+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 30, 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဗမာပြည်ခရီးစဉ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဗမာပြည်ခရီးစဉ် 

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဖလုံ-စဝေါ်ပါတီဥက္ကဌဟောင်း စောသန်းကျော်ဦး ပါတီအသစ်တည်ထောင်ရန် လျှောက်ထား

ဥက္ကဌဟောင်း စောသန်းကျော်ဦး 
Source Photo from KIC (Karen Information Center) 

ဖလုံ-စဝေါ်ပါတီဥက္ကဌဟောင်း စောသန်းကျော်ဦး

ပါတီအသစ်တည်ထောင်ရန် လျှောက်ထား

နိုဝင်ဘာလ ၂၉ရက်
နန်းသူးလေ (ကေအိုင်စီ)

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ ယခင် ဥက္ကဌ စောသန်းကျော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၆ဦးသည် ကရင်ဒီမို ကရက်တစ်ပါတီ အမည်ဖြင့် ပါတီထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

စောသန်းကျော်ဦးသည် ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ပေးရန် အောက်တိုဘာလ ၃၀ရက်နေ့ ၌ ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်များက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကာ ယခုလို နိုင်ငံရေးပါတီအသစ်တည်ထောင်ရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဖလုံ-စဝေါ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးက

ကျနော်တို့ ပါတီကနေ ဦးစောသန်းကျော်ဦး နုတ်ထွက်သွားပါ ပြီ။
ဒါကြောင့် သူ့သဘော သူ့ဆန္ဒနဲ့ ပါတီထောင်ဖို့လုပ်တာကို ကျနော်တို့အနေနဲ့ဘာမှ မပြောလိုပါဘူး။ သူပါတီထောင်လိုက်လို့ လည်း ကျနော်တို့ ပါတီအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်တာမျိုးလည်း မရှိပါဘူး။

ဟု ပြောသည်။

ပါတီသစ်ထောင်ရန် လျှောက်ထားသည့် ကရင်ဒီမိုကရက်တစ်ပါတီထဲတွင် စောသန်းကျော်ဦးအပြင် ဖလုံ-စဝေါ်မှ အဖွဲ့ဝင် ၂ဦး ထက်မနည်း ပါဝင်မည်ဟု ခန့်မှန်းရကြောင်းနှင့် မည်သူပါဝင်မည်ကိုမူ တိကျစွာ မသိရသေးကြောင်း သူက ဆက်ပြောသည်။

မြန်မာအစိုးရ၏ ၂၀၀၈ပုံဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီ တည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄နှင့် ပုဒ်မ ၆ပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဝန်ကြီးများဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်းလည်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ဥက္ကဌ စောခင်မောင်မြင့် 
Source Photo from KIC (Karen Information Center)
စောသန်းကျော်ဦးသည် လက်ရှိ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်
ပါတီ၏ ဥက္ကဌ စောခင်မောင်မြင့်၏နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျိုက်မရောမြို့နယ် အမှတ်(၁)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့
ရာ မဲရှုံးနိမ့်ခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရှမ်းနှစ်သစ်ကူးပွဲတော် ပုံရိပ်များ

















































လန်ဒန်က ရှမ်းနှစ်သစ်ကူးပွဲ






 
ပြည်တွင်းက ရှမ်း နှစ်သစ်ကူးပွဲ



မလေးရှားက ရှမ်း နှစ်သစ်ကူးပွဲ

ကိုယ့်ရဲ့မျိုးရိုးအမှန်ကို ပြောပြဘို့ ၀န်လေးနေတဲ့ လူတွေ ကိုယ့်မိခင်ဘာသာစကားကို
ပြောဆိုရမှာ ကြောက်လန့်နေတဲ့လူတွေ ကိုယ့်လူမျိုးကို ဂုဏ်ယူတတ်အောင် များများကြည့်
အထပ်ထပ်အခါခါကြည့် အသအခြာပြန်ကြည့် ပြီးတာနဲ့နောက်ထပ်ကြည့်

ကရင်နှစ်သစ်ကူးက ရက်အတော်ကပ်နေပြီ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်နယ် ၁၄ ခု အနက် ၁၃ ခုတွင် သတ္တုမျိုးစုံ ထွက်ရှိ



Wednesday, 30 November 2011

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ ထွက်ရှိခြင်းဖြစ်သည်။

ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊
ရွှေဖြူ၊ ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊ သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊ ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊ ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲ စသည်တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊ ကရင်ပြည်နယ်၌ ခုနစ်မြို့ နယ်၊ ကယားပြည်နယ်၌ လေးမြို့နယ်၊ ချင်းပြည်နယ်၌ သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ရှစ်မြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊ မကွေးတိုင်းဒေသကြီး၌ ၁၇ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊ မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊ ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

Copy News from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရုတ် စစ်ဘက်ဆိုင်ရာ ရေနံသိုလှောင်မှု သိသိသာသာများပြား

This undated file photo shows an oil reserve base in eastern China's Zhejiang province.
[Asianewsphoto] 
Source Photo from http://www.chinadaily.com.cn 

စီးပွားဖြစ် ရေနံသိုလှောင်ကန် 

တရုတ် တည်ဆောက်နေ 

30 Nov, 2011

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး စီးပွားဖြစ် ရေနံ သိုလှောင်ကန်ကို ဟိုင်နန် ပြည်နယ် “ယန်ဖူ” မြို့မှာ စတင် ဆောက်လုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေနံ သိုလှောင် ကန်ကို တရုတ် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်းနဲ့ နယ်သာလန် နိုင်ငံမှ Royal Vopak Group တို့ ပူးပေါင်း တည်ဆောက်တာ ဖြစ်ပါတယ်။

ရနံ သိုလှောင် ကန်ကို ၂နှစ် အတွင်း အပြီးသတ် တည်ဆောက် နိုင်ဖို့ စီစဉ်ထား ပါတယ်။
ဒီသိုလှောင် ကန်တည် ဆောက်ပြီး သွားရင်တော့ ရေနံ ကုဗမီတာ ၅.၂ သန်း သိုလှောင် နိုင်မှာ ဖြစ်ပါတယ်။

ဒီလို စီးပွားဖြစ် ရေနံ သိုလှောင် ကန်တည် ဆောက်မှုဟာ ရေနံ ဈေးနှုန်းကို ထိန်းချုပ် နိုင်မှာ ဖြစ်သလို စစ်ဘက် ဆိုင်ရာ ရေနံ သိုလှောင်မှု အတွက်လည်း အရံအဖြစ် ရှိစေမှာ ဖြစ်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ ရေနံသိုလှောင်မှုဟာ စီးပွားဖြစ် ရေနံ သိုလှောင်မှုထက် သိသိသာသာများပြားနေတယ်လို့ သိရပါတယ်။

Credit http://www.mrtv4.net.mm



NEA's chief Zhang Guobao said in February that China still "badly needs" energy. His administration plans to ensure a 200-millon-ton domestic annual oil output from 2009-11 but the trend of growing dependence on imported oil will remain. China is expected to import 60 percent of its oil in 2020.

Copy News from http://www.chinadaily.com.cn

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

American Airlines ဒေဝါလီခံပြီ

ကုမ္ပဏီဥက္ကဋ္ဌ Thomas Horton 
Source Photo from http://www.google.com/images

American Airlines ဒေဝါလီခံပြီ 

30 Nov, 2011
 American Airlines ကိုပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီတစ်ခု ဖြစ်သော AMR Corp., မှာ လွန်ခဲ့သည့် အင်္ဂါနေ့က Chapter 11 bankruptcy ဥပဒေအရ ဒေဝါလီခံရန် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ရခြင်း မှာ နှစ်များ စွာ ကြာေ အာင် မြင်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများနှင့် ဝန်ထမ်းများ အတွက် ပေးခဲ့ရသည့် လစာ များ အ တွက် တင်ရှိနေသည့် ကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးမှ လျှော့ကျစေ ရန် ပြုလုပ်လိုက်ခြင်း ပင် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ တတိယမြောက် အကြီးဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်သော American Airlines မှအင်္ဂါနေ့က ပြောရာ၌ ၎င်းတို့ ၏ လေကြောင်းလိုင်းတွင် ကာလရှည်ကြာ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey မှာလည်း အလုပ်မှ နုတ်ထွက် မည် ဖြစ်ပြီး ၎င်း၏နေရာတွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Thomas Horton မှအစားထိုး တာဝန်ယူသွား မည် ဖြစ်ကြောင်း လည်း ပြောကြား ခဲ့သည်။

ပည်ေ ထာင်စု နယူးယောက်မြို့ တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည့် ယခုလို ဒေဝါလီခံမှုအတွက် chapter 11 တွင်ပါသည့် ဥပဒေအတိုင်းဖြစ်ကာ လက်ရှိ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၂၄.၇၂ ဘီလီယံ ဖြစ်သော်လည်း အကြွေးမှာ ဒေါ်လာ ၂၉.၅၅ ဘီလီယံဖြစ်နေသဖြင့် ယခုလို ပြုလုပ်လိုက်ရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ လက်ကျန်ငွေ အဖြစ် ဒေါ် လာ ၄.၁ ဘီလီယံမှာ ငွေစက္ကူအဖြစ် ရှိနေကြောင်းလည်း ကုမ္ပဏ်ီမှပြောသည်။ AMR မှပြောရာ၌ ၎င်းတို့အနေဖြင့် အသုံးစရိတ် လျှော့ ချနိုင်မည့် အကာအကွယ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး Chapter11 အရ ယင်းလေကြောင်း လိုင်း၏ ပုံမှန်လမ်းကြောင်းများကိုမူ ဆက်လက်ပျံသန်းနေဦးမည် ဖြစ်သည်ဟု ပြောခဲ့သည်။

AMR မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိ ကန် ပြည်ထောင်စု ရှိ လေေ ကြာင်းလိုင်းများ အထဲတွင် ဒေဝါလီခံရန် ငြင်းဆန်ခဲ့သည့် တစ်ခုတည်းေ သာ လေကြောင်းလိုင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တောင့်ခံထားခြင်းကြောင့် လေကြောင်း ပို့ဆောင်မှု လုပ်ငန်းများ တွင် ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရပြီး အလုပ်သမား ပင်စင်လစာ များအတွက်လည်း ထောက်ပံ့ ပေးရဦးမည် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။


အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey 
Source Photo from http://www.google.com/images

source : xinhuanews

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 29, 2011

ထိုင်း ဝန်ကြီးချုပ် ဆေးရုံတက်ရောက် ကုသမှုခံယူ

ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra 
Source Photo from http://www.thaivisa.com

ထိုင်း ဝန်ကြီးချုပ်

ဆေးရုံတက်ရောက်ကုသမှုခံယူ 

29 Nov, 2011

ဘန်ကောက်။ ။ တိုင်းပြည်တွင် အဆိုးဝါးဆုံး ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra မှာ အင်္ဂါနေ့က အစာအဆိပ်သင့်မှုကြောင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း ထိုင်းအစိုးရမှ ပြောကြားခဲ့ပါတယ်။

သူမမှာ အစာအဆိပ် သင့်မှုနှင့်အတူ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားခဲ့ပြီး Praram 9 ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Titima Chaisang မှ သတင်းထောက်များသို့ ပြောကြား ခဲ့သည်။ ယခုလို ဖြစ်ရပ်ကြောင့် သူမ၏ လက်ထောက်ဖြစ်သူအား ဝန်ကြီးအဖွဲ့ အစည်းဝေးတွင် သူမနေရာ၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပေး ရန် တောင်းဆိုထားကြောင်းလည်း Chaisang မှ ပြောကြားခဲ့သည်။

Yingluck မှာယခင် ထိုင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ၏ ညီမဖြစ်ပြီး အသက် ၄၄ နှစ်ရှိ မိခင်တစ်ဦး ဖြစ်ကာ နိုင်ငံရေး အသိုင်းအဝန်းအတွင်း လူသစ်တစ်ဦးလည်း ဖြစ်သည့်အပြင် ပထမဆုံးသော ထိုင်းနိုင်ငံ၏ အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Titima Chaisang 

Source Photo from http://thainews.prd.go.th
source : channelnewsasia

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂျပန်ရိုးရာ ယဉ်ကျေးမှု ၂မျိုးကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်း

Source Photo from
http://www.unesco.org/culture/ich/index.php?lg=en&pg=00011&RL=00411 

ဂျပန်ရိုးရာယဉ်ကျေးမှု ၂မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု 

အမွေအနှစ်စာရင်းတွင် ထည့်သွင်း 

29 Nov, 2011
ယူနက်စကို အဖွဲ့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲကို ဂျပန်နိုင်ငံမှ ရိုးရာ ယဉ်ကျေးမှု ၂ မျိုးကို ထည့်သွင်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ပါဝင်တဲ့ စာရင်းသစ် နှစ်မျိုး ကတော့ Mibu no hana Taue လို့ခေါ်တဲ့ Hiroshima စီရင်စုရှိ စပါး ရွှေ့ပြောင်း စိုက်ပျိုးတဲ့ ယဉ်ကျေးမှုနဲ့ Shimane စီရင်စုရှိ နတ်ကွန်းတွေမှာ ကပြတဲ့ Sada Shin Noh အကတို့ ဖြစ်ပါတယ်။

“မီဘူနိုဟာနာတာအူ” ပွဲဟာ Kitahiroshima မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ရိုးရာပွဲ တစ်ခုဖြစ်ပြီး စပါးပြောင်း တွေကို စောင့်ရှောက်တဲ့ နတ်တွေကို ရည်စူးပြီး သီးနှံအထွက် ကောင်းဖို့ ဆုတောင်းတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ အရောင် ဆင်တူ ၀တ်ဆင် ထားတဲ့ မိန်းကလေး တွေဟာ ပုလွေ၊ ဗုံတို့ကို တီးမှုတ် သီဆိုကာ စပါးပျိုးပင် တွေကို ပြောင်းရွှေ့ စိုက်ပျိုး ကြပါတယ်။

Sada Shin Noh အက ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ခန့်က ဆာဒါ နတ်ကွန်းမှာ ကပြတဲ့ အကတစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။

Credit http://www.mrtv4.net.mm





 
 Sada Shinnoh Matsue Shimane Japan JTB 
Photo rights managed (project-license)
C943-000710N

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Today BBC Burmese service's Photos

ခရစ္စမတ်အကြိုဈေးရောင်းပွဲတွေ စည်ကား

ရှေးဟောင်းပန်းချီကားတွေကို လူတွေစိတ်ဝင်စား

စိမ်းလန်းတဲ့မြက်ခင်းကြားက ပြတိုက်တွေကိုလည်း သွားလည်နိုင်

Leeds မြို့လည်မြင်ကွင်း

အေးချမ်းတဲ့ရာသီဥတုအောက်မှာ ရောင်းဝယ်ဖေါက်ကားမှုတွေကလည်း ကောင်း

လမ်းသွားရင်း စစ်တုရင် ကစားလို့ရ

စိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်၊ လူဆိုတာက မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုသလို
မျှော်လင့်ချက်နဲ့အလုပ်လုပ်ကြတာချည်းပါပဲ။
 မျှော်လင့်တာချင်း မတူတဲ့နောက် လုပ်တာကိုင်တာလေးတွေ ပြောတာဆိုတာလေးတွေ
တူနိုင်မှာမဟုတ်တဲ့အတွက် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, November 28, 2011

အင်အားကြီးသုံးနိုင်ငံကြားက ဗမာစစ်အစိုးရ

Source Photo from http://www.google.com/images 

အင်အားကြီးသုံးနိုင်ငံကြားက ဗမာစစ်အစိုးရ 

ကျုပ်ငယ်ငယ်တုန်းက ကျုပ်ရဲ့အမေ အိပ်ယာဝင်ပုံပြင်တွေပြောပြတဲ့အထဲမှာ ကျွဲမည်းနဲ့ကျွဲဖြူနှစ်ကောင်ကြား အ တို့အထောင်လုပ်တဲ့ ယုန်တကောင် ကျွဲနှစ်ကောင်ရဲ့ချိုဖျားမှာ ဗိုက်ပေါက်ပြီးသေသွားတာကြားဘူးတယ်။

အဲဒီပုံပြင်အတိုချုပ်က ကျွဲအမည်းကို တမျိုးပြောလိုက် ကျွဲအဖြူကို တမျိုးပြောလိုက်လုပ်နေတော့ ကျွဲနှစ်ကောင် ခတ်ကြပါလေရော အူမြူးနေတဲ့ယုန်က သူ့လုပ်ရပ်အောင်မြင်တဲ့အတွက် ကျွဲဖြူပေါ်ခုန်ပြီးအားပေးလိုက် ကျွဲ မည်းပေါ်ခုန်ပြီး တလှည့်အားပေးလိုက်လုပ်နေလိုက်တာ အခုန်မတော်တော့ ကျွဲချိုပေါ်မှာအူတန်းလန်းနဲ့သေ သွားသတဲ့။

အခုလည်း ဗမာစစ်အစိုးရဟာ တရုတ်နဲ့ကုလားကြား လူလည်ကျနေတာ။
အားလုံးကတော့ ရင်တမမနဲ့ပေါ့ ဒီကြားထဲ အမေရိကန်ကိုပါ ဆွဲထည့်ချင်သလိုလိုလုပ်နေလိုက်သေးတယ်၊ ဗမာ စစ်အစိုးရအကြောင်းကို အူမ ချေးခါးသိနေတဲ့ ကုလားနဲ့တရုတ်က ညှာမှာမဟုတ်ဘူးဆိုတာ အားလုံးသိကြမှာပါ။

အဲဒီတော့ ရှေ့ဆက်ဘာတွေဘယ်လိုဖြစ်လာမလဲ ဆိုတာခန့်မှန်းနိုင်အောင် အောက်က ရုပ်သံဖိုင်လေးကို က လစ်ကြည့်လိုက်ပါ။ ကျေးဇူးတင်ပါတယ်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သတင်းယူခွင့် ဦးရေ ကန့်သတ်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် 
Source Photo from http://www.google.com/images 

ကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ် သတင်းယူခွင့် 

ဦးရေကန့်သတ်

2011-11-28

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သတင်းယူမယ့် သတင်းထောက် အရေအတွက်ကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်မှာ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီနေ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်း အတွင်းမှာ ကျင်းပဖို့ ရှိပြီး နေရာ ထိုင်ခင်း အခြေအနေ အရ သတင်းထောက် အရေအတွက်ကို ကန့်သတ်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်း အတွင်း အပြင် လုံခြုံရေး အတွက် အမေရိကန် သံရုံးကလည်း ပူးတွဲ တာဝန်ယူထားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သတင်းယူနိုင်ဖို့ အစိုးရ အသိအမှတ် ပြုထားတဲ့ ပြည်တွင်း သတင်း မီဒီယာတွေ ပတ်စပို့ ဓာတ်ပုံ ၄ ပုံ အပါအ၀င် ကိုယ်ရေး အချက်အလက်တွေနဲ့ တကွ လျှောက်ထားကြရကြောင်း သိရပါတယ်။

ဒါပေမယ့် ပြည်ပ သတင်း မီဒီယာတွေနဲ့ အလွတ် သတင်းထောက်တွေ အခုအချိန်ထိ ခွင့်ပြုချက် မရသေးဘူးလို့ အလွတ် သတင်းထောက် တစ်ဦးက ဆိုပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.



ဘီဘီစီမြန်မာပိုင်း အသံလွှင့်ဌာန ဘန်ကောက်ကနေ ဦးဝင်းမြင့်သတင်းပေးပို့ထားတာဖြစ်ကြောင်းပါ။

Source Audio from http://www.bbcnews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ချစ်ကြည်မှု၊ စစ်ရေးပူးပေါင်းမှု ပိုမို ခိုင်မြဲရေး တရုတ် ပြော



မြန်မာနဲ့ ချစ်ကြည်မှု၊ စစ်ရေးပူးပေါင်းမှု ပိုမို ခိုင်မြဲရေး 

တရုတ် ပြောဆို

2011-11-28

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီး မစတင်ခင်မှာပဲ တရုတ် ဒု-သမ္မတ ရှီကျင့်ဖင်က တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ပိုမိုခိုင်မာတဲ့ နည်းဗျူဟာမြောက် မဟာမိတ် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်နေတဲ့ မြန်မာ အစိုးရ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပြောလိုက်တာပါ။

ဒါ့အပြင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့လည်း ဒု-သမ္မတက အဆိုပြု တိုက်တွန်းခဲ့ကြောင်း တရုတ် အစိုးရပိုင် သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မလာခင် ရက်ပိုင်း အလိုမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ခရီးထွက်ခဲ့တာပါ။

ဒါဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး အရှိန်အဟုန်နဲ့ တိုးတက်လာပေမယ့် တစ်ဘက်မှာလည်း တရုတ် အပေါ်ထားတဲ့ သဘောထား မပြောင်းလဲဘူးဆိုတာ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ပြသလိုက်တာ ဖြစ်တယ်လို့ တရုတ်ရေးရာ လေ့လာ ကျွမ်းကျင်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပါတယ်။

တစ်ဘက်မှာလည်း တရုတ် အနေနဲ့ မြန်မာ နိုင်ငံကို စီးပွားရေး အရ လွှမ်းမိုး ခြေကုပ်ယူထားတာကြောင့် အမေရိကန်က အခုလို မြန်မာနဲ့ နိုင်ငံရေး အရ ဆက်ဆံရေး တိုးမြင့်လာတာကို သိပ်တုန်လှုပ်ပုံ မရဘူးလို့ တရုတ်ပြည် အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဖိုးသံချောင်းက ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေးအရ မဟာဗျူဟာကျပြီး ကုန်းတွင်းပိတ်နယ်မြေတွေရဲ့ ပင်လယ်ထွက်တံခါးပေါက် ဖြစ်တဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အဆင့် အမြင့်ဆုံး ဖြစ်တာကြောင့် တရုတ် အစိုးရ အပေါ် ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့လည်း နိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အသေးစိတ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved


ဘီဘီစီမြန်မာပိုင်း ဌာနက ဗမာပြည်ကွန်မြူနစ်ပါတီက ဖိုးသံချောင်းနဲ့ ဆက်သွယ်မေးမြန်းခန်းပါ 



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....