး၊ ကျမကလိုက် ကျမလည်းသူ့ကို မိတာနဲ့ ပါးကို ဘယ်ပြန်ညာပြန်ကို ရိုက်လိုက်မိတာပါ”

“အေး … ကောင်းပြီ၊ ရဲကို ဘယ်သူခေါ်လိုက်သလဲ” လို့ မေးတော့ …

“သမီးက ခေါ်လိုက်တာပါ” လို့ ပြောပြီး သူမ မျက်ရည်ကျရှာပါတယ်။ နောက်တော့ “ကျွန်မလေ-ကျွန်မယောက်ျားကို အရမ်းသတိရတာပဲ” တဲ့ လေ။

အယ် … သူမရဲ့ ချစ်ခြင်းမေတ္တာတရားကလည်း ခမ်းနားလိုက်တာ။

မနေ့ညနေပိုင်းလောက်မှာ ကျွန်တော်မသိ မရင်းနှီးသော တယ်လီဖုန်းနံပတ်နဲ့ ဖုန်းခေါ်လာတော့ ကျွန်တော်က “ဘယ်သူလဲကွ” လို့ မေးမိလိုက်တော့ …

“ကျွန်တော်ပါ”

“ဘယ်သူလဲကွ ကျွန်တော်ဆိုတာ”

“စောနေဘလူးပါ”

“ဘာကိစ္စလဲ”

“ကျွန်တော့်မိန်းမကို ရဲဖမ်းသွားတာ နှစ်ပတ်ရှိပြီ၊ အဲ့ဒါ သူ့ကိုဘယ်မှာထားမှန်း မသိလို့ပါ”

“ဘယ်မိန်းမလဲကွ”

“နောက်မိန်းမပါ အစ်ကို”

“အေး … ငါလည်း မသိဘူး”

“ကျေးဇူးပြုပြီး စုံစမ်းပေးပါဗျာ”

“အေး … ငါ သူ့ကို တွေ့ခွင့်ရရင် မင်းကို ပြန်ပြောပြမယ်”

“အစ်ကိုရယ် ကျွန်တော့်မိန်းမကိုတွေ့ရင် ကျေးဇူးပြုပြီး စကားလေးတခွန်းလောက် ပြောပေးပါ”

“ဟေ … ငါ ဘာပြောပေးရမလဲ” လို့ ဆိုတော့ …

“ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်၊ ပြီးတော့ အရမ်းကို သတိရနေပါတယ်” လို့။

ကျွန်တော် ပြုံးမိပါတယ်။ ကရင် ခေတ်သစ် ကိန္ဒရီကိန္ဒရာတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ ကန္တာရထဲက လမင်းပဲမဟုတ်လား။

ကဲ … ဒီနေ့ ရုံးထုတ်ပြီ။

လက်ထိပ်ကြီးခပ်လို့ အမေရိကန် လူထွားထွားနှစ်ဦးကြားမှာ၊ သေးသေးညှက်ညှက်ကလေးနဲ့ သူမကို ပုံဖော်ပြီး မြင်နိုင်ပါတယ်။ မျက်နှာကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေးပါပဲ။ ကျွန်တော်ရဲ့နံဘေးမှာ ထိုင်နေသူက သူမရဲ့မိခင်ကြီး၊ ဇရာရဲ့အငွေ့အသက်၊ ကွမ်းသွေးတွေ ပေကျံနေသော နှုတ်ခမ်း၊ အသက်က ခြောက်ဆယ်ကျော်ကျော်၊ အမေရိကန်ရဲ့ပြစ်မှုဆိုင်ရာ တရားရုံးမှာ ကရင်ထမိန်ကြီးဝတ်လို့။ ပြီးတော့လည်း ကရင်လွယ်အိတ်ကလေးကို လွယ်ရက်သား။ သူမခမျာ ဒီအမေရိကန်နိုင်ငံကိုရောက်သော ၂ နှစ်ကျော် ကာလအတွင်းမှာ ဘောင်းဘီရှည်ကိုတောင် တော်တော်ခက်ခက်ခဲခဲ ဆင်မြန်းခဲ့ပုံရတယ်။ ဒီ သမီးအတွက် တရားရုံးကိုလာသောအခါမှာလည်း သူမအတွက် အဆင်အပြေဆုံး ကရင်ထမိန်ကိုသာ ဝတ်လာခဲ့ခြင်း
ပဲဖြစ်မှာပါ။

လက်ထိပ်နဲ့သမီးကို တရားသူကြီးရှေ့ ရဲအစောင့်အရှောက်နဲ့ ခေါ်လာတာကိုမြင်တော့ သူမ မျက်ရည်ကျရှာတယ်။ တရားခံက ၎င်းရဲ့သမီး။ တရားလိုက သူမကိုယ်တိုင်။ မြေးကို ပါးရိုက်၊ ဓားနဲ့လိုက်တယ် ဆိုသောကိစ္စတို့အတွက် သူမက တရားစွဲရခြင်းပါ။ ကြေကွဲစရာလည်း ကောင်း၊ သူမတို့ မိသားစုအတွင်း သင်ခန်းစာယူစရာလည်း ကောင်းပါတယ်။

နော်အယ်မူး ဝန်ခံချက်ထိုးပြီး အချုပ်က ထွက်ရတယ်။ သို့ပေမယ့် ၎င်းရဲ့အိမ်ကို ပြန်ခွင့်မရတော့။ သူမ ဓားမြှောင်နှင့် လိုက်ခဲ့သည်ဆိုသောသားကြီးကို တွေ့ခွင့်လုံးဝမရတော့။ တယ်လီဖုန်းဆက်ခွင့် လုံးဝ မရှိတော့၊ သူမ၏ ယောင်းမတော်သော အမျိုးသမီးတယောက်၏နေအိမ်တွင် သွားရောက်နေထိုင်ရပေတော့မည်။

“ကျွန်မရဲ့သားကို … ဘယ်တော့မှ ပြန်တွေ့လို့မရတော့ဘူးလား” လို့ ကျွန်တော့်ကို မေးရှာပါတယ်။
“အေး … ညီမ အေးအေးဆေးဆေးနေပြီးတော့ ဥပဒေကိုလေးစား၊ အသောက်အစား မရှိဘူးဆိုရင်တော့ တရားသူကြီးက ပြန်စဉ်းစားမှာပေါ့” လို့သာ ကျွန်တော် ပြောနိုင်ပါတော့သည်။

တရားရုံးမှ ကျွန်တော်တို့ထွက်တော့ သူမကို ကျွန်တော်မေးမိသည်။

''ညီမအချုပ်မှာဘယ်နှစ်ရက်နေခဲ့လဲ''

“၁၀ ရက်ပါ”

“ဘယ်လိုလဲ … အချုပ်ထဲမှာနေခဲ့တာ” ဟု ဆိုတော့ …

“ပေါင်မုန့်တွေပဲ၊ စားနေရတာ၊ အိမ်ကိုအမြန်ပြန်ပြီး ထမင်းအရမ်းစားချင်လာပြီ၊ ထမင်းမစားရတာ ၁၀ ရက် ရှိပြီလေ” ဟူ၍သာ ပြုံး၍ဖြေပါသည်။

တခုကိုတော့ ကျွန်တော် သူမကို ထူးထူးခြားခြား သတိထားမိတာ တခုရှိသည်။ မည်သည့် အခက်အခဲဒုက္ခ ကြုံတွေ့နေပါစေ၊ သူမသည် အပြုံးတော့မပျက်။ ၎င်း၏အိမ်၌ သားသမီးများနှင့် စုစုစည်းစည်း တွေ့ရစဉ်ကလည်း ဒီ မျက်နှာ။ အချုပ်ခန်းထဲ မြင်တွေ့ရစဉ်တုန်းကလည်း ဒီ မျက်နှာပြုံးပြုံးလေး။ ပြီးတော့ တရားသူကြီးရှေ့မှာ ဆုံတော့လည်း တခါ ဒီ မျက်နှာ ဒီအပြုံး … သူမကပဲ မှားနေတာပဲလား သို့မဟုတ် လောကကြီးကပဲ တိုင်ပင်တခုခု ပို၍မြန်နေသလား သို့မဟုတ် နှေးနေသလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ပြုံးနေဆဲ …။

လောအယ်စိုး

မိုးမခမှ ကူးယူဖေါ်ပြသည်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဝမ်းသာချင်လို့ပါ


ဝမ်းသာချင်လို့ပါ
(မင်းစိုးစံ)

မင်းရဲ့သွေးပေါ်မှာ
သူ့သွေး
သူ့ရဲ့သွေးပေါ်မှာ
ငါ့သွေး
သောင်ရင်းဘေးတလျှောက်
တို့အုတ်ဂူတွေမှိုလိုပေါက်နေ။


အတ္တကိုခံတွင်းတွေ့
ဒေါသတွေပြင်းထန်ကြ
မောဟတွေလှိုင်းထန်ကြွ
သူတပြန်ကိုယ်တပြန်သတ်
ဟင်္သသာကိုးသောင်းဇာတ်ပွဲ
နွှဲပြီးရင်းနွှဲ
ကွဲပြီးရင်းကွဲ
အလဲလဲအပြိုပြို။


ကျောချင်းမကပ်ချင်တဲ့အပြင်
ရင်ချင်းအပ်ရင်း
သေနတ်မောင်းတွင်တွင်ဖြုတ်နေသမျှ
ဘဝတွေစုတ်ပြတ်သတ်
တို့အမျိုးပြုတ်ရတော့မယ်။


အချင်းချင်းမတိုက်ချင်ဘူး
အုတ်ဂူမြင်တဲ့အခိုက်
ပြောလိုက်တဲ့စကား
မေ့သွားဘို့မဟုတ်သလို
နှစ်ဘက်စလုံးလုပ်ဘို့လိုတယ်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, June 27, 2010

လဲုၟဏေ၀်ၟလ်ုမူ့ (ဆြာ့တ်ုက၀်အွါ)

က၀်သႝုက်ဖ၀့်

အှ်ဆံင်းလါၟဆ်ါကိုဝ်ၟဟှာဍေ။
ဆြာ့တ်ုက၀်အွာ ဆုဂ်ထ ထါခေါဟ်လ်ုပုဂ်ယိုဝ် ယ်ုကွေဝ်ထါင်္ဘးလုက်အေးအ်ုခေါဟ်စံင် ဆါၟမွဲါယု ထံင်ဏါင်းဏေ၀်ၟဏှ် ယ်ုကွေဝ်ဖႜဟ်ထင်းဆေ၀်ၟလှ်။
အ်ုလုမိင်ဏှ်္ဘေ့သိုဝ်ဖႜုံဆိုဒ်ဖေါဟ်သီးလ်ုဖး မ်ုပါဍေါဟ်အဲကုဦထါင် ပ်ုဆိုဒ်ထါခေါဟ်မ်ုအှ်သိုဝ် ယ်ုမူ့လါၟ္ဘးအု ခေါဟ်စံင် ယ်ုမုယိုင်ယှံင်ဖှေ် ဏ်ုသီးဆေ၀်ၟလှ်။
ယ်ုလုဟှာ ယ်ုလူၟမုက် ယ်ုဏင့်ဆါၟထ်ုယ၀်တ၀်ဏှ် မွဲါအေး။ လာၟဏင့်္ဘိုဝ်သီး အဲုးသာဆိုင် ဆံင့်ဏးလါၟဆါ်။
က၀်ကေ၀်ဖ၀့်ဍေ က၀်သႝုက်ဖ၀့် လဲုၟဏေ၀်ၟလု္ဘးသါဏှ်။
ဍ်ါဆိုဝ်ဏီ့မူ့လ်ုဃှေဝ်္ဘှ်။

ဖူၟမ်ုမာလုက်ဏု
ဝဲါကျဝ်ဟှေး။

က၀်သႝုက် က၀်သႝုက်
က၀်သႝုက်ဖါ ဖ၀့်က၀်ကေ၀်
က၀်သႝုက်ဖါ ဖ၀့်က၀်ကေ၀်
မူ့မူ့လဲ ဏ်ုလုယေါဝ်ၟဟှေဝ်

က၀်ကေ၀်ဖ၀့်

ဏ်ုအေယေါဝ်ၟ ဏ်ုအေယေါဝ်ၟ
ဏ်ုအေယေါဝ်ၟဟှေဝ် ဖ၀့်က၀်ကေ၀်
ဏ်ုအေယေါဝ်ၟဟှေဝ်ဖ၀့်က၀်ကေ၀်
က၀်သႝုက်ဍါ်္ဘး လိုင်ဃှေဝ်

ဆုတံင်ၟ(ကိုဝ်းရီးယး)အင်းမိုင့်ယ်ုတာၟလှ် ယ်ုသီး ဆ်ုပႜ၀်အင်းယ်ုတာ မာသါ ဃှဲု့ယှုဂ်ဃှဲု့ယှုဂ်ဆေ၀်ၟ
အ်ုခေါဟ်စံင် အေလ္ဘဲါးဏ်ုသီးဏါၟဆေ၀်ၟဍူ အင်းလးလ်ုဆုတံင်ၟဏှ် ဏ်ုသီးဟှိုင့်ဟှ။ လ၀်ကုဦတာၟလှ်္ဘှ်။
ဆံင့်ဏးယှံင်ယ်ုလူၟ လ်ုဖး ကိုဝ်ၟဟှာဍေ ယှူးခႜိင်းလါၟဆါ်။

ဆြာ့တ်ုက၀်အွါ ဆုဂ်ထါခေါဟ် မာသာ္ဘေ့သှေ်သိုဝ်လဲ
ဆံင့်ဏးမုက်ဆေ၀်ၟ အ်ုခ၀့်ပ်ုယ၀့်အှ်ဆေ၀်ၟ
လေင်ၟကါသီး္ဘးဆေ၀်ၟ
မါလေါဟ်ထါင်္ဘးလာၟကိုဝ်ၟဟှာဍေဆါ်။

အှ်ဆံင်းလာၟဆါ်။

ဟုတ်ကဲ့ နားပူတာခံနိုင်လျင် အောက်က အသံဖိုင်ကို ဖွင့်နိုင်ပါတယ်။
နားပူမခံနိုင်လျင်တော့ မဖွင့်မိရင်ကောင်းမယ်ထင်တာပါပဲ။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လင်းဆွဲအကြောင်း

ပြင်သစ်အသင်း
Photo by www.bbcbyrmese.com
လင်းဆွဲအကြောင်း
(မင်းစိုးစံ)

ငါဟာ…..
ငါ့အသင်းအတွက်
တကယ့်ဖျက်ဘောသမား။

Photo by www.google.com

ကစားကွင်းထဲမရောက်ခင်
ခေါက်ဆွဲစားတဲ့ဒိုင်လူကြီး
အပေါ်စီးကနေအနီကဒ်
ငါ့ကိုပြပြီးထုတ်လိုက်တော့…….။

Photo by www.google.com

ခေါင်းမော့ရင်း
လင်းဆွဲငှက်လို
ချက်ကနဲဆိုတာနဲ့
လောက,ကိုငါတယောက်
ဇောက်ထိုးကြည့်တတ်လာပြီ……..။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မေတ္တာတရား (တောင်ကိုးရီးယား တခန်းရပ်ပြဇာတ်)

MYIT TAR TI TAR from yechit on Vimeo.

ကရင်လူငယ်အစည်းအရုံး(တောင်ကိုးရီးယား)ကနေကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, June 26, 2010

အချက်အလက်ကို ခွဲစိတ်ကြည့်ခြင်း

အချက်အလက်ကို ခွဲစိတ်ကြည့်ခြင်း
ဒေါက်တာအောင်ခင်


မြန်မာ့စီးပွားရေးရာ အချက်အလက်တွေကို ခွဲစိတ်စစ်ဆေးထားတဲ့ Dissecting the Data ဆိုတဲ့ စာမျက်နှာ (၂၀) ကျော် စာတမ်းကို ဇွန်လအစောပိုင်းက Australia နိုင်ငံ Sydney မြို့  Macquarie တက္ကသိုလ် ဘောဂဗေဒ ပါမောက္ခ ဒေါက်တာ Sean Turnell က ထုတ်ဝေလိုက်ပါတယ်။ စစ်အစိုးရက စီးပွားရေးလမ်းစဉ်တွေဟာ တိုင်းပြည်ကို မတိုးတက်စေဘဲ ဆုတ်ယုတ်စေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာကလည်း အစစအရာရာ နိုင်ငံရေး၊ အထူးသဖြင့် အာဏာတည်မြဲရေးကိုကြည့်ပြီး ဆုံးဖြတ်နေလို့ ဖြစ်ပါတယ်။

စစ်အစိုးရက စာရင်းဇယားကို ပုံကြီးချဲပြပြီး တိုင်းပြည်စီးပွားေ၇း တိုးတက်နေတယ်လို့ ဝါဒဖြန့်နေပေမယ့် အသေအချာ လေ့လာဆန်းစစ်တဲ့အခါမှာ စီးပွားရေးတိုးတက်တဲ့နှုန်းဟာ လူဦးရေ တိုးပွားတဲ့နှုန်းထက် နှိမ့်ကျနေတယ်လို့ ဆိုပါတယ်။ နိုင်ငံသားတဦးရဲ့  တနှစ်ထုတ်လုပ်မှုဟာ (၄၃၅) ဒေါ်လာသာရှိတာမို့ အရှေ့ တောင်အာရှမှာ အနည်းဆုံး ဖြစ်ပါတယ်။ အစိုးရ အသုံးစရိတ်နဲ့ အခွန်တော်ဆိုင်ရာ လမ်းစဉ်ကို လေ့လာမယ်ဆိုရင် ဝင်ငွေနဲ့ အသုံးစရိတ် အမြဲတမ်း မမျှမတ ဖြစ်နေတာတွေရပါတယ်။ စစ်အစိုးရဟာ အမြဲတမ်း အသုံးစရိတ် လိုအပ်နေပါတယ်။ လိုငွေကို ရှာဖွေတဲ့ နည်းလမ်းတွေဟာ တိုင်းပြည်စီးပွားရေးကို ပျက်စီးစေပါတယ်။ ဒီလို ဖြစ်လာအောင် ဖန်တီးသူဟာ ဗမာစစ်အစိုးရပဲ ဖြစ်ပါတယ်။

အစိုးရအသုံးစရိတ်မှာ အဓိကဦးစားပေးတာဟာ စစ်တပ်အသုံးစရိတ် ဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး (၂) ခုပေါင်းထက် စစ်အသုံးစရိတ်က ပိုများနေပါတယ်။ အရှေ့ တောင်အာရှမှာ မြန်မာတနိုင်ငံထဲမှာသာ စစ်တပ်ဦးစားပေးတဲ့ အစိုးရ အသုံးစရိတ်တွေ ရှိနေပါတယ်။ စစ်အသုံးစရိတ်ဟာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတဲ့အတွက် တိုင်းသူပြည်သားတွေ အတိဒုက္ခရောက်နေတာကို လျစ်လျူရှုနေရပါတယ်။ ဒါတင်မကသေးပါဘူး တိုင်းပြည်ရဲ့  လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးကိုလည်း ဂရုမစိုက်ရာ ရောက်နေပါတယ်။ စစ်အစိုးရရဲ့  လိုငွေကို ငွေစက္ကူစက်က ရိုက်ထုတ်ပေးနေရပါတယ်။ စစ်အစိုးရ လိုသမျှကို ဗဟိုဘဏ်တိုက်က ရိုက်ထုတ်ပေးနေတာမို့ နှစ်စဉ် (၂၅) ရာခိုင်နှုန်း ငွေကြေးဖောင်းကြွနေပြီး ဈေးနှုန်းထိုးတက်နေတာ ဖြစ်ပါတယ်။

စစ်အစိုးရ အခွန်ကောက်ခံပုံဟာ ကသောင်းကနင်း အမျိုးမျိုးဖြစ်နေပါတယ်။ ကျေးရွာအဆင့်၊ မြို့ နယ်အဆင့် ကောင်စီဝင်၊ စစ်တပ်နဲ့ အစိုးရလက်အောက်ခံ အရပ်သားအဖွဲ့ စသည်တို့ကလည်း ဘာကြေးညာကြေးဆိုပြီး ကောက်ခံတာတွေ ရှိနေပါတယ်။ ဒီလို တဖတ်သတ် ဆက်ကြေးကောက်ခံတာကို ပေးနေရတဲ့ လုပ်ငန်းရှင်နဲ့ ပြည်သူလူထုဟာ စိတ်ဓါတ်ကျလာပါတယ်။ စွက်ဖက်ဖို့ စစ်အစိုးရသတိမရတဲ့ ကောက်ပဲသီးနှံကဏ္ဍမှာသာ အောင်မြင်မှု အကြီးအကျယ် ရနေပါတယ်။ စစ်အစိုးရ စွက်ဖက်မှု ကင်းရှင်လို့သာ အိန္ဒိယကို ပဲမျိုးစုံ တင်ပို့နိုင်တာလို့ ဆိုပါတယ်။ ကျေးလက်စီးပွားရေး ရှင်သန်လာအောင် စိုက်ပျိုးရေး ဘဏ်လုပ်ငန်းမှာ ဒေါ်လာသန်း (၄၀၀) က (၁၀၀၀) အထိ ရင်းနှီးမြုပ်နှံဖို့ လိုပါတယ်။ ဒီငွေ ပမာဏဟာ အစိုးရနိုင်ငံခြားသုံးငွေ လက်ကျန်ရဲ့  (၆) ပုံ (၁) ပုံသာဖြစ်ပြီး သဘာဝဓါတ်ငွေ့ (၆) လ ရောင်းလိုက်ရင် ရနိုင်ပေမယ့် စစ်အစိုးရမှာ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ် မရှိသေးပါဘူး။ သဘာဝဓါတ်ငွေ့ကရတဲ့ ဒေါ်လာငွေဟာ ပြည်တွင်းမှာ စာရင်းပျောက်နေပြီး နိုင်ငံခြားဘဏ်တွေမှာ ရောက်နေပါတယ်။

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုအများဆံးလုပ်ငန်းတွေဟာ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ် နဲ့ အခြား သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ဒေသခံကို မသုံးဘဲ နိုင်ငံခြားအတတ်ပညာ နိုင်ငံခြားပစ္စည်းတွေသုံးပြီး လိုချင်တာကို ထုတ်ယူသွားကြတာမို့ ဒေသခံတွေအတွက် အကျိုးခံစားစရာ အခွင့်အလမ်းမရှိပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေဟာ တိုင်းပြည်ရဲ့  အနာဂတ် တိုးတက်ရေးအတွက် အခြေခံ မတည်ဆေက်ပေးနိုင်ဘူးလို့ ရှောင်တာနဲ့က သုံးသပ်ပါတယ်။ ဒီလို သဘာဝသယံဇာတ ထုတ်ယူနေတဲ့လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း၊ ပြင်သစ် နဲ့ တောင်ကိုရီးယား တို့ ဖြစ်ပါတယ်။ ဒီအထဲမှာ ဗြိတိန်နိုင်ငံပိုင် ကျွန်းစုလေးတစုမှာ အခြေစိုက်တဲ့ နိုင်ငံခြားကုမ္မဏီတွေလည်း ပါဝင်နေပါတယ်။

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တယ်ဆိုပြီး နီးစပ်တဲ့ အသိုင်းအဝိုင်း လက်ထဲထိုးထည့်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုဖြစ်ပါတယ်။ နိုင်ငံပိုင်ပစ္စည်းတွေ ရောင်းချနေတဲ့ အကြောင်းရင်း အမျိုးမျိုးရှိနိုင်တဲ့အထဲမှာ ကြံ့ဖွံ့ပါတီအတွက် ရန်ပုံငွေရှာတာလည်း ဖြစ်နိုင်ပါတယ်။ ငွေကုန်ကြေး အကုန်အကျများပေမယ့် ရွေးကောက်ပွဲမှာ စစ်အစိုးရ အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ပါတီ အနိုင်ရအောင် ငွေကြေးထောက်ပံ့တဲ့အနေနဲ့ နိုင်ငံပိုင်ပစ္စည်းကို လက်သိပ်ထိုးပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေရဲ့  အတွေ့အကြုံကိုလေ့လာရင် ပုဂ္ဂလိကပိုင်ပစ္စည်းကို အစိုးရက ရိုသေလေးစားမှု ပဋိညာဉ် သဘောတူချက်ကို ရိုသေလေးစားမှု၊ အခြေခံ လွတ်လပ်မှုကို ရိုသေလေးစားမှု၊ အခြေခံ အဆောက်အအုံ ကောင်းမွန်မှု၊ အပြည်ပြည်ဆိုင်ရာ ငွေဖလှယ်ရေးစံနစ် ကျင့်သုံးမှု၊ အသိဥာဏ်ပညာနဲ့အညီ တသမတ်တည်း ပေါ်လစီလမ်းစဉ်ကို ကျင့်သုံးမှု စတဲ့ အင်္ဂါရပ်တွေ ရှိနေတာ တွေ့ရပါတယ်။ ဒီအင်္ဂါရပ်အားလုံး မြန်မာပြည်မှာ မရှိသေးပါဘူး။ ဒါကြောင့် သင့်လျှော်မှန်ကန်တဲ့ စီးပွားရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ မပြောနဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတောင် မရှိသေးပါဘူး။ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေပေမယ့် အရေးပါအရာရောက်တဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုပြုလုပ်ဖို့ အလားအလာကင်းမဲ့ နေတာတွေ့ရကြောင်း ဒေါက်တာရှောင်တာနဲလ် က သုံးသပ်ထားပါတယ်။
ဒီအကြာင်းအရာလေးကတော့ www.news.com/burmese ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, June 25, 2010

လှိုင်သာယာ စက်မှုဇုံမှ စက်ရုံ ဖွင့်ပွဲ ပရိတ် တရား နာရာတွင် ထူးထူး ဆန်းဆန်း ထိပ်လန့်မှု ဖြစ်ခဲ့



လှိုင်သာယာ စက်မှုဇုံမှ စက်ရုံ ဖွင့်ပွဲ ပရိတ် တရား နာရာတွင် ထူးထူးဆန်းဆန်း ထိပ်လန့်မှု ဖြစ်ခဲ့

၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန် ခန့်က လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင် စက်မှုဇုံ အတွင်းရှိ ဇာထိုး ပန်းထိုး စက်ရုံ တစ်ရုံ တွင် ပရိတ် တရား နာနေစဉ် ထူးထူး ဆန်းဆန်း ထိပ်လန့်မှုများ ဖြစ်ပွား ခဲ့သည့် အတွက် အလုပ် သမား များကို အိမ်ပြန်လွှတ် ခဲ့ရ ကြောင်း သိရှိရ သည်။ ယင်း နေ့က စက်ရုံ ဖွင့်လှစ်သည့် အထိမ်း အမှတ် အဖြစ် ပရိတ် တရားနာ နေစဉ် အလုပ် သမား အချို့မှာ အကြောင်းမဲ့ တုန်တုန် ရီရီ ဖြစ်ပြီး အသံ နက်ကြီးဖြင့် အော်ဟစ် ငိုကြွေး ကြကြောင်း၊ တချို့လည်း ပြောချင် တာတွေ ပြောကြောင်း၊ ငါတို့မှာ နေစရာ မရှိလို့ နေစရာ ပေးပါဟု ပြောတာ လည်း ကြားရ ကြောင်းဖြင့် Weekly Eleven ဂျာနယ် ၏ ၀ဘ်ဆိုက်တွင် ဖော်ပြ ထားသည်ကို တွေ့ရ ပါသည်။ စက်ရုံ မဆောက်မီက သရက်ပင်ကြီး တစ်ပင် ရှိခဲ့ပြီး စက်ရုံ ဆောက်ရာတွင် ယင်း အပင်ကို ခုတ်ခဲ့ရာ ယင်း အချက်ကြောင့် ဖြစ်မည် ထင်ကြောင်း အလုပ်သမား တစ်ဦးက ပြောသည်ဟု ဆိုပါသည်။ အလုပ်သမား တစ်ထောင်ကျော် ရှိသော ယင်း စက်ရုံတွင် အထိပ် တလန့် ဖြစ်သွား သော အလုပ်သမား အချို့ကို ဆေးခန်း ပို့ပေးခဲ့ရပြီး ကြောက်လန့် နေသူ အချို့ကို အိမ်ပြန် လွှတ်ခဲ့ ရသည်ဟု စက်ရုံ ကြီးကြပ်ရေးမှူးက ပြောပြကြောင်း သိရပါသည်။

၂၅ . ၆ . ၂၀၁၀

ဒီသတင်းနဲ့သတင်းဓါတ်ပုံကတော့ www.htwd.info က,ကူးယူဖေါ်ပြထားတာဖြစ်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်မည်


နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်မည်

ဇူလိုင် ၁၂ ရက်တွင် ကမ္ဘာသည် နေနှင့် အဝေးဆုံးကို ရောက်ရှိမည် ဖြစ်သောကြောင့် နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်မည်။ အဆိုပါ နေကြတ်မှုကို နိုင်ငံ အများစုမှ မြင်တွေ့ရမည် ဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တွေ့ရှိ နိုင်မည် မဟုတ်ကြောင်း နက္ခတ်ဗေဒ ပညာရှင်များ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောပါသည်။

ကမ္ဘာနဲ့ နေ အနီးဆုံး ကို ရောက်ရှိတဲ့ အချိန်မှာ နေရဲ့ အရွယ် အစားဟာ သေးငယ် သယောင် ထင်ရတဲ့ အတွက် နေအရစ် ကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပေါ်တယ်။ ကမ္ဘာနဲ့ နေ အဝေးဆုံး ကို ရောက်ရှိတဲ့ အချိန် မှာတော့ နေရဲ့ အရွယ် အစားဟာ ကြီးမား လာတဲ့ အတွက် နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် ပါတယ်ဟု ၄င်းက နေကြတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်၍ ပြောသည်။ ဇူလိုင် ၁၂ ရက် တွင် ဖြစ်ပေါ်မည် ဖြစ်သော နေအပြည့် ကြတ်မှု ဖြစ်စဉ်မှာ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၃၈ မိနစ်တွင် စတင် ဖြစ်ပေါ်မည် ဖြစ်ပြီး နံနက် ၆ နာရီ ၂၆ မိနစ်တွင် နေအပြည့် ကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည် ဖြစ်သည်။ အဆိုပါ နေအပြည့် ကြတ်မှု ဖြစ်စဉ်ကို တောင်အမေရိက၊ မြောက်အမေရိက၊ တောင်ပစိဖိတ် သမုဒ္ဒရာ၊ ချီလီနိုင်ငံ၊ အာဂျင်တီးနား ဒေသ နှင့် အာရှတိုက် အတွင်းရှိ နေရာဒေသ အချို့မှ မြင်တွေ့ နိုင်မည် ဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပေါ်ချိန်မှာ မြန်မာ နိုင်ငံတွင် ညပိုင်း အချိန် ဖြစ်သည့် အတွက် မြင်တွေခွင့် မရ နိုင်ကြောင်း ၄င်းက ဆိုသည်။ ဒီ နေကြတ်မှုကို အာရှတိုက် နေရာ ဒေသ တော်တော် များများက မြင်တွေ့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ညအချိန် ဖြစ်နေတာ ကြောင့်ရယ်၊ ရာသီဥတု အနေ အထားကြောင့် ရယ်၊ မမြင်တွေ့ရ နိုင်ပါဘူး။ ပြီးတော့ ဒီနေကြတ်မှုဟာ မြန်မာနိုင်ငံ အနေနဲ့ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူးဟု နက္ခတ်ဗေဒင် ပညာရှင် ဒေါက်တာ ဒဂုန်က ရှင်းပြသည်။ နေကြတ်မှု ဖြစ်စဉ်များ အဖြစ် ၂၀၁၀ ဇန်နဝါရီ လ အတွင်းက ၂၁ ရာစုတွင် အချိန် အကြာဆုံး နေ အရစ် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး နေကြတ်မှု ဖြစ်ပေါ်သည့် အချိန် များတွင် မြန်မာနိုင်ငံ အချို့ ဒေသ များမှ မြင်တွေ့ခဲ့ ရသည်။

၂၄ . ၆ . ၂၀၁၀
www.htwd.info ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကလေးအတွေး

“ဒုက္ခသည်လို့ကြားလိုက်ရင် ဒုက္ခတွေကိုသယ်ဆောင်လာတဲ့သူလို့ တွေးမိကြပါတယ်။
ကိုယ့်တိုင်းပြည်မှာ လူမျိုး၊ ဘာသာ၊ ယုံကြည်ချက်နဲ့ နိုင်ငံရေးခံယူချက်တွေကြောင့် အသက်အန္တရာယ် ကြုံရမှာသေချာလို့ ထွက်ပြေးလာတဲ့သူတွေလို့ မြင်ရမဲ့အစား ကိုယ့်တိုင်းပြည်မှာ လာနေထိုင်တဲ့ဝန်ထုပ်ဝန်ပိုး တွေလို့ အထင်ဆိုးတွေတင်ဟပ်ခံနေရတာ လက်တွေ့ပါဘဲ။
ကိုယ့်နိုင်ငံရင်း အစိုးရက မောင်းထုတ်၊ လက်ရှိ ခိုလှုံနေရတဲ့နိုင်ငံနဲ့ လူမှုအသိုင်း အ ဝိုင်းကလဲ မကြည်ဖြူတာကို ရင်ဆိုင်ရတာ ဒုက္ခသည်တွေပါဘဲ။”

အောင်မျိုးမင်း
ဒါရိုက်တာ
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)


ကလေးအတွေး
(မင်းစိုးစံ)

ရိက္ခာဖြတ်မယ့်သတင်း
စခန်းအတွင်းဂယက်ရိုက်
ငါတို့ရ,တဲ့ပဲ
တလစာ နို့ဆီဘူးနှစ်လုံး
သုံးလ,မှာ ငရုပ်သီးခြေက်တခစ်
ဆီတလစ်ကို တလ
ဆန်ကျတော့ ကီလိုမပြည့်
ငါးပိဆိုလည်းလျော့သေး။



သူတို့ပေးတဲ့ဂျုံမှုန့်တွေ
မုန့်လုံးရေပေါ်လုပ်လို့မရ
အရှုတ်ဆုံးက,မီးသွေးပြဿနာ
မလောက်တာအားလုံးအသိ
သကြားကြည့်တော့အသုံးလို
အခုဆိုရိက္ခာဖြတ်မယ်တဲ့။



ပထမဖြတ်မယ့်ရိက္ခာ
ပဲဆိုတာသိရပြီမို့
KWB ဆိုတဲ့စကား
ငါတို့အတွက်လားကွယ်တို့
ရယ်(ရီ)အားထက်ငိုအားသန်
KWB ကိုဘာသာပြန်လိုက်တဲ့အခါ
Kid without border ဆိုပဲ။


အဲဒီစကားဟာ
နိုင်ငံခြားမှာအခြေချသူတွေအဘို့
ဝမ်းသာလုံးဆို့စေတဲ့အဖြစ်
ဘာအပြစ်မှမရှိတဲ့ငါတို့အတွက်
KWB ဆိုတဲ့အတိုကောက်စာသား
Kid without beans ဖြစ်သွားတဲ့အထိ
လှုပ်ရှားတဲ့သူတွေမိအောင်
တရားခံရှာကြည့်ချင်လိုက်တာ။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဓါတ်ပုံများကို www.google.com မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 24, 2010

Shark

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သူမ,ဖတ်ရန်

Sunday, April 22, 2007

သူမ,ဖတ်ရန်
(စိုးဇေယျာထွန်း)


ကျွန်တော်သည် ဘ၀တွင် ထီတစ်ကြိမ် ပေါက်ဖူးပါ၏။ ထိုနေ့သည် ကျွန်တော့၏ အပျော်ဆုံးနေ့ တစ်နေ့ ဖြစ်ခဲ့သည်။

ထိုနေ့က ကျွန်တော် ထိုးထား သောထီလက်မှတ် လေးကို ကိုင်၍ ထီနံပါတ် ကြေငြာမည့် အချိန်ကို စောင့်နေခဲ့သည်။

ထီပေါက်မဲနံပါတ် ကြေငြာသူသည် ကျွန်တော့၏ နာမည်လေးလုံးကို အတိအကျ ရွတ်ဆို ကြေငြာခဲ့သည်။

ကျွန်တော်၏ ၀မ်းသာမူများက ပြောနိုင်ဖွယ်ရာ မရှိခဲ့ပါချေ။ အဲဒီအချိန်က ကျွန်တော့ လက်ထဲမှာ လော်စပီကာ တစ်လုံးသာရှိခဲ့ရင် ကျွန်တော်ထီပေါက်ပြီ ဗျို့လို့ ရန်ကုန် တခွင်တွင် လည့်လယ် ကြေငြာဟစ်ကြွေးလိုက် ချင်ပါသည်။ သို့ရာတွင် ကျွန်တော်၏ ၀မ်းသာမူများက အဲဒီအချိန်မရောက်မှီ ပျောက်ကွယ်သွားခဲ့သည်။

ယင်းပေါက်မဲနံပါတ်ကို မကြေငြာခဲ့ဘူးလို့ သဘောထားရန် ကြေငြာသူက ပြောခဲ့သည်။

ကျွန်တော် ၀မ်းနည်းပါသည်။

သို့ရာတွင် ယင်းဆုကို ရာသက်ပန် ပယ်ချလိုက်သည် မဟုတ်ပဲ ဆန္ဒရှိသည့် အချိန်တွင် ယင်းနံပါတ်ကို ရုံးတော်သို့ လာရောက်တင် ပြနိုင်သည်။ ရုံးတော်မှလဲ ဆန္ဒရှိသည့် အချိန်တွင် ပေါက်မဲကို ထုတ်ပေးမည်။ အစီစဉ် ကြေငြာသူက ပြောကြားခဲ့သည်။

ယခုအချိန်တွင်မူ ပေါက်မဲ ကြေငြာချက်ကို ဖျက်သိမ်းထားပါသည်။
ပုံ
ရုံးတော်
အကြောင်း ပြချက် လုံးဝမရှိပါ


ရုံးတော်၏ ကြေငြာချက်အရ ကျွန်တော်သည် ကန့်ကွက်ရန် ဆန္ဒမရှိပါ။ ၀မ်းနည်းခြင်းလဲ အလျှင်းမရှိတော့ပါ။ အဘယ့်ကြောင့် ဆိုသော် ရုံးတော်၏ ဆန္ဒသည် ကျွန်တော်၏ ဆန္ဒဖြစ်သည် ရုံးတော် ကြေနပ်လလျှင် ကျွန်တော်ပျော်ပါသည်။ ရုံးတော် ပူဆွေးလျှင် ကျွန်တော်လဲ သောကောရောက်မည်။
သူမ၏ ပျော်ရွင်ခြင်းသည် ကျွန်တော်၏ ဘ၀တစ်ခု ဖြစ်ပါတော့သည်။

စိုးဇေယျာထွန်း
(ဘဝဆိုတာအနုပညာ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပုဗ္ဗ မုဉ္စ အပရစေတနာ

ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
ဓမ္မဒါနပြုသည် - ဟိန်း

ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင် ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်း ထဲမှာ ဖတ်လိုက်ရလို့ အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။
ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏။
ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ ဒကာ အလှူ့ ဒကာမ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊
မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ။
လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ
မဖြစ်စေရ ။

ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မုဉ္စစေတနာ

မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သောစေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်လျှောက်ထား၍ လှူရာ၌ “လှူပါ၏” ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။

ဤမုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ” ဟု မှတ်ပါ ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက် ၀မ်းသာဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှားလေစွ” ဟု အပရစေတနာ ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေးအစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။

ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။

ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည် ။

အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ
ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။
(မုတ္တ = မတွယ်တာဘဲလွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟုဆိုလိုသည် ။

ဟိန်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, June 22, 2010

မုန့်ဟင်းခါးပုံပြင်


မုန့်ဟင်းခါးပုံပြင်

နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်..။

“မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ဟင်းရည်ပေးပါဦး” စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်....။

အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး တစ်ယောက်ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကိုအငမ်းမရ စားနေတဲ့ကောင်လေးတွေက စိတ်ဝင်တ စားလှည့်ကြည့်လိုက်ကြတယ်..။

ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့ မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုး လေးမှာလိုက်နိုင်ပါတယ်…..။

လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲဘာနဲ့စားမှာလဲမမေးမိတော့ဘူး..ဒီလိုနဲ့ပဲကောင်မလေးရှေ့ကိုရောက်လာ တဲ့ မုန့်ဟင်းခါးပန်းကန်က ငရုတ်သီးတွေ အများကြီးနဲ့ မြင်ရတာနဲ့တင်ချွေးပြန်စရာ…။

ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေးလဲဘာလုပ်ရမှန်းမသိဖြစ်လို့နေပါတယ်....။

ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်ကကောင်မလေးအနားကိုသွားပြီးသူက ငရုတ်သီးကို အလွန်ကြိုက်ကြောင်းမုန့်ဟင်းခါးစားတိုင်းလဲ ငရုတ်သီးများများနဲ့ စားလေ့ရှိကြောင်းပြောပြပြီးတော့ ကောင်မလေးမုန့်ဟင်းခါးကို … သူစားလိုက်ပြီး ကောင်မလေးအတွက် မုန့်ဟင်ခါး အသစ်တစ်ပွဲ မှာပေး လိုက်ပါတယ်…….။

ဒီလိုနဲ့ပဲ မြင်မြင်ချင်း ချစ်လိုက်မိတဲ့ကောင်လေး နဲ့ ငရုတ်သီးမကြိုက်တဲ့ကောင်မလေးတို့ဟာ သိပ်မကြာခင်မှာပဲ မေတ္တာမျှသွားကြပါတော့တယ်။

သူတို့နှစ်ဦးတစ်တွဲတွဲ ဈေးဝယ် ၊ဘုရားသွား၊ ပန်းခြံထဲလျှောက်လည်ကြလို့ မကြာခင်မှာပဲ ရာသက်ပန်အတူတူ နေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်…….။

ချစ်သူတွေဘ၀မှာရော အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို မုန့်ဟင်းခါးစားတိုင်း
ငရုပ်သီးခပ်များများကို ထည့်ပေးလေ့ရှိပါတယ်။ ကောင်လေးမစားခင် မုန့်ဟင်းခါးကို မြည်းလိုက်တိုင်း စပ်လွန်း လို့ ကောင်မလေးမျက်နှာဟာ ရှုံ့ ရှုံ့ သွားရမြဲပါ။

ကြာခဲ့ပါပြီ။

ဟိုတုန်းက ကောင်မလေးဟာ အခုတော့ အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးအဘွားအရွယ် ရောက်ခဲ့ ပါပြီ။

သူ့လက်ထဲမှာ စာတစ်စောင် ကိုင်ပြီးဖတ်နေပါတယ်..မျက်လုံးအစုံမှာလဲ မျက်ရည်စတွေနဲ့......။

“မောင်ဘ၀မကူးခင် အမှန်ကိုဝန်ခံခဲ့ပါရစေ။ အချစ်ကိုစတင်မြင်တွေ့စနေ့က မြင်မြင်ချင်းချစ်မိပါတယ်။ တကယ်တော့ မောင်ဟာ အပူအစပ်ကို မောင်လုံးဝမကြိုက်ဘူး။
ဒါပေမဲ့ အချစ်နဲ့စတွေ့ခဲ့တဲ့ အချိန်ကစပြီး ဒီငရုတ်သီးစပ်စပ်နဲ့ မုန့်ဟင်းခါးကို မောင်တစ်သက်လုံးစားခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်နောင်တမရမိပါဘူး။
အချစ်နဲ့ဆုံခဲ့ ၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင်ဘ၀အတွက်အပျော်ဆုံး မို့ပါ။
နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့အတွက် ဒီ မုန့်ဟင်းခါး စပ်စပ်ကို စားရမယ်ဆိုရင် မောင်စားဦးမှာပါ။”

မျက်လုံးအစုံက မျက်ရည်စ,တွေဟာ စာရွက်ပေါ် တွေတွေကျသွားပါတယ် ။

မျက်ရည်ကိုအသာအယာ သုပ်လိုက်ရင်း မုန့်ဟင်းခါးထဲကို ငရုတ်သီးခပ်များများထည့်ပြီး အားရပါးရစားနေပါ တော့တယ်။

ဒီအချိန်မှာ သမီးလုပ်တဲ့သူက ရောက်လာပြီး အံ့အားသင့်ဟန်ကြည့်ပြီး....။

“ဟယ် မေမေ ဒီလောက် ငရုတ်သီးအများကြီး ထည့်စားနေတာ မစပ်ဘူးလား ..စားလို့ရောကောင်းရဲ့လား”
လို့မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးနဲ့ ချွေးတွေတစ်ဒီဒီး ကျနေတဲ့ကြားထဲက ပြုံးပြီးပြန်ဖြေလိုက်ပါတယ်။

“အရမ်းစားလို့ ကောင်းတာပဲ သမီးရယ်တဲ့”


ကုန်ဈေးနှုံးတွေ အပြောင်းအလွဲရှိပေမယ့် အချစ်ဆိုတာကတော့ အပြောင်းအလွဲမရှိပါဘူး။
ပုံပြင်ထဲက ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်မျိုးကတော့......။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ဒီပုံပြင်ကို http://www.jacbaburma.blogspot.com/ ကနေ ကူးယူဖေါ်ပြထားတာပါ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, June 21, 2010

နေလို့ကောင်းရင် ပြီးတာပဲ




သူငယ်ချင်း ဆူးနစ်ရင်က ကျနော် ဖတ်ဖို့ ကူးရေးပေးထားတဲ့ ဆရာမြင့်သန်းရဲ့ကဗျာတစ်ပုဒ်ပါ။


နေလို့ကောင်းရင်ပြီးတာပဲ

ငါ့တူတွေထဲမှာတော့
မင်းအလွန်ထူတာပဲရယ်လို့
ဘကြီးက ပြောရင်း ဆဲတယ်။

ဓါးတိုတစ်ချောင်းနဲ့ ယာမခုတ်တတ်သလို
စားလို့ကောင်းမယ့် မှိုများလည်း မရှာတတ်ဘူး တဲ့။

ဟိုဘက်ရွာက အပျိုတွေငမ်း
ဒီဘက်ရွာက လူပျိုတွေနဲ့ ဖြန်း
ကြမ်းကြမ်းရမ်းရမ်းတော့ ဘာမှ မလုပ်ဘဲ
ဖျာစုတ်တစ်ချပ်ပေါ်လှဲရင်း
ပျင်းပြီးရင်း ပျင်းနေတော့
ဖျင်းပြီးရင်း ဖျင်းသပေါ့ တဲ့။

ဘကြီးရာ
ကိုယ့်ထမင်းကိုယ်စား
ဘကြီးနွား ကျောင်းနေရတာထက်စာရင်
ဖျာပေါ်ကျောခင်း
ပျင်းပြီးရင်း ပျင်းနေရတာကတော့ဖြင့်
နာမည် ပျက်လောက်ပေတဲ့
နေလို့တော့လည်း အချောင်သား ဗျ။

မြင့်သန်း

အထူးမေတ္တာရပ်ခံချက်
ကဗျာကို ဘယ်ဘလော့ထဲကနေ ကူးယူမိမှန်း မမှတ်မိတဲ့အတွက် ဘလော့ပိုင်ရှင်ကို
မဖေါ်ပြမိတာကို ကာယကံရှင်အနေနဲ့ ခွင့်လွှတ်စေချင်ပါတယ်။
အကယ်၍များ ဒီကဗျာဟာ မိမိရဲ့ဘလော့ကပါလို့ လိပ်စာရေးပြီး ပို့ပေးမယ်ဆိုရင်
တလေးတစားနဲ့ကြိုဆိုဖေါ်ပြပေးချင်ပါတယ်။

ကျေးဇူးတင်လျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘဝ


ဘဝ
(မောင်နေသစ်)

ငါးကို ငါးနဲ့ မျှားခဲ့ကြ
မျှားငါးက ကြီးပြီး
ဟပ်ငါးက သေးတော့
ဖော့ကလေး လှုပ်ရုံ
ရင်ခုန်ရုံနဲ့
တစ်နေသာ ကုန်ပါရောလား။

မောင်နေသစ်

အထူးမေတ္တာရပ်ခံချက်
ကဗျာလေးက ဆိုလိုရင်းကို တိုတိုရှင်းရှင်းရေးစပ်ထားတဲ့အတွက် ကျုပ်ကြိုက်လို့ ကူးယူထားတာပါ ဒါပေမယ့်ဘလော့လိပ်စာကို မမှတ်မိလို့မဖေါ်ပြလိုက်မိတာကို နားလည်ခွင့်လွှတ်နိုင်ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သတ္တိမွေးကြစို့


သတ္တိမွေးကြစို့
(မင်းစိုးစံ)

မိုးမုန်တိုင်းကိုကြောက်မနေနဲ့
သောက်ရေငတ်သူတွေအတွက်
ကြောက်စိတ်ကိုဖျောက်လိုက်။


နေပူဒါဏ်မခံနိုင်ရင်လည်း
သရက်သီးတွေမှည့်ဘို့အတွက်
နေရောင်ရဲ့ဒါဏ်ပြုံးပြုံးကြီးခံလိုက်။


နေရဲ့အပူလှိုင်း
ဒုန်းစိုင်းပြီးရိုင်းပါစေ
ငါတို့တတွေရဲ့စာပေဟာ
ရင့်တဲ့သရက်သီးလိုဖြစ်ပါစေ
နွားနို့လိုမသိုးစေနဲ့။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, June 19, 2010

နောင်တမျက်ရည်(တရုတ်ပြည် ၁၉၄၀-၁၉၄၄) ရေးသူ အုတ်လှငယ်(မြသန်းတင့်)


နောင်တမျက်ရည်(တရုတ်ပြည် ၁၉၄၀-၁၉၄၄)
ရေးသူ အုတ်လှငယ်(မြသန်းတင့်)

နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

အာဏာရလာသော ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်တို့သည် တရုတ်ပြည်သို့ ရောက်တိုင်း ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ်ပြည်တွင် ဂျပန်တို့ ကျူးလွန်သော ပြစ်မှုများအတွက် တောင်းပန်သွားခဲ့ကြသည်။ လွန်ခဲ့သည့်လက ဂျပန်ဝန်ကြီးချုပ် မာဆာဟီရို ဟိုဆိုကာဝါ ပီကင်းသို့ ရောက်သည့်အခါတွင်လည်း ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရုတ်ပြည်ကို ထပ်မံ တောင်းပန်သွားခဲ့ ပြန်သည်။

ထို တောင်းပန် ၀န်ချသံများကို ကြားရသည့်အခါတွင် တရုတ် - ဂျပန်စစ်ပွဲကို ပြန်ပြောင်း သတိရစရာပင် ဖြစ်သည်။ ထိုစစ်ပွဲနှင့် ပတ်သက်၍ သမိုင်းဆရာများ၊ သတင်းဆရာဆရာများက စာအုပ်အမျိုးမျိုး ရေးခဲ့ကြလှပြီ။ ယင်းတို့အနက် ကွယ်လွန်သူ အမေရိကန် သတင်းစာဆရာကြီး အဂ္ဂါစနိုးရေးသည့် 'မီးလောင်မြေ' သည်လည်း ထင်ရှားသည့် မှတ်တမ်းတစောင် ဖြစ်သည်။ စနိုးသည် ထိုစဉ်က တရုတ် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဂျပန်စစ်တပ်နှင့် တရုတ်စစ်တပ်တို့၏ သမိုင်းကို နှိုင်းယှဉ် ရေးသားခဲ့သည်။ 'မီးလောင်မြေ' တွင် သူ အတိုချုပ် ရေးခဲ့သည့် ဂျပန်စစ်တပ်၏ သမိုင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသည်။ စနိုးသည် ထိုစာအုပ်ကို ၁၉၄၁ ခုနှစ်တွင် ရေးခဲ့သည်။

အဂ္ဂါစနိုးက ဤသို့ ရေးခဲ့သည်။

"တရုတ်-ဂျပန် စစ်ပွဲသည် သမိုင်းတွင် တခါမျှ စစ်မရှုံးဖူးသော လူမျိုးနှင့် ခေတ်သစ်သမိုင်းတွင် တခါမျှ စစ်မနိုင်ဖူးသော လူမျိုးတို့ ဖြစ်ကြသည့် စစ်ပွဲ ဖြစ်သည်။ ယင်းမှာ ဘုန်းတန်ခိုးရှင် ကူဘလိုင်ခန်၏ ရေတပ်ကြီး ဖြစ်သည်။ သို့ရာတွင် ကူဘလိုင်ခန်၏ ရေတပ်ကြီးသည် မုန်တိုင်းများကြောင့် လည်းကောင်း၊ ဂျပန်တို့၏ ဆုတောင်းကြောင့် လည်းကောင်း တပ်လန်၍ ဆုတ်ခဲ့ရသည်။ ထိုအချိန်မှ စ၍ မည်သည့် နိုင်ငံခြား စစ်တပ်မျှ ဂျပန်မြေကို ကျူးကျော်တိုက်ခိုက်ခြင်း မပြုကြတော့။ ဂျပန်စစ်တပ်သည် နိုင်ငံခြားနှင့် တိုက်သည့် စစ်ပွဲများတွင် တိုက်တိုင်း အောင်ခဲ့သည်ချည်း ဖြစ်သည်။ သူတို့ကို မည်သူမျှ နိုင်အောင်မတိုက်နိုင်ဟုလည်း ဂျပန်လူမျိုးများ စွဲမြဲစွာ ယုံကြည်ကြသည်။ တရုတ် စစ်တပ်ကမူ ဆယ့်ကိုးရာစုနှစ် ဘိန်းစစ်ပွဲ ပြီးသည်မှစ၍ ရှုံးပြီးရင်း ရှုံးနေသည့် စစ်တပ်ဖြစ်သည်။ အရှုံးပေး စိတ်ဓာတ်ကို တိုက်ဖျက်ရသည်မှာ အလွန်ခက်သည်။

ခေတ်သစ် ဂျပန် စစ်တပ်သည် အနှစ် ၇၀ တိုင်အောင် သက်တမ်းရင့်နေပြီ။ ၁၈၇၀ ခုနှစ် မတိုင်မီက ဆိုလျှင် ဂျပန်သည် အာရှတိုက်တွင် ဘာမျှ သြဇာမရှိ။ တရုတ်များကသာ နှစ်ပေါင်း ၂၅၀ လုံးလုံး အာရှတိုက်၏ သမိုင်းကို ဦးဆောင်လာခဲ့ကြသည်။ စစ်ပွဲ တပွဲချင်းတွင် သူတို့ ရှုံးကောင်းရှုံးမည် ဖြစ်သော်လည်း ရေရှည်တွင် သူတို့ နိုင်ရမည်ဟု တရုတ်တို့ ယုံကြည်ကြသည်။

၁၈၉၃ ခုနှစ်တွင်မူ ဂျပန်သည် တရုတ်ပြည်ကို ပထမဆုံး စစ်တိုက်ခဲ့ဖူးသည်။ ထိုမတိုင်မီ တနှစ်က ဂျပန်၏ စစ်စရိတ်သည် ဂျပန် ယန်းငွေ ၁၂ သန်းမျှသာ ရှိသည်။ ယခုမူ ထိုအရေအတွက်သည် ဂျပန်၏ တနေ့တွက် စစ်စရိတ် ဖြစ်နေသည်။ ဂျပန်သည် နိုင်ငံခြားမှာ ၀ယ်သည့် ရိုင်ဖယ်များ၊ အမြောက်များဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ နောင် ၁၀ နှစ်အကြာတွင် လက်နက်အငယ်စားများကို ထုတ်လုပ် လာနိုင်ခဲ့သည်။ သို့တိုင် ဂျပန် ရေကြောင်းဗိုလ်ချုပ် စပ်ရိုးက ရုရှား ဇာဘုရင်၏ တပ်များကို အနိုင်ရခဲ့ခြင်းမှာ နိုင်ငံခြားမှာ ၀ယ်သည့် လက်နက်များကြောင့်သာ ဖြစ်သည်။ ပထမကမ္ဘာစစ် ဖြစ်လာသည့်အခါတွင် ဂျပန်သည် စစ်ပွဲနှစ်ပွဲကို နိုင်ထားသဖြင့် လက်နက် ထုတ်လုပ်ရေးလုပ်ငန်း အတော်အတန် ဖြစ်ထွန်းနေပြီ။ တရုတ်ပြည်က ဆင်တောင်တွင် ဂျာမန်တို့ကို အနိုင်ရလိုက်သည့် အခါ၌ ဂျပန်သည် အချီကြီး ပွသွားခဲ့ပြန်သည်။

မေဂျီခေတ် မတိုင်မီနှင့် ပဒေသရာဇ်စနစ် မပျက်မီတုန်းက ဆိုလျှင် ဂျပန်တွင် ဆာမူရိုင်း သူရဲကောင်းများသာ လက်နက်ကိုင်ဆောင်ခွင့် ရှိခဲ့သည်။ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းလိုက်သည့်အခါတွင် စစ်တပ်သည် အမျိုးသား အဆောက်အအုံ တခုဖြစ်လာခဲ့ကာ ပြည်သူထဲမှ တပ်သားများကို စုဆောင်းဖွဲ့စည်း လာခဲ့သည်။ စစ်မှု မထမ်း မနေရ သတ်မှတ်လာခဲ့သည်။ အရွယ်ရောက်သူတိုင်း စစ်ပညာ သင်ရသည်။ စစ်တပ်သည် ပဒေသရာဇ် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းကာ ဆာမူရိုင်း အစဉ်အလာကို ဆက်ခံသူအဖြစ် ဂုဏ်ယူသည်။ သို့ရာတွင် စစ်ပစ္စည်းများကိုမူ နိုင်ငံခြားမှ ၀ယ်ယူတင်သွင်းရသည်။ ဂျာမန် စစ်အရာရှိများကို တိုကျိုသို့ ခေါ်ကာ စစ်သေနင်္ဂဗျူဟာ အတတ်ပညာများ၊ လက်နက်ကိုင်ဆောင်နည်းများကို သင်ကြားစေသည်။ ထိုအချိန်မှ စ၍ ပရပ်ရှင်း စစ်ဝါဒသည် ဂျပန် စစ်အရာရှိများနှင့် ဂျပန် စစ်ကျောင်းသုံး စာအုပ်များ၏ ကိုးကွယ်ရာ ဖြစ်လာခဲ့သည်။ နာဇီတို့၏ နောက်ဆုံးပေါ် စစ်အတတ်ပညာများကိုလည်း အတုယူသည်။

သို့ရာတွင် ရှေးခေတ် ပရပ်ရှား စစ်တပ်နှင့် လည်းကောင်း၊ ဟစ်တလာ၏ စစ်တပ်နှင့် လည်းကောင်း မတူသည့် အချက်တချက်တော့ ရှိသည်။ ယင်းမှာ ဂျပန်စစ်တပ်က သီးခြား အာဏာ ရှိနေခြင်းပင်ဖြစ်သည်။ ဂျပန် ကြည်းတပ်နှင့် ရေတပ်ကို ဂျီရှု နှင့် ဆတ်ဆူဆတ်ဆူမာ ဆာမူရိုင်း စစ်သူရဲကောင်းများ၏ အစဉ်အလာအရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂျပန်စစ်တပ်သည် ဂျပန်ဧကရာဇ်၏ အမိန့်မှအပ အခြား မည်သည့် အမိန့်ကိုမျှ နာခံစရာမလို။ လက်တွေ့တွင် ဂျပန်ကြည်းတပ်နှင့် ရေတပ်သည် ကိုယ့်အာဏာနှင့်ကိုယ် သီးခြား ရပ်တည်နေကြသည်။ ဂျပန် ကြည်းတပ်နှင့် ရေတပ်သည် ၂၃ နှစ်အတွင်း စစ်ပွဲ သုံးပွဲကို ဆက်တိုက် နိုင်ခဲ့သည်။ သူတို့ ကျေးဇူးဖြင့် ခေတ်သစ်ဂျပန်သည် အရင်းအနှီး စုဆောင်းမိလာခဲ့သည်။ ကမ္ဘာ့နိုင်ငံကြီး တနိုင်ငံအဖြစ် ရင်ကော့လာနိုင်ခဲ့သည်။ နောင်တွင် ဆာမူရိုင်း စစ်သူရဲကောင်း၏ အာဏာသည် နိုင်ငံရေးပါတီများ ကိုယ်စားပြုသည့် လွှတ်တော်နှင့် ပဋိပက္ခ ဖြစ်လာခဲ့သည်။

၁၉၂၂ ခုတွင် ကိုးနိုင်ငံ စာချုပ် ချုပ်ဆိုပြီးသည့်အခါ၌ စစ်တပ်နှင့် လွှတ်တော်၏ ပဋိပက္ခသည် ပို၍ ပြင်းထန်လာခဲ့သည်။ ပြည်သူ၏ ကန့်ကွက်မှုကြောင့် စစ်စရိတ်ကို လျှော့ချ ပစ်ခဲ့ရသည်။ စစ်တပ်ကို လူလျှော့ ပစ်ခဲ့သည်။ စစ်တပ်ကို တပ်သား ၂၅၀,၀၀၀ အထိ လျှော့ချခဲ့သည်။

ဂျပန် ပြည်သူများက ပြုပြင်ရေး လုပ်ငန်းများ လုပ်ရန် တောင်းဆိုလာသည်နှင့် အတူ၊ စစ်ဝါဒဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ စစ်တပ်သည် အထွတ်အထိပ်ဖြစ်သည် ဆိုသော ဆာမူရိုင်းသူရဲကောင်းဝါဒကို ဆန့်ကျင်ကာ စစ်တပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် အာဏာပိုင် အဖွဲ့အစည်းအောက်တွင် ရှိရမည်ဟု လူထုက တောင်းဆိုလာသည်။ ၁၉၃၀ ပြည့်နှစ်တွင် လန်ဒန်နှင့် ရေကြောင်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် အရပ်သား သံတမန်တဦးက အစိုးရကိုယ်စား လက်မှတ်ထိုးခဲ့သည်။ ဆာမူရိုင်း ထုံးစံအရဆိုလျှင် ဂျပန်ဧကရာဇ်ကို ကိုယ်စားပြုနိုင်သူမှာ စစ်တပ်သာ ဖြစ်သည်။ ဤတွင် ဂျပန် ကြည်းတပ်နှင့် ရေတပ် အာဏာပိုင်တို့ အကြီးအကျယ် မကျေမနပ် ဖြစ်ကုန်ကြသည်။ သို့ရာတွင် ဂျပန်ပြည်တွင် ဒီမိုကရေစီ ထွန်းကားလာမည့် အလားအလာများသည် ကောင်းမြဲကောင်းနေသည်။

သို့ရာတွင် ထိုအလားအလာများသည် ဘာမျှ မကြာလိုက်ပါ။ ၁၉၃၁ ခုနှစ်တွင် ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ စီပွါးရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့် လည်းကောင်း၊ ကြည်းတပ်နှင့် ရေတပ်တို့၏ မကျေနပ်ချက်ကြောင့် လည်းကောင်း ထိုနှစ်တွင် 'မုကဒင် အရေးအခင်း' ဆိုသည့် ကိစ္စတခု ပေါ်လာခဲ့သည်။ အဖြစ်အပျက်မှာ ဤသို့ ဖြစ်သည်။ ဂျပန်စစ်တပ်မှ အယူသီးလူငယ် အရာရှိများက ဗိုလ်ချုပ်ကြီး အချို့၏ ထောက်ခံမှုဖြင့် မန်ချူးရီးယားကို ၀င်တိုက်ကြသည်။ ဂျပန်ပြည်တွင် စစ်တပ် အုပ်စိုးမှု ပြန်လည်ထူထောင်ရန်နှင့် တရုတ်အမျိုးသားရေးဝါဒကို ဟန့်တားရန်ဖြစ်သည်။ မန်ချူးရီးယားတွင် သွေးတစက်မျှ မကျဘဲ အနိုင်ရလိုက် သဖြင့် စစ်တပ်၏ ဂုဏ်သိက္ခာသည် တက်သွားသည်။ လစ်ဘရယ်များ၏ အယူအဆကို အသာစီး ရသွားသည်။ စစ်တပ်သည် ဧကရာဇ်ဘုရင် ခေါင်းဆောင်သည့် အထွတ်အထိပ် အဖွဲ့အစည်းဖြစ်သည်ဟု စစ်တပ်ထဲတွင် ယူဆလာခဲ့ကြသည်။ သို့ရာတွင် တကယ်၌ စစ်တပ်ထဲတွင် အစုကလေးတွေ၊ ဂိုဏ်းကလေးတွေ ပြည့်နေသည်။ အစုတိုင်း၊ ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင် နိုင်ငံရေး ရည်မှန်းချက်များ၊ ကိုယ်ပိုင် စီးပွါးရေးရည်မှန်းချက်များ၊ ကိုယ်ပိုင် စစ်ရေး ရည်မှန်းချက်များ ရှိနေကြသည်။ ယင်းတို့သည် ပြင်ဘက်ရှိ လူမှုရေး အစုများ၊ ဘဏ္ဍာရင်းရှင် အစုများနှင့်လည်း အသီးအသီး အဆက်အသွယ် ရှိနေကြသည်။ တခါတရံတွင် ထိုအစုချင်း ပြိုင်ဆိုင်မှုများသည် ပုန်ကန်မှုအထိ ပေါက်ကွဲ လာတတ်ကြသည်။ ဥပမာအားဖြင့် ၁၉၃၆ ခု ဖေဖော်ဝါရီလ တပ်တွင်းပုန်ကန်မှုကို ကြည့်လျှင် သိနိုင်သည်။ ကြည်းတပ် ဗိုလ်သင်တန်းဆင်း လူငယ်အရာရှိ သုံးဦးက ၀န်ကြီးအဖွဲ့ဝင် သုံးဦးကို သတ်ကာ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းစေခဲ့သည့် ကိစ္စဖြစ်သည်။ အများအားဖြင့်မူ တစုနှင့်တစု အပေးအယူလုပ်ခြင်း၊ ဝေစုခွဲခြင်း၊ ရာထူး အပြောင်းအလဲ လုပ်ခြင်းဖြင့် သူတို့ ပြဿနာများကို ကျိတ်၍ ဖြေရှင်းတတ်ကြသည်။ စစ်ဝန်ကြီးသည် လက်ရှိ အမှုထမ်းနေသော ဗိုလ်ချုပ်တဦး ဖြစ်ရသဖြင့် ခြေပုန်းခုတ်မှုများသည် အထက်ပိုင်းမှ လာလေ့ရှိကာ စစ်တပ်တခုလုံးသို့ ကူးစက်သွားတတ်သည်။ စစ်ပွဲ တခါမျှ မရှုံးဖူးသည့်လူမျိုး ဖြစ်သည့်အတွက် စစ်နှင့် စီပွါးရေးတိုးတက်မှုသည် ဂျပန်လူမျိုးများ၏ အမြင်တွင် ညီမျှခြင်း ချရသော ကိန်းများ ဖြစ်နေသည်။

ဥပမာအားဖြင့် မန်ချူးရီးယားမှာ ဆိုလျှင် စစ်တပ်သည် စီးပွါးရေးလုပ်ငန်း အားလုံးကို ကြိုးကိုင်ထားသည်။ စက်မှုလုပ်ငန်းများစွာနှင့် နိုင်ငံတော် စီးပွါးရေးလုပ်ငန်းများစွာကို ဦးဆောင်နေသည်။ ထို လုပ်ငန်များတွင် တာဝန်ကျသည့် စစ်ဗိုလ်ကြီးများသည် နေ့ချင်း ညချင်း သူဌေးတွေ ဖြစ်လာသည်။ စစ်တပ် စီးပွါးရေး လုပ်ငန်းများကို အုပ်ချုပ်ရသည့် ထောက်လှမ်းရေးဌာနနှင့် အထူးဌာနခွဲတွင် အမှုထမ်းသူတဦးအဖို့ နောင်တွင် စီးပွါးရေးအတွက် ဘာမျှ ပူစရာ မလိုတော့။ ဂျပန် စစ်ဗိုလ်ချုပ်တဦး၏ လစာသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၀၀၀ ပင် မရှိသော်လည်း ထောက်လှမ်းရေးဌာနနှင့် အထူးဌာနခွဲတွင် အမှုထမ်းပြီး ပင်စင်ယူသူများသည် အနည်းဆုံး ဂဏန်းငါးလုံးလောက် ချမ်းသာကြသူတွေချည်း ဖြစ်သည်။

နာမည်ကျော် ကွမ်တောင် တပ်မတော် ဗိုလ်ချုပ်များ ဖြစ်သည့် မူမီဇူ၊ ကိုအီဆို၊ အိုကာမူရာ စသူတို့ကို မန်ချူးရီးယား တိုက်ပွဲစဉ်အတွင်းတုန်းက ကျွန်တော်ပထမဆုံး တွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူတို့ အားလုံးသည် ဆင်းရဲကြသည်။ ရိုးသားကြသည်။ အမျိုးသားရေးကို ဦးစားပေးကြသည်။ ယခု ထိုဗိုလ်ချုပ်အားလုံးသည် စီးပွါးရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်ကာ သူဌေးကြီးတွေ ဖြစ်နေကြသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က တာဝန် သိသိဖြင့် ဖနောင့်ရိုက် အလေးပြုတတ်သည့် ဂျပန်လူငယ် စစ်ဗိုလ်များသည် ဘဏ္ဍာရေး ကျွမ်းကျင်သူ၊ စီးပွါးရေး ကျွမ်းကျင်သူ၊ သတ္တုတူးဖော်ရေး ကျွမ်းကျင်သူ၊ နိုင်ငံရေး ကျွမ်းကျင်သူ၊ တရုတ်ပြည်ရေးရာ ကျွမ်းကျင်သူတွေ နေ့ချင်း ညချင်း ဖြစ်ကုန်ကြသည်။ ယခင်က သူတို့ထံ အကြံဥာဏ်တောင်းမည့်သူဆို၍ မည်သူမျှ မရှိ။ ယခုမူ ဘဏ်တိုက်များ၊ စက်မှုလုပ်ငန်းကြီးများ၊ စီးပွါးရေးလုပ်ငန်းကြီးများက သူတို့ကို ဒါရိုက်တာကြီးတွေ ခန့်ထားကြ သည်။ ဒါရိုက်တာ အဖွဲ့တွင် သူတို့နာမည် မပါသည့်ကုမ္ပဏီသည် ရှားလိမ့်မည် ထင်သည်။

မန်ချူးရီးယားကို သိမ်းပြီးနောက်တွင် စစ်တပ်အောက်ခြေ မကျေနပ်သောအပိုင်းမှ စစ်တပ်ထဲတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တောင်းဆိုလာခဲ့သည်။ ဤတွင် စစ်တပ် အာဏာပိုင်တို့က ထိုမကျေနပ်ချက်ကို ထွက်ပေါက်ဖွင့်ပေးလိုက်သည်။ ယင်းမှာ ကွန်မင်တန် ဆန့်ကျင်ရေး စာချုပ်ဖြစ်သည်။ (ကွန်မြူနစ် အင်တာနေရှင် နယ်ကို ဆန့်ကျင်ရန်အတွက် ဂျပန်၊ ဂျာမဏီနှင့် အီတလီတို့ ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။) "စစ်တပ်ထဲတွင် အန္တရာယ်ကြီးသည့် အတွေးအခေါ် ရှိနေပြီ။ ထိုအတွေးအခေါ်များကို တိုက်ဖျက်ရမည်" ဟု လေသံ လွှင့်ပေး လိုက်သည်။ စီးပွါးရေး၊ နိုင်ငံရေး၊ အနုပညာ၊ သိပ္ပံပညာ၊ အဘိဓမ္မာ၊ အိမ်ထောင်ရေး စသည့် ကိစ္စများအထိ မည်သို့ မည်ပုံ ကြည့်မြင်ရမည် စသဖြင့် စစ်တပ်က စာရွက်စတမ်းတွေ ထုတ်၍ နိုင်ငံနှင့်အ၀န်း ဖြန့်ချိလာခဲ့သည်။ ဤသို့ဖြင့် ဖက်ဆစ်ဝါဒဘက်သို့ ယိမ်းလာခဲ့သည်။

စစ်သားတိုင်း ဖတ်ရသည့် တပ်တွင်းစာပေများက အကျင့်ပျက် နိုင်ငံရေးသမားများ၊ အရင်းရှင်စနစ်၊ ပါလီမန်စနစ်၊ နယ်ချဲ့စနစ်၊ တရုတ်အမျိုးသားရေးဝါဒကို တိုက်ခိုက်လာသည်။ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်လာသည်။ စစ်တပ်ဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတော်ဝါဒ၊ နိုင်ငံတော် ဆိုရှယ်လစ်ဝါဒ ဟူသော အမည်များဖြင့် စစ်အာဏာရှင် စနစ်ကို ထူထောင်လာသည်။ တလလျှင် ယန်းဒင်္ဂါး သုံးပြားသာရသော တပ်သားသစ်များ သို့မဟုတ် နိုင်ငံရေးကို ဘာမျှမသိဘဲ မခံချင်စိတ်ရှိသော လယ်သမား လူတန်းစားက လာသည့် စစ်သားများက သဘောကျသည်။ အာရှတိုက် သာတူညီမျှ ကောင်းစားရေးအတွက်ဖြစ်သည်ဟု ယုံကြည်သွားကြသည်။

ဂျပန်တို့သည် နန်ကင်းတွင် လူများကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့ကြသည်။ နန်ကင်းလူသတ်ပွဲဟု ကမ္ဘာကျော်ခဲ့သည်။ နန်ကင်းရှိ နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဂျာမနီအမျိုးသား မစ္စတာ ဂျွန်ရာဘီက ကျွန်တော့်ကို ပြောပြသည့်အတိုင်း ဆိုလျှင် ဂျပန်တို့သည် နန်ကင်းတွင် လူ ၄၂,၀၀၀ ကို သတ်ပစ် ခဲ့သည်။ ရှန်ဟဲနှင့် နန်ကင်းကြားက မြို့များတွင် အရပ်သားပေါင်း ၃၀၀,၀၀၀ ခန့်ကို သတ်ခဲ့ကြသည်။ အသက် ၁၀ နှစ် နှင့် ၇၀ ကြား အမျိုးသမီးများကို အဓမ္မကျင့်ခဲ့ကြသည်။ နန်ကင်းတွင် ဂျပန်စစ်သား ၅၀,၀၀၀ တို့က တလလုံးလုံး လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့ကြသည်။

တညနေ ရှန်တောင်တွင် ဂျပန် သတင်းစာဆရာ တယောက်နှင့် ကျွန်တော်တွေ့သည်။ သူ့ လုံခြုံရေးအတွက် သူ့အမည်ကို ကျွန်တော် ထုတ်ဖော်ခြင်း မပြုလို။

ကျွန်တော်က ဂျပန်တို့၏ ရက်စက်မှု သတင်းများအကြောင်းကို မေးသည့်အခါတွင် သူက "ဟုတ်တယ်၊ အမှန်တွေချည်းပဲ၊ တကယ်တော့ ဒိထက်တောင် ပိုဆိုးသေးတယ်" ဟု သူက ၀န်ခံသည်။ သူ့မျက်လုံးတွင် မျက်ရည်တွေ ၀ဲနေသည်။ များစွာ စိတ်ထိခိုက်နေပုံ ရသည်။ ဤအချိန်အထိ အသက်ရှင်နေခြင်းမှာ သူ့ပါးစပ်ကို လုံအောင် ပိတ်ထားနိုင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။"

အဂ္ဂါစနိုး တွေ့ခဲ့ရသည့် ဂျပန်သတင်းစာဆရာသည် မျက်ရည်ဝဲသလို ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်သည်လည်း မျက်ရည်ဝဲနေကြမည်လော မပြေတတ်ပါ။

ရည်ညွှန်း။ Scorched Earth by Edgar Snow
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၄ မေ]

[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တဝမ်းတခါး


တ၀မ်းတခါး

တ၀မ်းတခါးအရေး ..
စဉ်းစားကာမျှော်ကြည့်ပြန်တော့
အော်....
လွမ်းရေးထက် ၀မ်းရေးခက်ပါလားနော်...


သမုဒ္ဒရာ ၀မ်းတထွာ
တတောင်သာရှိမယ်ဆို
ငါ့နှယ်...
နဖူးကချွေး ..ဘယ်နားရောက်မယ်မသိဘူးနော်...


တစ်ရာပြည့်ဖို့အရေး
ကျွဲပုခုံးထစဉ်မှာ
ရာတန်အထပ်လိုက်သုံး
အော်...
မမတို့ဘုန်း
မိုးသို့ချုန်းပါလားနော်...

ကဗျာကို http://hopingday.blogspot.com ကနေ ကူးယူဖေါ်ပြထားတာပါ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဇွန်၂၆ ရက် ညနေ ၆ နာရီမှာ လစန္ဒာ တစ်စိတ် တစ်ပိုင်း ကြတ်မည်


ဇွန်၂၆ ရက် ညနေ ၆ နာရီမှာ လစန္ဒာ တစ်စိတ် တစ်ပိုင်း ကြတ်မည်

လာမည့် ၂၀၁၀ ခုနှစ် ဇွန်၂၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၅ နာရီ၂၇ မိနစ် အချိန် ၌ နေနှင့် ကမ္ဘာ၏ အကွာအဝေး မိုင် ၉၅ သန်းခန့်တွင် နှစ်စဉ် ပုံမှန် တစ်ကြိမ် (သို့) နှစ်ကြိမ် ဖြစ်ပေါ် တတ်သည့် နဂါးငွေ့တန်း ဗဟိုချက် ဂလက်စီ နှင့် တစ်တန်းတည်း ကျရောက်မည်။ ထို ကာလတွင် ကမ္ဘာ၌ နေ့တာ ရှည်သော ကာလ အပိုင်း အခြားများ ရောက်ရှိ နိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က နက္ခတ္တဗေဒအရ တွက်ချက် ရရှိမှုကို ဇွန် ၄ ရက်၌ ထုတ်ဖော် ပြောကြားလိုက် သည်။ ပထမ ဖြစ်စဉ် အနေဖြင့် ဇွန်လတွင် ဖြစ်ပေါ်ပြီး အင်္ဂလိပ် အခေါ် အဝေါ် အရ (Summer Solstice) နှင့် ဒုတိယ အကြိမ် အနေဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ပြီး အင်္ဂလိပ် အခေါ် အဝေါ်အရ (Winter Solstice) ဟု ခေါ်ဆိုကြောင်း သိရသည်။

ထို့ပြင်၂၀၁၀ ခုနှစ် ဇွန် ၂၆ ရက် မြန်မာ စံတော်ချိန် ၄ နာရီ ၁၇ မိနစ် အချိန်တွင် လတစ်စိတ် တစ်ပိုင်း ကြတ်မည် ဖြစ်ကြောင်း သိရသည်။ လကြတ်မှု ၏ ဖမ်းလယ် ဖြစ်စဉ် ကို အကောင်းဆုံး တွေ့မြင်ရမည့် အနေ အထားမှာ မြန်မာ လထွက်ချိန် ညနေ ၆ နာရီ ၁၁ မိနစ်တွင် စတင်၍ ညနေ ၆ နာရီ ၅၈ မိနစ် တွင် ပြီးဆုံးမည်။ မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတု ကောင်းမွန် ပါက ၄၅ မိနစ်ခန့် တွေ့မြင်နိုင်မည် ဆိုသည်။ အရှေ့ အာရှ၊ ဩစတြေးလျ၊ အနောက် အမေရိကန်၊ ပိစိဖိတ်ဒေသ များတွင် တွေ့မြင် နိုင်မည်။ မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ အနေဖြင့် နေကြတ်၊ လကြတ်မှု ဖြစ်စဉ်များ အပေါ် လကြတ်မှုအား ဟောကိန်း ထုတ်ပြန်လေ့ မရှိကြောင်း နှင့် ၄င်း လကြတ် မှုကို နေမှ တွေ့မြင်နိုင် သောကြောင့် နေကြတ်မှု ဖြစ်စဉ်များ အပေါ်၌သာ နက္ခတ်ပိုင်း ဆိုင်ရာ ဟောကိန်းများ ထုတ်ပြန် ကြသည်ဟု သိရကြောင်း Favourite News Journal တွင် ဖော်ပြထားသည်။

သတင်းနဲ့သတင်းဓါတ်ပုံတွေကို www.htwd.info ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, June 18, 2010

AirAsia မှ လေယဉ်ခ (၉) ဒေါ်လာခန့်ဖြင့် ရန်ကုန် နှင့် ကွာလာလန်ပူကို စတင် ပျံသန်းမည်


Air Asia မှ လေယဉ်ခ (၉) ဒေါ်လာခန့်ဖြင့် ရန်ကုန် နှင့် ကွာလာလန်ပူကို
စတင် ပျံသန်းမည်


မလေးရှားနိုင်ငံ အခြေစိုက် ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia မှ အရှေ့တောင် အာရှနိုင်ငံများသို့ ခရီးစဉ်တိုးချဲ့မှု အစီအစဉ်အရ လာမည့် ဇူလိုင်လတွင် ကွာလာလန်ပူ မှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်သစ် စတင် ပျံသန်းမည်ဖြစ်သည်။



မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ပထမဆုံး ခရီးစဉ် ကို ဇူလိုင် ၂၀ တွင် စတင်မည်ဖြစ်ပြီး ခရီးစဉ်သစ်ကို အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ၂၉ ရင်းဂစ် (၉ ဒေါ်လာ ဝန်းကျင်) ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။ အရောင်းမြှင့်တင်ရေး အစီအစဉ်၏ Booking Period မှာ ဇွန်လ ၁၄ရက်မှ ၂၀ရက်နေ့ အထိဖြစ်ပြီး Travel Period မှာ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၀၁၁ မေလ ၈ရက်နေ့အထိ ဖြစ်သည်ဟု AirAsia ဝဘ်ဆိုက် တွင် ဖော်ပြထားသည်။ အဆိုပါ လေကြောင်း ခရီးစဉ်သစ်အတွက် ခရီးသည် ၁၈၀ ဦး လိုက်ပါစီးနင်နိုင်သော Airbus A320 လေယဉ်များဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း AirAsia ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။

AirAsia ၏ ကုန်သွယ်ရေး ဌာန အကြီးအကဲ Kathleen Tan က ယခုကဲ့သို့ နေ့စဉ် တိုက်ရိုက်ပျံသန်းသော ကွာလာလန်ပူ – ရန်ကုန် လေကြောင်း ခရီးစဉ်သစ်ကြောင့် မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းတွင် ကြီးမားသော တိုးတက်မှု ရရှိမည်ဟု ယူဆပါကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia သည် ခရီးသွားမျာအကြား ယဉ်စီးခလျော့ချပြီး ဝန်ဆောင်မှုပေးခဲ့သည့် အတွက် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့သော်လည်း အလျင်အမြန် လုပ်ငန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်က Air Asia သည် ရင်းဂစ် ၅၄၉ သန်း (အမေရိကန် ဒေါ်လာ ၁၆၆ သန်း) အမြတ်အစွန်း ရရှိခဲ့သည်ဟု သိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘိုဘိုဂိမ်းတွေ ကစားကြမယ် www.voanews.com/burmese


ဘိုဘိုဂိမ်းတွေ ကစားကြမယ်www.voanews.com/burmese

ကလေးတွေကို ကွန်ပြူတာနဲ့အကျွမ်းဝင်စေဖို့ Online ဂိမ်းတွေလုပ်ပေးနေတာပါဆိုတဲ့ Blog တခုကို မစုမြတ်မွန်က ဒီတပါတ် Blogger တွေ ပြောသမျှ အစီအစဉ်မှာ ကိုသားညွန့်ဦးနဲ့အတူ မိတ်ဆက်ပေးထားပါတယ်၊
www.bobo6te.net



အှ်ဆံင်းလာၟဆ်ါကိုဝ်ၟဟှာဍေ
ယ်ုမုလ၀်္ဘးသာဆု အှ်လုစယ်ဖေါဟ် အ်ုခေါဟ်စံင် အဲုးသာဆိုင်ဆံင့်ဏးယေါဝ်ၟ္ဘးလာၟ ဏင်ထီးဆါ်။
ယ်ုဆံင့်မံင်းဆ်ုပြို့င်လ်ုအုဖင့်ခေါဟ် ပ်ုယင်အ်ုလူၟလ်ုဖး ဏ်ုသီးဆံင့်ဏးယှံင် မ်ုဟှံင်ဝေ့ဆေ၀်ၟလှ်။
လ်ုဏင်ဏင်သီး္ဘေ့လိက်ဒၞံင့်(လိပ်စာ)အှ်သိုဝ် အင်းဃှူ့သှေ်ယာ့ မ်ုဟှံင်ဝေ့ဆေ၀်ၟလှ်။
ပ်ုဖႜုံဆိုဒ်ဆိုဝ်သင့်(မျိုးဆက်သစ်)တြာပညာ့ဆါၟ(ပညာရှင်)သ္ဘါင်းဖေါဟ်သီးလ်ုဖး အ်ုအးဍေအ်ုယှာ မ်ုအဲဝေ့ ပ်ုဖႜုံဆိုဒ်ဆေ၀်ၟလှ်အုခေါဟ်စံင် ယ်ုလုဟှာ လ၀်ဖႜဟ်ထင်း္ဘးဆ်ုခႜါင်ယိုဝ်ဆေ၀်ၟလှ်။
မွဲ္ဘါးဆ်ုဏှ်လဲစါ်္ဘိုဝ် ယ်ုဝေ့ဍးလ်ုဟှာယိုဝ်္ဘးဆါင့်ဍေ Computer ဍေ Media ခ၀့်လ်ုဖါ ဆ်ုဟှာင်ၟဆါၟ္ဘျာဆါၟအှ်ဝေ့ ဍေါဟ်ဍေါဟ်လေံအ်ုခေါဟ်စံင် ယ်ုကုက်ဟှယ်ဆ်ုသှေ်အှ်ဏင်ၟမိင်အေး။
စင်္ဘိုဝ် ယ်ုအဲလာၟဏင့်ယ်ုဆိုဒ်သီး ယ်ုဍါ်ဏဲစူးဏင်ၟထါ် ဏေ၀်ၟဏင်ၟမိင်မိင်အေးဏှ် ယ်ုလ၀်လင်ယ်ုသ္ဘာုံးဝေ့ ထီ့ထီ့ဆါဆါဆေ၀်ၟလှ်။
ယ်ုမုလ၀်္ဘးသာ ဆ်ုခႜါင်အ်ုမေါဝ်ၟတိုင်ဏှ်္ဘေ့သိုဝ်ပ်ုယင်တြာပညာ့ဆါၟသယ်သိုဝ် ပ်ုဖႜုံဖေါဟ်တြာပညာ့ဆါၟ သီးလ်ုခ၀့် ပ်ုဖႜုံဖေါဟ်သ္ဘာင်းသီးလ်ုဖး္ဘေ့မ်ုသှေ်အးထင်းလိက်ဖႜုံသိုဝ် ကႜိုဒ်စိုဒ်ကုက်ဟှယ် အင်းဃှူ့သှေ် ယါ့္ဘးလာၟဆါ်။
ပ်ုဖႜုံဖေါဟ်ယိုဝ် လိက်အှ်ဝယ်ယိက်လာၟဏင့် ဆ်ုထုဂ်ဖႜဟ်ထင်းအှ်ယှာဍ်ါအုခေါဟ်စံင် လင်ဖိုဟ်လင်ဆင့် ဝေ့ ဍေဆိုဒ်ဃှာင်ၟဃှံင်လိက် ဍေါဟ်ဍေါဟ်လေံဆေ၀်ၟလှ်။
ဆ်ုလုဖှေ်ဟု ဆ်ုဏေ၀်ၟ္ဘးပိုင်(ရပိုင်ခွင့်) ဆ်ုမ္ဘားပိုင်(လုပ်ပိုင်ခွင့်)္ဘးအ်ုခေါဟ်စံင် ပ်ုအေအှ်္ဘေ့ယိုဝ်သိုဝ် လ၀့် ပ်ုအင်းဟှုက်ကႜိုဒ်စိုဒ်ကဲအေး အ်ုဏေ၀်ၟဆ်ုပႜယ်တ၀်(ခွင့်ပြုချက်)မ ပ်ုမုထုဂ်ဖႜဟ်ထင်းပ်ုလိက်စါ်္ဘိုဝ် ယိက်အေး ပ်ုလိက်လင်္ဘ်ါလင်္ဘိုင်ဝေ့ဟှံင် လင်မာၟမ်ုလုက်ဝေ့ဆေ၀်ၟလှ်။
အ်ုခေါဟ်စံင်္ဘေ့သိုဝ် ပ်ုလိက်လ်ုလင်မာၟ္ဘးသိုဝ် မ်ုဟှုင်ၟခိုင့်သိုဝ် မ်ုစီကႜါထင်းထ၀့်သိုဝ် ဆါၟမွဲါပ်ုဆုဆံင့် မံင်းအှ်ဏှ် ကုက်ဟှယ်ဆိုင်လာၟ ကိုဝ်ၟဟှာဍေဆါ်။
အှ်ဆံင်းလာၟဆါ်။
ဖူ့တာမိက်။
ထိုင့်ဖူ့ဝဲါ ပ၀်ၟလိက်ဖႜုံလ်ုသှေ်ဍါ်္ဘးလ်ုဖး ဆံင့်ဏးထါင်္ဘးလါၟ အ်ုလူၟသ၀့်ဏှ်ဆါ်။
ကရင်လို မဖတ်တတ်သေးတဲ့သူများ အသံဖိုင်ကိုဖွင့်ပြီးနားသောတဆင်နိုင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 17, 2010

မြွေအသွင်ရှိသည့် အရောင်တောက်ပေါက်ဖတ်တွေ့ရှိ

မြွေအသွင်ရှိသည့် အရောင်တောက်ပေါက်ဖတ်တွေ့ရှိ

Credit : ELEVEN

လျှပ်တပြက်ကြည့်လိုက်ပါက ကြောက်စရာကောင်းသောမြွေအသွင်ရှိသည့် အရောင်တောက်ပသော ပေါက်ဖတ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ သားရဲတိရစ္ဆာန်ဆိုင်ရာ ဇီဝဗေဒပညာရှင် ဂျိုနသန်မေးစ်က တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။

မြောက်အမေရိကတိုက်တွင် တွေ့ရလေ့ရှိသော Spicebush Swallowtail (Papilio troilus) အမည်ရှိသည့် လိပ်ပြာမျိုးစိတ်အဖြစ်သို့ အဆင့်ဆင့်ဖြစ်ပေါ်မည့် ယင်းပေါက်ဖတ်တွင် ကြီးမားသောမျက်လုံးတစ်စုံနှင့် အ၀ါနှင့်အပြာ ရောစပ်ထားသော အသွင်အပြင်က ဖမ်းဆီးစားသောက်ရန် အန္တရာယ်ပြုမည့်သူကို ဟန့်တားစေနိုင်သည်။ ဂျိုနသန်သည် ယင်းကဲ့သို့ အရောင်အသွေးစုံသော အင်းဆက်မျိုးစုံများနှင့် အနက်နှင့်လိမ္မော်ရောင်စပ်သော လိပ်ပြာမျိုးစိတ်များအား ဓာတ်ပုံရိုက်မှတ်တမ်းတင်သူ ဖြစ်သည်။

ယင်းပေါက်ဖတ်များမှာ လက်မအနည်းငယ်ခန့်သာ အရှည်ရှိပြီး ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ အစက်အပြောက်များကြောင့် မြွေမျက်လုံးများနှင့်ဆင်တူစေပြီး မြင်တွေ့သူကို အံ့သြစေသည်ဟု ဂျိုနသန်က ပြောကြားခဲ့သည်။ ၎င်းတို့၏ မျက်လုံးအရောင်တောက်ပမှုမှာလည်း ရှုထောင့်ကိုလိုက်၍ အမျိုးမျိုးပြောင်းလဲသည်ဟု ဂျိုနသန်က ပြောကြားခဲ့သည်။



posted by αмє∂єσ, Credit : ELEVEN

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အသားကင်ကြိုက်တတ်သူများအတွက်


အသားကင်များတွင် အဏုဇီဝပိုးများ ပါဝင်
(ခင်ဆက်ငြိမ်းချမ်း)

အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီ ကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coil အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။ အဲဒါတွေကို စားသောက်တဲ့သူတွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ၀င်ရောက်လာတဲ့ အထောက် အထားတွေ တွေ့မြင်ရပါတယ်”ဟု အဆိုပါ အဏုဇီဝပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောသည်။ အဆိုပါဘာဘီကျူးများကို ကိုယ် ခံအားနည်းနေချိန်တွင် စားသုံးမိသူများအနေ ဖြင့် သက်ဆိုင်ရာရောဂါပိုးများ၏ တိုက်ခိုက်မှု ဒဏ်ကိုခံရသည့် သုတေသနပြုချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊ အချို့စားသုံးသူများ မှာ အစားအစာကြောင့်ဖြစ်သောရောဂါများ ဒဏ်ကိုခံစားရကြောင်း အဆိုပါပညာရှင်က ပြောသည်။


ဘာဘီကျူးအချို့တွင် ပါဝင်သော Pseudonymous ပိုးများမှာ နာတာရှည်ရော ဂါသည်တို့ အိပ်ရာထဲလဲနေစဉ်၌ ဖြစ်ပွားတတ် သည့် ကျောနှင့်တင်ပါးဆုံကဲ့သို့နေရာမျိုးများတွင် အနာများ ဖြစ်ပွားသကဲ့သို့ အဆိုပါ Pseudonymous ပိုးများကအနာဖြစ်စေနိုင်ကြောင်း သိရ သည်။ ဘာဘီကျူးများ၌ Shillelagh ပိုးက အများ
ဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ E.coil Salmonella တတိယအများဆုံးဖြစ်ပြီးစတုတ္ထ အများဆုံးကတော့ Pseudonymous ပိုးများ ဖြစ်သည်ဟု အဆိုပါ ပညာရှင်က သူမ၏ စာတမ်းတွင်ထည့်သွင်းခဲ့ကြောင်း ပြော ဆိုသည်။

ခင်ဆက်ငြိမ်းချမ်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စစ်ရဟတ်ယာဉ်တစီး ပင်းတယမြို့အနီး ပျက်ကျ

ရုရှနိုင်ငံမှ ထုတ်လုပ်သည့် Mi2 ရဟတ်ယဉ်

စစ်ရဟတ်ယာဉ်တစီး ပင်းတယမြို့အနီး ပျက်ကျ

တက်လူ / ၁၇ ဇွန် ၂၀၁၀

စစ်အစိုးရ တပ်မတော် လေတပ်မှ ရုရှနိုင်ငံလုပ် ရဟတ်ယာဉ်တစီး ရှမ်းပြည်နယ် ပင်းတယမြို့အနီးတွင် ဇွန် (၁၆) ရက်၊ ယမန်နေ့ညနေက ပျက်ကျသွားခဲ့သည်ဟု လေတပ်သတင်းရပ်ကွက်မှ သိရသည်။

ရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးရွားသည့် ရာသီဥတုကြောင့် ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လေတပ် စခန်းဌာနချုပ်၊ ရန်ကုန် (မင်္ဂလာဒုံ လေတပ်) မှ တာဝန်ရှိသူ ဗိုလ်ကြီးတဦးက ပြောသည်။

မည်သူမည်ဝါဖြစ်သည်နှင့် ရာထူးအဆင့်များကိုပြောဆိုရန် ငြင်းဆိုသော်လည်း ရဟတ်ယာဉ်ပျက်ကျသဖြင့် (၄) ဦး သေဆုံးပြီး (၁) ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ၎င်းက ပြောကြားသည်။

ယခုပျက်ကျသော လေယာဉ်အမျိုးအစားမှာ Mi-2 ရဟတ်ယာဉ်ဖြစ်ပြီး ရုရှနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် ရုရှ Mi-1 နှင့် Mi-2 ရဟတ်ယာဉ် အမျိုးအစားတို့ကို ၁၉၉၀ ၀န်းကျင်ကပင် ၀ယ်ယူကာ စစ်တပ်သုံးအဖြစ် ထားရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ်

ပြီးခဲ့သည့် ဇန်န၀ါရီ (၂၂) ရက်၌လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ် တစီးပျက်ကျရာ အသက် (၂၃) နှစ်အရွယ် ပိုင်းလော့ဗိုလ်ကြီး ပြည့်ဖြိုးမျိုးဆိုသူ သေဆုံးသွားခဲ့သည်။

ဒီသတင်းကိုတော့ ခေတ်ပြိုင်သတင်းဂျာနယ်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း နှင့် Air Bagan လေယာဉ်မယ် ဘောလုံး အသင်း တို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည်

အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ
ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း နှင့် Air Bagan လေယာဉ်မယ် ဘောလုံး အသင်း တို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည်

လေကြောင်း ခရီးစဉ်များ ပြေးဆွဲ နေသည့် အဲပုဂံကုမ္ပဏီ မှ လေယာဉ်မယ် များ ပါဝင်သည့် အမျိုးသမီး ဘောလုံး အသင်းက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဝင် အနုပညာရှင် အမျိုးသမီး ဘောလုံး အသင်းအား ဖိတ်ခေါ် ဘောလုံးပွဲ ကျင်းပရန် ကမ်းလှမ်း ထားကြောင်း ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ဆုပန်ထွာက ပြောသည်။ “ ဒီလို ကမ်းလှမ်း လာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့ စိတ်ဝင်စား ပါတယ်။ အရင် ကလည်း အတွေ့ အကြုံတွေ ရှိပါတယ်။ အခု အမျိုးသမီး အသင်း ပြန်ဖွဲ့ပြီး သွားရင် ပြန်ကန် မှာပါ။ အဲဒီ အတွက် လေ့ကျင့် မှုတွေ ပြုလုပ်သွား မှာပါ ” ဟု ၎င်းက ပြောသည်။

ဓါတ်ပုံကတော့ http://webcache.googleusercontent.com ဖြစ်ပါတယ်။
ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် လေ့ကျင့်ရေးကွင်း တစ်နေရာ ရွေးချယ်ပြီး၊ တစ်ပတ်လျှင် စနေ နှင့် ဗုဒ္ဓဟူး နှစ်ရက်ဖြင့် ယခု ဇွန်လမှ စတင်ကာ လေ့ကျင့် သွားမည် ဖြစ်ကြောင်း ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ဖြင့် ပဏာမ ဖွဲ့စည်း ထားပြီ ဖြစ်ကြောင်း နှင့် စိတ်ဝင် စားသော အခြား အနုပညာရှင်များ ကိုလည်း ဖိတ်ခေါ် ထားကြောင်း သိရသည်။ အသင်း ခေါင်းဆောင် အဖြစ် သရုပ်ဆောင် ဆုပန်ထွာက တာဝန် ယူမည် ဖြစ်ပြီး ယခင် အမျိုးသမီး ဘောလုံး အသင်းတွင် ထပ်ဆင့် အကယ်ဒမီ မို့မို့မြင့်အောင်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားသည်။

ဒီသတင်းကို www.htwd.ifo ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, June 16, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒတ်ခ်ျအမျိုးသမီး၃၆ဦး နှင်ထုတ်ခံရ

တရားမဝင်ဘီယာအရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဒတ်ခ်ျအမျိုးသမီးများ
(ဓါတ်ပုံ Getty Images)

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒတ်ခ်ျအမျိုးသမီး၃၆ဦး နှင်ထုတ်ခံရ
စိုင်းဇွမ်ဆိုင်း Wednesday, June 16, 2010

နယ်သလန်နှင့် ဒိန်းမတ် အသင်းတို့ ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင် ကစားခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် လိမ္မော်ရောင် အဝတ်အစား များကို ဖက်ရှင်ကျကျ ဝတ်ဆင် ထားသည့် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး ပြိုင်ပွဲကွင်း အတွင်းမှ နှင်ထုတ်ခံရကြောင်း သိရသည်။
Photo by www.bbcburmese.com

Photo by www.bbcburmese.com

နယ်သာလန် အသင်းကို အားပေးရန် လာရောက် ကြသည့် အမျိုးသမီး များကို “တရားမဝင် ဘီယာ အရောင်း မြှင့်တင်ရေး လုပ်ဆောင်သည်” ဟု ဆိုကာ ပထမပိုင်း ပြီးချိန်တွင် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) က နှင်ထုတ်ခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် ဆန်ဖရန် စစ္စကို အခြေစိုက် Bleacher သတင်းတွင် ဖော်ပြထားသည်။

ယင်းအမျိုး သမီးများထဲမှ တစ်ဦး ဖြစ်သည့် ဘာဘရာ ကတ်စ်စတိန်းက “ကျမတို့ကို Bavaria ဘီယာ ကုမ္ပဏီ အတွက် တရားမဝင် အရောင်း မြှင့်တင်ရေး လုပ်တယ်၊ ဒါဟာ တောင်အာဖရိက ဥပဒေနဲ့ ငြိစွန်းနေတဲ့ အတွက် ထောင်ခြောက်လ ကျသွား နိုင်တယ်လို့ ရဲက ပြောတယ်”ဟု ဆိုသည်။

ဘောလုံးပွဲ ပထမပိုင်းပြီးချိန်တွင် အာဏာပိုင်တို့က ကွင်းအတွင်းမှ ခေါ်ဆောင်ပြီး သုံးနာရီခန့် ကြာသည်အထိ မေးမြန်းခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်သာလန်အသင်းကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ခြင်းဖြစ်ပြီး အစိုးရ ရုံး ပိတ်ရက်များနှင့် ကမ္ဘာ့ဖလားဘောလုံးပွဲများတွင် လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

FIFA ၏ မှတ်တမ်းများတွင်မူ ၎င်းတို့ ၃၆ ဦး ကို Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ပြီး အရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားလှယ် ဖြစ်သူ မစ္စတာ ဆွင်ကယ်လ်က“ဒတ်ခ်ျ အမျိုးသမီးတွေရဲ့လိမ္မော်ရောင် ဝတ်စုံ ပေါ်မှာ ကုမ္ပဏီ တံဆိပ်မပါဘူး၊ လိမ္မော်ရောင်ဟာ ကုမ္ပဏီရဲ့ အမှတ်အသား ဖြစ်တယ်၊ ဒါပေမယ့် FIFAက ပရိသတ် ဝတ် ဆင်တဲ့ အရောင်တွေကို ခြယ်လှယ်လို့ မရပါဘူး”ဟု ပြောဆိုသည်။

မည်သည့် အမျိုးသမီးကိုမှ စစ်ဆေး မေးမြန်း ထိန်းသိမ်းထားခြင်း မရှိကြောင်း၊ သို့သော်“တရားမဝင် အရောင်း မြှင့်တင် ရေး”ဟုတ် မဟုတ်ကိုမူ သေချာစွာ မေးမြန်းခဲ့ရကြောင်း FIFA ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နစ်ကိုးလတ်စ် မိန်းဂေါ့ထ် က ပြောသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကုန်ပစ္စည်း ကြော်ငြာလိုသော ကုမ္ပဏီများသည် FIFA မှ ခွင့်ပြုချက်ရယူပြီးမှသာ ကြော်ငြာ ခွင့် ရှိကြောင်း သိရသည်။

ဒီသတင်းကို www.mizzima.com ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....