+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 30, 2011

မေလ ၆ ရက်နေ့၌ ကြယ်မိုးရွာသွန်းရန် ရှိ

Source Photo from http://www.google.com/images

မေလ ၆ ရက်နေ့၌ ကြယ်မိုးရွာသွန်းရန် ရှိ

မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှုလာမည့် မေလ ၆ ရက်နေ့၌ ဖြစ်ပေါ်ရန် ရှိကြောင်း နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။

ကြယ်မိုးရွာသွန်းမှုသည် တစ်နှစ်လျှင် ပျမ်းမျရှစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သော်လည်း ယင်းသို့ဖြစ်ပေါ်မှုကို ရာသီဥတု အခြေအနေနှင့် လအလင်းရောင်ပေါ် မူတည်၍ ရံဖန်ရံခါမှ မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။ နွေရာသီကာလတွင်သာ အဓိက မြင်တွေ့ခွင့် ရရှိနိုင်ကာ လအလင်းရောင် မရှိသော လကွယ်နေ့၌ ဖြစ်ပေါ်မှသာ သေချာစွာ မြင်ရနိုင်ကြောင်း သိရသည်။

''ဧပြီလ ၂၂ ရက်နေ့က ကြယ်မိုးရွာခဲ့ပေမယ့် အဲဒီနေ့တုန်းက လမင်းရဲ့ အလင်းရောင်က ၈၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့အတွက် ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ခွင့် မရှိခဲ့ဘူး။ အခုဖြစ်မယ့်ဖြစ်စဉ်မှာတော့ လအလင်းရောင်က နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် မြင်တွေ့နိုင်ပါတယ်။ ကြယ်မိုးရွာတဲ့ အဓိက အကြောင်းအရင်းက တစ်နှစ်ကို ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်နေတဲ့အချိန်မှာ ဥက္ကာပျံ အစအနတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုတွေကို ဖြတ်သန်း ရတယ်။ အဲဒီအခါမှာ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ဥက္ကာပျံ အစလေးတွေကို လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က ချေဖျက်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်ကြိုး နှစ်ခုပူးရင် အလင်းရောင် ဖြာထွက်လာတဲ့ သဏ္ဌာန်မျိုး ကောင်းကင်မှာ ဖြစ်သွားပါတယ်။ အဲဒါကို ကြယ်မိုးရွာတဲ့လို့ ခေါ်ပါတယ်''ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။


Source News from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငွေစက္ကူအဟောင်းအား အမြတ်ယူ၍ အသစ်ဖြင့် လဲလှယ်ခြင်းကို အရေးယူမည်


ငွေစက္ကူအဟောင်းအား

အမြတ်ယူ၍ အသစ်ဖြင့် လဲလှယ်ခြင်းကို အရေးယူမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်း ငွေစက္ကူ အဟောင်းအနွမ်းများကို အမြတ်အစွန်းယူ၍ ငွေစက္ကူအသစ်ဖြင့် တရားမ၀င် လဲလှယ်ခြင်းများကို စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သတင်းရရှိသည်။

ဗဟိုဘဏ်မှ ငွေအကြွေများနှင့် ငွေစက္ကူအဟောင်းများကို အသစ်များဖြင့် ပြန်လည်လဲလှယ်ပေးနေ သော်လည်း အများပြည်သူအကြား ငွေစက္ကူအစုတ်များကိုသာ သုံးစွဲနေရကြောင်း၊ ဗဟိုဘဏ်မှ ငွေစက္ကူအသစ် များကို လဲလှယ်သိမ်းဆည်း၍ ပြင်ပတွင် အမြတ်အစွန်းယူကာ ပြန်လည် လဲလှယ်ပေးသည့် သူများရှိနေခြင်း ကြောင့် ယင်းကဲသို့မရှိစေရန် အရေးယူရခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဗဟိုဘဏ်က ငွေအကြွေတွေ ရော၊ ငွေစက္ကူအသစ်တွေကိုပါ လဲပေးတယ်။ ဒါပေမဲ့ အဲဒီငွေစက္ကူ အသစ်တွေကို ပြည်သူတွေဆီကို မရောက်ဘူး။ ပြည်သူတွေကြားမှာ ငွေစက္ကူအနွမ်းတွေကိုပဲ သုံးစွဲနေ တာကိုတွေ့ရတယ်။ ငွေစက္ကူအ ဟောင်းအနွမ်းတွေ သုံးစွဲမှုပပျောက် စေဖို့အတွက် အသစ်တွေကိုလဲပေး ပေမဲ့ အဓိကအများပြည်သူဆီကို မရောက်ဘူး။ ပြီးတော့ လူအတော် များများက ငွေစက္ကူအသစ်ကလေး တွေဆိုရင် သိမ်းထားတတ်တယ်။ မသုံးကြဘူး။ ပြီးတော့ တချို့က ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ လဲပြီး အပြင်က အဟောင်းတွေကို အမြတ်အစွန်းယူပြီး တရားမ၀င်လဲပေးတဲ့ ဈေးကွက်ရှိနေတဲ့အတွက် စစ်ဆေးပြီး တိတိကျကျ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟုရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ယခုကဲ့သို့ အရေးယူရန်စီစဉ် ရခြင်းမှာ အစိုးရသစ်လက်ထက် တွင်ငွေစက္ကူအဟောင်းအနွမ်းများ ပပျောက်စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စူပါမားကတ်မျာနှင့် စတိုးဆိုင်များမှ တာဝန်ရှိသူများကို ခေါ်ယူ၍ ငွေစက္ကူအသစ်လဲလှယ် ပေးမှုများနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“တချို့က ငွေစက္ကူအသစ်နဲ့ အဟောင်းနဲ့ လဲလှယ်တာကို အလုပ် ရှုပ်တယ်ဆိုပြီး သွားမလဲကြဘူး။ ပြီး တော့ နီးစပ်ရာ ငွေစက္ကူအဟောင်းနဲ့ အသစ်နဲ့လဲပေးတဲ့ဆီကနေ ပိုက်ဆံ အလိုက်ပေးပြီးပြန်လဲကြတယ်။ ဒါ ကြောင့် အများပြည်သူတွေအနေနဲ့ ငွေစက္ကူအသစ်တွေကို သိမ်းမထားဘဲ ဈေးကွက်ထဲမှာ အသုံးပြုစေချင် ပါတယ်။ ဒါမှလည်း ငွေစက္ကူအဟောင်းအစုတ်တွေ ပပျောက်သွား မှာပါ”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြခဲ့သည်။

ဗဟိုဘဏ်မှ ငွေစက္ကူအကြွေ အသစ်များကို လဲလှယ်ပေးရာတွင် စတိုးဆိုင်၊ စူပါမားကတ်များကို တစ်လလျှင် ငါးသိန်းနှုန်းဖြင့် လဲလှယ်ပေးပြီး လက်ဖက်ရည်ဆိုင်များကို တစ်လလျှင် နှစ်သိန်းနှုန်းဖြင့် လဲလှယ် ပေးကြောင်း၊ မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မ.ထ.သ)ကိုမူ တစ်လလျှင် ကျပ်သိန်း ၁၅၀ အထိ လဲလှယ်ပေးပြီး ယခုနှစ် မတ်လမှစတင်၍ တစ်လလျှင် သိန်း ၂၀၀ ဖိုး တိုးမြှင့်အထိ လဲလှယ်ပေး နေကြောင်း သိရှိရသည်။

‘လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် ကစပြီး မြန်မာ့စီးပွားရေးဘဏ်တွေ ကတစ်ဆင့် လဲလှယ်ပေးခဲ့တာပါ’ ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။

#11 KZMO 2011-04-28 11:14

ငွေစက္ကူ အဟောင်းအနွမ်းများကို အမြတ်အစွန်းယူ၍ ငွေစက္ကူအသစ်ဖြင့်  တရားမ၀င် လဲလှယ်ခြင်းများ ကို စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဖြ စ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သတင်းရရှိ ဖြစ်သင့်တာကတော့ ငွေစက္ကူအသစ်များ အားထိရောက် စွာလဲလှယ်ပေးနို င်ခြင်းမရှိသော အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား စစ်ဆေးပြီးထိရော က်စွာ အရေးယူသွားမည်ဖြ စ်ကြောင်းလို့ဖြစ်သင့်ပါတ ယ်
(မ.ထ.သ)ကိုမူ တစ်လလျှင် ကျပ်သိန်း ၁၅၀ အထိ လဲလှယ်ပေးပြီး ယခုနှစ် မတ်လမှစတင်၍ တစ်လလျှင် သိန်း ၂၀၀ ဖိုး တိုးမြှင့်အထိ လဲလှယ်ပေး ကောင်းလိုက်တဲ့အ တွက်အချက်နဲ့ စီမံခန့်ခွဲမှု
မထသ အောက်မှာယာဉ်လို င်းဘယ်နှစ်လိုင်းရှိလဲ။ ယာဉ်စီးရေ ဘယ်လောက်ရှိလဲ။ လဲပေးတာက ၁လ သိန်း ၁၅၀ ဆိုတော့။မထသ မှာယာဉ် ၁၅၀ပဲရှိတယ်ထား၊ တလမှာ၁ သိန်းပဲအကြွေရမယ်။ ၁ ရက်ဆို ???။ ယာဉ် ၁ ကြောင်းထွက်ရင်ခ ရီးသည်ဘယ်လောက်ပါလို့ ဘယ်နှစ်ယောက်ကို လဲပေးလိုက်ရင် အဲဒီအကြွေက ဘယ်လောက် ခံမှာလည်း??????
ဒီလိုအသုံးမကျသော သူအများကြီးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုအစိုးရအဖွဲ့ဟုခေါ်ပါသည်

သတင်းရငုးမြစ် http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရှာဖွေ


ငလျင်ဒဏ်သင့် ဒုက္ခသည် ကူညီရေး

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရှာဖွေ
2011-04-30

ရှမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပြီး အကူအညီ လိုအပ်နေဆဲဘဲလို့ ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ စေတနာရှင်တွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။

ငလျင်ဒဏ်သင့် ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကျိုင်းတုံမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်တရပ် လှုပ်ရှား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ငလျင်ဒဏ်သင့် ဒေသတွေရဲ့ လက်ရှိ အခြေအနေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ တေးသီချင်းတွေ စပ်ဆိုပြီး စီဒီခွေအဖြစ် ထုတ်လုပ်ကာ ရန်ပုံငွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း မခင်ခင်အိက စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 29, 2011

တော်ဝင်မင်္ဂလာမောင်နှံ လူထုကို နန်းတော်လသာဆောင်မှ နုတ်ဆက်

Source Photo from http://www.bbcburmese.com/images

တော်ဝင်မင်္ဂလာမောင်နှံ

လူထုကို နန်းတော်လသာဆောင်မှ နုတ်ဆက်


သောကြာ, 29 ဧပြီ 2011

ဗြိတိန်နိုင်ငံမှာ တော်ဝင်မင်္ဂလာ မောင်နှံအသစ်ဖြစ်ကြတဲ့ ကိန်းဘရစ်ဂ်ျ မြို့စားနဲ့ မြို့စားကတော် မင်းသား ၀ီလျံနဲ့ ကက်သရင်း မစ်ဒဲလ်တန် တို့ဟာ ဘက်ကင်ဟမ် နန်းတော် လေသာဆောင်မှာ ပရိသတ်ထောင်ပေါင်း များစွာရဲ့ တောင်းဆိုမှုအရ မင်္ဂလာအနန်းတွေပေးပြီး နုတ်ဆက်ကြတာကို ပရိသတ်ကြီးက သောင်းသောင်းဖျဖျ အော်ဟစ်အားပေးကြပါတယ်။ နန်းတော်ရှေ့လမ်းစုံအ၀ိုင်းမှာ လူအုပ်ကြီးက စောင့်မျှော်နေပြီး တော်ဝင်စုံတွဲ လေသာဆောင်ရှေ့ထွက် နုတ်ဆက်တာနဲ့ လူအုပ်ကြီးက ၀မ်းပန်းတသာ ကောင်းချီးပေး နုတ်ဆက်ကြတာပါ။

ခင်ပွန်းသည်နဲ့အတူ လူအုပ်ကြီးကို နုတ်ဆက်ဖို့ထွက်လာတဲ့ ကက်သရင်းက လက်ပြဝှေ့ယမ်း နုတ်ဆက်ကြတဲ့ လူအုပ်ကိုတွေ့တဲ့အခါ အံ့အားတသင့် ဝေါင်း (Wow) ဆိုတဲ့ အာမေဋိတ်စကား ဆိုခဲ့ပါတယ်။

တော်ဝင်မောင်နှံဟာ လွတ်လပ်ပျော်ရွှင်နေပုံရပြီး ပရိသတ်က သူတို့ရဲ့ အနန်းကို ၀မ်းသာအားရ အားပေးနုတ်ဆက်တဲ့အခါ ဆက်ပြီးတော့ အနန်းရှည် ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ မကြာခင်မှာပဲ လေသာဆောင်ကို ဘုရင်မကြီး အယ်လိဇဘက်၊ မင်းသားကြီး ဖိလစ်၊ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကြင်ယာ ကမဲလ်လာ၊ ကက်သရင်းရဲ့မိဘတွေနဲ့ တော်ဝင်မိသားစုဝင်တွေ ထွက်လာပြီးတော့ တော်ဝင်မောင်နှံနဲ့အတူ ပရိသတ်ကို နုတ်ဆက်ကြပါတယ်။

တော်ဝင်လေတပ်နဲ့ Britain Memorial လေကြောင်းတို့ကလည်း ဝေဟင်မှာ ပြန်ဝဲပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံဟာ မိသားစုဝင်တွေ ထွက်ခွာသွားပြီးတဲ့အထိ လေသာဆောင်ကနေ မထွက်ခင် နောက်ဆုံးမိနစ်အထိ ပရိသတ်ကြီးကို လက်ဝှေ့ယမ်း နုတ်ဆက်ခဲ့ကြတဲ့ ကြည်နူးစရာ မြင်ကွင်းကို တွေ့မြင်ကြရပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Royal-wedding-04-29-11-120965844.html


Source Audio and Pictures from http://www.bbcburmese.com/images

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တပြည်ခြား ချစ်သူ

ကျုပ်တို့ငယ်ငယ်တုန်းကတော့ ဗမာသီချင်းဆိုလျင် ချစ်ဦးမောင့်ထံပြန်လာပါ ဆိုတဲ့တေးကို အလွန်ကြိုက်ခဲ့မိပါတယ်။
ကရင်သီချင်းကျတော့ နာန်မူးကလုံပန်း (ကျုံပိုင်းသူ) ဆိုတဲ့သီချင်းက အခုထက်ထိ စွဲနေတုန်းပဲ။
ခုခေတ်လူငယ် တွေကျတော့ သူတို့ဖွဲ့စပ်ပုံ သီဆိုပုံ ခံစားကြပုံခြင်းက နည်းနည်းကွာသလိုလို ဖြစ်လာနေပြီလား မသိဘူးဗျ။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကလေးအသေမွေးခြင်း ပြဿနာ

ဗွီအိုအေ သတင်းထောက် Lisa Schlein
Source Photo from http://www.google.com/images

ကလေးအသေမွေးခြင်း ပြဿနာ

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 27 ဧပြီ 2011

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization - WHO) က ၂၀၀၉ ခုနှစ်က ကမ္ဘာပေါ်မှာ ကလေးအသေမွေးတာ စုစုပေါင်း ၂.၆ သန်းတောင် ရှိခဲ့တယ်လို့ မကြာသေးခင်ကပဲ ဆိုပါတယ်။ အများစု ကြီးကြီးမားမား ဖြစ်ကြရတာကတော့ ဖွံဖြိုးဆဲနိုင်ငံတွေမှာဖြစ်ပြီ။ အဓိက အများဆုံးသေရတာက အာဖရိကနဲ့ အရှေ့ တောင်အာရှဒေသတွေ ဖြစ်ပါတယ်။

ဒီကျန်းမာရေးဆိုင်ရာ အကြောင်းကို ဗွီအိုအေ သတင်းထောက် လီစာ ရှလိုင်း (Lisa Schlein) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရုံးစိုက်ရာ ဂျီနီဗာမြို့  (Geneva) ကနေ သတင်းပေးပို့ထားတဲ့ သတင်းဆောင်းပါး နဲ့ မြန်မာနိုင်ငံထဲမှာ မိခင်နဲ့ကလေး ဆေးကုသမှု အတွေ့အကြုံ ရှိထားခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ကိုဝင်းမင်း က ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/health/health_04-27-2011-120821079.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 28, 2011

ရသဝတ္ထုတိုဆု


ရသဝတ္ထုတိုဆု

By Su Myat Mon
တနင်္ဂနွေ, 24 ဧပြီ 2011


Online ပေါ်က အကောင်းဆုံးရွှေဝတ္ထုတိုဆုကို ဘယ် ဘလောဂါရသွားလဲဆိုတာကို မစုမြတ်မွန်က ဘလော့ဂါတွေပြောသမျှအစီအစဉ်မှာ ပြောပြပါလိမ့်မယ်၊

“စကာတင်ရွေးခံရတဲ့ ၇ ပုဒ်လုံးက ဘယ်မဂ္ဂဇင်းကိုပဲ ပို့ပို့ ပါနိုင်လောက်တဲ့ အရည်အချင်းရှိသူတွေချည်းပဲ”(ရွှေအမြုတေမဂ္ဂဇင်းအယ်ဒီတာ ဦးဝင်းငြိမ်း)



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/us-burma-religious-freedom-us-120923329.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 27, 2011

၂နှစ်မြောက် အထိမ်းအမှတ်

အားလုံးကြက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဖူ့တာမိက် ဘလော့ ၂နှစ်တင်းတင်းပြည့်မြောက်တဲ့ အ ခုလိုအချိန်မှာ ကရင်ဘလော့ဂါအပေါင်းနဲ့တကွ လာရောက်လည်ပတ်ကြတဲ့ ညီအစ်ကိုတွေအားလုံးကို ဦးစွာဂါရ ဝ,ပြုအပ်ပါတယ်။
ကျုပ်ဘလော့ဂ်ရေးတာဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာကိုစ,ပြီးပြောပါရစေ။ အဓိက,က တော့ ကရင်အမျိုးသား စာပေနဲ့ယဉ်ကျေးမှုကို ဖေါ်ထုတ်မြှင့်တင်လိုတဲ့ စိတ်ကလေးတွေ ကရင်လူမျိုးလို့ခံယူ ထားသူမှန်သမျှရဲ့ နှလုံးသားထဲမှာ အသွေးအသားထဲမှာ တည်ရှိကိန်းအောင်းနေစေချင်တာပါ။ ကိုယ့်ယဉ်ကျေးမှု ကို ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းချင်တဲ့စိတ်မရှိဘူးဆိုလျင်တောင် ဖျက်လိုဖျက်ဆီးနဲ့စော်စော်ကားကားလုပ်တတ် တဲ့ အကျင့်စရိုက်ဆိုးလေးတွေ ပ,ပျောက်စေချင်တာလည်း ပါပါတယ်။
အဲဒါကြောင့် ကျုပ်နဲ့လုံးဝ,မရင်းနှီးမနီးစပ်တဲ့ ကျုပ်အတွက် အခက်အခဲဆုံးအပင်ပမ်းဆုံး အလုပ်လို့ပြောနိုင်တဲ့ ဘလော့ဂ်လောက,ထဲကို မဖြစ်မနေဝင်ရောက်အမုန်းခံနေရတဲ့ အကြောင်းရင်းကတော့ အောက်ကဗွီဒီအိုအပိုင်း အစ,လေးကြောင့်ပါ။ ကျုပ်တတိယနိုင်ငံကို ရောက်လာတော့ ကျုပ်သူငယ်ချင်းတွေက ကျုပ်အတွက်အမှတ်တရ စပ်ဆိုပေးလိုက်တဲ့သီချင်းကို ဗွီဒီအိုအပိုင်းအစ,လေးအဖြစ်ဖန်တည်းလိုက်တာပါ။
ဒီသီချင်းကို နားထောင်လိုက်တဲ့အခါတိုင်း ကျုပ်ရဲ့နှလုံးသည်းပွတ်ကို ဆုတ်ခြေပစ်လိုက်သလို အမြဲတမ်းခံစားနေ ရပါတယ်၊ ဆို့နင့်ကြေကွဲရပါတယ်၊ အဲဒါရဲ့နောက်ဆက်တွဲကတော့ ကိုယ့်ယဉ်ကျေးမှုကို လေးစားရ,တန်ဘိုးထား ရ,ထိန်းသိမ်းမြတ်နိုးရ,ကောင်းမှန်းမသိပဲ ကိုယ်ကျိုးရှာနေကြတဲ့လူတွေနဲ့ စော်ကားမော်ကားလုပ်သူတွေအပေါ် လုံးဝ, ခွင့်မလွှတ်နိုင်ခြင်းပဲဖြစ်ပါတယ်။
အလည်လာတဲ့ချစ်မိတ်ဆွေများ နားဆင်ခံစားကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်။


ဖူ့တာမိက်ဘလော့ ၂နှစ်ပြည့်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဗြိတိသျှမင်းသားလေးနဲ့ သာမာန်အရပ်သူ ကိတ် တို့လက်ထပ်တဲ့မင်္ဂလာပွဲနဲ့တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဆရာမောင်စင်ကြယ်က, ကဗျာတပုဒ်နဲ့ဂုဏ်ပြုထား တာကို ကျုပ်က ဗွီဒီအိုအပိုင်းအစ,လေးအဖြစ်ထပ်မံဖန်တည်းထားပါတယ်။ ဆရာမောင်စင်ကြယ်ကိုလည်း လေး စားမြတ်နိုးတဲ့အနေနဲ့ရယ် မင်္ဂလာသတို့သားနဲ့သတို့သမီးတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် တင်ဆက်လိုက်ပါတယ်။ ကျေးဇူးပါပဲ။






ဒါလေးကတော့ ကျုပ်ကို ဗွီဒီအိုလုပ်တတ်အောင် ဘလော့ပေါ်တင်တတ်အောင် လုပ်နည်းကိုင်နည်းတွေကိုစိတ် ရှည်လက်ရှည် သင်ကြားပြသ,ပေးတဲ့ ဆရာဆုတောင်းရဲ့ကဗျာလေးဖြစ်ပါတယ်၊ ဆရာဆုတောင်းကို ကျေးဇူး တင်လေးစားလှပါကြောင်း ဒီဗွီဒီအိုအပိုင်းအစ,လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်၊ဆရာဆုတောင်းကျန်းမာရွှင်လန်းနိုင် ပါစေ။ ဆရာဆုတောင်းကို တောင်းပန်ချင်တာကတော့ ဗွီဒီအိုလေးလုပ်တတ်လျင် ကရင်စာတွေသင်မယ်လို့ ပြောခဲ့ဘူးပါတယ်၊ အခုထက်ထိဘာမျှဖြစ်မလာသေးတာကို နားလည်ခွင့်လွှတ်ပေးဘို့ပါ။ ကျေးဇူးတင်ပါတယ်။





ဒါကတော့ ဆောင်းပါးတိုလေးလို့ပြောနိုင်မယ်ထင်ပါတယ် ခါန်.ဆူ.လါင့်(ခေါင်ဆူလိုင့်)ပို့ပေးလိုက်တာပါ၊အိမ် လွမ်းသူများအတွက်ဆိုတဲ့ ဆောင်းပါးတိုလေးကြောင့် အိမ်လွမ်းသူတွေ အလွမ်းပြေနိုင်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ဒီနေရာမှာ ခေါင်ဆူလိုင့်ဆိုတာက ဆူလိုင့်ဆိုတာ ဗမာလိုအခေါ်က ဖလံတောင်(ဇော်ဂျီတောင်ဝှေး) ဖြစ်ပါတယ်။ စကောကရင်လိုကတော့ သူးလေဘိုးပေါ့ဗျာ။ ခေါင်ဆိုတာနဲ့တွဲလိုက်တော့ ဗမာလို ဖလံတောင်နိုင် ငံ စကောကရင်လိုကတော့ ကော်သူးလေ လို့အဖြေရပါတယ်။ ကဲနားဆင်ရှုစားကြပါဗျား။




ဒီကဗျာလေးကတော့ ပန်းချစ်သူရဲ့ အလွန်လှပ,တဲ့လက်ရာလေးပါ၊ အားမာန်တွေကို ပြည့်ဝ,စေတဲ့ကဗျာလေးလို့ ဆိုလျင် မမှားပါဘူး၊ စိတ်ဓါတ်မကျဘို့ တွေဝေငေးမောမနေဘို့ကို အားမာန်ပါပါစပ်ဆိုထားတာပါ၊ ကရင်လူငယ် များ အားသစ်မာန်သစ်နဲ့ အမျိုးသားရေးအတွက်ကြိုးစားအားထုတ်နိုင်ကြပါစေ၊ကျေးဇူးတင်ပါတယ် ပန်းချစ်သူ။




အခုတင်ဆက်မှာကတော့ လင်္ကာဒီပ,ရဲ့ စိတ်ကူးလေးရွက်လွှင့် ဆိုတဲ့ကဗျာလေးပါ၊ ဆရာလင်္ကာဒီပ ဆိုတာက လည်း ကျုပ်ရဲ့ဆရာပါ၊ဘလော့ဂ်ပေါ်မှာ စာတွေဘယ်လိုတင်ရတယ်၊ ဓါတ်ပုံကို ဘယ်လိုတင်လျင် ဘယ်လိုတွေ ဖြစ်တတ်တယ်၊ စသည်ဖြင့်ဆောင်ရန်ရှောင်ရန်လေးတွေကို နားမလည်တာကိုနားလည်အောင် ဂရုတစိုက်သင် ကြားပြောဆိုရုံမက နောက်ဆုံးနည်းအဖြစ် သူရှိနေတဲ့နေရာကနေ ကျုပ်ကွန်ပျူတာထဲကို လာပြီးပြင်ဆင်ပေးတဲ့ အထိ သင်ကြားပေးတဲ့သူဖြစ်ပါတယ်။ ဆရာလင်္ကာဒီပ,ကို အထူးကျေးဇူးတင်ပါတယ်။



ဒါလေးကတော့ ထူးထူးခြားခြား ရှားရှားပါးပါး ပိုးကရင်လိုရေးပို့ပေးလိုက်တဲ့ကဗျာလေးပါ။ ကဗျာရဲ့ခေါင်းစည်းက ဗမာလို ကျီးအာသီးအတွင်းပိုင်းလို ညိုပုတ်ပုတ် တဲ့၊နားဆင်ရှုစားကြပါ၊ ပိုးကရင်လို နားမလည်တဲ့ညီအစ်ကိုတွေ ရှိခဲ့မယ်ဆိုလျင် စီဘောက်မှာ ရေးထားလိုက်ပါ။



ကဗျာရှင်က ဗမာလိုကောင်းကောင်းရှင်းပြပေးပါလိမ့်မယ်။
ဟုတ်တယ်နော်မြစ်နဒီ။ ကျေးဇူးတင်ပါတယ် မြစ်နဒီကိုးသွယ်။

နောက်ဆုံး ကတော့ မန်းတည့်ထိုး(ဒဲ့ဒိုး)ရဲ့ ကျနော်သိသော ဖူ့တာမိုက် ဆိုတဲ့ဆောင်းပါးလေးပါ။ အဲဒါကတော့ ကျုပ်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အတွက် လာလည်သူတွေကိုယ်တိုင်ပဲ ဆက်လက်ရှုစားနားဆင်ကြပါ။ မအား မလပ်တဲ့ကြားကနေ အခုလိုအချိန်ယူကြိုးစားရေးသား ပေးပို့လာတဲ့ မန်းတည့်ထိုးကို ကျေးဇူးတင်ပါတယ်။



ဆက်လက်ကြိုးစားပါ့မယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 24, 2011

ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်နှင့် အင်တာဗျူး

Source Photo from http://www.google.com/images

ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်နှင့် အင်တာဗျူး

Wednesday, 23 March 2011

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန် (Mike Tyson) ဆိုရင် ကမ္ဘာတစ်ဝန်း သိကြသူ များပါတယ်။ သူ့ အကြောင်း ပြောကြမယ် ဆိုရင် ထိတ်စရာ လန့်စရာတွေ၊ ချစ်ခြင်း မေတ္တာ တရား တွေနဲ့ အခု လောလော ဆယ် 'Animal Planet' စီးရီးမှာ အသစ် လွှင့် ထုတ်နေတဲ့ Taking On Tyson'ကဏ္ဍတွေကို ထည့်မပြောလို့ မရနိုင်ပါဘူး။

ကောင်းသတင်းရော၊ မကောင်းသတင်းတွေပါ ရောပြွန်းနေတဲ့ မိုက်တိုင်စန်ကို ကမ္ဘာအရပ်ရပ်က သူ့ပရိသတ်တွေ သိလိုသမျှ မေးကြတဲ့မေးခွန်းတွေ အနက် မေးခွန်းအချို့ကို သူပြန်ဖြေထားတာ ကြည့်ကြရအောင်ပါ။

မိုက်တိုင်စန် အခုထုတ်လွှင့်နေတဲ့ Animal Planet Series ထဲမှာ ခို ကလေးတွေကို ချစ်ခင်တဲ့အ ကြောင်း တွေ့ရပါတယ်။ ခိုကလေး တွေကိုမှ ဘာကြောင့် ရွေးပြီး ချစ် ရသလဲဆိုတာ ပြောပြ ပေးနိုင်မလား။

ကျွန်တော်ခပ်ငယ်ငယ်က တစ် နေ့မှာ ကလေးတစ်သိုက် ကျွန်တော့် ဆီရောက်လာပြီး အိမ်ခေါင်မိုးပေါ် က အကောင် လေးတွေကို အစာ ကျွေးချင်တယ်လို့ ပြောတာနဲ့ လိုက် ကြည့်တော့ အိမ်ငယ်လေးတွေထဲ က ခိုကလေးတွေကို တွေ့ လိုက်ရ တယ်။ အရင်က ခိုငှက်ကလေးတွေ ကို သေသေချာချာမမြင်ဖူးဘူး။ ကျွန်တော် တော်တော်သဘောကျ သွား တယ်။ ဒါ ကျွန်တော်ဖြစ်ချင် နေတဲ့ အရာပဲလို့လေ။ သူတို့လေး တွေကို ငဲ့ညှာရမယ်ပေါ့။

ဒီလိုသာအမှန် ဖြစ်ခဲ့ရင် ခိုကလေး တစ်ကောင်ကြောင့် ပထမဆုံး ရန်ပွဲ ဖြစ်ဖူးတယ်ပေါ့ ။

ဖြစ်ဖူးတာပေါ့။ တစ်ယောက်က ခိုအိမ်ကလေးကို ဖျက်ဆီး၊ ခိုကလေးကို လည်လိမ်ချိုးပြီး ငှက်သေနဲ့ ကျွန်တော့် မျက်နှာ ကို ရိုက်ခဲ့တယ်။ ကျွန်တော်ပြန်ချ တာပေါ့ဗျာ။ ဘယ်ရမလဲ။ သူ ကျွန်တော့်ကို ရိုက်တာထက် အဆပေါင်း များစွာပဲ။ ကျွန်တော် အနိုင်ရခဲ့တာ ပေါ့။

လက်ဝှေ့သမား ကောင်းတစ် ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါ သလဲ။

လက်ဝှေ့သမားကောင်း တစ်ယောက်အနေနဲ့တော့ မလုံလောက် ဘူးဗျ။ အကြီးကျယ်ဆုံး လက်ဝှေ့ သမားကောင်းဆိုမှ ပိုကောင်းမယ် ထင်တယ်။ ခင်ဗျားမေးတဲ့ လက်ဝှေ့ သမားကောင်း တစ်ယောက် ဖြစ် ဖို့ဆိုရင် လုံ့လဝီရိယ အမြဲရှိနေရ မယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲရမယ်။ နောက်ပြီး ကိုယ့်ဝါသနာကို မြတ်နိုးတန်ဖိုးထားနေရမယ်။ ကိုယ့် ကိုယ် ကိုယ်အမြဲဆန်းစစ်နေရမယ်။ ကိုယ်ဖြစ်ချင်တဲ့အဆင့် ရောက်တဲ့အထိ ကိုယ်တိုင် တွန်းအားပေးနေရမယ် ဆိုတာတွေလိုအပ်ပါ တယ်။

ကိုယ်နဲ့ ပြိုင်ဘက်လက်ဝှေ့သမား တစ်ယောက်ကို နောက်ကောက် ကျအောင် ထိုးသတ်ပြီးတဲ့ နောက် ခင်ဗျား ဘယ်လို ခံစားရတယ်ဆို တာလည်း သိချင်ပါ တယ်။

အလုပ်တစ်ခု ဆုံးခန်းတိုင်သွား ပြန်ပြီပေါ့။ မင်း လေ့ကျင့်ခဲ့တာတွေအောင် မြင်တယ်ပေါ့။ ဒီလိုပဲ တွေးပြီး ခံစားရတယ်။ ကျွန်တော် ခပ် ငယ်ငယ်တုန်းကသာဆိုရင် ကိုယ်နဲ့ ရန်ဖြစ်သူကို အလဲထိုးပြီး သူ့အပေါ် တက် ခုန်ပစ်မယ်လို့ တွေးမိမှာပါ။ တချို့က ပြောချင်ပြော လိမ့်မယ်။ စိတ်လှုပ်ရှားမှုတွေ မဖြစ်ဘူးလား လို့လေ။ ခင်ဗျားတို့လည်း ဒီဘောက်ဆင်ပွဲမှာ ပါဝင်ဆင်နွှဲကြည့် ပါလား။ ဘယ်လို ခံစားရမလဲဆိုတာ အလိုလိုသိလာ ပါလိမ့်မယ်။

စာနာ ငဲ့ညှာမှုနဲ့ စိုးရိမ်ကြောင့် ကြမှု နှစ်ခုအနက် ဘယ်အရာ ကပိုပြီး အရေးကြီးတယ်လို့ ထင် ပါသလဲ။

ကျွန်တော်တို့တစ်တွေ လိုလေ သေးမရှိတဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးထဲမှာ နေမယ်ဆိုရင်တော့ စာနာ ငဲ့ညှာမှုက ပိုကောင်းတာပေါ့။ ဒါက လည်း စိုးရိမ်ကြောင့်ကြမှုထက်စာ ရင်ပိုကောင်းနေလို့ပါ။ ကျွန် တော် ကတော့ နှစ်မျိုး စလုံးကို ကြိုက် တယ်။ ဒါပေမဲ့မ ဖြစ်မနေတစ်ခုကိုပဲ ရွေးပါဆိုရင်တော့ စာနာငဲ့ညှာမှုကိုပဲ ရွေးချင်ပါတယ်။ စာနာငဲ့ညှာတဲ့ စိတ်ဓာတ်ဟာ ချစ်ခြင်းမေတ္တာ ထက်တောင် ပိုပြီးစွမ်းပကားကြီး တယ်လို့ ကျွန်တော် ခံယူထားတယ်။

မိုက်တိုင်စန်ရဲ့ ပြီးခဲ့တဲ့ ဘဝဖြတ် သန်းမှုကာလတွေမှာ ပြဿနာ အရှုပ်အထွေးတွေလည်း များခဲ့ တယ်နော်။ ဒီအချိန်တွေမှာခင်ဗျားရဲ့ သစ္စာအရှိဆုံးနဲ့ အယုံ ကြည်ရဆုံး အကြံပေးခဲ့သူ ရှိခဲ့ပါ သလား။

ရှိတာပေါ့ဗျာ။ ကျွန်တော့်ဇနီး နဲ့ ကျွန်တော်ပါပဲ။ ကျွန်တော်တို့နှစ် ယောက်ဟာ ကိစ္စတိုင်းမှာ မိသားစု တစ်ခုလိုမျိုး စိတ်ဓာတ်အရင်းခံပြီး အတူတကွ ဖြေရှင်းခဲ့ကြတယ်။ ဇနီး မရှိခင်ကတော့ ခင်ဗျားတို့သိတဲ့အ တိုင်း မိုက်တိုက်စန်တစ်ယောက် သူ့ အကြောင်းနဲ့သူပဲ။

ခင်ဗျားဘဝမှာ အခက်ခဲဆုံး အ ကြမ်းတမ်းဆုံး အချိန်တွေက ဘာ ဖြစ်မလဲ။

လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာ တုန်းကတော့ ကျွန်တော် ဘာဆို ဘာမှ ဂရုမစိုက်ဘဲ နေခဲ့တယ်။ လောင်းကစားလည်း လုပ်ခဲ့တယ်။ ကျွန်တော် ဒီလိုဖြစ်နေတာကို ဘယ်သူမှလည်း မတားကြဘူးဆိုတော့ ထင်တိုင်း ကြဲနေခဲ့တာပေါ့။ နောက် ပိုင်းကျမှ ကိုယ့်ကိုယ်ကိုယ်ပြန်သုံး သပ်ပြီး ပြင်လိုက်နိုင်တယ်။ ဇနီးဖြစ် သူရဲ့ တိုက်တွန်းအားပေးမှု တွေက လည်း အရေးပါပါတယ်။

မိုက်တိုင်စန်ကို နှစ် ၅၀ အတွင်း အမှတ်ရစရာတွေနဲ့ ပတ်သက်ပြီး ပရိသတ်က ဘာတွေပြောမယ် ထင်ပါသလဲ။

နှစ် ၅၀ အတွင်း ဟုတ်လား။ ဘုရားသခင်က ပျက်စီးအလွယ်ဆုံး၊ အရက်စက်ဆုံး လူသားတိုက်ခိုက် ရေး စက်ယန္တရားတစ်ခု ကျွန်တော့် ကို ပေးခဲ့ပြီးပြီလို့ ပြောရမလားပဲ။ ဒါပေမဲ့ ဟဲဗီးဝိတ်သရဖူကို ကျွန် တော် အ သက် ၂၀ အရွယ်မှာပဲ ရခဲ့ ပါတယ်။

မောင်စိန်ဝင်း (ပဲခူး)
ENVOY

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆယ်ယူရရှိခဲ့သော ဘုရားငါးဆူ ဂန္ဓကုဋိတိုက်သစ်တွင် ပြောင်းရွှေ့စံပယ်

ဆယ်ယူရရှိခဲ့သော ဘုရားငါးဆူ

ဂန္ဓကုဋိတိုက်သစ်တွင် ပြောင်းရွှေ့စံပယ်


Sunday, 24 April 2011

မန္တလေးမြို့ ချော်ဆိပ်အနီး ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူ ရရှိခဲ့သော ပေါ်တော်မူဘုရား ဆင်းတုတော်ကြီး ငါးဆူသည် လိုရာပြည့်စုံရန်မျိုးလုံဘုရား၌ ယာယီစံမြန်းနေရာမှ ယခုအခါ ဂန္ဓကုဋိတိုက်သစ်သို့ ပြောင်းရွှေ့ စံပယ်လျက်ရှိကြောင်း သိရသည်။

''ဂန္ဓကုဋိတိုက်သစ်ကြီးဟာ မကြာခင်မှာ အမိုးမိုးတော့မှာပါ။အမိုး မိုးပြီးမှ ရွှေ့မယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အမိုးမမိုးခင် မန္တလေးတိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဧပြီလ ၃ ရက်နေ့က မဟာ အောင်မြေမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်တွေ၊ ရန်မျိုးလုံဘုရား ဂေါပကအဖွဲ့ သြ၀ါဒါစရိယ ဆရာတော်တွေ ဦးဆောင်မှုနဲ့ ရပ်မိရပ်ဖကနေပြီး ကရိန်းကားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်''ဟု ဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြောင်းရွှေ့ စံပယ်လျက်ရှိသည့် ဘုရားငါးဆူမှာ ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်၊ ၂၈ ရက်၊ ဇွန်လ ၅ ရက်နှင့် ၁၀ ရက်နေ့များက အသီးသီး ဆယ်ယူရရှိခဲ့သည်။ ဆယ်ယူရရှိခဲ့သော ငါးဆူအနက် အကြီးဆုံး ဘုရားမှာ ဉာဏ်တော် ၁၀ ပေ၊ ၁၀ လက်မရှိပြီး အသေးဆုံး ဘုရားမှာ ဉာဏ်တော် ၂ ပေ၊ ၄ လက်မ ရှိကြောင်း သိရသည်။ ကျန်သုံးဆူမှာ ဉာဏ်တော် ၉ ပေ၊ ဉာဏ်တော် ၄ ပေ၊ ဉာဏ်တော် ၃ ပေ ၇ လက်မ ရှိကြောင်း သိရသည်။

ချော်ဆိပ်ရပ်ကွက်နေ အသက် ၈၅ နှစ် အရွယ်ရှိ ဦးအေး၏ ပြောပြချက်အရ ဘုရားဆင်းတုတော် နှစ်ဆူမှာ လွန်ခဲ့သော ၇၅ နှစ်ခန့်က မြင်းခြံမြို့နယ် ဆီးမီးခုံရွာသို့ ပင့်ဆောင်စဉ် ဧရာဝတီမြစ် ချော်ဆိပ် ဘုရားတောင်ဘက် ရေနံတိုင်နှင့် ကိုက် ၃၀၀ ခန့် အကွာတွင် ပင့်ဆောင်လာသော ဖောင်တော် နစ်မြုပ်ပြီး ရေအောက်၌ နှစ်ပေါင်းများစွာ ကိန်းဝပ် စံပယ်တော်မူခဲ့ကြောင်း၊ အာလောင်ရွာသားများက ဘုရားဆင်းတုတော်များကို သုံးကြိမ်တိုင်တိုင် ပြန်လည် ဆယ်ယူသော်လည်း ဆယ်၍မရခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ် http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်


Source News from http://www.bbcburmese.com

ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်

By မအေးအေးမာ
တနင်္ဂနွေ, 24 ဧပြီ 2011

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား သဘောထား ကွဲလွဲရာက အခုနောက်ဆုံး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်ထဲက လက်နက်ကိုင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေ မနေ့တုန်းကပဲ ဖြစ်ပွားခဲ့ပြီးနောက် ဆက်လက် တင်းမာမှုတွေ ကြီးထွားနေခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအာဏာပိုင်တွေက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဖိအားပေးတာကို လက်ခံခဲ့တဲ့ DKBA အဖွဲ့တွေနဲ့ လက်မခံဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြား မကျေမလည်ဖြစ်ရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားတဲ့ DKBA တပ်ဖွဲ့တွေရဲ့ ဌာနချုပ် စခန်းရှိရာ ကရင်ပြည်နယ် ကမမောင်းမြို့အနီး မြိုင်ကြီးငူစခန်းကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လိုင်စင်မဲ့ကားတွေ၊ လက်နက်သိုလှောင်ရာ နေရာတွေ အပါအ၀င် နေရာအတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့တပ်ကို လက်မခံလိုတဲ့ DKBA ၃၃၃ တပ်က စနေနေ့ ညနေပိုင်းမှာပဲ စီးနင်းတိုက်ခိုက်ခဲ့တာလို့ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံ တယောက်က ပြောပြပါတယ်။

“မြိုင်ကြီးငူမှာရှိတဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ အကုန်လုံး မီးလောင်သွားတယ်။ မြိုင်ကြီးငူက DKBA ရဲ့ ရုံးချုပ်ပဲ။ သူတို့ဘုန်းကြီး နေတဲ့နေရာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာပဲ။ ၃၃၃ မှာ ဖြစ်တာလို့ ပြောတယ်။ ဗိုလ်ချုပ်မောင်ကြည်ပေါ့။ ၃၃၃ ရယ်၊ ၉၉၉ ရယ်၊ ၅၅၅ ရယ်၊ အခုက ၃၃၃ မှာဖြစ်တာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာ။ ၃၃၃ အဖွဲ့က နေပြီးတော့၊ အဲဒီမှာ ဗိုလ်ကျော်သက် လူတွေလည်း ပါတာကိုး။”

၂၀၀၅ ခုနှစ်တုန်းက ထိုင်း၊ မြန်မာ နယ်စပ်ဒေသမှာ မြန်မာအာဏာပိုင်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးကနေ ခွဲထွက်ပြီးနောက်ပိုင်း DKBA အဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တာပါ။

ဒီနောက်မှာတော့ ကရင်ပြည်နယ်တွင်းမှာ လက်နက်ကိုင် အဖွဲ့တခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေခဲ့တာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ မကျင်းပမီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ လက်နက်ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးလာရာက တပ်ဖွဲ့တွေကြား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီအထဲက တပ်ဖွဲ့တချို့ဟာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ စတင်တဲ့ နိုဝင်ဘာလကစလို့ ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဒီလို နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံတဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူးကျော်သက်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပေမဲ့ အခုလို DKBA အဖွဲ့တွေကြား အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ စီးနင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ DKBA တပ်သားတဦးကတော့ အခုလို ပြောပြပါတယ်။

“မြိုင်ကြီးငူထဲကို ဗုံးဝင်ကြဲတယ်၊ ကား ၅ စီး ပျက်စီးသွားတယ်။”

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ DKBA ဌာနချုပ် စခန်းရဲ့ အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဆေးကုသမှု ခံယူဖို့ အဝေးကို ရောက်နေတဲ့အချိန် ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စနေနေ့က တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း သီးခြား အတည်ပြုလို့တော့ မရပါဘူး။ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်မှာတော့ အခုနောက်ဆုံး ဒေသထဲမှာ အခြေအနေတွေ တင်းမာနေပြီး ဒေသခံတွေကြား လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြရတယ်လို့လည်း ပြောကြပါတယ်။






သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dkba-clash-120567709.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 22, 2011

တရားတော်နာကြားခြင်း



ကျုပ်နာနေတဲ့တရားပါ
မကျင့်ရသေးပါဘူး
အားမထုတ်ရသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ မမှတ်နိုင်သေးလို့ပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 20, 2011

ကိုယ့်ကလေး ကိုယ်ထိန်းထားကြဟေ့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သူနာပြုတွေအတွက်

မွေးကင်းစ, ကလေးငယ်ကို ချီပွေ့ထားသည့် အမျိုးသားသူနာပြုတဦး
Source Photo from http://www.google.com/images

သူနာပြုတွေအတွက်

By Thet Su Naing
တနင်္ဂနွေ, 17 ဧပြီ 2011

သူနာပြုစာမေးပွဲဖြေမဲ့သူတွေအတွက် အသုံးဝင်နိုင်မဲ့ ဆေးစာအုပ်တွေကို E-book အဖြစ်စုစည်းပေးထားတဲ့ ဘလော့တခု အကြောင်းကို မစုမြတ်မွန်က ဘလော့ဂါတွေ ပြောသမျှအစီအစဉ်မှာ ကိုသားညွန့်ဦးနဲ့အတူ ပြောပြထားပါတယ်။

“ဒီမှာတင်တဲ့အတွက် Computer ပေါ်ကနေဖတ်ချင်လဲဖတ်၊ Print လုပ်မယ်ဆိုလဲ ကြည်ကြည်လင်လင်နဲ့ လုပ်လို့ရတယ်၊”
(Blogger ကိုမျိုးမင်းဆွေ)




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-120268624.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 19, 2011

ရှက်တတ်ပါ


ရှက်တတ်ပါ

(မင်းစိုးစံ)

ကျုပ် တခုလောက်ရေးပြချင်တယ်ဗျာ။
ဘယ်သူ့အကြောင်းမျှမဟုတ်ပါဘူး ကျုပ်အကြောင်းကို ပြန်ရေးပြမလို့ပါ ဒီလိုဗျ။ ကျုပ်ဘလော့ဂ် မရေးနိုင်ခင်တုန်းက အခြားဘလော့ဂ်တွေကို လျှောက်လည်တယ်၊ ဘာကိုသတိထားမိ သလဲဆိုတော့ အချို့ဘလော့ဂ်တွေဟာ ဟိုကဟာကိုပြန်ကူးပြီး ကိုယ့်ဘလော့ဂ်ပေါ်ပြန်တင်ထားတာမျိုးတွေ အခါအားလျှော်စွာ တွေ့ရဖန်များလာတော့ ဒီဘလော့ဂါတယောက် ဘာပြုလို့သူများတင်ပြီးသားတွေကို လိုက်တင်ရတာပါလိမ့် ကုန်ကြမ်းမရှိလို့လား? တာဝန်မယူရဲလို့လား? လူပြိန်းအတွေးနဲ့နောက်ဆုံးတွေးမိတာက ဒီလူစာရေး ရတာအခက်အခဲရှိနေလို့ဖြစ်မှာပေါ့လေ ဆိုတာမျိုးအထိတွေးထင်လိုက်သေးတယ်။

ငါသာဆို ကိုယ်ပိုင်အတွေးကိုယ်ပိုင်အမြင်ကို ထိထိမိမိရေးပစ်လိုက်မယ် ဆိုပြီးကြုံးဝါးခဲ့ဘူးတယ်။ ဒီလိုနဲ့ အဲခေါင်သောင့်တို့၊ စောကျော်ခွီးတို့၊ စောလင်းနက်စ်တို့၊ စောအောင်ဟိန်းတို့ သူတို့ဆီက အကူအညီရလို့ ဘလော့ဂ်ရေးဖြစ်လာတော့ ကျုပ်ရဲ့အဓိက,ရည်ရွယ်ချက်က ကရင်စာပေနဲ့ယဉ်ကျေးမှုအတွက်ဆိုပြီး အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်တာတွေကို ဦးတည်ရေးလာခဲ့ပါတယ်။

ထိထိမိမိထိထိရောက်ရောက်တော့ မရေးနိုင်ခဲ့ပါဘူး၊ဘယ်ရေးနိုင်မှာလဲဗျာ၊ ကျုပ်သိထားတာတွေက ဘာမျှမရှိ ပဲ။အခုကျုပ်ရဲ့ဘလော့ဂ်ကို ကြည့်လိုက်လျင် ဟိုကစာကြောင်းကိုယူ ဟိုးဘက်ကဓါတ်ပုံကိုကူး ဟိုနားဘက်က အသံဖိုင်ကိုတည်းဖြတ် ပြီးတော့ ကိုယ့်ဘလော့ဂ်ပေါ်ပြန်တင်။

အဲဒီလိုလုပ်လာလိုက်တာ အကျင့်ဖြစ်သွားတယ် ကဲ ကျုပ်ရဲ့မူရင်းအစ,ပထမရည်ရွယ်ချက်က ကိုယ့်အမျိုး သားယဉ်ကျေးမှု အခုကျုပ်လုပ်နေတာက သူများတပင် တပမ်းချက်ပြုတ်ထားတဲ့ ထမင်းပွဲကို ကိုယ်ပိုင် ချက်ပြုတ်ထားတဲ့ပုံစံမျိုးနဲ့လုပ်ပြသလိုဖြစ်နေတာဆိုတော့ အပြော က,ရွှေမန်းတင်မောင် က,တော့ ချိုမိုင်မိုင် ဆိုသလိုဖြစ်နေတော့တာပေါ့။

ဆိုလိုချင်တာကတော့ လူတွေဟာ အများအားဖြင့်ပေါ့လေ ကိုယ်လုပ်ချင်တာတခြား လုပ်ဖြစ်နေတာကတမျိုးဆို တာကိုအချိန်မီမသိကြတာက များတယ်လို့ပြောလျင်ရနိုင်မလားမသိဘူး။
အခုဆို ကျုပ်ရည်ရွယ်ချက်ကို ပီပီပြင် ပြင်အကောင်အထည်ဖေါ်မယ်လို့ စိတ်ကူးရ,ပေမယ့် သူများဆီက သူများပင်ပင်ပမ်းပမ်းလုပ်ထားတဲ့ စိုက်ထား ပျိုးထားတဲ့ အသီးအနှံ အဖူးအပွင့်တွေကို ကိုယ့်ခြံထဲပြန်စိုက် ထားရတာကို သဘောကျနေသလိုဖြစ်နေတော့ ဟိုမရောက်ဒီမရောက်ဖြစ်နေတုန်းပါပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားဝန်ခံရလျင် အဲဒီလိုလုပ်နေရတာကိုပဲ သဘောတွေ့ မနောခွေ့နေမိတယ်။ ကိုယ့်အတွက်အကျိုးမရှိနိုင်သလို တပါးသူအတွက်လည်း အကျိုးမရှိပါဘူး။

အခုလည်း ကျုပ်ပြောချင်တယ်ဆိုတာက အခုတက်လာတဲ့စစ်အုပ်စုအဖွဲ့သစ်ကနေပြီး နိုင်ငံတော်ဦးတည်ချက် ၁၂ရပ်ထဲက အချို့ကိုပြောင်းလွဲပြင်ဆင်တယ်ဆိုတာလေး ဘတ်လိုက်ရသလို ဝေဘန်သံတွေလည်း ကြားနေရ တော့ ကျုပ်လည်းကျုပ်အမြင်ကိုပြောချင်လို့ အခုလိုနိဒါဏ်းချီနေရတာပါ။

စောစောကကျုပ်ပြောခဲ့ပြီးပြီနော် ကျုပ်လုပ်ဘို့ရည်ရွယ်ထားတာက ကရင့်စာပေယဉ်ကျေးမှုထိန်းသိမ်းရေး၊ အခု ကျုပ်ရေးမှာက ဗမာစစ်အုပ်စုရဲ့လုပ်ရပ်ကိုဝေဘန်ရေး ကဲ သိသိကြီးနော်ကိုယ်လုပ်ရမှာကဘာလဲ လုပ်နေတာက ဘာလဲ၊ ရှိစေဦးတော့ ရေးလက်စ,နဲ့ဆက်ရေးသွားပါရစေ။

ပြင်လိုက်တဲ့ဦးတည်ချက်တွေက
'အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး' အစား 'အမျိုးသားစည်းလုံးညီညွတ်မှုခိုင်မာရေး'၊

'ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး' အစား 'စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာအောင် တည်ဆောက်ရေး'၊

'ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး' အစား'ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည် ဆောက်ရေး'၊

'စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး' အစား'စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီး ပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး'၊

'မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' အစား'စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး' အဲဒါတွေကိုပြင်လိုက်တယ်၊ ဒါနဲ့ပတ်သက်လို့ သတင်းစာဆရာကြီး တဦးဖြစ်တဲ့ ကြေးမုံ ဦးသာဘန်း ပြောတာက

“ကျနော်တို့မြင်တာကတော့ သူတို့ လူသစ်၊ အစိုးရသစ်ဆိုတော့ အဟောင်းတွေ အောင်မြင်ခဲ့လို့ အသစ်ကို ဦးဆောင်တယ်ဆိုတာက အတုအယောင်ပဲဗျ။ သူတို့က လိမ်လည်နေတာပဲ။ လိမ်နည်းအသစ်ပေါ့ဗျာ။”

“ဒါတွေအားလုံးဟာ ကျနော်တို့ မဆလခေတ်ကတည်းကပေါ့ဗျာ။ ပြည်သူပိုင်အသိမ်းခံရပြီးတဲ့ နောက် ပိုင်းမှာ ဒီပေါ်လစီသတင်းတွေက အပေါ်ကနေ သူတို့ဘုတ်အဖွဲ့ရှိတယ်ဗျ။ သူတို့ဘုတ်မှာ ပါတီ ဗဟို ကော်မတီတို့ဘာတို့၊ ကောင်စီတောင်မပါဘူးဗျ။ အဲဒီလူတွေက,လုပ်တာပဲ။ လူထုကိုလိမ်ဖို့အတွက် လုပ်တဲ့ကိစ္စပဲဗျ။ စစ်အာဏာရှင်ဟာ ဦးနေ၀င်း ၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး စစ် အာဏာကို အလျှော့မှမပေးခဲ့ဘဲ။ အခုဆက်ပြီး စစ်အာဏာရှင်စနစ်ကို လိမ်လည်ပြီးတော့ စည်းကမ်း ရှိတဲ့ဒီမိုကရေစီ ဆိုတာပြောတာပဲလေ။ အဲဒီဟာနဲ့ လိုက်လျောညီထွေတဲ့ Slogan တွေချတာပဲ။”
ဗွီအိုအေ မြန်မာပိုင်းအစီစဉ်မှာပြောသွားတာပါ။ ထားလိုက်တော့။

လိန်တာမလိန်တာခဏ,ထား၊ ဘယ်သူတွေဘာပြောပြော ဘယ်လိုပဲဆိုဆို စစ်အစိုးရဟာ သူလုပ်ချင်တာအားလုံးကို လုပ်သွားတာလက်တွေ့ပဲဗျ။ လူစိတ်မရှိဘူးပဲပြောပြော၊ လူစိတ်ပျောက်တယ်ပြောပြော လူ့အခွင့်အရေးချိုးဖေါက်တာတို့ တိုင်းရင်းသားနယ်မြေတွေမှာ အမျိုးသမီးတွေကိုအစုလိုက်အပြုံလိုက် မဟားဒယားလုပ်တာ လူသတ်တာ ရွာမီးရှို့တာ မြေသိမ်းတာ မတရားမှုမှန်သမျှ လုပ်စရာရှိတယ်လို့ယူ ဆ,တာမှန်သမျှ အကုန်လုပ်တာပဲ။

သူတို့သန်းကြွယ်သူဌေးတွေဖြစ်လာတယ်၊ ပိုက်ဆံထားစရာနေရာမရှိဘူး၊ နိုင်ငံတကာက စီးပွါးရေးပိတ်ဆို့
တာတို့ တိုင်းပြည်ထဲဝင်ခွင့်မပေးတာတို့ စစ်အစိုးရက,လုံးဝ,ဂရုစိုက်တာမဟုတ်ဘူးလို့ထင်ရလောက်အောင် လုပ်စရာရှိတာလုပ်တယ်၊ ဘာဖြစ်လာလဲဆိုတော့ စီးပွါးရေးပိတ်ဆို့တာဟာ ထိရောက်မှုမရှိဘူး၊ ထိတွေ့ဆက် ဆံရေးနဲ့ပိတ်ဆို့ရေးဆိုတာကို တွဲလုပ်ရမယ်၊ စစ်အုပ်စုရဲ့ပြောင်းလဲလာမှုအပေါ်သုံးသပ်ပြီး ပိတ်ဆို့မှုတွေကို လျှော့ပေါ့မယ်၊ ကူညီထောက်ပံ့မှုတွေလုပ်မယ်၊ စသည်ဖြင့်ပေါ့လေ။

ပိတ်ဆို့အရေးယူတာကိုလုပ်ထားတဲ့ နိုင်ငံတကာရဲ့သဘောထားတွေ ပြောင်းပစ်ချင်တဲ့အခြေအနေမျိုးရောက်အောင် လုပ်ပြနိုင်တဲ့အထိ အစီအစဉ်တကျ လုပ်ထားတာဆိုတော့ ဒါကိုလဲ စစ်အုပ်စုက,သိပ်နားထောင်တာမဟုတ်ဘူး၊ ထောင်ဒါဏ်တွေ တိုးချလာတယ်၊ ရှင်းရှင်းပြောရလျင် လူမဆန်တဲ့လုပ်ရပ်တွေကို ဆထက်ထမ်းပိုး လုပ်ပြလာတယ်၊ ဘာကြောင့်လုပ်သလဲဆိုတော့ အပြောင်းလဲတွေမြင်လိုတဲ့လူတွေအတွက် ပြောင်းလဲမှုတွေကို ပြနိုင်အောင်လို့ပါ။

ဥပမာတခု ရေးပြမယ်ဗျာ၊ တချိန်တုန်းက အတိုက်အခံတွေဘာပဲလုပ်လုပ် လိုက်နှောင့်ယှက်ရာကနေ အခုဆို ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့အထင်မျိုးအထိရောက်အောင်လုပ်ပြတာမျိုး၊ အခမဲ့စာသင်ကျောင်းကို ပိတ်ပင် တားဆီးနေရာကနေ ပြန်လိုက်လျှောတယ်ဆိုတာမျိုး၊ ဒါတွေအပြင် အခုနောက်ပိုင်းမှာ တပ်မတော်ကွန်ယက် ဆို လား ပေါ်လာတယ်မဟုတ်လား။

အဲဒီလိုဖြစ်လာတော့ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေ မတရားအသင်း ကျေငြာထားတဲ့ အဖွဲ့အစည်း အသင်းအပင်းတွေနဲ့ ဆက်ဆံလျင်အရေးယူမယ်ဆိုပြီးလုပ်တော့ နိုင်ငံရေးပါတီ တွေကလည်း ဘယ်လိုအသင်းအဖွဲ့မျိုးကိုဆိုလိုတာပါလဲ ရှင်းပြပါဆိုတာတွေအထိဖြစ်လာတယ်။ ပြည်တွင်းရော ပြည်ပ,ကပါ အသိအမှတ်ပြုသည်ထက် ပြုလာအောင်၊ခိုင်မာတဲ့အစိုး ရတခုဆိုတာဖြစ်လာအောင် လုပ်လိုက်တာပေါ့ဗျာ။

စာတမ်းလေးပြောင်းတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောလာတာတွေဖြစ်အောင်လုပ်နိုင်လာတယ်၊ အကောင်း မြင်တဲ့လူတွေကလည်း ဒါကတော့ ရှေ့ဆက်ကောင်းလာမယ့် အခြေအနေတခုကို ဖန်တီးဘို့အခြေခံကောင်းပဲ ဆိုလာတဲ့အထိ ရှိလာတယ်။

အဲဒီတော့ အားလုံးဟာ သူလုပ်သမျှအကုန်ဖြစ်နေတော့ ဒီစာကြောင်းလေးကိုပြောင်းတာများ အဆန်းလုပ်ပြီး ကျုပ်က လိုက်ဝေဘန်နေသေးတယ်၊ကျုပ်ဘလော့ဂ်ရေးမယ်ဆိုတာက,ကိုယ့်အမျိုးသားအကျိုးအတွက် ယဉ်ကျေးမှုအကြောင်း စာပေအကြောင်းရေးဘို့ဗျ။

လူမဆန်တဲ့စစ်အစိုးရကို ဝေဘန်ဘို့မဟုတ်ဘူး။ ကိုယ့်အလုပ်ကို ကိုယ်မလုပ်ပဲ ဟိုလူ့ကိုဝေဘန်လိုက် ဒီလူ့အားနည်းချက် ထောက်ပြလိုက်နဲ့ ဘယ်မှာတုန်း ကိုယ့်အမျိုးသားအကျိုးနဲ့ပတ်သက်တဲ့ အရေးအသားမျိုး၊ ကရင်အမျိုးသားတွေ အတု ယူလောက်တဲ့ စံနမူနာထားလောက်တဲ့ အကြောင်းအရာမျိုး၊ ဗဟုဿုတမျိုး။

လူတယောက်က ကျုပ်ကိုပြောဘူးတယ်၊ ငါ့အကြောင်းအမြဲတမ်းစဉ်းစားနေတယ် ငါလုပ်သမျှလိုက်ဝေဘန်တယ် ငါ့ကိုမျက်လုံးထောင့်ထောက်ကြည့်နေတယ်ဆိုတာ ငါ့လုပ်ရပ်ဟာထိရောက်လို့ပဲ တဲ့။ အဲဒီလူတွေဟာသူတို့လုပ် စရာရှိတာ မလုပ်နိုင်တော့ပဲ ငါနဲ့ပတ်သက်သမျှ အကုန်အစင်ပြောဆိုဝေဘန်လေလေ ငါ့အတွက်အောင်မြင်မှုက နီးကပ်လာလေပဲ ဘာကြောင့်လဲဆိုတော့ သူတို့ငါ့ကိုတိုက်ခိုက်ဘို့ အချိန်နည်းသွားလို့ပဲ တဲ့။

ဟုတ်မဟုတ်ဆိုတာတော့ ကျုပ်လည်းမပြောတတ်ဘူး၊ သေခြာတာကတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့အကြောင်း စုံစမ်းလေ့လာ ဖတ်ရှုနေရတာနဲ့ပဲ ကျုပ်တတ်ထားတဲ့ မစို့မပို့ကရင်စာကိုတောင် ပြန်မရေးတတ်လောက်အောင် ဖြစ်လာနေပြီဆိုတော့ ကျုပ်ရဲ့ မူရင်းအစ ပထမ ရည်ရွယ်ချက်ဆိုတာ။

အိုဗျာ ဘလော့ဂ်တခုဖြစ်လာဘို့ ကူညီပေးခဲ့ကြတဲ့သူတွေကို ရှက်လိုက်တာ။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်

ဗိုလ်ချုပ်တစ်ဦး ဦးဆောင်မှုဖြင့်

မျိုးချစ်မြန်မာ့တပ်မတော်ကွန်ယက် ဖွဲ့ စည်း


Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦး ဦးဆောင်မှု ဖြင့် မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက်
ကို မြန်မာ နှစ်ဆန်း တစ်ရက်နေ့ က ရန်ကုန်နှင့် ဧရာဝတီတိုင်းကြား ရှိ မြစ်ရေပြင်တစ်ခုက စက်လှေတစ်စီး ပေါ်မှာ ဖွဲ့ စည်း ခဲ့သည်ဟု FNG မှ သတင်းရရှိသည်။

လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် ဗိုလ်မှုးကြီးတစ်ဦးကိုယ်တိုင် ဦးဆောင်ပြီး
ဖွဲ့ စည်းခဲ့သည့် မျိုးချစ်မြန်မာ့တပ်မတော်ကွန်ယက်တွင် မှော်ဘီလေတပ်စခန်း၊ မိတ္ထီလာလေတပ်စခန်း၊ လေကြောင်းရန် ကာကွယ်ရေးတပ်မှ အရာရှိများ၊ ဟိုင်းကြီးကျွန်းရေတပ် ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်မှ အရာရှိများ၊ ပင်မ,စစ်လက်နက်ခဲယမ်းတပ် ၊ အင်းတကော်၊ ရဲမွန် နှင့် အင်းတိုင် မှတပ်များ အားလုံး ပါဝင်သည် ဟု မှော်ဘီလေတပ်စခန်းမှ အရာရှိတစ်ဦး က FNG သို့ပြောသည်။

မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက်ဟာ လက်ရှိ တပ်တွင်းမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို
အဓိကဖြေရှင်းဖို့ဖြစ်ပြီး အနာဂတ်မှာတော့ ပြည်သူကိုအကာအကွယ်ပေးရန်အတွက် ရည်ရွယ်ဖွဲ့ စည်းခြင်း ဖြစ်သည်။

ယခုသတင်း နဲ့ တစ်ဆက်စပ်တည်း ကြားရသည့် အခြားသတင်းတွင် ဧပြီလ ၁ ရက် နေ့ က စတင်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည်လည်း ၎င်းအား အခြားပြိုင်ဘက်များက လုပ်ကြံမည်ဟု သတင်း ရရှိသောကြောင့် လုံခြုံရေးထူထပ်စွာဖြင့် သွားလာနေရ ကြောင်း နေပြည်တော်မှအမည် မဖော်လိုသည့် အရာရှိတစ်ဦး က ပြောသည်။


Source http://freedomnewsgroup.com


Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လျော်ကြေးပေး လယ်သိမ်းပြီး လယ်မလုပ်သည့်ကုမ္ပဏီ ရုပ်သိမ်းခံရမည်

ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်သည့် ကုမ္ပဏီများ တောင်သူတိုးတက်အောင် ဖော်ဆောင်ပေးခြင်းမရှိဘဲ လျော်ကြေးပေးကာ လယ်ယာမြေသိမ်းယူခြင်း၊ လယ်မစိုက်ဘဲ ငါးကန်ကဲ့သို့ လတ်တလောအကျိုးရှိသည့်လုပ်ငန်းများ လုပ်ကိုင်ခြင်းမျိုးပြုလုပ်ပါက ကုမ္ပဏီအား ပြန်လည်ရုပ်သိမ်းသွားမည်။

ဦးသိန်းစိန်ပြောထားတာလေး နားဆင်ကြည့်ကြစို့


Source Audio from http://www.bbcburmese.com

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီးဦးမြင့်လှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် စိုက်ပျိုးရေး၊ ဆည်မြောင်းဌာနများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧက ၁၀၀၀၀ ခေတ်မီစက်မှုလယ်ယာစံပြစိုက်ပျိုးရေး အထူးဇုန်အတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများသည် ဧပြီလ ၁၄ ရက်နေ့က ကန်ထရိုက်လယ်ယာလုပ်ကိုင်မှု၊ စက်မှုလယ်ယာစနစ်သို့ ဦးတည်လုပ်ကိုင်မှု၊ စိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်မှုပိုင်းများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်သည်ဆိုခြင်းမှာ အရင်းအနှီးစိုက်ထုတ်နိုင်သူနှင့် တောင်သူပူးပေါင်းခြင်းဖြင့် ပိုမိုကောင်းမွန်စေရန် ရည်ရွယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် တောင်သူများတိုးတက်စေရန် ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများတိုးတက်မှုကို ဖော်ဆောင်ပေးခြင်းမပြုဘဲ တောင်သူများအား လျော်ကြေးပေးကာ လယ်သိမ်းယူခြင်း၊ လုပ်ကိုင်ရန်ရယူထားသော လယ်ယာမြေပေါ်တွင် စိုက်ပျိုးခြင်းမပြုဘဲ လတ်တလောအမြတ်စွန်းငွေရရှိသည့် ငါးကန်ကဲ့သို့သော လုပ်ငန်းများပြောင်းလဲလုပ်ကိုင်ခြင်းများ ရှိလာပါက လုပ်ကိုင်သည့်ကုမ္ပဏီများအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"လုပ်ငန်းရှင်နဲ့ တောင်သူပူးပေါင်းရင် ပိုကောင်းမွန်တဲ့အတွက် ကန်ထရိုက်လယ်ယာစနစ်ကို ခွင့်ပြုလုပ်ကိုင်စေတာပါ။ တချို့ကုမ္ပဏီတွေက တောင်သူကို လျော်ကြေးပေးပြီး တောင်သူထွက်သွားအောင် လုပ်နေတာတွေရှိပါတယ်။ တချို့ကုမ္ပဏီကျတော့လည်း တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေး၊ နောက်တောင်သူကို စိုက်ပျိုးရေးနည်းပညာပါ ပေးနေကြပါတယ်။ တောင်သူထဲမှာလည်း တချို့အလုပ်တကယ် ပီပီပြင်ပြင်မလုပ်တဲ့ တောင်သူရှိနိုင်ပါတယ်။ ကုမ္ပဏီတွေက တောင်သူတိုးတက်အောင် ဖော်ဆောင်ပေးပါ။ တောင်သူတွေကလည်း ကောင်းမွန်စွာ လုပ်ကိုင်ပါ။ ပီပီပြင်ပြင် မလုပ်တဲ့တောင်သူရှိရင် ကုမ္ပဏီဘက်က အထောက်အထားနဲ့တင်ပြပါ။ ဒီလိုပဲလျော်ကြေးပေးပြီး တောင်သူကိုမောင်းထုတ်တဲ့ ကုမ္ပဏီမျိုးတွေ့ရှိရင် ကုမ္ပဏီကို ပြန်သိမ်းချင်သိမ်းသွားမှာပါ။ ကုမ္ပဏီတချို့က လယ်ယာစိုက်ပျိုးဖို့မလုပ်ဘဲ လတ်တလော ငါးဈေးကောင်းတယ်ဆိုရင် ငါးမွေးလုပ်တာမျိုးတွေရှိတယ်။ လ/န ၃၉ ကျပြီးမှ မွေးတာဟုတ်မဟုတ် ပြန်စစ်ပါမယ်။ ခွင့်မပြုနိုင်ပါဘူး။ တစ်ဧက စိုက်ပျိုးဖို့ကျန်ရင် တစ်ဧကထိခိုက်ပါတယ်။ တောင်သူတွေဆီကနေ ပေါက်ဈေးနဲ့ပြန်ဝယ်ပါ။ တောင်သူနဲ့ကုမ္ပဏီ နှစ်ဖက်ပူးပေါင်းပြီး စက်မှုလယ်ယာစနစ်ကိုသွားမယ်။
လိုအပ်တဲ့စက်ကိရိယာတွေအတွက်လည်း တောင်သူ ၅၀၀ တစ်ဖွဲ့၊ ၅၀၀ တစ်ဖွဲ့ပုံစံမျိုးနဲ့ စက်မှုကုန်ထုတ် အသင်းဖွဲ့ပြီး လိုအပ်တဲ့စက်ကိရိယာတွေ တပ်ဆင်ဖို့လုပ်သွားပါမယ်။ စက်မှုလယ်ယာစနစ်ကို ရန်ကုန်တိုင်း ဒေသကြီးကနေ စံပြအဖြစ်လုပ်ကိုင်သွားဖို့ရှိပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဦးမြင့်လှိုင်က မျိုးစပါးနှင့်ပတ်သက်၍

"မျိုးစပါးကို အမျိုးမျိုး မသုံးစွဲသင့်ပါဘူး။ တကယ်လည်း အထွက်ကောင်းတယ် ဈေးကွက်ဝင်တဲ့ မျိုးတစ်မျိုး၊ ပမာဏ များများနဲ့ လိုသလောက်ထုတ်နိုင်တဲ့ မျိုးတစ်မျိုးကိုပဲ ဦးတည်သုံးသင့်ပါတယ်။
မျိုးစပါးတွေဟာ တစ်ခုနဲ့တစ်ခုနီးကပ်ရင် မျိုးပျက်တတ်ပါတယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ၀တ်မှုန်ကူးမှုတွေရှိ
ပါတယ်။ လက်တွေ့ ကျွန်တော်စိုက်ပျိုးခဲ့တာကို ပြောပြပါမယ်။
ရှစ်လမ်းသွားလမ်းမကြီးတစ်ခုကိုခြားပြီး တစ်ဖက်မှာ ကောက်ညှင်းငချိပ်၊ တစ်ဖက်မှာအခြားမျိုးစိုက်ပါတယ်။ ကောက်ညှင်းငချိပ်က ငချိပ်မဟုတ်ပဲ ဖြူကြောင်ကြားတွေ ထွက်လာပါတယ်။ မျိုးကိုသီးသီးသန့်သန့်ပဲ သုံးသင့်တယ်"ဟုပြောကြားခဲ့သည်။

တောင်သူများ မျိုးစပါး၊ စိုက်ပျိုးနည်းပညာများ ပိုမိုသိရှိလာစေရန်အတွက် ကုမ္ပဏီများမှ ပံ့ပိုးခြင်းအပြင် မီဒီယာများ၏ အခန်းကဏ္ဍမှာ အဓိကအရေးပါလာကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဦးမြင့်လှိုင်တို့က ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဧက ၁၀၀၀၀ ခေတ်မီစက်မှုလယ်ယာစံပြစိုက်ပျိုးရေးအထူးဇုန်အတွင်း တောင်သူများနှင့် ကုမ္ပဏီ ၁၅ ခု ပူးပေါင်းကာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းနှင့် သတင်းဓါတ်ပုံ ရင်းမြစ် http://www.news-eleven.com


Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဦးတည်ချက် (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်


ဦးတည်ချက် (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်

Tuesday, 19 April 2011

နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့် လူမှုရေးဦးတည်ချက် (၄)ရပ် စုစုပေါင်း (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ပြင်ဆင်လိုက်သည်ကို ဧပြီလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ နိုင်ငံရေးဦးတည်ချက်တွင် (၃)ရပ်၊ စီးပွားရေးဦးတည်ချက်တွင် (၁)ရပ်၊ လူမှုရေးဦးတည်ချက်တွင် (၁)ရပ်တို့ ဖြစ်ကြသည်။

ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ
'အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး' အစား
'အမျိုးသားစည်းလုံးညီညွတ်မှုခိုင်မာရေး'၊

'ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး' အစား
'စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေး'၊

'ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တစ်ရပ်တည်ဆောက်ရေး' အစား
'ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး'၊

'စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး' အစား
'စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး'၊

'မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' အစား
'စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' တို့ ဖြစ်ကြသည်။

Source from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 18, 2011

လူသားစားမှုဖြင့် အရေးယူခံရသော ပါကစ္စတန် ညီနောင်

လူသားစားသူ ညီအစ်ကိုနှစ်ယောက် အား စာဂိုဒါမြို့တွင် ရုံးသို့ထုတ်လာစဉ်

လူသားစားမှုဖြင့် အရေးယူခံရသော

ပါကစ္စတန် ညီနောင်


by ကောင်းသစ်ရည်
Sunday, 17 April 2011

ယခုရက်သတ္တပတ် အစောပိုင်းတွင် အာရစ်ဖ် အာလီ (Arif Ali) နှင့် ဖားမန်း အာလီ (Farman Ali) တို့ညီအစ်ကို နှစ်ဦးအား ရဲက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုသူတို့သည် သချိုင်းမှ ခိုးယူခဲ့သော အလောင်းမှ အသားများအား ချက်ပြုတ် နေစဉ် ရဲများ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသူနှစ်ယောက်အား အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေဖြင့် တရားစွဲမည်ဟု ဒါရီယာခန်း ရဲတပ်ဖွဲ့ (Darya Khan) မှ ရဲအရာရှိ အာဗ္ဗဒူးရ် ရာမာန် (Inspector Abdur Rahman) ကပြောသည်။

ထိုညီအစ်ကိုနှစ်ဦးသည် ပါကစ္စတန်နိုင်ငံ ပန်ဂျာဘ် (Punjab) ပြည်နယ်နှင့် ကိုင်ဘာ ပတ်တွန်းဝှာ (Khyber Pakhtunkhwa) ပြည်နယ် တိုက်နယ်စပ်အနီးရှိ ဒါရီယာခန်း (Darya Khan) မြို့တွင် နေထိုင်သော အသေးစား လယ်ယာမြေပိုင်ဆိုင်သူများ (Small Scale Landowner) များဖြစ်သည်။

ထိုညီအစ်ကိုနှစ်ယောက် လူသားစားမှုပေါ်ပေါက်လာရခြင်းမှာ အသက် ၂၄ နှစ်အရွယ်ရှိ ကင်ဆာရောဂါဖြင့် သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ အလောင်းမြှုပ်နှံထားသော ဂူတွင် ခြေရာလက်ရာ ပျက်နေသည်အား မိသားစုများက သတိထားမိရာမှ စတင်ခဲ့သည်။ အလောင်းရှိမရှိ သေချာရန် ဂူအား ပြန်လည် တူးဖော်သောအခါ အလောင်းမရှိတော့သဖြင့် ရဲအား တိုင်ကြားခဲ့သည်။

ရဲများက ထိုသူများမည်သည့်အကြောင်းကြောင့် လူသားစားဖြစ်သွားရသည်အား ရှင်းလင်း စွာထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ထိုသူနှစ်ယောက်သည် ကာယနှင့် ဥာဏ နှစ်ပိုင်းစလုံးတွင် သာမန်ဖြစ်ပုံပေါ်သော်လည်း သူတို့၏ အတူနေသော နှမတစ်ယောက်မှာ စိတ်မမှန်ပုံ ရသည်ဟု ပြောသည်။ မောင်နှမသုံးယောက်သည် အခြားလူများနှင့် မနီးသောအိမ်တွင်နေကြသည်။

ညီအစ်ကိုနှစ်ယောက်က လူသားမစားမီ ခွေးများအား ဖမ်းဆီးစားသောက်ခဲ့ကြောင်း ဝန်ခံသည်။
ပတ်ဝန်းကျင်ရှိ လူများသည် လူသားစားသည့်သတင်းကြောင့် တုန်လှုပ်သွားကြ ရသည်။
သူတို့လုံးဝ မထင်မှတ်သော ကိစ္စဖြစ်သည်ဟု ပြောကြသည်။

Ref: Internet
Pakistani duo are accused of cannibalism (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)

Source from http://www.myanmarnewszone.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အပေါ် ရှုထောင့်စုံမှသုံးသပ်

Source Photo from http://www.bbcburmese.com/images

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အပေါ်

ရှုထောင့်စုံမှသုံးသပ်

2011-04-18

မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်မှာ မျိုးဆက်သစ် လူငယ်တွေကြား မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ဘယ်လောက် ထိန်းသိမ်းမှု ရှိသလဲ၊ တိုင်းတပါးက ယဉ်ကျေးမှု အသစ်တွေ ဘယ်လောက်ထိ ထိုးဖောက် စိမ့်ဝင်မှု ရှိသလဲ ဆိုတာကို အကဲခတ် ကြည့်မြင်နိုင်ပါတယ်။
Source from http://www.mizima.org/burmese/images

အခုနှစ် သင်္ကြန်ကာလမှာ မျိုးဆက်သစ် မြန်မာလူငယ်တွေအကြား သောက်စားမူးယစ်ပျော်ပါးမှု၊ ဝတ်စားဆင်ယင်မှု၊ ဘာသာရေး လှုပ်ရှားမှု စတဲ့ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု မြင်ကွင်းကို ရန်ကုန်မြို့က အငြိမ်းစား အစိုးရ အရာရှိတဦး၊ အဆိုတော် ဇော်ဝင်းထွဋ်၊ ကာတွန်းဆရာ အော်ပီကျယ်၊ လူရွှင်တော် မောင်မေတ္တာ၊ မန္တလေးမြို့ စာရေးဆရာ နေဝင်းမြင့်နဲ့ စာရေးဆရာမ ခင်ခင်ထူးတို့ကို ဆက်သွယ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

Source Photo from http://www.mizima.org/burmese/images



Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မင်းအောင်လှိုင်အတွက် အကွက်ဆင်နေတာလား?





ဘီဘီစီမြန်မာပိုင်းဌာနက ထုတ်လွှင့်သွားတဲ့ အသံဖိုင်
March 29 2011



ဘီဘီစီမြန်မာပိုင်းဌာနက ထုတ်လွှင့်သွားတဲ့ အသံဖိုင်
April 03 2011








ဘီဘီစီမြန်မာပိုင်းဌာနက ထုတ်လွှင့်သွားတဲ့ အသံဖိုင်
April 15 2011



ဘီဘီစီမြန်မာပိုင်းဌာနက ထုတ်လွှင့်သွားတဲ့ အသံဖိုင်
April 18 2011

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှစ်သစ်ဆုတောင်း ပြည့်မည်လော?


ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်

တိုင်းရင်းသားလူမျိုးခေါင်းဆောင်တို့၏

နှစ်သစ်ဆုတောင်း



မူရင်းအသံဖိုင် http://www.burmese.dvb.no

ဒီဗွီဘီ ဝိုင်းတော်သားများ၏

နှစ်သစ်ဆုတောင်း


မူရင်းအသံဖိုင် http://www.burmese.dvb.no



မူရင်းအသံဖိုင် http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 17, 2011

သွားအတုနဲ့ဝါးနေကြသူများ

Source Photo from http://www.google.com/images

သွားအတုနဲ့ဝါးနေကြသူများ
(မင်းစိုးစံ)

မြစ်ထဲမှာ
မျောနေတာရေခဲတဲ့။

ငါ့မျက်လုံးထဲမှာတော့
ကတ်ကြေးကိုက်ထားတဲ့
နို့ဆီခွက်ဗူးခွံအစ,
ပြီးတော့……….
ဒုက္ခသည်စခန်းထဲက
မီးရှို့ခုတ်ထစ်ခံထားရတဲ့
သွပ်ပြားချပ်တွေ
မီးဝါးထားလို့
အရောင်မည်းညို့နေတဲ့
တဲတိုင်တူးခြစ်ခြစ်တွေ
နစ်ဝင်စီးမျောနေသလိုပဲ။

ရာစုနှစ်ထက်ဝက်ကျိုး
ငါ့သွားတွေတောင်အစားထိုးနေရ,ပြီ။

ဝါးနိုင်ဘို့အတွက်
သွားတုကိုအစားထိုးခဲ့ပေမယ့်
တကယ်ဝါးကြည့်တဲ့အခါ
သွားအစစ်လိုမဟုတ်ပါလားနော်။

ယဉ်ကျေးမှုကိုချစ်ဟန်ဆောင်
ရေကန်ထောင်ပေါင်းတဆယ်ရှိတဲ့မြို့
သူတို့မရှက်တတ်ကြဘူး။

ယဉ်ကျေးမှုကိုအမှူးပြု
နှင်းထုတွေအပေါ်
ဆားအတုတွေထိုးကော်ချ
မျိုးဆက်သစ်အတွက်ကွဆိုပြီး
နှမ်းအတုနဲ့ဆီကြိတ်နေကြလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး


အကျဉ်းသား လွတ်မြောက်ရေး

စုပေါင်းလက်မှတ်ရေးထိုး


By မသိင်္ဂီထိုက်
တနင်္ဂနွေ, 17 ဧပြီ 2011

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ၀င်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအ၀င် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။

ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Burma-political-prisoners-04-17-11-120001344.html



Source Audio from http://www.bbcburmese.com



Source Audio from http://www.burmese.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လက်စားခြေဘို့မဟုတ်ပေမယ့် မေ့ပစ်ဘို့မဟုတ်ဘူးနော်

Source Photo from http://www.google.com/images

လက်စားခြေဘို့မဟုတ်ပေမယ့်

မေ့ပစ်ဘို့မဟုတ်ဘူးနော်




Source Audio from http://www.dvb.no





Source Audio from http://www.dvb.no

သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရ ဆိုတာကို သက်သေပြနေပါပြီ။
ဒါက အစရိုး အစိုးရ။
အစ,ပိုင်းမို့လို့ရိုးရိုးလေးပဲ နောက်ပိုင်းကျလျင် ဆန်းလာပါလိမ့်မယ်။
အဲဒီအခါကျတော့ ရှုံချကန့်ကွက်ကြတာပေါ့နော။
အခုအချိန်လေးမှာ တနေ့ကောင်းလာမှာပါလို့ မျှော်ကြရင်း အချင်းချင်းတည်ကြစို့။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှစ်ကူးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုက်တွန်း


နှစ်ကူးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုက်တွန်း
2011-04-17

နှစ်ဆန်းတရက်နေ့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ နေထိုင်တဲ့ စာရေးဆရာနဲ့ ကဗျာဆရာကြီး ဒဂုန်တာရာ၊ အင်းဝမြို့က ကဗျာဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ဆရာမောင်စွမ်းရည်၊ ရန်ကုန်မြို့က စာရေးဆရာ ဦးအောင်သင်း၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေး၊ တက္ကဆတ်စ် ပြည်နယ်က အဆိုတော် လားရှိုးသိန်းအောင် တို့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေကို RFA ဝိုင်းတော်သားတွေက ဆက်သွယ် စုစည်းထားတာကို ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 16, 2011

နှိုင်းယှဉ်ကြည့်စရာ မဟာအတာသင်္ကြန်

ကရင်အမျိုးသားအလံတော်ကို မြေပေါ်ချနင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးမောင်အေး
မန္တလေးမှာ သင်္ကြန်ကျတယ်ဆိုပါ့လား

မန္တလေးက မြို့မ အဖွဲ့ရဲ့ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းပုံ



Source Photo from http://www.bbcburmese.com

ဒီပုံကတော့ တခုခုတော့တခုခုပဲ (ကြွက်-ကျုပ်တို့အခေါ်)(ကျီးကန်း-ရန်ကုန်အခေါ်)တွေ
လူတွေကြား အာဏာပြချင်နေတဲ့ပုံပဲ

ဗမာတပြည်လုံးမှာ ရေထက်ပေါတဲ့ယဇ်ရွှေရည်



Source Photo from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို SSA တောင်ပိုင်း ငြင်းဆို

တိုင်းရင်းသားတွေရဲ့ နေ့တဓူဝ,ဘ၀အစစ်အမှန်
Source Photo from http://www.google.com/images

မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို

SSA တောင်ပိုင်း ငြင်းဆို

2011-04-16

ဗိုလ်မှူးကြီး ရွက်ဆစ် ဦးဆောင်တဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြချက်ကို SSA တောင်ပိုင်းတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်က ကာလီမြို့နယ်ခွဲမှာ အခုလ (၄) ရက်နဲ့ (၁၂) ရက်နေ့တွေက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးကာ ကိုရင်တပါး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နာမည်တွေနဲ့ တကွ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင် ကို မေးမြန်းရာမှာ သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘဲ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းအမျိုးသမီးများအဖွဲ့ အပါအဝင် အဖွဲ့ (၆) ဖွဲ့ စုစည်းထားတဲ့ ရှမ်းလူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့ကလည်း SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုလ (၁၂) ရက်နေ့က သတင်းထုတ်ပြန်ပြီး ပြစ်တင် ကန့်ကွက်ခဲ့ပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.

ကချင်တော်လှန်ရေးအဖွဲ့ရဲ့ မျှော်လင့်ချက်




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်

Source Photo from http://www.google.com/images

ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်

By ကိုရန်နိုင်
စနေ, 16 ဧပြီ 2011

မြန်မာနိုင်ငံက ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို အိန္ဒိယသမုဒ္ဒရာထဲမှာ သီရီလင်္ကာနိုင်ငံ ရေတပ်က ကယ်တင်လိုက်နိုင်ပါတယ်။ အဲဒီ သင်္ဘောသားတွေကို သီရီလင်္ကာနိုင်ငံကို ခေါ်ဆောင်သွားခဲ့ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သီရီလင်္ကာရေတပ်က ပြောပါတယ်။ ဒီမြန်မာ သင်္ဘောသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတကာရေပိုင်နက်ထဲမှာ သင်္ဘောပျက်ပြီး မျောနေတဲ့ မြန်မာ ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ဟာ သီရီလင်္ကာရေတပ်ရဲ့ အကူအညီနဲ့ သီရီလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ကို ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့က ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီမြန်မာ ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ဟာ ပင်လယ်ထဲမှာ ရက်အတော်ကြာ မျောနေတာဖြစ်ပေမဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ သီရီလင်္ကာရေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်မှူးကြီး ကောသလ ၀ါနာကူလာသူရိယ (Kosala Warnakulasuriya) က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီငါးဖမ်းသမားတွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆိပ်ကမ်းဆီ ဒီမနက်ပဲ ခေါ်လာခဲ့ပါတယ်။ အဲဒီနောက် သူတို့တွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆေးရုံကို ပို့လိုက်ပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေဟာ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ သူတို့ တယောက်ချင်းစီကို ဆေးစစ်တာတွေ ကျနော်တို့လုပ်ပေးခဲ့ပြီးပါပြီ။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ အရမ်းကောင်းပါတယ်။”

မြန်မာငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို ပွိုင့်ပေဒရို (Point Pedro) မြို့ရဲ့ အရှေ့မြောက်ဘက် ရေမိုင် ၃၀၀ ကျော်အကွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က သီရီလင်္ကာ ငါးဖမ်းသင်္ဘောက အရင်ဆုံး ကယ်တင်ခဲ့တာ ဖြစ်တယ်လို့ ရေတပ် ဗိုလ်မှူးကြီး ကောသလ သူရိယက ပြောပါတယ်။ အဲဒီနောက်မှာမှ သီရိလင်္ကာ ရေတပ်သင်္ဘော ၂ စင်းရဲ့ အကူအညီနဲ့ ထရင်ကိုမာလီမြို့ကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အဲဒီ မြန်မာသင်္ဘောသား ၁၂ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဆောင်နိုင်ဖို့အတွက် သီရိလင်္ကာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာမြန်မာသံရုံးကိုလည်း အကြောင်းကြားထားပြီး မြန်မာသံရုံးကလည်း အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်အောင် လိုအပ်တဲ့ ခရီးသွားလက်မှတ်တွေ လုပ်ပေးနေတယ်လို့ ရေတပ်ဗိုလ်မှူးကြီး ကောသလ သူရိယ က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်လောက်က ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင်အကြား တနာရီ မိုင် ၇၀ လောက်ရှိတဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မြန်မာ ငါးဖမ်းသင်္ဘောသား ၁ သောင်းလောက် ပျောက်ဆုံး ခဲ့ရပြီးနောက်မှာ အခုလို သီရိလင်္ကာ ရေပိုင်နက်ထဲ မြန်မာ ငါးဖမ်းသင်္ဘောသားတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းမှာပါသွားတဲ့ ငါးဖမ်းသင်္ဘောသား အတော်များများ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဖျာပုံမြစ်ဝ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးက အခုလို ပြောပါတယ်။

“တချို့ အစရှာမရတဲ့သူတွေလဲ ရှိတယ်။ အကုန်လုံးတော့ ပြန်မရောက်ကြသေးဘူး။ ဟိုးတုန်းက လူတွေဆို ဆက်တိုက် သတင်းတွေကြားပြီးတော့ လာပို့တာပေါ့နော်။ အခုကျတော့ သတင်းလဲမကြားရဘူး ဆိုတော့ နည်းနည်း အဆက်ပြတ်နေတာလဲ ကြာသွားပြီ။ သူတို့ နီးစပ်ရာကိုတော့ အကုန်လုံး ပို့ပေးကြတယ်။ အခုနောက်ပိုင်းက သတင်းကိုမကြားရတော့ဘူး။ ကျမတို့အနားမှာ တော်တော်များများတော့ ပြန်ရောက်မလာကြသေးဘူး။ မိသားစုတွေကတော့ ပြန်လာနိုး ပြန်လာနိုးပေါ့လေ။ တကယ်လို့ သူတို့ တနေရာရာမှာ ရောက်နေတယ်ဆိုရင် ဒီကို ပြန်အကြောင်းကြား ပေးတာပေါ့နော်။ သူတို့ ဘယ်ကို ရောက်နေပါတယ် ဆိုပြီးတော့ လာအကြောင်းကြားပေးတာပေါ့။ လှမ်းပြီးတော့ ဖုန်းနဲ့အကြောင်းကြားတာပေါ့။ အခုကျတော့ အကြောင်းကြားတဲ့သတင်းတောင် မကြားရတော့ ကျန်တဲ့သူတွေကတော့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးလို့တော့ ပြောကြတာပဲ။”

ဖျာပုံမြစ်ဝ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးတဦး ပြောသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခု သီရိလင်္ကာမှာ ကယ်တင်နိုင်ခဲ့တဲ့ ငါးဖမ်းသင်္ဘာသားတွေဟာ အဲဒီတုန်းက ပျောက်ဆုံးတဲ့အထဲပါသွားတဲ့ ငါးဖမ်း သင်္ဘောသားတွေ ဟုတ်မဟုတ်ဆိုတာတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Burma-fishermen-SriLanka-04-16-11-119973444.html




သတင်းရင်းမြစ် http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှစ်သစ်သင်္ကြန်နဲ့ ပြည်သူ့ဆန္ဒ


နှစ်သစ်သင်္ကြန်နဲ့ ပြည်သူ့ဆန္ဒ
2011-04-16

မြန်မာနိုင်ငံက လက်ရှိသင်္ကြန်နဲ့ ရိုးရာယဉ်ကျေးမှု အခြေအနေတွေနဲ့ နိုင်ငံရေး ဆက်စပ်နေပုံ၊ နှစ်သစ်ကူး ကာလ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထား စတာတွေကို သင်္ကြန်အကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကြောင်း ဆောင်းပါးတွေ ရေးသားနေတဲ့ မန္တလေးမြို့က စာရေးဆရာ ‘ဆရာဆူးငှက်’ ကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 15, 2011

ဘယ်လိုဖြေရပါ့နော်



Source from http://mayaonlinemagazine.blogspot.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လက်နှိပ်ဓာတ်မီးထိုးပြီး ရေးတဲ့ ကဗျာ

အမှောင်က
ညစဉ် မင်းကို ငါစမ်းသပ်ခဲ့တာ စိတ်မရှိပါနဲ့ကွာ......တဲ့
တောင်းပန်စကားဆိုတယ်။

စိတ်မရှိပါဘူး အမှောင်ရေ
မင်းကြောင့်သာ
ငါ ........အလင်းရဲ့ ဂုဏ်သတ္တိတွေကို ရှိခိုးဦးညွတ်တတ်ခဲ့တာ။

Thanks
Translated by Maung Tha Noe

Darkness says
I've tested you every night
don't be offended, please
and asks for forgiveness
I won't mind, darkness
thanks to you
I know how to honor light's greatness.


၁၃ ရက် ည ၁၁ နာရီ၊ အားလုံးမှောင်သွားပါသည်။ လက်နှပ်ဓာတ်မီးနှင့် ထိုးပြီး ကျွန်တော်ကဗျာတွေ တပုဒ်ပြီး တပုဒ် ရေးမိသွားပြန်ပါသည်။ ၀န်ခံရလျှင် မီးပြန်လာမှာ စိုးရိမ်နေမိပါသည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြီး ကဗျာစာအုပ်လေး တအုပ်စာ ရပြီးမှ မီးကို ပြန်လာစေချင်မိပါသည်။

ကျောက်ခေတ်လူသားတယောက်ထက်သာသော ဓာတ်မီးတလက်ကိုင်ပြီး ကြိုးစားလို့ ရနိုင် မရနိုင် ကျွန်တော့်ကိုယ်ကျွန်တော် စမ်းသပ်ချင်မိပါသည်။ ၉၀ ရာခိုင်နှုန်းလောက် ကံကောင်းသည်ဟု ဆိုရမည်လား၊ ၁၆ ပုဒ်မြောက်အရောက် ၁၄ ရက်အကူး ည ၀၂း ၃၀ လောက်တွင် မီးပြန်လာပါသည်။

မီးအလင်းရောင်အောက်တွင် အပိတ်ကဗျာလေးတပုဒ် ထပ်ရေးပြီး ဤ၀န်ခံချက်လေးကို ရေးလိုက်ရပါသည်။

ရည်ရွယ်ချက်က ဘာလဲ ..... လူတွေကို ကျွန်တော် ခွန်အားတွေ၊ အားတွေ ရှာကြံပေးချင်နေလို့ပါပဲ.... အမှောင်ဆန်သော ကမ္ဘာကြီးထဲတွင် အလင်းဆန်သော သတ္တိထူးတွေ ရစေချင်လို့ပါပဲ.... မရလျှင် ကျွန်တော်ညံ့၍ လို့လည်း ၀န်ခံနိုင်ပါသည်။
(ကျွန်တော်တို့ သက်တမ်းသည် နေရန်အချိန်တွေ သိပ်မကျန်တော့ဟု တန်ဖိုးထားပြီးအလုပ်တွေ များများ လုပ်နိုင်ရန် ကျွန်တော်၏ ကြိုးစားမှုတခုလည်း ဖြစ်ပါသည်။)

အမှောင်နှင့် အလင်းသည် လှည့်စားခြင်းဟုဆိုလျှင်လည်း အမှောင်ကို ကျွန်တော် မမုန်းပါ။
အလင်းကိုတော့ ချစ်မိပါသည်။

သုခမိန်လှိုင်
၁၄ မေ ၂၀၀၉
၀၃း၀၅ နာရီ

{သုခမိန်လှိုင်ရဲ့ 'လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ' စာအုပ်၊ ၂၀၁၀ အောက်တိုဘာလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}

Source from http://mayaonlinemagazine.blogspot.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....