+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Wednesday, December 21, 2011

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး


အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး 


၁-သစ်တော်သီး
ဆေးလိပ်သောက်သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-လုံးစားပါ။

၂- ဆီးသီး
အရက်သောက်သူတွေနဲ့ညဉ့်လုံးပေါက်အိပ်ရေပျက်ခံရသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့ ၃-၄လုံးစားပါ

၃-သလဲသီး
သုက်ရည်ဂလင်းအတွက်အကျိုးရှိလို့၊ သလဲသီးရည်ခဏခဏသောက်ပါ

၎-လိမ္မော်သီး
ဗောက်တွေရှိလို့၊စိတ်ညစ်နေသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့တစ်လုံးစားပါ

၅-ကိဝီသီး
မျက်လုံးနဲ့အသည်းအတွက်အကျိုးရှိလို့၊မကြာခဏစားပါ

၆-ပန်းသီး
သွားသန့်ရှင်းရေးအတွက်အကျိုးရှိလို့၊ တစ်နေ့တစ်လုံးစားပါ

၇-ဖရဲသီး
စိတ်တင်းကျပ်မှုဖိအားများစွာခံနေသူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-ခါစားပါ

၈-ချယ်ရီသီး
ကျန်းမာရေးလေ့ကျင့်ခန်းကိုအကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်
ဂရမ်-၁၀၀ စားပါ

Credit http://myanmar.cri.cn

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အကောင်းဆုံး ထမင်းချက်နည်း


အကောင်းဆုံး ထမင်းချက်နည်း

အကောင်းဆုံး ထမင်းချက်နည်းဟာ ဆင့်ထဲမှာ ဘုံပိုင်ထဲက ဘုံပိုင်ရေ ကို မထည့်ဘဲ ရေနွေးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုံပိုင်ရေထဲမှာ များသောအားဖြင့် ကလိုရင်းဓါတ်ငွေ့ ပါဝင်လို့ ထမင်းချက်တဲ့အခါ ဆန်ထဲမှာ ပါတဲ့ ဗီတာမင် ဘီ-၁ ကို ပျက်ပြယ်စေတတ်တယ်။

ရေနွေးနဲ့ထမင်းကိုချက်တယ်ဆိုရင်တော့ ဗီတာမင် ဘီ-၁ကို ထိန်းသိမ်း ထားနိုင်ပါတယ်။ တကယ်လို့ ထမင်းသိုးသွားရင် ထမင်းပေါ်မှာ ပေါင်နမုန့်ဘေးသား တစ်ချပ်ကို ထည့်လိုက်ပါ။

ထမင်းအိုးကို စလောင်းဖုံးနဲ့ ၅-မိနစ်လောက် ဖုံးထားပါ၊ ၅-မိနစ်ပြီးတော့ ပေါင်မုန့်ရဲ့ဘေးသားဟာ အဲဒိသိုးနံ့ကို စုပ်ယူသွာ်းပါလိမ့်မယ်။


ရေသောက်တဲ့အခါ သတိပြုပါ

နံနက် စောစောအိပ်ရာထပြီးတော့ ရေ တစ်ခွက်ကို အရင်သောက်လိုက်ပါ၊
အဲဒါဟာ ကျောက်တည်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နေ့စဉ် ရေ အနည်းဆုံး ၈-ခွက်သောက်သင့်တယ်။
နေ့စဉ် ရေ ၁၀-ခွက်သောက်ရင် ဆီးအိမ်ကင်ဆာဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်တယ်။
နေ့ခင်းမှာ ရေများများသောက်ပြီး ညမှာတော့ ရေနည်းနည်းသောက်ပါ။

ညအချိန်မှာတော့ ရေနွေးကြမ်းကို မသောက်သင့်ပါဘူး။
ဖျားနာတဲ့အခါမှာလည်း ရေနွေးကြမ်း မသောက်သင့်ပါဘူး။
အစာအိမ်ရောင်နာရောဂါသည်တွေက ရေနွေးကြမ်း မသောက်သင့်ဘူး။
အမျိုးသမီးများ မီးယပ်လာချိန်မှာလည်း ရေနွေးကြမ်း မသောက်သင့်ဘူးတဲ့။
ဘာမှမစားဘဲနဲ့ ရေနွေးကြမ်း မသောက်သင့်ပါဘူး။

Copy from http://myanmar.cri.cn

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, May 6, 2011

ယှဉ်ကြည့်လိုက်တော့

ကျုပ်လည်း ဒီနေု့ဟိုအိမ်ဝင်လိုက် ဒီအိမ်ဝင်လိုက်နဲ့ လည်ပစ်လိုက်တာ အိမ်တအိမ်ရောက်တော့ အင်ဒိုနီးရှားက နေ ဦးသိန်းစိန်ရုတ်တရက်ပျောက်သွားတယ်တဲ့ အဲဒါဘယ်ကိုရောက်သွားတယ်ဆိုတာ မသိလို့တဲ့။
မေးသလိုလို ဘာလိုလိုနဲ့ စင်္ကာပူကိုရောက်နေတယ်ဆိုပြီး ပြန်ဖြေသွားတယ်။

ကျုပ်အထင် စင်္ကာပူက သိန်းစိန်ပန်းကို သွားကြည့်နေတယ်မှတ်နေတာ အန်မယ် ဆရာသမားက ဖိနပ်တိုက်နေတယ်ဆိုပဲ။
အဲဒါ အဲဒီအိမ်ကအိမ်ရှင်ကိုတောင်ခွင့်မတောင်းပဲ သူပြထားတဲ့ဓါတ်ပုံကိုယူလာ ပြီး ............။
ယှဉ်ကြည့်လိုက်တော့ …….ယှဉ်ကြည့်လိုက်တော့……။




Source Photo from http://www.burmastrangenews.com
Source Audio fromhttp://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကွန်ဖြူးရှပ်၏ အဆိုအမိန့်

တရုတ်နိုင်ငံ၏ မြို့တော်အလယ် ဗဟိုရှိ တိန့်အန်မင်ရင်ပြင်မှ ကွန်ဖြူးရှပ် ရုပ်တု
Source Photo from http://www.google.com/images

ကွန်ဖြူးရှပ်၏ အဆိုအမိန့်များ

Posted by ချစ်ခင်လင်း
Saturday, May 29, 2010



ကွန်ဖြူးရှပ်၏ ခံယူချက်သည် အလွန်တည်ငြိမ်သည့်အပြင် သူ၏အတွင်းစိတ်မှာလည်း အလွန်တည်ကြည်
သည်။ ဒါတွေသည် သူ၏ ယုံကြည်ချက်ခိုင်မာမူကြောင့်ပင်ဖြစ်သည်။


တစ်ချိန်က ဇီဂေါင်အမည်ရှိတပည့်တစ်ယောက်က သူအား တိုင်းနိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းသော အနေ
အထားမှာရှိနေဖို့ ဘယ်လိုအခြေအနေတွေနှင့်ပြည့်စုံဖို့လိုအပ်ပါသလဲဟု မေးခွန်းထုတ်ပါလေ၏။ ကွန်ဖြူးရှပ်၏ အဖြေမှာ အလွန်တရာပင် ရိုးရှင်းပါသည်။ တိုင်းပြည်တစ်ခု အထက်ပါအခြေအနေမှာရှိနေဖို့
အောက်ပါလိုအပ်ချက်သုံးခုနှင့် ပြည့်စုံနေရမည်ဟူ၍ ဖြစ်သည်။ထိုအရာတွေမှာ ထိုက်သင့်တဲ့လက်နက်အင်
အား၊ ထိုက်သင့်လုံလောက်တဲ့အစားအစာ၊ နောက်ဆုံးတစ်ခုကတော့ အများပြည်သူတွေရဲ့တိုင်းပြည်အပေါ်
မှာထားတဲ့ ယုံကြည်မူတွေပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


ပထဆုံးအနေနဲ့ တိုင်းပြည်တစ်ပြည်ဟာ စစ်လက်နက်ကာကွယ်ရေးပစ္စည်းတွေမှာ တောင့်တင်းခိုင်မာရမယ်လို့ ဆိုခဲ့ပါတယ်။ မိမိရဲ့အချူပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ရမယ်။


ဒုတိယအနေနဲ့ စားဝတ်နေရးဖူလုံရမယ်လို့ဆိုပါတယ်။ သို့မှသာ ပြည်သူတွေဟာ ကောင်းမွန်စွာ
စားသောက်နေထိုင်နိုင်မှာဖြစ်ပါတယ်။


တတိယအနေနဲ့ ပြည်သူတွေဟာ သူတို့ရဲ့တိုင်းပြည်အပေါ်မှာ ယုံကြည်မူရှိရမယ်လို့ ဆိုပါတယ်။


အထက်ပါမေးခွန်းကိုမေးသော တပည့်သည် အလွန်ကတ်သီးကတ်သတ်နိုင်သော တပည့်လည်းဖြစ်ပါ
တယ်။ သူကတဖန် အကယ်၍ သုံးခုထဲက တစ်ခုကို စွန့်လွှတ်ရမယ်ဆိုရင် ဘယ်အရာကို ဆရာအရင်
စွန့်ပစ်မလဲလို့မေးပြန်ပါတယ်။


ထိုအခါကွန်ဖြူးရှပ်ကို အောက်ပါအတိုင်းဖြေပါတယ်။ နိုင်ငံကာကွယ်ရေးကို တို့အရင်ဆုံးစွန့်ပစ်ကြတာ
ပေါ့လို့ ဆိုပါတယ်။


တစ်ဖန် နောက်ထပ်တစ်ခုကို စွန့်ပစ်မယ်ဆိုရင်ကောဆိုရင်ကောဆရာလို့ ဆိုပါတယ်။


ကွန်ဖြူးရှပ်က အောက်ပါအတိုင်း တည်ကြည်လေးနက်စွာ ဆိုပါတယ်။ အစားမစားဘဲနေကြတာပေါ့။
တို့အစားမစားဘဲ နေနိုင်ကြရမယ်။


သူကဆက်ပြီး “ သေခြင်းဆိုတာ အချိန်ရယ်လို့စဖြစ်လာကတည်းက တို့နဲ့အတူတွဲပါလာတာပဲ။ ယုံကြည်
မူဆိုတာမရှိရင် တို့တတွေရပ်တည်နေနိုင်ဖို့မလွယ်လှဘူးလို့” ဆိုပါတယ်။


အားလုံးထဲမှာ အဆိုးဆုံးဟာ တိုင်းပြည်တစ်ခုရဲ့ ပြည်သူပြည်သားတွေဟာ သူတို့ရဲ့နိုင်ငံသားဖြစ်မူကို
စွန့်လွတ်တဲ့အခါမှာ တွေ့ကြုံရတဲ့ ဖရိုဖရဲဖြစ်မူနဲ့ ပြိုကျပျက်ဆီးမူဖြစ်တယ် လို့ ကွန်ဖြူးရှပ်က ယူဆပါတယ်။


အထက်ပါအခြင်းအရာကို သုံးသပ်ခြင်းအားဖြင့် ကွန်ဖြူးရှပ်၏ အစိုးရတရပ်နှင့်ပတ်သက်သော အမြင်ကို
သိနိုင်ပါတယ်။တိုင်းပြည်အပေါ်မှာ ယုံကြည်မူထားခြင်းသာ တိုင်းပြည်ကို ကြွယ်ဝတိုးတက်မူဆီသို့ဦးတည်
နိုင်တယ်လို့ ကွန်ဖြူးရှပ်က ခိုင်ခိုင်မာမာယုံကြည်ပါတယ်။

Source from http://chitkhinlin.blogspot.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပျက်စီးကြောင်း (၂၄)ပါး


ပရာဘဝသုတ်တော်
Tuesday, 12 October 2010

ပရာဘဝသုတ်လာ ပျက်စီးကြောင်း (၂၄)ပါး

ဘုရားရှင်သည် ပရာဘဝသုတ်တော်၌လည်း ပျက်စီးကြောင်း တရားတို့ကို ဟောထားတော်မူသည်။ အချက် အလက် ၂၄ မျိုးရှိသည်။ ဂါထာအားဖြင့် ၁၂ ပုဒ်ရှိသည်။ ပျက်စီး ဟူရာတွင် စီးပွားပျက်ရုံမက ဘဝပါပျက်စီး စေနိုင်သော အကြောင်းတရား များဖြစ်သည်။ အသိဥာဏ်မရှိသူသည် ပျက်စီးတတ်သည်။

လူမှာ အရေးအကြီး ဆုံးသည် အသိဥာဏ်၊ သို့မဟုတ် အသိစိတ်ဓာတ် ၊ အသိတရား ပင်ဖြစ်သည်။ စီးပွားရေးလည်း သိတတ်ရမည်။ လူမှုရေးလည်း သိတတ်ရမည်။

အသိတရားဟူသည် လွန်စွာကျယ်ပြန့်သည်။ မိဘအပေါ် သိတတ်ရသည်။ ဆရာသမားအပေါ် သိတတ်ရသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းအပေါ် သိတတ် ရသည်။ သူ့ဖို့၊ ကိုယ့်ဖို့ မျှ၍ သိတတ်ရသည်။
ရှေ့ရေး နောက်ရေး ထောက်ဆ သိတတ်ရသည်။ လူမှာ အသိတရား ရှိမှသာ ကြီးပွား တိုးတက်နိုင်မည်။ အသိတရား မရှိလျှင် ပျက်စီးဖို့သာ ရှိသည်။

သူယုတ်မာကို ချစ်ခင်ရင်းနှီး သံယောဇဉ်ကြီးလျှင် ပျက်စီးတတ်သည်။

သူတော်ကောင်းကို မချစ်ခင် မုန်းတီးလျှင် ပျက်စီးတတ်သည်။

မသူတော်တရားကို နှစ်သက်လျက် မသူတော်၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ကို သဘောကျ အတုယူ ကျင့်သုံးလျှင် ပျက်စီးတတ်သည်။

အအိပ် စုံမက်ခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ အအိပ်ကြီးခြင်း၊ ပွဲလမ်းသဘင် လိုက်စားခြင်း၊ အပျော်အပါး မက်ခြင်း၊
ထကြွလုံ့လမရှိခြင်း၊ ပျင်းရိ ထိုင်းမှိုင်းခြင်း၊ အပျင်းထူခြင်း၊ အပျင်းကြီးခြင်း၊ အမျက်ဒေါသကြီးခြင်း၊ အာဃာတ ကြီးခြင်းတို့သည် ပျက်စီးရန် အကြောင်းတရားများဖြစ်သည်။

ဖအို မိအိုတို့ကို မပြုစု မစောင့်ရှောက်လျှင် ပျက်စီးတတ်သည်။

အလှူခံပုဂ္ဂိုလ်များ၊ သူတောင်းစားများကို ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားဝန်ခံထားပြီး လက်တွေ့မလှူဘဲ မဟုတ်မမှန် ပြောကြား၍ လိမ်လည်လှည့်ပတ်လျှင် ပျက်စီးတတ်သည်။

စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝ ပြည့်စုံပေါများသူ ဖြစ်ပါလျက် အလှူကိစ္စသတိမရ၊ မလှူဒါန်း မဝေငှဘဲ မိမိတို့သာ စားသောက်ပျော်ပါး ခံစားနေလျှင် ပျက်စီးတတ်သည်။

စီးပွားလာလျှင် အလှူအတန်း မပြတ်ပြုထားရသည်။ မပြုလျှင် စီးပွားပျက်တတ်သည်။

အမျိုးမာန်ခက်ထန်ခြင်း၊ အနွယ်မာန်ခက်ထန်ခြင်း၊ ဥစ္စာမာန်ခက်ထန်ခြင်း၊ ပညာမာန်၊ ရာထူးမာန် စသည်ခက်ထန်ခြင်း၊ မိမိဆွေမျိုးကို မထီမဲ့ပြုခြင်း ဤသဘောတရားတို့သည် ပျက်စီးကြောင်းများဖြစ်သည်။

မ, လိုက်စားခြင်း၊ အရားသမားဘွဲ့ထူးခံခြင်း၊ လောင်းကစားဝါသနာကြီးခြင်းတို့သည် ပျက်စီးကြောင်း တရားများ ဖြစ်သည်။

ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ မိမိအိမ်သူအပေါ် သစ္စာမစောင့်ခြင်းတို့သည် ပျက်စီးရာ ပျက်စီးကြောင်း တရားများဖြစ်သည်။

အသက်အရွယ်လွန်သူဖြစ်လျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုလျှင် ပျက်စီးတတ်သည်။

ဥစ္စာ စည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ အလိုရမ္မက်ကြီးခြင်း၊ ဥစ္စာစည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ မင်းအဖြစ် တောင်းတခြင်း တို့သည် ပျက်စီးကြောင်းများဖြစ်သည်။

လူချမ်းသာဖြစ်လိုလျှင် အမျိုးသား၊ အမျိုးသမီးသည် ဘုရားဟောသော အထက်ပါ ပျက်စီးကြောင်းတရားများကို ရှောင်ရှားနိုင်၍ လူ့စည်းစိမ်၊ လူ့ချမ်းသာကို ကြိုးစား၍ တည်ဆောက်နိုင်ရာသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
( Tuesday, 12 October 2010 00:18 )

အချက်အလက်၏တည်ရှိရာ မူလဇာတိ http://www.thitsarparami.org

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 22, 2011

တရားတော်နာကြားခြင်း



ကျုပ်နာနေတဲ့တရားပါ
မကျင့်ရသေးပါဘူး
အားမထုတ်ရသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ မမှတ်နိုင်သေးလို့ပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, November 20, 2010

သိမှတ်စရာလေးပါ

ဗမာစာ ဗမာစကားကို နှိုက်နှိုက်ချွတ်ချွတ် မဟုတ်တောင်မှ သိမှတ်စရာကောင်းတာလေးတွေ ဗဟုဿုတဖြစ်စရာလေးတွေကို တိကျတဲ့အထောက်အထားလေးတွေနဲ့ လေ့လာသုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။

ကရင်စာ ကရင်စကားကော ဒီအတိုင်းပဲ ထားကြတော့မှာလား?
ဒီအတိုင်းပဲ ပြောဆိုသုံးနှုံးကြတော့မှာလား?
ကရင်အမျိုးသားတွေလွတ်မြောက်မှ ဒါတွေကိုလုပ်ကြမှာလား?
ဘယ်နေရာတွေမှာ မသုံးသင့်မသုံးထိုက်တဲ့ စကားလုံးတွေကို သုံးနေကြတယ်ဆိုတာ သိကြပါရဲ့လား?

ထွင်ပါ မှီငြမ်းပါ ဒါပေမယ့် အရိုးပေါ်အရွက်ဖုံးတာမျိုးတော့ မဖြစ်သင့်တဲ့အတွက် အတတ်နိုင်ဆုံး ရှောင်ရှားပြီးတည်ထွင်သုံးစွဲ မှီငြမ်းကြစေလိုကြောင်းပါခင်ဗျား။



Source Audio from http://www.bbc.co.uk/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, November 18, 2010

ဗန်းကိုင်သူလေးနဲ့ တွေ့ဆုံခြင်း

ခေတ်တွေက ပြောင်းလာသလို အခေါ်အဝေါ်တွေကလည်း ဆန်းလာတယ်ဗျ။
ကျုပ်တို့ခေတ်တုန်းက ကွမ်းတောင်းကိုင် အခုတော့ ဗန်းကိုင် တဲ့။
ကဲဗျာ ခုခေတ် ဗမာပြည်က ကွမ်းတောင်းကိုင် ဟုတ်ပါဘူး ဗန်းကိုင် တယောက်အကြောင်း ပေဖူးလွှာမဂ္ဂဇင်း ထဲမှာတွေ့လို့ ကူးပြီးတင်ပေးလိုက်တယ်။
အကယ်ဒမီဗန်းကိုင် ဆိုလား။





ထူးခြားတဲ့သတင်းတခုတော့ရ,ထားတယ်။(ရထားမဟုတ်ပါ)
NCGUB အလံခိုးတဲ့ နအဖ ဗမာစစ်အစိုးရက ဒီနှစ်အကယ်ဒမီဆုပေးပွဲအတွက် ဗန်းကိုင် တွေရွေးပြီးလျင် ယတြာချေတဲ့အနေနဲ့ သူတို့အားလုံး စုပေါင်း ထုံးကိုင် မယ်ဆိုပဲ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အဆိုးလား အကောင်းလား

အဆိုးလား အကောင်းလား
(မင်းစိုးစံ)

ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ကောင်းမွန်ချောမွေ့လာသည့်အလျှောက် အကြောင်းအရာအစုံအလင် သတင်းအချက်အလက်စုဆောင်းရာ၌ များစွာအဆင်ပြေလွယ်ကူလာလေသည်။ အထူးသဖြင့် ယနေ့လူအ များစု အသုံးပြုနေသည့် အင်တာနက်ကွန်ယက်များသည် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်မဆိုင်း သ တင်းအချက်အလက်များ မြေပုံများ မိုးလေဝသ,အခြေအနေများ တရားဓမ္မများ ရုပ်ရှင်များ တေးသီချင်းများ စ သည်စသည်တို့ကို လိုအပ်သည့်အချိန်တွင် ရှာဖွေဖေါ်ထုတ် ကူးယူနိုင်သော နားဆင်ကြည့်ရှုနိုင်သော အနေအ ထားသည် အကျိုးကျေးဇူးများပြားစေသည်မှာ မုချပင်ဖြစ်၏။

ထိုသို့သောကောင်းကျိုးအဖုံဖုံကို ပြုနေသော အဆိုပါအင်တာနက်ကွန်ယက် ဆက်သွယ်ရေးလမ်းကြောင်းများ ၏ ဆိုးကျိုးများကို သိရှိလာရသည့်အခါ၌ စာရေးသူသည် များစွာစိုးရိမ်လာမိသည်။ပုဂ္ဂိုလ်ရေးအရ မိမိကိုယ်ရေး ကိုယ်တာ အချက်အလက်များကို တစိမ်းတရံစာမှ အလွယ်တကူသိရှိသွားစေခြင်းဟူသည့် အချက်သည်ကား လူမှုလွတ်လပ်ခွင့်ကို များစွာထိခိုက်နစ်နာဆုံးရှုံးစေသည်မှာ အမှန်ဧကန်ဖြစ်သောကြောင့်ဖြစ်သည်။
ယခင်က အင်တာနက်ကိုသုံးခြင်းဖြင့် လုံခြုံစိတ်ချရသည်ဟု အထင်ရှိခဲ့ပါသည်။ မိမိအနေဖြင့်မသိနားမလည်၍ အွန်လိုင်းပေါ်မှ ပစ္စည်းများဝယ်ယူခြင်း ငွေပေးချေခြင်း များပြုလုပ်ခြင်းဖြင့်လူမသိနိုင်ဟု ထင်မြင်ယူဆခဲ့ဘူးပါ ၏။ သို့သော်လူမသိကျားမကိုက် ဟူသောစကားပုံသည် ဤနေရာ၌အမှားကြီးမှား၍ အလွဲကြီးလွဲနေပေတော့ သည်။
အကြောင်းကား ဘီဘီစီမြန်မာပိုင်းဌာနမှ ထုတ်လွှင့်သည့်အစီအစဉ်တခုကို နားဆင်လိုက်သည့်အခါ အထင်နှင့် အမြင်သည် တက်တက်စင်အောင်လွဲနေသောကြောင့်ဖြစ်ပါ၏။

သို့ဖြစ်ပါ၍ စာရှုသူလူကြီးမင်းများ သတိရှိစေရန်ရည်ရွယ်၍ ဘီဘီစီမှ စီစဉ်တင်ပြချက်ကို ကူးယူတင်ပြလိုက်ရပါ သည်။ ထိုသို့ပြုလုပ်လိုက်ရခြင်းသည် လူကြီးမင်းတို့ထံမှ သွန်သင်လမ်းညွှန်မှုကို ရ,ယူလိုသောကြောင့်ဖြစ်ပါ၏။ စာရေးသူအနေဖြင့် သိရှိလိုသည်မှာ အင်တာနက်ကိုသုံးစွဲသည့်အတွက် မိမိ၏ကိုယ်ရေးကိုယ်တာ အကြောင်းအ ရာ အချက်အလက်များအား တစိမ်းတရံစာမသိရှိနိုင်စေရန် မည်သို့မည်ပုံပြုလုပ်ရမည်ဆိုသည့် အချက်ပင်ဖြစ်ပါ သည်။


Source Audio from http://www.bbc.co.uk/burmese

သို့သော် စာရေးသူသည် ပညာဂုဏ်၊ ဓနဂုဏ်၊ ရာထူးဂုဏ် ရှိသူတဦးမဟုတ်သည့်အပြင် အသက်အရွယ် ငယ် ရွယ်နုနယ်သူတဦး မဟုတ်သည်ကို သတိချပ်၍ အကြံပြုရေးသားစေလိုပါသည်။
ကျန်းမာချမ်းသာပါစေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 16, 2010

မြန်မာပြည်မှာ အဲဒါမျိုးတကယ်ရှိတယ်။ မြင်ဖူးတယ်။

မြန်မာပြည်မှာ အဲဒါမျိုးတကယ်ရှိတယ်။ မြင်ဖူးတယ်။

မိန်းမကို လောင်းကြေးအဖြစ်သတ်မှတ်၍ ဖဲရိုက်သူ

အိန္ဒိယနိုင်ငံ Uttar Pradesh မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဖဲရိုက်ပြီး ရှုံးတဲ့အတွက် အသက် ၃၂နှစ်အရွယ် သူ့ရဲ့ မိန်းမကို ပေးလိုက်တယ် လို့ အန္ဒိယပြည်သူ့ရဲ တစ်ယောက်က ပြောပြပါတယ်။ Baghpat ခရိုင်၊ Lucknow နှင့် ၄ဝဝ ကီလိုမီတာအကွာအဝေးမှာတည်ရှိတဲ့ Billauchpura ကျေးရွာမှာနေထိုင်တဲ့အမျိုးသမီးဟာ သူ့ယောက်ျားကို ဖဲနိုင်သွားတဲ့လူရဲ့ အိမ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ထိုရဲသားက ဆက်လက်ပြောပြပါတယ်။ သူမဟာ ကျွန်တော်တို့ဆီကို ကျန်ခဲ့တဲ့ အင်္ဂါနေ့က ရောက်ရှိလာခဲ့ပါတယ်။ Raheesu လို့ခေါ်တဲ့ သူမရဲ့ ယောက်ျားဟာ ဖဲဝိုင်းမှာ သူ့ရဲ့ပိုက်ဆံတွေ အကုန် ရှုံးပြီးတဲ့အချိန်မှာ နောက်ထပ် သူ့မိန်းမကို လောင်းကြေးအဖြစ် သတ်မှတ်ပြီး ဆက်ကစားပြီး ထပ်ရှုံးခဲ့တာကြောင့် သူ့မိန်းမကို နိုင်တဲ့လူ Feroz ရဲ့ အိမ်ကို လိုက်သွားခိုင်းလိုက်တာဖြစ်ပါတယ်။ အခုတော့ ဖဲရုံးသူ သူ Raheesu ရော ဖဲနိုင်သူ Feroz ကိုပါ ရဲများမှ ဖမ်းစီးထားလိုက်ပြီးလို့သိရပါတယ်။ ရဲအရာရှိတစ်ယောက်က ဒီကိစ္စက အလွန်တုန်လုပ်ဖို့ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ နောက်ကွယ်မှာ ဘယ်သူတွေ ပါရှိနေအုံးမလဲဆိုတာ ကျွန်တော်တို့ လိုက်လံစုံစမ်းနေပါတယ်လို့ ပြောပြပါတယ်။

သတင်းရင်းမြစ်
http://www.myanmarmysteriestour.co.cc

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, October 13, 2010

တခါတလေ ရယ်(ရီ)ကြစို့လား

တခါတလေ ရယ်(ရီ)ကြစို့လား

ဆန့်ကျင်ဘက်-၁

-မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပြီးရင်၊သူ့ယောကျာ်းပြောင်းလဲသွားမယ်လို့ မျှော်လင့်တယ်။
-ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးရင် သူ့မိန်းမဘယ်တော့မှ မပြောင်းလဲပါဘူးလို့ မျှော်လင့်ပေမယ့်၊ မိန်းမတွေကတော့ ပြောင်းလဲသွားတယ်။

ဆန့်ကျင်ဘက်-၂

- ယောကျာ်းတွေက သူတို့လိုအပ်ပြီဆိုရင် တစ်ရာတန်တဲ့ ပစ္စည်းကို နှစ်ရာပေးဝယ်တယ်။
- မိန်းမတွေကတော့ သူတို့မလိုအပ်လည်း နှစ်ရာတန်ပစ္စည်းကို တစ်ရာပေးပြီး ၀ယ်ချင်ဝယ်လိုက်တယ်။

ကွဲပြားချက်-၁

မိန်းမတွေဟာ သူတို့ လင်ယောကျာ်းရပြီးသည့်တိုင်အောင် အနာဂတ်နဲ့ပတ်သက်ပြီး အမြဲ ပူပန်လေ့ရှိတယ်။ ယောကျာ်းတွေကတော့ သူတို့ဇနီးမယား ရပြီးသည့်တိုင်အောင် အနာ ဂတ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ပူပန်စိုးရိမ်လေ့မရှိဘူး။

ကွာခြားချက်-၂

လူသားမျိုးနွယ်စုတွေ ဘယ်လိုစ ဖြစ်လာတာလဲလို့ ကလေးမလေးတစ်ဦးက သူ့မိခင်ကိုမေးတော့၊ သူ့မိခင်က အခုလိုဖြေပါတယ်။
“ဘုရားသခင်က အာဒမ်နဲ့ ဧဝကို ဖန်ဆင်းတယ်။ အာဒမ်နဲ့ ဧဝကနေ ကလေးတွေ အများကြီးရလာတယ်။ အဲဒီကနေစလို့ လူသားမျိုးနွယ်စုကြီး ပေါ်ပေါက်လာတာပဲ သမီး”
နှစ်ရက်အကြာမှာ ဒီမေးခွန်းကိုပဲ ကလေးမလေးက သူ့ဖခင်ကိုထပ်မေးပါတယ်။
“လူတွေဟာ မျောက်တွေကနေ အဆင့်ဆင့်ဖွံ့ဖြိုးမှု ဖြစ်စဉ်အရ ဖြစ်လာတယ်”လို့
သူ့ဖခင်ကဖြေတော့ ကလေးမလေး စိတ်ထဲရှုပ်ထွေးပြီး သူ့မိခင်ကို ဘယ်အဖြေမှန်လဲလို့ မေးခွန်းထုတ်ပါတော့တယ်။
“သမီးရေ၊ ဒီအဖြေက သိပ်ကိုရှင်းပါတယ်၊ မေမေက မေမေ့ရဲ့ မိသားစုဖြစ်ပေါ်လာပုံကို ပြောတာပါ။ သမီးအဖေလည်း သူ့မိသားစုဖြစ်ပေါ်လာပုံကို သူ့အခြေအနေ နောက်ခံနဲ့ပြောတာ ဖြစ်မှာပေါ့”


ကွာခြားချက်

အလယ်တန်းကျောင်းတစ်ကျောင်းမှာ ဥာဏ်စမ်းတဲ့အနေနဲ့ ဆရာက ကျောင်းသားတွေကို မေးခွန်းတချို့မေးပါတယ်။
ဆရာ။ ။ စက်မှုအင်ဂျင်နီယာနဲ့ မြို့ပြအင်ဂျင်နီယာတွေကြားမှာ ဘာကွာခြားချက်ရှိသလဲ။
`ကျောင်းသား။ ။ စက်မှုအင်ဂျင်နီယာတွေက လက်နက်တွေကို ထုတ်လုပ်ပြီး၊ မြို့ပြအင်ဂျင်နီယာတွေကကတော့ ပစ်မှတ်တွေကို တည်ဆောက်ပါတယ်။

http://www.ecovisionjournal.com ကနေ ကူးယူဖေါ်ပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 9, 2010

သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့


ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတိုင်း နိုင်ငံရေးလုပ်သင့်တာကို ထောက်ခံတဲ့အနေနဲ့
အထူးသဖြင့် နိုင်ငံရေး မလုပ်ရလို့ စစ်အာဏာရှင် အာဏာရူးခေါင်းဆောင်တွေက ဝါဒဖြန့် ချုပ်ချယ်ထားတာကို တန်ပြန်တဲ့အနေနဲ့
ဒီမေးလ်ကို ထပ်ဆင့် ဝေငှလိုက်ပါတယ်။
ထပ်ပြီး ဖြန့်ပေးကြဗျာ။
တပြည်လုံး သွားရင် အကောင်းဆုံးဘဲ။
လေးစားလျက်
လွင်အောင်စိုး

သူငယ်ချင်း -
မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ “နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။

ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။

လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။ ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင် အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့ ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။

ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊ အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့ ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊ လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။ သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက် ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊ မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။ တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့ မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 19, 2010

မိန်းကလေးတို့ရဲ့ အလှတရားနဲ့ တန်ဘိုး

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း" လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်တဲ့။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ပါဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို
ဆက်လုပ်သူ ဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းလေးတစ်ပွင့်ပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းလေး ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြပါဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးလည်း ဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းလေး ဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းလေးတစ်ပွင့်ရဲ့ ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုမိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမယ်၊ ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံးနဲ့ လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်ပါတယ်။ လင်းလက်တဲ့အပြုံးကိုလည်း တွေ့မြင်နိုင်ပါတယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ပါဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာလည်းမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို
ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာတော့ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်ကြတယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊
ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ စည်းစိမ်မချမ်းသာလို့
ကျွန်မတို့ သိမ်ငယ်နေစရာမလိုပါဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ကြပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူးနော်။
မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ လည်းမဆိုင်ပါဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လိုဖွယ် အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး ကြမ်းတမ်းယုတ်ညံ့သောစကားမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်ဆောင်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့တန်ဖိုးရှိရှိ လှလှပပ ရှင်သန်နေထိုင်သင့်ပါတယ်။
~~~~~~~~~~~~

မိန်းမသားများအားလုံး တန်ဖိုးရှိသော အလှတရားများနှင့်ပြည့်စုံ လှပနိုင်ကြပါစေ......

မူရင်းရေးသားသူ နိုင်းနိုင်းစနေ နှင့် လာရောက်ဖတ်ရှုအားပေးကြသူအပေါင်းအား အထူးပင်ကျေးဇူးတင်လျှက်.....

ခင်မင်လေးစားမှုများစွာဖြင့်-

ကဲကဲ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 10, 2010

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်


KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်



Copyright © 1998-2010 Radio Free Asia. All rights reserved.

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 4, 2010

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်

၁။ မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
၂။ သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။
၃။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။
၎။ ငါကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။
၅။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးလိုလားမည်။
၆။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ရွက်ဆောင်မည်။
၇။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်။
၈။ သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
၉။ ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
၁ဝ။ ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ်ရလိမ့်မည်။

စတုတ္ထစံကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပညာကြီးရင့်ကြောင်း ရှစ်ပါး

ပညာကြီးရင့်ကြောင်း ရှစ်ပါး

အသျှင်ဘုရားနာဂသေန ရှစ်ပါးသော အကြောင်းတို့ကြောင့် ပညာသည် ကြီးရင့်၏၊
ရင့်ကျက်ခြင်းသို့ ရောက်၏။

အဘယ်ရှစ်ပါးသော အကြောင်းတို့ကြောင့်နည်းဟူမူ-

၁။အရွယ်ကြီးရင့်သောကြောင့် ပညာသည် ကြီးရင့်၏၊
၂။ အခြံအရံ အကျော်အစောများသောကြောင့် ပညာသည် ကြီးရင့်၏၊
၃။ အဖန်ဖန် မေးမြန်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၎။ ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်သောကြောင့် ပညာသည် ကြီးရင့်၏၊
၅။ သင့်လျော်စွာ နှလုံးသွင်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၆။ တိုင်ပင်ဆွေးနွေးသောကြောင့် ပညာသည် ကြီးရင့်၏၊
၇။ ချစ်ခင်သူနှင့် ပေါင်းဖော်ရသောကြောင့် ပညာသည် ကြီးရင့်၏၊
၈။ သင့်လျော်သော အရပ်ဌာန၌ နေထိုင်ရသောကြောင့် ပညာသည် ကြီးရင့်၏၊

http://www.lknt.org မှ ကူးယူဖေါ်ပြသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 1, 2010

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်

၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။
ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ…
သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့
သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။
Last Updated on Friday, 25 June 2010 13:38

အဲဒီစာသားတွေကို http://www.ourmandalay.net ကနေ တိုက်ရိုက်ကူးယူထားတာပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, August 30, 2010

မော်စီတုံး၏ လေးစားဘွယ်ရာစကားတခွန်း



မော်စီတုံး၏ လေးစားဘွယ်ရာစကားတခွန်း
(ကိုဇော်)


မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်....။ ဒီအလေအလွင့်တွေ ကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ် နိုင်ငံသားတွေကို တင်ပြတယ်..။ အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်း တယ်..။

အဲဒီတုန်းက တရုတ်နိုင်ငံဟာ လူနေမှု အဆင့်အတန်း အရမ်းနိမ့်ကျနေပြီး စည်းကမ်းမရှိ ၊ အသိပညာမရှိ ၊ အတတ်ပညာ ချိုတဲ့နေတဲ့ အချိန်.. မော်စီတုန်းက ဒီလိုပြောပြတယ်..။

“ ဟုတ်ပြီ...ကျွန်တော်တို့ ဒီလိုစဉ်းစားရအောင်....။ ကျွန်တော်တို့ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုပါစို့...။ ထမင်းတစ်စေ့ဆိုတာ ဆန်တစ်စေ့ပဲပေါ့..။

ကျွန်တော်တို့အားလုံးဟာ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုရင် တရုတ်ပြည်မှာ လူဦးရေ ဘယ်နှစ်ယောက်ရှိလဲ...ပြော...။ လူဦးရေ...သန်း ၂၀၀၀ ရှိတယ်လေ..။ လူတစ်ယောက်က ထမင်းတစ်ခါစားတိုင်း ဆန်တစ်စေ့ ကျန်တယ်ဆိုရင် လူ သန်း ၂၀၀၀ အတွက် ဆန်အစေ့ ၂၀၀၀ ပေါ့..။ ဆန်အစေ့ ၂၀၀၀ ကို ပြန်တွက်ကြည့်ပါ..။ ဆန်ဘယ်နှစ်ပြည် ရမလဲလို့..။ ဒီရလာတဲ့ ဆန်ကို လူဘယ်နှစ်ယောက် ပြန်စားလို့ရမလဲ...။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ထမင်းစားရင် ထမင်းတွေ တစ်စေ့မကကျန်တာ မဟုတ်လား..။ နေ့စဉ် လူ ဘယ်နှစ်ယောက်ထမင်းစားနိုင်တဲ့ ဆန်တွေ ဘာလို့ အလေအလွင့်အဖြစ် လွှင့်ပစ်နေပါသလဲ..။

နောက်ထပ် ဆက်တွေးကြည့်ပါ..။ ကျွန်တော်တို့ လွှင့်ပစ်လိုက်တဲ့ ထမင်းတွေ မြေကြီးပေါ် ကျတယ်ဆိုရင် ပုရွက်ဆိတ်လာမယ်..။ ယင်ကောင်လာမယ်..။ ယင်ကောင်က တဆင့် လောက်တွေပေါက်မယ်..။ ယင်ကောင်နဲ့ ပုရွက်ဆိတ် ကိုစားတဲ့ အိမ်မြှောင် နဲ့ဖားက ပေါက်ပွားလာမယ်..။ ဒါနဲ့ အိမ်မြှောင် နဲ့ ဖားကိုစားတဲ့ မြွေ လို သတ္တ၀ါ တွေ ပိုပေါလာမယ်..။ ဒါဆို မြွေကိုစားတဲ့ မြွေပါ လို သတ္တ၀ါတွေ ထပ်ရောက်လာမယ်..။ နောက်.. နောက် ..... ဆက်တွေးကြည့်ပါ..။ ပြီးတော့ ရောဂါပိုးတွေ ပွားလာမယ်..။ ရောဂါတွေ ဖြစ်လာမယ်..။ ကပ်တွေဖြစ်လာမယ်..။

ဒါတွေ အားလုံးဟာ ဘယ်ကစလဲ..။ ဘာမဟုတ်တဲ့ ထမင်းစားရင် ပိုတဲ့ ထမင်းလုံးလေးတစ်လုံးက စတာ မဟုတ်ဘူးလား..။ ဒီ ထမင်းလုံးလေးကို ပါးစပ်ထဲထည့်လိုက်တာ နဲ့ အပြင်ကိုလွှင့်ပစ်တာ ပြဿနာက ဒီလောက် တောင်မှ ကွာပါတယ်..။ ဒါကြောင့် ထမင်းတွေ ပိုနေမယ်ထင်ရင် လျော့ချက်ပေါ့....။ နို့မို့ရင် နေလှန်း ထား ထမင်းခြောက် ပြန်ကြော်စားလို့ရတယ်လေ...။ ”

www.kozaw357.net မှကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 19, 2010

ကြိုက်ရာရွေးကြပေတော့



နိဗ္ဗာန်ဘုံကိုသွားမလား အပါယ်ကိုလားမလား

သပ္ပူရိသ သူတော်စင်အပေါင်းတို့


လူနတ်ချမ်းသာ လိုချင်ရှာ ပြုပါ ဒါန,သာ။
အနာရောဂါ ကင်းချင်ရှာ စောင့်ပါ သိလ,သာ။


စိတ်ဆင်းရဲတာ လွတ်ချင်ရှာ လုပ်ပါ သမထ,သာ။
နိဗ္ဗာန်ချမ်းသာ လိုချင်ရှာ ရှုပါဝိပဿနာ။


ထိုလေးမျိုးမှာ ဆွေသဟာ ကြိုက်ရာရွေးစမ်းပါ

ရောင်ဝါထွန်းလင်း နေ-လ မင်းလည်း
မှောင်ခြင်းနောက်ဆုံး ခန္ဒာပြုဉ်း၏။


လူ့ဘုံလောက သက်ရှင်ကြလည်း
သေခြင်းနောက်ဆုံး ခန္ဒာပြုဉ်း၏။


မာလာပွင့်ဖူး ရောင်စုံမြူးလည်း
မြေခ,နောက်ဆုံး ခန္ဒာပြုဉ်း၏။


ရူပါအလှ ဂုဏ်မာန,လည်း
လျှောကျနောက်ဆုံး ခန္ဒာပြုဉ်း၏။

ပြည်တွင်းမှရောက်လာသော စာရွက်ငယ်တခုမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, October 20, 2009

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)

1. I have no parents.
I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။
ငါဟာ ကောင်းကင်နဲ့မြေကြီးကို(သဘာဝတရားကို)မိဘသဖွယ်လုပ်ထားပါတယ်။

2. I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကိုအိမ်လုပ်ပြီးတော့နေပါတယ်။

3. I have no life or death.
I make the tides of breathing my life and death.
ငါ့မှာ မွေးဖွါးခြင်း သေဆုံးခြင်းမရှိပါဘူး။
ထွက်လေ၊ဝင်လေကိုပဲ မွေးဖွါးခြင်း သေဆုံးခြင်းလို့ သဘောထားပါတယ်။

4. I have no divine power.
I make honesty my divine power.
ငါ့မှာ တန်ခိုးမရှိပါဘူး။
ငါ့မှာ ရိုးသားမှုကို ငါ့ရဲ့တန်ခိုးအဖြစ်လုပ်ထားပါတယ်။

5. I have no friend.
I make my mind my friend.
ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းသင်းမရှိပါဘူး။
ငါဟာ ငါ့စိတ်ကိုမိတ်ဆွေအဖြစ် လုပ်ထားပါတယ်။

ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
1999- December.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....