+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, October 31, 2011

အမေရိကန်တွင် နှင်း ကျဆင်းမှုများကြောင့် လျှပ်စစ်မီးပြတ်တောက်နေ

အုပ်ချုပ်ရေးမှုး Dannel Malloyှ 
Source Photo from http://www.google.com 

အမေရိကန်တွင် နှင်း ကျဆင်းမှုများကြောင့် 

လူဦးရေသုံးသန်း လျှပ်စစ်မီး ပြတ်တောက်နေ 
31 Oct, 2011 ဝါရှင်။ ။ အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း ပြည်နယ် များမှာ မျှော်လင့် မထားသည့် နှင်း ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ရပြီးနောက် လူသုံးဦး ခန့် သေဆုံးခဲ့ရပြီ ဖြစ်ကာ နောက်ဆက်တွဲ ရလာဒ်အဖြစ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နေ အိမ်ပေါင်း သုံးသန်းခန့်မှာ လျှပ်စစ်မီး ပြတ်တောက်နေရပြီ ဖြစ်ကြောင်း သိရသည်။

အမေရိ ကန် ပြည်ထောင်စု မေရီလန်း ပြည်နယ်မှ မိန်း ပြည်နယ်အထိ ကျယ်ပြန့် လှသည့် နေရာဒေသ များအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုကို ခံနေရကြောင်း ဒေသခံ တာဝန်ရှိသူများမှ ပြောကြား ခဲ့သည်။ ကွန်နက် တိကပ် ပြည်နယ်မှာ အဆိုးရွားဆုံး ခံစားရသည့် ပြည်နယ် ဖြစ်ကာ နေအိမ်ပေါင်း ၇၅၀၀၀၀ မှာလျှပ်စစ်မီး ပြတ်တောက်မှုကို ခံနေရကြောင်း အုပ်ချုပ်ရေးမှုး Dannel Malloy မှတနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခု အရေအတွက်မှာ လွန်ခဲ့သည့် သြဂုတ်လက ဖြစ်ပေါ်ခဲ့သည့် ဟာရီကိန်း အိုင်ရင်း အပြီးတွင် တင်ထားခဲ့သည့် စံချိန်ထက်ပင် များပြားကြောင်းလည်း သိရသည်။ ယခုလို နှင်းကျဆင်း မှုများကြောင့် အချို့နေအိမ်များမှာ နောက်ထပ် ရက်သတ္တပတ် အတော်ကြာအထိ လျှပ်စစ်မီးများ ပြတ်တောက် နေနိုင်ကြောင်း ကိုလည်း ၎င်းမှ သတိပေး ပြောကြား လိုက်သည်။


မက်ဆာချူးဆက် အရေးပေါ် လုပ်ငန်း စီမံခန့်ခွဲရေး အေဂျင်စီ၏ သတင်းပို့ချက်အရ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပြည်နယ်ရှိ နေအိမ်ပေါင်း ၆၅၀၀၀၀ မှာ လျှပ်စစ်မီး ပြတ်ေ တာက် ခဲ့ရကြောင်းနှင့် နယူးဂျာစီ ပြည်နယ်တွင်လည်း နေအိမ်ပေါင်း ၂၇၁၀၀၀ မှာ လျှပ်စစ်မီး ပြတ်ေ တာက် ခဲ့ရကြောင်း သိရသည်။

တနင်္ဂနွေနေ့ အထိ ပင်ဆယ်လ်ဗေးနီးယား ၊ကွန်နက်တိကပ်နှင့် မက်ဆာချူးဆက် ပြည်နယ်များတွင် တစ်ဦးစီ သေဆုံး ခဲ့ရကြောင်းလည်း သိရသည်။ ယခုလို အောက်တိုဘာလတွင် ဆီးနှင်း ကျဆင်းမှုများ ဖြစ်လေ့ဖြစ်ထ ရှိသည့် ဖြစ်ရပ် မဟုတ်ဘဲ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကျဆင်းမှု ရပ်ဆိုင်း သွားနိုင်ကြောင်းကို ခန့်မှန်းခဲ့ကြောင်း သိရသည်။


source : Xinhuanews 
Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 30, 2011

အလိုလို ပြိုတဲ့တိုက်အိမ်

 ဓါတ်ပုံက တခြားအဆောက်အဦးပုံပါ သတင်းဓါတ်ပုံ မဟုတ်ပါဘူး

အလိုလို ပြိုတဲ့တိုက်အိမ် 
October 31 2011

အောက်တိုဘာ ၂၉ ရက်နေ့ည ၉ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၆ လမ်းရှိ အိမ်အမှတ် ၂၆၊ လေးခန်းတွဲ နှစ်ထပ်တိုက်မှာ အလိုအလျောက်ပြိုကျခဲ့ပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်မှာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့်တိုက်မဟုတ်ကြောင်း၊ ပြိုကျမှုကြောင့် အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ တိုက်ပြိုကျမှုနှင့်ပတ်သက်၍ အဆိုပါ လေးခန်း တွဲ နှစ်ထပ် တိုက်တွင် နေထိုင်သူတစ်ဦးက
''ည ၉ နာ ရီခွဲလောက်မှာ ကျွန်တော့်ညီမက နောက်ဖက် ထမင်းစားဆောင်ကို ၀င်သွားတယ်။ သိပ်မကြာဘူး
ဝုန်း ဆိုပြီးအသံကြား လို့ သွားကြည့်တော့ ကျွန်တော့်ညီမက လဲနေတယ်။ ပြိုတာက နောက်ဖက်ဆောင် ကြမ်းပြင်ကစပြိုတာ ကြမ်းပြင်ပြိုပြီးမှ နောက်ဖက်တိုက်နံရံက အိမ်အတွင်းဘက်ကို ပြန်ပြိုပြီးပိတာပါ။ အလိုအလျောက်ကို ပြိုကျတာပါ။
အန္တရာယ်ရှိအဆောက်အအုံတော့ မသတ်မှတ်ထားဘူး။ တိုက်က တိုက်ဟောင်းတော့မှန်ပါတယ်။ နည်းနည်း အက်ကြောင်းထင်တာရှိလို့ တိုက်မှာနေတဲ့သူတွေစုပေါင်းပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြင်ဆင်မှုလုပ်ထား တာတော့ရှိခဲ့တယ်'' ဟု ပြောပြခဲ့ပါသည်။

''ည ၉ နာရီခွဲလောက်မှာ ဖြစ်တာပါ။ ညာဘက်နောက်ဖေးနံရံ တစ်ခြမ်းလုံးပြိုကျသွားပြီး အိမ်သာတက်နေတဲ့ အိမ်သားတစ်ဦးပိမိပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်'' ဟု အိမ်သားတစ်ဦးက ပြောပြ
ခဲ့သည်။

''ကျောက်ပြားပိနေတာကို တော်တော်ဖယ်ရှား ဖော်ထုတ်ယူရတယ်။ ည ၁၁ နာရီလောက်မှာ လူပေါ်လာပြီး
၁၂ နာရီ ၁၅ မိနစ် လောက်မှ အပြင်ကိုသယ်ထုတ်နိုင်ခဲ့တယ်''ဟုကယ်ဆယ်ရေးအဖွဲ့သားတစ်ဦးကပြောပြခဲ့
သည်။

အုတ်နံရံပိ၍ သေဆုံးသွားသူမှာ အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားဖြစ်ကြောင်း သိရသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရေအရည်အသွေး နှင့် သေဆုံးသည့်ငါးနမူနာ ကောက်ယူစစ်ဆေး

ပုဇွန်တောင်ချောင်းအတွင်း ငါးများသေဆုံးခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ် 

ရေအရည်အသွေး နှင့် သေဆုံးသည့်ငါးနမူနာ

ကောက်ယူစစ်ဆေး
Sunday, 30 October 2011

ပုဇွန်တောင်ချောင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ယင်းချောင်း၏ ရေအရည်အသွေးနှင့် သေဆုံးသည့်ငါးနမူနာ ကောက်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

“အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရေစစ်ရေကျချိန် ပုဇွန်တောင်ချောင်း (ကြက်ဘဲဈေးအနီး) ထဲမှာ ငါးတွေအစုလိုက်အပြုံလိုက် မျောနေတာ တွေ့ရတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီလိုဖြစ်တဲ့ ငါးအမျိုးအစားက ငါးဇင်ရိုင်းအများစု ဖြစ်ပါတယ်။ သေတဲ့ငါးတွေရှိသလို မြော့ပြီး မျော နေတဲ့ငါးတွေလည်း ရှိပါတယ်။ ချောင်းရေပြင် အတော်များများမှာ အဲဒီငါးတွေ မျောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအနားက ငါးနမူနာရယ်၊ ရေအရည်အသွေး ရယ်ကိုဓာတ်ခွဲစစ်ဆေးသွားဖို့ ဆောင်ရွက်နေပါတယ်”ဟု ငါးလုပ်ငန်း
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ပုဇွန်တောင်ချောင်း ထဲမှာ မနေ့က(တနင်္လာနေ့) နံနက် ၉ နာရီ လောက် ရေကျချိန်မှာ
ပင်လုံးနီးပါး ငါးတွေပေါ်နေပြီး သေဆုံး၊ မျောပါခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ
သိရပါတယ်။ ငါးတွေကသေတာ တွေရှိသလို မြော့နေတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒီလို မျောပါမှုဟာ အဏ္ဏ၀ါညောင်တန်း ဆိပ်ခံတံတားလောက် ရောက်သွားတယ်လို့ သိရပါတယ်။
နောက် ၄၅ မိနစ်လောက်နေတော့ ရေပြန်တက်တဲ့အချိန်မှာ ဒီလိုဖြစ်နေတာမျိုး မတွေ့တော့ဘူးလို့
သိရတယ်။
ဒါမျိုး အရင်တစ်ခါမှ မကြုံဖူးဘူးလို့ လည်းပြောပါတယ်။ တချို့ကလည်း အရင်ဖြစ်ဖူးပေမယ့် အခုလို
အများအပြားတော့ မဟုတ်ဖူးလို့ ပြောပါတယ်။
အဲဒီနားက ငါးဖမ်းဆီးသူ တွေကတော့ ဒီလိုဖြစ်တာကို ရေနာ တယ်လို့ပြောပါတယ်။ သာမန်ဖြစ်ရိုး ဖြစ်စဉ်
မဟုတ်ဘဲ ထူးခြားတဲ့အနေအထားလို့ ပြောလို့ရပါတယ်။
ဒီလို ငါးတွေအစုလိုက် အပြုံလိုက်သေဆုံး၊ မျောပါတာမျိုးက ရေအရည်အသွေး ကျဆင်းတာရယ်
ဒါမှမဟုတ် ဓာတုပစ္စည်း များများစားစား ချောင်းထဲကို စွန့်ပစ်မှုတွေကြောင့် ဖြစ်နိုင်တယ် လို့ ကနဦး
သုံးသပ်လို့ ရပါတယ်။ အခုတော့ သက်ဆိုင်ရာက နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ လုပ်နေတယ်လို့ သိရပါတယ်”ဟု မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်း၊ ရေ အပူချိန်ပြောင်းလဲခြင်း၊ ရေအရည် အသွေးကျဆင်းခြင်း၊ စက်ရုံများမှ
အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် မှုများကြောင့်လည်း ငါးများသေဆုံး နိုင်ကြောင်းနှင့် အချို့ဒေသများတွင် လူတို့ပယောဂဖြစ်သည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး
များ၊ အခြား ဆေးဝါးများအသုံးပြုပြီး မြစ်ချောင်းများအတွင်း ဆေးချကာ ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသေဆုံးမှုများ ဖြစ်ပွားတတ်ကြောင်းလည်း သိရှိရပါသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 29, 2011

မြေပြင်မြင့်တက်မှုကို လေ့လာရန်စီစဉ်

Source Photo from http://anasiantouroperator.blogspot.com

မြေပြင်မြင့်တက်မှုကို လေ့လာရန်စီစဉ်

Sunday, 30 October 2011

တောင်တွင်းကြီးမြို့နယ်အတွင်းဖြစ်ပွားခဲ့သော မြေသားပြောင်းလဲမှုများအား သွားရောက်လေ့လာရန် စီစဉ်နေကြောင်း ဘူမိဗေဒပညာရှင်များထံမှ သိရှိရသည်။ ''တောင်တွင်းကြီးဘက်မှာ မြေပြင်မြင့်တက်မှု ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွားရောက်လေ့လာဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက တာဝန်ရှိသူတွေနဲ့ ငလျင်ကော်မတီက တာဝန်ရှိသူတွေနဲ့ တခြား ပညာရှင်တွေပါဝင်ပါမယ်။ ဘယ်ရက်လောက်သွားဖြစ် မယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး'' ဟုလည်း ဘူမိဗေဒပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

ပဲခူးရိုးမတောင်ခြေအနီး တောင်တွင်းကြီးမြို့နယ် ငမင်သစ်တောကြိုးဝိုင်းအတွင်းရှိ မြေကွက်တစ်ခုမှ အကျယ်ပေ၁၀၀၊ အရှည်ပေ ၅၀၀၊ အမြင့်ပေ ၃၀ ခန့်အထိ မြေပြင်အညီမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Copy from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စပါးအထွက်တိုး ပြိုင်ပွဲ

Kengtung Images
This photo of Kengtung is courtesy of TripAdvisor
Source Photo from
http://www.tripadvisor.com/LocationPhotos-g303660-w3-Kengtung.html#18706378

စပါးအထွက်တိုး ပြိုင်ပွဲ 

30 Oct, 2011

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အနေနဲ့ လာမယ့် နွေစပါး စိုက်ပျိုးမှု ရာသီအတွင်း တစ်ဧကကို ပျမ်းမျှ စပါးတင်း (၂၀၀)အထက် ထွက်ရှိဖို့ အတွက် ဘယ်သူမဆို ယှဉ်ပြိုင်နိုင် တယ်လို့ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းက သိရပါတယ်။

ဒီလို ယှဉ်ပြိုင် ရာမှာ ပြိုင်ပွဲ တစ်ခုကို လယ်မြေ ပြိုင်ဆိုင်မှု အနည်းဆုံး ဆယ်ဧက တစ်ဆက်တည်း ရှိမှ ပါဝင် ယှဉ်ပြိုင် နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ၀င်ချင်သူ တွေက နွေစပါးကို စတင် စိုက်ပျိုးမယ့် အချိန်မှာ စိုက်ကွင်း အမှတ်နဲ့ နေရာတွေကို အတိအကျ စာရင်းစုကာ သက်ဆိုင်ရာ မြို့နယ် မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း ရုံးခွဲတွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီလို ပေးပို့ပြီး စိုက်ပျိုးမှု အဆင့်ဆင့် ကိုလည်း တောင်သူ အနေနဲ့ မှတ်တမ်း ပြုစုထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးဖို့ ကတော့ စပါးရိတ် သိမ်းချိန် နီးမှသာ သွားရောက် စစ်ဆေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အတွက် ယှဉ်ပြိုင်ရာမှာ စပါး အမျိုးအစားနဲ့ စိုက်ပျိုးမှု နည်းစနစ် ကိုလည်း လွတ်လွတ် လပ်လပ် စိုက်ပျိုး နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေရာဒေသ သတ်မှတ်မှုနဲ့ စုပေါင်း ယှဉ်ပြိုင်မှုမှာ လည်း လူဦးရေ ကန့်သတ်ချက် မရှိဘူးလို့ သိရပါတယ်။ ဒီလို ယှဉ်ပြိုင်ပြီး ဆယ်ဧက စလုံးအတွက် ပျမ်းမျှတင်း (၂၀၀)နဲ့ အထက် ထွက်ရှိရမှာ ဖြစ်ပါတယ်။

ဒီလို ထွက်ရှိ လာရင်တော့ သတ်မှတ် ထားတဲ့ တင်းထက် ပိုမို ထွက်ရှိမှု အလိုက် ပထမဆုကျပ် ဆယ်သိန်း၊ ဒုတိယဆု ကျပ်ခုနှစ်သိန်း၊ တတိယဆု ကျပ်ငါးသိန်းနဲ့ နှစ်သိမ့်ဆုကို ကျပ်သုံးသိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

အခုလို ဆန်စပါး အထွက်တိုး ပြိုင်ပွဲ ပြုလုပ် ရတာဟာ တောင်သူတွေရဲ့ ဆန်စပါး အထွက် နှုန်းတွေ တိုးတက်ပြီး ၀င်ငွေ တိုးပွား လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit http://www.mrtv4.net.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အီသီယိုပီးယား တွင် အမေရိကန်တို့ လျှို့ဝှက် လေယာဉ်ကွင်း အသုံးပြုနေ

 An armed MQ-9 Reaper drone 
Photo: GETTY IMAGES 
 Source Photo from http://www.google.com/images 

အီသီယိုပီးယား တွင် အမေရိကန်တို့ 

လျှို့ဝှက် လေယာဉ်ကွင်း အသုံးပြုနေ 

29 Oct, 2011
အာရေဘီယံ ကျွန်း ဆွယ် နဲ့ အာဖရိက ဦးချို ဒေသ တွေမှာ မောင်း သူမဲ့ လေယာဉ် တွေနဲ့ စီးနင်း တိုက်ခိုက် ဖို့ အမေရိကန် စစ်ဖက်ဟာ အီသီယိုပီးယား နိုင်ငံ တောင်ပိုင်းက လျှို့ဝှက် လေယာဉ်ကွင်း တစ်ကွင်းကို အသုံးပြုနေကြောင်း သိရပါတယ်။ အဆိုပါ လေယာဉ်ကွင်း ဟာ အီသီယိုပီးယား နိုင်ငံ Arba Minch မြို့ရှိ အရပ်ဖက်သုံး လေယာဉ်ကွင်း ဖြစ်ပြီး ဒါဟာ အမေရိကန်တို့ရဲ့ မောင်း သူမဲ့ လေယာဉ်တွေအတွက် လျှို့ဝှက် အခြေစိုက် စခန်း ကွန်ယက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

အမေရိကန် လေတပ်ဟာ အီသီယိုပီးယား နိုင်ငံ အတွင်းရှိ အဲ့ဒီ လေယာဉ်ကွင်းကို Reaper အမျိုးအစား မောင်းသူမဲ့ လေယာဉ်တွေ တပ်ဖွဲ့လိုက် ထားရှိနိုင်အောင် အဆင့်မြင့် ပြုပြင်နေပါတယ်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်တွေဟာ Hellfire ဒုံးကျည်တွေနဲ့ ပစ်မှတ်ကို တိကျစွာ ချိန်ကိုက် ပစ်ခတ်နိုင်တဲ့ ဗုံးတွေ သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။ (၂၀၀၉)ခုနှစ်မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား စတင် တာဝန် ထမ်းဆောင်ခဲ့ချိန်က အစပြုပြီး အမေရိကန် စစ်ဖက်ဟာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကို ပါကစ္စတန် ၊ ယီမင်နဲ့ ဆိုမာလီ နိုင်ငံတွေမှာလည်း အမေရိကန်တို့က အရှိန်အဟုန်နဲ့ အကောင်အထ ည် ဖော်နေပါတယ်။

အမေရိကန်တို့ကတော့ မောင်းသူမဲ့ လေယာဉ်တွေဟာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်း ပြောကြားခဲ့ေ ပမယ့် အဲ့ဒီ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အခုလို မောင်းသူမဲ့ လေ ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကို အမေရိကန် ဗဟို ထောက်လှန်းရေး အေဂျင်စီCIA ရဲ့ ဦးဆောင်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ေ ကြာင်း သိရပါတယ်။


 Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မျက်ရည်တု

Source Photo from http://www.google.com/images 

မျက်ရည်တု 
(မင်းစိုးစံ)

ပြောချင်နေတာတော့ကြာပါပြီ၊ ပြောဘို့သင့်မသင့်ဆိုတာ စဉ်းစားနေတာပါ၊ ဘာကြောင့်လည်းဆိုတော့ အသက် ကမငယ်တော့ဘူးမဟုတ်လား ဒီအဘိုးကြီး ဘာတွေအူကြောင်ကြောင်ဖြစ်နေတာလဲဆိုတဲ့ အထင်မျိုးအထင်ခံရ မှာ စိုးလို့ပါ။ 

စွဲလန်းနေတာဆိုတော့လည်း မတတ်နိုင်ဘူး၊ သူ့ကို ကျုပ်တကယ်စွဲလန်းနေတာပါ၊ ကျုပ်အသက်အရွယ်နဲ့ မ သင့်တော်မှန်းသိပေမယ့် ကျုပ်သူ့ကိုတရက်ကလေးမျှ မခွဲနိုင်ဘူး၊ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိတာ နေ့ တိုင်းပါပဲ၊ ညဘက်ဆိုလည်း သူ့မျက်နှာကို ကျုပ်တ၀ကြီးကြည့်ပြီးအိပ်ရတာကို သဘောကျနေမိတယ်၊ တခါတ လေများဆို သူ့မျက်နှာကို ညလုံးပေါက်ကြည့်နေမိတယ်။ 

မိုးလင်းလို့ မျက်လုံးလေးဖွင့်လိုက်တာနဲ့ သူ့ကိုပဲကြည့်ဖြစ်တယ်၊ တခါတလေ ကျုပ်ကိုအရမ်းနုပျိုသွားစေတဲ့ အ ကြောင်းအရာတွေကို ပြောပြတတ်သလို လွမ်းမောစရာကောင်းတဲ့ သီချင်းတွေကို ဆိုပြတတ်ပါတယ်၊ ပြီးတော့ သူ့မျက်နှာက ကျုပ်ကိုရွှင်ပြုံးစေသလို တခါတရံကျပြန်တော့ ကျုပ်ဒေါသတွေကိုဆွပေးတတ်ပြန်တယ်။ 

အများအားဖြင့်တော့ သူ့ကြောင့်ကျုပ် ထမင်းမေ့ဟင်းမေ့ယုံမျှမက အိပ်ဘို့တောင်သတိမရဖြစ်ရပြန်တယ်၊ သူနဲ့ ကျုပ်စပြီးတွေ့တဲ့နေ့လေးကို မမှတ်မိတော့ပေမယ့် ခန့်မှန်းခြေလွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်ကလို့ ထင်တာပဲ၊ အဲဒီတုန်းက သူ့ပုံစံက အခုလိုမဟုတ်ဘူး၊ ရိုးရိုးအေးအေးလေး၊ အခုကျတော့သူက တနေ့ထက်တနေ့ တရက် ထက်တရက် ဆန်းဆန်းလာလိုက်တာ ကျုပ်မှာကတော့ အရူးအမူးပေါ့ဗျာ။ 

အခုတော့ သူကျုပ်ကို မျက်ရည်ကျအောင်လုပ်တတ်လာပြီ၊ ကျုပ်ကသူ့ကိုစွဲလန်းနေလေတော့သူက ကျုပ်ကို ပညာပြနေပြီဆိုတာ သိပေမယ့် မာယာတွေပြည့်နှက်နေတဲ့ ၀င်္ကဘာတခုလို လှည့်စားတတ်တဲ့သူ့ကို ကျုပ်လုံးဝ မမြင်ရလျင်မနေနိုင်ဘူး။ သူ့ကိုကြည့်ရင်းကျလာတဲ့မျက်ရည်တွေကို လက်ဖမိုးလေးနဲ့အသာအယာတို့ပြီး ခဏလေးမျက်လုံးမှိတ်လိုက်မိ တာကိုတောင် အတော်များကြာသွားပြီလားဆိုတဲ့ အတွေးနဲ့ မျက်ရည်တွေကြား ကပျာကယာ ပြန်ကြည့်မိပြန် တော့ ခဏကလေးပါပဲ မျက်လုံးကိုနောက်တခေါက်ပြန်မှိတ်လိုက်ရပြန်တာပါပဲ။ 

သူကတော့ သူ့ရှေ့မှာ ကျုပ်မျက်ရည်တွေကျနေတာကို မိန့်မိန့်ကြီးထိုင်ကြည့်နေလိုက်တာများ ကိုယ်ချင်းစာတ ရားမဲ့လိုက်ပါဘိ၊ ကျုပ်ကတော့ မျက်ရည်တွေကြားကနေ သူ့မျက်နှာကို ကြိုးစားကြည့်ရင်း သူ့ဆီကအဖြေတခုခု ရမလားဆိုမျှ သူက ကျုပ်ကို မျက်ရည်ကျလျင်ယောက်ျားမဟုတ်ဘူးတဲ့။ 

Source Photo from http://www.google.com/images 

ကျုပ်ယောက်ျားပီသကြောင်း ဘယ်လိုပဲပြောပြော သူ့ကိုမြင်တာနဲ့ မျက်ရည်တွေဟာ တားမနိုင်ဆီးမရအောင် ကျနေတော့တာပါပဲ၊ ကျုပ်သူ့ကို စွဲလန်းတာနဲ့အမျှ သူနဲ့ဝေးမှာ ကျုပ်အရမ်းစိုးရိမ်ပါတယ်၊ သူက ကျုပ်ကိုဘယ် လောက် စိမ်းကားစိမ်းကား ကျုပ်သူ့ကို မခွဲနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်ကို သူက ဂရုမစိုက်သလိုသာနေနေတာ ကျုပ်ပြောသမျှအကုန်နားထောင်တယ်၊ ကျုပ်ခိုင်းတာတွေကို အားလုံးလုပ်ပေးတယ်၊ တခါတလေကျတော့ ကျုပ်ရဲ့ အခိုင်းကအရမ်းကြမ်းလာတဲ့အခါ သူ ဟာ ကျုပ်လိုတဲ့အတိုင်းအတာရောက်အောင် နှေးကွေးသွားတတ်တာမျိုးတော့ ရှိတတ်ပါတယ်၊ မလုပ်ချင်သလို လုပ်ချင်သလိုလိုမျိုး ဖြစ်နေပေမယ့် ကျုပ်က တဘက်သပ်စွဲလန်းနေတာဆိုတော့ ခွင့်လွှတ်ပါတယ်။

အခုတော့ နှစ်တွေလတွေကြာလာတာနဲ့အမျှ သူ့ကိုအစွဲအလန်းပိုလာရတဲ့ ကျုပ်ကို သူက အလျင်တုန်းကအ တိုင်းအပြောင်းအလွဲမရှိ သူ့တာဝန်သူကျေအောင်လုပ်ပေးတာကလွဲလို့ ဘာမျှမပိုပါဘူး၊ ကျုပ်မှာသာ မျက်ရည် တွေခမ်းနေပါပြီ၊ သူ့ကိုကြည့်ရင်း မျက်လုံးတွေ ပူစပ်ပူလောင်ဖြစ်လာပါတယ်၊ မျက်ကြောတွေကိုက်လာပါတယ်၊ မျက်ခွံတွေဖူးယောင်လာပါတယ် ကျုပ်သူ့ကို အရမ်းကိုအရူးအမူးဖြစ်နေတာမို့ သူ့ကိုမမြင်ရမှာအရမ်းစိုးရိမ်တာနဲ့ ဆရာဝန်ဆီကိုပြေးရပါတော့တယ်၊ ဆရာဝန်ဟာ ကျုပ်မျက်လုံးကို ခေတ်မှီစက်ကိရိယာတွေနဲ့ စမ်းသပ်စစ်ဆေး ပြီးတဲ့နောက် နောက်ထပ်မျက်လုံးအထူးကု ဆရာဝန်ကိုသွားတွေ့ဘို့ အကြံပေးပါတယ်။

အခုကျုပ် မျက်လုံးအထူးကိုဆရာဝန်ရဲ့ မှတ်ချက်ကို နားထောင်နေပါတယ်၊
ခင်ဗျားမျက်လုံးတွေရဲ့ နောက်ကို ကျုပ်တို့ Scan ဖတ်ကြည့်တော့ ဘယ်ဘက်မျက်လုံးဟာ ညာဘက်မျက်လုံး
နဲ့မတူပဲ အရည်တမျိုးရှိနေတာကို တွေ့ရပါတယ်၊ အဲဒါကို ဘယ်လိုကုသပျောက်ကင်းနိုင်တယ်ဆိုတဲ့ နည်းစနစ်ဆိုတာ ဆေးပညာလောကမှာ မရှိ သေးတဲ့အတွက် ဘယ်လိုမျှမတတ်နိုင်ပါဘူး၊ ဒါပေမယ့် 
အဲဒီအရည်ဟာ သူ့အလိုလိုနေရင်းပျောက်သွားတတ်တာမို့ စိုးရိမ်စရာမရှိပါဘူး၊ သို့သော် နောက်ခြောက်လ
ကြာလျင် ကျုပ်နဲ့တခေါက်လာတွေ့ပါ၊ အကယ်၍များ ကြားထဲမှာ အခြေအနေက ဆိုးလာတယ်ဆိုလျင်တော့ 
လာတွေ့နိုင်ပါတယ်။ 

ကျုပ်အိမ်ကိုပြန်လာခဲ့ပါတယ်၊ သူကျုပ်ကို ဂရုမစိုက်ပါဘူး၊ ကျုပ်သူ့ကို မြင်နေပေမယ့် သူ့မျက်နှာကိုတေ့တေ့ ဆိုင်ဆိုင်မြင်ချင်တယ် ခက်တာက ကျုပ်မျက်ဝန်းထဲမှာ မျက်ရည်တွေခမ်းနေတာမို့ မျက်လုံးတွေ ပူစပ်ပူလောင် နေတဲ့အပြင် မျက်လုံးစမ်းသပ်ခဲ့တုန်းက ဆရာဝန်ခပ်ထားတဲ့ မျက်စဉ်းဆေးကြောင့် မျက်လုံးကိုကောင်းကောင်း မဖွင့်နိုင်ပါဘူး။

အလင်းရောင်ကို ကောင်းကောင်းမကြည့်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူ့မျက်နှာကိုမကြည့်လို့မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဘန်ကောက်မြို့ထဲရေ၀င်နေ ပြီတဲ့ ရန်ကုန်မှာလယ်သမားတွေဆန္ဒပြနေပြီ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင် စာတွေ့ခွင့်ပိတ်ပင်တယ်ဆိုတာ အဲဒါတွေက သူ့မျက်နှာမှာပေါ်မှာလေဗျာ။

ဒါကြောင့်ဆရာဝန်ပေးလိုက်တဲ့Blink tears (မျက်ရည်တု)ကို မျက်လုံးတွေထဲ ညှစ်ထည့်လိုက်ပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 28, 2011

BGF အ်ုခ၀့်ပ်ုယ၀့်


BGF အ်ုခ၀့်ပ်ုယ၀့်

(ဖူ့တာမိက်)

ဆ်ုလုတိုဒ်က်ုလေင့်ယိုဝ် မွဲါယ်ုလုဟှာ ဆ်ုဏးသှေ်ဏှ်၊ ဆ်ုလု္ဘးလ်ုမွဲ္ဘါး ဆု္အု္ဖႜံင္အု္ဖႜးလု္႓း႓း ဆု္လ၀္ဆု္ခႜါင္လု္ဃွဦဳ အ်ုဖိုင်္ဘး တ္ဂေတ်လင်သာအ်ုဖႜံင်လ်ုထင်း္ဘး ဖံင်းဆ်ုဖါ်ဆ်ုလုလုက်သုင့်္ဘး အင်းတါင်သုဂ်ကႜုဆ်ုလုလင်မေါဝ်ၟခႜီ့ဖါသး္ဘးလ်ုစံင်းဏှ် ဆ်ုအင်းတါင်္ဘးဆ်ုဏှ် မွဲါဝေ့ တိုဒ်က်ုလေင့်ဆေ၀်ၟလှ်ဆါ်။

ဆ်ုလုတိုဒ်က်ုလေင့်ဆ်ုယိုဝ် ဟ်ုဖံင်းထင်းစူးဖံင်းဟှံင် ဟ်ုစါင်းမာသီ့မာယှာၟဆ်ုမ၊ ဆ်ုအေသာမဲသာဖႜါင်ဟ်ုမ၊ ဆ်ုဟှယ် လု္ဘုံးဝါလု္ဘုံးမ၊ ဆ်ုယေါဝ်ၟမံင်းထင်းဟ်ုအေလု္ဘုံးမ ပ်ုဆုပ်ုယေါတ်မ်ုဖႜံင့်ဟှ မ်ုဍုဂ်ပါင်မွဲါအေး။ ဟ်ုလ၀်တိုဒ်က်ုလေင့်မွဲါ သှေ်အေး။ ဏးသှေ်မးသာ့လိုင်ဃှေဝ် ပ်ုဏးသှေ်အေမးဍူ တ်ုဖႜးသာယါင်မာၟလှ်။ 


ပ်ုတိုဒ်က်ုလေင့် ပ်ုယင် သုဂ်တြာစံင်မံင်(ဗမာစစ်အစိုးရ)ယိုဝ် ပ်ုယင်သုဂ်တြာစံင်မံင်သီးလ်ုဖး အင်းတါင်ပိုင်ၟခါန်ၟ
လု္ဘးလ်ုမွဲါ အ်ုဖႜံင်အ်ုဖႜးလု္ဘးလ်ုမွဲ္ဘါးအ်ုခေါဟ်စံင် ပ်ုတိုဒ်က်ုလေင့်ဝေ့ဆေ၀်ၟလှ်၊ ပ်ုယင်သုဂ်တြာစံင်မံင် မာဆ်ုလု 
တ၀်လ်ုလံင်္ဘး လ်ုစံင်းဏှ်္ဘေ့အ်ုဖႜံင်မ်ုထင်းသိုဝ် ပ်ုတိုဒ်က်ုလေင့်စါ်္ဘိုဝ်္ဘေ့ပ်ုယင်သုဂ်တြာစံင်မံင် အ်ုဆုဖ်ါဆုမာ လး အိုင်လးဃှာလ်ုစံင်းဏှ် ဟ်ုလု္ဘးမာဍံင်မာပျုက် ဏင်ၟစယ်စယ်္ဘး၊ ပ်ုအေလံင်မာပျုက် ပ်ုယင်သုဂ်တြာစံင်မံင် အ်ုဆု ဖ်ါဆုမာစါ်္ဘိုဝ် ပ်ုယိုဝ်မွဲါဝေ့ ထဲုးပျုက်လါင်းခါင့်ဆေ၀်ၟလှ်။

အ်ုယိုဝ်ပ်ုဆိုဒ်ဖေါဟ်တိုဒ်က်ုလေင့်ဆါၟလ်ုဏင် ဆ်ုဖါ်ဆ်ုမ္ဘားက်ုဏင်ဏင် လင်ဟှးပ်ုယင်သုဂ်တြာစံင်မံင် အ်ုဆုဖါ် ဆ်ုမာဆေ၀်ၟလှ်၊ လ်ုကြိုဒ်လု္ဘးလ်ုမွဲ္ဘါးလ်ုစံင်း လ်ုဟှာဍေလ်ုဟှာ လ၀်ဖႜဟ်ထင်း္ဘုံးအေး၊ ကိႜုဟ်လေါဟ်သာ လ်ုအု္ဘႜါ် လးခ၀့်ပီပီလှ်၊ လ်ုယိက်လ်ုမ၀်ၟ လူၟေအးခႜါင္ေအး ဏု္ပႜာယု္ပႜာ ဏ်ုလုစံင်းယ်ုလုစံင်း ဏ်ုလုကါင် ယ်ုလုခ၀့် ဆိင်းကု လါင့်ကဲ ဖ၀့်လေံကျာသးဖံင်ၟဏှ်ဟှံင်လှ်။ 

ဆ်ုလ၀်အှ်ယုဂ်္ဘးလ၀်ယုဂ်လ၀်အေး၊ ဆ်ုခႜါင်အှ်ယုဂ်္ဘးခႜါင်ယုဂ်ခႜါင်အေး၊ အ်ုဏိင်းအ်ုလာ ယိက်ထင်းတာၟမ၀့်မှ်ဍေ ဆ်ုကႜိုင်ထ ထီ့ဆေ၀်ၟလှ်၊ ထီ့လ်ုပးဏှ် ပႜိင်းထင်းပႜိုဝ်ထင်း လ်ုယိက်လ်ုမ၀်ၟ တ်ုမိုင့်ထေံဖါထင်းလ်ုဖိုင့် ကဲထင်းဝေ့ဆု ဟှာဟှံင်ဟှာကျး ဆ်ုလင်ၟဖုင်ၟလင်ဖါ ကါင်ဖါယါင်ယှးထင်းသာဆေ၀်ၟလှ်။ 

အ်ုခေါဟ်စံင် ပ်ုအုဖူ့ခြိုင့်(KNU) အ်ုထိုင့်အ်ုကႜာဖိုင် ကါင်ဖ်ါထင်းသာဝေ့ ခေါဟ်ဖုင်း္ဘင် (DKBA) ဏှ်ဆေ၀်ၟလှ်၊ လေ၀်နုက်လင်လ်ုပုယင် သုဂ်တြာစံင်မံင်အ်ုထိုင့်အ်ုကႜာဖိုင်ခါ့ ဆ်ုပုယေါတ် ဆ်ုမူ့လာၟလ်ုဖး္ဘေ့သှေ်သိုဝ်လယ့်၊ မွ္ဘဲါးဆ်ုဏှ်လယ့်္ဘးကါင်ဖါတ်ါထင်းလု (KNU)ဖိုင်ဏှ်၊ မွဲါဏ်ုသီးစှ်ယေါဝ်ၟက္ဋါထါင် ဏ်ုသီးသာ ဆေ၀်ၟဟှ၊ ယ်ုဆံင့် မံင်း ဏ်ုသီးစှ်သာခႜုဂ်အေး၊ စှ်သာအေခႜုဂ်စါ်္ဘိုဝ် ပ်ုဖႜုံဆိုဒ်ဖေါဟ် မေင်ၟစိင် မ်ုစီ့စးမ်ုလးအိုင်္ဘေ့ယိုဝ်လ်ုမွဲ္ဘါး။ 

္ဘိုဝ်ဏါင်းယိုဝ်ပ်ုဖႜုံဆိုဒ်ဖေါဟ် အ်ုမေင်ၟစိင်စီ့စးလးအိုင်ခွိက်သီးလ်ုကာဍါ် ပ်ုဖႜုံဆိုဒ်ဖေါဟ်အ်ုကျးသီး လင်ဖိုဟ်လင် ဆင့် ဟှာဟှံင်ဟှာကျးဝေ့အးမာၟဆေ၀်ၟလှ်၊ လ်ုဟှာဍေလ်ုဟှာ ထိုင့်ဖူ့ဝဲါက္ဋယ်က္ဋယ် သိုဝ်တ်ုကိုဝ်ၟသိုဝ် ကုင်းသီ့ ထါင်လေါဟ်သာအ်ုခေါဟ်စံင် စူးထေံ ခင်းထေံ မေံ္ဘႜဟ် သီးကာအေး ဖေါဟ်ဍီပြီးလ်ုဏင်္ဘးအှ်ဖေါဟ်ဃွှဲဍေဖါၟ္ဘးအှ်ဖေါဟ်ဃွှဲဍေမေါဝ်ၟ အးအးလေံဆေ၀်ၟလှ်။ 

ပ်ုဖႜုံဖေါဟ်မေင်ၟစိင်အ်ုတာလ်ုဖး ဆ်ုမုအင်းတါင်ယေါဝ်ဆိုင့်ထါင်ဏှ် မွဲါဆိုဒ်ဆိုဝ်သင့်ဖေါဟ်ဍီပြီးလ်ုဖး အ်ုခေါဟ်စံင် ဆ်ုအှ်ဖေါဟ်ဃွှဲဍေဖါၟ္ဘးအှ်ဖေါဟ်ဃွှဲဍေမေါဝ်ၟလ်ုစံင်း မ်ုတင်ဆိုင်ယေါဝ်ဆိုင်ထါင် ပ်ုမေင်ၟစိင်ဆ်ုအဲုးဆ်ုယေါဝ်္ဘေ့ သှေ်သိုဝ်လယ့်၊ သုင်း္ဘင်းသ္ဘာင်းခါ့ သုင်းယှင်းသာဆါ့ သုင်းပေ၀့်သာပေ၀့် အ်ုခေါဟ်စံင် ဆ်ုလုမိင်မိင် မု္ဘးတါ် ခေါဟ်တာၟ တ်ါခေါဟ်္ဘုံးအေး၊ မု္ဘးလ၀်ဆ်ုမွဲါဆ်ုတ၀်သီး လ၀်္ဘုံးအေး၊ အ်ုခေါဟ်စံင် ပ်ုဆိုဒ်ဖေါဟ်အ်ုကျး လ်ုခါင့် စူးယါ့ခေါဟ်အ်ုဟှင်ၟ ဆ်ုမူ့လာၟအှ်ယှာဝေ့ဆေ၀်ၟလှ်။ လ်ုယါ့ခါ့ဍးအိုဝ် ပ်ုယင်သုဂ်တြာစံင်မံင် လ်ုဍံင်းလ၀့် မာနုင့်မာဏါ မာဆါ့ မာသီ့မာယွာၟ ပု္ဂမႜိဳင္ၟ၊္ဘိုဝ်ဏါင်းယိုဝ် ပု ယင်သုဂ်တြာစံင်မ့င်ခ၀့်မာနိုင်၊ ပ်ုကႛယ်ကႛယ်ခ၀့် မာနိုင်ထါင်ၟအ်ုခေါဟ်စံင် ဖႜံဳဆိုဒ္ဂမႜိဳင္လု္ဖး ဟှင်းအီးဟှင်းဆါ် ဟှင်းအီးဟှင်းပႜါ်ဝေ့ စွးသ်ုကါမာၟဆေ၀်ၟလှ်။ 

လ်ုဏင်ဏင် ဆ်ုဏံင့်ယါၟဏေ၀်ၟဍ်ါအေး၊ ဆ်ုဆံင့်မံင်းလု္ဘးဍံင်္ဘး ဆ်ုပုယောတ်လ်ုမှ်ဃှင်္ဘးဍ္ဘူးအှ်ကှေ်သႝာလှ် အု ခေါဟ်စံင် ပ်ုအ္ဘေးမာသီ့သီး ထိုင့်ဖူ့ဝဲါလာၟဏင့် ထီသိုဝ်လာၟဏင့် ဖႜုံမ၀့်မှ် ဆိုဒ်မ၀့်မှ်လာၟဏင့် မာသီ့တ်ါတါ်လှ်၊ ခႜိုဝ်လင်ဆိုင့်ထေံလင်ဝေ့အ်ုသီးသာ္ဘေ့ဏှ်လှ်၊ ဆ်ုအုဝေ့ဏှ် မ်ုကဲထင်းဆ်ုလေ၀်ထင်းလေ၀်ထ၀့်ဟှဏှ် လ၀်လု္ဘး ဆေ၀်ၟ္ဘး။ 

လ်ုဏင်ဏင်ဏှ်ဍ၀် ဟ်ုဖါ်ဟ်္ဘိုင်းအင်းလယ်ထင်းလာၟဏင့် ဟ်ုသာအင်းလယ်အေး္ဘှ် လ၀်ထင်းဝေ့္ဘေ့ဏှ်သိုဝ် ဆေ၀်ၟ၊ သာအင်းလယ်သာဟှ အင်းလယ်သာအေးဟှဏှ် ယ်ုလ၀်္ဘးအေး လာၟဏင့်္ဘိုဝ်သီး ဟ်ုဆုဖ်ါဆုမာဏှ် မွဲါဝေ့ ဟ်ုမေင်ၟစိင်လှ်။

လ်ုယါ့ခါ့ဍးအိုဝ်္ဘးဆါင့်ဍေပ်ုဖႜုံထိုင့်ဆိုဒ် ဂမႜိုင်ၟဆ်ုထုဂ်ထင်းအ်ုခ၀့်ပ်ုယ၀့် အှ်ဝေ့သိုင့်မိင်ဆေ၀်ၟလှ် အ်ုဏါင်းလိုင့် လ်ုမိင်ဏှ်(KNU) Karen National Union အ်ုဏါင်းဏီ့လ်ုမိင်ဏှ် (KNU) Karen Need Unity ပ်ုဖႜုံဆိုဒ်ဖေါဟ် ယိုဝ်ကြိုဒ်အှ်ဍေဆ်ုဃှူ့ဆ်ုဃှင် အ်ုဏါင်းသိုင့်လ်ုမိင်ဏှ် (KNU) Karen Never United ပ်ုဖႜုံဆိုဒ်ဖေါဟ်ယိုဝ် ဆု ဃှူ့ဆ်ုဃှင်လ်ုအှ်ဏင်ၟစယ်စယ်္ဘး။ စင်္ဘိုဝ်ပ်ုယိုဝ် (KNU)ဏှ်မွဲါယုဂ် မွဲါခ၀့်မိင်မိင်လယ့်ဏှ် စှ်ယောဝ်ၟထါင်က္ဋါလာၟ ဏင်ထီးဆါ်။ 

အ်ုခါ့္ဘိုဝ်ဏါင်းယိုဝ် အှ်အးထင်းလု(BGF)လ်ုဖူ့ဍ၀်၊ လ၀်လင်ဝေ့ဏှ် ဆ်ုလု(BGF)ယိုဝ် Border Guard Force သုဂ် အှ်ခိုဝ်ခါန်ၟဆိုင့်(သုဂ်ခါန်ၟဆိုင့်) ယါၟဏယ့်။ ပ်ုအှ်ခိုဝ်ခါန်ၟဆိုင့်ယိုဝ် ယိက်ယုဂ်ဍူ မု္ဘးကဲထါင်သုဂ်ခါန်ၟဆိုင့်သီး အု ဆင့်မွဲါလိုင်အေး၊ ဏ်ုသီးဆ်ုဖါ်ဆ်ုမာအ်ုဖင့်ခေါဟ် ယ်ုမုဖေႜါဝ်းဖှေ်္ဘးသာ အ်ုမိင်ဏင်မိင်ဆေ၀်ၟ လ်ုအုကြိုဒ် ထုက် အ်ုတ္ဂေတ်ဍေ အ်ုခိင်ၟအ်ုဟှင်အ်ုဖင့်ခေါဟ် ယ်ုမ်ုဖေႜါဝ်းအ်ုမိင်လု(BGF) Burmese Gay-ass Fucker ဆေ၀်ၟလှ်။



အ်ုခ၀့်ပ်ုယ၀့်ဏှ် ပ်ုယင်ဍေဏ်ုသီးဏှ်အဲုးလေါဟ်သာခါင့်ဆေ၀်ၟလှ်၊္ဘးဆ်ုဏှ်လယ့် ယု္ဘးဖေႜါဝ်းထင်းဏ်ုသီးမိင်္ဘေ့ ဏှ်သိုဝ်ဏှ် မ်ုသှေ်ယါ့္ဘးသာဆေ၀်ၟစါ်္ဘိုဝ် ဆံင့်ဏးယေါဝ်ၟ္ဘးလာၟဆ်ုလူၟလု အ်ုဖင့်လအိုဝ်ဏှ်ဆါ်။



ယှူးမုက်္ဘှ်ယ၀့်ကျာ်သြီ့ထင်းထ၀့်လာၟ ကိုဝ်ၟဟှာဍေဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကားမောင်းပြိုင်ပွဲဝင်ဘို့ လေ့ကျင့်နေကြတာလား

ကားမောင်းပြိုင်ပွဲဝင်ဘို့

လေ့ကျင့်နေကြတာလား 
28 Oct, 2011

အောက်တိုဘာလ (၂၇)ရက်နေ့က စမ်းချောင်းမြို့နယ် ၊ ပြည်လမ်းနဲ့ ဓမ္မစေတီ လမ်းဆုံ မီးပွိုင့်မှ ယာဉ်(၇)စီးဆင့်ကဲ တိုက်မိပြီး လူ(၁၅)ဦးခန့် ဒဏ်ရာရရှိ စေခဲ့သည့် ယာဉ်မတော်တဆ မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ မှုဟာ အောက်တိုဘာလ (၂၇)ရက်နေ့ (၁၂)နာရီခွဲ အချိန်ခန့်က ပြည်လမ်းအတိုင်း
တောင်မှမြောက်သို့ မောင်းနှင်လာတဲ့ မ.ထ.သ (၅၁)ယာဉ်လိုင်းမှ ယာဉ်တစ်စီးဟာ ဓမ္မစေတီ လမ်းဆုံ မီးပွိုင့်အရောက်မှာ ၎င်းရှေ့မှ မီးနီရပ်ထားတဲ့ အိမ်စီးစလွန်း အဖြူရောင် ယာဉ်အား နောက်မှ ၀င်ရောက်
တိုက်မိခဲ့ပါသည်။

ဒါ့အပြင် အဲဒီယာဉ်ဟာ ဓမ္မစေတီလမ်း အတိုင်း အရှေ့မှအနောက်သို့ မီးစိမ်းလို့မောင်းနှင်လာတဲ့
ဆူဇူကီးဝက်ဂွန် ကိုယ်ပိုင် ယာဉ်အား ထပ်မံတိုက်မိပြီး အရှိန်မထိန်းနိုင်ပဲ တစ်ဖက် ယာဉ်ကြောသို့
ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မီးနီမှာရပ်ထားတဲ့ ဟွန်ဒိုင်းဘတ်စ် အဖြူရောင် (ဟိုတယ်ခရီးသွား)ပိုင်
မော်တော်ယာဉ် ၊ ဆူဇူကီး ၀က်ဂွန် အနက်ရောင် ကိုယ်ပိုင်ယာဉ် ၊ (၂၃၁)ခရီးသည်တင် ယာဉ်နဲ့ ကိုယ်ပိုင်ယာဉ် တစ်စီးတို့အား ထပ်မံတိုက်မိ ခဲ့တယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ မှုကြောင့် ယာဉ်များ ပျက်စီးပြီး ဆူဇူကီး ၀က်ဂွန် အနက်ရောင် ကိုယ်ပိုင်ယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်မှာ လိုက်ပါလာသူ အမျိုးသမီး တစ်ဦး ၊ ဟိုတယ် ခရီးသွား ယာဉ်ပေါ်တွင် ပါလာသည့် ယာဉ်မောင်း ၊ ဧည့်လမ်းညွှန်နဲ့ ကမ္ဘာလှည့် ခရီးသည်(၉)ဦး ၊ (၅၁)ယာဉ်ပေါ်တွင် လိုက်ပါလာသ နှစ်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရတယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ အတွက် (၅၁)ခရီးသည် တင်ယာဉ်မှ ယာဉ်မောင်းကို စမ်းချောင်း မြို့နယ် ရဲစခန်းမှ အရေးယူ ဆောင်ရွက် ထားတယ်လို့ သိရပါသည်။

Source Photo from http://www.news-eleven.com

Credit http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, October 27, 2011

နှစ်ပေါင်း (၂၀၀၀)ခန့်က ဖြစ်ပွားခဲ့သည့် ကြယ်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် ပဟေဠိကို ဖြေရှင်းနိုင်ခဲ့

 
Source Photo from http://planetfacts.org/supernova/

နှစ်ပေါင်း (၂၀၀၀)ခန့်က ဖြစ်ပွားခဲ့သည့် 

ကြယ်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် 

ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ 

28 Oct, 2011

ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်း တင်ထားနိုင်ခဲ့တဲ့ စူပါနိုဗာ ကြယ်ဟာ အရွယ်အစား ဘာကြောင့် အလွန် ကြီးမား ပြီး မြန်မြန်ဆန်ဆန် ကြီးထွားနေရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး နတ္တဗေဒ ပညာရှင်များဟာ ရာစုနှစ်ပေါင်း များစွာ ပဟေဠိ ဖြစ်နေကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အမေရိကန် သုတေသီတွေက အဲ့ဒီ ပဟေဠိကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီ စူပါ နိုဗာ ကြယ်ကို အေဒီ (၁၈၅)က တရုတ် နက္ခတ္တဗေဒ ပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ကြယ်ကို အာကာသ အတွင်းမှာ (၈)လတိုင်တိုင် တွေ့မြင်နိုင်ခဲ့တယ်လို့ သိရပါ တယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာမှ အလင်းနှစ် (ရှစ်ထောင်) အကွာအဝေးမှာ တည်ရှိတဲ့ အဲ့ဒီကြယ်ကို ယခင် မျှော်လင့်ထားတဲ့ အရွယ်အစားထက် ပိုမို ကြီးမားနေတာကို သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီကြယ်ဟာ အနီအောက် ရောင်ခြည်သာ ထုတ်လွှတ်ခဲ့မယ်ဆိုရင် လပြည့်နေ့ည လရဲ့အရွယ် အစားအတိုင်း ကမ္ဘာမြေကနေ သာမန် မျက်လုံးနဲ့ပင် မြ င်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အာကာသကြည့် မှန်ပြောင်းများမှ တဆင့် လေ့လာ တွေ့ရှိချက်တွေအရ ကြယ်ပေါက်ကွဲမှုဟာ အာကာသ အခေါင်းပေါက် တစ်ခု အတွင်းမှ ဖြစ်ပွားခဲ့ကြောင်းနဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေဟာ လျင်မြန်တဲ့ အရှိန်နဲ့ အဝေးကို ရွေ့လျား စေတယ်လို့ သိရပါတယ်။ အခု တွေ့ရှိမှုကို အွန်လိုင်းပေါ်က Astrophysical ဂျာနယ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Tags : science_and_tech

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြနေပြီ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 26, 2011

နယူးယောက် ရဲအရာရှိများ လက်နက်မှောင်ခိုမှုဖြင့် အဖမ်းခံရ



 နယူးယောက် ရဲအရာရှိများ လက်နက်မှောင်ခိုမှုဖြင့် 

အဖမ်းခံရ  
27 Oct, 2011

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ တာဝန် ထမ်းဆောင်ဆဲ ဖြစ်သည့် ရဲအရာရှိ အချို့ နှင့် ယခင်က တာဝန် ထမ်းဆောင်ခဲ့သူ ရဲအရာရှိ စုစုပေါင်း ၈ ဦးမှာ အင်္ဂါနေ့က အဖမ်းခံလိုက်ရပြီ ဖြစ်ကာ ပြည်နယ် အတွင်းသို့ နောက်တွဲယာဉ်တွင် လက်နက်များ တင်ဆောင်ပြီး မောင်းနှင်ခဲ့ကာ ငွေစက္ကူ ထောင်ပေါင်း များစွာကို ရယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ယခုလို ဖမ်းဆီးမိန့်ကို ဖယ်ဒရယ် တရားရုံးမှ ထုတ်ပြန် ပေးလိုက်ခြင်း ဖြစ်ပြီး ပြည်နယ် အတွင်းရှိ တရားမဝင် လက်နက် ပပျောက်ရေး လုပ်ဆောင်ချက်များကို ပိတ်ပင် စေသည့် ယခုလို လုပ်ရပ်အတွက် လာဘ်စားမှု ဖြင့်လည်း တရားစွဲဆို ခံကြရမည် ဖြစ်သည်။

အဆိုပါ ရဲအရာရှိ များထဲမှ ၅ ဦးမှာ လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ပြီး သုံးဦးမှာ အငြိမ်းစား ယူထားပြီး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နောက်ထပ် လူ ၄ ဦးမှာလည်း M 16 ရိုင်ဖယ်များနှင့် လက်ကိုင် ပစ္စတိုများအား သယ်ဆောင်မှုဖြင့် စွဲဆိုထားကြောင်းလည်း သိရသည် ၎င်းတို့မှာ ပြည်နယ် နယ်စပ် တစ်လျှောက်တွင် ကုန်ပစ္စည်းများကို ခိုးယူမှုဖြင့်လည်း တရားစွဲဆို လိုက်ကြောင်း မက်ဟန်တန်မြို့ ရှိ ဖယ်ဒရယ် တရားရုံးတွင် ဖြည့်ထားသည့် စွဲဆိုမှု ပုံစံအရ သိရသည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်များမှာ ဘရွတ်ကလင်မြို့ရှိ ရဲဌာနတွင် အလုပ်လုပ်ခဲ့သူများ ဖြစ်ပြီး ၎င်းတို့၏ နေအိမ်များတွင် FBI နှင့် အခြား စုံစမ်း ထောက်လှမ်းရေး အေဂျင်စီများမှ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်း ပင် ဖြစ်သည်။ ယခု အမှုများအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း newyourktimes သတင်းတွင် ဖော်ပြခဲ့သည်။


source : nytimes.com



Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Amy Winehouse သေဆုံးမှု အဖြေထွက်ပြီ

Amy Winehouse
Source Photo from http://ecx.images-amazon.com/images/I/618clCMj8sL._SY470_.jpg

Amy Winehouse သေဆုံးမှု အဖြေထွက်ပြီ
Updated : 27 Oct, 2011

သေမှုသေခင်း စုံစမ်း စစ်ဆေးရေး အရာရှိ၏ ထုတ်ပြန်ချက်အရ နာမည်ကျော် အဆိုရှင် Amy Winehouse မှာ အရက်သေစာကို အလွန်အကျွံ သောက်သုံးမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်ပြီ ဖြစ်သည်။

သေဆုံးချိန်တွင် အသက် ၂၇ နှစ် ရှိခဲ့ပြီ ဖြစ် သည့် Winehouse မှာ သူမ မသေဆုံးမီ ကာလက အရက်သေစာ မူးယစ် သောက်စားပြီး ယာဉ်မောင်းရန် သတ်မှတ်ထားသည့် ပမာဏထက် ငါးဆ ပိုမို သောက်သုံး ခဲ့သည့်
ရလာဒ်ကို တွေ့ရှိ ခဲ့ကြောင်းနှင့် ယခုလို သေဆုံး ခဲ့ရမှုမှာလည်း အရက် သောက်သုံးခြင်း၏ နောက်ဆက်တွဲ ပင် ဖြစ်ကြောင်း ပြော ကြား လိုက်သည်။

သူမအား လွန်ခဲ့သည့် ဇူလိုင်လ ၂၃ ရက်က လန်ဒန်ရှိ နေအိမ်တွင် သေဆုံးလျက် ရှိသည်ကို တွေ့ရှိခဲ့ရခြင်းပင်
ဖြစ်သည်။

St Pancras မှသေမှုသေခင်း စစ်ဆေးသူ Suzanne Greenway မှပြောရာ၌ စစ်ဆေးခဲ့အပြီးတွင် ယခုလို အရက် အလွန်အကျွံ သောက်သုံးခဲ့မှုက ရုတ်တရက် သေဆုံးစေသည့် ရလာဒ်ကို ဖြစ်စေခဲ့ကြောင်း တရားရုံးတွင် ပြောကြား ခဲ့ခြင်းပင် ဖြစ်သည်။ ယင်းအချိန်က သူမ၏ တိုက်ခန်း တွင် ဗော့ဒ်ကာ အရက်ပုလင်းကြီး နှစ်လုံးနှင့် အသေးတစ်လုံး၏ ပုလင်းခွံများ တွေ့ခဲ့ရကြောင်းလည်း သိရသည်။

ယခု စစ်ဆေးမှုအရ သူမ သေဆုံးချိန်တွင် သွေးပမာဏ ၁၀၀ မီလီလီတာတွင် အရက် ပါဝင်မှု ၄၁၆ မီလီဂရမ်
အထိ ရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို စစ်ဆေးမှု ပြုလုပ်ခဲ့သည့် ရင်ခွဲရုံ အရာရှိမှ ပြောရာ၌ သာမန်
လူတစ်ယောက် အတွက် သွေး ၁၀၀ မီလီလီတာတွင် အရက်ပါဝင်မှု ၃၅၀ မီလီဂရမ်ရှိပါက သေဆုံးနိုင်သည့် ပမာဏပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

source : BBC news

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘန်ကောက်ရေဘေးအတွက် ထိုင်းရေတပ်အသင့်

ရေတပ် ဗိုလ်မှူးကြီး Prasert Chanprapak
Source Photo from http://www.euronews.net/2011/10/26/bangkok-could-be-flooded-for-weeks-if-dykes-go/

ဘန်ကောက်ရေဘေးအတွက် ထိုင်းရေတပ်အသင့်

ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

ကျောက်ဖယားမြစ်ထဲကရေတွေ ကာထားတဲ့ တမံတွေကို ကျော်ပြီး ဘန်ကောက်မြို့တော်ထဲ ၀င်မလာနိုင်အောင် ထိုင်းအာဏာပိုင်တွေ အစွမ်းကုန် ကြိုးစားနေကြပါတယ်။

မြို့ထဲဝင်လာတဲ့ရေတွေကို မြစ်ထဲစုပ်ထုတ်နေတဲ့လုပ်ငန်းတွေ အရှိန်မြင့် လုပ်ဆောင်နိုင်ဖို့ ထိုင်းရေတပ်ကလည်း ကျောက်ဖယားမြစ်ထဲ ရေတပ်သင်္ဘောတွေ စေလွတ်ထားပါတယ်။

အဲဒီလို ရေတွေ စုပ်ထုတ်တဲ့အစီအစဉ်က အတော်လေး အထောက်အကူပြုတဲ့အကြောင်း ရေတပ် ဗိုလ်မှူးကြီး Prasert Chanprapak က ပြောပါတယ်။ ရေတပ်သင်္ဘော ၁၀ စင်းလောက်နဲ့ ထိုင်းရေတပ်က ရေတွေကို စုပ်ထုတ်ပေးနေတာပါ။
ထိုင်းရေတပ်သင်္ဘော
Source Photo from http://www.euronews.net/2011/10/26/bangkok-could-be-flooded-for-weeks-if-dykes-go/

ဒါပေမယ့် ရေတပ်က ဘယ်လိုဘဲ ကြိုးစားလုပ်ဆောင်နေပေမယ့် ရေတွေဟာ ကာထားတဲ့ တမံတွေကိုကျော်ပြီး ၀င်မလာဘူးဆိုတာ သူမအနေနဲ့ ၅၀ ရာခိုင်နှုန်းထက်ပိုပြီး ယုံကြည်မှုမရှိလှဘူးလို့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပြောပါတယ်။

တကယ်လို့ တမံတွေပေါက်ပြီး မြို့ထဲကို ရေတွေဝင်လာရင် တချို့နေရာတွေမှာ တမီတာခွဲလောက်အထိ ရေလွှမ်းသွားနိုင်တယ်လို့ အင်္ဂါနေ့ညက တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းထဲ ၀န်ကြီးချုပ် ယင်းလပ် ထည့်သွင်း ပြောကြားခဲ့တာပါ။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Thai_Flood_10_26_11-132611878.html

နူရာဝဲစွဲ လဲရာသူခိုးထောင်း တဲ့ အဖြစ်ကလေး နားသောတ,ဆင်တော်မူကြပါ




Source News Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ရေလွှမ်း

The engines of Thai Airways airplanes are protected as floods advanced at the Don Muang airport in Bangkok.
Thailand announced a five-day holiday on Tuesday to give people to the chance to escape floods closing in on Bangkok. (Reuters)
Source Photo from http://www.cbc.ca/news

ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ရေလွှမ်း

By ဗီအိုအေ (မြန်မာဌာန)
အင်္ဂါ, 25 အောက်တိုဘာ 2011

ထိုင်းနိုင်ငံမှာ ရေဘေးနဲ့ကြုံနေရတာမှာ အင်္ဂါနေ့မှာပဲ ဘန်ကောက်မြို့တော်က Don Muang လေဆိပ်ကို ရေတွေ ရောက်ရှိလာတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး အာဏာပိုင်တွေဟာ လေဆိပ်မှာရှိတဲ့ အဓိက ကယ်ဆယ်ရေးစခန်းကနေ လူတွေ မြို့တောင်ဘက်က ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းနေကြရပါပြီ။

အတိုက်အခံခေါင်းဆောင်နဲ့တွေ့တဲ့ ဝန်ကြီးချုပ် Yingluck Shinawatra
Source Photo from http://www.google.com/images

မြို့ရဲ့အရှေ့တောင်ပိုင်းက ပင်မ နိုင်ငံတကာလေဆိပ်ကတော့ ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းက ရေလွှမ်းခံနေရတဲ့ ဒေသတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေကို လေကြောင်းနဲ့ ပို့ပေးတဲ့နေရာမှာ ဒီ Don Muang လေဆိပ်ကို အဓိက အသုံးပြုနေတာပါ။ ဝန်ကြီးချုပ် Yingluck Shinawatra က အင်္ဂါနေ့မှာ အတိက်အခံခေါင်းဆောင် Abhisit Vejjajiva နဲ့တွေ့ဆုံခဲ့ပါတယ်။

အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ့်
အတိုက်အခံခေါင်းဆောင် Abhisit Vejjajiva
Source Photo from http://www.google.com/images

Mr Abhisit က ဒီပြဿနာဖြစ်နေချိန်မှာ အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုထားတာပါ။ ရေဘေးဒဏ်ခံရတဲ့ ကုန်ထုတ်လုပ်ရေးသမားတွေ၊ အသေးစားနဲ့ အလယ်အလတ်လုပ်ငန်းပိုင်ရှင်တွေ၊ ကိုယ်ပိုင်ရပ်တည်တဲ့ စီးပွားရေးသမားတွေကို ကူညီဖို့အတွက် ဒေါ်လာ သန်း ၈,၀၀၀ ထုတ်ချေးဖို့ ၀န်ကြီးအဖွဲ့က အတည်ပြုလိုက်ပါတယ်။

ရေဘေးဒဏ်ကနေ ပြန်နလည်ထူရေး လုပ်ဆောင်နိုင်ဖို့အတွက်လည်း အောက်တိုဘာ လကုန်ပိုင်းမှာ အများပြည်သူ ရုံးပိတ်ရက် ၄ ရက်ကြေညာမယ်လို့ ပြောပါတယ်။ ဒီရေဘေးကြောင့် စီးပွားရေးအရ ဒေါ်လာ သန်း ၆,၀၀၀ ဖိုး ဆုံးရှုံးမှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--10-25_11_my-news-International--132572188.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, October 25, 2011

Rina ဟာရီကိန်း မက္ကဆီကို အပန်းဖြေ စခန်း Cancun သို့ဦးတည်နေ

Source Photo from http://www.google.com/images

Rina ဟာရီကိန်း မက္ကဆီကို အပန်းဖြေ စခန်း Cancun သို့ဦးတည်နေ
25 Oct, 2011

လွန်ခဲ့သည့် တနင်္လာနေ့က ဟာရီကိန်း Rina မှာ ဗဟို အမေရိက ဒေသရှိ နိုင်ငံများကို တိုက်ခတ် အပြီးတွင် ကာရေဘီယံ ဒေသတွင် ဆက်လက် အရှိန်ရလာပြီး မက္ကဆီကို နိုင်ငံရှိ အပန်ဖြေ စခန်း တစ်ခုဖြစ်သော Cancun သို့ ဦးတည် တိုက်ခတ်လျက် ရှိကြောင်း သိရသည်။
Source Photo from http://www.google.com/images

အတ္တလန္တိတ် ဒေသတွင် ယခုနှစ်အတွက် ၆ ခုမြောက် ဝင်ရောက်သည့် မုန်တိုင်း တစ်ခု ဖြစ်သည့် Rina မှာ မက္ကဆီကို နိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်လေ့ ရှိသည့် Belize တွင် တိုက်ခတ်အပြီးတွင် Yucatan ကျွန်းစွယ်အတွင်း မြေပြိုမှုများ ကျရောက် စေနိုင်ကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း ဗဟိုအဖွဲ့မှ ခန့်မှန်းထားကြောင်း သိရသည်။ Rina မှာ Saffir-Simpson လေတိုက်နှုန်း တိုင်းတာချက် အရ နံပတ်တစ် အဆင့်ရှိ ဟာရိကိန်း မုန်တိုင်း တစ်ခု ဖြစ်ပြီး မက္ကဆီကို အရှေ့တောင်ပိုင်း Chetumal တွင်ရှိနေကာ တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ် လျက်ရှိကြောင်း ယင်းအဖွဲ့မှ ပြောသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့် Wikileaks

Julian Assange

Source Photo from http://www.google.com/images

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့်

Wikileaks


Updated : 25 Oct, 2011

အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wkileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။

အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့် PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။ နောက်ဆက်တွဲ အဖြစ် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ၎င်းတို့အနေဖြင့် အလွန်ပင် ထက်ထက် သန်သန်ဖြင့် ငွေကြေးများ ထောက်ပံ့နိုင်ရန် ပြုလုပ်ရမည် ဖြစ်ပြီး ယခုလို ပိတ်ဆို့မှုများကို တိုက်ဖျက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

source : usatoday.com

Credit http://www.mrtv4.net.mm/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, October 24, 2011

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်

David Belson of Akamai Technologies
Photo by Jack Rummel

Source Photo from http://www.cambridgerotary.org

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်

By ကိုအောင်လွင်ဦး
တနင်္လာ, 24 အောက်တိုဘာ 2011

အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတ၀န်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

Akamai ကော်ပိုရေးရှင်းက ကမ္ဘာတ၀န်းနိုင်ငံတွေနဲ့ ဒေသပေါင်း ၂၃၈ ခုက အင်တာနက်လိပ်စာပေါင်း ၆၀၄ သန်းကျော်ကို လေ့လာစောင့်ကြည့်ရာမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ ပထမနဲ့ ဒုတိယ ၃ လပတ်တွေအတွင်း မြန်မာနိုင်ငံဟာ အင်တာနက် တိုက်ခိုက်မှုတွေ အဓိက အခြေခံလာတဲ့ တိုင်းပြည်တစ်ခုအဖြစ် တွေ့ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ အင်တာနက် စာမျက်နှာတွေကို ၀င်ရောက်ကြည့်ရှုရာ လမ်းကြောင်းဖြစ်တဲ့ Ports 80 လို နေရာမျိုးမှာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက် ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အထူးသဖြင့်ကတော့ လူအများ ၀င်ရောက်ကြည့်ရှုကြတဲ့ ၀က်ဘ်စာမျက်နှာတွေ၊ လုံခြုံစိတ်ချရအောင် စီမံထားတဲ့ အီးမေးလ်လို အင်တာနက် ဆက်သွယ်မှုတွေမှာ မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေက ပစ်မှတ်ထားတာ တွေ့ရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၃ လပတ်အစီရင်ခံစာ ရေးသားပြုစုသူတစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန် (David Belson) က ပြောပါတယ်။

“မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေဟာ Ports 80 နဲ့ Ports 443 တို့ကို အထူးသဖြင့် အာရုံစိုက်နေတာကို ကျနော်တို့ တွေ့နေရပါတယ်။ Port 80 ဆိုတာကတော့ ပုံမှန် http လိပ်စာနဲ့ ၀က်ဘ်စာမျက်နှာတွေပါ။ Port 443 ကတော့ လုံခြုံမှုရှိတဲ့ ၀က်ဘ်စာမျက်နှာတွေပဲ ဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေဟာ သတင်းမီဒီယာတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေကတော့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပင်ခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့အင်တာနက် စာမျက်နှာ အပါအ၀င် ပြည်ပက ၀က်ဘ်ဆိုဒ်တွေ အားလုံးလောက်လိုလိုကို ပြန်ဖွင့်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေကို အတိအကျ ခြေရာမခံနိုင်ပေမဲ့ ဒါတွေဟာ အင်တာနက်လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေဖို့၊ ဆက်သွယ်မှုတွေကနေ အခွင့်ကောင်းယူဖို့ ရည်ရွယ်ပုံရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန်က ပြောပါတယ်။

“ကျနော်ခန့်မှန်းတာကတော့ မြန်မာနိုင်ငံကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေဟာ အင်တာနက် ၀က်ဘ်ဆိုက်ဒ်တွေကို အခြေခံထားတဲ့ လုပ်ငန်းတွေက အားနည်းချက်တွေကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဆက်သွယ်မှုတွေမှာ ပိတ်ဆို့ကုန်အောင် လုပ်တာမျိုးတွေ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်က ဆွေးနွေးပြောဆိုမှုတွေကနေ အခွင့်ကောင်းယူတာမျိုးလို လုပ်ရပ်တွေ လုပ်ကောင်းလုပ်တာတွေ ဖြစ်နိုင်ပါတယ်။”

၂၀၁၁ ခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာအရ အင်တာနက် တိုက်ခိုက်မှုတွေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု ဒုတိယ ၃ လပတ်ကာလမှာတော့ တိုက်ခိုက်မှုတွေ လျော့ကျလာတာမို့ ဒုတိယအဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ဆက်သွယ်မှုတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေအနက် ၁၃ ရာခိုင်နှုန်းအထိ ရှိရာက အခု ဒုတိယ ၃ လပတ်မှာတော့ ၉ ဒဿမ ၁ ရာခိုင်နှုန်း ကိုလျော့ကျသွားတာပါ။

အခုနောက်ဆုံး ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှု အခြေအနေ ဒုတိယ ၃ လပတ် အစီရင်ခံစာရဲ့ ထိပ်ဆုံးနေရာကိုတော့ တိုက်ခိုက်မှုတွေ ၁၀ ရာခိုင်နှုန်းအထိ ရှိတဲ့ ထိုင်ဝမ်က နေရာယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြီးရင် တတိယ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဖြစ်ကြပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Burma-internet-attack-10-24-11-132502053.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လက်ရှိ အကြီးအကဲဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်

Source Photo from http://www.google.com/images

လက်ရှိ အကြီးအကဲဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်

Tuesday, 25 October 2011 11:32

အစိုးရရုံးဌာနနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး အစည်းအဝေး ခန်းမများ၏ အခန်းနံရံများတွင် လက်ရှိ နိုင်ငံအကြီးအကဲ နိုင်ငံခေါင်းဆောင် ဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အောက်တိုဘာလ ၂၁ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး၏ မေးမြန်းချက်ကို သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြား သွားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းမြင့်ဦးက “မြန်မာနိုင်ငံ ဟာ ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ကာလတွင် နိုင်ငံတစ်ဝှမ်း အစိုးရရုံး များ၊ စာသင်ကျောင်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများ၊ အစည်းအဝေးခန်းမများနှင့် အရာထမ်းများရဲ့ နံရံတွေမှာ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံနဲ့ ထို ခေတ်ကာလ နိုင်ငံတော်အစိုးရ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံကို အတူချိတ်ဆွဲခဲ့ကြပါတယ်။ ၁၉၈၈ မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ တာဝန်ယူနေ တဲ့ ၁၉၉၆ နှစ်ကာလအထိ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံတစ်ခုတည်းကိုပဲ ဆက်လက် ချိတ်ဆွဲခဲ့ကြသော်လည်း ၁၉၉၇ခုနှစ် ကာလ၌ ချိတ်ဆွဲခြင်း မပြုရတော့ပါ။ ယနေ့ခေတ် အချိန်ကာလသည် ဒီမိုကရေစီ နိုင်ငံဖြစ်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် အထက်ဖော်ပြပါနေရာများတွင် အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးရဲ့ ဓါတ်ပုံအားပြန်လည် ချိတ်ဆွဲခွင့်ရှိ မရှိ သိရှိလိုပါတယ်။ ပြန်လည်ချိတ်ဆွဲခွင့် ပြုမည်ဆိုပါက တရားဝင် ထုတ်ပြန်ပေးရန် ရှိ မရှိ သိရှိလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်ကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အစိုးရရုံး၊ ဌာန နှင့် စာသင်ကျောင်းများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ အစည်းအဝေးခန်းမများ၏ အခန်းနံရံများ တွင် လက်ရှိနိုင်ငံအကြီးအကဲ ခေါင်းဆောင်ဓါတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားပါကြောင်း ပြန်လည် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကနေဒါ တွင် ငါးနှင့်ငှက် အမြောက်အများ သေဆုံး


Dead birds line a portion of Allenwood Beach just outside of Wasaga Beach,
Ontario Saturday Oct. 22, 2011.
As many as 6,000 dead birds are washing up
on the shores of Georgian Bay in Ontario, say authorities,
who believe botulism may be to blame.

Source Photo from http://www.huffingtonpost.com

ကနေဒါ တွင် ငါးနှင့်ငှက် အမြောက်အများ သေဆုံး
25 Oct, 2011

ကနေဒါ နိုင်ငံ အွန်တာရီယို ပြည်နယ် ဂျော်ဂျီယံ ပင်လယ်ကွေ့ ကမ်းခြေပေါ်မှာ ပင်လယ်ဇင်ရော် ငှက်တွေနဲ့ အခြားငှက် စုစုပေါင်း အကောင်ရေ (ခြောက်ထောင်)ခန့် သေဆုံးနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ငှက်အမြောက်အများ သေဆုံးနေတဲ့ အကြောင်းရင်းကို ကနေဒါ အာဏာပိုင်ေ တွက စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းကလည်း Wasaga ကမ်းခြေမှာ ငါးအရေအ တွက်များစွာ သေဆုံး နေခဲ့ပါသေးတယ်။

ကနဦး စုံစမ်း စစ်ဆေးမှုတွေအရ အဲ့ဒီလို ငါးနဲ့ ငှက် အမြောက်အများ သေဆုံးတာဟာ အာရှဘက်က ကုန်တင် သင်္ဘောတွေမှာ ကပ်ညှိ ပါလာတဲ့ ခရင်းကောင်များက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း အွန်တာရီအို ပြည်နယ် သဘာဝ သယံဇာတ ၀န်ကြီး ဌာနမှ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အဲ့ဒီ ခရင်းကောင်တွေဟာ အဆိုပါ ဒေသအတွင်း နေထိုင်ပြီး အဆိပ်သင့် ဘက်တီးရီးယားတွေကို ထုတ်လွှတ် ပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကမ်းခြေပေါ်မှာ သေဆုံးနေတဲ့ ငှက် အသေတွေကို ဘယ်လို ဖျက်ဆီးမလဲ ဆိုတာကိုတော့ တာဝန် ရှိသူတွေက ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။


Credit http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကထိန စိဝရ in Minnesota



ကထိန စိဝရ ဆု္ဘုံး လု မေန်ဏီဆိုဝ်းတး စိင့်ပှ် ဍုံအိုဝ်ဆေ၀်ၟလှ်။
ကထိန စိဝရ ဆု္ဘုံးတ်ါခေါဟ်ဆာၟမွဲါဝေ့ မာန်စ၀် ကျဝ်ဏါင်ဍေ အ်ုဖေါဟ်အ်ုမာ့ ဟှိင်းဍံင်းလ်ုဖးဆေ၀်ၟလှ်။
ဆု္ဘုံးပြေဍေါဟ် မ္ဘာုံးယှံင်ဆ်ုဏှ် မွဲါဖႜုံဆိုဒ်ဗုဒ္ဓဘာၟသာ့ဖေါဟ်သီး ကိုဝ်ၟဟှာဍေဆေ၀်ၟလှ်။
မူၟဏီမူၟသင့်ဏှ် မွဲါဝေ့ (October, 23- 2011)မူၟအ်ုတုက်လ်ုဏီဏှ်ဆေ၀်ၟလှ်။

ကိုဝ်ၟဟှာဍေ အှ်ဆံင်းလာၟဆါ်။

စ၀်ထေါဟ်တွါ်
ကႜံဳပိုင္ၟ
(ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, October 23, 2011

လိုင်စင်မဲ့ယာဉ်များကြောင့် တရားဝင်ယာဉ်ပိုင်ရှင်များ အခက်အခဲတွေ့

လိုင်စင်မဲ့ယာဉ်များကြောင့်

တရားဝင်ယာဉ်ပိုင်ရှင်များ အခက်အခဲတွေ့


Monday, 24 October 2011

ပုံစံအမျိုးမျိုးဖြင့် စီးနင်းနေကြသည့် လိုင်စင်မဲ့ယာဉ်များကြောင့် တရားဝင်မှတ်ပုံတင်ကာ စီးနင်းနေသည့်ယာဉ်ပိုင်ရှင်များ အခက်အခဲ ကြုံနေရသည်ဟု သတင်းရရှိသည်။ယခုအခါ လိုင်စင်မဲ့ကားများနှင့် စည်းကမ်းမဲ့ ယာဉ်များကို စိစစ်ရာတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကားများကိုပါ အကြိမ်ကြိမ် တားဆီးစစ်ဆေးနေသည့်အတွက် ယာဉ်ပိုင်ရှင်များများစွာ စိတ်အနှောင့် အယှက်ကြုံရကြောင်း သိရသည်။

''ဓမ္မစေတီလမ်းကနေ တာမွေအ၀ိုင်းထိပ်ကိုသွားတာ နေ့တိုင်းနီးပါး လမ်းမှာနှစ်ခါတားပြီး အစစ်ခံနေရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါတောင် ဓမ္မစေတီလမ်းကနေ တာမွေအ၀ိုင်းထိပ်အထိပဲ ရှိသေးတယ်။ ခရီးဝေးသွားရတဲ့သူတွေဆို တစ်ရက် ဘယ်နှစ်ကြိမ် အစစ်ခံပြီးမှ လိုရာရောက်မလဲစဉ်းစား ကြည့်ရင်သိနိုင်တယ်။ လိုင်စင်မဲ့ကားတွေကြောင့်ပါ။ လိုင်စင်မဲ့ကားတွေကလည်း ၄ဂ၊ ၅ဂ၊ ၆ဂ နံပါတ်တွေအထိ တပ်ပြီး စီးနေကြတော့ အဲဒီနံပါတ်နဲ့ ကားအကောင်းစီးမိတာနဲ့ရောပြီး အစစ်ခံနေရတာ။ ရန်ကုန်မှာလိုင်စင်မဲ့ကားကလည်း အစီးရေထောင်နဲ့ချီရှိနေတယ်လေ။ လိုင်စင်မဲ့ကားကြောင့် တရားဝင် ကားသမားတွေပါ အခက်အခဲဖြစ်ကြရတာပါ'' ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ပုံစံအမျိုးမျိုးဟုဆိုရာတွင် အချို့မှာ လိုင်စင်မဲ့ယာဉ်အား ညဘက်တွင်မှ နံပါတ်အတုတပ်ကာ စီးနင်းသကဲ့သို့ အချို့မှာ လမ်းကြောင်းအမျိုးမျိုးဖြင့် နံပါတ်၊ ၀ှီးတက်ရရှိထားပြီး တရားဝင်ကားသဖွယ် စီးနင်းနေသူများအပါအ၀င် ပုံစံမျိုးစုံဖြင့် စီးနင်းကြခြင်းဖြစ်သည်ဟု သိရသည်။
အခု ကားဟောင်းကအစီးရေ တစ်သောင်းကျော်အထိ အပ်ပြီးပြီ။ အဲဒီမှာအရင်က လမ်းပေါ်ထွက်မောင်းတဲ့ကားက အစီး ၅၀၀၀ ပါတယ်ဆိုရင် အဲဒီအစီးရေလမ်းပေါ်မှာ လျော့သွားရမှာလေ။ အခုက ပိုတောင် များနေသလိုဖြစ်နေတယ်။ ၄ဂ၊ ၅ဂ၊ ၆ဂ နံပါတ်တွေ ပိုများသလိုပဲ။ without ကားတွေကို နံပါတ်အမျိုးမျိုးနဲ့ စီးနေကြပုံရတယ်

''နံပါတ်ရမယ်၊ ၀ှီးတက်ရမယ်၊ ကွန်ပျူတာနဲ့ အစစ်ခံနိုင်တဲ့အထိဆိုရင် ကျပ်သိန်း ၄၀၊ ကွန်ပျူတာနဲ့ အစစ်မခံနိုင်တာက ကျပ်သိန်း ၃၀၊ အဲဒီနည်းနဲ့ နံပါတ်၊ ၀ှီးတက် ရယူပြီး စီးကြတဲ့သူတွေရှိတယ်လို့ ကြားသိထားတာ ကြာပါပြီ။ အခုနောက်ပိုင်း အနိမ့်ကားတွေအနေနဲ့ အဲဒီလိုပုံစံနဲ့စီးတာ သိပ်မကိုက်လို့ အမြင့်ကားတွေကိုပဲ အဲဒီလိုလမ်းကြောင်းခင်းပြီး စီးကြတာများတယ်'' ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့သည်။


ကားဟောင်းများ အစီးရေသောင်းနှင့်ချီ အပ်နှံပြီးစီးသည့်တိုင် ရန်ကုန်မြို့လမ်းများပေါ်တွင် ကားများ ပို၍ပင်များပြားလာသည့် အနေအထားကြုံနေရကြောင်း၊ လိုင်စင်မဲ့ကားများအား ပုံစံအမျိုးမျိုးဖြင့် စီးနင်းနေကြသည့် အတွက် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

''အခု ကားဟောင်းကအစီးရေ တစ်သောင်းကျော်အထိ အပ်ပြီးပြီ။ အဲဒီမှာ အရင်ကလမ်းပေါ် ထွက်မောင်းတဲ့ကားက အစီး ၅၀၀၀ ပါတယ်ဆိုရင် အဲဒီအစီးရေ လမ်းပေါ်မှာ လျော့သွားရမှာလေ။ အခုက ပိုတောင်များနေသလို ဖြစ်နေတယ်။ ၄ဂ၊ ၅ဂ၊ ၆ဂ နံပါတ်တွေ ပိုများသလိုပဲ။ Without ကားတွေကို နံပါတ်အမျိုးမျိုးနဲ့ စီးနေကြပုံရတယ်'' ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရမိမှု နှင့်ပတ်သက်၍လည်းရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ''မြောက်ဒဂုံမှာ လိုင်စင်မဲ့ကားတစ်စီး ဖမ်းမိတယ်။ အဲဒီရက်က တိုင်းမှာတာဝန်ကျနေသူတွေကိုယ်တိုင် ပါဝင်ဖမ်းဆီးပြီး မြောက်ဒဂုံကို လွှဲပေးပြီး အမှုဖွင့်တာပါ။နောက်ပိုင်းအမှုကို စုံစမ်းကြည့်တော့ ပိုင်ရှင်မဲ့ပုံစံဖြစ်နေတယ်။ လမ်းဘေးမှာရပ်ထားလို့ ဖမ်းမိတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ သိရတယ်။ ပိုင်ရှင်မရှိဘဲကားက ရောက်လာပါ့မလား။ တချို့ကလည်း လိုင်စင်မဲ့ ကားကို တရားဝင်ပုံစံ စီးနင်းခွင့်ရအောင် လမ်းကြောင်းအမျိုးမျိုးနဲ့ နံပါတ်၊ ၀ှီးတက်ရအောင် လုပ်စီးကြတယ်။ ဆိုလိုချင်တာက လိုင်စင်မဲ့ကားစီးတဲ့သူတွေနဲ့ ရောင်းတဲ့သူတွေရဲ့နောက်ကွယ်မှာ ပါဝင် ပတ်သက်နိုင်တာတစ်ခုခုရှိနေလို့ လုပ်ရဲ၊ စီးရဲ ကြတာလို့ သုံးသပ်လို့ရပါတယ်။ ဒီနေ့ခေတ်မှာ သာမန်လူအနေနဲ့ လိုင်စင်မဲ့ကား စီးရဲပါ့မလား၊ ဖမ်းမိရင်ရော ပိုင်ရှင်မဲ့ဖြစ်သွားပါ့မလား။ အချုပ်ပြောရရင်တော့ လိုင်စင်မဲ့ကားတွေ လမ်းပေါ်ပိုများလာတာ ဘယ်တာကထွက်သလဲ စဉ်းစား ကြည့်ရင်သိနိုင်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 22, 2011

ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီ စိတ်ဝင်စား

ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်းကင်တံတား

(Sky Bridge) (သို့မဟုတ်)

ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု

တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီ စိတ်ဝင်စား

Sunday, 23 October 2011

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် စိတ်ဝင်စားသည်ဟု ကိုရီးယားကုမ္ပဏီ တစ်ခုက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် လာရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုရီးယား ကုမ္ပဏီတစ်ခုက အထက်ပါ ပုံစံနှစ်ခုထဲမှ တစ်ခုကို တည်ဆောက်ချင်သည်ဟု အောက်တိုဘာလ ဒုတိယပတ်အတွင်းက လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် ပြုလုပ်မည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

“ကိုရီးယားကုမ္ပဏီကတော့ သူတို့က ဒီကအခြေအနေကို လေ့လာပြီး ကားသွားလို့ရတဲ့ ကောင်းကင် တံတား ဒါမှမဟုတ် ရေအောက်ဥမင် လှိုဏ်ခေါင်းလုပ်ပြီး သမ္ဗာန်တွေ သွားလို့ရအောင် လုပ်ချင်တယ်လို့ ပြောသွားပါတယ်။ သူတို့ကလုပ်ချင်တယ်လို့ပဲ ပြောသေးတာပါ။ အတိအကျ လုပ်မယ်လို့တော့ မပြောသေး ပါဘူး။ မြေနေရာကိုတော့ သူတို့ ကွင်းဆင်းကြည့်ပြီးပါပြီ။ ဒါကသူတို့ ဘက်က လုပ်ခဲ့တဲ့ အပိုင်းပေါ့။ စည်ပင်ဘက်ကတော့ ဒီလိုလုပ်မယ့် အစီအစဉ်ကို သူတို့နဲ့အတိအကျ ပြန်ဆွေးနွေး သွားရဦးမှာပါ။ လုပ်တာတော့ လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဟိုဘက်က ခိုင်မာလားဆိုတာကိုတော့ ပြန်စိစစ်ရဦးမှာပါ”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) တည်ဆောက်ရန်အတွက် တံတား၏ချဉ်းကပ်လမ်းများ ပြုလုပ်ရန်နေရာ အကျယ်အ၀န်း များများ ယူရမည်ဖြစ်ကြောင်း၊ အမှန်တကယ် တည်ဆောက်ဖြစ်လျှင်လည်း မြို့တွင်းဧရိယာများ အတွင်းရှိ အထပ်မြင့် အဆောက်အအုံများအား လွတ်ကင်းအောင် တည်ဆောက်ရမည့် အခြေအနေရှိနေကြောင်း သိရသည်။ ရေအောက်ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် အတွက်မူ လေ၀င်လေထွက်နှင့် လျှပ်စစ်မီး ၂၄ နာရီရရှိရန် လိုအပ်ကြောင်း၊ လိုဏ်ခေါင်းအတွင်း သွားလာသည့်အချိန်တွင် အရေးပေါ် အခြေအနေများ ရှိလာသည့်အခါ မည်သို့လုပ်မည်နည်း စသော အချက်အလက်များကို ထည့်သွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ များကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။

“ဒလဘက်ကမ်းကို အခုထက် ပိုပြီး ဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီလိုလုပ်ဖို့ ဆွေးနွေးသွားတာပါ။ အဲဒီ အတွက်လည်း MoU ထိုးရဦးမှာပါ။ နည်းနည်းတော့ ကြာဦးမှာပါ။ တကယ် လုပ်ဖြစ်မယ်ဆိုရင်လည်း ကောင်းကင်တံတား ဆောက်ဖို့ကတော့ နည်းပညာ နည်းနည်းပိုမြင့်တယ်။ ဥမင်လိုဏ်ခေါင်းကတော့ အရင်ကတည်းက မြန်မာနိုင်ငံမှာ တည်ဆောက်ဖူးခဲ့ပြီဆိုတော့ အခက်အခဲတော့ အများကြီး မရှိပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်း ကိုဆက်သွယ်ရန် ကောင်းကင်တံတားများ ထိုးမည့်အစီအစဉ်ကို ဆွေးနွေးခဲ့ ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။


Source News from http://www.news-eleven.com

သတင်းကလည်း ကိုးရီးယားနှစ်နိုင်ငံ ပေါင်းသွားသလိုပဲ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မဟာဗမာ စစ်အစိုးရ၏ စိမ်ခေါ်သံ

Source Photo from http://www.coolchaser.com

မဟာဗမာ စစ်အစိုးရ၏ စိမ်ခေါ်သံ

(မင်းစိုးစံ)

အလိမ်အကောက်တွေနဲ့
အာဏာကိုတည်ဆောက်
အညှီအဟောက်တွေကို
ကဇော်ရည်ဖေါက်သလိုဖေါက်
သေရည်သောက်မူးယစ်စေ။

မျိုးချစ်လို့ဟစ်အော်ကြွားရင်း
မူးယဇ်ဆေးဝါးအမျိုးစားပေါင်းစုံ
အလျော်အစားစုံမွှမ်းထုံလို့
ပြည်သူ့ဘ၀အကုန်ပျက်အောင်
စွမ်းဆောင်နေတဲ့ စစ်အစိုးရ။

ပေါက်ဖေါ်က,လည်မြိုညှစ်တော့
ဗမာပြည်က,မြစ်မှန်သမျှ
ခင်ဗျားတို့အတွက်ဖြစ်စေပါ့မယ်
ဗမာပြည်က,သစ်မှန်သမျှ
ခင်ဗျားတို့ကိုဝကွက်အပ်ပါတယ်။

ဗမာပြည်က,သဘာဝဓါတ်ငွေ့
ဗမာတွေမတွေ့ဘူးလျင်နေပါစေ
ဗမာပြည်က,ရေနံ
ဗမာအတွက်မချန်ပါဘူး။

တိုင်းရင်းသားတွေကိုအပြုတ်နှံဘို့အတွက်
လက်နက်သာထုတ်ပေးပါ
ဗမာ့သမီးပျိုတွေရဲ့အသွေးအသားဆိုဒ်စုံကို
လိုသလောက်စားသုံးစေပါ့မယ်
ဝါးနိုင်ဘို့
ပေါက်ဖေါ်ရေ
အားသာမွေးပေတော့ဟေ့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နတ်ဆိုးကိုးကွယ်သူ နတ်ဆိုးပြုစားမှု ခံရခြင်း

Source Photo from http://www.google.com/images

နတ်ဆိုးကိုးကွယ်သူ နတ်ဆိုးပြုစားမှု ခံရခြင်း
(မင်းစိုးစံ)

နတ်ဆိုတာကို မယုံကြည်သလို အချို့လည်း ယုံကြည်လွန်းအားကြီးလှပါတယ်၊ အချို့ကျတော့ မယုံတ၀က်ယုံတ ၀က်၊ နတ်ဆိုတာက ကယ်တင်ရှင်လို့နားလည်ပါတယ်၊ ကာကွယ်တယ် စောင့်ရှောက်တယ်၊အားကိုးရတယ်ပေါ့ နော၊ သာမာန်လူသားတွေထက် စွမ်းဆောင်နိုင်တယ် စသည်ဖြင့်ပေါ့လေ။

ယုံကြည်သူတွေက ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရွာစောင့်နတ် တောစောင့်နတ် တောင်စောင့်နတ် ချောင်း စောင့်နတ် သစ်ပင်စောင့်နတ် စသည်အားဖြင့်ရှိတယ်ပေါ့ဗျာ၊ ကိုယ်စောင့်နတ်ဆိုတာက ကိုယ့်ကိုစောင့်ရှောက် တဲ့နတ်လို့ ယုံကြည်ကြတဲ့သူတွေက မကောင်းမှုကိုမလုပ်နဲ့နော် ကိုယ်စောင့်နတ်က ကိုယ့်ဆီကခွါသွားလျင် ဒုက္ခရောက်သွားမယ်၊ အိမ်စောင့်နတ်ဆိုလျင်လည်း အိမ်ကိုသန့်သန့်ရှင်းရှင်းထားရမယ်၊ မင်္ဂလာမရှိတဲ့စကား၊ ကြက်သရေမရှိတဲ့စကားတွေမပြောရဘူး၊မြည်တွံတောက်တီး မလုပ်ရဘူး။

ရွာစောင့်နတ်ကို ယုံကြည်သူတွေကျပြန်တော့ ရွာထဲမှာနော် ကာလသမီးကာလသားတွေ မင်္ဂလာမဆောင်ရ သေးပဲနဲ့ ဟိုဝှာမပြုကြနဲ့၊ အိမ်ထောင်ကျပြီးသူတွေလည်း မလော်မာကြနဲ့၊ ခရီးဝေးသွားလျင် ရွာစောင့်နတ်ကို ဦးတိုက်ပြီးမှ သွားကြနော်။

တောလိုက်သွားလျင် အပေါ့အပါးသွားလျင် ပစ္စလက္ခတ်မသွားနဲ့၊ တောစောင့်နတ်ကို တိုင်တည်ပြီးမှသွား၊ တော ကောင်ဆိုလျင်လည်း တွေ့ကရာအကောင်တွေကိုလျှောက်မပစ်နဲ့၊ သမင်ဆိုလျင် သမင်၊ ၀က်ဆိုလျင်ဝက်၊ ချေ ဆိုလျင်ချေ၊ မျောက်ဆိုလျင်မျောက် အထီးဖြင့်အထီး အမဖြင့်အမ အဲဒီလိုဆုံးဖြတ်ပြီးမျှ တောလိုက်ထွက်ကြ။

ချောင်းဆိုလျင်လည်း ချောင်းဖျားမှာ နတ်စင်ရှိတယ် အဲဒီနတ်စင်ရဲ့အထက်ကနေပြီး ရေမချိုးကြနဲ့၊ အ၀တ်မ လျှော်နဲ့။ သစ်ပင်ဆိုလျင်လည်း တွေ့ကရာမြင်ကရာအပင်တွေ မခုတ်နဲ့၊ အပင်ကြီးတွေ အရွယ်မရောက်သေးတဲ့ သစ်နုတွေမခုတ်နဲ့၊ အဲဒီလိုကို ထိန်းသိမ်းကြတာ။

အဲဒီလိုထိန်းသိမ်းလာခဲ့လို့လည်း သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မှုနည်းပါးသလို ရောဂါဆန်းတွေ လူမှုရေး ပြဿနာတွေ သဘာဝဘေးဆိုးတွေ အခုလိုပေါပေါများများ မဖြစ်ခဲ့တာလို့ပဲ ယူဆမိပါတယ်၊ အခုခေတ်ကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ သစ်ပင်လား အပင်ကြီး အပင်သေး ရွေးဘို့မပြောနဲ့ ဘီးစပ်ပင်တောင် မရှောင်ဘူး၊ ရှိသမျှအပင်ခုတ်ရုံမျှမက အမြစ်ပါလှန်ပစ်ကြတာ။

တောင်ဆိုလျင်လည်း တလုံးပြီးတလုံးဖြိုချ ချောင်းလောက်ကတော့လာမပြောနဲ့ မြစ်တောင် မနေရဘူး၊ အ ကောင်အလောင်ဆိုလျင်လည်း ဘာညာကွိကွ အထီးအမတွေလာမပြောနဲ့ အိမ်မြှောင်တောင်ချမ်းသာပေးတာမ
ဟုတ်ဘူး။

အပျိုလူပျိုတွေလား သူတို့ လည်း သူတို့အထာနဲ့သူတို့ပေါ့လေ၊ အိမ်ထောင်သည် ကျပြန်တော့ သူ့ဇယား နဲ့သူ ရေများလျင်များသလိုပေါ့၊ ကဲဗျာ ကျုပ်ရေးမယ့် နတ်ဆိုးဆိုတာပျောက်တော့မလောက် ဖြစ်သွားပြီလား
မသိ၊ မပျောက်ပါဘူး အကောင်းတွေပျောက်ကုန်တဲ့နောက် အဆိုးတွေရောက်လာတော့တာပေါ့၊ ဟုတ်စ။

လူတွေက မထိန်းနိုင်မသိမ်းနိုင်ကြတော့တဲ့နောက် နတ်ကောင်းနတ်မြတ်တွေ မနေနိုင်ကြတော့ဘူးလေ အဲဒီ တော့နတ်ဆိုးတွေ နေရာယူကြတော့တာပေါ့၊ အဲဒီလိုနတ်ဆိုးတွေနေရာယူလာတဲ့အခါကျတော့ လူတွေ
လည်း အစားဆင်းရဲအနေဆင်းရဲ ဖြစ်ကြရတော့တာပေါ့ဗျာ။

အမေရိကန် စကားပုံတခုကြားဘူးတယ်ဗျ ဆင်းရဲသူနှင့် ချမ်းသာသူပေါင်းလျင် ဆင်းရဲသူသာ နစ်နာရ၏ တဲ့။
အဲဒီလို အနေဆင်းရဲ အစားဆင်းရဲလာတော့ အတတ်ပညာလည်းဆင်းရဲ ကျင့်ဝတ်သိက္ခာတွေလည်းဆင်းရဲ သည်ထက်ဆင်းရဲလာလိုက်ကြတာ ပေါ ချောင် တွေကိုလိုက်ကြရရော။

Source Photo from http://ww.bbcburmese.com/images

အဲဒီမှာတင် ပေါပေါများများနဲ့ ဈေးချိုချိုတွေထုတ်လုပ်ရောင်းချတဲ့ နိုင်ငံကြီးနဲ့ချိတ်ဆက်မိပြီး အမျိုးသမီးတွေ
လည်း သူတို့ကို အလိုမတူပဲ ကိုယ်ဝန်ဆောင်ပေးရ၊ အမျိုးသားဆိုလျင်လည်း နားရင်းအအုပ်ခံရ၊ မန္တလေးဆို သူတို့မြို့ကို ဖြစ်လို့။

အဲဒါ ကျုပ်တို့ဆီက သစ်ပင်တွေ တောတောင်တွေ မြေပေါ်မြေအောက် ရေပေါ်ရေအောက်က ရှိရှိသမျှ သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံးကို သိမ်းကြုံးယူငင်ပြီး ကျုပ်တို့အမျိုးကို သမ,နေတာ။

အဲဒီတော့ နတ်ဆိုးကိုးကွယ်သူတွေကြောင့် ကျုပ်တို့အားလုံး နတ်ဆိုးပြုစားတာခံရတာပေါ့ဗျာ၊
ကဲနတ်ဆိုးရန်က လွတ်ဘို့ ဘာလိုအပ်တယ်လို့ ထင်ပါသလဲ၊ ဘာလုပ်သင့်ပါသလဲ၊ ဘယ်သူတရားခံလဲ၊
ဘာဆက်လုပ်မှာလဲ။
ဗမာပြည်ဖွါးအချင်းချင်း ဆော်ပလော်တီးဘို့ပဲ ကြိုးစားနေတော့မှာလား။

မဟာဗမာ စစ်အစိုးရနဲ့ နောက်လိုက် နောက်ပါအပေါင်းတို့ရေ ခင်ဗျားတို့ရဲ့ ကျူပင်ခုတ်ကျူငုတ်မကျန်စေနဲ့
ဆိုတဲ့ မဟာဗျူဟာ နည်းဗျူဟာ အမြောက် အများနဲ့ နှစ်ပေါင်းခြောက်ဆယ်လောက် တိုင်းရင်းသားတွေကို အမြစ်ဖြုတ်လာခဲ့သမျှ အမြစ်ဖြုတ်နေသမျှ အ မြစ်ဖြုတ်နေမယ့်သမျှ ဘယ်တော့မျှ စည်ပင်ဝပြောပြီး ငြိမ်းချမ်း
သာယာတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာမဟုတ်ဘူး ဆိုတာပြောလိုက်ပါရစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

News Corp ဘုတ်အဖွဲ့ဝင်အဖြစ် Rupert Murdoch ပြန်လည် ခန့်အပ်ခံရ

Rupert murdoch latest party stills
Source Photo from http://www.a2zpictures.com/photos/rupert-murdoch

News Corp ဘုတ်အဖွဲ့ဝင်အဖြစ် Rupert Murdoch

ပြန်လည် ခန့်အပ်ခံရ


22 Oct, 2011

လွန်ခဲ့သည့် သောကြာနေ့က ပြုလုပ် ခဲ့သည့် News Corp သတင်းလုပ်ငန်း၏ ဘုတ်အဖွဲ့ လူကြီး ရာထူး နေရာအား Rupert Murdoch နှင့် ၎င်း၏ သားများ ဖြစ်သည့် Lachlan နှင့် James တို့မှာ ရှယ်ယာရှင်များ၏ မဲပေးမှုဖြင့် ပြန် လည် ရွေးကောက် ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ရွေးချယ်မှု ကို လော့စ်အိန်ဂျယ်လိ မြို့တွင် ကျင်းပသည့် နှစ်စဉ် ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးနှင့် အခြားသော ကျန်ရှိသူများမှာ News Corp ၏ ဘုတ်အဖွဲ့ဝင် လူကြီးများ အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရခြင်းပင် ဖြစ်သည်။

Rupert murdoch son Lachlan Murdoch wallpapers
Source Photo from http://www.a2zpictures.com/photos/rupert-murdoch

ယခုလို ရွေးချယ်ခံရမှုနှင့် ပတ်သက်ပြီး မဲအရေအတွက် မည်မျှနှင့် ရရှိခဲ့သည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ရလာဒ်များကို လာမည့် အပတ်တွင် SEC ၌ ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းတို့မှ ထုတ်ပြန် ပြောကြား ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အခြားသော ပြင်ပမှ ရှယ်ယာရှင်များမှာ Murdoch ကို ထုတ်ပစ်ရေး အတွက် ပွင့်ပွင့် လင်းလင်း ဆန့်ကျင် ပြောကြား မှုများ ပြုလုပ် ခဲ့သော်လည်း ယခုလို မဲအနိုင်ဖြင့် ဆက်လက်ပြီး ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက် သွားတော့ မည် ဖြစ်သည်။

Rupert murdoch son James Murdoch party photos
Source Photo from http://www.a2zpictures.com/photos/rupert-murdoch

Murdoch ၏ မိသားစုမှာ ရှယ်ယာ စုစုပေါင်း ၄၀ ရာနှုန်းကို ပိုင်ဆိုင်ထားပြီး အခြားသော ၇ရာနှုန်း မှာလည်း ၎င်းနှင့် ပလဲနံပသင့်သည့် မိတ်ဆွေမှ ပိုင်ဆိုင် ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ မိသားစုအား ဘုတ်အဖွဲ့မှ ထုတ်ပယ်ရန် အတွက် ကျန်ရှိသည့် ရှယ်ယာရှင် အားလုံးမှာ ၎င်းတို့ကို ဆန့်ကျင်ပြီး မဲပေးမှသာ ရရှိမည် ဖြစ်သဖြင့် ခက်ခဲသည့် အခြေအနေ တစ်ရပ် ဖြစ်ကြောင်းလည်း သိရသည်။

source : Los Angeles Times

Broadcasted : 22 Oct, 2011

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, October 21, 2011

ခရီးသည် တစ်သောင်းအား ဂျပန်တို့ လေယာဉ် လက်မှတ်များ အခမဲ့ပေးမည်

Hiroshi Mizohata Commissioner of Japan Tourism Agency
Source Photo from http://www.fccj.or.jp/node/6547

ခရီးသည် တစ်သောင်းအား ဂျပန်တို့

လေယာဉ် လက်မှတ်များ အခမဲ့ပေးမည်

Updated : 22 Oct, 2011

ဂျပန်နိုင်ငံ ခရီးသွားလာရေး အေဂျင်စီမှာ မကြာမီအချိန် အတွင်း နိုင်ငံအတွင်းသို့ လာရောက် လည်ပတ် သူများအား အသွားအပြန် လက်မှတ်ပေါင်း တစ်သောင်းကို အခမဲ့ ပေးဝေသွားမည် ဖြစ်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ဆောင်ချက် အသစ်တစ်ရပ် ကို ပြုလုပ်တော့မည် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို လာမည့် နှစ်တွင် စတင်ရန် စီစဉ်ထားပြီး မိမိတို့၏ ခရီးသွား အတွေ့အကြုံများကို အွန်လိုင်းတွင် ရေးသားစေကာ အရေးအသားပေါ် မူတည်ပြီး ရွေးချယ် ခံရသူအား အခမဲ့ လက်မှတ်များ ထုတ်ပေးမည် ဖြစ်သည်။

အလားတူပင် ယင်းသို့ ရွေးချယ်ခံရသူမှာ ဆူနာမီ ဖြစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခံစားချက် များကို ဖြေဆိုရမည် ဖြစ်ပြီး နိုင်ငံ၏ ခရီးသွား လုပ်ငန်းကို ပြန်လည် ဆန်းသစ်စေမည့် အကြံညာဏ်ကောင်း များ ကိုလည်း ပေးစေ မည် ဖြစ်ကြောင်း သိရသည်။

ဂျပန် ခရီးသွား အေဂျင်စီအကြီးအကဲဖြစ်သူ Hiroshi Mizohata မှ သတင်းသမားများ သို့ ပြော ရာ၌ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များမှာ မိတ်ဆွေများနှင့် ခင်မင်သူများမှ ကောင်းမွန်သည့် သတင်း ပေးစကားများ ရရှိပြီးနောက် ဂျပန်နိုင်ငံသို့ လာရောက်ရန် ဆုံးဖြတ်လေ့ ရှိကြောင်းနှင့် ယခုလို အခမဲ့ လက်မှတ်များ ပေးခြင်းဖြင့် လှုံ့ဆော် ပွဲပြုလုပ်ပြီး အေဂျင်စီ ၏ နိုင်ငံခြားသား ခရီးသွား ဆွဲဆောင်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

ဂျပန်အမျိုးသား ခရီးသွား လုပ်ငန်းအဖွဲ့၏ အပြောအရ လွန်ခဲ့သည့် စက်တင်ဘာလက ဂျပန်နိုင်ငံသို့ နိုင်ငံခြား ခရီးသည် ၅၃၉၀၀၀ ခန့်လာရောက် ခဲ့ကြောင်း သိရသည်။


source : NHK news

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တြာစံင်မံင်ဆါၟ ဟှယ့်ကဲထင်းအ်ုဟှာင်ၟ

Source Photo from http://www.google.com/images

တြာစံင်မံင်ဆါၟ ဟှယ့်ကဲထင်းအ်ုဟှာင်ၟ
(စ၀်ထေါဟ်တွါ်)

ဆ်ုလုတြာစံင်မံင်ဆါၟယိုဝ် လ်ုပုယင်ခ၀့်(အာဏာရှင်)ဆေ၀်ၟလှ်။ တြာစံင်မံင်ဆါၟဟှယ့်ကဲထင်းယိုဝ် မွဲါဟှယ့်ကဲထင်း ဍး အ်ုသာဍေအ်ုကုဆါၟလ်ုမွဲ္ဘါး၊ ဆ်ုအင်းတါင်ထင်းအ်ုခေါဟ်စံင် ဟှယ့်ကဲထင်းဝေ့ဆေ၀်ၟလှ်၊ မွဲါပ၀့်လဲအင်းတါင် ထင်းဆ်ုဏှ် ဆ်ုအေအင်းစါဆေ၀်ၟစါ်္ဘိုဝ် ဆ်ုအင်းတါင်ဆါၟဏှ် မွဲါဝေ့ ဏု၊ ယု ၊ ပု လုက်ဆိင့်အင်းတါင်ဝေ့ဆေ၀်ၟလှ်။

လ်ုခႜုဂ်လ်ုလ၀်ထါင်ယှံင် တြာစံင်မံင် ဟှယ့်ကဲထင်းအ်ုဟှာင်ၟဍါ်္ဘးခါ့ ပ်ုမုယေါဝ်ၟထါင် ပ်ုဖႜုံဖေါဟ်မေင်ၟစိင် ဏင်ၟစယ်၊ ပ်ုဖႜုံဆိုဒ်ယိုဝ် အဲဆ်ုယှူးဆု္ဘါ ဆ်ုယှိက်ယှုက်ပ်ါပုဂ်သယ် မါဝေ့ကဲအေး ဍးပ္ခံင်္ဘးသာအေး၊ အးတ်ုလေံ ပႜယ်သာဝေ့ လှ် ပႜယ်သာသှေ်လိုင်အေး မ်ုပႜယ်သာအ်ုလင်ၟအှ်လိုင်အေး စါ်္ဘိုဝ်ဍူ စင်းထင်းမေံဝယ်ခယ်ဟှံင် ဆ်ုယှိက်ယှုက်ဆု ပ်ါပုဂ် ဆ်ုလု္ဘးပ္ဘီးစင်း္ဘးလ်ုစံင်းဏှ် အင်းတါင်ဝေ့ဍေ ဆ်ုသုင်းထင်းသာဟှာင့် ဆု္သာဖႜီၟသီးလု္ဖး ဏှ်ဆေ၀်ၟလှ်။

ဆ်ုလုဟု မ်ုအင်းတါင်္ဘးဆ်ုယိုဝ် ဟ်ုသာဖိုင်ထိုဝ်္ဘးအှ်ဝေ့ယှူးယှူးခႜိင်းခႜိင်းဆေ၀်ၟလှ်၊ ဟ်ုသာအေက်ုလုဂ်က်ုမိုင့် ဟ်ုသုင်းထင်းသာထင်းခါ့ ပ်ုအေအင်းတါင်္ဘးဆု မွဲါအ်ုဟှေဝ် ပ်ုအေလ၀်ထါင်ကင်ကါယှံင်ဆ်ုမွဲါအ်ုဟှေဝ် ဆ်ုတုပႜိင် တ်ုဖႜးအှ်ထင်းသှေ်ဝေ့အးအးလေံ ဆေ၀်ၟလှ်။

ပ်ုယင်ဆ်ုခႜါင်အှ်ဝေ့ (လူမိုက်သားရမ်းကား လူလိမ္မာသားယဉ်ပါး)ဆ်ုခႜါင်အ်ုဝေ့ဏှ် ယ်ုလ်ုဟှာဆ်ုဆံင့်မံင်းဏှ် မွဲါဍး သာလှ်၊ ပ်ုအေလ၀်ဆ်ုခႜါင်အေသှေ် အ္ဘေးဍူ ဆ်ုဆံင့်ဏး မုက်ဏှ်တာၟ ဆ်ုဖံင်းယှံင်ဖ်ါယှံင်ဍေဟု မ်ုမုက်ဝေ့လှ်၊ အု ခ၀့်ပ်ုယ၀့်ဏှ် ဟ်ုမႝီဟ် အိုင်ခ်ါဖေါဟ်လီဏှ် ထ်ုရိုဒ်ၟ၊ ဟ်ုမႝီဟ်တ္ဂေတ်ပ်ုဝါဟှေဝ်ဖေါဟ်လီဏှ် အ်ုဏာၟ္ဘူး၊္ဘေ့ယ်ုဏးသှေ် သိုဝ် ယ်ုပုဂ်ထင်းအ်ုခ၀့်ပ်ုယ၀့် အ်ုခေါဟ်စံင် ဆ်ုတုပႜိင်တ်ုဖႜးအေအှ်ခ၀့်အိုဝ် ပႜယ္တ၀္လာၟ ဆၚ။ အင်းတါင်္ဘးထါင် လာၟဆါ်။

ပ်ုယင်ဆ်ုခႜါင် အ်ုလုမိင်ဏှ်ဍ၀် (လူဖြောင့်စိတ်တို လူချို စိတ်ကောက်) ဆ်ုခႜါင်အ်ုဝေ့ဏှ်ဍ၀် ဟ်ုမႝီဟ် အ်ုသုင်းသာ တ၀်လံင်ဏှ် အ်ုသာဖိုဟ်၊ ဟ်ုမႝီဟ်ခႜါင်ဆ်ုဆိုင့်ခႜိင်းဏှ် အ်ုသာကါင်းကံင်း လ၀်ဝေ့္ဘေ့ဏှ်၊ အ်ုခေါဟ်စံင် ဍုံလုက်သံင့် သါ့ခေါဟ်ဍါယိုဝ် ဟ်ုတုကေ၀်္ဘးဆု ကးသ်ုကာမာၟလှ်၊ အ်ုခေါဟ်စံင် လုံၟမႝိက် သိင်ၟလာ့သီးလ်ုဖး အ်ုဏိင့်အှ် ဆ်ါအး လယ့် ဏှ် ဟ်ုတုကေ၀်္ဘးကးသိုဝ် ဟ်ုမႝီဟ်လ်ုဟှာ အ်ုဝေ့တ္ဂေတ်ပ်ုဝါ မ်ုမာသာ္ဘေ့သှေ်သိုဝ်လယ့်ဏှ် ဟ်ုတုကေ၀်္ဘးကးဏါင်း လုံၟမႝိက် သိင်ၟလာ့အ်ုလူၟအ်ုဃဦှုဏှ် ဆေ၀်ၟလှ် ပ်ုယင်လ၀်ဝေ့(စိန်ကဲ ကျောက်ကဲ ထိုနှစ်ကဲထက် လူကဲခတ်ရ လွန်ခဲတတ်၏) ဆေ၀်ၟလှ်။

အ်ုခေါဟ်စံင် ဟ်ုမႝီဟ်လ်ုဟှာဟှေဝ် လ်ုဟှာဟှေဝ် မွဲါအ်ုအိုင်အ်ုခါ်ဟှ မွဲါအ်ုဟှေဝ်အ်ုအွါဟှဏု မ်ုဆိုင့်ထေံ ဍေဆ်ုလူၟ ဆ်ုခႜါင်လ်ုမိင်လှ် လ်ုသှေ်ဆေ၀်ၟ္ဘး၊ အ်ုသုင်းသာမာသာ္ဘေ့သှေ်သိုဝ်လဲဏှ် ပ်ုမု္ဘးယောဝ်ၟ အ်ုဆုဖ်ါဆုမာဍေ အ်ုဝေ့ အ်ုဆုလ၀် မွဲါအ်ုပျုက်လေါဟ်သာဟှ မွဲါတ်ုဖႜးသာဆေ၀်ၟဟှ ဏှ်ဆေ၀်ၟလှ်။

Source Photo from http://www.google.com/images

ပ်ုဖႜုံဖေါဟ်ယိုဝ်္ဘးသာဆ်ုယှူးဆု္ဘါ မ်ုအှ်္ဘးသာ လ်ုဆုဆိင့်ဆိင့်ဖေႜ၀့်ဖေႜ၀့်ကႜာ ဆ်ုကုလုဂ်က်ုမိုင့် ဆ်ုစီ့စး စီ့ဖႜိက္ကႜာ အှ်ဝေ့မုက်အေးအ်ုခေါဟ်စံင် ဆ်ုကးဆ်ုဟှယ်အေအှ်ထင်းလ်ုမိင်မိင် ဆ်ုယှိက်ယှုက်ပ်ါပုဂ်မ်ုကဲထင်းလ၀့်္ဘှ် စါ်္ဘိုဝ် ထုဂ်ယှးလင်သာ ပႜယ်သာ ပီပီလှ်၊ ဆ်ုအေဟှယ့်အင်းဟှုက် မာဟှာဟှံင်ဆ်ုစါ်္ဘိုဝ် မာဍးဝေ့ ဆ်ုလင်ၟအှ်လုပုင် မာလ်ုယါ့ အင်းလ်ုယါ့ ဟှံင်လှ် အးတ်ုလေံဆံင့်မံင်းဆု္ဘေ့ဏှ် အ်ုခေါဟ်စံင် တြာစံင်မံင်ဆါၟ ဍိင်ထင်းဝေ့လု ပ်ုအု ထိုင့်အ်ုကႜာ အ်ုအံင်ဖိုင်ဆေ၀်ၟလှ်။

တြာစံင်မံင်ဆာၟဏှ် အင်းနိုင့်နုင့်ဏာဝေ့ပု လင်ဆိုဒ်ဖေါဟ်လင်ဆိုဒ်လီ ဆေ၀်ၟလှ်၊ တြာစံင်မံင် အင်းနိုင့်မာဆါ့ပု အ်ုခေါဟ်စံင် ပု္ဖႜဳံလိက္ဖႜဳံဘာၟ အွ္ေအး၊ ပု္ဖႜံဳလိက္ဖႜံဳဘာၟ အေအှ်ထင်းစါ်္ဘိုဝ်ဍူ ပ်ုဖႜုံဖေါဟ်သီးလ်ုဖး ဆ်ုသှေ်ယာ့ဆု ဏးသှေ် မ်ုအှ်ထင်း မ်ုအးထင်းသီးလ်ုကါဍါ် ဆ်ုသှေ်ယါ့ဏးသှေ်အေအးထင်း္ဘှ် စါ်္ဘိုင်္ဘေ့အ်ုသီးသာအှ်သိုဝ် မ်ုပိုင် ကႜိုင်ပု သှေ်လိုင်အေး၊္ဘေ့အ်ုသီးသာအှ်သိုဝ် မ်ုအင်းမိုင့်အင်းပု သှေ်လိုင်အေး အ်ုခေါဟ်စံင် ပ်ုလိက်ဖႜုံဘာၟဏှ် ဍါ် အှ်ဝေ့အေးဆေ၀်ၟလှ်။

ပ်ုဖႜုံဆိုဒ်ဖေါဟ်ယိုဝ် ဆ်ုအဲဆ်ုကဦုအှ်ဍေါဟ်ဆါ့မာၟလှ်၊ဏယ်အင်းဆ်ုသီးယ၀့်ဆါ့မာၟလှ်၊
လ်ုဟှာဍေလ်ုဟှာ သှေ်ယါ့ဍး မေံလေါဟ်သာ လု္ဘႜင်လ်ုထါၟတာၟဏှ် ကေါဝ်ဍံင်းလေါဟ်သာလှ်၊ ဏ်ုခ၀့်
ဏ်ုဖေါဟ်မူးဖေါဟ်ခွါ့အှ် ယ်ုခ၀့်ယ်ုဖေါဟ် မူး ဖေါဟ်ခွါ့အှ် အ်ုခေါဟ်စံင် ပ်ုကေါဝ်ဍံင်းလေါဟ်သာဏှ် မွဲါဝေ့ ဆ်ုဃှူ့ဃှင်လ်ုမိင်အ်ုခေါဟ်စံင် ဟှေဝ်ဍးသာလှ်။

လာၟဏင့်္ဘိုဝ်သီး ဆ်ုအှ်ကံင်းသယ်အေအှ်ဆေ၀်ၟ၊္ဘးဆိုင့်ထေံဆု အေအှ်ဆေ၀်ၟစါ်္ဘိုဝ် လ်ုဟှာဍေလ်ုဟှာ ညာၟယှုဂ်
လေါဟ်သာဟှ မာယှိက်ယှုက်ဆု လ်ုက္ဘဲးဟှ ဏှ် သှေ်ယါ့ထီ့ဆာအေး၊ ဆ်ုအေအင်းစါထင်းလ်ုမိင်မိင် အေလ၀်
ထင်း လ်ုဟှာ အေခႜါင်ထင်းလ်ုဟှာဟှ္ဘှာ် စါ်္ဘိုဝ် ဍံင်းဖူ့ယှာၟဟှေး ဏ်ုအေဟှံင်ဏှ် ဟှံင်လှ် (ဒို့ဖူးပွါ့ နာမေးဝီနေ ၀ီ လေါ့)
လ၀်ထင်းဆု္ဘေ့ဏှ် အ်ုဖိုင့်အးထင်း အု္ဘႜင်အးထင်း ဏှ်တာၟ ဆ်ုလ၀်ဆု္ဘုံး ဆ်ုခႜါင်ဆ်ုသှေ်လ်ုဖး ကဲထင်းဝေ့ တြာစံင်မံင်
ဆာၟဆေ၀်ၟလှ်။

Source Photo from http://www.google.com/images

အ်ုသီးဝေ့ဍး ဍိင်ယိက်ဍေ ဆ်ုယှံင်ဆ်ုမုဂ်အှ်ထင်းအ်ုခေါဟ်စံင် ထံင်ဍးအ်ုသီးဝေ့မ်ုမ္ဘားသာ ထံင်ဍးအ်ုသီးဝေ့ မ်ုအင်း တါင်္ဘးသာ ထံင်ဍးအ်ုသီးဝေ့ သာအှ်သိုဝ်မာထင်းဝေ့အ်ုခေါဟ်စံင် မႝီဟ်ဏေ၀်ၟ္ဘးပိုင်လ်ုဖး(လူ့အခွင့်အရေး ရပိုင်ခွင့်) ပု္ဖႜံဳေဖါဟ္အု္ထိုင့္အု္ကႜာ လင္မာၟဟွာဟွံင္ထင္းေ၀့ အးအးလေံ ဍေါဟ်ဍေါဟ်လေံဆေ၀်ၟလှ်။
္ဘေ့သိုဝ်တြာစံင်မံင်ဆါၟ လ်ုအှ်လိုင်္ဘးသိုဝ် ပ်ုသီးကိုဝ်ၟအ်ုဟှာ အင်းတါင်္ဘးထါင် ဏေ၀်ၟဍးဝေ့ဆါ်။

ဆ်ုအှ်ဆံင်းအှ်ခႜါင့် ဍုဂ်ပါင် ယိုင်ဃှဦ္ဘုးလာၟ ကိုဝ်ၟဟှာဍေဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ(ကေါဝ်တြာ် ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....