+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label Music(karen). Show all posts
Showing posts with label Music(karen). Show all posts

Friday, May 13, 2011

ဖူ့တာမိက်ရဲ့ အချစ်ခံစားချက်

Source Photo from http://www.bbcburmese.com/images

ဖူ့တာမိက်ရဲ့ အချစ်ခံစားချက် (အပိုင်း ၂)
(မင်းစိုးစံ)

ကျုပ်ငယ်ငယ်တုန်းက နားထောင်ခဲ့ရဘူးတဲ့ အိပ်ယာဝင်ပုံပြင်လေးအကြောင်းပြောပြချင်ပါတယ်။ ကျုပ်အမေပြောပြခဲ့တာပါ။ လွန်ခဲ့တဲ့ကာလတခုတုန်းက မြွေကိုနိုင်တဲ့ သူလောင့် ဆိုတဲ့လူတယောက်ရှိခဲ့ဘူး သတဲ့။ သူ့ဇနီးက နောင်မူးအိုင် လို့ခေါ်ပါတယ်။ သူလောင့် တောင်ယာသွားမခုတ်ခင် သူပြန်မရောက်မခြင်း သူ့ ဇနီးကိုအိမ်ပေါ်ကနေ အိမ်အောက်မဆင်းဘို့မှာထားပြီး သူ့ဇနီးအတွက် ရေ၊ ထင်း၊ ဆန်တွေအားလုံး တပတ်စာ ၇ ရက်စာပေါ့ဗျာ၊ပြင်ဆင်ပေးထားခဲ့သတဲ့။

ခင်ပွန်းသည်ယောက်ျားရဲ့စကားကို နားမထောင်တဲ့ နောင်မူးအိုင် က အိမ်အောက်ကိုဆင်းသတဲ့။ အဲဒီမှာတင် မြွေကြီးတကောင်က သူ့ကိုရစ်ပတ်ပြီးခေါ်သွားတော့ ငှက်တွေကိုအကူ အညီတောင်းတဲ့အခါ ငှက်တွေတဲက ချိုးငှက်(ဂျိုး)တကောင်ကနေ သူလောင့် တောင်ယာခုတ်တဲ့လုပ်ကွက်ထဲ အရောက်သွားပြီးအကြောင်းကြားလို့ သူလောင့်လည်း သူ့ဇနီးကိုကယ်ဘို့ရောက်လာပေမယ့် သူလောင့်သေမှ နောင်မူးအိုင် ကိုပြန်လွှတ်ပေးမယ်လို့ မြွေကပြောသ တဲ့။

မြွေက နောင်မူးအိုင်ကို သဘောကျလေတော့ သူ လောင့် သေလျင် နောင်မူးအိုင် နဲ့လက်ထပ်ဘို့ နောင်မူးအိုင်ကို မင်္ဂလာဆောင်မှာဝတ်ဘို့ ဂျပ်ခုတ်စေသတဲ့။ သူလောင့်ကလည်း သူ့လက်မ ကိုခုတ်ဖြတ်ပြီး မြွေကြီးရဲ့ ကျင်းဝ(တွင်း)မှာချထားလိုက်တယ်၊ ပုတ်ပွလာတော့ ယင်တလောင်းလောင်းဖြစ် ပြီး လောက်တွေဟာ နောင်မူးအိုင်ရဲ့ ဂျပ်ခုတ်စင်ပေါ်ကို ကျလာလေတော့ နောင်မူးအိုင်က ပြောတယ်၊ ငါ့ယောက်ျားသေပြီ၊ ငါ့ကိုပြန်လွှတ်ပါလို့ပြောတော့ မြွေက ဒီကောင်မသေသေးပါဘူးကွာ ငါ သိပါတယ် ဆိုပြီးပြန်မလွှတ်ဘူး။ နောက်တော့ ခြေမဖြတ်လိုက်ပြန်သတဲ့ ဒါလည်းပြန်မလွှတ်သေးတာနဲ့ နောက် ဆုံး သူလောင့် ဟာ သူ့ကိုယ်သူတကယ်ပဲသတ်သေလိုက်ပါရောတဲ့။

အဲဒီတော့ အလောင်းကောင်တွေကနေ လောက်တွေဟာ အလုံးလိုက်အထွေးလိုက် နောင်မူးအိုင်ရဲ့ ဂျပ်ခုတ်တဲ့ စင်ပေါ်ကိုကျလာတော့မှ တကယ်သေပြီ ဖြစ်လို့ နောင်မူးအိုင်ကသူ့ခင်ပွန်းသည်ဆီကိုပြန်ဘို့ပြောတော့ မြွေကြီး ကပြန်မလွှတ်တော့ပဲ သူ့ရဲ့ဇနီးမယားအ ဖြစ်သိမ်းပိုက်လိုက်ပြီလို့ပြောသတဲ့။

သူ့မယားကိုကြိုက်လျင် သူ့လင်ကို လှံနဲ့ထိုးရဲရတယ်ဆိုတဲ့ အတိုင်းပဲလား တော့မသိပါဘူး။ ခုခေတ်မှာတော့ ပေါ်တင်ပဲ။ ခင်ပွန်းသည်ငုတ်တုတ်၊ ဇနီးမယားငုတ်တုတ်ရှိနေတာတောင် ဇယားတွေရှုတ်နေလိုက်ကြတာ မမြင်ချင်အဆုံးမကြားချင်အဆုံးပါပဲ။

နောင်မူးအိုင်ကလည်း သူ့ခင်ပွန်းသည်ရဲ့ အလောင်းကိုနောက်ဆုံးတွေ့ခွင့်ပေးဘို့နဲ့ အလောင်းကိုမီးသဂြိလ်ပြီးပြီ ဆိုတာနဲ့ ပြန်လာခဲ့ပါ့မယ်ပြောလို့ မြွေကြီးက ခွင့်ပြုလိုက်သတဲ့။ နောက်ဆုံးတော့ နောင်မူးအိုင် ဟာ သူ့ခင်ပွန်းရဲ့ မီးပုံပေါ်ခုန်ချပြီး သေဆုံးသွားရှာသတဲ့။

ဒီပုံပြင်လေးမှာ နော်မူးအိုင်ဟာ မယ်သီတာလိုပဲ ရာမမင်းသားရဲ့စကားကို အလေးမထားခဲ့လို့ ဒဿဂီရိရဲ့ လက် ထဲပါသွားရသလို သူလည်းမြွေကြီးနောက်ပါသွားရတာပါ။

ကရင်ပုံပြင်တွေထဲမှာ နောင်ဘောင်နွန်းဒေ သိနွန်းလာကို ဗမာလိုသျှင်မွေ့နန်းနဲ့ မင်းနန္ဒာ။ သုခနောက်ဒေ နောင်နွန့်ကာရိကို ဗမာလိုသုဓနုနဲ့ဒွေးမယ်နော်။ မွန့်လယ်ထျား(ထယား)ဒေ နောင်အုန်မလာကို ဗမာလို မဟော်သဓာနဲ့ အမရာ။ သုတယ်ခလီကို ဗမာလို ဒဿဂီရိ။ သယ်မိတ်ယောင်းကို ဗမာလို ရာမမင်း။ မိုက်သွန့်ထျား(ထယား)ကို ဗမာလို မယ်သီတာ။ သုဝန်ဏာသောင့်ကို ဗမာလို သုဝဏသာမ။ အဲဒီလိုခေါ်ကြတာဗျ။
အခု ပြောတဲ့နောင်မူးအိုင်နဲ့သူလောင့်ကိုကျတော့ ဗမာလိုဘယ်လိုခေါ်တယ်မသိဘူး။

စကောကရင်လိုကတော့ ခူးနော်လေးနဲ့ နော်မူအေး တဲ့။ ကျုပ်တို့ကရင်ပုံပြင်ထဲမှာ သျှင်မွေ့နန်းနဲ့မင်းနန္ဒာတို့ မီးသဂြိုလ်တော့ မီးခိုးလုံး တွေဟာ ကောင်းကင်ပေါ်ပျံတက်သွားကြပြီး ကြယ်တွေဖြစ်သွားကြသတဲ့။
ယှားထူဝေါ်နဲ့ယှားထူဂါးဆိုတဲ့ ဓူဝံကြယ်တွေဖြစ်သွားတယ်လို့ အဆိုရှိပါတယ်။ တယောက်က မနက်ဘက်မှာ ပေါ်လာပြီး ကျန်တဲ့တယောက်ကတော့ ညနေပိုင်းမှာ ပေါ်လာတတ်တာမို့
သူတို့နှစ်ယောက်ဟာ မတွေ့ကြရရှာဘူးတဲ့။

ကျုပ်လည်းဒီအကြောင်းတွေကိုရေးနေရာကနေ ကျုပ်အမေကိုမေးကြည့်တယ်။ နောင်မူးအိုင်နဲ့သူလောင့်တို့သေ သွားပြီးတော့ ဘာတွေဆက်ဖြစ်သေးလဲလို့မေးတော့ ဘာမျှမဖြစ်ကြတော့ဘူးတဲ့။ သျှင်မွေ့နန်းနဲ့မင်းနန္ဒာကျ တော့ ဓူဝံကြယ်တွေဖြစ်သွားကြပေမယ့် အခုထက်ထိ ပြန်မဆုံနိုင်ကြသေးတာ က ကြေကွဲစရာကောင်းလှပါတယ်ဗျာ။
တယောက်က အာရုဏ်ကျင်းချိန်မှာရောက်လာပေမယ့် တယောက်က ညနေဆည်းဈာအချိန် မျိုးမှ ရောက်လာရတာမဟုတ်လား။

ခူးနော်လေးနဲ့ နော်မူးအေး အကြောင်းစပ်ဆိုထားတဲ့ ကရင်တေးလေးတပုဒ်ကို နားဆင်ကြည့်ကြရင်း ချစ်တတ် ကြသူတိုင်း ချစ်ရသူနဲ့အသက်ထက်ဆုံးပေါင်းသင်းနိုင်ကြပါစေ။ ကရင့်ရိုးရာတေးသီချင်းများကိုလည်း အမြတ်တနိုးနားလည်ခံစားတတ်ကြပါစေ။





ကျန်မာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, May 6, 2011

ဖူ့တာမိက်ရဲ့အချစ်ခံစားမှု

Source Photo from http://www.google.com/images

ဖူ့တာမိက်ရဲ့အချစ်ခံစားမှု(အပိုင်း ၁)

(မင်းစိုးစံ)

နင့်ကို ငါသိပ်ချစ်တယ်။
တကယ့်ရင်ထဲက လာတဲ့စကားလုံးပါ နင့်ကိုထုတ်ပြောဘို့ ငါ့မှာသတ္တိမရှိဘူး။
ဘာကြောင့် လဲဆိုတော့ ငါ့မှာ နင့်မိဘတွေလိုချင်တဲ့ အရည်အချင်းတွေ မရှိလို့ပါ။
မိဘတိုင်းဟာ ကိုယ့်သားသမီးတွေ ဆင်းရဲ ဒုက္ခရောက်မှာကို စိုးရိမ်တတ်ကြတာဓမ္မတာပဲမဟုတ်လား။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းသက်သက်မဟုတ်သလို ပေးဆပ်ခြင်းသက်သက်လည်း မဟုတ်နိုင်ဘူးလို့တော့ ထင်တာပဲ။ အိမ်ထောင်ရေးတခု တည်ဆောက်တဲ့အခါ အချစ်တခုတည်းကိုဦးစားပေးလို့မရနိုင်သလို အချစ်ဆို တာမပါလို့လည်း မသာယာနိုင်ပါဘူး။
တို့နှစ်ယောက်ပဲ အသက်ထက်ဆုံးအေးအတူ ပူအမျှ၊ ဆင်းရဲချမ်းသာ နဲ့ဘဝကိုတည်ထောင်ကြရမှာ ဘေးလူကို ဂရုစိုက်စရာမလိုဘူး ဆိုပေမယ့် လူဆိုတာက ပတ်ဝန်းကျင်နဲ့နေကြရတာမဟုတ်လား။
နင့်အမေရဲ့ သစ်ခုတ်တဲ့ပုဆိန်တလက်လိုထက်လှတဲ့ အပြောနဲ့ မိုးကြိုးတစဉ်းလို ပြင်းထန်လှတဲ့ နင့်အဖေရဲ့စ ကားလုံးတွေကြောင့် ငါတို့နှစ်ယောက်ရဲ့ သာယာလှပတဲ့ စိတ်ကူးယဉ်အချစ်ကမ္ဘာလေး ကွဲအက်ပျက်စီးခဲ့ရပြီ ပေါ့။

ကျုပ်ဘာတွေရေးနေမိလဲ မသိဘူး။ ကျုပ်အဲဒါလေးကို ရေးလိုက်တာ အကြောင်းမဲ့တော့ မဟုတ်တန်ဘူး။ ကျုပ်တို့ အမေနဲ့အဖေတို့ ခေတ်တုန်းက အဲဒီလိုအတွေးလေးတွေနဲ့ အိမ်ထောင်ရေးကို ဆုံးဖြတ်တတ်ကြတယ် တဲ့ဗျ။(အများစု)
ခုခေတ်တော့ လုပ်လိုက်လေ ကြာသလားလို့။ အချိန်မရွေး လာထား။ အချစ်နဲ့ပတ်သက်လာလျင် အရမ်းကိုသွေး ဆူနေကြတာလား ရူးသွပ်နေကြတာလား တော့မသိဘူး တချို့မိန်းကလေးအဆိုရှင်ရဲ့သီချင်းများဆို ကျုပ်တောင် ရင်ခုန်သွားတယ်။ တတိယအရွယ်၏ ဘာမသိညာမသိဝေဒနာမျိုးလားမသိဘူး။
သီချင်းက ……..လာခဲ့တော့မယ်……ဒို့လာမှာပဲ……… တဲ့။ ဇွတ်ကြီး။

ကျုပ်တို့အဖေနဲ့အမေတို့ခေတ်တုန်းက အဲဒီလို ဆိုဘို့မပြောနဲ့ တခြားလူတွေကြားမှာစိုးလို့ လေမှုတ်တူရိယာတမျိုးနဲ့ မိန်းကလေးရဲ့ အိပ်ခန်းနဲ့မလှမ်းမ ကမ်း အိမ်ဘေးတနေရာက နေရည်းစားစကား ချစ်စကားကြိုက်စကား တွေပြောကြတယ်တဲ့ဗျို့။

မိန်းကလေးက လည်း ကောင်လေးကိုချစ်တဲ့အကြောင်း အဲဒီလေမှုတ်တူရိယာလေးနဲ့ပဲ အကြောင်းပြန်သတဲ့။ လသာချင်သာမယ် လမိုက်လျင်မိုက်မယ် မိုးဖွဲဖွဲလေးရွာလျင်ရွာမယ် အေးချင်လည်းအေးမယ်၊ အဲဒီလိုညမျိုးတွေဆိုလျင် အပျိုလူပျိုလေးတွေရဲ့ တယောက်နဲ့တယောက် အချစ်ပြိုင်နေကြတဲ့ လေမှုတ်တူရိယာရဲ့အသံကို နားဆင်ကြည့်ချင်လိုက်စမ်းပါဘိတော့။

ခုခေတ်လိုကျပြန်တော့ လူသံကားသံတွေဆူညံနေတာ ဘယ်လိုလုပ်နားထောင်ရမှာတုန်း။
လူစိတ်ကင်းတဲ့ ဗမာစစ်အစိုးရတပ် ကြီးစိုးတဲ့ခေတ်ကြီးမှာညဘက် အပြင်ထွက်ပြီးလမ်းသလားမိလို့ကတော့ အသုဘဖြစ်ဘို့သာ ပြင်ထား။
ဒီတော့ ရိုးရာယဉ်ကျေးမှုလေးတွေ အလိုလိုပျောက်ကုန်တော့တာပေါ့။ လူမဆန်တဲ့ ဗမာစစ်တပ်ကြောင့် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အိမ်ယာခြံမြေ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ပညာရေး လူမှုရေးအားလုံးဗျာ။
ပျက်စီးတိမ်ကော ပပျောက်ကုန်ကြရတဲ့ အကြောင်းရင်းတွေထဲမှာ သေခြာတဲ့အချက်တချက်ဗျ။
မင်္ဂလာမရှိတဲ့ ဒီခွေးရူးတွေအကြောင်းရေးရတာ သိပ်တော့မကောင်းဘူး။

အဲဒီလေမှုတ်တူရိယာပစ္စည်းကို ပိုးက ရင်လို ဟှိင်(ဂိမ်) လို့ခေါ်တယ်။ ဗမာလိုကတော့ မိကျောင်းလျှာ ဒါမှမဟုတ် သံဝင်တဲ့။ စကောကရင်လိုကျတော့ တ်ုဃှီ(တခီ) လို့ခေါ်တယ်။ ကျုပ်အဖေပြောပြတာကတော့ ပုရစ်အကောင်လေးတွေရဲ့အသံကို အတုယူပြီးအဲဒီ သံဝင် လို့ခေါ်တဲ့ မိကျောင်းလျှာကို တည်ထွင်အသုံးပြုကြတာတဲ့။

ကဲ နားထောင်ကြည့်ဗျာ အဲဒီ (တ်ုဃှီ) (ဟှိင်) မှုတ်တဲ့လူက ဘာတွေပြောနေသလဲဆိုတာ။
ညီအစ်ကိုရဲ့အခန်းက ဆူညံနေလား၊ ဒါမှမဟုတ် ကွန်ပျူတာလေးနဲ့ နားထောင်နေတာလား၊ Song box နဲ့နားထောင်နေတာလား၊ အသံရှင်းရှင်းလေးနဲ့ သူပြောပြတာကို သိချင်လျင် အကြံပေးပါရစေ။ Ear phone နဲ့ နားထောင်ပေတော့။
ကရင့်ရိုးရာယဉ်ကျေးမှုများကို အမှန်တကယ် မမှားမယွင်းထိန်းသိမ်းနိုင်ကြသူများ တိုးတက်ပွါးများလာပါစေ။

ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး




အရုပ်ကလေးတွေက မြစ်နဒီကိုးသွယ်ရဲ့ ဘလော့ထဲကနေ ကူးယူထားတာပါ။
အသံကတော့ မဲလဒုက္ခသည်စခန်းက ဆရာစိန်တင်အေးရဲ့ ယဉ်ကျေးမှုဌာနက နိုင်ငံခြားသူတဦးကို
ပေးလိုက်တဲ့ သူတို့ရဲ့ လုပ်ငန်းဖြစ်ပေါ်တိုးတက်မှု အချက်အလက်တွေထဲက ကူးယူထားတာပါ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, May 5, 2011

သန်းရွှေကို မေတ္တာပို့တေး




ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, May 1, 2011

In love you at Karen Wrist Tying Ceremony



Source from
http://www.youtube.com/watch?v=dHiYrgovH80&feature=channel_video_title

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 29, 2011

တပြည်ခြား ချစ်သူ

ကျုပ်တို့ငယ်ငယ်တုန်းကတော့ ဗမာသီချင်းဆိုလျင် ချစ်ဦးမောင့်ထံပြန်လာပါ ဆိုတဲ့တေးကို အလွန်ကြိုက်ခဲ့မိပါတယ်။
ကရင်သီချင်းကျတော့ နာန်မူးကလုံပန်း (ကျုံပိုင်းသူ) ဆိုတဲ့သီချင်းက အခုထက်ထိ စွဲနေတုန်းပဲ။
ခုခေတ်လူငယ် တွေကျတော့ သူတို့ဖွဲ့စပ်ပုံ သီဆိုပုံ ခံစားကြပုံခြင်းက နည်းနည်းကွာသလိုလို ဖြစ်လာနေပြီလား မသိဘူးဗျ။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 15, 2010

Karen Music

How about you think?



Source Audio from KAW LAH MEDIA GROUP



Source Audio from KAW LAH MEDIA GROUP



Source Audio from KAW LAH MEDIA GROUP

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, October 2, 2010

ဆံင့်ဏးယှံင်္ဘးလာၟ ကိုဝ်ၟဟှာဍေဆါ်။
ထါခေါဟ်အ်ုဝေ့ယိုဝ် မွဲါဝေ့ ထါခေါဟ် ဟေဟ်ဟှ်(hip-hop) ဆေ၀်ၟလှ်။
မွဲါယ်ုဏှ် ယ်ုဆံင့်ဏး ယ်ုဏးသှေ်လုက်အေး။
ဏ်ုသီးဆံင့်ဏးအေဟှံင် ဏ်ုသီးသါဖိုင် ဟှယ့်အှ်ထင်း္ဘေ့သှေ်သိုဝ်လဲဏှ် ကေ၀်ဖႜဟ် အေကဲဍူ သုင်းသာမ်ုဆံင်း ထင်းဝေ့ဆေ၀်ၟလှ်။



ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 27, 2010


ဖႜုံဍုင်ၟတာခေါဟ်၊ လာလ်ုဆီ့ဏီ့္ဘိင်း

အ်ုခင်းထါ်

ပ်ုဖႜုံဖေါဟ် ထီ့ခါန်.ဖေါဟ်ထံင် လ်ုဏီယိုဝ်၊ ဖူၟဍေ၀ဲါ ပ်ုဟှယ့်ထံင် လ်ူဏီမူ.ယိုဝ်၊ ထုဂ်လ်ုဝါ် ထာခေါဟ်ထာခႜါင်. လ်ုဏိင်း ယိုဝ်၊ ဟှေး… ဖီဖူ့လ်ုယာ့ကေ၀်ဏါင်းထဟှံင် လာဆီ့ဏီ့္ဘိင်း အ်ုဟှာင်.အ်ုကျံင်း မွဲာလင်ဖႜိုဝ်းဝယ် ဖႜုံယှင်ဖေါဟ်အ်ုကျံင်းဖႜံင်၊

ကိုဝ်ပါင်ဆိုင်
ခွဲာက႟င်မူးခွါ့ ရာဓနာၟဝေ့ အှ်ဆံင်းလာၟဆာ် ကိုဝ်ၟဟှာဍေ

၁။ ထါင့်ခုက်ဖေါဟ် ဆင်ခူးလင်ဃှိင် မာဆိက်မာဏာဟှံင်လုက်ကႜိင် နြာသတ်ဖူ့သျှဋ္ဋဋ္ဋ ဖါန်စာစိင်း။ ဆင်ဖ၀့်ဖါထင်းနိုင့်မိုင့်ခႜိင်း ဖႜုံဏိင်းထင်းသင့် အူးဍေဟှိင်၊ ဃှူးထီၟဍေခေႜါဟ် အင်းဖံင့်ဍိင်၊ ဖႜုံအင်း္ဘူးသင့် မုက်ယူၟယိင်။

၂။ ထါင့်ခုက်ဖါဍောဟ်အေထံင်ထါင်ဏှ် မြာဃနာသဋ္ဋဋ္ဋ ဟ်ုယေါဝ်ၟစိုဝ်ဖႜဟ်ဖ၀့်တ်ုကိုဝ်ဖ၀့် ဍးစိုဝ်၀၀်--။ ဟှေး---သုင်းဆီ့ဖေါတ် ထံင်အေသၞ၀့်၊ လုင်ၟသးလုင်ၟခယ့် အးမာၟလှ်--- လေ၀်အင်းထိုင့်လး ဂြုက်တႝ၀့် ထီဍေသိုဝ်သုဂ်မာၟယှဝ်ယှဝ်၊ ဖႜုံဖေါဟ်သီးဟှေး--ထောဟ်ဖေါဟ်မံင်ဃွှိင်ယူၟမာၟလှ်။


၃။ ဆ်ုခေါဝ်ၟစွးတယ်ထံင်လာသိုင့်၊ သိင်းလးမိင့်လင်ခေါဟ်လံင်ထိုင့်၊ ဖ၀့်ထေါဟ်ကႜီးဖါထင်းနိုင့်မိုင့်။ “ဥတ္တရာနာသတ်” ဏှ်လ၀်ဟှိုင့်၊အင်းဖံင့်ဆီ့ဖေါတ် သိုဝ်္ဘးနိုင်၊ ယာၟသုဂ်ဃှါင့်ဟှံင်၊ ယာ.သုဂ်ဃှံင့်သံ့င် လ်ုလုက်လိုင်၊ သုင်းထင်းဟှိင်းသင့် ဟှယ့်တာင်ဆိုင်။

၎။ က်ုဍုဂ်စုဦခါ့အေထံင်လာတာ၊ ထီ့လင်သ်ာဟှင်းခေါဟ်ဃှါင့်ထာ၊ ကျ္ဘာီက်ုလေင့် လီဟှင်းအာ----။ နာသတ်ဖႜဟ်ထင်းစိတ္တရ၊သိင်းဍိုဝ်ထင်း ကႜင်ကႜါင်းဖ၀့်ဖါ ၊ လေ၀်ဍွဲဃှုဂ် ကောဝ်မိင်လကႜာ၊ ကိုဝ်ၟဏိင်းဍေ အင်းဃှယ်ကိုဝ်ၟအ်ုဟှာ။

၅။ လာယာ့ထံင်ထါင် လင့်သင်းဝင်၊ြ ၀ိသာခါနာသတ် ဋ္ဋဋ္ဋ အှ်မုဂ်ဍင် ဆ်ုဆိုင်ဝေ့ လ်္ဘုႜင်ဏီ့္ဘႜင် ဃှူးဍေဏဲယ္ဘင်သုင်းလင်၊ ပ်ုကျာပ၀်ၟသၞ၀့်ဃှူ့ဃှင် ဖ၀့်ထေါဟ်ကႜီးဖါ အ်ုယံင့်္ဘင်၊ ဟ်္ဘုးထယ့်တယ် သုင်းလင်ကျင်။

၆။ ဆ်ုဆိုင်ဍောဟ်လင် လာနဲု့ထံင်၊ ကာလ်ုပါထင်း ထီ့ယွာဖႜံင့် လင်ဆိက်ဖိုင် ဆ်ုမာပ္တံင် ဃှဲုးလင်္ဘူးမ(မျ) မွဲာအေဟှံင် လင်သႜာတ်ာအှ်လ်ုဖႜံင် ဟှေး…. နာသတ်စေဌမွဲာဍးခံင် ဖ၀့်ကးဍေအ်ုဏါင်ၟဖါထင်းယှံင်။

၇။ ဆ်ုဆိုင်ဆ်ုဆိုင်အးတယ် လာဃှိုဝ်ထံင်ထါင် ဆိက်ထင်းခံင့်ဖႜာထင်းဍုဂ်ပါင်္ဘင်းဖ၀်.သှေ်္ဘိုဝ်လ်ုလါင့်ဏါင် က၀်သုဂ်သႜာ ဖါထင်းဝိက်ကါင်္ဘူးခယ့်ကေႜာဝ် လေ၀်္ဘိုဝ်ဍေဏါင် နာသတ်ဗြဗ္ဗာဍးစိုဝ်ယါင် မီသးမိင့် ထီ့ဍောဟ်မှေ်ဖႜါင်။

၈။ ဆ်ုဆိုင်ကျုဂ် လာခုဂ်ထံင်ဏှ် ဖ၀့်လာခုဂ်ဖါထင်းသၞ၀့် သရ၀ဏ်နာသတ် ယေါဝ်ၟစိုဝ်ဖႜဟ် သုဂ်ဆူၟမိင့်္ဘုံ လင်ပျောဝ်ဖ၀်ၟ ထီ့ဍောဟ်မှေ်ဖႜာင် ကိုဝ်၀ီးလာခါင်ၟကုံစူးလ၀့် ဖႜုံကိုဝ်ၟဆိုဒ် ဃှူ့ဃှင်္ဘးသၞ၀့်။

၉။ လာဆီ့မူၟထံင်ယိုဝ် ဆ်ုခေါဝ်ၟစွး ယးဖေါဟ်စါင်းယှိုဝ် သႜာပွဲါ ဖါထင်းဃှိင်ကောဝ် ဟှေး…. ဖေါတ်လီးဖ၀့်ပါကဲဆ်ုဍိုဝ် ကေါတ် ထေံ္ဘိုင် အင်းဍေဖေါတ်နိုဝ် ဍုံမူၟထုင်း ဟ်္ဘုးလင်ကေႜာဝ်။

၁၀။ က်ုတုဂ်ဝှ် လာမုက်စွးတယ် အာသာဝတီ ယှးဖါန်ခယ် တ်ုက၀်သွဝ့်ဖါထင်းဃှုဦ လေ၀်ကေႜာဝ်က်ုလံင့် ဃှဲုးလင်္ဘယ်၊ ဆုင်းထင်းမှေ်ပုံ လေ၀်ပါမုက်ကုဦ ဖႜ္ဘာူးပ်ုတာ အ်ုထ်ါဆာၟယယ် လေ၀်ကုဂ်္ဘူးသိုဝ်အးမာလဲာ ဖီဖူ့ ပ္တံင် ဏှ်အှ်ဝယ်။

၁၁။ ဆ်ုဆိုင်ထင်းသင့် ထံင်လာဏင့်ဖိုင် ယှးလ်ုမုဂ်ခေါဟ် ကြတ္တိကာစိုင် မုဂ်ခေါဟ်ဆ်ုအုင်းလ်ုအှ်လိုင် ဟှေး… ဍိင်လိင်အ်ုဖ၀့် လ်ုနိုင့်မိုင့် ဆိက်လင်ထီ့ မူ့လာၟဆ်ုဆိုင် မ်ုဖႜာယာၟသုဂ် ဍေသုင်းဃှဲု့သာယိုင်္ဘေမ်ုအင်းယိုင်္ဘးမာဆိုင်။

၁၂။္ဘူး၀၀်ထင်းလာလိင်ထံင်ဝေ့ မီဂသီနာသတ်ယှးဖါန်လုဦ့ ပြိုင်ကုံ္ဘူးဝီၟဟှံင်လုက်ခေႜ၀် ဏ၀့်ထင်း္ဘူးပုံ ပါမုက်ကုဦ၊ ဟှေ………. ဖ၀့်မူၟယှာ့ဖ္ဘါးဟှဝ်ၟသုဦ့ စါင်းကုဂ်ကံင်း္ဘူးကိုဝ်ၟဏီဍေ ဖႜုံဖီ့္ဘူးယ၀် ယှောတ်လာကိုဝ်ထုဦ့ သာဏင်းဃှေဝ်။

ကိုဝ်ပါင်ဆိုင်

ခွဲာက႟င်မူးခွါ့ရာဓနာဝေ့ အှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ၊
ဏ်ုထါင်အေထံင် ဏ်ုတွါန့် သာဏင်း္ဘးဃှေဝ် ဖႜုံခွဲာက္ဓ႟င်။
(မင်ရို့)၃….(လေလေမင်ရိုး)၃…….
အိုဝ်း ခိုဝ်ဆံင့်ဏး…..။

ထာခေါဟ်အ်ုထါင်
မာ္ဘေ့ထာခေါဟ်အ်ုစါင်းလင်သိုဝ်လှ်။

ဖေါ်ပြပါ တေးသီချင်း စာသားများကို http://ninedeblood.blogspot.com မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
ဤတေးသီချင်းစာသားအား ဖေါ်ပြပေးသည့် ကိုးဒီသွေး အား အထူးကျေးဇူးတင်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, August 26, 2010

လာခုဂ်ခါင်ၟစူး္ဘုံး ဆ်ုဟှင်လ်ုဖး

လာခုဂ်ခါင်ၟစူး္ဘုံး ဆ်ုဟှင်လ်ုဖး

ဏ်ုသီးစါင်းယေါဝ်ၟခွါၟ ဃှယ်ဃှယ် မွဲါဏ်ုသီးဍး ဆ်ုလင်ဆင့် အှ်မိင်မိင်ဆေ၀်ၟဟှး။
ဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ။
မွဲါယ်ုလ်ုဟှာ ဆ်ုဍးဏှ် လ်ုဆ်ုမာဃှူ့ဃှင်ဆ်ုဏှ် မာလေံကုင့်ဏှ်ဟှံင်လှ်။
ဆ်ုမုမာပႜီပြ္ဘားသာဆ်ုဆါၟခ၀့်လ်ုဖါ အွးလင်မာဝေ့ ဆ်ုဆုဂ် ဆ်ုထေ၀်ၟဖိုင် လေံကုင့်ဆေ၀်ၟလှ်။
ဏ်ုသီးအေဍး လ၀်္ဘးဆ်ုလုစံင်းဏှ် ဏင်ၟထီး။
လ်ုခါင့်မာဆု္ဘေ့ဏှ် မ၀့်ဃှင်ဍေ မာကါင်ဖါထင်းဆ်ုဆေ၀်ၟလှ်။



ဏ်ုသီးအေလ်ုဍး္ဘးခ၀့် အင်းစါယ်ုသှေ်ဍးသာလှ် အေဍးဆေ၀်ၟဍူ လ၀်လေါဟ်သာ မူတူမူတူ ကဲလှ်။
္ဘးစါင်းအိုဝ်ဖါလင် ဟ်ုခါင့်ဖိုင်အေး။
လ်ုခါင့်သ္တ်ါဏှ် ဟှံင်လှ်။
အှ်ဆံင်းလာၟဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, August 22, 2010

ထါခေါဟ် ခႝါ (ယိုင္ကု္ဆါၟ ဆြာ့ဃှူး္ဘံင်ဓံင့်)

အှ်ဆံင်းလာၟဆ်ါကိုဝ်ၟဟှာဍေ
ထါခေါဟ်အ်ုဝေ့ယိုဝ် မွဲါဝေ့ ထာခေါဟ် ခႝါ ဆေ၀်ၟလှ်။
ဆ်ုယိုင်ယှံင်က်ုဆါၟမွဲါဝေ့ ဆြ့ာဃှူး္ဘံင့်ဓံင့်ဆေ၀်ၟလှ်ဆါ်။



ထြိုင့်ခွိက် အ်ုဏိင်းလ်ုဆီ့္ဘႜဲခါ့ ယ်ုအှ်လ်ုသါင့်ခါန်ၟခါ့ ယ်ုလေ၀်ဃှဦုဏေ၀်ၟတိင်းခွင်ဟှံင် ထံင်ထါင်မူၟဆါ့လု ဏီ ယ်ုလေ၀်အင်းတါင်ဏေ၀်ၟ စီဒီ တိင်းခွင်ဟှံင် ယ်ုထုဂ်လျာၟလင်္ဘးဆေ၀်ၟ္ဘှ်။
ယ်ုလုဟှာ ယ်ုထုင်ၟမိက်လင်သာကဲဏင်ၟမိင်မိင်အေး ယ်ုမာမိင် ယ်ုအုဂ်ဃှီ့ယ်ုမေံ ဏှ် လ်ုမွဲါဆေ၀်ၟ္ဘး။
ထါခေါဟ်အ်ုဝေ့ယိုဝ် ဆ်ုကေ၀်မွဲါမ်ုအှ်သီးဍ်ါဟှ ဏှ် ယ်ုလ၀်္ဘးအေး။

္ဘေ့သိုဝ် ဆိုဒ်ဆိုဝ်သင့်ဖေါဟ်သီးလ်ုဖး္ဘေ့မ်ုအဲဍိုဝ်ထါင် ပ်ုဖႜုံထါခေါဟ်လင်ၟလီသိုဝ်္ဘေ့မ်ုထုဂ်ဖႜဟ်ထင်း ထါင် ဖႜုံထါခေါဟ် မူ့လီမူ့လာ မ်ုအှ်သိုဝ်အ်ုဟှင်ၟ ယ်ုဆုမူ့လာၟအှ် အ်ုခေါဟ်စံင် ယ်ုထုဂ်လျာၟလင်္ဘး ဆေ၀်ၟလှ်ဆါ်။

အှ်ဆံင်းလာၟဆါ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကေါဝ်တြာ် ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင့်ရိုးရာတေး

ကရင့်ရိုးရာတေး

ဒီတေးကတော့ ကရင့်ရိုးရာတေးများစွာထဲက ခႝာ လို့ခေါ်တဲ့ ဗျတ်စောင်းနဲ့တီးခတ် သီဆိုထားတာဖြစ်ပါတယ်။
သီဆိုထားသူတေးသံရှင်ကတော့ ဆရာ ရွှေပိန်းရိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်တုန်းက ဒီးတေးကို ထိုင်းနိုင်ငံ လမ်းခင်းဈေး တခုက ၀ယ်ထားတဲ့ တိတ်ခွေကို စီဒီလေး တချပ် ဖြစ်အောင်ဖန်တည်းပြီးတော့ အခုလို ဘလော့ပေါ်တင်လိုက်တာဖြစ်ပါတယ်။
အဆိုရှင်တွေ ထုတ်လုပ်သူတွေရဲ့ ဦးဏှောက်ကို ဖေါက်စားတာလို့တော့ မထင်စေချင်ပါဘူး။
ရှားပါးတဲ့တေးမဟုတ်တာတောင်မျှ ကြားရခဲတဲ့ တေးတမျိုးလို့ ခံစားရတဲ့အတွက် အခုလိုဖေါ်ပြလိုက် ခြင်း ဖြစ်ပါကြောင်း ရိုးသားစွာ သိစေလိုက်ရပါတယ်။




ရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 10, 2010

ဆြာ့စ၀်လိက်သိင့် ထါခေါဟ်လ်ုဖး

ဆြာ့စ၀်လိက်သိင့် ထါခေါဟ်လ်ုဖး

ဆံင့်ဏးယှံင်ထါခေါဟ် ထီသိုဝ်ကိုဝ်ၟအ်ုဟှာ ယှူးမုက်္ဘှ်ယ၀့်လာၟ ကိုဝ်ၟဟှာဍေဆါ်။











အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ
ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ်ဏာၟဍိင်

အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ

ဆံင့်ဏးယှံင်္ဘးလာၟ ထါခေါဟ်ဏါၟဍိင်ဏှ်ဆါ်

ယိုင်ထါခေါဟ်က်ုဆါၟ ဆြာ့ဃှူး္ဘံင်ဓံင့်



ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ ထင်းထ၀့်လာၟကိုဝ်ၟဟှာဍေဆါ်
ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လာခုဂ်ခါင်ၟစူးမ်ုထံင်လှ်

လာခုဂ်ခါင်ၟစူးမ်ုထံင်လှ်



ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်္ဘးလာၟကိုဝ်ၟဟှာဍေဆါ်။
ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 10, 2010

ယု္ဂမႜိဳင္ၟအု္ဟွင္ၟ

ဆံင့်ဏးယှံင်္ဘးလာၟထါခေါဟ် ဟှေ်ဟ၀့် လ်ုပုဂ်ယိုဝ်ဏင်ထီးဆါ်။
မွဲါအု္ဘးတ်ုကေ၀်ပ်ုဝါဆေ၀်ၟဟှး။
ဏ်ုသီးအေထုင်ၟတင်္ဘး အှ်လုမိင်လါလါၟဆေ၀်ၟစါ်္ဘိုဝ် ကေ၀်လင်လါၟ
ဆ်ုခႜါင်မာလုက်သယ် ဏင်ထီးဆါ်။




ဆံင့်ဏးယှံင်ထါခေါဟ် ထီသိုဝ်ဂမႜိုင်ၟကိုဝ်ၟအ်ုဟှာ အှ်ဆံင်းလာၟဆါ်။
ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 3, 2010

ကုံလွဲါ

ဏု္မဲြါဖႜဳံဟွ


ဆြ့ာ့မူးနာန်ၟသိင်းလး္ဘင် အင်းစါဝေ့ ဏ်ုမွဲါဖႜုံဟှ ဏ်ုမုလ၀်္ဘေ့သှေ်သိုဝ်လဲ


လာခုဂ်ခါင်ၟစူး


ဏ်ုကဲဖႜုံ ဏ်ုခါင်ၟ္ဘးစူး လ်ုဖိုင့်လု္ဘႜင်ဆေ၀်ၟဟှ လ်ုဏိင်းယိုဝ်လါခုဂ်ခါင်ၟစူးခါ့ ခါင်ၟစူးထံင်အ်ုကဲထင်း္ဘှ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆြ့ာစ၀်လိက်သိင့်

ယုဂ်ယာန်းထါင်အ္စါဆြ့ာ
ီု

ဆြာ့စ၀်လိက်သိင့်ဝေ့ဍးလ်ုဟှာ္ဘေ့သိုဝ်ဏ်ုသယ်ပ်ုသီး မ်ုသှေ်ယါ့ထါင် ဖႜုံလ်ုဝါ်က်ုဆါၟသယ်သိုဝ် လ၀်ဖႜဟ်ဍ်ါသေှ်ယါ့ဖှေ်ဝေ့ပု လ်ုထါခေါဟ်ဖိုင်ယိုဝ်ဆေ၀်ၟလှ် ဆံင့်ဏးထံင်ဏါင်း္ဘးလာၟ ကိုဝ်ၟဟှာဍေဆါ်


စှ်သာအေထီ့



ဆြ့ာစ၀်လိက်သိင့်လ၀်ဝေ့ စှ်သာအေထီ့။ မွဲါမ်ုလေ၀်လ်ုယါ့ဟှ မ်ုဆူလင်ခါင့်ဟှ။
စှ်လင်ယိုဝ်ၟသာ အေထီ့အေဆာဏှ်ဟှံင်လှ်။

ဆံင့်ဏးယှံင်ထါခေါဟ် သေတဂမႜိုင်ၟကိုဝ်ၟအ်ုဟှာ ယှူးမုက်္ဘှ်ယ၀့်ကျာ်သြီ့ထင်းထ၀့်လါၟ ကိုဝ်ၟဟှာဍေဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 30, 2010

My Angel (Shar Paung Shue)

ယု အိင်မူးဏင်
ဆူ့ကေ၀် ယိုင် ယှးဖါန်ယှူး



ကရင်လူငယ်လေးတယောက်ရဲ့ ခံစားချက်တေးသီချင်းတွေကို နားဆင်လိုတယ်ဆိုရင် myspace.com/mrshoomayn
အဲဒီကိုသွားနိုင်ပါတယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 14, 2010

နာန်ၟသိင်းလး္ဘင် ထါခေါဟ်လ်ုဖး























ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 8, 2010

Shoo Mayn

ဆယ်ကျော်သက် လူငယ်တယောက်ရဲ့ ခံစားချက်လေးပါ ရယ်(ရီ)စရာကောင်းပေမယ့် လုပ်ချင်ကိုင်ချင်စိတ်လေးကို အားပေးတဲ့အနေနဲ့ သူကိုယ်တိုင်ရေးသားသီဆိုထားတာလေးကို တင်ပေးလိုက်ပါတယ် နားဆင်အားပေးကြည့်ကြပါ



ဒါကတော့ သူကိုယ်တိုင် နိုင်ငံခြားရောက်နေတဲ့ သက်တူရွယ်တူတွေအပေါ် အားမလိုအားမရဖြစ်နေတာကို အခုလို ခံစားတင်ပြထားတာမို့ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေအချို့မှာလည်း ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဘိုးထားရကောင်းမှန်း သိနေတာလေးတွေ ရှိနေသေးပါလား ဆိုတာ ဝမ်းသာစရာ ကြားရမှာပါ



ဒါကတော့ ဒီကနေ့လူငယ်တွေရဲ့ နှလုံးသားရေးရာခံစားချက်ကို တင်ပြပုံလေးပါ ကျုပ်ကတော့ နားထဲမှာသိပ် မခံနိုင်ဘူး အရမ်းပွင့်လင်းလွန်းသလားလို့ပါ နားဆင်ပြီးရင် တခုခုတော့ မှတ်ချက်ပေးပါလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....