+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 30, 2011

လုပ်ဇာတ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ုအကယ်ဒမီ ရနိုင်တဲ့ ဇာတ်လမ်း

Source Photo from http://www.google.com/images

အကယ်ဒမီ ရနိုင်တဲ့ ဇာတ်လမ်း

မင်္ဂလာပါခင်ဗျား။

မဟာဗမာစစ်အစိုးရကတော့ လုပ်ချလိုက်ပြန်ပြီ။ မြစ်ဆုံဆည်ကိစ္စကို သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထား
မယ်ပေါ့လေ။ အကြောင်းပြချက်ကတော့ ပြည်သူလူထုရဲ့သဘောထားကို လိုက်နာသယောင်ယောင်ပေါ့။

အဲဒါကို တစညပါတီ ကချင်ပြည်နယ်အမတ် ခမျာမျက်ရည်တွေတောင်ကျတယ်ဆိုပဲ၊ ဖြစ်ရလေတယ် အမတ် မင်းရယ်၊မျက်ရည်ကျစရာရှားလို့ဗျာ။ အဲဒီစကားက ခင်ဗျားမမျှော်လင့်ထားတဲ့စကားဆိုတာ တကယ်ပဲလား၊
လွှတ်တော်အမတ်တယောက်လုံးလုပ်နေပြီး ဒီလိုပြောထွက်သွားတာကိုတော့ ကျုပ်မအံ့သြပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီအစိုးရသက်တမ်းမှာ ခင်ဗျားကုလားထိုင်မြဲဘို့ ဒီလောက်တော့ ပေးဆပ်ရမှာပေါ့။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ကေအိုင်အေစစ်ဆင်ရေးတွေကို အဓိကထား သုံးသပ်ဆွေးနွေးသွားမယ် တပ်မတော်ထဲမှာ တိုင်းမှူးနဲ့တပ်မှူးတွေ နေရာအပြောင်းလဲကိုလည်း အခုလေးလပတ်အစည်းအဝေးမှာ ကြေညာမယ် အရပ်ဘက် စစ်ဗိုလ်ချုပ်ဟောင်းတွေကို အာဏာလွှဲပြောင်း လိုက်ပြီးနောက်ပိုင်း လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခြေအနေနဲ့ အရပ်သားအစိုးရ အဖွဲ့ရဲ့စစ်တပ်အပေါ် ဆက်ဆံရေးကိုလည်း အလေးထားဆွေးနွေးကြမယ် အဲဒီသတင်းတွေကိုရော အမတ်မင်း မျှော်လင့်ထားပါသလား။

မမျှော်လင့်ထားဘူးဆိုလျင် အမတ်မင်းမျက်ရည်ထပ်ကျရဦးမှာ သေခြာသဗျား၊ အဲဒီသတင်းသာသေခြာလို့က တော့လား အမတ်မင်းရေ အခုအမတ်မင်းကျပြတဲ့မျက်ရည်အတွက် ယူကြုံးမရဖြစ်မှာ မြင်ယောင်သေးတော့။

မိကျောင်းမင်း ရေကင်းပြသလိုဖြစ်မှာတော့ စိုးရိမ်မိတာအမှန်ပါ၊ အမတ်မင်းက ပြည်သူလူထုကရွေးကောက် ထားတဲ့ ကိုယ်စားလှည်လို့ပြောနေတော့ မဟာဗမာစစ်အစိုးရ ဘာကြောင့်မြစ်ဆုံဆည်ကိစ္စကို လွှတ်တော်မှာ မဆွေးနွေးပဲ ရုတ်တရက်ကြေငြာလိုက်သလဲဆိုတဲ့အကြောင်းလေး သိအောင်ပြောပြချင်လို့ပါ။

အမတ်မင်းတို့အချင်းချင်း လက်ဝါးခြင်းရိုက်ထားတဲ့ကိစ္စဖြစ်နေလျင်တော့ ကြိတ်ပြီးရယ်(ရီ)မှာကတော့
အသေ အခြာပါပဲ။ မသိတဲ့လူတွေကတော့ အော် တော်တော်ကိုလိမ္မာရေးခြားရှိတဲ့ လူမိုက်အုပ်စုပါလားဆိုပြီး ကျေးဇူး တွေတင်နေကြမှာအမှန်ပါ။

မြစ်ဆုံဆည်ကိစ္စဆိုတာက လံကြုပ်ဇာတ်လမ်းပါ၊ တကယ်ဆို မြစ်ဆုံရဲ့အပေါ်မှာ ဆည်တွေဆောက်ထားတာ အ လျှံပယ်ကိုဖြစ်လို့၊ ခုနစ်ခုလေ ခုနစ်ခု နည်းတာမှတ်လို့၊ မှတ်မိကြမလားမသိဘူး ဘီဂျင်းအိုလံပစ်အားက စားပွဲ မဖြစ်ခင်မှာ လူတွေက ကန့်ကွက်ဆန္ဒပြတာရှိတော့ ပေါက်ဖေါ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အကြောင်း တီဗွီတွေဘာတွေပြပြီး မြန်မာ့ဒီမိုကရေစီအရေး ကူတော့မလိုလိုဘာလိုလိုနဲ့လေ နောက်ဆုံးတော့ ပွဲပြီးမြင်းသေ တာပဲမဟုတ်လား။

ဒီနေရာမှာ ဗမာစကားမှာ ပွဲပြီး မီးသေ ဆိုပေမယ့် ကျုပ်တို့ကရင်ပြည်နယ်မှာက ပွဲသွားလျင် မြင်းစီးပြီး သွားကြ တာဆိုတော့ ပွဲတွေလည်းပြီးရော မြင်းလည်းသေတာပဲ၊ အဲဒါကြောင့် ပွဲပြီးမြင်းသေလို့ရေးလိုက်တာပါ၊ အခု လည်း မဟာဗမာစစ်အစိုးရရဲ့ ကစားကွက်တွေက ထင်ထားတာထက် ထိရောက်နေတယ်ဆိုတာ အထင်းသားပဲ
မဟုတ်လား၊ အသိသာဆုံးကတော့ အခုဆို မဟာဗမာစစ်အစိုးရဟာ အာဆီယံမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်သွားပြီ နောင်မကြာမီကာလတခုမှာ အာဆီယံဥက္ကဌဖြစ်တော့မှာ အဲဒီဥက္ကဌနေရာရပြီဆိုတာနဲ့ စောစောပိုင်းကပြောသလို ပွဲပြီးပြီပေါ့။

မဟာဗမာစစ်အစိုးရက အပေါ်ယံကြောလေးပြလိုက်တာနဲ့ ပြည်တွင်းရောပြည်ပပါ အသံတွေအမျိုးမျိုးထွက်လာ နေပြီဆိုတော့ မြန်မာပြည်ရှေ့ရေး ရင်မအေးနိုင်ပါဘူး။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပြပါတယ် တိုင်းပြည်ပြောင်းလွဲနိုင်မယ့် အခြေအနေ
ကိုရောက်နေပါပြီ၊ တိုင်းပြည်မနာဘို့ လူထုမနာဘို့ လိုတယ်ဆို တာ။

မြစ်ဆုံဆည်ကိစ္စကိုပြန်ကြည့်မယ်ဆိုလျင် တရုတ်ပြည်က အကြီးမားဆုံး စီမံကိန်းတခုဖြစ်တဲ့ ၂၁ ရာစု မဟာတံ တိုင်းလို့ပြောနိုင်တဲ့Three Gorges Dam ဆည်ကြီးဟာ တစ်မိုင်ခွဲကျယ်ပြီးပေ ၆၀၀ မြင့်သလို မိုင် ၄၀၀ ကျော်ရှည်ပါတယ် ဒီစီမံကိန်းကြီးကို ခေတ်သစ် တရုတ်နိုင်ငံရဲ့ဖခင်ကြီး ဆွန်ယက်ဆင်က ၁၉၁၉ခုနှစ်ကတည်းကစ ပြီးအဆိုပြုခဲ့တာ လို့ဆိုပါတယ်၊ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ပါ။

၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာတုန်းက တရုတ်ကို သိမ်းထားတဲ့ဖက်ဆစ်ဂျပန်တွေ ၁၉၄၉ မှာ မော်စီတုန်း အားလုံးဟာ ဆည်တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ၁၉၉၂ ခုနှစ် ရောက်မှ တည်ဆောက်ရေးကို တရုတ် ပြည်သူ့ ကွန်ဂရက်မှာစတင်အတည်ပြုနိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၂၆၃၃ ယောက်မှာ ထောက်ခံမဲ၁၇၆၇မဲ ကန့် ကွက်မဲ ၁၇၇ မဲ ပယ်မဲ၆၆၄ မဲနဲ့ ၂၅ ဦးမဲမပေးခဲ့ကြတဲ့ ရလဒ်နဲ့ ဒီဆည်ကြီးဆောက်ဘို့ အတည်ဖြစ်လာခဲ့တယ် လို့ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့တဲ့ဆည်ကြီးကို ၂၀၀၉ ခုနှစ်ကတည်း ကစပြီးလည်ပတ်ဘို့ မျှော်လင့်ထားခဲ့ပေမယ့်လည်းအဆင်မပြေတာမို့ ဒီလထဲမှာမှ စလည်ပါတယ်၊ ဆည်ကြီးဖွင့် တဲ့ အခမ်းအနားကို ဘူမိနဲ့ ရေအားလျှပ်စစ်အင်ဂျင်နီယာပညာတွေနဲ့ ကျောင်းပြီးခဲ့ကြတဲ့ဝန်ကြီးချုပ် ၀မ်ကျား ပေါင်နဲ့သမ္မတ ဟူကျင်တောင်တို့ သမိုင်းတရားခံဖြစ်မှာစိုးလို့ မတက်ခဲ့ကြဘူးလို့ဆိုပါတယ်။

အခုတော့ ဒီဆည်ကြီးက တရုတ်ပြည်လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်းပဲ မီးပေးနိုင်မယ်လို့သိရပါတယ်၊ ဒါတွေကို မဟာ ဗမာအစိုးရက သိနေတာမို့ လံကြုပ်ဇာတ်လမ်းလေးလုပ်ပြီး အမှတ်ယူနေတာကို လူတိုင်းသိပါတယ်၊ ဒါကိုအမတ်မင်းလည်း သိပါတယ်လေ။

သတင်းထောက်တွေက မြစ်ဆုံကိစ္စမေးတော့ ၀န်ကြီးဦးကျော်ဆန်းက သတင်း တောက်တွေရှေ့မှာမျက်ရည်ကျပြတယ်ဆိုလို့ အမတ်မင်းလည်း အားကျနေပြီထင်ပါရဲ့။
မျက်ရည်ကျမပြပါနဲ့အမတ်မင်းရယ် လူရွှင်တော်မျက်ရည်ကျတာ ဘယ်သူမျှမသနားပါဘူးတဲ့၊ ကျုပ်တို့ငယ်ငယ်တုန်းက မောင်ရွှေရိုး သီချင်းထဲမှာ တေးသံရှင် ချစ်စပယ်နဲ့ တွံတေးသိန်းတန်တို့ စုံတွဲဆိုထားတာ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Source from http://burmese.dvb.no
Source from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကဒါဖီ ပြောရေးဆိုခွင့် ရှိသူအား ဖမ်းမိ

Moussa Ibrahim
Source Photo from http://www.timesofmalta.com

ကဒါဖီ၏ ပြောရေးဆိုခွင့်ရှိသူအား ဖမ်းမိ

30 September, 2011
လစ်ဗျား နိုင်ငံ၏ မွန်မာ ကဒါဖီ အုပ်ချုပ်ရေးတွင် ပြောရေးဆိုခွင့် ရှိသူ အဖြစ် တာဝန်ယူခဲ့သူ Moussa Ibrahim အား ဖမ်းမိခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ တီဗွီ သတင်း ဌာနမှ ကြာသပတေးနေ့က ကြေငြာလိုက်ပြီ ဖြစ်သည်။ လစ်ဗျား နိုင်ငံ အနောက်တောင်ပိုင်းရှိ Misrata တွင် ရှိသည့် Freedom TV မှ ပြောကြားရာ၌ လက်ရှိ အုပ်စိုးနေသူ NTC ကောင်စီမှ တိုက်ခိုက်ရေး သမားများက ဗုဒ္ဓဟူးနေ့ ညက ကဒါဖီ၏ မွေးရပ်မြေ ရှိရာ Sirte မြို့တွင် ဖမ်းဆီးမိခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NTC မှ တိုက်ခိုက်ရေး သမားများ၏ အပြောကို အဆိုပါ ရုပ်သံ ဌာနမှ ကိုးကားပြီး ပြောရာ၌ ကဒါဖီ၏ ပြောရေးဆိုခွင့် ရှိသူမှာ ယင်းမြို့မှ ထွက်ပြေးလာ သည့် ဒေသခံများနှင့် ရောနှောပြီး လိုက်ပါလာခြင်း ဖြစ်ပြီး ကာလရှည်ကြာ တိုက်ပွဲများကြောင့် မြို့မှ စွန့်ခွာသူများကဲ့သို့ ဟန်ဆောင်ကာ ထွက်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ယခုလို ဖမ်းမိသည့် ၎င်း၏ပုံရိပ်များကို ၎င်းအား လုံခြုံသည့် နေရာသို့ အရောက်တွင် ထုတ်လွတ် ပြသသွားမည် ဖြစ် သည်ဟုလည်း ပြောကြားခဲ့သည်။


source : xnhuanews

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မိမိတို့ အစိုးရလက်ထက်တွင်မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမည်


မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို

ရပ်ဆိုင်းထားမည်


ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာပြည်ဟာ ပြောင်းလွဲနိုင်တဲ့အခြေအနေမျိုးကို ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ပြောသလို တိုင်းပြည်မနာအောင် လူထုမနာအောင်
ပြောင်းလွဲနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

အပြည့်အစုံဖတ်ရှုလေ့လာရန်
http://www.news-eleven.com/index.php?option=com_content&view=article&id=10335:2011-09-30-04-38-33&catid=42:2009-11-10-07-36-59&Itemid=112

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, September 29, 2011

နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ရသူ မိန်းကလေးအား ပိုလန်စကီး တောင်းပန်ခဲ့

Roman Polanski
Source Photo from http://www.google.com/images

နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ရသူ မိန်းကလေးအား

ပိုလန်စကီး တောင်းပန်ခဲ့

29 September, 2011
ရိုမန် ပိုလန်စကီး အနေဖြင့် တစ်ချိန်က ၎င်းကျူးလွန်ခဲ့သည့် အသက်မပြည့်သေးသူ မိန်းကလေးနှင့် လိင်ပိုင်းဆိုင် ရာ စော်ကားမှုများကို တောင်းပန်စကား ဆိုလိုက်ပြီး ထိုစဉ်က အသက် ၁၃ နှစ်သာ ရှိသေးသည့် အဆိုပါ မိန်းကလေး မှာ နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ခဲ့ရသည်ဟု ပြောကြား သွားခဲ့သည်။

Samantha Geimer
Source Photo from http://www.topsocialite.com

လက်ရှိတွင် ဇူးရစ် ရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေသည့် ပိုလန်စကီးမှာ ၎င်း၏ မှတ်တမ်းရုပ်ရှင် ပြသပွဲ သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး လူထုရှေ့တွင် နောင်တ တရားများကို ထုတ်ဖော် ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။ အသက် ၇၈ နှစ် ရှိပြီ ဖြစ်သည့် အော်စကာဆုရှင် ပိုလန်စကီးမှာ လွန်ခဲ့သည့် ၃၅ နှစ်ခန့် က ၎င်းပြုမှုခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီး တရားခံ Samantha Geimer မှာ ဓါးစာခံ နှစ်ထပ်ကွမ်း ဖြစ်ခဲ့ရသည်ဟု နောင်တဖြင့် ထုတ်ဖော် ပြော ကြားခဲ့သည်။ အင်္ဂါနေ့က ယင်းရုပ်ရှင်ပွဲတော်တွင်ပြသခဲ့သည့် ၎င်း၏ မှတ်တမ်းရုပ်ရှင် Roman Polanski: A Film Memoir တွင် တက်ရောက် လာစဉ်က ပြောကြားခဲ့ရာ၌ သူမမှာ မိမိနှင့် စာနယ်ဇင်းများ၏ ဓါးစာခံ အဖြစ် နှစ်ကြိမ် ခံစားခဲ့ရရှာကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၁၉၇၇ ခုနှစ်က ပြုလုပ်ခဲ့သည့် အဆိုပါ ပြစ်မှုအတွက် ပိုလန်စကီးအား မူလက ပြစ်မှု ခြောက်ခုတွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် အမှုလျှော့ချ ခဲ့ခြင်း ဖြစ်သည်။ ၎င်း အား ယင်းပြစ်မှု အတွက်အမေရိကန်မှ အလိုရှိနေခဲ့ပြီးနောက် ပြင်သစ်သို့ တိမ်းရှောင်ခဲ့ကာ အိမ်ထောင်ကျခဲ့ပြီး ၂၀၀၉ တွင် ဆွစ်ဇာလန်တွင် ပြန်ဖမ်းမိခဲ့သော်လည်း အကျဉ်းသား လွဲပြောင်းရေ အစီအစဉ် မဖြစ်မြောက်ခဲ့သဖြင့် ယခုလို လွတ်မြောက်နေခြင်းပင် ဖြစ်သည်။

source : telegraph.co.uk

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂျပန်အမျိုးသမီး ခရီးသွားတစ်ဦး သေဆုံးမှုဖြစ်

File photo shows one of the thousands pagodas and temples of Bagan in central Myanmar.
A Japanese tourist has been killed in Myanmar and a motorcycle taxi driver arrested on suspicion of her murder, a government official said Thursday.

AFP September 29, 2011, 2:14 pm

Japanese tourist killed in Myanmar

YANGON (AFP) - A Japanese tourist has been killed in Myanmar and a motorcycle taxi driver arrested on suspicion of her murder, a government official said Thursday.

Chiharu Shiramatsu, 31, was killed on Wednesday near Kyaukpadaung, close to the ancient temple city of Bagan, after hiring the motorcycle taxi to go sightseeing, according to the authorities.

"She was killed by a motorcycle taxi driver who tried to rape her," a Myanmar government official who declined to be identified told AFP.

Min Theik, the 39-year-old motorcycle taxi driver, was arrested at the scene.
Violent crime involving foreign tourists is relatively rare in military-dominated Myanmar.

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရု Ms Shiramatsu Chiharu ဆိုသူဖြစ်ပြီး အသက် ၃၀ ၀န်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ နံနက် ၉ နာရီခန့်တွင် ညောင်ဦးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ လိုင်းကားဖြင့် လိုက်ပါလာကြောင်း၊ ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ရှိ ကားဂိတ်ရောက်သောအခါ မောင် --- (၃၉ နှစ်) သာယာအေးရပ်နေသူ မောင်းနှင်သော ဆိုင်ကယ်တက္ကစီ အား ငှားရမ်း၍ ပုပ္ပားသို့သွားရောက် လည်ပတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ အဆိုပါ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆိုင်ကယ်တက္ကစီသမားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်ရာတွင် အော်ဟစ်မည်စိုး၍ ပါးစပ်အားပိတ်ရာမှ အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း ၍ ကျောက်ပန်းတောင်း ရဲစခန်းမှ ဆိုင်ကယ်တက္ကစီသမားအား ဖမ်းဆီးကာ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့ ရေကြီးရေလျံမှုများဖြစ်ပေါ်


နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့

ရေကြီးရေလျံမှုများဖြစ်ပေါ်

Wednesday, 28 September 2011
>နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စက်တင်ဘာလ ၂၈ ရက် နေ့ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။ နေပြည်တော်ကောင်စီနယ်မြေ တွင်းရှိ မြို့မဈေးအနီးတစ်ဝှိုက်၊ သပြေကုန်းဈေး၊ ကျောက်မျက်ရတနာပြတိုက်အနီး၊ ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ လယ်ဝေးမြို့နယ်တွင်းရှိ ကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ လယ်ဝေးမြို့နယ် ရုံးပင်အုပ်စု ငှက်ပျောတောကျေးရွာ၌ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်း နေအိမ်များ၊ လယ်ကွင်းများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ၍ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့် တာဝန်သိပြည်သူများက ရွာသူ၊ ရွာသားများအား ပျဉ်းမနားလယ်ဝေး မြို့ရှောင်လမ်းပေါ်သို့ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

'' မနေ့ ညနေကတည်းက ရွာတဲ့မိုးကတစ်ညလုံးနီးပါးဆက်တိုက် ရွာခဲ့လို့ နေပြည်တော်မြို့ပေါ်ရော ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ပျဉ်းမနားမြို့ပေါ်မှာဆိုရင် ရပ်ကွက်တိုင်းလိုလို ရေလျှံနေပါတယ်။ ကျွန်တော်တို့ အိမ်ဝိုင်းထဲမှာဆို ရေကဒူးလောက်ထိ နစ်မြှပ်နေပါတယ်။ အချို့ကျောင်းတွေဆိုရင် ပိတ်ထားခဲ့ရတယ်'' ဟုပျဉ်းမနားမြို့နယ်၊ပေါင်းလောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။

လယ်ဝေးမြို့နယ်၊ ငှက်ပျော တောကျေးရွာတွင်းနေထိုင်သူတစ်ဦး ကလည်း '' ဒီနှစ်ရွာသွန်းခဲ့တဲ့မိုးတွေ ထဲမှာ မနေ့ညကရွာတဲ့မိုးက စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ မိုးရွာသွန်းချိန်ကြာလို့ မိုးရေနဲ့တင်ရွာထဲမှာ ရေလျှံခဲ့ပါတယ်။မနက်လည်းလင်းရော ရွာဘေးက ချောင်းရေတဖြည်းဖြည်း မြင့်တက်လာပြီးရွာထဲမှာရေတွေအရမ်း များလာပြီး ရွာထဲမှာမနေရဲတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာ ပြီး ရွာထဲက လူတွေကို ရေဘေးက လွတ်ရာကို ကယ်တင်ဖို့ ကယ်ဆယ် ရေးအဖွဲ့တွေ ရောက်လာပြီး ကူညီပေးခဲ့ပါတယ်'' ဟု ရှင်းပြခဲ့ပါသည်။


ကျေးရွာများတွင် ရေကြီးရေလျံမှုများဖြစ်ပေါ်သည့်အပြင် လယ်ကွင်းများတွင်ပါ ရေလျံမှုများကြောင့် စပါးခင်းများရေမြုပ်ခဲ့ကြောင်း သိရသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီ

ဦးသူရ (ခ) ဇာဂနာ၊ ဦးသက်ဇော် (ခ) ဇော်သက်ထွေးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီ ဟူသော သတင်းများ ထွက်ပေါ်နေ

Wednesday, 28 September 2011

ဦးသူရ (ခ) ဇာဂနာ၊ ဦးသက် ဇော် (ခ) ဇော်သက်ထွေးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီဟူသော သတင်းများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရှိရပါသည်။

သို့သော် အဆိုပါ ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိခြင်း မရှိကြောင်းလည်း စုံစမ်းမှုများအရ သိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသား အချို့၏ မိသားစုဝင်အချို့နှင့် မိတ်ဆွေအချို့၏ ပြောကြားချက်များအရ လွတ် မြောက်လာသည် ဆိုသည်ကို တရားဝင် အကြောင်းကြားထားခြင်း မရှိ သေးကြောင်းနှင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအထိ အဆိုပါပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အကျဉ်းထောင်များ အသီးသီးတွင်သာ ရှိနေသေးကြောင်းလည်း ထပ်မံစုံစမ်းသိရှိရပါသည်။

ယခုထွက်ပေါ်နေသော သတင်းများမှာ ဟုတ်မှန်ခြင်းမရှိကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 28, 2011

မြန်မာသမ္မတ အကြံပေးတွေရဲ့ တာဝန်

မြန်မာသမ္မတ အကြံပေးတွေရဲ့ တာဝန်

By ဒေါ်ခင်စိုးဝင်း
အင်္ဂါ, 27 စက်တင်ဘာ 2011

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တွေ အနေနဲ့ မကြာသေးခင်ကပဲ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုလာပြီး နိုင်ငံတကာ သံတမန်တွေ၊ အမေရိကန် အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို အာဆီယံ အဖွဲ့ဝင်တွေထဲက မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော် ကော်မတီဝင်တွေနဲ့လည်း အင်ဒိုနီးရှား နိုင်ငံမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာအထိ ကျယ်ပြန့်တဲ့ အကြံပြုမှုတွေ လုပ်လာနိုင်မလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကတော့ သူယူဆတဲ့ နိုင်ငံရေး အကြံပေး တယောက်ရဲ့ အခန်းကဏ္ဍကို အခုလို ရှင်းပြပါတယ်။
မြန်မာနိုင်ငံသမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်
Source Photo from http://www.google.com/images

“ကျနော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ တကယ့် Real Changes ကို သွားနိုင်သလား၊ မသွားနိုင်ဘူးလားဆိုတာ တိုင်းယူလို့ရတဲ့ ပေတံလေးတွေ ရှိတယ်။ သာမန်အားဖြင့် အမေရိကန် သမ္မတ တယောက်က သူ့အကြံပေးကို သူ ခန့်တဲ့အခါမှာ တစုံတရာ သူနဲ့ နီးစပ်တဲ့သူကို ခန့်တယ်ပေါ့။ ကျနော်ဆိုရင် အထူးသဖြင့် သမ္မတကြီးနဲ့ တာဝန်ထမ်းဆောင်တုန်းက တကြိမ်တခါမှ မတွေ့ခဲ့ဖူးဘူး။ စကားလည်း ကျနော် မပြောခဲ့ဖူးဘူး။ ဆိုတော့ မသိတဲ့သူတယောက်ကို သူခန့်တယ် ဆိုကတည်းက တော်တော်လွတ်လပ်တဲ့ သဘောတရား တခုကို ကျနော် တွေ့ရတယ်။

“နောက်တခါ ကျနော်တို့ စပြီးတော့ နေပြည်တော် သတင်းပို့တယ်။ ပို့ပြီးတော့ သမ္မတကြီး Briefing ကို ကျနော်တို့ ခံယူတဲ့ အချိန်မှာ ကျနော်တို့ကို ကန့်သတ်ချက် လုံးဝ မထားပေးဘူး။ ဘယ်လိုဖြေပါ၊ ဘယ်လိုမဖြေပါနဲ့၊ ကိုယ်လိုချင်တဲ့ ပုံစံကို Form မလုပ်ဘူးပေါ့။ အဲဒီမှာကတည်းက ကျနော်တို့က နည်းနည်းတော့ သတိထားမိတယ်။ လွတ်လွတ်လပ်လပ်တော့ ရှိပါလား၊ တကယ်ကို အပြောင်းအလဲ တရပ်ကို ရှေးရှုနေပါလားဆိုတာ ကျနော်တို့ သိတယ်ပေါ့။

“နောက်ပိုင်း ကျနော်တို့ အကြံဉာဏ်ပေးတဲ့ အခါမှာလည်း ဘယ်အကြံဉာဏ်မျိုးတော့ ကြိုက်တယ်၊ ဘယ်အကြံဉာဏ်မျိုးတော့ မကြိုက်ဘူး ဆိုတာလည်း မရှိဘူး။ နောက်တခါ ကျနော်တို့ပေးတဲ့ အကြံဉာဏ်တွေက အရင် ဟိုတုန်းက တချို့နိုင်ငံတွေလို အရင်စနစ်ဟောင်းတွေလို အကြံပေးထားမယ်၊ ပေးတဲ့အကြံဉာဏ် ယူချင်မှလည်း ယူမယ်ဆိုတဲ့ ပုံစံမျိုးလည်း မရှိဘူး။

“အဲဒီတော့ ကျနော်တို့ အလုပ်များလား၊ မများလား တိုင်းတာလို့ ရှိရင်ကို အကြံပေး တယောက်ရဲ့ အကြံပေးမှုကို သမ္မတကြီးက Appreciation တကယ်ရှိမရှိ ပြောလို့ရတယ်။ ကျနော်တို့ အလုပ်နည်းတယ်ဆိုရင် ဒါ ရှင်းတယ်ပေါ့။ သဘောလောက်ထားတဲ့ အကြံပေး ဖြစ်မှာပေါ့။ ကျနော်တို့ ဒီနေ့ အလုပ် တော်တော်များတယ်။

“ပေးတဲ့ အကြံဉာဏ်တွေ ဆိုရင်လည်း တော်တော်များများကို တလေးတစား ဖတ်တယ်။ သို့သော်လည်း Perspective View အရကြည့်မယ် ဆိုရင်တော့လည်း ကျနော်တို့က ရှုထောင့်တခုက ကြည့်တာပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ တယောက် အနေနဲ့ ကျတော့လည်း ကျနော်တို့ထက် ပိုပြီးတော့ Balance Perspective ပေါ့၊ ဒါကနေ သူပြန်ကြည့်တာပေါ့။

“ဆိုတော့ အကြမ်းဖျင်း ကျနော်တို့ ၁၀ ခုလောက် အကြံဉာဏ်ပေးတဲ့ အချိန်မှာ တခုလောက်ပဲ အကောင်အထည်ဖော်တယ်၊ ၉ ခုလောက်က အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ကျနော်တို့ ၂ မျိုးတွက်လို့ ရတာပေါ့။ ကျနော်တို့ပေးတဲ့ အကြံဉာဏ်က အဆင့်မမီလို့လား၊ သို့မဟုတ်ရင် ပြုပြင် ပြောင်းလဲမှုကို တကယ် မသွားချင်လို့လား၊ ဒီ ၂ ခု ကျနော်တို့ ပြောလို့ရတာပေါ့။

“ဒီနေ့ ကျနော်တို့ ပေးလိုက်တဲ့ အကြံဉာဏ်တွေနဲ့ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ပေါ့၊ သူ့ရဲ့ Political Will နဲ့ နည်းနည်းလေး တိုက်ဆိုင်သွားတဲ့ အခါကျတော့ အကောင်အထည်ဖော်တဲ့ ရာခိုင်နှုန်းက အတော်လေး မြင့်ပါတယ်။ ဒီတချက်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ အနေနဲ့က ပြုပြင်ပြောင်းလဲရေးပေါ့၊ အနှစ်သာရ တကယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်သွားနေပြီဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရတယ်။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ရော လက်ရှိအချိန်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးတာတွေ ဘာတွေ ရှိပါသေးလား။

“အဲဒါကျတော့ ကျနော်တို့နဲ့က လက်လှမ်း နည်းနည်း မမီတော့ဘူးဗျ။ မမီတော့ဘူးဆိုတော့ တကြိမ်တုန်းကတော့ သူလည်း နိုင်ငံရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့အတွက်ကြောင့် အနည်းငယ် ဂါရ၀တရားတော့ ရှိကောင်း ရှိနေလိမ့်မယ်ပေါ့လေ။ သို့သော်လည်း ကျနော်တို့ တွက်ကြည့်လို့ ရတာက ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးနဲ့ တွေ့နိုင် ဆုံနိုင်တယ်ဆိုတဲ့ အနေအထားကို ကြည့်ရင်ပဲ ကျနော်ထင်ပါတယ်၊ တော်တော့်ကို သူ့မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ သဘောဆိုတာ ကျနော် တွေးလို့ရပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ် ပြောပြခဲ့တာ ဖြစ်ပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/nay-zin-latt-130677808.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စူပါ Wi Fi စနစ် မကြာမီ လာတော့မည်

Julius Genachowski
( ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မစ်ရှင် ဥက္ကဋ္ဌ)
Source Photo from http://www.google.com/images

စူပါ Wi Fi စနစ် မကြာမီ လာတော့မည်
28 September, 2011

အမေရိကန် ပြည်ထောင်စုတွင် မကြာတော့သည့် ကာလ၌ စူပါ Wi Fi ခေါ် နည်းပညာသစ် ကို စတင် အသုံးပြုနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့က ဖော်ပြခဲ့သည့် ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မစ်ရှင် ဥက္ကဋ္ဌ Julius Genachowski ၏ အပြောအရ စူပါ Wi Fi မှာ ပုံမှန် Wi Fi သုံးစွဲမှုများ ရှိနေသည့် နေရာများတွင် သုံးစွဲမှု အလွန် များနေပါက မြန်နှုန်း ကို မြှင့်တင်ပေးနိုင်ရန် ပြုလုပ်ပေးမည် ဖြစ်သည်။
Source Photo from http://www.techhelpdiva.com

ယခုလို နည်းပညာသစ်ကို လောလောဆယ် အနေဖြင့် လူအများသုံးစွဲသည့် နေရာများတွင် သုံးစွဲ၍ ရဦးမည် မဟုတ်ကြောင်းလည်း သိရသည်။ Genachowski ၏ အပြော အရ အမေရိကန် ပြည်ထောင်စုမှာ မိုဘိုင်း ထုတ်ကုန်များအတွက် အင်တာနက်လှိုင်း အလျှားမှာ ပိတ်ဆို့မှုများ ရှိနေေ ကြာင်း အများစုသော လေလှိုင်းများမှာ တီဗွီ ထုတ်လွင့်မှုများတွင် သုံးစွဲနေကြောင်း အချို့သော လှိုင်းအလျှားများသာ လွတ်နေပြီး ယင်းသို့သောလှိုင်း များကို white spaces ဟု ခေါ်ဆိုပြီး စူပါ Wi Fi မှာ ယင်း လှိုင်းအလျှား များကို အသုံးချမည် ဖြစ်ကာ အထူးသဖြင့် လှိုင်းအလျှားများ ကို အများ ဆုံး အသုံးချထားသည့် နေရာများတွင်လည်း ယင်းသို့သော white spaces များ ရှိနေသဖြင့် ယခုလိုသုံးစွဲ၍ ရနိုင်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
source : Daily Mail

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, September 27, 2011

ကမ္ဘာ့ အကြီးဆုံး ကျောက်မျက် ရတနာပြပွဲ ဟောင်ကောင်တွင် ကျင်းပ ပြုလုပ်

ကမ္ဘာ့ အကြီးဆုံး ကျောက်မျက် ရတနာပြပွဲ

ဟောင်ကောင်တွင် ကျင်းပ ပြုလုပ်

28 September, 2011

ကမ္ဘာ့အကြီးဆုံး လက်ဝတ် ရတနာနဲ့ ကျောက်မျက် ပြပွဲလို့ ပြောရမယ့် September Hong Kong Jewellery & Gem Fair ကို တရုတ်နိုင်ငံရှိ အထူး အုပ်ချုပ်ခွင့်ရ ဒေသ ဟောင်ကောင်မှာ အခုလ (၂၁)ရက်နေ့ ကနေ (၂၅)ရက်နေ့ အထိ (၅)ရက်ကြာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ံHong Kong Convention & Exhibition Centre HKCEC မှာ ကျင်းပခဲ့တဲ့ အဆိုပါ ပြပွဲရဲ့ ဧရိယာ အကျယ်အ၀န်းဟာ စတုရန်း မီတာ (တစ်သိန်းသုံးသောင်း) အထိ ကျယ်ဝန်း တယ်လို့ သိရပါတယ်။

Source Photo from http://www.jumboeternal.com.hk/events.php

အဲ့ဒီပြပွဲမှာ နိုင်ငံပေါင်း (၄၆)နိုင်ငံမှ ကုမ္ပဏီပေါင်း (၃၃၀၀)ကျော်က အဖိုးတန် ကျောက်မျက်နဲ့ လက်ဝတ်ရတနာ အချောထည် ပစ္စည်းတွေ ကိုပဲ သီးသန့် ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။
Source Photo from http://www.jumboeternal.com.hk/events.php
September Hong Kong Jewellery & Gem Fair 2011
Date: 19 September – 23 September 2011

ဒီလို ကြီးကျယ် ခမ်းနားတဲ့ လက်ဝတ် ရတနာ ပြပွဲကို နိုင်ငံပေါင်း (၁၃၅)နိုင်ငံ မှ ဈေးဝယ် သူပေါင်း (၄၄၀၀၀)ကျော် လာရောက် လေ့လာ ၀ယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ ပြပွဲ ကျင်းပရာ ဟောင်ေ ကာင်မြို့မှာ အခွန် ကင်းလွတ်ခွင့် ပေးထားတာကြောင့် အဖိုးတန် လက်ဝတ်ရတနာ ပစ္စည်းတွေ ၀ယ်ယူကြတဲ့ လူတွေအနေနဲ့ အခွန်ပေးဆောင်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်လည်း အဆိုပါ September Hong Kong Jewellery & Gem Fair ဟာ ရောင်းသူ၊ ၀ယ်ယူနှစ်ဦး စလုံးကို အကျိုးအမြတ်တွေ ရရှိစေခဲ့တယ်လို့ သိရပါတယ်။
Source Photo from http://www.jumboeternal.com.hk/events.php

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

် ပြည်တော်ပြန် ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း


ပြည်တော်ပြန် ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းမ် - အဘအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ခဲ့တယ်ဆိုတာ သိလိုပါတယ်။

ဦးပီတာလင်းပင် - သမ္မတကြီးဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် တို့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေး လုပ်မယ် ဆိုတာကို ထုတ်ပြန်တယ်။ အဘအနေနဲ့လဲ ဒီကိစ္စကို လက်ခံကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးကနေတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထံ ကို စာတစ်စောင်ရေးလိုက်တယ်။ ဒီစာထဲမှာ ပြည်ပနိုင်ငံကို ရောက်နေတဲ့ ၂၁နှစ်တာကာလအတွင်း ဒီလိုအမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ ညှိနှိုင်းဆွေးနွေးတဲ့ကိစ္စဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာဖြစ်လာမယ့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ အမျိုး သားရင်ကြားစေ့ရေးကိစ္စကိုအောင်မြင်မယ်လို့ ယူဆတဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်းပါတယ်။

ဒီလို ၀မ်းမြောက်ဝမ်းသာကြိုဆို တာကို လက်တွေ့ပြတဲ့အနေနဲ့ တိုင်းပြည်ကို ပြန်လာမယ်လို့
လဲ ထည့်ရေးထားတယ်။ စာပို့လိုက်ပြီး မကြာခင်ရက်ပိုင်း အတွင်းမှာ မြန်မာပြည်ကို ပြန်လာလို့ရပြီဆိုပြီး အကြောင်း ပြန်လာတယ်။

မြန်မာပြည်ပြန်ဖို့ကိစ္စကို အမေရိကန်က မြန်မာသံရုံးရယ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနရယ်က ကူညီကြတယ်။ ထိုင်းနိုင်ငံ မြန်မာသံရုံးကလဲ လေယာဉ်လက်မှတ် ကအစ ကူညီပေးပါတယ်။

ရန်ကုန်တိုင်းမ်- အဘက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ရော၊ လွှတ် တော်ကိုယ်စားလှယ်များအဖွဲ့မှာလဲ သဘာပတိအဖွဲ့ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ယောက်ဆိုတော့ ဒီလို မြန်မာပြည်ပြန်လာဖို့ကြိုးစားတဲ့အခါ ပြည်ပရောက် မြန်မာ အသိုင်းအ၀ိုင်းဘက်က ဘယ်လိုပြောဆိုကြတယ်ဆိုတာ သိလိုပါတယ်ခင်ဗျာ။

ဦးပီတာလင်းပင်- ပြန်လာဖို့ကိစ္စကို အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့၊ ကိုမိုးသီးဇွန်တို့၊ မကြာမီက အမေရိကားရောက်လာတဲ့ နေတင်မြင့် ပြီးတော့ အန်အယ်လ်ဒီလူငယ်ခေါင်းဆောင် ကိုမြင့်စိုးတို့နဲ့ စကားပြောဖြစ်ပါတယ်။
သူတို့ကို အဘလဲ အသက်ကြီးနေပြီ။ ဒီကိစ္စကို ပါဝင်ပတ်သက်ရမယ်ဆိုပြီး တိုင်ပင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းမ်- အဘက ၁၉၉၀ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှာ ရွေးကောက်ခံရတဲ့ ကိုယ် စားလှယ်လောင်းတစ်ဦးပါ။ အခုအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲကြီးလဲ ကျင်းပပြီးစီးပါပြီ။ လွှတ်တော်ကိုလဲ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ စတင်နေတဲ့အပေါ် မှာ ဘယ်လိုသဘောထားရှိပါလဲ။

ဦးပီတာလင်းပင်- အခုက အသိအမှတ်ပြုလို့ အဘတို့နဲ့ သူတို့နဲ့ ဆက်ဆံနေတာပါ။
၁၉၉၀ရွေးကောက်ပွဲကို သူတို့က မူအား ဖြင့်သာ အသိအမှတ်မပြုတာပါ။
အသိအမှတ်မပြုဘူးဆို ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နဲ့လဲ တွေ့စရာမလိုဘူး။
အဘကိုယ်တိုင်က ၁၉၉၀ရလဒ်ကဖြစ်လာတဲ့ အမတ်တစ် ယောက်ကို သမ္မတကြီးကိုယ်တိုင်က
လက်ခံကြိုဆိုတဲ့ဥစ္စာ က အသိအမှတ်ပြုတာလေ။
ဘယ်လိုအသိအမှတ်ပြုလဲ ဆိုတာက တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ အမျိုး သားရင်ကြားစေ့ရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ပူး ပေါင်းဆောင်ရွက်ချင်စိတ်ရှိပြီး၊ တကယ်လုပ်မယ့်လူတွေ ကိုကြိုဆိုတယ်လေ။
အဘလဲ ဒီကိစ္စတွေကိုကြိုဆိုလက်ခံ ပြီး မြန်မာပြည်ကိုပြန်လာခဲ့တာပါ။

ရန်ကုန်တိုင်းမ်- မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှုတွေအတွက် အဘ အနေနဲ့ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့
အစီအစဉ်ရှိနေပါသလဲ။

ဦးပီတာလင်းပင်- ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားရင် ကြားစေ့ရေးကိစ္စတွေက အရေးကြီးတယ်ဆိုတော့ အဘအ နေနဲ့ အဲဒီကိစ္စတွေကို တတ်နိုင်သလောက်လုပ်ဆောင်ပေး ဖို့ရှိပါတယ်။
အဘအသက်ငယ်ရွယ်စဉ်ကတည်းက တိုင်း ပြည်မှာအနိဋ္ဌာရုံတွေပဲ မြင်တွေ့လာရတာ။ အဘ ပြည်ပမှာ နေထိုင်စဉ်ကတည်းက သိလာတာက မြန်မာနိုင်ငံမှာဖြစ်နေ တဲ့ကိစ္စရပ်တွေက တိုင်းတစ်ပါးအကူအညီမယူဘဲ ကိုယ့် ဘာသာဖြေရှင်းရမယ့်ကိစ္စဆိုတာပါ။
ဒီဟာကို သမ္မတကြီး ကိုပေးတဲ့စာမှာလဲ ထည့်ရေးထားတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတကြီးရဲ့ ဥပဓိရုပ်တွေကြည့်ခြင်းအားဖြင့်လဲ သူတို့လုပ်နေတာတွေကို အယုံအကြည်ရှိတယ်။ ဒီအတွက် မြန်မာပြည်ကိုပြန်လာတာ။
အဘအနေနဲ့ အသက်ကြီးနေ ပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့လဲ မရှိဘူး။
လူမှုရေး ကိစ္စရပ်တွေ၊ ကျန်းမားရေးကိစ္စရပ်တွေ၊ ဖွံဖြိုးရေးနဲ့ ဆိုင် တဲ့ကိစ္စရပ်တွေ၊ တိုင်းရင်းသားကိစ္စရပ်တွေပဲ လုပ်ဖို့ရှိတယ်။ အဘက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှစ်ပေါင်း များစွာနေလာခဲ့တယ်။
ပြည်ပရောက် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းဖွဲ့ ထားတဲ့
ငါးဦးကော်မတီမှာ အဘက အတွင်းရေးမှုး(၁)တာ ၀န်ယူထားတယ်။
ဥက္ကဋ္ဌက ကရင်နီက ဆရာရေမန်ထူး၊ ဒုဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ထဲက ဦးသိန်းဦး၊ အ တွင်းရေးမှုးအဖွဲ့ထဲမှာ ကရင်လူမျိုးက တစ်ယောက်ပါတယ်။ မွန်လူမျိုး ဆရာနိုင်ဟံသာက အတွင်းရေးမှုး။ ဒီငါးယောက် ဖွဲ့စည်းထားတဲ့အဖွဲ့မှာ အဘတာဝန်ယူတာဆိုတော့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဘဆို ယုံတယ်။ အဘက ဘယ်သူနဲ့ဖြစ်ဖြစ် ယုံကြည်မှုရှိမှ လုပ်လို့ရတာ။ တချို့က အစိုးရကထုတ်ပြန်တဲ့ကြေညာချက်ကို သို့လော၊ သို့လောဖြစ်နေတယ်။ အဘက အဲဒီလိုမဖြစ်ဘူး။ ဇဝေဇ၀ါ ဖြစ်နေမယ့်အစား ကိုယ်တိုင်လက်တွေ့ပါဝင်လှုပ်ရှားမယ် ဆိုရင် အချိန်ကာလတိုတိုလေးမှာ တိုင်းပြည်က တိုးတက် နိုင်တယ်။ နိုင်ငံခြားကိုလဲ အားကိုးလို့မရဘူး။ သူတို့က ကိုယ့်တိုင်းပြည်ထက်၊ သူ့တိုင်းပြည်ကိုသာ သူချစ်မှာပါ။ အဘထင်တာက လက်ရှိဖြစ်နေတဲ့ကိစ္စရပ်တွေကို မိသားစု စိတ်ဓာတ်နဲ့ ကိုယ်တိုင်ညှိညှိနှိုင်းနှိုင်းဖြေရှင်းမယ်ဆိုရင် အဆင်ပြေသွားမယ်လို့ ထင်တယ်။

ရန်ကုန်တိုင်းမ်- ပြည်ပမှာရှိနေတဲ့ပုဂ္ဂိုလ်တွေက လက်ရှိ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေကို ဘယ်လိုမြင်ကြပါ လဲ။ အဘလိုပဲ မြန်မာနိုင်ငံကိုပြန်လာဖို့ ရှိပါသလား။

ဦးပီတာလင်းပင်- မြန်မာပြည်ကို အဘ ကနဦးထွက်လာတာ ပါ။ အဘက ခိုးပြီးထွက်လာတာမဟုတ်ဘူး။ မိုးသီးဇွန်တို့၊ ထွန်းအောင်ကျော်တို့နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ ဆုံးဖြတ်လိုက် တာ။ အဘသူတို့ကိုပြောတာက ဒီကိစ္စက အချိန်ကောင်း ပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဆိုရင် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ ဒီလိုပြန်လာတာဟာ နိုင်ငံ ရေးနဲ့ဖြေရှင်းတဲ့လုပ်ရပ်ပဲ။ သို့လော သို့လောဖြစ်နေရင် တော့
အဆင်ပြေမှာမဟုတ်ဘူး။
စစ်မှန်တဲ့ဖိတ်ခေါ်ခြင်း လို့ယုံကြည်တဲ့အတွက် အဘပြန်လာတယ်။
နယူးယောက် က သံအမတ်ကြီးကို ဒီကိစ္စတွေ တင်ပြတယ်။ စာရေးတယ်။
သုံးရက်အတွင်း ပြန်လာလို့ရပါတယ်လို့ အဘဆီကို စာပြန် လာတာပါ။

ရန်ကုန်တိုင်းမ်- အဘတို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရက ဘယ်သူတွေများ ပြန်လာဖို့ရှိပါလဲ။

ဦးပီတာလင်းပင်-အဘက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ခေါင်းဆောင်
ဒေါက်တာစိန်ဝင်းကို ခေါင်းဆောင်နေရာကိုရယူပြီး တာဝန်ယူစိတ်မရှိတဲ့လုပ်ရပ် တွေကြောင့်
အယုံအကြည်မရှိဘူးဆိုပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။
သူက တိုင်းရင်းသားအရေးတွေလဲ ၀င် ရောက်ဆောင်ရွက်ခဲ့တာမရှိတာလဲပါတယ်။
အခု ကိစ္စတွေ ကိုလဲ ဦးစိန်ဝင်းရော၊ ကိုလှတင်ရော မီဒီယာမှာဖြေတာတွေ က အရေးပါတဲ့အရာတွေမပါဘူး။
ဒေါ်စုရယ်၊ ဘယ်သူရယ် ဘယ်နှခေါက်၊ ဘယ်နေရာတွေမှာတွေ့တယ်ဆိုပြီး လျှောက် ပြောထားတယ်။ အဘကတော့လုပ်တဲ့ကိစ္စတွေ မှန်တယ် ဆိုရင်ထောက်ခံမယ်။
အရင်ကတော့ တစ်ဦးတစ်ယောက် တည်းချုပ်ကိုင်တဲ့စနစ်ကနေ အခုတော့ ပြောင်းသွားပြီ။ ဒီပြောင်းသွားတဲ့စနစ်ကို အဘအနေနဲ့ အောင်မြင်မယ်လို့ အဘယုံတယ်။ အဘ အမေရိကားမှာနေတော့ မြန်မာ ပြည်က ဂျာနယ်တွေကို ဖတ်ရတယ်။ လာဘ်စားတဲ့လူတွေ ကို ဖမ်းတယ်ဆိုတာတွေ တွေ့ရတယ်။ ရန်ကုန်မြို့တော် မှာဆိုလဲ ပြောင်ပြောင်ရောင်ရောင်မရှိဘူး။ ဒီက သက်ဆိုင် ရာတာဝန်ရှိသူတွေကို ဒီအဖြစ်အပျက်တွေမေးကြည့် တော့ သူတို့က အခုတက်လာတဲ့ မြို့တော်ဝန်ကတော့ အင်မတန်တော်ပါတယ်။ မကြာခင်မှာ ရန်ကုန်မြို့ကြီးက ပြောင်းလဲသွားပါမယ်လို့ ဖြေကြတယ်။

ရန်ကုန်တိုင်းမ်- ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနေတာတို့၊ အမျိုးသားရင်ကြားစေ့ရေးကိုဆောင် ရွက်နေတာနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။

ဦးပီတာလင်းပင်- တိုးတက်တာတွေ အများကြီးရှိလာတယ်လို့ အဘမြင်ပါတယ်။ အရင်တုန်းကနဲ့မတူတော့ဘူး။ အများ အားဖြင့် ရှေ့ကိုတက်နေပြီဆိုတာ အဘယုံတယ်။ ရှေ့ တက်ဖို့မှာ အဓိကလိုအပ်ချက်က ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ “ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့အစိုးရကို ရ တယ်” ဆိုသလို ပြည်သူတွေကလဲ ပါဝင်ပတ်သက်ရမယ်။ စောင့်ကြည့်လို့မရဘူး။
အဘတို့ အတိုက်အခံနိုင်ငံရေး လောကမှာ စောင့်ကြည့်ဦးမယ်ဆိုတာ ပြောနေကြတယ်။ အဘပြောချင်တာက စောင့်ကြည့်လို့မရဘူး။ လက်တွေ့လုပ် ရမယ်။ ဒါဖြင့်ရင် ၀င်ပါရမယ်။
မကြိုက်ရင် နောက်ဆုတ် လိုက်။ အဲလိုမလုပ်ဘဲနဲ့ စောင့်ကြည့်ဦးမယ်၊ စောင့်ကြည့် ဦးမယ်ဆိုတာ
ဘာမှအကျိုးမရှိဘူး။
အဘ ဒီကိုလာခါနီးမှာ အစည်းအဝေးမျိုးစုံလုပ်ခဲ့တယ်။ နောက်ဆုံး အစည်းအဝေး တစ်ခုမှာ ဝေဖန်တဲ့လူတွေကိုတွေ့ရပြန်တော့ အဘက “ခင်ဗျားတို့ သတ္တိဘယ်လောက်ရှိလဲ”လို့ မေးလိုက်တယ်။ ခင်ဗျားတို့က ဝေဖန်ရုံသက်သက်ပဲ၊ သတ္တိမရှိဘူး။ ကျွန်တော် က လက်တွေ့ပဲ။
လက်တွေ့ဖြစ်ဖို့က သတ္တိရှိရမယ်။ စွန့်ရ မယ်။ ယုံကြည်ချက်ရှိရမယ်။
တချို့က ရှေ့ကိုမတက်တဲ့အ ဖျက်လုပ်ငန်းတွေနဲ့ အချိန်ကုန်နေတယ်။
လူတစ်ယောက် မှားနေတယ်ဆိုရင် ဘာမှားနေတယ်ဆိုတာ ထောက်ပြရ မယ်။
အဘ အရင်တုန်းက အမြဲဆန္ဒပြတယ်။ အခုကျ တော့ ဆန္ဒပြစရာမလိုတော့ဘူး။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်တို့ ပူးတွဲထုတ်ပြန်ချက်တွေမှာ ပြည်သူ့ ဆန္ဒဆိုတာ နံပါတ် (၁)က ပါနေတယ်။
ရှေ့ကိုတက်ချင် တယ်ဆိုရင် မြန်မာပြည်သူတွေအားလုံးစုပေါင်းပြီး လက် တွေ့လုပ်ဆောင်မှရမယ်။
မြန်မာလူမျိုးအများစုက လက် ဖက်ရည်ဆိုင်မှာစကားပြောနေတာ များနေတယ်။
လေနဲ့ပဲ အလုပ်လုပ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် အောင် မြင်တယ်ဆိုတာ စွန့်ရဲတယ်။ တစ်စိုက်မတ်မတ် သူ့ယုံကြည် ချက်ကို လုပ်ရဲတယ်။ ရွေးကောက်ပွဲမှာအနိုင်ရတော့ ကိုယ့် ကို နေရာမပေးဘူးဆိုရင် ဘာလုပ်မလဲ။
အဲဒီလူ အုပ်ချုပ် နေတဲ့နေရာမှာ မနေဘူးဆိုပြီး အဘ တောခိုလာတာ။ အဘယုံကြည်တာ နောက်တစ်ခုက တိုင်းရင်းသားရင်ကြား စေ့ရေးကိစ္စတွေကို ပြန်တည်ဆောက်လိုပါတယ်။ နှစ်ပေါင်း များစွာဖြစ်နေတဲ့ပြဿနာတွေကို ပြန်ဖြေရှင်းနိုင်ဖို့ လူတိုင်း ပါဝင်ပတ်သက်ရမယ်။
သန်း ၆၀ကျော်ရှိတဲ့မိသားစုကြီး ညီညီညွတ်ညွတ်နေနိုင်ဖို့ အရေးကြီးပါတယ်။

ရန်ကုန်တိုင်းမ်- အဘအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရအဖွဲ့ထဲက အဆင့်မြင့်အရာရှိကြီးတွေနဲ့ရောတွေ့ဖို့ ရှိပါသလား။

ဦးပီတာလင်းပင်- ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ စီစဉ်ထား ပါတယ်။
တွေ့တာကတော့ အကုန်လုံးနဲ့တွေ့မှာပါ။
အဘက ပါတီ နိုင်ငံရေးတော့ လုပ်ဖို့မရှိပါဘူး။ လူမှုရေးပဲ လုပ်မှာပါ။
တိုင်း ရင်းသားတွေနဲ့ အစိုးရကြားမှာ တတ်နိုင်သမျှ လုပ်မှာပါ။
အဘရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအမတ်အနေနဲ့ အ ရွေးခံရတာက လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်လို့
အရွေးခံ ရတာ။

ရန်ကုန်တိုင်းမ်- လက်ရှိနိုင်ငံရေးကို ဘယ်လိုပုံစံမျိုးနဲ့ လုပ် ဆောင်ဖို့ရှိပါသလဲ။

ဦးပီတာလင်းပင်- အဘက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ရင်းနှီးခဲ့တာဆိုတော့
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကိုဦးတည်ပြီး လုပ်ဆောင်ပါမယ်။
ပြီးတော့ တိုင်းပြည် ဖွံဖြိုးရေးကိုလဲ လုပ်ဆောင်ပါမယ်။

ရန်ကုန်တိုင်းမ်- နိုင်ငံတော်သမ္မတကြီးက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်တာလဲ ရှိပါ တယ်။ အဘကလဲ တိုင်းရင်းသားအဖွဲ့တွေနဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ် ဆိုတော့ အဲဒီအကြောင်းအရာကိုများ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ဆွေးနွေးဖြစ်ခဲ့လားဆိုတာ သိပါရစေ။

ဦးပီတာလင်းပင်- အဘက ငါးဦးကော်မတီမှာပါတဲ့ပုဂ္ဂိုလ်ဆို တော့ အဘတို့ငါးဦးက အပတ်စဉ် အွန်လိုင်းမှာ စကိုက်ဗ် နဲ့ဆက်သွယ်ပြီး ဆွေးနွေးမှုတွေလုပ်ကြတယ်။ ဒီငြိမ်းချမ်း ရေးဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး အဘလဲထောက်ခံသလို သူတို့ကလဲ ထောက်ခံကြပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆို တော့ အရင်တုန်းက အဲဒီလိုလုပ်ပြီးသွားရင် ပြန်ပျက်သွား တယ်ဆိုတဲ့အစဉ်အလာကရှိနေတော့ ယုံကြည်မှုက နည်း နေတယ်။ ယုံကြည်မှုများလာအောင် အဘတို့က ကိုယ့် ဘက်က လျှော့ပေးရမယ်။ တိုင်းရင်းသားတွေကို မောက် မောက်မာမာဆက်ဆံလို့မရဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ မိသား စုပုံစံဆက်ဆံမယ်ဆိုရင်တော့ အောင်မြင်မှာပါ။ ရင်ထဲက လာတဲ့အသံနဲ့ မေတ္တာနဲ့ဆက်ဆံရင်တော့ အောင်မြင်မှုရ မှာပါ။

ရန်ကုန်တိုင်းမ်- အဘတာဝန်ယူခဲ့တဲ့ငါးဦးကော်မတီမှာ ကေ အင်န်ပီပီတို့ အင်န်အမ်အက်စ်ပီတို့ ကေအင်န်ယူတို့က ခေါင်းဆောင်ကြီးတွေ ပါပါတယ်။ ဒီခေါင်းဆောင်တွေက အဘ မြန်မာပြည်ပြန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာများ ပြောဆိုကြလဲမသိဘူး။

ဦးပီတာလင်းပင်- မြန်မာပြည်ပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး အဘက ပြန်ဝင်လာတာ၊ ပြန်မ၀င်လာတာ အသာထား။ ထောက်ခံဖို့ပြောတယ်။ ဒီကိုပြန်လာတဲ့ကိစ္စနဲ့ပတ်သက် ပြီး ဂျာမနီက ဦးနွယ်အောင်၊ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင် ကျော်တို့နဲ့ညှိနှိုင်းပြီး ပြန်ဝင်လာတာပါ။

ရန်ကုန်တိုင်းမ်- အဘနဲ့ညှိနှိုင်းခဲ့သူတွေကို ဆက်လိုက်ပါလာဖို့ ရှိပါလား။

ဦးပီတာလင်းပင်- သူတို့က ပြန်ဝင်လာဖို့အသင့်ပါပဲ။ ဒီဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ရင်
ပြန်ဝင်လာကြမှာပါ။
အဘက ဦးဆုံးဝင်လာတာဖြစ်တဲ့အတွက်အောင်မြင်မယ် ဆိုရင် သူတို့ပြန်လာကြမှာပါ။
အဘက မကြောက်မရွံနဲ့ ပြန်လာတော့ တာဝန်ရှိသူတွေက အဆင်ပြေအောင်ထား ပေးထားတယ်။ ကိုယ်သွားချင်တဲ့နေရာသွားအနောက်က လိုက်တာမရှိဘူး။
အဘက အမေရိကားက ပထမဆုံးပြန် လာသူဆိုတော့ အကုန်လုံးက ၀မ်းသာအားရ ကြိုဆိုကြပါ တယ်။ အစကောင်းနေတော့ နောက်အလားအလာက ကောင်းဖို့ရှိပါတယ်။

ရန်ကုန်တိုင်းမ်- အမေရိကန်က မြန်မာနိုင်ငံအပေါ်ကို စီးပွား ရေးပိတ်ဆို့မှုကို သက်တမ်းတစ်နှစ်တိုးလိုက်ပါတယ်။ အဘ အနေနဲ့လဲ အမေရိကန်ကွန်ဂရက်က ဆီနိတ်တာတွေနဲ့ ပတ်သက်မှုတွေရှိခဲ့တော့ အဲဒီဆီနိတ်တာတွေကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအ ညီတွေရရှိအောင်ကူညီဖို့အစီအစဉ်များ ရှိပါသလား။

ဦးပီတာလင်းပင်- လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိအောင် အဘတတ်နိုင်သမျှ
ကူညီဖို့ရှိပါတယ်။
ပြီး တော့ အဘအနေနဲ့က စီးပွားရေးပိတ်ဆို့မှုကို လက်မခံခဲ့ပါ ဘူး။ ထောက်လဲ မထောက်ခံပါဘူး။
ဆန်ရှင်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အစည်းအဝေးလုပ်တော့ အဘသွား တက်တယ်။
ဦးသွင်မြင့်ဦးတို့လုပ်တဲ့ပွဲ၊ အဲဒီမှာ အဘပြော တာက ဆန်ရှင်လုပ်မယ်ဆို တပ်မတော်ထောက်ပံ့ရေးပစ္စည်း
တွေကို ဆန်ရှင်လုပ်၊ စစ်လက်နက်ပစ္စည်းတွေကို ဆန်ရှင် လုပ်၊ ကျန်တာဆန်ရှင်လုပ်မယ်ဆိုရင်တော့
မထောက်ခံ ဘူး။
ဆန်ရှင်လုပ်ရင် တပ်မတော်ထိခိုက်မယ်ဆိုတဲ့အစား ပြည်သူတွေကိုသာထိခိုက်မယ်။
အလုပ်လက်မဲ့တွေပိုများ လာမယ်။
ဒီမိုကရေစီဆိုတာဖွင့်တာ။ ပိတ်တာမဟုတ်ဘူး။
အဘပြောတဲ့အတိုင်း တိုင်းတစ်ပါးက အဘတို့ကိုဒုက္ခပေး တာပဲလုပ်မယ်။
ဘယ်နိုင်ငံမှ တကယ်ကူညီဖို့မရှိဘူး။ ဒါက အဘအနှစ် ၂၀ကြုံလာတာ။
အခုလုပ်နေတဲ့ညီညွတ်ရေး ကိစ္စတွေကို ၀င်ရှုပ်နေတဲ့သူတွေက သူတို့ရနေတဲ့အထုပ် ပျောက်သွားမှာစိုးရိမ်လို့ လိုက်ဖျက်နေတာ။ အဘ သမ္မတ ကြီးကိုရေးတဲ့စာမှာလဲ ကျွန်တော်တို့ဖြေရှင်းရမယ့်ကိစ္စ တွေကို နိုင်ငံရေးအမြတ်ထွက်ချင်နေတဲ့သူတွေက လိုက်ဖျက် နေတယ်လို့ပါတယ်။ အဘတို့ နိုင်ငံရေးလုပ်တာက မကြိုက်ရင်အော်မယ်။
ကန့်ကွက်မယ်။ မှန်ရင်ထောက်ခံ မယ်။ အခုအစိုးရလုပ်နေတာတွေက ကောင်းတယ်။
လွှတ် တော်ပြန်ခေါ်တယ်။ လွှတ်တော်မှာလဲ အရင်တုန်းက ပြောပိုင်ခွင့်မရှိတာတွေပြောတယ်။ ဥပဒေတွေ ပြင်ဆင် ရေးဆွဲနေတယ်။
အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား ၂၀၀၀ကျော်အတွက် လုပ်နေတာတွေရှိတယ်လို့ အဘကို သူတို့က ပြောကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်ပြောတာက ပြောင်း လဲမှုတွေလုပ်ရမယ်လို့ပြောတယ်။
အဲဒါကို တချို့က အ ကုန်လုံးပြောင်းရမယ်ဆိုတာကတော့ အိမ်ကြီးက ပြီးနေ ပြီ။
အဲဒီပြီးနေတဲ့အိမ်ကြီးက တံခါးမကောင်းရင် တံခါး ဖျက်ပေါ့။ လှေကားမကောင်းရင် လှေကားပြင်ဆိုတာကို အိမ်ဖျက်ခိုင်းတယ်ဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။
ဖွဲ့စည်းပုံ အခြေခံဥပဒေက တချို့ဟာတွေတော့ ပြင်ရမယ်။
တပ်မ တော်အာဏာတည်အောင် ၂၅ရာခိုင်နှုန်းယူထားတာကို တော့ အဘလက်မခံဘူး။

ရန်ကုန်တိုင်းမ်- အဘက တပ်မတော်မှာလဲ စစ်ဆေးရေးကိစ္စ ရပ်တွေမှာ တာဝန်ယူတယ်ဆိုတာ သိရပါတယ်။
အခုလဲ တပ်မတော်မှာ ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်ဆိုတာ လဲသိရတဲ့အတွက် ဒီတော့ အဘအနေနဲ့ တပ်မတော်ကြီး ကို ဘယ်လိုမျိုးများဖြစ်စေချင်လဲမသိဘူး။

ဦးပီတာလင်းပင်- အဘက ပြည်သူ့တပ်မတော်ဖြစ်စေချင်တာ ပေါ့။
အဘိုး ဒေါက်တာသိန်းမောင်က ပထမဆုံးသံအမတ် ကြီး၊ ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းဖို့ကြိုးစားခဲ့တာ။ အင်္ဂလိပ် လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တာ။ နောက်လေးနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင် သန်းထွန်းက အငယ်ဆုံးဝန်ကြီးအဖြစ်ပါခဲ့တာ။
အဘတို့ ရဲ့ရာဇ၀င်မှာ ထိုင်ပြီးရင် မထချင်တဲ့သူတွေများတယ်။
အခုဆို အဘတို့နိုင်ငံမှာ ဒီလိုမျိုးတွေမရှိတော့ပါဘူး။ ဒီလို ဖြစ်လာတာကို အဘလဲ ကြိုဆိုတယ်။
ထောက်ခံတယ်။

ရန်ကုန်တိုင်းမ်- အဘက လင်းပင်မင်းသားကြီးရဲ့မြစ်တော်ဆို တာသိရတော့ အဘတို့မိသားစုဆင်းသက်လာပုံလေးကို ပြောပြပေးပါလား။

ဦးပီတာလင်းပင်- ကနောင်မင်းသားကြီးရဲ့သားက လင်းပင်မင်း သား၊
အဘအဘိုး၊ အဘအ ဘိုးနဲ့ ယောအတွင်းဝန်ဦးဘိုလှိုင်ရဲ့သမီးနဲ့ ရတာ။
အမေ ရဲ့အဖေက ခုနကပြောတဲ့ ဒေါက်တာသိမ်းမောင်။
ဒေါက် တာသိမ်းမောင်က တိုင်းတာမင်းကြီးရဲ့မြေး၊ အမြောက် ၀န်ရဲ့သမီး၊ တိုင်းတာမင်းကြီးမှာ အမြောက်ဝန်နဲ့ရောက် စောက်ဆိုတဲ့သား နှစ်ယောက်ရှိတာ။ အဘတို့က အမြောက်ဝန်နဲ့အမျိုးစပ်တာ။

ရန်ကုန်တိုင်းမ်- အဘရဲ့မိသားစုကော အမေရိကားမှာ ကျန်ခဲ့ လားခင်ဗျာ။

ဦးပီတာလင်းပင်- အဘက မြန်မာပြည်ကသွားကတည်းက တစ်ယောက်တည်းထွက်သွားတာ။ အဘ ဟိုမှာ ၂၁နှစ် ကျော်နေတာ။
အဘက နိုင်ငံရေးလုပ်မယ်ဆိုတော့ မိသား စုမခေါ်သွားဘူး။ အခုကျတော့အဲလိုမဟုတ်ဘူး။ မိသားစုပါ တစ်ပါတည်းခေါ်လာကြတယ်။
ကိုစိန်ဝင်းတို့ဆို မိသားစုပါ တစ်ပါတည်းခေါ်လာတာ။ အဘရဲ့မိသားစုက အမေရိကား မှာမရှိဘူး။ မြန်မာပြည်မှာပဲရှိတာ။ ပြင်ဦးလွင်မှာရှိတယ်။
အမေရိကန်နိုင်ငံသားလည်း မခံယူထားဘူး။ နေ ထိုင်ခွင့်ရပြီး အဲဒီဟာနဲ့ပဲ ကူးလူးဆက်ဆံနေတာ။

ရန်ကုန်တိုင်းမ်- ပြည်ပရောက်မြန်မာတွေက တိကျတဲ့နည်း ဥပဒေတွေ၊ အမိန့်ကြော်ငြာစာတွေမရှိလို့ပြန်လာဖို့ နှောင့် နှေးနေတယ်ဆိုတဲ့စကားသံတွေကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘက ဘယ်လိုများသုံးသပ်မိလဲခင်ဗျာ။

ဦးပီတာလင်းပင်- ဥပဒေတစ်ခုထုတ်ပြန်ရတာ အချိန်ကြာပါ တယ်။ အဲဒီဥပဒေကိုရေးဆွဲနေတာလည်းကြားပါတယ်။ မြန်မာပြည်ကိုပြန်လာချင်ရင် မြန်မာသံရုံးနဲ့ဆက်သွယ်ရမယ် လေ။ ဒါကနည်းမှန်လမ်းမှန်ပဲလေ။ အဘလာတာက သံအ မတ်ကြီးကနေ နိုင်ငံခြားရေးဝန်ကြီး၊ ၀န်ကြီးကနေ သမ္မတ ကြီးဆီကိုစာပို့တယ်။ ဒါကနည်းမှန်လမ်းမှန်လေ။ ပြီးတော့ ပြန်လာမယ်ဆိုပြီး ဆုံးဖြတ်ပြီး အဘပြန်လာတယ်။ ဒီလို နည်းမှန်လမ်းမှန်ကို မဆုံးဖြတ်နိုင်တဲ့သူတွေကတော့ ပိုင် ဆိုင်မှုတွေရှိမယ်။ စားလို့ကောင်း၊ သောက်လို့ကောင်း၊ ၀င်ငွေတွေရှိနေတဲ့သူတွေပါ။ အဘတို့က လူငယ် တွေကို ဦးစားပေးရမှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်ထက် သန်စွမ်းတဲ့လူငယ်တွေကို တင်ပေးနိုင်ရင် တိုင်းပြည်အနာ ဂတ်ကောင်းလာမယ်လို့ထင်ပါတယ်။

ရန်ကုန်တိုင်းမ်- အန်အယ်လ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာပါတီတစ်ခုအနေနဲ့မှတ်ပုံတင်ဖို့ ရှိ၊ မရှိဆိုတဲ့အပေါ် မှာ အဘအမြင်ကို သုံးသပ်ပေးပါ။

ဦးပီတာလင်းပင်- အန်အယ်လ်ဒီရွေးကောက်ပွဲဝင်ပြိုင်ဖို့ မှတ်ပုံ တင်လည်းမထားဘူး။ အကောင်းဆုံးကတော့ ဒေါ်အောင် ဆန်းစုကြည်က နောက်ပိုင်းမှာ အသက်က ၇၀၊ ၈၀လောက် ရှိလာပြီ၊ တိုင်းရေးပြည်ရေးနဲ့ ပါတီရေးကို အဓိကမထား ရင် ပိုကောင်းမယ်လို့ထင်တယ်။

ရန်ကုန်တိုင်းမ်- နိုင်ငံတော်သမ္မတကြီးက အဘကို တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေဆီသွားပြီး ငြိမ်းချမ်းရေး စကားဆိုခိုင်းရင် အဘသွားဖို့အသင့်ရှိပါလားခင်ဗျာ။

ဦးပီတာလင်းပင်- သမ္မတကြီးက သွားခိုင်းရင်သွားဖို့ အသင့်ရှိ ပါတယ်။
သမ္မတကြီးကရော တချို့အရာရှိတွေကော စိတ် ကောင်းစေတနာရှိတာများတယ်။
တိုင်းရင်းသားတွေမှာ လည်း စိတ်ကောင်းစေတနာရှိတာများပါတယ်။
တချို့အရာ ရှိတွေက လေးစားမှုမရှိပါဘူး။
နှစ်ပေါင်းများစွာတိုက်ခိုက် လာတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကို သားအရွယ် လေးတွေက ဟောက်လား၊ ဟိန်းလားတွေရှိတော့ ပြည်သူ ကိုစော်ကားနေတာနဲ့အတူတူပဲ။
ပြည်သူကိုမစော်ကားဘဲ နဲ့ ပြည်သူ့အာဏာကိုတည်ဆောက်ပေးနိုင်ရင် ကောင်း မယ်။ အခုလည်း တော်တော်များများပြောင်းလဲလာပြီလို့ ထင်ပါတယ်။

ရန်ကုန်တိုင်းမ်- ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းက ပြည်တွင်းငြိမ်းချမ်းရေးကိုအလျင်အမြန်ရချင်နေ လဲ ခင်ဗျာ။

ဦးပီတာလင်းပင်- တိုင်းရင်းသားအဖွဲ့အစည်းတော်တော်များ များက သေသေချာချာလုပ်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်နိုင်တယ်။ ချင်းအဖွဲ့ကျတော့ နည်းနည်းခက်မယ်ထင် တယ်။ တိုင်းရင်းသားအဖွဲ့တွေကတော့ ဒီအချိန်ဟာအ ကောင်းဆုံးအခြေအနေဆိုတာသိသင့်တယ်။ ဒီတော့ သူ တို့တွေက လက်ရှိအခြေအနေကို အမိအရ ဆုပ်ကိုင်သင့် တယ်။ တချို့ တိုင်းရင်းသားခေါင်းဆောင်တွေက အရည် အသွေးအားနည်းတော့ အပြုရယ်၊ အပျက်ရယ်မှာ အပျက် ဘက်ကိုဘဲ ဦးတည်စဉ်းစားနေတယ်။ ဒီတော့ သူတို့က သတ်ဖို့ဖြတ်ဖို့ကို စဉ်းစားနေတယ်။ အတွေးအခေါ်အမြော် အမြင်တတ်တဲ့သူကတော့ သေနတ်ရှိရင် ကာကွယ်ဖို့ကိုပဲ တွေးတယ်။ ဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အဘ တို့မိသားစုစိတ်ဓာတ်နဲ့လုပ်မှရမယ်။ တိုင်းရင်းသားတွေက ရိုးသားမှုရှိတော့ အဘတို့က အပေါ်စီးကနေ လုပ်လို့မရ ဘူး။ အောက်ကနေသွားမှ ရမယ်။

ရန်ကုန်တိုင်းမ်- မြန်မာနိုင်ငံအပေါ်ကို အီးယူရဲ့သဘောထား ကပြောင်းလဲသွားတာတွေ့ရပါတယ်။ အမေရိကန်ကတော့ ပြောင်းလဲခြင်းမရှိတဲ့အပြင် တုတ်တစ်ဖက်၊ မုန်လာဥတစ်ဖက် ဆိုတဲ့မူကို ဆက်ကိုင်ထားပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရ သစ်ပြောင်းလဲသွားပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင် နေခြင်းအပေါ် အမေရိကန်က ဘယ်လိုသဘောထားသလဲ ဆိုတာ အဘအနေနဲ့ အနီးစပ်ဆုံး သုံးသပ်ပြပေးစေချင် ပါတယ်။

ဦးပီတာလင်းပင်- အဘက အမေရိကန်ရှဲ့အအေနီနစမေအာနညအ နဲ့ခင်တယ်။ အဘသိသလောက်ပြောရရင် အမေရိကန် ကိုလည်း တို့မီး၊ ရှို့မီးလုပ်နေတဲ့သူတွေများတယ်။
အဲဒီ ကောင်တွေက သူတို့လည်းစားရအောင်၊ ဟိုကောင်လည်း စားရအောင်လုပ်နေတာတွေရှိတယ်။ အင်န်ဂျီအိုကို ဒေါ်လာတစ်သန်း ထုတ်ပေးရင် ဖြတ်စား၊ လာဘ်စားလုပ် တာနဲ့ တကယ်လုပ်တဲ့ကောင်က နည်းနည်းပဲရတယ်။
အဲလို ဖြတ်စားတဲ့ကောင်တွေက ဘယ်ပြီးချင်မလဲ။
ဒါကြောင့် အဘ သမ္မတကြီးဆီကိုပေးတဲ့စာမှာ အတ္တသမားတွေက အနှောင့်အယှက်ပေးနေတယ်လို့မြင်တယ်လို့ ထည့်ရေး ထားတာ။
အဲဒီလိုစားပေါက်ရှိနေတဲ့ကောင်တွေက အဘတို့ လုပ်ငန်းတွေကို ဖျက်စီးဦးမှာပဲ။

ရန်ကုန်တိုင်းမ်- အဲဒီလိုအနှောင့်အယှက်ပေးနေတဲ့သူတွေကို ဘယ်လိုနည်းမျိုးနဲ့ဖြေရှင်းနိုင်မယ်လို့ အဘထင်ပါသလဲ။

ဦးပီတာလင်းပင်- အဘ အင်္ဂလန်ရောက်တုန်းက ဗမာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ပွဲတစ်ပွဲကို သခင်သာခင်ရဲ့မြေးဆရာဝန် နဲ့ရောက်သွားတာ။
အဲဒီအဖွဲ့မှာ ဗမာတစ်ယောက်မှမပါဘဲ နဲ့ လှုပ်ရှားမှုလုပ်နေတာကိုတွေ့ရတယ်။
ဒီလိုအနှောင့်အ ယှက်ပေးတဲ့အဖွဲ့အစည်းတွေကို ပြည်သူတွေသိပါတယ်။
အဘအနေနဲ့ အဲဒီအဖွဲ့တွေရဲ့မူတွေကိုပဲ မကြိုက်တာပါ။ လူတွေကိုတော့ မုန်းတီးတာတွေမရှိပါဘူး။

ရန်ကုန်တိုင်းမ်- အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
Sourcehttp://www.yangonmedia.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အာဖဂန် သမ္မတ အိမ်တော် ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရ

A Huge explosion and some gunshots have been reported near the Afghan presidential palace
in the capital city of Kabul.
Source Photo from http://www.presstv.ir/

အာဖဂန် သမ္မတ အိမ်တော်

ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရ

27 September, 2011

အာဖဂန် နစ္စတန် နိုင်ငံမြို့တော် ကာဘူး(လ်)ရှိ သမ္မတ အိမ်တော် အနီးမှာ ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ(၃)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိ ရပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သမ္မတ အိမ်တော်ကို ပစ်မှတ်ထားကာ ဒုံးကျည်နဲ့ ပစ်လွှတ် ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်မှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းဌာနတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သီးခြားဖြစ်စဉ် တစ်ရပ်အနေနဲ့ မြို့တော် ကာဘူးလ်ရှိ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ စီအိုင်အေမှ အသုံးပြုနေတဲ့ အမေရိကန် သံရုံး ၀င်းအတွင်းရှိ အာရီယာနာ ဟိုတယ် အတွင်းမှ ထွက်ပေါ် လာခဲ့တာ ဖြစ်တယ်လို့ အာဖဂန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။ ၀ါရှင်တန်မှ အမေရိကန် အာဏာပိုင်တွေကတော့ အဆိုပါ အဆောက်အဦမှာ တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့ပေမယ့် ကာဘူးလ်မှ စီအိုင်အေနဲ့ အမေရိကန် သံရုံးမှ အရာရှိတွေကတော့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက် မှုဟာ ကာဘူးလ် မြို့ရှိ အမေရိကန် သံရုံးနဲ့ နေတိုး စစ်ဌာနချုပ်တို့ တိုက်ခိုက် ခံခဲ့ရပြီး (၂)ပတ် အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Credit http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူထု စိန်ဝင်း ကို ချီးထုပ် ဖြင့် ပေါက်မည့် သတင်းများ ထွက်ပေါ်

လိမ်တာသိဖို့ အရေးကြီး

ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ စိတ်ဓါတ်ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။
အရေးကြီးတာက ကိုယ်တယောက် ကြီးပွါးချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး
လိမ်နေတဲ့သူတွေကို ခွဲခြားသိမြင်ဖို့သာ ဖြစ်တယ်။
ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက်ရမှာပါ။
ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
http://www.fdburma.org မှကူးယူဖေါ်ပြပါသည်။

လူထု စိန်ဝင်း ကို ချီးထုပ် ဖြင့် ပေါက်မည် ဟု

သတင်းများ ထွက်ပေါ်

by politics on September 27, 2011

ယမန် နေ့ က ပြည်သူတစ်ရပ် လုံး ကို ကိုယ်စားပြု သည့် အဖွဲ့  အစည်း နှင့် လူပုဂ္ဂိုလ်များက
အုံးအုံး ကြွက်ကြွက် ဆန္ဒပြ နေစဉ် ရန်ကုန် အခြေစိုက် ဂျာနယ်တစ်စောင် ၏ အရံသင့် ကြည့်
ရှု နိုင် သော စာမျက် နှာ တွင် ဆန္ဒပြသူ များ နှင့် ပြည်သူ များ ၏ သဘော ထား ကို စော်ကား
ရင့်သီး မလိုမုန်းထား မင်းသာခေါင်းဆောင်း ထား သည့် ဘီလူး ရုပ် ကွာ ကျ သကဲ့ သို့  ပြော
ခဲ့ သည့် စာရေး ဆရာ လူထု စိန်ဝင်း ကို ချီးထုပ် ဖြင့် ပေါက်မည် ဆိုသည့် သတင်း များ ကျယ်
ကျယ် ပြန့်  ပြန့်  ထွက် ပေါ် နေ သည် ဟု FNG မှ သိရှိ ရသည်။

လူထု စိန်ဝင်း သည် ယမန် နေ့ က ပြည်သူလူထု ၏ ဆန္ဒထုတ် ဖော်မှု ဉ် စစ်အာဏာရှင် နှင့်
လူဗာလနံ များ အလို ကျ ယခု ကဲ့သို့  ရေးသား ဖော်ပြ ခဲ့သည်။

“မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။
အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန
ၵေစာတာ မျဖစ္သင့္ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေး
သင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ
က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လို
ပါတယ်”

စာရေးဆရာ နှင့် ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း ၏ ပြောကြား ချက် နှင့် ပတ်သက်ပြီး
ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာ ဌာန မှ ဆရာ မ တစ်ဦး က သတင်း သမား က သတင်း သမား
လို နေပါ လား ဘာ ဖြစ် လို့  ပြည်သူ ကို စော်ကား တာလဲ ၊ ၂၃ နှစ် စောင့် ခဲ့ ပြီး ပြီ ဘယ်အထိ
ထပ်စောင့် ရမလဲ ဟု ပြောသည်။

လူထု စိန်ဝင်း အား ချီးထုပ်ဖြင့် ပေါက်ခြင်း ကို ယမန် နှစ် မြို့ တော်ဝန် ဟောင်း ဦး အောင်သိန်း
လင်းနှင့် စာပေ စီစစ် ရေး ရုံး တို့  ကို ချီးထုပ် ဖြင့် ပေါက်ခဲ့ သည့် ကိုဘပု က တာဝန် ယူမည်
ဖြစ်ပြီး ရန်ကုန် မြို့  ရှိ အချို့ သော လူငယ် များ က လည်း တစ်ခု ခု တုံ့  ပြန် မည် ဟု ဆိုကြသည်။

စာရေး ဆရာ လူထု စိန်ဝင်း သည် ယခင်က တည်း က စစ်အစိုး ရ နှင့် နီးစပ် သူ ဖြစ် မည် ဟု
ထင်မြင်သူ များ လည်း ၎င်း သည် သူ့ လူ ကိုယ်ဘက်သား ပုံ စံ အသွင် ဆောင် နေ ခြင်း သာ
ဖြစ် သည် ဟု ရန်ကုန် မြို့ မှာ လူငယ် ဂျာနယ် လစ်များ က သုံး သပ်ကြသည်။

ယမန်နေ့  က ဖြစ်စဉ် တွင် မီဒီယာ နယ် မှ ပုဂ္ဂိုလ် တစ်ချို့  အရှိန် လွန် မှု နှင့် ပတ် သက် ပြီး ပြန်
ကြား ရေး ၀န်ကြီး ဦး ကျော်ဆန်းက လူတွေ ကိုယ် က ဘယ် နာရာ လဲ အဲဒီ နေရာ က ဘာပဲ
လုပ် ရလဲ ဘာမလုပ် ရ ဘူး လဲ မသိကြ ဘူး အဲဒါကြောင့် လူမုန်း ကြတာ ဟု ပြောခဲ့ သည် မြန်
မာ့ အသံ မှ အကြီး တန်း အရာ ရှိ တစ် ဦး က FNG သို့  ပြောသည်။

ထင်ရှား သော် ဂျာနယ် ကြီး တစ်စောင် ၏ အရံ သင့် စာမျက် နှာ မှတ်ချက် ပေး မှု များ တွင် ဆဲစာ
များ တွင် တွင် လာ နေ၍ မနည်း ဖျက် ထုတ် နေရသည် ဟု လည်း ရန်ကုန် နားမျက် စေ့ ကြီးသော
သတင်း လော က မှ တစ်ဆင့် သိရှိ ရသည်။


Credit http://freedomnewsgroup.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 26, 2011

ဘာတွေဖြစ်တော့မှာပါလိမ့်



Source Audio from http://www.dvb.no




Source Video from video Burma River Network

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား

ဓါတ်ပုံ( 7 Day News )
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား

Sunday, 25 September 2011

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။
“မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။
တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။
ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။
ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။
သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော်
မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။
ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည်
ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။

"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။
အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။
မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။
မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်

ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။

အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။

ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။

အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး ကြားရတာ
ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။

အခု အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။
တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။
အခုခေတ်မှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။
နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။
ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ
ဆန့်ကျင်ကြပါတယ်။
ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”
ဓါတ်ပုံ( 7 Day News )

ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။
ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ်လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကို အနှောက်အယှက်
မဖြစ်စေချင်ဘူး။
အခုချိန်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကာလပါ။
ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့ ရည်ရွယ်ချက် မပျက်စေချင်ဘူး။”

ဆက်လက်ဖော်ပြပါမည်။

Credit http://www.news-eleven.com





Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အလင်းထုတ် စက်ဘီးသစ် လာပြီ


Source Photo from http://core77.com/blog/transportation

အလင်းထုတ် စက်ဘီးသစ် လာပြီ

26 Sep, 2011

မြို့ပြ လမ်းမများ ထက်တွင် ညအချိန် စက်ဘီး မောင်းနှင့်ခြင်းမှာ အန္ဒရာယ် များလှသည့် လုပ်ရပ်တစ်ခု ဖြစ်ပြီး မှေးမှိန်လှ သည့် မီးလုံးများကြောင့် ကားမောင်းသူများ၏ အမြင် အာရုံတွင် ရှင်းလင်းမှု မဖြစ် စေသဖြင့် ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နေရမှုများ ရှိသော်လည်း ယခုတွင်မူ ယင်းသို့သော ဖြစ်ရပ်များ ကို ရှောင်ရှားနိုင်တော့မည် ဖြစ်သည်။

အသစ် တီထွင်လိုက်သည့် Revolights ခေါ် စနစ်သစ်အရ စက်ဘီး၏ ဂွေတွင် ထည့်သွင်း တပ်ဆင်ထားသည့် LED မီး စနစ်သစ်ကြောင့် စက်ဘီး စီးနင်းသူများ အနေဖြင့် မိမိတို့၏ လမ်းကြောင်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည့် အပြင် ကားမောင်းသမားများ မှာလည်း စက်ဘီး ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့မည် ဖြစ်သည်။ စမ်းသပ်မှုတွင် ဖော်ပြရာ၌ ယင်းစက်ဘီးမှာ ပုံမှန်အားဖြင့် မှိတ်တုတ် မှိတ်တုတ်သာ လင်းနေသော်လည်း စက်ဘီးအား စီးနင်းလိုက်သည်နှင့် တောက်ပသည့် အလင်းရောင်ကို ထုတ်လွတ်ပေးမည် ဖြစ်ကာ ရှင်းလင်းသည့် အမြင်နှင့် ထင်ရှားမှုကို ပေးစွမ်း မည် ဖြစ်ကြောင်း သိရသည်။

ဆန်ဖရန်ဆစ်စကို အခြေစိုက် အဆိုပါ ကုမ္ပဏီမှာ ယခု တီထွင်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စက်ဘီးအား လေးဘက်လေးတန်မှ မြင်တွေ့နိုင်ရန် တီထွင် ထားခြင်း ဖြစ်သည်။ ယခုလို လင်းအား ဖြစ်စေရန်အတွင် စက်ဘီး၏ Hub အုံအတွင်းတွင် ထည့်သွင်းထားသည့် ပြန်လည် အားသွင်းနိုင်သော လစ်သီယံ ဘက်ထရီကို အသုံးချထားခြင်း ဖြစ်ကာ စက်ဘီး၏ ခွဆုံတွင် ရှိသည့် သံလိုက်လှိုင်းဖြင့် အလင်းကို လှုပ်ရှားစေမည် ဖြစ်သည်။ ယခု တီထွင်မှုကို ဈေးကွက် အတွင်း ရောင်းချနိုင်ရန် အတွက်လာမည့် ၂၀၁၂ ခုနှစ်တွင် လျာထားပြီး စက်ဘီးသမားများ အတွက် ပိုမို ဘေးကင်း လုံခြုံသည့် စနစ်သစ် ပေါ်ထွက်လာတော့မည် ဖြစ်သည်။

revolights. join the revolution. from revolights on Vimeo.


Source Video from http://core77.com/blog/transportation/bike_safety_lighting_system_part_4_revolights_join_the_revolution_20158.asp


source : CNN news

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘိုးအင်း ၇၈၇ လေယာဉ်သစ် စတင် ပျံသန်းပြီ

All Nippon Airways Boeing 787 Dream liner JA801A ZA101
Source Photo from http://www.google.com/images

ဘိုးအင်း ၇၈၇ လေယာဉ်သစ် စတင် ပျံသန်းပြီ
26 September, 2011

နိုင်ငံတကာ လေကြောင်း ပျံသန်းမှုများတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ဘိုးအင်း ကုမ္ပဏီမှာ ၎င်း၏ နောက်ဆုံးထွက် လယာဉ်မျိုးဆက်သစ် ဖြစ်သည့် ဘိုးအင်း ၇၈၇ လေယာဉ်သစ်အား ပထမဆုံး အကြိမ် အဖြစ် လေကြောင်းလိုင်းတွင် စတင် ပြေးဆွဲလိုက်ပြီ ဖြစ်သည်။ အဆိုပါ လေယာဉ် ကိုယ်ထည်မှာ အထူးပေါ့ပါး ခိုင်ခန့်သည့် ပလတ်စတစ် ကွန်ပိုဆိုက်ဖြင့် ပြုလုပ်ထားပြီး ယခင် လေယာဉ်များ ထက်စာပါက ဆီစားနှုန်း ၂၀ ရာနှုန်း သက်သာစေရန် တီထွင်ထားခြင်း ဖြစ်သည်။

အမှာစာ ပေးထားသည့် လေကြောင်းလိုင်းများထံသို့ ပေးအပ်မည့် ရက်ထက် ၃ နှစ် နောက်ကျပြီးမှသာ ပေးအပ်နိုင်ခဲ့ သည့် ယခု လေယာဉ်သစ်မှာ ယခင် ခန့်မှန်းထားသည့် ထက် ကုန်ကျစရိတ် ပိုမို မြင့်မားခဲ့ပြီး ဒေါ်လာ ၃၂ ဘီလီယံ အထိ သုံးစွဲခဲ့ရကြောင်း သိရသည်။ ပုံမှန်အားဖြင့် လေယာဉ်သစ်မှာ ဒေါ်လာ ၁၅ ဘီလီယံသာ ကုန်ကျခြင်း ဖြစ်သည်။ ယခုလို ပထမဆုံး ထွက်ရှိလာသည့် လေယာဉ်သစ်မှာ All Nippon Airways သို့ စတင် ပေးအပ်ခဲ့ခြင်း ဖြစ် သည်။ ယခု လေယာဉ်မှာ ဂျပန် နိုင်ငံသို့ အင်္ဂါနေ့တွင် ပေးပို့သွားမည် ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၆ ရက်တွင် လေကြောင်း ပို့ဆောင်မှုကို စတင် ပြုလုပ်မည် ဖြစ်သည်။


source : reuters

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 25, 2011

ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် သံဃာ့အဖွဲ့များ ကြေညာချက်ထုတ်ပြန်

Source Photo from http://www.bbcnews.com/burmese/images

ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့်

သံဃာ့အဖွဲ့များ ကြေညာချက်ထုတ်ပြန်
2011-09-25

သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ အဖြစ် လူထုက ယုံကြည် လက်ခံစေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာ လွှတ်ပေးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခါသမယမှာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေး ကတည်းက သံဃာတော်တွေ တောင်းဆိုထားတဲ့ အချက်တွေကို တစုံတရာ လိုက်လျော လုပ်ဆောင်ပေးခြင်း မရှိတဲ့အပြင် အကျဉ်းထောင်တွေထဲမှာ သံဃာတော် (၂၂၂) ပါး အကျဉ်းချခံထားရဆဲ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မဝံသ က မိန့်ကြားပါတယ်။

“ဒီမိုကရေစီ စနစ်နဲ့ တကယ်သွားနေပါတယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ အစိုးရတရပ်အဖြစ် ရပ်တည်နေပါတယ် ဆိုတာကို သက်သေပြချင်ရင် ချိတ်ပိတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပြန်ဖွင့်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ရဟန်းသံဃာတွေကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုပါတယ်”

ဒါ့အပြင် တိုင်းပြည် စည်းလုံးညီညွတ်ရေး ရရှိဖို့အတွက် တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ပြီး ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံသား အားလုံး စိတ်ထိခိုက် နာကျင်စေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ဖို့လည်း သံဃာ့ တပ်ပေါင်းစုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်တွင်းက “ရဟန်းပျိုများ သမဂ္ဂ” လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ကြေညာချက်မှာ- ရွှေဝါရောင် အရေးအခင်းမှာ အသက်ပေးလှူ သွားသူတွေကို ဂုဏ်ပြုလိုက်သလို အာဏာရှင်အမွေကို ဆက်ခံတဲ့ အစိုးရကို ရာဇဝတ်ကောင် အနေနဲ့သာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

သံဃာ့တပ်ပေါင်းစုရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး သံဃ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဦးဓမ္မဝံသကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.




Source Audio from http://www.bbcnews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရုတ် မြန်မာနယ်စပ် အစိုးရ တပ်စခန်း KIA တိုက်ခိုက်


တရုတ် မြန်မာနယ်စပ် အစိုးရ တပ်စခန်း KIA တိုက်ခိုက်
2011-09-25

မနေ့ညဦးပိုင်းက တရုပ် မြန်မာနယ်စပ် အနီးရှိ နံဖတ်ကာမြို့ အခြေစိုက် မြန်မာ အစိုးရတပ် ခလရ (၁၂၃) ကို KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံချက် မရသေးပေမဲ့ သူတို့တပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ခဲ့တာ သေချာကြောင်း KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။

" ညဦးပိုင်းက (၁၂၃) တပ်ရင်းကို ကျနော်တို့ အဖွဲ့က ပြောက်ကျား ၀င်ပစ်တာပါ။ မူဆယ်နဲ့ ကွတ်ခိုင်ကြားက နံဖတ်ကာမြို့မှာပေါ့။ ၀ိုင်းမော် မြစ်ကြီးနားမှာလည်း စစ်ကြောင်းတွေဝင်လာပြီလို့ ကြားရတယ်။"

ဒီအတောအတွင်း ကချင်ပြည်နယ်က သူတို့တပ်ဖွဲ့တွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်နေ သလို နောက်ထပ် စစ်ကူတပ်ဖွဲ့တွေလည်း ရောက်ရှိနေကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါ တယ်။

ဒီလို အခြေအနေတွေကြောင့် သူတို့အနေနဲ့ အမှန်တကယ် နိုင်ငံရေး အဖြေရှာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆိုရင် လက်ခံမှာ ဖြစ်ပြီး၊ ဘာမှလုပ်ပိုင်ခွင့် မရှိတဲ့ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်နဲ့တော့ ဆက်လက် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေး

မဟာဗမာ စစ်အစိုးရ၏ လက်ပါးစေစစ်တပ်
အစိုးရထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေး
2011-09-25

ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ KIO တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်က ထိုးစစ် စတင်လာတဲ့ အတွက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နယ်က ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ထွက်ပြေးကြသူ အရေအတွက် အတိအကျမသိရသေးပေမယ့် ထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ KIA သတင်းရပ်ကွက်က ပြောဆိုပါတယ်။

တရုတ်နိုင်ငံကို သွယ်တန်းမယ့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ (၄) ဒေသမှာ အစိုးရတပ်က အင်အားတွေ တဖြည်းဖြည်း များလာပြီး လက်နက်ကြီးပစ်ကူနဲ့ တပ်တွေ ရှေ့တိုးလာတာကြောင့် ဒေသခံ ကျေးရွာတွေက ထွက်ပြေးနေကြတာပါ။

KIO အဆိုအရ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေဆဲပဲလို့ သိရပါတယ်။ တပ်မဟာ (၄) ရဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီးဇော်ရော်က- အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ ဒေသအတွင်းက တီးမား၊ မုံးစီး စတဲ့ရွာတွေ အပါအဝင် ကျေးရွာအတော်များများက ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ဘက်အထိ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“ကြားရတာ ဒုက္ခသည်တွေ အခု လမ်းခုလတ်မှာ ရောက်နေတယ်။ တချို့ ဒုက္ခသည်တွေကျတော့ နယ်စပ်တွေမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ခိုလှုံနေတယ်လို့ သိရတယ်။ တချို့ကလည်း နီးရာနီးကြောင်း တောတောင်တွေမှာ ခိုအောင်းနေတာတွေ ရှိသလို တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတာတွေလည်း ရှိတယ်။ နမ့်ဖတ်ကာ အောက်ပိုင်းက ရင်း (၈) နယ်မြေဘက်မှာ ရှိတယ်။ ပြီးရင် တပ်ရင်း (၂) နဲ့ တပ်ရင်း (၉) ဧရိယာဘက်မှာ မုံးစီးတဝိုက်ပေါ့၊ တာမိုးညဲ မြို့နယ်ခွဲ အဲဒီဒေသတွေက ခပ်များများ ဖြစ်မယ်။ ကျနော်တို့လည်း ဒုက္ခသည်စခန်း တိတိပပ လုပ်ထားတဲ့ဟာ မရှိတော့ သဘက်ခါလောက်မှ အသေအချာ သိရမယ်”

မနေ့က KIO တပ်မဟာ (၄) ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို တပ်မဟာ (၃) ဒေသ လွယ်ကျယ်မြို့ အနီးမှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတယ်လို့ နယ်စပ် ‘လားရင်း’ ရွာက မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စခဲ့တဲ့ အစိုးရတပ်တွေနဲ့ KIO တိုက်ပွဲတွေ နောက်ပိုင်း မိုးမောက်၊ ဝိုင်းမော် မြို့နယ်အတွင်းက ဒေသခံတွေ ပြည်တွင်း ဒုက္ခသည်တွေအဖြစ် မြစ်ကြီးနား၊ လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ တောတွင်း နေရာတွေမှာ တိမ်းရှောင်နေကြသူ ၃ သောင်းလောက် ရှိတယ်လို့သိရပါတယ်။ တပ်မဟာ (၄) ဒေသ ထိုးစစ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည် အရေအတွက်ကိုတော့ အခုချိန်အထိ မသိရသေးပါဘူး။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 24, 2011

ကချင်ပြည်နယ်မှာ အစိုးရထိုးစစ် စတင်


ကချင်ပြည်နယ်မှာ အစိုးရထိုးစစ် စတင်
2011-09-24

ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရတပ်ဘက်က ထိုးစစ်ကြီး စတင်ပြီ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

အစိုးရတပ်တွေရဲ့ အဓိက ထိုးစစ်ဟာ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလမှာ စတင်နိုင်တယ်လို့ KIO ဘက်က ခန့်မှန်းထားပေမယ့် ထိုးစစ်ကို စောပြီး စတင်တာဖြစ်တယ်လို့ KIO တပ်မဟာ (၄) ရဲ့ တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

အခု စတင်တဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းတဲ့ လမ်းကြောင်းမှာ ကျနေတဲ့ KIO တပ်မဟာ (၄) နယ်မြေမှာ မနေ့က စတင်တာလို့ သိရပါတယ်။

ဒီ ထိုးစစ် စတင်ဖို့ ပြီးခဲ့တဲ့လပိုင်းက စပြီး တပ်စုဆောင်းတာ၊ တပ်ရွှေ့ပြောင်းတာတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်တွေကလည်း အစိုးရတပ်တွေဟာ KIO စစ်ဌာနချုပ်ရှိရာ တရုတ်-မြန်မာ နယ်စပ်ဘက်မှာ အားစမ်းတဲ့ ထိုးစစ်တွေ လုပ်ခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

အခုလို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် KIO အနေနဲ့ ခံစစ်အပြင် ပြောက်ကျားပုံစံနဲ့ ပြန်လည် တိုက်ခိုက်နေတာလို့ KIO တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုရဲထက်ရဲ့ စုစည်းတင်ပြချက်နဲ့ ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။





Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့တွင် အကျဉ်းသား အမြောက်အများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ထိုင်းအစိုးရ စီစဉ်နေ

ဖြူထိုင်းပါတီအမတ် Korkaew-Pikulthong
Source Photo from http://www.daylife.com

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲတွင် အကျဉ်းသား အမြောက်အမြား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဖြူထိုင်းပါတီဦးဆောင်သော ထိုင်းအစိုးရက စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ မျက်ကွယ်ထောင်ဒဏ်ချမှတ် ခံထားရသော သက်ဆင်ကို လွတ် ငြိမ်းချမ်းသာခွင့် ပေးရန်အတွက် တစ်ဖက်လှည့်ဖြင့် စီစဉ်မှုဟု အတိုက် အခံဒီမိုကရက်တို့က ဝေဖန်ခဲ့ကြသည်။

ဖြူထိုင်းပါတီမှ အမတ် Kor-kaew Pikulthong က ဘုရင်ကြီး၏ ၇ နှစ်စက်ဝန်းထပ်ကျော့သည့် မွေး နေ့ (၈၄ နှစ်=၇x၁၂) တွင် အကျဉ်း ကျ သူအမြောက်အမြားပါဝင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်အဆိုပြုမည်ဖြစ် သည်ဟု စက်တင်ဘာလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးပရာချာ ပရွန်နော့က ထောင်များမှာ အကျဉ်းသားများနှင့် ပြည့်လျံနေပြီဟု ပြောခဲ့ကြောင်း၊ လူ ၁၄၀၀၀၀ သာဆန့်သည့် ထောင်များထဲတွင် ၂၃၀၀၀၀ မျှရှိနေကြောင်း Korkaew က ပြောကြားခဲ့ သည်။ မည်သည့်ပြစ်ဒဏ်ကျခံရသူများ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြုံးဝင်မည်ဟု မသိရသေးသော်လည်း သက်ဆင်လွတ်သွားမည်ဟု အများစုက ယူဆနေကြသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ခေါင်းဆောင်မှုဆုတံဆိပ်ချီးမြှင့်နေစဉ်


ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၃ ခုနှစ်က ဇနီးအမည်ဖြင့် အိမ်ရာဝယ်ယူမှုတွင် အာဏာအလွဲသုံးမှုဖြင့် ၂၀၀၈ ခုနှစ် မျက်ကွယ်ထောင် ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည်။

Korkaew က အစိုးရသည် ရှပ်နီများ ၏ သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အသနားခံစာ တင်ပြမှုကို ဘုရင်မင်းမြတ်ထံ တင်ပြသွားမည် ဖြစ်သည်ဟုပြောကြားခဲ့သည်။ ယင်းအသနားခံစာသည် အဘ်ဟီးဆစ် အစိုးရလက်ထက်တွင် နှစ်နှစ်ကြာမျှ ဇာတ်မြောနေသည့်ကိစ္စ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသည် ယမန်နှစ် မငြိမ်မသက်မှုများနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုစွဲချက်၊ နှစ်လုံး သုံးလုံးထီများ တရားမ၀င်ဖွင့်မှုစွဲချက်၊ အိမ်နီးချင်းနိုင်ငံသို့ Exim Bank များမှ ငွေချေးမှုတွင် ဆက်နွှယ်ပြီး အာဏာ အလွဲသုံးမှု၊ ထိုင်းရေနံဓာတုလုပ်ငန်း ပြန်လည်ထူထောင်ရေးပြင်ဆင်ရေး တွင် ပါဝင်ပတ်သက်မှုစွဲချက်များနှင့် လည်းရင်ဆိုင်နေရသည်။
ဘုရင်လိုလားသူများနှင့်ဒီမိုကရက်တို့နှင့်ဆက်နွှယ်သည်ဟု ထင် ရှားသည့် ရှပ်ဝါများကမူ ရှပ်နီတို့နှင့် သက်ဆင်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ပြောကြားထားသည်။

Ref: Bangkok Post

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုးများ ဓါတုဗေဒ နည်းပညာများဖြင့် ထိန်းသိမ်း ပြုပြင်

Source Photo from http://www.google.com/images

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုးများ

ဓါတုဗေဒ နည်းပညာများဖြင့် ထိန်းသိမ်း ပြုပြင်လျက်ရှိ

24 September 2011
by mrtv4.net

မြန်မာတို့ရဲ့ ရှေးဟောင်း အမွေအနှစ်များ တည်ရှိလျက်ရှိတဲ့ ပုဂံဒေသရှိ ရှေးဟောင်းပုထိုးများမှ နံရံဆေးရေး ပန်းချီများ ၊ အင်္ဂတေပန်းများ ၊ ရှေးဟောင်းဂူများရှိ အုတ်ခွက်များကို ဓါတုဗေဒ နည်းပညာ များနဲ့ ထိန်းသိမ်းထား လျက်ရှိတယ်လို့ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာနမှ သိရှိရပါသည်။

ရှေးဟောင်း အမွေအနှစ် ဒေသများကို ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရာမှာ အဆောက်အအုံ ပိုင်းဖြစ်တဲ့ ရှေးဟောင်း အဆောက်အအုံ ၊ စေတီပုထိုးများရဲ့ အဆောက်အအုံများ ပြုပြင် မွမ်းမံခြင်းနှင့် အတွင်းပိုင်း ပန်းချီ ၊ ပန်းပု လက်ရာများကို ပြုပြင် မွမ်းမံခြင်းတို့နဲ့ ထိန်းသိမ်းဆောင်ရွက် လျက်ရှိတယ်လို့ သိရပါသည်။

အဲ့ဒါကြောင့် အတွင်းပိုင်းမှာရှိတဲ့ အင်္ဂတေပန်း ၊ စဥ့်လက်ရာပန်း ၊ နံရံဆေးရေး ပန်းချီများကို ဓါတုဗေဒ နည်းပညာများ အသုံးပြုပြီး သိပ္ပံနည်းကျ ကြေးချွတ်ခြင်း ၊ ကြံ့ခိုင်မှုအတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ရပါသည်။

ဒါ့အပြင် ပန်းချီလက်ရာ များဟာလည်း နှစ်ကာလ ကြာရှည်တာ နဲ့အမျှ အရောင်အသွေး ပျက်တဲ့အတွက် ရေရှည်မှတ်တမ်း ကျန်ရှိအောင် အဆိုပါ လက်ရာများကို Digital နည်းပညာများနဲ့ ဓါတ်ပုံရိုက်ပြီး စနစ်တကျ ထိန်းသိမ်းထားလျက် ရှိတယ်လို့လည်း သိရပါသည်။ ယခုနှစ် အတွင်းမှာလည်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန okawoe Archaeological Survey of India နဲ့ ပူးပေါင်းပြီး အာနန္ဒာဘုရားကြီး ရေရှည်တည်တံ့ ထိန်းသိမ်းရေးများကို ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါသည်။

လာမယ့် နိုဝင်ဘာလ အတွင်းမှာလည်း အာနန္ဒာ ဘုရားကြီးရဲ့ အမိုးလျောများမှ မိုးရေမစိမ့်အောင် ခေတ်မီ နည်းစနစ်များနဲ့ ပြုပြင် ထိန်းသိမ်း ခြင်းများကိုလည်း ဆောင်ရွက် သွားမယ်လို့ သိရပါသည်။ အဆိုပါ ထိန်းသိမ်းပြုပြင် မှုများအပြင် အင်းဝမြို့ဟောင်းရဲ့ မြို့ရိုး ၊ ကျုံးနဲ့သစ်လုံး ခံတပ်များ ပြန်လည်ဖော်ထုတ် ၊ ထိန်းသိမ်းခြင်း တွေကိုလည်း ပြုလုပ်လျက် ရှိပါသည်။

ဒီလို တူးဖော်မှု လုပ်ငန်း စီမံချက်များ ၊ ခေတ်မီနည်း စနစ်များနဲ့ ထိန်းသိမ်း မွမ်းမံ မှုကိုတော့ ပြည်ပမှ ပညာရှင်များနဲ့ ပူးပေါင်း လုပ်ဆောင် ဖို့အတွက် စီမံချက်များ ရေးဆွဲကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။



Credit http://www.mrtv4.net.mm/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရုတ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာအနောက်မှာ



အားလုံးမင်္ဂလာပါ။

အပေါ်ကရုပ်သံဖိုင်လေးကြည့်ပြီးသွားပြီလို့ယူဆပါတယ်၊ ဒါကြောင့်ပြောချင်တာလေးတခုရှိလို့ ပြောပါရစေလား၊ အခုပြောမယ့်အကြောင်းအရာတွေက အလေးအနက်ထား စဉ်းစားသင့်တဲ့အရာလို့ ထင်လို့ပါ။

ဒါပေမယ့် စကားလုံးတွေက အရမ်းကိုရိုင်းရိုင်းပြပြသုံးရမှာမို့ ရေးပြသင့် ရေးမပြသင့်ဆိုတာကို စဉ်းစားနေတာအ တော်လေးတော့ကြာခဲ့ပါပြီ၊ သို့သော်လွန်ခဲ့တဲ့ကာလတွေတုန်းကတော့ အရိပ်အမြွက်လေးရေးပြခဲ့တာရှိပေမယ့် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားလုံးကို ငှားပြီးပြောရမယ်ဆိုလျင် ဗမာလူမျိုးတွေဟာ ခပ်ရိုင်းရိုင်းပြောမှ မှတ်မိ တတ်ကြတယ် မှတ်မိလွယ်တယ်ဆိုတာကြောင့် ရေးပြလိုက်ပါတယ်။ နားနဲ့မနာ ဖ၀ါးနဲ့နာပေါ့ဗျာ။

ဗမာစကားမှာရှိတယ်၊ အကြွေး ဆိုတာလေ၊ အကြွေးဆိုတာပြန်ဆပ်ရတယ်မဟုတ်လား၊ အကြွေးဆိုတာပြန်မ
ဆပ်လို့မရဘူး။ ဘာလဲ ဒေ၀ါလီခံလိုက်လျင် ဆပ်စရာမလိုပါဘူးလို့ ပြောမလို့လား၊ အဲဒီလိုလုပ်လို့ရလို့ကတော့ ဒီအကြောင်းရေးမနေတော့ဘူး။

အကြွေးဆိုတဲ့နေရာမှာ သမိုင်းကြွေး၊ သွေးကြွေး၊ အဲဒါတွေက ပြန်မဆပ်လို့ကို မရဘူး။ ကျုပ်တို့လက်ထက်မှာ အဲဒီအကြွေးမျိုးမဆပ်နိုင်လို့ မဆပ်ခဲ့လို့ မဆပ်ချင်လို့ နေချင်လျင်နေလို့ရကောင်းရနိုင်ပေမယ့် ကျုပ်တို့သားသမီး မြေးမြစ်တီတွတ် အလှည့်ရောက်လျင် ရစရာရှိတာ မယူလို့ရနိုင်ပေမယ့် ပေးစရာရှိတာကိုတော့ မပေးပဲနေလို့မရ ဘူးဆိုတာ အခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကိုကြည့်လိုက်တာနဲ့ ကောင်းကောင်းသိမှာပါလေ။

ထိုင်းနဲ့ဗမာရာဇ၀င် ထိုင်းကိုမေးကြည့် ခင်ဗျားတို့ကြေနပ်သလားလို့။ ထိုင်းကပြန်ဖြေလိမ့်မယ်၊ ပါးစပ်က မဲ့ပင် လိုင်(ကိစ္စမရှိပါဘူး)ပေါ့နော်၊ စိတ်ထဲမှာကတော့ ထင်းခွေမကြုံရေခပ်ကြုံမှာပေါ့ ဖါးမါးရယ်၊ အခုအဲဒီအကြွေးကို ကျုပ်တို့ သားတွေသမီးတွေ မြေးတွေမြစ်တွေ ဆပ်နေရတာမြင်တယ်မဟုတ်လား။ ခေတ်စကားနဲ့ပြောမယ်ဆို လျင်တော့ ဒါတွေကပါးပါးလေးပဲရှိသေးတယ်။

ကုလားကိုမေးကြည့် ကြေနပ်သလားလို့၊ ကုလားကတော့ ကျုပ်တို့ကိုပြုံးပြပြီးအချိုသပ်နေလိမ့်မယ်၊ကြောပုတ် ပြီး ရပါတယ် ရပါတယ်ပေါ့။ တရုတ်ကျတော့ သွားမမေးလိုက်နဲ့ ပေါက်ဖေါ်က ၀ါ့လို့တိုင်းပြည်မှာနေရင်အီးအီး ဆီးဆီးနေ ၀ါ့စိတ်မူရှေရင် ၀က်တားခို့လဲ့တားနဲ့ ခို့ပလိုက်မယ် အဲလိုကိုပြန်ပြောမှာ။

ဘာကြောင့်လဲသိလား၊ တရုတ်ဗမာအရေးအခင်းတုန်းက ကျုပ်တို့ဗမာတွေက တရုတ်ကို တရုတ်တရုတ် သောက်စားပုပ် တရုတ်တရုတ်သောက်စားပုပ်၊ အဲလိုပြောတာ။ နောက်ပြောတာရှိသေးတယ် တရုတ်ကလေး ဘောင်းဘီတို ၀က်သားရောင်းတယ်ဆို ၀က်သားဆန်ပြုတ်ဓါးနဲ့ခုတ် တရုတ်အမျိုးပြုတ် အဲလိုကိုပြောခဲ့တာ။

တရုတ်ကဘာပြန်ပြောလဲသိလား မင်းတို့ဗမာပြည်လူဦးရေလောက်ကို ငါတို့တရုတ်တွေက ငါတို့ရဲ့ ငယ်ပါအမွှေး နဲ့ချည် ငယ်ပါအတံနဲ့ရိုက်ပြီး ငယ်ပါအရည်နဲ့ ပင်လယ်ထဲမျှောပစ်မယ်ကွ အဲလိုပြန်ပြောတာ၊ နားနဲ့မနာ ဖ၀ါးနဲ့နာ ပြီး ဖတ်ကြပါ။

အခုဗမာတွေအတွက် သမိုင်းကြောင်းအရ အထင်ကရ မြို့ဖြစ်တဲ့မန္တလေးကိုကြည့် တရုတ်၇၀%ရှိနေပြီ၊ တရုတ် စကားပြောနေရပြီ တရုတ်စာသင်နေရပြီ သင့်အနာဂါတ်အရေးအတွက် တရုတ်စာကိုသင်ပါလို့ ရာဇသံကိုပေး ထားတာ၊ ကျုပ်တို့က အဲဒီလိုမျိုး တရုတ်လိုမျိုး သင့်အနာဂါတ်ရေးအတွက် ကရင်၊ မွန်၊ ရခိုင် (တိုင်းရင်းသားစာ ပေတခုခု)စာကိုသင်ပါလို့ တီရှပ်အပေါ်ရိုက်ပြီး ၀တ်ကြည့်ပါလား။ ဒါတင်လား မကသေးဘူး အကြောင်းအမျိုးမျိုး ကြောင့် တရုတ်နဲ့မွေးလာတဲ့ကလေးတွေ အဲဒါဘာတိုင်းရင်းသားလို့ပြောမှာတုန်း။
ဗမာမနဲ့တိုင်းရင်းသားထီး၊ ဗမာထီးနဲ့တိုင်းရင်းသားမ အကြောင်းအမျိုးမျိုးကြောင့် မွေးလာတဲ့ကလေးကို ဗမာလို့ သတ်မှတ်သလို တရုတ်ကလည်း အဲလိုပဲသတ်မှတ်မှာပဲ။(တရုတ်)

အဲဒါကိုကြည့်လျင် ဗမာပြည်လား မြန်မာပြည်လား အသာထား တနေ့တရုတ်ပြည်ဖြစ်မှာကိုသိလို့ အခုမဟာဗမာ စစ်အစိုးရက ရှိသမျှသယံဇာတတွေကို ရောင်းပြီးဒေါ်လာတွေစုနေတာများလားပေါ့၊ ဘာလို့တုန်းဆိုတော့ သူတို့ မှာ နျူးကလီးယားထုတ်နိုင်တဲ့ ငွေအင်အားမရှိပါဘူး၊ ငွေမရှိတဲ့အတွက် တရုတ်အကူအညီနဲ့ရေကာတာဆောက် တာပါ။ ဆိုတဲ့အသံတွေထွက်ပြလာကြတယ်။

တခြားအကြောင်းတွေကြောင့်အခုလိုပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မြစ်ဆုံရေကာတာကိုဆောက်တဲ့အတွက် ပညာရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို အသေအခြာအ ထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တွက်ချက်ပြသ ကန့်ကွက်နေကြတာဆိုတော့ အင်မတန်ကိုစိုးရိမ်ရပါတယ်၊ ကျုပ်နောက်ထပ်စိုးရိမ်တာတခုရှိတယ်ဗျ၊ မင်းတို့ဗမာတွေကို ပင်လယ်ထဲမျှောပစ်မယ်ဆိုတာ။

အဝေးထိန်းခလုတ်နဲ့ ရေကာတာကြီးကို တရုတ်ပြည်ကနေ ဖေါက်ခွဲလိုက်လို့ကတော့ ရိုးရိုးဆည်ကျိုးတာထက် ဆိုးမှာကတော့ ပြောနေစရာလိုမယ်မထင်ဘူး။ မဖြစ်နိုင်ဘူးလို့ပြောကြမလားမသိ၊ မဖြစ်နိုင်တာ ဘာမျှမရှိဘူး မဖြစ်သေးတာပဲရှိချင်ရှိမယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

CHINA POPULATION DATA:

Mainland China: 1,330,141,295 (July 2010 est.)
Hong Kong: 7,089,705 (July 2010 est.)
Macau: 567,957 (July 2010 est.)
TOTAL: 1,337,798,957
[Source: CIA World Factbook, Jan 2011 ]

Credit Shttp://www.china-mike.com

Data Sourced from World Bank ->
Myanmar Total Population Data

Myanmar has a total population of 53,414,374 (CIA World Factbook, 2010). The population of Myanmar has increased steadily from the 60’s to the 00’s as can be seen in the chart. The data that used for creating this chart is given below.


Indicator Population, total
1960 21074817
1961 21535104
1962 22005426
1963 22488258
1964 22987077
1965 23504685
1966 24040933
1967 24595795
1968 25172226
1969 25773828
1970 26402632
1971 27060154
1972 27744233
1973 28448596
1974 29164596
1975 29885794
1976 30607909
1977 31331564
1978 32060984
1979 32802934
1980 33561169
1981 34336907
1982 35124796
1983 35914078
1984 36690343
1985 37442966
1986 38167767
1987 38866567
1988 39542220
1989 40200151
1990 40844487
1991 41473269
1992 42084732
1993 42683418
1994 43275346
1995 43863723
1996 44454324
1997 45043447
1998 45613609
1999 46140860
2000 46609819
2001 47013700
2002 47362972
2003 47680888
2004 48000213
2005 48345422
2006 48723325
2007 49129445
2008 49563019

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....