+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, May 31, 2010

အသိဥာဏ်ပညာ

တရားဓမ္မခွေဖြစ်ပါတယ် ပိုးကရင်လိုဟောကြားထားတာပါ နားဆင်ကြည့်ကြစေလိုပါတယ်။
ဒီတရားကိုတော့ http;//www.sawkaren.com ကနေတဆင့်ကူးယူဖြန့်ဝေခြင်း
ဖြစ်ပါတယ်။



ဆရာတော် ဦးဇောတိက ရဲ့ တရားဖြစ်ပါတယ် ပိုးကရင်လို ဟောထားတာဆိုတော့ တချို့နားမလည်တဲ့ သူတွေအတွက် ဘာသာပြန်ပေးချင်ပေမယ့် တခြားလုပ်စရာလေးတွေကို စနေတာမို့ နားလည်ပေးကြစေ ချင်ပါတယ်။


တု၀၀့်ဓ၀်ၟလ်ုဖး တုင်ထေံတုင်မျုင်ၟသာအှ် အ်ုခေါဟ်စံင်္ဘးဆံင့်ဏး အု္ဘႜင်ဍေအု္ဘႜင်ဆေ၀်ၟလှ် အေလ်ုမွဲ္ဘါးဍူ ဟ်ုဏးသှေ်လုက်အေးဆေ၀်ၟလှ် လာၟဏင့်္ဘိုဝ်သီး စ်ါဂုဏ်စ်ါတ္ဘားသင့်ဂၞီ့သီးကိုဝ်အ်ုဟှါဆေ၀်ၟလှ်။
္ဘးဆ်ုဏှ်လဲစါ်္ဘိုဝ် လ်ုဟှိုင့်လိုင်္ဘး ဖႜုံသင့်ဂၞီ့ တု၀၀့်ဓ၀်ၟလ်ုဖႜုံခ၀့်လ်ုအှ်လိုင်္ဘး အ်ုခေါဟ်စံင်မွ္ဘဲါိုဝ်လှ်။

အှ်ဆံင်းလာၟဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အခန်းဖေါ်နဲ့ အဖေါ်


အခန်းဖေါ်နဲ့ အဖေါ်
(မင်းစိုးစံ)


နေမကောင်းဘူးဗျ။ချေထောက်တွေက ကိုက်ခဲနေတယ် ဘယ်ဘက်စောင်းလိုက်လည်းနာ ညာဘက်စောင်း လိုက်လည်းနာဆိုတော့ ထထိုင်ဘို့လုပ်လိုက်မှ ပိုဆိုးသွားတယ် လုံးဝကိုမလှုပ်နိုင်အောင်ဖြစ်သွားတယ် ကိုယ်အ ပူရှိန်ကလည်းနည်းနည်းတက်လာတော့ ခဏကလေးလှဲချလိုက်တယ်။

ရသလောက်လေး ဘေးစောင်းနေရင်း ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ပြန်တော့ အားမရပြန်ဘူး။ စာရေးချင် တာအရမ်းပဲ။ ဘာအကြောင်းအရာရေးရရင် ကောင်းမလဲဆိုတာစဉ်းစားလိုက်ပြန်တော့ ခေါင်းထဲက ဘာမှထွက် မလာပြန်ဘူး။

ကွန်ပျူတာမျက်နှာပြင်ကို ကြည့်နေရာကနေ ပက်လက်လှန်အိပ်ချလိုက်တော့ ခြေထောက်က မခံနိုင် လောက် အောင်ကိုနာပြန်တယ်။

အင်္ဂလိပ်သင်္ချာနံပါတ်လေးပုံစံမျိုးထားလိုက်တော့ နည်းနည်းသက်သာသလိုရှိတယ်၊ရေဆာနေတယ် ရာသီဥတု ကပူတယ်၊ လေအေးပေးစက်ပျက်နေတယ်၊ကျုပ်ရဲ့အခန်းဖေါ်ကတော့ တီဗွီဂိမ်းကစားနေတယ်၊ ပန်ကာနှစ်လက် က သူ့ကိုယ်ပေါ်မှာလည်ပတ်နေတယ်။

ကျုပ်ကသူ့ရဲ့ညာဘက်နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ပန်ကာနဲ့အတော်ကလေးဝေးနေတာဆိုတော့ လေအေးက ကျူပ်ဆီရောက်မလာဘူး။တကယ်ဆိုရင် သူ့အနေနဲ့ကိုယ်ချင်းစာသင့်တာပေါ့၊ကျုပ်နဲ့သူ နှစ်ယောက်ထဲရှိတဲ့ဥစ္စာ ကျုပ်အခြေအနေကို သူသတိပြုသင့်တာပေါ့။ အဲဒီလိုတွေးရင်းဒေါသတွေက ကိုယ်အပူရှိန်မြင့်တက်လာတာနဲ့အ မျှ တဖြည်းဖြည်းတိုးလာနေတယ်။

သူတီဗွီဂိမ်းကစားနေရာကနေ ရေခဲသေတ္တာသွားဖွင့်ပြီး ရေခဲမုန့်(မိသားစုဆိုက်)ကို ယူလာပြီးသူထိုင်နေမြဲနေရာ ကနေ သူ့ဂိမ်းကိုဆက်ကစားရင်း ရေခဲမုန့်ကိုအားပါးတရဇွန်းနဲ့ကော်စားနေပါတယ်၊အမှန်အတိုင်းပြောရရင် ကျုပ် ရေအေးအေးလေးသောက်ချင်နေတယ်၊ ပြီးတော့ကျုပ်အတွက် ပန်ကာဒလက်က အံထွက်လာတဲ့ လေအေး အေးလေးလိုအပ်တယ်။

ကျုပ်ကို သူလုံးဝအရေးမစိုက်တာတော့ သေခြာတယ်၊ ဒါဆိုရင် ကျုပ်သူ့ကိုဘယ်လိုတုန့်ပြန်ရင်ကောင်း မလဲဆို တာစဉ်းစားလိုက်တော့ မနေ့ညက သူနဲ့ကျုပ်အတူသောက်ထားတဲ့ ဘီယာပုလင်းခွံလေးလုံး၊ ဝိုင်ပုလင်းခွံနှစ်လုံး အဲဒါနဲ့ တီဗွီကိုပစ်ခွဲလိုက်ရင်ကောင်းမယ်။ ဒါဆိုရင်သူ့အနေနဲ့နောက်ဆိုရင် ဒီလိုပမာမခန့်တဲ့ အပြုအမူမျိုးလုပ်ရဲ တော့မှာမဟုတ်ဘူး။

ကျုပ် ပုလင်းခွံတွေကို လှမ်းယူလိုက်တော့ ယူလို့မမှီဘူး၊ ဒါဆိုရင် အခု ကျုပ်ရှေ့က လက်ပ်တော့ပ်နဲ့ လှမ်းပေါက် ခွဲဘို့ အကြံရတယ်၊ လက်ပပ်တော့ပ်ကို ကပျာကယာပိတ်ချလိုက်တယ် အားရှိသလောက် ပိတ်ပေမယ့် ပိတ်လို့မ ရဘူး၊ အိုး အခုမှစဉ်းစားမိတယ် မီးကြိုးကိုမဖြုတ်ပဲပစ်လိုက်လို့ကတော့ ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့တတ်ထားတဲ့မီးကြိုးကိုဖြုတ်ပစ်ဘို့ လိုက်စမ်းလိုက်တယ်၊ ဘယ်လိုမှ စမ်းလို့မရပြန်ဘူး။

နောက်တော့ ကျုပ်အသက်ရှူရတာသိပ်အဆင်မပြေတော့တာနဲ့ သူ့ကို ဘာပြောလိုက်မိတယ်ဆိုတာ မသိပေ မယ့် အကူအညီတခုခုတောင်းတာပဲဆိုတာတော့ မှတ်မိလိုက်တယ်။

ခေါင်းတအားကိုက်နေတယ်၊ဘာမှမစဉ်းစားပဲနေချင်တယ် မနေ့ကအကြောင်းပဲဖြစ်ဖြစ်၊ဒီနေ့အကြောင်း ပဲဖြစ်ဖြစ် မနက်ဖြန်အကြောင်းပဲဖြစ်ဖြစ် ဘာမှမစဉ်းစားချင်ဘူး၊ အာရုဏ်တွေနောက်နေတယ် ငှက်ငယ် လေးတကောင် တောင်ပျံနှစ်ဘက် အခုသူနားနေတဲ့သစ်ကိုင်းပေါ်ကနေ သူ့တောင်ပျံနှစ်ဘက်ကို ခတ်လိုက်မယ်ဆိုရင် သစ်ရွက် ကလေးတွေလှုပ်ရှားလာမယ် တချို့ကြွေမယ် တရွက်၊ နှစ်ရွက်။

ဟုတ်ပြီ ဒီငှက်ငယ်လေး အရွယ်ရောက်လာလျင် အဖေါ်ရှာမယ် ပြီးတော့ မိသားစုလေးတခုဖြစ်လာမယ်၊ သူ့အဖေါ်ကသူ့ကို ကြင်နာမယ် သူတို့အတွက် သားသား မီးမီး လေးတွေ မွေးဖွါးပေးမယ်၊ အကယ်၍များ သားသားမီးမီးတွေကဆယ်ကောင်ဆိုရင် တောင်ပျံနှစ်ဘက်စီဆို တော့ တောင်ပျံပေါင်းနှစ်ဆယ်၊ အဲဒီတောင်ပျံတွေပေါင်းပြီးခတ်လိုက်ရင် သစ်ရွက်အတော်များများလှုပ်ရှားသွား မယ် တချို့ကြွေမယ် အရွက်ပေါင်းနှစ်ဆယ်၊သုံးဆယ် တခါအဲဒီငှက်ငယ်လေးရဲ့သားသားမီးမီးတွေ အရွယ်ရောက် လို့အဖေါ်ရှာကြရင် သူ့လိုပဲသားသားမီးမီးတွေမွေးလာမယ် တကောင်မှာသားသားမီးမီးဆယ်ကောင်ဆိုရင် အခုပေါက် လာတဲ့ငှက်လေးတွေကဆယ်ကောင်ဆိုတော့ အကောင်တရာ၊ ဒါဆိုရင်တောင်ပျံစုစုပေါင်း.. အိုး… ခေါင်း ကိုက်လိုက်တာ…….။

ငှက်လေးတောင်မှ မိသားစုနဲ့နေနိုင်တယ်၊ ကျုပ်ကျတော့ အခန်းဖေါ်နဲ့နေနေရတယ်၊ ဘယ်မှာလဲမိသားစု၊ ဘယ် မှာလဲ တောင်ပျံနဲ့တူတဲ့ အင်အားတွေ။

အာရုံထဲကို သင်္ချာတွေဝင်လာတယ်။သင်္ချာဆိုတာ တိကျတဲ့အတိုင်းအထွာ အကွာအဝေး၊ အချိန်၊ အနီးအဝေး။ ကရင်လူမျိုးတွေမှာ သင်္ချာဘာသာနဲ့ပတ်သက်လို့ ဘယ်လို သတ်မှတ်ကြမလဲ၊ဗမာလို တယူဇနာဆိုပါတော့ က ရင်လိုအကွာအဝေးဘယ်လောက်ရှိလဲ မစဉ်းစားဘူး စဉ်းစားရမယ်။ မစဉ်းစားလျင် မင်းဟာတကိုယ်ကောင်းသ မား ကရင့်မျိုးဆက်သစ်တွေအပေါ်တာဝန်မဲ့တဲ့လူဖြစ်မယ်။

ဖြစ်ဖြစ်ကွာမစဉ်းစားဘူး အင်္ဂလိပ်လိုကတော့ ၁၂ဒဿမ ၇၂ မိုင်ရှိတယ် ဒါဆိုရင် ခက်တာက ငါတို့မှာဒဿမ အ ထိတိကျတဲ့သင်္ချာအသုံးအနှုံးမရှိသေးဘူး…အိုး…ခေါင်းကိုက်လာပြန်ပြီ။ခေါင်းကိုက်လို့မဖြစ်ဘူး တဂါဝုတ်ဆိုရင် ဘယ်လောက်ရှိမလဲ စဉ်းစားစမ်း။ မရဘူးခေါင်းကိုက်တယ်ဗျ။ ဆရာဝန်ကပြောထားတယ် သိပ်မစဉ်းစားနဲ့တဲ့ ကြာရင် ရူးသွားမယ်တဲ့။
ရယ်(ရီ)ရတယ်ကွာ လူတိုင်းဟာအရူးပဲဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ်၊ မင်းအမျိုးသား အတွက် မင်းရူးရဲရမယ်၊ မင်းအမျိုးသားအတွက် မင်းသေရဲရမယ်၊ အခုမင်းအမျိုးသားတွေ ရူးနေကြပြီ၊ မင်းအမျိုး သားတွေသေနေကြပြီ ဘာအပြစ်မှမရှိဘူး မင်းကသာတကိုယ်ကောင်းဆန်စွာနဲ့ နိုင်ငံခြားရောက်မှရူးမှာကြောက်နေတယ်ပေါ့။

ဒါလားမင်းရဲ့အမျိုးသားအပေါ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်။ စဉ်းစားစမ်းတဂါဝုတ်ရဲ့ ကရင်လိုအတိုင်းအထွာ။ မရဘူး ဗျာ။ ငကြောင် တမိုင်မှာ ဘယ်နှစ်ဖါလုံရှိသတုန်း။ ဘာပြောတယ် ဖါလုံ ဖါလုံဟုတ်လား အဲဒါ ကရင်လိုဘယ်လို ခေါ်သလဲ ကျုပ်မသိဘူး။ ကျုပ်သိအောင်ကြိုးစားခဲ့ဘူးသလား။ သိအောင်ကြိုးစားဘို့ကိုရော ကျုပ်တွေးမိခဲ့ရဲ့လား ကျုပ်ကိုယ်ကျုပ် ပညာတတ်လို့ယူဆထားသလို လူတွေကလည်းကျုပ်ကို ဒေါက်တာဘွဲ့တွေ အများကြီးပေးထား တာလေ။ အဲဒီလိုပညာတွေတတ်ပေမယ့် ကျုပ်အတွေးအခေါ်က ဘယ်နေရာမှာသွားပြီး သဝေထိုးနေလဲ။

အဲဒါတွေအသာထားလိုက်၊ ကရင်စာဘယ်နှစ်မျိုးရှိသလဲ၊ တမျိုးတည်းရှိတယ်၊ ဟာ မဟုတ်ဘူး နှစ်မျိုး ဟာ မက ဘူး။ သုံးမျိုး။ လေးမျိုး….ငါးမျိုး….ခြောက်မျိုး။ များလိုက်တာ မကဘူးဆယ်မျိုး။ မကဘူး တရာလောက်ရှိတယ်။ ပြီးတော့ သင်္ချာနံပါတ်တွေ။ ၁,၂,၃,၄ ကရင်မှာ အဒီလိုနံပါတ်တွေရှိလား။ မရှိဘူး လုံးဝမရှိဘူး။ ရှိတယ်။

အသေအခြာကိုရှိတယ်။ တမျိုး နှစ်မျိုး သုံးမျိုးလေးမျိုးလောက်ရှိတယ်။ အား…မျက်နှာတွေအေးလိုက်တာ။
“သတိရလာပြီလား”
“အင်….ငါ ဘာဖြစ်နေတာလဲ?
“ယူ….သိပ်ကိုယ်ပူနေတယ်၊ အိုင့်ကိုခေါ်မှသတိထားမိတယ်၊ ဂိမ်းထဲစိတ်ရောက်နေလို့ပါ စိတ်မကောင်းပါဘူး”
“အခုလို ကူညီတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”
“ကူညီခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဘယ်ဟာမဆို အားလုံးဖွင့်ပြောစရာမလိုပေမယ့် လိုအပ်လာ ရင်တော့ အခုလိုပြောတာမျိုးက နှစ်ဦးနှစ်ဘက်အတွက် အများကြီးအကျိုးရှိပါတယ်၊ စိတ်ထဲမှာထိန်းချုပ်မထားပါ နဲ့၊ ယူအတွက်လည်း အကျိုးမရှိသလို အိုင်အတွက်လည်း အနေရကြပ်ပါတယ်”

“ဒါဆိုရင် ငါတို့နှစ်ယောက် ငှက်ကလေးတွေလို နေကြမလားဟင်” ရင်ထဲမှစကားလုံးများ လည်ချောင်းတွင်တစ် နေသည်။ မထွက် လုံးဝမထွက်။

“ရှင် ဘာကြည့်နေတာလဲ၊ တခုခုပြောချင်နေလား”
“အော် အေးအေး ရေတခွက်လောက်လိုချင်ပါတယ်“

ကျုပ်ရဲ့အခန်းဖေါ် ရေခဲသေတ္တာရှိတဲ့ဘက်ကို လှည့်ထွက်သွားချိန်မှာတော့ငှက်ကလေးတွေအကြောင်း စဉ်းစားမိ သမျှပြောကြည့်ချင်နေမိတာတော့အမှန်ပါပဲ။ ခက်တာက ဘာသာအယူအဆမတူ၊ ယဉ်ကျေးမှုမတူ၊ အတွေးအ ခေါ်မတူတာတွေ အတတ်နိုင်ဆုံးညှိယူရဦးမယ်၊ ဘာကြောင့်လည်းဆိုတော့ မွေးလာမယ့်သားသားမီးမီးကိစ္စ။
“ဟေ့…ဘာတွေစဉ်းစားနေတာလဲ ကဲ ရေသောက်မယ် ဒီဘက်ကိုလှည့်ပါ”

အံ့သြလိုက်တာနော် အရင်တုန်းကဆိုရင် သူအခုလို ရေခပ်ပေးပြီးတာနဲ့ခုံပေါ်ချပေးပြီးထွက်သွားတာပဲ အခုကျ တော့ ကျုပ်ကို အသေအခြာဆွဲထူပြီး ကလေးတယောက်ကိုရေတိုက်သလို ပါးစပ်ထဲအသေအခြာတေ့ပြီးတိုက် နေပါတယ်၊ အရင်တုန်းက သူ့မျက်လုံးတွေထဲမှာ ကျုပ်မြင်တဲ့အရောင်က ပူလောင်တဲ့အရောင်မျိုး အခုသူ့မျက် လုံးတွေက အင်မတန်အေးမြတဲ့ မျက်လုံးမျိုးဖြစ်နေတာ ဆန်းလိုက်တာဗျာ။

ပန်ကာနှစ်ခုစလုံး ကျုပ်တို့ရဲ့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အစွမ်းကုန်လည်နေပါတယ်။
အချိန်ယူရမယ် အချိန်မဖြုန်းရဘူး။ အရေးကြီးတာက တောင်ပျံပြိုင်တူခတ်မယ့် ငှက်ကလေးတွေဖြစ်ဘို့ပဲ။

မင်းစိုးစံ
အဝေးရောက် ကရင်ဟုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, May 24, 2010

မင်္ဂလာဈေးမီးဘေးသင့် ဆိုင်ရှင်များဆုံးရှုံးမှု ကြီးမား


Photo by www.bbcburmese.com
မင်္ဂလာဈေး မီးဘေးသင့် ဆိုင်ရှင်များ ဆုံးရှုံးမှုကြီးမား



Audio file by www.voanews.com/burma

Photo by www.bbcburmese.com

အသံဖိုင်ကတော့ www.voanews.co/burma ရဲ့မူပိုင်ဖြစ်ပြီး
ဓါတ်ပုံကိုတော့ www.bbcburmese.com က ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, May 23, 2010

ဘန်ကောက်မြို့ ပုံမှန်ပြန်လည်ပတ်မည်(VOA news.Burmese Section)

ဘန်ကောက်မြို့ ပုံမှန်ပြန်လည်ပတ်မည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ စီးပွားရေးအချက်အခြာကျတဲ့နေရာမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ သီတင်းပတ်များစွာ ဖြစ်ပွားခဲ့တာကြောင့် ပျက်စီးယိုယွင်းနေမှုတွေကို ထောင်နဲ့ချီတဲ့ စေတနာရှင်လူထုက စတင်သန့်ရှင်းနေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရေးပိုစတာတွေ၊ ဆေးရေးထားတာတွေနဲ့ အတူ ဆန္ဒပြသူတွေ စွန့်ပစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို တနင်္ဂနွေနေ့က ဖယ်ရှားသန့်စင်ခဲ့ကြ ပါတယ်။

သီတင်းတပတ်လောက်ပိတ်ထားတဲ့ ဘန်ကောက်မြို့ရဲ့ မြေအောက်ရထားနဲ့ မြေပေါ်ရထားတွေကိုလည်း တနင်္ဂနွေနေ့မှာ ပြန်လည် ဖွင့်လှစ် ပြေးဆွဲ ပေးခဲ့ပါတယ်။ အစိုးရရုံးတွေ၊ ကျောင်းတွေနဲ့ စတော့ရှယ်ယာဈေးကွက်တွေကို တနင်္လာနေ့မှာ ပြန်ပြီးဖွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ ဘန်ကောက်မြို့တော်နဲ့ ပြည်နယ် ၂၃ ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကိုတော့ နောက်ထပ် ၂ ညဆက်ပြီး ထားဦးးမယ် လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝက တနင်္ဂနွေနေ့မှာပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှု အဓိကရုဏ်းတွေ မြို့တော်ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့က ညမထွက်ရအမိန့်ကို ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘလော့ဂါကျင့်ဝတ် ရှိသင့်သလား? (ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်)



ဘလော့ဂါတွေနဲ့ဆိုင်တဲ့စာတမ်းတခုနဲ့ ပတ်သက်ပြီး ဘလော့ဂါတွေပြောသမျှအစီအစဉ် ကနေ မစုမြတ်မွန်နဲ့ကိုသားညွန့်ဦးတို့ တင်ဆက်ထားတာဖြစ်ပါတယ်။
ဘလော့ရေးကြတဲ့ ညီအစ်ကိုတွေအားလုံး သိသင့်တယ်ထင်လို့ ကျုပ်က တဆင့်ပြန်တင်ပေးလိုက်တာပါ။



Photo and Audio by www.voanews.com/burmese

ဓါတ်ပုံနဲ့အသံတွေကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ကနေ ကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စီပုံးပြဿနာ (ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)


Photo by www.google.com

ညစ်ညမ်းအရေးအသားတွေ C-Box ထဲ လာရေးတိုက်ခိုက်ကြတဲ့ပြဿနာကို ဘလော့ဂါတွေပြောသမျှအစီအစဉ် မှာ မစုမြတ်မွန်နဲ့ကိုသားညွန့်ဦး တို့က တင်ဆက်ထားတာဖြစ်ပါတယ်။

အတိုက်အခိုက်အဆဲအဆိုခံရတဲ့ ညီအစ်ကိုတွေသိသင့်တယ်ထင်လို့ ကျုပ်က တဆင့်ပြန်တင်ထားတာပါ။


Audio by www.voanews.com/burmese

အသံဖိုင်ရဲ့မူပိုင်က www.voanews.com/burmese ဖြစ်ပါတယ်။
ဓါတ်ပုံကိုတော့ www.google.com က ကူးယူထားတာဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, May 22, 2010

ဓမ္မ(နားဆင်ရန်)




Align Center






တရားဓမ္မနားဆင်နိုင်ပါသည်။ စောကရင် ကို အထူးကျေးဇူးတင်ပါသည်။ နားဆင်ကြသူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာနိုင်ကြပါစေ။

လေးစားချစ်ကြည်မှုများဖြင့်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, May 21, 2010

အထူးကျေငြာချက်

လာမယ့်နှစ်ပတ်ကိုးသီတင်းလောက်မှာ ကရင်စာနဲ့ပတ်သက်ပြီး စာလုံးပေါင်းတွေအပြင် အသံကိုပါ ထည့်ပြီးတင်ပေးဘို့အတွက် ကြိုးစားနေပါတယ်။

အဲဒီလိုပြုလုပ်တင်ဆက်နိုင်ဘို့အတွက် အသံတင်နည်းကိုသင်ပေးတဲ့ ဆုတောင်း၊ ပိုးကရင်စာလုံးဖေါင့် တည်ထွင်ပေးတဲ့ ကျော်ခရော့စ်နဲ့တကွ အစစအရာရာမှာ ကူညီပံ့ပိုးပေးကြတဲ့ စောလင်းနက်စ်၊ စော အောင်ဟိန်း၊ စောကျော်ခွိ၊ အဲခေါင်သောင့်၊ အဲလာတို့အပြင် သင်ဆရာမြင်ဆရာ ကြားဆရာ များအား လုံးကို ကျေးဇူးအထူးတင်ပါကြောင်းဦးစွာပထမ ပြောကြားလိုပါတယ်။

ရည်ရွယ်ချက်ကတော့ ကျုပ်နဲ့ဘဝတူသူတွေ ကျုပ်လိုကရင်စာပေနဲ့ပတ်သက်လို့ မသိနားမလည်သူ တွေအတွက်လေ့လာမှတ်သားနိုင်အောင် တင်ဆက်ပေးမှာဖြစ်ပါတယ်။

ကရင်စာပေနဲ့ပတ်သက်လို့ နားလည်တတ်ကြွမ်းသူတွေအတွက် ရည်ရွယ်ခြင်းစိုးစဉ်းမျှမရှိပါဘူး ဒါ ကြောင့် အခုတင်ဆက်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ကျုပ်လေ့လာသိရှိထားသလောက် နားလည်သလောက်ကိုသာ တင်ဆက်မှာဖြစ်ပါတယ်။

လေ့လာတဲ့သူတွေအတွက် အခက်အခဲ တစုံတရာရှိမယ်ဆိုရင် တိုက်ရိုက်ဆက်သွယ်အကြံပြုနိုင်သလို စီဘောက်ထဲမှာလည်း အဆင်ပြေသလိုရေးသားအကြံပြုစေလိုပါတယ်။
ကြိုတင်ပြောထားတာပါ။

တင်ဆက်ရာမှာ လိုအပ်တဲ့ပုံတွေကိုရှာရင်း အခြားပုံတွေပါတွေ့တာနဲ့ စာပေကိစ္စမဖြစ်သေးခင် မမြင်ရ သေးတဲ့သူတွေ လိုအပ်ရင် အသုံးပြုနိုင်ဘို့အတွက် တင်ပေးလိုက်ပါတယ်။
မြင်ဘူးသူတွေကတော့ ကျော်သွားလိုက်ပေါ့နော်။

ကျေးဇူးအထူးတင်ပါတယ်။
ဓါတ်ပုံတွေအားလုံးကို www.google.com ကနေ ကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး






ဒီပုံကတော့ ၁၉၂၃ခုနှစ်တုန်းက ဖါးစည်သွန်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ပုံဖြစ်ပါတယ်။






All photo by www.google.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, May 20, 2010

ထိုင်းဆန္ဒပြပွဲနောက်ပိုင်း ဝန်ကြီးချုပ်ပေးတဲ့ ကတိ(VOA news)

Photo by www.moemaka.net




Audio by www.voanews.com/burmese



အဖမ်းအဆီးခံရှပ်နီဆန္ဒပြသမားအချို့
Photo by www.moemaka.net

အရေးအခင်းအတွင်းမှာ သေဆုံးသွားရတဲ့ အီတလီသတင်းထောက်
Photo by www.moemaka.net

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, May 19, 2010

ထိုင်းဆန္ဒပြပွဲ နောက်ဆုံးရသတင်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထောင်ဝင်စာတွေ့စဉ် အကျဉ်းသားတဦးသေဆုံး(VOA news) အသံ




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲ နောက်ဆုံးရသတင်း

Photo by www.bbcburmese.com



Photo by www.bbcburmesr.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘန်ကောက်နဲ့နယ်တချို့ ညမထွက်ရအမိန့် ထုတ် (VOA NEWS)

Photo by www.bbcburmese.com

ဘန်ကောက်နဲ့ နယ်တချို့ ညမထွက်ရအမိန့်ထုတ်
ဗုဒ္ဓဟူး, 19 မေ 2010

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေအပေါ် နှိမ်နင်းမှုတွေ လုပ်ခဲ့အပြီး မီးရှို့ ဖျက်ဆီးမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်နဲ့ တခြား ခရိုင်ဒေသ အနည်းဆုံး ၂၁ ခုမှာ အစိုးရက နေ၀င်မီးငြိမ်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျီ င်္အနီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေ လက်နက်ချ အဖမ်းခံခဲ့ကြပေမဲ့ ဆန္ဒပြ သမားတွေက ဒီကနေ့ မြို့တော်တခွင်မှာ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာပါ။

ထိုင်း စတော့ခ်ရှယ်ယာဈေးကွက်၊ အဓိက ကုန်တိုက်ကြီးတခု၊ ဒေသခံ ရုပ်မြင်သံကြားဌာန တခုနဲ့ ဘဏ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။ တိုက်ခိုက်မှုတွေ ဘန်ကောက်မြို့မှာ သာမက တခြားနယ်မြို့တွေမှာပါ ဖြစ်ပွားနေပြီး ဥဒုံဌာနီ၊ ခွန်ခေး စတဲ့မြို့တွေမှာလည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေက နောက်ထပ် သွေးမြေကျမှုတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြပွဲတွေကို အဆုံးသတ်တော့မယ်အကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ကြတာပါ။ ဘန်ကောက်မြို့က ဆန္ဒပြ သူတွေ အကာအရံ အတားအဆီးတွေနဲ့ ယာယီစခန်းချထားရာ နေရာတွေကို ၀င်ရောက် ဖြိုခွင်းခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အီတလီ သတင်းထောက်တဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် နိုင်ငံခြားသားသတင်းထောက် ၂ ဦး လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။


Audio by www.voanews.com/burmese

Photo by www.voanews.com/burmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲ နေက်ဆုံးရသတင်း



ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲ နောက်ဆုံးရသတင်း






ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲ အခြေအနေ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မာနယ်ပလော (ငြိမ်းဝေ)

မာနယ်ပလော
ငြိမ်းဝေ | အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၃ မိနစ်


ငါကိုယ်တိုင်ရွေးချယ်ပြီး
ငါကိုယ်တိုင် တည်ဆောက်တဲ့ ဘူတာ
အဲဒီကနေပြီး
ငါတက်စီးခဲ့တဲ့ရထား
အဲဒါ “မာနယ်ပလော”။
(၁၉၉၂၊ ဇွန်…)

ထိုင်ခုံတနေရာ မရလိုက်ဘူး
အသံထက်မြန်
ကျည်ဆံထက်မြန်
မြန်သထက်မြန်
အဲဒီ ရထား ဘီးပါသလား
ရထားဆိုတာ ဘီးပါရသလား
ဘီးပါမှ ရထားဖြစ်သလား
“ရထားဖြစ်သလား ရထားဖြစ်သလား”
မော့ကြည့်တယ်
ဘီးက ဆယ်ဘီး
ဆယ်ဘီး ရထားပေါ့
တချို့က ဆယ့်ငါးဘီးလို့ ပြောတယ်
ဒါဆို ဆယ့်ငါးဘီးရထားပေါ့
ဒါက အရေးမကြီးပါဘူး
ရထားဖြစ်သလားပဲ အရေးကြီးတာပါ
ဘီးပါဖို့ပဲ အရေးကြီးတာပါ
ဘီးပါတဲ့ ရထားပေါ်မှာ
ဘီးမပါပဲ ငါလမ်းလျှာက်ကြည့်တာ
ငါ့ကို ဘယ်သူ ဘီးတပ်ပြီး တွန်းလွှတ်လိုက်သလဲ
တွန်းလွှတ်တဲ့အခါ ဘီးတပ်ထားသလား
ငါက ရထားထက်မြန်သလား

ရထားကို ငါစီးလာသလား
ရထားက ငါ့ကို စီးသွားနေသလား

ဘယ်လိုပဲဖြစ်ဖြစ်
ရထားရွေ့နေခဲ့ဖို့ပါပဲ
ရထားဖြစ်သလား
ရွေ့တဲ့အခါ ရှေ့ကို
ဘေးကို
နောက်ကိုတော့ ပြန်မရွေ့ဖို့ပဲ
ဘီးတွေက မြည်လှ မြန်လှချည့်လား
လေတွေက တဝူးဝူး
ဝုန်း ဒိုင်း ရွှီ ဝေါင်း
ရထားဖြစ်သလား
ခက်တာက ခလေးတွေချည်းပဲ
နှပ်မသုတ်တတ်ဘူး
နောက်ဖေး ကြုံသလိုသွား
မျက်နှာ သူများသစ်ပေးမှ
ထမင်း ခွံ့ကျွေးမှ
လက်ဆေးပေးမှ လက်သုပ်ပေးမှ
ခက်တာက ခလေးတွေချည်းပဲ
“ကုလားထိုင် စိုက်ပျိုးခင်း”* တဲ့လား
မျိုးစေ့တွေ အောင်လှချည့်လား
ပန်းတွေ ပွင့်လွန်းသလား
သီချင်းတွေ ဆိုလွန်းသလား
အကတွေ များလွန်းသလား
ဒါပေမယ့်
ငါ့မှာ
တံဇဉ်မရှိဘူး
အနံ့ကောင်းကောင်း မရဘူး
ကီး ကောင်းကောင်းမကိုက်ဘူး
ချိုမိုင်မိုင်ပါကွာ
ဒါပေမယ့်
ငါ
မျိုးစေ့ကြဲ
ပန်းစိုက်
သီချင်းဆို
က
သူများလိုပါပဲ
တေ တျာ ထန် ရှင် ပါပဲ
“ဘောင်းဘီပွပွကြီးကို ကြိုက်တယ်ဟေ့”*
ဒီလိုနဲ့
ငါတို့တတွေ ရထားဖြစ်ခဲ့ကြသပေါ့
ဒီလိုနဲ့
ငါတို့တတွေ
ရထားစီးခဲ့ကြသပေါ့
အဲဒါ မာနယ်ပလော။

ဘီးတပ်ရထားကို ဘယ်သူတွေ တွန်းခဲ့ကြသလဲ
ဘယ်ကိုလဲ
ဘယ်လောက်အထိလဲ
ခင်ဗျားက ဂတ်ဗိုလ်လား
စက်ခေါင်းဗိုလ်လား
ပလက်ဖေါင်းပေါ်က အလံပြလား
ခြေနင်းခုံပေါ်မှာ ငါလား
သူလား ငါလား
ညီအကို မသိတသိလား
ရောင်နီလာပြီလား
မှောင်ပြီလား လင်းပြီလား
ဒါကတော့
အပြော
ဒါကတော့
အပြ
ဒါကတော့
အလှုပ်
ထိုင်ခုံတနေရာ ငါလိုက်ရှာ
ထိုင်ခုံတနေရာ ငါတွေ့ 
ထိုင်ခုံတနေရာဆီ ငါသွား
ဒယီးဒယိုင်
ရထားက လှုပ်လွန်းခါလွန်း
လူတွေက တွန်းလွန်းတိုးလွန်း ယိမ်းလွန်းယိုင်လွန်း
ငါက ပွန်းလွန်းပဲ့လွန်း
ဒါနဲ့ပဲ
ရတဲ့တနေရာ ငါထိုင်
မဟုတ်ဘူး ထိုင်တဲ့တနေရာ ငါရ
ငါ
ကဗျာရေး ကဗျာတွေး ကဗျာဆေး ကဗျာဘေး
ဒါပေမယ့်
ငါ
ရထားစီးခဲ့
ငါ
ကဗျာရေးခဲ့
ကဗျာဖြစ်သွားတဲ့ ညနေဆည်းဆာများ
ကဗျာဖြစ်တော့မယ့် နံနက်ဆည်းဆာများ
သည်လိုနဲ့ 
ငါ
အိပ်ငိုက်လိုက် ပြုံးလိုက်
လက်သီးဆုပ်လိုက် ဖြန့်လိုက်
ကုန်းလိုက် ကွလိုက်
ယားလို့ ကုတ်လိုက်
ကုတ်လို့ ယားလိုက်
ရှေ့ကိုသွားဖို့ရာ
သွားတဲ့ရထားကို စီးရမှာလား
ရထားစီးရင်း သွားရမှာလား
ဒီလိုနဲ့
ငါ့ကဗျာ ဆယ့်တပုဒ်
ဒီကနေ့ ရေး
နေ့မကူးခင် ဟောင်းသွား
နေ့မကူးခင် ကျိုးပဲ့သွား
မာနယ်ပလောရေ
နင်ဟာ
ငါ့ရဲ့ နှလုံးသား ဒီမိုကရေစီမှာ
ဘယ်တော့မှ
အပျိုရည် မပျက်စေရဘူး ဆိုလား
မာနယ်ပလောတွေ
အများကြီးလို့ ဆိုလိုက်သလား
တော်လှန်ရေးရဲ့ နှလုံးသားတည်ရှိရာ
ဆိုလိုက်သလား
ခင်ဗျား
အသံတိုးလှချည့်လား
ခင်ဗျား
အသံတွေ ကျယ်လှချည့်လား
ခင်ဗျား
အသံတွေ ကြောင်လှချည့်လား
ခင်ဗျား
အသံတွေ အောင်လှချည့်လား
အဲဒါ
မာနယ်ပလော။

ဘီးပါတယ်လို့ ယူဆရဖွယ်ရှိတဲ့ ရထားတစင်း
အဲဒီရထားမှာ ဘီးပါသလား
ဒီကြားထဲ
ရထားမှာ ဘီးမပါလဲဖြစ်တယ်တဲ့
တချို့က
ရထားဘီးတွေ လဲရမယ်တဲ့
တချို့က
ဘီးတဘီး နှစ်ဘီး သုံးဘီးလောက် ဖြုတ်ချထားခဲ့မှ ရမယ်တဲ့
ဘီးတွေဖြုတ်ချထားခဲ့တာလား
ပြုတ်ကျကျန်ခဲ့တာက ဘီးတွေလား
တချို့က ဘီးလုံးဝမပါပဲ သွားကြည့်ရင်ကောင်းမယ်ဆိုလား
ဘီးအဝိုင်းအစား
ဘီးသုံးထောင့် ဘီးလေးထောင့်
သည်လို ပြောင်းတပ်ကြဆိုလား
ဆီထည့်ဖို့ မလို
ဝက်အူမပြုန်းတဲ့ ဘီးဆိုလား
ရှေ့ကိုပဲလိမ့်ပြီး နောက်ပြန်ဆုပ်မရတဲ့ ဘီးအတွေဆိုလား
သံလမ်းမလိုတဲ့ ဘီးတွေဆိုလား
ဒါလည်း ဘာလိုသလဲ
ဘီးဖြစ်ဖို့က အဓိကပဲမို့လား
ကြားဘူတာ မလိုတဲ့ ရထားဆိုလား
ဘယ်ဘူတာမှ ရပ်ဖို့ မလိုတဲ့ ရထားလား
ဒါလည်း ဘာလိုသလဲ
ရထားဖြစ်ဖို့ပဲ မဟုတ်လား
အဲဒါ
မာနယ်ပလော။

ခြေသံတွေ
ခင်ဗျား ကြားလိုက်ရဲ့လား
လူ ဆယ့်သုံးယောက်ရဲ့ ခြေသံတွေ
ကြောင်ရှာပင်တွေဆီ ကပ်သွားတဲ့
ခြေသံတွေ
ဘတ် ၃၅ဝ ကိုပိုက်ပြီး
မယ်ညောခီးတောင် ကျော်သွားနေတဲ့ ခြေသံတွေ
အာဇာနည်ကုန်းပေါ်က သေနတ်ဖေါက်သံတွေ
ဒီအေဘီကုန်းပေါ်က
ဒီဗွီဘီသတင်းထောက်တယောက်ရဲ့
အသံဖမ်းစက် တောင်းခံသံတွေ
မနက် ၉ နာရီကျော်ကျော်
မြစ်ဆုံပေါ်က လက်နက်ကြီးကျသံတွေ
စစ်သင်တန်းအထူးဆုရ မိန်းခလေး
စစ်ဖိနပ်သံတွေ
ဝန်ကြီးများရုံးနောက်ကြောကုန်းပေါ်က
ခန္ဓာကိုယ်ချည်းပဲ လှိမ့်ချလိုက်တဲ့အသံတွေ
ပါကင်ထုပ်ကြီးတထုပ် ဝိုင်းထိုင်ကြည့်နေကြ ရင်ခုန်သံတွေ
တနေ့တော့ မောင်ပြန်လာမည်ကို ထိုင်ဆဲလိုက်ကြတဲ့အသံတွေ
အဲဒါ
မာနယ်ပလော။

ငါ
ရထားတစင်းပေါ်မှာ
မှန်ထောင်ကြည့်
ယက်တူရှန်ကိုလား
အိုစစ် မင်ဒယ်လ်စတန်းလား
ဆစ်လ်ဗီယာ ပလပ်လား
ဒါက
ငါလား
ဒါက
သူများလား
သူများတွေလို
ငါ့လို
သူတို့မှာ
ဒါပေမယ့် လက်က သုံးလေးချောင်း
သွားနဲ့
ဒါပေမယ့် သုံးဆယ့်ငါးချောင်း
ဒါပေမယ့် မျက်လုံးက နဖူးးပေါ်မှာ
သူတို့နဲ့ ငါ
ထူးရာစိုးမှာ ထိုင်
ဒေါ်အောင်ဆန်းစုကြည်လမ်းထဲ
လေနုအေးက ပူတယ်
ခြေတပေါင်ကျိုး လမ်းလျှောက်
ကုလားမခြေထောက်နဲ့ သွား
အုန်းပင်စိုက်
အမျိုးမျိုး ထွင်ကြည့် ထွင်းကြည့် ထွက်ကြည့် ထွာကြည့် ထုံးကြည့်
ကျီးကြည့် ကြောင်ကြည့် စာကလေးကြည့် ဆက်ရက်ကြည့်
အမြီးလှုပ်ကြည့် အမြီးကုတ်ကြည့်
လက်ချိုးကြည့် ဇက်ချိုးကြည့်
အဟမ်း
ငါ ကဗျာတပုဒ် ရွတ်မယ်
အဲဒါ မာနယ်ပလော။

ငါ
တကယ်ပဲ ဘူတာတခု တည်ဆောက်ခဲ့သလား
ရပ်မပေးတဲ့ ရထားတစင်းပေါ် ခုန်တက်ခဲ့တာ တကယ်လား
ရထားပေါ်ကြမှ
ငါ့ကိုယ်ငါ တည်ဆောက်လိုက်သလား
ဒါမှမဟုတ်

ရထားပေါ်ရောက်ကာမှ
ငါ တည်ဆောက်ခံလိုက်တာလား
သူများချစ်လို့
လိုက်ချစ်တာမျိုး
သူများစီးလို့
လိုက်စီးတာမျိုး
လိုက်စီးရင်းတော့ ချစ်လိုက်မိသလား
ချစ်လို့ လိုက်စီးလိုက်တာလား
ခေတ်တခေတ်နဲ့ ရထားတစင်းက အတူတူပဲလား
ရထားတစင်းဟာ ခေတ်တခေတ်ဆိုရင် ကြီးကျယ်ရာ ကျနေမလား
ဝန်ကြီးများရုံး ရဟန်းပျိုများသမဂ္ဂကုန်းတော်
နိုင်ဝင်းဆွေရဲ့ နန်းတော်တဲအိမ် မယ်တုက္ခီစမ်းချောင်း
ထမင်းစားရုံဘက်က ဝါးခေါက်သံ
ဒါပေမယ့်
“အိုအောင်” ရေ
ခင်ဗျားလိုပဲ ခလောက်သံပြန်မကြား
မဟုတ်ဘူး မကြားတကြား တကိုယ်ကြား
တံခါးခေါက်သံ ဝါးပေါက်သံ ကျားဟောက်သံ
ဒါပေမယ့်
ခေတ်တခုကို အခုလို
နားဖေါက်
တချို့လည်း ဒူးထောက်လို့
ရစကောင်းလား
ကောင်းတာရမှာလား
တောင်းတာ ရမှာလား
ရတာ ကောင်းမှာလား
ရတာ တောင်းတာလား
ခင်ဗျား
ကျနော်နဲ့ လိုက်ဆို
သံပြိုင် မဆိုနဲ့
လိုက်ဆို
ရှေ့က မဆိုနဲ့
ဘေးက မဆိုနဲ့
လိုက်ဆို
ကဲ
လိုက်ဆို
အဲဒါ မာနယ်ပလော။

မာနယ်ပလောမှာ
ငါမပါရင် ကဗျာမဖြစ်ဘူး
မဟုတ်ဘူး
ကဗျာမပါရင် ငါမဖြစ်ဘူး
ငါမပါရင် အသံမထွက်
ငါမပါရင် မငံ
ငါမပါရင် ဟင်းခွက်တရာမပြည့်
ငါမပါရင်
ဒါကြောင့်မို့
ငါက
ဘောင်းဘီပွပွကြီးကို ကြိုက်ခဲ့တာပေါ့
ပက်စတာညက်ရဲ့ ဆောင်းညကို ခြုံအိပ်ခဲ့တာပေါ့
မာယာကော်စကီးရဲ့ နဖူးဆီလာနေတဲ့ ကျည်ဆံကို
လက်နဲ့ ဝင်တားဖို့ ကြိုးစားခဲ့တာပေါ့
မောင်သင်းခိုင်ရဲ့ ခေါင်းကို မရိုက်ဖို့ ပြောခဲ့တဲ့
ဇော်(ပျဉ်းမနား) ကို ငါ ထောက်ခံခဲ့တာပေါ့
သခင်ကိုယ်တော်မှိုင်းရဲ့ ဗဟုဝါဒကို ငါ ဖြင်ကြည့်ခဲ့တာပေါ့
ဆရာတာရာရဲ့ ရန်သူကို မိတ်ဆွေဖြစ်အောင် …
ငါ
ကဗျာရေးတယ်
ငါ
ကဗျာရေးတယ်
ငါ
ကဗျာ ရေးတယ်
အဲဒါ
မာနယ်ပလော။

ဒီတုန်းက
ငါ
အမှတ်အနည်းဆုံး စစ်သင်တန်းသား
ငါ့ သေနတ်ပြောင်းပေါ်က ပိုက်ဆံက အကြိမ်ကြိမ်ခုန်ချ
ရှေ့တန်းကို ကျည်ဆံမယူဘဲ နှလုံးသားအခွံကြီးနဲ့ ဆင်းသွား
ယွန်းစလင်းချောင်းဘေးမှာ ဗသျှိုးရဲ့ ဖါးတကောင် ရေထဲခုန်ချတာကို နားထောင်
ပလုံ..။
လေးကေတောင် ကားမဲတောင် မိဆိုင်းတောင်
ကျုံစိန် တလိုင်းကရင် ကျောက်ဖြာ
ဟပ်သလိုက်ကျေးနယ်
မယ်ပေါထ ပေါ့ပါးထ ဒေါင်းဂွင် သံလွင် ပဟေလူ ဖွေးပေါလူ
စောဘဦးကြီး ကျောက်တိုင်
ကရင်လူငယ်အစည်းအရုံးရှေ့ စုပေါင်းဓာတ်ပုံရိုက်ခြင်း
ဗိုလ်ချုပ်ကြီးစောဘိုမြမွေးနေ့ ပွဲခင်းထဲက ခင်ဝင်းသစ်ရဲ့ လမ်းလျှောက်နေတဲ့လက်ဆစ်များ
ပဒိုမန်းရှာအိမ်ကုန်းပေါ်က လရောင်
ဘောနော်လေးတောင်ကြားထဲက ဂန္ထဝင်မြောက် မြူခိုးများ
ကချင်ကုန်း ပလောင်ကုန်း မွန်ကုန်း
ပြီးတော့
ဒေါင်းအိုးဝေ
သနူးထူး
ခေဒဗလျူအိုမဂ္ဂဇင်း
ဂျီအန် သာတီတူး
စာပေကလပ်
အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ
ဒေါ်အောင်ဆန်းစုကြည်လမ်းကလေး
နိုင်ဝင်းဆွေရဲ့ ငြုပ်ခင်း ခရမ်းခင်းနဲ့ သောင်ရင်းမြစ်ပေါ်က လေညှင်းကလေး
မယ်တုက္ခီစမ်းချောင်းထဲက နေရောင်ခတဲ့ ကျောက်တုံးများ
အဲဒါ
မာနယ်ပလော။

ငါ
နှစ်မြုပ်ဖောက်ခွဲနိုင်ခဲ့ရဲ့လား
ပေါက်ကွဲသံနဲ့ ဖောက်ခွဲသံကို ခွဲခြားနိုင်ခဲ့ရဲ့လား
ဒါဟာ
နာရီသံချောင်းခေါက်သံ
ဒါဟာ
မီးသံချောင်းခေါက်သံ
တုံးခေါက်သံနဲ့ ဗုံးဖေါက်သံ
အသံစုံ
အသံကြောင်
အသံအောင်
အသံစူး
အသံဖြင်း
အသံပြင်း
အသံဟူသမျှ သယ်ဆောင် ရထားတစင်း
တံတားတစင်းပေါ်မှာ
မြစ်တစင်းကို ဖြတ်ကျော်လာခဲ့ပေါ့
ငါ
တံတားတစင်းကို နှစ်ခါကျော်လို့ ရနိုင်မတဲ့လား
ရထားတစင်းကို နှစ်ကြိမ်စီးလို့ ရနိုင်မတဲ့လား
ဒါပေမယ့်
တခါထဲနဲ့ တဘဝလုံး သယ်ဆောင်သွားရမယ့် ရိက္ခာများ
အဲဒါ
မာနယ်ပလော။

ငါ
ရထားတစင်းပေါ်မှာ
ငါ
ကဗျာတပုဒ်ပေါ်မှာ
ငါ
ငါ့ကိုယ်ပေါ်မှာ
ချူကြည့်ခဲ့ ယူကြည့်ခဲ့
ရထားပေါ်က ဘဝတခုကို ငါချူကြည့်ခဲ့သလား
ချူနိုင်ခဲ့ရဲ့လား
အချူခံခဲ့ရသေးလား
ငါ ကိုယ်တိုင်က
အချူခံခဲ့ အယူခံခဲ့သလား
အဲဒါ
လက်ခမေါင်းသံ
အဲဒါ
အနံ့တမျိုး
အဲဒါ
လွတ်မြောက်နယ်မြေ
အဲဒါ
တော်လှန်ရေး စခန်း
အဲဒါ
ကဗျာတပုဒ် ဖြစ်ခဲ့ပေါ့။ ။

(၁၈၊ ၅၊ ၂ဝ၁ဝ)
* ကဗျာဆရာ တိုက်မောင်းရဲ့ ကဗျာတပုဒ်ထဲက စာသားများဖြစ်ပါတယ်။

မာနယ်ပလော။ ။ တချိန်က ရှိခဲ့ဖူးတဲ့ တော်လှန်ရေး အမာခံစခန်းကြီးရဲ့ အမည်ဖြစ်ပါတယ်။

ဒီကဗျာကို မဇ္ဈိမသတင်းနဲ့မီဒီယာ စာစောင်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, May 18, 2010

ယဉ်ကျေးမှုအက,ပဒေသာ



ဒါကတော့ Laos အက,ဖြစ်ပါတယ်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယဉ်ကျေးမှုအက,ပဒေသာ



ဒါကတော့ Korea အက,ဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယဉ်ကျေးမှုအက,ပဒေသာ



ဒီသီချင်းကတော့ Hmong ရိုးရာတေးသီချင်းဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယဉ်ကျေးမှု အက,ပဒေသာ

ဒီအကလေးကတော့ ဂျပန်ရိုးရာအကဖြစ်ပါတယ် Harding Senior High School က ဂျပန်ကျောင်းဆရာမက ဂျပန်ကျောင်းသူလေးတွေမရှိပေမယ့် ရှိတဲ့ကျောင်းသူတွေနဲ့ သူ့အမျိုးသားရိုးရာအကကို သင်ကြားပေးပြီး က,ပြစေတာကတော့ဖြင့် သူ့ရဲ့ မိမိရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဘိုးထားတာလေး ကတော့ဖြင့် စံထားလောက်ပါပေတယ်။



အကယ်၍များ ကရင်ကျောင်းဆရာမတယောက်အနေနဲ့ ကရင်လူမျိုးမရှိတဲ့နေရာဒေသမျိုးမှာ ကိုယ့်ရိုး ရာယဉ်ကျေးမှုကို အဲဒီဂျပန်ဆရာမလိုသာ ဖေါ်ထုတ်ပြနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယဉ်ကျေးမှု အက,ပဒေသာ

မေလ ၁၇ရက်နေ့က မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ မှာရှိတဲ့ Harding Senior High School မှာ Multi culture ဆိုတာကိုကျင်းပ,ခဲ့ပါတယ်။



လွန်ခဲ့တဲ့နှစ်ကမှ အုမ်းပျမ်မိုင်ဒုက္ခသည်စခန်းကနေရောက်လာတဲ့ မန်းခါးကုံးနဲ့
နော်မူးတူတို့ရဲ့သမီး နန်းကြည်ကြည်ထွေးဦးဆောင်ပြီး ပိုးကရင်ကျောင်းသူ
ကျောင်းသားများ စုပေါင်းတင်ဆက်ထားတဲ့ အက,တေးသံသာဖြစ်ပါတယ်။


နိုင်ငံရပ်ခြားရောက်နေပေမယ့် မိမိရိုးရာကို မမေ့မလျော့ ဖေါ်ထုတ်ထိန်းသိမ်းကြတဲ့ ကရင်လူငယ်လေး တွေကို ကျုပ်နေနဲ့အလေးအနက်ထားပြီးဂုဏ်ပြုဖေါ်ပြလိုက်ပါ
တယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲအခြေအနေ(အသံ)





Audio and Photo by www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, May 17, 2010

ဆန္ဒပြသူများမှ ထိုင်းအစိုးရသို့ကမ်းလှမ်းခြင်း(အသံ)

Photo by www.bbcburmese.com



Audio by www.voanews.com/burmese

Photo by www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းနိုင်ငံဆန္ဒပြပွဲသတင်း (အသံ))


Photo by www.bbcburmese.com


Audio by www.voanews.com/burmese

Photo by www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, May 14, 2010

စားပွဲပေါ်ဖိတ်ကျန်နေတဲ့ ထမင်းစေ့တွေ






စားပွဲပေါ်ဖိတ်ကျန်နေတဲ့ ထမင်းစေ့တွေ
(စည်သူငြိမ်း)



ကိုယ့်ပန်းကန်ထဲ ကိုယ်ထည့်စားကြ
မိသားစုဟာ
သံသယတွေ ပုတီးစိပ်လို့။ ။



ကိုယ့်အိတ်မှ ကိုယ့်အိတ်ပဲ
ထမင်းတအိုးတည်း
ကြမ်းတပြေးတည်း
စိတ်ကတော့ကွဲ။ ။


ဆင်းရဲမွဲတေနေတာ အသပြာလား?
ငါသာငါထက် အိပ်မက်ရှည်လား?
ဖန်ခွက်ထဲက ရေတဝက်လား?
ဖြည့်မထားတဲ့ ဖန်သားလား?



စကားများ မပြောဖြစ်ကြ
ထ,သွား
ကျောက်ခဲတခဲလို။ ။



အိမ်ဆိုတာ
ပြူတင်းပေါက်မဲ့ရင်
မကောင်းဘူး။

စည်သူငြိမ်း

ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, May 12, 2010

ဗြိတိန်ဝန်ကြီးချုပ်သစ်

အစိုးရသစ်ဖွဲ့ဘို့ ဘုရင်မကြီးရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့David Cameron

Photo by www.bbcburmese.com


ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ရာထူးက နှုတ်ထွက်သွားပြီးနောက် ဂေါ်ဒွန် ဘရောင်းရဲ့ လေဘာပါတီ အစိုးရရဲ့ နေရာကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ် (Conservative) ပါတီ ခေါင်းဆောင်တဲ့ အစိုးရသစ်က ၀င်ယူလိုက်ပါပြီ။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဒေးဗစ် ကမ်မရွမ်း (David Cameron) ကို ဗြိတိန်ဘုရင်မကြီး အဲလိ ဇဘက်သ် (Queen Elizabeth II) က နိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် အဖြစ် မနေ့ကပဲ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။ ဗြိတိန်မှာ အစိုးရသစ် ပြောင်းလဲသွားပေမဲ့ မြန်မာပြည်ဆိုင်ရာ ဗြိတိန်ရဲ့ သဘောထားတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ၁၃ နှစ်တာ ကာလအတွင်း ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရတရပ် မနေ့ကပဲ ပေါ် ထွက်လာခဲ့ပါပြီ။

“အခုဟာက ကြမ်းတမ်းခက်ခဲမယ့် အလုပ်ပါ။ စိန်ခေါ်မှု အခက်အခဲတွေ အားလုံးကို ညွန့်ပေါင်းအဖွဲ့က ကျော်ဖြတ်သွားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ခိုင်မာ အားကောင်းပြီး တည်ငြိမ်မှုရှိတဲ့ အစိုးရတရပ် ဖြစ်အောင် ကျနော်တို့ အတူတကွ ပံ့ပိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်၊ ဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် ဒေးဗစ် ကမ်မရွမ်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နှုတ်ထွက်သွားခဲ့တဲ့ ဂေါ်ဒွန် ဘရောင်းကလည်း တိုင်းပြည်အတွက် သူ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့ရတာပါ။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကိစ္စ အပါအ၀င် ပြဿနာတွေက တော်တော်ရှိလာခဲ့တာပါ။ ကျနော်ကတော့ ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေ အကျိုးအတွက် အမြဲတမ်းပဲ အကောင်းဆုံး ဆောင်ရွက်ခဲ့တာပါ။”

နှုတ်ထွက်သွားတဲ့ လေဘာပါတီရဲ့ ခေါင်းဆောင် ဂေါ်ဒွန် ဘရောင်းရဲ့ ၀န်ကြီးချုပ်သက်တမ်း နောက်ဆုံးစကား ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အသစ်တက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်းကို တယ်လီဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

ဗြိတိန်မှာ အစိုးရသစ်တရပ် တက်လာတော့ မြန်မာပြည်အပေါ်ထားတဲ့ ဗြိတိန်နိုင်ငံရဲ့ မူဝါဒတွေကရော ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်မယ် ထင်ပါသလဲ။ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ဘန် ရောဂျားစ်က အခု အသစ်တက်လာတဲ့ ကွန်ဆာဗေးတစ်ပါတီကို ထောက်ခံအားပေးတဲ့သူပါ။

“ကျနော်ကတော့ ကွန်ဆာဗေးတစ်ပါတီ တက်လာတာ သိပ်ပြီး ၀မ်းသာပါတယ်။ ရွေးကောက်ပွဲကာလ စည်းရုံးရေးတွေမှာလည်း ကျနော် ပါဝင်လှုပ်ရှားပေးခဲ့တာပါ။ ဒီပါတီက အစိုးရဖွဲ့တာကို ကျနော် မြင်ချင်ပါတယ်။”

အခု နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက မြန်မာ့အရေးကို တော်တော် အားပေးထောက်ခံသူ တဦးပါ။ ခင်ဗျားက မြန်မာ့အရေး ဆောင်ရွက်နေသူတဦး ဖြစ်ပြီးတော့ ဘာကြောင့် ကွန်ဆာဗေးတစ်ပါတီကို အားပေးရတာလဲဗျ။

“ခင်ဗျားပြောတာ မှန်ပါတယ်။ ဂေါ်ဒွန် ဘရောင်းက မြန်မာ့အရေးကို အပီအပြင် ထောက်ခံခဲ့တဲ့သူပါ။ အဲဒီအတွက်လည်း သူ့ကို ကျနော် အသိအမှတ် တကယ်ပြုပါတယ်။ ကွန်ဆာဗေးတစ်ပါတီကို ကျနော် အားပေး ထောက်ခံရတာကတော့ တခြားအရေးကိစ္စတွေ အားလုံးကို ခြုံပြီးတော့မှ ထောက်ခံတာပါ၊ မြန်မာ့အရေး တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

“ကွန်ဆာဗေးတစ် ပါတီကလည်း မြန်မာ့ ဒီမိုကရေစီအရေးကို အပီအပြင် အားပေး ထောက်ခံတယ် ဆိုတာကို ပြသခဲ့တာတွေ ရှိပါတယ်။ အဲဒါကြောင့် ဗြိတိန်အစိုးရသစ်ကလည်း မြန်မာ့အရေးကို ဂေါ်ဒွန် ဘရောင်း အစိုးရလိုပဲ ဆက်ပြီး ထောက်ခံသွားမယ်ဆိုတာ ကျနော် စိတ်ချယုံကြည်နေပါတယ်။

“ကွန်ဆာဗေးတစ်ပါတီက မြန်မာ့ဒီမိုကရေစီရေးကို အပြင်းအထန် အားပေး ထောက်ခံခဲ့တာပါ။ ဗြိတိန်မှာ မြန်မာ့အရေး လုပ်နေတဲ့ ဇိုယာဖန်းကို ကွန်ဆာဗေးတစ်ပါတီရဲ့ ညီလာခံမှာ ၂ ကြိမ်တိတိ ဖိတ်ခေါ်ပြီး မြန်မာ့ဒီမိုကရေစီရေးအကြောင်း ပြောခွင့်ပေးခဲ့ပါတယ်။ အခု ၀န်ကြီးချုပ်အသစ် ဒေးဗစ် ကမ်မရွမ်းရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမယ့် ၀ီလျံဟိတ်ခ် ဆိုရင်လည်း ဇိုယာဖန်းရဲ့စာအုပ် ထွက်လာတုန်းက အမှာစကား ပြောခဲ့တဲ့သူပါ။ သူက မြန်မာ့အရေး တော်တော် တက်တက်ကြွကြွ ရှိတဲ့သူပါ။ ဒေးဗစ်ကမ်မရွမ်းရဲ့ ကွန်ဆာဗေးတစ်ပါတီ ရုံးအဖွဲ့မှူး ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ် တော်တော်များများ တွေ့ဆုံ ပြောဆိုခဲ့ဖူးတဲ့သူပါ။”

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် CSW အဖွဲ့က ဘန်ရောဂျားစ် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီသတင်းကို www.voanews.com/burmese ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သုံးလို့မရတဲ့ နောင်တ

Photo by www.google.com

သုံးလို့မရတဲ့နောင်တ
(မင်းစိုးစံ)

မိုးမလုံလေမလုံ
အခင်းအကာမစုံတဲ့
ယိုင်နဲ့နဲ့တဲရှင်ငါ
ပြုပြင်ပြောင်းလွဲရေးအသိတရား
နှလုံးသားနဲ့အသွေးသားအထိ
အိစိမ့်လည်ပတ်နေခဲ့။ ။

Photo by www.google.com

ပြုပြင်ပြောင်းလွဲခြင်းများ
ငါ့အသွေးအသားထဲ
လျှောက်သွားစီးဆင်းနေတော့
ငါ့ရဲ့အသက်ရှင်ခြင်းဟာ
တော်လှန်ရေးအရင်းအမြစ်
အင်အားအစစ်ဖြစ်ခဲ့။ ။

Photo by www.google.com

အခြေအနေနဲ့အချိန်အခါ
နေရာနဲ့ဒေသ
ရောမ,ရောက်လျင်ဖြင့်
ရောမ,လိုကျင့်ရမယ်
ငါ့ဘဝအမှန်စင်စစ်
ရောမ,လိုမဖြစ်နိုင်ပေမယ့်
ငါ……ရောမ,လိုကျင့်ခဲ့။။

Photo by www.google.com

ဘဝရဲ့အကွေ့အကောက်
နှင်းဖွေးနေတဲ့မြို့ကိုရောက်တော့
သုညဒီဂရီရေခဲအမှတ်အောက်မှာ
အချမ်းပျောက်အောင်
အရက်ပုလင်းဒင်းကြမ်းထောင်ခဲ့။ ။

Photo by www.google.com

အရက်ကအကောင်းစား
ဈေးကျခပ်ပါးပါးဆိုတော့
ငါ့ရဲ့နှလုံးသားထဲမှာ
ရွေ့လျားလည်ပတ်နေတဲ့
ပြုပြင်ပြောင်းလွဲခြင်းဆိုတဲ့သွေးအစား
အရက်က အစားထိုးဝင်ရောက်
တော်လှန်တဲ့အင်းအားတွေပျောက်ခဲ့။ ။

Photo by http;//www.niknayman-niknayman.blogspot.com

အင်တာနက်စာမျက်နှာ
သတင်းနဲ့မီဒီယာတွေမှာ
ယုတ်မာတဲ့စစ်အစိုးရ
ဆိုးသွမ်းဗိုလ်ကျ
ရိုင်းစိုင်းကြပုံအဖုံဖုံ
မျိုးစုံအောင်မြင်ခဲ့။ ။

Photo by www.google.com

မခံချင်စိတ်နဲ့
ပုလင်းထဲကအရက်ကို
ဖန်ခွက်ထဲငှဲ့ချ
အရက်ကြောင့်တုံနေတဲ့လက်နဲ့
အာခေါင်ထဲထည့်ဘို့အလုပ်
ဖြုတ်ကနဲကျလာတဲ့မျက်ရည်
ယဇ်ရွှေရည်နဲ့ရောယှက်
လည်ချောင်းထဲမျှောပစ်ခဲ့။ ။

Photo by www.google.com
ဒီလိုနဲ့
နေထွက်ခဲ့။ ။


Photo by www.google.com
ဒီလိုနဲ့
နေဝင်ခဲ့။


Photo by www.google.com

ကရင်ပြည်သူအတွက်
မျက်ရည်စက်ကျ
ဘာမျှမဖြစ်ခဲ့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, May 9, 2010

kaw thoo lei

Kaw Thoo Lei: A Land Without Evil from Jim Petersen on Vimeo.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

This is our home

"This is our home"; Standing for freedom in Burma from Front Films on Vimeo.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Steps to freedom

Steps to Freedom from Front Films on Vimeo.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Prayer of Peace

[Burmese subtitles] Prayer of Peace - Relief & Resistance in Burma's War Zones from Front Films on Vimeo.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကျွန်သက်ရှည်ရခြင်းအကြောင်း

Burma Soldier - excerpt from feature documentary from Anne Sundberg on Vimeo.


Burma Soldier Trailer 11/2009 from Anne Sundberg on Vimeo.


ကျွန်သက်ရှည်ရခြင်းအကြောင်း
(မင်းစိုးစံ)

သမိုင်းသင်တာ
ဘာအတွက်လဲ?
ရဲရဲတွေးဘူးလား?

နောက်ပြန်သွားဘို့မဟုတ်
ဒိနေ့နဲ့မနက်ဖြန်အတွက်
ဆန်းသစ်တဲ့အတွေးအခေါ်
ကြည်လင်တဲ့အမျှော်အမြင်
မှန်ကန်တဲ့ပြုပြင်ခြင်းကို
ဆောက်တည်ဘို့လိုအပ်တာမို့
သမိုင်းကိုသင်တာဖြစ်တယ်။






ဒါပေမယ့်ဆရာသမား
သဘောထားကြီးတယ်ဆိုပြီး
မှားခဲ့သမျှပြည်ဖုံးကားချ
သမိုင်းကိုပစ်ထားလို့ကတော့
ပစ္စုပ္ပန်နဲ့အနာဂါတ်မှာ
သင်္ခဏ်းစာမယူတတ်တဲ့နောက်
မျိုးဆက်တဆက်ပြီးတဆက်
ကျွန်သက်ဆက်ရှည်နေမှာပဲ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရွက်ကြွေများအကြောင်း


ရွက်ကြွေများအကြောင်း
(မင်းစိုးစံ)

နှင်းဖုံးတဲ့သစ်ကိုင်းမှာ
ငှက်ကလေးနားနေတယ်။



နှင်းမကျခင်
သစ်ပင်ပေါ်ကသစ်ရွက်
အကိုင်းအခက်ကိုခွါ
မြေမှာကြွေဆင်း
တပင်လုံးကိုရှင်းနေတယ်။

သစ်ပင်အတွက်
သစ်ရွက်တွေကြွေပေးတာ
ဓမ္မတာသဘာဝ
ပေးဆပ်ကြခြင်းပါ။


နှင်းပျောက်တဲ့အခါ
သစ်ကိုင်းမှာဖူးတံချီ
အရွက်တွေဝေစည်
နွေဦးကိုကြို
စိမ်းစိမ်းစိုစိုနဲ့
လောကကိုအလှဆင်ကြတယ်။


မိုးသက်လေထန်
နှင်းတွေပြန်မလာခင်
သစ်ရွက်နီတျာတျာ
အပင်ကိုနှုတ်ဆက်
မြေပြင်ပေါ်သက်ကြွေ
လေတိုက်လိုက်တိုင်း
သစ်ရွက်လှိုင်းတွေပြေးနေတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....