+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Thursday, June 9, 2011

မထူးပါဘူး


မထူးပါဘူး

Thursday, 09 June 2011


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏၀န်ကြီးဌာနအချို့တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်နိုင်ရေးအတွက် ဌာနတွင်းအဖွဲ့များဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်နေ ကြောင်းဝန်ကြီးဌာနအချို့ထံမှ သတင်းရရှိပါသည်။


ငရဲသို့သွားနိုင်သောလမ်းနှင့် နိဗ္ဗာန်သို့သွား နိုင်သောလမ်းဆုံရာ လမ်းဆုံတွင်
ဝန်ထမ်းများနှင့်အုပ်ချုပ်ခဲ့သူ များကို သိကြားမင်းက စစ်ဆေးမေးမြန်းနေသည်။

"လူ့ပြည်တုန်းက လာဘ်ယူခဲ့သူများ နဲ့တိုင်းပြည်ဘဏ္ဍာငွေများကိုခိုးယူခဲ့သူများ
ရှေ့ကိုခြေတစ်လှမ်းတိုးရပ်ပါ။"

အပြစ်ရှိသူများအားလုံးလိုလို ရှေ့ကိုတိုးရပ်ကြသည်။
LPJ တစ်ယောက်သာ ရှေ့မတိုးပဲ နောက်မှာချန်နေသည်။

သိကြားမင်းက ဆက်၍ညွှန်ကြားသည်။

"သူတို့တွေကို ငရဲကိုပို့လိုက် "........

"ဟိုမှာရပ်နေတဲ့ဆွံ့အ နားမကြားကိုပါ ပို့လိုက်"


© Eleven Media Group. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, February 9, 2011

မြတ်ခိုင်ပြောသောပုံပြင်


မြတ်ခိုင်ပြောသောပုံပြင်

ဟိုး.... မနေ့ တစ်နေ့တုန်းက တိုင်းပြည်တစ်ပြည်မှာ ပညာအရာမှာကြွယ်ဝတဲ့ ပညာရှိတစ်ယောက် ရှိတယ်တဲ့ပေါ့ကွယ်။ အဲသည့် ပညာရှိဆရာကြီးဟာ ရိုးရာစွဲနဲ့ပတ်သက်ရင် အရမ်းကြီးတွေ စည်းကမ်း တင်းကြပ်လွန်းတာကြောင့် သူ့ဆီမှာပညာသင်ယူကြတဲ့ လုလင်ပျို၊လုံမပျိုတွေခမျာ စိတ်လွတ်ကိုယ်လွတ် မရှိကြတော့ အဲဒီပညာရှိဆရာကြီးရဲ့ကျောင်းတော်ကြီးဆီကနေ ထွက်ထွက်ပြေးကြသတဲ့။

အဲသည်လို သူ့ကျောင်းတော်ကြီးက ထွက်ပြေးသွားတဲ့ လုလင်ပျို၊ လုံမပျိုတွေများလေလေ ပညာရှိဆရာကြီးက စည်းကမ်းတင်း ကြပ်လေလေပဲတဲ့။ တပည့်မရှားဘူး။

သူ့ဆီက ပညာတကယ် လိုချင်တဲ့သူတွေသာ သူ့ဆီကိုရောက်လာကြလိမ့်မယ်လို့ ပညာရှိဆရာကြီးက ကြွေးကြော်သတဲ့။

အဲသည်လိုကြွေးကြော်လေလေ၊ တပည့်တွေကပြေးလေလေမို့ ပညာရှိဆရာကြီးဆီမှာ တပည့်မရှားခဲ့ရာကနေ တပည့်ဆိုလို့ မူးရင်သော်မှရှူစရာမကျန်အောင် တက်တက်ပြောင် ခဲ့ပါလေရောတဲ့။

အဲသည့်အခါကျ ဆန်အိုးထဲစားစရာ ဆန်တစ်စေ့သော်မှမရှိတော့တဲ့အတွက် ပညာရှိဆရာကြီးရဲ့ ရှင်မဟာ ထမီစွန်တောင်ဆွဲပြီး
''သည်မှာ ကိုအဝှာ ပညာရှိကြီးရဲ့။ ရှင့်ရိုးရာအစဉ်အလာ ဆိုတာကြီးက ရှင့်ကို ခုဆန်အိုးထဲ ဆန်မရှိတော့ ဘယ်သူက ရှင့်ကို အပင်းဆို့ဖို့လာပေးသလဲ။ ပြောစမ်းပါဦး။ ကျုပ်တော့ ရှင်နဲ့အတူရောပြီး အငတ်မခံနိုင်ဘူး တော်ရေ့။ ရှင့်ဟာရှင်သာ ရှင်ပြောပြောနေတဲ့ ရိုးရာအစဉ်အလာဆိုတာကြီးနဲ့ပဲ ဖက်သေပေတော့။ ကျုပ်တော့ရောပြီး အငတ်မခံနိုင်ဘူး။ ဒါပဲ''လို့ ဒေါနဲ့မာန်နဲ့ပြောတဲ့အခါ ပညာရှိဆရာကြီးမျက်လုံးပြူးသွားသတဲ့။

အဲသည့်အချိန်မှာ ပညာရှိဆရာကြီးကတော် ဒေါ်ရှင်မက ထမီစွန်တောင်ဆွဲပြီး ခုနစ်သံချီအော်နေရာက သူ့အဝတ်အစားတွေကို ရွာထိပ်ကအပေါင်ဆိုင်မှာ အပြေးသွားပြီး ပေါင်နှံစားသောက်လိုက်သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲနော်။ မောင်ညီမလေးတို့၊ ပညာရှိဆရာကြီးလို နောက်ဆုံး တစ်ယောက်တည်း ကျန်တဲ့အထိ ရိုးရာအစဉ်အလာကို ဖက်တွယ်ထားမလား။

ဒါမှမဟုတ် ပညာရှိဆရာကြီးကတော် ဒေါ်ရှင်မလို အပေါင်ဆိုင်ပြေးပြီး ပေါင်နှံစားသောက်မလား ဆိုတာ ကိုယ်တိုင် တွေးဆဆင်ခြင် သုံးသပ်နိုင်ကြပါစေကွယ်။ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကတော့ ကိုယ်ယုံကြည်ရာကို သေတဲ့အထိမစွန့်လွှတ်ရဘူးဆိုဘဲ ...။

မြတ်ခိုင်
Copy from http://www.snapshot-news.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....