+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 18, 2012

တောင်ဆူဒန်နိုင်ငံအား သမ္မတ ဖြစ်သူOmar al- Bashir မှ စစ်ကြေငြာ

Sudanese president Omar al-Bashir is wanted as an alleged war criminal, but he recently performed one good deed, which has saved thousands of lives. U.S. Navy photo by Mass Communication Specialist 2nd Class Jesse B. Awalt 
More information; http://www.straight.com 

တောင်ဆူဒန်နိုင်ငံအား 

ဆူဒန်သမ္မတမှ စစ်ကြေငြာ 

Thursday 19th April 2012

ဗုဒ္ဓဟူးနေ့က ဆူဒန်သမ္မတ ဖြစ်သူ Omar al- Bashir မှာ တောင်ဆူဒန် နိုင်ငံအပေါ် စစ်ကြေငြာလိုက်ပြီ ဖြစ်
ကာနှစ်နိုင်ငံ နယ်စပ်မျဉ်းအကြား ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲများပြင်းထန်လာချိန်တွင် Juba ရှိ ဆူဒန်
ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု ( SPLM) အစိုးရအဖွဲ့ကို ဖြုတ်ချပစ်မည်ဖြစ်ကြောင်း ကတိပြု ပြောကြား
လိုက်ပြီ ဖြစ်သည်။

လက်ရှိ အာဏာရ ပါတီဖြစ်သော Khartoum ရှိ အမျိုးသား ကွန်ဂရက် ပါတီမှ အဖွဲ့ဝင်များထံသို့ ဆူဒန် သမ္မတ ဖြစ်သူမှ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကာ မိမိတို့ အနေဖြင့် ကြွေးကျော်သံ တစ်ခုအဖြစ် ယနေ့မှ စတင်ကာ တောင်ဆူဒန်ရှိ ပြည်သူများ အပေါ် SPLM ၏ အုပ်စိုးနေမှ လွတ်မြောက်စေရန် လုပ်ဆောင်သွား မည် ဖြစ်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့မှ စတင်ကာ မျက်လုံး တစ်လုံးအတွက် အစားထိုး မျက်လုံး တစ်လုံးကို လည်းကောင်း ၊ သွားတစ်ချောင်း အတွက် သွားအစား တစ်ချောင်းကို လည်းကောင်း တိုက်ခိုက်မှု တစ်ခုအတွက် တန်ပြန် တိုက်ခိုက်မှု တစ်ခုကို လည်းကောင်း ပြန်လည် တုံ့ပြန်သွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 Al-Bashir မှာ တောင်ဆူဒန်အစိုးရကို နှစ်နိုင်ငံအကြား သတ်မှတ်ထားခဲ့သည့် သဘောတူညီချက်များ ချိုး
ဖောက်သူအဖြစ် စွပ်စွဲခဲ့ကာ ယင်းလူများမှာကတိတည်သူများမဟုတ်ဘဲ သစ္စာဖောက်များသာ ဖြစ်ကြောင်း
လည်း ပြောကြားသွားခဲ့သည်။

source : xinhuanews
Copy from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်သုံးဦး အလုပ်ထုတ်ခံရ


အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး
 အေးဂျင့်သုံးဦး အလုပ်ထုတ်ခံရ 

Thursday 19th April 2012

ကိုလံဘီယာ နိုင်ငံတွင် ဖြစ်ပွားခဲ့ရသည့် ကိစ္စနှင့် အတူ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် သုံးဦး
မှာ ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်နွယ်သည့်စွပ်စွဲချက်များဖြင့် ရာထူးမှဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

ယင်းသုံးဦးအထဲမှ တစ်ဦးမှာအလုပ်ထုတ်ခံခဲ့ရကာ နောက်တစ်ဦးမှာ အငြိမ်းစား ယူခွင့်ပေးခဲ့ပြီး နောက်တစ်ဦးမှာ ရာထူးမှ နုတ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြခဲ့သည်။

အလားတူပင် အဆိုပါ ကိစ္စအတွက် တာဝန်ရှိသူများမှ ယခင်အပတ်က စစ်ဆေးမှုများအတွင်းတွင် အခြား
၈ ဦးကိုလည်း လစာ မဖြတ်ဘဲ ရာထူးမှခေတ္တအနားယူစေခဲ့သည့်အပြင် ယခုအမှုအတွင်းတွင် နောက်ထပ်
ထောက်လှမ်းရေးအေးဂျင့် တစ်ဒါဇင် ခန့်မှာလည်း ပါဝင် ပတ်သက်နေနိုင်ကြောင်း သိရသည်။

အနည်းဆုံး အနေဖြင့် အဆိုပါအေးဂျင့်များမှာ ကိုလံဘီယာတွင် ကျင်းပမည့် Summit of the Americas
အစည်းအဝေး မတိုင်မီအချိန်အတွင်း ပြည်.တန်ဆာများကို ဟိုတယ်အခန်း အတွင်းသို့ခေါ်ယူခဲ့သည့်
ကိစ္စတွင် ပါဝင်ဖွယ် ရှိကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

ယခု ဖြစ်ရပ်အတွက် အမေရိကန်နှင့် ကိုလံဘီယာ တာဝန်ရှိသူများမှာ စုံစမ်း စစ်ဆေးနေကြောင်း AP သတင်း အရ သိရသည်။

source : AP
 Copy from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 12, 2012

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် အငြင်းပွား

Philippine Foreign Affairs Secretary Albert del Rosario answers questions from reporters at the Department of Foreign Affairs in Manila, Philippines on Thursday April 12, 2012. Philippine and Chinese diplomats scrambled Thursday to ease tensions and save face amid a tense naval standoff in the disputed South China Sea.
 ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario 
Source photo from http://www.daylife.com/topic/Philippines

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် 

အငြင်းပွား 

By ဗွီအိုအေ (မြန်မာပိုင်း ဌာန)
ကြာသပတေး, 12 ဧပြီ 2012

တောင်တရုတ်ပင်လယ်မှာ ရေပိုက်နက် အငြင်းပွားမှု နဲ့ ပတ်သက်ပြီးတော့ ရေတပ်နှစ်တပ် ထိပ်
တိုက် ရင်ဆိုင်တွေ့နေကြတဲ့ကိစ္စမှာ တင်းမာမှုတွေလျော့ပါးသွားအောင် လုပ်ဆောင်တဲ့အနေနဲ့
ဖိလစ်ပိုင်အစိုးရဟာ အဲဒီနေရာကနေ သူတို့ရဲ့အကြီးဆုံး စစ်သင်္ဘောကြီးကို ပြန်ခေါ်ယူလိုက်ပါ
တယ်။

ဖိလစ်ပိုင် နိုင်ငံရဲ့ အနောက်မြောက်ဘက် ၁၄၃ မိုင် အကွာက စကာဘာရို ရှိုး (Scarborough Shoal) မှာ ရောက်နေတဲ့ စစ်သင်္ဘောနေရာမှာ ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောအသေးလေးဘဲ ထားတော့မယ် လို့ နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ် ဒဲ ရိုစာရီယို (Albert del Rosario) က ဒီကနေ့ဘဲ ပြောကြားသွား
ခဲ့ပါတယ်။

အမေရိကန်လုပ် ဖိလစ်ပိုင်စစ်သင်္ဘော ဂရက်ကိုရီယို ဒယ်ပီလာ (Gregorio del Pilar) က တရုတ်ငါး
ဖမ်းသမားတွေ ဖမ်းဆီးလို့ မရအောင်လို့ တရုတ်ကင်းထောက်ရေယာဉ်နှစ်စင်းက ပိတ်ဆို့ထားတဲ့
အင်္ဂါနေ့ကတည်းက နှစ်ဘက် ထိပ်တိုက်တွေ့နေကြတာပါ။
 ဒီ ပဋိပက္ခကို သံတမန်ရေးနဲ့ဖြေရှင်းဖို့ နှစ်ဘက်လုံးကလည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း တရုတ်က တတိယမြောက်သင်္ဘောကို လွှတ်လိုက်တယ်။ တရုတ်ငါးဖမ်းအဖွဲ့က သင်္ဘော အဲဒီကို လိုက်လာပြီးတော့ တရုတ်ဘက်က ဒီပြဿနာကို ပိုပြီးတော့တင်းမာအောင် လုပ်လိုက်ပုံရတယ်
လို့ ဖိလစ်ပိုင်အရာရှိတွေက ပြောပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် 
http://www.voanews.com/burmese/news/Philippine_stand_off_with_china-147159225.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 10, 2012

ဟေမ၀န်ဈေး ၂ နာရီ နီးပါးကြာ မီးလောင်ကျွမ်း


တောင်ဥက္ကလာပ ဟေမ၀န်ဈေး ၂ နာရီ နီးပါးကြာ 

မီးလောင်ကျွမ်းခဲ့ 

Tuesday 10th April 2012

 ဧပြီလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ် အချိန်က တောင်ဥက္ကလာပ မြို့နယ် ၁၀ ရပ်ကွက် ရှိ ဟေမ၀န် ဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဟေမ၀န်ဈေး
မှာရှိတဲ့ ဆိုင်ခန်းပေါင်း ၈၉၃ ခန်း လောင်ကျွမ်း ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဈေးအတွင်းကို မီးသတ် ယာဉ်တွေဝင်ရောက်ဖို့ အခက်အခဲရှိတဲ့အတွက် မီးငြှိမ်းသတ်ရာမှာ မီးသတ်ရေပိုက်တွေကို အပြင်ကားလမ်းမကနေ တစ်ဆင့်သွယ်တန်းပြီး ခက်ခက်
ခဲခဲနဲ့ ငြှိမ်းသတ် ခဲ့ရပါတယ်။
အဲ့ဒီလို ငြှိမ်းသတ်ရာမှာ အနီးအနားမှာ ၀န်းကျင်ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား တွေပါ ၀ိုင်းဝန်း ငြှိမ်း
သတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ ဟေမ၀န် ဈေးဟာ ဈေးရုံ ၂၂ ရုံမှာ ဆိုင်ခန်းပေါင်း ၁၉၅၀ ရှိတာဖြစ်ပြီး အခုလို မီးလောင်ကျွမ်း မှုကြောင့် အဆိုပါ ဈေးရုံ ၂၂ ရုံအနက် ဈေးရုံ ၃ ရုံရှိ ဆိုင်ခန်းပေါင်း ၈၉၃ ခန်း လောင်ကျွမ်းခံခဲ့ရတာ
ဖြစ်ပါတယ်။

အဆိုပါ ဆိုင်ခန်း တွေဟာ ရွှေဆိုင်၊ အ၀တ်အထည်ဆိုင်နဲ့ ကုန်ခြောက် ဆိုင်တွေ မီးလောင် ဆုံးရှုံးခဲ့ရ တာ ဖြစ်ပါတယ်။ ဒီလို မီးလောင်ကျွမ်း မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ပစ္စည်းတန်ဖိုးကျပ် ၃၉၃ သိန်း၊ ဆိုင်ခန်း တန်ဖိုး ကျပ်သိန်း ၂၂၀ ၊ စုစုပေါင်း ကျပ် ၆၁၃ သိန်းဖိုး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

 ဒီလို မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းခြင်း၊ မည်သည့်နေရာ
မှ စတင် လောင်ကျွမ်းသည် ဆိုတာ ကိုတော့ စုံစမ်းဆဲသာ ရှိသေးတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၂ နာရီ ၃၈ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅၅ မိနစ်မှာ မီးငြှိမ်းနိုင် ခဲ့ပါတယ်။
 ဒါ့ကြောင့် မီးလောင် ကျွမ်းမှု ကြာချိန်ဟာ ၂ နာရီ နီးပါး ကြာမြင့် ခဲ့ပါတယ်။

အခုလို မီးလောင်ကျွမ်းတဲ့ နေရာ ကိုတော့ မီးသတ်ယာဉ် ၄၃ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီး၊ အထောက်
အကူပြုယာဉ် ၆ စီး၊ မိတ်ဖက်ယာဉ် ၅ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၃၂ ဦး၊ အရံတပ်ဖွဲ့ဝင် ၁၃၂ ဦး၊ကြက်
ခြေနီ တပ်ဖွဲ့ဝင် ၁၀၀ ဦးတို့မှ ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

 Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းနိုင်ငံမှ မီးလောင်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့

Frenchman killed in Khao San fire 
Source image from http://news.asiaone.com

ထိုင်းနိုင်ငံမှ မီးလောင်မှုကြောင့် ကမ္ဘာလှည့် 

ခရီးသည်တစ်ဦး သေဆုံးခဲ့

Tuesday 10th April 2012

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့နေရာတစ်ခုဖြစ်တဲ့ Khaosan ဒေသရှိ စီးပွား
ရေးလုပ်ငန်းသုံး ၃ထပ် အဆောက်အဦတစ်ခုမှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 အဆိုပါ မီးလောင်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ပြင်သစ်နိုင်ငံ
သား ကမ္ဘာလှည့်ခရီးသည် တစ်ဦးသေဆုံးခဲ့ပါတယ်။

အဆိုပါ မီးလောင်မှုဟာ အဆောက်အဦရဲ့မြေညီထပ်ရှိ စားသောက်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့
တာဖြစ်ပြီး ဧည့်သည်တွေ တည်းခိုရာ အပေါ်ထပ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မီးကို မီးသတ်သမားတွေက အချိန်နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ဘေးအနီးနားက အဆောက်အဦနှစ်ခုနဲ့ ဆိုင်ကယ်တစ်စီးကို မီးသင့်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါအဆောက်အဦမှာ ရှိနေတဲ့ ဧည့်သည် ငါးဦးအနက် ပြင်သစ်နိုင်ငံသား တစ်ဦးသာ သေဆုံးခဲ့ကြောင်း၊ အဆောက်အဦပိုင်ရှင်ကို စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သိရပါ
တယ်။

Reference : Asia vision.com

Copy from http://www.mrtv4.net.mm/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို ရုံးတင် စစ်ဆေးတော့မည်

လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီး အင်္ဂါ, 10 ဧပြီ 2012 

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို 

ရုံးတင် စစ်ဆေးတော့မည်

By ဗွီအိုအေ (မြန်မာဌာန)

 ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက်စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။

ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed 

စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed 

ဒီ ၅ ဦးမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed နဲ့ ကြံရာပါ ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းဖက်၊ လေယာဉ်အပိုင်စီး မှု၊ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် သေဒဏ် ကျခံကြရမှာဖြစ်ပါတယ်။

သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် http://www.voanews.com/burmese/news/--04_10_12_my-news-international----146911535.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 7, 2012

Email များကို ခိုးဖတ်ခဲ့ကြောင်း Sky News ဝန်ခံ

Head of Sky News John Ryley 
Photo: SKY NEWS
Emailများကို ခိုးဖတ်ခဲ့ကြောင်း Sky Newsဝန်ခံ

 Friday 6th April 2012

 ဗြိတိန်ရှိ မီဒီယာ လုပ်ငန်းရှင်ကြီး Rupert Murdoch ပိုင်ဆိုင်သော ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sky News မှာ ၎င်းတို့ လုပ်ငန်း အတွင်းတွင် အီးမေးလ်များကို ဟက်လုပ်သူ ဂျာနယ်လစ် တစ်ဦး သီးသန့်
ခန့် ထားကာ ပြည်သူများ၏ အကျိုးစီးပွား အတွက်ဟူသော အကြောင်းပြချက်ကို သုံးပြီး အခြားသူများ
၏ အီးမေးများကို ဟက်လုပ်စေခဲ့ကြောင်း အဆင့်မြင့် အမှုဆောင် တစ်ဦးမှ ကြာသပတေး နေ့က ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။

Sky News မှ အကြီးအကဲ ဖြစ်သူ John Ryley မှ ပြောရာတွင် အဆိုပါ ဂျာနယ်လစ်မှာ မိမိကိုယ် ကို သေဆုံးသွားပြီဟု စွပ်စွဲ ခံခဲ့ရသော John Darwin ခေါ် canoe man ဟု အမည်ရသူ၏ အီးမေး
များကို ဟက်လုပ်စေခဲ့သည်ဟု ပြောခဲ့သည် နောက်ထပ် တစ်ခုအဖြစ် ကလေးငယ်များကို လိင်ပိုင်း
ဆိုင် ရာ စော်ကားမှု ကျူးလွန်ရန် ကြိုးစားသူဟု သံသယ ရှိသူနှင့် ၎င်း၏ ဇနီးသည်တို့၏ အီးမေးကိုလည်း ခိုးဝင် ကြည့် ရှု့ခဲ့ကြောင်း ပြောခဲ့သည်။

Murdoch ၏ သားဖြစ်သူ James မှာလည်း လွန်ခဲ့သည့် အင်္ဂါနေ့က Sky News ၏ မိခင် ကုမ္ပဏီ
 ဖြစ်သော BSkyB ၏ အကြီးအကဲ နေရာမှ နုတ်ထွက်ခဲ့ကြောင်းလည်း သိရသည်။

 source : Guardian

 Copy from http://www.mrtv4.net.mm

John Darwin faked his own death so that his wife could claim thousands of pounds from insurance policies (PA/Cleveland Police) 
Read more: 
http://www.shropshirestar.com/uk/uk-news/2012/04/05/sky-news-allowed-darwin-emails-hack/#ixzz1rPd8V5a0

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 5, 2012

ပိတ်ဆို့မှုမရုပ်လျင် ပေါင်းစည်းမှုအလားအလာမကောင်း

ဓာတ်ပုံ ASSOCIATED PRESS
 မြန်မာ သမ္မတ ဦးသိန်းစိန်အား ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး၌ တွေ့ရပုံ 
(ဧပြီလ ၄ ရက် ၂၀၁၂ ) 

မြန်မာ စစ်အစိုးရ အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် မို့လို့ အနောက်နိုင်ငံတွေက
စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပြည်ဝင်ခွင့်တွေကို ပိတ်ဆို့ထားတွေ လျှော့ပေါ့ ပေးမယ် ဆိုရင် မြန်မာနိုင်ငံ မှာ အမျိုးသား ပြန်လည်ပေါင်းစည်းမှု အတွက် အလားအလာကောင်းတွေ ဖြစ်ပါတယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံအတွင်း မြန်မာအပေါ် ပိတ်ဆို့
မှုတွေ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပြီး တဲ့နောက် သမ္မတဦးသိန်း
စိန်က အခုလို တုန့်ပြန်လိုက်တာပါ။

 “နောက်ကျတဲ့ အကြောင်းအရင်း ကလည်း မြန်မာ နိုင်ငံပေါ်မှာ တားဆီးရေး ပိတ်ဆို့မှု တွေ နှစ်ပေါင်း ၂၀ ကျော်
 လောက် ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့ ရဲ့ စီးပွားရေးဟာ တိုးတက် သင့်သလောက် မတိုးတက်ပါဘူး။ 
အခုတော့ တားဆီးမှုတွေ ဖြေလျှော့သွား မယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဒါဟာ ပေါင်းစည်း နိုင်ဖို့အ
တွက် အလားအလာကောင်းတွေ ကျနော်တို့ ရလာမှာ ဖြစ်ပါတယ်။” 

ပိတ်ဆို့မှုတွေကို လျှော့ပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာဗျာလို့ ပြောလိုက်ပါလား သမ္မတကြီး ဦးသိန်းစိန်
ခင်ဗျား။

အခုတော့ ကိုယ်အာဏာရူးခဲ့လို့ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးပြီး တတိုင်းပြည်လုံး ဗမာဖြစ်ရေးဆိုတဲ့ စီမံ
ကိန်းကြီးကို မိုက်မိုက်ကန်းကန်းအကောင်အထည်ဖေါ်ခဲ့လို့ စစ်ပွဲတွေဖြစ်နေရတဲ့အပြင် တိုင်းပြည်သယံဇာ
တတွေကို ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး တိုင်းရင်းသားတွေရဲ့ဘ၀နဲ့ တတိုင်းပြည်လုံး စုတ်ပြတ်
သတ်အောင်လုပ်ခဲ့လို့ ဖြစ်ရတာကို တလုံးမျှမပြောပဲ ထမင်းရည်ပူလျှာလွှဲ လုပ်နေတာ သိပ်မဟုတ်တော့ဘူး
ထင်တာပဲ။

ပိတ်ဆို့မှုတွေလျော့လျင် ပေါင်းစည်းနိုင်ဘို့ အလားအလာကောင်းတယ်ဆိုတော့ ငါ့ကိုအဲဒါပေးလျင် မင်းတို့နဲ့က
စားမယ် မပေးလျင် မကစားဘူးဆိုတဲ့ ကလေးဗိုလ် ဆန်နေတာကဖြင့် ဗမာသိက္ခာကျလိုက်ပါဘိတော့တယ်
သမ္မတကြီး ဦးသိန်းစိန်ရယ်။

သွပ်... သွပ်... သွပ်...။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက် 
အနီရောင် စာလုံးများသည် ဗွီအိုအေ သတင်းဌာနမှ ကူးယှူထားခြင်း ဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စင်္ကာပူ ဂရန်းပရီ ပြိုင်ပွဲတွင် Katy Perry ဖျော်ဖြေမည်

Source Photo from http://www.tianchad.com/ 

၂၀၁၂ စင်္ကာပူ ဂရန်းပရီ ပြိုင်ပွဲတွင် Katy Perry ဖျော်ဖြေမည် 

Thursday 5th April 2012

လာမည့် စက်တင်ဘာလ ၂၃ ရက် နေ့တွင် စင်္ကာပူ၌ ကျင်းပမည့် F1 ဂရန်းပရီ ကားမောင်း ပြိုင်ပွဲ အတွင်းတွင် အမေရိကန် အဆိုရှင် Katy Perry မှ ဖျော်ဖြေ သွားမည် ဖြစ်ေ ကြာင်း ပွဲစီစဉ်သူများမှ ဗုဒ္ဓဟူး နေ့က ပြောကြား
ခဲ့သည်။

မရီနာ ဘေးကားပြိုင်ဝင်းအတွင်းပြုလုပ်မည့်အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲလာ ပရိသတ်များကို Perry မှဖျော်ဖြေပေး သွားမည် ဖြစ်ကာ အသက် ၂၇ နှစ် ရှိပြီ ဖြစ်သည့် သူမ အနေဖြင့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် စင်္ကာပူ၌ ဖျော်
ဖြေခဲ့အပြီး နောက်ယခုမှာပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရကာ သူမ၏သီချင်းများဖြစ်သော "Teenage Dream"
 နှင့် "California Gurls" သီချင်းများဖြင့်ပရိသတ် နှစ်ခြိုက်မှုကို ခံခဲ့ရသူလည်း ဖြစ်သည်။

source : channelnewsasia

Copy from from http://www.mrtv4.net.mm

Source Photo from http://superadrianme.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....