+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, August 31, 2011

နန့်ဇိုယာဖန်းနှင့် BBCတို့ ဆက်သွယ်မေးမြန်းချက်


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကေအန်ယူ ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင် ဖမ်း​ဆီး​ထိန်း​သိမ်း​ခံရ

ကေအန်ယူ ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်

ဖမ်း​ဆီး​ထိန်း​သိမ်း​ခံရ


August 31, 2011
by နော်နိုရင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​တယ်လို့​ မန်း​ငြိမ်း​မောင်အတွက် ကူညီ​ဆောင်ရွက်​ပေး​သူတဦး​က ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ပြီး​ခဲ့​တဲ့​ ဇူလိုင်လကုန်ပိုင်း​က တရုတ်နိုင်ငံကို နှစ်ပတ်ကြာ သွား​ ​ရောက်ခဲ့​ပြီး​ ကူမင်း​လေ​ကြောင်း​နဲ့​ ထိုင်း​နိုင်ငံကို အပြန်မှာ ဗီဇာမရှိတာ​ကြောင့်​ ထိုင်း​လူဝင်မှုကြီး​ကြပ်​ရေး​က တရုတ်ပြည်ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

တရုတ်ပြည်မှာလည်း​ ဗီဇာမရှိတာ​ကြောင့်​ ဝင်ခွင့်​မ​ပေး​တော့​လို့​ ထိုင်း​နိုင်ငံကို ပြန်လာရာမှာ ထိုင်း​ကလက်မခံပါဘူး​။ မန်း​ငြိမ်း​မောင်ဟာ ဇူလိုင် ၂၁ ရက်က​နေ ဇူလိုင် ၂၃ ရက် ကူမင်း​လေဆိပ်​ရောက်တဲ့​အထိ သုံး​ကြိမ် အပြန်အလှန် အပို့​ခံရပါတယ်။

အဲဒီ​နောက် ၂၄ ရက်​နေ့​မှာ တရုတ်အာဏာပိုင်​တွေက မန်း​ငြိမ်း​မောင်ကို မြန်မာနိုင်ငံ ကို ပို့​လိုက်တာလို့​ ​နောက်ဆုံး​သိရ​ကြောင်း​ သူ့​အတွက် ကူညီ​ဆောင်ရွက်​ပေး​သူက ​ပြောပါ တယ်။

“ဟိုဘက်ပို့​လိုက် ဒီဘက်ပို့​လိုက်နဲ့​ လုပ်ပြီး​တော့​ ​နောက်ဆုံး​မှာ ကူမင်း​က​နေ ရန်ကုန်ကို ပို့​လိုက်တဲ့​သ​ဘောပဲ။”

မန်း​ငြိမ်း​မောင်ကို မြန်မာအာဏာပိုင်​တွေက စစ်​ကြော​နေတယ်လို့​ ထပ်ပြီး​ကြား​သိရ တယ်လို့​လည်း​ ​ပြောပါတယ်။

“ပထမဆုံး​က​တော့​ ‘လဝက’​ပေါ့​။ အဲဒီမှာပဲ ဖမ်း​ပြီး​တော့​ သူ့​ကို​အောင်သ​ပြေ စစ်​ကြော​ရေး​စခန်း​ကို ပို့​တယ်။ အဲဒီက​နေ သူ့​ကိုလွှဲတာ မင်္ဂလာဒုံရဲစခန်း​ကို လွှဲထား​တယ်။ အဲဒီမှာပဲရှိတယ်လို့​ သိရတယ်။”

ရန်ကုန်အပြည်ပြည်ဆိုင်ရာ​လေဆိပ်၊​ စစ်ဘက်​ရေး​ရာတပ်နယ်မှူး​ရုံး​တွေနဲ့​ မင်္ဂလာဒုံ ရဲစခန်း​တို့​ကို ဆက်သွယ်​မေး​မြန်း​ရာမှာ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနကို ​မေး​မြန်း​ပါလို့​ ​ပြောပါ တယ်။ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနကို​တော့​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင် မန်း​ငြိမ်း​မောင်ဟာ ညီညွတ်​သောတိုင်း​ရင်း​ သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု တွဲဖက် အတွင်း​ရေး​မှူး​လည်း​ဖြစ်ပါတယ်။

မန်း​ငြိမ်း​မောင် တရုတ်ပြည်သွား​ရတဲ့​အ​ကြောင်း​ မသိရ​သေး​ပါဘူး​။

ကေအန်ယူကို မ​ရောက်ရှိခင် လွန်ခဲ့​တဲ့​ နှစ် ၅၀ မှာ မန်း​ငြိမ်း​မောင်ဟာ ကိုကိုး​ကျွန်း​ မှာ အကျဉ်း​ကျဖူး​ပြီး​ အကျဉ်း​သား​နှစ်ဦး​နဲ့​အတူ ပင်လယ်ဖြတ်ပြီး​ ထွက်​ပြေး​လွတ်​မြောက် လာပြီး​နောက် ပြန်အဖမ်း​ခံရဖူး​ပါတယ်။

Source from http://burmese.dvb.no/archives/14973

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ့ဆေးမြီးတို

ဆေးဘက်ဝင် ကြိတ်မှန်ပင်
Photo from http://www.google.com/images

မြန်မာ့ဆေးမြီးတို

တနင်္ဂနွေ, 21 သြဂုတ် 2011
By Su Myat Mon

မြန်မာဆေးမြီးတိုတွေအကြောင်းနဲ့ ဆေးဖက်ဝင်အပင်တွေအကြောင်းကိုရေးပြနေတဲ့ ဘလော့တခုကို ဒီတပတ် ဘလော့ဂါတွေပြောသမျှမှာ မစုမြတ်မွန်က ကိုသားညွန့်ဦးနဲ့အတူ ပြောပြပါမယ်။
ဆေးဘက်ဝင် ဒူးရင်းသြဇာ
Photo from http://www.google.com/images

ဆေးဘက်ဝင်တဲ့ ကွမ်းရွက်
Photo from http://www.google.com/images

ဆေးဘက်ဝင် မီးကွင်းဂမုန်း
Photo from http://www.google.com/images





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-128527808.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 30, 2011

KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

Source Photo from http://www.google.com/images

KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

By ဗွီအိုအေ (မြန်မာဌာန)
အင်္ဂါ, 30 သြဂုတ် 2011

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။

တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ်အာဏာပိုင်က လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သီးခြား အတည်ပြု ပြောဆိုချက်တော့ မရသေးပါဘူး။

သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေကြား စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

မန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ KNU ကိုယ်စား ဦးဆောင် လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ အဓိက ထိုင်း၊ မြန်မာ နယ်စပ်မှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

မန်းငြိမ်းမောင်ဟာ ၁၉၆၀ ၀န်းကျင် တ၀ိုက်မှာ ကရင်လူငယ် လှုပ်ရှားမှုနဲ့ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပြီး မြန်မာပြည်မနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ ကိုကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းကနေ တခြား နိုင်ငံရေး အကျဉ်းသား ၂ ဦးနဲ့အတူ ပင်လယ်ကိုဖြတ်ပြီး ပြည်မဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ပြည်မအရောက်မှာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

သူ့ရဲ့ ကျွန်းအတွေ့အကြုံနဲ့ တခြားနိုင်ငံရောက် အတွေ့အကြုံတွေကို ရဲဘော်ရှောင်းဆိုတဲ့ ကလောင်နဲ့ ပြည်ပ အတိုက်အခံ စာစောင် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့ ၀တ္ထုဟာ မန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်း အတွေ့အကြုံကို မှီးရေးခဲ့တာလို့လည်း စာရေးသူ ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။

မန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဆိုတာနဲ့ ပတ်သက်လို့တော့ မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုချက် မရသေးပါဘူး။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/mann-nyein-maung-arrested-128717873.html

အင်္ဂါ, 30 သြဂုတ် 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ

By မအေးအေးမာ

ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။

“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။

“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။

“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။

“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”

ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/mann-nyein-maung-arrested-128717873.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တောင်ကိုရီးယားတွင် ရေအတက်အကျမှ လျှပ်စစ်ဓါတ် ထုတ်ယူမှု စတင်

တောင်ကိုရီးယားတွင် ရေအတက်အကျမှ

လျှပ်စစ်ဓါတ် ထုတ်ယူမှု စတင်

30 Aug, 2011

ပင်လယ်ရေကို အသုံးပြုပြီး လျှပ်စစ်ဓါတ် ထုတ်ယူသည့် စက်ရုံများထဲတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးသော စက်ရုံတစ်ရုံ အဖြစ် တောင်ကိုရီး ယား နိုင်ငံမှ စက်ရုံတစ်ခုမှာ လျှပ်စစ်ဓါတ် စတင် ထုတ်ပေးရန် လည်ပတ်လိုက်ပြီ ဖြစ်သည်ဟု သိရသည်။ အဆိုပါ စက်ရုံမှာ ပင်လယ်လှိုင်း မှ ကွဲပြားသည့် လှိုင်းအတက်အကျကို အသုံးပြုပြီး လျှပ်စစ်ဓါတ် ထုတ်ယူမည် ဖြစ်ကာ ယခု စနစ်မှာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု လိုအပ်မည် မဟုတ်သဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ရှိမည် မဟုတ်ကြောင်းလည်း သိရသည်။


အဆိုပါ စက်ရုံမှာ ပင်လယ်ဝါကို မျက်နှာပြုနေသည့် Shiwa ကန်တွင် တည်ရှိပြီး နိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိခြင်း ဖြစ်သည်။အဆိုပါ စက်ရုံတွင် လျှပ်စစ်ဓါတ် ထုတ် ဒိုင်နမို ၁၀ လုံးကို ပင်လယ် နှင့် ကန်ဆက်နေသည့် ကမ်းစပ်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် တနင်္လာနေ့က ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားတွင် သမ္မတ လီမြောင်ဘတ်မှ သဘာဝ စွမ်းအင်နှင့် ပတ်သက်သည့် ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ စက်ရုံမှ အမြင့်ဆုံး ထုတ်လုပ်နိုင်မှုမှာ ကီလိုဝပ် နှစ်သိန်း ခွဲ ဖြစ်ပြီး ပြင်သစ် နိုင်ငံ ရှိ Rance ဒီရေ စွမ်းအားသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် ညီမျှသည့် ပမာဏလည်း ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံမှာ ယခုလို စက်ရုံမျိုး လေးခုအထိ ဆက်လက် တည်ဆောက်ရန် လျှာထားကြောင်း သိရသည်။သို့ရာတွင် အချို့သော ဒေသခံ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့များမှာ ယင်းအစီ အစဉ်ကို ဆန့်ကျင်နေကြပြီး ပင်လယ်ရေ စီးဆင်းမှု ဂေဟစနစ်ကို ထိခိုက်စေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။


source : NHK news

Copy from http://www.mrtv4.net.mm/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နန့်ဇိုယာဖန်းနှင့်RFA တို့ ဆက်သွယ်မေးမြန်းချက်



လာရောက်အားပေးကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 28, 2011

အမေ့ခံပုံရိပ်များ



မဟာဗမာစစ်အစိုးရတပ်ရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့စေတနာ ဆိုတာ အဲဒါပဲ။
ဗမာစစ်တပ်ထဲမှာ တိုင်းရင်းသားတွေလည်းပါတဲ့အတွက် ဗမာစစ်တပ်လို့ခေါ်တာ နည်းနည်းလေးမျှ သဘာဝမကျဘူးဆိုတဲ့
အပြောမျိုး ပြောသံကြားလိုက်တော့ အံမယ် ဟုတ်သားပဲဗျ။

သူ့နိုင်ငံနဲ့သူ့စစ်တပ်ဆိုတာရှိတယ်လေဗျာ။ သက်ဆိုင်ရာတိုင်းပြည်အသီးသီးက စစ်တပ်တွေနဲ့ပေါင်းထားတာကိုတော့
နိုင်ငံတကာစစ်တပ်ကို ယူအင်တပ်လို့ခေါ်တယ်ဆိုတော့ ဗမာနိုင်ငံက စစ်တပ်ကို ဘယ်လိုခေါ်လျင်ကောင်းမလဲမသိ။

KNLA, KIA, SSA, စတဲ့စစ်တပ်ကိုတော့ ကျုပ်တို့က ကရင်တပ် ကချင်တပ် ရှမ်းတပ် အဲဒီလိုပဲခေါ်တယ်။
ဟိုးအရင့်အရင်တုန်းက ကရင်သေနတ်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း ဆိုတာရှိခဲ့ပါလျက်ကယ်နဲ့ ဖျက်ပစ်လိုက်တဲ့အတွက် အခုလက်ရှိ စစ်အစိုးရရဲ့တပ်မှာ တိုင်းရင်းသားလူမျိုးတွေ ဘယ်လောက်ပဲရှိနေပါစေ
ဗမာစစ်တပ်မှ ဗမာစစ်တပ်ပါပဲ။

တိုင်းရင်းသားတွေရဲ့ ဘ၀တွေကို ဖျက်ဆီးပစ်ခဲ့ ဖျက်ဆီးပစ်နေဆဲ ရှေ့လျှောက် ဆက်လက်ဖျက်ဆီးနေဦးမယ့် ဒီလိုစစ်တပ်ကို မဟာဗမာစစ်တပ်လို့သာခေါ်ရမှာ ဖြစ်ပါတယ်။
ဗမာစစ်အစိုးရအုပ်ချုပ်နေသရွေ့ ဒီမိုကရေစီတည်ဆောက်ရေးနဲ့လူ့အခွင့်အရေးတွေ ချိုးဖေါက်နေသေးသရွေ့ မဟာဗမာစစ်အစိုးရတပ် လို့သာ ခေါ်သွားမှာဖြစ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 27, 2011

ဒူးမထောက်နဲ့ လက်ပိုက်မနေနဲ့



ထဲုလင်ခင်းဃှေဝ် ပေ၀်သေ၀်စူးဃှေဝ်
(ဒူးမထောက်နဲ့ လက်ပိုက်မနေနဲ့)

သဲုးအေယွာ ယွာဍးဝေ့ ဍုဂ်လင်မေံထီ့ဃှေဝ်
(သွေးချောင်းစီးလျင် စီးပါစေ မျက်ရည်မကျစေနဲ့)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 26, 2011

ဟာရီကိန်း Irene ကြောင့် ပျက်စီးမှု ၁၃.၉ ဘီလီယံအထိ ရောက်နိုင်

နယူးယောက် မြို့တော်ဝန်Michael Bloomberg
Source Photo from http://www.google.com/images

ဟာရီကိန်း Irene ကြောင့်

ပျက်စီးမှု ၁၃.၉ ဘီလီယံအထိ ရောက်နိုင်ဟု

US ခန့်မှန်း

26 Aug, 2011

ပုံမှန် လမ်းကြောင်းအတိုင်း တိုက်ခတ်ပါက အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေတွင် ကျရောက်တော့မည့် ဟာရီကိန်း မုန်တိုင်း Irene ကြောင့် ပျက်စီးဆုံးရှုံးနိုင်သည့် တန်ဖိုးမှာ ဒေါ်လာ ၁၃.၉ ဘီလီယံ အထိ ရောက်ရှိနိုင်ကြောင်း ကျွမ်းကျင်သူများမှ ဗုဒ္ဓဟူးနေ့က ခန့်မှန်း ထားကြသည်။၎င်းတို့၏ အပြောအရ Irerne မှာ လွန်ခဲ့သော ၁၉၈၅ ခုနှစ်က ဖြစ်ပွားခဲ့ဖူးသည့် ဟာရီကိန်း Gloria ကဲ့သို့ပင် ဖြစ်ပြီး ထိုစဉ်က လူပေါင်း ၁၁ဦး သေဆုံးခဲ့ရကာ ဒေါ်လာ သန်း ၉၀၀ အထိ ဆုံးရှုံးခဲ့ရသည်။
မုန်တိုင်းကြား သက်စွန့်ဆံဖျား တိုက်ရိုက်သတင်းပေးပို့နေသည့် သတင်းထောက်တဦး
Source Photo trom http://www.youtube.com/watch

ယခု မုန်တိုင်းမှာ အမေရိကန် ပြည်ထောင်စု မိန်းပြည်နယ်မှ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် အထိ ရောက်ရှိနိုင်ပြီး လူပေါင်း ၆၅ သန်းကို ထိခိုက်နိုင်ကာ အမေရိကန်နိုင်ငံ၏ စီးပွားရေးကို နာရီပေါင်းများစွာ ထိခိုက်စေမည် ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပြတ်တောက်မှုများ အပါအဝင် စုစုပေါင်း ဒေါ်လာ သန်း၂ သောင်းခန့် ကုန်ကျဖွယ် ရှိနေကြောင်း ခန့်မှန်းထားကြသည်။

မုန်တိုင်းဖြစ်ပေါ်နေပုံကို စိတ်တိုင်းကျ မှတ်တမ်းယူနေသည့် အပျော်တမ်း ဗွီဒီအိုသမားတဦး
Source Photo trom http://www.youtube.com/watch

(မြန်မာနိုင်ငံကို မတရားအုပ်ချုပ်နေတဲ့ ဗမာစစ်အစိုးရသာဆိုလျင် ဒီလိုသွားလုပ်မိလိုက်လို့ကတော့ ထောင်ဒါဏ်တွေ
နှစ်ပေါင်းထောင်နဲ့သောင်းနဲ့ ချီပြီးအချခံရမယ်မှတ်တယ်)

နယူးယောက်မြို့ရှိ မြို့တော်ဝန် Michael Bloomberg မှ ပြောရာ၌ မြို့နေလူထုများ အနေဖြင့် နေအိမ်များမှ ရွေ့ပြောင်း နေသင့်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။အလားတူပင် နယူးဂျာစီ ပြည်နယ် အုပ်ချုပ်ရေးမှုးမှာလည်း ပြည်နယ် အတွင်းတွင် အရေးပေါ် အခြေအနေ ကြေငြာခဲ့ရကြောင်းလည်း သိရသည်။


source : Bloomberg news
http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 25, 2011

နေပူထဲကဆုတောင်း

ကျုပ်အဖေနဲ့ ကျုပ်အမေတို့ရဲ့ပုံပါ
၂၇၅၀ ၀ါခေါင်လပြည့်နေ့ ခြည်ဖြူဖွဲ့ပွဲတုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်

“နေပူထဲကဆုတောင်း”

သူ့အရိပ်မှာ.....ခိုဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


သူ့အသီးညှာ.....ဆွတ်ဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


သူ့အပွင့်လွှာ.....ဆင်ဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


တစ်ပွင့်တစ်လွှာ.....သူ့သီးညှာလျှင်

ဆွတ်ကာစားသုံး.....ပျော်မဆုံးပင်

သူ့ရင်ခွင်၌.....ကြည်ရွှင်ပျော်မြူး

နေခဲ့ဘူးလည်း.....ကျေးဇှူးကြီးမား

သူ့စွမ်းအားလျှင်.....ဟိုယခင်က

ဆင်ခြင်စဉ်းစား.....မှတ်မထားပဲ

ခံစားချက်မဲ့.....နေလာခဲ့လျှက်

ချင့်တွက်သိဘူး.....သူ့ကျေးဇူးကို

ရှိဘူးခဲ့သည်.....ဆပ်ရမည်ဟု

မည်သူကမှ.....မတွေးကြချေ

မေ့ခဲ့လေထင့်....................။


သို့နှင့်သို့နှင့်.....ချိန်ခါလင့်၍

နိမ့်မြင့်ပြေကြမ်း.....ဘဝလမ်းဝယ်

လျှောက်လှမ်းလာဆဲ.....နေပူထဲ၌

ခက်ခဲပင်ပန်း.....ခရီးကြမ်းနှင့်

စခန်းဘယ်မှာ.....လမ်းဘယ်မှာဟု

နေရာမသိ.....ကြုံတွေ့ဘိ၍

အပူထိမှ.....သတိရသည်

အသိလေဝင်.....မှတ်မထင်ခင်

ကျေးဇူးရှင်အား.....ပြန်စဉ်းစားခိုက်

ခံစားလိုက်မိ.....ထိုအသိက

သတိလဲနှောင်း.....ချိန်လဲနှောင်းပေါ့

ဆုတောင်းမှု့သာ.....ပြုနိုင်ရာ၏။


သြော်...ဟိုယခင်က

ခိုဝင်နေနား.....ဒို့ပျော်ပါးသည့်

ကြီးမားဝေလွင်.....သည်အပင်ကား

ပင်စည်ရိုးပြိုင်း.....ခါးလျားကိုင်းလျှက်

ရွက်ပြိုင်းပြိုင်းကြွေ.....မုန်တိုင်းမွှေလို့

မြေဝယ်မခ...ပါနှင့်အုံး... ။

ကဗျာရေးတဲ့ ကလောင်ရှင်ကို ဖေါ်ပြ ထားတာမတွေ့ရပါဘူး


Credit http://wikimyanmar.co.cc

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သဲုးအဲအှ်ကုံ (အေစီ)



ဆ်ုဟှင်မိုင့် မွဲါအ်ုဟှေဝ် ဆ်ုဟှင်သီ့(ဓါတ်ဟှင်)သီးမွဲါအ်ုဟှေဝ် မွဲါယ်ုဏင့်ဆါၟဆ်ုဖါ်ဆ်ုမာလ်ုမွဲါဆေ၀်ၟ္ဘး။
လာၟဏင့်္ဘိုဝ်သီး ထါခေါဟ်အ်ုခ၀့်ပ်ုယ၀့် ဟှေဝ်္ဘးသီးလ်ုကါဍါ်္ဘးယ်ုသာဖိုင်ထိုဝ် လင်ဆိက်လင်မိင့်္ဘးယ်ု အ်ုခေါဟ်စံင်
ယ်ုအင်းတါင်္ဘးဆေ၀်ၟလှ်။

စင်ၟ္ဘိုဝ် အဲဆ်ုဃှီ့ဆ်ုလာဆါၟဍေတႜာပညာဆါၟသီးကိုဝ်ၟဟှာဍေဆါ် ယ်ုအင်းမာဏေ၀်ၟဏ်ုသီးစူးလင်ၟခင်းခေါဟ် အ်ုရၜအ်ုသာ့
အ်ုသေါဟ်အ်ုယါင် အ်ုအဲုးအ်ုဆိုင့်ဆေ၀်ၟ္ဘှ်။

အဲုးသာဆိုင်ၟပႜယ်တ၀်္ဘးလာၟယု ယ်ုအင်းယါ့ပ္တိင့်္ဘး ဏ်ုသီးကိုဝ်ၟဟှာဍေဆေ၀်ၟလှ်ဆါ်။

အှ်ဆံင်းလာၟဆါ်။
စ၀်ထေါဟ်တွါ်
(ကႜဳံပိုင္ၟ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပထမနေ့သတင်းထောက် ၃၂ ဦးသတင်းယူ စတုတ္ထနေ့၃ ခုသာ ကျန်ရှိ

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
ဒုတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်

ပထမနေ့ သတင်းထောက် ၃၂ ဦးသတင်းယူ

စတုတ္ထနေ့ ၃ ခုသာ ကျန်ရှိ

By Eleven Media Group
Thursday, 25 August 2011


ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၃၂ ဦး တက်ရောက်သတင်းရယူခဲ့သော်လည်း စတုတ္ထနေ့(၂၅-၈-၂၀၁၁)ရက်တွင် သတင်းမီဒီယာ ၃ ခုသာ ကျန်ရှိပြီး တက်ရောက်သတင်းရယူခဲ့သည်ကို တွေ့ရသည်။

အဆိုပါ သတင်းမီဒီယာများမှာ Eleven Media Group ၊ မြန်မာတိုင်းမ်နှင့် Envoy ဂျာနယ်တို့မှ သတင်းထောက်များဖြစ်ကြသည်။

"ပြည်တွင်း ပြည်ပသတင်းထောက်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်သတင်းရယူခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံးနေ့မှာ သတင်းမီဒီယာတွေစုံစုံညီညီလာရောက် သတင်းရယူကြပါတယ်။ ဒုတိယနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လာရောက်တဲ့အတွက် သတင်းထောက်အချို့ ရန်ကုန်ပြန်သွားပေမယ့်လည်း အတော်များများ ကျန်ရှိသတင်းရယူတာကို တွေ့ရပါတယ်။ဒါပေမယ့်လို့ တတိယနေ့နဲ့ စတုတ္ထနေ့မှာတော့ လွှတ်တော်ပုံမှန် အစည်းအဝေးဖြစ်တဲ့အတွက် ဘာမှမထူးနိုင်ဘူးဆိုပြီး အများစု ပြန်သွားကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်း ဆွေးနွေးတာများရှိခဲ့လို့ရှိရင် ရန်ကုန်ကနေ လာရောက်သတင်းရယူမယ်လို့ သတင်းထောက်တချို့က ပြောကြားပါတယ်" ဟု လွှတ်တော်ပုံမှန် အစည်းအဝေးများသို့ နေ့စဉ်တက်ရောက် သတင်းရယူလျက်ရှိသည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်တွင် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ သတင်းထောက် ၉၀ ကျော် တက်ရောက်သတင်းရယူခဲ့သည်။
၎င်းတို့မှာ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ အသင်းဝင်သတင်းထောက်များ၊ နိုင်ငံပိုင်မီဒီယာများမှ သတင်းထောက်များ၊ ရုပ်သံလိုင်းများမှ သတင်းထောက်များ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့ပေ။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, August 24, 2011

မြန်မာစစ်အစိုးရ အပြောင်းတွေအလွဲတွေ လုပ်ပါတယ်

မြန်မာစစ်အစိုးရ အပြောင်းတွေအလွဲတွေ လုပ်ပါတယ်

(မင်းစိုးစံ)

အပြောင်းအလွဲဆိုတာကို ကျုပ်နားလည်သလိုပဲရေးမယ်ဗျာ။ ပြောင်းသွားတာလွဲသွားတာကို အပြောင်းအလွဲလို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီတော့ မြန်မာစစ်အစိုးရ အဆက်ဆက်ဟာ အပြောင်းတွေ အလွဲတွေလုပ်ခဲ့ကြတာအမှန်ပါ။

ဒါကြောင့်လည်း ကျုပ်တို့မြန်မာပြည်ထဲကနေ အ၀တ်တထည်ကိုယ်တခုနဲ့ သူများနိုင်ငံမှာ ထမင်းစားဘို့အလုပ် ထွက်လုပ်ရပါတယ်။ ကျန်ရစ်ခဲ့တဲ့ကိုယ့်မိသားစု ထမင်းစားနိုင်အောင် ငွေပို့ပေးခြင်းအားဖြင့်လည်း နိုင်ငံတော်
အစိုးရအတွက် အထူးအဆင်ပြေစေပါတယ်။(ငိုစား ရယ်(ရီ)စား ခြောက်စား လှန့်စား)

ကိုယ့်နိုင်ငံမှာ ထမင်းတလုတ်စားရဘို့အတွက် မသေခြာတဲ့အနေအထားမျိုးရောက်အောင် အပြောင်းအလွဲလုပ်
ပေးနိုင်တဲ့ ဗမာစစ်အစိုးရပါ။ တရက်ကို ညမနက်ထမင်းနှစ်နပ်စားနေတဲ့အနေအထားကနေ ထမင်းတနပ်ပဲစား နိုင်အောင် လေ့ကျင့်ပေးပါတယ်။ ကမ္ဘာပေါ်မှာ အ၀လွန်တဲ့ရောဂါဖြစ်နေတာမို့ ဗမာပြည်မှာ အ၀လွန်တဲ့လူတွေ မရှိရအောင် စနစ်တကျဆောင်ရွက်နေတာပါ အထင်မမှားကြပါနဲ့။(သူတို့ဗိုက်တွေစူထွက်နေ
တာကိုတော့ တမျိုး မမြင်လိုက်ကြပါနဲ့ တရုတ်ထီးတွေအတွက် အငှားကိုယ်ဝန်ဆောင်နေကြတာပါ)

ဗမာစစ်အစိုးရ မရှိခင်တုန်းကဆိုလျင် ကျုပ်တို့နေတဲ့ဒေသကို အခု ထိုင်းလို့ခေါ်တဲ့ ယိုးဒယားလူမျိုးတွေ လာပြီး အလုပ်လုပ်ကြရတာပါ၊ ကျုပ်တို့ဒေသဆိုလို့ ခင်ဗျားတို့က နယ်စပ်ကရွာတွေဖြစ်တဲ့ ဝှေ့ဆန်း သင်ကန်းညီနောင် လောက်ပဲမထင်နဲ့နော်၊ ကျုံဒိုး၊ ကျုံဒိုးချောင်းဖျား၊ ကျုံပိုင်း၊ နောင်ဟင်၊ ဒေါ်လန်း၊ အဲဒီအထိကိုလာပြီးအလုပ်လုပ် ကြတာ အဲဒါဘယ်လိုလုပ်သိသလဲဆိုတော့ ကျုပ်နဲ့ဆွေမကင်းမျိုးမကင်းတဲ့သူတွေ အဲဒီယိုးဒယားသူ ယိုးဒယား သားတွေနဲ့ အိမ်ထောင်ကျနေတာရှိတဲ့အပြင်၊ နောင်ဟင်ရွာဆိုလျင် ယိုးဒယားသားတွေတည်ခဲ့တဲ့ရွာလို့ ကျုပ် သူငယ်ချင်းကပြောဘူးတယ်၊ သူ့အဘိုးအဘွားတွေက ယိုးဒယားကနေအလုပ်လာလုပ်ရင်း အခြေခဲ့တာတဲ့။

ထိုင်းတွေလာပြီးလုပ်ကိုင်စားသောက်ခဲ့ကြတုန်းက ကျုပ်တို့ ထိုင်းမှာနေထိုင်လုပ်ကိုင်စားသောက်နေရသလို ခွဲခြားဆက်ဆံတာတို့ အနိုင်ကျင့်စော်ကားတာတို့ မရှိဘူးဗျ၊ တန်းတူရည်တူပဲ။ စစ်အစိုးရက ကိုယ့်ပြည်သူတွေ ကို အကြောက်တရားနဲ့ အုပ်ချုပ်နေတာဆိုတော့ အဲဒါကို အထာညက်တဲ့ထိုင်းက ဖါးမါးဆိုတာနဲ့ သူတို့အိမ်မှာ မွေးထားတဲ့ခွေးလောက်တောင် တန်ဘိုးမထားပဲ ဗမာပြည်သားအားလုံးကို အချဉ်လို့ပဲမှတ်ထားတာ။

အခုတော့ အစိုးရသစ်ဆိုလားဘာလား နိုင်ငံတကာကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြတဲ့ သူတွေပြစ်မှု တစုံတရာကျူးလွန်ထားခြင်းမရှိဘူးဆိုလျင် ပြန်လာနိုင်တယ်ဆိုပဲ။ (မြေခွေးစေတနာမျိုး) ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓါတ်ပုံကိုချိတ်ပြီး ဓါတ်ပုံရိုက်ပြတာလေးတခုတည်းနဲ့ ဘယ်လိုလူကမျှယုံမှာမဟုတ်ဘူးဆို တာသိပေမယ့် အခြားလိမ်ညာဘို့လမ်းက မရှိတော့ဘူးလေ။ (ဒါက ကျုပ်အမြင်ပါ)

စစ်အစိုးရခမျာကတော့ နှစ်အများကြီးလိမ်လာတာ အကျင့်ပါသွားတာမျိုးဖြစ်သွားတာဖြစ်နိုင်သလို ဒါမျှမဟုတ် တသက်လုံး ကောင်းရောင်းကောင်းဝယ်မလုပ်စားခဲ့ကြလေတော့ ဒီလိုလိမ်ညာနေရတာကိုက ထုံးစံလိုဖြစ်သွား ကြတာလဲ ဖြစ်နိုင်ပါတယ်။

အပြောင်းအလွဲလုပ်ခဲ့ကြသလို လုပ်နေပါတယ် ဆက်ပြီးလည်းလုပ်ကြမှာပါ မယုံမရှိပါနဲ့၊ ဘာကြောင့်လဲဆိုတော့ သူရ ဦးရွှေမန်းကပြောပါတယ် မီဒီယာတွေရဲ့ အသံကိုနာခံမယ်ဆိုလား၊ (နာခံမှာပါ သူတို့လက်သတ်မွေးထားတဲ့ မီဒီယာတွေရဲ့အသံ)

သူတို့ဘာကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တခုလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ဆိုးရွားတဲ့အပြောင်းအ လွဲတွေ လုပ်နေတယ်ကြတယ်လို့ ထင်ပါသလဲ။ ကောင်းကျိုးဖြစ်ထွန်းအောင်မလုပ်တတ်တော့လောက်အောင် မှားကုန်လို့ ဒါမျှမဟုတ် ပြောင်းလွဲသွားတာနဲ့ ပြောင်းပြီးလဲသွားမှာကိုသေမလောက်ကြောက်နေကြလို့ အဲဒီနှစ်ခု ထဲက တခုမုကြောင့် ဒါမျှမဟုတ်နှစ်ခုစလုံးကြောင့် ဒါမျှမဟုတ် ဒီထက်ပိုတဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရှည်ကြာလှတဲ့ အကျင့်ပျက်ခြစားမှုကြောင့် အပြောင်းအလွဲလုပ်လိုက်တာနဲ့ သူတို့အချင်းချင်းကြား တုတ်(ဒုတ်) တပြက် ဓါးတပြက်ဖြစ်လာပြီး အားလုံးလဲပြိုသွားမှာကိုဆိုလိုတာပါ။ ကိုယ်ရတဲ့အထုပ်လေး ကိုယ်ပိုက်ပြီး တိုးတိုး တိတ်တိတ်ထွက်သွားလို့ အဆင်မပြေနိုင်တော့ပါဘူး။ သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရလုပ်မယ်ဆိုယုံနဲ့ ရွှေဈေးက တက်နေပြီမဟုတ်လား။ (ကမ္ဘာ့ရွှေဈေးနဲ့အပြိုင်)

ဒါကြောင့်လည်း သမ္မတအကြံပေးအဖွဲ့က အစိုးရသစ်လက်ထက်မှာ ပြောင်းလွဲဘို့ အချိန်ယူရမယ် အချိန်ယူရ မယ်လို့ ပြောနေရှာတာပေါ့။(အနည်းဆုံးနောက်ထပ်နှစ် ၅၀ကျော်) ဖဆပလ မဆလ န၀တ ခေတ်ကို ကောင်း ကောင်းမမှီလိုက်တဲ့ နောက်ပေါက်လေးတွေကတော့ ဒါကိုတကယ့်အပြောင်းအလွဲလုပ်နေပြီလို့ထင်ကောင်းထင် နိုင်ကြပေမယ့်၊ ခေတ်အဆက်ဆက်ကိုမှီလိုက်ကြတဲ့လူတွေကဖြင့် ဒီအစိုးရရဲ့ဖြစ်ပျက်နေပုံကိုကြည့်ပြီး ဗမာပြည် သူလူထုကိုသာမက ကမ္ဘာကိုပါ မခန့်လေးစားလုပ်ပြနေတယ်ဆိုတာကို သိနေမှာကတော့ အသေအခြာပါပဲ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်

နောင်လာမည့်နှစ်ငါးဆယ်ကျော်ကြာမြင့်သည်အထိ

နအဖ စစ်အစိုးရအုပ်ချုပ်နိုင်လိမ့်မည်ဟု


ဆိုလို ခြင်းမဟုတ်ပဲ အချိန်ယူရမည်ဟု ဆိုနေကြသည့်အသံကို

ပြုပြင်ပြောင်းလွဲရေးသမားများကြား

နားမယောင်မိစေရန်ဖြစ်ပါသည်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 23, 2011

မီဒီယာရဲ့ အသံ အစိုးရသစ် နာခံမည်


မီဒီယာရဲ့ အသံ အစိုးရသစ် နာခံမည် ဟုဆို
2011-08-22

မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အဖွင့် မိန့် ခွန်းမှာ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သတင်း မီဒီယာတွေရဲ့ ဝေဖန် အကြံပြုချက်တွေကို လက်ခံသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းရဲ့ ပြောဆိုချက် အပေါ် ပြည်ပ အခြေစိုက် မြန်မာ့ သတင်းသမဂ္ဂ (BMA) က ကြိုဆိုလိုက်ပါတယ်။

မြန်မာ့သတင်း သမဂ္ဂရဲ့ ဥက္ကဌ ဖြစ်သူ ဦးမောင်မောင်မြင့်က သတင်း မီဒီယာတွေရဲ့ လွတ်လပ်မှုကို အစိုးရက အသိအမှတ် ပြုလာတာဟာ ကောင်းမွန်တဲ့အချက် ဖြစ်ကြောင်း၊ မီဒီယာကို ရန်သူလိုမျိုး သဘောမထားသင့်ကြောင်း၊ ရန်သူလို သဘောထားခဲ့တဲ့ အတွက် မီဒီယာ သမားတွေရဲ့ စေတနာဟာ အရာမထင် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။

ဒါ့အပြင် မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လက်တွေ့ အကောင်အထည် ဖေါ်ဖို့  လိုအပ်ကြောင်းလည်း ဦးမောင်မောင်မြင့်က ပြောဆိုပါတယ်။

ပြည်တွင်း မီဒီယာတွေမှာ ခါတိုင်းထက်စာရင် ပိုပြီး ဖေါ်ပြရေးသားလို့ ရလာပြီလို့ ဆိုနိုင်ပေမဲ့၊ စာပေ စိစစ်ရေးရုံးနဲ့ ဆင်ဆာ ဖြတ်တောက်တာတွေတော့ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းလောက က ပြောဆိုပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
ကဲ မြန်မာစစ်အစိုးရသစ်ကတော့ မီဒီယာရဲ့ အသံကိုနာခံမယ်ဆိုပဲ ဒါဆိုလျင် ဘယ်လိုမီဒီယာမျိုးကို နာခံမှာလဲ
ဆိုတာကိုတော့ လန်ဒန်က၈၈မျိုးဆက်သစ်ကျောင်းသားအဖွဲ့က စမ်းသပ်လိုက်ပါပြီ။
အသံဖိုင်လေးနားဆင်တော်မူကြပါ။
ဒေါက်တာဇာဏီပြောတဲ့ ငွေရှိတယ် လက်နက်ရှိတယ် လူရာမ၀င်တဲ့ မြန်မာစစ်အစိုးရ။
ဒေါက်တာတီမိုသီပြောတဲ့ အာဏာရှိဘို့၊ အာဏာမြဲဘို့၊ လူတွေကို လိမ်မယ် ညာမယ် သတ်မယ် ဆိုတာကိုလောက်ပဲ
ခေါင်းထဲထည့်ထားတဲ့စစ်အစိုးရကိုတော့ ကျုပ်ကြေးစည်လေးထုပေးလိုက်ပါတယ်။
မထင်.......မထင်.....မထင်....မ...ထင်။



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆရာဝန်ပေမယ့် သေနတ်ပစ်ကျင့်တာ မကြာပါဘူးတဲ့



ဘီဘီစီမြန်မာပိုင်းဌာနက သတင်းတပုဒ်ပါ။
မြန်မာအစိုးရ မျက်ခုံးလှုပ်စေတဲ့ (ကုလားထိုင်နှဲ့စေတဲ့)သတင်းတိုလေးလို့ ထင်ပါတယ်။
နောက်တခုက သူရ ရွှေမန်းကပြောတယ် မီဒီယာတွေရဲ့ အသံကိုနားထောင်နေပါတယ်တဲ့။
စောင့်ကြည့်ဘို့လိုမလားတော့မသိဘူး။
ဦးသိန်းစိန်ကတော့သမ္မတ သက်တမ်း ၅လအတွင်း ထိပ်တော်တော်ပြောင်သွားတာ
သတိထားမိကြမှာပါနော်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, August 22, 2011

IMF အကြီးအကဲဟောင်းအပေါ် စွဲဆိုတဲ့ လိင်စော်ကားမှုကို ပလပ်

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲဟောင်း Dominique Strauss-Kahn
Source Photo from http://www.zimbio.com

IMF အကြီးအကဲဟောင်းအပေါ် စွဲဆိုတဲ့

လိင်စော်ကားမှုကို ပလပ်

တနင်္လာ, 22 သြဂုတ် 2011
By ဗွီအိုအေ (မြန်မာဌာန)

နယူးယောက်မြို့ ဟိုတယ်က အမျိုးသမီး ၀န်ထမ်းတဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မေလမှာ ဖမ်းဆီးခံခဲ့ရတဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲဟောင်း ဒိုမိနစ် စထရော့စ်ခန်း (Dominique Strauss-Kahn) အပေါ် တင်ထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ အမှုလိုက် အရာရှိတွေက တရားသူကြီးထံ လျှောက်ထားလိုက်ပါတယ်။
တရားခွင်မြင်ကွင်း
Source Photo from http://www.zimbio.com

အဲဒီ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ အမှုလိုက် အရာရှိတွေက နယူးယောက်မြို့ မန်ဟက်တန် (Manhattan) တရားရုံးကို လျှောက်ထားလိုက်တာပါ။ အဲဒီ လျှောက်ထားချက်ကို စထရော့စ်ခန်း ကိုယ်တိုင်တက်မယ့် အင်္ဂါနေ့ ရုံးချိန်းအတွင်း တရားသူကြီးက ကြားနာမယ်လို့ ဆိုပါတယ်။ သူ့ကို ခဏ ဖမ်းဆီးထားရာက ပြန်လွတ်လာပြီးနောက် စထရော့စ်ခန်းဟာ အာမခံနဲ့ အပြင်မှာပဲ နေနေခဲ့တာပါ။
ဟိုတယ် အမျိုးသမီးဝန်ထမ်း Nafissatou Diallo
Source Photo from http://www.google.com/images

စထရော့စ်ခန်းရဲ့ မတရားပြုကျင့်ခြင်း ခံခဲ့ရတယ်ဆိုတဲ့ တရားလို နာဖစ်ဆာတူ ဒီယာလို (Nafissatou Diallo) ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာဘဲ အဲဒီအမှု ရုပ်သိမ်းပေးဖို့ လျှောက်ထားချက်ကို အမှုလိုက် အရာရှိတွေက မန်ဟက်တိုင်ခရိုင် တရားရုံးမှာ တင်သွင်းလိုက်ကြတာပါ။
Sofitel ဟိုတယ်
Source Photo from http://www.google.com/images

စထရော့စ်ခန်းနေတဲ့ ဆိုဖီတဲလ် (Sofitel) ဟိုတယ် အခန်းကို သန့်ရှင်းရေးလုပ်ဖို့ မေလ ၁၄ ရက်နေ့က သွားခဲ့တဲ့ သူမကို လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခဲ့တာလို့ ဒီယာလိုက စွပ်စွဲ ပြောဆိုနေတာပါ။ သူတို့ ၂ ဦးကြား ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေဟာ နှစ်ဦးသဘောတူ လုပ်ဆောင်ခဲ့တာတွေ ဖြစ်တယ်လို့ စထရော့စ်ခန်းရဲ့ ရှေ့နေတွေက ချေပချက် ပြန်တင်ထားခဲ့ကြတာ ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dominique-strauss-kahn-128217628.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 20, 2011

အမေ့ခံပုံရိပ်များ



ဘီဘီစီမြန်မာပိုင်းဌာနက မစန္ဒာစီစဉ်တင်ဆက်တဲ့ အမေ့ခံပုံရိပ်များအစီစဉ်ကို ဓါတ်ပုံလေးတွေထည့်ပြီး
ဖန်တည်းလိုက်တာပါ။

အကျင့်ပျက်ခြစားမှုနဲ့ အာဏာတည်တံ့ရေးကို အဓိကထားတဲ့ မြန်မာစစ်အစိုးရကြောင့် မြန်မာတပြည်လုံး
တရုတ်အတွက် အလကားမတ်တင်းလောက်နီးပါးရတဲ့ တဲ့ စားမြိန်ထုတ်ကြီး ဖြစ်နေပြီ။

သဘာဝအရင်းအမြစ်လား လူသားအရင်းအမြစ်လား အားလုံးအားလုံးအိုကေမှာ စိုပြေနေတဲ့အတွက်
ကြောင့်လည်းတရုတ်က မြန်မာစစ်အစိုးရအတွက် နေရာတကာမှာ အကာအကွယ်ပေးတာဘယ်ဆန်းမလဲနော်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘေးကင်းလုံခြုံမှုဆုကို ဆွတ်ခူးရရှိသည့် စင်္ကာပူနိုင်ငံ


ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ

ဘေးကင်းလုံခြုံမှုဆုကို ဆွတ်ခူးရရှိသည့် စင်္ကာပူနိုင်ငံ

20 Aug, 2011

စင်္ကာပူနိုင်ငံသည် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် “အက်မန် အာလ် ရစ်ခ်ကာ” ကုန်းလမ်း သယ်ယူပို့ ဆောင်ရေးဆိုင်ရာ ဘေးကင်း လုံခြုံမှုဆုကို ဆွတ်ခူး ရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုကို ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းများ ဆက်သွယ်ရာမှာ အကောင်းမွန်ဆုံး ဒီဇိုင်းနဲ့ ဘေးကင်းလုံခြုံမှုအရှိဆုံး အချက်အပေါ်မှာ အခြေခံပြီး ချီးမြှင့်ပေးအပ်ခဲ့သည်။

နှစ်စဉ်ပေးအပ်သည့် “အက်မန် အာလ် ရစ်ခ်ကာ”ဆုကို အဖွဲ့အစည်း တွေကိုလည်း ရွေးချယ် ချီးမြှင့်လေ့ရှိပြီး ကမ္ဘာ့ဘဏ်၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေလျနိုင်ငံရှိ မြို့ပြစီမံခန့်ခွဲရေး ဌာနများလည်း အဆိုပါ ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ စင်္ကာပူနိုင်ငံသည် ယခု ရွေးချယ် ချီးမြှင့်ခံရသည့် “အက်မန် အာလ် ရစ်ခ်ကာ”ဆုကို အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်ရှိ စိန့်လူးဝစ်မြို့မှာ အခမ်းအနားနဲ့ အပ်နှင်းခြင်း ခံရမှာဖြစ်သည်။ စင်္ကာပူနိုင်ငံသည် မော်တော်ယာဉ် လမ်းကြောင်းတစ်ခု မတည်ဆောက်မီ ဒီဇိုင်းပုံစံကို ပြန်လည် သုံးသပ်လေ့ရှိပြီး လမ်းကြောင်း တည်ဆောက်ပြီးပါက ဘေးကင်း လုံခြုံမှု အရည်အသွေးကို နှစ်ပေါင်းများစွာ တာရှည်ခံအောင် စည်းမျဉ်းများနဲ့ထိန်းသိမ်းထားခဲ့သည်။

လမ်းကြောင်းတွေမှာ အရှိန်နှုန်းပြ ဆိုင်းဘုတ်များ၊ မော်တော်ယာဉ် လမ်းကြောင်းဆိုင်ရာ စည်းမျဉ်းများ၊ အရှိန်လျော့အခုံးများ၊ လမ်းကြောင်း အချိုးအကွေ့ပြ အမှတ်အသားများ၊ ဘတ်စ်ကားမှတ်တိုင်ပြ ဆိုင်းဘုတ်များနဲ့ ကြိုတင်သတိပေးအချက်ပြ မီးများစသည်ကို စနစ်တကျ တည်ဆောက်ပြီး ထည့်သွင်း တပ်ဆင်ထားသည်။ နိုင်ငံခြား တိုင်းပြည်များမှ လမ်းကြောင်းစနစ်ကိုလည်း ပုံမှန်လေ့လာ ဆန်းစစ်မှုများ ပြုလုပ်လေ့ရှိပြီး အဆိုပါ နိုင်ငံများရဲ့ နောက်ဆုံးပေါ် လမ်းလုံခြုံရေးဆိုင်ရာ နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ် သင်ယူလျက် ရှိသည်။ “အက်မန် အာလ် ရစ်ခ်ကာ”ဆုကို ချီးမြင့်ပေးအပ်သည့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး အင်ဂျင်နီယာဌာနကို (၁၉၃၀)ခုနှစ်က ဖွဲ့စည်းခဲ့ပြီး နိုင်ငံပေါင်း (၉၀)ကျော်မှ အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။


Source from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 19, 2011

လူသားဦးနှောက်ကို အံတုနိုင်မည့်ကွန်ပြူတာ ချစ်ပ်ပြား IBM ပြသ

IBM သုတေသနဌာန အကြီးအကဲ Dharmendra Modha
Source Photo from http://www.google.com/images

လူသားဦးနှောက်ကို အံတုနိုင်မည့်

ကွန်ပြူတာ ချစ်ပ်ပြား IBM ပြသ

19 Aug, 2011

ဝါရှင်တန် ။ ။ အမေရိကန် နိုင်ငံရှိ ကွန်ပြူတာ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခု ဖြစ်သည့် IBM မှာ ၎င်းတို့ အနေဖြင့် ရှေးပြေးပုံစံ ကွန်ပြူတာ ချစ်ပ်ပြား တစ်မျိုးကို တီထွင်နိုင်ပြီ ဖြစ်ပြီး အဆိုပါ ချစ်ပ်ပြားမှာ လူသားတို့၏ ဦးနှောက် အလုပ်လုပ်ပုံကို တုပပြီး တီထွင် ထားခြင်း ဖြစ်သည်ဟု ကြာသပတေးနေ့က ထုတ်ဖော် ပြောကြား လိုက်သည်။

နယူးယောက် အခြေစိုက် Armonk ကုမ္ပဏီမှ ပြောရာ၌ ယင်းချစ်ပ်ပြားကို ထိုးထွင်းသိ ကွန်ပြူတာ ချစ်ပ်ဟု အမည် ပေးထားပြီး လူသားတို့၏ ဦးနှောက်ကဲ့သို့ပင် စဉ်းစား တွေးကြံခြင်း ၊ လှုပ်ရှား လုပ်ဆောင်ခြင်းနှင့် ထိုးထွင်း သိမြင်ခြင်း ဆိုသည့် အဆင့်များ အတိုင်း လုပ်ဆောင် လာနိုင်မည့် ကွန်ပြူတာများ ပေါ်ထွက် လာစေရန် ပဏာမ ခြေလှမ်းပင် ဖြစ်သည်ဟု ပြောကြား ခဲ့သည်။ အလားတူပင် ယင်းချစ်ပ်ပြားများမှာ ကွန်ပြူတာ များ၏ ဆင့်ကဲ ပြောင်းလဲမှုတွင် သိသာသည့် ခြေလှမ်း တစ်ခုဖြစ်ပြီး တွက်ချက်မှု မှသည် လေ့လာ နိုင်မှုဆီသို့ ဦးတည် ထားပြီး ကွန်ပြူတာ မျိုးဆက်သစ် တစ်ခုကို အစပြုခြင်းပင် ဖြစ်သည်ဟု IBM သုတေသန ဌာန အကြီးအကဲ ဖြစ်သူ Dharmendra Modhaမှ ပြောခဲ့သည်။

IBM မှပြောရာ၌ ယခုလို သိမြင် တတ်မှု ရှိသော ကွန်ပြူတာ များမှာ လူသားများ၏ ဦးနှောက် ကဲ့သို့ပင် အတွေ့အကြုံ များမှ သင်ခန်းစာယူ လေ့လာနိုင်ပြီး ဆက်စပ်မှု ရှိသည့် များကိုလည်း ရှာဖွေနိုင်ကာ အဆိုကြမ်း များကိုလည်း တင်ပြနိုင်ပြီး မှတ်သား နိုင်စွမ်းလည်း ရှိမည် ဖြစ်သည့် အပြင် ရလာသည့် ရလာဒ်များမှလည်း လေ့လာ နိုင်ကြောင်း ပြောခဲ့သည်။ IBM ကုမ္ပဏီမှာ ယခုနှစ် အစောပိုင်း ကလည်း watson ခေါ် မေးခွန်းဖြေကြား စက်တစ်မျိုးကို တီထွင်ခဲ့ပြီး ရှုပ်ထွေးသည့် မေးခွန်းများ အတွက် အဖြေများကို ဖော်ထုတ် နိုင်ကြောင်းလည်း သိရသည်။
ကမ္ဘာ့ချန်ပီယံ စစ်တုရင် ကစားသမား Garry Kasparov
Source Photo from http://www.google.com/images
ထို့အပြင် လွန်ခဲ့သော ၂၀၀၇ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Deep Blue ခေါ်စက်မှာ ကမ္ဘာ့ချန်ပီယံ စစ်တုရင် ကစားသမား Garry Kasparov ကို ကစား ပွဲခြောက်ပွဲ ယှဉ်ပြိုင်မှုတွင် အနိုင်ရအောင် ကစားပြခဲ့သည့် ကွန်ပြူတာလည်း ဖြစ်သည်။

source : channelnewsasia

Source from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုသည်မှာ


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 18, 2011

စကားပြန်အချို့အကြောင်း

Source Photo from http://www.google.com/images
စကားပြန်အချို့အကြောင်း

(မင်းစိုးစံ)

စကားပြန်ဆိုသည်မှာ ဘာသာစကားတခုမှ အခြားဘာသာစကားတခုသို့ တစုံတယောက် တစုတဖွဲ့နားလည်စေ ရန်အတွက်ပြန်လည်ရှင်းလင်းပြောဆိုခြင်းဖြစ်သည်ဟု ယေဘူယျအားဖြင့် နားလည်မိပါသည်။ ထိုသို့ရှင်းလင်းပြောဆိုရာ၌ ရှင်းလင်းပြောပြသူသည် အနည်းဆုံးအင်္ဂလိပ်ဘာသာရပ်အပြင် မိခင်ဘာသာစကား ကိုကောင်းမွန်စွာနားလည် တတ်ကြွမ်းရန် လိုအပ်လှပေသည်။

အခြားဘာသာစကားကို ထမင်းစားရေသောက် ပြောဆိုတတ်ရုံမျှဖြင့် မိမိကိုယ်ကို ဘာသာပြန်နိုင်သည်ဟု မထင်မှတ်သင့်။
အဘယ်ကြောင့်ဆိုသော် စကားပြန်၏ ရှင်းလင်းပြောဆိုမှုအားနည်းချက် ချို့ယွင်းချက် တနည်းအားဖြင့် ပြည့်စုံ ခြင်းမရှိမှုကိုအခြေပြု၍ လူနာ သို့တည်းမဟုတ် ကာယကံရှင်များနစ်နာဆုံးရှုံးရမှုများကြုံတွေ့နိုင်သော အနေအ ထားသို့ ရောက်သွားနိုင်သောကြောင့်ဖြစ်၏။

စာရေးသူသည် စကားပြန်အတော်များများနှင့်အလုပ်တွဲလုပ်ဘူးပါသည်၊ စာရေးသူမှာ အင်္ဂလိပ်ဘာသာစကား အလွန်အမင်းအားနည်းသူဖြစ်သည့်အပြင် ကျန်းမာရေးမကောင်းသည့်အတွက် စကားပြန်ကို မသုံးမဖြစ်သုံးနေ ရသောကြောင့်လည်း စကားပြန်အတော်များများနှင့် တွဲလုပ်ဘူးသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။

စကားပြန်ဆိုသောကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဗမာပြည်မှဂျပန်များဆုတ်ခွါသည့်အချိန်ကာလ တခုမှအဖြစ် သနစ်တခုကို ပြန်လည်ရေးပြလိုပါသည်။ ထိုစဉ်က အရေးနိမ့်နေသောဂျပန်တပ်များကို မဟာမိတ်တပ်မှ လေ ကြောင်းမှ အပြင်းအထန်ခြေမှုန်းသည့်ကာလဖြစ်သည့်အားလျှော်စွာ ကစင့်ကလျဲဆုတ်ပြေးနေရချိန်ဖြစ်သည် ထို့အပြင် တချိန်လုံးနေ့မနားညမနားပြေးနေရသဖြင့် အလွန်ပင်ပမ်းနေသောအချိန်လည်းဖြစ်သည်။

ညသန်းကောင်ယံကျော်ကျော်ခန့်၌ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့် ရွာတရွာသို့အရောက်တွင် အိပ်စက်အနားယူရန်စခန်းချလိုက်၏၊ သို့သော် ပင်ပမ်းလွန်းသဖြင့် အိပ်မည်ဟုကြံနေစဉ် အစ္စလာမ်ဘာသာဝင် တို့၏ထုံးစံအတိုင်း နံနက်အာရုဏ်မတက်မှီ ၀တ်ပြုဆုတောင်းခြင်းအမှုကိုပြုသောအခါ ဂျပန်တပ်ဗိုလ်ကဟိုလူ ဘာလုပ်တာလဲဟု စကားပြန်ကိုမေးလေတော့၏။

စကားပြန်သည် အိပ်ရေးပျက်သည့်ရက်ပေါင်းများလာသည်ဖြစ်၍ မဟာမိတ်လေယာဉ်ကိုအကြောင်းပြုကာ ထိုသူ လေယာဉ်အော်ခေါ်နေသည်ဟု ဘာသာပြန်လိုက်လေသည်။ ထိုသို့ဘာသာပြန်မှုကြောင့် ဂျပန်တပ်ဗိုလ် အနေဖြင့်မည်သို့ဆုံးဖြတ်ချက်ချမည်ဆိုသည်ကို မြင်ယောင်ကြည့်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ဖေါ်ပြပါအဖြစ်အပျက်သည် အတည်ဖြစ်ချင်လည်းဖြစ်မည် အပြောင်အပျက်သဘောမျိုးပြောသည် လည်း ဖြစ်ကောင်းဖြစ်လိမ့်မည် သို့သော်စကားပြန်လောက၌ ဤမျှလောက်အဖြစ်မဆိုးသော်လည်း
အလွန်နီးစပ်လှသည်ကို အနည်းငယ်တင်ပြလိုပါသည်၊ (စကားပြန်အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ)။

ထားဝယ်အမျိုးသားတယောက် ဆေးရုံတက်နေစဉ် ဗမာစကားပြန်ကိုခေါ်လေ၏၊ ထိုအခါဆေးရုံမှလည်း ဗမာစကားပြောတတ်သော စကားပြန်ကိုခေါ်လိုက်လေတော့၏ သို့သော်ထိုသူသည်လူနာက ကောင်းကောင်း နားမလည်သဖြင့် ထပ်မေးသည့်အခါ စကားပြန်သည် ဗမာစကားကိုကြွမ်းကျင်ပိုင်နိုင်ခြင်းမရှိသဖြင့် အခက်အခဲ ကြုံခဲ့ရပါ၏(အတတ်နိုင်ဆုံး သက်သက်ညှာညှာရေးပါသည်)

စာရေးသူ၏ကိုယ်တွေ့အဖြစ်အပျက်တခုရေးပြလိုပါသည်၊ စာရေးသူကို စကားပြန်လုပ်ပေးသူမှာ ဗမာပြည်မှပ ညာတော်သင်အဖြစ် စေလွှတ်ခြင်းခံရသူတဦးဖြစ်ပြီးဇနီးဖြစ်သူက ဗီဇာကံစမ်းမဲပေါက်သဖြင့် အမေရိကန်တွင် ညစောင့်အလုပ်လုပ်ကာနေ့လည်ဘက်တွင် အချိန်ပိုင်းစကားပြန်အဖြစ် ဒုက္ခသည်များအကူအညီပေးရေး ဌာန တခုတွင် စာရေးသူတို့မိသားစုကို ကူညီဆောင်ရွက်ပေးသူဖြစ်ပါ၏။ ထိုသူသည် ဒုက္ခသည်ဆိုသူတို့၏ အခြေအ နေမှန်ကို နားလည်မှုမပေးနိုင်သည်သာမက အခက်အခဲကြုံလာလျင် ဆက်သွယ်ရမည့်ဌာနကိုပင် လမ်းကြောင်း ပြမပေးသဖြင့် စာရေးသူတို့မိသားစု ရသင့်ရထိုက်သည့်အခွင့်အရေးများဆုံးရှုံးခဲ့ရပါသည်။

ထို့အပြင်အမျိုးသားရေးယောင်ယောင် နိုင်ငံရေးယောင်ယောင်ဖြင့် အမေရိကန်သို့ရောက်လာပြီး စကားပြန်လုပ် နေသူအချို့သည်လည်း ဒုက္ခသည်များအပေါ် ဆက်ဆံရာ၌အပေါ်စီးမှ ငေါက်ငမ်းပြောဆိုတတ်ပြန်၏။ အဆိုးဆုံး မှာ လောဘတကြီးဖြင့် အလုပ်ကိုလက်ခံပြီး အချိန်မမှီသည့်အခါ အလုပ်ကိုတ၀က်တပျက်ထားတတ်ခြင်းနှင့် လူနာများကို ချန်ထားရစ်ခြင်းများလည်းပြုတတ်ပြန်သည်။

ဘာသာစကားမကြွမ်းကျင်သည့်ဒုက္ခသည်များအတွက် ၎င်းတို့ကိုအခကြေးငွေပေးကာ အစိုးရမှ ငှားရမ်းပေးထားသည့် အဆိုပါစကား ပြန်များသည် မိမိလူမျိုးကိုချစ်တတ်သည့်စိတ် လူသားခြင်းစာနာထောက်ထားရမည့်စိတ်များဆိတ်သုဉ်းနေ ပြီဟု ဆိုပါကမှားမည်မထင်။
မိမိမကြွမ်းကျင်သည့်ဘာသာစကားကို ကြွမ်းကျင်ပါသည်ဟု ပြောဆိုကာ စကားပြန်လုပ်စားသူများကြောင့် တ ကယ့်စကားပြန်ကောင်းများ စကားပြန်အလုပ်ကိုစွန့်လွှတ်လိုက်ကြသည်ကိုလည်းတွေ့ရပြန်သည်။

အကြောင်းမှာစကားပြန်ငှားရမ်းသောကုမ္ပဏီများမှထိုက်သင့်သည့်လုပ်အားခထက် လျှော့ချငှားရမ်းသည့်
အခါ ဆေးအခေါ်အဝေါ်နှင့်ရောဂါအခေါ်အဝေါ်များကို နားလည်သောစကားပြန်များသည်အခြားအလုပ်သို့ပြောင်း ကြလေသည်။

သို့ဖြစ်ပါ၍ စကားပြန်အလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းနေကြသော သူများအနေဖြင့် မိမိတို့အခြေအနေကို အမှန်အတိုင်းခံယူပြီး စီးပွါးရှာကြရန်တိုက်တွန်းလိုပါသည်။ အဆောင်အယောင်များကိုငွေဖြင့်ဝယ်ယူရရှိနိုင် သော်လည်း ဂုဏ်သိက္ခာကိုမူ ငွေဖြင့်ဝယ်ယူ၍မရနိုင်ပါကြောင်း ဘီဘီစီမြန်မာပိုင်းဌာနမှ ဦးလေးဦးဖေသန်း၏ စကားဖြင့် အသိပေးအပ်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဝါခေါင်လ,ခြည်ဖြူဖွဲ့ပွဲကို လွမ်းတယ်

Source Photo from http://www.karentimes.blogspot.com
ဝါခေါင်လ,ခြည်ဖြူဖွဲ့ပွဲကို လွမ်းတယ်
(မင်းစိုးစံ)

နန်းကော်ကေရေ ငါနင့်ကိုဘယ်လောက်အထိချစ်တယ်ဆိုတာ နင်အသိဆုံးပါ။ တချိန်တုန်းက ငါဟာကရင်စာ
မပြောနဲ့ ကရင်စကားကိုတောင် နားမလည်ခဲ့တဲ့ကရင်တယောက်အဖြစ်ကနေ အခုဆိုနင့်ကြောင့်ငါကရင်စကား ကိုနားလည်ပြီးပြောတတ်ဆိုတတ်ရုံမက ကရင်စာ(လိက်လီၟဆင့်)ကိုတောင်အောင်ပြီးသွားပြီလေ
အဲဒါနင့်ကို ငါချစ်လို့သိလား။

နင်ပြောပြတာရယ် ဆရာတွေပြောပြတာရယ်ကြောင့် ခြည်ဖြူဖွဲ့တဲ့အကြောင်းတွေသိရလို့ ငါလေနင်နဲ့တကွ ဆရာဆရာမတွေကိုကျေးဇူးတင်တယ် တကယ်ပြောတာပါ။ ၀ါခေါင်လခြည်ဖြူဖွဲ့ပွဲတော်မှာ နင့်ကိုတွေ့ရမြင်ရ တာလေ ငါအရမ်းပျော်တာပဲ ကရင့်ရိုးရာဝတ်စုံလေးနဲ့ ခြည်ဖြူဖွဲ့တဲ့ပစ္စည်း ၇ မျိုးထည့်ထားတဲ့ဆန်ကောကိုကိုင် ရင်းတဖြည်းဖြည်းချင်းလျှောက်လာတဲ့ နင်ကတော့ အားလုံးထဲမှာအလှဆုံးအချောဆုံး ချစ်စရာအကောင်းဆုံး။

အေးတခုတော့ပြောချင်တယ် ဘာလဲဆိုတော့ ငါတို့ရိုးရာဓလေ့ထုံးတမ်းတွေထဲကို မလိုလားအပ်တဲ့
အနှောင့်အ ယှက်တွေ ၀င်မှန်းမသိဝင်နေပြီဆိုတာ ပြောချင်လို့ပါ။

နင်ကငါ့ကိုပြောလိမ့်မယ် ငါပြောပြလို့ ကရင့်ရိုးရာအကြောင်းကိုသိတဲ့လူကများ ကရင့်ရိုးရာထဲကို အနှောင့်အ ယှက်ဝင်တယ်လေးဘာလေးနဲ့ ဘယ်လောက်များ နားလည်လို့လဲ ဆိုတာကိုလေ၊ နင်ပြောပြထားတာကို ငါပြန် ပြောကြည့်မယ်၊ ငါတို့ကရင်တွေမှာခြည်ဖြူဖွဲ့ရတဲ့အဓိကအကြောင်းရင်းအနည်းဆုံး ၃ခုရှိတယ်။

ဝါခေါင်လခြည် ဖြူဖွဲ့ပွဲ၊ အကြင်လင်မယားအဖြစ်မင်္ဂလာဆောင်ခြည်ဖြူဖွဲ့ပွဲနဲ့ ဖျားနာလျင်ခြည်ဖြူဖွဲ့တာရယ် ဆိုပြီးသုံးမျိုးရှိတယ်။ အဲဒီအထိတော့မှန်ပါတယ်နော်။
အဲဒီထဲက ၀ါခေါင်လခြည်ဖြူဖွဲ့ပွဲအကြောင်းလေးပြောကြစို့လား၊ ငါတို့ဘိုးဘွား တွေ ခြည်ဖြူဖွဲ့ခဲ့တာဟာ အခုပြည်ထောင်စုမြန်မာနိုင်ငံတော် လို့ခေါ်ဝေါ်သုံးစွဲနေတဲ့ ဒေသကိုအခြေမချခင်က တည်းက ငါတို့တတွေ တယောက်နဲ့တယောက်မှတ်မိအောင်ဆိုပြီး ခြည်ဖြူဖွဲ့ခဲ့ပေးတာမဟုတ်လား။
အဲဒီအချိန်တုန်းက ဘယ်လိုစည်းကမ်းတွေသတ်မှတ်ခဲ့သလဲ၊ ငါဆိုလိုချင်တာက လင်စုံမယားဘက်
(ငယ်လင် ငယ်မယား)၇တွဲ ကလက်ချည်ပေးရမယ်ဆိုတာပါခဲ့သလား ဆိုတာပါပဲ။

ပြီးတော့ ခြည်ဖြူဖွဲ့ရာမှာ အသုံးပြုတဲ့ ပစ္စည်းကို သယ်လာတဲ့လူငယ်လေးတွေကလည်း မိစုံဘစုံ (ငယ်လင်ငယ်မယားမိဘနှစ်ပါးသက်ရှိထင်ရှားရှိသူ) ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းများပါသလားလို့ပါ။
ငါနားလည်ထားတာကတော့ ငါတို့ကရင်တွေ မျိုးနွယ်စုမခွဲဘို့၊ ဘာသာမခွဲဘို့အတွက်ရယ်၊ စည်းလုံးကြဘို့
ကရင်ကို ကရင်ကသိဘို့ အဲဒါတွေအဓိကလို့ငါယုံထားတယ်၊ ပထမအချက်တခုဖြစ်တဲ့ ငယ်လင်ငယ်မယား ကိစ္စ လေးပြောကြရအောင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကွဲသွားတဲ့ဇနီးမောင်နှံဆိုပါစို့၊ အသက်
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ဘက်ကကျန်းမာရေးကြောင့်၊ စစ်ပွဲကြောင့်၊ မတော်တဆအလုပ်ခွင်မှာ ထိခိုက်
ဒါဏ်ရာရမှုကြောင့် အသက်ဆုံးရှုံးရလို့ နောက်အိမ်ထောင်ပြုလိုက်ကြရတဲ့ အိမ်ထောင်စုဝင်တွေ လက်ချည်ပေး
ခွင့်မရှိဘူး ဆိုလျင် စောစောတုန်းက ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါ့ဦးမလား သူတို့ဘက်ကကြည့်လိုက်လျင်
ဘယ်လိုနေမယ်ထင်သလဲ လူမှုရေးဖေါက်ပြန်တဲ့အတွက် ကွဲကြပြဲကြတဲ့အိမ်ထောင်ဆိုလျင်တော့ ထားလိုက်ပါတော့။
ဘယ်လိုကြောင့်ပဲကွဲကြပြဲကြတဲ့အိမ်ထောင်ဖြစ်ပါစေ သူတို့ဘက်ကဆင်းသက်လာတဲ့ ဘာမှန်းညာမှန်းမသိရှာ တဲ့ ကလေးတွေကိုတော့ သွားပြီး အရိပ်မထိုးမိစေချင်တာအမှန်ပဲ။

ငါပြောချင်တာကအဲဒါပဲ အခုနင်ကြည့်ပါဦး ငါ့သူငယ်ချင်းဆိုလျင် သူ့အဖေက သူ့ကိုမွေးတဲ့နေ့မှာပဲ ဗမာစစ် သားတွေရဲ့မဆင်မခြင်ပစ်ခတ်သတ်ဖြတ်မှုကြောင့်ဆုံးသွားရှာတယ် အရွယ်ရှိသေးတဲ့သူ့အမေ နောက်အိမ်ထောင်ပြု
တယ်၊ သူ့ပထွေးဘက်က မောင်နှမနှစ်ယောက်ပါလာတယ် နောက်ထပ်သူတို့ အမေတူဖအေကွဲသုံးယောက် ရှိတယ်၊
အဲဒါ ငယ်လင်ငယ်မယားမဟုတ်တဲ့အတွက် မိစုံဘစုံမဟုတ်တဲ့အတွက် လက်ချည်ပေး ခွင့်မရှိဘူး ပစ္စည်း ထည့်ထားတဲ့ဆန်ကောကိုကိုင်ခွင့်မရှိဘူးဆိုတော့ သူတို့မိသားစုလေးဘယ်လိုခံစားရမယ်ထင်သလဲ။

ချွင်းချက်အနေနဲ့ကတော့ အကြင်လင်မယားအဖြစ်မင်္ဂလာဆောင်ခြည်ဖြူဖွဲ့တဲ့အခါမှာ လင်စုံမယားဘက် ငယ် လင်ငယ်မယားတွေက လာပြီးကြင်စဦးဇနီးမောင်နှံကိုလက်ချည်ပေးတာကတော့ သင့်မြတ်ပါတယ်၊ သို့ပေသော် ငြားလည်း ၇တွဲဆိုတာကတော့ မဟုတ်ဘူးလို့ ငါ့အဘိုးကပြောပြဘူးတယ်၊ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘွား နှစ်တွဲ သုံးတွဲလောက်နဲ့တင်အားလုံးအဆင်ပြေတယ်တဲ့။ ဖျားနာလို့လက်ချည်မယ်ဆိုလျင်တော့ လူနာနဲ့မိဘနှစ် ပါးကနေပဲ လိပ်ပြာပြန်ခေါ်ပြီးချည်ပေးလိုက်တာပဲတဲ့။

ငါပြောပြစရာရှိသေးတယ် နန်းကော်ကေရေ။ လက်ချည်ပွဲသွားလျင် စာမေးပွဲချပစ်မယ်၊ လက်ချည်ပွဲဆိုတာ ဆာတန်မာန်နတ်အလုပ် သူတော်ကောင်းအလုပ်မဟုတ်ဘူးဆိုတဲ့ အစွန်းရောက်လူတွေကြောင့်လည်း ငါတို့ရိုး ရာဓလေ့ထုံးတမ်းတွေ ဆုတ်ယုတ်နေရတာလည်းရှိနေတယ်ဆိုလျင် နင်ယုံနိုင်ပါ့မလား။

နောက်ဆုံးတခုကတော့ ရိုးရာဓလေ့ကို လုပ်စားတဲ့လူတွေကြောင့် ဆုတ်ယုတ်ရတာလေးပြောပါရစေ၊ အဲဒီလူတွေကတော့ ဘာလို့လက်ချည်ပွဲလုပ်ရတယ်ဆိုတာကို မသိဘူး သိအောင်လည်းမလုပ်ဘူး သိချင်စိတ်လည်းမရှိဘူး လေးစားမြတ်နိုး တန်ဘိုးထားရမယ်ဆိုတာကတော့ ဝေးရော၊ သူတို့ကျတော့ လူအမြင်လေးလှအောင် လူအုပ်ထဲဝင်ပြီးလက်ချည်တယ် စင်မြင့်ပေါ်တက်ပြီး ပွါးလိုက်တယ်၊ စားမယ်သောက်မယ် မှတ်တမ်းဓါတ်ပုံလေး ဘာလေးရိုက် အခန်းအနားပြီးလို့အပြင် လည်းရောက်ရော ခြည်ဖြူခြည်နီတွေက လက်ကောက်ဝတ်မှာ မရှိတော့ဘူး။
အဲဒါတွေကို ငါကိုယ်တိုင်မြင်လို့ ပြောပြတာနော်။

နန်းကော်ကေရေ လူအမျိုးမျိုးစိတ်အထွေထွေမဟုတ်လား ဒီမိုကရေစီလေ ဟုတ်တယ်ဟုတ်။ နင်ကတော့ ရိုးရာဓလေ့ကိုချစ်မြတ်နိုးတဲ့သူတယောက်ဖြစ်သလို ထိန်းသိမ်းမယ်လို့ငါ့ကိုအမြဲတမ်းပြောနေတာဆိုတော့ အဲ ဒါလေးတွေပြင်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ရေးပြလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာအနှံ့ မှာရှိနေ ရောက်နေကြတဲ့ ကရင်တွေဟာ ကိုယ့်ရိုးရာဓလေ့ကို မမေ့ကြသလို ထိန်းသိမ်းကြတာမှန်ပေမယ့် သတိ ပြုစရာ အလေးထားပြုပြင်စရာလေးတွေအမြောက်အများရှိနေသေးတယ်ဆိုတာကို နင်သိအောင်လို့ပါ။

နန်းကော်ကေ ငါနင့်ကိုချစ်တယ်ဆိုတာ နင်သိပါတယ်နော်၊နင့်ကိုချစ်လွန်းအားကြီးလို့ ဒီအကြောင်းကိုရေးပြတာ ပါ၊ နင့်အပေါ်ဆရာလုပ်ချင်လို့ မဟုတ်ဘူးဆိုတာကိုတော့ နင်နက်နက်နဲနဲယုံကြည်ပါ ဒီခြည်ဖြူဖွဲ့ပွဲမှာ ငါတို့တွေ့ ကြသလို လာမယ့် ကရင့်နှစ်သစ်ကူးနေ့မှာပျော်ပျော်ပါးပါးတွေ့ကြဘို့ ငါမျှော်လင့်ပါတယ်။

အသက်ရှင်နေသေးသရွေ့ ခြည်ဖြူဖွဲ့ပွဲရော နှစ်သစ်ကူးပွဲကိုပါ ငါတို့ပျော်ပျော်ရွှင်ရွှင်အတူတူ ကျင်းပနိုင်ကြဘို့ ငါဆုတောင်းပါတယ်။

နင့်ကိုသိပ်ချစ်တဲ့
ကျော်ချူလိုင့်

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 16, 2011

Mozilla မှ Firefox 6 အား ထုတ်လုပ် လိုက်ပြီ

Source Photo from http://www.google.com/images

Mozilla မှ Firefox 6 အား ထုတ်လုပ် လိုက်ပြီ
by http://www.mrtv4.net.mm/news

အင်တာနက် browser ထုတ်လုပ်သည့် Mozilla ကုမ္ပဏီမှာ ၎င်း၏ နောက်ဆုံးပေါ် ပုံစံသစ် တစ်မျိုးဖြစ်သည့် Firefox 6 ကို အင်္ဂါနေ့က တရားဝင် ထုတ်လုပ် လိုက်ပြီ ဖြစ်သည်။ သို့ရာတွင် ယင်းပုံစံသစ်ကို လွန်ခဲ့သည့် ရက်များကပင် အွန်လိုင်းတွင် ရရှိနေပြီး ဖြစ်သည်။ ယခုထုတ်လုပ်လိုက်သည့် Firefox 6 မှာယခက် Firefox များကဲ့သို့ပင် ပုံမှန် interface ဖြင့် ထုတ်လုပ် ထားခြင်း ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီမှ ပြောရာ၌ ယခု ပုံစံသစ်မှာ ယခင် Firefox 5 ထက် ၂၀ ရာနှုန်း ပိုမိုမြန်ဆန်ကြောင်း ပြောကြား လိုက်သည်။

အကယ်၍ အွန်လိုင်းသုံးစွဲသူများအတွက် မျက်ခုံးနှစ်ခု ပင့်တက်သွားစေမည့် အံ့သြမှုကို ခံစားလို သည့် desktop edition ကိုရှာဖွေနေပါက ယခု ပုံစံသစ်မှာ အကောင်းဆုံးပုံစံတစ်ခုဖြစ်လာမည့်မဟုတ်ဟု စာရေးဆရာ Christopher Trout မှတနင်္လာနေ့က ပြောခဲ့သည်။ သို့ရာတွင် Washington Post သတင်း၏ စီးပွားရေး ကဏ္ဍ ဘလော့တွင် ရေးသားရာ၌ ယခုပုံစံသစ်မှာ ဝက်ဆိုက် လုံခြုံရေးနှင့် ပုဂ္ဂလိက လုံခြုံမှုတို့တွင် အားသာသည့် အချက်များ ရှိကြောင်းကို ရေးသား ဖော်ပြခဲ့သည်။ ယခု ထွက်လာသည့် Firefox 6၏ အဓိက အားသာချက်မှာ Google ၏ Andriod ပလက်ဖောင်းနှင့် အသုံးပြုသည့် မိုဘိုင်း သုံးစွဲသူများ အတွက် ပိုမိုကောင်းမွန်မည် ဖြစ်သည် ဟုလည်း သိရသည်။

Source Photo from http://www.google.com/images

source : CNN
17 Aug, 2011

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ့တော် မင်ဏီစိုးတား- စိန့်ပေါ









ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 13, 2011

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော် ကျင်းပပြီးစီးခြင်း

ခြည်ဖြူဖွဲ့အခန်းအနားပွဲတော်၏ သဘာပတိကြီးများနှင့်(အထက်)
မြေးမြစ်များကို ခြည်ဖြူဖွဲ့ပေးရန် အသင့်စောင့်ဆိုင်းနေကြသည့် ဘိုးဘွားများ(အောက်)
Photo; Karen Culture and Tradition Preservation Organization

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော် ကျင်းပပြီးစီးခြင်း

By ဖူ့ယောင်ဟဲ့
August-13-2011 စနေနေ့

ကရင့်သက္ကရာဇ် ၂၇၅၀ပြည့်နှစ် ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်ကို အမေရိကန်ပြညထောင်စု မင်ဏီစိုးတားပြည် နယ် စိန့်ပေါမြို့ အမှတ်320 University Ave. W. ရှိ Lao Family Community of Minnesota အဆောက်အ ဦးတွင် ယနေ့နံနက် ၁၀း၀၀နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

အစီစဉ်များအရ ဦးစွာ ကရင့်အမျိုးသားလံတော်ကိုအလေးပြုခြင်းနှင့်တပြိုင်တည်း ကရင့်အမျိုးသားသီချင်းဖြင့် အခန်းအနားကိုဖွင့်လှစ်ပြီးနောက် ကျဆုံးလေပြီးသော ကရင့်အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တ ကွ စစ်သည်တော်များကို အလေးပြုကြကြောင်း သိရှိရပါသည်။
မျိုးချစ်(အဲဆိုဒ်ဆ) ဒုံးအဖွဲ့ အခန်းအနားအပြီးအမှတ်တရ
Photo; Karen Culture and Tradition Preservation Organization

ထို့နောက် ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲ ဖြစ်ပေါ်လာပုံနှင့် ခြည်ဖြူဖွဲ့ရာ၌အသုံးပြုထည့်သွင်းထားသည့် ပစ္စည်းများ၏ တခုစီ၏ အဓိပ္ပါယ်များကိုရှင်းလင်းပြောကြားသွားသည့်အပြင် ကရင့်ရိုးရာဒုံးအကများဖြင့် ဧည့်ခံဖျော်ဖြေသည် သာမက ကြွရောက်လာကြသည့်ဧည့်ပရိဿတ်များကို ကရင့်ရိုးရာအစားအသာက်များဖြင့် တည်ခင်းဧည့် ခံ ကျွေး မွေးကြောင်းသိရှိရပါသည်။
စိန့်ပေါ လူငယ်မောင်မယ်(စိင့်ပှ်သ္ဘာင်းမူးခွါ့) ဒုံးအဖွဲ့ အခန်းအနားအပြီး အမှတ်တရ
Photo; Karen Culture and Tradition Preservation Organization

အဓိကအစားအသောက်ဖြစ်သည့် ကောက်ညှင်းဖင်ချွန်များအပြင် တာလပေါ့ဟင်းလျာလည်းပါဝင်ကြောင်း သတင်းရရှိပါသည်။
ကရင့်ရိုးရာဒုံးအကတွင် မျိုးချစ်(အဲဆိုဒ်ဆ)ဒုံးအဖွဲ့မှ ဂန္ဓ၀င်သီချင်းဖြစ်သည့် ၁၂လရာသီဖွဲ့(လာဆီ့ဏီ့္ဘိင်း) တေး သီချင်းဖြင့်ကပြသွားကြသကယ့်သို့ စိန့်ပေါလူငယ်မောင်မယ်ဒုံး (စိင့်ပှ်သ္ဘာင်းမူးခွါ့)အဖွဲ့မှလည်းခေတ်နှင့်အညီ မြူးကြွလန်းဆန်းစွာ တင်ဆက်ကပြသွားကြကြောင်း နှင့် အဆိုပါအခန်းအနားကို ကရင့်ရိုးရာနှင့်ယဉ်ကျေးမှု ဖေါ် ထုတ်မြှင့်တင် ထိန်းသိမ်းရေးအဖွဲ့(Karen Culture and Tradition Preservation Organization) မှ ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အခန်းအနားသို့ လူ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်းနှင့် ညနေ၃း၀၀နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 12, 2011

အာဇာနည်ဆိုတာ


Source Video from
http://www.youtube.com/watch?v=6MLMLEOtQJI

အာဇာနည်ဆိုတာ
(မင်းစိုးစံ)

အာဇာနည်ဆိုတာ
ဘယ်နေရာမဆိုထင်ရှား
စွန့်ပြီးမစားတဲ့………. သူ
အဲလို လူတွေကိုခေါ်တာ။

မစွန့်ပဲစားတဲ့သူတွေကိုတော့
လူထုက,အော့နှလုံးနာ
အာဇာနည်လို့မခေါ်တာအမှန်။

ဒါဆိုလျင်ဒီကနေ့
ကိုယ့်ပင်ကိုယ်ကို ကိုယ်ပြန်စစ်
မှန်တာကိုဖြေကြား
ခင်ဗျားဟာ
မစားပဲ စွန့်တဲ့လူလား?
မစွန့်ပဲ စားတဲ့လူလား?
စွန့်လည်းစွန့် စားလည်းစားဆိုလျင်တော့
ထင်ထင်ရှားရှားမှတ်ထား
ခင်ဗျားဟာ
အာဇာနည်တပါးမဟုတ်ဘူး
သာမန်လူသားတယောက်ပဲ။

မစွန့်ပဲ တလျှောက်လုံးစားနေလျင်ဖြင့်
ခင်ဗျားလား?
အချောင်သမားအဆင့်ထက်မပိုဘူး။

အခွင့်အလမ်းအနေနဲ့
ခင်ဗျားရဲ့ကိုယ်ကို ဆန်းစစ်ကြည့်
အချောင်သမားဖြစ်နေလျင်
ပြင်…….။

အချောင်သမားစာရင်းဝင်
မဖြစ်ချင်ဘူးဆိုလျင်ပေါ့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 11, 2011

လာခုဂ်ထံင်ယုဂ်



လာခုဂ်ထံင်ထါင်လု္ဘႜင်ဍ၀်။
ကိုဝ်ၟဟှာဍေ မ်ုအင်းဟှးလင် လာခုဂ်ခါင်စူး္ဘုံးဆေ၀်ၟလှ်ဏှ် ယ်ုဏယ်အင်းလှ်။

အ်ုခေါဟ်စံင် ယ်ုလုဟှာသီး အင်းဟှးလင်္ဘး လာခုဂ်ခါင်ၟစူး္ဘုံးဍေ ဆ်ုဟှင်မိုင့်ဖေါဟ် လ်ုကုဂ်လ်ုကႜင်ဏှ်ဆေ၀်ၟလှ်။
ဆ်ုဟှင်မိုင့်မွဲါ်အ်ုဟှေဝ် ဆ်ုလူၟမွဲါအ်ုဟှေဝ် ဓါတ်ဟှင် မွဲါအ်ုဟှေဝ် မွဲါယ်ုဆုမွဲါအေး။

ယု ဖံင်းဏေ၀်ၟ ဆိုင့်ထေံ ထုဂ်္ဘုဂ်ထါင်တာၟလှ်။
စင်္ဘိုဝ် အေမွဲါ ဏ်ုသီးဆ်ုဟှင် ဏ်ုသီးစူးလင် ဏ်ုသီးဆ်ုဖါ်ဆ်ုမာ လ်ုဟှာဟှာဆေ၀်ၟဍူ ပႜယ်တ၀်္ဘးလာၟဆါ်။

ဍေဆ်ုယုဂ်ယာန်း
စ၀်ထေါဟ်တွါ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, August 10, 2011

နယ်ခြားစောင့်တပ်ဖွဲ့ ၈၀ကျော် KNLA ထံ လာရောက် ပူးပေါင်း

Source Photo from http://www.google.com/images

နယ်ခြားစောင့်တပ်ဖွဲ့ ၈၀ကျော်

KNLA ထံ လာရောက် ပူးပေါင်း

by နန်းသူးလေ (ကေအိုင်စီ)
Wednesday, 10 August 2011

နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ လာရောက်ပူးပေါင်းသည့် အဖွဲ့များအနက် သြဂုတ်လ ၃ရက်နေ့က တပ်မဟာ(၇)နယ်မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအ၀င် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၀ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြုပြောဆိုခဲ့သည်။

“နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)က ဗိုလ်စောတာဘော့ အပါအ၀င် စစ်သည် ၁၀ဦးဟာ ပြီးခဲ့တဲ့ ၃ရက်နေ့က KNLA တပ်မဟာ(၇) ဌာနချုပ်မှာ လာပူးပေါင်းတာ။ သူတို့နဲ့အတူ ၉ မီလီမီတာ ၁လက်၊ ကာဘိုင် ၂လက်၊ AR ၁လက်၊ HK ၁လက်၊ MA ၂လက်၊ AK ၁လက် ကျည်ဆံ ၁၀၇၅ တောင့် ပါတယ်။”ဟု ပြောသည်။

နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိလူမျိုး အချင်းချင်း တိုက်ခိုက်နေရသည်ကို မလိုလားတော့ဘဲ KNLA တပ်ဖွဲ့အနေဖြင့် တဖွဲ့တည်းသာ ဆက်လက် တိုက်ပွဲဝင်သွားလို၍ လာရောက် ပူးပေါင်းကြ ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ကေအဲန်အယ်လ်အေ တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဖားအံမြို့နယ်တွင် အခြေစိုက် လှုပ်ရှားနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၇၀ကျော်သည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့်အပတ်က နှစ်သုတ်ခွဲကာ KNLA တပ်ရင်း(၁)တွင် လက်နက်ခဲယမ်းများ နှင့်အတူ သွားရောက်ပူးပေါင်းခဲ့သည်ဟုလည်း ကေအဲန်ယူ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ ဗဟို အမြဲတမ်း ကော်မတီဝင် ပဒိုစောသောသီဘွဲက “ကျနော်တို့ တပ်မဟာ(၁)ဘက်မှာတော့ နယ်ခြားစောင့်တပ်(BGF) ၇၀ကျော် လာရောက်ပူးပေါင်းတယ်လို့ သြဂုတ်လ ၅ရက်နေ့မှာ သထုံခရိုင်ကနေ သတင်းပို့လာတယ်။ ပထမတစ်သုတ်မှာ BGF ၄၂ဦးက မိသားစုတွေနဲ့အ တူ ရောက်လာတယ်။ နောက်တခေါက်မှာတော့ အယောက် ၃၀ ထပ်များလာတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ ဘယ်တပ်ကလည်းဆိုတာနဲ့ နေ့ ရက်အတိအကျကို မသိရသေးဘူး။”ဟု ဆိုသည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစောဘိ ဦးစီးသည့်အဖွဲ့မှဖြစ်သည်ဟု ယူဆရပြီး ၎င်းနှင့်အတူ ထွက်ခွာ လာခဲ့သည့် မိသားစုဝင် ၁၈၆ဦးမှာလည်း ယခုအချိန်တွင် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ယာယီ နေထိုင်လျှက်ရှိသည်ဟု သိရှိရသည်။

Source from http://www.kicnews.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, August 9, 2011

မောင်ချစ်သူရဲ့ မတည်တဲ့ သူ့ရဲ့ ကတိစကား


မောင်ချစ်သူရဲ့ မတည်တဲ့ သူ့ရဲ့ ကတိစကား

"ကရင်အချင်းချင်း တိုက်ပြီး သေဆုံးရတာ မြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်။ ဒီလို အချင်းချင်း တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေကို ဒီအချိန်ကစပြီး လုပ်တော့မှာ မဟုတ်ဘူး" အဲဒီစကားဟာ ယခင် ဒီကေဘီအေ တပ်မှူး တဦး ဖြစ်ခဲ့ပြီး လက်ရှိ ကရင်နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချစ်သူရဲ့ ပါးစပ်ဖြားကနေ ထွက်ကျလာတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။၂၀၁၀ ဇွန်လ ၂၆ရက်နေ့က တိုက်ပွဲကြောင့် သေဆုံးသွားရတဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေရဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ အဆိုပါ စကားကို ဗိုလ်ချစ်သူ ပြော ကြားသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ၊ ကျောင်းသား ကျောင်း သူ တွေနဲ့ ကရင်ပြည်သူ တသောင်းကျော်နဲ့ သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင် ၃၀၀ကျော်ရဲ့ အုတ်ဂူ ရှေ့မှာ ဗိုလ်ချစ်သူ ထိုကတိစကားကို ပြောဆိုသွား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကတိစကား ကြားရတဲ့ အခမ်းအနား တက်ရောက်ခဲ့ သူတွေရော အဝေးကနေ ကြားရသူ တွေပါ သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြ သလို တဖက်မှာလည်း သူ့စကားနဲ့သူ ဘယ်လောက်ထိ အကောင် အထည် ဖော်နိုင်မလဲဆိုတာကို စောင့် ကြည့်နေခဲ့ကြပါတယ်။

အဲဒီလို စောင့်ကြည့်နေချိန် တနှစ်ကျော်အတွင်းမှာပဲ မောင်ချစ်သူရဲ့ အပြောနဲ့ အလုပ်က တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာတာကို တွေ့ရပါတယ်။ ယခုတော့ မောင်ချစ်သူဟာ မြ၀တီ၊ ကော့ကရိတ်၊ ဘုရားသုံးဆူနဲ့ မြိုင်ကြီးငူ ဒေသတွေမှာ လှုပ်ရှားနေတဲ့ ကိုယ့်ညီအစ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေး ပြန်လည် ပြုလုပ်မယ့် မြန်မာ အစိုးရတပ် တွေနဲ့ အပြည့်အ၀ ပူးပေါင်းဖို့ မြန်မာစစ် ဗိုလ်ချုပ်တွေကို ကတိပေးသွားခဲ့ပါပြီး။
ဗိုလ်ကတုံး
Source Photo from http://www.google.com/image

ဘီဘီစီ သတင်းမှာတော့ စစ်ဆင်ရေးမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ့် မောင်ချစ်သူရဲ့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်အင်အားမှာ ၂၀၀၀ခန့်ရှိတယ် ဆိုသော်လည်း မောင်ချစ်သူနောက် ဘယ်လောက်ထိ လိုက်ပါ လာကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရအုံးမှာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ နယ်ခြားစောင့် တပ်တွေ ဟာ မောင်ချစ်သူနဲ့ ဆိုင်သာဆိုင်ပေမယ့် အားလုံးကိုတော့ ပိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ အခြေအနေ တခုကြောင့်သာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖြစ်ကြရသော်လည်း ကရင်ချင်း ပြန်လည် တိုက်ခိုက်ဖို့ စိတ်အားသန်ကြမှာတော့ မဟုတ်ပါဘူး။

ငါးစာသာမြင်ပြိး ငါးမြားချိတ် မမြင်ပဲ အားရပါးရ မြိုချခဲ့ပြီးမှ ရုန်းထွက်လို့ မရနိုင်တော့ပဲ စည်းစိမ်၊ ပိုင်ဆိုင်မှုတွေ အတွက် မောင်ချစ်သူတယောက် မြန်မာစစ် ဗိုလ်ချုပ်တွေ ခိုင်းတိုင်း ဆက်လုပ်နေ အုံးမှာတော့ မြေကြီး လက်ခတ်မလွဲပါဘူး။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ ကိုယ်ကျိုးသမား မောင်ချစ်သူဟာ ကတိတွေကို လွယ်လွယ်ပေးပြီး လွယ်လွယ် ဖျက်တာကတော့ သူ့အတွက် မဆန်းတော့ဘူးလို့ ထင်ပါတယ်။ ဒီတော့ ဘာစည်းစိမ်တွေမှ မပိုင်ဆိုင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လက်တဆုတ်စာ လူတွေအတွက်နဲ့ အသေခံမလား မိမိအမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်ပြိး အသေခံမလား ဆိုတာ အားလုံး ချင့်ချိန်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

အဲခေါင်သောင့်(သြဂုတ်လ ၉ရက်၊ ၂၀၁၁)

Source from http://ehkhaungthaunt.blogspot.com/2011/08/blog-post_09.html

အောက်က ရုပ်သံအပိုင်းအစ,လေးကို ကြည့်လိုက်ကြစို့.............







Source Video from
http://sonparphort.blogspot.com/search?updated-max=2010-10-04T23%3A58%3A00-07%3A00&max-results=7

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သဘာဝပတ်ဝန်းကျင်လျှော်ညီသည့်ပြန်သုံးစာရွက် ထိုင်ဝမ်ထုတ်လုပ်

Taiwan developes first erasable electronic paper
Researchers at the Industrial Technology Research Institute, where the paper was developed, say it is the ideal replacement for the paper signs and posters that are now produced by the millions around the world.
Source Photo from http://www.worldbulletin.net

သဘာဝပတ်ဝန်းကျင် လျှော်ညီသည့်ပြန်သုံး

စာရွက် ထိုင်ဝမ်ထုတ်လုပ်
9 Aug, 2011

ထိုင်ဝမ် သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့တစ်ခုမှာ ပြန်လည်ရေးနိုင်သည့် လျှပ်စစ် စာရွက်တစ်မျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကာ ယင်းစာရွက်မှာ လျှပ်စစ်စွမ်းအင် လိုအပ်မည်မဟုတ်ဘဲ အသုံပြုနိုင်မည် ဖြစ်သည်။ ယခုစနစ်မှာ လက်ရှိဈေးကွက်တွင် ရောင်းချနေသည့် e book နည်းပညာနှင့် ကွဲပြားမှုအဖြစ် နောက်ခံအလင်းရောင် လိုအပ်မှုမရှိသဖြင့် လျှပ်စစ်စွမ်းအင် သုံးစွဲရန်မလိုအပ် ခြင်းပင်ဖြစ်သည်ဟု တိုင်ပေ စက်မှုလုပ်ငန်း ထိပ်တန်းသုတေသန အဖွဲ့တစ်ခုဖြစ်သည့် Industrial Technology Research Institute မှပြောသည်။

i2R e-paper ဟုအမည်ပေးထားသော ယခု လျှပ်စစ်စာရွက်မှာ ကွေးဆန့်နိုင်သော မျက်နှာပြင်ရှိပြီး သတင်းအချက်အလက် နှင့်ပုံရိပ်များကို သိမ်းဆည်းရန် အတွက် အပူစွမ်းအင်တစ်မျိုး သာလိုအပ်မည်ဖြစ်သည်ဟု မျက်နှာပြင်ပုံရိပ်ဖော် နည်းပညာဗဟို အဖွဲ့မှ အဆင့်မြင့်တာဝန်ယူထားသူ ဖြစ်သည့် Frank Hsiu မှပြောခဲ့သည်။ ၎င်း မှပြောရာ၌ အဆိုပါစာရွက်အတွင်း ရေးသားထားသည်များကို ပြန်ဖျက်ချင်ပါက Fax ပို့သည့် စက်များတွင်အသုံးပြုသည့် အပူစွမ်းအင်သုံး စာရိုက်စနစ်မှ နည်းကို အသုံးပြုပြီး ပြန်ဖျက်နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။
Source Photo from http://www.google.com/images

ယခုနည်းစနစ်ကို ဒစ်ဂျစ်တယ် စာအုပ်များ ၊ လျှပ်စစ် စွမ်းအင်သုံး မှတ်တမ်း သင်ပုံးပြားများနှင့် ကြီးမားသည့် ဒစ်ဂျစ်တယ် ကြော်ငြာ ဘုတ်များတွင် အသုံးပြုနိုင်ကြောင်း လည်း ၎င်း တို့မှပြောသည်။ ယခုအချိန်အထိ ရရှိထားသည့် သုတေသန ပြုချက်များအရ ယင်းစာရွက်များမှာ အကြိမ် ၂၆၀ အထိပြန်လည် အသုံးပြုနိုင်ကြောင်း သိရပြီး ယခုစနစ်အရ စာရွက်ပေါင်း မြောက်များစွာကို သက်သာစေမည့် အပြင် သစ်ပင်များစွာကိုလည်း ပျက်စီးမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်ဟု ၎င်း တို့မှပြောသည်။

source : channelnewsasia

Source News from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, August 8, 2011

သမိုင်းမော်ကွန်း ထွန်းခဲ့ပြီ



ပုံပြင်မဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်ပါ။
မေ့မသွားကြပါနဲ့။
ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ တော်လှန်ရေးသတိရှိကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 7, 2011

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲ ကျင်းပမည့်သတင်း

ဆရာတော် ဦးပဏ္ဍိတ

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲ ကျင်းပမည့်သတင်း

by (ဖုယောင်ဟဲ့)
၀၈-၀၇-၂၀၁၁

ကရင့်သက္ကရာဇ် ၂၇၅၀ပြည့်နှစ် ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်အား မိရိုးဖလာထုံးတမ်းစဉ်လာအရ စည်ကားသိုက် မြိုက်စွာ ကျင်းပကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

အဆိုပါပွဲတော်ကို အမေရိကန်ပြည်ထောင်စု မင်ဏီစိုးတားပြည်နယ် စိန့်ပေါမြို့ရှိ ဖူ့တာမိက်ဂုဏ်တာဘာၟ ဖိုးဖိုးတာမိုက် ဂုဏ်ကျေးဇူးအမည်ရ ဘုန်းတော်ကြီးကျောင်းတွင် ၀ါခေါင်လဆန်း၁၃ရက်နေ့ နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့နှင့် ကရင်ဗုဒ္ဓဘာသာအဖွဲ့မှ ဦးစီးဦးဆောင်ကျင်းပ, ကြဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ကျင်းပရာတွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ကရင့်ရိုးရာအစားအသောက်များအပြင် ထမင်းဖြူ အာလူးနှင့်ကြက်သားတို့ကိုလျောနှံချက်ထားသည့်ဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့်နေရာမှာ 795 Sherburne Avenue တွင်ဖြစ်ပြီး အသေးစိပ်အချက်အလက်များသိရှိလိုပါလျင် ဖေါ်ပြပါ ဖုံးနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။
ဆရာတော် ဦးပဏ္ဍိတ ၆၅၁-၄၄၂-၇၇၅၉
မန်းထွန်းဝင်း ၆၅၁-၄၈၉-၄၃၀၁

ထိုနေ့နှင့်တနေ့တည်း ကရင့်ရိုးရာနှင့်ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့မှလည်း သီးခြားတနေရာတွင် ကျင်းပကြမည်ဖြစ်ကြောင်း လည်း သတင်းရရှိပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သမင်တကောင် ဆားတပိဿာ

(မြွေသေတ္တာများ)
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စုပေါင်း စစ်ဆေးရေးဂိတ်တွင်
ဇန်န၀ါရီလ ၁၄ရက်နေ့ကမြွေသေတ္တာများ တင်ဆောင်လာသော ကားနှစ်စီးကို ဖမ်းဆီးရမိစဉ် မြွေသေတ္တာများ

မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ်ယူနေပြီး အချို့နယ်ဒေသများ၌ ဒေသခံများ လိုအပ်သော အခြေခံ စားသောက်ကုန်များကို ကြိုတင်ပေးအပ်ကာ မှာကြားမှုများလည်း ရှိလာကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုး ကွဲစုံလင်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် အချို့သော မျိုးစိတ်တို့မှာ မျိုးသုဉ်းပျောက်ကွယ်လု အနေအထားများကို ရင်ဆိုင်လာရကာ ယင်းမှာ သစ်တောပြုန်းတီးခြင်းနှင့် အလွန်အကျွံဖမ်းဆီး ထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“ဝေးလံခေါင်သီတဲ့ နေရာတွေ က ကျေးရွာတချို့မှာ ဒေသခံတွေက စားသောက်ကုန် အခက်အခဲရှိတော့ တရုတ်ဘက်က အဲဒါမျိုးတွေ ကြိုပေးထားကြတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ကိုမှာတယ်”ဟု မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ ရှားပါးလာသော မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိ အပင်နှင့်သတ္တ၀ါ ၃၉ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေ ရသော အပင်နှင့်သတ္တ၀ါ ၅၁ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိသွားနိုင်သော အပင်နှင့် သတ္တ၀ါမျိုးစိတ် ၁၁၅ တို့ ပါဝင်နေသည်။

မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်များနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို အဓိက ၀ယ်ယူနေသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန်အနေဖြင့် ၀ယ်ယူမှုများကာ တရုတ်နိုင်ငံမှာမူ ဆေးဝါးဖော်စပ်ရန်အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေသခံတွေဟာ နေ့စဉ်ရှင်သန်မှုအတွက် တခြားနည်းလမ်း တွေမရှိတော့ တောင်ယာခုတ်တာ၊ အမဲလိုက်တာ၊ ရွှေတူးတာတွေ လုပ် ကြတယ်။ မရှိလို့လုပ်ကြတာ။ တချို့ အိမ်တွေမှာဆို တောရိုင်းတိရစ္ဆာန်ထွက်တွေ အများကြီးစုထားတယ်။ ဘာလုပ်ဖို့လဲဆိုတော့ တရုတ်တွေ လာဝယ်တယ်လို့ ပြောပြ ကြတယ်။ ဒီကနေ ၀င်ငွေရတာ။ ဆားနဲ့လဲရတာ လည်းရှိတယ်။ သမင်တစ်ကောင်မှ ဆားတစ်ပိဿာလောက် ရတာ။ သူတို့အတွက် alternative livelihood ဖန်တီးပေးဖို့ လိုအပ်ပါတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံ တွေ့နေရသော တိရစ္ဆာန်များတွင် ဆင်၊ ကျား၊ အင်းကျား၊ ၀က်ဝံ၊ လိပ်မျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ တောင်ဆိတ်၊ မျောက်လွှဲကျော် စသည့်မျိုးစိတ်များ ပါဝင်နေသည်။

“ဒေသမှာက ၀င်ငွေအနေနဲ့ တ ခြားလည်းမရှိဘူး။ အစားအသောက် ကလည်း ရှားတယ်။ ဒီတော့ ဟို ဘက်ကလည်းလိုအပ်တာတွေ ကြို တင်ပေးပြီး လိုချင်တဲ့ပစ္စည်းတွေမှာ တာပါ”ဟု ဦးစိုးညွန့်က ဆိုပါသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ အ၀င်အထွက်ဂိတ်များတွင် တစ်ဖက် အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချမည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို ဖမ်းဆီးရမိခြင်းများလည်း ရှိခဲ့ပြီး တစ်ဖက်နိုင်ငံအထိ ပို့ဆောင် ရောင်းချမှုများလည်း ရှိနေဆဲဖြစ် သည်ဟု သိရှိရသည်။

Source News from
http://www.news-eleven.com


ဘာသိလိုက်တာမှတ်လို့ ကျုပ်တို့စစ်အစိုးရက ကုန်သည်တွေဆီကကောက်လို့ရတဲ့ငွေတွေနဲ့
အဲဒီလိုဖမ်းမိတဲ့မြွေတွေကို ပြန်ဝယ်တယ်ပြောပြီး တောထဲပြန်လွှတ်မှာဗျ
ပြီးတော့မှ ပေါက်ဖေါ်ကြီးကိုခေါ်ပြီး စီမံကိန်းချ ပြန်ရောင်းမှာ
(မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းလိုမျိုး)
အဲဒါ မြန်မာပြည် ဆင်းရဲသားပ,ပျောက်ရေးအတွက် ပထမနှစ် နှစ်အသင်္ချေ စီမံကိန်းတဲ့
မှတ်ကရော။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, August 6, 2011

ကြာသပတေးဂြိုဟ်သို့ နာဆာ ပြန်သွားမည်

NASA's Juno spacecraft blasted off at 12:25 p.m. EST on a mission to planet Jupiter.
Source Photo from
http://www.foxnews.com/scitech/2011/08/05/nasa-to-launch-juno-mission-to-jupiter/


ကြာသပတေးဂြိုဟ်သို့ နာဆာ ပြန်သွားမည်
6 Aug, 2011

လူသား လိုက်ပါသည့် အာကာသယာဉ် အစီအစဉ်မှာ ပြီးဆုံးခဲ့ပြီ ဖြစ်သော်လည်း အမျိုးသား အာကာသ အုပ်ချုပ်ရေးအဖွဲ့ နာဆာအနေဖြင့် နေစကြဝဠာ၏ သတင်းအချက်အလက် များကိုမူ ဆက်လက် စုစည်းနေဆဲပင် ဖြစ်သည်။

ယနေ့တွင် အာကာသအေဂျင်စီ အနေဖြင့် ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ပတ်လမ်းသို့ လူမပါသည့် လေ့လာရေးယာဉ်ကို လွတ်တင်လိုက်ပြီ ဖြစ်ကာ လွန်ခဲ့သော ၁၆ နှစ် ကာလက Galllileo အမည်ရ လူမပါ လေ့လာရေး ဂြိုဟ်တု အပြီး တွင် ဒုတိယမြောက် ဂြိုဟ်တု တစ်လုံးလည်း ဖြစ်သည်။

ယခု လွတ်တင်လိုက်သည့် ဂြိုဟ်တုမှာ Juno ဟု အမည်ရပြီး ဒေါ်လာ ၁.၁ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ရခြင်း ဖြစ်ကာ လာမည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကြာသပတေးဂြိုဟ် ၏ ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိမည် ဖြစ်ပြီး တစ်နှစ်ကြာ သတင်းအချက်အလက်များ စုဆောင်းမည် ဖြစ် ကာ ကမ္ဘာသို့ ပြန်လည်ပေးပို့မည် ဖြစ်သည်။

ယခု စေလွတ်မှုတွင် ကြာသပတေးဂြိုဟ်၏ ဓါတ်ငွေ့တည်ဆောက်ပုံများ ၊ သံလိုက်စက်ကွင်းများ နှင့် ရေဖြစ်တည်မှု ရှိမရှိတို့နှင့် ပတ်သက်ပြီး ပိုမို လေ့လာသွားမည် ဖြစ်သည်။ ယခုလို လေ့လာမှုနှင့် ပတ်သက်ပြီး နေစကြဝဠာ၏ ဖြစ်တည်မှုကိုလည်း ယခု လေ့လာမှုမှ တစ်ဆင့် ပိုမိုသိရှိနိုင်မည် ဖြစ်သည် ဟု ယင်းအစီအစဉ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။


source : the news york times

Source News from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငှက်ကိုဖမ်းစားသည့် အပင်တစ်မျိုး Somerset တွင် တွေ့ရှိ

Nigel Hewitt-Cooper in his garden
Source Photo from
http://www.thisissomerset.co.uk/Somerset-expert-s-carnivorous-plant-birds-menu/story-13076414-detail/story.html

ငှက်ကိုဖမ်းစားသည့် အပင်တစ်မျိုး

Somerset တွင် တွေ့ရှိ

6 Aug, 2011

ဝေလနယ်ရှိ ပန်းနာဒ် ရွာတွင်ရှိသည့် အပူပိုင်း စိုက်ခင်း တစ်ခုတွင် အသားစား အပင်တစ်မျိုးကို တွေ့ရှိခဲ့ရပြီး great tit ခေါ် ငှက်တစ်မျိုးကို ဝါးမြိုစားသောက် ခဲ့ကြောင်း ဥယျာဉ်မူးဖြစ်သူ Nigel Hewitt-Cooper မှ ထုတ်ဖော် ပြောကြားလိုက်ကာ ကရားလက်ကိုင်နှင့် တူသည့် အပင် တစ်မျိုးမှ ယင်းငှက်အား ထောင်ချောက်ဆင် ဖမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလို တွေ့ရှိရမှု အတွက် အလွန်ပင် အံ့အားသင့်ခဲ့ရကြောင်း Cooper မှပြောခဲ့ကာ ယခုလို တွေရှိမှုမှာ အသားစား အပင်တစ်မျိုး မှ ပျံသန်းနိုင်သည့် သက်ရှိ သတ္တဝါကို ဝါးမြိုမှု အဖြစ် ဒုတိယအကြိမ်မြောက် မှတ်တမ်းတင်နိုင်မှု တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
"Killer plant 'eats' tit

Source Photo from
http://mliberalguy.blogspot.com/2011/08/killer-plant-eats-tit.html

ယခုလို တွေ့ရှိမှုမှာ ယခင်က ဖားများ ၊ အိမ်မြောင်များ ၊ ကြွက် များဖြစ်ပြီး အကြီးဆုံးအနေဖြင့် မြေကြွက်ကဲ့သို့ အကောင်များသာ ဖမ်းဆီးသည်ကို တွေ့ရပြီး ယခုလို ငှက်ကို ဖမ်းဆီးမှုမှာ အလွန်ရှားပါး သည့် ဖြစ်ရပ်တစ်ခု လည်း ဖြစ်ကြောင်း Cooper မှ ပြောခဲ့သည်။
Hewitt-Cooper မှာ ယင်းကဲ့သို့သော သားစားပင်များကို ပြုစုပျိုးထောင်သူ တစ်ဦးဖြစ်ပြီး ချယ်လ်ဆီး ပန်းပြပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

source : bbc news

Source News from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 5, 2011

ဒေါက်တာတီးမသီနှင့် ဒီဗွီဘီ တို့ ဆက်သွယ်မေးမြန်းချက်


ဟုတ်ကဲ့ အားလုံးကိုလေးစားပါတယ် လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်တုန်းက ဆက်သွယ်မေးမြန်းထားချက်လေးကို
ပြန်လည်တင်ဆက်လိုက်တာပါ။
ဒေါက်တာတီးမသီရဲ့ ဖြေကြားပြောဆိုမှုအပေါ် ဘယ်လိုများကောက်ချက်ချချင်ပါသလဲ။
ကျေးဇူးတင်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 4, 2011

ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းရှင်များထံက ကျပ်သိန်းထောင်ချီ ကောက်

Source Cartoon from Eleven Media Group

ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းရှင်များထံက

ကျပ်သိန်းထောင်ချီ ကောက်

August 4, 2011
by ရွှေအောင်

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဆောင်ရွက်ဖို့အတွက် မုံရွာမြို့ မုံရွာကုန်စည်ဒိုင် အပါအ၀င် လုပ်ငန်းအသင်းအဖွဲ့တွေဆီက ငွေကျပ် သိန်းထောင်ချီ ကောက်ခံနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်အရ မုံရွာမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေဆီက ငွေကြေး ကောက်ခံနေတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ဆိုပြီး ကောက်နေတာ ဖြစ်ပေမယ့် ဒီငွေတွေကို ဘယ်လိုနေရာတွေမှာ ဘယ်ပုံဘယ်နည်း သုံးမယ်ဆိုတာကိုတော့ သက်ဆိုင်ရာက ရှင်းမပြဘူးလို့ မုံရွာကုန်စည်ဒိုင်က ကုန်သည်တဦးက ပြောပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ကုန်သည်တဦးကို ငွေကျပ် ၃ သိန်း ကောက်ခံပြီးတော့ ကုန်သည်တွေက ပဲဈေးတွေ ကျပြီးတော့ အရောင်းအဝယ် မကောင်းဘူးလို့ တင်ပြကြတာကြောင့် အခုတော့ တဦးကို ကျပ် ၂ သိန်း ထည့်ဝင်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

“ဒေသအာဏာပိုင် အဖွဲ့အစည်း ကနေပြီးတော့ အကူအညီ တောင်းတယ်။ ခေတ္တစိုက်ထုတ် ချေးပေးဖို့ ပြီးရင် ပြန်ရမယ်ပေါ့။ အာမခံတယ်ပေါ့ အဲဒီအတွက်ကို။ အခု ပထမတော့ ကျနော်တို့ ၃ သိန်း ဖြစ်နေလို့ အဲဒါတော့ နည်းနည်းလေး အခြေအတင် ဆွေးနွေးကြရတာပေါ့။ နောက်ပိုင်း အခု ၂ သိန်း ပြည့်အောင်တော့ ထည့်ကြပေါ့။ ကျနော်တို့ ဒီ ကုန်စည်ဒိုင်အနေနဲ့ သိန်း ၁ ထောင်ပေါ့ မတည်ရမှာ။ လောလောဆယ်တော့ နို့တစ်စာ ကပ်ထားတာတော့ အဲဒီသတ်မှတ်ရက် နောက်ပိုင်း မထည့်နိုင်ဘူး ဆိုရင် ဒိုင်ဝင်ခွင့် ခေတ္တယာယီပိတ်မှာပေါ့။ အများစုရဲ့ သဘောထားကတော့ အခုကတော့ ထည့်ကြမှာပါ။ စောစောက ၃ သိန်း ဆိုရင်တော့ နည်းနည်းလေး အကြောက်အကန် ဖြစ်နေတာ။ အခု မင်းအမိန့်ဆိုတော့လည်း မလိုလားလည်း လိုလားအောင် လုပ်ကြရမှာပေါ့ဗျာ။ တကယ် နွမ်းပါးတဲ့လူတွေကို ထိရောက်အောင် ဘယ်လိုပေးမယ်ဆိုတဲ့ plan (အစီအစဉ်) ကတော့ မပါဘူး။”

ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ငွေထည့်ရမယ်လို့လည်း ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ အသင်းဝင် ၅၀၀ လောက် စာရင်းပေါက်ပေမယ့် တကယ် ရောင်းဝယ်ဖောက်ကား ဝင်ထွက်နေတာက ၃၀၀ လောက်ပဲ ရှိပါတယ်။ အားလုံး ထည့်ဝင်မှ ကျပ် သိန်း ၆၀၀ ပဲ ရမှာပါ။ ကျပ်သန်း တထောင်ပြည့်အောင် ကုန်စည်ဒိုင်ရန်ပုံငွေက ဖြည့်ပြီးပေးရဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ မုံရွာက ဆန်၊ ရေနံ၊ ကျောက်မျက်၊ သစ်တော စတဲ့ လုပ်ငန်းအသင်း အဖွဲ့တွေလည်း အချိုးကျ ထည့်ဝင်ဖို့ တိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

သစ်လုပ်ငန်း အဖွဲ့က ကျပ် သိန်း ၆၀၀၀ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လထဲက သမ္မတ ဦးသိန်းစိန် ပဲခူးနဲ့ ဟင်္သာတဘက် ခရီးထွက်တုန်းက တတ်နိုင်တဲ့ လူတွေက ငွေကြေးစုထည့်ပြီး ဆင်းရဲတဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေကို ငွေထုတ်ချေးတဲ့ လုပ်ငန်းတွေကို လုပ်ကြဖို့ ပြောခဲ့ပါတယ်။

အဲဒီနောက် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လုပ်ငန်းရှင်တွေဆီက ငွေကြေး ကောက်ခံတဲ့ လုပ်ရပ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ကျေးလက်ဒေသနေ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါး နေကြတယ်လို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။

Credit http://burmese.dvb.no/archives/13707



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....