+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, March 31, 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောစဉ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်း

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မတ်လ ၃၀ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် '' . . . ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ် တောင့်တင်းနေဖို့ လိုပါတယ်။ အဲဒီ အင်အားတွေကတော့ (၁)နိုင်ငံရေးအင်အား၊ (၂) စီးပွားရေးအင်အားနဲ့ (၃)နိုင်ငံတော်ကာကွယ်ရေးအင်အား တို့ ဖြစ်ပါတယ်။ နိုင်ငံရေးအင်အား ဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုးစုပေါင်း (၁၀၀)ကျော်နဲ့ စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးဟာ အလွန် အရေးကြီးပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူး အလေးထားပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်''ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စီးပွားရေးရာများနှင့် ပတ်သက်၍ ''ဈေးကွက်စီးပွားရေး ဆိုရာမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံနဲ့ပြည်သူ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုပြီး ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ပီပီပြင်ပြင် ဆောင်ရွက်သွားမယ့် ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ''ဈေးကွက်စီးပွားရေး စနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆ အမျိုးမျိုး ရှိကြသလို လုပ်နည်းလုပ်ဟန်တွေလည်း ကွဲပြား ခြားနားကြပါတယ်။ တချို့နိုင်ငံမှာ ဈေးကွက်ကို လုံးဝ လွှတ်ပေးထားတာမျိုး ရှိသလို တချို့ နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိ ၀င်ပြီး ထိန်းပေးနေရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အစိုးရက အတိုင်းအတာ တစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ် ဆိုတာလည်း ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့သဘော မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းကျောင်း တည့်မတ်ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ၀င်ရောက် ထိန်းကျောင်းမှုမျိုးသာ လုပ်သွားမှာ ဖြစ်တဲ့အပြင် တတ်နိုင်သမျှ ၀င်ရောက်စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံး ဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း လုပ်ဆောင်ရန် ရှိသည်များကို ထည့်သွင်း ပြောကြားခဲ့သလို အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်ရေးသည် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊ ဥပဒေအရာတွင် နိုင်ငံသားအားလုံး တန်းတူခံစားခွင့် ရရှိအောင် အကာအကွယ်ပေးမည် ဖြစ်ပြီး တရားရေးမဏ္ဍိုင်ကို ခိုင်ခံ့အောင် တည်ဆောက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် လာဘ်ပေး၊ လာဘ်ယူမှုသည် လူတစ်ဦးချင်း ထိခိုက်စေသည် သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ပြည်သူ၏ အကူအညီကို ရယူ၍ ထိရောက်စွာ တားဆီးသွားမည်ဟု ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် နိုင်ငံခြားရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ ပြည်တွင်းရေးရာ မူဝါဒများကို အကောင်အထည် ဖော်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာ လွှတ်တော်သို့ တင်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျခြင်းတည်း ဟူသော လောကပါလတရား ထွန်းကားသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ရှင်သန်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားယင်း တစ်ဖက်ကလည်း မိမိတို့နှင့်အတူ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကိုယ့်တိုင်းပြည်အတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြပါလို့ ဖိတ်ခေါ်တိုက်တွန်းပါကြောင်း နိဂုံးချုပ် ပြောကြားသွားခဲ့ပါသည်။

သတင်းရင်းမြစ် http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်ထောင်စုအစိုးရသစ်သို့ အတာလွှဲချ.......... အာဏာလွှဲအပ်

ခေတ်သစ်အတွက် နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန်အား
၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့၌ နေပြည်တော်တွင်တွေ့ရစဉ်။
ဓာတ်ပုံ - ဟိန်းလတ်အောင်

ပြည်ထောင်စု အစိုးရအဖွဲ့သစ်သို့ မတ်လ ၃၀ တွင်

အာဏာလွှဲအပ်


ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ဖြစ်သည့် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများပါဝင်သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များသည် ကျမ်းသစ္စာပြုပြီးနောက် အာဏာလွှဲပြောင်း ရယူလိုက်ပြီဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများဖြစ်ကြသည့် သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း တို့သည် ကျမ်းစာအုပ် တစ်အုပ်စီကိုင်စွဲလျက် ပြည်ထောင်စုလွှတ်တော် နာယက က ရှေ့မှ တိုင်ကြားသည့်အတိုင်း ရွတ်ဆိုကျမ်းကျိန်ကြပြီး နောက် နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီထံမှ လွှဲပြောင်း ရယူလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့်အတူ ပြည်ထောင်စု တရား လွှတ်တော်ချုပ်အပါအ၀င် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် အဖွဲ့ အစည်း အသီးသီးတို့က တစ်ပြိုင်တည်း ကတိသစ္စာပြုခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပေးပို့သောကြေညာချက်ကို ပြည်ထောင်စု လွှတ်တော် နာယကကြီးက လွှတ်တော်သို့ ဖတ်ကြားခဲ့သည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

"၀န်ကြီးတွေနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနအမည်တွေကိုလည်း တွဲဖက် အတည် ပြုလိုက်ပါပြီ။ ဒုတိယ၀န်ကြီးတွေကိုတော့ လွှတ်တော်မှာမကြေ ညာပေမယ့် အသိပေးစာတွေ ပို့ပြီးပြီလို့ ကြားတယ်။ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးကတော့ ဒီနေ့မှာပဲ ပြီးဆုံး ပါပြီ။ တချို့ကိုယ်စားလှယ်တွေဆိုရင် ဒီညနေမှာ အိမ်ပြန်ဖို့စီစဉ်နေကြ ပါပြီ"ဟု ပြည်ခိုင်ဖြိုးပါတီ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကိုကြီးက မြန်မာတိုင်းမ်ကိုပြောသည်။

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးနောက်ဆုံး နေ့ကို နံနက် ၁၁ နာရီ တွင် စတင်ကာ မွန်းလွဲ ၂ နာရီခွဲအထိ ကျင်းပ ခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကိုလည်း ဖွဲ့စည်းလိုက်သည်။

အစည်းအဝေးအပြီးတွင် လွှတ်တော် ကိုယ်စားလှယ်များအား ထမင်းစား ဆောင်နှင့် သဘင်ဆောင်တို့တွင် ဧည့်ခံ ကျွေးမွေးပြီး မြန်မာ့အသံနှင့် ယဉ်ကျေးမှု အနုပညာဌာနက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

လွှတ်တော်၏ အမြဲတမ်းကော်မတီ လေးရပ်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ် အစည်းအဝေးပြန် မစမီကာလအတွင်း ပြန်လည်ချိန်းဆို ခေါ်ယူမှုများရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ကျမ်းသစ္စာကျိန်ဆိုအပြီး လွှတ်တော်တွင် ပြောကြားခဲ့သော သမ္မတကြီး၏ မိန့်ခွန်းတွင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ကဏ္ဍ တစ်ခုချင်းအလိုက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ပါဝင် ကြောင်း၊ ထိုသို့ပြောကြားခဲ့သည့် အတိုင်းအမြန်ဆုံးဆောင်ရွက်နိုင်သည် နှင့်အမျှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်သွားမည်မှာ သေချာ လှကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

"ဒီနေ့အထိ တက်ခဲ့သမျှ အတွေ့အကြုံတွေအရ လွှတ်တော်ကြီးဟာ အများရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ဆောင်ရွက်တာကို တွေ့ရတယ်။ အများဆန္ဒနဲ့ပဲ သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ရွေးချယ်ခဲ့တာပါ။ အစိုးရအဖွဲ့ကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက (အုပ်ချုပ်ရေး) အဖွဲ့အစည်းတွေကို ထပ်မံဖွဲ့စည်းတာ တွေ့ရပါတယ်။ လွှတ်တော်အတွင်း ပြောဆိုဆွေးနွေးခွင့်မှာ အနိုင်ရ ပြည်ခိုင်ဖြိုးပါတီနဲ့စာရင် တခြားပါတီတွေကို ပိုပြီးဦးစားပေးထားတာ သတိထားမိပါတယ်"ဟု ဦးကိုကြီးက ပြောသည်။

သတင်းရင်းမြစ် http://www.myanmar.mmtimes.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, March 30, 2011

ဓာတုရပ်ဝန်း


ဓာတုရပ်ဝန်း

By Su Myat Mon
တနင်္ဂနွေ, 27 မတ် 2011

ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ဘယ်နှစ်မျိုးရှိသလဲဆိုတာသိနိုင်မဲ့ အနုမြူဓါတုဗေဒ အခြေခံဓါတုဗေဒ အကြောင်းတွေကို ရေးပြနေတဲ့ ဘလော့တခုကို မစုမြတ်မွန်က ဒီပါတ်ဘလော့ဂါတွေ ပြောသမျှမှာ ကိုသားညွန့်ဦးနဲ့ မိတ်ဆက်ပေးထားပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-118906519.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရားတော်များစုစည်းရာ


တရားတော်များစုစည်းရာ

By Su Myat Mon
တနင်္ဂနွေ, 20 မတ် 2011

မြန်မာနိုင်ငံမှာ လူသိများတဲ့ သံဃာတော်တွေဟောတဲ့တရားတွေကို ရုပ်လဲမြင် အသံလဲကြားနိုင်သလို၊ တရားစာတွေပါဖတ်နိုင်အောင်လုပ်ပေးထားတဲ့ Website တခုကို မစုမြတ်မွန်က ဒီတပါတ် ဘလော့ဂါတွေပြောသမျှမှာ ကိုသားညွန့်ဦးနဲ့အတူ မိတ်ဆက်ပေးပါလိမ့်မယ်၊



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-118488129.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘလော့တွေပေါ်က ရသဝတ္ထု ဆု


ဘလော့တွေပေါ်က ရသဝတ္ထု ဆု

By Su Myat Mon
တနင်္ဂနွေ, 13 မတ် 2011

ဘလော့တွေပေါ်မှာ ရသ အပေးနိုင်ဆုံး ဝတ္ထုကို ရွေးချယ်ပြီး အကောင်းဆုံး ရသဝတ္ထုတို ဆု ပေးမဲ့အကြောင်းကို မစုမြတ်မွန်က ဒီတပါတ် ဘလော့ဂါတွေ ပြောသမျှအစီအစဉ်မှာ ကိုသားညွန့်ဦးနဲ့ အတူ ပြောပြထားတာကို နားဆင်ရပါမယ်၊




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-118067564.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်ထောင်စု အစိုးရအဖွဲ့ ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည်

Source Photo from http://www.bbcburmese.com/images

ပြည်ထောင်စု အစိုးရအဖွဲ့ မတ်လ ၃၀ ရက်နေ့(ယနေ့)၌ ကတိသစ္စာပြုပြီး ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည်

ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျှက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို လွှဲပြောင်းပေးလိုက်ကြောင်း ယနေ့(မတ်လ ၃၀) ရက်နေ့ တွင်ထုတ်ပြန် ကြေညာခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် မတ်လ ၃၀ ရက်နေ့(ယနေ့) နံနက်ပိုင်း၌ ကတိသစ္စာပြုပြီး ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၊ ၃၈ တို့တွင် ပြဋ္ဌာန်းထားသည်မှာ လွှတ်တော်သည် ပုဒ်မ ၃၀ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသော ပုဂ္ဂိုလ်များအား လွှတ်တော်အစည်းအဝေးတွင် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း၊ လွှတ်တော်သည် ပုဒ်မ ၃၄ အရ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား လွှတ်တော် အစည်းအဝေးတွင် နာယက၏ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ''ဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် ကျင်းပရမည် ဖြစ်ပြီး လိုအပ်ပါက အထူး အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဒုတိယသမ္မတများ သီဟသူရဦးတင်အောင်မြင့်ဦး၊ဒေါက်တာစိုင်းမောက်ခမ်း
ပြည်ထောင်စုဝန်ကြီးများ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဗိုလ်ချုပ်လှမင်း၊ ဗိုလ်ချုပ်သိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊
ဦးမြင့်လှိုင်၊ ဦးကျော်ဆန်း၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့်၊ ဦးတင့်ဆန်း၊ ဦးခင်မောင်မြင့်၊
ဦးသိန်းထွန်း၊ ဦးလှထွန်း၊ ဦးသိန်းထိုက်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းထွန်း၊
ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဦးကျော်စွာခိုင်၊ ဦးစိုးသိန်း၊ ဦးသန်းဌေး၊ ဦးအောင်မင်း၊
ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ဦးအေးမြင့်၊ သူရဦးမြင့်မောင်၊ ဦးခင်ရီ၊ ဦးဇော်မင်း၊
ဦးခင်မောင်စိုး၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်



ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန (၃၄) ဌာနနှင့် ၀န်ကြီးများ

၁။ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း

၂။ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို

၃။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေး

၎။ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်

၅။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း

၆။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်

၇။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်း

၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်

၉။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း

၁၀။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်

၁၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း

၁၂။ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း

၁၃။ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်

၁၄။ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်

၁၅။ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်

၁၆။ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်

၁၇။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ၀န်ကြီး ဦးတင့်ဆန်း

၁၈။ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်စွာခိုင်

၁၉။ အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း

၂၀။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း

၂၁။ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းဌေး

၂၂။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း

၂၃။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး

၂၄။ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြအေး

၂၅။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဖေသက်ခင်

၂၆။ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်

၂၇။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်

၂၈။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ

၂၉။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းညွန့်

၃၀။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမောင်

သတင်းရင်းမြစ် http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 29, 2011

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်း ဖောက်လုပ်မှု လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ် ရှိ

Source Photo from http://churlsgonewild.files.wordpress.com/2010/11/shwe.gif

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့်

လူ့အခွင့်အရေး ချိုးဖောက်မှုရှိ


By ဗွီအိုအေ (မြန်မာဌာန)
အင်္ဂါ, 29 မတ် 2011

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကြုံနေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပိုက်လိုင်း တည်ဆောက်မှုအတွင်း မြေယာတွေ သိမ်းဆည်းခံရတာ၊ အဓမ္မ လုပ်အားပေးခံရတာ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တဲ့အကြောင်း ၀ါရှင်တန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ Earth Rights International (ERI) အဖွဲ့ရဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

အထူးသဖြင့် စစ်တပ်က ပိုက်လိုင်းလုပ်ငန်းကို ဆန့်ကျင်သူ မှန်သမျှကိုလည်း ချေမှုန်းနေတယ်လို့ ပြောပါတယ်။

ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ပိုက်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အဓိက တရုတ်နဲ့ ကိုရီးယား ကုမ္ပဏီတွေက သိထားကြပြီး ဖိနှိပ်မှုတွေကို တားဆီးတာတွေတော့ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

ERI ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရေနံကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြား လျှို့ဝှက်ပြီး ပေးကမ်းမှုတွေ ရှိတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသတဲ့ အထောက်အထားတွေကို တွေ့ရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီတွေ အနေနဲ့ ဒေသခံတွေဆီက ခွင့်ပြုချက် ရယူတာမျိုးလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။ ပိုက်လိုင်းတည်ဆောက်မှုကို လိုလားတဲ့ ဒေသခံရွာသားဆိုလို့ တယောက်မှတောင် မတွေ့ရဘူးလို့လည်း ERI က ပြောခဲ့တာပါ။

တည်ဆောက်ရေး စီမံကိန်း ပြီးစီးသွားပြီ ဆိုရင်တော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ရေနံတွေကို ဒီပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။





Find this article at:
http://www.voanews.com/burmese/news/burma-china-gas-pipeline-eri-118883599.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သုံးသပ်မှု


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပုံနှိပ်စာချုပ်




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ


ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ

By မသင်းသီရိ
အင်္ဂါ, 29 မတ် 2011

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ သတင်းသွားယူကြတဲ့ သတင်းထောက်တွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့သလို အပျက်အစီး များတဲ့နေရာ တချို့ကိုလည်း ဓာတ်ပုံရိုက်ခွင့် မပေးတာတွေ ရှိခဲ့ပါတယ်။ တခါ ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာလည်း သေဆုံးသူ စာရင်းကို အစိုးရ သတင်းစာမှာ ဖော်ပြတဲ့ အတိုင်းသာ ရေးသားခွင့် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ် အများဆုံး ခံခဲ့ရတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာဘက်က အပျက်အစီး သတင်းတွေကို သွားယူတဲ့အခါ မနေ့ မတ်လ ၂၈ ရက် တနင်္လာနေ့က သတင်းထောက်တချို့ကို အာဏာပိုင်တွေက စစ်ဆေးခဲ့တာမျိုးတွေ ကြုံခဲ့ရတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“ဗွီဒီယိုမှတ်တမ်း ရိုက်တဲ့လူတွေ၊ ဓာတ်ပုံမှတ်တမ်း ရိုက်တဲ့လူတွေကို သူတို့က ဘယ်သတင်းဌာနကလဲ၊ ဘယ်ဂျာနယ်ကလဲပေါ့၊ အထောက်အထား စာရွက်တွေ ပြခိုင်းတယ်။ အဲဒီလို စစ်တာဆေးတာ ရှိတယ်။ တာလေမြို့ထဲမှာ ဆိုရင်တော့ ပိုပြီး စစ်တယ်။ အခု ကယ်ဆယ်ရေး နေရာတွေ ဘာတွေကိုတော့ သိပ် သွားရိုက်လို့ မရဘူး။ သူတို့ တပ်က နေရာချထားတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေကိုတော့ သွားရိုက်လို့ မရဘူးဗျ။”

မနေ့ မတ်လ ၂၈ ရက်နေ့က တိုင်းမှူးကလည်း အဲဒီနေရာတွေကို လာရောက်စစ်ဆေးခဲ့တာမို့ ကယ်ဆယ်ရေး စခန်းက အပျက်အစီးတွေကိုလည်း ကြိုပြီးတော့ ဖယ်ရှားလိုက်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ ကင်မရာပါတဲ့ သတင်းထောက်တွေကို လုံခြုံရေးတွေက စစ်ဆေးခဲ့တာမျိုး ကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီဒေသတွေမှာ နောက်ဆက်တွဲ ငလျင်လှုပ်တာလေးတွေကလည်း ရှိနေသေးတာမို့ ဒေသခံတွေဟာ အခုအချိန်ထိ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတာ သိရတယ်လို့ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာက ပြောပါတယ်။

“ကွင်းပြင်ဘက်ထွက်ပြီး ညဘက် အိပ်နေတဲ့ အနေအထား ရှိတယ်လို့ ပြောတယ်။ နောက် နေ့ခင်းမှာ ပြိုကျသွားတဲ့ အိမ်တွေဘာတွေ ရှင်းလင်းတာ ရှိပေမဲ့ ညနေစောင်းတာနဲ့ ဘယ်သူမှ မရှိတော့ဘဲနဲ့ တယောက်မှ မတွေ့ရလောက်အောင် တိတ်ဆိတ် ခြောက်ကပ်သွားတယ်လို့လည်း ပြောပါတယ်။”

သူတို့ဂျာနယ်အတွက် သတင်းသွားယူနေတဲ့ သတင်းထောက်ရဲ့ ပြောပြချက် အရတော့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ဝေငှမှုမှာလည်း လူတိုင်းမရတဲ့ ပြဿနာမျိုး ကြုံနေရသလို အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကို ငလျင်ဘေးသင့်သူတွေ ခံစားနေရတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်သတင်းထောက် ပြောပြတာတော့ တချို့လူတွေ ကယ်ဆယ်ရေးကပေးတဲ့ ပစ္စည်းတွေ မရဘူးလို့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ လာဝေတဲ့ အချိန်ကို မသိလိုက်ဘူးတဲ့၊ မမီလိုက်တော့ တချို့ လွတ်သွားတာတွေ မရခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းတော့ နည်းနည်းအေးတယ်လို့ ပြောတယ်။ ဟိုရက်တွေကတော့ မိုးလေး စိုစို ရွာပြီးတော့ အခု ဒီရက်ပိုင်းတော့ တော်တော်လေး အေးလာတော့ တချို့ ကွင်းပြင်ထဲ အိပ်တဲ့လူတွေမှာ နည်းနည်း အခက်အခဲ ရှိတယ်လို့ သိရပါတယ်။”

သတင်းဂျာနယ်တခုရဲ့ အယ်ဒီတာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာတော့ ငလျင်ဒဏ်နဲ့ ပတ်သက်တဲ့ အပျက်အစီး ဓာတ်ပုံတွေကို အတော်လေး ဖော်ပြခွင့် ပေးခဲ့ပေမဲ့ သေဆုံးသူ စာရင်းမှာတော့ အစိုးရ သတင်းစာတွေထဲမှာ ဖော်ပြတဲ့အတိုင်း အရေအတွက် ၇၀ ကျော်ကိုသာ ဖော်ပြခွင့် ရပြီးတော့ ဒီ့ထက်ပိုပြီး ရေးသားခွင့် မပေးသလို သတင်းထောက်တွေကတော့ အဲဒီဒေသတွေမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၀၀ မက ရှိတယ်လို့လည်း ပြောပါတယ်။




Find this article at:
http://www.voanews.com/burmese/news/burma-earthquake-media-118847084.html



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အတုဖြစ်ကြောင်း


Source Photo from http://www.bbcburmese.com/images
ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို
2011-03-29

ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာ အီးမေးလ်တွေကနေတဆင့် ပြည်တွင်း ပြည်ပ မြန်မာတွေကြားမှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစာကို ရန်ကုန်မြို့အခြေစိုက် NLD ရုံးချုပ်ကနေ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကနေတဆင့် ဖြန့်ဝေပေးဖို့ ရေးသားပေးပို့တဲ့ဟန်နဲ့ ဖြန့်ဝေနေတာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက တရားဝင် ရပ်တည်ခွင့်မပြုတော့ပေမဲ့ ဆက်လက် ရပ်တည်နေသလို လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်နေတဲ့ အတွက် အဖက်ဖက်ကနေ ထိုးနှက်လာနိုင်တဲ့အခြေအနေပေါ်မှာလည်း မျက်ခြေမပြတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ NLD နဲ့ ပြည်သူလူထုအကြား၊ သတင်းဌာနတွေအကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်မှုတွေ တွေ့ရှိခဲ့လာရင် NLD သတင်းနဲ့ ပြန်ကြားရေးကို တရားဝင် မေးမြန်းနိုင်ကြသလို၊ ပြန်ကြားရေးဌာနကလည်း အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငလျင်ဒဏ်သင့် ပြည်သူများအတွက်အလှူ အာဏာပိုင်များမှတဆင့်လှူနေရ

Source Photo from http://www.mizima.com/images

ငလျင်ဒုက္ခသည်များအတွက်

အာဏာပိုင်များမှတဆင့် လှူဒါန်းနေရ
2011-03-28

တာလေ၊ မိုင်းလင်း ဒေသက ငလျင်ဒဏ်သင့် ပြည်သူတွေကို အနီးတဝိုက် မြို့တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ဆက်လက် ပေးအပ်နေကြရာမှာ အများစုက စစ်တပ်အာဏာပိုင်တွေက ဖွင့်ထားတဲ့ ကယ်ဆယ်ရေး ဌာနတွေကနေတဆင့် လှူဒါန်းနေကြရပြီး တချို့ကတော့ နီးစပ်ရာ နေရာတွေကို တိုက်ရိုက် လှူဒါန်းကြတယ်လို့ စုံစမ်းသိရှိရပါတယ်

ကျိုင်းတုံဈေးသူ ဈေးသားတွေနဲ့ မြို့ခံတွေကလည်း ဆန်နဲ့ အခြားပစ္စည်းတွေ အမြောက်အမြား သွားလှူကြတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျိုင်းတုံ မြို့မိမြို့ဖတဦးဖြစ်တဲ့ ဆရာဦးဇော်မင်းက အခုလို ပြောပါတယ်။

“ကျွန်တော် ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်မှာ ဆန်အိတ်ပေါင်း ၆၇ အိတ်နဲ့ အခြား ကယ်ဆယ်ရေး ပစ္စည်း အစုံပေါ့လေ၊ အာဟာရ၊ ရိက္ခာ၊ အဝတ်အထည် အစုံ သိန်း ၄၀ လောက် ကျွန်တော်တို့ ရပါတယ်။ နောက် ငွေသား သိန်း ၂၀ နဲ့ ကျွန်တော်တို့ ၂၆ ရက် မွန်းလွဲမှာပဲ ကျွန်တော်တို့ သွားပြီးတော့မှ ကယ်ဆယ်ရေး စခန်းကို သွား လက်ပြောင်းလက်လွှဲ လုပ်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက် လှူဒါန်းပြီး အဲဒီကနေမှ သူတို့ စီမံခန့်ခွဲပြီးတော့မှ လိုအပ်သလို ဖြန့်ချိတဲ့ camp ကို သွားတာ ရှိပါတယ်။ တချို့ကျတော့ မိမိအစီအစဉ်နဲ့ ကျေးရွာတွေကို ဝင်ပြီးတော့မှ၊ တချို့ကကျတော့ အသိအကျွမ်းရှိတယ် ဆွေမျိုး မိတ်ဆွေရှိတယ် နောက် ဘုန်းကြီးကျောင်းတွေနဲ့ ပတ်သက်ပြီးတော့မှ ကိုးကွယ် ဆည်းကပ်ဖူးတဲ့ ဘုန်းကြီးကျောင်းတွေ ရှိလို့ အဲဒီလို တိုက်ရိုက် ဝင်သွားတာတွေလည်း ရှိပါတယ်။”

လောလောဆယ်မှာ ငလျင်ကြောင့် ဒဏ်ရာရထားတဲ့ လူနာ ၆ ဦးလည်း ကျိုင်းတုံဆေးရုံကို ရောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ရာသီဥတု အေးနေတဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲ တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာချီလိတ်၊ ကျိုင်းတုံမြို့တွေအပြင် မယ်ဆိုင်မြို့ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ လှူကြတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, March 28, 2011

ရှမ်းပြည် ငလျင်ဘေးသင့်သူတွေ ရေနဲ့ နေရေး အခက်တွေ့

ပုဂ္ဂလိက အလှူရှင်အချို့ အထောက်အပံ့ ပစ္စည်းများ ပေးဝေနေစဉ်။
Source Photo from http://www.bbcburmese.com/images

ရှမ်းပြည် ငလျင်ဘေးသင့်သူတွေ ရေနဲ့ နေရေး အခက်တွေ့

By နော်ရှိုး
တနင်္လာ, 28 မတ် 2011

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်အားပြင်း မြေငလျင်ဒဏ် သင့်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းက ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ၊ ယာယီနေထိုင်စရာ အထောက်အပံ့တွေ အရေးတကြီး လိုနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြဆဲ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၇၅ ယောက်ရှိတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပေမဲ့လည်း တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် ၂ ဆကျော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့အနီးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ရှိတဲ့ မြေငလျင်ကြီး နောက်ပိုင်း မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင် အနည်းဆုံး ၈ ခု လှုပ်ခဲ့ပြီး အခုချိန်အထိ မြေပြိုနိုင်တဲ့ အန္တရာယ်တွေက များနေသေးတယ်လို့ ကုလသမဂ္ဂနဲ့အတူ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာက ပြောပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြဆဲ ဖြစ်သလို ပုံမှန်အားဖြင့် ရောင်းဝယ်ဖောက်ကားမှု များတဲ့ တာချီလိတ်မြို့မှာ ဆိုရင်လည်း ဈေးဆိုင်တွေ ပိတ်ထားဆဲ ဖြစ်တယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အရောင်းအ၀ယ် ဘာမှမလုပ်ကြဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း ခြံတွေ ဘာတွေထဲမှာ တဲထိုးပြီး သွားနေကြတာပေါ့။ ဆိုင်တို့၊ တိုက်တို့ အကုန်လုံး ပိတ်ပြီး ဆင်းသွားကြတယ်။ လမ်းဘေးတို့၊ လယ်ကွင်းတို့ အဲဒီမှာ တဲတွေထိုးပြီး နေကြရတယ်။ အာဏာပိုင်တွေက ထိုးပေးတာပေါ့၊ တဲတွေဘာတွေ။ တဲဆိုတာ မိုးကာလေး ၁၀ ပေလောက်ကို အပေါ်က မိုးပေးတာပဲ ရှိတယ်။ အောက်ကတော့ ကိုယ့်ဟာကို ဖျာလေးဘာလေးနဲ့ နေရတာပေါ့။ မဖြစ်တဲ့သူတွေပဲ ထွက်ပြီးတော့ ဈေးရောင်းကြတာကိုး။”

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေကတော့ လူဦးရေ စုစုပေါင်း ၁၅,၀၀၀ လောက် နေထိုင်ကြတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတို့ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင် ကျန်ရစ်နေနိုင်ဖွယ် ရှိသူတွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေထက် ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက အဓိကထား ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဦးအေးဝင်းက ပြောပါတယ်။

“ဒေသခံတွေ အဲဒီမှာရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တာ။ UN က ယန္တရားတွေက ချက်ချင်း မရှိသေးဘူး။ အဲဒီဒေသမှာရှိတဲ့ ယန္တရားတွေ အင်အားက အဲဒီမှာရှိတယ်။”

မြေငလျင်ကြီးလှုပ်ပြီး ၄ ရက်အကြာ ဒီနေ့အထိ အပျက်အစီးတွေကြားက အသက်ရှင် ကျန်ရစ်နေသေးသူ ဘယ်နှစ်ဦး ပြန်တွေ့ခဲ့သလဲ၊ ဘယ်နှစ်ယောက်လောက် ရှိနိုင်ဦးမလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ အပါအ၀င် ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ ဒါကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ အစိုးရနဲ့ ကုလသမဂ္ဂက မနေ့ကအထိ ထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေ အရတော့ သေဆုံးသူ ၇၄ ဦးနဲ့ ဒဏ်ရာရသူ ၁၂၅ ဦးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လူနေအိမ်ခြေပေါင်း ၃၀၅ လုံး ရှိသွားပြီဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အပါအ၀င် ဘာသာရေး အဆောက်အဦးပေါင်း ၃၀ နဲ့ အစိုးရ အဆောက်အဦး တချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ တာချီလိတ်၊ တာလေမြို့ တံတားကိုတော့ အခု ယာယီသွားလို့ရအောင် ပြန်ပြုပြင်ထားပြီလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ပြောပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ ကိစ္စတွေကိုတော့ ကုလသမဂ္ဂ၊ ကြက်ခြေနီ၊ World Vision စတဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတာကတော့ သောက်သုံးရေရရှိဖို့ ဖြစ်တယ်လို့ World Vision အဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ ခရစ်စ် ဟဲရင့်ခ် (Chris Herink) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ငလျင်ဒဏ် ခံခဲ့ရတဲ့ ရွာ ၄၀ မှာ ကျနော်တို့ ၀န်ထမ်းတွေကို စေလွှတ်ထားပါတယ်။ ကျနော်တို့ရဲ့ ဆန်းစစ် လေ့လာချက်အရ အဓိက အရေးတကြီး လိုအပ်နေတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်ဖို့နဲ့ ယာယီနေထိုင်ဖို့အတွက် တာပေါ်လင်တွေပဲ ဖြစ်ပါတယ်။”

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ မနေ့က အထိတော့ World Vision က ရေသန့်စင်တဲ့ ဆေးပြားတွေကို ငလျင်ဒဏ်သင့် ပြည်သူ ၄၀,၀၀၀ ကြားမှာ ဝေပေးနိုင်ခဲ့သလို ယာယီတဲဆောက်ဖို့ တာပေါ်လင် ၂,၅၀၀ လောက်ကိုပါ ဝေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လိုအပ်နေသေးတဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို အနီးအနားမြို့တွေမှာ အလွယ်တကူ ၀ယ်ယူလို့ မရတာက လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတခုလို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

“ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ အခက်အခဲတခုက လိုအပ်တဲ့ ပစ္စည်းတချို့ကို အနီးအနားမြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကျိုင်းတုံတို့မှာ ၀ယ်လို့မရတာဘဲ ဖြစ်ပါတယ်။ ဥပမာ အစားအသောက်၊ ဆေးဝါးတွေကို အနီးအနားမှာ ၀ယ်လို့ရပေမဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေ၊ နေရေးထိုင်ရေး ပစ္စည်းတွေကို ရန်ကုန်ကနေ ပို့နေရပါတယ်။ လေယာဉ်နဲ့ မဟုတ်ဘဲ ကုန်းလမ်းနဲ့ဆို ၅ ရက်လောက်တောင် ကြာပါတယ်။”

တာချီလိတ်နဲ့ ကျိုင်းတုံ လေဆိပ်တွေကတော့ မပျက်စီးဘဲ အသုံးပြုလို့ ရနေဆဲပဲလို့ ဆိုပါတယ်။ ရေသန့်စင်တဲ့ ဆေးပြားတွေ၊ ယာယီတဲတွေအပြင် World Vision အနေနဲ့ ကလေးအယောက် ၁၀၀ စီဆန့်တဲ့ ကလေးဂေဟာ ၆ ခုကို ဖွင့်ထားပြီး ဖြစ်တယ်လို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

ဒီကလေးဂေဟာတွေကတော့ ငလျင်ဒဏ်သင့် ကလေးသူငယ်တွေအတွက် လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး ကစားနိုင်ဖို့နဲ့ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့၊ ထိတ်လန့်မှုတွေကို ကျော်လွှားနိုင်ဖို့ ကျွမ်းကျင်တဲ့သူတွေနဲ့ ဖေးမပေးသွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသ ကူညီကယ်ဆယ်ရေးတွေအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားသလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးလှူမယ်လို့ ကမ်းလှမ်းထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/burma-earthquake-118776204.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို

Source Photo from http://www.yangonmedia.com

ပြည်တွင်းထုတ်စာစောင် အများအပြား

ဆင်ဆာတင်စရာ မလို


By ဦးကျော်ထင်
တနင်္လာ, 28 မတ် 2011

ဖြစ်ပေါ်လာမယ့် နိုင်ငံရေး စနစ်သစ်အရ စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်တချို့ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ပေးသွားဖို့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း သတင်းအခြေခံ ထုတ်ဝေမှု မပါဝင်သလို ကန့်သတ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် နောက်ဆုံး မူဝါဒ အပြောင်းအလဲ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေသူတွေက သံသယ အမြင်တွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

အနုပညာ၊ သုတ၊ ရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေးကဏ္ဍ၊ ဂမ္ဘီရနဲ့ နည်းပညာဆိုင်ရာ မဂ္ဂဇင်းတွေဟာ ပြောင်းလဲတော့မယ့် မူဝါဒသစ်အရ စိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို အကြောင်းကြားလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက အစိုးရသစ် ဖွဲ့ပြီးချိန်မှာ ဒီမူဝါဒ အသက်ဝင်လာမယ်လို့ ဆိုပါတယ်။

“လောလောဆယ်ကတော့ ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ မူအားဖြင့် သဘောတူထားတယ်။ သို့သော် အစိုးရ အပြောင်းအလဲ ရှိနေတယ်။ အစိုးရသစ်နဲ့ အဟောင်းကြားထဲ ဖြစ်နေတဲ့အတွက် အစိုးရသစ်က တာဝန်ယူပြီးချိန်မှာ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြန်ကြားရေး ၀န်ကြီးအသစ် ထပ်လာရင် ဒီဟာတွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါက သူတို့ပြောတဲ့အတိုင်း၊ ကျနော့်စိတ်ထဲ ထင်တာကတော့ ဧပြီလအတွင်း သို့မဟုတ် မေလလောက်မှာ ဒီစနစ်သစ်က ဖြစ်လာမယ်ထင်တယ်။”

အခုလို ပြောင်းလဲလိုက်တာကြောင့် လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ် ၈၄ စောင်နဲ့ မဂ္ဂဇင်း ၁၁၃ စောင်ဟာ စိစစ်ရေးမတင်ဘဲ ထုတ်ဝေခွင့် ရလာမှာ ဖြစ်ပါတယ်။ သတင်းနဲ့ နိုင်ငံရေး အမျိုးအစား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကတော့ အရင်အတိုင်း စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမှာ ဖြစ်ပါတယ်။ အကန့်အသတ်တချို့ ရှိတယ် ဆိုပေမဲ့ မူဝါဒ ပြောင်းလဲလိုက်တာဟာ စာပေလွတ်လပ်ခွင့် ရလာနိုင်မယ့် အလားအလာကောင်းလို့ ဦးကိုကိုက သုံးသပ်ပါတယ်။

“ဒါကတော့ သေချာတာပေါ့ဗျာ။ စာပေစိစစ်ရေးကို မဖြတ်ချင်ဘူး၊ စိစစ်ရေးကို ကျော်လွှားချင်တယ်လို့ ကျနော်တို့ စာပေလောကသားတွေက ခဏခဏ ပြောနေတယ်။ အခုက အကုန်လုံး မဟုတ်တောင်မှ ကျနော်တို့ သိပ်ပြီးတော့ ဘယ်လိုခေါ်မလဲ too sensitive သိပ်မဖြစ်တဲ့ဟာပေါ့ဗျာ။ အဓိကဟာတွေကို စပြီးတော့ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ ပေးလိုက်တာ ကောင်းတဲ့လက္ခဏာပါပဲ။ ကျနော်တို့ ဘယ်အရာမှာမဆို လွတ်လပ်လာရင် တာဝန်ယူမှုတွေတော့ တွဲပါလာမှာပေါ့ဗျာ။”

အခုလို စာစောင်တွေဟာ ဆင်ဆာအဖွဲ့ကတဆင့် သွားစရာမလိုဘူး ဆိုပေမဲ့ ထုတ်ဝေမှုတွေအပေါ် တာဝန်ယူရမှာ ဖြစ်သလို ကျင့်ဝတ်ချိုးဖောက်တယ်လို့ သိရှိရင်လည်း အရေးယူတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေဆဲ ဖြစ်တာမို့ အခုပြောင်းလဲလိုက်တဲ့ အပြောင်းအလဲတွေဟာ အပြည့်အ၀ လွတ်လပ်ခွင့် ရတယ်လို့ မဆိုနိုင်ကြောင်း ပြည်ပအခြေစိုက် BMA မြန်မာ့သတင်းသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

“အရေးကြီးတာ သတင်းစာ လွတ်လပ်ခွင့်ဆိုတာ သတင်းဂျာနယ်တွေ၊ သတင်းစာတွေကို လွတ်လပ်ခွင့် ပေးရမှာ။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးရမှာ။ အခုကတော့ တဆင့်ချင်းသွားမယ်လို့ တချို့ကတော့ ယူဆတာပေါ့လေ။ သို့သော် ကျနော်တို့က ဒီနေ့ လွှတ်တော်အခင်းအကျင်းကို ကြည့်တဲ့အခါကျတော့လည်း ဒီဟာတွေက လူမြင်ကောင်းအောင် အဖာအထေးတွေ လုပ်ပြနေတယ်လို့ အဲဒီလိုပဲ မြင်တယ်။ ဒီလောက်ကလေး ပေးရုံနဲ့တော့ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်မှ ထူးခြားသွားမယ်လို့ မထင်ဘူး။”

နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ သတင်းသမား ကာကွယ်ရေး ကော်မတီတို့ကတော့ မြန်မာနိုင်ငံကို စာနယ်ဇင်း လွတ်လပ်ခွင့် နိမ့်ကျတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေးဟာ သတင်းဂျာနယ်၊ မဂ္ဂဇင်းတွေကိုသာမက နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ စာနယ်ဇင်းသမားတွေရဲ့ စာတွေကိုပါ ပိတ်ပင်တတ်ပါတယ်။



Find this article at:
http://www.voanews.com/burmese/news/burma-censorship-118767534.html

အမျိုးအစား(၆)မျိုးတွင် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်းနှင့် လုံးချင်းစာအုပ်များ စိစစ်ရေး တင်စရာမလိုဘဲ တိုက်ရိုက် တည်းဖြတ် ထုတ်ဝေနိုင်တော့မည်

ကျော်ဇေယျ

ရန်ကုန်၊ မတ်-၂၆

ဖြစ်ပေါ်လာမည့် နိုင်ငံရေးစနစ်သစ်ကိုမျှော်မှန်း၍ စာပေစိစစ်ရေးမူဝါဒအချို့ကိုလျှော့ပေါ့ကာ ဂျာနယ်နှင့် မဂ္ဂဇင်း အမျိုးအစားအများစုအား စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ မူကြမ်း ကြိုတင် စိစစ်ခံရန်မလိုဘဲ လွတ်လပ်စွာတည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဂျာနယ်နှင့်မဂ္ဂဇင်းများတွင် အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုး အစားများကို ယင်းကဲ့သို့ ကင်းလွတ်ခွင့်များပေးလိုက်ခြင်း ဖြစ်ရာ လက်ရှိထုတ်ဝေ နေသော ဂျာနယ် ၁၇၂စောင်အနက် ၈၄စောင်၊ မဂ္ဂဇင်း ၁၈၄စောင်တွင် ၁၁၃စောင်တို့ အကျိုးခံစား ခွင့်ရရှိကြတော့မည်ဖြစ်သည်။

အထွေထွေထုတ်ဝေခွင့်ဟုခေါ်သော လုံးချင်းစာအုပ်များထုတ်ဝေရာတွင်လည်း အထက်ပါ အမျိုးအစားခြောက်မျိုးနှင့်သက်ဆိုင်သော စာမူများ၊ ၀တ္ထုလုံးချင်းများ၊ ပုံပြင်နှင့် ရုပ်ပြစာအုပ်များကို လည်း ကြိုတင်စိစစ်ခံရန်မလိုဘဲ ထုတ်ဝေနိုင်မည်ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ သိရသည်။

ကြိုတင်စိစစ်ခံရန်မလိုတော့သော်လည်း ပုံနှိပ်ပြီး အချောစာစောင်၊ စာအုပ်များကိုမူ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရမည်ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အညီ လက်ရှိတင်းကျပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေမူဝါဒတွေကို အဆင့်လိုက်ဖြေလျော့လိုက်လျောသွားမှာပါ။ အခုလိုက်လျောမှုပြုလိုက်တဲ့အဆင့်ကိုလည်း အစိုးရ အသစ်က စပြီးလုပ်ပါတော့ဆိုတဲ့နေ့မှာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုတွေပါ ပါလာမယ်ဆိုတာ အထူးဂရုပြုရမှာဖြစ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတာဝန်ခံ ဦးတင့်ဆွေက ဖလားဝါးနယူးစ်သို့ ထုတ်ဖော်ပြောကြားသည်။

“လက်ရှိစာပေစိစစ်ရေးမူဝါဒ(Norm)ဟာ စာပေစိစစ်ရေူးရယ်လို့မဟုတ်တော့ဘဲ ပြဋ္ဌာန်းချက်အသစ်ဟာ တည်းဖြတ်ထုတ်ဝေသူများ လိုက်နာကျင့်သုံးရမယ့်စံတွေသဘောမျိုး သက်ဝင်သွားပါလိမ့်မယ်”ဟု ဦးတင့်ဆွေက ဆက်လက် ပြောကြားသည်။

စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနသို့ မူကြမ်းကြိုတင်စရာမလိုတော့သော ဂျာနယ်၊ မဂ္ဂဇင်းများ သည် ထိုပုံမှန်ထုတ်စာစောင်များ ရပ်နားလိုလျှင်ဖြစ်စေ၊ ရပ်နားရာမှ ပြန်လည်ထုတ်ဝေလိုလျှင်ဖြစ်စေ ယင်းကို တရားဝင်စာဖြင့် အကြောင်းကြားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ထုတ်ဝေသူ၊ ပုံနှိပ်သူများ သည် တရားဝင်မှတ်ပုံတင်ရရှိထားကြသူများဖြစ်ရန် လိုအပ်ပြီး လုပ်ငန်းတစ်ခုချင်းအလိုက်လည်း ထုတ်ဝေသူနှင့် ပုံနှိပ်သူများအကြား လုပ်ငန်းအပ်နှံမှုစာချုပ်များ ချုပ်ဆိုထားခြင်းကို တင်ပြရန် လိုမည်ဖြစ်သည်။

“ဒီလိုဖြေလျှော့ပေးတာကို ကြိုဆိုပါတယ်။ ကြိုဆိုမှုနဲ့အတူ တာဝန်တွေပိုပြီးကြီးလာပါတယ်။ အရင်တုန်းကတော့ စာပေစိစစ်ရေးက ဒါဖြုတ်ဆိုဖြုတ်လိုက်ရုံပဲ။ အယ်ဒီတာတွေကိုလည်း သေသေ ချာချာ မှာကြားထားဖို့ လိုလာပါပြီ။ ကျွန်တော်တို့ လိုလားတဲ့ Free Press အဆင့်ကိုရောက်ဖို့ အားလုံးက သတိနဲ့ဝိုင်းပြီး ကူညီပူးပေါင်းဆောင်ရွက်ရပါလိမ့်မယ်”ဟု ထုတ်ဝေသူ အယ်ဒီတာ ဦးမျိုးအောင်(ရုက္ခဗေဒ)က ပြောသည်။

အဆိုပါ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် စာပေနှင့်စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့က မတ်၂၅ရက်တွင် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်များကို တင်ပြပေးခဲ့ကြောင်း လည်း သတင်းရရှိသည်။
Source: http://www.yangonmedia.com
Category: Local News

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ညီညွတ်ကြဖို့ တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Source Photo from http://www.bbcburmese.com/images

ညီညွတ်ကြဖို့

တော်လှန်ရေးနေ့မှာ

ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

2011-03-27

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူလူထု အများစုက ညီညီညွတ်ညွတ်၊ စိတ်အားသန်သန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo Courtesy of demowaiyan)

၂ဝ၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo Courtesy of demowaiyan)

တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက NLD ဌာနချုပ်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“တော်လှန်ရေးနဲ့ ညီညွတ်ရေး ဆက်နွယ်နေတယ် ဆိုတာကို အဓိကထားပြီး ပြောချင်ပါတယ်တဲ့။ တော်လှန်ရေး ဆိုတာကို ရိုးရိုး အဓိပ္ပါယ် ဖွင့်ရမယ်ဆိုရင် သိသိသာသာ ပြောင်းလဲမှုဖြစ်စဉ်ကြီးပဲပေါ့၊ သိသိသာသာ ပြောင်းလဲမှုတခု ဖြစ်နိုင်ဖို့ဆိုရင် လူအများစုကြီးက ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲကြီးကို လိုလားရုံတင်မက အပြောင်းအလဲအတွက် လုပ်ဖို့ကိုင်ဖို့ အဆင်သင့် ဖြစ်မှသာလျှင် အောင်အောင်မြင်မြင် လုပ်နိုင်မှာ ဖြစ်တယ်တဲ့။ ကျမတို့ လိုချင်တဲ့ ကျမတို့နိုင်ငံကို အကျိုးပြုမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိစေမယ့် တော်လှန်ရေးတခု အောင်မြင်ဖို့ ကျမတို့ စိတ်ဓာတ်က အဓိက အရေးကြီးပါတယ်၊ အဲဒီ စိတ်ဓာတ်ရဲ့ နောက်မှာ ညီညွတ်မှု ပါမှဖြစ်မယ်၊ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ်ကို အခြေခံပြီးတော့ ကိုယ်လိုချင်တဲ့ အပြောင်းအလဲ ဖြစ်သွားအောင်လို့ ကြိုးစားမယ် ဆိုရင် ဒီအပြောင်းအလဲဟာ မုချအောင်မြင်နိုင်မှာ ဖြစ်တယ်… စသဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်”

ဒီကနေ့ အခမ်းအနားမှာ သဘာပတိအဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးကလည်း မြန်မာ့ တပ်မတော်သားတွေ အနေနဲ့ ဒီကနေ့ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဖြစ်စဉ်တွေအပေါ်မှာ သင်ခန်းစာယူပြီး ကိုယ့်နိုင်ငံက တိုင်းရင်းသား ပြည်သူလူထုအားလုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

အခမ်းအနားမှာ NLD အဖွဲ့ချုပ်ရဲ့ တော်လှန်ရေးနေ့ ကြေညာချက်ကို အထွေထွေအတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဖတ်ကြားပါတယ်။ ဒီကြေညာချက်မှာ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းရင် တပ်မတော်သားတွေလည်း အများနည်းတူ အကျိုးရှိမယ်” လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စကိုလည်း ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။

“… ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်ရင် တပ်မတော်သားများဟာလည်း အခြား ပြည်သူပြည်သားများ နည်းတူ လူ့အခွင့်အရေးများနဲ့ သာယာတိုးတက် ဖွံ့ဖြိုးသောနိုင်ငံရဲ့ အကျိုးရလဒ်များကို ခံစားရမည် ဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားသော အင်အားစုများနဲ့ တပ်မတော်ကြား နားလည်မှု လွဲမှားနေခြင်းများ ပျောက်ကွယ်သွားစေရန် ဆွေးနွေးညှိနှိုင်းကြရန် အရေးကြီးကြောင်း ထပ်မံတိုက်တွန်းလိုက်ပါတယ် …”

ဒီကနေ့ အခမ်းအနားကို အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ သြစတြေလျ စတဲ့ ရန်ကုန်မြို့ အခြေစိုက် သံတမန်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အလားတူ တော်လှန်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးတွေ ကြီးမှူးပြီး ရန်ကုန်မြို့ ပါရမီရိပ်သာမှာ ရှိတဲ့ သခင်သိန်းဖေအိမ် နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပါတယ်။
အခမ်းအနားကို လူ တရာလောက် တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရက်စက်တဲ့ ဖက်ဆစ်ဝါဒကို ပြည်သူလူထု တရပ်လုံးက တွန်းလှန်ခဲ့တဲ့ ဖြစ်ရပ်တွေကိုပဲ အဓိကထား ပြောကြားကြတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။

ဖက်ဆစ်တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေထဲမှာ အခုဆိုရင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဝါးခယ်မ သခင်သိန်းမောင်၊ သခင်တင်မြ၊ သခင်လှကွန်း စတဲ့ ထင်ရှားတဲ့ သခင် အနည်းငယ်သာ သက်ရှိထင်ရှား ကျန်ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင် သခင်ရွှေ (ခေါ် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တရုတ်နိုင်ငံမှာ ရှိနေပြီး သခင်အောင်သိန်း (ခေါ်) ဗိုလ်ရဲထွတ်က ရန်ကုန်မှာ နေထိုင်နေပါတယ်။

အခုလို မတ်လ ၂၇ ရက်နေ့ ရောက်တိုင်း တော်လှန်ရေး ရဲဘော်ဟောင်းတွေ မိတ်ဆုံစားပွဲ လုပ်လေ့ရှိပြီး လေထီးဆင်း ရဲဘော်ဟောင်းတွေကလည်း သီးခြား မိတ်ဆုံစားပွဲ ကျင်းပလေ့ ရှိပေမယ့် ဒီနှစ် မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။ လေထီး ရဲဘော်ဟောင်းတွေရဲ့ မိတ်ဆုံစားပွဲကို မနှစ်ကအထိ ကျင်းပခဲ့တာပါ။

ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဒီကနေ့ ကျင်းပတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို သခင်တင်မြနဲ့ သခင်လှကွန်းတို့ မတက်ရောက်ဘူးလို့ သိရပါတယ်။ အခမ်းအနားကို စောင့်ကြည့် မှတ်တမ်းယူသူတွေ ရှိပေမယ့် အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတာမရှိဘူးလို့လည်း သိရပါတယ်။

မြန်မာ သံအမတ်ဟောင်းကြီးလည်း ဖြစ်၊ ဝါရင့် နိုင်ငံရေးသမားကြီးလည်း ဖြစ်တဲ့ သခင်ချန်ထွန်းက လွန်ခဲ့တဲ့ ၆၆ နှစ်၊ ၁၉၄၅ ခုနှစ် မတ်လမှာ ဖက်ဆစ်တော်လှန်ရေး စတင် ဆင်နွှဲခဲ့ပုံတွေအကြောင်း သူမှတ်မိသရွေ့ ပြန်ပြောင်း ပြောပြထားတာတွေကို ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 27, 2011

ငလျင်ဒဏ်ခံစားခဲ့ရသူများ၏ ကိုယ်တွေ့ပြောပြချက်များ

ဓာတ်ပုံ-ကျော်ဇေယျ၊ ဆုလဏီး

ငလျင်ဒဏ်ခံစားခဲ့ရသူများ၏

ကိုယ်တွေ့ပြောပြချက်များ



'ည ၈ နာရီကျော်လောက်မှာ ဝေါ . .ဝေါဆိုတဲ့ အသံတွေကြားရပြီး စလှုပ်တော့တာပဲ၊ ကျွန်တော်တို့ အိမ်တစ်ခုလုံးပြိုပြီး ပတ်ဝန်းကျင်မှလည်း အရပ်ပျက်သလိုပဲ ဆူညံနေပါတယ်၊ ကျွန်တော်တို့ တာလေမြို့ မြို့လယ်နေရာတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့ပါတယ်။ ကိုယ့်အိမ်၊ သူ့အိမ်အကုန်လုံး ပျက်ကြတာဆိုတော့ ကူညီမယ့်သူလည်းမရှိကြဘဲ တော်တော်ဒုက္ခရောက်ကြရပါတယ်'

တာလေမြို့ခံတစ်ဦး

'ငလျင်က ၂၄ ရက်နေ့ ညပိုင်းလှုပ်ပြီးကတည်းက နောက်ပိုင်းမှာ ဆက်တိုက်လှုပ်နေတယ်။ ကျွန်တော်တို့လည်း ဘယ်နေရာမှာ သွားနေရမလဲမသိတော့ဘူး။ မအိပ်ရတဲ့နေ့တွေဖြစ်နေတယ်။ အိမ်ရှိတယ်။ အိမ်ကလည်း မပျက်စီးဘဲနဲ့ အိမ်ထဲမှာမနေရဲဘူး ဖြစ်နေတယ်။ နောက်ထပ် ဒီလိုအဖြစ်မျိုး ထပ်မကြုံချင်တော့ဘူးဗျာ'

မအန်ခမ်းရွာသားတစ်ဦး

'ကျွန်မတို့ မိုင်းလင်းရွာက လူသေတာများတယ်။ ကျွန်မက ကျိုင်းတုံသွားတော့ သမီးက မလိုက်ဘဲ အဘွားအိမ်မှာ နေခဲ့တယ်။ ငလျင်လှုပ်ပြီး အိမ်ပြိုတော့ အဲဒီအိမ်က တူရော၊ တူရဲ့မိန်းမရော၊ သမီးရော သုံးယောက်စလုံး သေဆုံးခဲ့တယ်'

မိုင်းလင်းရွာသူတစ်ဦး

'ကျွန်တော့်အသက် ၆၀ ရှိပြီ။ ဒီလောက်ဆိုးတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ တစ်ရွာလုံးမှာ ၁၆ ယောက်သေတယ်။ ဘုန်းကြီးကျောင်းနားက အိမ်တစ်အိမ်ဆို လူခြောက်ယောက်သေတယ်။ အိမ်သားက လေးယောက်၊ တီဗီလာကြည့်တဲ့ လူနှစ်ယောက်ပါ သေတယ်။ နောက်နေ့ကို ချက်ချင်းသဂြိုဟ်လိုက်ရတယ်'

မအန်ခမ်းရွာသားတစ်ဦး

'မိုင်းလင်းကျေးရွာအုပ်စုက ရွာလေးတွေက အနည်းနဲ့ အများခံရတယ်။ ၀မ်ပွဲ၊ ၀မ်နား၊ မအန်ခမ်း၊ မိုင်းလွတ်ရွာတွေမှာ ထိခိုက်ကြတယ်။ ဘုန်းကြီးကျောင်း တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ တာချီလိတ်ဆေးရုံမှာတော့ ဒဏ်ရာရလူနာ ၆၉ ဦးရှိတယ်လို့ သိရတယ်။ တချို့က ပြန်ဆင်းသွားတာရှိတယ်။ ဆေးရုံကို ရောက်မလာတဲ့သူတွေလည်း အများကြီးရှိတယ်လို့ ပြောကြတယ်။ သေတဲ့သူက မတ်လ ၂၆ ရက်နေ့ ညနေလောက်အထိ ကြားရသမျှ အားလုံး ၁၈၀ လောက်ရှိမယ်လို့ ပြောကြတယ်'

တာချီလိတ်မြို့ခံတစ်ဦး



ငလျင်အပေါ် ပညာရှင်များ၏ သုံးသပ်မှုအချို့

'မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းမှာတော့ ငလျင်ကြီးမလှုပ်တာတော်တော်ကြာပါပြီ။ ကျောက်ကြမ်းငလျင်ပြီးကတည်းက ရှမ်းပြည်နယ်ဘက်မှာ အင်အားပြင်းငလျင် လှုပ်တာမရှိခဲ့ဘူး။ အင်အားပြင်းငလျင်မလှုပ်တာ တော်တော်ကြာပြီးတဲ့နောက် လှုပ်တဲ့ပထမဆုံးငလျင်ပဲ။ ငလျင်ဆိုတာက ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မပြောနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်မျိုးပါ။'

ဒေါက်တာထွန်းလွင် (MCCW)

'အကောင်းဆုံးကတော့ ကိုယ်နေတဲ့နေရာဟာ ငလျင်ကြောမှာရှိနေသလား၊ ကိုယ်နေတဲ့အဆောက်အအုံက ဘယ်လောက် ခံနိုင်ရည်ရှိသလဲဆိုတာတွေကို လေ့လာထားဖို့ လိုပါတယ်။ ဖြစ်လာရင် ဘယ်လိုလုပ်သင့်တယ် ဆိုတာတွေကိုလည်း သိထားဖို့လိုပါတယ်။'

ဦးစိုးသူရထွန်း(အတွင်းရေးမှူး၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီ)

မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဆိုင်ရာ အချက်အလက်များ

ဖြစ်ပွားသည့် နေ့ရက်နှင့်အချိန် - ၂၀၁၁ မတ်၂၄ ရက်နေ့ မြန်မာစံတော်ချိန်ည၈နာရီ ၂၉မိနစ်၃၀စက္ကန့်

ဗဟိုပြုသည့်နေရာ - ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီး

ငလျင်အင်အားနှင့် အဆင့် - ရစ်ခ်ျတာစကေး ၇ ဒသမ ၀ (အင်အားပြင်းထန်သောငလျင်)

အဓိကသက်ရောက်သည့်ဒေသများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာ စသည့်ဒေသများ

ပျက်စီးဆုံးရှုံးမှုများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာတို့တွင် စုစုပေါင်းအိမ်ခြေ ၂၂၄ လုံးပျက်စီးခဲ့ပြီး ခြောက်ခန်းတွဲ လူနေလိုင်းခန်းတစ်ခု၊ သာသနိကအဆောက်အအုံ ၁၁ ခု၊ ဌာနဆိုင်ရာအဆောက်အအုံကိုးလုံးပျက်စီး (မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)

သေဆုံး၊ ဒဏ်ရာရရှိမှု - သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး(မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)

ငလျင်ကို သိရှိခံစားခဲ့ရသည့် နေရာများ - မြန်မာနိုင်ငံရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနယ်စပ်ဒေသများ

Source: http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လစ်ဗျား အနောက်ခြမ်းမြို့တွေကို သူပုန်တွေ ချီတက်သိမ်းပိုက်

Source Photo from http://www.bbcburmese.com/images

လစ်ဗျား အနောက်ခြမ်းမြို့တွေကို

သူပုန်တွေ ချီတက်သိမ်းပိုက်

By ဗွီအိုအေ (မြန်မာဌာန)
တနင်္ဂနွေ, 27 မတ် 2011

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ခြေကုတ်ယူထားတဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေဟာ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံတပ်တွေ တပ်စွဲထားရာ အနောက်ဘက်ပိုင်းကို အမြန်ချီတက် တိုက်ခိုက်နေပါတယ်။

ကဒါဖီရဲ့တပ်တွေကို နိုင်ငံတကာ မဟာမိတ်တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ပေးတာမို့ သူတို့ဟာ မြို့အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အရှေ့ပိုင်းက ဘင်ဂျဝပ်ဒ် (Bin Jawad) မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မစ္စတာ ကဒါဖီရဲ့ ဇာတိမြို့ဖြစ်တဲ့ အလယ်ပိုင်းက ဆာတီ (Sirte) မြို့ကို ဖိတိုက်ဖို့အတွက် ကြိုးစားနေပါတယ်။

ဒီလဆန်းပိုင်းက အတိုက်အခံတွေဘက်က ဘင်ဂျဝပ်ဒ်အထိ အဝေးဆုံး သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အင်အားကြီးတဲ့ ကဒါဖီရဲ့ သစ္စာခံတပ်တွေ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ဆုတ်ပေးခဲ့ရပြီး အခု မဟာမိတ်တပ်တွေရဲ့ အကူအညီနဲ့ ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆာတီမြို့ခံတချို့လည်း မြို့ကိုစွန့်ခွာပြီး ထွက်သွားနေပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ တင်ဆောင်ထားတဲ့ ကားတွေ မစ္စတာ ကဒါဖီ ထိန်းချုပ်ထားတဲ့ ထရီပိုလီ (Tripoli) မြို့တော် ရှိရာကို ဦးတည်သွားနေတာပါ။

တနင်္ဂနွေညပိုင်းမှာ ဆာတီမြို့ဘက်က ပေါက်ကွဲမှုကြီး ၂ ခုကို ကြားခဲ့ရပါတယ်။ အတိုက်အခံတပ်တွေဟာ တနင်္ဂနွေနေ့ ဘင်ဂျဝပ်ဒ်ကို မသိမ်းခင် လမ်းမှာရှိတဲ့ ရပ်စ်လန်နုဖ် (Ras Lanouf) နဲ့ ဘရီဂါ (Brega) ရေနံဆိပ်ကမ်းမြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာမို့ လစ်ဗျား ရေနံတင်ပို့မှုကို အဓိက လုပ်နေတဲ့ ပိုက်လိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လစ်ဗျား အရပ်သားတွေကို အစိုးရတပ်တွေ တိုက်ခိုက်မှုကနေ လိုအပ်သလို အကာအကွယ် ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားဖြည့်နိုင်ဖို့အတွက် အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိသျှ ဦးဆောင်တဲ့ မဟာမိတ် တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ပေးခဲ့ပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုတွေကနေ အတိုက်အခံတွေ သူတို့ တပ်စွဲထားတဲ့ အရှေ့ပိုင်းဒေသဆီ မကြာခင် ရက်တွေအတွင်း အစိုးရတပ်တွေ လက်ထဲက ပြန်လည် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၈ နိုင်ငံ ပါဝင်တဲ့ နေတိုး မဟာမိတ် တပ်တွေဟာ လစ်ဗျားအတွက် လေကြောင်းစစ်ဆင်ရေး လုပ်ငန်းတွေကို အနောက်နိုင်ငံတွေ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ လက်ထဲကနေ လွှဲပြောင်းယူဖို့အတွက် တနင်္ဂနွေနေ့ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သဘောတူခဲ့ကြောင်း နေတိုး အကြီးအကဲ အန်းဒါးစ် ဖို့ ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောကြားလိုက်ပါတယ်။




Find this article at:
http://www.voanews.com/burmese/news/libya-118749064.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂျပန် ငလျင်ထပ်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

Source Photo from http://www.google.com/images

ဂျပန် ငလျင်ထပ်လှုပ်၊

ဆူနာမီ သတိပေးချက် ထုတ်ပြန်

By ဗွီအိုအေ (မြန်မာဌာန)
တနင်္ဂနွေ, 27 မတ် 2011

ဂျပန်နိုင်ငံမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင် ထပ်မံ လှုပ်သွားခဲ့တဲ့အတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ပွားပြီး ပျက်စီးသွားခဲ့တဲ့ နျူကလီးယားစက်ရုံမှာ နောက်ဆုံး ရေဒီယို သတ္တိကြွမှု အဆင့်က ပုံမှန်ထက် အဆ ၁၀၀,၀၀၀ မြင့်မားနေတယ်လို့ စက်ရုံ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒီအဆင့်ဟာ တနင်္ဂနွေနေ့ အစောပိုင်းက ပြောခဲ့တဲ့ အဆင့်ထက် အများကြီး ထိုးကျသွားတာပါ။

ဖူကူးရှီးမား (Fukishima) နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ နံပါတ် ၂ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အဦးထဲက ရေထဲမှာ ရေဒီယို သတ္တိကြွမှု အဆင့် အဆ ၁၀ သန်း မြင့်မားနေတယ်လို့ စောစောက မှားပြီး စက်ရုံတာဝန်ရှိသူတွေက ဖတ်ခဲ့ပြီး နာရီအတော်ကြာမှာ ထပ်မံဖတ်ရှုပြီး ပြောကြားတာ ဖြစ်ပါတယ်။

အဲဒီလို မှားဖတ်ခဲ့တဲ့အတွက်ကြောင့် စက်ရုံ အလုပ်သမားတွေဟာ စက်ရုံကနေ ထွက်ပြေးခဲ့ကြပါတယ်။ စက်ရုံလုပ်သားတွေဟာ အလွန်အကျွံ အန္တရာယ်များလှတဲ့ အခြေအနေမှာ တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိအောင် စိတ်ပန်းကိုယ်ပန်းနဲ့ အလုပ်လုပ်နေကြရာက အခုလို မှားဖတ်ခဲ့တာတွေ ဖြစ်ရတာပါလို့ အကြောင်းပြကြပါတယ်။

စက်ရုံနဲ့ မီတာ ၃၀၀ အကွာက ပင်လယ်ရေထဲမှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်း အဆင့်မြင့်မားနေတာကို ရှိဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့ စောစောပိုင်းကလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာထဲမှာ ခုလို ပျော်ဝင်နေတဲ့ ပစ္စည်းတွေက ပျံ့သွားမှာမို့ ရေထဲက သက်ရှိတွေကို ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပင်လယ်စာတွေကလည်း စိတ်ချရပါတယ်လို့ သူတို့က ဆိုပါတယ်။



Find this article at:
http://www.voanews.com/burmese/news/japan-quake-tsunami-warning-118748949.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တစ်ရက်တာ ပစ္စည်းပေါင်နှံမှုများနဲ့ ရန်ကုန်မြို့

Source Photo from http://www.google.com/images

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် အချို့ နေထိုင်သူများသည် ဈေးရောင်းချရန် အရင်းအနှီးအတွက် တစ်ရက်တာ ပစ္စည်းပေါင်နှံမှုများ ရှိကြောင်း သိရသည်။

အခြေခံ စားသောက်ကုန်များ ဈေးတက်လာမှုနှင့်အတူ အခြေခံ လူတန်းစား အများစုမှာ ရရစားစားနှင့် မိမိတို့ စားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းနေရပြီး၊ အခြေခံလူတန်းစား အချို့သည် မိမိတို့ရှိ အိမ်သုံးပစ္စည်းများကို
နံနက်ပိုင်းတွင် ပစ္စည်းလက် ခံသော သူများထံ အပ်နှံကာ ရရှိသောငွေဖြင့် ဈေရောင်းချခြင်း၊ ချက်ပြုတ်စားသောက်ခြင်းများ ပြုလုပ်နေကြရကြောင်းလည်း အဆိုပါ ရပ်ကွက်များတွင် နေထိုင်သူများက ဆိုပါသည်။
''မနက်ကို ဒန်အိုးဒန်ခွက်တွေ သွားပို့ထားလိုက်တယ်။ ရတဲ့ပိုက်ဆံနဲ့ ဈေးရောင်းပြီး အပြန် ည ၉ နာရီ၊ ၁၀ နာရီလောက်မှာ ပို့ထားတဲ့ ဒန်အိုးတွေ ပြန်ရွေးပြီး ချက်ပြုတ်စားသောက်ကြတယ်။ ယူထားတာထက်တော့ နည်းနည်း ပိုပေးရတာပေါ့။ ဒါ ပေမယ့်လည်း ဒီလိုမှမပို့ရင် မနက် ရင်းစရာ မရှိတော့လည်း ပို့ရတာပေါ့''ဟု ရွှေလင်ပန်းရွာမှ ဈေးသည်တစ်ဦးက ပြောပါသည်။

''လကုန်ခါနီး လေးငါးဆယ်ရက်လောက် အလိုမှာ အိမ်ကရှိတာလေးပေါင်ပြီး ချက်ပြုတ် စားသောက်ရတယ်။ ကျပ် ၁၅၀၀၊ ၂၀၀၀ လောက်တော့ ရတယ်။ အတိုးက ၁၀ တိုး။ လေးလနေလို့ ပြန်မရွေးနိုင်ရင်တော့ အဆုံးပေါ့။ တကယ်လို့ အတိုးက တန်ဖိုးနီးပါးများနေရင်လည်း မရွေးတော့ပဲ အဆုံးခံလိုက်တယ်။ အင်္ကျီတို့၊ လုံချည်တို့ပဲ ပေါင်တာပေါ့။ ပေါင်စရာ ရွှေမှမရှိတာ''ဟု လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်မှ အိမ်ထောင်ရှင်မတစ်ဦး က ပြောပါသည်။

လှိုင်သာယာ မီးခွက်ဈေး အနီးတွင် အပေါင်ဆိုင်များ၊ အပေါင်ဆုံး ပစ္စည်းများ ပြန်လည်ရောင်းချသည့် ဆိုင်များ အများအပြား ရှိကြောင်းနှင့် အပေါင်ဆိုင်များသည် မီးဖိုချောင်သုံးပစ္စည်း၊ အ၀တ်အစားနှင့်ရွှေ စသည် တို့ကို
အပေါင်ခံကြောင်းနှင့် ရွှေအ ပေါင်လက်မှတ် ပြန်လည်ဝယ်ယူသည့် ဆိုင်များလည်း ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ဈေးရောင်းချသူ များပြားလာပြီး၊ အရစ်ကျစနစ်ဖြင့် ရောင်းချသူ များပြားလာကြောင်းလည်း သိရသည်။

''လှိုင်သာယာ၊ ရွှေပြည်သာမှ မဟုတ်ဘူး။ ဆင်ခြေဖုံးရပ်ကွက် တော်တော်များများ ဒီလိုပဲ လုပ်ကိုင် စားသောက်နေကြရတာ။ အဆင်မပြေလို့ ဈေးရောင်းကြရင်း ဈေးသည်တွေ များလာတယ်။ ဒါပေမယ့် ၀ယ်လိုအားကတော့ အရင်ကထက် ကျသွားတယ်။ ဒီတော့ အရင်းအနှီးရဖို့အတွက် အတိုးအမျိုးအမျိုးနဲ့ ချေးတယ်။ ရှိတဲ့ပစ္စည်းကို ပုံစံအမျိုးမျိုးနဲ့ ပေါင်ပြီး အရင်းလုပ်ကြရတယ်။ ဒီလိုဈေးသည် များလာတာတော့ မကောင်းဘူး ထင်တယ်''ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦး က ပြောပါသည်။


Source:http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗီရိုထဲကအ၀တ်ပုံ အလိုအလျောက်မီးလောင်


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး ထန်းတပင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းမှု ခုနစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များမှာ မတ်လ ၇ ရက်၊ ၈ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက် နေ့များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

အလိုအလျောက် မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေအိမ်မှာ ကမာရွတ်မြို့နယ်၊ ထန်းတပင်လမ်းရှိ အိမ်ခန်းတစ်ခုတွင် ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် နေအိမ်အတွင်းရှိ မီးလောင်ကျွမ်းခံရသည့် ပစ္စည်းများအား နေအိမ်ပြင်ပသို့ ရွှေ့ပြောင်းထားကာ လျပ်စစ် မီးအားလည်း ဖြတ်တောက်ထားသည် ဟု သိရှိရသည်။

''စဖြစ်တာကတော့ မတ်လ ၇ ရက်နေ့ကပါ။ အိမ်ရှေ့ထွက်နေတုန်း ညှော်နံ့ရလို့ ၀င်ကြည့်တော့ အိမ်က လိုက်ကာစ မီးစွဲနေတာ တွေ့ရတယ်။ ၈ ရက်နေ့မှာလည်း အဲဒီလို တစ်ကြိမ် ထပ်ဖြစ်တယ်။ ၂၄ ရက်နေ့မှာတော့ တော်တော်လေး ပြင်းထန်တယ်။ အိမ်မှာရှိတဲ့ ကြွေပြားတွေက အလိုလိုနေရင်း ပူလာတယ်။ အိမ်ထဲမှာလည်း ဟိုနေရာက မီးထလောင်လိုက်၊ ဒီနေရာက မီးထလောင်လိုက်နဲ့ဆိုတော့ ကြောက်ပြီး ပစ္စည်းတွေကို အပြင် ထုတ်ထားရတယ်။ ၂၆ ရက်နေ့မှာကတော့ ကိုယ့်အခန်းမှာတင် လောင်ရုံမကဘူး၊ အစ်မတို့အပေါ်ထပ်တည့်တည့် သုံးလွှာအ၀င်ဝက သံပန်းတံခါးမှာ တင်ထားတဲ့ လိုက်ကာစကပါ အလိုလိုနေရင်း မီးထလောင်တယ်။ အဲဒီတော့ ဘေးပတ်ဝန်းကျင်ကပါလန့်ပြီး မီးသတ်ကားကို ဖုန်းဆက်ခေါ်ကြတယ်။ မီးသတ် အရာရှိတွေ ရောက်လာတော့ အစ်မတို့ ပေါ့ဆတာလို့ ပထမက ထင်နေပေမယ့် သူတို့ရှေ့မှာတင် ဗီရိုထဲကအ၀တ်ပုံက မီးထလောင်တော့မှ ယုံသွားကြတယ်''ဟု အဆိုပါ နေအိမ်မှ ကာယကံရှင်တစ်ဦးက ရှင်းပြခဲ့သည်။

အဆိုပါနေအိမ်နှင့် ကပ်လျက်တွင် နေထိုင်သူ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံကလည်း ''အစ်မတစ်သက်မှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး။ အိမ်ထဲဝင်သွားတာနဲ့ အလိုလိုနေရင်း ကြွေပြားတွေက ပူခြစ်နေတာ။ မနေ့ကဆို အ၀တ်တွေကအစ အလိုလိုနေရင်း မီးလောင်တော့ တော်တော်လေး ထိတ်လန့်မိပါတယ်''ဟု သူ၏မျက်မြင် အတွေ့အကြုံအား ရှင်းပြခဲ့သည်။

Source: http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငလျင် နောက်ဆုံးအခြေအနေ

Source Photo from http://www.bbcburmese.com/images

မြန်မာပြည် ငလျင် နောက်ဆုံးအခြေအနေ
2011-03-27

ရှမ်းပြည်တောင်ပိုင်း တာချီလိတ်၊ တာလေ၊ မိုင်းလင်း ဒေသတွေမှာ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် (၇) ရှိတဲ့ ငလျင်ကြောင့် လူ ၇ဝ ကျော် သေဆုံးကြောင်း စစ်အစိုးရက ကြေညာခဲ့ပေမယ့် အသေအပျောက် ရာကျော်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

တာလေမြို့က အပျက်အစီး၊ အသေအပျောက် အခြေအနေနဲ့ ပတ်သက်ပြီး တာချီလိတ် မြို့ခံတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“တာလေမှာ ၁ဝ ပေလောက် ကျယ်တဲ့ အမြောင်းကြီးတွေ၊ မြေတွေ အက်ကွဲကုန်တယ်။ အိမ် ၃ဝ ကျော်လောက်က အမိုးပဲ မြင်ရတယ်။ လူတွေ အတော်များများ ဆုံးသွားတယ်။ အလောင်းက ၁ ရာလောက် ရပြီ။ နောက်ထပ် အလောင်း ဘယ်လောက်ရမယ် ဆိုတာတော့ မသိသေးဘူး။ လူတရာကျော်တော့ တော်တော် ဒဏ်ရာရထားပြီးပြီ”

ကျိုင်းတုံမြို့ခံ တယောက်ကလည်း ...

“တော်တော်များများ သေတယ်။ ကျမ သိတဲ့လူတွေတော့ သေသွားကြကုန်ပြီ။ အသက် ၇ဝ ကျော်တွေ ဦးလေးတို့ အဖိုးအဖွားတို့တွေ ဘုရားရှိခိုးရင်း ငလျင်လှုပ်တာနဲ့ အောက်ထစ်ကို ဗြုန်းကနဲဆို ပြုတ်ကျပြီး ဘာမှတောင် မသိသွားဘူး”

တာချီလိတ်နဲ့ အနီးတဝိုက်မှာ နေ့စဉ် ဆိုသလို ငလျင်အငယ်စားတွေ ဆက်လက် လှုပ်နေတဲ့အတွက် ဒေသခံ ပြည်သူတွေ အဆောက်အဦတွေထဲ မနေရဲဘဲ အပြင် ထွက်နေကြရတယ်လို့ ဆိုပါတယ်။

မိုင်းလင်းမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က ငလျင် ထပ်လှုပ်ခဲ့တဲ့အတွက် အဆောက်အဦတချို့ ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ငလျင်ကြောင့် မိုင်းလင်းမှာ လူ ၂၉ ယောက် သေဆုံးပြီး၊ အိုးအိမ် ၁၂၈ လုံး ပျက်စီးခဲ့ပါတယ်။

အခု ငလျင်လှုပ်ရာ ဒေသဟာ ဆက်သွယ်ရေး မလွယ်ကူတဲ့အတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေတယ်လို့ သိရပါတယ်။ စစ်အစိုးရရဲ့ အကူအညီတွေလည်း ထိထိရောက်ရောက် မရောက်ရှိသေးသလို၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း လိုအပ်နေကြောင်း သိရပါတယ်။

အဲဒီဒေသ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး တာချီလိတ် မြို့ခံတီးဖြစ်တဲ့ ဦးအိုက်လောင်း ကို အာအက်ဖ်အေ အဖွဲ့သား ဦးသစ်ဆင်းက ဆက်သွယ် မေးမြန်းထားပါတယ်။






Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာစစ်အစိုးရ သင်ခန်းစာယူဖို့





အာရပ်ကမ္ဘာက နိုင်ငံရေးအုံကြွမှု သင်ခန်းစာယူဖို့

NLD တိုက်တွန်း

By မသင်းသီရိ
တနင်္ဂနွေ, 27 မတ် 2011

အာရပ်ကမ္ဘာတ၀န်းမှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာတွေ၊ လူထုအုံကြွမှုတွေကို မြန်မာစစ်အစိုးရ အနေနဲ့ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက သတိပေးလိုက်ပါတယ်။ တပ်မတော်အနေနဲ့ လူထုဆန္ဒကို မျက်ကွယ်မပြုဖို့လည်း ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ထည့်သွင်း ပြောဆိုသွားကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အာရပ်ကမ္ဘာမှာ နှစ်ပေါင်းကြာမြင့်စွာ ကတည်းက ထူထောင်ထားတဲ့ အာဏာရှင် နိုင်ငံတွေတောင်မှ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဒီကနေ့ ဘယ်လို ရင်ဆိုင်နေရသလဲဆိုတဲ့ အခြေအနေတွေကို ကြည့်ပြီး တပ်မတော်သားတွေ သင်ခန်းစာ ယူသင့်တယ်လို့ NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့တွေကို ကျောထောက်နောက်ခံပြုပြီး အာဏာ ဆက်လက်တည်မြဲဖို့အတွက် ကြိုးပမ်းနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေက အခြေအနေတွေကို ရည်ညွှန်းပြီးတော့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင်း အခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီကနေ့ တပ်မတော်သားတွေအပေါ် မေတ္တာရပ်ခံချင်ပါတယ်တဲ့။ အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ ကိစ္စတွေကို ကြည့်ပါတဲ့။ အင်မတန် နှစ်ရှည်လများ ထူထောင်လာတယ်ဆိုတဲ့ တကယ့် အာဏာရှင် နိုင်ငံတွေတောင် ပြည်သူရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ ဘာတွေဖြစ်ကုန်ကြသလဲတဲ့။ အဲဒါတွေကို သင်ခန်းစာ ကောင်းကောင်းယူပြီး ရင်ကြားစေ့ရေးဆိုတဲ့ အပေါ်မှာ တကယ် ကျနော်တို့အားလုံး ညီညီညွတ်ညွတ် တပေါင်းတည်း၊ တိုင်းရင်းသား ပြည်သူ အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် လုပ်ကြပါစို့လို့ ပြောကြားသွားပါတယ်။”

ပြည်သူလုထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဘယ်လုပ်ရပ်မဆို မှားနေတယ်ဆိုတာ သတိပြုဖို့ လိုတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားနဲ့အတူ ပြည်သူလူထုရဲ့သြဇာ တပ်မတော်မှာ လွှမ်းနေသည်ဆိုတဲ့ စကားနဲ့လည်း လက်ရှိအခြေအနေ လွဲနေပြီလို့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုအပေါ်မှာ လုပ်တာကိုင်တာ မှန်သမျှကို ပြည်သူလူထုရဲ့ဆန္ဒ အစစ်အမှန်နဲ့ မကိုက်ညီသမျှ မှားတယ်လို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ နောက်တချက် ဗိုလ်ချုပ်ပြောခဲ့တဲ့ အထဲက သိပ်အရေးကြီးတဲ့ စကားလုံးတလုံး ရှိသေးတယ်တဲ့။ စစ်သည်တော်တွေကို ပြည်သူလူထုက မပြောတာဟာ မမဲ့ရဲလို့လို့ မှတ်ပါတဲ့။ ပြည်သူလူထုက ပြောဖို့ နေနေသာသာ မဲ့ပြချင်တယ်၊ ရွဲ့ပြချင်တယ်၊ ဒါပေမဲ့ ကြောက်တယ်။ မမဲ့ရဲဘူး။ အဲဒါကို ဆိုလိုတာ ဖြစ်တယ်တဲ့။

“ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်က တပ်မတော်သားတွေကို မိန့်ခွန်းတွေ ပြောခဲ့တဲ့ အခါတိုင်း ပါလီမန် ဒီမိုကရေစီစနစ်မှာ တုန်းကတော့ ပြည်သူလူထုရဲ့ သြဇာဟာ တပ်မတော်အပေါ်မှာ လွှမ်းမိုးသည်ဆိုတာ ဖြစ်အောင်လို့ စစ်သည်တော်ကျင့်ဝတ် ဆိုတာကို ချမှတ်ခဲ့ဖူးတယ်တဲ့။ ဒါဟာ အချက် ၆၀ တောင် ပါတယ်တဲ့။ ဒီကနေ့ ဒီစာအုပ် ပျောက်သွားပြီတဲ့။ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်မယ် ဆိုကတည်းက အဲဒါတွေဟာ ပြည်သူ့ရေးရာ ဆိုတဲ့အထဲမှာ ပါသွားပြီးတော့ တပါတီ ထူထောင်ဖို့ ဖြစ်နေတဲ့ အခါကြတော့ အဲဒါ ပျောက်သွားပြီတဲ့။”

ဖက်ဆစ်ဂျပန်ရဲ့ ကျူးကျော်မှုကို တွန်းလှန်ခဲ့ကြတဲ့ သမိုင်းဝင်နေ့ကို တော်လှန်ရေးနေ့ရယ်လို့ မတ်လ ၂၇ ရက်နေ့တိုင်း ကျင်းပလာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တပ်မတော်နေ့လို့ တိုင်းပြည်အုပ်ချုပ်သူတွေက ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ကျူးကျော်သူ ဖက်ဆစ်တွေကို အောင်နိုင်ခြင်းဟာ စိတ်ဓာတ်နဲ့ ညီညွတ်မှုကို အခြေခံခဲ့တာမို့ တော်လှန်ရေးနဲ့ ညီညွတ်မှု ဆက်နွယ်နေတယ်လို့လည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွင်း ပြောဆိုခဲ့တဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

“၁၉၄၅ ခုနှစ်မှာ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျမတို့ နိုင်ငံသူ နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ခဲ့လို့ပဲ ဖြစ်တယ်တဲ့။ တော်လှန်ရေးဆိုတဲ့ အဓိပ္ပာယ်ကတော့ ရိုးရိုးအဓိပ္ပာယ် ဖွင့်ရမယ်ဆိုရင် သိသိသာသာ ပြောင်းလဲမှု ဖြစ်စဉ်ကြီးပဲပေါ့တဲ့။ သိသိသာသာ ပြောင်းလဲမှုတခု ဖြစ်နိုင်ဖို့ဆိုရင် အားလုံးကနေ ညီညီညွတ်ညွတ်နဲ့ လူထု အများစုကြီးက ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲကြီးကို လိုလားပြီးတော့၊ လိုလားရုံတင်မက အပြောင်းအလဲအတွက် လုပ်ဖို့ကိုင်ဖို့ အဆင်သင့် ဖြစ်မှသာလျှင် အောင်အောင်မြင်မြင် ဖြစ်နိုင်မှာ ဖြစ်တယ်တဲ့။ ဒီကနေ့ဆိုရင် နိုင်ငံရေးအရ၊ လူမှုရေးအရ အပြောင်းအလဲကြီးတွေ လိုချင်လို့ ဆောင်ရွက်နေကြတယ်။ အဲဒါဆိုရင်လည်း ညီညွတ်ဖို့ လိုတယ်ဆိုတာ အဓိက ပြောချင်တယ်တဲ့။”

NLD ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် တချို့ကို NLD ပါတီ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု ပြိုကွဲမယ့် အခြေအနေရောက်တိုင်း တပ်မတော်က ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဖြစ်သလို အခုဆိုရင် လွှတ်တော်ကျင်းပပြီး ပြည်သူလူထုရဲ့ လိုလားတောင့်တချက်တွေကို နိုင်ငံတော်သစ်အတွက် ပုံဖော် တည်ဆောက်နေပြီလို့ စစ်အစိုးရထုတ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြ ရေးသားထားပါတယ်။

အစိုးရသစ်နဲ့ ပတ်သက်လို့ ကောင်းတယ်၊ ဆိုးတယ် မမြင်ထားဘဲ ဖြစ်စဉ်ကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်တယ်လို့ အစိုးရသစ်နဲ့ ပတ်သက်တဲ့ သဘောထားအပေါ် မေးတဲ့ သတင်းထောက်တဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့ပါတယ်။ တိုင်းပြည်အတွက် အစိုးရသစ်နဲ့လည်း ကောင်းတဲ့ ဆက်ဆံရေး မျှော်မှန်းပေမဲ့ ဘယ်လိုလုပ်မလဲ၊ ဘယ်လို ဆက်ဆံလာမလဲဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင် သိမှာဖြစ်ပြီး NLD ပါတီကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။



Find this article at:
http://www.voanews.com/burmese/news/nld-anti-fascist-resistance-day-118734314.html



Source Audio from http://www.rfa.org/burmese



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပွဲလန့် ဖျာခင်းသူများ


အဆောက်အဦးဆိုတာ အောက်ခြေခိုင်မှ သေခြာတာ။
အဲဒါ အောက်ခြေကနေ စ ပြောင်းတာပဲ။

ကျုပ်တို့က ပွဲလန့် ဖျာခင်းတာမဟုတ်ဘူး။
ပွဲလှန့်ဖျာခင်းဗျ။
ဟုတ်ပါဘူး ပွဲလှန့်ကုလားထိုင်ခင်းတာ။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအတွက် ပုဂ္ဂိုလ်များ ခန့်အပ်ရာတွင် သတ်မှတ်ထားသော အရည်အချင်း ၁၀ ချက်ရှိကြောင်းနှင့် ယင်းအရည်အချင်း ၁၀ ချက်ထဲတွင် အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့် ဖျာခင်းသူများ မဖြစ်စေရဟူသည့် အချက်ပါဝင်ကြောင်း မတ်လ ၂၂ ရက်နေ့က နေပြည်တော်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး မေးမြန်းချက် ဖြေကြားချက်များအရ သိရသည်။

အရည်အချင်း သတ်မှတ်ချက် ၁၀ ချက်

(က) ရပ်ကွက်/ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ၊

(ခ) မည်သည့် နိုင်ငံရေးအဖွဲ့အစည်းတွင်မှ ပါဝင်ခဲ့သူမဖြစ်စေရ၊

(ဂ) အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများ မဖြစ်စေရ၊

(ဃ) မိသားစု၊ ဆွေမျိုးစုအင်အားဖြင့် ခေတ်အဆက်ဆက် ဆိုးမိုက်နေသူများ မဖြစ်စေရ၊

(င) မြို့နယ်အဖွဲ့အစည်းသို့ ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှုရရှိတတ်သူများမဖြစ်စေရ၊

(စ) ပြီးခဲ့သည့် အရေးအခင်းများတွင် ပါဝင်လှုပ်ရှားခဲ့သူများ၊ နည်းမျိုးစုံဖြင့် အားပေးအားမြှောက်ပြု သူများ မဖြစ်စေရ၊

(ဆ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများကို

ဆန့်ကျင်သူများ မဖြစ်စေရ၊


(ဇ) အမှုအခင်းမရှိသော နယ်ဖက် စစ်ဖက်အငြိမ်းစားများ ရပ်မိရပ်ဖထဲမှ

ကြည်ညိုလေးစားမှုရှိသူ၊အကျင့် စာရိတ္တ ကောင်းမွန်သူများ ကို စိစစ်ရွေးချယ်ရန်၊

(ဈ) ရပ်ကွက်ကျေးရွာအုပ်စု စာရေးမှအပ တာဝန်ထမ်းဆောင်ဆဲ အခြားဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းမပြုရ၊

(ည) ပြစ်မှုကျူးလွန်သူများ၊ ပြစ်ဒဏ်ကျခံရသူများ၊ ဆိုးသွမ်းသူများနှင့် ရပ်ကွက်လူထု၏ ကြည်ညိုလေးစားမှုမရှိသူများ မဖြစ်စေရ

http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, March 26, 2011

ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်

Source Photo from http://www.bbcburmese.com/images

မြန်မာငလျင်ဘေးအတွက်

ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်


စနေ, 26 မတ် 2011

ထိုင်းနဲ့ လာအိုးနယ်ချင်းစပ် မြန်မာနိုင်ငံဖက်ခြမ်းမှာ လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုတွေအတွက် အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား ၀မ်းနည်းကြေကွဲကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရင် ကလင်တန်က သောကြာနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ မိုင်းဖြတ်အကြား ပြင်းအား ၇ နီးပါးရှိတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးပျက်စီးမှု အတိုင်းအတာကို အသေအချာသိနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးစားနေကြပါတယ်။

ကြာသပတေးနေ့ညက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ၇၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရသတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် လုပ်ကိုင်နေသူတွေကတော့ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၃၀ ရှိသွားပြီလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ကြပါတယ်။ စနေနေ့ မနက်ကနေ မွန်းလွဲချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ရံဖန်ရံခါ ထပ်မံ လှုပ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ် မိုင်းဖြတ်နဲ့ တာလေးမြို့တွေကြားမှာ မြေအောက် အနက် ၆ မိုင်အကွာလောက်ကနေ ပြင်းအား ၆.၈ အဆင့်နဲ့ ကြာသပတေးနေ့က လှုပ်ခတ်သွားခဲ့တာပါ။ ဒီနောက် နောက်ဆက်တွဲငလျင်တွေအဖြစ် ပြင်းအား ၅ ၀န်းကျင်ရှိတဲ့ ငလျင် သုံးခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ ကုလသမဂ္ဂ MIMU မြန်မာ့သတင်းအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။



Find this article at:
http://www.voanews.com/burmese/news/---118716979.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လောင်းကစားဝိုင်းတွေမှာသုံးဖို့ ကျပ် ၁ဝဝဝ တန်ငွေစက္ကူအတု

Source Photo from http://www.google.com/images

ကျပ် ၁ဝဝဝ တန် ငွေစက္ကူတု ၁ဝ သိန်းဖိုး

လက်ပံတန်းမြို့နယ်မှာ ဖမ်းဆီးမိ

2011-03-26

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဆီးဖြူကုန်း ဘူတာမှာ ကျပ် တထောင်တန် ငွေစက္ကူအတု ၁ဝ သိန်ဖိုးကို ရထားစီး ခရီးသည် တဦးဆီကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့ သတင်းရရှိပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ ငွေအတုတွေနဲ့ ပတ်သက်ပြီး လက်ပံတန်း မြို့ခံတဦးက RFA ကို အခုလို ပြောပြပါတယ်။

“ငွေစက္ကူအတု ဆိုတာလည်း သပ်သပ်ရပ်ရပ် လုပ်ထားတာ မဟုတ်ဘဲ လျှောက်လွှာစာရွက် အဖြူပေါ်မှာ မိတ္တူကူးထားတဲ့ တထောင်တန်တွေ၊ နံပါတ်တွေကလည်း တခုတည်း။ ၁ဝ သိန်းလောက် ရှိတယ်။ ဖမ်းမိတဲ့ တရားခံကို စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီစက္ကူကို ဆီးဖြူကုန်း၊ သာရဝေါ၊ ရွာလေး၊ စမုံဆိပ်ရွာတို့မှာ နေ့စဉ် လုပ်နေတဲ့ လောင်းကစားဝိုင်းတွေမှာ သုံးဖို့လို့ ထွက်ဆိုတယ်။ အဲဒါကို လက်ပံတန်းရဲစခန်းက ဆက်ပြီး အရေးယူ ဆောင်ရွက်နေတယ်။ လောင်းကစားဝိုင်းတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာကနေပြီး မသိနားမလည်တဲ့ တောသူတောင်သားတွေ၊ အရက်သေစာ သောက်စားပြီး လောင်းကစား လုပ်ကြတဲ့သူတွေကို ဒိုင်တွေက မလိမ့်တပတ် လုပ်နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားသွားတာပေါ့”

လက်ပံတန်းမြို့နယ်မှာ လောင်းကစားဝိုင်းတွေ အတော် များနေပြီး လောင်းကစားပွဲတွေကြောင့် ရန်ပွဲတွေ၊ လုယက်မှုတွေပါ မကြာခဏ ဆိုသလို ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှ အရေးယူ ဆောင်ရွက်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရှမ်းပြည်နယ်ငလျင် နောက်ဆက်တွဲသတင်း

Source Picture from http://www.dvb/video

ရှမ်းပြည်နယ်မြေငလျင်

သေဆုံးသူ နှစ်ရာခန့် ရြှိပီဟု ဒေသခံများပြော

2011-03-26

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူပေါင်း အခုအခါ နှစ်ရာနီးပါး ရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က ညပိုင်းအထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၅ နာရီ ၃၇ မိနစ်မှာ ၄.၆ ပြင်းအားရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့သလို မနက် ၅ နာရီ ၅ဝ မိနစ်မှာလည်း ၄.ဝ ရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ထိုင်း ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တာချီလိတ်မြို့နယ်အတွင်းမှာ နောက်ထပ် ငလျင်ကြီးတွေ လှုပ်မှာကို စိုးရိမ်နေကြတဲ့အတွက် ဒေသခံတွေ နေအိမ်တွေမှာ မနေကြတော့ဘဲ အမိုးအကာ ကင်းမဲ့တဲ့ ကွင်းပြင်တွေမှာ ထွက်ပြီး နေကြတယ်လို့လည်း သိရပါတယ်။

လောလောဆယ် ငလျင်ဒဏ်ခံ ပြည်သူတွေဟာ စားစရာတချို့နဲ့ သောက်ရေတွေ ရရှိနေကြပေမယ့် လုံလောက်အောင် မရသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငလျင်ကယ်ဆယ်ရေး စတင်

Source Picture from http://www.bbcburmese.com/images

ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်

By မနန္ဒာချမ်း
စနေ, 26 မတ် 2011

လူ ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်း NGO အဖွဲ့တွေက ငလျင်ဒဏ်သင့်ရာ ဒေသတွေဆီ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့တော့ မကြားတော့ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF၊ ပြီးတော့ World Vision နဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF တို့အပါအ၀င် ပြည်တွင်းမှာရှိတဲ့ မြန်မာ NGOs တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ငလျင်ဒုက္ခသည်တွေအတွက် လိုအပ်မယ့် ဆေးဝါးပစ္စည်းရိက္ခာတွေကို ၀ယ်ယူပြီး ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင်းက တာလေမြို့နဲ့ မိုင်းလင်းဘက်ကို မော်တော်ယာဉ်တန်းတွေနဲ့ ဒီကနေ့ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“ယူအန်အဖွဲ့ကတော့ ဒီမှာရှိတယ်။ UNICEF အဖွဲ့လည်း ဒီမှာရှိတာကိုး။ နောက်ပြီးတော့ World Vision အဖွဲ့လည်းရှိတယ်။ အဲဒါ သူတို့အဖွဲ့တွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သွားကြလေရဲ့။ နိုင်ငံခြား အဖွဲ့အစည်းတွေက သုံးလေးငါးဖွဲ့ရှိတယ်။ ပြည်တွင်းက တနိုင်တပိုင်လုပ်တဲ့အဖွဲ့တွေလည်း လေးငါးခြောက်ဖွဲ့လောက် ရှိပါတယ်။ သူတို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာပါပဲ။ သူတို့တွေကတော့ ထိုင်းကပစ္စည်းတွေ ၀ယ်သွားတယ်။ ခေါက်ဆွဲခြောက်တို့၊ သောက်ရေသန့်ဗူးတို့၊ လတ်တလောစားနိုင်တဲ့ အစားအစာတွေပေါ့။ အဲဒီ တာလေနဲ့ မိုင်းလေးကို သူတို့သွားကြတာပဲ။ တာလေနဲ့ မိုင်းလေးက အဓိကဖြစ်တာကိုး။”

ဒါ့အပြင် ဒီငလျင်ဒဏ်ခံရသူတွေကို ကူညီဖို့အတွက် တာလီချိတ်မြို့ပေါ်မှာလည်း လူငယ်တချို့ကနေ ဒီကနေ့ အလှူငွေကောက်ခံပြီး တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေတာတွေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က ဦးစီးပြီး ဆောင်ရွက်နေတာမျိုး သိပ်မတွေ့ရဘူးလို့ အဲ့ဒီဒေသခံက ဆက်ပြောခဲ့ပါတယ်။

“နံမည်တပ်ပြီးတော့တော့ မရှိပါဘူး။ တတ်နိုင်တဲ့လူ သုံးလေးယောက်ပေါင်းပြီး အဲဒီလိုသွားကြတာကိုး။ တနိုင်တပိုင်လုပ်ကြတာပဲ။ ဈေးထဲမှာလည်း အလှူငွေလာကောက်တယ်။ ကောက်ပြီးတော့ အလှူငွေတွေ သွားပေးကြတယ်တဲ့။ ကယ်ဆယ်ရေးအတွက် တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အတိုင်းအတာအတိုင်း သွားပို့ကြတယ်။ သွားပေးကြတယ်။ အရပ်သားတွေဘက်ကတော့ အားရကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ အားမရတာကတော့ အစိုးရဘက်ကပေါ့။ လိုအပ်တဲ့လူတွေရဲ့ အခက်အခဲကို ဦးစီးဦးဆောင် လုပ်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ သွားရောက်လုပ်ဆောင်ပေးစေချင်တာပေါ့။ ဒီမှာ သတင်းတွေကြည့်ရတာရော၊ နားထောင်ရတာရော အားရမှုဘာမှမရှိပါဘူး။ ပတ်ဝန်းကျင်က NGO အဖွဲ့တွေ လုပ်တာတို့၊ World Vision အဖွဲ့တွေ လုပ်တာတို့၊ နောက်ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့ ဆိုပြီးတော့ မြို့ကတည်ထောင်ထားတဲ့အဖွဲ့တွေ လုပ်တာတို့ အဲဒါတွေ သွားတာပဲတွေ့ပါတယ်။”

ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေမှာတော့ ရှမ်းပြည်နယ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင်ဦးဆောင်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ငလျင်ဒဏ်သင့် ဒေသတွေဆီ သွားရောက်ခဲ့ကြောင်းနဲ့ ငလျင်ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လောလောဆယ်တော့ အဲ့ဒီငလျင်ဒဏ်သင့်ခဲ့တဲ့ဒေသတွေမှာ တယ်လီဖုန်းလိုင်း ဆက်သွယ်မှုတွေ အခက်အခဲဖြစ်နေတယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

“မီးကတော့ ဖြစ်တဲ့အချိန်လေးမှာ ခဏလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတာကလွဲပြီး ကျန်တာဘာမှ မဖြစ်ဘူး။ ဒီမြို့မှာတော့ သောက်ရေအနေနဲ့ ရေသန့်ပဲ ၀ယ်သုံးကြတယ်။ ရေသန့်တွေကတော့ ရှိနေပါတယ်။ တယ်လီဖုန်းလိုင်းကတော့ ယိုးဒယားလိုင်းကတော့ ဆက်လို့ရတယ်။ ပြည်တွင်းလိုင်းက ဆက်ရခက်တယ်။ ငလျင်ဖြစ်ပြီးမှ ရန်ကုန်ကိုဆက်ရခက်တာ။ မြေငလျင်လှုပ်တဲ့အခါကျတော့ ကျနော်ထင်တာကတော့ ကေဘယ်လ်လိုင်းတွေဘာတွေ ထိသွားတယ်ထင်တယ်။ အထင်ပြောတာပါ။ သူတို့ဆက်သွယ်ရေးက ဘာဖြစ်တာလဲဆိုတာတော့ သူတို့မှာ ခုထက်ထိ ဘာမှအဖြေမရှိသေးဘူး။”

ပြီးခဲ့တဲ့ကြာသပတေးနေ့ ဒေသစံတော်ချိန်ညဦးပိုင်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်က မြန်မာ၊ ထိုင်း နဲ့ လောနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသအနီး တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ၁၃၀ ကျော်အထိ ရှိခဲ့ပါတယ်။ အစိုးရပိုင် သတင်းတွေမှာတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူဦးရေဟာ ၇၄ ယောက်ရှိပြီး ၁၁၁ ယောက် ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာလည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ကြိုကြားကြိုကြား နာရီပိုင်းအလိုက် ဆက်တိုက်လှုပ်ခတ်မှုတွေရှိနေပြီး ဒီနေ့မနက် ၅ နာရီကျော်ကျော်လောက်မှာနဲ့ မွန်းလွဲ ၁၂ နောက်ပိုင်းမှာလည်း ငလျင်လှုပ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။



Find this article at:
http://www.voanews.com/burmese/news/Burma-Earthquake-03-26-11-118704274.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သံဃာတော်အများအပြား ထောင်ဝင်စာတွေမဲ့သူ မရှိ

Source Photo from http://www.google.com/images

သံဃာတော်အများအပြား

ထောင်ဝင်စာတွေမဲ့သူ မရှိ

2011-03-25

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရတဲ့ သံဃာတော် အမြောက်အများကို ထောင်ဝင်စာတွေ့ ပြီး ကူညီမဲ့သူ ကင်းမဲ့နေတဲ့အတွက် အဲဒီသံဃာတွေကို ကူညီ ထောက်ပံ့ရာမှာ ပါဝင်ကြဖို့  သာသနာ့ ဥသျှောင်အဖွဲ့ ဝင် သံဃာတော်တွေက ဦးစီးပြီး ပြည်တွင်း ပြည်ပက အလှုရှင်တွေကို တိုက်တွန်း နိုးဆော် လိုက်ပါတယ်။

AFP

ရွှေဝါရောင်တော်လှန်ရေးအတွင်း ၂၀ဝ၇ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က ရန်ကုန်မြို့တွင် မိုးထဲရေထဲမှာပင် သာသနာ့အလံ လွှင့်ထူကာ မေတ္တာပို့ဆုတောင်းရင်း စီတန်ြးွကချီလာကြသော သံဃာတော်များ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရတဲ့ သံဃာတော် အမြောက်အများကို ထောင်ဝင်စာတွေ့ ပြီး ကူညီမဲ့သူ ကင်းမဲ့နေတဲ့အတွက် အဲဒီသံဃာတွေကို ကူညီ ထောက်ပံ့ရာမှာ ပါဝင်ကြဖို့  သာသနာ့ ဥသျှောင်အဖွဲ့ ဝင် သံဃာတော်တွေက ဦးစီးပြီး ပြည်တွင်း ပြည်ပက အလှုရှင်တွေကို တိုက်တွန်း နိုးဆော် လိုက်ပါတယ်။

ပြည်သူတွေ အတွက် လှုပ်ရှား ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ သံဃာတော် အပါး ၂၀၀ ကျော်ထဲက ထောင်ဝင်စာ အခက်အခဲ ကြုံနေရတဲ့ သံဃာတော် ၂၅ ပါးအတွက် အခုလို စီစဉ် ဆောင်ရွက်တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ နယူးယောက်မြို့က သာသနာ့ ဥသျောင်အဖွဲ့ ဝင် အရှင်ပညာနန္ဒက မိန့် ကြားပါတယ်။

"NLD မှာ မဲဖောက်တာတွေ ကျန်နေတယ်ဆိုတော့ ဦးဇင်းက အကုန်လုံး မတတ်နိုင်တော့ ဘုန်းကြီးတွေထဲက လုံးဝ ထောင်ဝင်စာမရှိတဲ့ အဆင်းရဲဆုံး အခက်အခဲဆုံး ဘုန်းကြီးတွေ ရွေးပေးလိုက်ပါလို့ ဆိုတော့ ၂၅ ပါးကို ရွေးပေးလိုက်တယ်။ ဦးဇင်းကနေပြီးတော့ မဲဆောက်မှာရှိတဲ့ သာသန ဥသျှောင်ရုံး အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီးတော့ ဒီ၂၅ ပါးအတွက် နီးစပ်ရာ အလှူခံပြီး လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။"

အလှုရှင်တွေအနေနဲ့  မိမိတို့ ကူညီလိုတဲ့ သံဃာတော် တပါးကို ရွေးချယ်ကာ လစဉ် ဒေါ်လာ ၁၀ လှုဒါန်း ပါဝင်နိုင်ကြောင်း၊ အခုထိ သံဃာ ၁၃ ပါး အတွက် အလှုငွေ ရရှိထားပြီး ဖြစ်ကြောင်းနဲ့ ကျန်တဲ့ သံဃာ ၁၂ ပါး အတွက် လိုအပ်နေသေးကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရှင်ပညာနန္ဒနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....