+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Tuesday, March 27, 2012

၆၇ ကြိမ်မြောက် တော်လှန်ရေးနေ့

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အလေးပြုခံနေသည့် တော်လှန်ရေးနေ့အခန်းအနား
Source Picture from http://www.bbcburmese.com/images

ပထမဆုံး စစ်အရာရှိဟောင်း စိုင်းဝင်းကျော်ရဲ့ တပ်မတော်အပေါ်သုံးသပ်ချက်ကို
နားသောတဆင်ကြည့်ကြပါ။


March 27 Tuesday Morning
Source NEWS Audio from http://www.bbcburmese.com

နိုင်ငံရေးသမားတွေရဲ့ အမြင်ကိုလည်း သောတဆင်တော်မူကြည့်ကြပါဦး


သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--03-27-12--tatmadaw-nay-burma-144360825.html

နားသောတ ဆင်ပြီးကြပြီဆိုလျင်တော့ အောက်ကမေးခွန်းလေးကို ဖြေကြည့်ကြပါစို့လား။

အာဏာသိမ်းပွဲ ထပ်ဖြစ်နိုင်ပါသလား။
ဘာကြောင့်ပါလဲ။

အာဏာသိမ်းပွဲ ထပ်မဖြစ်နိုင်ဘူးလား။
ဘာကြောင့်ပါလဲ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

interview,

တွေ့ဆုံမေးမြန်းခန်း


March 26 Saturday evening
Source VIDEO click from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, January 4, 2012

အင်းစိန်ထောင်က လွတ်လာတဲ့ စောစေးကလယ်


စောစေးကလယ် 
Source Photo from http://www.moemaka.com



Source Audio from http://www.rfanews.org/burmese



KNU ကရင်ငြိမ်းချမ်းရေးကော်မီတီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ်ထော



Source Audio from http://www.dvb.no

ယုံကြည်ဘို့ မယုံကြည်ဘို့ ပြောဘို့စောသေးတယ်ဆိုတာ တကယ်ပဲလား ပဒို။
စောင့်ကြည့်မယ် ဟုတ်လား။
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စမှာ ဗမာစစ်အစိုးရ စိတ်ကွက်မှာစိုးလို့ ကာပြောပြောလိုက်တာများလား။
ကျုပ်တခုပြောရဲတာက ဒီဗမာစစ်အစိုးရမှာ စိတ်ကောင်းရှိဘို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ  တကမ္ဘာလုံးက
သိနေပြီးသား။
ပဒို မျှော်လင့်ထားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
သံခင်း တမံခင်း ကိစ္စမှာ ပြောဆိုရမယ့် စကားမှန်း ကျုပ်နားလည်ပါတယ်။
ဒါပေမယ့် အဲဒီစစ်အုပ်စုဟာ ခွေးမြီးကောက် ကျည်ထောက် စွပ်တာထက်ပိုဆိုးပါတယ်။
ပဒို ကျုပ်ကိုနားလည်နိုင်ပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, December 30, 2011

ကြားဖြတ်ရွေးကောက်ပွဲ သတင်းများ

ဦးတင်အေး




ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးကိုကိုနဲ့ ဆက်သွယ်မေးမြန်းချက်


Copyright © 1998-2011 Radio Free Asia. All rights reserved.




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် http://www.voanews.com/burmese/news/Burma-by-election-12-30-11-136427598.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စောင့်ကြည့်ပါ ပြောင်းလာပါလိမ့်မယ် နည်းနည်းတော့ကြာမယ်


 ဗမာစစ်အစိုးရ အမျိုးသားလူ့အခွင့်အရေးကော်မီရှင် 
လူလိန်ကြီး ဦးစစ်မြိုင်



Source Audio from http://www.bbcburmese.com



နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်



Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, December 23, 2011

KNU ခေါင်းဆောင် ဒေးဗစ်ထောနှင့် DVB တို့ ဆက်သွယ်မေးမြန်းခန်း


KNU ခေါင်းဆောင် ဒေးဗစ်ထောနှင့် DVB တို့ ဆက်သွယ်မေးမြန်းခန်း 




Source Image from http://www/moemaka.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

NLD ဥက္ကဌ ဦးတင်ဦးနှင့် BBC တို့ ဆက်သွယ်မေးမြန်းခန်း



NLD ဥက္ကဌ ဦးတင်ဦးနှင့် 

BBC မြန်မာဌာနတို့ ဆက်သွယ်မေးမြန်းခန်း 


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 21, 2011

ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြပုံ


KNLA( Karen National Liberation Army) 



Source Audio from http://www.rfa.org/burmese


CNf (Chin National fornt) 



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 20, 2011

ကိုသူရနဲ့ အာရ်အက်ဖ်အေ ဆက်သွယ်မေးမြန်းခန်း

Source Photo from http://www.google.com/images 

ထိုင်းနိုင်ငံကနေ ကမ်ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကိုသူရနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်းဌာနတို့ ရဲ့ မေးမြန်းခန်းလေး နားသောတဆင်တော်မူကြပါ 



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး



အင်္ဂါ, 20 ဒီဇင်ဘာ 2011

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး

By မသင်းသီရိ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရေးကိစ္စအတွက် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး
 ကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဇာတ်ညွန်းရေးဖို့ အပါအဝင် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဆောင်ကို ရွေးချယ်ရေးကိစ္စတွေ၊ ရိုက်
ကူးရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပဏာမ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီအခြေအနေ အပြည့်အစုံကိုတော့ ဇာတ်ကားဖြစ်မြောက်ရေး ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့ ဆက်သွယ်မေးမြန်း ထားတဲ့  မသင်းသီရိ က တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်
ဆန်းစု ကြည်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီ နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ဒီဇင်ဘာ၂၀ ရက်၊ အင်္ဂါနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေ အိမ်မှာ တွေ့ခဲ့ကြတာပါ။

ကော်မတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိရအောင် စာအုပ်စာပေတွေ ထဲမှာသာမက သမိုင်းပညာရှင်တွေရဲ့ အချက်အလက်စုဆောင်းပေးမှုတွေကိုလည်း လေ့လာနေပြီး ဇာတ်
ညွန်းရေးနိုင်ဖို့ စီစဉ်နေကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဒီလိုဇာတ်ညွန်းကိစ္စအပြင် ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်တို့ နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ရမယ့် မျက်နှာသစ် သရုပ်ဆောင်ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးကော်မတီ က ပြန်ကြားရေးတာဝန်ခံ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

 ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်

“ဇာတ်ညွှန်းအတွက်ကို ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်း၊ ကော်မတီဝင်တွေအားလုံးသိဖို့လိုတယ်ဆိုပြီးတော့ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဝယ်လို့ရတဲ့စာအုပ်တွေရော၊ ဝယ်လို့မရတဲ့ ပုံနှိပ်ပေါ်ကို မရောက်လာတဲ့ တကယ့် ဗိုလ်ချုပ်ရဲ့အကြောင်း အတ္ထုပ္ပတ္တိကို သမိုင်းပညာရှင်များအနေနဲ့ ရှာပေးတယ်။
ရှာပေးပြီးတဲ့အခါမှာ မိတ္တူဆွဲပြီးတော့ ကော်ပီတွေ တယောက်တအုပ်ယူကြတယ်။ တယောက်တအုပ်ယူပြီးတဲ့အခါမှာ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် gist (အကျဉ်းချုပ်) တွေ ထုတ်ရမယ်။
 ထုတ်ပြီးတော့ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတဲ့အခါမှာ ဇာတ်ညွှန်းပေါ့လေ- အကြိမ်ကြိမ်ရေးမှတ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။
ဆုံးဖြတ်ပြီးတော့ ဒီနေ့တွေ့တဲ့အခါမှာ အန်တီစုကို အဲဒီအကြောင်း ပြောပြတယ်။
ပြောပြပြီးတဲ့အခါမှာ အန်တီစုက သရုပ်ဆောင်ကိုစိတ်ပူတယ်။
 ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်က မျက်နှာသစ်ဖြစ်မယ် ဒေါ်ခင်ကြည် နေရာ ကလည်း မျက်နှာသစ်ဖြစ်မယ်။
မျက်နှာသစ် ၂ ယောက်က လုပ်နိုင်ဖို့အတွက်ပေါ့လေ၊ ကြိုတင်ပြီးတော့ ရှာထားဖို့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေ
ရာက သရုပ်ဆောင်မယ့်သူကို သေချာ train လုပ်ဖို့ရယ်ကို အန်တီစုက စိတ်ပူတဲ့အတွက်ကြောင့်မို့လို့ ဇာတ်ညွှန်းမ ပီးခင်၊ ဇာတ်ညွှန်းစပြီးတော့ အကောင်အထည်ဖော်နေတဲ့အချိန်မှာကိုပဲ သရုပ်ဆောင်လေ့ကျင့်မှုအပိုင်းကို လုပ်စေချင်တဲ့ အကြောင်း ပြောတယ်”

ဇာတ်ကားရိုက်ကူးရေးအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက သူတို့ပိုင်တဲ့ အမျိုးသားရုပ်ရှင်ကို လုပ်ငန်းတွေနဲ့ ရိုက်ကူးရေးအတွက် လှူဒါန်းခဲ့သလို ဇာတ်ကားအတွက် လိုအပ်မယ့် နိုင်ငံခြားဆီက နည်းပညာပိုင်းဆိုင်ရာတွေ ကိစ္စတွေအတွက်လည်း တိုင်ပင်ခဲ့ကြပါတယ်။

“ဦးကျော်သူပေါ့လေ။ ဦးကျော်သူက သူတို့ရဲ့အမျိုးသားရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရေးအတွက် သူက လှူတယ်လို့ အန်တီစုကိုပြောတယ်။ ဆွေးနွေးရင်းကနေပြီးတော့မှ ကော်မတီထဲမှာ ဆွေးနွေးကြတာကတော့ ဦးကျော်သူက ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်သွားပြီပေါ့လေ။ ပါဝင်တဲ့သူတွေနဲ့ နောက်တခုက နိုင်ငံခြားပေါ့လေ၊ နိုင်ငံခြားဘက်က အကူအညီလာမယ်ဆိုတဲ့အခါမှာလည်း အင်္ဂလန်နိုင်ငံပါဖြစ်လာမယ်။ ဂျပန်ပါဖြစ်လာမယ်။ဒါကြောင့် အင်္ဂလန်ပြည်က အကူအညီလိုတယ်။
ဂျပန်ပြည်က အကူအညီလိုတယ်။ စက်ပစ္စည်းပိုင်းဆိုင်ရာ အကူအညီဆိုရင်လည်း ကိုယ့်ရဲ့ဘက်က ဘာတွေ
လိုအပ်လဲ။
လိုအပ်တဲ့အရာကို သေချာပြောပေါ့။ ဟိုဘက်က ကူညီမယ့်အရာတွေကလည်း ဘာတွေကူညီမှာလဲ။
အဲဒါတွေကို နည်းနည်းထပ်ပြီးတော့ ကော်မတီနဲ့ နိုင်ငံခြားဘက်က ကူညီမယ့်သူတွေနဲ့တွေ့ဆုံပြီးတော့မှ ထပ်ပြီးနောက်တဆင့်ဆွေးနွေးရမယ်ပေါ့။
အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖျင်းလေးပြောကြတယ်”

ဒါရိုက်တာ ကြည်ဖြူသျှင်ပါ။

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့နဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့နေရာတွေအတွက် မျက်နှာသစ် သရုပ်ဆောင်တွေကို မကြာခင် ကြေညာကာ စတင်ရွေးချယ်ဖို့ စီစဉ်နေပြီလို့ ကော်မတီဝင်တဦးဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။ ဘာကြောင့် လက်ရှိ သရုပ်ဆောင်တွေထဲက မရွေးဘဲ မျက်နှာသစ်တင်ကာရိုက်ဖို့ စီစဉ်သလဲဆိုတာနဲ့ပတ်သက်လို့တော့


ရုပ်ရှင်ဒါရိုက်တာ ၀ိုင်း

“လောလောဆယ်လက်ရှိသရုပ်ဆောင်တွေထဲမှာပေါ့နော်-ဗိုလ်ချုပ်အောင်ဆန်းနဲ့ အသွင်သဏ္ဍန်တူတဲ့သူ မရှိပါဘူး။ ၁-အချက်၊ ၂-အချက်က သူနဲ့တော်တော်လေး ရုပ်တူတဲ့သူရွေးပြီးတော့ သူ့ရဲ့လေသံကအစ၊ အပြောအဆိုကအစ တူမှ ဗိုလ်ချုပ်လို့ ကျနော်တို့ ဗမာပြည်သူပြည်သား တွေက လက်ခံပြီး ခံစားနိုင်မယ်။
ကျနော်တို့အတွက် သင်ရတာက အခက်အခဲရှိသော်ငြားလည်း ကျနော်တို့ တနှစ်လောက်အချိန်ရတဲ့အတွက် သူ့ကို ကျနော်တို့ ဗိုလ်ချုပ်နဲ့တူအောင် လေ့ကျင့်ပေးနိုင်ပါတယ်။
တပတ် နှစ်ပတ်အတွင်းမှာ ရုံးခန်းလိပ်စာ အတည်တကျဖြစ်ရင် မျက်နှာသစ်သရုပ်ဆောင်ရွေးတာနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ဖောင်ပုံစံကိုတင်ပေးပါမယ်။
 ဗမာတနိုင်ငံလုံး အတိုင်းအတာနဲ့ရွေးမှာပါ။ အသက်အပိုင်းအခြားလေး ၂၀ ကနေ၊ ၃၀ ကြား ကန့်သတ်ထားတာတခုပဲရှိပါတယ်”

ရုပ်ရှင် ဒါရိုက်တာ ၀ိုင်းပြောပြခဲ့တာပါရှင်။ လာမယ့် ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဖြစ်တဲ့အတွက် အဲဒါအမှီ ဗိုလ်ချုပ် အထ္ထုပ္ပတ္တိ ရိုက်ကူးဖို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီစဉ်နေကြတာဖြစ်ပြီး ဒီဇာတ်ကားဖြစ်မြောက်ရေး ကော်မတီရဲ့ နာကယအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားတာ ဖြစ်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် 
http://www.voanews.com/burmese/news/----12_20_11_my-news-burma----135968053.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တွေ့ဆုံမေးမြန်းခန်း နှစ်ခု

DKBA Army 



Source Audio from http://www.rfa.org/burmese 
December 13 2011 


SSA Army 



Source Audio from http://www.rfa.org/burmese 
December 20 2011

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

SSA,CNF တို့နှင့် BBC တွေ့ဆုံမေးမြန်းခန်း




Source Audio from http://www.bbcburmese.com




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, December 19, 2011

စာရေးဆရာ ဟိန်းလတ်နှင့် မေးမြန်းချက်


ကင်မ်ဂျုံအီအထ္ထုပ္ပတ္တိစာအုပ်ရေးသားခဲ့သူ 

စာရေးဆရာ ဟိန်းလတ်နှင့် မေးမြန်းချက် 

Published on December 19, 2011

by နေသွင်

မြောက်ကိုရီးယားနိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကင်မ်ဂျုံအီ အသက် ၆၉ နှစ်ဟာ နှလုံးရောဂါနဲ့ သေဆုံသွားတဲ့အကြောင်း အစိုးရမီဒီယာက ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။ ကင်မ်ဂျုံအီဟာ မြန်မာပြည်မှာ ၁၉၈၃ ခုနှစ်တုန်းက တောင်ကိုရီယားအရာရှိ ၁၇ ဦး သေဆုံးခဲ့ရတဲ့ အာဇာနည်ကုန်း ဗုံးပေါက်မှုကို အမိန့်ပေးခဲ့သူဖြစ်ပြီး အဲဒီ အဖြစ်အပျက်​ ​နောက်ပိုင်း မြန်မာက မြောက်ကိုရီးယားကို သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေ​ အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး​ ​ပြန်စခဲ့ပြီး​ ​မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို နျူးကလီးယားနဲ့​ ​လက်နက်နည်းပညာတွေ၊​ ​မြေ​အောက်လိုဏ်ခေါင်း နည်းပညာတွေ ကူညီပေးနေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ကမ္ဘာ့မီဒီယာတွေမှာ ခေါင်းကြီး သတင်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတဘုရှ် အစိုးရလက်ထက်က မင်းဆိုးမင်းညစ်တွေရဲ့ ခြေကုပ်စခန်း (Outposts of tyranny) ၆ စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေကို အာခံပြီး မြန်မာပြည်နဲ့ လျှို့ဝှက် ဆက်သွယ်မှုတွေလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီ အကြောင်း မြန်မာဘာသာနဲ့ “ကင်မ်ဂျုံအီ သို့မဟုတ် မြောက်ကိုရီယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး” စာအုပ်ရေးသားခဲ့သူ စာရေးဆရာ ဟိန်းလတ်ကို မေးမြန်းထားပါတယ်။

ကင်မ်ဂျုံအီက ဘယ်လိုလူမျိုးလဲ။ ဒီစာအုပ်ကို ဆရာဘာသာပြန်တာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်တာလဲ။

 “ဘာသာပြန်တာမဟုတ်ဘူးပေါ့။ စာအုပ် ၂၀ လောက်ကို ဖတ်တယ်။ ဖတ်ပြီးတော့ မြင်တဲ့ဟာကို ကျနော်ရေးတယ်။ ကျနော်က နိုင်ငံရေးစာအုပ်တွေ နိုင်ငံရေးခေါင်းဆောင်တွေ အကြောင်းကို အများကြီးရေးတာကို။ ကင်မ်ဂျုံအီကို အနောက်အုပ်စု အများစုက၊ ကမ္ဘာတော်တော်များများက အယူသီးတဲ့ တဖက်စွန်းရောက်တဲ့သူ အနေနဲ့ အဲလိုစွပ်စွဲနေတဲ့ကာလမှာ သူမြောက်ကိုရီးယား အတွက် ဘာတွေလုပ်ပေးလဲ။ နောက် သူ့ရဲ့ ကောင်းကွက်တချို့နဲ့ သူ့ရဲ့အားနည်းချက် တချို့ကို တင်ပြရင်တော့ အထူးသဖြင့် မြန်မာနိုင်ငံရေးကို လေ့လာနေတဲ့ မြန်မာလူမျိုးတွေအတွက်၊ လူငယ်တွေအတွက် အကျိုးရှိမယ်လို့ ထင်လို့ရေးတာပါ။”

ကောင်းတဲ့အချက်တွေက ဘာတွေဖြစ်မလဲဆရာ။

“ကင်မ်ဂျုံအီက သူ့ဖခင် ကင်မ်ယူအီစုန်းရဲ့ အရိုက်အရာကို ခံစားဆက်ခံတယ်။ တိုင်းပြည်စီးပွားရေးကတော့ ထုံးစံအတိုင်းပဲ မကောင်းဘူးပေါ့။ ဒီနေ့ချိန်ထိ မကောင်းသေးဘူး။
သို့သော် သူ့နိုင်ငံတည်မြဲရေးကတော့ ကောင်းကောင်း
ဦးဆောင်ခဲ့တာ။ ပြည်သူအများစုကတော့ ခေါင်းဆောင်အစစ်အမှန်လို့ပဲ ယုံကြည်တယ်။ တောင်ကိုရီးယားနဲ့ စေ့စပ်ဖို့ကိစ္စတွေ အားလုံးမှာလည်း သူ့အဆုံးအဖြတ်က တခါတလေ မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်။

ဒါပေမယ့် သူ့ပြည်သူ တရပ်လုံးက သူ့နောက်က တညီတညွတ်တည်း လိုက်ကြတယ်။ အဲဒီနေရာတွေမှာတော့ သူစည်းရုံးရေးကောင်းတယ်ပေါ့။ တဘက်က ကြည့်ရင်တော့ မလွတ်တော့ မလွတ်လပ်တဲ့ စနစ်ဖြစ်တယ်။ ပထမဆုံးအကြိမ် နျူကလီးယား စမ်းသပ်တာ အားလုံးသိတဲ့​ အတိုင်းပဲ။

၂၀၀၆ ခုနှစ်လောက်တုန်းက စစမ်းတယ်။ သဘောအရ နျူကလီးယား စမ်းသပ်မှုကို ဟန်ပြလုပ်ပြီး သံတမန်နည်းအရ အသာရအောင် လုပ်လိုက်တဲ့သဘော။ အဲဒါကို သူ့ပြည်သူက နည်းနည်း နားလည်တယ်။ အပြင်ကလူတွေကတော့ သိပ်လက်မခံကြဘူးပေါ့။ အဲဒီအပိုင်း ရှိတယ်။ နောက် စီးပွားရေး​ ပုံစံအရတော့ ပိတ်ထားတယ်။ သူ့နိုင်ငံအနေနဲ့ စားဝတ်နေရေးက အစ ခက်ခဲတယ်။ အာဏာရှင်ဆန်တယ်။ လုပ်တဲ့ကိုင်တဲ့နေရာမှာ Transparency မရှိဘူးပေါ့။ သံခင်း တမန်ခင်း မဟာဗျူဟာတွေကို ကင်မ်ဂျုံအီကတော့ ခေါင်းမာနေတယ်။ သူ့ဘက်က​ ​ဖြစ်ချင်တာတွေကိုပဲ စေ့စပ်ဆွေးနွေးမှု မရှိတဲ့အတွက် လက်ရှိ ၆ နိုင်ငံဆွေးနွေးပွဲကြီးက ခုထက်ထိ မအောင်မြင်ဘူး။ ဒါတွေကတော့ တပါတီ အာဏာရှင်စနစ် အောက်မှာတော့ မထူးပါဘူး။ ဒီလိုပုံစံတွေပါပဲ။”

သူက စစ်တပ်အားနဲ့ ထိန်းထားတာလား။ တကယ်ပဲ သူ့အပေါ်မှာ​ ​ခေါင်းဆောင်တယောက်အနေနဲ့ ယုံယုံကြည်ကြည် ရှိကြသလား ဆိုတာ။ အဲဒါကို ဆရာလေ့လာတဲ့အခါကျတော့ ဘယ်လိုတွေ့ရလဲ။

“ကျနော်တော့ ၂ မျိုးလုံး တွေ့ရတယ်။ စစ်တပ်အားကလည်း ကျိန်းသေပါတယ်။ သူတို့တွေက တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်တာ။ ဒါပေမယ့် တပိုင်း။ အဲဒါလည်း သူတို့က လွတ်လပ်ရေး အစီအစဉ်မှာ ခေါင်းဆောင် ၂ ယောက်ပဲ ရှိတယ်လေ။ ကင်မ်ယူအီစုန်းနဲ့ ကင်မ်ဂျုံအီ ၂ ယောက်ပဲရှိတယ်။ ကင်မ်ဂျုံအီက အရိုက်အရာကို ဆက်ခံပြီးတော့ ကင်မ်ယူအီစုန်း လမ်းစဉ်ကို လိုက်ပြီး လုပ်တယ် ထင်တဲ့အတွက်လည်း ပြည်သူအများစုက လက်နက်အင်အား စစ်တပ်အင်အား မပါပေမယ့်လည်း ထောက်ခံကြတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သိတယ်။ တောင်ကိုရီးယားက စီးပွားရေးအင်အား အရမ်းထွန်းကားနေပြီ။ ကမ္ဘာ့နိုင်ငံ အလယ်မှာလည်း တင့်တယ်နေပြီ။ ဒါပေမယ့် အများစုက လက်ရှိ ပေါင်းစည်းရေးကို မလုပ်ချင်ကြတဲ့ သဘောတွေ ရှိနေတာလည်း သူတို့ ခေါင်းဆောင်ရဲ့စကားကို နာယူချင်တဲ့သဘောတွေ တွေ့ရပါတယ်။ တချိန်ချိန်ကျရင် နောက်ခေါင်းဆောင် တယောက်က ပြောင်းလဲရေး လုပ်ပြနိုင်ရင်တော့ ဖြစ်တာပေါ့။ တရုတ်ပြည်မှာ မော်စီတုန်းလက်ထက်နဲ့ တိန့်ရှောင်ဖိန်လက်ထက်၊ ကွာသွားသလို၊ အဲလိုလုပ်နိုင်တဲ့ ခေါင်းဆောင် အနေနဲ့တော့ မရှိဘူးပေါ့။”

ကမ္ဘာ့မီဒီယာတွေမှာ ပြောလို့ရှိရင် အဆိုးဆုံး​ နိုင်ငံတွေထဲမှာ မြန်မာပါတယ်။ ​မြောက်ကိုရီးယားပါတယ်။ ဇင်ဘာဘွေ စသည်ဖြင့်ပေါ့။ မြန်မာပြည်ရဲ့ အခြေအနေကကော အခု အစိုးရသစ်တွေဘာတွေ ပြောင်းသွားပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားကနေ ဘာတွေများ သင်ခန်းစာ ယူနိုင်တာရှိမလဲ။

“မြောက်ကိုရီးယားက ခုထိ ကင်မ်ဂျုံအီ ဘ၀ထဲမှာပဲ သောင်တင်နေတယ်။ ကျနော်တို့ဆီက ပြောင်းစပြုပြီပေါ့။ ဒါခုနက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောနေတာပဲ။ အဲတော့ မတူတာတွေကို ခဏဘေးဖယ်ထားပါ။ တူတာတွေကို လုပ်ခွင့်ရသမျှ လုပ်မယ်ဆိုပြီးတော့ လုပ်မယ့်ပုံစံမျိုးပေါ့။ အဲလို ညီညွတ်ရေး တချို့ရတယ်။ မြောက်ကိုရီးယားလောက်တော့ မဆိုးဘူး။ ရလဒ်က အမြန်ဖြစ်မလား။ နည်းနည်းကြာမလား ဆိုတာပဲ စောင့်ကြည့်ရမှာပဲ။ လမ်းကတော့ စပွင့်ပြီ၊ စဖွင့်ပြီပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ လက်ရှိအနေအရတော့ အကောင်းမြင်ရှုရမှာပဲ။ အစိုးရသစ် ၈ လ၊ ၉ လ အဲဒီအချိန်နဲ့ အရင် အခြေအနေနဲ့တော့ ကွာသွားပြီ။ အရင်က ဒီလောက်တောင်မှ မဖြစ်တာ။ အဲတော့ ကင်မ်ဂျူံအီလောက်နဲ့ မြောက်ကိုရီးယားလောက်နဲ့တော့ ကျနော်တို့ အခြေအနေက မတူတော့ပါဘူး။”



Copy from http://burmese.dvb.no/archives/18956



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 15, 2011

မဟာဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရပ်အပေါ် ထင်မြင်ချက်

KNU ကရင်အမျိုးသားအစည်းအရုံး၏ ဒုဥက္ကဌ စောဒေးဗစ်သာကပေါ် 



Source News Audio from http://www.rfanews.org/burmesee 




Source News Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တီလုတ် ပီလိုဖြိတွားတာလဲ

Source Photo from http://www.google.com/images

ကြာသပတေး, 15 ဒီဇင်ဘာ 2011

တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့

တွေ့ဆုံ

By မသင်းသီရိ

မြန်မာအစိုးရကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ အများက မြင်နေကြတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးနောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာလည်း ပြောင်းလဲလာနေတဲ့ အခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ အဓိကမဟာမိတ် နိုင်ငံတခုအဖြစ် ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ခပ်ကင်းကင်း နေလာတာဖြစ်ပေမဲ့ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ခေါင်းဆောင်တဦးနဲ့ပါ တွေ့ဆုံလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျုံဝှာ (Li Junhua) နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံ ဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ထပ်တလဲလဲ တောင်းဆိုနေတဲ့အတွက် တွေ့ဆုံခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ လျူ ဝေမင်း (Liu Weimin) က ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာကို အခါပေါင်းများစွာ ပြောဖူးပါတယ်၊ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ်သံအမတ်ကြီး သွားတွေ့ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာကျတဲ့ အပြည့်အ၀ ဆက်ဆံရေးမျိုး ထားရှိဖို့ သန္နိဓာန် ချထားတာဖြစ်သလို၊ မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေး တိုးတက်အောင် လူတွေဘ၀ သာယာဝပြောအောင် ကြိုးပမ်းမှုတွေဟာ အင်မတန် အရေးကြီးတာကို တရုတ်နိုင်ငံက လက်ခံထားတယ်၊ နိုင်ငံတခုရဲ့ အရေးကို ၀င်မစွက်ဖက်ရေး မူဝါဒအပေါ် အခြေခံပြီး၊ ၂ နိုင်ငံစလုံးက လူထုအတွက် ပိုမိုအကျိုးများစေဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သက်ဆိုင်ရာ လူမှု အသိုင်းအ၀န်းက အားလုံးနဲ့ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ က တရုပ်သံအမတ်ကြီးနဲ့ အတူ ဒုတိယ အတွင်းဝန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၃ နာရီကနေ ညနေ ၄ နာရီကျော်ထိ ၁ နာရီကျော် တွေဆုံခဲ့ပါတယ်။ ကနဦး ၂ ဦး ၂ ဖက် ဆက်ဆံရေး တွေရင်းနှီးလာစေဖို့ အတွက် အခုလို တွေ့ဆုံကြတာပါလို့လည်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့်ကပြောပါတယ်။

"ပထမတော့ တယောက်နဲ့တယောက် ရင်းနှီးဖို့ပါပဲ၊ တယောက်သဘော တယောက်သိဖို့ပါ။ အခုဟာက ဒီကြားထဲမှာ အနှစ် ၂၀ ကျော်က တရုပ်နဲ့ ကျနော်တို့ကြားထဲမှာ ပွင့်လင်းတဲ့ နားလည်မှု မရှိဘူးပေါ့။ အဲဒါအတွက် ပထမဆုံး အဆင့်အနေနဲ့ လာတွေ့တာပါ။ တယောက်နဲ့တယောက် နားလည်မှု အများကြီး ရပါတယ်။"

NLD ပါတီက ဦးခွန်သာမြင့်ပါ။

လာမယ့် သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင်း (Dai Bingguo) လာရောက်မှာ ဖြစ်ပါတယ်။ ဒီလို တရုတ်အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ ခုချိန်ထိ မသိရသေးပေမယ့် တရုတ်ဖက်က ပြောင်းလဲလာတဲ့ ဆက်ဆံရေးတွေကြောင့်ရော လက်ရှိ အမေရိကန် မြန်မာ ဆက်ဆံရေးတွေကြောင့်ပါ တရုတ် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ေ တွ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခြေ ရှိနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြတာရှိပါတယ်။

တခါ ဒီကနေ့ ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရေပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အကြံပေး Mr. Robert Cooper နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေရော CRPP အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"မနက်၁၀နာရီက ကျနော်တို့အဖွဲ့ချုပ် ရွေဂုံတိုင်ရုံးမှာပါ။ CRPP အဖွဲ့တွေကလည်း သူတို့ရဲ့ အခက်အခဲ၊ သူတို့ပါတီတွေ ဘာကြောင့် မှတ်ပုံပြန်မတင်ဖြစ်သေးတယ် ဆိုတာရယ် ဘာကြောင့် ဆိုတဲ့နေရာမှာ ဥပမာ ရှမ်းဆိုရင် ခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ အခုထိ မလွတ်မြောက်သေးတဲ့ အတွက် သူတို့အနေနဲ့ ခေါင်းဆောင်တွေ မရှိလို့ မှတ်ပုံမတင်ရသေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတယ်။
 ဒေါ်အောင်ဆန်းစုကြည်ကတော့ IMF ကိစ္စတွေ၊ IMF တို့ဘာတို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးတာပါ။ မစ္စတာ Cooper က အရင်လည်း တခေါက် လာဖူးပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲကိစ္စ၊ လွတ်လပ်ဖို့နဲ့ Secret Voting နဲ့ Monitoring တွေရှိရင် ကောင်းမယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးပါတယ်။"

NLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းပါ။

ဒါ့အပြင် မစ္စတာ Cooper က နိုင်ငံတော်သမ္မတနဲ့ရော အစိုးရအဖွဲ့ဝင် တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်း အရာတချို့ကို ရှင်းပြခဲ့တယ်လိုလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တခါ လာမယ့် ဇန်န၀ါရီလဆန်းပိုင်းထဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ် (William Hague) လည်း မြန်မာနိုင်
ငံကို လာရောက်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အာရှခရီးစဉ်ကို အဆုံးသတ်သွားတဲ့ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်
Drek Mitchell ကတော့ သူတရုတ်နိုင်ငံကိုရောက်စဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးတွေ၊ ဆက်ဆံရေးတွေ တိုးမြင့်လာတယ်ဆိုပေမယ့် တရုတ်နိုင်ငံကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်းပြောခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးမှာ အနှုတ်လက္ခဏာပြဖို့ မလိုလာဘူးလို့ ဘေဂျင်းမြို့တော် မှာ ပြောခဲ့တာ ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/China_Meet_DASSK_Dec15_2011-135648433.html 

Source Photo from http://www.google.com/images



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, December 12, 2011

တရုတ် နဲ့ ဗမာ ဆက်ဆံရေးအပေါ် သုံးသပ်ခြင်း


တရုတ်နဲ့ ဗမာ ဆက်ဆံရေးအပေါ် သုံးသပ်ခြင်း

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဇောနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်းဌာနက ဆက်သွယ်မေးမြန်းထားတဲ့
အသံဖိုင်ပါ။

တရုတ်က ကွန်ပျူတာတွေလှူတယ်ဆိုတာကြားလိုက်မိတယ်။
နည်းပညာကလည်း ကိုယ့်ထက်အဆမတန်ကွာ။
စီးပွါးရေးကလည်း ကိုယ့်ထက် မတန်တဆကြီးမား။
ဥစ္စာ ဓန ဆိုလျင်လည်း သာလွန်တိုးပွါး။
လူဦးရေကလည်း ကိုယ့်ထက် မတော်မတရားများပြား။

အစစ အရာရာမှာ သာလွန်တဲ့ နိုင်ငံကိုမှ ကျားနှုတ်ခမ်းမွှေး ဆွဲသလို သွားကစားနေတာမျိုးကတော့
ကွယ်လွန်သူ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြလေးစကားနဲ့ပြောကြေးဆို...............

 ပြောကို မပြောချင်တော့ဘူး။
 


Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကချင်ထိုးစစ်ရပ်ရန် သမ္မတစာပို့

ကချင်ထိုးစစ်ရပ်ရန် သမ္မတစာပို့
 December 12, 2011

by ရွှေအောင် ·

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်စခန်းတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခြင်း မလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့သတင်းထွက်ပေါ်နေပါတယ်။

ထိုးစစ်ရပ်ဖို့စာကို သမ္မတက အခုလ ၁၀ ရက်​နေ့စွဲနဲ့​ ​ပေးပို့ခဲ့​တဲ့အကြောင်း​ ​အမည်မဖော်လိုတဲ့​ ​ငြိမ်းချမ်းရေး​ အကျိုးဆောင်တဦးက အတည်ပြု ပြောကြားပါတယ်။ ကေအိုင်အေဘက်ကတော့ သူတို့ဆီကို အကြောင်းကြားစာ ရောက်မလာသေးတဲ့ အကြောင်းနဲ့ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်​ ​ဖြစ်ပွားနေတယ် လို့ကေအိုင်အေက ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေး​ တပ်မတော်က ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ဆီကို စာပို့ပြီးတော့ ကချင်ပြည်နယ်အတွင်း တိုက်နေတဲ့ တိုက်ပွဲ ထိုးစစ်တွေရပ်ဖို့စာပို့တယ်လို့ သတင်းကြားပါတယ်။ ဗိုလ်ချုပ်တို့ ဘယ်လိုကြားထားပါသလဲ။

ကျနော်တို့လည်း အဲဒီလိုတော့ ကြားတယ်။ ဒါပေမယ့် ဘာမှတော့ မသိသေးဘူး။ ကျနော်တို့လည်း အပြင်တွေမှာ ပြောတာလောက်ပဲကြားတာ။
ကျနော်တို့ကို ဆက်သွယ်တာတို့၊ တရားဝင် ကျနော်တို့ကို အသိပေးတာတို့ ဘာမှ မရှိသေးဘူး။

ဒီနေ့အထိ မသိသေးဘူးဆိုတော့ ၁၀ ရက်နေ့က စာထုတ်ထားတယ်ဆိုတော့ ဗိုလ်ချုပ်တို့ ဘယ်လိုသဘောထားပါသလဲ။

ကျနော်တို့က လောလောဆယ် စာတွေမတွေ့ရသေးတော့ ဘာမှ သဘောထား ပေးစရာ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အထဲမှာ သူတို့ဟာသူတို့ ညွှန်ကြားသလား၊ အားလုံးသိအောင် ထုတ်ပြန်မလား၊ ကျနော်တို့ကိုရော တရားဝင်အသိပေးမလား ဆိုတာတွေစောင့်ကြည့်ရဦးမှာပါ။

တကယ်လို့ အဲဒီလို စာထုတ်တယ်ဆိုရင် ဘယ်လိုအကြောင်းကြား ဆက်သွယ်စေချင်တာလဲခင်ဗျ။

တရားဝင် ဖြစ်ရမယ်လေ ပြီးတော့ ကျနော်တို့ လက်ခံနိုင်တဲ့ အနေအထားမျိုး ဖြစ်ဖို့လိုပါတယ်။ ကျနော်တို့ စောင့်ကြည့်ဦးမယ်၊ စာတွေ လာဖို့ စောင့်ကြည့်ဦးမယ်။

ထိုးစစ်ရပ်လိုက်ဖို့ စာထုတ်အကြောင်းကြားတယ်ဆိုရင်ရော ဗိုလ်ချုပ်တို့ ဘယ်လို သဘောထားမလဲ။

စာတွေရောက်မှ ကျနော်တို့က စဉ်းစားမှာပါ။ အခုအချိန်ထိတော့ ဘာမှ မသိသေးတဲ့အခါကျတော့ ကြိုပြီးစဉ်းစားနိုင်ဖို့ အချက်အလက်တွေ မရှိသေးပါဘူး။

အခု လက်ရှိရော ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလား ခင်ဗျ။

“ဖြစ်ပါတယ် ဒီနေ့လည်းဖြစ်တယ်။

ဘယ်နေရာတွေမှာဖြစ်လဲ။

ဒီနေ့ကတော့ တပ်မဟာ ၃ ဒေသပေါ့။ တပ်ရင်း ၁၅ နဲ့ တပ်မဟာ ၃ ဌာနချုပ် အနားမှာ ဖြစ်တယ်။ ကျတဲ့နေရာတွေမှာတော့ အသေးဖွဲပါပဲ။ အဓိက ဒီနေ့ တိုက်ပွဲကြီးလို့ ပြောရမှာကတော့ တပ်မဟာ ၃ ဒေသမှာပါ။

ဘယ်မြို့တွေနဲ့နီးလဲ။

မြို့နဲ့မနီးဘူးခင်ဗျ၊ တောထဲမှာပဲ ဘယ်မြို့နဲ့မှ မနီးဘူး။

တိုက်ပွဲဘယ်လောက်အထိ ပြင်းထန်လဲ ဗိုလ်ချုပ်တို့ ကြားသိရသလောက်။

“တော်တော်ပြင်းထန်တယ် ၄-၅ နာရီတိုက်တဲ့ တိုက်ပွဲတွေပါ ဒီနေ့။

နှစ်ဖက် ကျဆုံးထိခိုက်ဒဏ်ရာရ သတင်းကြားရပြီလားခင်ဗျ။

“သေချာ မသိရသေးဘူး အောက်ခြေက report တင်မလာသေးဘူး။

သမ္မတရဲ့စာထဲမှာ ခုခံကာကွယ်စစ်မှတပါး ဘယ်လို တိုက်ခိုက်မှုမျိုးမှ မလုပ်ဖို့ ပါရှိတယ်လို့ ဆိုပါတယ်။ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားခဲ့ရာမှာ နှစ်ဘက်ကျဆုံး ပျက်စီးမှုတွေ ရှိခဲ့သလို တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်သောင်းချီထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေရပ်ဖို့ ပြည်တွင်းပြည်ပ အစိုးရနဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွသူတွေက ဦးသိန်းစိန်အစိုးရကို ၀ိုင်းဝန်း တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။





Source News from http://burmese.dvb.no/archives/18736


Source Audio from http://www.bbcburmese.com



Source Audio News from http://www.voanews.com/burmese/news

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 11, 2011

ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းထောက်ပံ့မည်


ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များစုပေါင်းကာ 
 ကချင်ပြည်နယ်ရှိကယ်ဆယ်ရေးစခန်းများကို
ငွေနှင့်အ၀တ်အစားများ ထောက်ပံ့မည် 

Monday, 12 December 2011

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များစုပေါင်းကာ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများ ရှိ ရွှေ့ပြောင်းနေထိုင်နေရသူများအား ငွေနှင့်အ၀တ်အစားများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ များကြောင့် ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးစခန်းများတွင် ယာယီထားရှိရာ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလိုအပ်တဲ့ အကူအညီတွေပေးဖို့ အလှူခံခဲ့ရာမှာ ကျပ်သိန်း ၇၀၀ ကျော် ရရှိပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက အဓိက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တခြားအလှူရှင်တွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ လူဦးရေအရ ငွေနဲ့အ၀တ်အထည်တွေကို အချိုးကျပေးသွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမြို့တော်ခန်းမမှာ လှူဒါန်းပွဲလေးပြုလုပ်ပြီး ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေကတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်''
ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများသို့ ငွေနှင့်အ၀တ်အစားအပြင် အခြားအရေးတကြီးလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများကိုလည်း လှူဒါန်းသွားရန်ရှိကြောင်း သိရှိရသည်။

Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 8, 2011

ကချင်စစ်ပြေးဒုက္ခသည်များ၏ အခြေအနေ

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေပါ 
စစ်အစိုးရက ကူညီသလားဆိုတော့..........................။
ဟဲ.....ဟဲ.......ဟဲ.........။ (မြန်မာသမ္မတကြီး ဦးသိန်းစိန်၏ ရယ်(ရီ)သံ) 

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 7, 2011

ကောင်းလိုက်တဲ့အကြံ



မြန်မာတောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ ဦးမြင့်ဌေး က စက်မှုဇုန်တွေဖွင့်ရတာက သမ္မတကြီးဦးသိန်းစိန်ရဲ့ စကားနဲ့အညီ ငြိမ်းချမ်းရေးအတွက်ပါတဲ့။

မြန်မာသမ္မတကြီး ဦးသိန်းစိန်က သူစစ်ထဲဝင်ခဲ့တာက အလုပ်မရှိအကိုင်မရှိလို့ပါတဲ့။
နောင်မျိုးဆက်သစ်တွေအတွက် စက်မှုဇုန်တွေ ဆောက်ပေးထားလျင် စစ်သားလုပ်ချင်တဲ့ စိတ်တွေပျောက်လာတာနဲ့အတူ ဗမာပြည်ကြီးလည်း ငြိမ်းချမ်းသွားမှာပါတဲ့။
အလုပ်အကိုင်မရှိကြလို့ စစ်ထဲဝင်နေကြတာမို့ ဗမာပြည်ကြီး စစ်မီးတွေတောက်နေရတာပါတဲ့။
ဒါကြောင့် ကရင်ပြည်နယ်မှာ စက်မှုဇုန်တွေဖွင့်ရတာပါတဲ့။

နားသောတဆင်တော်မူကြပါ။ 



Source Audio from http://www.bbcburmesae.com


ဒါပေမယ့် စက်မှုဇုန်ကနေ စက်ရုပ်စစ်သားတွေမထုတ်လုပ်နိုင်သေးသမျှကာလပတ်လုံး ဗမာ့တပ်မတော်အတွက် စစ်သားတွေကို အခုလိုပဲ ဆက်လက်ရှာဖွေ စုဆောင်းသွားဘို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....