+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Sunday, March 25, 2012

ကမ်းနားသစ်ပင်


ကမ်းနားသစ်ပင်

(လင်္ကာဒီပ)

မပွင့်မလင်း မရိုးရှင်းပါဘူး
မနူးမနပ်လေးလိုသဘောထား
လှည့်ဖျားကွေ့လိမ် မာယာအခင်းအကျင်း
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့်အချိုး
လာဘ်ထိုးလိုက်တဲ့ငြိမ်းချမ်းရေး
အသေးအမွှား ကလေးကစားစရာလိုပုံဖော်
အရော်အစား အဝယ်အရောင်းသဏ္ဍာန်
ကျွန်းပြန်ကြီးလည်း နယ်ရုပ်လေးဖြစ်ခဲ့ရပြီ။

ခေါင်းမာဂိုဏ်း ခေါင်းပျော့ဂိုဏ်း
ခေါင်းဒီဇိုင်းအစုံစုံ
ခေါင်းပုံဖြတ်ခဲ့ကြတာအတူတူပါ
တလွှာခြင်း တလွှာခြင်း သုံးသပ်ဆင်ခြင်
အဆိုးမြင်လွန်းခြင်းမဟုတ်ပါ
ထာဝရ အမြီးကောက်ခဲ့ကြသမို့
ကောင်းမြင်ဖို့ ခဲယဉ်းလှပါဘိလေ။

အမျိုးသားတန်းတူပါမှ
အကျိုးများကောင်းစွာ ဖွံ့ဖြိုးရှင်သန်နိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့
ရဲရင့်တဲ့ ဘဝအာမခံချက်ရှိပါမှ
ထာဝရငြိမ်းချမ်းရေးအလှ
သာယာဝပြောရှိရပေလိမ့်
ထိတ်လန့်စိုးရွံ့နေကြရတဲ့ဘဝ
မညီမျှလှတဲ့ လူနေမှုစနစ်
ကမ်းနာသစ်ပင်လို မရှင်သန်ချင်နေစမ်းပါနဲ့။

ဈေးဆစ်ရအောင်ကလည်း
ပွဲစားတွေရဲ့ကုန်ပစ္စည်းမဟုတ်ပြန်
ရွှေဥာဏ်တော်ကစားတဲ့ နိုင်ငံရေးဖဲဝိုင်း
သမိုင်းတရားခံ အဖြစ်ခံတော့မလား
အားလုံးမြင်အောင်ကြည့် အားလုံးနားဆင်
ဂန္တဝင်အတွက် ဈာန်ဝင်
ပြင်ပြင်ဆင်ဆင် ထဲထဲဝင်ဝင်
ကရင်တွေနိုင်ငံရေးလုပ်ကြဖို့လိုပြီ။

တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေး
အတွေးအခေါ် အယူအဆများ
အားလုံးပေါင်းစပ်ထားပါမှ
ဂွင်ကျအံဝင် ထာဝစဉ်တည်တံ့မယ့်လမ်းကြောင်း
တဦးကောင်း တယောက်ကောင်းနဲ့မဖြစ်
စုစည်းကျစ်လစ်မှုရှိရမယ်
ရန်ပယ်ချောင်းကရေထု
မကောင်းမှု ဘေးရန်အထွေထွေ
ပန်ထွာရေ…လာရောက် မှတ်ကျောက်တင်တိုက်စားပါလှည့်တော့။


မတ်လ ၂၆၊ ၂၀၁၂

လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

Copy from http://www.sawkyawkhwi.com/2012/03/blog-post_25.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, December 31, 2011

လက်ပြ ချန်ရစ် ၂၀၁၁


လက်ပြ ချန်ရစ် ၂၀၁၁

(ငြိမ်းဝေ)

ခြင်းလုံးတစ်လုံး ဆိုတော့လည်းပဲ 
နှစ်ထပ် ဖဝါးစာ မိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ် လည်ပြီး 
ကျန်နေရစ်ခဲ့ရတာကိုပဲ 
ဝမ်းနည်း နေလေရော့ သလား။ 

၂၀၁၁ ဟာ 
ထောင်မြင်လို့ ရာ စွန့်ခဲ့တဲ့ 
၂၀၁၂ ရဲ့ ရေခင်းသံကို 
မျောက်မင်းအူသံဆိုပြီး 
သူ့နားမှာ ကြားခဲ့တယ်။ 

သူ့စင်ကို ကိုယ့်စင်လုပ်ရမယ်ဆိုတဲ့ 
မဟာ တက်ကနစ် 
သူ့အလံကို တိုက်ဖို့ 
သူ့အလံကို ကောက်ထောင်ရမယ်ဆိုတဲ့ 
မဟာ အလှည့်အပြောင်း 
( ၂၀၁၁ ရေ…) 
ခင်ဗျား ခေါင်းနဲ့ မဆန့်တဲ့
ရေစီးကြောင်းသစ် ၂၀၁၂ ဖြစ် 
မငြင်းနဲ့။ 

ငါတို့ မိုင် ခြောက်ထောင် ခရီးရှည် ချီတက်ခဲ့ပြီးပြီ 
ပင်လယ် တစ်ထောင် လက်ပစ်ကူးခဲ့ပြီးပြီ 
ဓါးတောင် ဟူသမျှ ကျော်ခဲ့ကြပြီးပြီ 
ဒါပေမယ့် 
တခါမှ ခေါင်းနဲ့ လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။ 

ငါတို့ ခွန်အားကို ရှာဖွေခဲ့ကြတယ် 
ခွန်အားကို ယုံကြည်ခဲ့ကြတယ် 
ခွန်အားကို အသုံးပြုခဲ့ကြတယ် 
ခွန်အားကို အကြွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ် 
ဒါပေမယ့် 
ပျော့ပြောင်းခြင်းဟာ 
ပိုပြီး ဝေးဝေးပြေးတယ် 
ပိုပြီး သန်မာတယ်ဆိုတာကို 
ဆုပ်ကိုင်ဖို့ရာ လက်လှမ်း မမီခဲ့ကြဘူး။ 

ကိုယ့်ကျတော့ နေချင်သလို နေပြီး 
ကိုယ်ဖြစ်ချင်သလို 
သူများကို ဖြစ်စေချင်တဲ့ ၂၀၁၁ 
နင့်ကို တလိုင်းတို့လက် 
ခွေးသေ ဝက်သေ
နေရစ်ခဲ့တော့ ဆိုတဲ့စကားနဲ့ 
ငါ မထားရစ်ခဲ့ချင်သော်ငြား… 

 ဘယ်ဟာမှ 
သေခန်း ရှင်ခန်း ပြတ်လို့မရလေဘူး 
အရာရာဟာ ဟေတုပစ္စယော ဆိုသော်ငြား… 
ငါကလည်း မထားခဲ့ချင် 
နင်ကလည်း မနေခဲ့ချင်သော်ငြား… 
နေရစ်ခဲ့တော့ ၂၀၁၁။ ။ 

(ငြိမ်းဝေ)
၃၁၊ ၁၂၊ ၂၀၁၁ 

Copy from http://moemaka.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၂၀၁၁များ


၂၀၁၁များ

(သစ်ကောင်းအိမ် )

လူပြက်တွေ
လူပျက်တွေဖြစ်သွားတဲ့ 
၂၀၁၁များ 

နိုဗယ်ဆုရှင်က
တိုဖယ် ဆင်းဖြေနေတဲ့ 
၂၀၁၁များ 

ကဗျာဆရာတွေ 
ကပြာကယာ မှတ်ပုံတင်နေတဲ့ 
၂၀၁၁များ

ဒါရိုက်တာတွေကိုလည်း 
ကာဗရိုက်တာ ပြင်ရဦးမယ့် 
၂၀၁၁များ 

မုန်တိုင်းက 
သိုးရေခြုံထားတာပါလို့ 
ငါ ဖော့တွေးခဲ့တဲ့ 
၂၀၁၁များ 

အဆိုတော်တွေက
ဘောလုံးပွဲနဲ့မှားပြီး 
ခွပ်ဒေါင်းအလံ ပါးမှာကပ်
သောင်းသောင်းဖျဖျ ကြိုဆိုကျေနပ်ခဲ့လေသူ 
၂၀၁၁များ 

ပုတ်သင်ညိုက
တောက်တဲ့ကို အရေဆုပ်ပြီး
ပျောက်ကျားဝတ်စုံဝတ်ထားတဲ့ 
၂၀၁၁များ 

ခွေးထက်မိုက်တဲ့သတ္တဝါ..တဲ့ 
ကဒါဖီထက်မိုက်တဲ့ကောင်တွေကိုပဲတွေ့ခဲ့ရ 
၂၀၁၁များ 

မြစ်ဆုံစီမံကိန်းကိုရပ်တန့်ပြီး 
သံဆူးဖိနပ်နဲ့ ပါးစပ်ကိုဆို့ ကျနော်တို့
နှုတ်ကိုလုံအောင်ပိတ်ခဲ့လေသူ 
၂၀၁၁များ 

ဆက်ရေးလည်း 
လက်ရေးပဲ ဖြစ်တော့မယ့် သွားလေသူ 
၂၀၁၁များ။ ။ 

သစ်ကောင်းအိမ် 
ဒီဇင်ဘာ ၃၁၊ ၂၀၁၁ 


Copy from http://moemaka.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, November 26, 2011

ဘယ်သူ ခြင်္သေ့လဲ ဟေ့



ဘယ်သူ ခြင်္သေ့လဲ ဟေ့

(မင်းစိုးစံ)

ခြင်္သေ့တွေ 
 အစာရှာထွက်နေချိန်မှာ 
ဆင်ကန်းတွေက
တောတိုးလို့ကောင်းကြတုန်း။ 

မျောက်ဆိုးတွေက 
ပိုးစုန်းကြူးကိုဖမ်း 
အချမ်းပြေအောင် ထင်းတွေကိုတောင်လိုပုံ 
ပိုးစုန်းကြူးကို စုပြုံထည့်ရင်း
နှင်းဖွေးဖွေးလေအေးအေးမှာ 
မီးမွှေးနေကြသတဲ့။ 

နိုင်ငံရေးရာသီဥတုက
ဖေါက်ပြန် 
အပူအအေးက 
ကပြောင်းကပြန်ဖြစ်
ရေသေမြစ်မှာ
ရေခမ်း
လှေလှော်တမ်းကစားဘို့ ကြိုးစားသူတွေက
ရေမနေတဲ့မြစ် 
ရေခဲပြင်ဖြစ်ဘို့မျှော်လင့်တကြီး
ရေခဲလျှောစီးဘို့
မတော်တရော်တွေစဉ်းစားရင်း 
အချင်းခြင်း ငြင်းနေလေရဲ့။

ခြင်္သေ့တွေလား 
အားလုံးကိုစားဘို့ 
သူတို့လုပ်စရာရှိတာ 
ဆက်လုပ်နေပါတယ်။ 

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, November 20, 2011

ဆောင်းအိမ်မက်


ဆောင်းအိမ်မက် 
(မင်းစိုးစံ)

ပြူတင်းပေါက်ကို 
ပိုလုံအောင်
လေ၀င်ပေါက်တောင်မချန်ပဲ 
သံဇကာတထပ် 
မှန်တထပ်
နောက်ထပ်မှန်တထပ် 
လိုက်ကာထပ်ချနဲ့ 
သုညဒီဂရီအောက်
ရေခဲအမှတ်ရောက်နေတဲ့ညမှာ 
စိတ်ချစွာနဲ့ 
ငါ….. 
အိပ်စက်နေတယ်။ 

အိမ်မက်တွေ ဂရောက်ဂယက် 
တကိုယ်လုံးအေးစက်လာတော့ 
အိမ်မက်လေလား 
တကယ်လားပေါ့။

ခြုံစောင်ကိုအသာလှပ် 
တဖြတ်ဖြတ်ခါနေတဲ့
လိုက်ကာရဲ့နောက်ကို 
မယုံသလိုလိုနဲ့ 
အလိုလိုကြည့်လိုက်မိတော့။

နှင်းတွေပြိုဆင်း
လေပြင်းမာန်ကြွ 
သံဇကာမွကြေ 
မှန်စပြန့်ကျဲ 
မှန်ကွဲတွေက 
ထိုးထိုးထောင်ထောင်။ 

အယောင်ယောင်အမှားမှား 
စမ်းတ၀ါးဝါးနဲ့ 
နံရံနားအသာကပ်ပြီး 
မီးခလုတ်ကို
နှိပ်ချလိုက်တော့
နှင်းမုန်တိုင်းကျလို့ 
မီး……..
ပြတ်နေတယ်။

နောက်ထပ်တခါ 
ကပြာကယာနဲ့
ဖုန်းဆက်ဘို့လုပ်တော့ 
ဖုန်းလိုင်းလည်း 
ပျက်နေတယ်။

အေးနေတာကိုမေ့
ဒေါသတွေဟာ 
အခိုးအငွေ့လိုဖြစ်လာပြီး 
ရှိသမျှအားကိုသုံး 
နီးစပ်ရာကို 
ဝုန်းကနဲကန်အချ 
ငါ…….. 
အိမ်မက်ထဲက
ချွေးအရွှဲသားနဲ့ နိုးလာတယ်။ 

အဲဒီညက ၂၀၁၁ခု 
၁၁လ 
၁၈ရက်ည။ 

မင်းစိုးစံ 
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 22, 2011

မဟာဗမာ စစ်အစိုးရ၏ စိမ်ခေါ်သံ

Source Photo from http://www.coolchaser.com

မဟာဗမာ စစ်အစိုးရ၏ စိမ်ခေါ်သံ

(မင်းစိုးစံ)

အလိမ်အကောက်တွေနဲ့
အာဏာကိုတည်ဆောက်
အညှီအဟောက်တွေကို
ကဇော်ရည်ဖေါက်သလိုဖေါက်
သေရည်သောက်မူးယစ်စေ။

မျိုးချစ်လို့ဟစ်အော်ကြွားရင်း
မူးယဇ်ဆေးဝါးအမျိုးစားပေါင်းစုံ
အလျော်အစားစုံမွှမ်းထုံလို့
ပြည်သူ့ဘ၀အကုန်ပျက်အောင်
စွမ်းဆောင်နေတဲ့ စစ်အစိုးရ။

ပေါက်ဖေါ်က,လည်မြိုညှစ်တော့
ဗမာပြည်က,မြစ်မှန်သမျှ
ခင်ဗျားတို့အတွက်ဖြစ်စေပါ့မယ်
ဗမာပြည်က,သစ်မှန်သမျှ
ခင်ဗျားတို့ကိုဝကွက်အပ်ပါတယ်။

ဗမာပြည်က,သဘာဝဓါတ်ငွေ့
ဗမာတွေမတွေ့ဘူးလျင်နေပါစေ
ဗမာပြည်က,ရေနံ
ဗမာအတွက်မချန်ပါဘူး။

တိုင်းရင်းသားတွေကိုအပြုတ်နှံဘို့အတွက်
လက်နက်သာထုတ်ပေးပါ
ဗမာ့သမီးပျိုတွေရဲ့အသွေးအသားဆိုဒ်စုံကို
လိုသလောက်စားသုံးစေပါ့မယ်
ဝါးနိုင်ဘို့
ပေါက်ဖေါ်ရေ
အားသာမွေးပေတော့ဟေ့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 21, 2011

မြစ်ဆုံရာ ဒဏ်ရာများ


မြစ်ဆုံရာ ဒဏ်ရာများ

(ဆရာတော် ဦးပညာသာမိ)

ကရင်ပြည်နယ်
သောင်ရင်းနှင့် ယွန်းစလင်း
မြစ်ဆုံရာ နေရာနှစ်စင်း
စစ်တလင်းခင်း။

ကချင်ပြည်နယ်
မေခနှင့် မလိခ
မြစ်ဆုံရာနေရာနှစ်စင်း
စစ်တလင်းခင်း။

ဧရာဝတီ ဖလော်တီလာ
ပြဿနာ အရပ်ရပ်
မြန်မာများ ဒုက္ခတွေ့ ရ။

ရောဟိနီမြစ်ရေ အရေးအခင်း
စစ်တလင်းခင်းလိုကြ
သကျတို့ အချင်းချင်း
ငြိမ်းချမ်းခြင်းယူလိုက်ကြ
အေးချမ်းသာရ။

ယခုလည်း
မြစ်ဆုံရာ ဧရာဝတီဖျားမှာ
ငြိမ်းချမ်းခြင်းတရား
ငြိမ်းချမ်းခြင်းစကား
ငြိမ်းချမ်းခြင်းတံခါး ဖွင့်ကြစို့ ။

တောင်ကလေးဆရာတော် ဦးပညာသာမိ

Credit http://www.9dblood.co.cc/2011/09/blog-post_20.html

လူမျိုးစုအမည်က သက္က (ဒေသသံနဲ့ ဆက်ကယ..လို့ အသံထွက်တယ်) နေထိုင်တဲ့ တိုင်းကို သက္ကတိုင်း.. တစ်ချို့လည်း သက်ကျလို့ အသံထွက်တယ်..
သုံးတဲ့ခုနှစ်ကို မဟာသက္ကရာဇ်လို့ ခေါ်တယ်..
မဟာ = ကြီးကျယ်မြင့်မြတ်သော၊ သက္က = သာကီ ၀င်မင်းမျိုးတို့၏ ၊ ရာဇ် = ရာဇ = ဘုရင်
မဟာသက္ကရာဇ် = သာကီဝင်မင်မျိုးတို့၏ ကြီးကျယ်မြင့်မြတ်သော ဘုရင်မင်း၏ ခုနှစ်..

Credit http://paramitoe.multiply.com/journal/item/16

မြန်မာတွေက တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊

ကဲဆက်ကြရအောင်ပါ၊ ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါ တယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင် ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်လိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်
ပါတယ်၊

မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါပေမဲ့ သာကီဝင်မင်းသား
မင်းသမီးတွေ ဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်၊

ဒီသတင်းကိုသြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသမီးတွေပါလားလို့ အံ့သြပြီးပြောဆိုပါတယ်၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ၊

Credit http://friendsmyanmar.com/forum/topic/listForContributor?user=0trti0ajo44aj

သကျ ဆိုတာကို ဘာလူမျိုးလို့တိတိကျကျ သတ်မှတ်မှာပါလဲ။
တခြားဘယ်လူမျိုးနဲ့မျှ လက်မထပ်တဲ့လူမျိုးကို ဗမာလို့ခေါ်မှာလား။
ဗမာတွေကရော လူမျိုးခြားနဲ့လက်မထပ်ဘူးလား။
တခြားလူမျိုးနဲ့လက်မထပ်ပဲ ကိုယ့်လူမျိုးကိုပြန်လက်ထပ်တဲ့ လူမျိုးတိုင်း သာကီမျိုးလို့ သတ်မှတ်ပါသလား။
သကီမျိုးဆိုတာ ဘာလဲ။
အပေါ်က ပေးထားတဲ့လင့်အတိုင်း သွားရောက်လေ့လာနိုင်ပါတယ်။
လေ့လာချင်လျင်ပေါ့လေ။
ကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 25, 2011

နေပူထဲကဆုတောင်း

ကျုပ်အဖေနဲ့ ကျုပ်အမေတို့ရဲ့ပုံပါ
၂၇၅၀ ၀ါခေါင်လပြည့်နေ့ ခြည်ဖြူဖွဲ့ပွဲတုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်

“နေပူထဲကဆုတောင်း”

သူ့အရိပ်မှာ.....ခိုဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


သူ့အသီးညှာ.....ဆွတ်ဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


သူ့အပွင့်လွှာ.....ဆင်ဖူးပါလည်း

သေချာမတွေး.....ဒို့ကွာဝေးခဲ့။


တစ်ပွင့်တစ်လွှာ.....သူ့သီးညှာလျှင်

ဆွတ်ကာစားသုံး.....ပျော်မဆုံးပင်

သူ့ရင်ခွင်၌.....ကြည်ရွှင်ပျော်မြူး

နေခဲ့ဘူးလည်း.....ကျေးဇှူးကြီးမား

သူ့စွမ်းအားလျှင်.....ဟိုယခင်က

ဆင်ခြင်စဉ်းစား.....မှတ်မထားပဲ

ခံစားချက်မဲ့.....နေလာခဲ့လျှက်

ချင့်တွက်သိဘူး.....သူ့ကျေးဇူးကို

ရှိဘူးခဲ့သည်.....ဆပ်ရမည်ဟု

မည်သူကမှ.....မတွေးကြချေ

မေ့ခဲ့လေထင့်....................။


သို့နှင့်သို့နှင့်.....ချိန်ခါလင့်၍

နိမ့်မြင့်ပြေကြမ်း.....ဘဝလမ်းဝယ်

လျှောက်လှမ်းလာဆဲ.....နေပူထဲ၌

ခက်ခဲပင်ပန်း.....ခရီးကြမ်းနှင့်

စခန်းဘယ်မှာ.....လမ်းဘယ်မှာဟု

နေရာမသိ.....ကြုံတွေ့ဘိ၍

အပူထိမှ.....သတိရသည်

အသိလေဝင်.....မှတ်မထင်ခင်

ကျေးဇူးရှင်အား.....ပြန်စဉ်းစားခိုက်

ခံစားလိုက်မိ.....ထိုအသိက

သတိလဲနှောင်း.....ချိန်လဲနှောင်းပေါ့

ဆုတောင်းမှု့သာ.....ပြုနိုင်ရာ၏။


သြော်...ဟိုယခင်က

ခိုဝင်နေနား.....ဒို့ပျော်ပါးသည့်

ကြီးမားဝေလွင်.....သည်အပင်ကား

ပင်စည်ရိုးပြိုင်း.....ခါးလျားကိုင်းလျှက်

ရွက်ပြိုင်းပြိုင်းကြွေ.....မုန်တိုင်းမွှေလို့

မြေဝယ်မခ...ပါနှင့်အုံး... ။

ကဗျာရေးတဲ့ ကလောင်ရှင်ကို ဖေါ်ပြ ထားတာမတွေ့ရပါဘူး


Credit http://wikimyanmar.co.cc

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, August 12, 2011

အာဇာနည်ဆိုတာ


Source Video from
http://www.youtube.com/watch?v=6MLMLEOtQJI

အာဇာနည်ဆိုတာ
(မင်းစိုးစံ)

အာဇာနည်ဆိုတာ
ဘယ်နေရာမဆိုထင်ရှား
စွန့်ပြီးမစားတဲ့………. သူ
အဲလို လူတွေကိုခေါ်တာ။

မစွန့်ပဲစားတဲ့သူတွေကိုတော့
လူထုက,အော့နှလုံးနာ
အာဇာနည်လို့မခေါ်တာအမှန်။

ဒါဆိုလျင်ဒီကနေ့
ကိုယ့်ပင်ကိုယ်ကို ကိုယ်ပြန်စစ်
မှန်တာကိုဖြေကြား
ခင်ဗျားဟာ
မစားပဲ စွန့်တဲ့လူလား?
မစွန့်ပဲ စားတဲ့လူလား?
စွန့်လည်းစွန့် စားလည်းစားဆိုလျင်တော့
ထင်ထင်ရှားရှားမှတ်ထား
ခင်ဗျားဟာ
အာဇာနည်တပါးမဟုတ်ဘူး
သာမန်လူသားတယောက်ပဲ။

မစွန့်ပဲ တလျှောက်လုံးစားနေလျင်ဖြင့်
ခင်ဗျားလား?
အချောင်သမားအဆင့်ထက်မပိုဘူး။

အခွင့်အလမ်းအနေနဲ့
ခင်ဗျားရဲ့ကိုယ်ကို ဆန်းစစ်ကြည့်
အချောင်သမားဖြစ်နေလျင်
ပြင်…….။

အချောင်သမားစာရင်းဝင်
မဖြစ်ချင်ဘူးဆိုလျင်ပေါ့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 30, 2011

ကိုမူးဆာ ပြောသော စကားများ


ကိုမူးဆာ ပြောသော စကားများ
(မင်းစိုးစံ)

ကိုမူးဆာ
ခင်ဗျားမရူးပါဘူးနော်။

ထူးထူးခြားခြား
နော်ကူးမ ဇာတ်ကားထဲက
စောမူးသာကိုအားကျလို့လား။

ဒါမှမဟုတ်
လုပ်ဇာတ်အနေနဲ့
ထူးထူးဟန်ရဲ့ ဘိုင်အိုကိုခိုးချ
နာမည်ကြီးရချေရဲ့ဆိုပြီး
လိုက်ရွှီးနေတာလား။

ကိုယ့်အရာရှိရဲ့နာမည်ကိုလည်းမပြောရဲ
ကရင့်တော်လှန်ရေးထဲက
စစ်ဗိုလ်နာမည်လည်းမပြောရဲ
တခုထက်မက,လွဲနေပြီ။

စကားတွေက မညီမတူ
မိသားစုကိုပူနေရတယ်ဆိုတော့
ခင်ဗျားကြီးဟာ
ယူအေန်ကိုသာမက
လူတကာကိုပါ ညာနေပါပေါ့လား။

မင်းစိုးစံ
(အဝေးရောက် ရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 30, 2011

ငရဲခန်းထဲက ဆုတောင်း


ငရဲခန်းထဲက ဆုတောင်း
(မင်းစိုးစံ)

အဘိုးအဘွားတွေက
ငါတို့တတွေကို
အသေအခြာမှာထားခဲ့တာပါ
အလှမမက်နဲ့ ညစာခက်မယ်ဆိုပဲ။


ခေတ်ကပြောင်းလာတော့
အလှမမက်ပေမယ့် ညစာသာမက
နေ့စာပါခက်ကြလေတော့
ဘ၀တွေပျက်
ညဥ့်ငှက်ဖြစ်သွား
အသွေးအသားကိုရောင်းချမှ
ထမင်းစားရတဲ့အဖြစ်
မြေးတို့ကိုအပြစ်မတင်ပါနဲ့ အဘိုးရယ်။


အခုလေးတင်
အပျိုဖေါ်ဝင်စ,အဘိုးရဲ့မြေးမ,လေး
ပါကင်ဖွင့်တဲ့ငရဲခန်းကိုသွားဘို့
ဖေါ်မပြရဲတဲ့အကြိုဝေဒနာများနဲ့
တ၀မ်းစာစားရ,မယ့်အရေး
မျက်နှာကိုဆေးချယ်သ,
အလှမမက်ပေမယ့်
အလှကို ဖက်တွယ်နေရပြီ။

အဘိုးမတော်လှန်ရဲခဲ့လို့
မြေးတို့တတွေရဲ့အခြေအနေ
ကလေက၀,အတန်းအစားထဲရောက်
အနာဂတ်တွေပျောက်ကြရသလို
အဘိုးမြေးရဲ့ နောက်ပေါက်မြေးတွေ
အနာဂတ်ထွန်းတောက်ရေးအတွက်
အဘိုးရဲ့နေရာကိုရောက်လာမယ့်
ဟောဒီကအဘိုးရဲ့မြေးခမျာ
သွေးဆာနေတဲ့ငရဲခန်းထဲ
အံကြိတ်ကြေကွဲနေရပါတယ်။

ဘာမျှမတတ်နိုင်တဲ့အဖြစ်မို့
ဆို့နစ်နာကျည်းခြင်းကြီးစွာနဲ့
ဆုတောင်းမိတာက
ဗမာစစ်အစိုးရ
အမြစ်ပါမကျန်
မြန်မြန်ကျဆုံးပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဓါတ်ပုံများကို http://www.google.com/images ကနေရ,ယူထားပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဖျက်ပိုး

Source Photo from http://www.bbcburmese.com/images

ဖျက်ပိုး

ဝေ့ဝိုက်မနေချင်တော့ဘူး
ဓလေ့စရိုက်ချင်း မတူလျှင်တော့ ခွင့်လွတ်..
ဇွတ်တရွတ်ပဲ ကိုင်လိုက်တယ်..

ယဉ်ကျေးတဲ့ စာမျက်နှာတွေပေါ်
မိုက်ရိုင်းပက်စက်ခြင်းတွေနဲ့
စာတွေကိုဖျက်..
ကဗျာတွေကိုဖျက်..
ဘလော့ဂ်ဂါတွေကိုဖျက်..

နောက်ဆုံး......
ဘလောဂ့်ရွာကိုပါဖျက်မည့်သူ

A SHIN THU
ကေ၀်လိက်ဆာ sawdi အခါ့ 5:28 PM
Labels: ကဗျာ
Source from http://etawtaw.blogspot.com/2011/05/blog-post.html

ကဗျာကို ကြိုက်တယ် ဒါကြောင့် ကဗျာနဲ့နှီးနွယ်တယ်လို့ ယူဆမိတဲ့ သတင်းတိုလေးတခု ဖြည့်စွက်ပေးလိုက်ချင်ပါတယ်။
အောက်က အသံဖိုင်လေးကို စိတ်ဝင်စားလျင် နားဆင်ကြည့်နိုင်ပါတယ်။


Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, June 27, 2011

မီ့ဏင်ထါင်ၟဖိုင့်္ဘ်ါကါင်
စ၀်ထေါဟ်တွါ်

ဆ်ုအုင်းခႜုက်္ဘါ် မေါဝ်ၟလ်ုအါ်
ယ်ုအ္ဘဲးဏု ယ်ုဏင်းဍါ်၊
မင်ခေါဟ်ထါ် ဆ်ုအုင်းလင်ယါ်
ဏ်ုဟှင်းသူးသွါ် ယ်ုဟှင်ထါ်။

ဆ်ုအုင်းကႜီးဍီ လ်ုမင်ခေါဟ်
္ဘေ့ထီ့ဃှူးလး သာယှိင်ယှောတ်၊
ဆ်ုအုင်းကွေဝ် ဆ်ုဟှင်ဖႜဟ်ဍေါဟ်
္ဘေ့ယးထဲုးဖေႜ၀် သာလင်ဖေႜါဟ်။

လ်ုမင်ထါ် ဆ်ုအုင်းဖိုဟ်လင်
ယ်ုဝိလထါ် ဏ်ုမီ့ဏင်၊
လ်ုမင်ခေါဟ် ကေႜါဟ်လူၟလင်ဝင်
လဲါမေံသာမဲ မေံထီ့လင်။

ဆ်ုအုင်းတင်း ဆ်ုဆိုင်ဆံင်းစုဂ်
ဖိုင့်္ဘ်ါလုတင်း ပ်ုမီ့လုဂ်၊
ဆ်ုအုင်းယာၟ ဆ်ုဆိုင်ထုက်ယုဂ်
ဏ်ုစါင်းဟှာ ခႜိုဝ်ထ၀်ၟထုဂ်္ဘႜုဂ်။

ဆ်ုအုင်းက်ုလါင့် ခေါဟ်လံင်ဏါင်
ဖိုင့်္ဘ်ါကါင် ဏ်ုလုဏင်းထါင်
လေ၀်အှ်ခါန်ၟယါင် မူးအီးအါင်
ယ်ုမီ့ဏင်ထါင်ၟ ဖိုင့်္ဘ်ါကါင်။

စ၀်ထေါဟ်တွါ်
ကႜဳံပိုင္ၟ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, June 10, 2011

ခွါ့သါင့်ခါန်ၟယိုဝ် မွဲါဍူလာ့

Source Photo from http://www.google.com/images

ခွါ့သါင့်ခါန်ၟယိုဝ် မွဲါဍူလာ့

(နာန်ၟက၀်ကေ၀်အွာ)

ထီသိုဝ်မူးသီး ကိုဝ်ၟအ်ုဟှာ
ခွါ့သါင့်ခါန်ၟ ဏယ်အင်း္ဘးဍါ။

လ်ုဏင်ဏင် လ၀်သှေ်သါ့မျာ့
တွါန့်အိုဝ် အှ်ဍေဖေါဟ်မါ့။

ဍးမူးယိုဝ် သာဏင်းလင်သါ
မါ့အှ်ထ၀်ၟဍေ ဖေါဟ်လ်ုဟှာ။

ခွါ့သါင့်ခါန်ၟယိုဝ်္ဘေ့ဍူလာ့
ဍီးလင်ဟှံင် ယေါဝ်ၟ္ဘုဂ်လ်ုပါ။

မာဟှာဟှံင် ဟ်ုမူးအးမျာ့
ယ်ုမုကိုဝ်အု ခွါ့ဍူလာ့။

နာန်ၟက၀်ကေ၀်အွာ
ဏံင်းသႜာတွါန့် ဏံင်းဖေါဟ်

ဖ၀့်မီယေါတ် လိက်္ဘိင်း 2003

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 9, 2011

စော

စော........
(စောသူရအောင်)

မျောက်တကောင်ပါဆိုမှ
အမောက်ထောင်ပြရမယ်တဲ့လား?

ခွေးဆိုလည်း ခွေးအလျှောက်
မတ်ရပ်လျှောက်လို့အမြင်မတော်
ခွေးသိက္ခာ
အစော်ကားခံရသလို။

ကျားဆိုမှကျား
အသားစားရဘို့
အချောင်ရမယ်ဆိုရုံနဲ့
ဟောင်ပြရမလားကွယ်တို့။

ငါဟာ ကရင်
အထင်အမြင် သေးသေး ကြီးကြီး
နာမည်ရှေ့မှာ
စော ထည့်ခေါ်ပေးပါ
ငါဟာ
ရှင်ဘုရင်ထက် ဈေးကြီးလေရဲ့။

(စောသူရအောင်)
၂၇၄၆ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်
ကရင့်ကြေးမုံ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 17, 2011

သွားအတုနဲ့ဝါးနေကြသူများ

Source Photo from http://www.google.com/images

သွားအတုနဲ့ဝါးနေကြသူများ
(မင်းစိုးစံ)

မြစ်ထဲမှာ
မျောနေတာရေခဲတဲ့။

ငါ့မျက်လုံးထဲမှာတော့
ကတ်ကြေးကိုက်ထားတဲ့
နို့ဆီခွက်ဗူးခွံအစ,
ပြီးတော့……….
ဒုက္ခသည်စခန်းထဲက
မီးရှို့ခုတ်ထစ်ခံထားရတဲ့
သွပ်ပြားချပ်တွေ
မီးဝါးထားလို့
အရောင်မည်းညို့နေတဲ့
တဲတိုင်တူးခြစ်ခြစ်တွေ
နစ်ဝင်စီးမျောနေသလိုပဲ။

ရာစုနှစ်ထက်ဝက်ကျိုး
ငါ့သွားတွေတောင်အစားထိုးနေရ,ပြီ။

ဝါးနိုင်ဘို့အတွက်
သွားတုကိုအစားထိုးခဲ့ပေမယ့်
တကယ်ဝါးကြည့်တဲ့အခါ
သွားအစစ်လိုမဟုတ်ပါလားနော်။

ယဉ်ကျေးမှုကိုချစ်ဟန်ဆောင်
ရေကန်ထောင်ပေါင်းတဆယ်ရှိတဲ့မြို့
သူတို့မရှက်တတ်ကြဘူး။

ယဉ်ကျေးမှုကိုအမှူးပြု
နှင်းထုတွေအပေါ်
ဆားအတုတွေထိုးကော်ချ
မျိုးဆက်သစ်အတွက်ကွဆိုပြီး
နှမ်းအတုနဲ့ဆီကြိတ်နေကြလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 13, 2011

စိတ်ကူးလေးရွက်လွှင့်



စိတ်ကူးလေးရွက်လွှင့်
(လင်္ကာဒီပ)

အရှိန်အဟုန်မြန်မြန်
သာမန်မဟုတ်တဲ့နှုန်းတွေ
လောဘတွေစီးဝင်နေသလားထင်။

သူ့အရင်ငါ..........
ဒေါသတကြီး၊
မောဟကြီး
လောဘကြီး
တစီးပြီး တစီးသာ၊ ကျော်တက်ကာသွားကြတယ်
တကယ်တော့ငါ့ကား
နှေးများနှေးနေသလားပေါ့။

ပေါင်းဖက်သွား စုံတွဲချစ်သူ
တူအရွယ် ညီအရွယ်
လူငယ်တွေ ပျိုရွယ်တွေ
အခြေအနေမြန်လှတဲ့ကမ္ဘာထဲ
အသည်းလွှာအချစ်တွေကြီး
တယောက်ပြီးတယောက်သာ
နောက်ချန်ကာ ကျော်ဖြတ်သွားကြတယ်
တကယ်တော့ငါများ
ချစ်များ မချစ်တတ်သလားပေါ့။

သာမန်မဟုတ်တဲ့အဖြစ်သနစ်
အချစ်ကိုဦးစားပေးကြ
အမြန်ကိုဦးစားပေးကြတယ်
ဘီလူးစွယ်တွေကလည်းဖွေးလို့ပေါ့။

ဆန္ဒတွေပြင်းပြင်း
ခံတွင်းအချဉ်ဖြစ်လာ
ဒုက္ခမှာခါးသီး
ဇွဲကြီးကြီးနဲ့တွန်းလှန်
တနိုင်ငံပြီးတနိုင်ငံ
တော်လှန်ပေါင်းစုကာ
အာဏာရှင်ကိုဖြိုချခဲ့တယ်။

တကယ်တော့ ငါတို့များခုထိ
မြတ်အသိ၊ မုဒိတာပွား
တိုင်းရင်းသား မသင့်မြတ်နိုင်သလားပေါ့။


လောဘဂတိ
မောဟဂတိ
အစွန်းသတိတွေထားရင်း
မတူညီချင်းကိုလေ့လာ
“နေ့မှာဆို “နေ” ကလင်း
ညခင်းညဦး “လ” ကဖြူဖွေး”
ဘဦးကြီးမူလေးချက်ကိုဘဲ စွဲမြဲဆုတ်ကိုင်ရင်း
တလှမ်းချင်း
ငါသာလျောက်လာခဲ့တယ်။

သူ့နှုန်း
သူ့အထာ
သူ့အထွာ
သူ့အတိုင်း
စည်းကမ်းအတိုင်း
မူအတိုင်းသာ
ငါဟာရွေ့လျားလာခဲ့ ခရီးအဝေး
တော်လှန်ရေးပန်းတိုင် အသက်အငွေ့
“တနေ့တလံ၊ ရသေ့ပျံ” ရယ် .........
ဘယ်ပြေးမလည်းပေါ့နော်။ ။

(လင်္ကာဒီပ)
ဧပြီလ ၁၃၊ ၂၀၁၁

အခုလို မအားမလပ်တဲ့ကြားက,နေကဗျာရေးသားပေးပို့တဲ့ ဆရာလင်္ကာဒီပ ကို ကျေးဇူးများကြီး တင်ပါတယ်ခင်ဗျား။
တဆက်တည်းတောင်းပန်ချင်တာကတော့ ကျုပ်ရဲ့ ဘလော့ဂ် မွေးနေ့က ၂၉ရက်နေ့ဖြစ်ပါတယ်
၁၉ရက်နေ့ဆိုပြီး မှားရေးမိတာကို နားလည်ပေးစေလိုကြောင်း အားလုံးသော ညီအစ်ကို မောင်နှမများ
ချစ်မိတ်ဆွေများအနေနဲ့ ကျုပ်ကိုခွင့်လွှတ်ကြဘို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။

လေးစားစွာဖြင့်

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 2, 2011

တစ်ခါတစ်ရံ


တစ်ခါတစ်ရံ
(ကြည်ကြည်ဇင်)

တစ်ခါတစ်ရံ
မှန်တယ်ထင်ပြီး
အမှားတွေဆက်တိုက်လုပ်မိတယ်။

တစ်ခါတစ်ရံ
အနိုင်လိုချင်လွန်းပြီး
အရှုံးကြီးရှုံးရတယ်။

တစ်ခါတစ်ရံ
သွားတော့မယ်နှုတ်ဆက်ပြီး
ခြေစုံရပ်နေမိတယ်။

တစ်ခါတစ်ရံ
သိစေချင်ပါရက်နဲ့
ဖုံးကွယ်ထားမိတယ်။

တစ်ခါတစ်ရံ
ပြီးဆုံးသွားပြီးသားကို
အသစ်ကပြန်စချင်မိတယ်။

တစ်ခါတစ်ရံ
မေ့နိုင်ပြီပြောပြီး
လွမ်းနေမိသေးတယ်။

အဆိုးဆုံးကတော့
တစ်ခါတစ်ရံလို့ပြောပြီး
ထုံးစံကြီးကိုဖြစ်နေလို့…..။

ကြည်ကြည်ဇင်
( မြောင်းမြ )


Source : http://patheincity.com
မြို့တော်ပုသိမ် သတင်းစဉ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 29, 2011

သုံးသပ်မှု


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပုံနှိပ်စာချုပ်




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....