+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, October 31, 2010

ဆက်သွယ်မေးမြန်းခန်း

ရွေးကောက်ပွဲမတိုင်မှီကာလ ပါတီတွေနဲ့ဆက်သွယ်မေးမြန်းခန်းတွေကို ဘီဘီစီက လေးပါတ်တိတိ လုပ်သွားပါတယ်။
အဲဒါကို ကူးယူပြီး တင်ဆက်ထားတာပါ။
ဆရာဦးဘမော်မေးသွားတဲ့ နောက်ဆုံးမေးခွန်းလေးကို ကျုပ်ကြိုက်လို့အခုလိုဖေါ်ပြပေးလိုက်တာပါ။
စိတ်ဝင်စားလျင် နားသောတ,ဆင်ကြည့်ကြပါ။
စုစုပေါင်း ၂နာရီကျော်လောက်ကြာပါလိမ့်မယ်။



Source Audio from http://www.bbcburmese.com
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 30, 2010

ရွေးကောက်ပွဲသုံးသပ်ချက်

ရွေးကောက်ပွဲသုံးသပ်ချက်


ဗွီအိုအေ ဘလော့ထဲက ကူးယူဖေါ်ပြလိုက်တာပါ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗမာ့တပ်မတော်ထဲက တပ်သားတချို့ရဲ့ သဘောထား

ဗမာ့တပ်မတော်ထဲက တပ်သားတချို့ရဲ့ သဘောထား


Source http://voaburmese.wordpress.com/
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 29, 2010

အမေရိကန်ကိုလာတဲ့ လေယာဉ်တွေပေါ် ဖောက်ခွဲရေးပစ္စည်းတွေ့

အမေရိကန်ကိုလာတဲ့ လေယာဉ်တွေပေါ် ဖောက်ခွဲရေးပစ္စည်းတွေ့


ယေမင်နိုင်ငံမှ အမေရိကန်သို့ သံသယဖြစ်ဖွယ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ်ကို နယူးယောက်မြို့ ကနေဒီ နိုင်ငံတကာလေဆိပ်တွင် ဆိပ်ကပ်ထားပုံ (အောက်တိုဘာ ၂၉၊ ၂၀၁၀)


Source Audio and Photo from http://www.voanews.com/burmese

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာနိုင်ငံက ကာတွန်းပညာရှင်တွေရဲ့ လက်ရာကို ဘီဘီစီမြန်မာပိုင်းဌာနက အသံနဲ့တွဲပြီး တင်လိုက်တဲ့ ရုပ်သံတခုပါ။

ဖိနှိပ်အုပ်ချုပ်မှုကြားထဲက အရေးအသားလေးတွေဟာလည်း တော်လှန်ရေးတခု ပြုပြင်ပြောင်းလွဲရေးတခု
လို့ ယုံကြည်ပါတယ်။



Source Audio from http://www.bbc.co.uk/burmese

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, October 28, 2010

ဘီဘီစီက မေးဘို့ပြောတော့ မအားဘူးတဲ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏
ရှင်းလင်းပြောကြားချက်နှင့် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားချက်
အချို့အား ကောက်နုတ်ဖော်ပြချက်

ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်မရပါက တပ်မတော်က အာဏာပြန်သိမ်းနိုင်သည် ဆိုသည့် ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားချက်
"တပ်မတော်အနေနဲ့ ဒီလောက်လုပ်ပေးရင် တော်ပြီ၊ လုပ်ပြီးတဲ့အခါမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို သွားပါဆိုတဲ့ဟာ ရှိတယ်။ ဒီရွေးကောက်ပွဲက စစ်တပ်က လုပ်ပေးတာ။ ဟိုကအော်၊ ဒီကအော်လို့ ဖြစ်လာတဲ့ ရွေးကောက်ပွဲမှ မဟုတ်ဘဲ။ စစ်တပ်က လိုလိုလားလား၊ တပ်မတော်အစိုးရက လိုလိုလားလားလုပ်တဲ့ ကိစ္စ။ အဲဒါကြောင့် ပြန်သိမ်းမယ်ဆိုတာ မဖြစ်နိုင်ဘူး"

အစိုးရအဖွဲ့ဝင် ၀န်ကြီးများ လက်ရှိရာထူးများတွင် မည်သည့်အချိန်ထိ ရှိနေမည်ဆိုသည့် မေးခွန်းအပေါ်ဖြေကြားချက်
"၇ ရက်နေ့ကတော့ ရွေးတုန်းပဲ ရှိပါသေးတယ်။ အစိုးရ မဖွဲ့ရသေးဘူး။ အစိုးရ ဖွဲ့ပြီးနောက် အစိုးရက ဒီအစိုးရကို လွှဲမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမှာ ပါပါတယ်။ အဲဒီအချိန်ထိတော့ ရှိနေမယ်လို့ ထင်ပါတယ်။ ဒါကတော့ နောက်အစိုးရကို ဒီအစိုးရကလွှဲမယ်လို့ ပြောတာကိုး။ အဲဒီတော့ ၇ ရက်နေ့မှာ ကျွန်တော်တို့က ဘယ်သူတွေ အနိုင်ရမယ်ဆိုတာ သိလာမယ်။ သိလာပြီးလို့ရှိရင် သူတို့ကို လွှတ်တော်ခေါ်မယ်။ လွှတ်တော်ကို ရက် ၉၀ အတွင်းခေါ်မယ်လို့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းထဲမှာ ပါတယ်။ အဲဒီအချိန်ထိကတော့ ကျွန်တော်တို့ ရှိနေကြမှာပါ"

သတင်းစာထုတ်ဝေခွင့်နှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဖြေကြားချက်
"သတင်းစာကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ထင်ပါတယ်။ တစ်ပြေးညီ ဖြစ်မှာပေါ့။ ပြည်ခိုင်ဖြိုးကို သတင်းစာပေးရင် ကျန်တဲ့သူလည်း ပေးရမှာပေါ့။ ကျွန်တော်တို့ရရင် ကျန်တဲ့သူတွေလည်း ရမှာပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ကယ်လို့ ထွက်မယ်ဆိုရင် မရှုံးအောင်လုပ်ဖို့ ပြင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာက သိပ်ရှုံးတာပဲ"

ရွေးကောက်ပွဲ လွှတ်တော် ကိုယ်စားလှယ်လောင်းများတွင် လက်ရှိဝန်ကြီးများ ၀င်ရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားချက်
"၀န်ကြီးဖြစ်တယ်၊ ကောင်းအောင်လုပ်တယ် ဆိုရင်တော့ မဲဆန္ဒရှင်တွေက သူ့ကို သဘောကျမှာပါ။ ၀န်ကြီးဖြစ်တယ်၊ ကောင်းအောင် မလုပ်ဘူးဆိုရင် သူကထင်ရှားတဲ့အတွက် ပိုတောင်ထိခိုက်ဦးမယ်။ ကျွန်တော်ထင်တယ် လွှမ်းမိုးမှုကတော့ လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာမဟုတ်ဘူး။ ပါတီ စကားပဲ ကျွန်တော်ပြောရမှာပဲ။ ပါတီက နေရာမဟုတ်ဘူး။ ကျွန်တော်က အထွေထွေ အတွင်းရေးမှူး၊ ပါတီထဲမှာ တော်တော်ရာထူးကြီးပါတယ်။ အဲဒီ အထွေထွေအတွင်းရေးမှူးကြောင့် လူထုရဲ့စည်းရုံးမှုကို မရနိုင်ဘူး။ တကယ်ရနိုင်တာက ကျွန်တော့်လုပ်ဆောင်မှု၊ ကျွန်တော် ဘာလုပ်ပေးသလဲ၊ ကျွန်တော် ဘာဖြည့်ဆည်းပေးလဲ။ အဲဒီပေါ် မူတည်ပြီး သူတို့ရဲ့ထောက်ခံမှု၊ ကန့်ကွက်မှုရမှာ။ အဲဒီတော့ ၀န်ကြီးဖြစ်လို့ ထောက်ခံမှုရတယ် ဆိုတာကတော့ ပဏာမ စည်းရုံးမှု အနေနဲ့ ဟုတ်သလိုလို ထင်ရပေမယ့် တကယ်တမ်းက သူ့ရဲ့လုပ်ဆောင်မှုပေါ်မှာပဲ မူတည်တယ်"

"လူထုက ခြိမ်းခြောက်လို့လည်း မရဘူး။ ပိုက်ဆံပေးလို့လည်း မရဘူး။ သူကိုယ်တိုင်ယုံရင် ယုံသလို လုပ်မှာပဲ။ ကျွန်တော်တို့လူထုက အဆင့်အတန်း ရှိပါတယ်။ သူများတွေက ပြောနေကြတယ်။ ကျွန်တော်တို့ လူထုက ဘာမှမသိဘူး။ ဘာမှနားမလည်ဘူးတဲ့။ ကျွန်တော်တို့လူထုက သိလည်းသိတယ်၊ နားလည်း နားလည်ပါတယ်"

ပါတီ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားချက်
"ကျွန်တော်တို့ အဓိက က စိုက်ပျိုးရေး၊ မွေးမြူရေးမှာ ရင်းနှီးမြှုပ်နှံထားတယ်။ စက်ရုံထောင်ဖို့တွေ၊ ဘဏ်လုပ်ငန်းမှာ ၀င်ဖို့ရှိတယ်။ ၀င်လည်းဝင်ထားတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ပါတီ ထူထောင်ဖို့၊ ရပ်တည်ဖို့အတွက် ကျွန်တော်တို့ ပြန်ပြီးတော့ ကူညီပေးနိုင်ဖို့အတွက် လုံလောက်အောင် လုပ်ထားပါတယ်"

"တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်စေချင်တာပါပဲ။ အကျိုးရှိတဲ့ လုပ်ငန်းတွေကို လက်တွေ့လုပ်စေချင်တာပါပဲ။ စည်းရုံးတယ်ဆိုတာ ကောင်းပါတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်ပြည်တွင်းရဲ့ အားကို အမှန်ကို ရောက်ဖို့လိုတာပါပဲ။ မှန်တယ်၊ မှားတယ် ဆိုတာကတော့ အကျိုးရှိတယ်၊ မရှိဘူး ဆိုတာပေါ်ပဲ မူတည်ပါတယ်။ ကိုယ်တိုင်လည်း အကျိုးရှိမယ်၊ ကိုယ့်ဘေးပတ်ဝန်းကျင်လည်း အကျိုးရှိမယ်၊ ပြည်သူတွေလည်း အကျိုးရှိမယ်ဆိုရင် မှန်တယ်လို့ သတ်မှတ်ရမှာပဲ”

အီလဲဗင်း ဂျာနယ်ကနေ တိုက်ရိုက် ကူးပြီးတင်လိုက်တာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အားလုံးပဲမင်္ဂလာအပေါင်းနဲ့ ပြည့်ဝ,နိုင်ကြပါစေ။

ကျုပ်နေတဲ့နေရာလေးမှာ သစ်ရွက်တွေကြွေနေပြီဗျို့။
မကြာခင်လေးမှာ နှင်းတွေ ဆီးနှင်းခဲပေါ့ဗျာ ကျလာတော့မှာ၊ လမ်းမ,၊ လမ်းမ,ကြီး၊ လမ်းသေး၊ လမ်းသွယ် အဲဒီ လိုနေရာအနှံ့လေအေးတွေတိုက် ရေခဲတွေကြား ကျောင်းသူကျောင်းသားငယ်တွေ၊ ကျောင်းကားစောင့်တာနဲ့၊ အလုပ်ခွင်ရောက်ဘို့ ကားမှတ်တိုင်မှာ ကားစောင့်နေသူတွေကို တွေ့ရမြင်ရဦးတော့မယ်။

လွမ်းစရာဖြစ်အောင်ရေးတာ လွမ်းလောက်စရာလည်းမရှိဘူး၊ အဲဒီလိုတော်တဲ့ကျုပ်၊ ဘလော့ပေါ်မှာ ကိုယ်ရေး ချင်တာလျှောက်ရေး လာဖတ်တဲ့လူက အမြင်မတော်တာတွေ့လို့ စေတနာနဲ့ရေးပေးတာကို ဝေဒနာလို့မြင်ပြီးတ နုံ့နုံ့နဲ့ခံစား၊ သွေးတိုးတွေတက် ဆေးသောက်အိပ်ချလိုက်၊ သက်သာလျင် ပေါက်ကရလျှောက်ရေး၊ တခါပြန်အ ဆဲခံရ၊ဒေါသ,တွေဖြစ် ဆေးသောက်နောက်တခေါက်ပြန်ရေး၊ ဒါနဲ့ပဲသံသရာလည်နေလိုက်တာ ဘာလိုလိုနဲ့ မိုး တောင်ချုပ်တော့မှာပါလားနော်။

ပြန်တွေးကြည့်တယ် လူတွေကိုကျုပ်က ဘလော့ပေါ်မှာ အလကားမတ်တင်း လျှောက်ပေးနေတာ ဘာတွေလဲ ပေါ့၊ ကျုပ်ပေးလိုက်တာက ကျုပ်ရင်ထဲမှာ မဆန့်တော့တဲ့ ခံစားချက်တွေ၊ လိုလားချက်တွေ၊ ဖြစ်ချင်တာတွေ ကို အတ္တကြီးမားစွာနဲ့ရေးနေတာ၊ ပေးနေတာပါလား ဆိုတာ အဖြေသိလာတော့ စာရေးရတာ သိပ်မဖြောင့်တော့ဘူး ဒီကြားထဲအသက်က ဗတက်ချို့င့် ရောက်နေတော့ စဉ်းစားတွေးတောတာတွေက အခုခေတ်ဗန်းစကားနဲ့ပြောရ, လျင် မလန်းဘူးပေါ့ဗျာ။ ကျုပ်တို့ခေတ်တုန်းကတော့ ဖတ်လို့ကောင်းတဲ့အကြောင်းအရာ စာသားမျိုးကို မိတယ် လို့ပြောကြတာပေါ့။
ကျုပ်က တော်လှန်ရေးနယ်မြေက စာရေးစရာတွေကို လေးစားဂုဏ်ယူမိတာနဲ့ အဆက်အစပ်မရှိတဲ့အကြောင်း အရာတွေကောက်ရေးလိုက်တယ်။ ကျုပ်တို့ခေတ်တုန်းကဆို သဘာဝပတ်ဝန်းကျင်က နေလို့ထိုင်လို့ကောင်း တယ် နောက်ပြီးတော့ လေကလည်းရှူလို့ကောင်း ရေကလည်းသောက်လို့ကောင်း အင်ဥတို့၊မျှစ်တို့ဆိုတာက လည်း စားလို့ကောင်း။ မကောင်းတာက တယောက်နဲ့တယောက် ဘေကြတာပဲ။

ကျုပ်တို့ခေတ်ဆိုလို့ တချိန်တုန်းက တော်လှန်ရေးနယ်မြေမှာ အသံလွှင့်ရုံရှိခဲ့ဘူးတယ်ဗျ။ အဲဒီအသံလွှင့်ရုံမှာ ဘာသာစကား လေးမျိုးနဲ့လွှင့်တာ အင်္ဂလိပ်၊ ဗမာ၊ ပိုးကရင်၊ စကောကရင်၊ အဲဒီလိုကိုလွှင့်ခဲ့ကြတာ။

ပိုးကရင်ကဏ္ဍကို စီစဉ် ကွပ်ကဲကြီးမှူးလုပ်ကိုင်သူကတော့ ကရင်လို ဖဝ့်ထါင်။ ဗမာလိုကတော့ ပန်းခက်ပေါ့ဗျာ။
သူက စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ တေးပြုစာဆို၊ သူရေးတဲ့စာက တက္ကသိုလ်က အကြောင်းတွေ၊ အခုတော့ ဒီကေဘီအေထဲမှာ။ ဘာလုပ်နေလဲဆိုတာတော့ အတိအကျမသိဘူး၊ သူနဲ့အသံလွှင့်ရုံမှာတွဲလုပ်ခဲ့သူကတော့ ကျုံပိုင်းရွာသား စ၀်စ၀်အဲ။ မြန်မာအစိုးရ အသံလွှင့်ဌာနတိုင်းရင်းသားအစီအစဉ်အတွက် သီချင်းရေးစပ်သီဆိုတဲ့ ကရင်အမျိုးသား အဆိုပညာရှင်ပေါ့၊ ဇွဲကပင်ကျော်လေးတို့ မူ.လျာ.၀၀် တို့နဲ့က အနုပညာလုပ်ဖေါ်ကိုင်ဘက်။

နောက်တယောက်က ဖူးကီးဒို သူကတော့ ကျုပ်နဲ့ရင်းနှီးခင်မင်မှု အထိုက်အလျှောက်ရှိတဲ့အပြင် ကျုပ်အသက် ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တယောက်ပေါ့ဗျာ။ သူရေးတာတွေထဲက ကျုပ်နှလုံးသည်းပွတ်ကို ထိရှနာကျင်စေတဲ့ ကဗျာရှည်တပုဒ်ရှိတယ် ကဗျာစာအုပ်အမည်က တော်လှန်ရေးလားတန်ပြန်လား ဆိုတဲ့စာအုပ်။ အခုခေတ်ဗန်းစကားနဲ့ ပြောရမယ်ဆိုလျင် ဟတ်ထိတယ်ပေါ့ဗျာ။

နောက်တယောက် မေင်စင်ကြယ်တဲ့ သူကိုတော့မြန်မာစစ်အစိုးရ ထုတ်တဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ ဆောင်းပါးရေးတာ ဖတ်ဘူးပေမယ့် ရှစ်ဆယ့်ရှစ်ကျမှ တွေ့ဘူးတာ၊ သူရေးတဲ့ မြန်မာနိုင်ငံကိုချစ်သော ကရင် အမျိုးသားခေါင်းဆောင်များ ဆိုတဲ့စာအုပ်က အတော်နာမည်ကြီးတာပဲ။

နောက်တယောက်က စာရေးဆရာ ရေဆန်၊ သူနဲ့တော့ သိပ်မရင်းနှီးပေမယ့် စကားပြောတဲ့အခါတွေမှာ သူ့ရဲ့သ ဘောထားတွေက ပကတိရိုးစင်းနေတာသိရ,တယ်၊ သူ့ကိုတွေ့တုန်းက သူနဲ့စကားပြောတြတုန်းက သူဟာ စာ ရေးဆရာတယောက်မှန်း လုံး,မသိဘူး။ သနူးထူးစာစောင်အတွက် ကျုပ်ဆီက ကဗျာတောင်းလို့ ကဗျာတပုဒ် ရေးပေးလိုက်တာ သူက အောက်ကစာကြောင်းလေးကို ပြင်ပေးနိုင်မလားတဲ့ ပြင်ပေးနိုင်လျင် ပြင်ပေးပါတဲ့၊ ကျုပ်ကလည်း ဒီလူကတော့ အနုပညာခံစားတတ်တဲ့လူမဟုတ်တော့ ဒီလိုပဲလိုက်ပြင်ခိုင်းတာနေမှာ၊ ဆိုပြီးမပြင် နိုင်ပါဘူးဗျာလို့ပြောပြီး ကျုပ်ကဗျာစာရွက်ကို ပြန်ယူခဲ့လိုက်တယ်၊ သူမရှိတော့မှ သူဟာသနူးထူးစာစောင်ရဲ့ အယ်ဒီတာချုပ်ဖြစ်ကြောင်း ကဗျာရေးတယ်၊ စာရေးတယ်၊ ကလောင်အမည်က ရေဆန်ဆိုတာသိလိုက်ရတော့ တချိန်တုန်းက ကျုပ်ရဲ့မသိနားမလည်မှုတွေကို ပြန်ဒေါသဖြစ်မိတယ်။

ကျုပ်သိထားတာက အဲဒီတုန်းက သနူးထူးဂျာနယ်ရဲ့ အယ်ဒီတာက ဗိုလ်ကြီး စောတောရွှေ ဆိုတဲ့ပုဂ္ဂိုလ်ကိုပဲ အယ်ဒီတာလို့ထင်နေတာဗျ။ ဘာကြောင့်သိလဲဆိုတော့ ဗိုလ်ကြီးစောတောရွှေက ကားတာယာ ထုတ်လုပ် ရောင်းချတဲ့ ဘရစ်စ်တုမ်း (Bridge Stone)ကုမ္မဏီ အရှုံးပေါ်ပြီးနောက်ပိုင်းသူ့သားက လေ့လာသုံးသပ်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်လုပ်ကိုင်လိုက်မှ အခုဆိုလျင်နာမည်ကြီးလူသုံးများတဲ့ အခြေအနေကို ရောက်နေ ခဲ့တာဖြစ်ကြောင်း အဲဒါကိုရေးပြီး ကရင်လူငယ်တွေအတွက် အတုယူစရာ အကြောင်းမီးမောင်းထိုးပြထားတာပါး
နောက်တယောက်ကတော့ ရဲဘော်ရှောင်း သူ့စာအုပ်တွေထဲက ကျုပ်အကြိုက်ဆုံးကတော့ ၂၁ရာစုတော်လှန် သော အတွေးအခေါ် ဆိုတဲ့စာအုပ်ဖြစ်တာမို့ ကျုပ်အတွက်မမေ့နိုင်စရာစာအုပ်တအုပ်ဖြစ်ပါတယ်၊ ကျုပ်ကို တွေ့တိုင်း ခင်ဗျားအဲဒီလိုလုပ်တာ ကောင်းတယ်၊ အဲဒါအဓိက ကျတဲ့အလုပ်ပဲအဲဒီလိုပြောတတ်ပါတယ်။
ရဲဘော်ရှောင်းကိုလည်း ကျုပ်သိတာမကြာသေးဘူး။ ပဒိုမန်းရှာ မရှိတော့တဲ့နောက်ပိုင်းကျမှ သိတာ။

အချို့လူတွေက စာရေးဆရာဖြစ်ချင်လို့ ဘလော့ပေါ်မှာလေ့ကျင့်ကြတယ်၊ တချို့ကျတော့ မဂ္ဂဇင်းစာအုပ်တွေ မှာလေ့ကျင့်ကြတယ်။ အချို့ကျတော့ ကျောင်းနံရံကပ်စာစောင်တွေမှာ အရေးကျင့်ကြတယ်။
ကျုပ်ကျတော့ သူများနဲ့မတူဘူး။
ရေဒီယိုပေါ်မှာ အရေးကျင့်တယ်။ ဆန်းတယ်နော်။ ကျုပ်အရေးကျင့်တဲ့ရေဒီယိုဌာနက ဘီဘီစီ။
စိတ်ဝင်စားသွားလား? ကြွားတာတော့မဟုတ်ဘူး။
ဒါကြောင့်ဖြစ်မယ် ဘာစာမှလည်း ဖတ်လို့မကောင်းသလို ဘယ်ကဗျာမှလည်း စိတ်ဝင်စားစရာမရှိဘူး။

နောက်မျှ အဲဒီအကြောင်းလေးတွေ ရေးပြမယ်ဗျာ။
အခုတော့ စာရေးဆရာဖြစ်ချင်တဲ့ ဘလော့ဂါတယောက်အကြောင်း နားဆင်ရင်း လူထုအကျိုးပြု စာရေးဆရာကြီးတွေဖြစ်နိုင်ကြပါစေ။


အောက်က အသံဖိုင်ကတော့ ဘလော့ဂါတယောက်နဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းခန်းလေးဖြစ်ပါတယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 27, 2010

စာအုပ်ကျော်ငြာ

စာအုပ်ကျော်ငြာ


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, October 25, 2010

အလံခိုးအစိုးရနဲ့ ငွေစက္ကူသစ်

နောင်တက်လာမည့် အလံခိုးအစိုးရလက်ထက်တွင် ထုတ်ဝေမည့် ငွေစက္ကူသစ်။

မီးလောင်တဲ့သတင်းလေးတောင် အလံခိုးတဲ့ရဲတပ်ဖွဲ့က မပြောရဲရှာဘူးဗျာ။
ကျုပ်တို့တိုင်းပြည်က ပြည်သူလူထုတွေကတော့ ရဲကို ကျီးကန်း လို့ခေါ်တာ ဒါကြောင့်ကိုး။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အလံခိုးတဲ့ စစ်အစိုးရ

အလံခိုးတဲ့ ဗမာစစ်အုပ်စု နအဖ ကတော့ NCGUB ရဲ့အလံခိုးရုံတင်မက တရုတ်အလံခိုးမယ့်အပြင် မြောက်ကိုးရီးယားရဲ့အလံခိုးဘို့ မျှော်လင့်ချက်တွေထားရင်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ အတူဘောင်းဘီချွတ်ပြီး သေနတ်အစား ဆီပုလင်းခါးကြားချိတ်ထားပြီးသားပါ။

မြန်မာပြည်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့အလံခိုးဘို့အတွက် ရေရှည်စီမံကိန်းတွေလည်း ချမှတ်လုပ်ဆောင်ပြီးသားပါ။

ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်တဲ့ ဗမာစစ်အုပ်စုဆိုတော့ သတိတော့ထားကြပေါ့နော်။
အတင်းအကြတ်လာ အလံခိုးလျင် အကာအကွယ်လေးတော့.............။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 24, 2010

ကျုပ်တို့က လူကြီး
ခရီးလည်း အတော်ပေါက်လာပြီ။

နေဝင်ရီတရော အချိန်လေးမှာ
ကလေးတွေအတွက်
ဘာတွေလုပ်ခဲ့ပေးမှာလဲ?
သူတို့လေးတွေကို
ကျုပ်တို့လိုပဲ အမှောင်တွေကြား
ဒီအတိုင်းထားခဲ့ပြီး
ကျောခိုင်းလိုက်မလို့လား?

စဉ်းစားနော် စဉ်းစား
ထမင်းစားဘို့လူလုပ်နေတာလား?
လူလုပ်ပြီးထမင်းစားခဲ့တာလား?
လူ့လောက,ကြီးထဲက ထွက်မသွားခင်
သူတို့လေးတွေအတွက်
ပြင်ဆင်ပေးခဲ့ဘို့
ကျုပ်တို့တွေးသင့်တယ်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 23, 2010

တစိမ်းလူတွေ ဝမ်းသာနေပြီ

ငါတို့အားလုံးဟာ တချိန်တုန်းက ထမင်းတအိုးတည်း စားခဲ့ကြတဲ့သူတွေ။
သူ့ချွေးသုတ်ပုဝါကို ကိုယ်သုတ်၊ ကိုယ့်ချွေးသုတ်ပုဝါကို သူသုတ်။
သူ့ထမင်းထုပ်ထဲက ထမင်းသိုးဟာ၊ ကိုယ့်အတွက် နတ်သုဒ္ဒါ၊ ကိုယ့်ထမင်းထုပ်ထဲက ထမင်းသိုးဟာ သူ့အတွက် နတ်သုဒ္ဒါ။
သူသောက်ထားတဲ့ဆေးလိပ်တိုဟာ ကိုယ့်အတွက်ရှားပါးပစ္စည်း၊ ကိုယ်သောက်ထားတဲ့ဆေးလိပ်တိုဟာ သူ့အတွက် ရှားပါးပစ္စည်း။
သူနားနေတဲ့အချိန်လေးမှာ သူ့ဘိနပ်ဟာကိုယ့်ရဲ့ခရီးသွားဖေါ်၊ ကိုယ်နားနေတဲ့အချိန်လေးမှာ ကိုယ့်ဘိနပ်ဟာ သူ့ရဲ့ခရီးဖေါ်။
သူ့ရေဗူးထဲကတောအရက်ဟာ ကိုယ့်အတွက်စားမြိန်ထုပ်၊ ကိုယ့်ရေဗူးထဲကတောအရက်ဟာ သူ့အတွက် စားမြိန်ထုပ်။

အခုတော့ မင်းငါ့ကို ဘာပေးနိုင်မလဲ ဆိုတာမေးနေကြတယ်ဆိုတော့...............။



Source Audio from http://www.bbc.co.uk/burmese
Source Picture from http://www.google.com/images
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ခြည်ဖြူဖွဲ့ပွဲ

ထိုင်းနိုင်ငံက ကရင်တွေရဲ့ ခြည်ဖြူဖွဲ့ပွဲလေး


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 22, 2010

ဒုက္ခသည်များကို ပြန်မပို့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဒုက္ခသည်များကို ပြန်မပို့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
2010-10-22

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr Kasit Piromya ဟာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည် ၅ သောင်းကျော် ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို လာရောက်တယ်လို့ သိရှိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဌာနေက ခုလိုပြောပါတယ်။ ဝန်ကြီးဟာ မြန်မာနဲ့ နယ်ချင်းကပ်နေတဲ့ နယ်စပ်ဒေသကို သွားတာဖြစ်ကြောင်း၊ ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်နေတဲ့ ဒုက္ခသည်တွေအရေးကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့များနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးဟာ မယ်လ ဒုက္ခသည်စခန်းကို မွန်းလွဲ၃နာရီမှာ ရောက်ရှိခဲ့တာပါ။ စခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး စခန်းကော်မတီဝင်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်း ပြောဆိုခဲ့ပါတယ်။

စခန်းအတွင်း ဒုက္ခသည်များ ပညာသင်ကြားရေး အပါအဝင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ အသက်မွေးမှုအတွက် သင်တန်းများ ပို့ချပေးရေး အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးးဟာ ညနေပိုင်း ၅နာရီမှ စခန်းက ပြန်လည်ထွက်ခွာသွားတယ်လို့ သိရှိရပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တိုင်းပြည်မရှိတဲ့လူမျိုးနဲ့ သခင်မဲ့တဲ့ခွေး

တိုင်းပြည်မရှိတဲ့လူမျိုးနဲ့ သခင်မဲ့တဲ့ခွေး
(မင်းစိုးစံ)

ကျုပ်အခုတလော ရုပ်သံဖိုင်တွေသက်သက်တင်ဖြစ်တာများနေမှန်း သိနေလျက်က ဆက်ပြီးတင်နေမိရာကနေ အကြောင်းအရာလေးတခုလောက် တင်ရ,လျင်ကောင်းမှာပဲဆိုပြီး စိတ်ကူးရ,လာလို့ ကရင်လူမျိုးနဲ့ ဂျပန်လူမျိုး အကြောင်းရေးချင်တာမို့ ဘယ်ကနေစ,ရေးပြီး ဘယ်နေရာမှာအဆုံးသတ်ရ,ကောင်းမလဲဆိုတာ စဉ်းစားလို့မရ, နိုင်အောင်ဖြစ်နေတာ အတော်ကြာခဲ့ပါတယ်။ အခုလည်း စဉ်းစားလို့မရ,သေးပါဘူး။ ဒါပေမယ့် ရေးချင်စိတ်က သိပ်များနေတော့ ထိန်းမရ,တဲ့အဆုံး ရေးချလိုက်တယ်ဗျာ။

ကျုပ်ရဲ့အားနည်းချက်က အကြောင်းအရာတခုကိုရေးတဲ့အခါမှာ ကိုယ်ရေးချင်၊ တင်ပြချင်တဲ့ အကြောင်းအရာ ကို ပီပီပြင်ပြင်မရေးနိုင်တာက အင်မတန်ဆိုးရွားတယ်ဆိုတာ ကိုယ်တိုင်သိနေတဲ့အခါကျတော့ လွန်ခဲ့တဲ့ အချိန် ကာလ,တွေတုန်းက ရေးသားတင်ပြခဲ့တာတွေဟာ ကိုယ့်အိမ်အလည်လာတဲ့ဧည့်သည်ကို မချေမငံစော်ကားမိ နေပါလားဆိုတာ တွေးမိပြီး အလိုလိုစိတ်မကောင်းဖြစ်ရပါတယ်။

အခုရော လို့မေးလာလျင်။ အခုလည်းထူးမခြားနားပါပဲ။ အတတ်နိုင်ဆုံးတော့ အပီအပြင်ဆုံးတင်ပြပေးနိုင် အောင်ကြိုးစားရင်း ရေးချင်နေတာကိုရေးချလိုက်တယ်ဗျာ။ ရေးသင့် မရေးသင့် ဆိုတာစဉ်းစားမနေတော့ဘူး။
ကျုပ်က ထိုင်းမြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေ ရွှေထီးဆောင်းခဲ့တဲ့ ကာလ,ကိုသတိရတယ်ဗျာ။ အတိတ်ကို တမ်းတ,နေလို့ဘာမျှမဖြစ်နိုင်မှန်းသိပေမယ့် သတိရ,မိတာတော့အမှန်ပဲ။ ကော်မူးရာစခန်းဗျာ သိ ကြမှာပါ။ အဲဒီစခန်းကို တနေ့တော့ ဗိုလ်ချုပ်မြ ရောက်လာတယ်ဗျ။ အဲဒီတုန်းက ကေအင်ယူရဲ့ အထွေထွေအ တွင်းရေးမှူးက ဗဒိုစောသန်းအောင်။ ဥက္ကဌက မန်းဘဇံ။

ကျုပ်တို့ ကော်မူးရာစခန်းမှာ အမြဲတမ်းလိုလို မူးနေတတ်တဲ့ ကိုအောင်ကြီးဆိုတာရှိတယ်ဗျ။ သူဆုံးသွားတာကြာ လှပါပြီ။ အရက်ကြောင့်ပေါ့ဗျာ။ သူဘာပြောသလဲသိလား? သူ့ခံစားချက်ပေါ့နော်။

ဒီမှာညီ ကိုယ်မင်းကိုပြောမယ် ကိုယ်တို့ တော်လှန်ရေးထဲမှာလေ ဘုရားကျောင်းခေါင်းလောင်းကိုခေါက်ပြီး အ ပွင့် ရ,သွားတဲ့လူတွေအများကြီးကွ၊ ကိုယ်ကတော့ ရှတ်ကိုင်တယ်၊ ရေချိန်လွန်လျင်တွေ့ရာနေရာမှာ ဥသြဆွဲ တယ်၊ ဒီတော့ ရှေ့တန်းဘယ်လောက်ထွက်ထွက် ဘယ်လောက်ပဲသွားသွား အပွင့်တက်ကိုမတက်ဘူး။ ကိုယ်သီချင်း တပုဒ်ဆိုပြမယ်၊ မူးလို့ဆိုပြတာမဟုတ်ဘူးနော်၊
စိုင်းထီးဆိုင်သီချင်းကွာ အကြီးတလုံး အသေးတလုံး ကမ္ဘာကြီးမေ့အောင်သောက်လိုက်မယ် ကိုယ့်ဘဝကို အ ရှုံးပေးလို့ ကိုယ့်ခေါင်းစိုက်အောင်သောက်လိုက်မယ်၊ မူးမယ်ဟိုနားသွားလဲဒီနားသွားလဲ ရေလည်ကျွန်းမှာ တော် လှန်ရေး မင်းကြောင့် ကိုယ်အရက်သောက်ပြီလေး တော်ပြီဆက်မဆိုတော့ဘူး ခြောက်ပေါက်ထဲဝင်နေဦးမယ်

အဲဒီလိုခံစားနေရ,တဲ့ သူတွေရှိသလို ဖါးသူးလားဆိုတဲ့ လူတယောက်ကလည်း ဒီလိုဆိုပြန်တယ်ဗျ၊ ဒီမှာညီ ကိုယ်တို့တော်လှန်ရေးတပ်သားဆိုတာ ကြေးစားတပ်မဟုတ်ဘူး၊ လ,စာမလိုဘူး၊ စည်းရုံးတတ်လျင် မဆလ တပ်က ကောင်တွေထက် ဝင်ငွေကောင်းတယ်ကွ
အဲဒီလိုအပြောတွေနဲ့ မူးနေတတ်ပြန်တယ်။ သူက ခလရ ၄၄ တပ်ကနေ ကေအင်ယူထဲဝင်လာတဲ့ အသားမဲမဲ အရပ်မနိမ့်မမြင့်နဲ့၊ မိန်းမ,တော့ပွေသလားမမေးနဲ့၊ သူလည်းလူ့လောက,ကြီးထဲက ထွက်သွားတာကြာလှပေါ့ဗျာ။

ဟိုတနေ့က ဘာလဲဗျာ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်အိမ်ထောင်စု သုံးစုဆိုလား ဂျပန်ကိုရောက်သွားကြ တယ်ဆိုတာ ဘလော့တွေပေါ်မှာတွေ့လိုက်တယ်၊ အဲဒါကြောင့် ကရင်လူမျိုးနဲ့ဂျပန်လူမျိုးတွေအကြောင်းရေးချင် တဲ့စိတ်က ပေါ်လာတာ။

ဗိုလ်ချုပ်မြရောက်လာတာ ပြောဘို့မေ့သွားတယ်ဗျာ၊ ဗိုလ်ချုပ်မြရောက်လာတော့ ဘာပြောသွားလဲသိလား? တိုင်းပြည်မရှိတဲ့ လူမျိုးတမျိုးဟာ သခင်မရှိတဲ့ခွေးလိုပဲ၊ ဟိုချောင်တိုးလျင် ဟိုကရိုက်ထုတ်၊ ဒီချောင်တိုးလျင် ဒီ ကရိုက်ထုတ်နဲ့ ဘာမျှအသုံးမကျဘူး၊ အဲဒီတော့ ကရင်တွေမှာ တိုင်းပြည်ရှိဘို့လိုအပ်တယ်။

အဲဒါကဟိုးလွန်ခဲ့တဲ့ ကာလ,တုန်းကဗိုလ်ချုပ်ကြီးစောဘိုမြပြောသွားတဲ့စကား၊ အဲဒီစကားကို ထပ်သုံးတဲ့လူတ ယောက်ရှိတယ်၊ သူကတော့ တပ်ထိန်းမာစ်တန်း(ကညောသူး)။ သူ့ကိုမသိတဲ့လူကတော့ မရှိသလောက်ပါပဲ။သူ့ နဲ့ဆုံလျင် အဲဒီစကားလုံးကို ဆိုင်ဆိုင်မဆိုင်ဆိုင်ကြားညှပ်ပြောနေတာက သူ့အတွက်ကိုယ်ပိုင်မှတ်ပုံတင်တခုလို ဖြစ်နေတယ်။

ဘလော့တခုကိုရောက်သွားတော့ အဖေါ်အချွတ်မှာနာမည်ကြီးတဲ့ဂျပန်မလေးက သူ့နဲ့အတူလာအိပ်ဘို့ဂျပန်မှာ ပညာတော်သင်လာကြတဲ့ တရုတ်ကျောင်းသားတွေကို ဖိတ်တယ်ဆိုပဲ။ ငွေကြး ဘာညာကွိကွ တခုမှပေးစရာမ လိုဘူးတဲ့။ ဘာကြောင့်လဲဆိုတော့တဲ့ ဂျပန်တွေ တရုတ်နိုင်ငံကိုဝင်တိုက်တုန်းက တရုတ်မ,တွေ အဓမ္မပြုကျင့်ခံ ရတဲ့သမိုင်းကြောင်းကို သိရတဲ့အတွက် စာနာသနားပြီးပြန်ပေးဆပ်တာတဲ့ဗျာ။

ရှုတ်ကုန်ပြီ။ ဗိုလ်ချုပ်ကြီးစောဘိုမြ ကော်မူးရာရောက်တာ၊ကရင်ဒုက္ခသည်တွေ ဂျပန်ကိုရောက်သွားတာ၊ ဂျပန်မ လေးရဲ့ ပြန်ပေးဆပ်တဲ့အကြောင်း၊ ရေးချင်တာက ကရင်နဲ့ဂျပန်အကြောင်း ဘာမျှဆက်စပ်လို့မရ,ဘူး၊ ကျုပ်စာ ရေးနေတာရပ်ပစ်လိုက်ချင်ပြီ။ ခေါင်းတွေပူလာတယ်ဗျာ။

ကျုပ်မှာညဘက် အိပ်လို့မရ,တဲ့ ရောဂါတခုထပ်ဖြစ်နေ တယ်။ အဲဒါလွန်ခဲ့တဲ့အပတ်တုန်းက ဆေးရုံမှာတည သွားအိပ်လိုက်ရသေးတယ် ဝါယာကြိုးတွေတကိုယ်လုံးနဲ့ အိပ်ယာဝင်တာ တာဝန်ရှိတဲ့လူက ကျုပ်အိပ်ခန်းကို တချိန်လုံး ကင်မရာနဲ့စောင့်ကြည့်ပြီး ကျုပ်ရဲ့ ဦးဏှောက်ကို စမ်းသပ်တာလား စစ်ချက်ယူတာလား မသိဘူး။ တညကို အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၂၄၀၀ ကြားပေးရတဲ့ နေရာပေါ့ဗျာ။ ကျုပ်ကတော့ တပြားမျှပေးစရာမလိုဘူး။ အစိုးရရဲ့ ဆေးအာမ,ခံနဲ့ သွားအိပ်တာ။

အခုကျုပ်စာရေးနေတာ တချက်တချက်မေ့သလိုလို ငိုက်သလိုလိုဖြစ်နေတယ် ဘာတွေရေးနေတယ်ဆိုတာ ကောင်းကောင်းမမှတ်မိဘူး၊ ဘာအကြောင်းကို အဓိက,ထားရေးနေတယ်ဆိုတာသိပ်မသိဘူး။ ရောကောသော ကောဖြစ်နေတာတော့ သိသလိုလိုတော့ရှိတယ်။

ဆံပင်က ကြာဇံဖြစ်နေပြီ၊ သွားကလည်းအတု၊ မျက်လုံးကလည်းအမြင်မရှင်းဘူး၊ နားကလည်း သိပ်မကြားဘူးဗျ တခါတလေဆံပင်ကိုဆေးဆိုးတယ်၊ မျက်မှန်တတ်ပြီး အင်တာနက်ထဲမှာ ဟိုဟာဒီဟာဟိုပုံဒီပုံတွေလိုက်ကြည့် တယ်၊ သွားတုတပ်ပြီးစားချင်တာစားတယ်၊ နားကြပ်တတ်ပြီး ဟိုအကြောင်းဒီအကြောင်းနားထောင်တယ်၊ ပြီး တော့ အိပ်လို့မရ,လျင် အိပ်ဆေးစားပြီးအတင်းအိပ်တယ်။ မိုးလင်းလို့အိပ်ယာကထ,တော့ မူးကြောင်ကြောင်နဲ့ တော်တော်ကို အဆင်မပြေတာ။

သဘာဝ,အတိုင်းနေလို့ဖြစ်လျက်ကယ်နဲ့ လူကအတတ်ကျူးတာဆိုတော့ ပူပင်သောက,တွေ ရောဂါဆန်းတွေနဲ့ နပမ်းလုံးနေတာပေါ့၊ သွားကျိုးတယ်ဆိုတာ အသက်ကြီးလာပြီလေ၊ အစာအိမ်က ငယ်ငယ်တုန်းကလို မကောင်း နိုင်တော့ဘူး၊ ပျော့ပျော့လေးနူးနူးလေး စားမှသင့်တော်မှာပေါ့၊ ဆံပင်တွေဖြူတယ်ဆိုတာကလည်း အကြောင်း အရာတွေအများကြီး မစဉ်းစားခိုင်းတော့ဘူးလေ၊ နားထိုင်းနေတာက ငယ်ငယ်တုန်းကလို နှလုံးကကောင်းတာ မဟုတ်တော့ အားလုံးကိုကြားလို့မဖြစ်ဘူးဆိုတာ သဘာဝကအလိုအလျှောက်ပြုပြင်ပေးတာဗျ။

မျက်လုံးလည်း အဲဒီအတိုင်းပဲ ဟို အသက်ကရ,လာပြီဆိုတော့ ဟိုဟာဒီဟာ အရာခပ်သိမ်းကို တွေ့လို့မဖြစ်တော့ဘူး။ စိတ်သွား တိုင်းကိုယ်မပါနိုင်တော့ ဟိုဒင်းမြင်လို့ ဟိုဟာဖြစ်လျင်ဟိုဟာမနိုင်တာနဲ့ဒီဟာမနိုင်တာနဲ့ မလွယ်ဘူးလေ။

အခုလည်းကြည့် ဂျပန်နဲ့ကရင်အကြောင်းရေးမယ်ဆိုပြီး မနိုင်မနင်းဖြစ်ကုန်ပြီဆိုတာ သက်သေပြနေတာပဲမို့လား အဲဒါဘာလဲ ဗိုလ်ချုပ်ကြီးစောဘိုမြပြောသလို တိုင်းပြည်မရှိတဲ့လူမျိုးဆိုတော့ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာ ကို အထူးသဖြင့် (ဂျပန်နဲ့ကရင်အကြောင်းဆိုတော့ဗျာ) ဂျပန်တွေက လက်ခံမှာတဲ့လား?

ဒီလိုဗျာ ကျုပ်တို့နိုင်ငံဟာ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီးတဲ့နောက် ဂျပန်ဝင်တယ်ဗျာ၊ ဂျပန်ကိုတခါ မဟာမိတ်တပ်ဆို တာနဲ့တိုက်ထုတ်တယ်ဗျာ။ ပြဿနာက အဲဒီကစ,တာပဲ။ အဓိကတရားခံက ဗြိတိသျှနဲ့ဂျပန်။ ကဲစ,ရေးပြီနော် ကျုပ်ကတော့ အဲဒီခေတ်အဲဒီအခါကို မမှီလိုက်ပါဘူး၊ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကိုရောက်လာတော့ မဟာမိတ်တပ်မှာ အမှုထမ်းခဲ့တဲ့ အမေရိကန်စစ်ဗိုလ်(အငြိမ်းစား)တယောက်နဲ့တွေ့တယ်ဗျ။

သူက ကချင်စကားကောင်းကောင်းပြောတတ်တယ်၊ (Labya)(လဗျ မျိုးနွယ်စုစကား) ကချင်မှာလည်း မျိုးနွယ်စု တွေရှိသလားတော့မသိဘူး။ သူ့မှာမြန်မာပြည်နဲ့ နယ်စပ်ချင်း ဆက်စပ်နေတဲ့ နယ်ခြားတောင်ကြားလမ်းမြေပုံအ တော်များများ ရှိနေတာတွေ့ရတယ်။ သူပြောပြတာက အောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်မတန်ဥာဏ်များတယ် ဗြိတိသျှကိုတိုက်ဘို့ ဂျပန်ကိုခေါ်လာတယ်၊ တခါဂျပန်ကိုတိုက်ဘို့ ဗြိတိသျှတပ်ကို(မဟာမိတ်တပ်)ခေါ်ပြန်တယ်။ ဒါကြောင့် အောင်ဆန်းဟာ ပြန်ပါပြန်ပါဆိုလည်း အောင်ဆန်းပဲ၊ လာပါလာပါဆိုလည်း အောင်ဆန်းပဲ။
ကရင် တွေက ဂျပန်ကိုတိုက်နေတာ ဂျပန်တွေစ,ဝင်ကတည်းကပဲ။

ပြောမယ်ဆိုလျင် ဗြိတိသျှကိုတလျှောက်လုံးအကူ အညီပေးခဲ့တာ၊ အောင်ဆန်းကတော့ မဟာမိတ်တပ်တွေအားကောင်းလာပြီး ဂျပန်တွေစစ်ရေးနိမ့်နေတဲ့အချိန်မှ ဗြိတိသျှနဲ့ပေါင်းတာ။ အဲဒီလိုဂျပန်တွေကိုတိုက်တဲ့ ကရင်လူထုတွေ ဂျပန်သတ်လို့သေသွားတာမနည်းဘူး။

ကလေးသူငယ်တွေ ကရင်အမျိုးသားအမျိုးသမီးတွေ စစ်ဆိုကတည်းက အကြမ်းဖက်တာတို့ဘာတို့ဆိုတာက ထူးဆန်းတာမှမဟုတ်ပဲ။ (လက်ရှိ နအဖ စစ်အုပ်စုကျင့်သုံးလျက်ရှိသည့်သေနင်္ဂဗျူဟာ)

ဒါကတော့ အမေရိကန်အငြိမ်းစား စစ်အရာရှိတယောက်ရဲ့ ပြောပြချက်ပါ။ သူ့ကို အဲဒီအကြောင်းတွေ စာရေးဘို့ အကြံပေးခဲ့သေးတယ်။ သူကလည်း မကြာခင်မှာ ရေးမယ်လို့တော့ပြောတာပဲ။ မတွေ့ဖြစ်တာကြာလှပေါ့ဗျာ။ သူစာရေးလား မရေးဘူးလားဆိုတာလည်း ကျုပ်မသိဘူး။ ကျုပ်ကတော့ ရေးတာပဲ။ ဘယ်သူမျှမဖတ်ချင်တဲ့ စာ မျိုးတွေ၊

စောစောက ဂျပန်မလေးအကြောင်းဆက်ရအောင် ဟုတ်ပြီ ဂျပန်တွေ တရုတ်ပြည်ထဲဝင်တုန်းက တ ရုတ်မ,တွေကို မုဒိန်းကျင့်ခဲ့သလို ကျုပ်တို့ ကရင်အမျိုးသမီးတွေလည်း ဂျပန်မုဒိန်းကျင့်တာ ခံခဲ့ရတာပဲလေ။

မုဒိန်းကျင့်တာခံရတာချင်းအတူတူ တရုတ်ကိုကျတော့ သူ့နဲ့လာအိပ်ဘို့ဆိုပြီးပြန်ပေးဆပ်တယ်တဲ့။ ကျုပ်တို့ က ရင်ကျတော့ ဘာသံမျှမကြားရဘူး။ ဘယ်ကြားရပါ့မလဲဗျာ။ ဗိုလ်ချုပ်ကြီးစောဘိုမြပြောခဲ့သလို တိုင်းပြည်မျှမရှိတဲ့ ဥစ္စာ။

ဂျပန်ခေတ်တုန်းကဆိုလျင် ကရင်အမျိုးသမီးတွေဟာ ဂုံနီအိပ်ကိုခြုံရင်း မျက်နှာကို အိုးမဲသုတ်ပြီးနေကြရတယ်၊ အဲဒီလိုလုပ်မထားလို့ ဂျပန်တွေတွေ့လို့ကတော့ နည်းသေးတယ် မိဘမောင်ဘွားရှေ့မှာပဲ ဘဝ,ဆုံးကုန်တာ။ ဘဝ,ပျက်ကြရတာ။ အဲဒါကိုပြန်ပြောပြသူတွေကတော့ ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးနယ်ဘက်က ကရင်အ ဘွားအိုတွေပါ။ မြစ်ဝကျွန်းပေါ်ဘက်မှာဆို ပိုဆိုးတယ်ဆိုပဲ။ စကားမစပ်ပြောရ,ဦးမယ် ဂျပန်တွေရေချိုးတာ ကိုယ်လုံးတီး(မိမွေးတိုင်း ဘမွေးတိုင်း)ဆိုပဲ။ တနေ့တော့ ကရင်တယောက်က တောပစ်ပြန်လာတော့ သူတို့အုပ် စု ရေတွင်းဘေးမှာစုပြီးရေချိုးနေတယ်တဲ့။ အဲဒီခေတ်တုန်းက ဒူးလေးခေတ်။တောပစ်သွားလျင် ဒူးလေးသုံး တယ်။ အဲဒါ သူတို့ထဲက တယောက်က အဲဒီဒူးလေးနဲ့ သူ့ကိုပစ်ခိုင်းတယ်၊ သေနိုင်တယ်လို့ပြောတာ မရ,ဘူး။ အဲဒါ ဒူလေးနဲ့ပစ်တော့သေတာပေါ့ဗျ ကျန်တဲ့ဂျပန်စစ်သားတွေဝိုင်းရယ်(ရီ)ကြတယ်ဆိုပဲ။ (ဂျပန်ရူးပုံ)

နောက်တခါ ကရင်ဗမာအဓိကရုဏ်းဆိုတာကို ပြန်ကြည့်ပြန်တော့ အစွန်းရောက်ဗမာသခင်အချို့က ကရင်တွေ ကိုသတ်တာ ကရင်တွေက ဗမာတွေကိုသတ်တာ အခုထက်ထိသတ်နေကြတာ။ အဲဒီခုနတင်က ပြောခဲ့သလို ကရင်တွေ ဗြိတိသျှအပေါ်ထားတဲ့သဘောထားကြောင့်ဆိုတာ နားလည်မိတယ်။

အခုတော့ ကရင်တွေဟာ ဗမာ စစ်အုပ်စုကြောင့် ဒုက္ခသည်ဘဝရောက်ပြီး အိုးမဲ့အိမ်မဲ့နေစရာမရှိစားစရာမရှိတဲ့အခါကျတော့ ဗြိတိသျှကလည်း နားမထောင် ဂျပန်ကလည်းဂရုမစိုက် ဗိုလ်ချုပ်ကြီးစောဘိုမြပြောသလို နိုင်ငံမရှိတဲ့လူမျိုးလေဗျာ။ မှတ်ကရောပဲ။

ကရင်တွေက ဗြိတိသျှတွေအပေါ် ဒီလောက်သစ္စာရှိခဲ့တာ ကောင်းခဲ့တာတောင် ကရင့်အရေးကို ပြန်မကြည့်တာ တော့ ကျုပ်လည်းနားမလည်နိုင်တော့ဘူး။ ဂျပန်လည်းမထူးဘူး၊ သူတို့ကရင်အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့ တဲ့ပြစ်မှုတွေက နည်းနည်းနောနော မဟုတ်ဘူးနော်။ ကလေးတွေကိုဆုံထဲထည့်ထောင်းတယ်ဆိုတာ ကရင်တွေ ဟာ ဗြိတိသျှရဲ့သူလျှို (ဒလျှို ဒလန်)တွေဖြစ်တယ်ဆိုပြီးလုပ်ကြတာလေ။

ကျုပ်တို့အတွက် ဘာနစ်နာကြေးများပြန်ပေးလို့တုန်း။(ဗိုလ်ချုပ်ကြီး စောဘိုမြ စကားထည့်ပြောလိုက်ပါတယ်) ဒုက္ခသည်ကိုခေါ်တာတောင်မှ ခိုင်းလို့အဆင်ပြေမယ့် မိသားစုကိုမျှစိစစ်ပြီးရွေးခေါ်တာလေ။(ကျုပ်ယူဆတာ) ဘဝပြန်လည်ထူထောင်ပေးဘို့ မဟုတ်ဘူး။ သူ့နိုင်ငံကလည်း လူဦးရည်ထူထပ်တာနဲ့ ကျုပ်တော့မနေနိုင်ပေါင်။

မြန်မာနိုင်ငံဧရိယာရဲ့ တဝက်ပဲရှိတဲ့ နိုင်ငံ(ကိုယ်ကနိုင်ငံမဲ့)ထားလိုက်ပါတော့ ကဲ အခုကရင်ဒုက္ခသည်တွေအပေါ် တာဝန်မဲ့လွန်းတဲ့ ဂျပန်နဲ့ဗြိတိသျှကို ကျုပ်တို့ဘယ်လိုအထောက်အထား၊ အချက်အလက်တွေနဲ့(ခိုင်လုံတဲ့)ပြော ဆို ဆွေးနွေးကြမှာလဲ။ (ဗိုလ်ချုပ်ကြီး စောဘိုမြစကားအတိုင်း)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မှတ်ချက် အဲဒီဂျပန်မလေးရဲ့ နာမည်နဲ့ ကျုပ်တွေ့ခဲ့တဲ့ ဘလော့လိပ်စာကို ပြန်ရှာပြီးလျင် ပြန်ရေးပြပါ့မယ် အခုတော့ မရှောနိုင်သေးဘူး နားလည်ပေးစေချင်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရားခံဘယ်သူလဲ ဟေ့

အားလုံးကိုကျေးဇူးတင်ပါတယ်။

မြန်မာအာဏာရူးစစ်အုပ်စုက မဟာဗျူဟာ နည်းဗျူဟာမြောက်စွာနဲ့ ရက်စက်မှုဖွံ့ဖြိုးတိုးတက်ခြင်းကို တည်ဆောက်နေတဲ့ ခေတ်ကာလ,တလျှောက် နူရာဝဲစွဲ လဲရာသူခိုးထောင်းဖြစ်နေကြတဲ့ ပြည်သူလူထု အများစုထဲက မြန်မာ့သမီးပျို လေးတွေရဲ့ အသက်ရှင်ရပ်တည်မှုဘဝကို တစေ့တစောင်းဖေါ်ပြနေတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ရယူပိုင် ဆိုင်နေရတဲ့ အခြေအနေမှန်ကို စိတ်ဝင်စားတယ်ဆိုလျင်
အောက်က ရုပ်သံဖိုင်လေးကို ဖွင့်ကြည့်နိုင်ကြောင်း အသိပေးလိုက်ပါတယ်။

ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ယုံကြည်ယူဆ,ပါသလဲ? အဲဒီတာဝန်ရှိသူတွေအထဲကမှ ပြဿနာရဲ့အဓိက တရားခံက ဘယ်သူလို့တထစ်ချယုံကြည်ပါသလဲ? ဒါဆိုလျင် ကျုပ်တို့ ဘာဆက်လုပ်ကြမှာလဲ? ခင်ဗျားအနေနဲ့ မိဘမဲ့ကလေးတွေရဲ့ ဘဝ,ရှေ့ရေးအတွက် စဉ်းစားထားတာမျိုးရှိပါသလား?
မရှိသေးဘူးဆိုလျင်……………….။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 20, 2010

အိမ်ကြက်ခြင်း တည်ဘို့ နီးလာပြီလား?
နားလည်မှုတွေရ,ကြပြီး ပြောင်းလွဲမှုတစုံတရာ လုပ်နိုင်လေမလား?
ဘာတွေလိုအပ်နေတယ် ထင်ပါသလဲ?



Source Audio from http://www.bbc.co.uk/burmese
Source Video from http://www.google.com/video
Source Photo from http://www.google.com/images

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပေါ် ဗမာစစ်စုအုပ်စုရဲ့ သဘောထားအမှန်


Source Audio from http://www.bbc.co.uk/burmese
Source Photo from http://www.google.com/images
Source Video from http://www.kachin.blogspot.com

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရွေးကောက်ပွဲအပြီး မြန်မာစစ်အုပ်စုရဲ့ ဒဏ်ပြန်ထောက်လှမ်းရေးအဖွဲ့ အခြေအနေ


Source Audio from http://www.bbc.uk/burmese
ှSource Photo from http://www.google.com/images

အသံဖိုင်က ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ မူပိုင်ဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, October 18, 2010

စစ်အစိုးရ ကောင်းမှု

စစ်အစိုးရလက်ထက်မှာ ကောင်းတာဆိုလို့ ဘာများရှိလေမလဲဆိုပြီး လိုက်ကြည့်လိုက်တာ ကလေးစစ်သားစု ဆောင်းတာတင်မကပဲ ကလေးတွေကို သာသနာနဲ့ခုတုန်းလုပ်ပြီး အမြတ်ထုတ်တာလည်း ရှိနေပြန်တာတွေ့ရ တယ်။

ဒါကြောင့်လည်း သာသနာဝန်းရံပ,တဲ့အတွက် ဘေးအန္တရာယ်မခ,တဲ့ မန္တလေးမြို့ လှေနဲ့ခရီးသွားနေရတယ်ဆိုပဲ နအဖအစိုးရလက်ထက်မှာ ထူးဆန်းတာတွေလုပ်ပြနေတာတွေ့ရတော့ လူထုဆင်းရဲဒုက္ခရောက်အောင် လုပ်တဲ့ နေရာမှာတော့ အတော်ကြွမ်းကျင်တဲ့ စံချိန်တင်လောက်တဲ့ အစိုးရဆိုတာ သေခြာလိုက်ပါဘိတော့။

လူထုအကျိုးပြုလုပ်ငန်းတွေ ဘာတခုမျှအလုပ်တဲ့ နအဖအစိုးရကတော့ဖြင့် ရန်ကုန်မြို့နေ လူတန်းစားတွေပြော နေတဲ့လက်သုံးစကားတခုရှိတယ်လေ၊ ဘာလဲဆိုတော့ ဒီစစ်အစိုးရဟာ ကောက်ဘို့နဲ့သိမ်းဘို့လုပ်တတ်တာက လွဲလျင် တခြားဘာမျှမလုပ်ဘူးဆိုပဲ။

အောက်က အသံဖိုင်လေး နားသောတ,ဆင်ကြည့်ကြပါ။

Source Audio from http://www.bbc.co.uk/burmese
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Myanmar Military Affair Security

Source Video from http://www.google.com/video

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 16, 2010

ကြောက်လန့်ဘွယ်ရာ နျူကလီးယားအကြောင်း



Source Audio from http://www.voanews.com/burmese
Source Video from http:www.google.com/surch

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 15, 2010

နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား

နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား






2010-10-15

မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုမယ်ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။


ပထမအသုတ်အနေနဲ့ အလျား ၆ ပေ၊ အနံ ၄ ပေ ရှိတဲ့ နိုင်ငံတော် အလံ တသိန်းခွဲချုပ်ဖို့ ညွှန်ကြားထားပြီး အဲဒီလို ချုပ်လုပ်ရမဲ့ ပိတ်စတွေကို မြောက်ဥက္ကလာပရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ်လုပ်ငန်းအမှတ် (၁၇) မှာ ထုတ်ယူရတယ်လို့ ရန်ကုန်အထည်ချုပ်စက်ရုံတွေဆီက သိရှိရပါတယ်။

အလံတခုကို ချုပ်ခ ကျပ် - ၆၀၀ ပေးပြီး အောက်တိုဘာလ ၂၁ ရက်နေ့အမီ အပ်ရမယ်လို့ အသင်းဝင်စက်ရုံတွေကို စက်မှု (၁) ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ရန်ကုန် အထည်ချုပ်စက်ရုံတွေကို ချုပ်ခိုင်းထားတဲ့ နိုင်ငံတော်အလံသစ် အဝါ၊ အနီနဲ့ အစိမ်း သုံးရောင်ခြယ် အလံ (ပုံ) ဖြစ်ပြီး အလယ်မှာ ကြယ်ဖြူအသစ်တလုံး ပါရှိပါတယ်။

မြန်မာစစ်အစိုးရအသုံးပြုနေတဲ့ လက်ရှိအလံကတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ပြောင်းလဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, October 14, 2010

Chile miners

ချလီနိုင်ငံက မိုင်းလုပ်သား ၃၃ယောက်ကို ကယ်တင်နေတဲ့ သတင်းအပိုင်းအစ,လေးပါ



ှSource Audio from http://www.bbc.co.uk/burmese
Source Video from http://www.google.com/serch

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၂၀၁၀အတွက် သရော်တေး


ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများ အတူတကွ ပူးပေါင်းပြီး စီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟု အမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂) တေးသီချင်းစီဒီ ကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။

ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီး လူကြိုက်များပြီး အများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့် သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့် တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီး အထူးသဖြင့် နအဖ စစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စားထားပြီး မကြာခင်လပိုင်းအတွင်းကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာ လှောင်ပြောင်သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည်သီကုံး
ထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်။

Get this widget | Track details | eSnips Social DNA

သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစားသီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း ဖမ်းယူထားကြောင်းသိရပါတယ်။

တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံ့အပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊

ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပေးပို့ရမည့် နိုင်ငံအလိုက်စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်။ ရရှိလာမည့် အကျိုးအမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား ပေးပို့လှုဒါန်းကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲ တမ်းနားဆင်ဖို့နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး

အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို

အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 13, 2010

စောကျော်ခွီးနဲ့ ဆက်သွယ်မေးမြန်းခန်း

စောကျော်ခွီးနဲ့ ဆက်သွယ်မေးမြန်းခန်း

ကရင်ညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျား
ဧရာဝတီ၊ မစ္ဖျိမ၊ ဒီဗွီဘီ၊ ခေတ်ပြိုင် စတဲ့ ဝတ်ပေ့ခ်ျ စာမျက်နှာများ အတိုက်အခိုက်ခံရသလို မရှေးမနှောင်းမှာပဲ ကျုပ်တို့ရဲ့ ညီအစ်ကို စောကျော်ခွီးရဲ့ ဘလော့ဂ် ကိုအတိုက်အခိုက်ခံရပါတယ်။
အဲဒီအကြောင်းအရာအဖြစ်အပျက်နဲ့ ပတ်သက်လို့ဆက်သွယ်မေးမြန်းထားတာလေး နားဆင်ကြည့်နိုင်ကြပါတယ်။
အသံကြည်လင်ပြတ်သားမှုမရှိတဲ့အတွက် နားလည်ခွင့်လွှတ်ဘို့ တင်ကြိုတောင်းပန်အပ်ပါတယ်။


လေးစားချစ်ကြည်စွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တခါတလေ ရယ်(ရီ)ကြစို့လား

တခါတလေ ရယ်(ရီ)ကြစို့လား


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တခါတလေ ရယ်(ရီ)ကြစို့လား

တခါတလေ ရယ်(ရီ)ကြစို့လား

ဆန့်ကျင်ဘက်-၁

-မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပြီးရင်၊သူ့ယောကျာ်းပြောင်းလဲသွားမယ်လို့ မျှော်လင့်တယ်။
-ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးရင် သူ့မိန်းမဘယ်တော့မှ မပြောင်းလဲပါဘူးလို့ မျှော်လင့်ပေမယ့်၊ မိန်းမတွေကတော့ ပြောင်းလဲသွားတယ်။

ဆန့်ကျင်ဘက်-၂

- ယောကျာ်းတွေက သူတို့လိုအပ်ပြီဆိုရင် တစ်ရာတန်တဲ့ ပစ္စည်းကို နှစ်ရာပေးဝယ်တယ်။
- မိန်းမတွေကတော့ သူတို့မလိုအပ်လည်း နှစ်ရာတန်ပစ္စည်းကို တစ်ရာပေးပြီး ၀ယ်ချင်ဝယ်လိုက်တယ်။

ကွဲပြားချက်-၁

မိန်းမတွေဟာ သူတို့ လင်ယောကျာ်းရပြီးသည့်တိုင်အောင် အနာဂတ်နဲ့ပတ်သက်ပြီး အမြဲ ပူပန်လေ့ရှိတယ်။ ယောကျာ်းတွေကတော့ သူတို့ဇနီးမယား ရပြီးသည့်တိုင်အောင် အနာ ဂတ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ပူပန်စိုးရိမ်လေ့မရှိဘူး။

ကွာခြားချက်-၂

လူသားမျိုးနွယ်စုတွေ ဘယ်လိုစ ဖြစ်လာတာလဲလို့ ကလေးမလေးတစ်ဦးက သူ့မိခင်ကိုမေးတော့၊ သူ့မိခင်က အခုလိုဖြေပါတယ်။
“ဘုရားသခင်က အာဒမ်နဲ့ ဧဝကို ဖန်ဆင်းတယ်။ အာဒမ်နဲ့ ဧဝကနေ ကလေးတွေ အများကြီးရလာတယ်။ အဲဒီကနေစလို့ လူသားမျိုးနွယ်စုကြီး ပေါ်ပေါက်လာတာပဲ သမီး”
နှစ်ရက်အကြာမှာ ဒီမေးခွန်းကိုပဲ ကလေးမလေးက သူ့ဖခင်ကိုထပ်မေးပါတယ်။
“လူတွေဟာ မျောက်တွေကနေ အဆင့်ဆင့်ဖွံ့ဖြိုးမှု ဖြစ်စဉ်အရ ဖြစ်လာတယ်”လို့
သူ့ဖခင်ကဖြေတော့ ကလေးမလေး စိတ်ထဲရှုပ်ထွေးပြီး သူ့မိခင်ကို ဘယ်အဖြေမှန်လဲလို့ မေးခွန်းထုတ်ပါတော့တယ်။
“သမီးရေ၊ ဒီအဖြေက သိပ်ကိုရှင်းပါတယ်၊ မေမေက မေမေ့ရဲ့ မိသားစုဖြစ်ပေါ်လာပုံကို ပြောတာပါ။ သမီးအဖေလည်း သူ့မိသားစုဖြစ်ပေါ်လာပုံကို သူ့အခြေအနေ နောက်ခံနဲ့ပြောတာ ဖြစ်မှာပေါ့”


ကွာခြားချက်

အလယ်တန်းကျောင်းတစ်ကျောင်းမှာ ဥာဏ်စမ်းတဲ့အနေနဲ့ ဆရာက ကျောင်းသားတွေကို မေးခွန်းတချို့မေးပါတယ်။
ဆရာ။ ။ စက်မှုအင်ဂျင်နီယာနဲ့ မြို့ပြအင်ဂျင်နီယာတွေကြားမှာ ဘာကွာခြားချက်ရှိသလဲ။
`ကျောင်းသား။ ။ စက်မှုအင်ဂျင်နီယာတွေက လက်နက်တွေကို ထုတ်လုပ်ပြီး၊ မြို့ပြအင်ဂျင်နီယာတွေကကတော့ ပစ်မှတ်တွေကို တည်ဆောက်ပါတယ်။

http://www.ecovisionjournal.com ကနေ ကူးယူဖေါ်ပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, October 12, 2010

ဒါရိုက်တာထံ ပေးစာ

သံလွင့်အားမာန် ရေစီးသံ ဆိုတဲ့ အမည်နာမကို ဖတ်ကြည့်လိုက်ရုံနဲ့ မြန်မာနိုင်ငံတော်ရဲ့ အရှေ့
ဘက်ခြမ်းမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို အခြေခံကျောရိုးပြုပြီး ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

တိုင်းရင်းသားတွေဟာ ဗမာစကားကိုနားမလည်တဲ့အပြင် မပြောတတ်တဲ့သူတွေရှိကြသလို
ဗမာစကားကို ဗမာတွေ နားလည်အောင်ပြောနိုင်တဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမယ့် အညာသားလေသံမျိုးနဲ့ပြောတတ်သူ ပြောနိုင်သူတော့ ရှိနိုင်မှာမဟုတ်ပါဘူး။

ဖြစ်နိုင်လျင် ကရင်တွေစကားလက်ဆုံကျနေတဲ့ ဇာတ်ဝင်ခန်းမျိုးမှာ ကရင်ဘာသာနဲ့ပြောပြီး
ဗမာစာတန်းထိုးလို့ မရနိုင်ဘူးလား၊ မဆလတို့ရိုက်တဲ့ကားမှာတောင်မှ ဗမာလိုပြောလျင် တမင်တကာဝဲပြောတာမျိုးလုပ်ခွင့်ရှိနေတဲ့ ဥစ္စာပဲဗျာ။

ကရင်လိုပြောခွင့်လေးတောင် မပေးနိုင်တော့ဘူးလား ဒါရိုက်တာကြီးရယ်။



အော် ကရင်တွေက တိုးတက်ခေတ်မှီလာပြီလေ အညာသားလေသံပေါက်တာလောက်ကတော့
အသေးအမွှား ကိစ္စတွေပါ၊ မှားသွားတယ်၊ မှားသွားတယ်။ ဘွာတေးနော် ဒါရိုက်တာကြီး။ ဘွာတေး။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, October 11, 2010

ကွန်ပျူတာနဲ့ မျက်လုံးများ

ကွန်ပျူတာရှေ့မှာ တနေ့သုံးနာရီထက် ပိုကြာအောင်ထိုင်တဲ့လူတွေအတွက် ဗွီအိုအေက သတိပေးတင်ဆက်ထားတာကို ကူးယူဖေါ်ပြပေးလိုက်ပါတယ်

ကိုယ်တိုင်ကတော့ ဘာမျှမလုပ်တတ်ဘူးဆိုပေမယ့် သူများလုပ်ထားတဲ့ အရာတွေကိုတော့ ကူးတတ်ပါတယ်။

ရှက်စရာတော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် သက်သာတယ်နော်။ နံမည်သာမကောင်းတာ။


Source Audio from www.voanews.com/burmese
Source Video from www.youtube.com
Source Logo and pictures from www.google.com/images

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာပြည် သဘာဝ,ပတ်ဝန်းကျင် ထိန်းသိမ်းရေး

မြန်မာပြည်ရဲ့ သဘာဝ,ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ဗွီအိုအေက တင်ဆက်ထားတာကို ကူးယူဖေါ်ပြထားပါတယ်။
ကိုယ်တိုင်ကတော့ ဘာမျှမလုပ်တတ်ဘူး။


ရှက်လည်းရှက်ပါတယ်၊ ရှက်လည်းမရှက်ပါဘူး။


Source Audio from www.voanews.com/burmese
Source Video from www.youtube.com
Source Logo from www.google.com/images

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 10, 2010

မသူတော်ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့၏

ခင်ပွန်းသည် (Liu Xiaobo)က ထောင်ဒါဏ်
ဇနီးသည်(Liu Xia) က အကျယ်ချုပ်
ဒီရာစုခေတ်မှာ ထောင်မကျဘူးလျင် ခေတ်မမှီပါလားနော်

အသံဖိုင်ရဲ့ မူလပိုင်ရှင်ကတော့ ဗွီအိုအေ မြန်မာပိုင်းဌာနက ဖြစ်ပါတယ်။


အသံဖိုင်က www.voanews.com/burmeseဖြစ်ပြီး
လှုပ်ရှားရုပ်ပုံများကတော့ www.youtube.com က ကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သတင်း

Photo by http://www.bing.com/?pc=Z003&form=ZGAPHP

သတင်းကောင်းလား? သတင်းဆိုးလား?
ဗမာစစ်အစိုးရ,အလိုတော်ရိတွေအတွက် ငယ်ထိပ်မိုးကြိုးမှန်တဲ့သတင်း
အဖိနှိပ်ခံပြည်သူတွေအတွက် အမှန်တရားကိုမြတ်နိုးစွာဖက်ကိုင်ထားသူတွေအတွက် အလင်းရောင်
ဆက်လက်နားဆင်ရှုစားတော်မူကြပါခင်ဗျား။

အာရုံဦးမှာ ဖူးသည့်ကြာ


အသံဖိုင်ရဲ့ အရင်းအမြစ်နေရာကတော့ www.bbcburmese.com ဖြစ်ပါတယ်။
လှုပ်ရှားမှုပုံရိပ်တွေကိုတော့ www.mayhninaye.com ကနေရယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 9, 2010

ဆက်သွယ်မေးမြန်းခန်း (VOA Burmese)

ဆက်သွယ်မေးမြန်းခန်း
ဗွီအိုအေ မြန်မာပိုင်းဌာန



ကျေးဇူးအများကြီးတင်ပါတယ် ။
သင်ဆရာ ဆုတောင်း(ကိုရီးယား) ကို အထူးးကျေးဇူးတင်ကြောင်းပါ။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Nobel Peace Prize award for 2010 is Mr Liu Xiaobo

Nobel Peace Prize award for 2010 is Mr Liu Xiaobo



Source audio from www.voanews.com/burma
Source video from www.youtube.com
Source logo from www.google.com/images

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့


ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတိုင်း နိုင်ငံရေးလုပ်သင့်တာကို ထောက်ခံတဲ့အနေနဲ့
အထူးသဖြင့် နိုင်ငံရေး မလုပ်ရလို့ စစ်အာဏာရှင် အာဏာရူးခေါင်းဆောင်တွေက ဝါဒဖြန့် ချုပ်ချယ်ထားတာကို တန်ပြန်တဲ့အနေနဲ့
ဒီမေးလ်ကို ထပ်ဆင့် ဝေငှလိုက်ပါတယ်။
ထပ်ပြီး ဖြန့်ပေးကြဗျာ။
တပြည်လုံး သွားရင် အကောင်းဆုံးဘဲ။
လေးစားလျက်
လွင်အောင်စိုး

သူငယ်ချင်း -
မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ “နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။

ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။

လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။ ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင် အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့ ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။

ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊ အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့ ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊ လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။ သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက် ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊ မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။ တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့ မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကောင်းလိုက်တာ စိတ်ညစ်ဘို့


ဓါတ်ပုံကို http;//www.bing.com ကနေရ,ယူထားတာပါ
ကောင်းလိုက်တာ စိတ်ညစ်ဘို့
(မင်းစိုးစံ)

သည်ခေတ်သည်အခါ
နေရာအနှံ့ပြန့်ပွါး

သာပေါင်းညာစားသမားတွေ
အဆင်ပြေအံခွကုန်ကြသတဲ့
လက်ညှိုးညွှန်ရာရေဖြစ်တဲ့ သူတို့ခေတ်
ကောင်းလိုက်တာ စိတ်ညစ်ဘို့။ ။

မှန်တာပြောတော့မခံနိုင်
ဘေးထိုင်ဘုပြော
အမျိုးသားရေးလောက
ဘယ်လူမျိုးနဲ့မျှယှဉ်လို့မရ,အောင်
အောက်ကျနောက်ကျရုံမက,သေး
မျိုးဆက်သစ်လည်းမမွေးထုတ်နိုင်
ဘေးထိုင်တဲ့လူထိုင်တွေး
ငေးငိုင်တဲ့လူငိုင်ငေး
အသာလေးမျှောလိုက်သူက,မျှောလိုက်
လေပါးစပ်နဲ့စစ်တိုက်သူက,တိုက်
ခေါင်းဆောင်ကြီးတွေရဲ့အကြိုက် လိုက်ပြော
အနူတောမှာလူချောဖြစ်
ကောင်းလိုက်တာ စိတ်ညစ်ဘို့။ ။

တောမှာဆိုလည်း တောအလျှောက်
မြို့မှာဆိုလည်း မြို့အလျှောက်
ခေတ်ကြီးက,နောက်ပြန်ရောက်သလိုထင်ရ
လျှင်တဲ့လူလျှင်သလိုစားစတမ်း
ကြီးပွါးချင်လျင်အနိုင်ကျင့်ရဲရ,မယ်
ချမ်းသာချင်လျင် အခွင့်အရေးယူတတ်ရ,မယ်
အဲဒါ သူတို့မူပါပဲတဲ့ ဗျာ
ကောင်းလိုက်တာ စိတ်ညစ်ဘို့။ ။

အဲဒီမူကိုကိုင်စွဲ
အပွဲပွဲနွှဲလာခဲ့ကြ
တိရိ စ္ဆာန်လောက,နဲ့မခြား
သည်တခါလည်းနိုင်သူစားစတမ်း
ရုံမတင်ခင်မှာဇာတ်သိမ်းခန်းကိုသိသိကြီး
ဗေထိ ဆိုတာနဲ့ ကွဲပြဲချိနဲ့
လဲသူလဲယိုင်သူယိုင်
ပိုင်လိုက်တဲ့နည်းဗျူဟာ
ကောင်းလိုက်တာ စိတ်ညစ်ဘို့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, October 7, 2010

ဆွေးနွေးခန်း (BBC Burmese Section)

ကျုပ် ငယ်ငယ်တုန်းက ခေတ်တခေတ်မှာ အပြိုင်ပေါ်ပေါက်ခဲ့တဲ့ ကဝိ ပညာရှင် နှစ်ဦးအကြောင်း
သင်ခဲ့ရတယ်ဗျ။

အဲဒီကဝိပညာရှိပုဂ္ဂိုလ် နှစ်ဦးစလုံးဟာ တင်္ခနုတ်ပတ္တိဥာဏ် အင်မတန်ကောင်းဆိုပဲ။
ကဗျာလင်္ကာ ဘက်မှာဆိုလျင် တဘက်ကမ်းခတ်ကြွမ်းကျင်ကြသူတွေလည်း ဖြစ်ကြပါတယ်။
အဲဒီပုဂ္ဂိုလ် အကျော်အမော်နှစ်ဦးစလုံးဟာ သံဃာတော်အရှင်မြတ်များ ဖြစ်ကြပါတယ်။

စာဖတ်သူ လူကြီးမင်းများလည်း ကြားဘူးကြမှာပါ။
ရှင်မဟာရဌသာရနဲ့ ရှင်မဟာသီလဝံသ ဆိုတဲ့ အထင်ကရ ပုဂ္ဂိုလ်ကျော်တွေအကြောင်းပါ။

တနေ့တော့ ရှင်မဟာရဌသာရနဲ့ ရှင်မဟာသီလဝံသ တို့ နှစ်ဦးဟာ ခရီးတခုကိုအတူသွားကြရင်း တထောက်အနားလေးမှာ ရှင်မဟာရဌသာရက ဦးဆုံး လင်္ကာတပုဒ်ကို ရွတ်လိုက်တယ်လို့ဆိုပါတယ်။
အဲဒီအခါကာလလေးက တောင်းယက်နေတဲ့ ရွာသားတဦးကလည်း သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ
ှတောင်းကို ယက်လုပ်နေတဲ့အခိုက်လို့ဆိုပါတယ်။

တောင်ကိုမဖေါက် တောင်းကိုဖေါက်သည် ဆူးဆောက်ပမာ ရဌသာ လို့ ရွတ်လိုက်တာနဲ့
ရှင်မဟာသီလဝံသက
တောင်းကိုမဖေါက် တောင်ကိုဖေါက်သည် စိန်ကျောက်အသွင် သီလဝံ ဆိုပြီးချက်ခြင်းပြန်ရွတ်ပြလိုက်သတဲ့။
ရှေးခေတ်ပညာရှင်ကြီးများ တော်လိုက်တာများဗျာ။

အခုလက်ရှိမျက်မှောက်ခေတ်မှာလည်း အင်မတန်တော်တဲ့ ပညာရှင်တွေရှိနေပါလား ဆိုတာ သိရပြန်တော့ သူ့ခေတ်နဲ့သူ ပေါ့နော်။
ဟိုဘာတဲ့ စစ်အုပ်စုရဲ့ သသဘောထားလေးချက်ထဲက တခုဗျာ။ အခုတော့ အဲဒါတွေ စာနယ်ဇင်းနဲ့ စာအုပ်တွေမှာ ဖေါ်ပြစရာမလိုတော့ဘူးဆိုပြီး အမိန့်ထုတ်လိုက်တာ ပြည်ပ,အားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြဆိုတာလေ။

သူတို့စောစောစီးစီးပိတ်ပင်တားမြစ်လိုက်တာ မဟုတ်ပေမယ့် အချိန်ကိုက်ဖြစ်နေတာ သတိထားမိတယ်။
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ။ ကျုပ်တို့ခေါ်နေတာက ကြံ့ ဖွတ်အဖွဲ့။ သူတို့ကိုယ်သူတို့ကျတော့ ပြည်ခိုင်ဖြိုးဆိုလားပဲ။
အဲဒါ ပြောချင်တာ။
ရွေးကောက်ပွဲအတွက်မဲဆွယ်တဲ့အခါမယ် မျက်လုံးအခ,မဲ့ ခွဲပေးတယ်မဟုတ်လား? ပထမအသုတ် ဗမာဆရာဝန်နဲ့ ခွဲတုန်းက တယောက်မျှပြဿနာမရှိဘူး ဒုတိယအသုတ်ကျတော့ တိုင်ဝမ်က တရုတ်ဆရာဝန်နဲ့ခွဲလိုက်တော့ အလိုလေးလေး လူနာ သုံးပုံတပုံလောက် မျက်လုံးတွေကန်းကုန်တယ်ဆိုတာ ကြားလိုက်တယ်။

စောစောတုန်းက ပညာရှိသံဃာတော်အကျော်အမော်ပုဂ္ဂိုလ်တွေသာ အသက်ရှင်နေဦးမယ်ဆိုလျင် ဘယ်လိုလင်္ကာတွေ ပြိုင်ပြီးစပ်ကြမလဲမသိဘူး။
ဆိုလိုချင်တာကတော့ဗျာ သူတို့အဲဒီသလောထားထုတ်ပြန်ချက်ကို ရုပ်သိမ်းလိုက်တယ်ဆိုတာက ကျုပ်တို့အားလုံးကို သတိပေးလိုက်တာ ဗမာအချင်းချင်းအထင်မကြီးဘူး နိုင်ငံခြားမှနိုင်ငံခြား ဆိုတာကို သက်သေပြလိုက်တာ အမြင်အာရုဏ်တွေကို ဖျက်ဆီးပစ်လိုက်ပြီလေ။

ပြည်ပ,အားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ ဆိုတဲ့ဆောင်ပုဒ်နေရာမှာ
တရုတ်အားကိုး ပြည်ခိုင်ဖြိုး အယုတ်တမာဝါဒီများအား ဆန့်ကျင်ကြဆိုလျင် ဘယ်လိုနေမလဲ မသိဘူး။

ဒါက ကျုပ်ရဲ့ ပညာရှိတွေရဲ့ ခြေဖဝါးအောက်က သဲမှုံလေးတမှုံလောက်သာ ရှိတဲ့ ကျုပ်ရဲ့ အမြင်သေးသေးကွေးကွေးလေးပါ။
တရုတ်နဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့အမြင်ကို အောက်မှာ ကျုပ်အသံဖိုင်လေးတင်ထားပေးပါတယ်။
နားသောတ,ဆင်ကြည့်ကြပါ။
မြီးရှည်။ တိုဟူးသုတ်။ ရွှေရင်အေး အသားကင် စတာတွေ စားရင်းသောက်ရင်း နားဆင်အားပေးနိုင်ပါတယ်။

တရုတ်တွေ မြန်မာနိုင်ငံထဲ တိုးဝင်လာတာနဲ့ပတ်သက်လို့ ဆွေးနွေးခန်းလေးဖြစ်ပါတယ်။


အသံဖိုင်ကိုတော့ www.bbcburmese.com ကနေကူးယူထားတာပါ။
လှုပ်ရှားမှုဓါတ်ပုံများကတော့ www.youtube.com ကနေကူးယူထားတာပါ။
လိုဂိုအမှတ်တံဆိပ်များကိုတော့www.google.com/images ကနေ ရ,ယူထားတာဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, October 5, 2010

ပြည်ထောင်စုသမိုင်းမှန် သင်ကြားရေး

လေးစားအပ်ပါသော လူကြီးမင်းများနဲ့တကွ ဘ၀တူ တော်လှန်ရေးရဲဘော်ရဲဘက် အပေါင်းတို့ခင်ဗျား။
သမိုင်းပညာရှင်တွေ မြန်မာပြည်ရဲ့ သမိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆွေးနွေးတင်ပြထားတာကို ကူးယူဖေါ်ပြ တင်ဆက်လိုက်ပါတယ်။

ပညာရှင်အကျော်အမော်တွေဆိုတော့လည်း ကျုပ်လို ဘာမျှမသိတဲ့လူအတွက်က တော့ ရေငတ်တုန်း ရေအပြည့်ထည့်ထားတဲ့ ရေခဲသေတ္တာတလုံးနဲ့တိုးပြီး ရေသောက်လိုက်ရသလိုပါပဲဗျာ။

ဘာကြောင့်လဲဆိုတော့ ကျုပ်က သမိုင်းဘာသာရပ်နဲ့ပတ်သက်လာလျင် အင်မတန်ညံ့လွန်းတဲ့ကျောင်းသား တယောက်ဖြစ်ခဲ့လို့ပါပဲ။
မေးချင်သလား ဘယ်မေဂျာလဲလို့ ကြွားတာတော့မဟုတ်ဘူး သမိုင်းဆိုတာဘယ်လို ဟာ လဲဆိုတာမသိသလို၊ ဘာအကြောင်းအရာတွေလဲဆိုတာ မပြောနဲ့ အခုမှသမိုင်းဆိုတဲ့ စာလုံးပေါင်းကို အင်တာနက်ပေါ်မှာ
မြင်ဘူးတာ။

ကျုပ် မနီလွိုင်မြန်မာကျောင်းသားများစခန်းမှာ နေခဲ့သေးတယ်။ မှတ်မှတ်ရရဗျာ အဲဒီနေ့က ပြည်ထာင်စုနေ့လား လွတ်လပ်ရေးနေ့လားတော့မသိဘူး အဲ ဒါဗျာ စင်မြင့်ပေါ်လူတွေ တယောက်ပြီး
တယောက် တက်ပြီး ပွါးနေလိုက်ကြတာများ လူတယောက်ပြောသွားတဲ့စကား အခုထက်ထိနားထဲက မထွက်ဘူး။ ဒီလူကို စိတ်နာတာလား? ရွံ တာလား? မနာလိုဖြစ်နေတာလား?ဆိုတာ အခု ထက်ထိ ကျုပ်မဝေခွဲနိုင်သေးဘူး။

အဲဒီပုဂ္ဂိုလ်က ဝန်ကြီးဌာနတခုက ဝန်ကြီးဆိုလားဘာဆိုလားမသိပါဘူး၊ ပြုတ်ပြီးကျောင်းသားစခန်းထဲရောက် နေတာ၊ နာမည်တော့မပြောဘူးနော်၊ ဘာပြောသလဲဆိုတော့

ဘယ်ငပွေးအတွက်မျှ ဘယ် ငခွေးအ တွက်မျှမဟုတ်ဘူး အားလုံးအတွက်ဖြစ်တယ်။ ဘယ်သူပြောချင်လဲ လာခဲ့ တခုတော့ရှိတယ် ပြောချင်လျင်သမိုင်း အထောက်အထားနဲ့ပြော အရူးချေး(ချီး) ပမ်းလျှောက်မပြောနဲ့

ကဲဗျာ သမိုင်းနဲ့ကိုင်တုတ်နေတာ၊ ကျုပ်ကသမိုင်းကိုမသိတဲ့လူဆိုတော့ ဒီလူအတော်လေ့လာထားတာပဲ ဒါကြောင့် ဝန်ကြီးဖြစ်နေတာပေါ့ ဆိုပြီးအထင်ကြီးမိပေမယ့် အသုံးအနှုန်းတွေကိုတော့ မကြိုက်တာအမှန်ပဲ။

အဲဒီအခန်းအနားကိုဗျာ ကရင်အများစု မတက်တာကိုတော့ သတိထားလိုက်မိတယ်၊ ဒါကြောင့်သူက ငပွေးဆို တဲ့စကားကိုထည့်သုံးသွားတာဖြစ်ပါလိမ့်မယ်။ ငခွေးဆိုတာကတော့ ဘယ်သူ့ကိုဆော်ထည့်လိုက်တာလဲတော့ မသိဘူး မြန်မာကျောင်းသားအများစုကတော့ အခုရတဲ့လွတ်လပ်ရေးဟာ စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူး ဒုတိယလွတ်လပ်ရေးအတွက် ကြိုးစားရမယ် ဆိုလားဘာဆိုလား ပြောသံတော့ကြားလိုက်တယ်။

လန်ဒန်မှာစာချုပ်လုပ်ဘို့သွားတဲ့ ကိုယ်စားလှည်တွေထဲက ဦးစောနဲ့ဗိုလ်ထွန်းစိန်တို့နှစ်ယောက် လက်မှတ်မထိုး ဘူးလို့ဆိုပါတယ်၊ သဘောမတူဘူးဆိုပြီးတော့ အဲဒါဗျာ အဲဒီက တာဝန်ရှိတဲ့ အင်္ဂလိပ်ကြီးက လက်မှတ်မထိုးလို့ မရပါဘူး သဘောမတူလျင်လည်း သဘောမတူနိုင်ဘူးဆိုတာကို လက်မှတ်ထိုးသွားပါပြောလို့ သဘောမတူတဲ့ အကြောင်းလက်မှတ်ထိုးခဲ့တယ်ဆိုပဲ။ စာအုပ်တအုပ်မှာဖတ်လိုက်ရတာ။

ကျုပ်ပြောပြီးပြီနော် သမိုင်းကိုကျုပ်မသိဘူး ဘယ်ခုနှစ်တုန်းကလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်သူတွေလဲ ဆိုတာ မေးမနေနဲ့တော့ ကုန်ကုန်ပြောမယ် ဘယ်စာအုပ်ထဲကလဲဆိုတာလည်း မမှတ်မိသလို ဘယ်တုန်းကဖတ်ခဲ့တာ လဲဆိုတာကိုတောင် အမှတ်မထားခဲ့ဘူး။

ဒီလိုနဲ့တနေ့မှာတော့ ရေဒီယိုအစီအစဉ်တခုကို အဲဒီကိစ္စ(ဦးစောနဲ့ဗိုလ်ထွန်းစိန်)နဲ့ပတ်သက်ပြီး စာရေးဆွေးနွေး လိုက်တော့ သမိုင်းဆိုတာ ကိုယ်လိုချင်တဲ့အပိုင်းလေးကို ဆွဲပြီးဆွေးနွေးလို့မသင့်တော်ပါဘူးတဲ့ အကြောင်းအ ရာ အားလုံးကို ခြုံငုံဆွေးနွေးဘို့လိုပါတယ်လို့ ပြန်ဖြေတယ်ဗျို့။
ပြောပြီးပြီနော် ကျုပ်သမိုင်းကို မသိဘူး။

အဲအခုတော့ သမိုင်းကို သိချင်နေတယ်ဗျာ။ သမိုင်းဆိုတာဘာလဲ၊ ဘာအကြောင်းအရာတွေလဲ၊ ဘာကြောင့်သ မိုင်းကို သင်နေကြတာလဲ စတဲ့ လဲပေါင်းများစွာကိုမေးနေတုန်းမှာပဲ သမိုင်းသင်တယ်ဆိုတာ မအ,အောင် သင် တာတဲ့ ဒီတော့ သမိုင်းမသင်ခဲ့တဲ့ကျုပ် လူအ,ကြီးပေါ့ဗျာ။ ဟုတ်လား။
သေခြာတာပေါ့ ကျုပ်သာသမိုင်းသင်ထားခဲ့လျင် ဟိုလူပြောသွားတာတွေကို ဒက်ကနဲဒက်ကနဲ နေအောင်ပြန် ချေပ,နိုင်မှာပေါ့ အခုတော့ဗျာ။

ထားလိုက်ပါတော့ သူတော်လို့မဟုတ်ဘူး ကိုယ်မတရားညံ့နေလို့ခံရတာ နည်းသေးတယ်။
ကျုပ်ကူးထားတဲ့ ဆွေးနွေးခန်းက သမိုင်းပါမောက္ခတွေဖြစ်ကြတဲ့ ဒေါက်တာအေးကျော် နဲ့ Dr Lian H Sakhong တို့ကို ဆရာ ဦးကျော်ဇံသာ က ဆွေးနွေးမေးမြန်းထားတာဗျ။ တော်တော်ကိုကောင်းတယ်ဗျာ။ ၁၂မိနစ်ကြာတာ ဖြစ်ပေမယ့် တန်ပါတယ်ဗျာ။
နားဆင်ကြည့်ကြပါ။ ခေါင်းစဉ်က

ပြည်ထောင်စုသမိုင်းမှန် သင်ကြားရေးအတွက်။


အသံမူရင်းပိုင်ရှင်က www.voanews.com/burmese ဖြစ်ပါတယ်
လှုပ်ရှားဓါတ်ပုံများကိုတော့ www.youtube.com ကနေ ကူးယူထားတာဖြစ်ပါတယ်။
ရုပ်ငြိမ်ဓါတ်ပုံများကတော့ www.google.com/images ကနေထုတ်နှုတ် အသုံးပြုထားတာပါ။


ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 3, 2010

ဆက်သွယ်မေးမြန်းခန်း

ဆက်သွယ်မေးမြန်းခန်း

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား
မျိုးဆက်သစ်များနဲ့ မျိုးဆက်ဟောင်းတို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြပြီး နားလည်မှုယူသင့်တယ်ဆိုတာကို ဆက်သွယ်မေးမြန်းခန်းလေးလုပ်ထားတာ တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း၂၈မိနစ်ကြာပါတယ်။ ဒါပေမယ့် ဒီအချိန်လေးအတွင်းမှာ မှတ်သားစရာ သင်္ခဏ်းစာယူစရာ သတိထားစရာ တွေ အများကြီးရရှိနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်တဲ့အတွက် အခုလိုတင်ဆက်လိုက်ရတာပါ။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ရင်သွေး ဒေါက်တာလှကျော်ဇော ရှစ်ဆယ့်ရှစ် မျိုးဆက်သစ် ဒေါ်ခင်ဥမ္မာ ကရင်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှားလာဖန်းရဲ့ ရင်သွေး နန့်ဇိုယာဖန်း ယခုလက်ရှိထောင်ထဲမှာ နှစ်ပေါင်း၆၇နှစ်နဲ့ခြောက်လ အကျဉ်းကျနေတဲ့ ဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲဝင် ကိုမြအေးရဲ့ ရင်သွေး ဝေနှင်းပွင့်သုန်တို့ကို ဆက်သွယ် မေးမြန်းထားတာပါ။

ကျုပ်စိတ်ဝင်စားသလို လူကြီးမင်းများလည်း စိတ်ဝင်စားလိမ့်မယ်လို့ယုံကြည်ပါတယ်။
သူများထုတ်လုပ်ပြီးသားကို ပြန်ကူးထားတာဆိုပေမယ့် မတတ်သေးတော့ အတော်ကိုကြိုးစားရပါတယ်။
ဟင်းကောင်းစားရလျင် သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို သတိရတယ်ဆိုသလိုပါပဲ သူငယ်ချင်းကောင်း မိတ်ဆွေများနဲ့တကွ ရဲဘော်ရဲဘက်အားလုံးကို လေ့လာစေချင်တဲ့ဆန္ဒနဲ့ ခါးချိ အညောင်းမိ မျက်လုံးတွေယောင် ကိုင်းတဲ့အထိ နေ့မနားညမနား အားကြိုးမာန်တက် ဇွဲလုံ့လ အားမလျှော့ ကြော်ငြာဝင်တာများသွားပြီ ခွင့်လွှတ်ပါ မပျက်မကွက် မဖြစ်မနေ နားဆင်ကြည့်စေလိုပါတယ်။

နားဆင်ကြည့်ရှုသူအနေနဲ့ တခုခု ရ,သွားမယ်ဆိုလျင် ဝမ်းသာကြေနပ်ပါပြီ။ ရမသွားဘူးဆိုလျင်တော့လည်း ကျုပ်ရဲ့တင်ပြပုံတင်ပြနည်း မှားနေတယ်လို့ ပဲခံယူပါတယ်။




အသံကိုတော့RFA Radio Free Asia Burma ကကူးယူထားတာပါ။
ဗွီဒီအိုအပိုင်းအစ,လေးကတော့http://manayeyar.blogspot.com/ က ကူးယူထားတာပါ။
ဓါတ်ပုံတွေကိုတော့ www.google.com/images ကနေ ရှာဖွေကူးယူထားတာဖြစ်ကြောင်းပါခင်ဗျား။

လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရားခံမပေါ်နိုင်သော အလွဲသုံးစားမှုကြီး





၂၀၀၇ ခုနှစ်၊ဇန္နဝါရီ လ ပထမ ပါတ် အတွင်းက မြန်မာနိုင်ငံ ရဲ့ရာဇဝင်တလျှောက်မှာ အကြီးကျယ်ဆုံးဖြစ်တဲ့ နိုင်ငံတော်အစိုးရ ရဲ့ အာဏာတော်အလွဲသုံးစားမှုကြီး တရပ် ဖြစ်ခဲ့ ပါတယ်။

ထိုအမှုကြီးကတော့ လက်ရှိ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာပိုင် စစ်အစိုးရ ရဲ့ အကြီးအကဲ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ဒုတိယ သမီး ဟာ ပြည်သူများပိုင်ဆိုင်တဲ့ နိုင်ငံတော် မြေကွက်တခုကို တရုတ် သူကြွယ် ကြီးများအား ဒေါ်လာသန်းပေါင်း ၂၀၀ ဖြင့် ရောင်းစား ခဲ့ခြင်း အကြောင်းဖြစ် ပါတယ်။
ဒီပဟေဠိ ကို အဖြေညှိ ရန် လိုအပ်ချက်ကတော့ သန်းရွှေ ရဲ့ ဘယ်သမီးတယောက် က ဒေါ်လာသန်းပေါင်း ၂၀၀ ကို အိတ်ထောင်ထဲ ထဲ့ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းလေး ကို ဖြေနိုင်ဘို့  ပါဘဲ။

သဲလွန်စ

သန်းရွှေမှာ သမီး ၅ ယောက် ရှိ ပါတယ်။ ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေ၊ သန္တာရွှေ၊ ဒေဝါရွှေ နဲ့  အေးအေးသစ်ရွှေ တို့  ဖြစ်ပါတယ်။
http://whoiswhoinburma.blogspot.com ကနေ ကူးယူထားတာပါ

Myanmar (Burma): The biggest Corruption in Burma History: Sr. General Than Shwe’s Second Daughter has made 200 Million dollars by selling Burma’s land to Chinese tycoons
Posted on March 23rd, 2007
by mm.burma in All News, Asian News, Regional News
Read 7,819 times.

Sr. General Than Shwe’s Second Daughter has made 200 Million dollars by selling Burma’s land to Chinese tycoons

Burma has been under a military dictatorship for about 40 years. This makes it one of the poorest nations in Asia. The average household income is only 10 USD per month. Along with the dictatorship CORRUPTION has rooted itself everywhere, earlier this year General Soe WIn - Prime Minister of military junta government declared the CLEAN GOVERNMENT policy and started cleaning with Burma’s most corrupted civil service department ” Custom Department” followed by actions on “Traffic Police Department” of Burma, also believed to be one of the most corrupted department in Burma. And it is also rumored that the third target will probably be the “Justice Department”
BUT “were the DIRTY hands can CLEAN?”

First week of January, 2007. The second daughter of Sr. General Than Shwe (head of Junta) have made deal with Wang Xiaohua, Chairman and Zeng Guang’an, President of Guangxi Liugong Industrial Investment Co. Ltd of Guangxi Liugong Group- CHINA, over Nanning Overseas Chinese Investment Zone (China-ASEAN economic park).

Nanning Oversea Chinese Investment Zone is established to attract the investments from ten ASEAN countries including Burma, to attract the ASEAN countries, Chinese Government offered 40 Acres of 30 years granted lands (Free of Charge) to all Asean Countries and 400 millions dollars soft loan for each land to carry out the development.

The deal was simple, Than Shwe’s daughter transfer the 30 years ownership of the (40 Acres) land which is belongs to Burma to Guangxi Liugong Group, Liugong Group claimed 400 million dollars soft loan from China bank and share or bribe 50% which is 200 million dollar to Than Shwe’s daughter.

But to legalized the deal Than Shwe’s daughter forced to brought in the local GO-NGO (Government Organized- Non Government Organization) name UMF-CCI (Union of Myanmar Federation of - Chambers of Commerce and Industry) into the deal, she ordered UMF-CCI to formed joint company with Liugong Group of China which is later named Golden Land East Asia Development Co. Ltd. Then the legalization process was done within one week (which usually took about year for normal business companies)

This information was disclosed by senior officials from Ministry of Trade who is loyal to his country (who must remained extremely anonymous), he said “who do they think they are ? (Than shew family) to do whatever they want with the properties that belongs to the state not to them”

Burma, also known as Myanmar, is ruled by a military junta which suppresses almost all dissent and wields absolute power in the face of international condemnation and sanctions. The Junta is lead by Senior General Than Shwe who is chief of army and also heads the SPDC, the body of 12 senior generals that oversees the running of the country and makes the key decisions. The generals and the army stand accused of gross human rights abuses, including the forcible relocation of civilians and the widespread use of forced labor, which includes children. The Junta has been widely accused by NGOs for its corruption which is ranked top five in the world.

[Note by Editor - I left most of this post in it’s original form. Most of us live in a world that makes it hard to understand the hardships faced by people living under repressive regimes]

ဒီအပိုင်းကိုတော့ http://www.bloggernews.net/15409 ကနေ ကူးယူဖေါ်ပြတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အတုယူဘွယ်ရာ တော်လှန်ရေးမျိုးဆက်သစ်

အတုယူဘွယ်ရာ တော်လှန်ရေးမျိုးဆက်သစ်

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား။
အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်လှုပ်ရှားရတဲ့ ကဗျာဆန်ဆန်ပြောရမယ်ဆိုလျင် သဲကန္တာရထဲကနေ ခက်ခက်ခဲခဲ ရှင်သန်ဖြစ်ထွန်းလာတဲ့ အရိပ်ရ သစ်ပင်လေးတပင်။

ကန္တာရခရီးကြမ်းကို ဖြတ်ကျော်ရမယ့် တော်လှန်ရေးမျိုးဆက်သစ်တွေအတွက် စံနမူနာယူလောက်တဲ့ သမီးငယ်လေးတယောက်ရဲ့ ဘဝကို ခံစားကြည့်ကြပါ။

အဖိုးကြီး၊ အဖေကြီး လုပ်နေတဲ့ နေရာယူထားတဲ့ ကျုပ်တို့တတွေ ဘာတွေတာဝန်ကျေခဲ့ပါသလဲ?
တော်လှန်ရေးအတွက် မျိုးဆက်သစ်တွေ ဘယ်နှစ်ယောက်မွေးထုတ်နိုင်ခဲ့ပါသလဲ?
လူမသေတာဝန်မကျေ ဆိုပြီး ကုလားထိုင်လွတ်သွားမှာကြောက်လို့ မျိုးဆက်သစ်တွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ပိတ်ဆို့တားဆီးခဲ့တာမျိုး ရှိခဲ့ပါသလား?

ဒီနေ့ဒီအချိန်ကစ,လို့ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလွဲမှုတွေ မလုပ်နိုင်သေးဘူးဆိုလျင်.............။



Radio Free Asia (Burmese) ကနေကူးယူဖေါ်ပြတာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 2, 2010

ဆံင့်ဏးယှံင်္ဘးလာၟ ကိုဝ်ၟဟှာဍေဆါ်။
ထါခေါဟ်အ်ုဝေ့ယိုဝ် မွဲါဝေ့ ထါခေါဟ် ဟေဟ်ဟှ်(hip-hop) ဆေ၀်ၟလှ်။
မွဲါယ်ုဏှ် ယ်ုဆံင့်ဏး ယ်ုဏးသှေ်လုက်အေး။
ဏ်ုသီးဆံင့်ဏးအေဟှံင် ဏ်ုသီးသါဖိုင် ဟှယ့်အှ်ထင်း္ဘေ့သှေ်သိုဝ်လဲဏှ် ကေ၀်ဖႜဟ် အေကဲဍူ သုင်းသာမ်ုဆံင်း ထင်းဝေ့ဆေ၀်ၟလှ်။



ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စစ်အစိုးရလက်ထက် တရားဥပဒေဆိုသည်မှာ

စစ်အစိုးရလက်ထက် တရားဥပဒေဆိုသည်မှာ
(မင်းစိုးစံ)

အားလုံးကိုကျေးဇူးတင်ပါတယ် သတင်းကတော့ သတင်းဟောင်းလေးတပုဒ်ကို တင်ထားတာပါ ဒါပေမယ့် ကျုပ်ပေးချင်တဲ့အကြောင်းအရာကတော့ မြန်မာနိုင်ငံအတွင်းက အနုပညာရှင်တွေဟာ တတ်နိုင်တဲ့ဘက်က မြန်မာပြည်တွင်းက အဖြစ်မှန်တွေကို အနုပညာဥာဏ်နဲ့ ဖေါ်ထုတ်နေကြတယ်ဆိုတာကိုပါ။

အဲဒီအထဲမှာ ရုပ်ရှင်သရုပ်ဆောင်တွေ ကာတွန်းဆရာတွေ အနုပညာရှင်တွေထဲက စစ်အစိုးရဝါဒဖြန့်ကားတွေ စစ်အစိုးရအတွက် လုပ်ပေးကြသူတွေရှိတာကို ညင်းချင်လို့မဟုတ်ပါဘူး။

ကျုပ်တို့သိပ်ကြိုက်တဲ့ ရှမ်းတိုင်းရင်းသား အဆိုကျော် စိုင်းထီးဆိုင်တောင်မှ သူ့ကိုယ်သူ ဝန်ခံခဲ့သေးတာပဲ။
ကိုငှက် လို့ ခေါ်တဲ့ ထူးအိမ်သင်ရဲ့နောက်ဆုံးခရီးမှာ သူပြောသွားတာပါ။
အခုသတင်းလေးကိုဖတ်ပြီးလျင် ကာတွန်းဆရာတယောက်ရဲ့ လက်ရာကိုလည်း ခံစားကြည့်ကြပါနော်။

ပြီးခဲ့သည့် မေလက ဖြစ်ခဲ့သည့် သတင်းထောက် တစ်ဦး အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည့် ကိစ္စအား လုံးဝ တောင်းပန်မည် မဟုတ်ဟု မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ကြားဝင် ညှိနှိုင်းမှုတွင် တာဝန် ရှိသူများအား တုံ့ပြန် ​ပြော​ဆို​ ခဲ့သည်။

မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့သည် 7 day News ဂျာနယ်၏ တိုင်ကြားချက် အရ သတင်းထောက် မအေးသူစံအား မေလ ၂၃ ရက်နေ့နှင့် သရုပ်ဆောင် ထက်ထက်မိုးဦးအား မေလ ၂၆ ရက်နေ့တို့တွင် ခေါ်ယူတွေ့ဆုံပြီး ကြားဝင် ညှိနှိုင်းခဲ့ရာတွင်

* သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် သတင်းထောက် မအေးသူစံနှင့် စာနယ်ဇင်းသမားများအား လူသိရှင်ကြား တောင်းပန်ရန်
* အထက်ပါအစီအစဉ်အတိုင်း သရုပ်ဆောင် ထက်ထက်မိုးဦးမှ ဆောင်ရွက်ပေးပါက တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုအား မအေးသူစံမှ ရပ်ဆိုင်းရန်
* သရုပ်ဆောင် ထက်ထက်မိုးဦးမှ အထက်ပါအစီအစဉ်အတိုင်း တောင်းပန်မှုမပြုလျှင် မအေးသူစံ ဆန္ဒအတိုင်း ဆောင်ရွက်ရန်

တို့ကို ကြီးသော အမှုငယ်အောင် ၊ ငယ်သော အမှု ပပျောက်စေအောင် လူမှုရေးအရ ဖြေရှင်းပေးရန် ကြိုးစားခဲ့ရာ သရုပ်ဆောင် ထက်ထက်မိုးဦးမှ သဘောတူညီ လိုက်လျောမှု မပြုလုပ်နိုင်ကြောင်းသာ တုံ့ပြန်ခဲ့သည်။

ဤကဲ့သို့​ ကြားဝင် စေ့စပ်မှုအား လက်မခံခြင်း၊ စာပေနှင့် အနုပညာသမားများ ဘဝတူ အချင်းချင်း အပေါ် လွန်စွာ ရိုင်းပြခြင်း​ ​စ​သည့် လုပ်ရပ်များ​ကြောင့် မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာ ရှုတ်ချလိုက်ကြောင်း မေလ ၃၁ ရက်နေ့ ညနေက ကြေညာချက် အမှတ် ၁/၂၀၁၀ ထုတ်ပြန်ခဲ့သည်။

မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်သစ် မိတ်ဆက်ပွဲတစ်ခု၌ ထက်ထက်မိုးဦးက 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်ရန် 7day ဂျာနယ် သတင်းထောက်က ဦးတိုက် လျှောက်ထားခဲ့သည်။

ထို့နောက် အမှုကို ရန်ကင်းတရားရုံး​၌ မေလ၂၄ ရက်နေ့က တရားလို သတင်းထောက် မအေးသူစံနှင့် မဝင်းမာတို့က ထွက်ဆိုချက်ပေးခဲ့ပြီး၊ မေလ ၂၇ ရက်နေ့တွင် 7day မှ Entertainment Section Editor မအေးမြကျော်နှင့် Hello ဂျာနယ်မှ ကိုဘုန်းနေလ တို့ကိုကြားနာခဲ့ကာ ဇွန်လ ၃ ရက်သို့ ထပ်မံ​ ရုံးချိန်းပေးထား လိုက်ကြောင်း သိရသည်​။ မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်ကာ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူလည်း​ ဖြစ်သည်။

Copyright © 2010 Myanmar Knowledge Gateway. All rights reserved

ဒီကာတွန်းကိုတော့ http://www.news-eleven.com/ကနေကူးယူထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 1, 2010

အမိမြေကို လွမ်းဆွတ်သတိရကြသူများအတွက် အေးချမ်းမေ သီဆိုထားသည့်တေး တပုဒ်ကို နားဆင်အားပေးစေလိုပါသည်။

ပျော်ရာမှာမနေရ တော်ရာမှာနေကြရသူများနှင့် တော်ရာမှာမပျော်ပိုက်ကြသူများ အတွက် ရည်ရွယ်တင်ဆက်ပါသည်။

မာန်စ၀်။
ကဗျာရေးနေတုန်းလား။

ဘာမှ မလုပ်ရသေးဘူး
စဉ်းစားနေတုန်း။

အဆင်ပြေနိုင်ပါ့မလား။ ဒီနေ့ ၂၃ရက်ရှိနေပြီမို့ပါ။ ရေးနေကျမဟုတ်ရင် မြန်နိုင်မလားပေါ့။
ဒါပေမဲ့ အဆင်မပြေဖို့များရင် အခုကတည်းက အားမနာပါနဲ့။
မသေချာဘဲ အချိန်မဆွဲချင်လို့ပါ။

အော် အေးအေး ဟုတ်တယ် မရေးတော့ဘူးနော်။

ဟုတ်ကဲ့ပါ။ အဲလိုရှင်းရှင်းပြောစေချင်တယ်။

အေးပါကွာ နောက်ဆို ဒါမျိုးမဖြစ်စေရပါဘူး။

ကျမက ရှင်းရှင်းပြတ်ပြတ်မို့ ကိုယ့်ကိုလည်း အားမနာစေချင်ဘူး။ သူများကိုလည်း ကျမက အားမနာဘူးလေ။
ကျမဘက်က လိုအပ်ချက်ပါ။ နီးမှ တောင်းဆိုတာကိုး။
နာမည်က နုနုလေး။
အသက်က ဘယ်လောက်လဲ။

အသက်လား အခုဆိုလျင် သုံးဆယ်ကျော်ပြီ
၂ခါ
ထါင်အင်းဏ်ုမေ၀်ဏှ်

ကျေးဇူး အထူးပါ။
အှ်ဆံင်းလာ.ဆာ်။

ဍုဂ်ပါင်လာ.ဆါ်

အှ်ဆံင်းလာ.ဆာ် မာန်စ၀်။ ခုလေးတင် မေးလ်ကို ဖတ်ရတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။
ကန္တာရထဲမှာ အိုအေစစ်တွေ့သလို မာန်စ၀်ရဲ့ ကဗျာဟာ ကျမတို့ စာစောင်အတွက် အားဆေးတစ်ခွက်ဖြစ်ကြောင်း ပြောလိုက်ပါရစေရှင်။
လှိုက်လှဲစွာလည်း ကျေးဇူးတင်ပါတယ်။
လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ ကျမတို့ ပရိဿတ်တွေကိုယ်စားပေါ့ရှင်။

မလိုဘူး ထင်တာပဲ။ ကဗျာကို မကြိုက်လျင်လည်း အားနာနာနဲ့ မထည့်လိုက်ကြပါနဲ့။ နာမည်ပျက်နေဦးမယ်။

မလိုဘူးဆိုတာက တမျိုးတော့ ဖြစ်တယ်။
ကျမ ကဗျာကို အသေအချာ ဖတ်ကြည့်လိုက်ပါရစေအုံး။ ဒါပေမဲ့ ပို့လိုက်ပြီးကတည်းက မလိုလည်းရတယ်။
လိုလည်းရတယ်ဆိုတဲ့သဘော ဖြစ်နေပြီလေ။
ကျေးဇူးစကားကို မလိုတာမျိုး ကျမ မဖြစ်စေချင်ပါဘူး။
ကျေးဇူးစကားဆိုတာကို မလိုပါဘူးဆိုတော့ တမျိုးဖြစ်မသွားဘူးလား။ ဥပမာ- လူတယောက်က အခြားတယောက်ကို ယဉ်ကျေးမှုအရ ပြုံးပြတာကို မလိုလားဟန်နဲ့ တဖက်ကိုလှည့်လိုက်သလိုမျိုးပေါ့။
ဒါပါပဲရှင်။
ကျမ ဒီမှာ မပျော်ပါဘူး။
ကျမ ဇာတိ၊ ကျမပြည်နယ်မှာပဲ ပျော်တယ်။
ယုတ်စွအဆုံး ကိုယ့်ရွာမှာ ပြန်မရောက်နိုင်သေးရင်တောင် ကရင်ဘက်ကမ်းမှာ နေချင်ပါတယ်။

မိုင်မူးဏင်(တူမလေး)တယောက် အပမ်းပြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


တေးသီချင်းကို နန်းဖေါ့ဂေ ပေးထားတဲ့ဆိုဒ် ထဲကနေ ကူးယူထားတာဖြစ်ပြီး ဓါတ်ပုံတွေကိုတော့www.google.com/images ကနေ ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆန္ဒမွန်ဖြင့်

စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့
လွတ်လပ်ခြင်းကို ချစ်မြတ်နိုးသူ ပုဂ္ဂိုလ် တွေအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။

မည်သို့ပင်ဖြစ်စေ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေကြသည့် ပုဂ္ဂိုလ်များသည်လည်း အမြင်မှန်ရ,ကြပြီး သကာလ အဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်လှုပ်ရှားဆောင်ရွက်ရန်
အခွင့်အရေးများ ရရှိလာပြီးသည့်နောက် ဝမ်းသာကြည်နူးမှုများဖြင့် ထာဝရစစ်မှန်ငြိမ်းချမ်းစွာဖြင့် ရေရှည်အတူတကွ ပူးပေါင်းနေထိုင်နိုင်ရန် တဆက်တည်း ဆန္ဒပြုလိုက်ပါသည်။



အသံဖိုင်ကတော့ Radio Free Asia (Burmese) ဖြစ်ပြီး ဓါတ်ပုံများကိုတော့ www.google.com/ images ကနေ ကူးယူဖေါ်ပြထားတာဖြစ်ကြောင်းပါခင်ဗျား။

လေးစားလျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အဏုမြူ ဒုံးကျည်များအသုံးပြု၍ မရအောင်လုပ်ဆောင်ခဲ့


ပန်းကန်ပြားပျံများသည် ဗြိတိန်နှင့် အမေရိကန်ရှိ အဏုမြူ ဒုံးကျည်များ ထားရှိရာ နေရာများပေါ်တွင် ပျံဝဲခဲ့ဖူးပြီး နျူလက်နက်များ အသုံးပြု၍ မရအောင် လုပ်ဆောင်ခဲ့ဖူးကြောင်း အမေရိကန် လေတပ် အရာရှိဟောင်းများက ဖွင့်ချ ဖော်ထုတ်ခဲ့သည်။

အစိုးရများက ယင်းကိစ္စကို မပေါက်ကြားစေရန်လျို့ဝှက်ထားခဲ့ခြင်း ဖြစ်ကြောင်း ပန်ကန်းပြားပျံ သုတေသန ပညာရှင်တစ်ဦးနှင့် အမေရိကန် လေတပ်အရာရှိဟောင်း ခြောက်ဦးတို့က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၀ါရှင်တန်၌ ပြုလုပ်သော သ တင်းစာရှင်းလင်းပွဲတွင် ဖွင့်ချခဲ့ကြသည်။ အမေရိကန် အစိုးရသည် ပန်းကန်ပြားပျံများ လာရောက်မှုနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော်သင့်ပြီ ဖြစ်ကြောင်း ပန်းကန်ပြားပျံများ အဏုမြူလက်နက် ထားရှိရာ နေရာများကို လာရောက်ခဲ့ကြောင်း တွေ့မြင် သိရှိခဲ့သူ စစ်ဘက်အရာရှိဟောင်း ၁၂၀ မျှ ရှိကြောင်း သုတေသနပညာရှင် ရောဘတ်ဟတ်စတင်းက ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ် မတ်လ ၁၆ ရက်နေ့က မွန်တာနာရှိ မမ်စထရွန် လေတပ်စခန်းပေါ်သို့ ပန်းကန်ပြားပျံများ ပျံသန်းမှုကြောင့် နျူဒုံးကျည်များ ယာယီ အသုံးပြု၍မရ ဖြစ်သွားခဲ့ခြင်းကို ကြုံတွေ့ခဲ့ရသည့် လေတပ်အရာရှိဟောင်း သုံးဦးက ယင်းဖြစ်စဉ်ကို ရှင်း လင်းခဲ့သည်။ မွန်တာနာ မတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး စာအုပ်တစ်အုပ် ရေးသားခဲ့သည့် ဗိုလ်ကြီး(အငြိမ်းစား) ရောဘတ်ဆဲလက်စ်က ၁၉၆၇ ပန်းကန်ပြားပျံ ပျံသန်းမှုတွင် သူသည် မြေအောက်အဆောက်အအုံတွင်း ရောက်နေသောကြောင့် မမြင်တွေ့ခဲ့ရသော်လည်း အစောင့်တပ်သားတစ်ဦးက အချင်း ပေ ၃၀ ခန့်ရှိသော အနီရောင် ပြောင်ပြောင်လက်လက် အရာဝတ္ထုတစ်ခု ပျံသန်းလာသည်ကို မြင်တွေ့ရသည်ဟု သတင်းပို့ခဲ့သည်။

''သတင်းဆက်ပို့တုန်းမှာပဲ ကျွန်တော်တို့ ဒုံးကျည်တွေဟာ အသုံးပြုနိုင်ခြင်း၊ လွှတ်တင်နိုင်ခြင်း မရှိတဲ့ အခြေအနေကို ရောက်သွားပါတယ်။ အဲဒီအရာဝတ္ထု ကျွန်တော်တို့ စခန်းပေါ် ၀ဲနေတယ်လို့ ယူဆရတဲ့ အချိန် အတွင်းမှာပါ''ဟု ဆဲလက်စ် က ပြောကြားခဲ့သည်။

၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက အင်္ဂလန် အရှေ့ပိုင်း တော်ဝင်လေတပ်စခန်းများ ဖြစ်သည့် ဘန့်ဝါးတားနှင့် ၀ုဒ်ဘရစ်ခ်ျတို့ အနီး သစ်တောအတွင်း ပန်ကန်းပြားပျံဟု ယူဆရသည့် အရာများ ပျံသန်းသွားသည်ကို မြင်တွေ့ခဲ့ရသည့် အငြိမ်းစား ဗိုလ်မှူးဟောင်း ချားလ်စ်ဟော့တ်ကလည်း ''တောထဲမှာ တွေ့လိုက်ရတာက တောက်ပနေတဲ့ အရာတစ်ခုပါ။အကောင်းဆုံး သရုပ်ဖော် ပြောရရင် အလယ်ဗဟိုမှာ မည်းနက်နေတဲ့ နီနီရဲရဲ မျက်လုံးကြီးလိုပါပဲ။...။သစ်ပင်တွေ ကြားမှာ ဘာနဲ့မှ မထိဘဲ လှည့်နေရင်းကနေ ကျွန်တော်တို့နားအထိ ရောက်လာတယ်။ အဲဒီနောက် ငါးခုကွဲသွားပြီး ပေါက်ကွဲသွားတယ်။ ကျွန်တော်တို့ အဲဒီနေရာကိုသွားကြည့်တော့ ဘာမှ မရှိတော့ပါဘူး''ဟု ဆိုသည်။

ယင်းနောက်တွင် ကောင်းကင်ယံအတွင်း ပျံသန်းနေသည့် ထူးဆန်သော အရာများကို မြင်တွေ့ခဲ့ရပြီး ပေ ၃၀၀၀ အမြင့်မှ နေပြီး ရောင်ခြည်တန်းထိုးသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

သတင်းရင်းမြစ်http://www.news-eleven.com မှ ဖြစ်သည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘယ်သူ့ကို မဲပေးကြမှာတုန်း

Sai Ei Pone

“ရှမ်းပြည်နယ်မှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၊ ပြည်ထောင် စုတစ်ဝန်းလုံးမှာ ပျံ့နှံ့နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားများအားလုံးကို အထူးမေတ္တာ ရပ်ခံချင်တာကတော့ ကျွန်တော်တို့ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေအားလုံးရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျွန်တော်တို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ထောက်ခံအားပေးကြပါ”

ဦးစိုင်းဖိုးမြတ် (ဗဟိုအလုပ်အမှုဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) ရှမ်းပြည်နယ် မဲဆန္ဒနယ် ၅
Sai Pho Myat

သတင်းရင်းမြစ် http://www.news-eleven.com မှ ဖြစ်သည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မိမိတို့ စိတ်ကြိုက်ရွေးချယ်ပြီး မဲဆန္ဒပေး ရွေးချယ်ဖို့ လိုအပ်ပါသည်

ဦးစောအောင်ဇေယျ (ကရင်ပြည်သူ့ပါတီ) မှော်ဘီမြို့နယ် မဲဆန္ဒနယ်မြေ ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း

မွေးသက္ကရာဇ် ၂- ၆- ၁၉၄၆

အလုပ်အကိုင် ထွေ/အုပ်(ငြိမ်း)

ပညာအရည်အချင်း H.S.F အောင်

ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် မှော်ဘီမြို့နယ် မဲဆန္ဒနယ်မြေ ၂

မဲဆန္ဒနယ် ကောလင်းမြို့နယ်

ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများ
ဦးလှဦး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးခင်မြင့်(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

'တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးပြုဆောင်ရွက်မည့်သူများကို ရွေးချယ်ရမည့် ရွေးကောက်ပွဲဖြစ်၍ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မိမိတို့ စိတ်ကြိုက်ရွေးချယ်ပြီး မဲဆန္ဒပေး ရွေးချယ်ဖို့ လိုအပ်ပါသည်'

သတင်းရင်းမြစ် http://www.news-eleven.com မှ ကူးယူသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....