+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label အမျိုးသမီးများကဏ္ဍ. Show all posts
Showing posts with label အမျိုးသမီးများကဏ္ဍ. Show all posts

Tuesday, March 8, 2011

မဲဆောက်တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ ကျင်းပ


အကြိမ် (၁၀၀)မြောက် နိုင်ငံတကာအမျိုးသမီးများနေ့

မဲဆောက်တွင် ကျင်းပ

by စောခါးစူးညား (ကေအိုင်စီ)
မတ်လ ၈ရက် 2011

ယနေ့ကျရောက်သည့် အကြိမ်(၁၀၀)မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း အမျိုးသမီးသမဂ္ဂ-မြန်မာနိုင်ငံ(WLB)က ဦးဆောင်၍ အခမ်းအနားတခု ပြုလုပ်ကျင်းပခဲ့သည်။

ယခုလို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ (WLB)သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်နိုးနိုးထက်စံက “ဒီနိုင်ငံ တကာ အမျိုးသမီးများနေ့ကို ကျမတို့ ကျင်းပရတာဟာ လွန်ခဲ့ပြီးတဲ့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုတာပါ။ နောက်တခုက ကျမတို့မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့ မတူတဲ့အချက်ပေါ့နော်။ ကျမတို့က ကိုယ့်နိုင်ငံရဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကို ထင်ဟပ်ပြသတဲ့ နေရာတခုအဖြစ်လည်း ဖန်တီးပြီးတော့ ဒီနိုင်ငံတကာ အမျိုးသမီးများနေ့ကို ကျင်းပရတာ ဖြစ်ပါ တယ်။”ဟု ပြောသည်။

ဧည့်ပရိဿတ် ၁၀၀နီးပါးတက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားတွင် (WLB)က ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ ပြီး အမျိုးသမီးနှင့် ပတ်သက်သည့် နံရံကပ်ပန်းချီကားများ ပြသထားခြင်းနှင့် “ကောက်ကျစ်မှုအဖုံဖုံ ညစ်နည်းစုံ”အမည်ရှိ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလက ပြုစုထားသည့် အချက်အလက်စာအုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။

WLB ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ရှိ စစ်အစိုးရသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီးဘ၀ လုံခြုံမှုရှိ စေရေး လုပ်ဆောင်မည့်အစား အတုအယောင် ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေးကိုသာ ကြိုးပမ်းခဲ့သည့်အကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်မငြိမ်မှုကြောင့် ထောင်ပေါင်းများစွာသော အမျိုးသမီး၊ ကလေးနှင့် အပြစ်မဲ့ပြည်သူများ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်အကြောင်း ပါရှိသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ တွဲဖက်အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇံက “နိုင်ငံတကာမှာ အမျိုးသမီး အခွင့် အရေးနဲ့ပတ်သက်ပြီး ပြဌာန်းထားတာ အများကြီးပဲ။ လက်တွေ့ကျင့်သုံးတာ နည်းတယ်။ အထူးသဖြင့် မြန်မာပြည် စစ်အာဏာ ရှင်လက်အောက်မှာ ကျမတို့ တိုင်းရင်းသား အမျိုးသမီးတွေ ပိုပြီး ဖိနှိပ်ခံရတာကို မျက်ဝါးထင်ထင် မြင်ရတုန်းပဲ။ ဒါကြောင့် အမျိုးသမီးအခွင့်အရေး အပြည့်အ၀ရဖို့ တိုက်ပွဲဝင်ရအုံးမယ်။ အမျိုးသားတွေလည်း ပူးပေါင်းဝါ၀င်ဖို့ လိုတယ်။”ဟု ပြောသည်။

နအဖ စစ်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသ၌ ထိုးစစ်ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့် နှစ်ပေါင်းများစွာ တရားဝင်ခွင့်ပြုထားသည့် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် ရပ်တန့်ပေးရန်တို့ကို WLB ကြေညာချက်တွင် တောင်းဆိုထားသည်။

WLB တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ဝင်ပေါင်း ၁၂ဖွဲ့ ပါဝင်ပြီး ၁၉၉၉ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စောခါးစူးညား (ကေအိုင်စီ)
မတ်လ ၈ရက် 2011

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, February 28, 2011

အမျိုးသမီးနေ့

အမျိုးသမီးနေ့



Find this article at:
http://www.voanews.com/burmese/news/science-technology/--115331914.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, February 18, 2011

အမျိုးသမီးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်း




အမျိုးသမီးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်း




Find this article at:
http://www.voanews.com/burmese/news/women/Domestic-Violence-Against-Women-In-Burma-116179959.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, February 11, 2011

မြန်မာအမျိုးသမီးများအခွင့်အရေး

Source Photo from http://www.google.com/burmese

မြန်မာနိုင်ငံ က မြန်မာအမျိုးသမီးများအခွင့်အရေးတွေ

ဘယ်လိုရှိနေလဲ ?

by ဒေါ်လှလှသန်း
သောကြာ, 11 ဖေဖော်ဝါရီ 2011




Find this article at:
http://www.voanews.com/burmese/news/women/Asian

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, February 10, 2011

သားသမီးကိုဆုံးမတဲ့ အာရှမိဘတယောက်ရဲ့ အယူအဆ

Source Photo from http://www.google.vom

သားသမီးကိုဆုံးမတဲ့နေရာမှာ

အာရှမိဘတယောက်ရဲ့အယူအဆအပေါ်

အချေအတင်ဖြစ်


By ဒေါ်လှလှသန်း သောကြာ, 04 ဖေဖော်ဝါရီ 2011

သားသမီးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ မိဘ အထူးသဖြင့် မိခင်တယောက်ရဲ့တာဝန်ဟာ ဘယ်လောက်အရေးကြီးပါသလဲဆိုတာကို အသက် ၄၈ နှစ်အရွယ်ရှိတဲ့ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသူ ရေးလ်တက္ကသိုလ်ပါမောက္ခဖြစ်တဲ့ အေမီချူး က ရေးသားထားတဲ့ စာအုပ်တအုပ်ကြောင့် အမေရိကန်နိုင်ငံမှာ သားသမီးပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အချေအတင် အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/women/Asian-Women-Way-To-Take-Care-Of-Their-Children-115682269.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, January 30, 2011

အမျိုးသမီးတွေနဲ့ နှလုံးရောဂါ

Source Picture from http://www.google.com/images

အမျိုးသမီးတွေအနေနဲ့ နှလုံးရောဂါမဖြစ်အောင်

ဘယ်လိုကာကွယ်ကြမလဲ?

By Nander Chann
သောကြာ, 21 ဇန်နဝါရီ 2011

ကမ္ဘာပေါ်မှာ အမျိုးသမီးအတွက် အသက်ကို သေစေနိုင်တဲ့ အဖြစ်အများဆုံးရောဂါတွေအနက် နှလုံးရောဂါလဲ ပါဝင်ပါတယ်။ နှလုံးရောဂါကို ဘယ်လို နားလည်သင့်သလဲ။ ဒီရောဂါမဖြစ်ရလေအောင် ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်း က ကနေဒါအခြေစိုက် ဒေါက်တာခင်စောဝင်း ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/women/Women-And-Heart-Disease-114863864.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် လုပ်ငန်းစဉ်သုံးသပ်


အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ ညီလာခံမှာ

အဖွဲ့ချုပ်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သုံးသပ်ခဲ့


By ဒေါ်လှလှသန်း
28 ဇန်နဝါရီ 2011

ထိုင်းအခြေစိုက် WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ က ပြည်ပရောက် မြန်မာအမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပါတယ်။ ဇန်န၀ါရီ လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ WLB က ဆဌမအကြိမ် ညီလာခံတရပ် ကျင်းပခဲ့ရာမှာ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ WLB အထွေထွေအတွင်းရေးမှူး မတင်တင်ညို ကို ဆက်သွယ်မေးမြန်းပြီး ဒေါ်လှလှသန်း က တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/women/WLB-Held-Meeting-In-Thai-Burma-Border-114863274.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 20, 2011

စစ်မှုထမ်းဥပဒေ အမျိုးသမီးတွေအပေါ် ရိုက်လာနိုင်တဲ့ ဂယက်

စစ်မှုထမ်းရမယ့်ဥပဒေ အမျိုးသမီးတွေအပေါ်

ဘယ်လိုဂယက်ရိုက်လာနိုင်မလဲ


By ဒေါ်လှလှသန်း
သောကြာ, 14 ဇန်နဝါရီ 2011

မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတွေ စစ်မှုထမ်းကြရမယ် ဆိုတဲ့ အချက်ကို အခြေပြုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းက နိုင်ငံတော်ပြဋ္ဌာန်းချက်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ခဲ့ ပါတယ်။ အတည်ပြုဖို့ ကျန်ရှိနေတဲ့ ဒီဥပဒေဟာ မြန်မာအမျိုးသမီးတွေအပေါ် ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။





Find this article at:
http://www.voanews.com/burmese/news/women/Burmese-Military-Law-For-Women-113848724.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, December 31, 2010

အမျိုးသမီးတွေရဲ့ အသံ

Source Photo from http://www.bbc.co.uk/burmese

မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို ထင်ဟတ်ပေါ်လွင်စေတဲ့ အသံများ

By လှလှသန်း
သောကြာ, 31 ဒီဇင်ဘာ 2010

ကုန်လွန်တော့မယ့် ၂၀၁၀ ခုနှစ်အတွင်း အမျိုးသမီးကဏ္ဍကနေ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တွေကနေ ကောက်နှုတ်ပြီး မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို ထင်ဟတ်ပေါ်လွင်စေတဲ့ ပြောဆိုမှုတွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။



Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 30, 2010

အမျိုးသမီး နဲ့ သိပံ္ပနည်းပညာ


အမျိုးသမီး နဲ့ သိပံ္ပနည်းပညာ

By ဒေါ်လှလှသန်း သောကြာ, 30 ဇူလိုင် 2010

အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး အာကာသယာဉ်မှုးဖြစ်လာခဲ့တဲ့ Sally Ride က သိပ္ပံပညာမှာ မိန်းခလေးတွေ ပါဝင်လာစေဖို့ ကြိုးစားလှုပ်ရှားမှုတခု ပြုလုပ်နေပါတယ်။ သူ့အနေနဲ့ သိပ္ပံပညာကို ဘယ်လို လိုက်စားပြီး ဘယ်လို အာကာသယာဉ်မှုး ဖြစ်လာတယ်ဆိုတာတွေနဲ့အတူ မြန်မာအမျိုးသမီးတွေရော သိပံ္ပပညာရပ်မှာ စိတ်ဝင်စားမှုရှိလာအောင် ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာတွေကို ဒီသတင်းပတ်ရဲ့  အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ပေးထားပါတယ်။



ဒီကဏ္ဍကတော့ www.voanews.com/burmese ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတွေလည်း အတုယူနိုင်ပါစေ။
အမျိုးသမီးငယ်လေးတွေ ကြိုးစားလိုစိတ် တိုးတက်မြင့်မားနိုင်ပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....