+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, September 30, 2010

ကရင်အမျိုးသား ရုပ်ရှင်သရုပ်ဆောင် ဟဲကဲ


အဲခေါင်သောင့် ဘလော့မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Photo by http://moemaka.com/
ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၁

ပန်းသီး (သီးလေးသီး)

စက်တင်ဘာ ၂၉၊ ၂၀၁၀

ကျနော်တို့ နှင့် မှတ်သားစရာ ကျန်အောင် ပြောတတ်သော ၀န်ကြီးကျော်ရဲအောင်

ကျနော်တို့ဟာ ထိုအချိန်က ယဉ်ကျေးမှုတွင် ၀န်ထမ်းတာဝန် ထမ်းဆောင်နေသော အချိန်ကာလဖြစ်ပါတယ် ။ ယဉ်ကျေးမှုဝန်ကြီးမှာ အောင်ရဲကျော်ဖြစ်ပြီး ကျနော်တို့တွေက ၀န်ကြီးကျော်ရဲအောင်လို့ပဲ မှတ်ထားလိုက်ကြပါတယ် ။

တနေ့ ဝန်ကြီးလာကြည့်မယ် ဆိုပြီး နေ့လည် ၂ နာရီလောက်ကတည်းက မိတ်ကပ်တွေလူး မင်းသားအ၀တ်စားတွေဝတ်ပြီး အသင့်စောင့်နေကြပါတယ် ။ ညနေ ၅ နာရီ ထိုးတော့လဲ ၀န်ကြီးကျော်ရဲအောင် ပေါ်မလာ၊ ၆ နာရီ ထိုးတော့လဲ ရောက်မလာသဖြင့် ကျနော်တို့တွေမှာ ဗိုက်ဆာလွန်းသဖြင့် တဂြီဂြီ … တဂွမ်ဂွမ် ဖြစ်နေကြ ပါတော့တယ် ။ မိတ်ကပ်တွေနဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ အပြင်သွာလို့ မရ ၀န်ကြီးမြန်မြန်လာဖို ပဲ ဗိုက်ဆာဆာနဲ့ ဆုတောင်းနေမိကြတယ်လေ ။

ဒိလိုနဲ့ ည ၈ နာရီလောက်မှာပဲ ၀န်ကြီးကျော်ရဲအောင် ရောက်လာပါတော့တယ် ။ ဗိုက်ဆာဆာနဲ့ ၀န်ကြီးကို စိတ်ထဲမှာ မေတ္တာပို့ပြီး ကပြခဲ့ကြပါတယ် ။ ပွဲပြီးတော့ ၉း၃၀ လောက်ရှိပြီ။ ပွဲအပြီ်းဝန်ကြီး ပြန်ခါနီး ကျနော်တို့ကို မေးလိုက်ပါတယ်။

ဝန်ကြီးကျော်ရဲအောင်က

“သားတို့ သမီးတို့ စားပြီး ကြပြီလား” တဲ့

ဗိုက်ကလဲ သံစုံတီးဝိုင်းတွေဖြစ်ပြီ ဆိုတော့

“ဘာမှ မစားရသေးပါဘူး အဘ …” လို့ပဲ အားလုံး ညီညီညာ ဖြေလိုက်ကြတယ် ။
ထိုအခါ ၀န်ကြီးကျော်ရဲအောင်က …

“အဘကတော့ စားပြီးပြီ။ “

ဟု ပြောပြီး ပြန်သွားလေတော့သတည်း။

ကျနော်တို့အားလုံး စိတ်ထဲမှာတော့ သဘင်သမားမပြန်ခင် မှတ်သားစရာကျန်အောင် လုပ်နိုင်တဲ့ ၀န်ကြီးကျော်ရဲအောင် ပါလား ဟု တွေးနေမိပါတယ် ။

မှတ်ချက် - ကျနော်တို့ ဖြတ်သန်းလာသော အနုပညာဘ၀မှ ကြားဖူးနားဝ ကိုယ်တိုင်လည်း ကြုံရသည့် ကမောက်ကမ ဟာသများဖြစ်ပါသည်။

သီးညီနောင် ဘလောက်မှာလည်း တပြိုင်နက်တည်း ပူးတွဲ တင်ဆက်သွားပါမည်။
by http://moemaka.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာစစ်အုပ်စုအတွက် မာန်တင်းပြီး ညင်းချက်ထုတ်နေရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း



အသံကိုတော့ www.bbcburmese.com ကနေကူးယူဖြတ်တောက်ထားတာဖြစ်ပါတယ်။
ဓါတ်ပုံတွေကိုတော့ http;//burmathoughtswordpress.com ထဲကတချို့ http;//myatlayngon.blogspot.com ကတချို့နဲ့
www.google.com/images တွေက ကူးယူဖေါ်ပြထားတာဖြစ်ကြောင်းပါခင်ဗျား။

ကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 29, 2010

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ)နှင့် ဆက်သွယ်မေးမြန်းချက်

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ)နှင့် ဆက်သွယ်မေးမြန်းချက်
RFA Burmese Section



ဓါတ်ပုံတွေကိုတော့ www.kaowaonewsgroup.com ကနေ ကူးယူထားတာဖြစ်ပါတယ်။
အချို့ပုံတွေကတော့ www.google.com/images ကနေ ရရှိပါတယ်။

လေးစားစွာဖြင့်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆက်သွယ်မေးမြန်းခန်း (RFA Burmese)

ကချင်ပြည်တိုးတက်ရေးပါတီနဲ့ အာရ်ဖက်အေ ဆက်သွယ်မေးမြန်းထားချက်



ကချင်အမျိုးသမီးလေးတွေရဲ့ပုံကိုတော့www.bbcburmese.com ကနေရယူထားတာဖြစ်ပါတယ်။
ကျန်တဲ့ပုံကတော့ www.google.com/images ကနေ ရယူထားတာဖြစ်ကြောင်းပါ ခင်ဗျား။

ကျေးဇူးတင်လျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 28, 2010

တာဝန်ကျေတဲ့ သမီးလိမ္မာ

တာဝန်ကျေတဲ့ သမီးလိမ္မာ
(မင်းစိုးစံ)

မျိုးဆက်သစ်ဆိုတာ အဲဒါပဲ။
အဲဒါမျိုးမှ မျိုးဆက်သစ်။
အဖေကိုချစ်တဲ့သမီး
ပြည်သူကိုချစ်တဲ့သမီးဆိုတာ
လွတ်လပ်မှုကို မြတ်နိုးတဲ့သမီးဆိုတာ
လူမျိုး ဘာသာ အသားအရောင်
အဆောင်အယောင် ဘာမျှမရှိ
ပကတိ စိတ်ထားနဲ့
ကြိုးစားလှုပ်ရှား
လွတ်လပ်ခြင်းများကို လိုလားသူများရဲ့
အားထားရာ
ဖိနှိပ်လိုတာကို
နှစ်လိုသူတွေအတွက်
တကယ့်မဟာရန်သူ
အတုယူစရာ
အားကျစရာ
သမီးအလိမ္မာ။ ။



မန်းဧရာ ဘလော့ဂ် မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 27, 2010

တိုင်းရင်းသားများဆွေးနွေးပွဲ



အသံဖိုင်ကိုတော့ www.voanews.com/burmese ကနေကူးယူထားတာဖြစ်သလို
ကချင်လှပျိုဖြူလေးတွေရဲ့ ပုံကိုတော့ www.bbc.co.uk/burmese က ကူးယူထားတာဖြစ်ပြီး ကျန်တဲ့ဓါတ်ပုံများကိုတော့ www.google.com/images ကနေ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....


ဖႜုံဍုင်ၟတာခေါဟ်၊ လာလ်ုဆီ့ဏီ့္ဘိင်း

အ်ုခင်းထါ်

ပ်ုဖႜုံဖေါဟ် ထီ့ခါန်.ဖေါဟ်ထံင် လ်ုဏီယိုဝ်၊ ဖူၟဍေ၀ဲါ ပ်ုဟှယ့်ထံင် လ်ူဏီမူ.ယိုဝ်၊ ထုဂ်လ်ုဝါ် ထာခေါဟ်ထာခႜါင်. လ်ုဏိင်း ယိုဝ်၊ ဟှေး… ဖီဖူ့လ်ုယာ့ကေ၀်ဏါင်းထဟှံင် လာဆီ့ဏီ့္ဘိင်း အ်ုဟှာင်.အ်ုကျံင်း မွဲာလင်ဖႜိုဝ်းဝယ် ဖႜုံယှင်ဖေါဟ်အ်ုကျံင်းဖႜံင်၊

ကိုဝ်ပါင်ဆိုင်
ခွဲာက႟င်မူးခွါ့ ရာဓနာၟဝေ့ အှ်ဆံင်းလာၟဆာ် ကိုဝ်ၟဟှာဍေ

၁။ ထါင့်ခုက်ဖေါဟ် ဆင်ခူးလင်ဃှိင် မာဆိက်မာဏာဟှံင်လုက်ကႜိင် နြာသတ်ဖူ့သျှဋ္ဋဋ္ဋ ဖါန်စာစိင်း။ ဆင်ဖ၀့်ဖါထင်းနိုင့်မိုင့်ခႜိင်း ဖႜုံဏိင်းထင်းသင့် အူးဍေဟှိင်၊ ဃှူးထီၟဍေခေႜါဟ် အင်းဖံင့်ဍိင်၊ ဖႜုံအင်း္ဘူးသင့် မုက်ယူၟယိင်။

၂။ ထါင့်ခုက်ဖါဍောဟ်အေထံင်ထါင်ဏှ် မြာဃနာသဋ္ဋဋ္ဋ ဟ်ုယေါဝ်ၟစိုဝ်ဖႜဟ်ဖ၀့်တ်ုကိုဝ်ဖ၀့် ဍးစိုဝ်၀၀်--။ ဟှေး---သုင်းဆီ့ဖေါတ် ထံင်အေသၞ၀့်၊ လုင်ၟသးလုင်ၟခယ့် အးမာၟလှ်--- လေ၀်အင်းထိုင့်လး ဂြုက်တႝ၀့် ထီဍေသိုဝ်သုဂ်မာၟယှဝ်ယှဝ်၊ ဖႜုံဖေါဟ်သီးဟှေး--ထောဟ်ဖေါဟ်မံင်ဃွှိင်ယူၟမာၟလှ်။


၃။ ဆ်ုခေါဝ်ၟစွးတယ်ထံင်လာသိုင့်၊ သိင်းလးမိင့်လင်ခေါဟ်လံင်ထိုင့်၊ ဖ၀့်ထေါဟ်ကႜီးဖါထင်းနိုင့်မိုင့်။ “ဥတ္တရာနာသတ်” ဏှ်လ၀်ဟှိုင့်၊အင်းဖံင့်ဆီ့ဖေါတ် သိုဝ်္ဘးနိုင်၊ ယာၟသုဂ်ဃှါင့်ဟှံင်၊ ယာ.သုဂ်ဃှံင့်သံ့င် လ်ုလုက်လိုင်၊ သုင်းထင်းဟှိင်းသင့် ဟှယ့်တာင်ဆိုင်။

၎။ က်ုဍုဂ်စုဦခါ့အေထံင်လာတာ၊ ထီ့လင်သ်ာဟှင်းခေါဟ်ဃှါင့်ထာ၊ ကျ္ဘာီက်ုလေင့် လီဟှင်းအာ----။ နာသတ်ဖႜဟ်ထင်းစိတ္တရ၊သိင်းဍိုဝ်ထင်း ကႜင်ကႜါင်းဖ၀့်ဖါ ၊ လေ၀်ဍွဲဃှုဂ် ကောဝ်မိင်လကႜာ၊ ကိုဝ်ၟဏိင်းဍေ အင်းဃှယ်ကိုဝ်ၟအ်ုဟှာ။

၅။ လာယာ့ထံင်ထါင် လင့်သင်းဝင်၊ြ ၀ိသာခါနာသတ် ဋ္ဋဋ္ဋ အှ်မုဂ်ဍင် ဆ်ုဆိုင်ဝေ့ လ်္ဘုႜင်ဏီ့္ဘႜင် ဃှူးဍေဏဲယ္ဘင်သုင်းလင်၊ ပ်ုကျာပ၀်ၟသၞ၀့်ဃှူ့ဃှင် ဖ၀့်ထေါဟ်ကႜီးဖါ အ်ုယံင့်္ဘင်၊ ဟ်္ဘုးထယ့်တယ် သုင်းလင်ကျင်။

၆။ ဆ်ုဆိုင်ဍောဟ်လင် လာနဲု့ထံင်၊ ကာလ်ုပါထင်း ထီ့ယွာဖႜံင့် လင်ဆိက်ဖိုင် ဆ်ုမာပ္တံင် ဃှဲုးလင်္ဘူးမ(မျ) မွဲာအေဟှံင် လင်သႜာတ်ာအှ်လ်ုဖႜံင် ဟှေး…. နာသတ်စေဌမွဲာဍးခံင် ဖ၀့်ကးဍေအ်ုဏါင်ၟဖါထင်းယှံင်။

၇။ ဆ်ုဆိုင်ဆ်ုဆိုင်အးတယ် လာဃှိုဝ်ထံင်ထါင် ဆိက်ထင်းခံင့်ဖႜာထင်းဍုဂ်ပါင်္ဘင်းဖ၀်.သှေ်္ဘိုဝ်လ်ုလါင့်ဏါင် က၀်သုဂ်သႜာ ဖါထင်းဝိက်ကါင်္ဘူးခယ့်ကေႜာဝ် လေ၀်္ဘိုဝ်ဍေဏါင် နာသတ်ဗြဗ္ဗာဍးစိုဝ်ယါင် မီသးမိင့် ထီ့ဍောဟ်မှေ်ဖႜါင်။

၈။ ဆ်ုဆိုင်ကျုဂ် လာခုဂ်ထံင်ဏှ် ဖ၀့်လာခုဂ်ဖါထင်းသၞ၀့် သရ၀ဏ်နာသတ် ယေါဝ်ၟစိုဝ်ဖႜဟ် သုဂ်ဆူၟမိင့်္ဘုံ လင်ပျောဝ်ဖ၀်ၟ ထီ့ဍောဟ်မှေ်ဖႜာင် ကိုဝ်၀ီးလာခါင်ၟကုံစူးလ၀့် ဖႜုံကိုဝ်ၟဆိုဒ် ဃှူ့ဃှင်္ဘးသၞ၀့်။

၉။ လာဆီ့မူၟထံင်ယိုဝ် ဆ်ုခေါဝ်ၟစွး ယးဖေါဟ်စါင်းယှိုဝ် သႜာပွဲါ ဖါထင်းဃှိင်ကောဝ် ဟှေး…. ဖေါတ်လီးဖ၀့်ပါကဲဆ်ုဍိုဝ် ကေါတ် ထေံ္ဘိုင် အင်းဍေဖေါတ်နိုဝ် ဍုံမူၟထုင်း ဟ်္ဘုးလင်ကေႜာဝ်။

၁၀။ က်ုတုဂ်ဝှ် လာမုက်စွးတယ် အာသာဝတီ ယှးဖါန်ခယ် တ်ုက၀်သွဝ့်ဖါထင်းဃှုဦ လေ၀်ကေႜာဝ်က်ုလံင့် ဃှဲုးလင်္ဘယ်၊ ဆုင်းထင်းမှေ်ပုံ လေ၀်ပါမုက်ကုဦ ဖႜ္ဘာူးပ်ုတာ အ်ုထ်ါဆာၟယယ် လေ၀်ကုဂ်္ဘူးသိုဝ်အးမာလဲာ ဖီဖူ့ ပ္တံင် ဏှ်အှ်ဝယ်။

၁၁။ ဆ်ုဆိုင်ထင်းသင့် ထံင်လာဏင့်ဖိုင် ယှးလ်ုမုဂ်ခေါဟ် ကြတ္တိကာစိုင် မုဂ်ခေါဟ်ဆ်ုအုင်းလ်ုအှ်လိုင် ဟှေး… ဍိင်လိင်အ်ုဖ၀့် လ်ုနိုင့်မိုင့် ဆိက်လင်ထီ့ မူ့လာၟဆ်ုဆိုင် မ်ုဖႜာယာၟသုဂ် ဍေသုင်းဃှဲု့သာယိုင်္ဘေမ်ုအင်းယိုင်္ဘးမာဆိုင်။

၁၂။္ဘူး၀၀်ထင်းလာလိင်ထံင်ဝေ့ မီဂသီနာသတ်ယှးဖါန်လုဦ့ ပြိုင်ကုံ္ဘူးဝီၟဟှံင်လုက်ခေႜ၀် ဏ၀့်ထင်း္ဘူးပုံ ပါမုက်ကုဦ၊ ဟှေ………. ဖ၀့်မူၟယှာ့ဖ္ဘါးဟှဝ်ၟသုဦ့ စါင်းကုဂ်ကံင်း္ဘူးကိုဝ်ၟဏီဍေ ဖႜုံဖီ့္ဘူးယ၀် ယှောတ်လာကိုဝ်ထုဦ့ သာဏင်းဃှေဝ်။

ကိုဝ်ပါင်ဆိုင်

ခွဲာက႟င်မူးခွါ့ရာဓနာဝေ့ အှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ၊
ဏ်ုထါင်အေထံင် ဏ်ုတွါန့် သာဏင်း္ဘးဃှေဝ် ဖႜုံခွဲာက္ဓ႟င်။
(မင်ရို့)၃….(လေလေမင်ရိုး)၃…….
အိုဝ်း ခိုဝ်ဆံင့်ဏး…..။

ထာခေါဟ်အ်ုထါင်
မာ္ဘေ့ထာခေါဟ်အ်ုစါင်းလင်သိုဝ်လှ်။

ဖေါ်ပြပါ တေးသီချင်း စာသားများကို http://ninedeblood.blogspot.com မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
ဤတေးသီချင်းစာသားအား ဖေါ်ပြပေးသည့် ကိုးဒီသွေး အား အထူးကျေးဇူးတင်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 26, 2010

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်

ကျုပ် တခုတော့ မေးချင်တယ်ဗျာ။ ခင်ဗျားတို့မှာ DKBA က သူငယ်ချင်းတွေရှိသလား?
ကျုပ်မှာတော့ရှိတယ်ဗျ။
DKBA ထဲမှာ သူငယ်ချင်းတယောက်မျှ မရှိဘူးဆိုလျင် ကျုပ်ထင်တယ် ခင်ဗျားဟာ တော်လှန်ရေးသက်တမ်း နုသေးတဲ့လူတယောက် ဒါမျှမဟုတ် တော်လှန်ရေးနယ်မြေမှာ အခြေချဘူးသူ မဟုတ်လို့ပဲ။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။
ရွှေဝါရောင် တော်လှန်ရေးမှာ ဗမာစစ်အုပ်စုက သံဃာတော်တွေကိုသတ်ဖြတ် ညှင်းဆဲတာနဲ့ပတ်သက်လို့ DKBA ထဲက သူငယ်ချင်းတယောက်ကို ကျုပ်မေးခဲ့ဘူးတယ်။
မင်းတို့ပြောတော့ တိုးတက်သောကရင် ဗုဒ္ဒဘာသာအဖွဲ့လေး ဘာလေး သံဃာတော်တွေအသတ်ခံရတာ မင်းတို့ဘာမျှ မတတ်နိုင်ပါလား ဒါလားကွ ဗုဒ္ဒဘာသာတပ်ဖွဲ့ဆိုတော့ သူဘယ်လိုပြန်ပြောသလဲ သိလား?

ကရင်သံဃာတော်တွေ အသတ်ခံရတာ ဟိုး ဖြတ်လေးဖြတ်စနစ်ကတည်းကကွ။
အဲဒါ ဗမာအမျိုးသားတွေဘာမျှဝင်ပြောတာမရှိခဲ့ဘူး။
အခု ဝဋ်လည်တာ။
အဲဒီလိုပြောတယ်ဗျာ။
အဲဒါ ဘယ်လိုသဘောရကြလဲ?



အသံဖိုင်ကို ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေ ကူးယူးထားတာဖြစ်ပါတယ်။

ဓါတ်ပုံတွေကိုတော့ www.bbcbyrmese.com and www.google.com/images ကနေ ကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်



ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ကူးယူထားတာဖြစ်ပါတယ်။

ဓါတ်ပုံတွေကိုတော့ www.voaburmese.blogspot.com and www.google.com/images ကနေ ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက်


ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ကူးယူဖေါ်ပြပါသည်။

ဓါတ်ပုံများမှာ www.bbcburmese.com and www/google.com/images တို့မှ ကူးယူပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 25, 2010

သတိ နိုးကြားပါ...ဆန့်ကျင်ပါ..


သတိ နိုးကြားပါ...ဆန့်ကျင်ပါ..
(သုဂ်ကျာထီ့ဖါန်)

ကရင်တိုင်းရင်းသား လူငယ်များ
ထကြွ နိုးကြားပါ။

မျက်စိကိုဖွင့် နားကိုစွင့်
လျင်မြန် ဖြတ်လတ်ပါ။

တို့ရဲ့စာပေ ဘိုးဘွားမွှေ
စဉ်ဆက် သင်ကြားပါ။

ဓလေ့ရိုးရာ အဖြာဖြာ
ဝိုင်းဝန်း ထိန်းသိမ်းပါ။

တို့ရဲ့အလံ ပါတီထောင်
သုံးခွင့် တားမြစ်ပါ။

တစ်ယောက်တစ်ပါတီ သုံးစွဲလျင်
အားလုံး ဆန့်ကျင်ပါ။

ပါတီတွေအောက် အလံပျောက်
အားလုံး လက်မခံပါ။

ကရင်လူထု ကိုယ်စားပြု
အသက်သွေးကြော ပမာ။

မပျောက်ပျက်အောင် သတိဆောင်
ကာကွယ် တားစီးပါ။


(သုဂ်ကျာထီ့ဖါန်)
saw di

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မှာပါရစေ ပြောပါရစေ
မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)
(၁)

ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။

‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်)
မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 24, 2010

ရင်လေးဘွယ်ရာ ရွှေမြန်မာ

ရင်လေးဘွယ်ရာ ရွှေမြန်မာ
(မင်းစိုးစံ)

ကျားနှုတ်ခမ်းမွှေးကို နှုတ်နေတာမဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တကယ်ကို ရင်လေးမိတာအမှန်ပါ။
ဗမာစစ်အစိုးရ ဗမာစစ်အုပ်စု အာဏါရူးစစ်ဝါဒီ ဘယ်လိုခေါ်ခေါ် ဘာမျှမဖြစ် ဘာမျှဂရုမစိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ လက်ရှိ စစ်အုပ်စုကတော့ ပေါက်ဖေါ်ကြီးဆီက ဒေါ်လာငွေ သန်းပေါင်း လေးထောင်ကျော် ယူလာခဲ့ပါပြီ။

ပေါက်ဖေါ်ကြီးက အလကားမတ်တင်းပေးလိုက်တာတော့မဟုတ်ဘူး။ ပြန်ယူမှာ။ ဘာတွေပြန်ယူမယ်ထင်သလဲ အကုန်ကိုယူမှာ ဘာမျှချန်မှာမဟုတ်ဘူး။

တရုတ်လူမျိုးတွေရဲ့ ဗမာလိုရွှေဆိုတဲ့ စကားအသံထွက်ဆိုတာ တရုတ်လို ရေ လို့အဓိပ္ပါယ်ရ,တယ်ဗျ။
ကျုပ်တို့က ကိုယ့်ကိုယ်ကို ရွှေမြန်မာလို့ခေါ်လိုက်တိုင်း တရုတ်အတွက်က ရေမြန်မာ ရေမြန်မာ ပေါ့ဗျာ။
ရေလိုတယ်လေ။ ဒီခေတ်က ရေ ဗျ။ ရေ ။

အဲဒီတော့ ပေါက်ဖေါ်ကြီးက ကျုပ်တို့ကို ရွှေမျန်းမာ လို့ အမွှမ်းတင်မဆုံးဘူးပေါ့။
ဘာကြောင့် ဒီလောက်များတဲ့ငွေတွေ အတိုးမဲ့ နှစ်ပေါင်းသုံးဆယ်ချေးလိုက်လဲ ဆိုတာကိုတော့ စီးပွါးရေးနယ်ပယ်မှာ မျက်စေ့ကြီး နားကြီးတဲ့ပုဂ္ဂိုလ်တွေ သိကြပါလိမ့်မယ်။

ဆရာဦးစိန်ကျော်လှိုင် သုံးသပ်ပြတာကို နားထောင်ရင်း ကျုပ် အလိုလို ရင်လေးလာတယ်ဗျာ။
အဲဒါ စိတ်ဝင်စားတဲ့ လူကြီးမင်းများ နားဆင်နိုင်အောင် အသံဖိုင်လေးတင်ထားပါတယ်။




ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူတရပ်လုံး၏ အကျိုးပျက်ဆီးရာပျက်ဆီးကြောင်းနှင့် ရောဂါဘယဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးများ ကျရောက်စေရန် လုပ်ကိုင်ဆောင်ရွက်ရာ၌ အလွန်အမင်းတော်သော စစ်အုပ်စုသည် နောက်ထပ်တဖန် ပွဲဆူစေရန် အကောင်အထည်ဖေါ်ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ပေတော့သတည်း။

မင်းစိုးစံ
အဝးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နန့်ဇိုယာဖန်း(Burma Campaing)

နန့်ဇိုယာဖန်း





အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တွေ့ဆုံမေးမြန်းခန်း(VOA Blog)

ပဒိုမန်းရှာရဲ့ ပြောစကား မှာစကားတွေကို ကောက်နှုတ်တင်ပြပေးနိုင်ဘို့အတွက် ကြိုးစားရှာနေပါတယ်။
ဒါပေမယ့် ကျုပ်ရဲ့အားနည်းချက်ကြောင့် လောလောဆည်မှာ ဘာတခုမျှရှာလို့မရ,သေးပါဘူး။
ဒါကြောင့် VOA Blog ထဲကိုသွားလည်မိတော့ ပဒိုမန်းရှာနဲ့ တွေ့ဆုံမေးမြန်းခန်းလေးတခု တွေ့လို့ တင်ပေးလိုက်ပါတယ်။
ညီအစ်ကိုတွေနဲ့အတူ ပဒိုမန်းရှာကို လေးစားတန်ဘိုးထားတဲ့ လူငယ်တွေနဲ့တကွ ကျော်အဲဖလုံအပါအဝင် ဖေါ်ပြထားတဲ့ တွေ့ဆုံမေးမြန်းခန်းလေးကို ကြည့်ပြီး အလွမ်းလေးတွေပြေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, September 23, 2010

ဆည်တွေအတွက် လိုအပ်တဲ့သစ်တော(www.voanews.com/burmese

ဆည်တွေအတွက် လိုအပ်တဲ့သစ်တော



Audio from www.voanews.com/burmese
Photo from www.google.com/images

လေးစားခြင်းများစွာဖြင့်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦဒ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကောင်လေးငယ်သို့ပေးစာ(အမှတ်စဉ်-၁)


ကောင်လေးငယ်သို့ပေးစာ(အမှတ်စဉ်-၁)
(မင်းစိုးစံ)

ကောင်လေးငယ်ရေ နေကောင်းတယ်မဟုတ်လား? သတိရ,စရာတွေကြုံလာလို့ ဒီစာကိုရေးလိုက်တာပါ။ ငယ်ကျိုးငယ်နာတွေတော့ မပြောပါဘူး၊ ပြောလျင် ကုန်မှာမဟုတ်ဘူးလေ။ သိတဲ့အတိုင်းပေါ့။

မင်းပေးလိုက်တဲ့ ဗွီစီဒီ ကို ရ,တာကြာနေပြီ၊ ကြာဆိုကွာ အခုဆို ခြောက်နှစ်တောင်ရှိနေပြီကွ။ ဟိုတလောတုန်း က မင်းတို့ကို နအဖ က ဘော်ဒီဂတ်ဆိုလား၊ ထားမယ်ဆိုတာ အခုတော့ သေခြာသွားပြီပေါ့နော်။ မင်းလည်း ဘော်ဒီဂတ်လုပ်မှာပဲ မဟုတ်လား?

တခုတော့ပြောချင်တယ် ကောင်လေးငယ်ရာ၊ အဲဒီ ဘော်ဒီဂတ်အလုပ်ဆိုတာ မင်းတို့ငါတို့ ခြောက်ယောက်စာ အတွက် ဆိုင်မှာဝယ်သောက်တဲ့ ကော်ဖီမျိုးမဟုတ်ဘူးလို့ ထင်တာပဲ။
မင်းလည်းမှတ်မိမှာပါ၊ တချိန်တုန်းက ဦးပါအိ လ္ဘက်ရည်ဆိုင်မှာ ငါတို့ ခြောက်ယောက် ကော်ဖီနဲ့ ပဲပလာတာ စားခဲ့ကြတာလေကွာ။ အရသာရှိလိုက်တာ မပြောပါနဲ့တော့၊ အေးအေး အဲဒီကော်ဖီနဲ့ပဲပလာတာလို အရသာမရှိ နိုင်မှန်းမင်းသိလျက်နဲ့ ဘာလို့ နယ်ခြားစောင့်တပ်လုပ်ချင်ရတာလဲကွာ။

ကောင်လေးငယ် ငါမင်းကို ပြောမယ်၊ အသေအခြာနားထောင်ပေးပါ။ မင်းတို့ကေအင်ယူက ထွက်သွားတုန်းက ဘာတွေမကြေနပ်လို့လဲ? အခု မင်းတို့မကြေနပ်ချက်တွေအားလုံး အကြေနပ်ကြီးကြေနပ်ကုန်လို့ နယ်ခြားစောင့် တပ်လုပ်တာတော့ ဟုတ်မယ်မထင်ဘူး။

အဲဒါပဲကွ ဘီဘီစီက ဦးဖေသန်းပြောခဲ့တဲ့ဥပမာတခုရှိတယ်၊ မင်းမှတ်မိမှာပါ၊ မင်းနဲ့ငါနဲ့က ဘီဘီစီအတူနား ထောင်ခဲ့ကြတာပဲဥစ္စာ။ မှတ်မိလည်း နားထောင်ကွာ ထပ်ပြောပြမယ်။ ပိုမှတ်မိသွားအောင်။

ဘာတဲ့ လူတယောက်က သူ့နဖူးကြီးပြောင်လာတာကို သိပ်ဟန်ကျတာပဲ၊ ဆံပင်ဖြီးရ,တာ သက်သာသွားတယ် လို့ပြောတော့ သူ့ဘေးကလူက ဘာပြန်ပြောသလဲမှတ်လဲ? ဆံပင်ဖြီးရတာ သက်သာပေမယ့် မျက်နှာသစ်တဲ့အ ခါကျတော့ ကျယ်လာတဲ့နဖူးက အလုပ်ပိုလာတာပေါ့တဲ့။
အေး တနေရာမှာ တခုသက်သာပေမယ့် တခုက မသက်သာဘူးဆိုတာပြောချင်လို့ပဲ။

နောက်တခုပြောမယ်ကွာ အမြိုင်၊ ဖါ့ကျုန်း၊ မောင်သံလုံး တို့အသတ်ခံရတဲ့ကိစ္စ မင်းမကြေနပ်ဘူးဆိုတာ ငါသိပါတယ်၊ ငါလည်းခံစားရ,ပါတယ်၊ သူတို့ငါတို့က ဘာသာတူတွေ စကားတူတွေ မခံစားရပဲနေပါ့မလား။ မေးခွန်းတခုထွက်လာလို့ အဖြေတခုပဲရှိရမယ်ဆိုလျင် ဒီအဖြေဟာ အလုံးစုံမှန်တဲ့ အဖြေမဖြစ်နိုင်ဘူး တဲ့။ သင်္ချာ တပုဒ်ရဲ့အဖြေဟာ တခုတည်းရှိရမှာဖြစ်ပေမယ့် တွက်နည်းက တခုတည်းရှိတာမဟုတ်ပါဘူး ကောင်လေးငယ်။

ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက မင်းရဲ့ အမိန့်နဲ့ ငါတို့မင်းတို့လေးစားတဲ့ ဗိုလ်အဲရိုး သေရ,တယ်ကွာ။ ဗိုလ်အဲရိုး ဆိုတာ မင်းရဲ့ဆရာပဲမဟုတ်လား။ ကိုယ့်အချင်းချင်းသတ်တာပဲကွာ ဘာဆန်းတာလိုက်လို့။ တနေ့လူတွေ အား လုံး သေကြရမှာချည်းပဲလို့ မင်းပြောမှာပေါ့။

သူက ကိုယ့်ကိုမိလျင် ကိုယ်သေ၊ ကိုယ်က သူ့ကိုမိလျင် သတ်ပစ်။ အဲဒါလားကွာ တော်လှန်ရေး။ အဲဒါလားကွာ အမျိုးသားလွတ်မြောက်ရေး။ အဲဒါမျိုးလား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ဝေးသေးတယ်ကောင်လေးငယ် ဝေး သေးတယ်။ လူသတ်တိုင်းသာ အောင်မြင်မယ်ဆိုလျင် ဒီမှာကောင်လေးငယ် ကရင်ဗမာ အဓိကရုဏ်းတုန်းက သေလိုက်ကြတဲ့ဗမာတွေ၊ သေလိုက်ကြတဲ့ ကရင်တွေ။ အဲဒီကတည်းက ကိစ္စပြတ်နေလောက်ပြီပေါ့ အခုတော့ ပွဲဆက်ကပြတ်ကိုမပြတ်နိုင်ဘူး။ ရှစ်လေးလုံးဆိုတာက အနီးကပ်ဆုံးသက်သေပဲ။
ကိုးရီးယား ကားတွေလိုပဲ ဘယ်တော့ဇာတ်သိမ်းခန်းရောက်မှန်း သိတောင်မသိနိုင်ဘူး။ ဟေးကောင်လေးငယ် ငါပြောတာ မှန်ရဲ့လား။
မမှန်လျင်လည်း မတတ်နိုင်ဘူး။ ငါတွေ့တာမြင်တာကို မြင်တဲ့အတိုင်းတွေ့တဲ့အတိုင်းပြောတာ။

ဗိုလ်မောင်အေး ငါ့ဆီဖုန်းဆက်သေးတယ်။ သူပြောတယ် ကတုံး တုံးပြီး သင်္ကန်းစီးရတော့မယ်ထင်တယ်တဲ့၊ ဘာလဲကွာ မင်းတို့ဥစ္စာကလည်း ကေအင်ယူက ဘာသာရေးခွဲခြားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းတို့က ဒီ ကေဘီအေဖွဲ့တယ် မင်းတို့အဖွဲ့ကို ယုံကြည်လေးစားလို့ လိုက်သွားတဲ့ ဗိုလ်မောင်အေးကျတော့ မင်းတို့က ခရစ် ယာန်ဆိုပြီး ခွဲခြားတာတော့ မဟုတ်သေးဘူးနော်။ စဉ်းစား။ စဉ်းစား။

လုပ်ပိုင်ခွင့်လေးရ၊ အာဏာလေး နည်းနည်းရှိလာတော့ မြောက်ကြွမြောက်ကြွနဲ့၊ အချင်းချင်း ဗျင်းဘို့လောက်ပဲ။ အခုတော့ ဘာတတ်နိုင်သေးတုန်း။ ဘော်ဒီဂတ်တဲ့။ ငါလေ ငါ့ကိုယ်ကိုကလိထိုးပြီး ရယ်(ရီ)ပစ်လိုက်ချင်တယ်။

ငါမရယ်နိုင်ဘူးကောင်လေးငယ်၊ ဘာကြောင့်လဲ သိလား? ဇာတ်တူသားချင်းစားလို့ ဟင်္သာကိုးသောင်းပျက်မယ့် ကိန်းဆိုက်နေလို့ဟေ့။ အချင်းချင်းပဲကွာ ငါတို့ ထမင်းတအိုးထဲစားလာခဲ့ကြတဲ့ ရဲဘ်ာရဲဘက်၊ သေဘော်သေ ဘက်တွေပါလားဆိုတဲ့အဲဒီအမြင်လေး နည်းနည်းလောက်ရှိကြည့်စမ်းပါ။ ကောင်လေးငယ်ရေ အဲဒီအခါမှာ တ ကယ့်ရန်သူဟာ ဘယ်သူလဲဆိုတာ မင်းတွေးမိလာပါလိမ့်မယ်။

အော် ကောင်လေးငယ် ငါတို့ခြောက်ယောက် သောက်ခဲ့တဲ့ကော်ဖီအကြောင်း နောက်ကြုံလျင် ပြောမယ်နော်၊ အခုတော့ ခဏနားဦးမယ်။

မင်းကိုသိပ်ချစ်တဲ့
တချိန်တုန်းက ကောင်လေးငယ်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 22, 2010

ကဲထင်း ဖေါဟ်ဃွှဲဆ်ုမီ့မင်ၟ ယုဂ်ဟှ

ကဲထင်း ဖေါဟ်ဃွှဲဆ်ုမီ့မင်ၟ ယုဂ်ဟှ

အှ်ဆံင်းလာၟဆ်ါကိုဝ်ဟှာဍေ။

ဖႜုံဏိင်းသာထါ် ၂၇၄၃ လာထါင့်ခုက်ဖေါဟ်ခါ့ ဖႜုံဆိုဒ်ဖေါဟ်သီး မာထင်းဏိင်းထင်းသင့် ဆေ၀်ၟလှ်။ ပ်ုကေါဝ် အ်ုသီးမိင် ခေါဟ်ဖုင်း္ဘင်(DKBA) ခ၀့်လ်ုဖါ မာကဲထင်းဝေ့ ဏိင်းထင်းသင့်အ်ုခေါဟ်စံင် လင် ဟ်ုသာယူၟသာယံင့် ဍေါဟ်ဆာ့မာၟလှ်။

လ်ုဏိင်းယိုဝ် DKBA ဆ်ုလင်ၟဍါလ်ုဖး မွဲါမာထင်းဖႜုံဆိုးဒ်ဏိင်းထင်းသင့် မ်ုဏေ၀်ၟဍ်ါဟှ ဏှ် ဟ်ုလ၀်သှေ်အေး ဆေ၀်ၟလှ်။
မွဲါယ်ုလုဟှာ ဆ်ုမူ့လာၟဏှ် ဖႜုံဆိုဒ်ဖေါဟ်သီး ဏိင်းထင်းသင့်ယိုဝ် မာဏေ၀်ၟဍးဝေ့ ကိုဝ်ၟဏိင်းဍေ ဆ်ုလင်ၟကိုဝ်ၟစံင်း ဍေလှ်။
ယောဝ်ၟဖိုင်ယှံင်္ဘးလာၟ ပ်ုဖႜုံ ဏိင်းထင်းသင့် ဆ်ုဟှင်မိုင့်ကိုဝ်ၟဟှာဍေဆါ်။


ဏ်ုသီးဆံင့်ဏး ဆြာ့စ၀်လိက်သိင့် အ်ုလူၟမုက်ဆေ၀်ၟဟှ။
မွဲါယ်ုဏှ် ယ်ုဆံင့်ဏး မုက်္ဘးယ်ုဏါၟ ကိုဝ်္ဘႜင်ဍေလှ်။

ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်္ဘေ့သာအှ်သိုဝ် ဍုဂ်ပါင်လာၟကိုဝ်ဟှာဍေဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ(ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရေစုန်မှာလှေကြုံမလိုက်စတမ်း

ရေစုန်မှာလှေကြုံမလိုက်စတမ်း
မင်းစိုးစံ

တို့အိမ်ရဲ့ ကြမ်းခင်းလေး
ဆွေးနေတာမြင်တော့
တို့တတွေပြင်မယ်ဆိုပြီး
သစ်ပင်ခုတ်ချပျဉ်ခွဲကြနဲ့
ကြမ်းခင်းကိုအသစ်လဲလိုက်ကြတယ်။

လဲပြီးလို့မကြာသေး
ကြမ်းပြင်က ထပ်ဆွေးလို့
နောက်တခါထပ်လဲနဲ့
အကွပ်မဲ့တဲ့ကြမ်းတွေဟာ
ပရမ်းပတာဖြစ်ခဲ့တယ်။

ကြမ်းဆွေးနေတာပဲသိ
ဘာကြောင့်ဆွေးသလဲဆိုတာ
ရှာမကြည့်မိတဲ့နောက်
တတိတိနဲ့ငါတို့အိမ်ဟာ
ကျောခင်းစရာမဲ့တော့မယ်။

ဘာညာအချင်းများ
အညင်းပွါးနေကြရုံနဲ့
ခိုလှုံစရာအိမ်အတွက်
ကျက်သရေတက်စရာမရှိဘူးဆိုတာ
အားလုံးသိဘို့လိုတယ်။

ကျောချစရာမရှိ
ထိုင်စရာနတ္ထိမဖြစ်ခင်
ခေါင်မိုးကိုပြင်မယ်ဟဲ့
သက်ငယ်ကိုအလျင်ရိတ်
ဝါးကိုအစိပ်စိပ်ခွဲ
သက်ငယ်နဲ့အတံတွဲသီပြီး
ခေါင်မိုးဆီဦးတိုက်
မိုးလိုက်ကြစို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 21, 2010

မိုးမြင့်ထက်မှ လင်းယုန်များ

မိုးမြင့်ထက်မှ လင်းယုန်များ

ဒရယ်လူးကျေးရွာမှာ လူသတ်ဓါးပြတိုက်တဲ့ ဖြစ်ရပ်မှန်သတင်းကို အလိမ်အညာတွေနဲ့ တန်ဆာဆင်ပြီး ဝါဒဖြန့်ချိရေးဇာတ်ကားတကားထဲမှာ ကရင်အမျိုးသားတယောက် ပါဝင်သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ ကျုပ်အတော်ကလေး အံ့သြသွားတယ်။

ဒါကြောင့် ဒီလူဘယ်နေရာမှာ ဘယ်လိုစကားမျိုးကို ဘယ်လိုပြောသွားသလဲဆိုတာကို သိချင်တာနဲ့ လိုက်ရှာလိုက်တာ တွေ့ပါပြီဗျာ။

တွေ့တာနဲ့ ဆက်ပြီးတော့ ပိုသေခြာအောင်ဆိုပြီး ဗွီဒီအို ဖိုင်လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်။
အချိန်စုစုပေါင်း တဆယ့်ခြောက်နာရီကြာတယ်။
အဲဒါ မိနစ်ပိုင်းလောက်လေးကို လုပ်နေရတာ၊ တတ်လို့လုပ်တာမှ မဟုတ်ပဲလေ။

ငတ်လို့တော့မဟုတ်ပါဘူး ဝါသနာပါလို့ လိုက်ကလိလိုက်တာပါ၊ သိပ်တော့အဆင်မပြေဘူး။
အဲဒါ စိတ်ဝင်စားလျင် ဆက်နှိပ်ပေတော့။

မိုးမြင့်ထက်မှ ဠင်းတများ(မဟုတ်ဘူး)လင်းယုန်များ



သတင်းအစုံကို သိချင်တယ်ဆိုလျင်
http://www.karenunited.com/index.php?option=com_content&view=article&id=945:2010-09-20-18-36-26&catid=2:articles&Itemid=16
အဲဒီကိုသွားစေချင်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်ရိုးရာ နဘန်းပွဲလေး

ကရင့်ရိုးရာ နဘန်းပွဲလေး

ကျုပ်တို့ ကရင့်ရိုးရာ အားကစားတွေထဲက နဘန်းပွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟိုးအရင်တုန်းကတော့ ကောက်သစ်စားပွဲတွေမှာ ယှဉ်ပြိုင်လုံးသတ်ကြတဲ့ ပျော်ရွှင်ဘွယ် ရိုးရာအားကစားပွဲလေးတခုဖြစ်ပါတယ်။
အများအားဖြင့် စပါးပုံတွေပေါ်မှာကစားကြတယ်လို့ ဆိုပါတယ်။ စပါးပုံဆိုတဲ့နေရာမှာ စပါးမချွေရသေးတဲ့ ကောက်ရိုးပုံ(တလင်းထဲမှာ နယ်ဘို့ထားတဲ့စပါး) ပေါ်မှာ နဘန်းပွဲကို ပြုလုပ်ကြတာပါ။ စပါးလည်းချွေပြီးသားဖြစ် သွားသလို ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
အဲဒီလိုပဲ အမျိုးသားတွေရဲ့ ကိုယ်ကာယ စွမ်းအားကို ပြသ,ရာလည်းရောက်တဲ့ အတွက် အလွန်အားပေးသင့်တဲ့ ရိုးရာအားကစားပွဲတခုလို့မြင်မိပါတယ်။

စိတ်ဝင်စားလျင် ကြည့်ရှုအားပေးနိုင်ပါတယ်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား
ကျော်ညိုသွေး

ကျွန်တော်အမြဲတမ်း ကြုံရတဲ့ ကိစ္စတစ်ခုရှိတယ်…။ ကျွန်တော်တင်မကလူအတော်များများ ကြုံတွေ့ရတဲ့ကိစ္စပေါ့။ ကိုယ်က တစ်ခုခုလုပ်လိုက်/ရေးလိုက်မိတဲ့အခါ။ ဝေဖန်တယ်ဆိုပြီး ပြောချင်ရာ အပြောခံရတဲ့ ကိစ္စပါ။ အွန်လိုင်းပေါ်မှာဆိုပိုဆိုးတာပေါ့။ လူလည်း မမြင်ရ တွယ်ချင်တဲ့လူက အသာလေးဝင်တွယ်သွား၊ ပြီးရင် သူ့အပြောအဆိုနဲ့ အရေးအသားတွေက တစ်စက်ကလေးမှ အဆင့်အတန်းမရှိတာလည်းပါရဲ့။ သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတွေကမှားလို့မှား။ တစ်ခါတစ်လေလည်း ပြုံးရုံကလေးသာဖြစ်ခဲ့ပေမယ့်။ တစ်ခါတစ်လေတော့လည်း စိတ်အနှောက်အယှက်တော်တော်လေး ဖြစ်ရတယ်။ ခက်တော့လည်း ခက်သားလားဗျ။ ကိုယ်ကိုယ်တိုင်ကလည်း အချိုးမပြေတာရှိရင် ပြောချင် ဆိုချင်တာမျိုး။ ကိုယ့်ကို မဟုတ်မမှန်တာလာပြောနေရင် သိပ်ပြီး သည်းခံတတ်တာမဟုတ်တော့ လည်းခက်တယ်။

တစ်ချို့လူတွေက ကိုယ်ရေးသမျှ ပြောသမျှ လုပ်သမျှတွေကို လိုက်ဝေဖန်တယ်။ အဲ့ဒီမှာ ပြောစရာတစ်ခုရှိတာက ဝေဖန်တယ်သာ ပြောတာ။ ဝေဖန်တယ်ဆိုတဲ့ အပြုအမူ လုပ်ဆောင်ချက်က ဘယ်လို မျိုးဆိုတာသိလည်းမသိသလို ၊ သိဖို့လည်း မကြိုးစားကြတဲ့ လူတွေက တစ်ပုံကြီး။ လုပ်ဆောင်ချက်တစ်ခု ၊ အကြောင်းအရာ တစ်ခု စာတစ်ပုဒ် ကို သဘောထား တူသူ မတူသူ ၊ သဘောကျသူ မကျသူဆိုတာ နေရာတိုင်းမှာရှိကြတာပါပဲ။ အဲ့ဒီတော့ ဝေဖန်ချက်တွေဆိုတာကလည်း ထွက်ပေါ်လာတတ်စမြဲပါပဲ။ ဒါပေမယ့် ဝေဖန်မှု့နဲ့ အပြစ်တင်ရှုတ်ချ မှု ၊ ပုတ်ခတ်စော်ကားမှု့ကိုတော့ ကွဲပြားဖို့လိုပါတယ်။ အများစုကတော့ ဝေဖန်မယ်ဆိုရင် သူတပါး ကျရှုံးသွားအောင် ၊ သိမ်ငယ်သွားအောင် ၊ ပြုတ်ကျသွားအောင် ဆော်ကြ ၊ အော်ကြ ၊ သရော်ကြတော့တာပါပဲ။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အဆော်ခံရ ၊ သရော်ခံရတဲ့ သူကလည်း။ ဘယ်နေလိမ့်မလဲ ပြန်ထု တာပေါ့။ ပြန်အော်တာပေါ့။ အဲ့ဒိမှာတင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရ သူ့လူ ၊ ကိုယ့်လူတွေက ပါလာ။ သူ့လူနဲ့ ကိုယ့်လူနဲ့ ရန်စောင် ၊ တည့်တည့်တစ်မျိုး ၊ သွယ်ဝိုက်တစ်မျိုး တွယ်နေကြတော့တာပဲ။ Web ပေါ်မှာပဲဖြစ်ဖြစ် ၊ Print Media ပေါ်မှာပဲ ဖြစ်ဖြစ် ၊ ဒါမျိုးတွေက အများကြီးမြင်နေ ၊ ကြုံနေကြရတာပါ။

တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ကြပြီဆိုကတည်းက အမှန်တရားတွေပါလာဖို့က နည်းသထက် နည်းသွားပြီဆိုတာ ကျွန်တော် ယုံကိုယုံပါတယ်။ အဲ့ဒိမှာတင် စာဖတ်သူတွေ အမြင်တွေေ၀၀ါးရပါတော့မယ်။ တစ်ဖြည်းဖြည်းနဲ့ ဝေဖန်ရေးကနေ စကားလုံးတိုက်ပွဲတွေ ဖြစ်လာကြရော။ စာဖတ်သူတွေလည်း အကျိုးမရှိသလို။ နောက်ဆုံးတော့ စကားလုံး ဖောင်းပွပြီး စိတ်ဓါတ်ကျစရာတွေပဲ ကြုံလာကြရမှာပါ။

အဲ့ဒါက ဘာကြောင့်လဲဆိုတော့ အဓိကက ဆွမ်းကြီးလောင်း စိတ်ဓါတ်တွေ ရှိလို့ပဲ။ ဘယ်ကောင် မှားတော့မလဲ၊ မှားရင်ဝင်တွယ်မယ်။ ဆိုတာကို မသိစိတ်ထဲမှာ ကိန်းဝပ်နေလို့ပဲ။ ဒီလိုမျိုး လည်း စိတ်ထဲမှာရှိရော သူများ နည်းနည်းလေး အလွဲအချော် အတိမ်းအစောင်းလေးဖြစ်တာနဲ့ ၀င်တွယ်တာပဲ။ ခံရတဲ့ကောင်ကလည်း ပြန်နှက်တာပဲ။(ဘယ်ခံမလဲ ၊ ကျွန်တော်လည်းမခံဘူး)။ မခံတာလည်း မခံချင်စရာကောင်းလို့ပေါ့။ လူငယ်တွေကြားထဲမှာ နောက်ပြောင်ပြီး ပြောတဲ့ စကားတောင်ရှိသေး…” ပြောတတ်ရင် ချီးပုန်းတောင် ထမ်းခိုင်းလို့ရတယ်” ဆိုတာလေ..။ အဲ့ဒါ အဟုတ်ပဲ ။ လူဆိုတာမျိုးက ကိုယ့်ကို အကျိုးသင့်အကြောင်းသင့် ပြောတာမျိုး ၊ အကြံပေးတာမျိုးဆို ဘယ်သူကမှ တော်ရုံတန်ရုံတော့ မဆန့်ကျင်ကြပါဘူးဗျာ။ အခုတော့ ဝေဖန်ရေးလို့ ဆိုလိုက်တာနဲ့ သူများအားနည်းချက်ကို အခွင့်ကောင်းယူပြီး အားနည်းချက်ကို ထိုးနှက်ကြဖို့ပဲ တွေးတတ်ကြတယ်။

တစ်ကယ်တမ်းတော့ ဝေဖန်ရေးဆိုတာ သိပ်ကို အဆင့်အတန်းရှိတဲ့ အလုပ်ပါ။ ပိသာလေးနဲ့ ဘေးပစ်တာမျိုးကို ဝေဖန်ရေးလို့ မခေါ်ထိုက်ဘူး။ သရော်တာကိုလည်း ဝေဖန်ရေးနဲ့ မပေါင်းပစ်သင့်ဘူး။ သရော်တာတောင်မှ အဆင့်အတန်းရှိရှိ သရော်တာနဲ့ အဆင့်နိမ့်ပြီး ။ သူကြားသူကြား ချပြလို့မရတဲ့ ဟာမျိုးလည်းရှိရဲ့။ထားတော့ ဒါက သတ်သတ်။ အဲ့ဒိတော့ ဝေဖန်ရေး ဆိုတာကို ကြားလိုက်တာနဲ့ သူများကို ပိသာလေးနဲ့ဘေးမပစ်ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် ဝေဖန်ရေးဆိုပြီး လက်သီးလက်မောင် တန်းနေတဲ့ လူတစ်ယောက်နဲ့ အပြန်အလှန်ပြောဖူးတယ်။ သူကပြောတယ် “ ဝေဖန်ရေးသမားတွေက နှစ်ဖက်မြင်သမားတွေပါတဲ့” သူပြောတဲ့ စကားကို သေချာ ကို ကျွန်တော်နားမလည်ဘူး။ သေချာတာကတော့ ဝေဖန်ရေးသမားဆိုတာက နှစ်ဖက်မြင်လို့ မရပါဘူး။ သုံးဖက်မြင်ရမှာပါ။ A ဆိုတဲ့ အမြင် နဲ့ B ဆိုတဲ့ အမြင် အပြင် C ဆိုတဲ့ အမြင်ကို မြင်တတ်တဲ့ Third Eye ဆိုတာလည်း ရှိရမှာပါ။ အဲ့ဒီတော့ ဝေဖန်ရေးသမားဆိုတာ အဆိုးမြင်သမားမဟုတ်သလို အကောင်းမြင်သမားလည်း မဟုတ်ပါဘူး။ အားလုံးကို ခြံငုံလေ့လာ ကြည့်ရှု့ပြီး အကြံပြုချက်ထုတ်နိုင်တဲ့လူပါ။ အားနည်းချက်/အားသာချက်ကို အမှန်အတိုင်း/အရှိအတိုင်း ထုတ်နှုတ်တင်ပြနိုင်ပြီး။ သင့်တော်နိုင်မယ့် အကြံပြုချက်ကို အကောင်းမြင်စိတ်နဲ့ တင်ပြနိုင်သူလို့ ဆိုလိုနိုင်ပါတယ်။



နောက်တစ်ခုက အကြောင်းအရာတစ်ခုကို ဝေဖန်မယ်ဆိုရင် ဘာကြောင့်ဝေဖန်တာလဲ ဆိုတာ ဝေဖန်မယ့်လူကိုယ်တိုင်က သိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဒီကောင်က ကိုယ့်ရန်သူမို့လို့ နာနာလေးနှက်ချင်လို့လား။ သမ္ဘာပြချင်လို့လား၊ သူ့စာတွေ သူ့အထာတွေကို ကြည့်မရလို့လား ၊ ဒါမှမဟုတ် စေတနာအရင်းခံနဲ့ အမှားတွေ အတိမ်းအစောင်း အချွတ်အချော်တွေကို Point out လုပ်ပြပြီး။ အကြံပေးဆွေးနွေးချင်လို့လား။ ဒါကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ တွေ့ကရာကို ၀င်ပြီး ဆွေးနွေးမှု့ ၊ သုံးသပ်အကြံပေးမှု့မပါပဲ ပြောနေဆိုနေရင်တော့…မလိုလားအပ်တဲ့ ပြဿနာတွေ စိတ်အနှောက်အယှက်ဖြစ်မှု့တွေကို နှစ်ဦးနှစ်ဖက် ကြုံတွေ့ခံစားနေကြရဦးမှာပါပဲ။

ပြီးတော့… ဝေဖန်တယ်ဆိုတဲ့ လူတွေက သူတို့ပြောသမျှကို လက်မခံရင် ၊ လက်မခံတဲ့လူကပဲ ဝေဖန်ရေးကို မနှစ်သက်သလိုလိုမျိုး ပြောတာမျိုး ကြုံရပါတယ်။ တစ်ကယ်တမ်းတော့ ဝေဖန်ရေးကို လက်ခံနိုင်ပါတယ်။ ဝေဖန်ရေးမဟုတ်တာကိုပဲ လက်မခံတာပါ။ တချို့ တချို့ ရဲ့ ဝေဖန်ရေး ဆိုတဲ့ အကောင်းစား စကားလုံးကို အသုံးချပြီးမဟုတ်မဟပ်တွေ လျှောက်လုပ်တာမျိုးကိုတော့ ဘယ်သူကမှ လက်ခံနိုင်မယ်မထင်ပါဘူး။ ကိုယ့်ကိုယ်ကို ၀င်ဆန့်တယ်လို့ ထင်ယောင်မှားပြီး တွေ့ကရာလျှောက်ပြောတဲ့ လူမျိုးကိုလည်း ကြုံဖူးပါရဲ့။ တစ်ကယ်တမ်းတော့ အဲ့လိုမျိုးလုပ်နေ ပြောနေတဲ့လူတွေက ကာယကံရှင်ရဲ့အကျိုးတစ်ခုခုဖြစ်ထွန်းအောင် ဘာမှ လုပ်ဆောင်မပေးနိုင်ကြပါဘူး။ အပြစ်တင်နေတာကို ဝေဖန်တယ်လို့ပြောပြီး ဝေဖန်ရေးဆိုတဲ့ စကားလုံးကို ဖျက်ဆီးပစ်လိုက်ကြတာပါပဲ။


ဝေဖန်ရေး/ ဝေဖန်တယ် ဆိုတာ အကြောင်းအရာတစ်ခု ၊ ပြဿနာတစ်ခုကို သေချာ သုံးသပ် ၊ ဆန်းစစ်ပြီးမှ သင့်တော်ရာကို / ဖြစ်နိုင်ခြေရှိတာကို ထုတ်ပြတာမျိုးပါ။ “ ခင်ဗျားမှားတယ် ။ ခင်ဗျားသေသင့်တယ်/ ခင်ဗျား လူ့လောက အပြင်ဘက်သာထွက်နေတော့” လို့ ပြောတာမျိုးကတော့ ဝေဖန်ရေးမဟုတ်ပဲ။ လောကကြီးရဲ့အလှအပတွေကို ဖျက်လို့ဖျက်စီးလုပ် ချင်တဲ့ လူတွေရဲ့ လက်နက်ပဲဖြစ်ပါလိမ့်မယ်။ ဝေဖန်တယ်ဆိုတာ အကြောင်းနဲ့ အကျိုးနဲ့ ၊ ကောင်းနဲ့ အဆိုးနဲ့ ပိုင်းခြားလေ့လာပြီး အဖြေထုတ်ပြခြင်း (သို့မဟုတ်) ဖြစ်သင့် ဖြစ်ထိုက်တာကို အကောင်းဆုံးအကြံပြုခြင်းပါ။ ဝေဖန်ရေးဆိုတာ ဖွာလန်ကျဲစေတဲ့ လက်နက်မဟုတ်ပါဘူး။ တစ်ကယ်တမ်းက အကြောင်းအရာတစ်ခု ဖြစ်စဉ်တစ်ခုကို အချောသတ် ပြီးမြောက်စေတဲ့ စကားလုံးပဲဖြစ်ပါတယ်။

တစ်ခုခုကိုဝေဖန်ပြီး ဝေဖန်ခံရတဲ့လူရဲ့ တုန့်ပြန်ချက်မကောင်းဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်ဝေဖန်ဖို့က လိုနေပါပြီ။ ကိုယ်ဝေဖန်တဲ့ အကြောင်းအရာတစ်ခုကို သေချာမသိပဲနဲ့ ဝေဖန်ရေးလုပ်လို့မရပါဘူး။ သေချာမသိပဲနဲ့ ဝေဖန်ခဲ့ရင် အရူးချီးပန်းဆိုသလို ကိုယ့်ရဲ့ဝေဖန်ချက်က ဝေဖန်ခံရသူ ကာယကံရှင်ကို ထိခိုက်နစ်နာစေနိုင်ပြီး အကျိုးမရှိရုံမက စေတနာက နေ ဝေဒနာပါ ဖြစ်သွားနိုင်ကြောင့်ပါ။ ကိုယ့်အားနည်းချက်ကို မသိရင်တော့ ရှေ့ဆက်ပြီး ဝေဖန်ရေးမလုပ်ပါနဲ့တော့… ကိုယ့်ကို ပြန်နှက်လာဖို့ဆိုတာက ကိုယ့်ဘက်ကိုက မှန်ကန်တဲ့စကားလုံးနဲ့ ဝေဖန်မယ်။ မှန်ကန်တဲ့စေတနာနဲ့ ဝေဖန်မယ်ဆိုရင် ဘယ်သူကမှ ပြန်လှန်ထိုးနှက်မှာမဟုတ်သလို လုပ်ကြည့်မယ်/ပြုပြင်မယ် ။ တစ်ကယ်လို့သာ ကိုယ့် ဝေဖန် အကြံပြုချက် အတိုင်းအောင်မြင်ခဲ့ရင်။ ထိုင်ကန်တော့ခံရဖို့တောင် ဖြစ်လာပါဦးမယ်။

ဇာတ်ကားလေးတစ်ကားကို MRTV – 4 ကျေးဇူးနဲ့ကြည့်ရတယ်။ ထွန်းထွန်း(Example) နဲ့ သဉ္ဖာဝင့်ကျော်တို့ ခေါင်းဆောင်ပါဝင်တဲ့ကားပါ။ အရေးပါတဲ့ ဇာတ်ကောင်တစ်ကောင်ပါပါသေးတယ်။ အဲ့ဒါက စာရေးဆရာ ဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့ ဇင်မျိုးပါ။ သဉ္ဖာဝင့်ကျော်နဲ့ ထွန်းထွန်းတို့က သူငယ်ချင်း။ သဉ္ဖာဝင့်ကျော်က ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်တက်တယ်။ ထွန်းထွန်းကတော့ လောကကြီးကိုအရွဲ့တိုက်ပြီး ဆယ်တန်းတောင် ပြန်မဖြေ ပဲ ပေတေနေပြီး။ ပွဲစားဘ၀နဲ့ ရုန်းကန်တယ်။ ပညာမတတ်လည်းလူလိုသူလိုနေနိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ ကြိုးစားတယ်။ အောင်မြင်တယ်။ တစ်နေ့ သဉ္ဖာဝင့်ကျော် နေတဲ့အဆောင်ကို ရောက်သွားတော့ သဉ္ဖာဝင့်ကျော်ကို စာပြပေးနေတဲ့ စီနီယာ ဆရာဝန်လောင်းနဲ့ မိတ်ဆက်ပေးတယ်။ အဲ့ဒိဆရာဝန်က ထွန်းထွန်းကို အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို စပ်စုပါလေရော နဂိုကတည်းက ပညာတတ်ပြီး မာန်တက်နေတဲ့ လူတွေကိုကြည့်မရတဲ့ကြားထဲ သူ့အလုပ်အကိုင်နဲ့ ပညာအရည်အချင်းတွေကို အင်တာဗျူးစစ်တဲ့ ဒီဆရာဝန်လောင်းကို မကြည်ပဲ လူမှု့ရေးအရ ပြန်ဖြေပေးခဲ့တယ်။ ဒါပေမယ့် ဒီဆရာဝန်လောင်းကလည်း ဒီအထိမရပ်သေးပဲ လူမှု့ရေး မသိတတ်စွာနဲ့ ဆယ်တန်းပြန်တက်သင့်ကြောင်း ၊ ဘွဲ့လေးတစ်လုံးယူထားမှ လူရိုသေ ရှင်ရိုသေ ဖြစ်မယ်ဆိုတဲ့အကြောင်းပြောတဲ့ အခါ ထွန်းထွန်းက ဒေါသပေါက်ကွဲပြီး ပြန်ပြောတဲ့အထဲက ဒီစကားလေးကို မှတ်မိလိုက်တယ်။

“လူကြီးလူကောင်းဆိုတာ ကိုယ့်အကြောင်းကိုယ်ပြောပြီး ၊ ကိုယ့်အလုပ်ကို လုပ်ရတယ်၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ၊ သူများ အလုပ်နဲ့ သူများ ကိုယ်ရေးကိုယ်တာကို ၀င်စွက်ဖက်တဲ့လူဟာ လူကြီးလူကောင်းမဟုတ်ဘူး” ဆိုတာကိုပေါ့။




ထားတော့…ဒါက တစ်ကဏ္ဍ၊ နောက်မကြာခင်မှာ ထွန်းထွန်း အလိမ်ခံရပြီး ဘ၀ပျက်တယ် ရှိသမျှတွေပြောင်ကုန်တယ်။ ဒုက္ခရောက်စဉ်မှာ သူ့သူငယ်ချင်းနဲ့ အတူ သူငယ်ချင်းရဲ့ အစ်ကိုဝမ်းကွဲ စာရေးဆရာ ဖြစ်တဲ့ ဇင်မျိုးဆီရောက်သွားတော့ ဇင်မျိုးက သူတို့ကို နှစ်သိမ့်ပြီး၊ သူတို့ကို ပညာတတ်ပီပီ ချက်ကျ ၊ လက်ကျနဲ့ ဒီခေတ်က ပညာခေတ်ဖြစ်တဲ့အကြောင်း၊ ကိုယ့်ကိုယ်ကို ရေစုန်မျှောမနေသင့်ကြောင်း စသည်ဖြင့် ကျိုးကြောင်းဆီလျော်စွာ ထောက်ပြဝေဖန်တဲ့အတွက် ပညာ တစ်ပိုင်းတစ်စနဲ့ စီးပွားရှာနေတဲ့ ထွန်းထွန်းတို့ သူငယ်ချင်းနှစ်ယောက်လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့အတွက် ကြိုးစားမှု့ရဲ့ရလာဒ်ကို ခံစားခဲ့ရတော့တယ်။

အဲ့ဒီမှာ ဆရာဝန်လောင်းနဲ့ ၊ စာရေးဆရာ ၊ အဲဒီ နှစ်ယောက်က ထွန်းထွန်း(အဓိကအားဖြင့်တော့ ဇာတ်လိုက်ဖြစ်တဲ့ ထွန်းထွန်း) ကို ဝေဖန်ကြရာမှာ မတူညီတဲ့ ဝေဖန်မှု့ နှစ်ခုကို ပါးပါးလေး ပြသွားတယ်။

“ လူရိုသေ ၊ ရှင်ရိုသေ ” ဆိုတဲ့ တလွဲအမြင်တွေနဲ့ ဝေဖန်ပြီး အကြံပြုတာနဲ့ ၊ ပညာခေတ်ဖြစ်လို့ ပညာကိုအရင်းတည်ပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို အသုံးချပြီး အောင်မြင်မှု့ဆီ တက်လှမ်းဖို့ အတွက် စာရေးဆရာ ဇင်မျိုးရဲ့ သိမ်မွေ့ပြီး ထိရောက်ရုံတင်မကပဲ အကျိုးတစ်ကယ်ဖြစ်ထွန်းစေမယ့် ဝေဖန်မှု့ ကို ယှဉ်ကြည့်မယ်ဆိုရင် ၊ ကိုယ်ကိုယ်တိုင်လည်း ဘယ်လိုဝေဖန်မှု့မျိုးနဲ့ ကိုယ့် အသိတရားကို လင်းပွင့် စေမယ့် ဝေဖန်မှု့မျိုးကို လိုလားသလဲဆိုတာ ခံစားမိစေနိုင်ပါတယ်။

စာရေးဆရာဇင်မျိုးရဲ့ ဝေဖန်မှု့မှာ ပထမအနေနဲ့ ထွန်းထွန်းရဲ့အားနည်းချက်ကို ထောက်ပြတယ်။ ကိုယ့်ကိုယ်ကို ရေစုန်မျှောနေမိခြင်းဆိုတာကို ပြောပြီးနောက် အခြေအနေအချိန်အခါအရ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြတဲ့အတွက် ဝေဖန်ခံရတဲ့သူ အကျိုးရှိရုံတင်မက အသိတရားနဲ့ အတွေးအခေါ်တွေပါ ရှင်သန်လာခဲ့ရတယ်။

ဆရာဝန်လောင်းကတော့ လူတစ်ယောက်ရဲ့သိမ်ငယ်မှု့(သို့မဟုတ်) အားနည်းချက်ကို ဖိပြီး ကိုယ့်အမြင် ကို မတင်ပြတတ်ရုံတင်မက ဝေဖန်ခံရသူ လက်မခံနိုင်လောက်တဲ့ ဥပမာမျိုးနဲ့ ဝေဖန်ခဲ့တဲ့အတွက်ကြောင့် သူ့အပြောတွေ လန်ထွက်ခဲ့ရတယ်။ တစ်ကယ်တမ်းတော့ ဝေဖန်ရေးဆိုတာ အဖြစ်အပျက်တစ်ခု ၊ အကြောင်းအရာတစ်ခုကို ဝေဆာပွင့်လန်းလာအောင် ဖန်တီးပေးခြင်းပါပဲ။ အားနည်းချက်ကို ဖိနှိပ် နင်းချေဖို့မဟုတ်ဘူးဆိုတာကိုတော့ သိရှိနေဖို့ ဝေဖန်ရေးကို နှစ်သက်မြတ်နိုးတဲ့လူတိုင်းသိသင့်ပါတယ်။


ကျော်ညိုသွေး
Copy from http://www.m51a.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 20, 2010

အသက်၁၈နှစ်အောက် မကြည့်ရ

အသက်၁၈နှစ်အောက် မကြည့်ရ

အသက်၁၈နှစ်ပြည့်ပြီးပြီဆိုလျင် အောက်က ဆက်ဖတ်ရန်ကိုနှိပ်နော် အသက်မပြည့်ပဲနဲ့နှိပ်လိုက်လို့
ဟိုဒင်းသွားလျင် မပြောလိုက်ချင်ဘူး



ဟိုသွားဒီသွား ဟိုဝင်သည်ထွက် လုပ်ရာကနေ ဗွီဒီအို အပိုင်းအစ,လေး တွေ့လို့ တင်လိုက်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်စက်တင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံပူးမည်

သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်စက်တင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံပူးမည်
ရန်ကုန်၊ စက်တင်ဘာ၁ဝ၊၂ဝ၁ဝ

ဒုတိယအကြိမ် ထပ်မံ ၍ သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် စက် တင်ဘာ ၂၉ ရက်နေ့ ၁၁ နာရီ ၅၉ မိနစ် ၅၉ စက္ကန့် တွင် ဒုတိယအကြိမ်တစ် ထပ်တည်း ပူးမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ နက္ခတ်ပညာရှင် အသင်းမှ ဥက္ကဌ ဆရာမဒေါ်ကြည် ကြည်စိန်က ပြောကြား သည်။ဒီလို ဂြိုဟ်တွေပူး ရင် ပညာရေးပိုင်းဆိုင်ရာ တွေမှာ အထောက်အပံ့အ ကူအညီတွေရမယ်။ နိုင်ငံ တကာနဲ့ ဆက်သွယ်တဲ့ လုပ်ငန်းတွေတိုးချဲ့လာနိုင် တယ်။

ဒီလမှာမွေးတဲ့ မေ ထုန်ရာသီဖွား ကလေးတွေ ဆိုရင် ငွေကြေးတိုးပွား မယ်၊ အခက်အခဲ၊ အကျပ် အတည်းမျိုးတွေနဲ့မယုံ နိုင်ပါဘူး။ မေထုန်ရာသီ ဖွားဖြစ်သော်လည်း တူရာ သီမှာ အနည်းဆုံးဂြိုဟ်တွေ ပူးလာမယ်။ ဒီဂြိုဟ်တွေပူး ရင် တနင်္ဂနွေ၊ သောကြာ၊ စနေနဲ့ ကြာသပတေးသား သမီးများ ဇာတာကောင်း မွန်ပါမယ်ဟု ၄င်းကထပ် လောင်းပြောကြားခဲ့သည်။

ပထမဆုံး အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ်ကို သြဂုတ် ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ နံနက် ၆ နာရီ ၁ဝ မိနစ် ၁၉ စက္ကန့် အချိန် ကုမ်ရာသီသို့မပြောင်း ခင်၊ဗြိဿရာသီ၌ နောက် ဆုံးအနီးကပ်ဆုံး ပူးသွားခဲ့ ကြောင်းသိရသည်။ ဂြိုဟ် တွေရဲ့ သဘာဝက တစ် ရာသီမှာ တစ်လနေပြီး အဆိုပါ ဂြိုဟ်ပူးချင်းသည် အင်္ဂါဂြိုဟ်က ပိုပြီးလင်းအား ကောင်းသည့်ရာသီ၌ သော ကြာဂြိုဟ် အားနည်းပြီး နစ်နဝင်းစီးသွားသည့်အချိန် တွင် ဂြိုဟ်တွေပူးချင်းဖြစ် ကြောင်း သိရသည်။ ပရ ဟိတအဖွဲ့များသို့ကုမ္ပဏီ များက ငွေကြေးလှူဒါန်းမှု များရှိနိုင်ကြောင်း သိရ သည်။ ပုဂ္ဂလိကဘဏ်များ တိုးပွားပြီး အတိုးနည်းစွာ နှင့် ချေးငွေများ ချေးယူနိုင် မှုများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သိရသည်။

တင်ဇာဦး
http://www.ecovisionjournal.com/news ကနေကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၁ဝ စုနှစ် နှစ်နှစ်အတွင်း ကမ္ဘာတွင် သံလိုက်အားများ ပျောက်ကွယ်သွားနိုင်

၂ဝ၁၂ တွင် Graticule Crossing ဖြစ်ပေါ်လာပါကနောင် ၁ဝ စုနှစ် နှစ်နှစ်အတွင်း ကမ္ဘာတွင် သံလိုက်အားများ ပျောက်ကွယ်သွားနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁ဝ၊ ၂ဝ၁ဝ

လာမည့် ၂ဝ၁၂တွင် Graticule Crossing ဖြစ်ပေါ် လာပါက ကမ္ဘာ့သံလိုက် စက်ကွင်း၏ ဝန်ရိုးစွန်းများ အပြောင်းအလဲဖြစ်ပေါ်ကာ နောင် ၁ဝ စုနှစ် နှစ်နှစ်အ ကြာတွင် သံလိုက်အား လိုင်းကြီး ပျောက်ကွယ် သွားနိုင်ပြီး၊ ကမ္ဘာတွင် ဆိုး ဝါးသည့် ဘေးအန္တာရာယ် များနှင့်ကြုံတွေ့နိုင်ကြောင်း ကို မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောခဲ့သည်။

ပုံမှန် ရွေ့လျားနေကြ ဖြစ်သည့် ကမ္ဘာ့မြောက် ဝန်ရိုးစွန်းသည် အစဉ်အ လာနှင့်ဆန့်ကျင်ပြီး အီကွေ တာမျဉ်းနှင့် တစ်တန်း တည်း ကျရောက်သွား ကာ ရှုပဗေဒသဘောအရ သံလိုက်အားလှိုင်းများ အ ပြန်အလှန် သက်ရောက် သွားသည့်အတွက် သံ လိုက်အားများ သေသွားကြ ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် နေမှာ လက်ရှိပမာ ဏများထက် ပိုမိုပူလာပြီး၊ ကမ္ဘာဆီသို့ဝင်လာမည့် အပူ မုန်တိုင်းများလည်း တိုး လာကာ၊ ခုခံကာကွယ်မှု အားများလည်း လျော့ကျ သွားမှာဖြစ်ကြောင်း သိရ သည်။

သံလိုက် စက်ကွင်းက အန္တာရာယ်ရှိတဲ့ ရောင်ခြည် တွေ ကမ္ဘာပေါ် တိုက်ရိုက် မကျရောက်အောင်နဲ့ လွဲ ချော်သွားအောင် လုပ်ပေး တယ်။ ကမ္ဘာမှာ Zero magnic Freeဖြစ်သွားရင် ဒီရောင်ခြည်တွေကို မကာ ကွယ်နိုင်တော့ဘူး။ ဒီ ရောင်ခြည်တွေနဲ့ တိုက် ရိုက်ထိတွေ့ရင် အရေပြား ကင်ဆာ၊ မျက်စိအမြင် အာရုံလျော့နည်းခြင်း၊ သား သမီးမရနိုင်တဲ့ အခြေအနေ အထိ ဖြစ်သွားနိုင်တယ် ဟု ၄င်းက ယင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါများ အကြောင်းကိုလည်း ရှင်း ပြသွားခဲ့သည်။

ကမ္ဘာ့ ဝန်ရိုးစွန်း သည် ကမ္ဘာကြီး စတင် ကတည်းက ပုံမှန်ရွေ့ ကြဖြစ်ပြီး၊ အရှေ့ဘက်ကို တစ်နှစ်လျှင် Lem ၄ဝ နှုန်း ဖြင့် ရွေ့လျားနေကြောင်း သိရသည်။ ကနေဒါနိုင်ငံ တွင် ကျရောက်နေသည့် ဝန်ရိုးစွန်းသည် နောင် ၁ဝ နှစ်ကြာပါက ဆိုက်ဗေးဒီး ယားကုန်းမြေပေါ်သို့ကျ ရောက်မှာဖြစ်ပြီး၊ နောင် ထပ်၁ဝ နှစ်ထပ်ကြာပါက ပစိဖိတ် သမုဒ္ဒရာအလယ် အီကွေတာမျဉ်းပေါ်တွင်ရှိ သည့် ဖီချီကျွန်းပေါ်သို့ ကျရောက် သွားနိုင်ကြောင်း နှင့် အီကွေတာပေါ်သို့ကျ ရောက်သွားပါက အား လှိုင်းမရှိသည့် ကမ္ဘာကြီး တစ်ခုဖြစ်သွားမည် ဖြစ် ကြောင်း နာဇာက သိပ္ပံ ပညာရှင်များက ခန့်မှန်း ထားကြကြောင်း မိုးလေ ဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ပြောပြချက် အရ သိရှိရပါသည်။

ငုဝါ

http://www.ecovisionjournal.com/news မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နန့်ဇိုယာဖန်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတက်ယူ


နန့်ဇိုယာဖန်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတက်ယူ



နန့်ဇိုယာဖန်းကနေ မ,ဇိုယာဖန်းလို့ ပြောင်းခေါ်တာကိုတော့ သိပ်ဘဝင်မကျဘူး။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 19, 2010

မိန်းကလေးတို့ရဲ့ အလှတရားနဲ့ တန်ဘိုး

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း" လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်တဲ့။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ပါဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို
ဆက်လုပ်သူ ဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းလေးတစ်ပွင့်ပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းလေး ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြပါဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးလည်း ဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းလေး ဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းလေးတစ်ပွင့်ရဲ့ ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုမိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမယ်၊ ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံးနဲ့ လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်ပါတယ်။ လင်းလက်တဲ့အပြုံးကိုလည်း တွေ့မြင်နိုင်ပါတယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ပါဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာလည်းမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို
ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာတော့ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်ကြတယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊
ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ စည်းစိမ်မချမ်းသာလို့
ကျွန်မတို့ သိမ်ငယ်နေစရာမလိုပါဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ကြပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူးနော်။
မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ လည်းမဆိုင်ပါဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လိုဖွယ် အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး ကြမ်းတမ်းယုတ်ညံ့သောစကားမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်ဆောင်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့တန်ဖိုးရှိရှိ လှလှပပ ရှင်သန်နေထိုင်သင့်ပါတယ်။
~~~~~~~~~~~~

မိန်းမသားများအားလုံး တန်ဖိုးရှိသော အလှတရားများနှင့်ပြည့်စုံ လှပနိုင်ကြပါစေ......

မူရင်းရေးသားသူ နိုင်းနိုင်းစနေ နှင့် လာရောက်ဖတ်ရှုအားပေးကြသူအပေါင်းအား အထူးပင်ကျေးဇူးတင်လျှက်.....

ခင်မင်လေးစားမှုများစွာဖြင့်-

ကဲကဲ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အကြော်စုံကျွတ်ကျွတ်လေး စားကြမလား

အကြော်စုံကျွတ်ကျွတ်လေး စားကြမလား

ဆက်ပြီး လေ့လာကြည့်ဗျာ
ကျုပ်တော့ခပ်လန့်လန့်ပဲ





အဲဒီအကြောင်းကို စင်္ကာပူကတင်ထားတဲ့ ဆိုက်တခုက တွေ့လို့ တဆင့်ပြန်တင်လိုက်တာပါ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ သတင်းအတိုအထွာ


(Photo: demowaiyen- Japan)

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်း စစ်တပ်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းသူ မဝင်းမော်ဦး၏ ဓာတ်ပုံနှင့် သေနတ်ထိမှန်ပြီးနောက် ဆေးကျောင်းသားနှစ်ဦးက ပွေ့ချီလာသည့် မှတ်တမ်းဓာတ်ပုံကို ၂၂ နှစ်ပြည့် ဆွမ်းကျွေးအခမ်းအနားတွင် တွေ့ရပုံ။ (Photo: demowaiyen- Japan)

Radio Free Asia (Burmese)

ဘီဘီစီမြန်မာပိုင်းအစီစဉ်မှ သတင်းအတိုအထွာ

Audio by www.bbcburmese.com

ဗွီဒီအို ဖိုင်တင်တတ်အောင် စိတ်ရှည်လက်ရှည်သင်ပေးတဲ့
ဆရာ ဆုတောင်း(ကိုးရီးယား)ကို
အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 18, 2010

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပရာ ဒေသများ

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပရာ ဒေသများ
မဇ္ဈိမသတင်းဌာန

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပရာ ဒေသများ

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၁ဝ၁/၂ဝ၁ဝ)
၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၈ရက် (၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ရက်)

၂ဝ၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ် အတွင်းရှိ အောက်ဖော်ပြပါ နယ်မြေများတွင်လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၈(စ) အရ ထုတ်ပြန် ကြေညာလိုက်သည်


၁ ဘားအံမြို့နယ်
၁။ကျုံမသွယ်ကျေးရွာအုပ်စု၊ ၂။ ကော်ဟဲကျေးရွာအုပ်စု၊ ၃။ ကျုံထော်ကျေးရွာ အုပ်စု၊ ၄။တကောင်ဘိုး ကျေးရွာအုပ်စု၊ ၅။ တံတားဦးကျေးရွာအုပ်စု၊ ၆။ တဂေးလောင်း ကျေးရွာအုပ်စု၊ ၇။ ပျဉ်းမပင်ဆိပ်ကျေးရွာ အုပ်စု၊ ၈။ မီးဇိုင်းကျေးရွာအုပ်စု၊ ၉။ မဲသန ကျေးရွာအုပ်စု၊ ၁ဝ။ဟတ္တလိုက်ကျေးရွာအုပ်စု၊ ၁၁။ အီဟယ်ကျေးရွာ အုပ်စု။

၂ လှိုင်းဘွဲ့မြို့နယ်
၁။ နွဲ့ပညာကျေးရွာအုပ်စု၊ ၂။ မဲလောခီးကျေးရွာအုပ်စု၊ ၃။ စောလောကျေးရွာ အုပ်စု၊ ၄။ ရင်းဘိုင်းကျေးရွာအုပ်စု၊ ၅။ ရေတံခွန်ကျေးရွာအုပ်စု၊ ၆။ မဲလရော ကျေးရွာအုပ်စု၊ ၇။ ထသိန်ကြိုးဝိုင်းကျေးရွာအုပ်စု၊ ၈။ တာကရားကျေးရွာ အုပ်စု၊ ၉။ မဲပရကျေးရွာအုပ်စု၊ ၁ဝ။ တာလယ်ကျေးရွာ အုပ်စု၊ ၁၁။ ဝင်းစောကျေးရွာ အုပ်စု၊ ၁၂။ လော်ကော် ကျေးရွာအုပ်စု၊ ၁၃။ မိကျောင်ကျေးရွာအုပ်စု၊ ၁၄။ သမို ကျေးရွာအုပ်စု၊ ၁၅။ပထလာပ ကျေးရွာအုပ်စု၊ ၁၆။ ပိုးပလေကျေးရွာအုပ်စု၊ ၁၇။မဲသမူကျေးရွာ အုပ်စု။

၃ ဖာပွန်မြို့နယ်
၁။မထောကျေးရွာအုပ်စု၊ ၂။ ခေါပုတ်ကျေးရွာအုပ်စု၊ ၃။ ပန်ဟိုက်ကျေးရွာအုပ်စု၊ ၄။ဘွားဒိုးကျေးရွာအုပ်စု၊ ၅။ ပျဉ်းမကျေးရွာအုပ်စု၊ ၆။ တေမူးဒိုးကျေးရွာအုပ်စု၊ ၇။ကော့လူဒိုးကျေးရွာအုပ်စု၊ ၈။ဘဲစောလော်ကျေးရွာ အုပ်စု၊ ၉။ ထီးဘောခီး ကျေးရွာ အုပ်စု၊ ၁ဝ။ မင်းနန်းနွယ် ကျေးရွာအုပ်စု၊ ၁၁။ နန်းခူခီးကျေးရွာအုပ်စု၊ ၁၂။မဲဝိုင် ကျေးရွာ အုပ်စု၊ ၁၃။ကျောက်တောင်ကျေးရွာအုပ်စု၊ ၁၄။ ဆင်စွယ် ကျေးရွာ အုပ်စု၊ ၁၅။ ဒေးဝါး (နတ်ကျောက်) ကျေးရွာအုပ်စု၊ ၁၆။ ရွှေဖလားကျ ကျေးရွာအုပ်စု၊ ၁၇။ မဲပလိကျေးရွာ အုပ်စု၊ ၁၈။ ကွင်းဒလ(ရေပူ) ကျေးရွာ အုပ်စု၊ ၁၉။ ပုဇွန်မြောင်း ကျေးရွာအုပ်စု၊ ၂ဝ။ ဒေါမွဲ ကျေးရွာအုပ်စု၊ ၂၁။ မြင်းတပြေး ကျေးရွာအုပ်စု၊ ၂၂။ မဲတူခီး ကျေးရွာအုပ်စု၊ ၂၃။ လဂွန်းပျိုကျေးရွာအုပ်စု၊ ၂၄။ မလေးကျောက်ကျေးရွာအုပ်စု၊ ၂၅။ ဝင်းမောင်း (သရက်ပင်ဆိပ်) ကျေးရွာအုပ်စု၊ ၂၆။ မဲချုံဝကျေးရွာ အုပ်စု၊ ၂၇။ကွမ်းဖင်ဝ ကျေးရွာ အုပ်စု။

၎ သံတောင်ကြီးမြို့နယ်
၁။ဒါဝါလော်ချီကျေးရွာအုပ်စု၊ ၂။လိပ်ပြာကြီးကျေးရွာအုပ်စု၊ ၃။လိပ်ပြာကလေး ကျေးရွာ အုပ်စု၊ ၄။ မောင်နွဲ့ကြီး ကျေးရွာအုပ်စု၊ ၅။ ခုံတိုင်ကျေးရွာအုပ်စု၊ ၆။စီပင် ကလေး ကျေးရွာအုပ်စု၊ ၇။ ကျွဲဖြူတောင်ကျေးရွာအုပ်စု၊
၈။ ရှိုးခို ကျေးရွာအုပ်စု၊ ၉။လယ်ခိုဒိုးခို ကျေးရွာအုပ်စု၊ ၁ဝ။ လယ်ခိုဒိုးကားကျေးရွာအုပ်စု၊ ၁၁။ စပါးကျီ ကျေးရွာအုပ်စု၊ ၁၂။ ပြောင်သိုကျေးရွာအုပ်စု၊ ၁၃။ ကျောက်ပုံကျေးရွာ အုပ်စု၊ ၁၄။ရေသိုးကြီးကျေးရွာအုပ်စု၊ ၁၅။ ဟိုသောပလို ကျေးရွာအုပ်စု၊ ၁၆။ မဲတင်းတိမ် ကျေးရွာအုပ်စု၊ ၁၇။ ရေတံခွန် ကျေးရွာအုပ်စု၊ ၁၈။ ကျောက်ဖျာကျေးရွာအုပ်စု၊ ၁၉။ ချောင်းမငယ် ကျေးရွာအုပ်စု၊ ၂ဝ။ဇင်းတိုင်ကြီး ကျေးရွာအုပ်စု၊ ၂၁။မောင်းတိုင်ကြီး ကျေးရွာအုပ်စု၊ ၂၂။ စီတဲဒိုး ကျေးရွာအုပ်စု၊ ၂၃။ ဟိုးချီးကျေးရွာအုပ်စု၊ ၂၄။ သလိုဘွာကျေးရွာအုပ်စု၊ ၂၅။ဘိုခါလေးခိုကျေးရွာအုပ်စု၊ ၂၆။ ထီးသာစော ကျေးရွာအုပ်စု၊ ၂၇။ ငွေတောင် (အောက်) ကျေးရွာအုပ်စု၊ ၂၈။ရှမ်းလယ်ပြင်ကြီး ကျေးရွာအုပ်စု၊ ၂၉။ မင်းလမ်းတောင် ကျေးရွာအုပ်စု၊ ၃ဝ။သာမိတိုက်ကျေးရွာအုပ်စု၊ ၃၁။ ကျောက်ကြီးတောင် ကျေးရွာအုပ်စု၊ ၃၂။ချီးသူစော(အောက်)ကျေးရွာအုပ်စု၊ ၃၃။တောပုန်းကျေးရွာအုပ်စု၊ ၃၄။မောင်ကျော် ကျေးရွာ အုပ်စု၊ ၃၅။မောင်ဘလောက် ကျေးရွာအုပ်စု၊ ၃၆။ခမာဒီဖိုလီ ကျေးရွာအုပ်စု။

၅ မြဝတီမြို့နယ်
၁။ တာအုပ်ကျေးရွာအုပ်စု၊ ၂။ မဲကုလားကျေးရွာအုပ်စု၊ ၃။ တီဘဲလယ်(ကော်ခီး) ကျေးရွာအုပ်စု၊ ၄။မိဖားကျေးရွာ အုပ်စု။

၆ ကော့ကရိတ်မြို့နယ်
၁။ ဟောင်သရောကျေးရွာအုပ်စု၊ ၂။ အံဖကြီးကျေးရွာ အုပ်စု၊ ၃။ စက္ကဝတ် ကျေးရွာ အုပ်စု၊ ၄။ ဒေါက်ပလန် ကျေးရွာအုပ်စု၊ ၅။ နောင်ကိုင်းကျေးရွာအုပ်စု၊ ၆။ဝင်းက ကျေးရွာအုပ်စု၊ ၇။ ထီဟူးသံကျေးရွာအုပ်စု၊ ၈။ တရိတခေါင်း ကျေးရွာ အုပ်စု၊ ၉။ သပြု (ကမော့ပိ) ကျေးရွာအုပ်စု၊ ၁ဝ။ ဖားပုတ်ကျေးရွာအုပ်စု၊ ၁၁။အီဘိုင်း ကျေးရွာအုပ်စု၊ ၁၂။ခရင်းကျေးရွာအုပ်စု၊ ၁၃။ သမိန်ဒွတ် ကျေးရွာ အုပ်စု၊ ၁၄။ အံကောင် ကျေးရွာအုပ်စု။

၇ ကြာအင်းဆိပ်ကြီး မြို့နယ်
၁။ ကမော့ကျေးရွာအုပ်စု၊ ၂။ အကလောကျေးရွာအုပ်စု၊ ၃။ ဒါလီကျေးရွာအုပ်စု၊ ၄။နတ်ချောင်းကန်းနား ကျေးရွာ အုပ်စု၊ ၅။ ဓနိုးကျေးရွာအုပ်စု၊ ၆။ ကွမ်ကသောင် ကျေးရွာ အုပ်စု၊ ၇။ ဆိပ်ကလေးကျေးရွာအုပ်စု၊ ၈။ ခလယ်စော ကျေးရွာအုပ်စု၊ ၉။ခွေးသိုးဆိပ်ကျေးရွာအုပ်စု၊ ၁ဝ။ဝင်းရော် ဆိပ်ကြီးကျေးရွာအုပ်စု၊ ၁၁။တောင်ဒီး ကျေးရွာအုပ်စု၊ ၁၂။ တံခွန်တိုင်ကျေးရွာအုပ်စု၊ ၁၃။ ခလယ်ကျေးရွာအုပ်စု၊ ၁၄။ထိဆုံ ကျေးရွာအုပ်စု၊ ၁၅။ကျွန်းချောင်းကျေးရွာအုပ်စု၊ ၁၆။လွှတ်ရှမ်း ကျေးရွာအုပ်စု၊ ၁၇။ အနန်းကွင်းကျေးရွာ အုပ်စု၊ ၁၈။ ကျောက်ဘီလူး ကျေးရွာအုပ်စု၊ ၁၉။ဝင်းခန ကျေးရွာ အုပ်စု၊ ၂ဝ။ ဖားပြကျေးရွာအုပ်စု၊ ၂၁။ကျုံခဝန် ကျေးရွာအုပ်စု၊ ၂၂။ ရွှေတောင်ဘို ကျေးရွာအုပ်စု၊ ၂၃။ နတ်ချောင်း အလယ်ကျေးရွာအုပ်စု၊ ၂၄။ရသေ့ကျေးရွာ အုပ်စု၊ ၂၅။ကစပ်ကျေးရွာအုပ်စု၊ ၂၆။ ကိုးမားကျေးရွာ အုပ်စု၊ ၂၇။ ခုဒုံကျေးရွာအုပ်စု၊ ၂၈။အစွန်းကျေးရွာအုပ်စု၊ ၂၉။ လန်းဖားကျေးရွာအုပ်စု၊ ၃ဝ။ကော့ဆိုင်ကျေးရွာအုပ်စု၊ ၃၁။သင်္ဃန်းပင်ဆိပ် ကျေးရွာအုပ်စု၊ ၃၂။ပိုင်ကလာဒုံ ကျေးရွာအုပ်စု၊ ၃၃။ ကွင်းကလေး ကျေးရွာအုပ်စု၊ ၃၄။ မော်ခဲခီးကျေးရွာအုပ်စု၊ ၃၅။ သာကထကျေးရွာအုပ်စု၊ ၃၆။ ထီဝ ကလူးကျေးရွာအုပ်စု၊ ၃၇။မိနအကျေးရွာအုပ်စု၊ ၃၈။ ဖာကွီးကျေးရွာအုပ်စု၊ ၃၉။အဇင်း ကျေးရွာအုပ်စု၊ ၄ဝ။ ခွိကလုံကျေးရွာ အုပ်စု၊ ၄၁။တောင်ကလေး ကျေးရွာ အုပ်စု၊ ၄၂။ခွာဟေးကျေးရွာအုပ်စု၊ ၄၃။လယ်တောကြီး ကျေးရွာအုပ်စု၊ ၄၄။ ကမော့သဲ(ဝင်းလုံ) ကျေးရွာအုပ်စု၊ ၄၅။တောင်ဝိုင်း ကျေးရွာအုပ်စု၊ ၄၆။ နောင်တခို ကျေးရွာ အုပ်စု။


(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


အထူးအစီရင်ခံစာ
Copy from http://www.mizzimaburmese.com/special

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 17, 2010

ပြည်ပရောက်ကရင်ပြည်သူများ၏ ဝေဖန်မှုများနှင့် ကရင်ပါတီများ

စက်တင်ဘာ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

၂၀၁၀ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့်အပြင် မြန်မာ့နိုင်ငံရေးပြဿနာ
များကို ဖြေရှင်းနိုင်မည် မဟုတ် သလို ၀င်ရောက်ယှဉ်ပြိုင်ပါက စစ်အာဏာရှင် သက်ဆိုးရှည်ရန်
ပံ့ပိုးပေးရာကျသည့်အတွက် ကရင့်နိုင်ငံရေးပါတီအနေဖြင့် ပြန် လည်သုံးသပ်သင့်ပြီဟု ပြည်ပ
ရောက်ကရင်ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။


သြစတြေးလျားကရင်အမျိုးသားအဖွဲ့ ဒု-ဥက္ကဌ မန်းအော်လန်းဒိုက “တိုင်းပြည်ကောင်းစားရေးအ
တွက် မဟုတ်ဘဲ စစ်အစိုးရ သက်ဆိုးရှည်ရေး၊ နိုင်ငံတကာမျက်နှာစာမှာ သူ့ကိုယ်သူ တရားဝင်
အစိုးရဖြစ်အောင် ဒါ တန်ဆာဆင်ထားတဲ့ ဇာတ်လမ်းဖြစ် တယ်။ ပါတီတွေအနေနဲ့က မိမိတို့ရဲ့
ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့၊ ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ ရွေး ကောက်ပွဲ
လုပ်ရပ်ဇာတ်လမ်းတွေမှာဝင်ပြီး ကပြမယ်ဆိုရင် စစ်အစိုးရ သက်ဆိုးရှည်ရေး၊ အုတ်တချပ်၊
သဲတပွင့်၊ အဖြည့်ခံ၊ အသုံးတော်ခံသလိုဖြစ်တယ်။ သမိုင်းမှာ ပြည်သူတွေ ဒဏ်ခတ်လိမ့်မယ်။”
ဟု ဝေဖန်ပြောဆိုသည်။

အလားတူ အမေရိကန်နိုင်ငံရောက် စောမင်းစိုးစံကလည်း “ကရင်ပါတီတွေ ရွေးကောက်ပွဲဝင်တာ
ကောင်းတာက နိုင်ငံရေးအ တွေ့အကြုံလေး နည်းနည်းရသွားတာပေါ့ (ယူတတ်မှ)။ မကောင်း
တာကတော့ ငွေကုန်ကြေးကျများပြီး အချိန်ကုန်လူပမ်းတဲ့ ကိစ္စပါပဲ။ ကိုယ်စားလှယ်တနေရာစာ
ရရင်တောင် အင်မတန်ကံကောင်းပါတယ်။ ဒီတနေရာလေးနဲ့ ကိုယ့်အမျိုးသားအရေးကို ဘယ်လိုမှ
လုပ်လို့မရနိုင်ပါဘူး။ ကိုယ်ကျိုးအတွက်လည်း တွက်ချေကိုက်မယ်မထင်ဘူး။ သမိုင်းကြောင်းအရ
ကရင်လူမျိုးဖြစ် တဲ့အတွက် ခိုင်းကောင်းတုန်းတချက်လေးတော့ အခွင့်သာသလိုရှိနိုင်ပေမယ့်
အသုံးမ၀င်တော့တဲ့တနေ့ မြောင်းထဲရောက်သွား ကြတာချည်းပါပဲ။”ဟု ပြောသည်။

Karen Canadian Community ဥက္ကဌဟောင်း စောဟားဗေး ၈၃နှစ်က နအဖစစ်အစိုးရ
တရားဝင် အာဏာရ ဖြစ်ရေးအတွက် အတည်ပြုပေးမည့် ၂၀၁၀ရွေးကောက်ပွဲကို ကရင်ပါတီများ
အနေဖြင့် အမျိုးသားရေးကို ရှေ့ရှုမည်ဆိုပါက ၀င်ရောက်ယှဉ်ပြိုင် ခြင်းမလုပ်ဘဲ သပိတ်မှောက်
ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည်ဟု သုံးသပ်သည်။

သူက “ရွေးကောက်ပွဲဟာ အရင်တခါလုပ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဲန်အယ်
လ်ဒီ ပါတီအနိုင်ရတာ အာဏာ ပြောင်းမှမပြောင်းတာ။ အခုတခါ ထပ်လုပ်တာ သေချာပေါက်
သူတို့အနိုင်ရအောင်ဆိုပြီးတော့ ကျင်းပတာဖြစ်တယ်။ သူတို့ဗမာ အချင်းချင်းတောင်မှ ဒီလိုလုပ်
တယ်ဆိုတော့ ကရင်ဆိုလို့ရှိရင် ပြောစရာမလိုဘူးထင်ပါတယ်။ သွားဝင်လို့ရှိရင် သူတို့ရဲ့ ရွေး
ကောက်ပွဲကို အသိအမှတ်ပြုရာကျမယ်။ ကရင်ပါတီတွေအနေနဲ့က နားမထောင်ဘဲ သပိတ်မှောက်
လိုက်ရင် အကောင်းဆုံးပဲ။” ဟု ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ်(၃)နေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ဘဲ
ဖျက်သိမ်းခံရသည့် ပါတီများ ထဲတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(UKL) ပါဝင်ပြီး
၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး ပါတီဆက် လက်တည်ထောင်ခွင့် မလျှောက်ထား
သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အလိုအလျောက် ဖျက်သိမ်း လိုက်ကြောင်း
စက်တင်ဘာလ ၁၄ရက်နေ့တွင် ကြေညာလိုက်သည့် ပါတီငါးတခုတွင် မဲအနိုင်ရရှိကာ အာဏာ
အပ်နှင်းခြင်း မခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ခဲ့သည်။

၎င်းကြေညာချက်အပေါ် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့
ချုပ်မှ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “ဥပဒေမှာ ပါပြီးသားအချက်
ပဲဗျာ။ ကြေညာဖို့ဆိုတာ အဲဒီလို ကြေညာခွင့်ရှိရဲ့ လားဆိုတာပဲ ပြောချင်ပါတယ်။ ကော်မရှင်ဥပဒေ
မှာ ကျနော်တော့ မတွေ့သေးဘူး။”ဟု ခေတ်ပြိုင်ကို ပြောသည်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိသော ကရင်ပါတီများသည် ဖလုံ-စဝေါ် ဒီမိုကရက်
တစ်ပါတီမှလွဲ၍ ကျန်ပါတီနှစ်ခု သည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသော ပါတီများ
ဖြစ်ကြသည်ဟု အိန္ဒိယရောက် ကရင်သံဃာတော်တစ်ပါးက ယခုလို မိန့်ကြားသည်။

“ကရင်ပြည်သူ့ပါတီက ကြံ့ဖွံ့ပါတီနဲ့ သဘောထားအတူတူပဲ။ ကြံ့ဖွံ့ပါတီကို ကျောထောက်နောက်ခံ
ပေးနေသမျှ ကရင်လူထု အတွက် ဘယ်တော့မှ ကိုယ်စားမပြုနိုင်ဘူး။ ပါတီလူကြီးတွေကလည်း
စစ်အစိုးရ ထိပ်ပိုင်းလူကြီးတွေ ဖြစ်ခဲ့ဖူးတော့ ပိုလို့ တောင် ကိုယ်စားမပြုနိုင်တာပေါ့။ သတင်းဌာန
တခုမှာ သူတို့ပါတီခေါင်းဆောင်တစ်ယောက်က ကရင်ပြည်နယ် ကိုယ်စားလှယ် အဖြစ် အရွေးခံရ
ရင် ကရင်ပြည်နယ်က တည်ငြိမ်မှုမရှိတာတွေကို အရင်ဆုံး တည်ငြိမ်အောင်လုပ်မယ်လို့ ပြောခဲ့
တယ်။ ဒါ ကေ အဲန်ယူကို ရည်ညွှန်းတာပဲလေ။ ကရင်လူမျိုးအတွက် အလုပ်လုပ်မဲ့သူက ကရင့်
တော်လှန်ရေးကို ဖြုတ်ပစ်မယ်ဆိုတာ ဦးဇင်းတို့ ဘယ်လိုလက်ခံလို့ရမှာလဲ။ ဖလုံ-စဝေါ်ပါတီကျ
တော့ အဲလိုမဟုတ်ဘူး။ ရတဲ့အခွင့်အလမ်းကို တတ်နိုင်သလောက် ကရင်လူထု အတွက် အကျိုး
ပြုသွားမယ်ဆိုပဲ။”ဟု ဆိုသည်။

ကရင်ပြည်နယ်ကို အခြေပြုကာ ရွေးကောက်ပွဲဝင်ပြိုင်မည့် ၎င်းဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက
အကယ်၍ အမတ်နေရာများ များရရှိပါက ကရင်ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့်
ကရင်စာပေသင်ကြားမှုတိုးတက် မြင့်မားလာအောင် လုပ် ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသည့်
အပေါ် ကိုရီးယားနိုင်ငံရောက် စကက်နက်မိုးက သူ၏အမြင်ကို ယခုလို ပြောသည်။

စကက်နက်မိုး ၃၉နှစ်က “ကရင်တိုင်းရင်းသားတွေအပြင် ရွေးကောက်ပွဲဝင်မယ့် တခြားတိုင်းရင်း
သားတွေဟာလည်း အရင်က ဆို စစ်တပ်ထွက်တဲ့ပုဂ္ဂိုလ်တွေ၊ အရာရှိအရာခံတွေပဲ ဖြစ်ကြတယ်
လေ။ အရင် မဆလပါတီလိုပဲ နားထောင်ခေါင်းညိတ်ဘ၀နဲ့ပဲ လူအများစု ကြီးစိုးတဲ့ ကြံ့ဖွတ်ပါတီ
ကပဲ အစစအရာရာကို ဦးဆောင်သွားမှာပဲ အမတ်နေရာ တစ်နေရာ၊ နှစ်နေရာရပေမယ့် လည်း
ကျနော်တို့ ကရင်လူမျိုးတွေအတွက် ဘာမှထူးခြားလာမှာ မဟုတ်ဘူး။”ဟု ပြောသည်။

နော်ဝေနိုင်ငံရှိ European Karen Network အဖွဲ့ဝင် နန်းကြည်အေးကလည်း “ရွေးကောက်
ပွဲဝင်မယ့်လူတိုင်းဟာ ပြောနေကြ တာပဲ။ ကတိတွေပေးနေကြတယ်။ ကျမအနေနဲ့ကတော့ သူတို့
ကတိပေးထားသလို ပြန်လုပ်ပေးနိုင်မယ်မထင်ပါဘူး။ ဘာဖြစ် လို့်လဲဆိုတော့ မြန်မာနိုင်ငံဟာ ဒီမို
ကရေစီမရသရွေ့ ပါတီလိုက်အနေနဲ့ အဲသလိုမျိုး လုပ်နိုင်မယ်လို့ ကျမကတော့ ယုံကြည် ချက်မ
ထားပါဘူး။”ဟု ပြောသည်။

ပြည်တွင်းရှိ ကရင်ပြည်သူများအနေဖြင့် မလွှဲမသွေ မဲပေးရမည့် အခြေအနေဖြစ်သောကြောင့် အ
ကယ်၍ မဲထည့်ပါက ကရင် ပြည်သူကို ကိုယ်စားပြုသည့် ကရင်ပါတီသာ ရွေးထည့်သင့်သည်ဟု
(Malaysia Karen Organization –MKO)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
စောဒါးဘိုက ပြောသည်။

လာမည့် နိုဝင်ဘာလ ၇ရက်နေ့တွင့် စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် အချိန်အား
ဖြင့် တလကျော်သာ ကျန် တော့သော်လည်း မြန်မာနိုင်ငံတွင် မဲပေးနိုင်သူဦးရေ အတိအကျကို
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။

၎င်းအပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများမှ လူထုကို မဲပေးခြင်းဆိုင်ရာ
ပညာပေးဟောပြောမှုများ လုပ် ဆောင်ခြင်းမရှိသေးသလို တောင်သူလယ်သမားများ ဖြစ်ကြသည့်
ကရင်လူထုအများစုမှာလည်း မဲပေးခြင်းဆိုင်ရာနည်းနာများ လေ့လာရေးထက် ၎င်းတို့၏ စားဝတ်
နေရေးကို ပို၍ ဦးစားပေးနေကြသည်။

နအဖ စစ်အစိုးရ၏ ဘောင်းဘီချွတ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပါတီ(USDP)သည် နိုင်ငံရေး ပါတီများအနက် ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သည့်အပြင်
အခြားပါတီများလို ကန့်သတ်ချုပ်ချယ်မှုများမရှိဘဲ လွတ် လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရှိသဖြင့်
ရွေးကောက်ပွဲတွင် ၎င်းပါတီသာ အနိုင်ရရှိမည်ဟု အများက ကြိုတင်ခန့်မှန်းထားကြသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တိုင်းရင်းသားစည်းလုံး
ညီညွှတ်ရေးပါတီ (NUP)က အင်အားအကောင်းဆုံးဖြစ်သည့်အတွက် ကရင်ပါတီများအနေဖြင့်
ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုပါက စစ်အာ ဏာကို သက်ဆိုးရှည်စေပြီး ကိုယ့်သေတွင်း
ကိုယ်တူသလိုဖြစ်သွားမည် ကနေဒါနိုင်ငံမှ စောဟားဗေးက ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ်(William Hague)ကလည်း ယခုရွေးကောက်ပွဲသည်
လက်ရှိ မြန်မာစစ်အစိုးရ၏ အာ ဏာကို ဆက်ပြီးအသက်သွင်းပေးရန် ကြိုစားသည့် အတုအယောင်
ရွေးကောက်ပွဲသာဖြစ်သည်ဟု ဝေဖန်ရှုတ်ချလိုက်ကြောင်း စက်တင်ဘာလ ၁၇ရက်နေ့မနက်တွင်
အာရ်အက်ဖ်အေ ရေဒီယိုသတင်းဌာနသို့ ပြောသည်။

နအဖစစ်အစိုးရ ကြီးမှူးကျင်းပသည့် ၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထား
သော ကရင်ပါတီမှာ ဖလုံ -စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊
ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(UKL)နှင့် ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး
တိုးတက်ရေးပါတီ (KSDDP)တို့ ဖြစ်ကြသည်။

သို့သော် KSDDP မှာ လူမျိုးကို အခြေခံသည့် ပါတီတစ်ခု မဟုတ်ဘဲ စစ်အစိုးရ၏ သတင်းနှင့်
ပြန်ကြားရေးဝန်ကြီးမှ ဖွဲ့စည်း ပေးထားသည့် အပစ်ရပ်ကရင်အဖွဲ့ဝင်များ ပါဝင်သောပါတီဖြစ်ပြီး ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်(UKL)သည် ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် အနည်း
ဆုံး (၃)ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် စက်တင်
ဘာလ ၁၄ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သည်။

ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် ၄၂ပါတီအနက် ၃၇ပါတီမှာ ဆက်လက်
ရပ်တည်ခွင့်ရှိပြီး ယနေ့အ ထိ ပါတီ ၃၃ပါတီသည် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်သို့ ပါတီဝင် အင်အားစာရင်း တင်ပြထားခဲ့ သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငါတို့ နောက်မကျသေးဘူးဟေ့


ငါတို့ နောက်မကျသေးဘူးဟေ့
(မင်းစိုးစံ)

ဟေး….ကောင်လေးငယ်
မင်းရယ်ငါရယ်
သူရယ်သုံးယောက်
ဒီမြေရောက်တော့
တယောက်ပေါ့လျင်
တယောက်ပြင်ခဲ
တယောက်လဲလျင်
တယောက်မြင်မူ
မထူပဲနေ
မောဟ,တွေပိတ်
အလင်းဆိတ်ငြိမ်။ ။

ဟေး….ကောင်လေးငယ်
ငါရယ်မင်းရယ်
သူရယ်သုံးယောက်
တယောက်မှားလျင်
တယောက်ပြင်ဘို့
ငါတို့ရင်မှာ
ဗလာနတ္ထိ
အသိမွဲကင်း
အချင်းချင်းကွာ
မှတ်သညာမဲ့။ ။


အမှားမပြင်
မမြင်အမှန်
အတန်ကြာတော့
အမှန်တွေမှား
အမှားတွေမှန်
ပြောင်းပြန်တွေဖြစ်
နှစ်ကြာရစ်ပြီ။ ။

အခုချိန်ကျ
နောက်ကောက်ကျနေ
ရေကျချောင်းလေး
သစ်ငုတ်ဖွေးပေါ့။ ။

ဟေး….ကောင်လေးငယ်
သူရယ်မင်းရယ်
ငါရယ်သုံးဦး
အာရုဏ်ဦးမှာ
ထိပ်ဦးဆံဖျား
မှားခဲ့သမျှ
ပြင်ကြအတူ
ယူကြအမှန်
ကြံဆ,ကောင်းကွက်
လက်ချင်းယှက်လို့
တို့မျိုးဆက်အတွက် လှမ်းတက်စို့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, September 16, 2010

ဝမ်းမြောက်နိုင်ကြပါစေ

ဘီဘီစီက ကရင်အမျိုးသမီး နန့်ဇိုယာဖန်းနဲ့ တွေ့ဆုံမေးမြန်းထားတာလေးပါ။
ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ဝမ်းသာကြမှာပါ။

ထို့အတူ ရွာပုံးရွာရှောင်တွေလည်း ဝမ်းသာကြမှာပါ။


Audio and photo by www.bbcburmese.com

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ကူးယူတင်ပြလိုက်တာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 15, 2010

ပန်း


ပန်းတွေအပေါ်မှာ ကျွန်တော် မသာယာတတ်ဘူး။ မသာယာမိဘူး။ တချို့ပန်းများဆို မုန်းတောင်မုန်းသေးတယ်။ ပိတောက်ပန်းလိုဟာမျိုး၊ တစ်နှစ်မှာတစ်ရက်လောက်ပဲ ပွင့်တယ်။ လူတွေက တစ်နှစ်လုံး ရွက်စိမ်းတဝေေ၀နဲ့နေတဲ့ ပိတောက်အပင်ကြီးတွေကို အသိအမှတ်မပြုကြဘူး။ တစ်ရက်လောက်ပွင့်တဲ့ ပန်းတွေကိုပဲ အသိအမှတ်ပြုတတ်ကြတယ်။ အပင်တွေ၊ အရွက်တွေက ဘယ်လောက် ရင်နာလိုက်ကြမလဲ။ အသိအမှတ်ပြုခြင်း မခံရတာလည်း ရင်နာစရာပဲ မဟုတ်ဘူးလား။ ဒီကြားထဲ ပိတောက်ပန်းအနံ့က ညှီစို့စို့ စိမ်းရွှေရွှေရယ်။ ရင်ခွဲတိုက်ထဲမှာ နံတဲ့အနံ့မျိုး နံတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် သူကပြောလေ့ရှိတယ်။ နင့်မှာ ပန်းမုန်းတီးတဲ့ရောဂါ ရှိလိမ့်မယ်ထင်တယ်တဲ့။ မုန်းတီးတာဟာ ရောဂါဆိုရင် ငါ့ကိုယ်ထဲမှာ ရောဂါတော်တော်များနေပြီလို့ ကျွန်တော်က ပြန်ပြောခဲ့ဖူးတယ်။ သူက ချစ်တယ်ဆိုတာကိုကော နင်က မုန်းတီးစရာတစ်ခုလို့ မြင်သလားလို့ မေးတုန်းက ချစ်တာဟာ မုန်းစရာဟုတ်မဟုတ်တော့ ငါမပြောတတ်ဘူး။ အချစ်ခံရမှာတော့ ငါမမုန်းမိဘူး။ ဒါပေမဲ့ `ချစ်တယ်´ဆိုတဲ့ စကားလုံးကို ငါမကြိုက်ဘူး။ ချစ်ခြင်းဆိုတာ စကားလုံးထဲမှာ တည်နေတာမဟုတ်ဘူးလို့ ကျွန်တော်က ဖြေခဲ့တယ်။ သူက ရယ်ရင်း နင့်အတွက် တရားသေလောကကြီးတစ်ခု နင့်ဘာသာ တည်ဆောက်ထားတယ် မဟုတ်လားလို့ သူက မေးသလိုပြောတယ်။ ပညာရှိတွေပြောတဲ့ Rhetorical Question ဆိုတာမျိုး။ အဖြေသိချင်လို့ မေးတဲ့အမေးမဟုတ်ဘူး။

ဆရာ မြင့်သန်းရဲ့ ဝတ္ထုတိုတွေထဲက တပုဒ်ပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်တဲ့စိတ် မွေးတတ်ပါ

Photo by www.bbcburmese.com

တော်လှန်တဲ့စိတ် မွေးတတ်ပါ
(မင်းစိုးစံ)

ငါဟာ ဆိုက္ကားဆရာ။
ငါ့ဆိုက္ကားပေါ်မှာ
အင်္ဂျင်နီယာနဲ့ဆရာဝန်။

ဆရာဝန်က
အမွန်မြတ်ဆုံးအလုပ်ဟာ
ဆရာဝန်ပါတဲ့။

အင်္ဂျင်နီယာက
ဆရာဝန်ထက် အင်္ဂျင်နီယာအလုပ်က
ပိုမွန်မြတ်သတဲ့။

ကုန်းတက်ကိုအရောက်
သူတို့နှစ်ယောက်
တယောက်တပေါက်
ကတောက်ကဆ,
ပြောကြဆိုကြ ငြင်းနေကြတုန်း
ငါ ခါးကုံးအောင်နင်းပြီး
ကုန်းမြင့်ကြီးကိုကျော်ခဲ့ရ။

ဘဝ,တခုဖြစ်လာလျင်
အောင်မြင်ဘို့လား
တန်ဘိုးရှိဘို့လား
ငါ စဉ်းစားနေတုန်း။

“ဆိုက္ကားဆရာ………….
ရှေ့မှာ ကား….ကား….ကား…….”

နှစ်ယောက်သား ပိုးလို့ပက်လက်
အားလုံးအသက်မဲ့တဲ့ခန္ဒာ
မြေဆီမြေလွှာဖြစ်ပြီထင်ပေမယ့်။

သူတို့နှစ်ဦးစလုံးခမျာ
ပြာမှုန့်တွေဖြစ်သွား
မြစ်ထဲမျှောလိုက်တာဆိုတော့
ဘာဆိုဘာမျှမမြတ် ဘာတခုမျှအသုံးမဝင်။

သူတို့ကအလျင်သွား
ငါလည်းနောက်ဆိုလိုက်သွားရမယ့်အတူ
ငါ့လိုလူကိုပြာတဆုပ်စာအဖြစ်ပြောင်း
မြစ်ချောင်းညစ်အောင်မလုပ်ကြပါနဲ့။

မြေကြီးထဲမှာအသေအခြာမြှုပ်
ရာထောင်ချီတဲ့သစ်ပင်တွေအတွက်မဟုတ်လျင်တောင်
မြေဆီမြေနှစ်အဖြစ်ပြင်ဆင်
ပန်းပင်လေးတပင်
ဒါမျှမဟုတ်လျင်လည်း
မြက်ပင်သေးသေးလေးတွေအတွက်
ငါ တာဝန်ကျေခဲ့ချင်သေးတယ်။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 14, 2010

ဗိုလ်ချစ်သူရဲ့ အမှာစကား


ဗိုလ်ကြီးချစ်သူရဲ့ မိန့်ခွန်းလေးပါ အာဇာနည်ကုန်းကို ရောက်တိုင်း သူပြောနေကျ စကားဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ အုတ်ဂူပေါင်း ၁၈၀ ရှိပြီး ဒါဏ်ရာရ,စစ်သည်တွေကတော့ ဒိထက်မက,များပြားလှပါတယ်တဲ့ဗျား
စိတ်ဝင်စားလျင် အောက်မှာ ရုပ်သံလေး စီစဉ်ပေးထားပါတယ်။
တတ်သမျှလေးပေါ့ဗျာ။





အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 12, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဘဝ,သံသရာ

ဟိုးတချိန်တုန်းက ဆရာဦးသုခ,ရဲ့ ဘဝ,သံသရာ တေးသီချင်းကို လူတွေကြိုက်ခဲ့ကြတယ်။
အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဗွီဒိုယို ကြော်ငြာတခု
ယူကျုထဲမှာတွေ့လို့ တင်ဆက်လိုက်ပါတယ်။
ခေါင်းစဉ်က သန်းရွှေရဲ့ ဘဝ,သံသရာတဲ့။
အားပေးလိုက်ကြပါနော်။



လူထုရဲ့ပို့သ,တဲ့ မေတ္တာဓါတ်ကြောင့် မေတ္တာစူးရှမှုဒါဏ်ကို တနေ့ ဒီစစ်အာဏာရှင်တွေ မလွဲမသွေ ခံစားစံစားကြရပါလိမ့်မယ်။
ခုချိန်မှာတော့ အဲဒီတနေ့အတွက် ကျုပ်တို့အားလုံး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြပါစို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှိုင်းယှဉ်ကြည့်နိုင်ဘို့ပါ။

နှိုင်းယှဉ်ကြည့်နိုင်ဘို့ပါ။
အောင်မြင်တာလား တန်ဘိုးရှိတာလား။

ဗမာပြည်ကိုပုဂံဘုရားဖူးလာကြတဲ့ နိုင်ငံခြားသားတွေအတွက် ဘာသာပြန်ပေးတဲ့ကလေးငယ်လေးရဲ့
ရုပ်သံလေးပါ။
နောက်အပိုင်းအစ,တခုကတော့ အခုနောက်ပိုင်းမှာ အင်္ဂလိပ်စကားပြန်သုံးစရာမလိုတော့တဲ့ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ အင်္ဂလိပ်လို ပြောတာလေးကို ကြားကြရမှာပါ။





ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ် ဆ်ုအဲ

ထါခေါဟ်ဖိုင် လ၀်ဝေ့ဍး ဖႜုံအဲဆိုဒ်ဏှ် အဲအု ဆ်ုဃှီ့ဆ်ုလာ။
မ်ုမွဲါဟှ။

ယု္ဍး႓း ဖႜဳံအွ္လု္ဟွာ အဲအု္ဆိုဒ္တု္ယာၟယွာလွ္။
္ဘးဆါင့်ဍေ ဆ်ုဃှီ့ဆ်ုလာလ်ုဖါ မာဝေ့္ဘးဏင်ၟမိင်အေး။
အ်ုဖင့်လအိုဝ် ယ်ုမုဖါအ်ုမိင်၊ အဲုးသာဆိုင် လေ၀်ယေါဝ်ၟခွါၟဏင်ထီး။



ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ် ဆ်ုအဲ

ဆံင့်ဏးယှံင်္ဘးလာၟ ထါခေါဟ် လ်ုပုဂ်ယိုဝ်ဆါ်



ဆ်ုလ၀်လေါဟ်ခႜါင်လေါဟ် သံင်းလေါဟ်ဖှေ်ယု ဆြာ့အးဟှာအ်ုထိုင့်အ်ုကႜာ ယ်ုလုဟှာ စ်ါဂုဏ်္ဘး
ဆြာ့ ဆုတောင်း(ရာဓနာၟ) အ်ုလု ကိုဝ်းရီးယးထီ့ခါန်ၟ လ်ုဟှာ ဍေါဟ်ဍေါဟ်လေံဆေ၀်ၟလှ်ဆါ်။

ဆံင့်ဏးယှံင်ထါခေါဟ် ဖူၟ၀ဲါသီးလ်ုဖး ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လာၟကိုဝ်ၟဟှာဍေဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 11, 2010

ကာလ,ရှည်ကြာလာသည်နှင့်အမျှ


ကာလ,ရှည်ကြာလာသည်နှင့်အမျှ
(မင်းစိုးစံ)

ငါ့ဘဝ,လို့ပြောတာထက်
ငါ့ခြံပါလို့ ပြောချင်တယ်။

ဖြူ နီ ဝါ ရောင်စုံဖြာတဲ့
မဟာဆန်တဲ့ပန်းခြံထဲ
မြေသြဇာ အတန်တန်ထည့်
ပန်းနံရံနဲ့အလှဆင်
ပန်းတံတိုင်းပမာအသွင်ဆန်း
ငါ…..ပန်းခူးဘို့ချေလှမ်းပြင်တော့။

လေစိမ်းဝင်နေတဲ့ပန်း
နုယွတဲ့ပွင့်ဖတ်နဲ့
လတ်ဆတ်တဲ့ဝတ်ဆံတွေ
ရေခဲပြင်လိုအေးစက်
ရင်ခုံသံနဲ့အသက်ရှူသံ
ယဲ့ယဲ့လေလား
မြန်နေသလား။

သေခြာတဲ့အချက်က
အခက်ပေါ်က အရွက်တွေဟာ
ခါတိုင်းအချိန်ထက်
စိမ်းချက်က ပိုနေတယ်။


မထိရက်လို့လက်ကိုအမြန်ရုပ်
တံတိုင်းထဲကပြန်ထွက်ဘို့လုပ်တော့
ရုတ်ရုတ်သဲသဲနဲ့ပန်းတွေ
လန်းဆန်းဝေဆာလိုက်တာမှ
ပွင့်လွှာတွေနွေးအိ
ဝတ်ဆံချင်းထိနေလေသလား
အမှတ်မှားစရာ။

တကယ်တမ်းတော့လေ
ပန်ုးတွေအကြောင်းကို ငါသိနေတာထက်
ငါ့အကြောင်းကို ပန်းတွေက
ပိုသိနေကြသလိုပဲ။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူမှားနေမယ်

လူမှားနေမယ်
(မင်းစိုးစံ)

တရုတ်ပြည်သွားတုန်းက မျက်ခွက်က တမျိုး။
ပြန်လာတော့ မျက်ခွက်က တမျိုး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်က ပြန်ရောက်လာတဲ့ပုံ။

ဗိုလ်ချုပ်နမှူး ကြီးသန်းရွှေ တရုတ်ပြည် မသွားခင်က ပုံ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကဗျာ အတိုလေးများ

အကျုံးဝင်မှု

သမိုင်းထဲ မပါ
ဘာအရေးလဲ
မြေကြီးထဲ ဆွေးမြေ့သွားတဲ့အခါ
ပထ၀ီထဲတော့ ပါမှာပေါ့။

အင်တာဗျူး

အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့)
ကျွန်တော် နားမရှင်းလိုက်ဘူး။
ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။



ဂုံးတံတားအောက်က နိုင်ငံရေး

သူတောင်းစားတစ်ဦးဟာ
အစာငတ်ခံဆန္ဒပြချင်ရင် ဘယ်လိုလုပ်ရပါ့
စားနိုင်သောက်နိုင်မှသာ
ဆန္ဒလည်းပြနိုင်ပေလိမ့်မယ်။

တေဇာ

ကဗျာတိုလေးတွေ အများအပြားထဲက ကျုပ်ကြိုက်တဲ့ ကဗျာလေးတွေကို ကူးထားတာပါ။
စိတ်ဝင်စားလျင် http://www.tazar.co.cc/2009/12/blog-post_17.html
အဲဒီကိုသွားလည်နော်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါင်ဒေါင်မြည် ဆင်ခြေသမား

ဒေါင်ဒေါင်မြည် ဆင်ခြေသမား
တေဇာ

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည် ဆင်ခြေသမားတစ်ယောက်နဲ့များ
ရင်ဆိုင်တိုးမိခဲ့တယ်ဆိုရင်
သူ့ကို ပြုံးမပြပါနဲ့
သူက ခင်ဗျားကို ပြန်ပြုံးပြမှာ မဟုတ်ဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
`ဘယ်သွားမလို့လဲ´ လို့ သူ့ကို
ယဉ်ကျေးပြူငှာ နှုတ်ဆက်မိတယ်ဆိုရင်
သူက `ဘယ်သွားနေတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ ပြန်မေးလိမ့်မယ်
ဒီတော့လည်း မျက်နှာပျက်ရရုံပဲ ရှိမယ်။

ဒါမှမဟုတ် ခင်ဗျားအနေနဲ့
`ဘယ်က လာတာလဲ´ သူ့ကို မေးမြန်းမိတယ်ဆိုပါတော့
`ဘယ်ကလာတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ သူက ပြန်မေးမှာ အမှန်ပဲ
ဒီတော့လည်း ခင်ဗျားအနေနဲ့က နှုတ်ဆိတ်နေရုံပေါ့။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
လက်ဆွဲနှုတ်ဆက်ဖို့ ကြုံလာခဲ့ရင်
ကိုယ့်လက်တွေကို အရင်ကမ်းမပေးပါနဲ့
သူက ဆွဲယူမှာ မဟုတ်ဘူး
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
ဆင်ခြင်နိုင်တဲ့ လက်တွေ မရှိဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
တွဲကရဖို့ ကြုံလာခဲ့ရင်
စည်းချက်နဲ့အညီ ခင်ဗျားကိုယ်ခန္ဓာကို
သူ့လက်မောင်းပေါ် ယုံကြည်စိတ်ချစွာ မှီနွဲ့ချလိုက်တာမျိုး မလုပ်ပါနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
အလေးအပင်ခံနိုင်တဲ့ လက်တွေမရှိဘူး။

အကယ်၍များပေါ့
ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်ကိုများ
ချစ်မိခဲ့တယ်ဆိုရင်
ခင်ဗျားရဲ့ အချစ်တွေကို သိမ်းဆည်းထားလိုက်ပါတော့။

ဖွင့်ဟမိခဲ့တယ်ဆိုရင်
သူက
ခင်ဗျားဆီမှာ ရှိမနေတဲ့
သူ့ကို ချစ်ရခြင်းအတွက် ဆင်ခြေတစ်ခုကို
ခင်ဗျားဆီက တောင်းဆိုတဲ့အခါ
ဆွံ့,အ ကျန်ခဲ့ရလိမ့်မယ်။

ဒါကို သူလည်းသိနေပါတယ်
သူကိုယ်တိုင်လည်း
ဆင်ခြေတစ်ခု လစ်လပ်နေမှုကြောင့်
ခင်ဗျားကိုချစ်ကြောင်း ဖွင့်ဟဖို့
ထာဝရဆွံ့,အ နေခဲ့ရတာ မဟုတ်လား။

ဒီတော့ ခင်ဗျားအနေနဲ့က
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်နဲ့များ
မတော်တဆ…
ဒါမှမဟုတ် မလွဲမရှောင်သာ…
ဒါမှမဟုတ် မပြောကောင်းမဆိုကောင်း…
ရင်ဆိုင်တိုးမိခဲ့မယ်ဆိုရင်
မျက်နှာလွှဲပြီး မမြင်ချင်ယောင်ဆောင်သွားလိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်။

သူကတော့…
ခင်ဗျားမှာ ရှောင်လွှဲသွားရခြင်းအတွက်
ဆင်ခြေကောင်းကောင်းတစ်ခု ရှိလိမ့်မယ်လို့
သူ့ကိုယ်သူ

တိတ်ဆိတ်ကြေကွဲစွာ ဆင်ခြေကန်နေပါလိမ့်မယ်။ ။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၅) ၂၀၁၀

ဒီကဗျာလေးကိုတော့ http://www.tazar.co.cc/2009/12/blog-post_17.html ကနေ ကူးယူထားတာပါ။
သူငယ်ချင်းတချို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အချိန်မီ

အချိန်မီ
(နန္ဒာသိန်းဇံ)




http://sagarwarmyae.net မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှစ်ယောက်အကြောင်း

နှစ်ယောက်အကြောင်း
(ချစ်တိုးနွယ် )

တစ်ယောက် မျက်နှာဆီ
တစ်ယောက်က ငေးတော့
တစ်ယောက် မျက်ဝန်းဆီမှာ
တစ်ယောက်က နှင်းကျတယ်….။

မေ့နိုင်ပြီလား…တဲ့
တစ်ယောက်ရဲ့ နိမိတ်မေးခွန်းက
တစ်ယောက်ရဲ့ စိတ်ကို သွေးစွန်းပေါ့
နီးလွန်းခဲ့တဲ့ အဝေးမှာ
ကဗျာရေးတော့လည်း အလွမ်းအဆွေး
တစ်ယောက်ရဲ့ အရေးအသားက
တစ်ယောက်ရဲ့ အသွေးအသား
တစ်ယောက်ရဲ့ သမုဒယက
တစ်ယောက်ရဲ့ လူ့ဘ၀ဖြစ်လို့
တစ်ယောက်ရဲ့ စိတ်ဖြစ်စဉ်က
တစ်ယောက်ရဲ့ အတိတ်မှာ နစ်ဝင်တယ်။

တွေ့ ချစ် ဝေး ကွဲ
သမားရိုးကျ ဇာတ်လမ်းတွဲ တွေလို
အလွမ်းကို မြန်မာစာတန်းထိုးမရတော့
တစ်ယောက်စိတ်မှာ
တစ်ယောက်အရိပ် ရှိနေသမျှ
တစ်ယောက်ကို တစ်ယောက်က
တစ်ယောက်တည်း တစ်မျက်နှာအဖြစ်……။ ။

ချစ်တိုးနွယ်
( အောက်တိုဘာ ၂၀၀၅ သရဖူ )


Source : http://patheincity.com/new
မြို့တော်ပုသိမ် သတင်းစဉ် မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 10, 2010

အပိုင်တွက်ထားပြီးသားနော်

အပိုင်တွက်ထားပြီးသားနော်
(မင်းစိုးစံ)

၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်လည်းနိုင်ရ,မယ်၊ ရှုံးလည်းနိုင်ရ,မယ်။
ဒါမြန်မာ့စစ်အစိုးရရဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ။
မကြေနပ်ဘူးလား?
ဘာဖြစ်ချင်လဲ?
ပြည်ပ,ကို အားကိုးစရာမလိုဘူး။ ပေါက်ဖေါ်ကြီးရှိတယ်။
ပေါက်ဖေါ်ကြီးက အားလုံးတာဝန်ယူတယ်။
ရှင်းလား?

ဓါတ်ပုံကwww. google.com/images ဖြစ်ပါတယ်။



အသံဖိုင်က www.bbcburmese.com ကဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ (၆)

အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ(ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်


KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်



Copyright © 1998-2010 Radio Free Asia. All rights reserved.

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....