+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, March 31, 2012

မှားယွင်းနေတဲ့ မဲစာရင်းကြားက မြန်မာပြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ

တိုင်းရင်းသားတွေနဲ့ အတူတူ 
Source Photo from http://www.bbcburmese.com/images 

 မှားယွင်းနေတဲ့ မဲစာရင်းကြားက မြန်မာပြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအကြောင်း ဗွီအိုအေ မြန်မာပိုင်းဌာနက ဦးအောင်ခင်နဲ့ မညိုညိုလွင်တို့ သုံးသပ်ထားတာကို ကူးယူတင်ပြထားတာပါ။

ကချင်ပြည်နယ်ဘက်မှာတော့ လုံခြုံရေးကိုအကြောင်းပြပြီး မဲပေးခွင့်မပြုဘူးတဲ့။
ကရင်ပြည်ဘက်မှာကျတော့ ၂၀၁၀ရွေးကောက်ပွဲကာလတုန်းက ကျေးရွာ ၁၅၅အုပ်စုကို မဲပေးခွင့် မပြုခဲ့တာ
အခုဆို ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်တွေ ထိုးခဲ့ပြီးကြပါ ရဲ့နဲ့ မဲပေးခွင့်အကြောင်း
ဘာသံလေးမျှ မကြားရပါလား။

ဘယ်တော့လောက်များမှ မဲပေးခွင့်ရကြမှာပါလဲ ကရင်ပြည်နယ်က ကျေးရွာအုပ်စု ၁၅၅ အုပ်စုတို့ရေ။

အင်း.......သိပြီသိပြီ ယုံကြည်မှုတည်ဆောက်ဆဲ ကာလဆိုတော့........။




တိုင်းရင်းသားတွေက ဒေါ်စုကို အကနဲ့ကြိုဆို 
Source Photo from http://www.bbcburmese.com/images

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကြက်ဥ စားသုံးခြင်းဖြင့် စိတ်ကျ ရောဂါကို သက်သာစေနိုင်

ကြက်ဥ စားသုံးခြင်းဖြင့် စိတ်ကျ ရောဂါကို 

သက်သာစေနိုင်

Saturday 31st March 2012

 ကြက်ဥထဲတွင် ပါဝင်သည့် ဓါတ်တစ်မျိုးမှာ စိတ်ကျ ရောဂါကို သက်သာစေနိုင်ကြောင်း ဂျပန် နိုင်ငံရှိ သုတေသန ပညာရှင်များမှ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

Kyushu တက္ကသိုလ် ဘွဲရများ ကျောင်းမှ ပါမောက္ခ Mitsuhiro Furuse ဦးဆောင်သည့် သုတေသန အဖွဲ့ တစ်ခုမှာ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဂျပန်ရှိ Society of Animal Science ကွန်ဖရင့်တွင် အဆိုပါ သုတေသန ရလာဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုတေသနကို ပုံမှန် လှုပ်လှုပ်ရှားရှား နေတတ်သည့် ကြွက်များထက် အနည်း
ငယ် ငြိမ်သက်သည့် စိတ်ကျရောဂါ လက္ခဏာကို ပြသသည့် ကြွက်များကို ရွေးချယ်ပြီး တစ်လကြာ ကြက်ဥအရည်
များ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်ကာ ယခင်ကထက် ပိုပြီး လှုပ်လှုပ်ရှားရှား နေထိုင်သည်ကို တွေ့ရှိခဲ့ခြင်း
 ဖြစ်သည်။

 ယင်းစမ်းသပ်ချက် အရ အဆိုပါ ကြွက်များ အတွင်းတွင် ကြက်ဥရည် သောက်ရသည့် ကြွက်များမှာ အခြား ကြွက်
များထက် ၁.၃ ဆ ပိုမိုပြီး ရေကူးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
ထို့ ပြင် tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓါတ် တိုးလာသည်ကို တွေ့ခဲ့ရပြီး ယင်းဓါတ်မှာ စိတ်ကျ ရောဂါကို တိုက် ဖျက်ရာတွင် ကူညီသည့် ဓါတ်တစ်မျိုးလည်းဖြစ်သည်။

source : NHK News

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, March 28, 2012

ကမ္ဘာ့ အသေးဆုံး ခွေးငယ်ကလေး အဖြစ် စံချိန်တင်ရန် ကြိုးပမ်း


Beyoncé perches atop an iPhone: The puppy, born in San Bernardino, northern California, a fortnight ago and named after one of the world's biggest pop stars, could set the world's record for tiniest dog

Read more: http://www.dailymail.co.uk/news/article-2121355/How-worlds-smallest-puppy-measures-iPhone-pocket.html#ixzz1qXLOcdqj

ကမ္ဘာ့ အသေးဆုံး ခွေးငယ်ကလေး အဖြစ်

စံချိန်တင်ရန် ကြိုးပမ်း


Wednesday 28th March 2012

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းရှိ တိရ စ္ဆာန် ကယ်ဆယ်ရေး
လုပ်သားများမှာSan Bernardino မြို့တွင် ခွေးမကြီးတစ်ကောင်ကို မွေးဖွားလု ဆဲဆဲ အနေအထား
တွင် လမ်းဘေး တစ်နေရာတွင်တွေ့ ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေး စင်တာသို့ ခေါ်ဆောင်ခဲ့ပြီး မွေး
ဖွားစေခဲ့ရာတွင် ခွေး ငါးကောင်ထဲ၌ တစ်ကောင်မှာ စံချိန် တင်နိုင်လောက်အောင်ပင် သေးငယ်လှ
သဖြင့် ကမ္ဘာ့ အသေးဆုံး မွေးကင်းစ ခွေးတစ်ကောင်အဖြစ် သတ်မှတ်နိုင်ရန် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်း
စံချိန် အဖွဲ့သို့ တင်ပြထားကြောင်း ပြောကြားလိုက်သည်။


အဆိုပါ ခွေးငယ်လေးကို Beyonce ဟု အမည်ပေးထားပြီး နှလုံးမခုန်ဘဲ မွေးလာခြင်း ဖြစ်ကာ အသက်
ရှင်အောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ယခုလို စံချိန်တင်ရန် ကြိုးပမ်းခဲ့ခြင်းပင် ဖြစ်သည်။

Beyonce မှာ ခွေးမလေး တစ်ကောင် ဖြစ်ပြီး မတ်လ ၈ ရက်နေ့က မွေးဖွားခဲ့ခြင်း ဖြစ်သည်။

source : BBC news

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 27, 2012

၆၇ ကြိမ်မြောက် တော်လှန်ရေးနေ့

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အလေးပြုခံနေသည့် တော်လှန်ရေးနေ့အခန်းအနား
Source Picture from http://www.bbcburmese.com/images

ပထမဆုံး စစ်အရာရှိဟောင်း စိုင်းဝင်းကျော်ရဲ့ တပ်မတော်အပေါ်သုံးသပ်ချက်ကို
နားသောတဆင်ကြည့်ကြပါ။


March 27 Tuesday Morning
Source NEWS Audio from http://www.bbcburmese.com

နိုင်ငံရေးသမားတွေရဲ့ အမြင်ကိုလည်း သောတဆင်တော်မူကြည့်ကြပါဦး


သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--03-27-12--tatmadaw-nay-burma-144360825.html

နားသောတ ဆင်ပြီးကြပြီဆိုလျင်တော့ အောက်ကမေးခွန်းလေးကို ဖြေကြည့်ကြပါစို့လား။

အာဏာသိမ်းပွဲ ထပ်ဖြစ်နိုင်ပါသလား။
ဘာကြောင့်ပါလဲ။

အာဏာသိမ်းပွဲ ထပ်မဖြစ်နိုင်ဘူးလား။
ဘာကြောင့်ပါလဲ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

interview,

တွေ့ဆုံမေးမြန်းခန်း


March 26 Saturday evening
Source VIDEO click from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 25, 2012

ကမ်းနားသစ်ပင်


ကမ်းနားသစ်ပင်

(လင်္ကာဒီပ)

မပွင့်မလင်း မရိုးရှင်းပါဘူး
မနူးမနပ်လေးလိုသဘောထား
လှည့်ဖျားကွေ့လိမ် မာယာအခင်းအကျင်း
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့်အချိုး
လာဘ်ထိုးလိုက်တဲ့ငြိမ်းချမ်းရေး
အသေးအမွှား ကလေးကစားစရာလိုပုံဖော်
အရော်အစား အဝယ်အရောင်းသဏ္ဍာန်
ကျွန်းပြန်ကြီးလည်း နယ်ရုပ်လေးဖြစ်ခဲ့ရပြီ။

ခေါင်းမာဂိုဏ်း ခေါင်းပျော့ဂိုဏ်း
ခေါင်းဒီဇိုင်းအစုံစုံ
ခေါင်းပုံဖြတ်ခဲ့ကြတာအတူတူပါ
တလွှာခြင်း တလွှာခြင်း သုံးသပ်ဆင်ခြင်
အဆိုးမြင်လွန်းခြင်းမဟုတ်ပါ
ထာဝရ အမြီးကောက်ခဲ့ကြသမို့
ကောင်းမြင်ဖို့ ခဲယဉ်းလှပါဘိလေ။

အမျိုးသားတန်းတူပါမှ
အကျိုးများကောင်းစွာ ဖွံ့ဖြိုးရှင်သန်နိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့
ရဲရင့်တဲ့ ဘဝအာမခံချက်ရှိပါမှ
ထာဝရငြိမ်းချမ်းရေးအလှ
သာယာဝပြောရှိရပေလိမ့်
ထိတ်လန့်စိုးရွံ့နေကြရတဲ့ဘဝ
မညီမျှလှတဲ့ လူနေမှုစနစ်
ကမ်းနာသစ်ပင်လို မရှင်သန်ချင်နေစမ်းပါနဲ့။

ဈေးဆစ်ရအောင်ကလည်း
ပွဲစားတွေရဲ့ကုန်ပစ္စည်းမဟုတ်ပြန်
ရွှေဥာဏ်တော်ကစားတဲ့ နိုင်ငံရေးဖဲဝိုင်း
သမိုင်းတရားခံ အဖြစ်ခံတော့မလား
အားလုံးမြင်အောင်ကြည့် အားလုံးနားဆင်
ဂန္တဝင်အတွက် ဈာန်ဝင်
ပြင်ပြင်ဆင်ဆင် ထဲထဲဝင်ဝင်
ကရင်တွေနိုင်ငံရေးလုပ်ကြဖို့လိုပြီ။

တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေး
အတွေးအခေါ် အယူအဆများ
အားလုံးပေါင်းစပ်ထားပါမှ
ဂွင်ကျအံဝင် ထာဝစဉ်တည်တံ့မယ့်လမ်းကြောင်း
တဦးကောင်း တယောက်ကောင်းနဲ့မဖြစ်
စုစည်းကျစ်လစ်မှုရှိရမယ်
ရန်ပယ်ချောင်းကရေထု
မကောင်းမှု ဘေးရန်အထွေထွေ
ပန်ထွာရေ…လာရောက် မှတ်ကျောက်တင်တိုက်စားပါလှည့်တော့။


မတ်လ ၂၆၊ ၂၀၁၂

လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

Copy from http://www.sawkyawkhwi.com/2012/03/blog-post_25.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, March 22, 2012

ဆူဇူကီး ကုမ္ပဏီမှ အသေးစား ကားသစ်တစ်မျိုး

ထိုင်းနိုင်ငံ စက်မှုဝန်ကြီး Pongsvas Svasti

ဆူဇူကီး ကုမ္ပဏီမှ အသေးစား ကားသစ်တစ်မျိုး

ထုတ်လုပ်ခဲ့


Thursday 22nd March 2012

ဂျပန်နိုင်ငံ အခြေစိုက် Suzuki ကားကုမ္ပဏီဟာ ထိုင်းနိုင်ငံ အရှေ့ပိုင်း Rayong ပြည်နယ်က စက်ရုံအသစ်မှာ ထုတ်လုပ်ခဲ့တဲ့ မော်တော်ယာဉ်အသေးစားတစ်မျိုးကို ပွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ Suzuki Swift ကားအသေးစား မိတ်ဆက် ပြသတဲ့ပွဲကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ
စက်မှုဝန်ကြီး PongsvasSvasti နဲ့ ဆူဇူကီးကုမ္ပဏီ ဥက္ကဋ္ဌ Takayuki Sugiyama တို့ တက်ရောက်ခဲ့ပါတယ်။
ဆူဇူကီးကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ မော်တော်ယာဉ် အသေးစားထုတ်လုပ်တဲ့ ၄ ခုမြောက် မော်တော်ကား ကုမ္ပဏီဖြစ်
ပါတယ်။

Suzuki to build Thai small-car plant for Eco car project plans 2012 start

အခုအသစ်ထုတ်လုပ် လိုက်တဲ့ Suzuki Swift ကားအမျိုးအစားမှာ ၁၂၄၂စီစီ အင်ဂျင်အမျိုးအစား တပ်ဆင်
ထားပြီး လောင်စာဆီစားနှုန်း သက်သာဖို့အတွက် အလေးချိန် ကို လျော့ချတဲ့ဒီဇိုင်း ထုတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီကားတွေကို ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က စတင်ရောင်းချ သွားမှာဖြစ်ပြီး အခုနှစ်အတွင်း အစီးရေ
တစ်သောင်းေ လာက် ရောင်းချနိုင်ဖို့ မျှော်လင့်ထား တယ်လို့ သိရပါတယ်။

Reference : Asiavision.com

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 20, 2012

နေရပ် ပြန်လာသူများပြား မြ၀တီမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးတွင် ယာဉ်တန်းအဆင်းနေ့ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိစဉ်

နှစ်သစ်ကူး သင်္ကြန်အတွက် နေရပ်ပြန်လာသူများပြားမှုနှင့်အတူ

ယာဉ်တန်းအဆင်းနေ့တိုင်း မြ၀တီမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

Wednesday, 21 March 2012

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် နီးကပ်လာပြီဖြစ်၍ မြ၀တီမြို့မှ အပြန်ကားများတွင် မွေးရပ်မြေသို့ ပြန်လာသူ
များနှင့် ပြည့်သိပ်လျက်ရှိကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် ခရီးသည်ရရှိရေးအတွက် ဆောင်ရွက်ကြသော်
လည်း ဘုရင့်နောင်လမ်းတစ်လျှောက်နှင့် နှစ်နိုင်ငံချစ်ကြည် ရေး တံတားအနီးတို့တွင် ယာဉ်တန်း အဆင်းနေ့
နံနက်တိုင်း သုံးနာရီခန့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

''ဘုရင့်နောင်လမ်းဟာ ခြောက်လမ်းသွား လမ်းကျယ်ပါ။ ခရီးသည်နဲ့ ကုန်ပစ္စည်းလုခေါ်ရင်းနဲ့  အသွားအပြန်လမ်း
မရှိအောင် ကားတွေနဲ့ ပြည့်ကုန်တာပါ။ လမ်းကျယ်တစ်ခုလုံး ကားတွေနဲ့ ပြည့်နေတော့ လမ်းသွား လမ်းလာကား
တွေ ၊ ဆိုင်ကယ်တွေ၊ ခြေကျင် ခရီးသွားတွေအတွက် အန္တရာယ် အရမ်းများပါတယ်''

ဟု ချစ်ကြည်ရေးတံတားအနီး နေသူတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို တစ်နှစ်ခွဲကြာ ယာယီပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင်
မြ၀တီ-မဲဆောက် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်များမှာ တံတားထိပ်လမ်းလယ်တွင် နေရာယူ ဂိတ်ထိုး
ခြင်းကြောင့်လည်း တံတားပတ်လမ်းဘယ်၊ ညာအ၀င်ဝတို့တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လျက်ရှိသည်
ဟု ဒေသခံများက ပြောဆိုကြသည်။

''လမ်းလယ်မှာလည်း ဂိတ်ထိုး သေးတယ်၊ စည်းစနစ်လည်း မရှိဘူး၊ ရပ်ချင်သလို ရပ်နေကြတာ၊ မဲဆောက်သွား
မယ့် ကားတွေက ယာဉ်လိုင်းနှစ်ခု ဖြစ်လာတော့ ပိုဆိုးလာတယ်''
ဟု ချစ်ကြည်ရေးတံတားအနီးမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံနှင့် အခြားခရီးသည် ယာဉ်လိုင်းများမှ မော်တော်ယာဉ်ငယ်များ ခရီးသည်နှင့် ကုန်စည်များကို လုယက်တင်ဆောင်နေခြင်းတို့ကြောင့် ပေ၁၀၀ကျော်ကျယ်သည့် လမ်းမကြီးမှာ ကားသိုလှောင်
သည့် ၀င်းကြီးသဖွယ်ဖြစ်နေပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များမှာ လမ်းသွယ်များမှ
ရှောင်ကွင်း သွားလာနေရကြောင်းလည်း သိရသည်။

''လမ်းမကြီးလို့တောင် ပြောဖို့ ခက်တယ်၊ ကားဝင်းကြီးလို ဖြစ်နေတာ။ တံတားထိပ်ကို ခရီးသည်သွားပို့ရင် လမ်းသွယ်တွေက ကွေ့ပတ်ပြီး သွားရပါတယ်။ အဓိက ပြဿနာကတော့ ကားဂိတ်ဆိုတာ သီးသန့်မရှိလို့ပါပဲ''

ဟု ဆိုင်ကယ်တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 18, 2012

ဧရာဝတီမြစ် အထက်ပိုင်း မြစ်ရေအဆိပ်ဖြစ်

ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မေခမြစ်အတွင်း ရွှေလုပ်ကွက်များမှ ရေဆိုးရေညစ်များ
စီးဆင်းနေသည်ကို မတ်လ ပထမပတ်က တွေ့ရစဉ်

မြစ်ရေအရည်အသွေး စစ်ဆေးတွေ့ရှိချက်အရ

ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင်

အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ်

ပုံမှန်ထက် ပိုမိုပါဝင်နေ


Sunday, 18 March 2012

၂၀၁၂ နှစ်စပိုင်း တိုင်းတာ စစ်ဆေးချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးသည် မြစ်အထက်ပိုင်းဒေသ
များတွင် လူနှင့်ရေနေ သတ္တ၀ါများအတွက် အဆိပ်ဖြစ်စေသော အမိုးနီးယားဓါတ်များ ပုံမှန်ထက် ပိုမို ပါဝင်နေ
ကြောင်းမြန်မာနိုင်ငံရေ သုတေသနဌာနမှ သိရှိရသည်။

မြစ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာ၌ WHO ၏ စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါသတ်မှတ်ချက်နှင့် မကိုက်ညီသော ရေကို အသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်
အနည်းနှင့် အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက

''ဧရာဝတီမြစ်ရဲ့ ရေအရည်အသွေးကို စစ်ဆေးနေပါတယ်။
လက်ရှိမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက်ပိုင်း ဗန်းမော်က နေမန္တလေးအ
ပိုင်းကို စစ်ဆေးပြီးသွားပါပြီ။
စစ်ဆေးချက်တွေအရ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ အမိုးနီးယား ဓါတ်တွေ ပိုမိုပါဝင်နေတာ တွေ့ရပါတယ်။ အမိုးနီးယားဓါတ်က လူနဲ့ ရေနေသတ္တ၀ါတွေအတွက် အဆိပ်ဖြစ်စေပါတယ်''

ဟု ပြောကြားခဲ့သည်။

''မြစ်ရေအရည်အသွေး စစ်ဆေးတာကို အရင်က နှစ်စဉ် မလုပ်ဖြစ်ပါဘူး။
၂၀၀၆ ခုနှစ်က တစ်ခါလုပ်တယ်။ ၂၀၀၉ ခုနှစ်မှာ တစ်ခါလုပ်ဖူးတယ်။
ချင်းတွင်းမြစ်မှာတော့ ၂၀၁၀ ပြည့်နှစ်က တစ်ခါ စစ်ဆေးဖူးတယ်။
စစ်ဆေး ချက်တွေက parameter ၁၄ ခုနဲ့ တိုင်းတာနေတာပါ။
အရင်က မြစ်ရေကို ယူပြီးနောက်မှ စစ်တဲ့သဘော။ အခုမြစ်ရေကို အခုယူ အခုစစ် လုပ်နေတာပါ။
မြစ်ရေမှာ ရှိသင့်ရှိထိုက်တဲ့ စံအတိုင်း ရှိမနေတာတွေကို စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်''

ဟုလည်း ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမိုးနီးယားသည် ရေနေသတ္တ၀ါများအတွက် အဆိပ်ဖြစ်စေကြောင်း၊ အပင်များက သတ္တ၀ါများထက် အမိုးနီးယား
အား လက်ခံနိုင်မှု ပိုများပြီး ကျောရိုးမဲ့သတ္တ၀ါများသည် ငါးများထက် အမိုးနီးယားအား ပိုမိုခံနိုင်စွမ်း ရှိကြောင်းသိရှိ
ရသည်။
ငါးများတွင် ငါးမျိုးပွားနှုန်း အား ထိခိုက်စေကြောင်း၊ ငါးပါးဟက်၊ အသည်းနှင့် ကျောက်ကပ်ရှိ တစ်ရှူးများအား ထိ
ခိုက်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် လူသတ္တ၀ါများတွင် ကိုယ်ဟန်အနေအထား ဟန်ချက်ညီမှုလျော့ပါးခြင်း၊ တက်ခြင်း(Coma) ကိုးမားဟုခေါ်
သောကြာမြင့်စွာ သတိလစ်၍မြောနေခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အမိုးနီးယားမော်လီကျူးသည် အသက်ရှင်နေထိုင်ခြင်းအတွက် လိုအပ်သောအာဟာရတစ်ခုဖြစ်သော်လည်း အမိုးနီးယားများ ခန္ဓာကိုယ်အစိတ်အ
ပိုင်းများတွင် ပိုမိုများပြားစွာ ပါဝင်မှုသည် ဇီဝဖြစ်စဉ်ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ်တွင် ph မြင့်မားခြင်းကို ဖြစ်စေနိုင်
ကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, March 17, 2012

အကြောင်းသင့်လို့ ရေးတာပါ

Minnesota ရှိ ရိုးရာကောက်သစ်စားပွဲတော်တွင် အမှတ်တရ ဓါတ်ပုံရိုက်နေကြသူအချို့
ဓါတ်ပုံ( ဖူ့ယောင်ဟဲ့)

အကြောင်းသင့်လို့ ရေးတာပါ

(မင်းစိုးစံ)

March 16 2012 Saturday

တိုက်ဆိုင်လိုက်တာ မပြောပါနဲ့တော့ လွန်ခဲ့တဲ့ ၁၁နှစ်တုန်းက ၂၀၀၁ ခုနှစ်တုန်းကပေါ့ အခုလိုပဲ ကရင်အမျိုး
သားနေ့ ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ထိုင်းနိုင်ငံ ကန်ချနပူရီ မနီလွိုင် မြန်မာကျောင်းသားများစခန်းအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ အခန်းအနားတခု ရန်ပွဲဖြစ်ခဲ့ဘူးပါတယ်။

ကရင်အချင်းချင်းပါ ကညောသူးမပါပါဘူး၊ ကရင်အချင်းချင်းဖြစ်တော့ ဘယ်သူမြတ်တယ်ထင်သလဲ စုစည်းaပး
သလိုလို ကူညီမယ်လိုလို လုပ်တဲ့လူတွေ အမြတ်ထွက်သွားတာပေါ့ဗျာ၊ ဘယ်သူတွေနာမည်ပျက်သလဲဆို တော့ တကယ်မျိုးချစ်စိတ်ရှိတဲ့လူ တကယ်မိရိုးဖလာကိုထိန်းသိမ်းချင်တဲ့လူနာမည်ပျက်သလို ဖျက်လိုဖျက်ဆီး လုပ်တဲ့
ကရင်လည်း နာမည်မကောင်းပါဘူး၊ နောက်ဆုံးတော့ ကရင်(ငပွေး)တွေနာမည်မကောင်းတာပါ။

မှတ်မိသေးတယ် ကျုပ်တို့ ၂၀၀၁ခုနှစ်မှာ မြန်မာကျောင်းသားများစခန်းထဲကနေ ထွက်ရတော့မယ်ဆိုတော့
ကျုပ်က ကရင်နှစ်သစ်ကူးတဲ့ပွဲမှာ ရိုးရာကောက်သစ်စားတဲ့ပွဲလေးပါ လုပ်ဘို့စီစဉ်ထားတာမို့ အစည်းအဝေး
တခုမှာ တင်ပြလိုက်ပါတယ်၊ အစည်းဝေးမှာ စကားများကြပါတယ်။

စကားများကြရတာက ပွဲတော်ကျင်းပမယ့် နေရာကနေစပါတယ်၊ အများစုက ခရစ်ယာန်ဘုရားကျောင်းထဲ
မှာ လုပ်ဘို့ မဲပေးတော့ ၉၉မဲ ၁မဲနဲ့ အနိုင်ရသွားပါတယ်၊ ကျုပ်တစ်ယောက်ထဲပဲ အခန်းအနားမှန်သမျှ ကျင်း
ပနေကြ ဘတ်စ်ကက်ဘောကွင်း မှာကျင်းပဘို့ရွေးတာပါ၊ အဲဒီတော့ နေရာနဲ့ပတ်သက်လို့ ကျုပ်ကိုဘယ်သူမျှ သ ဘောမတူကြပါဘူး၊ မထောက်ခံကြပါဘူး၊ ကရင်အများစုသဘောတူတဲ့ ဘုရားကျောင်းမှာ ကျင်းပဘို့ဆန္ဒ
ရှိကြ လို့ဖြစ်ပါတယ်။

ရိုးရာကောက်သစ်စားပွဲ ကိစ္စကိုဆွေးနွေးတဲ့အခါမှာတော့ ပြဿနာစပါတော့တယ်၊ ရိုးရာနဲ့ပတ်သက်လာလျင် ဘုရားကျောင်းမှာ လုပ်ခွင့်မရှိဘူးလို့ပြောတဲ့အပြင် ကရင်အမျိုးသားထုတရပ်လုံး စုစည်းမှုကို တကယ်လိုချင်
တယ်ဆိုလျင် အဲဒီရိုးရာတွေဆိုတာကို မလုပ်ပဲနေကြတာပိုကောင်းတယ် ဆိုတဲ့အထိပြောလာပါတော့တယ်။

အဲဒီအကြောင်းအရာတွေကို OKRSO စာစောင်တခုမှာ အသေးစိပ်ရေးထားပြီးသားမို့ မရေးတော့ပါဘူး၊ ကျုပ်
ရေးချင်တာက အဲဒီတုန်းက ကျုပ်သာစိတ်မထိန်းပဲတခုခုပြန်လုပ်မိခဲ့လျင် ကိုးဒီသွေးတင်ထားတဲ့ အဖြစ်ထက် ပိုဆိုးသွားမှာဖြစ်ပါတယ်။

OKRSO စာစောင်ထဲမှာမပါတဲ့အပိုင်းလေးကို ဖေါ်ပြပါ့မယ်၊ နောက်ဆုံးအစည်းအဝေးဆုံးဖြတ်ချက်က နိုင်ငံ
ရေးနဲ့ပတ်သက်တာတွေ အမျိုးသားအလံတင်တာတွေ ကရင်အမျိုးသားသမိုင်းကြောင်း ဆင်းသက်လာပုံ စတဲ့
အကြောင်း အရာတွေအပြင် ကျွေးမွေးဧည့်ခံရေးကို ဘုရားကျောင်းမှာလုပ်ပြီး ကောက်သစ်စားပွဲကိုတော့ စော
စောက ဘတ်စ်ကက်ဘောကွင်းမှာလုပ်ဘို့ သဘောတူလိုက်ကြပါတယ်။

တခုရှိတာက ရိုးရာကောက်သစ်စားပွဲအတွက် တင်ပြထာတဲ့ကုန်ကျမယ့်ငွေထဲက ကျန်နေတဲ့ငွေကိုတော့ ကုန် သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့ ပွဲတော်ကျင်းပမယ့်ရက် နှစ်ရက်လောက်အလိုမှာ ကပ်ပြီးပြောလိုက်တာမို့ အခန်းအနားပြင်ဆင်ရေးအတွက် ငွေကြေးလိုအပ်လာတဲ့အတွက် ငွေချေးပြီးလုပ်ကြပါတယ်။

ကျုပ်တို့လုပ်ထားတဲ့အခန်းအနားမြင်ကွင်းလေးကို စာဖတ်သူတို့မြင်နိုင်အောင် အတတ်နိုင်ဆုံး ပုံဖေါ်ပြီးရေးပြ
ကြည့်ပါ့မယ်။
ဘတ်စကက်ဘောကွင်း တနေရာမှာက စင်မြင့်လိုလိုနေရာလေးတခုရှိနေတော့ အဲဒါကို သဘာပတိနေရာပေါ့
ဗျာ၊ ဘတ်စ်ကက်ဘောကွင်းကတော့ တက်ရောက်လာတဲ့ပရိဿတ်နေရာနဲ့ ဒုံးကဘို့နေရာပေါ့။

ဘတ်စ်ကက်ဘောကွင်းရဲ့ ညာဘက်ထောင့်မှာတော့ ဗမာလို ဖုံးမကျီနတ် ကရင်လိုကတော့ ဖိဘီးယော် လို့ခေါ်
တဲ့ တဲနန်းလေးဆောက်ထားပါတယ်၊ တဲနန်းပတ်ဝန်းကျင်မှာ ရာဇမတ်နဲ့ကာရံထားပြီး ရာဇမတ်အတွင်းဘက်
မှာတော့ တဲနန်းတဆောင်၊ တဲနန်းအောက်ခြေမှာတော့ လယ်ယာသုံးပစ္စည်းအချို့ တလင်းပြင်တခု စပါးပုံတပုံ
ဆန်ဖွပ်ဆုံ ကျည်ပွေ့ အဲဒီကျည်ပွေ့နဲ့ဆုံတွေကို ဒရင်ကောက်ညွန့်တွေ ရစ်ပတ်ထားပါတယ်၊ ရာဇမတ်ဘေး ပတ်
ပတ်လည်မှာတော့ ငှက်ပျောပင်၊ ပိန်းပင်၊ ကြက်မောက်ပန်းပင်တွေ စိုက်ထားပါတယ်။

တဲနန်းပေါ်မှာကတော့ ကောက်ညှင်းဖင်ချွန်၊ ခွက်ပြင်၊ ပိန်းဥနဲ့ခရုရောချက်ထားတဲ့ဟင်း ထမင်း အဲဒီလိုတွေ ပြင်
ထားတာ ညနေဘက်မှာတော့ ကျုပ်တို့က အဲဒီ ဖိဘီးယော် လို့ခေါ်တဲ့ အဘွားရဲ့ဝိညာဉ်ကို သွားပင့်ဖိတ် ထားတာ
ပေါ့ဗျာ၊ ညဘက်ကျတော့ ငှက်ကြီးတောင်ဓါးတရမ်းရမ်းနဲ့ ကရင်တစ်ယောက်ပေါက်ချလာတယ်၊ ကရင်နှစ်သစ်
ကူးဆိုတာ တနေရာမှာပဲ ကျင်းပရမယ်၊ ဒါဘယ်သူဦးဆောင်တာလဲ၊ ဆိုပြီးလာရမ်းပါတော့တယ်။

ကျုပ်တို့ကလည်း မနက်ဖြန်အတွက် အခန်းအနားပြင်ဆင်နေတုန်းပေါ့ဗျာ စာလုံးတွေ မီးလုံးတွေ စကားပြော
ခွက် ဘာညာတွေပြင်ဆင်နေတဲ့အချိန်ဆိုတော့ သီချင်းလေးဘာလေးဖွင့်တော့ အသံချဲ့စက်ကို လာပိတ်ပါရော အဲဒီမှာတင် ဘေးက ဆွမ်းကြီးလောင်းဘို့ ပြင်နေတဲ့လူတွေကလည်း အကွက်စောင့်နေတာ။

ကျုပ်ရှေ့တည့်တည့်မှာတော့ တောကြက်ဆိုတဲ့ လူ့ဗလံလေးက ခင်ဗျား ဘာလုပ်ချင်လဲ လုပ်ကြည့်လေတဲ့
သူ့ ပုံစံက အရက်နဲ့ဆေးခြောက်ရောနေတာဖြစ်လို့ ယိုင်တိုင်တိုင်ဖြစ်နေပါတယ်၊ ကျုပ်သာသူပြောသလိုလုပ်
လိုက် မိလျင် ဆွမ်းကြီးလောင်းအဖွဲ့ရယ် ထိုင်းတာဝန်ရှိသူတွေရယ် ရှုတ်ကုန်မယ့်ဖြစ်ခြင်း။

ကျုပ်စိတ်ကို ထိန်းထားရလွန်းလို့ တဆတ်ဆတ်တုံနေပါတယ်၊ ဘေးကလူတယောက်ကတော့ ဘာမျှမလုပ်နဲ့
စိတ်ကိုထိန်းထား ခင်ဗျားတခုခုလုပ်ပြီဆိုတာနဲ့ ခင်ဗျားနောက်မှာ အမြင်ကပ်ပုဒ်မနဲ့ ဒီကောင်တွေကိုကျွေးမယ့် လူတွေရှိနေတယ် သတိထား၊ သတိထား အဲလိုကိုပြောနေတာ။

ဘာမျှမလုပ်ပါဘူး၊ ကျုပ်တို့လည်း အဲဒီညနေမှာ ဖိဘီးယော်ကို ဒုံးနဲ့ဧည့်ခံရတာ သိပ်အရသာမရှိတော့ပါဘူး၊
မနက်လိုကျတော့ အစီအစဉ်တွေကို ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖြစ်သွားပါတယ်၊ ညနေပိုင်းကျတော့ ဖိဘီးယော်
တဲနန်းနဲ့ အမှတ်တရ ဓါတ်ပုံရိုက်တဲ့သူတွေနဲ့ တိုးမပေါက်အောင်စည်ကားသလို စင်မြင့်ပေါ်တက်ပြီး ဓါတ်ပုံ
ရိုက်ကြတဲ့လူတွေနဲ့ စင်မြင့်သာ အင်္ဂတေကိုင်ထားတာမဟုတ်လျင် ပြိုကျသွားနိုင်ပါတယ်။

ဆိုလိုချင်တာကတော့ ကရင်ဖြစ်ပြီးဘာသာရေးကိုရှေ့တန်းတင်ကြသူတွေအနေနဲ့ တကယ့်ကို ကိုယ်ကိုး
ကွယ် တဲ့ ဘာသာကို နှစ်နှစ်ကာကာယုံကြည်တယ်ဆိုလျင် အမျိုးသားနဲ့ဆိုင်တဲ့ပွဲတော်တွေမှာ လုပ်ငန်း
တွေမှာ ဆင် ဆင်ခြင်ခြင်လုပ်ကြစေလိုပါတယ်၊ တနင်္ဂနွေနေ့မို့လို့ စနေနေ့မို့လို့ လပြည့်နေ့မို့လို့ လကွယ်
နေ့မို့လို့ ခရစ်ယာန် ဘုရားကျောင်း ၀င်းထဲမှာမို့လို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝင်းထဲမှာမို့လို့ ဘာ
သာရေးနဲ့ပတ်သက်တဲ့ အ ခါကြီးရက်ကြီး နဲ့ဆုံနေလို့ စတဲ့ စတဲ့ အကြောင်းပြချက်တွေနဲ့ အယူအဆတွေနဲ့
အမျိုးသားအခန်းအနားကိုစော ပြီးလုပ်တာမျိုး နောက်ကျပြီးလုပ်တာမျိုး သုံးလေးခုပေါင်းပြီး တခါတည်း
တနေ့တည်းလုပ်တာမျိုး ဟိုလူဦး ဆောင်တာဖြစ်လို့ ဒီလူဦးဆောင်တာဖြစ်လို့ မသွားချင်တာမျိုး မလုပ်ကြ
ပါနဲ့

အဲဒီလိုသဘောထားမျိုးနဲ့ပဲဖြစ်စေ အခြားသောစေတနာမမှန်တဲ့သဘောမျိုးနဲ့ဖြစ်စေ ရှေ့ဆက်လုပ်နေကြဦး
မယ်ဆိုလျင် ကရင်လူမျိုးတမျိုးအဖြစ်ရေရှည်ရပ်တည်နိုင်ရေးမှာ အင်မတန်ကိုအန္တရာယ်ရှိနေပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)

မြန်မာကျောင်းသားများစခန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၁ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခန်း
အနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ကရင်များအားလုံးနှင့် တိုင်းရင်းသားညီရင်းအစ်ကို များ
အားလုံးကို သတိတရဖြင့်ရည်ရွယ်ရေးသားပါသည်။




အပြည့်အစုံကြည့်ရှုလိုပါလျင်
http://www.9dblood.com/2012/03/blog-post_16.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, March 16, 2012

တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု



တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု

တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမတွင် ညနေ ၆ နာရီဝန်းကျင်ခန့်မှ စတင်ပြီး မီလောင်ကြွမ်းမှုတစ်ခု ဖြစ်ပွားလျှက်ရှိပါသည်။










တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမ သုတ ၁ လမ်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကြွမ်းမှုသည် အိမ်ခြေ ၁၀လုံး လောင်ကြွမ်းခဲ့ပြီး ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။

၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ
(၁)လမ်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်လောင် ကျွမ်း
ခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုးငြှိမ်းသတ် နိုင်ခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွား
ခဲ့ကြောင်း သိရသည်။

''မီးကတော်တော်ပြင်းတယ်။
လေက လမ်းမကြီးဘက်က တိုက်တော့ မီးလောင်မှုဖြစ်တဲ့ အိမ်တွေရဲ့ ကျောခြင်း ကပ်အိမ်တွေကတော့
မီးကူးစက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဝေယဇန္တာလမ်းပေါ်က ကုမ္ပဏီတစ်ခုရဲ့ အနောက်ဘက် မှန်တွေကိုခွဲပြီး
တော့တောင် မီးငြှိမ်းသတ်ခဲ့ရတယ်။
ရပ်ကွက်က လမ်းလည်းကျဉ်းတယ်။
ပြီးတော့ ၀ိုင်းအုံကြည့်နေကြတဲ့သူတွေနဲ့ ပိတ်နေတော့ မီးသတ်ကားတွေဝင်ဖို့ ခက်နေလို့ မီးသတ်ကားတွေ
က လမ်းမကြီးပေါ်က သတ်ခဲ့ကြတယ်။
ဒါတောင် မီးလောင်တဲ့နေရာနဲ့ တော်တော်လှမ်းလှမ်းမှာရှိတဲ့ အုန်းပင်တွေတောင် မီးညွန့်တွေ ကူးစက်သွား
တယ်။ မီးသတ်ကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူး
တင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ မီးလောင်နေတဲ့အချိန်မှာ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြလို့ပါပဲ။
မီးလောင်နေတဲ့အချိန်မှာ ပစ္စည်းခိုးတဲ့ သူခိုးတစ်ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်''
ဟု ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြုယာဉ် ၅ စီး လာရောက်ငြိမ်း
သတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေဆယ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။



မီးသတ်ကားလည်းမတွေ့မိဘူး။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, March 15, 2012

မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီထွေမှုမရှိ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ
ဓါတ်ပုံ VOA

ကြာသပတေး, 15 မတ် 2012

မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီထွေမှုမရှိ

By နန္ဒာချမ်း

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အခြေအနေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး ဖြစ်ပေါ်လာအောင် ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့အချက်
နဲ့ လိုက်လျောညီထွေ မရှိဘူး။ ဒေသခံပြည်သူတွေရဲ့ အရေးအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ - မြန်မာနိုင်
ငံ မှာ ရောက်ရှိနေတဲ့ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဟာလည်း အရေးကြီး တယ်လို့ - ဒီကနေ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ က - အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ ပြေလည်မှုတွေ မရရှိသေးတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေ
အရေး အပါအ၀င် မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ - ဒီ နှစ်ချက်
ကို အဓိက အလေးထား ပြောကြားခဲ့တာပါ။
တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မကြာသေးခင်ကာလတွေက တိုးတက်မှုတွေကို တွေ့မြင်ရ
တယ်ဆိုပေမဲ့ - အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲ က - ဒီသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလိုပြောကြားသွားခဲ့တာပါ။

ပြီးခဲ့တဲ့ လပိုင်းတွေ၊ သီတင်းပတ်တွေအတွင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော် တို့ မြင်တွေ့ခဲ့ရပါတယ်။
မြန်မာ အစိုးရကလည်း - အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တွေကို ရှေ့ဆက်ဆောင်ရွက်နေတဲ့
အကြောင်း၊ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်နေတဲ့ အကြောင်းတွေ ကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက် ဖြစ် နေတာက - အစိုးရက ပြောနေတဲ့ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေး ရအောင် ယုံကြည်မှု တည် ဆောက် နေပါတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိတာကို တွေ့နေရ
တာပါ။

ဒါ့အပြင် ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေနဲ့ပတ်သက်လို့လည်း မစ္စတာ မစ်ချဲက ရန်ကုန်မှာ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း - ဒီဒုက္ခသည်တွေကို အကူ အညီပေးရာမှာ အကန့်
အသတ်တွေ ရှိနေတာကို သိခဲ့ရတယ်လို့ အခုလို ဆက်ပြောပါတယ်။

ကျနော်တို့အနေနဲ့ တကယ်ပဲ စိုးရိမ်မိတာက ကချင်ပြည်နယ်တွင်းက IDP လို့ခေါ်တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေး
ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေးပါ။ ဒီခရီးစဉ်အတွင်းမှာ ကျနော် - ကုလသမဂ္ဂရုံးအပြင် တခြားအဖွဲ့အ
စည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူတို့အနေနဲ့ ဒီဒုက္ခသည် တွေကို ကူညီထောက်ပံ့ချင်ပေမဲ့လို့ အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေတာကို ပြောပြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ သိမ်မွေ့နက်နဲတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့ အသိပေးကြေညာချင်တာက ဒီဒုက္ခသည်တွေကို ကူညီဖို့အတွက်ကို အမေရိကန်
ပြည်ထောင်စုကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကို
ပေးအပ်သွားမယ်ဆိုတာပါပဲ။

ဒါ့အပြင် မစ္စတာ မစ်ချဲ က - မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ
လွတ်လပ်ပြီး တရားမျှတမှုရှိဖို့နဲ့ ထင်သာမြင်သာရှိဖို့ကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် - လက်ရှိ ကြုံတွေ့နေရတဲ့
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း အခက်အခဲတွေနဲ့ မဲပေးကြမယ့် မဲဆန္ဒရှင်တွေ
ရဲ့ စာရင်းမှားယွင်းတာတွေကို ကြားသိခဲ့ရတဲ့အတွက် ရွေးကောက်ပွဲရလဒ်ဟာ အင်မတန်မှ အရေးကြီး တယ်လို့ အခုလို ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့ မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော်တို့က လွတ်လပ်မှုရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်ပါတယ်။
ဒီမနက်လည်း နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့
တွ့ဆုံပြီး မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
ဆုံပြီးပါပြီ။

မနက်ဖြန်မှာ မန္တလေးကို သွားပြီး အဲ့ဒီက နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါမယ်။
ဒီရွေးကောက်ပွဲ တရားမျှတမှုရှိဖို့၊ လွတ်လပ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးကြပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ ပြောင်းလဲမှုမျိုး ရရှိဖို့ အထူး အရေး
ကြီးနေတဲ့အခြေအနေပါ။ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီး လှတဲ့ အချိန်ပါ။

အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ ၆ ရက်ကြာခရီးစဉ် အတွင်း
နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ မြန်
မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့လည်း - အကျိုးရှိတဲ့အကြောင်း နဲ့ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်
ဖို့အတွက်ကို အထောက်အကူ ဖြစ်စေတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေ ကို
ပြောကြားခဲ့ပါတယ်။
မစ္စတာ မစ်ချဲ ဟာ - မနက်ဖြန် မနက်ပိုင်းမှာတော့ မန္တလေးမှာ ရှိတဲ့ NLDမန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့တွေနဲ့
တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/03-15-12_Derek_Mitchell_Kachin-142768835.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, March 14, 2012

အကျဉ်းသားများထွက်ပြေး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး တစ်ဦးသေဆုံး

အချုပ်ခန်းတစ်ခု (မြန်မာနိုင်ငံ မဟုတ်)
Source Photo from http://www.google.com/images

အကျဉ်းသားများထွက်ပြေးခဲ့၍

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး


Wednesday, 14 March 2012


တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့်
လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း
သိရသည်။

တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသား ကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌
သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟုသိရသည်။

မှော်ဘီမြို့နယ် တရားရုံး၏ရာကြီး ၁၂၇/၂၀၁၁ ပုဒ်မ ၃၈၀ အမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁
ဒီဇင်ဘာ ၂၅ ရက်နေ့တွင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/ ၁၃၇၂၂/ မှော်ဘီမြို့နယ်နေသူနှင့်
သန်လျင်မြို့နယ် တရားရုံး၏ရာကြီး ၅၀၉/၂၀၁၁ ပုဒ်မ ၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး
၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ရောက်ရှိလာသူထွန်းနိုင် (ခ)ကိုဦး(၃၂နှစ်)၊ အစ/၁၁/ ၀၆၈၆၀
သန်လျင်မြို့နယ်နေသူတို့နှစ်ဦးမှာ အဆိုပါစခန်းမှထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် တွံတေးမြို့နယ်ရဲ
ဘက်စခန်း တာဝန်ခံများမှ အပူတပြင်းလိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရေပို့ကွန်ကရစ်ပိုက်ပေါက် ရန်ကုန်ဆက်စပ်မြိ့နယ် ရေပြတ်

မြို့တွင်းတနေရာတွင် ရေပိုက်ပေါက်နေစဉ်(ရန်ကုန် မဟုတ်)
Source Photo from http://www.google.com/images

လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ပေးဝေနေသော

ရေပို့ကွန်ကရစ်ပိုက်မကြီး ပေါက်သွားသောကြောင့်

ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင်

ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား


Thursday, 15 March 2012

လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အချင်း ၆၆ လက် မရှိသော ရေပို့ ကွန်ကရစ် ပိုက်မကြီးမှာ ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားသောကြောင့် ယင်း
ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ် တောက်ထားကြောင်း သတင်းရရှိသည်။

အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊
၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာ
တောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ်များတွင် ရေပေးဝေမှု
ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။

ရေခေတ္တဖြတ်တောက်ထားမှုနှင့် ပတ်သက်၍
''အချင်း ၆၆ လက်မရှိတဲ့ ရေပို့ ကွန်ကရစ် ပိုက်မကြီးက ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံအနီးမှာ မတ်လ
၁၂ ရက်နေ့က ပေါက်သွားခဲ့ပါတယ်။
ဒီပိုက်ပေါက်မှုကို ၂၄ နာရီ အရေးပေါ် ပြုပြင်နေတာ ၂ ရက်ရှိပါပြီ။
ဒါကြောင့် ရေပေးဝေမှု ခေတ္တဖြတ်တောက် ထားပါတယ်။
မတ်လ ၁၅ ရက်နေ့လောက်မှာ ရေပုံမှန်အတိုင်း ပြန်ပေးဝေနိုင်အောင် လုပ်နေပါတယ်။
ကွန်ကရစ် ပိုက်မကြီးက နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်တာပါ။
ဟိုတစ်လောက မင်္ဂလာတောင်ညွန့်ဘက်မှာ ရေပိုက်တွေကို မြှင့်ဖို့ရှိခဲ့တဲ့အတွက် ရေပေးဝေမှုကို ခေတ္တဖြတ်တောက်ထားမယ်၊
ရေကို ကြိုတင်စုဆောင်းထားဖို့အတွက်ကို အများပြည်သူသိအောင် တစ်ပတ်လောက် ကြိုတင်အသိပေးကြေ
ညာခဲ့ပါတယ်။
အခုရေပိုက်ပေါက်တဲ့ ကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့အတွက် ကြိုတင် အသိမပေးနိုင်ခဲ့ပါဘူး''
ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့
သည်။

ထို့အတူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း ရေပြတ်တောက်ခြင်းများ ကာလရှည်ကြာ ဖြစ်ပွားမှု ရှိနေ
ကြောင်းလည်း စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ရေပြတ်တောက်မှုများကြောင့် ရေတွန်းလှည်းများဖြင့် ရောင်းချသောရေကို ၀ယ်ယူသုံးစွဲနေရ
ကြောင်း၊ ၀ယ်ယူမသုံးစွဲနိုင် သူများမှာမူ ကိုယ်တိုင်တွန်းလှည်းများဖြင့် ရေတွန်း၍ ရယူသုံးစွဲနေရကြောင်း
သိရသည်။

ဒေါပုံမြို့နယ်၊ ယမုံနာ ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
''ကျွန်တော်တို့ဆီမှာ ရေပြတ်နေတာ နှစ်ပတ် သုံးပတ်လောက် ရှိနေပါပြီ။
ဒေါပုံမြို့နယ် စည်ပင်ရေသန့်ရုံးကို သွားပြောတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အခုထိ လာမလုပ်ပေး
သေး
ဘူး။
ဒါကြောင့် ကျွန်တော်တို့ အခုရေ တွန်းလှည်းသမားတွေဆီက ရေတစ်စည်ကို ကျပ် ၈၀၀ နဲ့ ၀ယ်သုံးနေရတယ်။ ၀ယ်မသုံးနိုင်တဲ့သူတွေကတော့ ဟိုဘက်ရပ်ကွက်က ကိုယ်တိုင် ရေတွန်း လှည်းနဲ့တွန်းပြီး သုံးနေရတယ်။
ရေတော့ ပြတ်တောက်နေတယ်။
ဒါပေမဲ့ ရေဖိုးကတော့ ပုံမှန် ပေးဆောင်နေရပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်ဆီမှာ တစ်ရက်ခြားတစ်ခါ ရေလာပါတယ်။
ကျွန်တော်တို့ ရပ်ကွက်အတွင်းပိုင်းက ရေဆက်သွယ်ချင်လို့ဆိုပြီး စည်ပင်က ကျွန်တော်တို့ ပိုက်ကိုဖောက်ပြီး ဆက်သွယ်ပေးလိုက်တဲ့နောက်ပိုင်း အခုလို ရေပြတ်တောက်မှုတွေ ဖြစ်လာတာပါ''
ဟု ပြောပြခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 13, 2012

KNU ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်ကို ခွေးကိုက်ပြီ

ကရင်အမျိုးသားအခန်းအနားတခုတွင် KNU ထိပ်တန်းခေါင်းဆောင် မန်းငြိမ်းမောင် မိန့်ခွန်းမြွက်ကြားနေစဉ်

ခွေးရူး(သို့မဟုတ်) ဗမာအစိုးရ

(မင်းစိုးစံ)

ခွေးကလူကို ကိုက်တယ်ဆိုလျင်
ခွေးကိုလူက ရိုက်သတ်ရတယ်။

ရိုက်သူလည်းခွေး ခွေးလည်းခွေးလို့
အတွေးတွေချော် ခွေးနဲ့ပျော်လျင်
မသူတော်ချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ငြား ပေါင်းသူခွေးဆော်
နံလိမ့်မည်။

ရိုးရိုးခွေးလား ခွေးဝဲစားလား
ခွေးလေခွေးလွင့် ခွေးကျင့်ခွေးကြံ
တိရိစ္ဆာန်ခွေး ခွေးချေးဆန်မပါ
ဗမာအစိုးရ ဖ ဆ ပ လ
မ ဆ လ နဲ့ န ၀ တ လား
န အ ဖ တဲ့ ခွေးတပ်စုဟာ
လူထုကိုကိုက် သံဃာကိုဆွဲ
လူထဲမ၀င်ဆန့် အမြီးနှံ့မြူး
ဒီခွေးရူးကို တွေ့ရာဿုဿန်
တကောင်မျှမချန်နဲ့။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)


အင်္ဂါ, 13 မတ် 2012
ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ်တသက်ချမှတ်

ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက
ထောင်ဒဏ် တသက်တကျွန်း ချလိုက်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/-03-13-12-mahn-nyein-maung--sentence---142469535.html

ဖဒို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း စီရင်ချက်ချ
2012-03-13

နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်း
မောင်ကို အင်းစိန်ထောင် အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက်ချလိုက်ပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.
Email ThisBlogThis!Share to TwitterShare to Facebook

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 11, 2012

ရေတပ် ကာချုပ် တရုတ်နိုင်ငံသွား

တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်
ရေတပ်ဦးစီးချုပ် Admiral Wu Shengll

ရေတပ် ကာချုပ် တရုတ်နိုင်ငံသွား

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က တရုတ်နိုင်ငံသို့ သွားရောက်သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Wu Shengll ၏ ဖိတ်ကြားချက်အရ
မတ်လ ၈ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

Copy from http://burma.irrawaddy.org/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အချိန်ခါမဟုတ်မိုးကြောင့် သီးနှံများ အမြန်ရိတ်သိမ်းနေရ

ပန်းတနော်မြို့နယ် ညောင်ပင်သာရှိ တောင်သူများ မတ်ပဲသိမ်းနေစဉ်

မင်းဆိုးရှိတဲ့ တိုင်းပြည်

(မင်းစိုးစံ)

မင်းဆိုးမင်းညစ်
သူတို့ခေတ်မှာ
ကောက်သစ်ပျက်ပြုဉ်း
တောင်ကတုံးနှင့်
မသင့်ချိန်ခါ
ရာသီတွေမှား
စားရေရိက္ခာ
ရှားပါးမက
ဓါးပြသူခိုး
ဘေးဆိုးရောဂါ
ထူပြောပါသည်
လိမ်ညာနှုတ်ချို
ထိုသူတို့ကား
မတရားအုပ်ချုပ်
အာဏာထုတ်သုံး
မင်းဆိုးယုတ်မာ
တည်ရာဌာန
သာဓက။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အချိန်ခါမဟုတ် မိုးရွာသွန်း၍ နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ

အလျင်အမြန် ရိတ်သိမ်းနေရ


Monday, 12 March 2012

မတ်လ ၁၁ ရက်နေ့က အချိန်ခါမဟုတ် မိုးရွာသွန်းလာသည့်အတွက် နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အနေဖြင့် သီးနှံများအား အလျင်အမြန် ရိတ်သိမ်းခြင်း ပြုနေရကြောင်း သတင်းရရှိပါသည်။
ရိတ်သိမ်းပြီး ကောက်လှိုင်းများနှင့် စပါးများအား တာလပတ်များဖြင့် အုပ်ဆိုင်းခြင်း၊ မတ်ပဲများအား လူအင်အားသုံး
ကာ ရိတ်သိမ်းခြင်းများ ပြုလုပ်နေရကြောင်း သိရှိရသည်။
ယခုနှစ်တွင် စပါးဈေးကျ ဆင်းခြင်း၊ ပဲဈေးကျဆင်းခြင်းအပြင် စပါးနှင့်ပဲအထွက်နှုန်းပါကျဆင်းခဲ့ ရကြောင်း၊ ထပ်မံ
၍ မိုးမိပါက ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားခဲ့ပါသည်။

''အိမ်ရှိလူကုန် အကုန်လုံးသုံးပြီးပဲသိမ်းနေတာပါ။
ပဲဈေးက မနှစ် ကနဲ့ဆို ထက်ဝက်ကျတယ်။
စပါး ဈေးက တင်းတစ်ရာကို အခုကျပ် သုံးသိန်းသုံးသောင်းခုနှစ်ထောင် ပေါက်ဈေးရှိတယ်။
ဒါတောင်မှ တစ်တင်း ၄၆ ပေါင်နဲ့မဟုတ်ဘူး။
ပေါင် ၅၀ နဲ့ ၀ယ်ကြတာ။
ပဲ အထွက်၊ စပါး အထွက်ကျပါတယ်ဆိုမှ မိုးမိရင်ပိုဆိုးမယ်။
ဒီနေ့ မတ် လ ၁၁ ရက်နေ့မှာ မိုးရွာတယ်လေ။
မပျက်စီးသေးပေမယ့် ရသမျှ လူအင်အားနဲ့ အကုန်သိမ်းနေရတယ်''

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

US Soldier 'Assassinated' 16 Afghans

I cannot explain the motivation behind such callous acts,
but they were in no way part of authorized Isak military activity.

Lt Gen Adrian Bradshaw, Isaf Deputy Commander

Source Photo from http://www.google.com/images

တနင်္ဂနွေ, 11 မတ် 2012

အမေရိကန် စစ်သားလက်ချက်ကြောင့် အာဖဂန် အရပ်သား ၁၅ ဦး သေဆုံး

By ဗွီအိုအေ (မြန်မာဌာန)

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်အတွင်းမှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုက အမေရိကန် စစ်သားတစ်ယောက် အပြင်ထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁၅ ယောက် သေဆုံးသွားတယ်
လို့ အာဖဂန်အရာရှိတွေနဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီ စစ်သားဟာ တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ စခန်းထဲကထွက်သွားပြီး Panjwayi ခရိုင်အတွင်းက အိမ်အ
တော်များများကို ပစ်ခတ်ခဲ့တာလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အဲဒီ ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဖမ်း
ဆီးထိန်းသိမ်းထားလိုက်ပြီး အခင်းဖြစ်ပွားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နေတိုးတပ်ဖွဲ့
က ပြောပါတယ်။

အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အင်မတန် စိတ်မကောင်း၊ အံ့အားသင့်ရတဲ့အကြောင်း နေတိုး နိုင်ငံတကာ လုံခြုံ
ရေးတပ်ဖွဲ့တွေရဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Adrian Bradshaw က ပြောပါတယ်။

အခုလိုအပြစ်မဲ့ကျေးရွာသားတွေ သေကြေ၊ ဒဏ်ရာရလောက်အောင် ဖြစ်စေခဲ့တဲ့ ဒီ ရက်စက်ကြမ်းကြုတ်တဲ့လုပ်
ရပ်ကို အဲဒီစစ်သားက ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ ရှင်းမတတ်အောင် ဖြစ်မိကြောင်း ဒီကနေ့ထုတ်
ပြန်တဲ့ ကြေညာချက်ထဲမှာ Bradshaw က ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း သူကပြောပါတယ်။

ဒီပစ်ခတ်မှုမှာ တာဝန်ရှိသူကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း အာဖဂန်မှာရှိတဲ့ အမေရိကန်သံရုံး
က ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်စခန်း တစ်ခုအတွင်း
ကိုရမ်ကျမ်းစာအုပ်ကို အမေရိကန်စစ်သားတွေက မီးရှို့ ဖျက်ဆီးလိုက်တဲ့အတွက် အမေရိကန်နဲ့ အာဖဂန်
အကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Afghanistan-US-03-11-12-142242335.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုကာ ကိုလာနှင့် ပက်ဆီဖျော်ရည် အရောင်ပြောင်းလဲမည်

Coke and Pepsi change recipes to avoid printing cancer warning
Source Picture from http://eideard.com

Coke နဲ့ Pepsi ကို ကျုပ်သောက်လာတာအတော်ကြာခဲ့ပြီပေါ့ဗျာ။
ထိုင်းမှာနေခဲ့တုန်းက ဆိုလျင် ဖါကဖေါင်းလို့ခေါ်တဲ့ အသားကြော်တမျိုးနဲ့ ထမင်းဖြူကို အခုပြောတဲ့ Coke နဲ့ Pepsi
ထဲက တမျိုးမျိုးနဲ့တွဲပြီး စားသောက်ရတာ အင်မတန် အရသာရှိသကိုး။

ဖါကဖေါင်းဆိုတာကလည်း ဖစ်ခီ့နူ(ကြွက်ချေးငရုတ်သီး)နဲ့ အသားကိုကြော်ထားတော့ စပ်သလားမမေးနဲ့။
ထမင်းဖြူပူပူလေးနဲ့ဆိုတော့ အာပူလျှာပူပေါ့။
အဲဒီအချိန်မှာ Coke နဲ့ Pepsi အေးအေးလေးကို သောက်ချလိုက်လျင် အိုးဟိုး အဆင်ပြေလိုက်တာများ။

အခုတော့ အဲဒီထဲက အရောင်ကြောင့် အသားပိုဖြစ်နိုင်တယ်ဆိုတာ အသေအခြာပဲဗျို့။
ကျုပ်မှာ အသားပိုတွေပေါက်နေတာများ ကြည့်မကောင်းရှုမကောင်းပဲ။
ဆရာဝန်နဲ့ လှီးထုတ်ဖြတ်တောက်ပစ်လိုက်ရတဲ့ အထိ။
(တခြားအကြောင်းတွေကြောင့် အသားပိုထွက်တာလည်းဖြစ်ပါလိမ့်မယ်)

အခုတော့ နောင်တရပါပြီ။ ကျန်းမာရေးက အဓိကဗျ။
လျှာအရသာကို လိုက်ပြီးစားနေလို့ကတော့ ရောဂါကိုလက်ယပ်ခေါ်နေသလိုကို ဖြစ်နေမှာ။

စကားပုံ တခုဖတ်ဘူးတယ်၊ ပညာရှိတို့သောက်ရန်ပစ္စည်းမှာ ရေသာဖြစ်၏ တဲ့။
ကျုပ်ကပညာရှိမှ မဟုတ်တာ သောက်တော့ဘာဖြစ်လဲနော်။
ရောဂါဖြစ်တော့ ကိုယ်ပဲခံရတာ။
ရောဂါဆိုတာမျိုးက ပညာရှိတွေ ပညာမဲ့တွေ ရွေးတာမျှမဟုတ်တာ။
အောက်က သတင်းလေးကို ဆက်လက် ဖတ်ရှုလေ့လာကြပါ။

ကိုကာ ကိုလာနှင့် ပက်ဆီဖျော်ရည် အရောင်ပြောင်းလဲမည်

Saturday 10th March 2012


ကိုကာကိုလာနဲ့ ပက်ဆီ ကုမ္ပဏီတို့ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ ၎င်းတို့ရဲ့
ဖျော်ရည် အရောင်ကို အညိုဖျော့ရောင်ကနေ ပြောင်းလဲ ထုတ်လုပ် တော့မယ်လို့သိရပါတယ်။

ကိုကာကိုလာနဲ့ ပက်ဆီ ဖျော်ရည်တွေမှာ အညိုဖျော့ရောင် ရရှိဖို့ 4-methylimidazole လို့ခေါ်တဲ့ 4-MI
အဖြည့်ပစ္စည်း တစ်မျိုး ပါဝင်ပါတယ်။ အဲ့ဒီပစ္စည်းကို ဓါတ်ခွဲခန်းမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ် စစ်ဆေးကြည့်
တဲ့အခါ အသားပို ကင်ဆာကို ဖြစ်စေကြောင်း တွေ့ရှိရပြီး အဲ့ဒီ ဆိုးကျိုးဟာ လူသားတွေ အပေါ် အကျိုး သက်
ရောက်မှု ရှိ ၊ မရှိကိုတော့ လေ့လာမှုတွေမှာ ဖော်ပြထားခြင်း မရှိကြောင်း သိရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ဘေးအန္တရာယ် အကဲဖြတ် အဖွဲ့က 4-MI ပါ
ဝင်မှုကို ၂၉ မိုက်ခရို ဂရမ် သတ်မှတ်ထားပြီး ကိုကာကိုလာနဲ့ပက်ဆီ ထုတ်ကုန်တွေဟာ အဲ့ဒီ သတ်မှတ်ချက်
ကို ကျော်လွန်နေပါတယ်။

ကိုကာကိုလာနဲ့ ပက်ဆီကိုလာ ဖျော်ရည် တစ်ဘူးစီမှာ 4-MI ၁၄၀ မိုက်ခရိုဂရမ် ပါဝင်နေပေမယ့် ကျန်းမာရေး အတွက် ဘေးအန္တရာယ် မရှိကြောင်း ကိုကာကိုလာမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့ အတွက် မူလ အညိုဖျော့ဖျော့ အရောင်ဖော်
စပ်မှုကို ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

(Reference : Xinhua.com)

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, March 9, 2012

ုရန်ကုန်က Shu Shi ကို စစ်တမ်းကောက်ထားတာတဲ့

Source Photo from http://www.google.com/images

ကျုပ်ကတော့ Shu Shi ဆိုတဲ့ ဂျပန်အစားအသောက်ကို အရမ်းကြိုက်တာပေါ့ဗျာ။
ဒါပေမယ့် အောက်ကသတင်းကိုလည်းဖတ်လိုက်ရော စားဘို့အတော်ကလေးကို လန့်သွားတယ်။
သေသေခြာခြာ ဖတ်ကြည့်လိုက်တော့ ရန်ကုန်မှာဖြစ်နေတာဆိုတာ သိလိုက်ရလို့တော်သေးတာပေါ့ ဆိုပြီး
သက်ပြင်းချလိုက်နိုင်တယ်ဗျို့။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာလည်တဲ့အခါမျိုးမှာ အဲလိုမျိုးကြီးသွားစားမိ
လို့ကတော့ လျော်လိုက်ရမယ့်ဖြစ်ခြင်း။

အဲဒီအစားအစာတင်မဟုတ်ဘူး တခြားအစားအစာတွေလည်း မပြောနိုင်ဘူးလေ။ ဒီတော့ ဗမာပြည်အလည်
ပြန်တဲ့လူတွေ ရန်ကုန်ကိုရောက်လျင် သတိထားစားသောက်စေချင်တဲ့အတွက် အခုလိုရေးထားတဲ့ သတင်း
ဆောင်းပါးလေးကို တင်ပေးလိုက်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)

Source Photo from http://www.google.com/images

ဂျပန်ထမင်းလိပ်များတွင်


အီးကိုလိုင်ပိုးနှင့်


အခြားပိုးများ တွေ့ရှိ



အဆိုပါသုတေသနအား စားသောက်ဆိုင်ကြီးများ၊ ထမင်းလိပ်သီးသန့်ရောင်းသော ကောင်တာများ၊ အစား
အသောက်ရောင်းသော စူပါမားကက်များမှ ၀ယ်ယူ၍ ဘက်တီးရီးယားပိုး ပါဝင်မူကို လေ့လာခဲ့ခြင်းဖြစ်သည်။


အဆိုပါသုတေသနတွင် စူပါမားကက်များ၌ ရောင်းချသည့် ထမင်းလိပ်များသည် သန့်စင်မူ အားနည်းပြီး
အီးကိုလိုင်ရောဂါပိုး ပါဝင်မူများပြားကာ ပင်လယ်စာများပါဝင်သော ထမင်းလိပ်များ အထူးသဖြင့် ၀က်ပေါင်
ခြောက်ကဲ့သို့ ပြုပြင်ထားသည် အသားများပါဝင်သော ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးမွှား ပမာဏမြင့်မား
စွာ ပါဝင်နေကြောင်း ဆေးသုတေသနဦးစီးဋ္ဌာန (အောက်မြန်မာပြည်၊ ဆေးတက္ကသိုလ် - ၁၊ ရန်ကုန်)မှ ပညာ
ရှင် ရှစ်ဦးတို့က သုတေသနပြုထားသည်။


ထမင်းလိပ်တွင် ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများသန့်ရှင်းမူ အားနည်းခြင်း၊ ပြင်ဆင်ရာတွင် သန့်ရှင်းမူမ
ရှိခြင်းစသည့် အကြောင်းအရာများကြောင့် ပိုးများပါဝင်ပြီး သိုလှောင်ရောင်းချသည့်နေရာတွင် ပိုးမွှားများ မ
ပေါက်ဖွားစေရန် လုံလောက်သော အအေးဓာတ် မရှိခြင်းကလည်း ပိုးများပါဝင်မူ များပြားခြင်း၏ အကြောင်း
ရင်းများဖြစ်ကြောင်း သုတေသနပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးကပြောသည်။


သုတေသနတွင် အီးကိုလိုင်မျိုးစိတ်များ EAEC သည် ၄၀-ဒသမ ၆-ရာခိုင်နူန်း၊ EIEC သည် ၂၇-ရာခိုင်နူန်း၊
EPEC သည် ၂၅-ရာခိုင်နူန်း၊ EHEC သည် ၅-ရာခိုင်နူန်းနှင့် ETEC ၁-ဒသမ ၆-ရာခိုင်နူန်း အသီးသီး ပါဝင်
နေပြီး အခြား Staphylococcus aureus နှင့် Bacillus cereus ပိုးမွှားများလည်း ပါဝင်ကြောင်းသိရသည်။


ထမင်းလိပ်များတွင် ပိုးများပါဝင်မူ နည်းပါးစေရန် သန့်ရှင်းမူကို အလေးပေးခြင်းနှင့် လုံလောက်သော အ
အေးပေးစနစ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။


အီးကိုလိုင်ရောဂါပိုးသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက ၀မ်းလျှောခြင်း၊ အန်ခြင်းအပြင် အသက်ပါ
သေဆုံးစေသည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်ဆရာဝန်များက
လည်းသတိပေးပြောကြားထားသည်။


ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News Jorunal) Vol.11, No.1. MARCH 8,2012
စာရေးသူကတော့ ♣☺တောသူမလေး☺♣ ဖြစ်ပါတယ်. အချိန်က 10:09 PM

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မိခင်တစ်ယောက်ရဲ့ သမီးအတွက်ကြီးမားလှတဲ့ မေတ္တာတရား

Singer Whitney Houston
Source Photo from http://www.google.com/images

Houston ၏ သေဆုံးမှုမှာ

မတော်တဆဖြစ်ရပ်သာဖြစ်ဟုကြေငြာပြီ


Wed, 02/29/2012

ဂရမ်မီ ဆုပေးပွဲ မတိုင်မီ တစ်ရက် အလိုက ဟောလီးဝုဒ် ဟိုတယ် ရေချိုးကန် အတွင်း သေဆုံးခဲ့ ရသည့်
အဆိုရှင်Whitney Houston၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မတော်တဆ ဖြစ်ရပ်တစ်ခု အဖြစ်တရားဝင်
ကြေငြာတော့မည်ဖြစ်သည်ဟု E! News သတင်းတွင်ဖော်ပြခဲ့သည်။

ဆုံးဖြတ်ချက်မှာ သူမ၏ မိသားစု တင်ကြိုမျှော်လင့်ထားသည့် အချက်လည်း ဖြစ်ပြီး သူမသေဆုံးခဲ့သည့်
ဖေဖော်ဝါရီလ၁၁ ရက်နေ့က တာဝန်ရှိသူများမှ ထုတ်ပြန်ရန်ရွှေ့ဆိုင်းခဲ့မှုမှာလည်း ယခုအဖြေထွက်တော့
မည် ဖြစ်သည်။

ယခုလို အဖြေကို ရရှိရန် အတွက် တာဝန်ရှိ သူများမှာ စစ်ဆေးမှု မှတ်ချက်ကို စောင့်မျှော် နေကြခြင်း ဖြစ်ကာ
သတင်းပေးတစ်ဦးမှ E! News သို့ပြောရာတွင် သူမ၏ ခန္ဓာကိုယ်တွင် သံသယဖြစ်ဖွယ်ရာ ဖြစ်ရပ်များလည်း
မတွေ့ခဲ့ရကြောင်းပြောကြားသွားခဲ့သည်။

source :E! News


Singer Whitney Houston and daughter Bobbi
Source Photo from http://abcnews.go.com

Whitney Houston ၏ အမွေပစ္စည်းများ

သမီးဖြစ်သူသို့ အလုံးစုံပေးအပ်ခဲ့

Thu, 03/08/2012

သေဆုံး သွားခဲ့ပြီး ဖြစ်သည့် ဂန္တဝင် တေးဆိုရှင် Whitney Houston ၏ သမီးငယ် ဖြစ်သူ အသက် ၁၉ နှစ်
အရွယ်Bobbi Kristina Brown မှာ သူမမိခင်ပိုင်ဆိုင်ထားသည့် အမွေဥစ္စာအားလုံးကို အမွေရရှိသွားခဲ့ပြီ
ဖြစ်သည်။

ယခုလို Houston ၏ ဆန္ဒကို ဗုဒ္ဓဟူးနေ့ကပေါ်ထွက်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ ပစ္စည်းပိုင်ဆိုင်ခွင့်များတွင်
မည်၍မည်မျှဟု ကန့်သတ်ထားခဲ့ခြင်း မရှိကြောင်းလည်းဖော်ပြခဲ့သည်။

ယင်းသို့ မဖော်ပြ ထားသဖြင့် သူမ၏ပိုင်ဆိုင်ပစ္စည်းများအားလုံး၊ အဝတ်အထည်များအားလုံး၊ လက်ဝတ်ရတနာ
များအားလုံးနှင့် မော်တော်ကားများကို ကျန်ရှိသည့် တစ်ဦးထဲသော သမီးဖြစ်သူအား ပေးစေရန်ဆန္ဒပြုခဲ့ကြောင်း
သိရသည်။

ယခုလို ဆန္ဒပြုမှုကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က Bobbi Kristina Brown ကို
မမွေးဖွားမီအတွင်း ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုလိုဆုံးဖြတ်ချက်နှင့်အတူ Houston ၏ ငွေကြေးများကို Bobbi Kristina Brown အသက်၂၁နှစ်ပြည့်သည့်
အချိန်တွင် လက်ခံရရှိမည်ဖြစ်ပြီး ၂၅ နှစ်အရွယ်တွင် နောက်ထပ်အပိုဆောင်းငွေကြေးများကို လက်ခံ ရရှိမည်
ဖြစ်ကာအသက် ၃၀တွင် ကျန်ရှိသည့်ပိုင်ဆိုင်မှုများကို ရရှိမည်လည်းဖြစ်ကြောင်း AP သတင်းတွင်ဖော်ပြခဲ့
သည်။

source : AP
Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

J.K. Rowling ၏ Pottermore ဝက်ဆိုက် လာမည့် ဧပြီတွင် လွှင့်တင်မည်

JK Rowling wants her books removed from Scribd.com
Photo: Jonathan Lodge

J.K. Rowling ၏ Pottermore ဝက်ဆိုက်

လာမည့် ဧပြီတွင် လွှင့်တင်မည်


Fri, 03/09/2012

ဟယ်ရီ ပေါ်တာ ဝတ္ထုများဖြင့် အရောင်းရဆုံး ဝတ္ထုရေးဆရာ ဖြစ်လာသူ J.K. Rowling မှာ သူမ၏ပရိသတ်များ
အတွက် ဟယ်ရီပေါ်တာကို ခြေရာခံနိုင်မည့် ဝက်ဆိုက်တစ်ခုကိုလွှင့်တင်တော့မည် ဖြစ်ကာ ယင်းဆိုက်မှတဆင့် ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းများနှင့် E book များကို ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဧပြီလတွင်စတင် လွှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

ယခုဆိုက်ကိုဖန်တီးသူမှာ စမ်းသပ်သည့်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး မကြာမီကာလအတွင်းတွင် Pottermore
ဆိုဒ်သို့ ပရိတ်သတ်များအနေဖြင့် ဝင်ရောက်နိုင်တော့မည်ဖြစ်သည်။

ယခုဆိုက်ကို လွန်ခဲ့သည့်အောက်တိုဘာလက အပြီးသတ်နိုင်ရန်လျာထားသော်လည်း အကြောင်းအမျိုးမျိုး
ကြောင့်နောက်ကျခဲ့ရပြီး ယခုမှသာဖွင့်လှစ်နိုင်မည့်ရက်ကို ကြေငြာလိုက်နိုင်ခြင်းလည်းဖြစ်သည်။

ယခုဆိုက်ကို ဖန်တီးသူ၏အပြောအရ ဟယ်ရီပေါ်တာနှစ်သက်သူ ပရိသတ်သန်းပေါင်းများစွာအနေဖြင့်
ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

source : reuters

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အင်းလေးကန်ထိန်းသိမ်းရေး စစ်တမ်းကောက်ယူလျက်ရှိ

အင်းလေးကန်(2009)
Source Photo from http://www.google.com/images

အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရန်

ကနဦး ကိန်းဂဏန်း အချက်အလက်များ

စစ်တမ်းကောက်ယူလျက်ရှိ

Thursday, 08 March 2012

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကနဦးကိန်းဂဏန်း အချက်အလက်များကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း သိရသည်။

UNDP အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ကနဦးစာရင်းကောက်ယူရေးအဖွဲ့အား စေလွှတ်ကာ ဒေသနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ကောက်ခံလျက်ရှိကာ မတ်လတတိယပတ်ခန့်တွင် စီမံချက်လုပ်ငန်းများ စတင်နိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

''အင်းလေးကန်ကို တကယ်ထိန်းသိမ်းနိုင်ဖို့ဆိုရင် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းကို အရေးပါပါတယ်။ ဘယ်အချက်တွေက ထိခိုက်စေတယ်။ ဘယ်လိုနေထိုင်သင့်တယ် စတာတွေကို ဒေသခံတွေကို ပို့ချပေးမယ်။ အန်ဂျီအိုတွေက အစပြုပေးထားမယ်။ ဒေသခံတွေက ရေရှည်ထိန်းသိမ်းရမှာဖြစ်ပါတယ်''ဟုလည်း UNDP မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကတိမတည်တဲ့ပြည့်တန်ဆာမ,ရဲ့လင် မဖြစ်စေနဲ့

KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ကရင်အမျိုးသားအခန်းအနားတခုတွင် မိန့်ခွန်းမြွက်ကြားနေစဉ်

ကတိမတည်တဲ့ပြည့်တန်ဆာမ,ရဲ့လင် မဖြစ်စေနဲ့

(မင်းစိုးစံ)
March 8,2012 Thursday

ကျုပ်တို့ရဲ့ KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကိုလာမယ့် အင်္ဂါနေ့မှာ စီရင်ချက်ချမယ်ဆိုတာ သတင်းတွေကပြော
နေကြပါတယ်၊ ကျနော်တို့ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်နဲ့ပတ်သက်ပြီး kmessenger က ဘယ်လမ်းရွေးမလဲဆိုတဲ့
သူ့ဆောင်းပါးမှာ အခုလိုရေးထားတာကို ဖတ်လိုက်ရပါတယ်။

ပဒိုမန်းငြိမ်းမောင်တစ်ယောက် သေဒဏ် သို့မဟုတ် တသက်တစ်ကျွန်း ပြစ်ဒဏ်များကျခံရသော် လက်ရှိကျနော်တို့
ကေအင်ယူခေါင်းဆောင်များ ကြံ့ဖွံ့အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးအုန်းမည်လော။
သို့တည်းမဟုတ် လက်မှတ်မထိုးပဲ ကျနော်တို့ အဖိနှိပ်ခံကရင်ထုတရပ်လုံးဂုဏ်သိက္ခာကိုဆက်ထိန်းမည်လော။ ဘယ်လမ်းကိုရွေးကြမလဲ။

သူများပေးတဲ့ကံ ကြမ္မာကို လိုက်မသွားပဲနဲ့ကိုယ့်ကံကြမ္မာနဲ့ကိုယ်ဖန်တီး နိုင်တဲ့ ထာဝရစစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံ
မဟုတ်တဲ့ ငြိမ်းချမ်းရေးမျိုးရွေးချယ်နိုင်ကြပါစေဖြင့် …မျှော်လင့်ရင်း…..။

သူ့ရေးထားတဲ့အကြောင်းအရာအပြည့်အစုံကို ဖတ်ချင်လျင်ဖြင့် အောက်ကလိပ်စာအတိုင်းသွားရောက်လေ့လာဖတ်ရှုနိုင်
ပါတယ်။
http://www.kmessenger2012.info/2012/03/blog-post_08.html

တရားမဝင်အသင်းအဖွဲ့ဆက်သွယ်မှုအရ ထောင်ဒဏ်၃နှစ် ကျခံရစတမ်းဆိုလျင်တရားဥပဒေအထက်မှာဘယ်
သူမျှမရှိစေရ ဆိုတဲ့ဆောင်ပုဒ်ကို တကယ်အသိအမှတ်ပြုလက်ခံတယ်ဆိုလျင် KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး
နေတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းရဲ့အဖွဲ့က ဦးချစ်ကိုကိုဟာ KNU နဲ့ထပ်တွေ့ဖို့ရှိနေတာကိုထောက်လျင် KIO နဲ့ရွှေလီမှာဆွေးနွေးနေတာကို ထောက်လျင် တကယ်လို့များ ကျုပ်တို့ရဲ့ KNUခေါင်းဆောင်ကို ဖေါ်ပြတဲ့ဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုလျင်သူတို့အားလုံးတယောက်မကျန် (သမ္မတကြီး ဦးသိန်းစိန်အစိုးရတဖွဲ့လုံး) ကိုအ ရေးယူရမှာ
ဖြစ်ပါတယ်။

ကျုပ်တို့ KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မနဲ့ အရေးယူစတမ်းဆိုလျင်ဦးနေ၀င်းလက်
ထက်ကနေ တိုင်းပြည်အာဏာကိုသိမ်းခဲ့တဲ့ စစ်အာဏာရှင်အဖွဲ့များအပြင် အခုလက်ရှိတိုင်းပြည်ကို ကနေ့မတရားအုပ်
ချုပ်သူအား လုံး(သမ္မတကြီး ဦးသိန်းစိန် အစိုးရတဖွဲ့လုံး) နဲ့ ဒီအစိုးရမတိုင်မှီ အုပ်စိုးခဲ့တဲ့စစ်အာဏာ ရှင်အဆက်ဆက် အားလုံးတစ်ယောက်မကျန် သေဒါဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ကျခံစေရမှာဖြစ်ပါ တယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် အပေါင်းလက္ခဏာမဆောင်ပဲ အနှုတ်လက္ခဏာဖြစ်တဲ့အတွက်အပေါင်းလက္ခဏာဖြစ်စေဘို့
စေတနာတကယ်ရှိတယ်ဆိုလျင်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တိုင်းရင်းသားများအားလုံးတန်းတူရေးအတွက်
စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာမှန်ကန်တယ်ဆိုလျင် ဒီမိုကရေစီစနစ်ကို
အမှန်တကယ်လျှောက်လှမ်းပြီး နောက်ပြန်မလှည့်သလိုနောက်ပြန်ဆုတ်မှာမဟုတ်ဘူးဆိုလျင် ကျုပ်တို့ KNU ခေါင်း
ဆောင် ပဒိုမန်းငြိမ်းမောင်အပါအ၀င် မတရားသဖြင့် ဖမ်းဆီးထောင်ချခံနေရတဲ့သူတွေနဲ့တကွ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ ဆက်စပ်ဖမ်းဆီးထိန်းသိမ်း အကျဉ်းကျခံနေကြရသူများအပြင် နိုင်ငံရေးယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘူးဆိုလျင်တော့ ဗမာစစ်အစိုးရကိုယုံကြည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတာဟာ ကတိမတည်တဲ့ ပြည့်
တန် ဆာမကို အိမ်သူသက်ထားဇနီးမယားအဖြစ် တသက်လုံးပေါင်းသင်းဘို့ကြိုးစားနေတဲ့ သတို့သားအဖြစ်ထက် ပိုမို
ဆိုးရွားယုတ်လျော့ဘို့သာရှိကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ရှေ့နေကြီး ဦးကြီးမြင့်နှင့် RFA ဆက်သွယ်မေးမြန်းချက်


March 8, 2012 Thursday Evening
Source NEWS Audio from http://www.rfanews.org/burmese

ရှေ့နေကြီး ဦးကြီးမြင့်နှင့် DVB ဆက်သွယ်မေးမြန်းချက်


March 8, 2012 Thursday Evening
Source NEWS Audio from http://www.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး

ကချင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားတဦး

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ

သဘောတူညီချက် မရသေး
2012-03-09

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးကြရာမှာ ကေအိုင်အိုက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စားလှယ်ဘက်က လက်မခံသေးတဲ့အတွက် ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။

ဒုတိယနေ့ ဆွေးနွေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တပ်တွေ ဘယ်လိုလုပ်ပြီး ရှင်းလင်းမလဲ ဆိုတာကို အဓိက ဆွေးနွေးကြကြောင်း၊ မနက်ဖြန် မနက် ၉ နာရီမှာ ပြန်လည်စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဆင့် ၃ ဆင့်ကို လက်ခံရေး၊ တပ်တွေကို ရှင်းလင်းထားရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ရှေ့မှာ လက်မှတ်ထိုးရေးဆိုတဲ့ အချက် ၃ ချက် KIA က တင်ထားကြောင်း ပြောပါတယ်။

ကေအိုင်အိုအနေနဲ့ အစိုးရဘက်က လိုချင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူဖို့ကို လက်မခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက် ရှင်းပြပါတယ်။

“Road Map ၇ ချက်ကို ကျွန်တော်တို့ ကေအိုင်အိုက အများကြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခွင့် မရဘဲနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ ဒီအခါမှာလည်း ကျွန်တော်တို့က အပစ်အခတ်ရပ်စဲပြီးမှပဲ နောက်ကိစ္စတွေ ဆွေးနွေးရအောင် ဆိုတာက အရင်အတွေ့အကြုံအရ လက်ခံဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ လိုချင်တာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဟာ တစ်ပြိုင်တည်း ဖြစ်သွားရမယ်။ အဓိကတော့ နိုင်ငံရေး ဆွေးနွေးတယ်ဆိုရင် အပစ်ခတ်တွေက သူ့ဟာနဲ့သူ လျော့ပါးသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောတာက နိုင်ငံရေးဆွေးနွေးမှု လုပ်ဖို့အတွက် တစ်ခါတည်း လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့အခါမှာ ခုနပြောသလို အချက် ၃ချက်အောက်မှာ ထိုးမယ်”

တခြားရှမ်းနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အစိုးရက စာချုပ်ချုပ်ထားတာဟာ နောက်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာ မဟုတ်တာကြောင့် ခိုင်ခိုင်မာမာဖြစ်အောင် လက်မှတ်ထိုးချင်တယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ကေအိုင်အိုနဲ့ မြန်မာအစိုးရဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ၁၇ နှစ်အကြာ ၂၀၁၁ ခု ဇွန်လမှာ အစိုးရတပ်တွေက ကေအိုင်အိုကို စတင်တိုက်ခိုက်ရာကနေ စစ်ရေးအရ အခုအချိန်အထိ တင်းမာနေတာဖြစ်ပါတယ်။

အတုယူစရာ သင်္ခန်းစာယူစရာ အလွန်ကောင်းတဲ့ ကချင်ဗိုလ်မှူးချုပ် ဂွမ်မော်ရဲ့ ပြောကြားချက်တွေပါ


March 9, 2012 Friday Evening
Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....