+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, July 31, 2011

FIFAလွမ်းတဲ့ မြန်မာအစွမ်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကလေးလက်ထပ်မှုဥပဒေ ထောက်ခံ

ဘာသာရေး ခေါင်းဆောင် Sheik Saleh al-Fawzan
Source Photo from http://www.google.com/images
ဆော်ဒီ ဘာသာရေးခေါင်းဆောင်

ကလေးလက်ထပ်မှုဥပဒေ ထောက်ခံ


ဆော်ဒီအာရေဗျ နိုင်ငံ၏ လွမ်းမိုးမှုအားအကြီးဆုံး ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူSheik Saleh al-Fawzan မှာ ဖခင်များအနေဖြင့် ၎င်းတို့၏သမီးများကို လက်ထပ်ပေးပိုင်ခွင့်နှင့်ပတ်သက်ပြီး ဘာသာရေးဆိုင်ရာ စည်းမျဉ်း တစ်ခုကို ထောက်ပံ့မှုပေးလိုက်ပြီး ယင်းမိန်းကလေးငယ်များမှာ ပုခက်ထဲတွင် ရှိနေချိန်တွင်ပင် လက်ထပ်ပေးနိုင်ကြောင်းသိရသည်။
သို့ရာတွင် အစ္စလမ်ဥပဒေအရ ယင်းသို့လက်ထပ်ပေးသော်လည်း သူမ၏ အမျိုးသားဖြစ်လာမည့် သူ၏ကိုယ်အလေးချိန်ကို ခံဆောင်နိုင်ချိန် မှသာ အတူနေခွင့်ပေး ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

Al-Fawzan ၏ ထောက်ခံမှုအရ အဆိုပါဥပဒေကို တရားရေးဝန်ကြီး ဌာနမှ ဥပဒေပြုရေး အဖွဲ့ကအတည်ပြုပေးရမည်ဖြစ်ပြီး ယင်းဥပဒေ နှင့်ပတ်သက်ပြီး ဆော်ဒီ အစိုးရနှင့် နိုင်ငံ၏သြဇာ အရှိဆုံး ဘာသာရေးခေါင်းဆောင်အကြားတွင် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်လာဖွယ် ရှိကြောင်း အချို့ကသုံးသပ်ကြသည်။

ဆော်ဒီမီဒီယာများ ၏အဆိုအရ တရားရေးဝန်ကြီးဌာနအနေဖြင့် ယခုလို လက်ထပ်ပေးမှုတွင် အမျိုးသမီးများ ၏ အငယ်ဆုံး အသက်အရွယ် ကိုကန့်သတ်ပေးရေး နှင့်ပတ်သက်ပြီး တိုက်ခိုက်ရလိမ့်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် ဘာသာရေး ခေါင်းဆောင် Al-Fawzan ၏လွမ်းမိုးနိုင်မှုကိုလည်းစောင့်ကြည့်ရမည်ဖြစ်သည် ဟုဖော်ပြခဲ့သည်။
Source Photo from http://www.google.com/images

source : thedaiylbeast.com
Credit http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 30, 2011

တော်လိုက်တဲ့စွမ်းဆောင်ချက်



မြန်မာစစ်အာဏာရှင်တဦး၏ ဖြောင့်ချက်

မေး ဒီကနေ့အထိ မြန်မာနိုင်ငံ မပြောင်းလဲသေးတာ ဘာကြောင့်ပါလဲ?
ဖြေ မသိပါဘူး။

မေး အကောင်းနဲ့အဆိုးကို ဘယ်လို ခွဲခြားပါသလဲ?
ဖြေ မသိပါဘူး။

မေး တိုင်းပြည်ကောင်းစားဘို့ တိုးတက်စည်ပင်ဘို့ ဘာတွေစီစဉ်ထားပါသလဲ?
ဖြေ မသိပါဘူး။

မေး တတိုင်းပြည်လုံး ငြိမ်းချမ်းရေးလုပ်ဘို့ ဘာတွေစီစဉ်ထားပါသလဲ?
ဖြေ မသိပါဘူး။

မေး သိတာဘာရှိလဲ?
ဖြေ စားမယ် အိပ်မယ် ပြီးတော့ ..... မယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုမူးဆာ ပြောသော စကားများ


ကိုမူးဆာ ပြောသော စကားများ
(မင်းစိုးစံ)

ကိုမူးဆာ
ခင်ဗျားမရူးပါဘူးနော်။

ထူးထူးခြားခြား
နော်ကူးမ ဇာတ်ကားထဲက
စောမူးသာကိုအားကျလို့လား။

ဒါမှမဟုတ်
လုပ်ဇာတ်အနေနဲ့
ထူးထူးဟန်ရဲ့ ဘိုင်အိုကိုခိုးချ
နာမည်ကြီးရချေရဲ့ဆိုပြီး
လိုက်ရွှီးနေတာလား။

ကိုယ့်အရာရှိရဲ့နာမည်ကိုလည်းမပြောရဲ
ကရင့်တော်လှန်ရေးထဲက
စစ်ဗိုလ်နာမည်လည်းမပြောရဲ
တခုထက်မက,လွဲနေပြီ။

စကားတွေက မညီမတူ
မိသားစုကိုပူနေရတယ်ဆိုတော့
ခင်ဗျားကြီးဟာ
ယူအေန်ကိုသာမက
လူတကာကိုပါ ညာနေပါပေါ့လား။

မင်းစိုးစံ
(အဝေးရောက် ရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အားနာခြင်း၏ ဆိုးကျိုးများ

Source Photo from
http://myitnadekoethwal.blogspot.com/

အားနာခြင်း၏ ဆိုးကျိုးများ
(မင်းစိုးစံ)

အားနာခြင်းဆိုသည့်အကြောင်းအရာသည် ကျွန်ုပ်တို့လူမျိုးကြားတွင် အလွန်ခေတ်စားပြီး အထူးတွင်ကျယ်လှ သည့် အရာဖြစ်သည်။ ဗမာစကားဖြစ်သည့်အားနာခြင်းကို ကျွန်ုပ်တို့ကရင်လူမျိုးများတွင် (ညာၟယှုဂ်)ဟုခေါ်ဝေါ် သုံးစွဲကြပါသည်။
အားနာခြင်းသည် အားနာသူအပေါ်၌အကျိုးမဲ့စေသကယ့်သို့ အားနာခြင်းခံရသူအပေါ်တွင်လည်း အကျိုးမရှိ ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စုပေါင်းလုပ်ဆောင်မှုအပိုင်း၌ အားနာခြင်းကြောင့် လုပ်ငန်းဆောင်တာများ နှောင့်နှေးဆုတ်ယုတ်ယုံမျှမက တဦးနှင့်တဦးအမြင်မကြည်မလင်ဖြစ်လာပြီး အဆုံးတွင် လမ်းမခွဲချင်ပဲ လမ်းခွဲ လိုက်ရခြင်း ဆက်လက်လက်တွဲရန် မဖြစ်နိုင်လောက်သည့်အခြေအနေမျိုးအထိ ရောက်သွားတတ်ပါသည်။

ဤကားစာရေးသူတို့ တကယ့်လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေဖြစ်ရပ်မှန်များဖြစ်သည်၊ အဆိုပါအားနာ သည် ဆိုသည့်စကားလုံးသည် အဖွဲ့အစည်းအတွင်းရှိ အပြောသမားများအတွက် စားကွက်တခုဖြစ်စေသည်။

အပြောသမားများသည် လေလုံးထွားထွား အာဘောင်အာရင်းသန်သန်ဖြင့် လူအများရှေ့တွင် မိမိသည်ဟိုးလွန် ခဲ့သည့်အချိန်များက မည်သူနှင့်မည်သို့ဦးစီးဦးဆောင်ကာ လုပ်ကိုင်ခဲ့သည်။ တိုးတက်အောင်မြင်မှုများမှာ မည် ကဲ့သို့ ဖြစ်သည် ဘာဘာညာညာပြောဆိုပြီး ဆွေးနွေးပွဲမှဧည့်ခံသည့် အစားအသောက်များကို စားသောက်ပြီး ထ,ပြန်သွားတတ်သည်။

တကယ့်တကယ်တာဝန်တရပ်ရပ်ကို ပေးအပ်သည့်အခါ၌မူ အများရှေ့တွင်တာဝန်ယူထားသမျှ အလွဲသုံးစား လုပ်တတ်ကြသည်။ ထိုအခါ အားနာသောကြောင့် ထိုသူယူထားသောတာဝန်များကို အချိန်နီးကပ်လာမှ ပြန် လည်တာဝန်ခွဲယူရသဖြင့် စီစဉ်ထားမှုမှန်သမျှ အားလုံးကမောက်ကမ,ဖြစ်ကုန်တော့သည်။
အနှစ်ချုပ်သော် တိုးတက်မှု နှေးကွေး ဆုတ်ယုတ် ပျက်ဆီး တိမ်ကော ပ,ပျောက် မျက်နှာပန်းမလှဖြစ်ခြင်းဖြင့် နိဂုဏ်း ချုပ်လေတော့၏။

စာရေးသူတို့နေထိုင်သည့်မြို့ရှိ သခန်းစာယူစရာကောင်းသော အထောင်အသောင်းမက,သည့် အဖြစ်ပျက်များ စွာအနက် တခုကိုထုတ်နှုတ်ရေးသားတင်ပြလိုပါသည်။ ကရင့်ရိုးရာခြည်ဖြူဖွဲ့အခန်းအနားကို လွန်ခဲ့သည့် ငါးလ, ခန့်ကတည်းကပြောဆိုဆွေးနွေးသတ်မှတ်ခဲ့ကြပါသည်၊ သို့သော်ယခုစာရေးသူ စာရေးသားသည့်အချိန်တိုင် သည့်တိုင် ကျင်းပ,မည့်နေရာအတည်တကျမသိနိုင်သေးသည့်အပြင် သတ်မှတ်ထားသည့်နေ့ရက်တွင် ကျင်းပ, ဖြစ်မည် မဖြစ်မည်ဆိုသည်ကိုပင် အတည်မပြုနိုင်သေးချေ။

ငွေကြေးအလုံအလောက်ရှိနေသော်လည်း ထိုထိုသောအကြောင်းအချက်ကြောင့် စိတ်အနှောင့်ယှက်များဖြင့် အ ခန်းအနားကိုကျင်းပ,ကြရမည်ကားအသေအခြာပင်ဖြစ်သည်။
ဤကားအခန်းအနားကျင်းပ,နိုင်ရေးအတွက် နေ့ရက်နှင့်နေရာ သတ်မှတ်ခြင်းမပြုနိုင်သေးသည့်အချက်တချက် သာရှိပါသေးသည်၊ ရိုးရာယဉ်ကျေးမှုအက,အခုန်များအပိုင်းကို ကြည့်လိုက်သည့်အခါ လိုအပ်သည့်အတိုင်းအ တာတခုအထိ ပြင်ဆင်နိုင်ခြင်းမရှိသေးသည်ကိုလည်းတွေ့ရပြန်ပါသည်။

မိရိုးဖလာ ဓလေ့ထုံးတမ်းများနှင့်အညီ ကျင်းပ,နိုင်ရေးဆိုသည်ကားဝေးစွ။ ဘာဆိုဘာမျှဆွေးနွေးမှုမရှိသေး။ ဆွေးနွေးရန် လိုအပ်နေသော်လည်း အစောပိုင်းက တင်ပြခဲ့သည့်ကျင်းပ,မည့်နေရာ အတည်တကျမရှိသေးခြင်း ကြောင့် နေ့ရက်ကိုပြောင်းလွဲသင့်မသင့် ကျင်းပ,မည့်နေရာကို ပြောင်းသင့်မသင့် နေရာအတွက်တာဝန်ယူပါ သည်ဟု ဆိုထားသူ၏ တာဝန်ယူမှုအပိုင်းပေါ့လျော့ခြင်းတခုတည်းကြောင့် ကြုံတွေ့လိုက်ရသည့်အခက်အခဲတ ခုတည်းသာရှိပါသေးသည်။

အခန်းအနားတွင် ယဉ်ကျေးမှုအက,များ ရိုးရာတေးသီချင်းသီဆိုဖျော်ဖြေစီစဉ်တင်ဆက်ရန်ရှိသဖြင့် စာရေးသူ၏ သား၊ သမီး၊ ဇနီး၊ တူ၊ တူမ,များ သွားရောက် လေ့ကျက်နေကြသည်။ ထိုလေ့ကျက်မှုများကြောင့်လည်း စာရေး သူအနေဖြင့် သီချင်းများကို နားဆင်ရပါသည်။

ထိုသီချင်းများအနက် ကရင့်ရိုးရာဆယ့်နှစ်လ,ရာသီဒုံးသီချင်းကို နားဆင်လိုက်သည့်အခါ အဆီအငေါ်မတည့်ပဲ အလွဲလွဲအချော်ချော်ဖြစ်နေသည်ကို သတိထားမိသဖြင့် ပြင်ဆင်သင့်သည်ဟုဆုံးဖြတ်ကာ ၎င်းတို့လေ့ကျက်နေ သည့်သီချင်းကို အသေအခြာအနီးကပ်ဖတ်ရှုလိုက်သည့်အခါ စာလုံးပေါင်းများမှားနေခြင်း အဓိပ္ပါယ်မသိနိုင် လောက်သည့် စာသားများကိုတွေ့လိုက်ရသည့်အတွက် ကိုးဒီသွေး၏ပိုင်ရှင် (စ၀်ဍး္ဘိုဒ်)ထံသို့ အကူအညီလှမ်း တောင်းကာ စာသားများနှင့် သီဆိုရပုံတို့ကို ရယူနိုင်ခဲ့ပါသည်။

ထိုအခါ စာရေးသူက စုပေါင်းလေ့ကျက်ရာမှပြန်ရောက်လာကြသည့် မိသားစုများကို စာသားမှန်များရရှိပြီး ဖြစ်ပါ သောကြောင့် မှားနေသည့်နေရာများတွင် မှန်သည့်စာသားများဖြင့် အစားထိုးကြရန်တိုက်တွန်းလိုက်သည့်အခါ၌ “အလိုလေးလေး မလုပ်ပါနဲ့တော့ သီချင်းစာလုံးကို ပြောင်းဘို့မပြောနဲ့ အခုလေးတင်သီချင်းကိစ္စနဲ့ အခြေအတင် ဖြစ်နေတာ နောက်နည်းနည်းသာ ဆက်ပြောမိလျင် ဒီဒုံးပျက်ဘို့ရှိတယ်”

အကြောင်းရင်းကိုသိလိုသဖြင့်မေးမြန်းကြည့်ရာ
“တယောက်က ဒီစာလုံးလေးက မှားနေတယ်၊ ဒီနေရာမှာဒီလိုရေးရတယ်၊ ဟိုနေရာမှာ ဒီလိုဆိုတာ လို့ပြော တော့ ဟေ့ငါတို့က တသက်လုံး ဒီလိုပဲဆိုလာက,လာတာ ဘာညာတွေဖြစ်ကုန်တော့မလို့ အခုဘကြီးပေးလိုက် တဲ့ စာသားတွေသာသွားပြလိုက်လို့ကတော့ အကုန်သွားပြီ၊ ဒီနှစ်ဒီလိုပဲ ဆိုကြ က,ကြတာပေါ့ အချိန်နီးနေပြီ”

စာရှုသူများခင်ဗျား၊ ပွဲပျက်မည်စိုးသောကြောင့် မညီမညွတ်ဖြစ်မည်ကိုစိုးသောကြောင့် မိမိတို့ကရင်လူမျိုးအချင်း ချင်းကြား အချင်းများကြမည်စိုးသောကြောင့် အားနာခြင်းသည် မိမိတို့အသွေးအသားအတွင်း ဦးဏှောက်အ တွင်း ကိန်းအောင်းတည်တန့်နေသမျှ ကာလပတ်လုံး မည်သည့်ကိစ္စမျိုး၌မဆို ဆုတ်ယုတ်မြဲ ကျဆုံးမြဲ ဖြစ်နေ လိမ့်မည်ဟု ယူဆ,မိပါသည်။

သို့ဖြစ်သောကြောင့် စာရေးသူက ဤတေးသီချင်းကို ရေးစပ်သီကုံးထားခဲ့သူမှာကရင့်အမျိုးသားသံဃာတော် မုက္ကဒိကျေးရွာတွင်နေထိုင်သည့်ဆရာတော် (ဖူ့ကျာ်္ဘုံးက်ုတိက်)ဖြစ်ကြောင်း သံစဉ်ကို ဆရာ ခွဲါက႟င်ကျဝ်လေး ထည့်သွင်းတာဖြစ်ကြာင်း ဆရာ့ဆရာကြီးများ၏ စေတနာနှင့်ကြိုးစားအားထုတ်မှုများကို နောင်လာနောက်သား များဆက်လက်ထိန်းသိမ်းသွားရန်လိုအပ်ကြောင်းများပြောဆိုလိုက်မိပါသည်။
“ကဲ အဘိုးကြီး သိပ်မောနေပြီ နားလိုက် မနက်ဆို ကလေးတွေအလုပ်သွားရဦးမယ် ဟိုအငယ်ကောင်လည်း ဆေးခန်းမှာ မျက်မှန်ကိစ္စသွားတွေ့ဘို့ရှိသေးတယ်၊ ရှင့်ကိုလည်း ဆရာဝန်လာတွေ့မှာ ဧည့်ခန်းတခုလုံးပွနေတာ ပဲ သိမ်းရ,ရှင်းရမယ်၊ နောက်နေ့မှ ရှင်ပြောချင် ရှင်းပြချင်တဲ့ကိစ္စတွေ ရှင်းပြပြောပြဟုတ်လား”

စာရေးသူသည် အိပ်ခန်းတွင်းရှိကွန်ပျူတာခုံပေါ်တွင်ထိုင်လျှက် ပြန်တွေးနေမိပါသည်၊ ဆရာ့ဆရာကြီးများ၏ လက်ရာမွန်ဖြစ်သောတေးသီချင်းများကို သင်ယူလေ့ကျက်ခဲ့သူများ၏ တိကျသေခြာမှုမရှိခြင်းကြောင့် ယခု မျိုး ဆက်သစ်လူငယ်လေးများမှားမှားယွင်းယွင်းဆက်လက်လေ့ကျက်နေကြရပြီဖြစ်ပါ၏။
နောင်မျိုးဆက်သစ်များလည်း ထိုနည်းအတိုင်းပင်ဖြစ်နေမည်ဖြစ်၏။
ပွဲဖြစ်ရုံလေးသဘောပိုက်ကာ လက်ပူတိုက်လုပ်ဆောင်မှုများကြောင့် မနက်ဖြန်ပေါင်းများစွာသည်လည်း တစုံတ ရာတိုးတက်လာမည်မဟုတ်သည်မှာ အသေအခြာပင်ဖြစ်၏။
အားနာခြင်းကြောင့် ပြုပြင်ရ,ကောင်းမှန်းသိပါလျှက် ရေငုံနှုတ်ပိတ်နေခဲ့ကြသူများကြောင့် မိမိတို့၏ရင်သွေးငယ် များ အမှားကိုအမှန်ထင်လျှက် ဘဝကိုရှေ့ဆက်ကြရတော့မည်ဖြစ်ပါ၏။

သို့ပါသော်လည်း အမှန်တရားကိုလက်ခံရဲသည့် သတ္တိမျိုးမွေးမြူလာနိုင်သည့်နေ့တနေ့ကို ဖန်တည်း တည်ထောင်နိုင်မည့်နေ့တနေ့သည် အမှန်တကယ်ရောက်ရှိလာပေလိမ့်မည်။

ထိုနေ့ကိုမျှော်ရင်း.....................။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 29, 2011

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု

အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး

အောက်လွှတ်တော်အတည်ပြု

By ကိုအောင်လွင်ဦး
သောကြာ, 29 ဇူလိုင် 2011

အမေရိကန်အစိုးရအနေနဲ့ ရှေ့တပတ်ထဲကျရင် ပေးစရာရှိတဲ့အကြွေးတွေကို မပေးနိုင်မယ့်အဖြစ်ကနေ ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကြွေးမြီသုံးစွဲခွင့် ၁၄.၃ ထရီလီယံ သတ်မှတ်ချက်ကို တိုးမြှင့်ဖို့နဲ့ အစိုးရ အသုံးစားရိတ် ဖြတ်တောက်ရေး ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုတရပ်ကို အထက်လွှတ်တော်ရဲ့ ကန့်ကွက်ချက်တွေကြားကပဲ အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

သောကြာနေ့က အောက်လွှတ်တော်ထဲမှာ ထောက်ခံမဲ (၂၁၈) မဲ၊ ကန့်ကွက်မဲ (၂၁၀) နဲ့ အတည်ပြု ပေးလိုက်တဲ့ အစီအစဉ်ဟာ ဒီမိုကရက်တွေ အများစုဖြစ်တဲ့ အထက်လွှတ်တော်မှာ ပယ်ချခံရဖွယ် ရှိပေမဲ့လဲ အကြွေးမဆပ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်မယ့် နှစ်ပါတီပေါင်း သဘောတူညီချက် တရပ်အတွက်တော့ လမ်းစပွင့် သွားခဲ့တာပါ။ အတည်ပြုလိုက်တဲ့ အစီအစဉ်ကိုတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာ (John Boehner) က တင်သွင်းခဲ့တာဖြစ်ပြီး အကြွေးယူခွင့် တိုးမြှင့်ပြီး အပြန်အလှန်အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်း အစိုးရအသုံးစားရိတ်ထဲက ဒေါ်လာဘီလီယံ ၉၀၀ ကျော် ဖြတ်တောက်ဖို့ ပါဝင်ပါတယ်။

အစိုးရက အသုံးစားရိတ်တွေ လျှော့ချနိုင်ရင် ရှေ့နှစ်ဆန်းမှာ သတ်မှတ်ချက်ကို တိုးခွင့်ပေးသွားဖို့လည်း ထည့်သွင်းထားတာပါ။ ဒါပေမဲ့လဲ ဒီမိုကရက်တွေဘက်ကတော့ ဒါဟာ ပြဿနာတွေ တကျော့ပြန် ပေါ်လာပြီး နိုင်ငံရေး ကွဲလွဲမှုတွေကို ဦးတည်စေမှာမို့ လက်မခံနိုင်ကြောင်း ပြောဆိုထားတာပါ။ အောက်လွှတ်တော် အဆိုပြုချက်မှာ အစိုးရအသုံးစားရိတ်အတွက် လွှတ်တော်ကနေ အခြေခံဥပဒေမှာ ပြင်ဆင်မှုတွေလုပ်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေက အတည်ပြုချက်တွေ ရယူဖို့လည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

သောကြာနေ့ မဲခွဲဆုံးဖြတ်မှုတွေ မလုပ်ခင်မှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌက အကြွေးပြဿနာ အဆုံးသတ်စေရေး အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းကို အတည်ပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံဖြိုးမှုဟာ ပထမနှစ်ဝက်အတွင်း နှေးကွေးခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ပြည်တွင်း လူတဦးချင်း ကုန်ထုတ်လုပ်မှုဟာ ၁.၃% လောက်သာ ရှိတဲ့အကြောင်း ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့ သောကြာနေ့ အစီရင်ခံစာက ဖော်ပြလိုက်တာဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/US-debt-07-29-11-126435168.html




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, July 28, 2011

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ခြင်းအကြောင်း ဟောပြောချက် အပိုင်း(၁)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, July 27, 2011

ဒေါက်တာဇာဏီနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်



ဒေါက်တာဇာဏီနဲ့ ဘီဘီစီဆက်သွယ်မေးမြန်းချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမှန်ကို တကယ်သိချင်လျင်တော့ အခုချိန်မှာလွယ်ကူမှာ မဟုတ်ပေမယ့် မြန်မာစစ်အာဏာရှင်ရဲ့သဘောထားကတော့ ဆွေးနွေးပွဲပြီးပြီးချင်းသိသွား
အောင် မြန်မာနိုင်ငံရဲ့ ၀ံကြီး အဲလေ ၀န်ကြီး ဦးအောင်ကြည်က အခုလို ဓါတ်ပုံအရိုက်ခံလိုက်ပါတယ်။

အော် ဗမာဝန်ကြီးရဲ့ပုံကတော့ ဇာတ်မင်းသားနဲ့ မတိမ်းမယိမ်းပါလားနော်။
ဒီလောက်ခန့်ညားပြီး ကျက်သရေရှိတဲ့ အနေအထိုင်မျိုးနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေမှတော့
ဒီလိုလူတွေလက်ထဲမှာ မြန်မာနိုင်ငံမပျက်ပဲနေပါ့မလား။

တတိုင်းပြည်လုံးငြိမ်းချမ်းဘို့မလိုသေးဘူးတဲ့ ကချင်ပြည်နယ်က ရတဲ့ငြိမ်းချမ်းရေးမျိုးကို နမူနာယူပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းအောင်လုပ်မယ်ဆိုပဲ။
ကချင်ကိုတိုက်နေတာကိုကြည့်လျင် သူတို့ဆိုလိုတဲ့ သူတို့နားလည်တဲ့ ငြိမ်းချမ်းရေး
ဆိုတာ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေအားလုံး ချုပ်ငြိမ်းပပျောက်သွားရေးဆိုတာ ထင်ရှားနေပါတယ်။

အဲဒါတွေခဏ ထားပြီး ၀န်ကြီးဦးအောင်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဖြစ်နေပုံလေးကို ကြည့်ကြပါဦး။

ရင်ဘတ်စည်တီးဖြစ်နေပုံလေး
နိုင်ငံတကာကို ပြနိုင်သွားလို့ အပူလုံးကျသွားတယ်ထင်ပါရဲ့။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

KIO, SSA တို့ရဲ့ နယ်မြေအတွင်း ဖြစ်ပေါ်နေမှုအခြေအနေ

Source Photo from http://www.bbcburmese.com/images

ကချင်ပြည်နယ် အခြေအနေ

2011-07-27

မြစ်ကြီးနားကနေ ဖားကန့်ကျောက်စိမ်းတွင်း ဒေသကို သွားတဲ့လမ်းမှာ မနေ့ညနေက ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

ကျောက်စိမ်းတွင်း ဒေသမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ ဆားမှော် အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ မနေ့ ညနေမှာ မြစ်ကြီးနားကနေ ဖားကန့် သွားလမ်းမှာရှိတဲ့ ကာမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ ၆ နာရီ ၂၅ မှာ ဖြစ်တာကတော့ ကာမိုင်းအ၀င်မှာ သူတို့ စစ်ကြောင်း တက်လာတာကို ကြားဖြတ် ၀င်တိုက်တယ်။ အင်အားက ၄၀ ကျော်လောက်ပဲ ရှိတယ်လို့ပြောတယ်။ ၄ ယောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရသွားတယ်။ ကား ၂ စီးနဲ့ တက်လာတာ။ ကားပေါ်မှာ ပစ္စည်းတင်ပြီး လူက လမ်းလျှောက် လာတာ။ အဲဒီလိုမျိုး တက်လာတာကို ကြားဖြတ် ပြောက်ကျားလုပ်ကြတာပေါ့။ အဲဒီမှာ ၂ ယောက်သေတယ်။ ၁ ယောက်က ဒဏ်ရာပြင်းတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို တပ်ရင်း ၆ က အရာရှိတွေက အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။

နှစ်ဖက် စစ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာတာက တကြောင်း၊ မိုးရာသီ ရောက်နေတာက တကြောင်းကြောင့် ဖားကန့် ကျောက်စိမ်းဒေသမှာ အရောင်းအ၀ယ်တွေလည်း ရပ်တန့် သလောက်ဖြစ် သွားတယ်လို့လည်း ဖားကန့်ဒေသခံက ပြောပါတယ်။

Font sizeSource Photo from http://www.bbcburmese.com/images

ရှမ်းပြည်နယ်အခြေအနေ

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး SSA (မြောက်ပိုင်းတပ်) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကိုပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲကပေါ့။ မိုင်းလားဆိုတာ သူတို့တပ်စခန်းရှိတယ်။ အဲဒီတပ် ခလရ (၃၂၅) ချီတက်နေတုန်း ကျနော်တို့က ချုံခို တိုက်တယ်။ အဲဒီ ခလရ (၃၂၅) နဲ့ ကျနော်တို့ SSA တပ်မဟာ ၃၆ လက်အောက်ခံ တပ်နဲ့ ဒီနေ့နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်ခင်ဗျ။ ခလရ (၃၂၅) က တယောက်ကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်က ထိခိုက်မှု မရှိဘူး”

အဲဒီ တိုက်ပွဲဟာ ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်နမိတ် ဒေသမှာဖြစ်ပြီး အစိုးရတပ်သား အကျအဆုံးနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြု နိုင်သေးပါဘူး။

SSA မြောက်ပိုင်းတပ်ရဲ့ ၀မ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေ ၀ိုင်းထားချိန်မှာ SSA တပ်တွေနဲ့ အစိုးရတပ် နှစ်ဖက်ကြား ကြိုကြားကြိုကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။





Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာတောင်းဆိုမှု ထိုင်းလိုက်လျောမည်

မဲဆောက်နဲ့မြ၀တီ နယ်စပ်ဂိတ်
Source Photo from http://www.google.com/images

နယ်စပ်ချစ်ကြည်ရေးအတွက် မြန်မာတောင်းဆိုမှု

ထိုင်းလိုက်လျောမည်

By မအေးအေးမာ
အင်္ဂါ, 26 ဇူလိုင် 2011

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ ပြန်ကောင်းလာစေဖို့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့နဲ့ မြန်မာပြည်တွင်းမှာ ဗုံးခွဲတယ်လို့ အစိုးရက စွပ်စွဲထားတဲ့ အတိုက်အခံတွေကို ဖမ်းဆီးပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို ပြောလာပါတယ်။ ဒါကို ထိုင်းနိုင်ငံ တပ်ခ် အုပ်ချုပ်ရေးမှူးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်လျောဖို့ အဆင်သင့် ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနဲ့ မြန်မာ ကုန်သွယ်မှု လုပ်နေတဲ့ မဲဆောက် မြ၀တီ ချစ်ကြည်ရေး တံတားကြီးကို ပြန်ဖွင့်ဖို့အတွက် မြန်မာဘက်က တောင်းဆိုထားတဲ့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့ အပါအ၀င် တောင်းဆိုချက်တွေကို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆမတ် လွိုင်ဖားက အခုလို ပြောဆိုခဲ့ပါတယ်။

တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆမတ် လွိုင်ဖား ပြောသွားတဲ့ အထဲမှာ တပ်ခ်ခရိုင်ထဲမှာ စီးပွားရေးတွေ ကောင်းမွန်ဖို့အတွက် မြန်မာနဲ့ ထိုင်းကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်တာကို မြင်တွေ့လိုကြောင်း၊ ဒီလို တိုးတက် ကောင်းမွန်လာစေဖို့အတွက် မြန်မာဘက်က တောင်းဆိုထားတဲ့ KNU တွေနဲ့ အတိုက်အခံတွေကို ဖယ်ရှားပေးဖို့ ဆိုတာတွေကို ပြုလုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုခဲ့တာပါ။ ဒီလိုလုပ်မှ နယ်စပ် ချစ်ကြည်ရေးအရ လမ်းတွေ ပြန်ဖွင့်လာမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ မဲဆောက်မှာ အခြေချ နေထိုင်ခြင်း မရှိကြောင်း အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကတော့ ငြင်းဆိုပါတယ်။

“သူတို့ပြောတာ မဟုတ်ပါဘူး။ KNU အနေနဲ့ မဲဆောက်မှာ မနေပါဘူး။ KNU က သူ့နယ်မြေမှာ နေကြတယ်။ လှုပ်ရှားမှု လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ လူထုတွေထဲမှာပဲ နေတယ်။”

နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကရင်လက်နက်ကိုင်တွေ ခိုလှုံရာ နေရာတွေအဖြစ် စွပ်စွဲခဲ့တာကြောင့် ဒုက္ခသည်တွေဟာ ပြည်တွင်းစစ်ကြောင့် ဖိနှိပ်ခံရမှုတွေ၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာသူတွေ ဖြစ်ကြောင်း ပြောပြပါတယ်။

“ကရင်တွေချည်း မဟုတ်ဘဲ တခြား တိုင်းရင်းသားတွေလည်း ရှိတယ်။ တခြား တိုင်းရင်းသားတွေလည်း စစ်အာဏာရှင် လက်အောက်မှာ သူတို့ မျိုးစုံ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား အတင်းအဓမ္မလုပ်တာ ခံနေရတဲ့အတွက် ဒုက္ခသည် စခန်းထဲမှာ လာနေကြတာ ရှိတယ်။ KNU က ဒုက္ခသည်စခန်းနဲ့ မပတ်သက်ဘူး။”

ထိုင်းနိုင်ငံ တပ်ခ်ခရိုင်တွင်းက မဲဆောက် မြ၀တီ ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ပိတ်ခဲ့တာကြောင့် အခုဆိုရင် တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အရင်တုန်းက ထိုင်းဘက်က မြန်မာဘက်ကို တလကို ဘတ် သန်း ၃,၀၀၀ ကျော်ဖိုးအထိ ကုန်တွေ တင်ပို့ခဲ့ကြောင်း တပ်ခ်ခရိုင် ကုန်သည်ကြီးများ အသင်းရဲ့ အဆိုအရ သိရပါတယ်။

ဒီလို အရင်က နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်တာတွေကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာနဲ့ ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေဖို့အတွက် အစဉ်တစိုက် လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာဘက်ကတော့ ထိုင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်တိုင်း မဲဆောက် မြ၀တီ ချစ်ကြည်ရေးတံတားကို ဖွင့်လိုက် ပိတ်လိုက် လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၈ ရက်ကစပြီး ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျတဲ့ မဲဆောက် မြ၀တီ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က စတင်ပိတ်ခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားက အငြင်းပွားနေတဲ့ ရေလယ်ကျွန်း ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘက်က ကမ်းထိန်းနံရံတွေ လုပ်တာကို မကျေနပ်ရာကစပြီး မြန်မာဘက်က တံတားကို စတင်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ချစ်ကြည်ရေးတံတား ပိတ်ထားပေမဲ့ တရားမ၀င် နယ်စပ်ဂိတ်တွေကနေ ထိုင်းနဲ့ မြန်မာ ကုန်ပစ္စည်းတွေကတော့ ကုန်သွယ်မှုတွေ ရှိနေခဲ့တာပါ။

ဒီကုန်သွယ်မှုတွေကတော့ တလကို ဘတ် သန်း ၁,၀၀၀ အောက်မှာ ရှိနေခဲ့ကြောင်း ထိုင်းကုန်သည်တွေက ဆိုပါတယ်။ ထိုင်းနိုင်ငံဘက်က မြန်မာဘက်ကို နယ်စပ်တံတား ပြန်ဖွင့်ရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ မြန်မာဘက်က ပြန်ဖွင့်တာမျိုး မရှိခဲ့ပါဘူး။

အခုအခါမှာတော့ နယ်စပ်တံတား ပြန်ဖွင့်ရေးအတွက် မြန်မာအစိုးရကို လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့ ကရင်လက်နက်ကိုင်တွေ၊ ပြည်တွင်းစစ်ကြောင့် ပြေးလာတဲ့ ဒုက္ခသည်စခန်းက လူထုတွေကို ထိုင်းအစိုးရ အနေနဲ့ ဖိအားပေးမှု လုပ်မှသာ ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေနိုင်မယ်ဆိုပြီး တောင်းဆိုမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/thai-myanmar-knu-126187193.html




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, July 26, 2011

ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု ဒေါ်စု NLD CEC ကို ရှင်းပြ


Source Photo from http://www.bbcburmese.com/images
ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု ဒေါ်စု NLD CEC ကို ရှင်းပြ

By ဒေါ်ခင်မျိုးသက်
အင်္ဂါ, 26 ဇူလိုင် 2011

မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ မနေ့တုန်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီနေ့မှာ ပြန်ပြီး တင်ပြခဲ့ပါတယ်။ အဖွဲ့ချုပ်ကလည်း မနေ့တုန်းက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သလို ၀ါရင့် နိုင်ငံရေးသမားကြီးတွေကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ တိုးတက်တဲ့ ခြေလှမ်းတရပ်အဖြစ် လက်ခံခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီး ဦးအောင်ကြည်တို့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီကနေ့ ပြန်လည် ရှင်းပြခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူးက မနေ့တုန်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ အချက်အလက် အသေးစိတ်တွေကို တင်ပြပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က မနေ့တုန်းက နှစ်ဘက် ပူးတွဲကြေညာချက် အတိုင်းပဲ သဘောတူကြောင်း မှတ်တမ်းတင်ထားပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ကိစ္စဟာ ကျနော်တို့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်နေတဲ့ကိစ္စ၊ နောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆိုတဲ့ ကိစ္စလည်း တရားဥပဒေ စိုးမိုးရေးကိစ္စလို့ ကျနော်တို့ဘက်ကလည်း မြင်ပါတယ်။ သူတို့ဘက်ကလည်း အဲဒီလို မြင်ပုံရပါတယ်။

“Issue တခုစီ အလိုက်တော့ ကျနော် ဘာမှ ပြောစရာ မရှိပါဘူး။ ပြည်သူလူထု အကျိုးအတွက် ရည်ရွယ်ပြီး လုပ်ကြတဲ့ နေရာမှာ သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့သဘော အဲဒါကို ပြောတာပါ။ NLD ဘက်ကလည်း မနေ့က ဆွေးနွေးချက်တွေကို အသိအမှတ် ပြုသလို မနေ့က ဆွေးနွေးချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကလည်း တကယ့်ကို ပကတိအတိုင်းပဲ အားရကျေနပ်ဖွယ် ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘာမှ ဖြည့်စွက်ပြီး ထပ်မံ ပြောစရာ မရှိတော့ပါဘူး။ မနေ့က ဦးအောင်ကြည် ပြောတာလည်း ကောင်းပါတယ်လို့ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။”

အခုတက်လာတဲ့ အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တက်လာသလို အရပ်သားစစ်စစ် အနည်းစုနဲ့ စစ်ဘက်က အသွင်ပြောင်းလာတဲ့ အများစု ပါဝင်နေတာမို့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဆက်ပြီး လုပ်ဆောင်နေတာမျိုးတွေ တွေ့နေရပေမဲ့ အခုလို စတင် တွေ့ဆုံမှုတွေ အကောင်အထည် ဖော်လာတာဟာ ကောင်းတဲ့ ခြေလှမ်းတရပ်ပါလို့ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက မြင်ပါတယ်။

“ကောင်းတဲ့ လက္ခဏာ တရပ်ပါပဲ။ ဦးသိန်းစိန် ကိုယ်တိုင်က တွေ့ဖို့ကောင်းတာပေါ့၊ အမှန်က။ သို့သော်လည်း ခေါ်ပြီးတော့ ဆွေးနွေးတာကိုက တိုးတက်တဲ့ ခြေလှမ်းတရပ် ဖြစ်တာပဲလေ။ ဒါက ရှေ့ဆက်ပြီးတော့ များများတွေ့နိုင်လေ ကောင်းလေပဲပေါ့။ မင်္ဂလာရှိတဲ့ သတင်းပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူတဦး ဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးကြတဲ့ အထဲက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ NLD ပါတီရဲ့ တရားဝင် ရပ်တည်ရေးဆိုင်ရာ အပြင် အခုထိ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးသမားတွေ အရေးကို ဆွေးနွေးခဲ့ကြတာပါ။ စစ်အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ ဒီပြဿနာကို အစိုးရသစ် အဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်က ညင်ညင်သာသာနဲ့ ကိုင်တွယ်နိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ကတော့ အချိန်ကြာပြီလေ။ ပြီးတော့ NLD ကိုလည်း ဖျက်ဆီးချင်လို့ ရတာမဟုတ်ဘူး။ သူ့အုပ်က၊ လူထုထောက်ခံမှုက အများကြီးရှိတယ်။ မှတ်ပုံတင်မလုပ်လို့ ဖျက်တယ် ဆိုတာလည်း ဖျက်စရာရှိရင်တော့ ဖျက်ပြီးပြီပေါ့လေ။ အခုက သူတို့လည်း တော်တော် စဉ်းစဉ်းစားစားနဲ့ အလုပ်လုပ်တာပါပဲ။ NLD အနေနဲ့ကတော့ သူက သူ့ရဲ့ လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လုပ်သွားနိုင်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထု တရပ်လုံးက ချစ်ခင် မြတ်နိုးနေကြတာကိုး။ အဲတော့ ဒီဟာကိုလည်း အစိုးရက အတော်လေး သဘောပေါက်ပြီနဲ့ တူပါတယ်။ အဲတော့ ဒီပြဿနာတွေ ဖြေရှင်းအောင် ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သူတို့ခေါင်းပေါ်က ဒီအထုပ်ကြီးကို ဦးသိန်းစိန် ခေါင်းပေါ်ကို ပစ်တင်ခဲ့ကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ယူသင့်တယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အစိုးရမှာ လုံးဝ တာဝန်ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို။ ပြည်သူလူထု တရပ်လုံးက နေပြီးတော့ လူများစုကြီးရဲ့ ထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်တဦးဆီကို၊ အမှန်ကတော့ သူတို့ အုပ်ချုပ်ရေးထဲမှာကိုပါ ထည့်ပြီးတော့ လုပ်သွားဖို့ ကောင်းတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”

မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံ နောင်ရေးအတွက် ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးပြီး လုံခြုံ စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ ၀န်းကျင်မျိုးမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dassk-u-aung-kyi-nld-126184853.html



Source Audio from http://www.rfa.org/burmese


Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်

Shan State Army
Source Photo from http://www.google.com

SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ်

သံဃာတော် ၂ပါး စေလွှတ်

By နိုင်ကွန်းအိန်
အင်္ဂါ, 26 ဇူလိုင် 2011

ရက်သတ္တ ၂ ပတ်ကျော်ကြာ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေဟာ အခုအချိန်မှာ မြန်မာအစိုးရ တပ်ဘက်က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆိုလာတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကတော့ မြန်မာတပ်အနေနဲ့ ၀မ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်တာ ရပ်တန့်ဖို့၊ တပ်စွဲထားတာ ဆုတ်ပေးဖို့ လိုသလို တရားဝင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ စေလွှတ်ဖို့ လိုတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းထားတဲ့ အနေအထားမှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြန်မာစစ်တပ်ဘက်က မနေ့က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်လာတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက်ကတော့ အခုလို သံဃာတော် ၂ ပါးကို စေလွှတ်လာတာဟာ အကျိုးသက်ရောက်မှု မရှိသလို တရားဝင် ဆွေးနွေးသင့်တယ်ဆိုပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကနေ ပြောဆိုခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့က သူတို့က သံဃာတော် ၂ ပါး လွှတ်ခဲ့တယ်လေ။ ၂ ပါးလွှတ်ခဲ့ပြီးတော့ ၀မ့်ဟိုင်းအဖွဲ့က ငြိမ်းချမ်းရေးကို မလိုလားဘူးလားတဲ့ အဲဒီလို လာမေးတယ်ခင်ဗျ။ ကျေးသီးက အဲဒီတပ်က လွှတ်လိုက်တယ်ပေါ့။ ငြိမ်းချမ်းရေးလိုလား မလိုလား ဆိုတာက သူတို့အပေါ် လုံးဝ မူတည်တာပေါ့။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်တော့ တကယ်တမ်း အဲဒီသံဃာ ၂ ပါးနဲ့ပဲ လွှတ်တယ်ဆိုတာ အကျုံးမ၀င်ဘူးလေ။ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူးပေါ့။ ဒါကြောင့် ကျနော်တို့လည်း ဘာမှတော့ သိပ်မပြောဘူး။

“ဆိုလိုချင်တာကတော့ဗျာ အဲဒီ ပထမဆုံးအဆင့် အနေနဲ့ သူတို့ ၀မ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်နေတဲ့ အဲဒီတပ်တွေ၊ နောက် တပ်စွဲထားတဲ့ဟာတွေ၊ ကျနော်တို့ နယ်မြေထဲက သူတို့ ဆုတ်ခွာရမယ်။ သူတို့က အကောင်အထည် ဖော်မှပဲ ဖြစ်နိုင်မှာပါ။ အဲဒါ နှစ်ဘက်ဆွေးနွေးမှု တရားဝင်ကော်မတီ ဖွဲ့ပြီးမှ ဆွေးနွေးရင် ကောင်းမယ်။ သူတို့က လွှတ်ခဲ့တယ်ဆိုတော့ ကျနော်တို့ ပြောထားတဲ့အတိုင်း သူပြန်သွားပြောမှာပဲခင်ဗျ။”

ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာစစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်လာခဲ့ရာကနေ စပြီး နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ် အနီးကပ်ဆုံး နေရာကို ရောက်နေပေမဲ့လည်း ဒီရက်ပိုင်းတွေမှာ ထိုးစစ်တွေ ရပ်တန့်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ်ကနေ သံဃာတော်တွေကို စေလွှတ်ပြီးတော့ ကမ်းလှမ်းလာတာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ ကြိုဆိုပေမဲ့ ပါတီရဲ့ လိုလားချက်ကိုတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“တကယ်တမ်း အထက်အမိန့်အရ ဆိုရင်တော့ တရားဝင် အဲဒီ ကျနော်တို့ နိုင်ငံရေးပါတီတွေလည်း ရှိတာပဲ။ အဲဒါ အရင်လွှတ်ပြီးတော့ ဆက်သွယ်ရမယ်လေ။ အခုက သံဃာတော် ၂ ပါးပဲ လွှတ်တာဆိုတော့ ကျနော်တို့က အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ တောင်းဆိုချင်တာက သူတို့တပ်တွေ ဆုတ်ခွာပေးဖို့ပဲ။ ကျနော်တို့ဒေသ တည်ငြိမ်အေးချမ်းမှု ရအောင်နဲ့ အဲဒီ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲဖို့က သူတို့ပေါ်မှာပဲ မူတည်တာပေါ့။ တကယ်တမ်း ကျနော်တို့အပေါ် စေတနာရှိရိုး မှန်ရင်တော့ သူတို့တပ်တွေ ဆုတ်ခွာပေးဖို့၊ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲရေးကို ကျနော်တို့က လိုလားတယ်လေ။”

ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ရော ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ရော တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားပေမဲ့ မြန်မာစစ်တပ်ဘက်က အခုလို သံဃာတော် ၂ ပါးပဲ စေလွှတ်လာတာဟာ စစ်ရေးအရ တိုက်ခိုက်ဖို့ အင်အားစုဆောင်းဖို့ တမင်အချိန်ဆွဲတဲ့ လုပ်ရပ်တခုလို့ အမည်မဖော်လိုသူ တပ်မှူးတဦးက ပြောပါတယ်။

အလားတူ KIO ခေါ် ကချင်လွတ်လပ်ရေး အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က ယာယီ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းစာကို ဇူလိုင် ၂၂ ရက်နေ့က KIO ထံ စာပို့လာတဲ့အပေါ် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်သွားဖို့ KIO က ထပ်မံ အကြောင်းပြန်လိုက်တယ်လို့ KIO ဘက်က ပြောပါတယ်။ ဇွန်လဆန်းပိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်သွားပြီး နောက်ပိုင်း KIO နဲ့ မြန်မာစစ်တပ်တွေ အကြားမှာ ယနေ့တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/myanmar-army-ssa-sspp-126185453.html




Source Audio from http://www.bbcburmese.com



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, July 25, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို

ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ ဇူလိုင် ၂၅၊ ၂၀၁၁။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်

တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို

By မစုမြတ်မွန်
တနင်္လာ, 25 ဇူလိုင် 2011

အစိုးရသစ်လက်ထက်မှာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုကနေ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ အကျိုးဖြစ်ဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ အလုပ်သမား၊ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်ကလည်း ဆွေးနွေးမှုတွေမှာ အများပြည်သူ အကျိုးဖြစ်စေမယ့် ကိစ္စတွေ ပါပါတယ်လို့ ပြောပါတယ်။ တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ ၂ ယောက်က သတင်းထောက်တွေကို တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

“စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုက တဆင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး အမြင်နဲ့ အခုလို အားထုတ်မှုကို ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လိုလားချက်ရယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးရယ်ကို ရှေ့ရှုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မျှော်လင့်တယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို စောလျှင်စွာ လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။”

တနင်္လာနေ့ ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီ (Martin Nesirky) ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုခြေလှမ်းမျိုးဟာ အမေရိကန် အစိုးရက မြင်လိုတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တနင်္လာနေ့က တွေ့ဆုံပွဲအပြီး ဦးအောင်ကြည်နဲ့အတူ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာမှာလည်း တွေ့ဆုံမှုတွေကနေ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ရလဒ်တွေ ရလာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်က စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိအဖြစ် ဆောင်ရွက်ပေးခဲ့ရတဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်က ၉ ကြိမ်လောက်ကို တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ စစ်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ တနင်္လာနေ့ တွေ့ဆုံပွဲမှာတော့ ၂ ဘက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ကြေညာချက်ကို သတင်းထောက်တွေကို အခုလို ဖတ်ပြခဲ့ပါတယ်။

“နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူညီကြပါသည်။”

မြန်မာအစိုးရဘက်က ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ပဲ အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ကို တွေ့တွေ့ တကယ် အပြောင်းအလဲတွေ လုပ်ချင်တယ်ဆိုတာ ပြသဖို့ လိုတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အစိုးရသစ်ဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကို သွားနေတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရပါမယ်၊ တိုင်းရင်းသား အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ရပါမယ်။ ဥပဒေမဲ့ တိုင်းပြည်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး စနစ်ကို ပြင်ဆင်ရပါမယ်။”

NCGUB အဝေးရောက် အစိုးရ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အရင်က ဆွေးနွေးမှုတွေဟာ နိုင်ငံရေးအရ တိုးတက်မှုတွေကို ဖော်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် အခုတခါ ထပ်ပြီး တွေ့ဆုံမှုတွေ လုပ်လာတာကနေ အကျိုးဖြစ်ထွန်းပါ့မလားလို့ မေးခွန်းတွေ ရှိနေပေမဲ့ အခုလို အစိုးရ တာဝန်ရှိသူ တယောက်နဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင်တို့ကြား တွေ့ဆုံမှုကနေ မြန်မာ့နိုင်ငံအတွက် တခုခု တိုးတက်လာလေမလားလို့လည်း မျှော်လင့်နေကြပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/un-welcome-dassk-u-aung-kyi-meeting-126148958.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုမူးဆာ ပြောသော စကားများ


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုမူးဆာ ပြောဆိုချက် သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ ငြင်းဆို

Source Photo from http://www.google.com/images

ကိုမူးဆာ ပြောဆိုချက်

သြစတြေးလျကရင်အမျိုးသားအဖွဲ့ ငြင်းဆို
2011-07-25

သြစတြေးလျ နိုင်ငံသား ကိုမူးဆာ (Moon Hsar) ဆိုသူ ကရင် ဒုက္ခသည်တဦးက တိုင်းရင်းသား ၅၀ လောက်ကို အမိန့်ပေး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုချက်နဲ့ ပတ်သက်လို့ သြစတြေးလျ ကရင်အမျိုးသားအဖွဲ့က မဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ (Australia Karen Organization) ရဲ့ ဥက္ကဌ ဖဒိုစောလွင်ဦးက ကိုမူးဆာဟာ ကေအန်ယူမှာ တာဝန်ထမ်းဆောင်ခဲ့တာ မှန်ပေမယ့် မြန်မာ စစ်ထောက်လှမ်းရေးဟောင်း တဦးတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
(Australia Karen Organization) ရဲ့ ဥက္ကဌ ဖဒိုစောလွင်ဦး

လောလောဆယ် အထိတော့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း အဖြစ် ၁၉၈၈ အရေးအခင်းကာလ အတွင်း လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ မကြာခင်က ပြောဆိုခဲ့တဲ့ ကိုထူးထူးဟန် ကိုရော၊ ကိုမူးဆာကိုပါ သြစတြေးလျအာဏာပိုင်တွေက ဖမ်းဆီး အရေးယူမှု မရှိသလို သူတို့ရဲ့ ပြောဆိုချက်တွေကိုလည်း ထောက်ခံ အတည်ပြုသူ တဦးတယောက်မှ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်သူတွေ အမြောက်အများ သတ်ဖြတ်ခံရမှု၊ စစ်ရာဇ၀တ်မှုတွေ အမှန်တကယ် ရှိနေပေမယ့် သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေ မှန်ကန်မှု ရှိမရှိ အတည်မပြုနိုင်ဘူးလို့ ဆစ်ဒနီမြို့ အခြေစိုက် Burma Office မြန်မာ့ရေးရာရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒုတိယမြောက် ၀န်ခံပြောဆိုသူ ကိုမူးဆာက သူဟာ ထောက်လှမ်းရေးက ထွက်ပြီးနောက် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးမှာ နှစ်ပေါင်း အတန်ကြာ အမှုထမ်းခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခု ကနေ ၁၉၉၇ ခုနှစ်လောက်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါ်စုနဲ့ ၀န်ကြီး ဦးအောင်ကြည် ဆွေးနွေး

Source Photo from http://www.bbcburmese.com

ဒေါ်စုနဲ့ ၀န်ကြီး ဦးအောင်ကြည်

တနာရီကျော်ကြာ ဆွေးနွေး

တနင်္လာ, 25 ဇူလိုင် 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ တနင်္လာနေ့ နေ့လယ်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၈၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး နှစ်ဘက် ကျေနပ် ၀မ်းမြောက်ကြောင်း ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်ချမ်းသာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြသလို နောက်ထပ် တွေ့ဆုံဖို့ ရှိကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲ အုပ်ချုပ်လာခဲ့ပြီးနောက် ၄ လနီးပါး အကြာမှာ အစိုးရသစ် အဖွဲ့ရဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အဖွဲ့ဝင် အလုပ်သမား ၀န်ကြီးဌာနနဲ့ လူမှုဝန်ထမ်းဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။”

ဆွေးနွေးပွဲ အပြီးမှာ ၀န်ကြီး ဦးအောင်ကြည်က သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ချက် ဖတ်ပြခဲ့ပါတယ်။

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ်အထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဘက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”

အစိုးရသစ်အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်ဟာ အရင် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကစပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခု စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့တဲ့နောက် ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲအတွက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ အရင်တွေ့ဆုံမှုတွေထက် ပိုပြီးကောင်းတဲ့ရလဒ် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း ၀န်ကြီး ဦးအောင်ကြည်က ဖြေကြားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဦးအောင်လှထွန်းက ပြောပါတယ်။

“သူဖြေတာကတော့ အရင် ၉ ကြိမ် တွေ့တာမှာ လုံးဝ Tangible Result မဖြစ်ဘူးလို့ ပြောလို့မရပါဘူးတဲ့။ အထိုက်အလျောက် အကျိုးကျေးဇူး ရှိပါတယ်တဲ့။ အခု ဒီတခါ တွေ့ဆုံမှုမှာတော့ အရင်ရလဒ်ထက် ပိုမိုကောင်းမွန်တဲ့ရလဒ် ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရသစ်အဖွဲ့က ၀န်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်တို့ရဲ့ အခု တွေ့ဆုံချိန်ဟာလည်း ထူးခြားမှု ရှိနေတယ်လို့ အများက သတ်မှတ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေး ခရီးစဉ်အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ဇွန်လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးက သတိပေးခဲ့တာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်ရေးကိုယ်တာ ဘုရားဖူး ခရီးစဉ်အဖြစ် ပုဂံကို သွားရောက်ခဲ့ပြီး သူ့ရဲ့ လွတ်လပ်ခွင့်ရမှု ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့ပါတယ်။

စနေနေ့ကမှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံနဲ့ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း မြန်မာအစိုးရသစ်ကို တွေ့ဆုံ ဆွေးနွေးရေးတွေလုပ်ပြီး ထင်ရှားတဲ့ တိုးတက်မှုတွေ ပြဖို့အတွက် တောင်းဆိုခဲ့ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dassk-u-aung-kyi-126113063.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘီဘီစီနဲ့ ဦးလာနန်း တို့ရဲ့ ဆက်သွယ်မေးမြန်းချက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, July 24, 2011

လူသတ်မှုကျူးလွန်ခဲ့ကြောင်း နောက်ထပ် ဒုက္ခသည်တဦးဝန်ခံ

Source Photo from http://www.google.com/images

မန်မာနိုင်ငံမှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း

သြစတြေလျရောက် နောက်ထပ်

ဒုက္ခသည်တဦး ဝန်ခံ

2011-07-24

သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံ နေထိုင်သူ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဆိုသူ နောက်တဦးက မြန်မာနိုင်ငံမှာ လူ ၄ဝ နဲ့ ၅ဝ ကြား သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒီကနေ့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ အမိန့်ပေး ခိုင်းစေမှုကြောင့် ၁၉၈၄ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အတွင်း ကရင် တော်လှန်ရေးသမား ၅ဝ နီးပါး သတ်ဖြတ်ခံခဲ့ရမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ အသက် ၄၄ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုမွန်းဆာ ဆိုသူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီ ကျူးလွန်ခဲ့မှုတွေအတွက် မိမိမှာ အပြစ်ရှိကြောင်း၊ စစ်အစိုးရက ကရင်လူမျိုး အချင်းချင်း သတ်ဖြတ်ဖို့ မိမိကို ဓားတချောင်းသဖွယ် အသုံးချခဲ့ကြောင်း အဲဒီ ကိုမွန်းဆာ ဆိုသူက ပြောပါတယ်။

ရှစ်လေးလုံး အရေးအခင်းအတွင်း လူတွေ ရာနဲ့ချီ သတ်ဖြတ်ခဲ့မှုမှာ ပါဝင် ကျူးလွန်ခဲ့ကြောင်း ကိုထူးထူးဟန် ဆိုသူက ပြောကြားအပြီး ရက်ပိုင်းအတွင်းမှာ သြစတြေလျ နိုင်ငံသား ကိုမွန်းဆာက ဒုတိယမြောက် အခုလို ဝန်ခံ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကိုထူးထူးဟန်ဟာ သြစတြေးလျနိုင်ငံမှာ သူနဲ့ လုပ်ဖော်ကိုင်ဘက် ပြစ်မှုကျူးလွန်ခဲ့သူ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၉ ဦး ရှိကြောင်း ပြောဆိုထားပြီး ဒီကနေ့ ဝန်ခံထွက်ဆိုသူ ကိုမွန်းဆာကိုတော့ သိကျွမ်းမှု မရှိကြောင်း ပြောပါတယ်။

လောလောဆယ်အထိတော့ ကိုထူးထူးဟန်ကိုရော၊ ကိုမွန်းဆာကိုပါ သြစတြေလျ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ မရှိသေးသလို သူတို့ရဲ့ ဝန်ခံ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဒီသတင်းသာ တကယ်မှန်မယ်ဆိုလျင် ၀န်ခံသူကို ကျေးဇူးတင်ပါတယ်။
ကရင်အချင်းချင်းသတ်ပြီးတော့ ဘာမပြောညာမပြော သေသွားကြတဲ့ ဖါးဖါးချင်းစား ငါးငါးချင်းစားတဲ့ ကရင်တွေနဲ့စာလျင်
ဒီလူ မဆိုးဘူး။

နောင်တ,ဆိုတာက နောက်မှရတာဆိုတော့ သီချင်းတပုဒ်ထဲကလို ဒီအချိန်မှာပြန်တွေ့တာ ဘာလုပ်ရမှာလဲ။
မလုပ်ခင်အချိန်လေးမှာ စဉ်းစားဘို့လိုတာပေါ့ဗျာ။
ခုတော့ သေတဲ့လူတွေလည်း ပြန်ရှင်လာတော့မှာမှ မဟုတ်တာပဲလေ။

ဘယ်လိုနေရာမျိုးကနေ ဘယ်လိုတာဝန်ပဲရှိရှိ ကိုယ်ပိုင်အသိဥာဏ်လေးတော့ရှိကြပါဗျာ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကြယ်တပွင့် ကြွေလွင့်သွားခြင်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပဲခူးမြို့ ရေကြီးမှုသတင်း



သဘာဝဘေးအန္တရာယ်ဆိုတာ သူ့ဘာသာသူ ဖြစ်လာတာမဟုတ်ပါဘူး။
လူတွေရဲ့ ပြုမူနေထိုင်မှုကြောင့် ဖြစ်လာရတာပါ။
ကာကွယ်တားဆီးမယ်ဆိုလျင်ဖြင့် သူငါအားလုံး လောဘကိုထိန်းနိုင်ကြမှ ထိရောက်မှာပါ။
လောဘမထိန်းနိုင်သရွေ့ သဘာဝဘေးဆိုးဆိုတာကလည်း တနေ့တခြားတိုးလာဘို့ပဲ ရှိပါတော့တယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂျပန်မှာ ကျောင်းတက်မယ်ဆိုရင်

Matsudo International School

Source Photo from
http://archive.metropolis.co.jp/specials/805/805_top.htm#thumb


ဂျပန်မှာ ကျောင်းတက်မယ်ဆိုရင်
By Thet Su Naing
တနင်္ဂနွေ, 24 ဇူလိုင် 2011

ဂျပန်နိုင်ငံမှာ ကိုယ်တိုင်စရိတ်ခံပြီးတော့ပဲဖြစ်ဖြစ် Scholarship ထောက်ပံ့ကြေးနဲ့ပဲဖြစ်ဖြစ် တက္ကသိုလ်လာတက်မဲ့သူတွေ ဘာတွေသိထားသင့်သလဲဆိုတာကို ရေးပြထားတဲ့ ဘလော့တခုအကြောင်းကို ဒီတပတ်ဘလော့ဂါတွေ ပြောသမျှမှာ မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊




လိပ်စာလေးအတိုင်း သွားလေ့လာကြည့်ပါ http://diaryofkyikyi.blogspot.com/



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-126085068.htm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ့ရဲတပ်ဖွဲ့ဝင်တွေ ဘာကြောင့် ဖုန်းမဖြေရဲတာလဲ

Source Photo from http://www.google.com/images



Source Audio from http://www.bbcburmese.com


Source Photo from http://www.google.com/images

အမေရိကန် ရဲ နဲ့ မြန်မာ ရဲ (Bordy language)သွားပုံ လာပုံ မျက်နှာပေးကို ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ကွာခြားသလဲဆိုတာ သိသာလွန်းလှပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးတဲ့နိုင်ငံဆိုတော့ အပေါ်ကလူကို ပေးရကမ်းရတာမို့လို့ လဒ်များများရဘို့
အရေးကြီးတယ်ဆိုတော့ မျက်နှာတိမျက်နှာထားနဲ့ (ဓါးပြပုံစံ)ချည်းနေနေရတော့ မင်္ဂလာမရှိတဲ့ မျက်ခွက်တွေပေါက်ကုန်တာ ဆန်းတာမှမဟုတ်ပဲ။

ဒီတော့ကာ မြန်မာရဲကို ပုလိပ်ရောဂါသယ်တဲ့ ကြွက်လို သတ်မှတ်ပြီး ရဲလို့မခေါ်ပဲ ကြွက် လို့ခေါ်ကြတာနေမှာပေါ့။

မတရားဘမ်းဆီးမယ် အပြစ်ရှာမယ်။ ငွေပေးနိုင်လျင် အားလုံးပြေလည်မယ်။

ငွေမလိုက်နိုင်လို့ကတော့လား။
ဘာမှတ်တုန်း တရားဥပဒေအထက်မှာ ဘယ်သူမျှမရှိစေရဘူး။
ငွေပေး ရန်မလို။ ငွေမပေး ရန်လို။

ဒါမြန်မာ့ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ် ဖြစ်သလို မြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေပဲ။
မြန်မာ့နည်းမြန်မာ့ဟန် မြန်မာဆန်တဲ့ မြန်မာ့ဥပဒေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ

Bell 212 helicopter
Source Photo from http://www.google.com/images

၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ

By ဗွီအိုအေ (မြန်မာဌာန)
တနင်္ဂနွေ, 24 ဇူလိုင် 2011

ထိုင်း၊ မြန်မာ နယ်စပ်နားမှာ ထိုင်းစစ်ရဟတ်ယာဉ်တစီး ဒီကနေ့ ပျက်ကျခဲ့လို့ ထိုင်းစစ်သား ၃ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ အခုတလော ထိုင်း၊ မြန်မာ နယ်စပ်နားမှာပဲ ထိုင်းစစ်ရဟတ်ယာဉ်တွေ ပျက်ကျတာ ၃ စီး ရှိသွားပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်မှာ ပါသွားသူတွေရဲ့ အလောင်းတွေကို သယ်ဆောင်ဖို့ ထပ်သွားတဲ့တစီး ဒီကနေ့ ပျက်ကျတာပါ။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်ရဟတ်ယာဉ်မှူး ၂ ဦးနဲ့ စက်ပြင် ၂ ဦး ပါသွားပြီး တဦးပဲ အသက်ရှင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပါဆိုရင် ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် ၃ စီးမှာ ပါဝင်ခဲ့သူတွေ သေဆုံးတာ ၁၇ ဦး ရှိသွားပါပြီ။

ဒီကနေ့ပျက်ကျတာက Bell 212 အမျိုးအစား စစ်ရဟတ်ယာဉ် ဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်အနီးက ထိုင်းဘေးမဲ့ကြိုးဝိုင်း သစ်တောအတွင်းမှာ မီးလောင်နေတဲ့ ရဟတ်ယာဉ်ရဲ့ ပုံကို ထိုင်းနိုင်ငံ ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။ ဒီကနေ့ ပျက်ကျခဲ့တဲ့ အချိန်မှာ ရာသီဥတုက ပုံမှန်အခြေအနေပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ပျက်ကျခဲ့တဲ့ စစ်ရဟတ်ယာဉ်မှာ ထိုင်းစစ်သား ၅ ဦး သေဆုံးခဲ့ပြီး အဲဒီလူတွေရဲ့ အလောင်းတွေကို သယ်ဖို့သွားတဲ့ နောက်ရဟတ်ယာဉ် တစီးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တခါပျက်ကျတော့ အဲဒီမှာ ထိုင်းစစ်သား ၈ ဦးနဲ့ ရုပ်မြင်သံကြား ကင်မရာသမားတဦး သေဆုံးခဲ့ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/thailand-helicopter-crashed-126081199.html



Source Audio from http:www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နော်ဝေးတိုက်ခိုက်မှု အောက်မေ့ဘွယ် အခမ်းအနား ၀န်ကြီးချုပ်ဦးဆောင်

Source photo from http://www.google.com/images
နော်ဝေးတိုက်ခိုက်မှု အောက်မေ့ဘွယ်အခမ်းအနား

ဝန်ကြီးချုပ် ဦးဆောင်

တနင်္ဂနွေ, 24 ဇူလိုင် 2011
By ဗွီအိုအေ (မြန်မာဌာန)

အများအားဖြင့် အေးအေးချမ်းချမ်းရှိတဲ့ နော်ဝေးနိုင်ငံက အော့စ်လို (Oslo) မြို့တော်မှာ သောကြာနေ့က ပစ်ခတ်မှုနဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ သေဆုံးသွားရသူပေါင်း ၉၃ ဦးရဲ့ ဈာပန အခမ်းအနားကို နော်ဝေး ဝန်ကြီးချုပ် ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

သေဆုံးသွားကြသူတွေဟာ သူအပါအဝင် လူအတော်များများနဲ့ သိကျွမ်းပြီး အခု နော်ဝေးနိုင်ငံ တခုလုံးနဲ့ သက်ဆိုင်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာ ဖြစ်တယ်လို့ အော့စ်လိုမြို့တော် ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ဈာပန အခမ်းအနားကို ပူဆွေးပြီး တက်ရောက်လာသူ ရာပေါင်းများစွာကို ဝန်ကြီးချုပ် ယွန်း စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) က မိန့်ခွန်းပြောသွားပါတယ်။

နော်ဝေးဘုရင် ဟာရယ်လ် (Harald) နဲ့ မိဖုရား ဆွန်ညာ (Sonja) တို့လည်း ဒီဈာပန အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

တောင်ပိုင်း အိုတိုယာ (Utoeya) ကျွန်းမှာ လူတွေ အစုလိုက် အပြုံလိုက် ပစ်ခံရလို့နဲ့ အစောပိုင်းက အော့စ်လိုမြို့တော် အစိုးရရုံးတွေရှိတဲ့ ရပ်ကွက်မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရတာတွေကြောင့် သေဆုံးသွားတဲ့ သူတွေကို ရည်စူးပြီး မျက်ရည်တွေနဲ့ နော်ဝေးနိုင်ငံသားတွေ ပန်းစည်းတွေလာချ၊ ဖယောင်းတိုင်တွေ လာထွန်းခဲ့ကြပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူတဦး တနင်္ဂနွေနေ့က သေဆုံးသွားတာကြောင့် အိုတိုယာကျွန်းပေါ်မှာ သေဆုံးသူ အရေအတွက် ၈၆ ဦးအထိ မြင့်တက်သွားပါပြီ။ ကားဗုံးခွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျွန်းပေါ်မှာ ပစ်ခတ်လို့ ထိန်းသိမ်းခံလိုက်ရတဲ့ ၃၂ နှစ်အရွယ် နော်ဝေးနိုင်ငံသား အမျိုးသားဟာ ဒီတိုက်ခိုက်မှု ၂ ခုစလုံး သူလုပ်ဆောင်တာပါလို့ ၀န်ခံပြီး သူဟာ ဘယ်အပြစ်မှ မကျူးလွန်ပါဘူးလို့ ရဲကို ငြင်းဆိုတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးနဲ့ တခြား အစိုးရရုံးတွေ ထိခိုက်ပျက်စီးစေတဲ့ ဓာတ်မြေသြဇာဗုံး ထောင်တယ်၊ နောက် အိုတိုယာကျွန်းကို သွားပြီးတော့ လက်ရှိအာဏာရ လေဘာပါတီရဲ့ လူငယ်စခန်းကို ပစ်ခတ်ခဲ့တယ်လို့ အန်ဒါ ဘာရင် ဘရက်ဗစ်ခ် (Anders Behring Breivik) က မသင်္ကာ ဖြစ်ခံရတာ ဖြစ်ပါတယ်။
Source photo from http://www.google.com/images
သေနတ်သမားက ၂ ယောက်လို့ ကျွန်းပေါ်က တချို့ မျက်မြင်သက်သေတွေက ပြောဆိုပေမဲ့ မစ္စတာ ဘရက်ဗစ်ခ်ကတော့ ဒါတွေကို သူတဦးတည်း လုပ်ဆောင်တာပါလို့ ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သဲလွန်စရအောင်လို့ အော့စ်လိုမြို့တော်က အိမ်ငယ်တလုံးကို ရဲက ၀င်ရှာခဲ့ပါတယ်။

သူ့ရဲ့ အပြုအမူဟာ ရက်စက်လွန်းတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ ပြောပြီး တရားရုံးမှာ သူရှင်းပြချင်တယ်လို့ ရှေ့နေက ဆိုပါတယ်။

မစ္စတာ ဘရက်ဗစ်ခ်ကို အကြမ်းဖက်မှုနဲ့ စွဲချင်တင်ထားပြီး တနင်္လာနေ့မှာ ရုံးထုတ်ဖို့ ရှိပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/norway-attacked-prayers-for-victims-126082874.html




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Amy Winehouse



Source Photos and Audio from
http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 23, 2011

အဝေးဆုံးရေအရင်းအမြစ် စကြဝဠာတွင် တွေ့ရ

Source Photo from
http://www.jpl.nasa.gov/news/news.cfm?release=2011-223
Astronomers Find Largest, Most Distant Reservoir of Water

အဝေးဆုံး ရေအရင်းအမြစ် စကြဝဠာတွင်တွေ့ရ
23 Jul, 2011

လော့စ်အိန်ဂျယ်လိ ။ ။ နက္ခတ္တဗေဒပညာရှင် များပါဝင်သည့် စူးစမ်းလေ့လာရေး အဖွဲ့ဝင်များ ၏ ကြိုးစားမှု တစ်ခုအရ ယခင်ကတစ်ကြိမ်မှ မကြုံ တွေ့ခဲ့ရသည့် များပြားလှသည့် ရေအရင်း အမြစ်တစ်ခုကို စကြဝဠာ အတွင်းတွင် တွေ့ရှိခဲ့ကြောင်း နာဆာဒုံးပျံစမ်းသပ်ရေးဓါတ်ခွဲခန်း ( jpl ) မှသောကြာနေ့ကပြောကြားလိုက်သည်။

အဆိုပါ ရေအရင်း အမြစ်မှာ ကမ္ဘာ့ပေါ်ရှိသမုဒ္ဒရာ များတွင်ရှိနေသည့် ရေစုစုပေါင်း ပမာဏထက် အဆပေါင်း ၁၄၀ ထရီလီယံ ( တစ်ဂဏန်းနောက်တွင် သုည ၁၂ လုံး ) ပိုမိုများပြားကြောင်းသိရပြီး ယင်း ရေအရင်းအမြစ်ကို quasar ခေါ်အာကာသတွင်းနက်ကြီးတစ်ခုက ဝန်းရံထားကြောင်း နှင့် ကမ္ဘာကြီးနှင့် အလင်းနှစ်ပေါင်း ၁၂ ဘီလီ ယံ ဝေးကွာသည့် အရပ်တွင် ရှိနေခြင်း ဖြစ်ကြောင်း jpl မှပြောသသည်။

ယခုလို quasar မှာကြီးမားလှသည့် အာကာသတွင်းနက်ကြီးမှ စွမ်းအားရယူထားခြင်းဖြစ်ပြီး ယင်းတွင်းနက်ကြီးမှာ ပတ်ဝန်းကျင်မှ ဓါတ်ငွေများ သို့ မဟုတ် ဖုန်မှုန့်များကို ဆွဲယူပြီး စားသုံးပစ်ခြင်းဖြစ်ကာယင်းမှတစ်ဆင့် ကြီးမားလှသည့်စွမ်းအင်တစ်ရပ်ကို ထုတ်လွတ်ခြင်း ပင်ဖြစ်သည်။

ယခု quasar မှတစ်ဆင့် ကမ္ဘာကြီးအားစွမ်းအားပေးနေသည့် နေလုံးကဲ့သို့ နေပါင်း ၂၀ ဘီလီယံ နှင့် ညီမျှသည့် တွင်းနက်ကို ဖြစ်ပေါ်စေပြီး စွမ်းအင်အနေဖြင့် နေလုံး ထရီလီယံ တစ်ထောင်နှင့်ညီမျှသောပမာဏကိုထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


source: xinhua news

Source from
http://www.mrtv4.net.mm/news/view/science_and_tech:9933

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နော်ဝေအကြမ်းဖက်မှု လူ ၉၀ ကျော်သေဆုံး

Anders Behring Breivik
Source Photo from http://www.google.com/images

နော်ဝေအကြမ်းဖက်မှု လူ ၉၀ ကျော်သေဆုံး
စနေ, 23 ဇူလိုင် 2011

သာကြာနေ့က နွေရာသီလူငယ်စခန်းတခုကို တိုက်ခိုက်မှုမှာ ပတ်သက်တယ်လို့ သံသယရှိခံရတဲ့ ဒုတိယ သေနတ်သမားတယောက်ကို နော်ဝေရဲအဖွဲ့က စုံစမ်းစစ်ဆေးနေကြပါတယ်။ နော်ဝေနိုင်ငံသား ပထမ သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားရာ Utoeya ကျွန်းပေါ်မှာ တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ရသူတွေက ဒီကိစ္စမှာ လူ ၂ ဦး ပါဝင်ပတ်သက်တယ်လို့ ပြောကြကြောင်း နိုင်ငံရဲ့သတင်းဌာန NTB ကဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူ ပထမသေနတ်သမားဟာ ရဲတပ်ဖွဲ့ဝင်လို ရဲတပ်ဖွဲ့ အမှတ်တံဆိပ်ပါတဲ့ ဆွယ်တာကို ၀တ်ဆင်ထားတယ်ပေမဲ့ ဒုတိယ သေနတ်သမားကတော့ ရဲတပ်ဖွဲ့ဝင်လို ၀တ်ဆင်မထားပါဘူး။

နော်ဝေနိုင်ငံမှာ အာဏာရ လေဘာပါတီ ရဲ့ နွေရာသီလူငယ်စခန်းမှာ စခန်းဝင်နေတဲ့ ဆယ်ကျော်သက် ရာပေါင်းများစွာထဲက ၈၄ ဦးဟာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုဟာ အော်စလိုမြို့ ဗဟိုအစိုးရအဆောက်အဦးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ခဲ့တာပါ။ အော်စလို ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးပြီး သေနတ်သမား တိုက်ခိုက်မှု အပါအ၀င် အကြမ်းဖက် ဖြစ်ရပ်နှစ်ခုကြောင့် စုစုပေါင်း လူ ၉၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက နော်ဝေနိုင်ငံမှာ ဒီတိုက်ခိုက်မှုဟာ အဆိုးဆုံးတိုက်ခိုက်မှုတခုဖြစ်ပြီး တမျိုးသားလုံး စိတ်ထိခိုက်ကြေကွဲရတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။

အော်စလိုမြောက်ဘက် ၁၈ မိုင်အကွာမှာရှိတဲ့ ကျွန်းငယ်ကို ၀န်းရံထားတဲ့ရေကန်ထဲမှာ ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ထပ်ပြီးရှာနေပါတယ်။ ဗဟိုအစိုးရ အဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ သံသယ ရှိသူအဖြစ် ၃၂ နှစ်အရွယ် Anders Behring Breivik ကို သတင်းဌာနတွေက ဖော်ပြကြတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဆယ်ကျော်သက်တွေအပေါ် လူမဆန်တဲ့ တိုက်ခိုက်မှုဟာ နော်ဝေပြည်သူတွေရဲ့ စိတ်လုံခြုံမှုကို ပျက်ပြားအောင် မလုပ်နိုင်ပါဘူးလို့ ၀န်ကြီးချုပ်က ပြောဆိုပါတယ်။ လုံခြုံရေးဟာ နော်ဝေ လူ့အဖွဲ့အစည်းရဲ့ အဓိက ဒေါက်တိုင်တခုဖြစ်ပြီး သဘာဝကပေးထားတဲ့ လက်ဆောင်အဖြစ် မှတ်ယူခဲ့ကြတယ်လို့ ၀န်ကြီးချုပ်က ပြောဆိုပါတယ်။ တိုက်ခိုက်မှုခံခဲ့ရသူတွေရဲ့ အသက်နဲ့ဘ၀ကို ကယ်တင်ဖို့ အဓိကထား လုပ်သွားမယ်လို့ ၀န်ကြီးချုပ်က အလေးအနက် ပြောပါတယ်။ တိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ခုထက်ထိ မဆုံးဖြတ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။




Source from

http://www.voanews.com/burmese/news/Norway-attack-07-23-11-126060069.html









Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 22, 2011

နောင်တ,လေးများ ရကြပါစ,

၁၉၈၈ အရေးအခင်းတုန်းက မျက်နှာဖုံးစွပ်နဲ့ လူတွေကို သွေးအေးအေးနဲ့ပစ်သတ်ခဲ့တာကို ၀န်ခံတဲ့ လူသတ်သမားကို ဘယ်လို အရေးယူမှာလဲ
သူ့ကိုအရေးယူလိုက်ရုံနဲ့ ပြဿနာက အေးငြိမ်းသွားမှာတဲ့လား
သူ့ကြောင့် အပြစ်မဲ့ပြည်သူတွေ မိဘတွေရဲ့မျက်ရည်တွေ သောကတွေ ဗျာပါဒတွေ ဘယ်လောက်အထိ ဖိစီးခဲ့ရသလဲ
သူ့အသက်ကို သတ်လိုက်ရုံနဲ့ အဲဒီသောကအပူမီးတွေငြိမ်းမယ်တဲ့လား

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ပြုသည့်ကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည် ဆိုတဲ့အတိုင်း ကံ ကံ၏အကျိုးကိုတော့ အားလုံးခံစားကြရမှာပါ။

အောက်ကကာတွန်းလေးကို ကြည့်လိုက်ပါ။
ကာတွန်းဆရာကတော့ ဘယ်လိုအတွေးနဲ့ရေးဆွဲထားသလဲဆိုတာ အတိအကျမသိနိုင်ပေမယ့် ဗမာစစ်အစိုးရရဲ့အုပ်ချုပ်မှုယန္တရားအောက်မှာတော့ အဲဒီကာတွန်းထဲကအတိုင်းပါပဲ။
ကြံ့ဖွံ့လား ပြည်ခိုင်ဖြိုးလား မဆလ န၀တ နအဖ ဘာညာအားလုံး အဲဒီလမ်းကိုပဲလိုက်ကြရမှာပါ။
ဒါကြောင့်လည်း သံမှူးကြီးတွေ နိုင်ငံရေးခိုလှုံခွင့်တောင်းကြတာပေါ့ဗျာ။



Source Audio from
http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နော်ဝေအကြမ်းဖက်မှု သေနတ်ဖမ်းမိ

Source Photo from http://www.google.com

နော်ဝေအကြမ်းဖက်မှု သေနတ်ဖမ်းမိ
သောကြာ, 22 ဇူလိုင် 2011

ပုံမှန်အားဖြင့် အေးဆေးငြိမ်သက်တဲ့ နော်ဒစ်ပင်လယ်ဒေသ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ဇူလိုင်လ ၂၂ ရက်နေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးနှစ်လုံးကြောင့် လူ ၇ ဦး သေဆုံးသွားပြီး သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုနဲ့ လည်း နော်ဝေ အနောက်ဘက် ကမ်းရိုးတန်း အော်စလိုမြို့တော် မြောက်ဘက် ကျွန်းကလေးတကျွန်းပေါ်မှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပြီးတော့ သေဆုံးသူ အရေအတွက် ထပ်ပြီး တိုးလာနိုင်တယ်လို့ နော်ဝေအရာရှိတွေက ပြောကြပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ အော်စလိုမြို့တော်က ၀န်ကြီးချုပ်ရုံး အပါအ၀င် အစိုးရ ရုံးချုပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နာရီအနည်းငယ် အကြာမှာတော့ အော်စလိုမြို့မြောက်ဘက် ကျွန်းငယ်လေးပေါ်က လူငယ်တွေရဲ့ တောတွင်းစခန်းချရာ နေရာတနေရာမှာ ရဲအရာရှိဝတ်စုံနဲ့ သေနတ်သမားက ပစ်ခတ်ခဲ့လို့ နောက်ထပ် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။ ဒီနေရာမှာ သေဆုံးသူ အများစုဟာ လူငယ်တွေ ဖြစ်ကြပါတယ်။

ဒီတိုက်ခိုက်မှု နှစ်ခုဟာ အဆက်အစပ်ရှိသလား ဆိုတာ မသိရသေးပါဘူး။ ဘယ်သူဘယ်ဝါ လက်ချက် ဆိုတာကိုလည်း ဘယ်သူကမှ ကြေညာကြခြင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် ယန်စ် စတိုလန်ဘာ့ဂ် (Jens Stoltenberg) ဟာ ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြီးတော့ အစိုးရအဖွဲ့ ရုံးချုပ်တွေရှိရာ ၁၇ ထပ် အဆောက်အဦးက ပြတင်းတံခါး ရာပေါင်းများစွာဟာ ပျက်စီးသွားခဲ့ပါတယ်။

အနီးအနားက ရုံးတွေရဲ့အထပ်တွေမှာလည်း မီးတွေ လောင်နေပါတယ်။ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အတိုက်အခိုက်ခံရတဲ့ နော်ဝေပြည်သူတွေနဲ့ ကုလသမဂ္ဂက အတူရပ်တည်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။




Source from
http://www.voanews.com/burmese/news/Norway-blast-07-22-11-126043824.html



Source from
http://www.msnbc.msn.com/id/43854355/ns/world_news-europe/?GT1=43001

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပျူအရိုးအိုးများ ထပ်မံ တွေ့ရှိခြင်းနှင့်အတူ ပျူအရိုးကုန်းကို ပထမဆုံးအကြိမ် တူးဖော် တွေ့ရှိ

ကျောက်ဆည်မြို့ တမုတ်ရွှေဂူကြီးဘုရား၌

ပျူအရိုးအိုးများထပ်မံတွေ့ရှိခြင်းနှင့်အတူ

ပျူအရိုးကုန်းကိုပထမဆုံးအကြိမ် တူးဖော်တွေ့ရှိ

Wednesday, 20 July 2011

ရှေးဟောင်း သုတေသနနှင့် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အနီးရှိ ပုဂံခေတ်လက်ရာ ရှေးဟောင်းဘုရား တစ်ဆူ ဖြစ်သည့် တမုတ်ရှင်ပင်
ရွှေဂူကြီးဘုရား ပရ၀ဏ် အတွင်း ပျူအရိုးအိုးများ ထပ်မံ တွေ့ရှိခြင်းနှင့်အတူ ရှေးပျူမြို့ဟောင်းကြီးများတွင် တွေ့ရှိခဲ့ကြောင်း မှတ်တမ်း တင်ထားခြင်း မရှိသေးသော ပျူအရိုးကုန်း အဆောက်အဦများ (Primitive Type Of Bury)ကိုလည်း ပထမဆုံး အကြိမ် တူးဖော် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ်ဆန်းပိုင်းက တမုတ်ရွှေဂူကြီး ဘုရားတွင် ပျူအရိုးအိုး သုံးလုံး စတင် တွေ့ရှိခဲ့ပြီးနောက် ဘုရားကြီး၏ အရှေ့မြောက်ဘက်ရှိ နောင်တော်ကြီး ဂူဘုရား၊ အင်္ဂတေဖျော်ကန်တို့ ကြားရှိ ရှေးပန္နက် အုတ်ရိုးများကြားမှ ပျူအရိုးအိုး လေးလုံးကို ထပ်မံ တူးဖော် တွေ့ရှိရခြင်း ဖြစ်သည်။ ထို့ပြင် အရိုးကို အိုးဖြင့် မြှုပ်နှံခြင်း ဓလေ့ထက် ရှေးကျသောအရိုး၊ အရိုးပြာ၊ မီးသွေးချော် တို့ကို စုပေါင်း၍ မြေကျင်းတူး မြှုပ်ကာ အုတ်ကာ အုတ်မိုး၍ တည်ဆောက်လေ့ ရှိသည့် အရိုးကုန်း စနစ်ကိုလည်း ပထမဆုံးအကြိမ် တူးဖော် တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း ဆိုပါသည်။

ထပ်မံတူးဖော် တွေ့ရှိမှုနှင့် ပတ်သက်၍ တာဝန်ယူ ပြုပြင် တူးဖော်နေသူ ရှေးဟောင်းသုတေသီ ဦးဝင်းမောင် (တမ္ပ၀တီ)က ''ရှေးဟောင်း ပျူမြို့ကြီးတွေ ဖြစ်တဲ့ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော စတဲ့ မြို့ဟောင်းတွေက တွေ့ရှိခဲ့တဲ့ အရိုးအိုးတွေကို ၃ ရာစုနဲ့ ၇ ရာစုကြားက ဖြစ်မယ်လို့ ခန့်မှန်းကြတယ်။ အခု ဒီမှာတွေ့တဲ့ အိုးတွေက ပုဂံခေတ်လက်ရာ ဖြစ်တာရယ်၊ အရိုးတွေက လတ်ဆတ်မှု ရှိနေတာရယ်ကို ကြည့်ပြီး ခန့်မှန်းရရင် ၇ ရာစုနဲ့ ၉ ရာစုကြား ဖြစ်နိုင်တယ်။ ထူးခြားတာက မှတ်တမ်း တင်ထားခြင်း မရှိသေးတဲ့ ပျူအရိုးကုန်းတွေ တွေ့ရှိတာပါပဲ။ ပျူအရိုးကုန်း ထားရှိမြှုပ်နှံတဲ့ စနစ်က ရှေးဦး ပျူလူမျိုးတွေရဲ့ အရိုးအိုးကို မသုံးဘဲ မြေမြှုပ်တဲ့ စနစ် ဖြစ်တာကြောင့် ဒီဒေသဘက်မှာ နေထိုင်ခဲ့တဲ့ ပျူလူမျိုးတွေဟာ ပျူမြို့ဟောင်းကြီးတွေထက် ခေတ်အားဖြင့် နောက်ကျနိုင်ပေမယ့် မြှုပ်နှံတဲ့ စနစ်က နေထိုင်ခဲ့တဲ့ ခေတ်ထက် ရှေးကျနိုင်တယ်''ဟု ရှင်းပြသည်။
ရှေးဟောင်း ပျူလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့တွင် ရပ်ရွာ တည်ထောင်နေထိုင်ကြသည့် အခါ သုသာန်ကို ရပ်ရွာ၏ အနောက်ဘက်တွင် ထားရှိပြီး အရိုးအိုးများ၊ အရိုးကုန်းများကို ရပ်ရွာ၏ အရှေ့ဘက်တွင် နေရာ ချထားလေ့ ရှိကာ အသုဘနှင့်ဆိုင်သော ကိစ္စများကို အမင်္ဂလာဟု မယူဆကြကြောင်း၊ ဗုဒ္ဓဘာသာ မပေါ်သေးသည့်ကာလ ဖြစ်သည့် အတွက် မိဘဘိုးဘွားတို့၏ အရိုးနှင့်ပြာများကို ရွာဦးတွင်သာ မြှုပ်နှံလေ့ရှိပြီး တိုင်တည် ကိုးကွယ်စရာ နတ်များ အဖြစ် လက်ခံ ယုံကြည်ခဲ့ကြကြောင်း သမိုင်း မှတ်တမ်းများ အရ သိရသည်။


Source from
Eleven Media Group. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, July 20, 2011

အဲကွန်း အင်္ကျီ ဂျပန်တီထွင်


အပူခံ သက်သာစေမည့် အဲကွန်း အင်္ကျီ ဂျပန်တီထွင်
20 Jul, 2011

ဂျာကင်အင်္ကျီများမှာ ဖက်ရှင်ကျစေရန် တီထွင်နေ ကြချိန်တွင် ဂျပန်လူမျိုးများမှာ လေရဟတ်ငယ် များဖြင့်ပြုလုပ် တီထွင်ထားသည့် အဲကွန်းအင်္ကျီ ကိုတောင်းဆိုမှုများ များပြားလာခဲ့ပြီဖြစ်သည်။


Kuchofuku ကုမ္ပဏီ လီမိတက်မှာယခုလိုအင်္ကျီများကို တီထွင် သည့် ဂျပန် နိုင်ငံမှကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ အဓိပ္ပါယ်မှာ လေအေးပေးစက်အင်္ကျီဟုအဓိပ္ပါယ်ရ ကာဖူကူရှိးမား လျပ်စစ်စက်ရုံပိတ် လိုက်ခြင်းကြောင့် လျပ်စစ်ပြတ်တောက်မှုနှင့် အတူနွေရာသီ အပူချိန်ကို ခံနိုင်စေရန်အတွက် ဝယ်ယူ လိုသူ များပြားနေကြောင်းသိရသည်။

နွေရာသီ ချွေးထွက် မှုများ ကို ထိန်းချုပ်ရန် နှင့်လျပ်စစ် ဓါတ်အား ခြိုးခြံ ချွေတာရန်အတွက် ယခုလို ဝယ်ယူလို မှုများ ပြားနေရခြင်းဖြစ်သည။် ယခုဂျာကင်အင်္ကျီတွင် လျပ်စစ် ပန်ကာနှစ်လုံးပါဝင်ပြီး ပတ်ဝန်းကျင်မှလေများကို အမြန်နှုန်း အမျိုးမျိုးဖြင့် ဆွဲယူနိုင်ကာ ခန္ဓာကိုယ်ကိုအအေးပေးခြင်းပင်ဖြစ်သည်။

ယခုလို အင်္ကျီများကို ဂျပန်နိုင်ငံ ရှိ ကုမ္ပဏီပေါင်း ၁၀၀၀ ခန့်တွင်အသုံးပြုနေပြီး ကားလုပ်ငန်း များ၊ စတီးလုပ်ငန်းများ ၊ စားသုံးကုန် လုပ်ငန်းများ နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင်အဓိက ဝတ်ဆင်ကြကြောင်း သိရသည။် ယခုကုမ္ပဏီမှာ အဆိုပါလေအေးပေးအင်္ကျီ ကိုသာမက လေအေးပေးကားထိုင်ခုံ နှင့် အခြားလေအေးပေး လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ် လျက်ရှိပြီး ဝယ်လိုအားမြင့်တက်လျက်ရှိသည်။

source : channelnewsasia

Source from http://www.mrtv4.net.mm/news/view/science_and_tech:9745/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကွန်ပြူတာ ထိုးဖောက်မှုတရားခံ ၁၄ ဦးအား ဖမ်းဆီးထား

Source Photo from http://www.google.com/images

ကွန်ပြူတာ ထိုးဖောက်မှု

တရားခံ ၁၄ ဦးအား ဖမ်းဆီးထား
20 Jul, 2011

နယူးယောက် ။ ။ လွန်ခဲ့သည့်လများက အွန်လိုင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် လျို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Anonymous တွင်ပါဝင် ခဲ့သည်ဟု သံသယရှိသူ ၁၄ ဦးအား စုံစမ်းစစ်ဆေးမှုများ ၏ လုပ်ဆောင်ချက်တစ်ခုအဖြစ် ဖမ်းဆီး ထားကြောင်း အမေရိကန် တရားရေးဌာန နှင့် ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို မှအင်္ဂါနေ့ ကပြောကြားလိုက်သည်။

အဆိုပါ သံသယရှိသူများမှာ FBI အေးဂျင့်များမှ ဖမ်းဆီး ခဲ့ခြင်းဖြစ် ပြီး PayPal ၏ဝင်ဆိုဒ်ကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့မှု တွင် ပ့ါဝင်ပတ်သက်ခဲ့ခြင်း အတွက် ဖမ်းဆီးခဲ့ခြင်းပင်ဖြစ်သည်။

ယခုလိုဖမ်းဆီးခဲ့မှုတွင် လူငါးဦးမှာ ဥရောပနိုင်ငံ များမှဖမ်းမိခဲ့ ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှ လူနှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးထားကြောင်း နှင့် ဆိုက်ဘာပြစ်မှုကျုးလွန်ခဲ့သည် ဟူသည့်စွဲချက် ဖြင့်ဖမ်းဆီးခဲ့ ခြင်းဖြစ်သည် ဟုတရားရေးဌာနမှပြောသည်။

ယခုလိုဖမ်းဆီး ခဲ့မှုများကို အမေရိကန်ပြညထောင်စု အလာဘားမားပြည်နယ်၊အာရီဇိုးနားပြည်နယ်၊ ဖလော်ရစ်ဒါပြည်နယ်၊ မက်ဆာချူးဆက်ပြည်နယ်၊ နီဗားဒါးပြည်နယ် ၊ နယူးမက္ကဆီကို ပြည်နယ် နှင့် အိုဟိုင်းအိုး ပြည်နယ် တို့မှဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

source : cnn

Source from http://www.mrtv4.net.mm/news/view/science_and_tech:9740

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, July 17, 2011

နန့်ဇိုယာဖန်းနှင့် RFAတို့ ဆက်သွယ်မေးမြန်းချက်



လူငယ်များနှင့်သက်ဆိုင်သည့် နန့်ဇိုယာဖန်း၏ သုံးသပ်ဆွေးနွေး အကြံပြုထားသည်များကို နားသောတ ဆင်ပြီးသည့်ကာလ ဒီမိုကရေစီရရှိရေးနှင့် ငြိမ်းချမ်းစွာအတူတကွ စုပေါင်းနေထိုင်နိုင်ရေးအတွက်
မည်သို့မည်ပုံကြိုးပမ်းဆောင်ရွက်သင့်သည်ဆိုသည်ကို လူငယ်များမှန်ကန်စွာတွေးခေါ်ဆုံးဖြတ်နိုင်ရန်အလို့ငှာ
ထုတ်နှုတ်တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
တိုင်းပြည်တပြည်တိုးတက်သာယာဝပြောရေးသည် အနာဂတ်လူငယ်များ၏ လက်ထဲတွင်ရှိသည်
သို့သော် ထိုလူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရမည့်
တာဝန်သည် ယခုခေါင်းဆောင်လုပ်နေသည့် အကြီးအကဲများ၏ တာဝန်ဖြစ်သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာပြည်ကို အလည်လာပါ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 15, 2011

နာမည်ပြောင်းပေးလိုက်ပါတယ်

Source Photo from http://www.google.com/images

နာမည်ပြောင်းပေးလိုက်ပါတယ်
(မင်းစိုးစံ)

သို့
စောစေးဝါး (အထွေထွေအတွင်းရေမှူး)
ကရင်ပြည်သူ့ပါတီ။

ခေါင်းဆောင်ကောင်းတယောက်ဆိုတာ စကားပြောတဲ့နေရာမှာ အင်မတန်ပါးနပ်လိမ္မာဘို့လိုပါတယ်။
အထူးသဖြင့်အခုလို ဆူဆူပူပူ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မျိုးမှာ ပိုအရေးကြီးပါတယ်။

စကားကိုမဆင်မခြင်ပြောလိုက်တဲ့အတွက် ပြည်သူတွေကြား တိုင်းရင်းသားအချင်းချင်းကြား အထင်အမြင်လွဲပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေး ကိုမဆိုထားနဲ့ တဦးနဲ့တဦး တ ယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အထစ်အငေါ့တွေဖြစ်လာနိုင်ပါတယ်။

ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲတွေဟာ ဗမာစစ်အစိုးရအတွက် စိုးမိုးမှုလိုအပ်တဲ့အတွက်
တိုက်ရတာဖြစ်တယ်၊ အသေးအဖွဲကိစ္စတွေကို လုပ်နေတာသာဖြစ်ပြီး စေ့စပ်ဆွေးနွေးဘို့ကိစ္စက အတော်ကိုကြန့်ကြာဦးမယ်လို့ပြောတဲ့အပြင် နားလည်မှုယုံကြည်မှုတွေယူဘို့ခက်ခဲနေတဲ့အတွက်ကြောင့် စစ်အစိုးရက အဲဒီ အခက်အခဲတွေကို စစ်ရေးနဲ့ဖြေရှင်းနေရတယ်ဆိုတာမျိုးပြောသွားပါတယ်။

ရှိစေတော့ ဗမာစစ်အစိုးရတပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ လက်နက်ကိုင်တိုက်လာတာ အတော် ကြာခဲ့သလို ဗမာစစ်အစိုးရတပ်ရဲ့အလိမ်အညာ ကောက်ကျစ်စဉ်းလဲမှုအောက်မှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲ တာတွေရှိခဲ့သလို နှစ်ဘက်သဘောတူညီချက်တွေနဲ့ အပစ်အခတ်ရပ်စဲထားတာမျိုးလည်းလုပ်ခဲ့တဲ့ကြားက အခုလို တိုက်ပွဲတွေပြန်ဖြစ်လာတယ်ဆိုတာ တော်ရုံတန်ရုံ အကြောင်းကြောင့်တော့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။

ဦးစောစေးဝါးကတော့ အဲဒါကို ပေါ့ပျက်ပျက်သဘောမျိုးနဲ့ လတ်တလောလိုအပ်ချက်ကြောင့် စစ်အစိုးရက အခုလို တိုင်းရင်းသားတွေကို အကြမ်းဖက်သတ်ဖြတ်နေရတာ ဖြစ်တယ်လို့ ဆိုလိုရာရောက်သွားတာကြောင့် ကရင်လူမျိုးတွေအပေါ် အခြားတိုင်းရင်းသားလူမျိုးတွေက အထင်အမြင်လွဲသွားနိုင်ပါတယ်။

အဖွဲ့အစည်းတခုရဲ့ အရေးပါအရာရောက်သူ တဦးဖြစ်တဲ့အတွက် ဦးစောစေးဝါးပြောတဲ့ စကားလုံးတွေတိုင်းဟာ ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြုသလို ကရင်ပြည်သူလူထုကိုလည်း ကိုယ်စားပြုနေတယ်ဆိုတာကို သတိချပ်စေလိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဦးစောစေးဝါးကို ကျုပ်နာမည်ပြောင်းပေးလိုက်ပါတယ်။
နေ့နဲ့နာမ်နဲ့လည်းကိုက်အောင် ပြောပုံဆိုပုံလေးနဲ့လည်းလိုက်ဖက်တဲ့နံမည်လေးပါ။

စောစေးဝါးအစား ဆောအေ့ဝါးလို့ ပြောင်းပေးလိုက်ပါတယ်။ စောစေးဝါးဆိုတာက ဗမာလို မောင်ငွေဖြူ၊
ဆောအေ့ဝါးဆိုတာက ကြက်ချေး(ချီး)ဖြူ။

ကြက်ချေးဖြူဆိုတာက ကြက်တွေမှာဖြစ်တတ်ပြီး အင်မတန်ကူးစက်မှုမြန်ဆန်တဲ့ ရောဂါဆိုးတမျိုးဖြစ်ပါတယ်ခင်ဗျား။


ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါး ဆောအေ့ဝါး နဲ့
VOAသတင်းထောက်တို့ ဆက်သွယ်မေးမြန်းချက် အသံဖိုင်



Source Audio from http://www.voanews,com/burmese

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စစ်ဆင်ရေးအတွင်း ဗမာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်



Source Phptp from http://wwwgoogle.com/images

ကချင်နဲ့ ရှမ်းစစ်ဆင်ရေးအတွင်း

လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်

By မသင်းသီရိ
သောကြာ, 15 ဇူလိုင် 2011



ရှမ်းပြည်တောင်ပိုင်းမှာ မြန်မာအစိုးရစစ်တပ်နဲ့ ရှမ်း SSA မြောက်ပိုင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် မြန်မာအစိုးရ စစ်တပ်ဘက် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အတိအကျစုံစမ်းပြီး ပြည်နယ်အစိုးရကနေတဆင့် လွှတ်တော်တွေအထိရောက်အောင် အဆင့်ဆင့်တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကပြောပါတယ်။ အခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တခြား တိုင်းရင်းသား နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားတွေ ရှိနေပါသလဲ။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြန်မာအစိုးရစစ်တပ်နဲ့ ရှမ်း SSA အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်လာတာ ၄ ရက်ရှိလာနေပြီဖြစ်ပြီး တိုက်ပွဲအရှိန်ကလည်း ပိုမြင့်လာနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည် တောင်ပိုင်းက ဒေသခံတိုင်းရင်းသားတွေဟာ နေရပ်ရင်းတွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေအပေါ်မှာ မြန်မာစစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကျားဖြူပါတီ လို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောပါတယ်။

“ကျနော်တို့ အခုလက်ရှိ မိုင်းရှူးနယ်ပေါနော့်။ ထိုင်းပါ ကျေးရွာအုပ်စု၊ ၀မ်ကွမ်းယင် ဆိုတာ ရှမ်းရွာလေးပေါ့၊ ပြီးတော့ မွန်းခမ် ဆိုတဲ့ရွာနဲ့ သာသံပူ ဆိုတဲ့ရွာတွေမှာ အဆိုးဆုံး ဖြစ်နေပါတယ်။ မုဒိန်းကျင့်တာတွေ၊ နောက်ပြီးတော့ လူသတ်မှုတွေပေါ့။ ခံရတာ လူတိုင်းလို ဖြစ်နေတဲ့ဒေသတွေက လူတွေ ရွာသားတွေကနေပြီးတော့ လာပြီးတော့ သတင်းပေးချက်အရ တပ်မတော်က ကျူးလွန်တာတဲ့။ မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ အချက်အလက်တွေလည်း တော်တော်များပါတယ်။ ဒါပေမဲ့ သူတို့ကို သေချာစုံစမ်းပြီးတော့ သတင်းအချက်အလက်တွေ ပြန်ပို့ပေးဖို့ပေါ့။ တကယ်တမ်းကျတော့ ကျနော်တို့ ပြည်တွင်းရေးမှာ အဲဒီလို ပြည်တွင်းစစ်ကြီးကို သုံးတာတော့ မသင့်လျော်ဘူးလို့ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပေါ့နော်။ ပါတီအနေနဲ့တော့ မဟုတ်ဘူး။”
Source Photo from http"//www.google.com/images

အခုလို ဒေသခံတွေပြောပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည့်စုံအောင် ထပ်မံစုံစမ်းပြီးပြီဆိုရင် သက်ဆိုက်ရာ ပြည်နယ်ဝန်ကြီးတွေ၊ အစိုးရတွေအထိ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

“အဲဒီအချက်တွေ သေချာရပြီဆိုရင်တော့ ကျနော်တို့က သက်ဆိုင်ရာ ၀န်ကြီးတွေ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေနဲ့ သမ္မတတွေကို တင်သွင်းဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကို လိုလားနေပြီ၊ လုပ်ကိုလုပ်ရတော့မယ်လို့ ကျနော့်အနေနဲ့တော့ မြင်ပါတယ်။ ဒီလိုပဲ မလုပ်ဘဲနဲ့တော့ စစ်မက်တွေချည်းပဲ ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ နှစ်လည်း ၅၀၊ ၆၀ လောက် ဖြစ်နေပြီနော်။ တိုက်ပွဲဖြစ်နေတာ။ ကျနော်တို့ နယ်ခြားမှာသွားပြီးတော့ တိုင်းတပါးနဲ့ တိုက်နေတာမဟုတ်ဘူး။ ကိုယ့် တိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ပြဿနာကတော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးသင့်ပြီလို့ ကျနော်ကတော့ မြင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတ်ီက တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင် ပြောပြခဲ့တာပါ။

ကချင်ပြည်နယ်ဘက်မှာဆိုရင်လည်း မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲတွေဖြစ်နေတာ အခုဆိုရင် ၁ လကျော်ရှိနေပြီဖြစ်သလို နှစ်ဘက် အပြစ်အခတ် ရပ်ဆဲရေး ညှိနှိုင်းမှုတွေကလည်း မအောင်မမြင်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ပြဿနာတွေကို လက်နက်နဲ့ဖြေရှင်းတာ အားမပေးပေမဲ့ လတ်တလောမှာ အစိုးရဘက်က လိုအပ်ချက်အရလုပ်နေတာ ဖြစ်နေတယ်လို့ သူမြင်တဲ့အကြောင်း ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးက ပြောပါတယ်။

“လက်နက်နဲ့ ပြဿနာဖြေရှင်းမှုကိုတော့ အားမပေးပါဘူး။ တခုတော့ ရှိတာက အခု ပြည်တွင်းမှာဖြစ်နေတဲ့ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာဆိုရင် အစိုးရအနေနဲ့ တချို့နေရာတွေကို စိုးမိုးဖို့လိုတယ်ဆိုတဲ့ သဘောပါတယ်လို့ တွေ့ရတယ်။ ရှမ်းပြည်နယ်မှာလည်း အလားတူပဲ သူတို့ စစ်တိုင်းတခု တိုးချဲ့ဖွဲ့စည်းတဲ့နေရာမှာ သူတို့တိုင်းရဲ့ လိုအပ်ချက်အရ သူတို့လုပ်တယ်လို့ ကျနော် ယူဆပါတယ်။ အဲဒီတော့ ဆိုလိုချင်တာက ရည်ရွယ်ချက် အသေးအမွှားလေးတွေကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ စေ့စပ်ဆွေးနွေးဖို့ ကိစ္စက တော်တော်လေး ကြန့်ကြာမယ့်သဘော ရှိတယ်လေ။ တယောက်နဲ့တယောက် ယုံကြည်မှုတွေ နားလည်မှုတွေ တော်တော်လေး ယူရမယ့်သဘောရှိတယ်။ အဲဒါတွေလည်း အချိန်ပေးရမယ့်သဘော ရှိတဲ့အတွက် လောလောဆယ် လတ်တလောလိုအပ်ချက်အရ လုပ်နေယ်လို့ပဲ ကျနော်တို့ ယူဆပါတယ်။”

ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးရဲ့ အမြင်ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်နေတဲ့ မြန်မာနိုင်ငံအဖို့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းပါမှ အားလုံးတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးဆိုတာ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြည်ထောင်စုသမ္မတ လို့သုံးထားတာကိုး။ ဆိုတော့ ပြည်ထောင်စုဆိုတဲ့ သဘာဝကို လက်ခံရမယ်။ ပြည်ထောင်စုနဲ့ပတ်သက်တဲ့ တပ်မတော်ကလည်း တိုင်းရင်းသားဒေသတွေ အပေါ်မှာ သဘောပေါက်ဖို့လိုတယ်။ တိုင်းရင်းသား ဒေသတွေနဲ့ နှစ်ပေါင်း ၆၀ ကျော် တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကိုလည်း သဘောပေါက်ဖို့လိုတယ်။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်လို့ရတဲ့ဥစ္စာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေကိုဖြေရမယ်။ မငြိမ်းချမ်းတဲ့ဟာတွေ အထူးသဖြင့် နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေ အများဆုံး ခံနေရတာ ကျနော်တို့ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ ပြည်ထောင်စု ဆိုတာနဲ့ လျော်ညီတဲ့ အသုံးအနှုန်းနဲ့ ပီပီသသဖြစ်အောင် တွေ့ဆုံဆွေးနွေးကြပါ။ သွေးထွက်သံယိုဖြစ်အောင် ဖြေရှင်းကြမယ့်အစား ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးပါ။ အပစ်အခတ် ရပ်စဲပါ။ ကိုယ်ချင်းစာနာပါ၊ တိုင်းရင်းသားချင်း ကိုယ်ချင်းစာနာပါလို့ပဲ ပြောချင်ပါတယ်။”

ရခိုင်အမျိုးသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင် ပြောသွားတာပါ။ Geneva Convention လို့ခေါ်တဲ့ နိုင်ငံတကာ စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေသဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ မြန်မာအစိုးရဟာ အခုလို တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ အပြင်းအထန် လုပ်နေတာဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း ဥပဒေရေးရာပညာရှင်တွေက ထောက်ပြဝေဖန်နေကြပါတယ်။






Source from http://www.voanews.com/burmese/news/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....