+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, August 30, 2010

မော်စီတုံး၏ လေးစားဘွယ်ရာစကားတခွန်း



မော်စီတုံး၏ လေးစားဘွယ်ရာစကားတခွန်း
(ကိုဇော်)


မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်....။ ဒီအလေအလွင့်တွေ ကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ် နိုင်ငံသားတွေကို တင်ပြတယ်..။ အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်း တယ်..။

အဲဒီတုန်းက တရုတ်နိုင်ငံဟာ လူနေမှု အဆင့်အတန်း အရမ်းနိမ့်ကျနေပြီး စည်းကမ်းမရှိ ၊ အသိပညာမရှိ ၊ အတတ်ပညာ ချိုတဲ့နေတဲ့ အချိန်.. မော်စီတုန်းက ဒီလိုပြောပြတယ်..။

“ ဟုတ်ပြီ...ကျွန်တော်တို့ ဒီလိုစဉ်းစားရအောင်....။ ကျွန်တော်တို့ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုပါစို့...။ ထမင်းတစ်စေ့ဆိုတာ ဆန်တစ်စေ့ပဲပေါ့..။

ကျွန်တော်တို့အားလုံးဟာ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုရင် တရုတ်ပြည်မှာ လူဦးရေ ဘယ်နှစ်ယောက်ရှိလဲ...ပြော...။ လူဦးရေ...သန်း ၂၀၀၀ ရှိတယ်လေ..။ လူတစ်ယောက်က ထမင်းတစ်ခါစားတိုင်း ဆန်တစ်စေ့ ကျန်တယ်ဆိုရင် လူ သန်း ၂၀၀၀ အတွက် ဆန်အစေ့ ၂၀၀၀ ပေါ့..။ ဆန်အစေ့ ၂၀၀၀ ကို ပြန်တွက်ကြည့်ပါ..။ ဆန်ဘယ်နှစ်ပြည် ရမလဲလို့..။ ဒီရလာတဲ့ ဆန်ကို လူဘယ်နှစ်ယောက် ပြန်စားလို့ရမလဲ...။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ထမင်းစားရင် ထမင်းတွေ တစ်စေ့မကကျန်တာ မဟုတ်လား..။ နေ့စဉ် လူ ဘယ်နှစ်ယောက်ထမင်းစားနိုင်တဲ့ ဆန်တွေ ဘာလို့ အလေအလွင့်အဖြစ် လွှင့်ပစ်နေပါသလဲ..။

နောက်ထပ် ဆက်တွေးကြည့်ပါ..။ ကျွန်တော်တို့ လွှင့်ပစ်လိုက်တဲ့ ထမင်းတွေ မြေကြီးပေါ် ကျတယ်ဆိုရင် ပုရွက်ဆိတ်လာမယ်..။ ယင်ကောင်လာမယ်..။ ယင်ကောင်က တဆင့် လောက်တွေပေါက်မယ်..။ ယင်ကောင်နဲ့ ပုရွက်ဆိတ် ကိုစားတဲ့ အိမ်မြှောင် နဲ့ဖားက ပေါက်ပွားလာမယ်..။ ဒါနဲ့ အိမ်မြှောင် နဲ့ ဖားကိုစားတဲ့ မြွေ လို သတ္တ၀ါ တွေ ပိုပေါလာမယ်..။ ဒါဆို မြွေကိုစားတဲ့ မြွေပါ လို သတ္တ၀ါတွေ ထပ်ရောက်လာမယ်..။ နောက်.. နောက် ..... ဆက်တွေးကြည့်ပါ..။ ပြီးတော့ ရောဂါပိုးတွေ ပွားလာမယ်..။ ရောဂါတွေ ဖြစ်လာမယ်..။ ကပ်တွေဖြစ်လာမယ်..။

ဒါတွေ အားလုံးဟာ ဘယ်ကစလဲ..။ ဘာမဟုတ်တဲ့ ထမင်းစားရင် ပိုတဲ့ ထမင်းလုံးလေးတစ်လုံးက စတာ မဟုတ်ဘူးလား..။ ဒီ ထမင်းလုံးလေးကို ပါးစပ်ထဲထည့်လိုက်တာ နဲ့ အပြင်ကိုလွှင့်ပစ်တာ ပြဿနာက ဒီလောက် တောင်မှ ကွာပါတယ်..။ ဒါကြောင့် ထမင်းတွေ ပိုနေမယ်ထင်ရင် လျော့ချက်ပေါ့....။ နို့မို့ရင် နေလှန်း ထား ထမင်းခြောက် ပြန်ကြော်စားလို့ရတယ်လေ...။ ”

www.kozaw357.net မှကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အင်းလျားလမ်းမှလူသတ်တရားခံ

အင်းလျားလမ်းမှလူသတ်တရားခံ

၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို
အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်းမဟုတ်သော
ဘယ်ကမှန်းမကျိန်းသေသည့်အနောက်တိုင်း
ရင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ
လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့်
မိကြိုင် နှင့် ငသန်းရွှေတို့၏
ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ
လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှ
ပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ
ယခုကဲ့သို့ ကြားသိရပါသည်။

ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော
ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ
ဝတ်ဆင်ထားသောရတနာများဖြစ်ကြသည်
ကို
မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု
အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ
နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး
ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည်
အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ
အဆီပြန်ပြန် တယောက်ကို တယောက်
ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ်မှူးချုပ်များ ၊ ဗိုလ်မှူးကြီးများ

ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည်
ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာ
ကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ
ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။

ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော
ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ
့ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယား
အကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏
မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ
့ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။
သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။
ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ
အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ
ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ဟုတ်ချင်မှဟုတ်မည်။
ထောက်လှမ်းရေး ကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။

သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင်
စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုးလေးယောက်ပါသော
ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့
ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏
သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကို
ယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍
ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင်
ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို
လက်တို့ကာ
"ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ
ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို
့နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန်
လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့်
နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့
ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ၊ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ၊
ဗိုလ်ချုပ်ကြီး
ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ
တို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန်
ဟန်ရေးပြလေ့ရှိသော
ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့်
နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့
သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့
အသိပေးလိုက်ပြီးဖြစ်ပေသည်။
ကူးထားတဲ့ နေရာ မမှတ်မိလို့ မရေးထားလိုက်နိုင်တာ တောင်းပန်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 28, 2010

ဗမာ လူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့

ဗမာ လူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့

ဘိုဘိုလန်းစင် | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၆ မိနစ်



(၁)

ဘဘဦးရွှေအုံးဆုံးသည့် သတင်းရသည့်အချိန် ကျနော် လန်ဒန်မြို့ လယ် မြားနတ်မောင်အဝိုင်းနား ရောက်နေသည်။ ဟိုအနှစ် ၈ဝ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေး ဆွေးနွေးပွဲလုပ်ရာ စိန့်ဂျိမ်းစ် နန်းတော်
နားလဲ ဖြစ်သည်။
ထိုပွဲကို စော်ဘွားကြီးများ၊ ကရင်ခေါင်းဆောင်များလဲ တက်ကြရာ ဘိုဆန်ခေတ်မီသည့် သီပေါမောင်နှံ ခန်းမထဲ ဝင်လာပုံပါသည့် သူရိယ သတင်းစာကို ယခုတိုင် မြင်နေမိသည်။
အဓိက ကချင် နိုင်ငံရေးပါတီ တခုကို ဖွဲ့ခွင့်မပေးသေးသည့် လက်ရှိကာလနှင့် နှိုင်းယှဉ်ရင်း သူ့ကျွန်ဘဝ တောင်တန်းပြည်မ ခွဲထားသည့် ခေတ်ကမှ ရှမ်းကရင် တိုင်းရင်းသား ခေါင်းဆောင်များကို လူရာ ပိုသွင်းသေးသည်ဟု အောက်မေ့ပါသည်။
ထို့ပြင် လွတ်လပ်ရေး ရခါနီး မြန်မာနှင့် တိုင်းရင်းသား ခေါင်းဆောင်ငယ်များကို လေ့လာရေး လွှတ်စဉ်က နယူးယော့ အင်ပါယာစတိတ် အဆောက်အဦးပေါ်တွင် စုရိုက်ထားသည့် ပုံလေးကိုလဲ သတိရနေမိပြန်သည်။ သံဝေဂလဲ ရမိပါသည်။
တိုင်းပြည် တည်ထောင်ရေးအတွက် သူများတိုင်းပြည်က နည်းခံရန်သွားသူတွေ ခင်းသွားကြသည့် နိုင်ငံရေးဇာတ်မှာ တိုင်းပြည်ပျက်စီးကြောင်း သင်္ခန်းစာ တခြားနိုင်ငံတွေကို ပေးနေသလို ရှိလှပါသည်။ တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပီး သမိုင်းက သက်သေခံနေတော့သည်။

(၂)

အရင် ဆယ်နှစ်ခန့်လောက်က ကျနော့်အဖွားစာရေးစားပွဲပေါ် ညှပ်ထားသည့် လိပ်စာကတ်တခုတွင် ဦးရွှေအုံးဆိုသည့် နာမည်ကိုတွေ့၍ စိတ်ဝင်တစားနှင့် ဖုန်းဆက်ကြည့်မိပါသည်။
မည်သူမည်ဝါပါဟု မိတ်ဆက်သည့်အခါ “ဒေါ်အမာကိုတော့ အကုန်သိကြတာပဲ”ဟု စကားပြန်သည်ကိုသာ မှတ်မိပါသည်။ ဘာတွေဆက်ပြောမိကြသည်မသိတော့ပါ။
ရန်ကုန်ရောက်၍ ဒေါ်တီနှင့်ဂျင်တို့၏ ကောလိပ်အကြိုသင်တန်းရှိရာ သံတမန်ကျောင်းဘက်သွားတိုင်း ဝင်ဆာလမ်းနံဘေးက ခွဲထွက်သွားသည့် ဘုရင်မ ရှင်စောပု အရိုးအိုးစေတီရှိရာ လမ်းပေါ်မှ ကျူးပစ်ဆိုသည့် ဆိုင်းဘုတ်လေးကို တွေ့တိုင်း ဘဘအိမ်ပဲဟု သိသော်လဲ ဝင်တွေ့ရန် ထင့်နေမိပါသည်။
ယခုတော့လဲ ပထမမျိုးဆက် လက်ကျန်တိုင်းရင်းသား ခေါင်းဆောင် တယောက်ကို ဆုံးခဲ့ရပါပီ။ တောင်တန်းပြည်မ သွေးစည်းရေး ပဒေသရာဇ် တိုက်ဖျက်ရေး တန်းတူပြည်ထောင်စု တည်ထောင်ရေးကို ဘဝနှင့်ရင်း ကြိုးပမ်းခဲ့သည့် ပင်လုံမျိုးဆက်တွေ တာဝန်ကို နှောင်းလူတွေက အသိစိတ်ရှိရှိ ခံယူချက်မှန်မှန်နှင့် ဆောင်ရွက်ကြဖို့ပဲ ရှိသည်။

အဘယ့်ကြောင့် ဦးရွှေအုံးကို သိချင်ရပါသနည်း။ တတိယပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် မူတွေကို တသက်လုံးရေးနေပြောနေသည့်သူတယောက်ကို လူမျိုးကြီးစစ်ပဒေသရာဇ်များခေတ်တွင် အလွန့်လူစွမ်းကောင်းဟု ဆိုရပေမည်။
သူ့ထက် ဝါရင့်သည့် ရှမ်းခေါင်းဆောင်ကြီးများပင် နောက်ပိုင်း ဘာမှမပြောကြတော့သည့်အချိန်တွင် သူက အလံမလှဲစတမ်း ခံချနေဆဲ မဟုတ်ပါလား။ နောက်ဆုံး ရွေးကောက်ပွဲဆိုသည့် ထောင်ချောက်ကို မစွံမှန်းသိသော်လဲ လက်နက်လဲမကိုင်နိုင် နော်ဝေးလဲ သွားမနေနိုင်၍ ဝင်ပြိုင်သည်ဟု ဘွင်းဘွင်းပြော၍ ပါတီထောင်ခဲ့သေးသည်။ ဘာပြောပြော အဘတို့အဖွဲ့က ကျန်သည့်ပေါက်ကျော်ရောကျော်တွေထက် လူရိုသေရှင်ရိုသေတော့ ရှိပါသေးသည်။

ဘုရားပွဲတွင် ဗုံးနှင့် တိုက်ခိုက်ခံရခြင်း၊ ရှမ်းခေါင်းဆောင်တချို့ တောခိုသည့်ကိစ္စအတွက် အဖမ်းခံရခြင်းစသည့် လွတ်လပ်ပီးခေတ် ခရီးကြမ်းများကို ပြန်ကြားရသည့်အခါ ပင်လုံအလွန် ရှမ်းသမိုင်းကို ပြန်စောကြောမိပါသည်။ မြန်မာစာပါမောက္ခဦးတင်ဧ (ရွှေနှင်းဆီ)တို့ခေတ်ကထဲက ရှမ်း-ဗမာကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု ထိစပ်နေခဲ့လေပီ။ စစ်တွင်းဒေါက်တာဗမော်ခေတ် ဂျပန်ပညာတော်သင်အဖွဲ့တွင်လဲ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စုံလင်စွာ ပါခဲ့ရုံမက ထိုသူများပင် စစ်ပီးခေတ် ဗမာပြည်ကို အနေနေရာရာက ဦးဆောင်ခဲ့ရပါသည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်စ သောင်းကျန်းမှု နှိမ်နင်းရေးတို့တွင် ဗမာ့တပ်မတော်နှင့် လက်တွဲခဲ့ကြသော စော်ဘွားမျိုးနွယ်များ ဦးစီးသည့် ရှမ်း၊ ကယားတပ်များမှာ ချင်း၊ ကချင်တပ်များနှင့် အပြိုင်းအရိုင်း ရှိခဲ့ပါသည်။ ဖဆပလ၊ ကွန်မြူနစ်ပါတီ၊ လွတ်လပ်ပီးနောက် ပမညတစသည့် ပြည်မလက်ဝဲပါတီများသို့ ရှမ်းလူငယ် ခေါင်းဆောင်များ ဝင်ထွက်နေခဲ့၏။ ယခုတိုင်လဲ အနွယ်အဆက်များ အခင်မပျက် ရှိကြဆဲ ဖြစ်သည်။ လွတ်လပ်ပီးနောက် ပဒေသရာဇ်၊ တရုတ်ဖြူနှင့် စီအိုင်အေ၊ စစ်တပ်စသည့် ဖိနှိပ်အုပ်စိုးသူများအောက်တွင် ဒုက္ခပင်လယ်ဝေကာ ခေတ်နောက်ကျကျန်ရစ်သည့် ပြည်နယ်သားတို့ ရှေ့ ရေးအတွက် အမည်ခံပြည်ထောင်စုကို ဖက်ရယ်ပြည်ထောင်စုအစစ် တည်ဆောက်ရေး ကြိုးပမ်းကြသည့် အခါတွင်ကား မျိုးနွယ်တူ ပဒေသရာဇ်ဟောင်းများနှင့် သူတို့ လက်တွဲခဲ့ရသည်။ ဤသည်ကို ခွဲထွက်ပီး ဆီးတိုးအဖွဲ့ဝင်လိမ့်မည်ဟု ဗမာနိုင်ငံရေးနှင့် သတင်းစာလောကက တံဆိပ်ခတ်ကြရုံမက အာဏာသိမ်းပီးနောက်တွင်လဲ ကာလအရှည်ဆုံး ချုပ်နှောင်ခံကြရလေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတက်သည့်အခေါက်က ရှမ်းလူကြီးများဆီက သြဝါဒခံကာ ပြည်ထောင်စုအရေး တိုင်ပင်ရသည်မဟုတ်ပါလား။ ထိုလူကြီးများအနွယ်အဆက် ခွန်ထွန်းဦးတို့ပါတီနှင့် တခြားအတိုက်အခံများ ညီညွတ်စွာနှင့် ယခုတိုင် ရွေးကောက်ပွဲလမ်းကြောင်းကို မလိုက်ပဲ ကြံ့ကြံ့ခံလျက် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်ထားဆဲ မဟုတ်ပါလား။ ရှမ်းမူမှ သွေဖီပီး ဗိုလ်ချုပ်ကြီးအစိုးရ၏ ပြည်နယ်ဦးစီးအဖွဲ့များတွင် ပါခဲ့သော ပါဝင်ခဲ့ရသော တိုင်းရင်းသားခေါင်းဆောင်အချို့ မဆလနွံထဲနစ်ပီး နိုင်ငံတော်ကောင်စီတွင် ဘားဆုံးခဲ့ရသည့်ထုံးဟောင်းသာဓကများကို ပြည်နယ်အစိုးရ လွှတ်တော်တက်ချင်နေကြသည့် ၂ဝ၁ဝ တိုင်းရင်းသားပါတီများ မမေ့သင့်ဟု ထင်ပါသည်။ သစ္စာဖောက်ဆိုသည့်စကားသည် ဘယ်ခေတ် ဘယ်လူ့အဖွဲ့အစည်းတွင်မဆို မိမိမျိုးနွယ်ဒေသအကျိုးကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားသူဟူသမျှနှင့် အကျုံးဝင်ပါသည်။

(၃)

သူ့ဘဝမှတ်တမ်းကို ဆုံးခါနီးထိ အသံသွင်းသွားသည်ဆိုသော်လဲ ဤမှတ်တမ်း ဘယ်ခါမှ ထွက်လာမည်မသိ၍ မမျှော်လင့်ရဲပါ။ ဟိုအနှစ် ၄ဝကျော်က မဟာသရေစည်သူဦးကြာပု၏ ပြည်ထောင်စုရေးရာစာတမ်း၊ နောက်ပိုင်း ရှမ်းခေါင်းဆောင်ဟောင်းတချို့ မှတ်တမ်းများမှာ ယခုထိ ပြည်တွင်းပြည်ပတွင် ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ဤသို့နှင့် “ပင်လုံစာချုပ်ဆိုတာ စက္ကူစုတ်ကြီးဖြစ်သွားပါပီ ငါ့မြေးရယ်” ဟု ရီမောပြောနေသည့် စိုင်းစိုင်းခမ်းလှိုင်တို့အဖိုး ပင်လုံဦးခွန်ထီးအသံကိုပဲ အောက်မေ့ရင်း ကတိပျက်ညစ်ပတ်သော ဗမာလူမျိုးကြီးနိုင်ငံရေးသမားစစ်ဗိုလ်တို့ ရှုပ်ခဲ့သမျှဇာတ်ကြောင်းကို တရားမျှတမှုအမြန်ဆုံးရရှိအောင် မျိုးဆက်သစ် ဗမာလူငယ်ပညာတတ် သတင်းသမားများ နိုင်ငံရေးလှုံ့ဆော်သူများတွင် တာဝန်ပိုရှိသည်ဟု ခံယူမိပါသည်။
တိုင်းရင်းသား နိုင်ငံခြားသားမခွဲခြားပဲ မြန်မာနိုင်ငံသားအခွင့်အရေးကို နေထိုင်ခွင့်ရှိသူတိုင်းသို့ တန်းတူညီမျှပေးဖို့၊ လူမျိုးတမျိုးနှင့်တမျိုး ဘာသာတခုနှင့်တခုကြား လွှမ်းမိုးသြဇာညောင်းမှု မဖြစ်ပေါ်စေရန် တတ်နိုင်သရွေ့ သတိပြုဆင်ခြင်ကြဖို့ မီဒီယာနှင့် အုပ်ချုပ်ရေးလောကက စတင်လိုက်နာနှိုးဆော်သင့်ပီဟုလဲ လူမျိုးစုံရောပြွမ်းသည့် နိုင်ငံကြီးများ ဥပမာကိုညွှန်၍ တိုက်တွန်းလိုပါသည်။ ပမာပြရလျှင် အစိုးရမီဒီယာများတွင် ဗုဒ္ဓတရားတော်များ ထုတ်လွှင့်ပေးလျှင် ကျန်သည့်ဘာသာအားလုံးလဲ ရသင့်သည်၊ လွတ်လပ်ရေးနေ့တိုင်း ဘုန်းကြီးများအား ဘွဲ့တံဆိပ်ကပ်လျှင် ဖာသာမာသာများနှင့် မူလာကြီးများ ဗြဟ္မဏဆရာများအားလဲ ချန်လှပ်မထားသင့်၊ သာရေးနာရေး လူမှုအသင်းအဖွဲ့များတွင် ဘာသာစုံလူမျိုးစုံ တန်းတူပါဝင်မှုကို အားပေးသင့်သည်။
စီးပွားရေး လူမှုရေးအကျိုးအမြတ်ရှိသမျှတွင် ဟန်ဆောင် မျိုးချစ် နေပြည်တော်အုပ်စုက အသာစီးယူ နှိုက်ထုတ်နေခြင်းကိုလဲ ပြန်တပ်ဆုတ်စေရမည်။ သို့မှသာ တိုင်းပြည်တွင် ကင်ဆာလိုလှိုက်စားနေသည့် လူမျိုးမတူသူချင်း မသိမသာနှင့် သိသာစွာခွဲခြားဆက်ဆံမှုများ လျော့ကျသွားပေမည်။

အို ဦးရွှေအုံး... ပင်လုံရာပြည့်သဘင်ကို ဗမာနှင့် တိုင်းရင်းသားများ၏ တန်းတူသော ပြည်ထောင်စု စစ်စစ်တွင် ကျင်းပ ပါရစေဟု ကျွန်ုပ် ဆန္ဒပြုပါ၏။ တိုင်းရင်းသားထိပ်သီးတချို့ ကို အရာသွင်းကျောပုတ်ရုံနှင့် ပြည်တွင်းပြည်ပတွင် သန်းနှင့်ချီ၍ ထွက်ပြေး ပုန်းရှောင်နေရသော စစ်ပြေး မျိုးနွယ်စုများ၏ ဒုက္ခက တကွမ်းစားမှ လျော့အံ့မထင်။

(
ဘိုဘိုလန်းစင် )

မစ္ဈိမ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 26, 2010

လာခုဂ်ခါင်ၟစူး္ဘုံး ဆ်ုဟှင်လ်ုဖး

လာခုဂ်ခါင်ၟစူး္ဘုံး ဆ်ုဟှင်လ်ုဖး

ဏ်ုသီးစါင်းယေါဝ်ၟခွါၟ ဃှယ်ဃှယ် မွဲါဏ်ုသီးဍး ဆ်ုလင်ဆင့် အှ်မိင်မိင်ဆေ၀်ၟဟှး။
ဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ။
မွဲါယ်ုလ်ုဟှာ ဆ်ုဍးဏှ် လ်ုဆ်ုမာဃှူ့ဃှင်ဆ်ုဏှ် မာလေံကုင့်ဏှ်ဟှံင်လှ်။
ဆ်ုမုမာပႜီပြ္ဘားသာဆ်ုဆါၟခ၀့်လ်ုဖါ အွးလင်မာဝေ့ ဆ်ုဆုဂ် ဆ်ုထေ၀်ၟဖိုင် လေံကုင့်ဆေ၀်ၟလှ်။
ဏ်ုသီးအေဍး လ၀်္ဘးဆ်ုလုစံင်းဏှ် ဏင်ၟထီး။
လ်ုခါင့်မာဆု္ဘေ့ဏှ် မ၀့်ဃှင်ဍေ မာကါင်ဖါထင်းဆ်ုဆေ၀်ၟလှ်။



ဏ်ုသီးအေလ်ုဍး္ဘးခ၀့် အင်းစါယ်ုသှေ်ဍးသာလှ် အေဍးဆေ၀်ၟဍူ လ၀်လေါဟ်သာ မူတူမူတူ ကဲလှ်။
္ဘးစါင်းအိုဝ်ဖါလင် ဟ်ုခါင့်ဖိုင်အေး။
လ်ုခါင့်သ္တ်ါဏှ် ဟှံင်လှ်။
အှ်ဆံင်းလာၟဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, August 23, 2010

သနူးထူးဂျာနယ်၊ သြဂုတ်လ ၊ ၂၀၁၀

tha-noo-htoo-aug-2010

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 22, 2010

ထါခေါဟ် ခႝါ (ယိုင္ကု္ဆါၟ ဆြာ့ဃှူး္ဘံင်ဓံင့်)

အှ်ဆံင်းလာၟဆ်ါကိုဝ်ၟဟှာဍေ
ထါခေါဟ်အ်ုဝေ့ယိုဝ် မွဲါဝေ့ ထာခေါဟ် ခႝါ ဆေ၀်ၟလှ်။
ဆ်ုယိုင်ယှံင်က်ုဆါၟမွဲါဝေ့ ဆြ့ာဃှူး္ဘံင့်ဓံင့်ဆေ၀်ၟလှ်ဆါ်။



ထြိုင့်ခွိက် အ်ုဏိင်းလ်ုဆီ့္ဘႜဲခါ့ ယ်ုအှ်လ်ုသါင့်ခါန်ၟခါ့ ယ်ုလေ၀်ဃှဦုဏေ၀်ၟတိင်းခွင်ဟှံင် ထံင်ထါင်မူၟဆါ့လု ဏီ ယ်ုလေ၀်အင်းတါင်ဏေ၀်ၟ စီဒီ တိင်းခွင်ဟှံင် ယ်ုထုဂ်လျာၟလင်္ဘးဆေ၀်ၟ္ဘှ်။
ယ်ုလုဟှာ ယ်ုထုင်ၟမိက်လင်သာကဲဏင်ၟမိင်မိင်အေး ယ်ုမာမိင် ယ်ုအုဂ်ဃှီ့ယ်ုမေံ ဏှ် လ်ုမွဲါဆေ၀်ၟ္ဘး။
ထါခေါဟ်အ်ုဝေ့ယိုဝ် ဆ်ုကေ၀်မွဲါမ်ုအှ်သီးဍ်ါဟှ ဏှ် ယ်ုလ၀်္ဘးအေး။

္ဘေ့သိုဝ် ဆိုဒ်ဆိုဝ်သင့်ဖေါဟ်သီးလ်ုဖး္ဘေ့မ်ုအဲဍိုဝ်ထါင် ပ်ုဖႜုံထါခေါဟ်လင်ၟလီသိုဝ်္ဘေ့မ်ုထုဂ်ဖႜဟ်ထင်း ထါင် ဖႜုံထါခေါဟ် မူ့လီမူ့လာ မ်ုအှ်သိုဝ်အ်ုဟှင်ၟ ယ်ုဆုမူ့လာၟအှ် အ်ုခေါဟ်စံင် ယ်ုထုဂ်လျာၟလင်္ဘး ဆေ၀်ၟလှ်ဆါ်။

အှ်ဆံင်းလာၟဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကေါဝ်တြာ် ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်ရိုးရာတေး

ကရင့်ရိုးရာတေး

ဒီတေးကတော့ ကရင့်ရိုးရာတေးများစွာထဲက ခႝာ လို့ခေါ်တဲ့ ဗျတ်စောင်းနဲ့တီးခတ် သီဆိုထားတာဖြစ်ပါတယ်။
သီဆိုထားသူတေးသံရှင်ကတော့ ဆရာ ရွှေပိန်းရိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်တုန်းက ဒီးတေးကို ထိုင်းနိုင်ငံ လမ်းခင်းဈေး တခုက ၀ယ်ထားတဲ့ တိတ်ခွေကို စီဒီလေး တချပ် ဖြစ်အောင်ဖန်တည်းပြီးတော့ အခုလို ဘလော့ပေါ်တင်လိုက်တာဖြစ်ပါတယ်။
အဆိုရှင်တွေ ထုတ်လုပ်သူတွေရဲ့ ဦးဏှောက်ကို ဖေါက်စားတာလို့တော့ မထင်စေချင်ပါဘူး။
ရှားပါးတဲ့တေးမဟုတ်တာတောင်မျှ ကြားရခဲတဲ့ တေးတမျိုးလို့ ခံစားရတဲ့အတွက် အခုလိုဖေါ်ပြလိုက် ခြင်း ဖြစ်ပါကြောင်း ရိုးသားစွာ သိစေလိုက်ရပါတယ်။




ရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မပျော်နိုင်တဲ့ခြည်ဖြူဖွဲ့ပွဲ


မပျော်နိုင်တဲ့ခြည်ဖြူဖွဲ့ပွဲ
(မင်းစိုးစံ)

ဝါခေါင်လပြည့်တဲ့နေ့မှာ
နင့်ကိုငါမမြင်ပါလား
နင်ပြန်လာမယ်ဆိုလို့
ဝါခေါင်ပန်းလေးတွေခူးပြီး
ပန်ပေးဘို့ ငါ စောင့်နေမိတယ်
ငါ့ကို တကယ်ချစ်တယ်ဆိုရင်
ပြန်လာခဲ့စေချင်လိုက်တာဟယ်။

နင့်အတွက်
ကြံပိုင်း ငှက်ပျောသီး တင်မက
ခြည်မျှင်လေးနဲ့နတ်ပန်ညို(ဖ၀့်ဝီ.)
ကောက်ညှင်းထုပ်ကို ငါ ဖယ်ထားတယ်။

ငါ့ကိုချစ်တဲ့စိတ်လေး
မပျောက်သေးဘူးဆိုရင်
ခြည်ဖြူဖွဲ့ဘို့အဝေးကနေ
ပြန်လာခဲ့လေဟာ။

ငါတို့ကရင်လူမျိုးတွေခမျာ
အဖိနှိပ်ခံနေရတာ နင်အသိဆုံးပါ။


တချို့များဆိုခုလိုဝါခေါင်လမှာ
မဲညိုနေတဲ့မိုးတိမ်တွေနဲ့
သည်းထန်စွာရွာသွန်းနေတဲံမိုးရေစက်တွေကြား
ပြောင်းစိုက်နေရင်းအိမ်ကိုလွမ်းရှာလွန်းလို့
မျက်ရည်မိုးတွေစွေ
လူမသိသူမသိငိုနေကြတာ
ဝါခေါင်ပန်းလေး
မမြင်ချင်အဆုံး
ဆို့နင့်နေရတုန်း
သူတို့လိုပဲ ကြေကွဲနေရှာတုန်းပါ။

နင်ကလည်းဟယ်
ဘာကြောင့်ပြန်မလာရတာလဲဟင်
မိုးသည်းနေတဲ့ဝါခေါင်လမှာ
နင်မပါပဲနဲ့
ညိုမှောင်နေတဲ့သပြေသီးမှည့်ကိုတယောက်ထဲကောက်ရင်း
ငါလေ………. ငါ…….. ငါ……..
ငိုနေသလားမသိတော့ပါဘူး။

ငါ့မျက်နှာပေါ်လာစင်တဲ့
မိုးရေတွေဟာ
ပူနွေးနေသလိုပဲ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 19, 2010

ကိုယ့်ခြင်းကိုယ်ထိန်း


ကိုယ့်ခြင်းကိုယ်ထိန်း

(မင်းစိုးစံ)

ယနေ့ကမ္ဘာကြီး၏ အခြေအနေသည်မတည်မငြိမ်လှုပ်ရှားနေသည်။ စီးပွါးရေးသော်လည်းကောင်း၊ နိုင် ငံရေးသော်လည်းကောင်း၊ ရာသီဥတုသည်လည်းကောင်း၊ အရာအားလုံးသည် လျှင်မြန်စွာဖြစ်ပျက် ပြောင်းလွဲနေသည်။ အားလုံးအသိပင်ဖြစ်သည်။
ထိုသို့ဖြစ်ပေါ်လာရခြင်းသည် လူတို့၏ထူးထူးခြားခြားတည်ထွင်မှုများ ဆန်းပြားသည့်စမ်းသပ်မှုများ ကြောင့်ဟုဆိုပါလျှင်မှားအံ့မထင်။

တိုးတက်လာသော ကမ္ဘာ့လူဦးရည်နှင့် စားနပ်ရိက္ခာလုံလောက်မျှတရေးအတွက် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အလျှင်မှီရန်အလို့ငှာ ဓါတုဗေဒဆေးဝါးများထည့်သွင်းအသုံးပြု စမ်းသပ် တည်ထွင်ဖေါ်ထုတ်လာကြသည်။

ဈေးနှုံးသက်သာချောင်ချိရေးအတွက် သူ့ထက်ငါအပြိုင်အဆိုင် ကုန်ထုတ်လုပ်မှုစားရိတ်သက်သာ သည်ထက်သက်သာစေရန် ဖြစ်နိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နေကြသည်။ မိမိထုတ်လုပ် လိုက်သည့်ပစ္စည်းတခု ဈေးကွက်အတွင်းအ၀ယ်လိုက်ရေးအတွက် ကုန်ကျစားရိတ်သက်သာရေးသည် အဓိကဖြစ်သည်မဟုတ်ပါလော။

ထိုသို့ထုတ်လုပ်ရောင်းချမှုများကြောင့် အသားငါးများ ဟင်းသီးဟင်းရွက်များသည် သဘာဝ,အတိုင်းမ ဟုတ်သဖြင့် ကမ္ဘာပေါ်တွင်ထူးဆန်းသည့် ရောဂါဆန်းများလည်း ဖြစ်ပေါ်လာလျှက်ရှိသည်။ ထိုရောဂါ များအတွက်တဖန် ဆေးဝါးသစ်များထပ်မံရှာဖွေဖေါ်ထုတ်ကြရပြန်သည်။

ကုန်ပစ္စည်းများတွင်လည်း အရောင်ဆိုးဆေးများအတွင်း ဓါတုဆေးဝါးများအသုံးပြုသောကြောင့် အချို့
သော ပစ္စည်းများသည် အသုံးပြုသူများကို အနာတရဖြစ်စေခြင်းနှင့် မူးမော်ခြင်းများကိုဖြစ်စေတတ်
လေသည်။
ထိုထိုသော အကြောင်းအရာများကို ပြန်လည်စမ်းစစ်ကြည့်သည့်အခါ အရာအားလုံး၏ အဓိကသည် လူသား၏ စိတ်ပင်ဖြစ်သည်။ စိတ်ဟုဆိုလျင် များစွာကျယ်ပြန့်သဖြင့် ရေးသားရှင်းပြ၍ကုန်မည်မဟုတ် ပေ။

ထိုအခါ လူသားတို့၏ စိတ်နေသဘောထားကို အနည်းငယ်တင်ပြလို၏၊ လူတို့သည်ပိုင်ဆိုင်ရယူလိုမှု အလိုမကျမှု ရောင့်ရဲတင်းတိမ်စိတ်နည်းပါးမှု မနာလိုစိတ်ကြီးမားမှု ပြိုင်ဆိုင်လိုမှုစိတ် အားကြီးမှု၊ ထိုထို သောအမှုများကြောင့် လူသားတို့သည် သဘာဝဘေးဆိုးများ ထူးဆန်းသည့်ရောဂါများ အငတ်ဘေး များ ရင်ဆိုင်ကြုံတွေ့ နေကြရသည်ကို ယနေ့သတင်းများတွင် မကြားချင်အဆုံးမမြင်ချင်အဆုံးဖြစ်၏။

ဤနေရာ၌ အလျဉ်းသင့်၍ အနည်းငယ်ပြောလို၏။ ရှေးပဝေသဏီက လူသားများသည် စိတ်ထားမြင့် မြတ်ဖြူစင်သဖြင့် တိမ်ညွန့်ကိုသာစားကြလေ၏။ ထိုသို့စားနေရသည့်အနေအထားမှ စိတ်ညစ်ညူးမှု ကြောင့် တိမ်ညွန့်များပျောက်ကွယ်သွားပြီး မြေဆီမြေနှစ်များကိုသာ စားကြရလေတော့၏။

ထိုမှတဖန် စိတ်ညစ်ညူးမှုများ ပိုမိုကြီးမားလာသဖြင့် မြေဆီမြေနှစ်များပျောက်ကွယ်ကုန်ကာ ပဒေသာပင်ဆိုသည့် အပင်တမျိုးပေါက်လေ၏။ ထိုအပင်ကိုစားသောက်နေရာမှ လူသားတို့၏စိတ်ဓါတ်များသည်
ညစ်ညူး လာသည်သာမက ရယူလိုမှု ပိုင်ဆိုင်လိုမှု အလိုရမ္မက် ပိုမိုကြီးထွားလာမှုတို့ကြောင့် ပဒေသာပင
်များ ပျောက်ကွယ်ကာ ကိုယ်တိုင်ဆင်းရဲပင်ပမ်းစွာ စိုက်ပျိုးစားသောက်ရလေတော့၏။

ထို့ကြောင့်ပင် ဗုဒ္ဒဘာသာဝင်များ အနေဖြင့် ကထိန်သင်္ဃန်းကပ်လှူပွဲ သီတင်းကျွတ်ပွဲ များ၌ ပဒေသာ ပင်များ ပြုလုပ်ကာ လှူဒါန်းကြခြင်းဖြစ်သည်ဟု အဆိုရှိ၏။ ပဒေသာပင်ပေါက်သောခေတ်သို့ ပြန်လည် ရောက်လို ရရှိလိုသော လူတို့၏ဆန္ဒဟုဆိုနိုင်ပါ၏။ ပဒေသာပင်သည် သူ့အလိုအလျှောက်ပေါက်မည်မ ဟုတ်ဆိုသည့်အဆိုလည်း ရှိပြန်သေး၏။

ယ္ခင်စိုက်ပျိုးမြေနှင့်ယ္ခူလက်ရှိ စိုက်ပျိုးမြေတို့သည် အလွန်အမင်းကွာခြားလှပါ၏ ယခင်က မြေသြဇာ အပြည့်အဝရှိသဖြင့် ဓါတ်မြေသြဇာများအသုံးပြူစရာမလိုပဲ ထွက်နှုံးကောင်းလှပါ၏။ ယ္ခအခါတွင် မြေ သြဇာခန်းခြောက်လာသဖြင့် သီးနှံထွက်နှုံးလျော့ကျလာသောကြောင့် ဓါတ်မြေသြဇာများကို အသုံးပြု နေရပေသည်။

ဆိုလိုသည်မှာ စီးပွါးရေးသမားများ၊ လက်နက်ထုတ်လုပ်ရောင်းချသူများ၊ သဘာဝ,အရင်းအမြစ်ထုတ် လုပ်သုံးစွဲရောင်းချသူများ၊ ထိုသူတို့ကြောင့် သဘာဝဘေးဆိုးများကျရောက်ရသည် ဟု အပြစ်ပြောနေ ရုံဖြင့် သဘာဝတရားကြီးသည် သူ့အလိုအလျှောက် ပြန်လည်ဖြစ်ပေါ်ကောင်းမွန်လာမည်မဟုတ်။

ထိုအခါ မိမိတို့အနေဖြင့် ကိုယ်စီကိုယ်စီ၏စိတ်နေသဘောထားများကို ပြောင်းလွဲပစ်ရန်လိုပါ၏။ တဦး နှင့်တဦး ပြိုင်ဆိုင်ကြ ခိုက်ရန်ဒေါသဖြစ်ကြ မနာလိုဝန်တိုဖြစ်ကြခြင်းတို့သည် ကမ္ဘမြေကြီးငြိမ်းချမ်းရန်မ ဆိုနှင့် သည့်ထက်သည် ပိုဆိုးသောဘက်ဆီသို့ပို့ဆောင်သကယ့်သို့သာ ရှိပေချိမ့်မည်သာတည်း။

လူ့ဘဝတွင် အောင်မြင်ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် နည်းလမ်းပေါင်းများစွာကို ပညာရှင်များရေးသား သွန်သင်ဖေါ်ပြခဲ့သည့်ကျမ်းအစောင်စောင် နည်းလမ်းအသွယ်သွယ်ရှိနေပါလျှက် သိပါလျှက် လိုက်နာ ကျင့်ကြံအားထုတ်သူမှာ အလွန်နည်းပါးလှဘိ၏။

ထိုသူအများစုတွင် စာရေးသူသည်လည်း အပါအဝင်တဦးဖြစ်ကြောင်း ရိုးသားစွာဝန်ခံပါ၏၊ သို့သော် အသေးအဖွဲမှစ,၍ စတင်ပြုပြင်မည်ဆိုပါလျင် အဆုံး၌စိတ်ချမ်းမြေ့ရမှု၏ အကျိုးကျေးဇူးကို သိရှိခံစား
ရသည့်အခါ မည်မျှပီတိဖြစ်ရကြောင်းကို ကိုယ်တိုင်သိလာပေမည်။


စာရေးသူသည် အလွန်စိတ်ဆတ်၍ မာနကြီးခဲ့ပါ၏။ ချမ်းသာ၍မဟုတ်၊ ပညာတတ်၍မဟုတ်၊ ရုပ်ချော သလားဟု မေးစရာရှိပါ၏။ တိမ်တောက်ချိန်တွင် မြင်ရပါက မျက်စေ့မှားနိုင်ပါ၏။ အလိုလိုနေရင်း အ ခြောက်တိုက် မာနကြီးခဲ့သူဖြစ်ပါ၏။ စိတ်ဆတ်သည်ဆိုရာ၌လည်း မိမိအားတစုံတယောက်က ဘာမျှ လာမပြောသည့်တိုင် အခြားသူတဦးက မင့်အကြောင်းလူတယောက်က မကောင်းတာပြောသည် ဟု ဆိုလိုက်သည်နှင့် ထိုသူအားသွားရောက် ရန်မူတော့၏။

ယခုအခါတွင်ကား လူတဦးတယောက်သည်မိမိကို မိမိမကောင်းကြောင်း မည်သို့ပင်မကောင်းပြောနေ စေကာမူ ဒီလူကတော့ ငါ၏နေရာကိုရယူလိုသူ သို့တည်းမဟုတ် ငါ့အားမကြေနပ်သူဖြစ်မည် သူ့စေတ နာနှင့်သူ့လုပ်ရပ် သူ့အားအကျိုးပြုလိမ့်မည်ဟု သဘောပိုက်ကာ မည်သို့မျှခွန်းတုံ့ပြန်ခြင်းမပြုပဲ နေ လိုက်သည့်အခါ မိမိ၏စိတ်၌ များစွာငြိမ်းချမ်းကြောင်း လက်တွေ့ခံစားရလေသည်။

အစ,ပထမပိုင်း၌ ဤသို့နေထိုင်ခြင်းသည် ကြောက်ရွံ့ခြင်း၊ ပြဿနာတရပ်ကို ရင်ဆိုင်ဖြေရှင်းရန်အား နည်းခြင်းဟုထင်မှတ်ကာ ကြက်ခေါင်းဆိတ်မခံပြန်လည်ခြေပ,ပြောဆိုခဲ့ပါ၏။ များစွာဆင်းရဲပင်ပမ်းလှ ပြီး လူတကာကလည်း အထင်အမြင်သေး၏။

အဘယ်ကြောင့်ဆိုသော် အင်မတန်ဒေါသကြီးသူဟု အထင်ခံရကာ စုပေါင်းလုပ်သည့်အလုပ်များတွင် တစ,ထက်တစ, စည်းရုံးမှုအင်အားကျဆင်းလာသောကြောင်ြ့ဖစ်၏။

သို့ပါသောကြောင့် ခြင်းလုံးခတ်ကစားခြင်းနှင့်သဏ္ဍန်တူသော လူ့ဘဝနယ်ပယ်အတွင်း လူ့လောကတ ခုလုံးလှပနေသည်ကိုမြင်လိုပါက ကိုယ့်ဘက်သို့ရောက်လာသည့် ခြင်းလုံးကို ဝိုင်းအပြင်မထွက်စေပဲ ဝိုင်းအတွင်းသို့ အေးအေးဆေးဆေး ပြန်သွင်းနိုင်ရန်နှင့် မိမိပို့လိုက်သော ခြင်းလုံးကို မိမိပတ်ဝန်းကျင်မှ ဘ ဝ,တူ ခြင်းခတ်သမားများ လှလှပ,ပ, အကွက်ဆင်ခတ်ပြနိုင်ရန် စေတနာထားရန်လိုပေသည်။

ထိုသို့ဖြစ်လာပါက မိမိတို့၏ ခြင်းလုံးဝိုင်းလေးသည် လူတကာ၏ချီးမွမ်းထောပနာပြုခြင်းကို ခံရမည်သာ ဖြစ်၏။ ထိုသို့မဟုတ်ပဲ မိမိထံရောက်လာသည့် ခြင်းလုံးတိုင်းကို ဝိုင်းအပြင်သို့ ခတ်ထုတ်ပစ်နေမည်ဆိုပါက လူတကာ၏ကဲ့ရဲ့နှာခေါင်းရှူံ့ခြင်းကို ခံရမည် ဖြစ်ပါသောကြောင့် ကိုယ့်ခြင်းကိုယ်ထိန်းကြပါရန် ကရင်ဘလော့ဂါအပေါင်းအား ဤစာကြောင်းများ စာလုံးများဖြင့် အသိပေးတောင်းပန်လိုက်ရပေသတည်း။

မင်းစိုး
အဝေးရောက် ကရင်ဒုက္ခသည်တဦး။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 17, 2010

လာခုဂ်ခါင်ၟစူး

ပ၀်ၟယေါဝ်ၟ ထံင်အ်ုထုက်ဆါ်။ အေလု္ဘးအေလ်ုမွ္ဘဲါးစါ်္ဘိုဝ် လ၀်ပြိုင့်ထါင်သှေ်ဝေ့ဆေ၀်ၟလှ်။



လ်ုဏိင်းလု္ဘႜင် လာၟခုဂ်ခါင်ၟစူး္ဘးခါ့ ကိုဝ်ၟဟှာဍေ ခါင်ၟလာၟစူးဏှ်စါ်။
ဏယ်ဖႜိုဝ်လိုင်ဃှေဝ် ဏယ်မိင်လိုင်ဃှေဝ် သွးခေါဟ်လံင့်ထါ် အှ်္ဘးလာၟ လိုင်ဃှေဝ်။
ဟှယ့်ထါင်အှ်ဍေမေါဝ်ၟ ဟှယ့်ထါင်အှ်ဍေဖါၟ ဟှယ့်ထါင်အှ်ဍေဖူ့ ဟှယ့်ထါင်အှ်ဍေဖီ့။
ဟှယ့်ထါင်အှ်ဍေထီသိုဝ် ဟွယ့္ထါင္အွ္ေဍဖႜဳံဆိုဒ္ကႜာ။
ဟွယ့္ထါင္တါင္ေဍါဟ္လာၟ ဖႜဳံဆု္ဃွီ႔ဆု္လာၟဆၚ။

စ၀်ထေါဟ်တွါ်
(ကႜဳံပိုင္ၟ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထမင်းအိုးမျိုးချစ်


ထမင်းအိုးမျိုးချစ်
(မင်းစိုးစံ)

ကျုပ်နာမည် မျိုးချစ်။ ကရင်လိုကတော့ အယ်ကလူပါ။ လူတိုင်းဟာ ကိုယ့်အမျိုးကိုယ်ချစ်ကြတာဆို တော့ ကျုပ်လည်းလူထဲကလူပဲလေ ကိုယ့်အမျိုးကိုယ်ချစ်တာပေါ့။ အဲဒါဆန်းသလားဗျာ။ တခုတော့ရှိ တယ် ဟိုဒင်းဗျ ဆံထုံးတော့ထုံးပေးမယ် ဆီတော့မစိုက်နိုင်ဘူး။

ဘယ့်နှယ်ဗျာ သူတို့အတွက်လည်း အဆင်ပြေအောင်လိုက်လုပ်ပေးရသေးတယ်၊ တခါကိုယ့်အိပ်ထဲက ကုန်သေးတယ်ဆိုတော့ သဘာဝမကျဘူး။ ဥပမာဗျာ သူတို့ကိစ္စအတွက် ခြူးတပြားရတာမဟုတ်တဲ့နေ ရာမျိုးမှာ ကားရပ်ခ,စိုက်ရတဲ့ဟာမျိုး။ ဒီမှာက ကားရပ်လျင် ရပ်ခပေးရတယ်။ နေရာတကာ ထိုးရပ်လို့ရ တာမဟုတ်ဘူး၊သူတို့ဈေးဝယ်သွားတဲ့အခါ ကားနဲ့လိုက်ပို့တာမျိုး။ ဟိုစာဒီစာဖတ်ပေးတာမျိုးကျုပ်ဘယ် တော့မျှမလုပ်ဘူး။

ကျုပ်က ဗမာပြည်မှာ ဆယ်တန်းအောင်လာတာ။ အင်္ဂလိပ်စာကျတော့ အညံ့သား တခြားဘာသာဆို လည်း မတော်ဘူး။ သင်္ချာမှာတော့ ခြာတူးလန်နေတာ။ ဒီရောက်မှ ထော့ကင်းလေးဘာလေး နည်း နည်းပါးပါးနဲ့လုပ်စား အဲလေ လှုပ်ရှားနေတာ။ နောက်မှရောက်လာတဲ့ ရွှေကရင်တွေကတော့ ကျုပ်ကို သရာ သရာနဲ့ ပါးစပ်ဖျားကကို မချဘူး။ တချို့များဆို သရာဖါးဒို တဲ့။

ဒါအမေရိကန်နိုင်ငံဗျ။ ကိုယ့်မှာမရှိလျင် ဘယ်သူ့ဆီမှာမျှချေးငှားလို့ရတာမဟုတ်ဘူး။ အချိန်နဲ့အလုပ် လုပ်တာဆိုတော့ အချိန်ကအရေးကြီးတယ်။ တရုတ်ပေါက်ဖေါ် အချိန် ကိုပြောတာမဟုတ်ဘူးနော်။ အချိန် နာရီကိုပြောနေတာ။

သူတို့ဆီကိုရောက်လာတဲ့စာတွေက လူမှုဖူလုံရေးဌာနက စာတွေပါ။ အစားအသောက်ကိစ္စ၊ အိမ်လခ, ကျန်းမာရေးကိစ္စ။ ကျောင်းသားတွေရှိတဲ့မိသားစုဆိုလျင် ကျောင်းကလာတဲ့စာတွေ။ အဲဒါတွေပေါ့ဗျာ။
အဲဒါတွေက ငွေယူလို့ကောင်းတဲ့ဟာမျိုးမဟုတ်ဘူးလေ။ အများဆုံး ဘီယာပေါ့။ ဒီထက်ပိုလျင် အသား ကင်လေး စဉ်းကောလေး။ အဲဒါလည်းမဖြစ်သေးဘူး သရာဖါးဒိုဆိုတဲ့သိက္ခာကိုလည်း ထိန်းရမယ်လေ။ မထိန်းလို့မဖြစ်ဘူး ကျုပ်က တမတ်ဘိုးလောက်သောက်ပြီး တဆယ်ဘိုးလောက်မူးတတ်တဲ့ သွေးဆိုးရှိ သလို သွေးတိုးလည်းရှိနေတယ်။(ဆေးမှတ်တမ်း)

လျှောက်မပြောနဲ့နော်။ ကျုပ်မူးလာလျင်လေ ဟိုဗျာ ငယ်ပါတွေပါတွေလိုက်လှန်ပြတတ်တယ်။ မသိတဲ့လူတွေကတော့ အရက်မူးနေလို့ပါ နားလည်ပေးပါပေါ့။ အရက်သမားဗျာ ချေး(ချီး)ကျွေးပါလား မစားတဲ့အပြင် ပါးပါအရိုက်ခံသွားရမယ်။ မှတ်မိတာပေါ့ သိတာပေါ့။

အမူးပြေသွားတော့ မနေ့က ကျုပ်ဘာတွေပြောမိသလဲ ခွင့်လွှတ်ပါ တောင်းပန်ပါတယ်ပေါ့၊ အဲဒါ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ်လောက်ပဲ အဆင်ပြေတာ။ တတိယအကြိမ်ဆိုလျင်တော့ ဆေးရုံမဟုတ်လျင် အချုပ်ခန်းပဲ။

ကံကောင်းတာက ဒီကိုရောက်နေတဲ့ ရွှေကရင်အတော်များများဟာ ဒုက္ခသည်စခန်းမှာနေခဲ့ကြသလိုပဲ ဘာမျှပြောရဲဆိုရဲရှာတာမဟုတ်လို့ ကျုပ်သက်သာနေတာ။ နောက်ပြီး အားနာတတ်တဲ့လူမျိုးဆိုတော့ သရာဖါးဒို ဆိုတဲ့ကျုပ် အဟုတ်ကြီးကိုဟုတ်နေတော့တာပေါ့ဗျာ။

ကျုပ်စိတ်ဓါတ်နဲ့ အမူအကျင့်လေးပြောပြီးသွားတော့ မေးစရာတွေရှိမလားမသိဘူး။
ဒါဆိုလျင် မျိုးချစ် တဲ့ကျုပ် အမျိုးသားရေးနဲ့ပတ်သက်လို့ ဘာတွေလုပ်နေသလဲဆိုတာ မသိချင်ကြဘူးလား?

စောစောကပြောပြီးသွားပြီနော် ငွေမရ,လျင် အိပ်စိုက်အလုပ်ဆိုလျင် ဘာမျှမလုပ်ဘူးဆိုတာလေ၊ ကျုပ် ကရင်လူမျိုးပါဗျာ ကရင့်အကျိုးတော့ထမ်းဆောင်ရ,မှာပေါ့ ဟုတ်ဘူးလား? လူဆိုတာက ဘဝပေးတာ ဝန်နဲ့ သမိုင်းပေးတာဝန်ဆိုတာ ရှိတယ်ဗျ။ ဒီလောက်တော့ ကျုပ်အတွေးမတိမ်ပါဘူး။ ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အိမ်လိုက်ငှားပေးတယ်။ အာမ,ခံပေးတယ်ပေါ့ဗျာ။
ကဲ မတော်သေးဘူးလား?

ဒီမိသားစုကတော့ဖြင့် အခုမှရောက်လာကြတာပါ ကရင်လူမျိုးပါ၊ ဘာညာဆိုပြီး အိမ်ငှားစာချုပ်တွေ ချုပ်တဲ့အခါ လိုက်ပြောပေးပြီး လက်မှတ်တွေဘာတွေ ထိုးပေးလိုက်တယ်ဗျာ။ ခြောက်လ,စာပေါ့။ အဲဒီတော့ သူတို့လည်းအဆင်ပြေ ကျုပ်လည်းဝမ်းသာပေါ့။(သူတို့အိမ်ခန်းရ,သွားလို့)

ဘာကြောင့်ကျုပ်ဝမ်းသာသလဲဆိုတာ ကျုပ်ကိုယ်ကိုကျုပ်အသိဆုံးပါ။
ခင်ဗျားတို့ကော မသိချင်ကြဘူး လား?
မကြေနပ်လျင်လည်း အခုခင်ဗျားတို့ နေနေတဲ့နေရာကနေ လေယာဉ်စီးပြီး မဟုတ်လျင်လည်း ယာဉ် တမျိုးမျိုးစီးပြီး ကျုပ်ပါးကို လာနမ်းကြဗျာ။ ကျုပ်လုံးဝ,မပြောဘူး။
အဲဒါကျုပ်ထမင်းအိုးဗျ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 15, 2010

အဲဆ်ုဃှီ့လာ ပညာ့ရဲါသီ့ဆာ. ကိုဝ်.ဟှာဍေအ်ုဟှင်.

ကရင်ယဉ်ကျေးမှုကို လေးစားမြတ်နိုးတန်ဘိုးထားကြတဲ့ ဒုံးဆရာ ဒုံးဆရာမများကို အဓိကရည်ရွယ်ပါတယ်။

stm02
အားလုံးကိုကျေးဇူးတင်ပါတယ်။
အခုရေးသားတင်ပြလိုက်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးတစုံတရာပြောဆိုဆွေးနွေးလိုတယ်ဆိုပါလျင် အောက်မှာဖေါ်ပြထားတဲ့ လိပ်စာအတိုင်း ပြောဆိုရေးသားဆွေးနွေးနိုင်ပါတယ်။
ကရင်စာအားနည်းနေသေးတဲ့ ညီအကိုတွေအနေနဲ့လည်း အသံလေးကြားချင်တယ်ဆိုလျင်ဖြင့်
အောက်ကလိပ်စာအတိုင်း အကြောင်းကြားနိုင်ပါတယ်။
ကျန်းမာချမ်းသာလန်းဖြာရွှင်လန်းကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
minsoesan@gmail.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 14, 2010

ကရင်လူမျိုး စာကြည့်ပိဋကတ်တိုက် အပိတ်ခံရခြင်း


အာဏာပိုင်များက ချိတ်ပိတ်ထား၍ လူသူ ခြောက်သွေ့နေပြီ ဖြစ်သော ရွှေတိဂုံဘုရား ဝတ္တကမြေ အတွင်းရှိ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်ကို သောကြာနေ့ သြဂုတ်လ ၁၃ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။
ဓာတ်ပုံ- မဇ္ဈိမ။
ရွှေတိဂုံဘုရား ဝတ္တက နယ်မြေ အတွင်းရှိ ပိဋကတ်တိုက် ၆ တိုက်ကို ချိတ်ပိတ်ပြီးဖြစ်ရာ ယင်း ပိဋကတ်တိုက်မှ တခုကို မြန်မာနိုင်ငံနှင့်သီရိလင်္ကာ ချစ်ကြည်ရေးအတွက် သီရိလင်္ကာမှဗုဒ္ဓဘာသာအဖွဲ့များလာ ရောက်ပါက တည်းခိုနေထိုင်နိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြောသည်။

အပိတ်မခံရသော ကျန်ပိဋကတ် ၂ ခုမှာ ကြေးတိုင်နှင့်မြေစာရင်းဌါနမှ ဝန်ထမ်းများနှင့်ရဲဝန်ထမ်းများ နေထိုင်ခွင့် ပြုထားသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုယ့်ရိက္ခာကိုယ်ရှာစား


ကိုယ့်ရိက္ခာကိုယ်ရှာစား
(မင်းစိုးစံ)

ဗမာ့တပ်မတော်ရဲ့ဆောင်ပုဒ်
အတော်ဟုတ်တာပဲ
ကိုယ့်ရိက္ခာကိုယ်ရှာစား
ဂျီးတော်နွားကျောင်းတဲ့ဘဝ
မတရားတာအပ,ထား
ကိုယ်ရ,ကိုယ်ယူ
ဒါတပ်မတော်ရဲ့မူပေါ့။

ဆင့်ကဲဆင့်ကဲခေါင်းပုံဖြတ်
မင်းလုပ်တတ်လျင်စား
နတ်တင်မှအစားရကြာမယ်
တပ်သားတွေရဲ့ဘဏ္ဍာငွေ
ပြန်မပေးလေနဲ့ဗျား။

လယ်သမားတွေရဲ့လယ်
သိမ်းပေတော့ကွယ်တို့။

မိန်းမရွယ်လေးတွေကျ
ကာမ,မှာပျော်ဘို့ထား
အနှိပ်ခန်းများများဖွင့်
အားမရ,လျင်လူကုန်ကူး။

မလေးရှားနဲ့ စင်္ကာပူ
ကိုးရီးယားသွားမယ့်သူတွေ
လာပေတော့သိန်းငါးဆယ်အထက်
ပလပ်စတစ်စက်ရုံမှာလုပ်ဘို့တဲ့။

တချို့ကျ
လိုက်ကောက်ရတဲ့ကျွတ်ကျွတ်အိတ်
အိပ်ချိန်တောင်မရှိဘူး။

စစ်ခေါင်းဆောင်တွေကျ
သုံးလိုက်ကြတဲ့အသပြာ
ဒေါ်လာတရာဆိုတာအသေးအမွှား
တနေ့တာခွေးစာအတွက်
ဈေးဝယ်ထွက်တာတဲ့ဗျို့။

ဒီတော့ဗျာ
သူပိုင်ရာသူရိုက်စား
ကိုယ်ပိုင်ရာကိုယ်ဝါးကြေးဆိုတော့
ရဲဘော်လေးတွေရဲ့ချွေးနည်းစာ
စုထားတဲ့ငွေအသပြာကို
ကိုယ့်ရိက္ခာလိုသဘောထားပြီး
မယားငယ်လေးအတွက်
ကားဝယ်ပေးလိုက်တယ်။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 13, 2010

အှ်လာ.သ္တ်ါကိုဝ်ဟှာဍေ

အှ်လာၟသ္တ်ါကိုဝ်ၟဟှာဍေ
(ဖူ့တာမိက်)

ကရင်စာမှာ အားနည်းနေတဲ့သူများအနေနဲ့ အသံဖိုင်လေးနဲ့နားထောင်ချင်တယ်ဆိုရင် အကြောင်းကြား နိုင်မယ်ဆိုရင်တော့ ကျုပ်အသံဖိုင်လေးတင်ပေးလိုက်ပါ့မယ်။

လေးစားမှုခင်မင်မှုများဖြင့်
မင်းစိုးစံ
အဝေးရောက်ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 12, 2010

အာရုဏ်ဦးမှာ ဖူးသည့်ကြာ (www.voanews.com/burmese)

အာရုဏ်ဦးမှာ ဖူးသည့်ကြာ အမည်ရ ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ သဘောထားအမြင်ကို နားသောတဆင်ရမည်ဖြစ်ပါသည်။ ဗွီအိုအေ မြန်မာပိုင်းဌာနမှ သတင်းကို ထပ်ဆင့်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။




ရုပ်နှင့်အသံ အသံနှင့်ရုပ် တွဲလျှက်တင်နိုင်ရေးအတွက် စိတ်ရှည်လက်ရှည် သင်ကြားပြသ,ပေးသည့် ဆရာဆုတောင်း(ကိုးရီးယား)ကို အထူးကျေးဇူးတင်ပါကြောင်းနှင့် ကရင်အမျိုးသား အမျိုးသမီး ပညာရှင်များ အနေဖြင့် မိမိတို့တတ်စွမ်းသည့်ဘက်မှ ကရင်လူထုအကျိုးအတွက် ဘက်ပေါင်းစုံမှ နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားအားထုတ်နိုင်စေရန် ဆန္ဒ့ပြုလိုက်ပါသည်။

ကျေးဇူးတင်ခြင်းများစွာဖြင့်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လိင်ကျွန်များ၏ စေတနာ

  1. Photo by www.google.com/images
Align Centerလိင်ကျွန်များ၏ စေတနာ
ဝင်းနိုင်ထွန်း

မျက်မှောက်ခေတ် လိင်ကုန်ကူးမှု လုပ်ငန်းတွင် တမင်တကာ အစီအစဉ်တကျ အမျိုးသမီးများနှင့် ကလေးများကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ ကျွန်ပြု ခြင်းနှင့် သန်းပေါင်း များစွာသော အမျိုးသမီးများနှင့် ကလေးများကို သတ်ဖြတ်ရာတွင် လူသတ်မှုဖြင့် တိုက်ရိုက် ကျူးလွန်ကြခြင်း(သို့) သွယ်ဝိုက်သော နည်းဖြင့် မူးယစ်ဆေးဝါး ဆေးစွဲရာမှ အသက်ဆုံးရှုံးရခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများဖြင့် အသက် ဆုံးရှုံးရခြင်းတို့ပါဝင်သည်။
နိုင်ငံတော်တော်များများသည် လိင်ကုန်ကူးမှုထက်မုဒိမ်းမှု၊ လူသတ်မှုနှင့် ညှင်း ပန်းနှိပ်စက်မှုများကို ထိရောက်စွာ ဥပဒေများ ဖြင့်အရေးယူဆောင်ရွက်ခြင်းနှင့် ပြစ်ဒဏ်ပို ပေးခြင်းတို့ အရေးယူနေသောကြောင့် ထို လိင်ကျွန်ပြုမှုသည် ကမ္ဘာတွင်စက်ဆုတ်စရာ အဖြစ်အပျက်အနေဖြင့် ဆက်လက်တည်ရှိနေ ဦးမည်ဖြစ်သည်။ လိင်ကုန်ကူးမှုသည် လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် မဟားတရားပြု ကျင့်မှုတို့ဖြင့် စုစည်းကျူးလွန်သည့် ပြစ်မှု အဖြစ်လည်း ရှုမြင်ရမည်ဖြစ်သည်။

ထိုလိင်ကျွန်ပြုခံရသူတို့ အနေဖြင့် လွတ်မြောက်ရန် အခွင့်အလမ်း အလွန့်အလွန် နည်းပါးသည်။ ကိုယ့်ကိုယ်ကို လွတ်မြောက်ရန် ထိုလောကမှ ရုန်းထွက် လာခဲ့သည့်တိုင် ၄င်းတို့ ကိုယ်တိုင်ရပ်တည်ရန် အတွက် မျှော်လင့်ချက် နည်းသည်။ အနည်းနှင့်အများ ဆိုသလို ၄င်းတို့သည် မူးယစ်ဆေးဝါး စွဲနေခြင်း၊ အရက်စွဲနေခြင်းနှင့် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါစွဲကပ်နေသူများ ဖြစ်နေသူများ ဖြစ်ကြသည်။ မိသားစုများကလည်း ကြဉ်ထားကြသည်။ အလုပ်အကိုင် ရဖို့ကလည်း အခွင့်အလမ်း အလွန်နည်းပါးသည်။
လိင်ကျွန်ပြုခံရသူများသည် လွတ်မြောက်ရန် ကြိုးပမ်းမှုဆိုသည်မှာ ရှားရှားပါးပါး ကြိုးပမ်းမှုမျိုးသာ ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့ကို ကြိုးကိုင်ကျွန်ပြု သူများက အကြမ်းဖက် ခြိမ်းခြောက်မှုများ ရှိနေခြင်း၊ နောက်ကွယ်မှ မိသားစုများကို အကြမ်းဖက် ကျူးလွန်မည်ဟု အကြပ်ကိုင် ခြောက်လန့်မှုများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်။
ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ များကြောင့်လည်း လိင်ကျွန်ပြုခံရမှု ပိုကြာညောင်းစေသည်။ ငယ်ရွယ်သူ ထိုင်းအမျိုးသမီးလေးများကို ၄င်းတို့ မိဘများကိုယ်တိုင် ဖျော်ဖြေရေး လုပ်ငန်းများတွင် သွားရောက် အလုပ်လုပ်ရန် စေခိုင်းမှုများ ရှိသည်။ ရရှိသည့် ဝင်ငွေကိုမိဘများက အိုစာအဖြစ် သုံးစွဲကြသည်။ အငယ်ဆုံးသမီးက သက်ကြီးရွယ်အို မိဘများကို လုပ်ကျွေးသမှု ပြုရမည်ဟူသော အစွဲလန်းတစ်ခုကို စွဲစွဲမြဲမြဲ သွန်သင်ထားသည့် ဓလေ့ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ပြည်တန်ဆာအိမ် တစ်အိမ်တွင် အလုပ်လုပ်နေသော ထိုင်းအမျိုးသမီး တစ်ဦးဖြစ်သူ Panadda ဆိုသူကမူ ၄င်းလူကုန်ကူးခြင်း ခံရစဉ်ကတင်ခဲ့သည့် အကြွေးဆပ်ပြီးသည့်တိုင် ၄င်းကို အမျိုးမျိုး ဒုက္ခပေးနေသည့် ဖောက်သည်များကို ဝန်ဆောင်မှု ကျေပွန်အပြည့်ပေးပြီး မဖြစ်စလောက်သော ရသည့်ဝင်ငွေဖြင့် ဖခင်ဖြစ်သူအတွက် ဂုဏ်ယူဝံ့ကြွားစွာ ဆက်လက် အလုပ် လုပ်ကိုင်နေသူကို တွေ့ရှိခဲ့ရသည်ဟု Free the Slaves မှ ညွန်ကြားရေးမှုး အဖွဲ့ဝင်တစ်ဦးဖြစ်သူ Siddharth Kara က ဆိုသည်။ ထိုင်းနိုင်ငံ၏ ကျန်းမာရေးစနစ် သုတေသနအဖွဲ့၏ လေ့လာချက်အရ ထိုင်းနိုင်ငံရှိ ပြည်တန်ဆာများ၏ ၄ဝ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြသည်။ ၁၈ နှစ်အထက်ရှိ ပြည်တန်ဆာ လုပ်နေသူများသည် ပြည်ပနိုင်ငံများ ဖြစ်ကြသော မြန်မာ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ လာကြသူများ ဖြစ်ကြသည်။ တချို့မှာ အတင်းအဓမ္မ ပြည်တန်ဆာအဖြစ် စေခိုင်းခံရသူများနှင့် လိင်ကျွန်အဖြစ် ပြုကျင့်ခြင်းခံရသူများ ဖြစ်ကြသည်ဟု ဆိုသည်။ ပါရှန်ပင် လယ်ကွေ့နိုင်ငံများတွင်လည်း ယခင် ဆိုဗီ ယက်နိုင်ငံများ၊ အရှေ့ဥရောပ၊ အာဖရိက၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းတို့မှ လူ ကုန်ကူးခြင်းခံရသည့် အမျိုးသမီးများနှင့် ကလေးများသည် လိင်ကျွန်အဖြစ်ဆက်လက် ရှိနေဆဲဖြစ်သည်။၂ဝဝ၇ခုနှစ် အိန္ဒိယနိုင်ငံ၊ အမျိုးသမီးများနှင့်ကလေးငယ်များ ဖွံဖြိုးမှု ဝန်ကြီးဋ္ဌာန၏ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ တွင် ၂.၈သန်းခန့် လိင်လုပ်သားများရှိရာ ၃၅.၄၇ ရာခိုင်နှုန်းသည်၁၈နှစ်အောက် မတိုင်မှီ ပြည့်တန်ဆာလုပ်ငန်းသို့ ရောက်ရှိ နေကြသူများဖြစ်ကြောင်း၊ မကြာသေးမှီ ရာစုနှစ်များထက် နှစ်ဆခန့်ုတိုးလာသည်ကို တွေ့ရှိရကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပြည်တန် ဆာတန်းများတွင် နီပေါလ်သူ ၂ သိန်းခန့် လူကုန်ကူးခြင်းခံနေရကြောင်း၊ နှစ်စဉ်အိန္ဒိယ နိုင်ငံမြို့ကြီးများတွင် ၅ဝဝဝ မှ ၇ဝဝဝ အထိ လူကုန်ကူးခြင်းခံနေရကြောင်း၊ အများစုမှာ ၉ နှစ် ၁ဝ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ဖေါ်ပြထားသည်။ လိင်ကျွန်ခံပြီးသူ အရေအတွက် များလာသည်နှင့် အမျှ ၄င်းတို့၏ ကံကြမ္မာများသည် ပြန်လည် လူကုန်ကူးခံရသည့် ဘဝပင် ပြန်လည်ကျရောက်ရပြန်သည်။ တစ်ကြိမ်မက သုံးလေးကြိမ်(သို့) အကြိမ်ကြိမ် ဖြစ်ကြရသည်။ ထိုသို့ဖြစ်ရခြင်းသည် ပြန်လည် လွတ်မြောက်လာသော သားကောင်များသည် ဆင်းရဲမွဲတေမှု အခြေအနေသို့ ပြန်လည် ရောက်ရှိပြန်သောကြောင့် လည်းကောင်း၊ အိမ်တွင်းရေး အကြမ်းဖက်မှုများ ဖြစ်သောကြောင့် လည်းကောင်း၊ လူမှုရေးနယ်ပယ်တွင် ဘက်လိုက်မှုများ ရှိသောကြောင့် လည်းကောင်း(သို့) စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်း မရှိသောကြောင့် လည်းကောင်း စသည့် အချက်များကြောင့် ဖြစ်ရသည်။ ထိုအခြေအနေများက ၄င်းတို့ကို ထပ်မံ လူကုန်ကူးခြင်း ခံရဖို့ဖြစ်စေသည်။ လိင်ကျွန်အဖြစ် ပြန်လည် ကျရောက်လာရသော သားကောင်အများစုသည် လိင်ကုန်ကူးသူများ၏ လိမ်လည် ဖျားယောင်းမှုကို ဒုတိယအကြိမ် ခံကြရပြန်သည်။ တစ်နည်းအားဖြင့် ပြန်လည် ထိမ်းသိမ်းစောင့်ရှောက် ခံထားရသူများသည်ပင်လျှင် ဒုတိယ၊ တတိယအကြိမ် လိင်ကျွန်ပြုခံရရန် ဖျားယောင်း ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် အနိုင်ထက်ပြု ကျင့်ခံရခြင်းတို့ဖြင့်သားကောင်ဘဝပြန် ရောက်ရပြန်သည်။ ထိုအခေါက်တိုင်းတွင် လိင်ကုန်ကူးသူများမှာ အမျိုးမျိုးသော နည်းလမ်းများဖြင့် ကုန်ကူးကြသူများ ဖြစ်ကြပြီး၊ တစ်ခေါက်နှင့်တစ်ခေါက် လိင်ကုန်ကူးသူများ မတူချေ။ လိင်ကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများသည် သားကောင်များကို အစာရေစာ အငတ်ထားခြင်း၊ အကျဉ်းချထားခြင်း၊ ရိုက်နှက်ခြင်း၊ မဟားတရားပြုကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အုပ်စု ဖွဲ့မုဒိမ်းကျင့်ခြင်း၊ သားကောင်၏ မိသားစုပါ အကြမ်းဖက်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းနှင့် မူးယစ်ဆေးဝါးများကို အတင်းအကြပ် သုံးစွဲခိုင်းခြင်းတို့ ပါဝင် သည်။အာရှဒေသသည် ထိုလူကုန်ကူးမှုမျိုးသည် အနောက်နိုင်ငံများထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျှက်ရှိသည်။ သို့သော် အနောက်နိုင်ငံများကဲ့သို့ ထင်ထင်ပေါ်ပေါ်မျိုးတော့ မဟုတ်ချေ။ သိုသိုသိပ်သိပ်ဖြင့် ပျံပွားနေသော လူကုန်ကူးမှု ပုံစံတစ်မျိုးဖြစ်သည်။ ကုန်ပစ္စည်း သဘောမျိုးထားကာ အရောင်းအဝယ် ပြုလုပ်နေကြသည်။ ကြော်ငြာများမှ တစ်ဆင့် ကလပ်များ၊ လမ်းမများ၊ ဇိမ်ခန်းများနှင့် အလှပြင်၊ အနှိပ်ခန်းများမှာပင် အရောင်းအဝယ် ဖြစ်နေလျှက် ရှိနေပေတော့သည်။

ဝင်းနိုင်ထွန်း
Source: The Fate of Sex Slaves
လျှပ်တပြက် ဂျာနယ်မှကူးယူဖေါ်ပြပါသည်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရန်ကုန်မြစ်ကို အန်တု နေသည့် သူရဲကောင်း (၄) ဦး


ရန်ကုန်မြစ်ကို အန်တု နေသည့် သူရဲကောင်း (၄) ဦး



ရန်ကုန် မြစ်ကြောင်း တစ်လျှောက် မြစ်ရေ အတက် အကျကို အချိန် ကိုက်၍ ရေအောက် ပစ္စည်း ရှာဖွေ နေသည့် ရေငုပ် အဖွဲ့များ လှုပ်ရှား နေသည်ကို နေ့စဉ် မြင်တွေ့ နေရသည်။ ထိုသူများ မည်သို့ ရှာဖွေ ကြသည်ကို သိရှိနိုင်ရန် ရေငုပ်အဖွဲ့ တစ်စု နှင့် လိုက်ပါ၍ မေးမြန်း စူးစမ်းဖြစ် ခဲ့သည်။

မောင်မောင်မြင့်(၁၆) နှစ်

(၁ဝ) နှစ်သားက စပြီး လိုက်ခဲ့ တာပါ။ အစပိုင်း ဆိုတော့ လှေပေါ်မှာ ပိုက်ကိုင်၊ ကြိုးကိုင်၊ လှေစောင့် စတဲ့ အလုပ်ကို သင်ရတယ်။ တစ်ခါ တလေ ''ချွန်း''ပေါ်မှာ ညအိပ် ရတယ်။ လှေတစ်စီးမှာ (၄/၅)ဦးပါ။ ရရှိ လာတဲ့ ပစ္စည်းတွေ ရောင်းချပြီး အစုခွဲ ရတယ်။ စက်လှေ ပိုင်ရှင်က (၂)စု ရတယ်။ တချို့ ပိုင်ရှင် တွေက ကိုယ်တိုင် လိုက်ပါပြီး ရေငုပ်သမား က (၁)စု၊ အလုပ်သင် တွေက စုဝက် ရတယ်။ ပုံမှန်တော့ မရှိပါဘူး။ ပစ္စည်းရတဲ့ အပေါ် မူတည်ပြီး ရတယ်။ နည်းရင် (၁ဝဝဝိ) ကျပ်၊ (၁၅ဝဝိ) ကျပ် ကနေ (၂၅ဝဝိ) ကျပ် (၃ဝဝဝိ) ကျပ် ရတယ်။ အဲဒီ ကနေ နည်းနည်း ကျွမ်းကျင်တော့ သင်္ဘော ပျက်တွေ ဆင်းစမ်း ရတယ်။ သင်္ဘော စမ်းတာ ကလည်း မလွယ်ပါဘူး။ သင်္ဘောထဲ ဝင်ရင် ဝင်လမ်း ထွက်လမ်း တွေကို သေသေ ချာချာ မှတ်သား ရတယ်။ ရေအောက်မှာ ဆိုတော့ ဘာမှ မမြင်ရဘူး။ စမ်းတဝါး ဝါးနဲ့ သွားရတာ။ မျက်စိကန်း နေတဲ့လူ အတိုင်းပဲ။ ရေငုပ်ခေါင်း ကိုလည်း သေချာ တပ်ထား ရတယ်။ လေရှူငုပ်သမား ဆင်းရင် ကွန်ပရက်ဆာ ပန့်ခေါင်း ပြုတ်မထွက် အောင် ဂရုစိုက်ရ တယ်။ အဲဒီက တစ်ဆင့် ပိုက်ကနေ ရေငုပ်သမားဆီ လေရောက်တယ်။

ပန့်ခေါင်း ပြုတ်ထွက် ရင် လေ မထွက်ဘဲ လေပြန် စုပ်လို့ ရေငုပ်ခေါင်း ဝတ်ထားတဲ့သူ စုပ်အားကြောင့် မျက်လုံး ကျွတ်ထွက် တာတွေ ရှိတယ်။ သေတဲ့ အထိ မတွေ့ရ သေးပါဘူး။ ရေအောက်မှာ ဘာမှ မမြင်ရတော့ လက်နဲ့ စမ်းရတယ်။ တွေ့တဲ့ ပစ္စည်းကို ပါလာတဲ့ ဇကာ ပိုက်ထဲကို ထည့်ရ တယ်။ အတွေ့များ တာက ကျောက်မီးသွေး၊ သံတို သံစနဲ့ ကျောက် (ကျောက်ဆူး) တွေ အရင်က သံတို သံစနဲ့ ကျောက်ငုပ်တယ်။ ဒီနောက်ပိုင်း ကျောက်မီးသွေး တွေလည်း ယူရ တယ်။ ကျောက်မီးသွေး တုံးတွေက အရင်ေ ကျာက်မီးသွေးနဲ့ မောင်းတဲ့ သင်္ဘောတွေမြှုပ် တာတို့ ပြုတ်ကျ တာတို့ကြောင့် မြစ်ထဲမှာ ရှိနေတာပါ။ အခက် အခဲက ရေငုပ်ပိုက် တွေကို အပေါ်က ဖြတ်သွားတဲ့ သင်္ဘော ပန်ကာက ဖြတ်သွားတဲ့ အခါမှာ အဲဒီပိုက်က ကိုယ်ကို ပတ်မိ တာကြောင့် သေတတ်တယ်။

မရတဲ့ ရက်ဆို (၁ဝ) ပိဿာ ရတဲ့ ရက်ဆို ပိဿာ (၄၊၅) ဆယ် ရတယ်။ သံတိုသံစ (၁) ပိဿာကို (၄ဝဝ) ကျပ်၊ ကျောက်မီးသွေး (၁၂ဝ) ကျပ်နဲ့ ကုပ်(၂၅ဝ) ကျပ်ရတယ်။ ကုပ်ဆိုတာက ကျောက်မီးသွေး ပုံစံ ပါပဲ။ ပန်းဘဲဖို တွေမှာ သုံးကြတယ်။ နွေရာသီ ဆိုရင် ရေငန် တိုးတော့ နုန်းအုပ်တော့ ဘာမှ ဆယ်လို့ မရဘူး။ ဆောင်းနဲ့ မိုးရာ သီမှာ အလုပ် ဖြစ်တယ်။ ရေငုပ်ရ တာက ရေတက် ရေကျ ချိန်ရဲ့ ကြားကာလ ရေတန့် နေတဲ့ အချိန် (၁) နာရီပဲ ရှိတယ်။ ရေပြန် တက်မယ့် အချိန် မှန်းပြီး ကိုယ်ငုပ်မယ့် နေရာကို ကြိုသွား ရတယ်။ နွေရာသီ ဆိုရင် အထက်ပိုင်း ရွှေပြည်သာ၊ ထန်းတပင်ဘက် တက်ပြီး သစ်တုံးတွေ မြုပ်နေတာ ဆယ်ရတယ်။ သစ်တော ဦးစီးက ဆယ်မဲ့ အဖွဲ့ တွေကို အလံတွေ ထုတ်ပေး ထားတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ သစ်တုံးတွေ ရရင် စက်လှေ ဘေးမှာ ကပ်ချည်ပြီး သတ်မှတ် နေရာကို ပို့ပေးရတယ်။ သစ်တစ်တန်ကို (၇ဝဝဝဝိ) ရတယ်။ သင်္ဘောပျက်တွေ ကတော့ လူကြီး တွေနဲ့ ပူးပေါင်းပြီး မိုးကောင်းတို့ ဧရာဝတီ သင်္ဘော နဲ့ နာဂစ်တုန်းက တံတား၊ အပျက်တွေ ဆယ်ရ ဖူးတယ်။ သင်္ဘော အပေါ် မူတည်ပြီး တိုင်လီခွံတွေကြီးရင် တောတွေနဲ့ ဆယ်ရတယ်။ အဲဒီ အခါကျရင် အိမ်လည်း မပြန်ရဘူး။ စက်လှေပေါ် မှာပဲ စားအိပ် ရတယ်။ ကျောက်ဆူး ရရင် တစ်ဦးကို (၅ဝဝဝဝိ) လောက်ရတယ်။ မိသားစု (၈) ဦး ရှိတယ်။ အဖေက ချယ်ရီတောင်တန်း ကုမ္ပဏီမှာ လုပ်တယ်။ အဖေရယ် ကျွန်တော်က စီးပွားထွက် လုပ်တယ်။ (၄) တန်းအထိ ပညာ သင်ယူဖူး ပါတယ်။

ထွန်းကို(၁၄)နှစ်

ဒီစက်လှေရဲ့ နာမည်က ပျံလွှား ၊ေ ဒသ အခေါ် စက်လှေလို့ မခေါ်ပါဘူး။ ''ချွမ်း'' လို့ ခေါ်တယ်။ ပိုင်ရှင်က ကျွန်တော့် ဦးလေး မောင်ဌေး ပိုင်တာပါ။ ပြီးခဲ့တဲ့ သီတင်းကျွတ်က စလိုက် တာပါ။ အလုပ်သင် ဆိုတော့ အပေါ်မှာ နေတယ်။ ကွန်ပရက်ဆာကြည့်၊ ပိုက်ဆွဲကြိုးဆွဲ စတဲ့ တောက်တို မည်ရ အလုပ်တွေ လုပ်ရတယ်။ အရင်နေ့ တွေက လူကြီး (၂) ဦး ပါတယ်။ အပေါ် ကျွမ်းကျင်မှ အောက်ကို ဆင်းရတယ်။ နေ့တိုင်း ထွက်တယ်။ ရွှေပြည်သာ နားမှာ ကျောက်ဆူး တစ်ခု ရဖူးတယ်။ အဲဒီတုန်းက တစ်ဦးကို (၁၅ဝဝဝဝ) ဝေစု ရတယ်။ ရေတက် ရေကျ မနက် တစ်ခါ နေ့ခင်း တစ်ခါ ထွက်တယ်။ သွားတာက ဒလကနေ ကျောက်တန်းနား အထိ သွားတယ်။ စက်လှေ အကျယ် အဝန်းက (၁ဝ'x၃၅') ရှိတယ်။ မြင်းကောင်ရေ (၁၆) ကောင်ရှိတဲ့ အင်ဂျင ပါတယ်။ တန်ဖိုးက သိန်း (၅ဝဝ) ရှိတယ်။ ကျောက်မီးသွေး နဲ့ သံတို သံစတွေ အရ များတယ်။ သံတို သံစ ကလည်း ဆယ်ရင်သာ ကြီးတာ။ တူနဲ့ ထုခွဲ လိုက်ရင် ဘာမှ မကျန်ပါဘူး။ အစ်ကိုမြင်တဲ့ အတိုင်း ပါပဲ။ မိသားစု (၆) ဦး ရှိတယ်။ ကျောင်း မနေဖူးပါဘူး။ ကိုရင် (၇) ဝါ အထိ စာလိုက် ဖူးတယ်။

အောင်လေး(၁၄)နှစ်

လိုက်နေတာ (၃) နှစ်ရှိပြီ။ တောက်တိုမည်ရ အပြင် ညဘက် ချွန်းပေါ်မှာ အိပ်လို့ စုဝက် ရတယ်။ တစ်ခါ တလေ မနက် (၄) နာရီ ထထွက် ရတယ်။ အလုပ် ကတော့ ဒီလိုပဲ အတုမြင် အတတ်သင်ပါ။ သင်္ဘော ဆယ်တဲ့ အထဲ ပါဖူးတယ်။ ဆယ် မပြီးမချင်း ချွန်းပေါ်မှာ အိပ်ရတယ်။ ဝိုင်းဝန်း ကူညီ ရတယ်။ အဲဒီတုန်းက (၅ဝဝဝဝိ) ရပြီး ပီပါ ခွံတွေနဲ့ ဆယ်ရတာ။ အခု ကြိုးစားမှ ရေငုပ် သမား ဖြစ်မယ်။ ပြီးရင် စက်လှေ ပိုင်ရှင်ပေါ့။ ဒီနေ့ဆို ကျောက်မီးသွေး (၁ဝ) ပိဿာပဲ ရတယ်။ ဆီဖို နှုတ်ရင် ဘာမှ မကျန်တော့ပါဘူး။ ပိုင်ရှင်က သဘောကောင်း လို့ (၅ဝဝ) ရတယ်။ (၆) တန်း အထိ နေခဲ့တယ်။ စီးပွားရေး အခြေ အနေကြောင့် ဆက်မတက် ဖြစ်တော့ပါဘူး။ မိသားစု (၆)ဦးရှိတယ်။

ရဲရင့်(၁၄)နှစ်

နာဂစ် မဖြစ်ခင် ကတည်းက လိုက်နေတာပါ။ ဒီလှေမှာ လိုက်တော့ ကျောက်ဆူး ရလို့ ဝေစု(၁၅ဝဝ၀ဝိ) ရတယ်။ တစ်ခါ ဆင်းဖူးတယ်။ နားကိုက်လို့ ပြန်တက် ရတယ်။ သင်္ဘောပျက် ဆယ်ဖူးတယ်။ တိုင်ကီ (၁၇၂) လုံးနဲ့ (၂) လ ဆယ်ရတယ်။ အဲဒါ ကလည်း ရေတက် ရေကျ ချိန်ကိုက် လုပ်ရ တာပါပဲ။ ကျပ် (၅ဝဝဝဝ) ရတယ်။ အဖွဲ့တွေ များလာလို့ လုပ်ရ ကိုင်ရ တာ အဆင် မပြေ တော့ပါဘူး။ ကျွန်တော်တို့က ဒီလိုပဲ မှန်းပြီး ရေငုပ်နေရတာ။ လုပ်ငန်းကြီး သမား တွေက သင်္ဘောပျက် ဆယ်တာတို့၊ တချို့ သင်္ဘောတွေ အင်ဂျင် ပြုတ်ကျလို့ ပြန်ဆယ်တဲ့ ကန်ထရိုက် စနစ်တွေ ရတယ်။ မနက်နဲ့ နေ့လယ်ပိုင်း ထွက်ကြတယ်။ ညဘက်ဆို မထွက်ကြ တော့ဘူး။ ရေငုပ်တာ ကတော့ တစ်စီးမှာ (၂) ဦးပါတယ်။ အစ်ကို ပါလာတဲ့ နေ့ မှ လူကြီးတွေ မအားလို့ ကျွန်တော်တို့ (၄) ဦးထွက် လာတာပါ။ အမြဲတမ်း လုပ်နေရလို့ ဘာအခက် အခဲမှတော့ မရှိပါဘူး။ ရေငုပ် သမားတွေက တစ်ခါ ငုပ်ရင် မိနစ် (၂ဝ )လောက် ကြာတယ်။ ကွန်ပရက်ဆာခေါင်း ပြုတ်မထွက်အောင် စက်မပျက်အောင် ဂရုစိုက် ရတယ်။

ရေငုပ် အဖွဲ့ များ၏ ရာသီချိန်သည် မိုးဥတု ဖြစ်ပြီး နယုန် လကုန်မှ စ၍ ပြာသိုလကုန် အထိ အဆက် မပြတ် ရှာဖွေ ကြပြီး ကျန် လများတွင် ရံဖန်ရံခါ ရှာကြသည်ဟု သိရသည်။ အဆိုပါ လများသည် ရေချို ဝင်ရောက် မှုကြောင့် ရေအောက် ပစ္စည်း ရှာဖွေရ လွယ်ကူပြီး ကျန်လများတွင် ပင်လယ် ရေငန် ဝင်ရောက်မှု နှုန်းများ ကျဆင်းမှု တို့ကြောင့် ရှာဖွေရ မလွယ်ကူ ကြောင်း သိရသည်။ နွေရာသီတွင် ရွှေပြည်သာ၊ ထန်းတပင်သို့ သွားရောက် ကြပြီး သစ်တော ဦးစီးဌာန ၏ ခွင့်ပြု ချက်ဖြင့် ရေအောက်တွင် နစ်မြုပ်နေသည့် သစ်များကို ရှာဖွေ ဆယ်ယူ၍ အပ်နှံရကြောင်း အပ်နှံပါက သစ်တ စ်တန်လျှင် ကျပ် (၇ဝဝဝဝိ) ရရှိကြောင်း သိရသည်။

ရေငုပ် ရှာဖွေ ရာတွင် ရရှိလာသည့် ပစ္စည်း အပေါ် မူတည်၍ ဝေစုခွဲ ရပြီး စက်လှေ ပိုင်ရှင်သည် (၂) စု၊ ကျွမ်းကျင် ရေငုပ်သမားသည် (၁) စု တောက်တို မည်ရ လုပ်သား များသည် စုဝက်၊ တစ်မတ် စသည်ဖြင့် ခွဲဝေယူ ရကြောင်း သိရသည်။ ရေငုပ် ရာတွင် ကျွမ်းကျင်မှု အပေါ် မူတည်၍ ရေအောက် ပစ္စည်း အနည်း အများ ရရှိကြောင်း၊ ရေငုပ် နေစဉ် စက်ပျက်သွား ပါက သတ်မှတ် ကြိုးကို (၂) ချက်ဆွဲ သတိပေးရ ကြောင်း၊ ရေငုပ်မည့် နေရာတွင် ဘလဲ (ခေါ်) ကျောက်ဆူးကို ချ၍ ကြိုးပတ်ဝန်းကျင်၌သာ ရှာဖွေမှု ပြုရပြီး ရေငုပ် သမားသည် ရေအောက်၌ ကြိုတင် ချထားသည့် ကြိုးကို မြဲမြဲစွာ ကိုင်တွယ် လှုပ်ရှား ရကြောင်း သိရသည်။


၁၁ . ၈ . ၂၀၁၀ | လျှပ်တပြက်

www.htwd.info မှ တိုက်ရိုက်ကူးယူဖေါ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 10, 2010

ဓါတ်ပုံမှ ပြောသောစကားများ


ဓါတ်ပုံမှ ပြောသောစကားများ
(မင်းစိုးစံ)


သမိုင်းကိုရေးတဲ့အခါ ညာပြီးမရေးနဲ့။
ညှာပြီးမရေးနဲ့။
ကြွားပြီးမရေးနဲ့။
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း



သမိုင်းကို မသိလေ တုံးလေဖြစ်မယ်၊ အစိုးရက တုံးတဲ့တိုင်းသူပြည်သားတွေဖြစ်အောင် ဖန်တည်းနေတယ်။ (အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်)

သမိုင်းဆိုတာ ရေးတဲ့လူကိုမပြောနဲ့ မင်တောင်မှ ဘက်လိုက်တယ်။
အဲဒါကြောင့်စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ်ထောင်ပြီးမပစ်ဘူး တည့်တည့်ပဲ ပစ်တယ်။
ဗိုလ်ချုပ်ယှုမောင်(ဦးနေဝင်း)

(ဗိုလ်ချုပ်စောမောင်)
သမိုင်းကို လိမ်ရေးနိုင်အောင်ဥပဒေတွေဘာတွေရေးပေးတာကျုပ်ပေါ့၊
၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်ပြောလိုက်မိလို့ ပါးရိုက်ခံလိုက်ရတယ်ဗျာ။

ကျုပ်ကတော့ ကရင်တွေ ကချင်တွေ မွန်တွေ ရခိုင်တွေ ရှမ်းတွေ ဝ,တွေကို မလှိမ့်တပတ်လုပ်ပြီး မီးခဲပြာဖုံးလုပ် တုန်းကတော့ မဆိုးဘူးဗျ၊ အောက်ခြေလွတ်သွားတာနဲ့ ကောက်ထည့်တာခံလိုက်ရတာပဲ၊
သိတော့သိနေတာ အမှန်ပဲ ဒီလောက်အထိဘဝ,ပျက်မယ်မထင်မိတာအမှန်ပဲဗျာ။

ကျုပ်ကတော့ ကရင်အမျိုးသားအလံကို မြေပေါ်ခင်းပြီးနင်းလာတဲ့ကောင်ဆိုတော့ ယတြာကြေတယ်ပြောမလား အခုထက်ထိအားလုံးအေးအေးဆေးဆေးပဲ။
ဒီကေဘီအေဂိတ်တွေက ဖြုတ်ချလာတဲ့ ကရင်အမျိုးသားအလံတွေ ကို ထပ်နင်းဘို့အချိန်တော့ ရောက်လာတော့မယ်။

ကျုပ်ကိုလူတွေက လူသတ်သမားလို့ပြောနေတယ်၊ ကျုပ်ဟာသူတော်ကောင်းတယောက်ဖြစ်တယ် ဆိုတာကိုပြ ဘို့အတွက် ခရီးမထွက်မဖြစ်မို့ ထွက်ရတာ။ ကျုပ်စိတ်ထဲသိပ်မဖြောင့်ဘူး။

တခုခုတော့ ထပ်ပြင်ထားမှတော်ကာကျမယ်။

အရေးထဲဗျာ ကျုပ်ဇနီးက ကျုပ်ကိုလာမူပြနေသေးတယ်။ စိတ်ကုန်လိုက်တာ။


ကျုပ်ကတော့ သိတဲ့အတိုင်း ရုပ်ရှင်အနုပညာရှင်တွေကို အနုနည်းရော အကြမ်းနည်းနဲ့ပါ အကြတ်ကိုင်ခိုင်းတတ် လို့အခြေအနေက အရမ်းကောင်းနေတာ။

ဒါပေမယ့် မင်းခ,ယောက်ျား ကမ်းနားသစ်ပင်လေဗျာ။ ရတုန်းရခိုက်မို့ ရမယ်လို့ထင်သမျှ ခွင်(ဂွင်)ရိုက်ထားမှ။

ကျုပ်ကို ရုပ်ရှင်မင်းသားဆိုပြီး ခင်ဗျားတို့အလိုကျခိုင်းတာကို လုပ်ပေးနေပေမယ့် အမြတ်တော်ကြေးကို ကျုပ် ပြောတဲ့အတိုင်း လျှော့မပေးလို့ကတော့ ဒီမှာတွေ့လား သေနတ်။
အင်ဂျီနီယာတွေကို အကွက်ဆင်လိုက်ဖမ်းနေတာ မသိဘူးများမှတ်နေလား ကျုပ်ကိုလာဖမ်းလို့ကတော့ အားလုံးမသာပေါ်ကုန်မယ်၊ ဘာမှတ်လဲ။

ညည်းက ကျုပ်ထက် ဒီဇာတ်ကားမှာ သရုပ်ဆောင်ခ,ပိုရတာသိပြီးသား ဘာမျှလာညာမနေနဲ့။

ဟေ့ ဘာတွေလာပြောနေတာလဲ၊ နိုင်ငံခြားထွက်ပြီး ဖျော်ဖြေခွင့်ရမယ်ဆိုလို့ ဒီကားကိုရိုက်နေတာ။ နိုင်ငံခြားရောက်နေတဲ့ ရွှေမြန်မာတွေ ကန့်ကွက်ဆန္ဒပြလို့ ခေါင်းစားနေတယ်ရှင်ရေ့။

ကျုပ်ကိုဘာမှတ်တုန်း ဒီကေဘီအေ တွေကိုမလိမ့်တပတ်လုပ်ပြီး သူတို့ရဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မှတ် တမ်းခွေကို နိုင်ငံတော်အစိုးရလက်ထဲ အပ်ခဲ့တဲ့အကောင်ဗျ။ မန္တလေးက ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကို လက်သီးနဲ့ ပိတ်ထိုးပစ်ခဲ့တာ ဘယ်သူမျှဂရုစိုက်စရာမလိုဘူး။ ခင်ဗျားလိုလူကြမ်းတယောက်လောက်ကတော့ ဒီတုတ်နဲ့သေ အောင်ရိုက်သတ်ပစ်လို့ရတယ်။

ရိုက်သတ်ချင်ရိုက်သတ်လိုက်လေ မရှိလွန်းလို့သာ ဒီကားကိုရိုက်နေရတာ၊ သေသွားလည်းအေးတာပဲ၊ ရိုက်လေဗျာ။ ရိုက်လိုက်စမ်းပါ။ ရိုက်လိုက်ပါမင်းသားရယ်။


ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးကို ထော့ကိုကိုးအရှေ့ဘက်က တောင်ကြောလေးမှာ စစ်တပ်အင် အားအလုံးအရင်းနဲ့ ဝင်သတ်ပစ်တာကျုပ်ပဲ။ ဒါပေမယ့် ၁၃ ရက်ပဲသမ္မတ လုပ်လိုက်ရတယ်၊ မတန်ဘူးဗျာ။


ကျုပ်ကတော့ ဗမာနိုင်ငံတွင်မက နိုင်ငံခြားအထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့လူပေါ့။ ဘာလဲ မယုံဘူးလား၊ စင်္ကာ ပူမှာရှိတဲ့ သစ်ခွပန်းတမျိုးရဲ့ နာမည်က ကျုပ်နာမည်လေဗျာ။ အဟီး ကြွားရာကျမလားတော့မသိဘူး။
ကျုပ်တို့စစ်တပ်က သိပ်တော်တာ တိုင်းပြည်စုတ်ပြတ်သတ်အောင်၊ ပြည်သူတွေငတ်ပြတ်အောင် လုပ်တဲ့နေရာ တွေမှာပေါ့ဗျာ။

ဓါတ်ပုံတွေကို နေရာအတော်များများက လိုက်ပြီး ကူးယူထားတာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကနေဒါနိုင်ငံရောက် ကရင် ဒုက္ခသည် မိသားစု အသတ်ခံရ

ကနေဒါနိုင်ငံရောက် ကရင် ဒုက္ခသည် မိသားစု အသတ်ခံရ
2010-08-10

ထိုင်းမြန်မာနယ်စပ်ကနေ ဒုက္ခသည် နေရာပြန်လည်ချထားရေး အစီအစဉ် နဲ့ ကနေဒါနိုင်ငံ ဆက်စ်ကာချိဝန်းပြည်နယ်၊ ရီဂျိုင်းနား Regina မြို့မှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည် ကရင် မိသားစုတစုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အသတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

သေဆုံးသူတွေဟာ စောဂရေနေထူး၊ ဇနီးသည် မနော်နော်နဲ့ ၃ နှစ်သားအရွယ် မောင် ဆဲဗန်းဂျွန်ထူး ဖြစ်ပါတယ်။

စောဂရေနေထူး တို့မိသားစုဟာ ကနေဒါနိုင်ငံကို ၂၀ဝ၇ ခုနှစ်က ရောက်ရှိလာခဲ့တာ ဖြစ်ပြီး၊ အခု သေဆုံးတဲ့ အခန်းမှာ နေထိုင်နေတာ ၁ နှစ် ကျော်လောက် ရှိပြီလို့သိရပါတယ်။ လောလောဆယ်အချိန်အထိ ဘယ်သူ ဘယ်ဝါသတ်တယ်၊ ဘာကြောင့်သတ်တယ်ဆိုတာကို မသိရှိရသေးပဲ၊ ရဲတွေက စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ကိုတင်မောင်ထူးကရှင်းပြပါတယ်။

သူတို့နေထိုင်တဲ့ ရီဂျိုင်းနား မြို့မှာ ကရင်ဒုက္ခသည် ၁၀ဝ ကျော်လောက်ရှိနေပြီး၊ ၂၀ဝ၆ ခုနှစ် နောက်ပိုင်းကတည်းက ကနေဒါနိုင်ငံကို ထိုင်းမြန်မာနယ်စပ်က ရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း ၄၀ဝ၀ ဝန်းကျင်လောက် ရှိနေပြီလို့ သိရပါတယ်။

၂၀ဝ၄၊ ၂၀ဝ၅ ခုနှစ်တွေလောက်ကစပြီး ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေ ကမႝာ့ နိုင်ငံအသီးသီးကို စတင်ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ရာမှာ အသတ်ခံရမှု၊ သေဆုံးမှု စတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတာတွေ ရှိပေမဲ့ အခုလို ဒုက္ခသည် မိသားတစုလုံး အသတ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီမိသားစု အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းကို သိရှိထားတဲ့ Canadian Friends of Burma အဖွဲ့က ကိုတင်မောင်ထူးကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။


Copyright © 1998-2010 Radio Free Asia. All rights reserved.

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 7, 2010

စာရေးချင်သူများအတွက် သတင်းစာ ရေးနည်း


စာရေးချင်သူများအတွက်

သတင်းစာ ရေးနည်း


လူထုဦးလှ

သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၀ မိနစ်


(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ထုတ်မှ ကောက်နုတ်ဖော်ပြသည်။)

စာရေးဆရာလုပ်မယ့် လူငယ်တယောက်အဖို့ သတင်းစာမှာရေးတဲ့သားတဲ့ အလေ့အကျင့်ရမှုဟာလဲ အင်မတန်အဖိုးတန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာရေးနည်းက ပေးလိုက်တဲ့ စာရေးတဲ့ အတတ်ပညာကို တခြားကျောင်းများက သင်မပေးနိုင်လို့ပါ။

သတင်းစာမှာ သူဘာရေးချင်တာ ပါလိမ့် ဆိုပြီး စဉ်းစား ရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။
ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။
သတင်းစာမှာ ရေးရတဲ့ အရေးအသားက (၁) တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ်လျစ် ရှိရမယ်။
(၂) ရှင်းရှင်းလင်းလင်း ရှိရမယ်။ (၃) တိတိကျကျ ဖြစ်ရမယ်။
ဒီလိုရေးမှ သတင်းစာကောင်းရဲ့ အရေးအသား စည်းဝိုင်းထဲကို ဝင်နိုင်ပါတယ်။
ဒီလိုရေးတတ်ဖို့ စာရေးဆရာအတွက် အင်မတန်လိုပါတယ်။

တချို့ ဝတ္ထုရေးဆရာများ ရေးကြတဲ့အထဲမှာ စာတွေဖေါင်းပွပြီး ဘာကိုရေးနေမှန်းမသိတဲ့ အရေး
အသားမျိုးတွေ ပါနေကြပါတယ်။ ဥပမာ မိန်းကလေးတယောက် မနက်စောစော နှင်းတွေဝေနေတဲ့
အချိန် လမ်းလျှောက် ထွက်လာခဲ့တယ်ဆိုတဲ့ အကြောင်းကလေး ရေးချင်တာကို နှင်းရောမနက်ခင်းရော ဖွဲ့နေလိုက်တာ စာမျက်နှာ သုံးမျက်နှာနဲ့လဲမပြီးသေးဘူး။ သုံးထားလိုက်တဲ့ စကားလုံးတွေကလဲ
မလိုတာရော လိုတာရော ရောထွေးလွန်းအားကြီးတယ်။

သူရေးချင်တာ ဘာပါလိမ့်မလဲလို့ စာအမြှပ်တွေကို ဖယ်ဖယ်ပြီး ရှာကြည့်ပေမယ့်လဲ တော်တော်နဲ့
မတွေ့ရဘူး။ စိတ်ပင်ပန်းလူပင်ပန်း အင်မတန်ဖြစ်ရတယ်။
စာရေးတဲ့အတတ်ဟာ စာဖတ်သူကို အနှစ်မရောက်ခင် အကာတွေကို အကြာကြီး ဖယ်နေရတဲ့
အာဟာရမျိုး ကျွေးတာလို မဖြစ်သင့်ဘူး။
လွယ်လွယ်ကူကူနဲ့ ထင်းကနဲ ရှင်းကနဲ သိစေမြင်စေသင့်တယ်။

သတင်းစာမှာ အဲဒီလို သူဘာရေးချင်တာပါလိမ့်ဆိုပြီး စဉ်းစားရှာဖွေနေရတဲ့ စာမျိုးတွေ
ပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။
လူတွေမှာ အချိန်မရှိဘူး။ ဒီဟာ ဘာသတင်းဆိုတာ မမြင်မှာ မသိမှာစိုးလို့ စာလုံး ကြီးကြီးနဲ့တောင် ဖေါ်ပြကြရသေးတယ် မဟုတ်လား။
သတင်းစာရေးနည်းကောင်းဟာ အကာမပါပဲ အနှစ်သက်သက် ထုတ်ရေးနည်းပါ။
စာရေးဆရာလုပ်ချင်တဲ့ လူငယ်များအဖို့ အခြေခံအနေနဲ့ ဒီအလေ့အကျင့်မျိုး လိုပါတယ်။

သတင်းစာမှာ စကားလုံးတွေ ပွပြီး ဝေ့လယ်လယ်ရေးလို့မရဘူး။ လိုတာထက် တလုံးပိုရေးယင် စာတလုံးအတွက် နေရာကုန်တယ်။ စာဖတ်တဲ့သူရဲ့ အသိအမြင်ကိုလဲ အဲဒီစာတလုံးနဲ့ ဖုံးစေတယ်။ စဉ်းစားနေရတဲ့အတွက် အချိန်ကုန်စေတယ်။

ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထား ရည်စူးပြီး ရေးရမှာ ဖြစ်ပါတယ်။

စာမှာ စကားလုံးတိကျမှုဟာ စာရေးပုံရေးနည်းအတွက်နဲ့ စာအရသာအတွက်သာ လိုတာမဟုတ်ဘူး။ စာအဓိပ္ပာယ်အတွက်လဲ သိပ်လိုပါတယ်။ စကားလုံးတွေ ပွပွယောင်းယောင်းနဲ့ လျှောက်ရေးနေယင်
အားလုံး ဘိုသီဘတ်သီဖြစ်ကုန်တာပဲ။
ပြီးတော့ ရေးထားတဲ့ စကားလုံးတွေများနေတော့ အလုံးတိုင်းက အားမရှိနိုင်တော့ဘူး။
အားမပါတဲ့စာဟာ အတွေးမှာလည်း လေးနက်မှု ရော့တတ်တယ်။

အဲဒီစာမှာရေးတဲ့လူ ကိုယ်နှိုက်က ရေးစရာအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထားရှိဖို့၊ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ထားတာများ ရှိဖို့လိုတယ်။ နောက်တခု ကျနော် ပြောချင်တာက စာရေးချင်တဲ့ လူတယောက်ဟာ ရေးချင်စရာရှိမှ ရေးကောင်းတယ်၊ ဒီအကြောင်းအရာကို ငါရေးပြချင်လိုက်တာ၊ ရေးပြောချင်လိုက်တာ၊ သူများတွေ သိစေချင်လိုက်တာဆိုတာမျိုး ကိုယ့်စိတ်ထဲမှာ ထက်ထက်သန်သန် ရှိရပါမယ်၊ ရေးစရာတွေ ရှိနေရပါမယ်။ တကယ်ပြောချင်တာ သိစေချင်တာ ပြောစရာ ရေးစရာ အကြောင်းအရာလဲ ရှိတာမဟုတ်ပဲနဲ့ ဖျစ်ညှစ်ပြီးရေးရော။

ကိုယ့်မှာ တိတိကျကျ မရှိတော့ ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ဆွဲထုတ်ယူလာစရာ မရှိဘူး။ မရှိပဲနဲ့ လျှောက်ရေးနေတော့ စာတွေဟာ ဝိုင်းကြီးပတ်ပတ် ဖြစ်ကုန်ရော။
ဒီအထဲက စကားလုံး အဆန်းထွင်ချင်တာ၊ အဆန်းသုံးပြချင်ရတာ ဆိုတာတွေက ရှိနေတတ်သေးတော့
အဲဒီ စာရေးဆရာရဲ့စာဟာ ဖတ်ရတဲ့လူတွေ အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ စာမျိုးဖြစ်လာ
တတ်တယ်။

စာဆိုတာ အတွေးမရှင်းပဲနဲ့ အရေးမရှင်းနိုင်ဘူး။
ရေးမယ့်လူရဲ့ ရင်ထဲမှာ ခံစားမှုအပြည့်နဲ့ ရေးချင်တဲ့ ကိစ္စတခု ရှင်းရှင်းလင်းလင်း တိတိကျကျ ရှိနေမှ ရှင်းရှင်းလင်းလင်း ရေးချလို့ရနိုင်တယ်။
အကြောင်းအရာတခု လက်ဆုပ် လက်ကိုင်ရှိပြီးတဲ့အခါမှာ ဒီအကြောင်းအရာကို ဖေါ်ထုတ်တဲ့အခါ အထိုက်အလျောက်လှပအောင် တန်ဆာဆင်ပြီး ရေးတာမျိုးဖြစ်ရမှာပေါ့။
မိုးနှင်းဝေနေတဲ့ တမနက်ခင်းကလေးကို စာ ၃ မျက်နှာရေးတာမျိုးဆိုယင်တော့ ဘယ်မှာ ပြတ်သား
ရှင်းလင်းတဲ့ သရုပ်ထင်အောင် ရေးလို့ဖွဲ့လို့ရတော့မှာလဲ။

စာရေးတယ်၊ ဖွဲ့တယ်၊ သီကုံးတယ်လို့ပြောနိုင်ပါတယ်။ ရေးပါ၊ ဖွဲ့ပါ၊ သီကုံးပါ။
ဒါပေမယ့် ရေးသင့်သလောက် သာရေး၊ ဖွဲ့သင့်သလောက်သာဖွဲ့၊ သီသင့်သလောက်သီပါ။
ကျစ်လျစ်သိပ်သည်းဖို့ ရှင်းလင်းတိကျဖို့ကိုတော့ မျက်ခြည် မပြတ်သင့်ပါ။

သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့ မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့် အဖြစ်အပျက်တွေပဲ။
ကျွန်တော်တို့နိုင်ငံမှာ ဘုန်းကြီးကျောင်းများ ကောင်းမှုကြောင့် ယောက်ျားလေးမှန်ယင် သေစာရှင်စာတော့ သိကြတာပဲဆိုပေမယ့် စာဖတ်ချိန်မရှိလို့ မဖတ်ရတဲ့လူတွေ၊ စာအုပ်ဝယ်ဖတ်လောက်အောင် ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက လယ်သမားနဲ့ အလုပ်သမားထဲမှာ အများကြီးရှိနေပါသေးတယ်။
ဒီလူတွေ စာဖတ်လာနိုင်ဖို့၊ ဖတ်ယင်လဲ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြဖို့ လိုပါတယ်။
ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။
စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထားရည်စူးပြီး ရေးရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အလုပ်သမား လယ်သမားတွေဟာ အင်မတန်ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး
ခေတ္တခဏကလေး အားလပ်တဲ့ အချိန်အတွင်း ရေနံဆီမီးခွက်လို အလင်းရောင်မျိုးနဲ့ ကြိုးစားပြီး
ဖတ်ရမှာပါ။ ဒီတော့ တမင်ခက်အောင် ပညာပြတဲ့ စာမျိုးဟာ သူတို့အတွက် မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ရေးသားမှုမှာ အနုပညာပါရမှာပေါ့။ ပညာတတ်အချင်းချင်း သမားဂုဏ်ပြတဲ့စာ၊ ဝင့်တဲ့စာ၊ ဟန်လုပ်တဲ့စာ၊ ပညာတံခွန်ထူတဲ့စာမျိုးတွေရေးပြီး စာနဲ့ပေနဲ့ အလှမ်းဝေးသေးတဲ့ အလုပ်သမား လယ်သမားတွေကို ဝေးသထက်ဝေးအောင်လဲ မလုပ်ဆောင်သင့်ပါဘူး။

သတင်းစာမှာရေးရတဲ့ အရေးအသားတွေက ကနေ့ လူတွေမှာ ဘာဖြစ်နေသလဲ၊ ဘာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေချည်းမို့ ဘဝနဲ့တသားတည်း ရှိလှပါတယ်။
သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့မရဘူး။
သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့်အဖြစ်အပျက်တွေပဲ။
သတင်းစာကော်လံတွေက အကြောင်းအရာတွေဟာ အဲဒီအချိန်က လူ့ဘဝကို မှန်ထောင်ပြထားတာ
တွေပဲ များပါတယ်။ အဲဒါကို သတင်းစာသမားက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေရတယ်။
ဒီခေတ်ဒီအချိန်ကလူတွေ ဘာဖြစ်နေတယ်၊ ဘယ်လိုတွေးတယ်၊ ဘယ်လိုမြင်တယ်ဆိုတာကို သူက ဆက်စပ်ပြနေရပါတယ်။ ဒါကြောင့် သတင်းစာအရေးအသားဟာ အခြေထားသင့်တဲ့
အရေးအသားပါပဲ။ အဲဒီအရေးအသားမျိုးကို ခွင့်သာသလောက်ယူပြီး လေ့ကျင့်သင့်ပါတယ်။
ထပ်ပြီးပြောရရင် စာရေးချင်တဲ့ လူငယ် လူရွယ်တွေဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ တိတိကျကျ ရှင်းရှင်းလင်းလင်းရေးတဲ့ အရေးအသားမျိုးကို ပထမ စပြီး လေ့ကျင့်ပါလို့ ကျနော်
ထပ်မံတိုက်တွန်းပါရစေ။

စာရေးဆရာလုပ်မယ့် လူငယ်ဟာ သတင်းစာဆရာကောင်း တယောက်လို ရေးတတ်ပြီဆိုပြီး
ရပ်နေဖို့လဲ မဟုတ်ပါဘူး။ စာရေးတဲ့ အတတ်ပညာဆိုတာ ကုန်ဆုံးနိုင်တယ်လို့ မရှိတာကို
အမြဲသတိပြုရပါမယ်။
စာရေးကောင်းလှပြီဆိုတဲ့ အဆင့်အတန်းရောက်တဲ့တိုင်အောင် တိုးတက်မှုဟာ ရပ်တယ်လို့ မရှိနိုင်
တာမို့ မပြတ်ဆက်ပြီးကြိုးစားနေရမှာပဲ။….

(၁၉၆၈ မန္တလေး မြို့ တော်ခန်းမ စာဆိုတော်နေ့ စာတန်းဖတ်ပွဲတွင် ဖတ်ကြားသည်။)

http://www.mizzima.com/မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 6, 2010

သူ့အတွေသူ့အမြင်


Align Center



Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 5, 2010

အာဇာနည်စိတ်ဓါတ်

အာဇာနည်စိတ်ဓါတ်
(မင်းစိုးစံ)

အာဇာနည်ဆိုတာ
ဘယ်အရာကိုမဆို
ပေးဆပ်လိုသူတွေဖြစ်တယ်။

စွန့်စားတဲ့သူတိုင်းဟာ
အာဇာနည်မဟုတ်ဘူး။

စွန့်စားတဲ့သူတွေထဲက
စွန့်ထားသမျှကိုပြန်ခံစားတာ
အဲဒါရိုးရိုးလူတန်းစားပဲ။

စွန့်ဘို့သာရှိပြီး
စားဘို့ရာမတွေးတဲ့လူမှသာ
တကယ့်အာဇာနည်။

အများစုဟာ
စွန့်ဘို့ဆိုဝေလာဝေး
စားဘို့သာတွေးနေကြလျင်
ပြဿနာတွေထွေးရှုတ်တဲ့အပြင်
လွတ်မြောက်ဘို့ရက်တွေအဝေး
ဆုတ်ပြေးနေမှာဖြစ်တယ်။

အာဇာနည်ဆိုတဲ့အတိုင်း
အ,ဂတိစိတ်ရိုင်းမရှိ
လောဘ,မှိုင်းနတ္ထိ
ဒေါသ,လှိုင်းပကတိကင်းစင်
စိတ်ဓါတ်အင်အားကြံ့ခိုင်
ကျောက်သားကျောက်စိုင်
ကျောက်တိုင်လိုမြံမြဲ
အခက်အခဲတိုင်းကိုရင်ဆိုင်ကျော်ဖြတ်
ဇွဲရှိတဲ့သူကိုမှသာ
အာဇာနည်လို့ခေါ်ပါသတဲ့ဗျာတို့။

နှစ်ခြောက်ဆယ်ပြည့် ကရင့်အမျိုးသား အာဇာနည်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
ကရင့်အမျိုးသား အာဇာနည်အထောင်အသောင်း ဆက်လက်ပေါ်ထွန်းနိုင်ပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နယ်ပယ်စစ်တမ်း

နယ်ပယ်စစ်တမ်း
Written by ခန့်မိုးခက်
Tuesday, 03 August 2010 10:50

လူငယ်တွေ လူငယ်တွေ
ရေတစ်ပေါက် အတွက် သေသောက်နေကြ
ရွက်ကြွေကောက်ဖို့ အတွက်
ကိုယ့်လှေကိုယ် ပြန်ဖောက်နေကြ
ပဲခူးရောက်အောင် ထိုးနေတဲ့လှေတွေ
ပေါက်နေမှတော့
ဧရာဝတီမြစ်ရေထဲ နစ်မြုပ်သွားကြ။

သုံးမရတော့လောက်အောင်ပဲ
ပျောက်ဆုံးနေတဲ့ အနာဂတ်
ဆိတ်သုဉ်းနေတဲ့ စိတ်ဓာတ်
ပြန်ကောက်တပ်ဖို့
စိတ်အခံကောင်းတွေ ထားတတ်ရမယ်။

လူငယ်ဆိုတာ
ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့သူတွေ
ဒီလှိုင်းတွေ ပုတ်ရုံနဲ့
အမြုပ်ခံနေကြတော့မှာလား
အမှားတွေနည်းပါးရေးအတွက်
ပုဒ်ဖြတ် ပုဒ်ရပ်မှန်အောင်
ငါတို့သမိုင်း ငါတို့ပြန်ရေးရမယ်။

လူငယ်တွေ စိတ်ဓာတ်သန့်စင်ရေး
ရက်သတ္တပတ်တိုင်း အချိန်ပေးလို့
သန့်ရှင်းရေးတွေ လုပ်ပေး
နယ်ပယ် အသစ်အဟောင်း ဆိုတာတွေ ရွေးမနေနဲ့
ကြယ်ပွင့်တွေ ဝေးဝေးသွားမယ်
လင်းလက်တယ်ဆိုတာ သူ့စွမ်းရာသန်ရာပဲ
ကိုယ့်ဇွဲနဲ့ကိုယ် ဆွဲထုတ်တတ်ကြရမယ်
ကိုယ့်နဘဲနဲ့ကိုယ် ပွဲထုတ်နေကြရမယ်။

လူငယ်
နယ်ပယ်ဟောင်း နယ်ပယ်သစ်
အဲမ်ဖားစစ်(Emphasis) စစ်တမ်းထုတ်ထား
ထူးခြားပြီး ရှူးဝါး(Sure) နေရမယ်။

ခန့်မိုးခက်

ရွှေအမြူတေ စာစောင်မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, August 4, 2010

ဗေဒါလမ်း





September 13, 2009

ဗေဒါ
(မမသီရိ)

ကွင်းစပ်ကျယ် ရေသွယ်စပ်
ကပ်လျက်ရှိ ကန်ငယ်မှာ
ငြိမ်သက်စွာ အိနြေ္ဒနဲ့ ခပ်နွဲ့ နွဲ့ ဗေဒါပြာ
ရွက်စိမ်းလွှာ ထူသိပ်ကြားမှာ ပွင့်နေလိုက်တာ...

စုန်တာနဲ့ ဆန်တာ မရှိပါ
ရေငြိမ်ပြာကြောင့်
တိတ်ဆိတ်စွာ ရပ်နေရင်း လန်းစွင့်နေရှာ...

နှစ်သက်စွာ စွဲလမ်းလို့ ဖတ်ခဲ့ရ ငယ်စဉ်ခါ
ဇော်ဂျီရဲ့ ဗေဒါလမ်း
စုန်ဆင်းတခါ ဆန်ချီ တလှည့်
ဧရာ နွယ် မြစ်ပြင်တန်းမှာ .. လမ်း သိနေခဲ့.. တဲ့


ကန်လေး ငယ် ရေတိမ်လျှပ်
ရပ်နေတဲ့ ဗေဒါရယ်
ချောင်း အသွယ် ဒီရေစပ်ကို သိရဲ့လား ကွယ်..
မြစ်ပြင်ကျယ် ဧရာလမ်း မှန်းလေ လား ကွယ်
အပြော ကျယ် ပင်လယ်လှ ရော သိပါ လား ကွယ်

တခြား မယ် ဘာတွေရှိ
မသိသလို ဟန်မူပိုနဲ့
ကန် ငယ်ငယ် ရေ ငြိမ်ထဲမှာ
ဝင့် ကြွားစွာ ပွင့်နေတဲ့
ဗေဒါ ပြာ လွင်လွင်လေး ရယ်... သနားမိပါ ရဲ့....။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 1, 2010

ဖႜုံထိုင့်ဆိုဒ် ထါခေါဟ်

ဖႜုံထိုင့်ဆိုဒ်ထါခေါဟ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....