+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Showing posts with label ကျန်းမာရေးအတွက် ဆေးတခွက်. Show all posts
Showing posts with label ကျန်းမာရေးအတွက် ဆေးတခွက်. Show all posts

Wednesday, May 4, 2011

သက်ရှည်ကျန်းမာစေဖို့ အမူအကျင့်ကောင်း (၇) ချက်

Dr. Lester Breslow, SPH Professor Emeriti and Dr. Larry Brilliant, Executive Director of Google.org


သက်ရှည်ကျန်းမာစေဖို့ အမူအကျင့်ကောင်း (၇) ချက်

by Health Digest
Tuesday, 03 May 2011

၁၀ နှစ်ကြာ အထင်ကရ လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့သော U.C.L.A မှ Dr.Lester Breslow က သာမန်အသိ (Common Sense) နှင့် ကျန်းမာရေး ဆိုင်ရာ အမူအ ကျင့် များကို လိုက်နာကျင့်သုံးသူများက ဖြစ်သလို နေထိုင်စားသောက်တတ် သူများ ထက် အသက်ရှည်ရှည် နေရကြောင်းနှင့် မသန်စွမ်းဖြစ်မှု နည်းပါးကြောင်း တွေ့ရှိခဲ့ ပါတယ်။

ကျန်းမာရေးအတွက် ပဉ္စလက်ဆန်တဲ့ ယင်း သော့ချက်များက အောက်ပါအတိုင်း ဖြစ်ပါ တယ်။

• ဆေးလိပ်မသောက်ပါနှင့်။

• သင့်ကိုယ်အလေးချိန်ကို ထိန်းပါ။

• နံနက်စာ စားပါ။

• ထမင်းစားချိန်များအကြား သရေစာမစားပါနှင့်။

• ကိုယ်လက်လှုပ်လှုပ်ရှားရှား နေထိုင်ပါ။

• တစ်နေ့ အရက် ၂ ခွက်ထက် ပိုမသောက်ပါနှင့်။

• ညအိပ်ချိန် ၇ နာရီမှ ၈ နာရီအကြားရှိပါစေ။


Source from Health Digest

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 29, 2011

ကလေးအသေမွေးခြင်း ပြဿနာ

ဗွီအိုအေ သတင်းထောက် Lisa Schlein
Source Photo from http://www.google.com/images

ကလေးအသေမွေးခြင်း ပြဿနာ

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 27 ဧပြီ 2011

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization - WHO) က ၂၀၀၉ ခုနှစ်က ကမ္ဘာပေါ်မှာ ကလေးအသေမွေးတာ စုစုပေါင်း ၂.၆ သန်းတောင် ရှိခဲ့တယ်လို့ မကြာသေးခင်ကပဲ ဆိုပါတယ်။ အများစု ကြီးကြီးမားမား ဖြစ်ကြရတာကတော့ ဖွံဖြိုးဆဲနိုင်ငံတွေမှာဖြစ်ပြီ။ အဓိက အများဆုံးသေရတာက အာဖရိကနဲ့ အရှေ့ တောင်အာရှဒေသတွေ ဖြစ်ပါတယ်။

ဒီကျန်းမာရေးဆိုင်ရာ အကြောင်းကို ဗွီအိုအေ သတင်းထောက် လီစာ ရှလိုင်း (Lisa Schlein) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရုံးစိုက်ရာ ဂျီနီဗာမြို့  (Geneva) ကနေ သတင်းပေးပို့ထားတဲ့ သတင်းဆောင်းပါး နဲ့ မြန်မာနိုင်ငံထဲမှာ မိခင်နဲ့ကလေး ဆေးကုသမှု အတွေ့အကြုံ ရှိထားခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ကိုဝင်းမင်း က ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/health/health_04-27-2011-120821079.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 7, 2011

မည်သည့်ဆေးမျှမတိုးတော့သည့် ဗက်တီးရီးယားပိုး အိန္ဒိယ၌ တွေ့

Source Photo from http://4youand4all.webs.com

ဘာဆေးမှမတိုးတဲ့ ဘက်တီးရီးယားပိုး အိန္ဒိယမှာတွေ့

By ဗွီအိုအေ (မြန်မာဌာန)
ဘက်တကြာသပတေး, 07 ဧပြီ 2011

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ထဲက ရေနမူနာတွေကို စမ်းသပ်ရာမှာ ပဋိဇီဝ ဆေးအားလုံးနီးပါးကို ခံနိုင်ရည်ရှိစေတဲ့ ဘက်တီးရီးယား မျိုးဗီဇတခုကို တွေ့ရှိတယ်လို့ ဗြိတိန်နိုင်ငံက သုတေသီတွေက ပြောလိုက်ပါတယ်။

ရေနမူနာ ၄ ပုံ ၁ ပုံမှာ NDM1 လို့ အမည်ရတဲ့ မျိုးဗီဇတွေ တွေ့ရှိတဲ့အကြောင်း ဒီကနေ့ ဗြိတိန်မှာ ထုတ်ဝေတဲ့ Lancet ဆေးသိပ္ပံ ဂျာနယ်ထဲမှာ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

ဒေလီမြို့ လမ်းတွေထဲက အများသုံး ရေပိုက်ခေါင်းတွေ၊ ရေကန်တွေဆီက ရေနမူနာ ၂၀၀ ကျော်ကို သုတေသီတွေ မနှစ်က စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဝမ်းကိုက်ရောဂါနဲ့ ကာလဝမ်းရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ အပါအဝင် တခြား ဘက်တီးရီးယားပိုး တော်တော်များထဲမှာ ဆေးမတိုးတဲ့ မျိုးဗီဇတွေကို စမ်းသပ်တွေ့ရှိတယ်လို့ သုတေသန လုပ်သူတွေက ပြောပါတယ်။

ဝမ်းရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးထဲမှာ ဒီလို မျိုးဗီဇတွေကို မနှစ်က လုပ်ခဲ့တဲ့ သီးခြား သုတေသန တခုမှာ တွေ့ခဲ့ကြပါတယ်။

အဲဒီမျိုးဗီဇကနေ ဖြစ်လာတဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆေးအားလုံးလိုလို မတိုးတော့တဲ့အပြင် နောက်ဆုံးအဆင့် ဆေးဖြစ်တဲ့ Carbapenems ဆေးကိုတောင် မတိုးတော့ပါဘူး။

ကမ္ဘာပေါ်မှာ ဆေးမတိုးတော့တဲ့ ရောဂါတွေ ပိုပြီး ပျံ့နှံ့ဖြစ်ပွားတဲ့ ပြဿနာ ပိုဆိုးလာနေပြီး ဒီရောဂါသည်တွေကို ကုသဖို့လည်း မလွယ်ကူတော့ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဒီနေ့မှာပဲ ပြောလိုက်ပါတယ်။

ဒီလိုပြဿနာတွေကြောင့် ကုသမှုစရိတ် ပိုကြီးပြီး အသက်ဆုံးရှုံးမှု အန္တရာယ် ပိုများစေတယ်လို့ WHO က ပြောပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/india-bacteria-119412629.html


ကူးစက်ရောဂါဆန်း NDM-1
by http://4youand4all.webs.com

အိန္ဒိယမှ New Delhi metallo-beta-lactamase (NDM-1) ဆိုသည့် ရောဂါပိုးသစ် တစ်မျိုးသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ပြီး လူသေပျောက်မှု များသော ကူးစက်ရောဂါ ဖြစ်လာနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။ ၄င်း ရောဂါပိုးသည် စွမ်းအား အထက်ဆုံး ဖြစ်သည့် Carbapenem အပါအဝင် ပဋိဇီဝဆေးများ အားလုံးကို ခုခံနိုင်စွမ်းရှိကြောင်းသိရသည်။
NDM-1 ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူမှာ ဘယ်လ်ဂျီယမ် နိုင်ငံသား တစ်ဦး ဖြစ်သည်။
ထို့ပြင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် နိုင်ငံတို့မှ ပြန်လာသော အင်္ဂလန်နိုင်ငံသား ၃၇ ယောက်တို့တွင်လည်း ထိုရောဂါပိုးကို တွေ့ရှိရသည်။ အိန္ဒိယတွင် ဆေးဝါးကုသမှု သွားရောက်ခံယူ ခဲ့ကြသော သြစတြေးလျ နိုင်ငံသား ၃ ဦးတွင်လည်း အဆိုပါ ရောဂါ ကူးစက် ခံရကြောင်း တွေ့ရှိရသည်။

Source News from http://4youand4all.webs.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 6, 2011

အရက် အလွန်အကျွံသောက်ခြင်း နဲ့ အသက်အန္တရာယ်


အရက် အလွန်အကျွံသောက်ခြင်း နဲ့ အသက်အန္တရာယ်

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 30 မတ် 2011

အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂.၅ သန်း သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအထဲမှာ လူငယ်လူရွယ်တွေက အများစုပါ။ ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား အရွယ် လူငယ်ပေါင်း ၃၂၀,၀၀၀ တောင် အရက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် နှစ်စဉ်သေနေရပါတယ်။ မသေသင့်သေးတဲ့အချိန် ငယ်ငယ်ရွယ်ရွယ်မှာ သေခဲ့ကြရတာမို့ နှမျောစရာ၊ စိတ်မကောင်း ဖြစ်စရာပါတယ်။

ဒီ ပြဿနာဟာ အထူးသဖြင့် အာရှနဲ့ အာဖရိကကလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ဘယ်အဓိက ပြဿနာတွေကြောင့် အခုလို သေကျေထိခိုက်မှု့တွေ ဖြစ်နေရတာပါသလဲ။ အလွန်အကျွံ အရက်မသောက်ဖြစ်အောင် ဘယ်အချက်တွေကို သိထားဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို သိရှိနိုင်ဖို့ VOA သတင်းထောက် ရှယ်လီ ဂူးလပ်စ် (Shelly Gollust) သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်က အရွယ်ရောက်သူဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ ကောလင်း စိန် (Collin Sein) ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/health/health_03-30-2011-118955364.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, March 9, 2011

ကျန်းမာရေး နှင့် လက်ကိုင်ဖုန်းများ

Source Photo from http://www.google.com/images

ကျန်းမာရေးပြဿနာ နှင့် လက်ကိုင်ဖုန်းများအကြောင်း

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 09 မတ် 2011




Find this article at:
http://www.voanews.com/burmese/news/health/health_03-02-2011-117288893.html

Source Photo from http://www.commarts.com

Source Photo from http://www.commarts.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, March 7, 2011

မြန်မာနိုင်ငံတွင် လူငါးသောင်းခန့် ကင်ဆာ ဖြစ်နိုင်


မြန်မာနိုင်ငံ လူဦးရေ၏ တစ်သိန်းနှုန်းတွင် လူ ၁၀၀ နှုန်း ကင်ဆာရောဂါဖြစ်နေသည့်အတွက် ကင်ဆာရောဂါ ဖြစ်နိုင်သည့် လူဦးရေမှာ ငါးသောင်းဝန်းကျင်ခန့် ရှိနိုင်သည် ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါများ ဖြစ်ပွားနေရာ၌ မျိုးရိုးဗီဇလိုက်မှုကြောင့် ဖြစ်ပွားခြင်းထက် ပတ်ဝန်းကျင်နှင့် နေထိုင်မှုပုံစံများကြောင့် ပိုမိုဖြစ်ပွားနေခြင်းဖြစ်သည်ဟု Myanmar Center of Chemotherapy နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ပါဝင်ကူညီမှုဖြင့် ပြုလုပ်ခဲ့သော မြတ်သောပန်းကလေး လန်းစေချင်၊ ရင်သားကင်ဆာ အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ အစီအစဉ်တွင် ပါမောက္ခဒေါက်တာ ဦးစိုးဦးမောင်က ပြောကြားခဲ့သည်။

ကင်ဆာရောဂါများတွင် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနေမှုမှာ သုံးပုံတစ်ပုံခန့်သာ ရှိနေပြီး အနည်းစုသာ ဖြစ်သည်ဟုသိရသည်။ အများစုမှာ ပတ်ဝန်းကျင် အကြောင်းတရားများ နှင့် နေထိုင်မှုပုံစံများကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး သုံးပုံနှစ်ပုံခန့် ဖြစ်ပွားမှုရှိနေသည်ဟု သိရသည်။ ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲခြင်း၊ အရက်သေ စာသောက်သုံးခြင်း၊ လုပ်ငန်းခွင် အနေအထားများကြောင့် ဖြစ်ပေါ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ အစား အစာများထဲတွင် ရောနှောပါဝင်နေ သော အရာများကြောင့် ဖြစ်ပွားခြင်း၊ဆေးဝါးများကြောင့် ဖြစ်ပွားခြင်း၊ ရောင်ခြည်သင့်ခြင်း၊ အချို့သော နာတာရှည် ကူးစက်ရောဂါများကြောင့် ဖြစ်ပွားခြင်း၊ အစာအာဟာရကြောင့် ဖြစ်ပွားခြင်း၊ ကိုယ်ခံအားကျခြင်း၊ ဟော်မုန်းဓာတ်များကြောင့် ဖြစ်ပွားခြင်းတို့ဖြစ်သည်ဟု သိရသည်။
ကင်ဆာရောဂါများတွင် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနေမှုမှာ သုံးပုံတစ်ပုံခန့်သာ ရှိနေပြီး အနည်းစုသာ ဖြစ်သည်ဟုသိရသည်။ အများစုမှာ ပတ်ဝန်းကျင် အကြောင်းတရားများ နှင့် နေထိုင်မှုပုံစံများကြောင့် ဖြစ်ပွားနေခြင်းဖြစ်

ပတ်ဝန်းကျင်နှင့် လူတို့၏ နေထိုင်မှု ပုံစံများကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါများကို ကျန်းမာသော နေထိုင်မှုပုံစံများဖြင့် နေထိုင်သွားလာခြင်း၊ အချို့သော ကင်ဆာရောဂါများသည် ကာကွယ်ဆေးထိုး၍ ရခြင်းတို့ကြောင့် ကြိုတင်စစ်ဆေးခြင်း၊ ကာကွယ်ခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်ဟု သိရသည်။

ပတ်ဝန်းကျင်နှင့် နေထိုင်မှုပုံစံများကြောင့် ကင်ဆာရောဂါများဖြစ်ပွားနေရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလည်းပါဝင်နေပြီး အမျိုးသားများတွင် ဖြစ်ပေါ်နေသော ကင် ဆာရောဂါများ၏ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် ဖြစ်ပေါ်နေသော ကင်ဆာရောဂါများ၏ လေး ရာခိုင်နှုန်းမှာ ဆေးလိပ်ကြောင့်ဖြစ်နေသည် ဟု သိရသည်။ ဆေးလိပ်၊ ဆေးရွက် ကြီးကြောင့် အဆုတ်ကင်ဆာ၊ အသံ အိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးအိမ်ကင် ဆာတို့ ဖြစ်စေနိုင်ပြီး အရက်ကိုပါ တွဲဖက်သောက်သုံးပါကပါးစပ်ကင်ဆာ နှင့်အစာရေမျိုပြွန်ကင်ဆာများကိုပါ ဖြစ်စေနိုင်သည်ဟု သိရသည်။ အရက်ကြောင့် လည်ပင်းကင်ဆာ၊ အသည်းကင်ဆာတို့ကိုလည်း ဖြစ်စေနိုင်ပြီး ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုလည်း များလာစေသည်ဟု သိရသည်။ အရက်သောက်တတ်သူ အမျိုးသမီးများတွင် အရက်ကြောင့် ဖြစ်ပွားသောကင်ဆာ ရောဂါများ၏ ထက်ဝက်မှာ ရင်သားကင်ဆာဖြစ်နေကြောင်း သိရသည်။

လုပ်ငန်းခွင်များနှင့် ကင်ဆာရောဂါများလည်း ဆက်စပ်မှုရှိနေပြီး မီးခိုးငွေ့များ၊ သားရည်နံ့များ၊ ပရိဘောဂ လုပ်ငန်းများ၊ လုပ်ငန်းခွင်များ မှထွက်ပေါ်လာသည့် ဓာတုပစ္စည်း များကြောင့် ကပ်ပယ်အိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ နှာခေါင်းကင်ဆာ၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြား၊ ဆီးလမ်းကြောင်းနှင့် အဆုတ်အမြေးပါးတို့တွင်လည်း ကင်ဆာအဖြစ်များလျက်ရှိကြောင်း သိရသည်။ ပတ်ဝန်းကျင် လေထု၊ ရေထု၊ မြေထုညစ်ညမ်းခြင်းကြောင့် လည်း ကင်ဆာရောဂါများ ပိုမို ဖြစ်ပေါ်လာစေသည်ဟုသိရသည်။ စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်ရထားအင်ဂျင် များမှ ထွက်ပေါ်လာသော မီးခိုးငွေ့ အဆိပ်ငွေ့များကပြင်ပလေထုများကို ညစ်ညမ်းစေပြီး အဆုတ်ကင်ဆာ များဖြစ်ပေါ်စေနိုင်သည့်အပြင် ဆေး လိပ်သောက်သုံးခြင်းမရှိသော်လည်း သူတစ်ပါးသောက်သုံးသည့်ဆေးလိပ် ငွေ့ကို ရှူရှိက်မိသူ၊ အခန်းများတွင် စွဲကျန်ရစ်နေသော ဆေးလိပ်ငွေ့ များကို ရှူရှိက်မိသူများတွင်လည်း အဆုတ်ကင်ဆာများ ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။ ရေထုထဲတွင် ကင်ဆာနှင့် ဆက်နွှယ်နေသည်မှာ အာဆင်းနစ်ဓာတ်ဖြစ်ပြီး အာဆင်းနစ် ဓာတ်အများအပြားပါဝင်သော ရေကို သောက်သုံးမိပါက ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာနှင့် အဆုတ်ကင်ဆာများ အဖြစ်များလာကြောင်း သိရသည်။

ယင်းအပြင် အစားအစာများတွင် ပါဝင်နေသော အရာများတွင် မှိုတက်နေသော အစားအစာများ၊ ဓာတုပစ္စည်းများ ပါဝင်သော အစားအစာများ၊ အစားအစာများကို ပြင်ဆင်ရင်း ထွက်ပေါ်လာသော ဓာတ်များကြောင့်လည်း ကင်ဆာရောဂါများ ဖြစ်ပေါ်ရသည်။ မှိုတက်နေသော အစားအစာများကြောင့်အသည်းကင် ဆာများဖြစ်ပေါ်နေရပြီး ဆားနှင့် သိပ်ထားသော အသား၊ ငါး၊ ကျပ် တင်ထားသော အသားငါးများ၊ မီး တောက်နှင့် ကြော်ခြင်း၊ ဖုတ်ခြင်း၊ ချက်ခြင်းများ၊ ပိုးသတ်ဆေးများနှင့် မကင်းသည့်အစားအစာများကြောင့် ပန်ကရိယကင်ဆာ၊ရင်သားကင်ဆာ၊ အကျိတ်ကင်ဆာ၊ သွေးကင်ဆာတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။ ထို့ကြောင့် အချို့မှာ ဆေးလိပ်နှင့် အရက်သုံးစွဲခြင်းမရှိသော်လည်း နေထိုင်မှုနှင့် အစားအစာများကြောင့် ကင်ဆာရောဂါများ ဖြစ်ပေါ်လာမှုများ ပိုမိုများပြားလာလျက်ရှိသည်ဟုသိရ သည်။ သုံးစွဲနေသော ဆေးဝါးများ၊ သန္ဓေတားဆေးများကြောင့်လည်း ကင်ဆာရောဂါများ ဖြစ်စေနိုင်သည့် အပြင်နေရောင်ခြည်မှလာသည့်ခရမ်း လွန်ရောင်ခြည်နှင့် ကျောက်တုံး၊ မြေ လွှာတို့က ထွက်ပေါ်လာသည့် ရေဒီယိုဓာတ်သတ္တုကြွမှုများ ကတစ်ဆင့် အရေပြားကင်ဆာ ဖြစ်စေနိုင်သည်။

ကင်ဆာရောဂါများ ဖြစ်ပွားနေ ရာတွင် ၃၀ ရာခိုင်နှုန်းခန့်မှာ နေ့စဉ် စားသုံးနေသော အစာအာဟာရများ နှင့် ဆက်စပ်နေသည်ဟုလည်း သိရသည်။ ဆားသိပ်ထားသော အစား အစာများ၊ မီးခိုးမှိုင်းနှင့် ပြုလုပ်ထားသော အစားအစာများက အစာအိမ်ကင်ဆာများ ဖြစ်ပေါ်စေသည်ဟု သိရသည်။
တိရစ္ဆာန်ဆီများနှင့် အသားများ အလွန်အကျွံစားသုံးခြင်းသည်လည်း အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာစသည့် ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပေါ်စေသည်ဟု သိရသည်။

ယင်းသို့ မျိုးရိုးဗီဇလိုက်မှုထက် နေ့စဉ်စားသောက် နေထိုင်နေကြသော နေထိုင်မှုပုံစံများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုအနေအထားများကြောင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပေါ်နေရာတွင် ကျန်းမာသောနေထိုင်မှုပုံစံ၊ ကျန်းမာရေး ဗဟုသုတများဖြင့် နေထိုင်သွားကြရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက အကြံပြုကြသည်။ ကျန်းမာရေးဗဟုသုတအမြင် များ ကျယ်ကျယ်ပြန့်ပြန့် သိမြင်နိုင် စေရေးမှာလည်း အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်ရန် လိုအပ်သည်ဟုလည်းဆိုကြသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ရုပ်မြင်သံကြား အစီအစဉ်များနှင့် လက်ကမ်းစာစောင်များ အခမဲ့ပေးဝေ၍ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်တစ်ရပ် အနေဖြင့် ဆောင်ရွက်နေသည်ဟု
သိရသည်။


Comments

-8 #1 Zawtika 2011-03-07
ကမ္ဘာပေါ်မှာ
ကင်ဆာဖြစ်နှုံး အများဆုံး ဗိုလ်စွဲ သွားအောင်
ပလပ်စတစ်အိပ်တွေ ၊ ကျွတ်ကျွတ်အိပ်တွေကိုကြော်လှော် ပီးစားကြတာပေါ့။
ကောင်းတဲ့နေရာ ဗိုလ်မစွဲနိုင်ပေမဲ့
မကောင်းတဲ့နေရာမှာတော့ ဗိုလ်စွဲနိုင်ပါသေးတယ်
ကြိတ်လိုက်ကြစမ်းကွ။

Source Article from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သွေးလှူခွင့် မရရှိသူဦးရေ ကျဆင်း


စုပေါင်း သွေးလှူဒါန်းမှုများ၌ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်သွေးလှူရှင်များ ယခင်ကထက် ပိုမိုလာပြီး သွေးလှူဒါန်းခွင့်များလည်း ရရှိလာကြကြောင်း၊ ဟေမိုက လိုဘင်မပြည့်ဝမှုကြောင့် သွေးလှူဒါန်းခွင့် မရရှိသူဦးရေ ယခင်ကထက် ကျဆင်းသွားကြောင်း စုပေါင်းသွေး လှူဒါန်းသည့် အဖွဲ့အစည်းများမှ သိရှိရပါသည်။

ယခင်က အကြောင်းအမျိုးမျိုးကြောင့် သွေးလိုအပ်သည့်အခါများ၌ ရဟန်းသံဃာများထံမှ သန့်စင်သည့် သွေးများ အများဆုံးရရှိခဲ့ကြပြီး ယခုအခါသွေးလှူရှင်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ကြရာမှ တစ်ဆင့် စုပေါင်းသွေးလှူဒါန်း လာကြမှုများမှသွေးရရှိမှု အခွင့်အလမ်းပိုမိုလာကြကြောင်း သိရှိရပါသည်။

"လူငယ်တွေအနေနဲ့ သွေးလှူဒါန်းမှုက ကုသိုလ်လည်းရသလို ကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။ မိမိရဲ့သွေးကိုသန့်စင်အောင် လှူဒါန်းလို့ရတဲ့ အနေအထားဖြစ်အောင် ဘယ်လိုပြုမူနေထိုင်စားသောက်ကြရမယ်ဆိုတဲ့ ကျန်းမာရေးနဲ့အညီ လိုက်လျောညီထွေစွာ နေထိုင်တတ်တဲ့ အသိစိတ်တွေနဲ့ အလေ့အကျင့်တွေလည်း ရှိလာစေပါတယ်။ အရင်စုပေါင်း သွေးလှူဒါန်းမှုတွေ မှာလည်း သက်လတ်ပိုင်းနဲ့သက်ကြီးပိုင်းတွေ များခဲ့ပါတယ်။ ၂၀၁၀ပြည့် နှစ်နောက်ပိုင်း သွေးလှူဒါန်းမှုတွေထဲ မှာ အသက်အရွယ်စုံ လှူဒါန်းလာကြသလို အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အတွင်းရှိတဲ့ လူငယ်တွေအများအားဖြင့် ပါဝင်လာကြတာကို တွေ့ရပါတယ်။ ဒါကလည်း လူငယ်တွေအနေနဲ့ကျန်း မာရေးနဲ့အညီ လိုက်ရောညီထွေစွာ နေထိုင်မှုပုံစံတွေကို ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ဟေမိုကလိုဘင် မပြည့်လို့လှူခွင့် မရတဲ့သူတွေကလည်း အရင်ကနဲ့နှိုင်းယှဉ်ရင် ထက်ဝက်ကျော် ကျဆင်းသွားတာကို တွေ့ ရပါတယ်"ဟု သွေးလှူရှင်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

စုပေါင်းသွေးလှူဒါန်းမှုများတွင် ဟေမိုကလိုဘင် မပြည့်သောကြောင့် သွေးလှူခွင့်မရလိုက်သူများ ယခင်က ရှိခဲ့သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုများကြောင့် ယခုအခါ သွေးလှူခွင့်မရသည့် ဦးရေ ကျဆင်းသွားကြောင်း သိရှိရပါသည်။

"အရွယ်ရောက်ပြီးတဲ့သူတွေမှာ သွေးပမာဏငါးလီတာကနေ ခြောက်လီတာအထိ ရှိပါတယ်။ သွေးလှူဒါန်းမှု တစ်ကြိမ်မှာသွေး ၄၅၀ မီလီလီတာ ပဲထုတ်ယူပါတယ်။ ထုတ်ယူလိုက်တဲ့ သွေးပမာဏကလည်း ၇၂ နာရီအတွင်း ပြန်ပြည့်ပါတယ်။ သွေးအား(ဟေမို ကလိုဘင်)မပြည့်တဲ့သူတွေမလှူဒါန်း မိအောင်လည်းစစ်ဆေးပြီးမှ လက်ခံတဲ့အတွက် သွေးအားလည်း မနည်းနိုင်ပါဘူး၊၊ ဟေမိုကလိုဘင် မပြည့်လို့သွေး မလှူလိုက်ရတဲ့သူတွေ အနေနဲ့လည်း သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေစားပြီး နောက်တစ်ကြိမ် သွေးလှူဒါန်းနိုင်မယ့်အချိန်ကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြန်လည်စစ်ဆေး လှူဒါန်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ လိုက်လျောညီထွေ နေထိုင်မှုရှိမယ် ဆိုရင်ပုံမှန်သွေးလှူဒါန်းမှုတွေ လုပ်နိုင်ပါတယ်"ဟု လေးလတစ်ကြိမ်လစဉ် ပုံမှန်လှူဒါန်းသူ သွေးလှူရှင်တစ်ဦး ကပြောပြခဲ့ပါသည်။

Source from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, March 3, 2011

စိုးရိမ်ကြောင့်ကြစိတ်

Source Photo from http://www.google.com/images

စိုးရိမ်ကြောင့်ကြစိတ်

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 02 မတ် 2011

၁၀ တန်း စာမေးပွဲတွေ မကြာခင် ဖြေရပါတော့မယ်။ ဖြေရမယ့် ကျောင်းသူ၊ ကျောင်းသားတချို့  စိုးရိမ်ပူပန်နေကြမှာပါ။ စိုးရိမ်မှု့ တစုံတရာ ရှိနေပြီး စာကြိုးစားဖတ်နေတာ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ စာမေးပွဲခန်းထဲမှာ စိုးရိမ်တာလွန်ထွက်သွားပြီး ဖတ်ထား၊ သိထားသမျှ မေ့ကုန်ရင်တော့ ပြဿနာပါ။ တချို့ လည်း စာမေးပွဲ အပြင်ရောက်မှ ပြန်သတိရကြတာ ကြုံဖူးကြမှာပါ။

စိုးရိမ်လွန်တာက မှတ်ဥာဏ်တွေ အားနည်းသွားရတာကြောင့် ဖြစ်ရတာပါ။ စာမေးပွဲမဖြေခင် ၁၀ မိနစ် အချိန်ပေးပြီး ဒီ စိုးရိမ်တာတွေနဲ့ စိတ်ထဲမှာ ပေါ်လာတာတွေအားလုံးကို စာရွက်ပေါ်မှာ ချရေးလိုက်ရင် ဒီပြဿနာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက လက်တွေ့ စမ်းသပ်ချက်တွေကတဆင့် တွေ့ရှိထားပါတယ်။

ဒီအကြောင်းဆိုင်ရာကို ဗွီအိုအေ (VOA) သတင်းထောက် ဂျက်စီကာ ဘာမဲန် (Jessica Berman) က သတင်းပို့ထားတာကို ကိုဝင်းမင်း က သုံးသပ်တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/health/health_03-02-2011-117288893.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, February 26, 2011

မီးယပ်ဆင်းချိန် ဝေဒနာခံစားရသူများအတွက်

Source Photo from http://www.google.com/images

မီးယပ်ဆင်းချိန် ဝေဒနာခံစားရသူများအတွက်
Health Digest
Tuesday, 22 February 2011

အမျိုးသမီးများ လစဉ်မီးယပ်သွေး မပေါ်ခင်မှာ ခံစားရလေ့ရှိတဲ့ ဝေဒနာလက္ခဏာစုကို(Premenstrual Syndrome-PMS) လို့ ခေါ်ပါတယ်။ စိတ်တည်ငြိမ်မှုမရှိခြင်း၊ မောပန်းနွမ်းနယ်သလို ခံစားရခြင်း၊ လေပွသလို ဖြစ်ခြင်း၊ ရင်သားများတင်းပြီး နာကျင်လာခြင်း၊ ခေါင်းကိုက်ခြင်းစသည်တို့ ခံစားရလေ့ရှိပြီး လူမှုရေးနှင့်လုပ်ငန်း တာဝန်များ လစ်ဟင်းလေ့ရှိတတ်ကြပါတယ်။ ဒီဝေဒနာတွေသက်သာဖို့အတွက် မရှိမဖြစ်အဆီအက်စစ် (essential fatty acid)ပါဝင်သော အစာအာဟာရများ စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

ဘရာဇီးသုတေသီများ တွေ့ရှိခဲ့တာကတော့ အဆီအက်စစ် ၃ မျိုးပါဝင်သော ဖြည့်စွက်အားဆေးတစ်ရပ်ကို သောက်ပေးခြင်းဖြင့် PMS ဝေဒနာသက်သာစေနိုင်ကြောင်း ဖြစ်ပါတယ်။ အဲဒီ အဆီအက်စစ်တွေကို လူရဲ့ ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး။ အစားအစာများမှသာ ရရှိနိုင်ပါတယ်။
ဥအမျိုးမျိုး၊ အစေ့အဆန်များ၊ ဟင်းရွက်ဆီများနှင့် ငါးထဲတွင် ထိုအဆီအက်စစ်များ ပါဝင်ပါတယ်။

မောင်
Health Digest
Tuesday, 22 February 2011

Source from Health Digest

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, February 23, 2011

အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း

ဗွီအိုအေ သတင်းထောက် Rose Hoban
Source Photo from http://www.google.com/images

အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လူတွေရဲ့  လှုပ်ရှားမှု့ တွေက နှေးကွေးလာတာ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ ဒီအချက်ကို ကျန်းမာရေး စစ်ဆေးရာမှာ ညွှန်ကိန်းအဖြစ်နဲ့ မသုံးကြသေးပါဘူး။ ဘာကြောင့်ပါလဲ။

လမ်းလျှောက်မြန်နှုန်းကို ညွှန်ကိန်းအဖြစ်သုံးနိုင်ဖို့ သုတေသန လုပ်ရာကနေ အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါပြီ။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ လမ်းလျှောက်မြန်သူ အများစုဟာ အသက်ပိုရှည်ရှည် နေနိုင်ဖို့ အလားအလာများပါတယ်။

ဒီတွေ့ရှိချက်ကိုသုံးပြီး လမ်းလျှောက်နှုန်းကို တိုင်းတာကာ အသက်နိုင်မှု ဇယားဆွဲပြီး လူနာမှတ်တမ်းမှာ ထဲ့တွက်သွားရင် အသက်အရွယ်ကြီးရင့်လာသူတွေ နောက်ထပ် နှစ်ဘယ်လောက် ကြာကြာနေနိုင်မှာကို ခန့်မှန်းလို့ရပါတယ်။

ဒီအကြောင်းတွေအားလုံးကို ဗွီအိုအေ သတင်းထောက် ကယ်လ်ရို ပီယာစန် (Carol Pearson) နဲ့ ရိုစ်ဟိုဘန် (Rose Hoban) တို့ သတင်းပို့ထားတာကို စုစည်းပြီး၊ ကိုဝင်းမင်းက သုံးသပ်တင်ပြထားပါတယ်။




Find this article at:
http://www.voanews.com/burmese/news/health/health_02-23-2011-116788253.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, February 18, 2011

နှလုံးရောဂါ

Source Photo from http://www.google.com/images

နှလုံးရောဂါ

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 16 ဖေဖော်ဝါရီ 2011

ဒီတပတ်မှာ ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေလို့ နှလုံးသားတွေ (ကျန်းမာ) အားကောင်းနိုင်အောင် နှလုံးရောဂါအကြောင်း ဆွေးနွေးထားပါတယ်။ အမျိုးသမီးတွေ အများစုမှာ နှလုံးရောဂါဖြစ်လာရင် အမျိုးသားတွေလို ရောဂါလက္ခဏာ သိသိသာသာ မပြတာကို အရင်က ဆေးကျောင်းတွေမှာ မသင်ခဲ့ရပါဘူး။ လူအများလဲမသိခဲ့ကြပါဘူး။

နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ် ရှိမရှိ သိရအောင် ဘာတွေကို ကြိုတင်စစ်ဆေး တိုင်းတာကြည့်ဖို့ လိုပါလဲ။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ Cholesterol အဆီများတဲ့ အစာလျော့စားဖို့၊ ဆေးလိပ်မသောက်ဖို့၊ အရက်ကို အကန့်အသတ်နဲ့ ထိန်းသောက်ဖို့၊ အားကစားလုပ်ဖို့နဲ့ စိတ်ဖိစီးမှု့ ဒဏ်တွေကို ပြန်ဖြေလျော့သွားအောင် လုပ်တတ်ဖို့ လိုပါတယ်။

ဒါ့အပြင် နောက်ဆုံး သုတေသန တွေ့ရှိချက်တခုမှာတော့ နေ့စဉ်အိပ်ချိန် ၆ နာရီထက် နဲရင်နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ်တွေကို ပိုများလာစေနိုင်တယ်လို့ ထောက်ပြထားတာမို့ အိပ်ချိန်ကိုလည်း ဂရုစိုက်ဖို့ လိုလာနေပါပြီ။

ဒီအကြောင်းအရာတွေကို ဗွီအိုအေ သတင်းထောက် အာ့တ်ချိုင်းမ် (Art Chimes) နဲ. ပီတာ ဖဲ့ဒ်ဒင်းန်စကီး (Peter Fedynsky) တို့ သတင်းပို့ထားတာကို စုစည်းပြီး ကိုဝင်းမင်းက သုံးသပ်တင်ပြထားပါတယ်။




Find this article at:
http://www.voanews.com/burmese/news/health/health_02-16-2011-116354734.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, February 17, 2011

ဘယ်သူ့တာဝန်လဲ


ဘယ်သူ့တာဝန်လဲ

ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ်ရာတွင် အဖြေရလဒ်မှားယွင်းစွာ ထွက်ပေါ်သည့် ဖြစ်ရပ်များရှိနေပြီး ထိုသို့မဖြစ်စေရန် သက်ဆိုင်ရာမှ စစ်ဆေး အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထိုသို့အဖြေရလဒ်မတူညီရခြင်း၏ အဓိကအကြောင်းရင်းများမှာ လူနာအား သွေးဖောက်သည့်အချိန်၊ ထို သွေးအားစစ်ဆေးသည့်အချိန်၊ သွေးဖောက်စဉ်၌ လူနာအစားစားပြီးခြင်း၊ မစားထားခြင်း၊ ကိုယ်လက်လှုပ်ရှား မှု အခြေအနေများ သာမကအသုံးပြုသည့် နည်းပညာ၊ စက်ပစ္စည်းများ စသည့်အကြောင်းရင်းများ အပေါ် မူတည်ကာ ကွာခြားကွဲပြားနိုင်ကြောင်း သိရှိရပါသည်။ ဓာတ်ခွဲစစ်ဆေးသည့် ဓာတ်ခွဲခန်း၏နည်းပညာနှင့် အရည်အသွေး မပြည့်မီခြင်းတို့ ကလည်း အဖြေရလဒ်အမှန်မထွက် ရှိခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်နိုင်ကြောင်း ရောဂါဗေဒဆရာဝန် များထံမှ သိရှိရပါသည်။

"ရောဂါစစ်ဆေးတဲ့အခါမှာ လူနာရဲ့လှုပ်ရှားသွားလာမှုအခြေ အနေတွေနဲ့အသုံးပြုတဲ့နည်းပညာ၊ စက်ပစ္စည်းတွေပေါ်မူတည်ပြီးရလဒ် အဖြေမတူညီနိုင်ပါဘူး။ ဥပမာပြော ရရင် လူနာက မနက် ခြောက်နာရီမှာ သွေးဖောက်တယ်။ ဓာတ်ခွဲခန်း တစ်ခုမှာ သွေးစစ်ဆေးတယ်။ သူ က သူ့ရလဒ်ကိုမကျေနပ်သေးလို့ နောက်တစ်နာရီအကြာမှာ တခြား ဓာတ်ခွဲခန်းမှာ ထပ်စစ်မယ်။ ဒီလို နဲ့အချိန်ခြားပြီး နောက်ဓာတ်ခွဲခန်းတစ်ခုမှာ ထပ်စစ်မယ်။ အဖြေရလဒ်တွေက ကွဲပြားနေတာတွေ့ရပါမယ်။ တစ်ခုရှိတာက အရည်အသွေးပြည့်မီတဲ့ ဓာတ်ခွဲခန်းမှာ ဆေးစစ်ရင်တောင် လူနာရဲ့သွေးဖောက်ချိန် မတူညီတာကြောင့် အဖြေကွာခြားနိုင်ပါတယ်။ လူနာကြောင့်လည်း ဖြစ်နိုင်သလို အရည်အသွေး မပြည့်မီတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးရင်လည်း အဖြေမှန်မရရှိနိုင်ပါဘူး" ဟု ရောဂါဗေဒဆရာဝန်ကြီး တစ်ဦးက ရှင်းပြခဲ့ပါသည်။

ယခုအခါ ကျန်းမာရေးဝန်ကြီး ဌာနမှ အရည်အသွေးမပြည့်မီသည့် ဓာတ်ခွဲခန်းများကို စစ်ဆေးတွေ့ရှိပါ က သက်ဆိုင်ရာ တည်ဆဲဥပဒေများ အရအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့်အိန္ဒိယ၊ ထိုင်း၊ဟောင်ကောင်၊ သြစတြေးလျ၊ ဂျပန်၊ အမေရိကန်စသည့် နိုင်ငံများနှင့် ပူးပေါင်းကာ ကျန်းမာရေးဓာတ်ခွဲခန်းများ၏ အရည်အသွေးများမြှင့်တင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ရောဂါများကို စစ်ဆေးပြီး ရရှိသည့် အဖြေကို ကိုယ်တိုင်ဖတ်ရှု ကောက်ချက်ချမှု မပြုလုပ်သင့်ဘဲ တတ်ကျွမ်းနားလည်သူများ၏ ကောက်ချက်ချမှုကိုသာ ရယူသင့်ကြောင်း သိရှိရပါသည်။ ဥပမာအား ဖြင့် HBs Ag- Positive သည် ရောဂါရှိခြင်းကို ဖော်ညွှန်းခြင်းဖြစ်ပြီး HBs Ag- Positive သည်အဆိုပါ ရောဂါအတွက် ကိုယ်ခံစွမ်းအား Antibody ရှိနေခြင်းကိုဖော်ပြခြင်းဖြစ်ကြောင်း၊ ထို့အပြင် ရောဂါများကိုရှာဖွေရာတွင် ပမာဏစစ်ဆေးခြင်း (scene Ming) နှင့် အတည်ပြုစစ် ဆေးမှု (Confirm amatory Test) ဟူ ၍ကွဲပြားချက်များရှိကြောင်း သိရသည်။

"နိုင်ငံခြားသွားမယ့်သူတွေဆိုလည်း အေးဂျင့်တွေက ချိတ်ဆက်ထားတဲ့ ဆေးခန်းတွေမှာပဲ ဆေးစစ်ရတော့ အဖြေရလဒ်က မှန်လား၊ မမှန်လားဆိုတာ မသိရပါဘူး။ အချို့ဆို လူစားထိုးပြီး ဆေးစစ်တာတွေရှိသလို သွားရောက်မယ့်သူမှာ ရောဂါ ရှိရဲ့သားနဲ့ မရှိဘူးဆိုပြီး ပို့ပေးတာတွေ ရှိပါတယ်"ဟု အလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

အစိုးရ အသိအမှတ်ပြုဓာတ် ခွဲခန်းများတွင်သာ စစ်ဆေးသင့်ကြောင်း၊ ရောဂါပိုးတစ်ခုခုကို စစ်ဆေးရာတွင် ဓာတ်ခွဲခန်းများစွာတွင် စစ်ဆေးခြင်း ထက်တိကျမှန်ကန်သည့် ဓာတ်ခွဲခန်းတစ်ခုကိုသာ ရွေးချယ်စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များ က သုံးသပ်ခဲ့ကြပါသည်။

Source from
http://www.news-eleven.com/index.php?option=com_content&view=article&id=7232:2011-02-17-03-50-39&catid=42:2009-11-10-07-36-59&Itemid=112

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကုသစရိတ် မတတ်နိုင်သူများ ဆေးမြီးတိုကို အားကိုးနေရ

ဆေးကုသစရိတ် မတတ်နိုင်သူများ ဆေးမြီးတိုများကိုအားကိုးနေရဆဲ၊
ဆိုးကျိုးဖြစ်စေသောဆေးမြီးတိုနေရာတွင် စရိတ်သက်သာ၍ဆိုးကျိုးမရှိသည့်
တိုင်းရင်းဆေးနည်းအသုံးပြုသူများလည်း များပြားလာ


မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲပါ အချက်အလက်အချို့

၁ ကန်စွန်းရွက်ကိုသကြားရောပြီး အရည်ကိုဆွတ် မီးလောင်နာအပူလောင်နာ

၂ ကြက်သွန်နီကိုရှာလပတ်ရည်သဖွယ်ပြုလုပ်သောက် နှာစေးနှာပိတ်ပန်းနာရင်ကြပ်

၃ ကြက်သွန်ဖြူဥတစ်လုံးမီးဖုတ်စား လေဆန်နာ

၎ ကြက်ဟင်းခါးသီးသတ္တုရည် ဆီးချို

၅ ချင်းကိုစား တုပ်ကွေးဖျား၊လည်ချောင်းနာ၊ ချောင်းဆိုး

၆ ငရုတ်ကောင်း နှစ်စေ့သုံးစေ့စား အစာကြေလေကြေ၀မ်းဖောဝမ်းရောင်

၇ ဒန့်သလွန်ရွက် သုံးခွက်တစ်ခွက်ကျိုသောက် သွေးတိုးကျ

၈ နနွင်းမှုန့် ၄ ပဲသားရေနွေးဖြင့်သောက် ပန်းနာရင်ကျပ်ဝမ်းလျှောဝမ်းပျက်

၉ ပင်စိမ်းရွက် သတ္တုရည်နှင့် ဆားမီးဖုတ်သောက် ချောင်းဆိုးအော့အန်

၁၀ ကွမ်းရွက်နှင့်ထန်းလျက် ပြုတ်ရည်သောက် ခေါင်းအုံခေါင်းကိုက်

Source from http://www.news-eleven.com/index.php?option=com_content&view=article&id=7234:2011-02-17-04-14-45&catid=42:2009-11-10-07-36-59&Itemid=112

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အသားလွတ်စားကြစို့

Source Photo from http://www.google.com

အသားလွတ်စားကြစို့

Wednesday, 16 February 2011
ထမင်းစားပွဲပေါ်က အသားဟင်းတစ်ခွက်ဖြစ်လာဖို့ ကုန်ကျစရိတ်က တိရစ္ဆာန်၏တန်ဖိုးထက် ပို၍ ကြီးနေပါသည်။

ဝ.၄ ကီလိုဂရမ် (၁ ပေါင်) ခန့်ရှိသော အမဲသားတစ်တုံးရဖို့အတွက် နှံစားပင် grains ၄.၅ ကီလို ဂရမ်
(၁၀ ပေါင်) ခန့်လိုအပ်ပါသည်။ (ဆိုလိုသည်မှာ နွားကို ကျွေးမွေးရသည့် နှံစားပင်ပမာဏကို တွက်ချက်ကြည့်ခြင်း ဖြစ်ပါသည်။)

အီသီယိုးပီးယားတွင် အငတ်ဘေးဆိုက်စဉ်ကာလက ထိုနိုင်ငံမှနှံစားပင် ဆီရီယယ်များကို အမေရိကန်ပြည်ထောင်စုရှိ နွား၊ ၀က် စသည့် အသားစားရန်အလို့ငှာ မွေးမြူထားသည့်တိရစ္ဆာန်တို့ကို ကျွေးမွေးရန် တင်သွင်းနေခဲ့သည်။

ပဲပုပ်ပဲအခြေခံအသားဓာတ် (Sonya protein) ပါသည့် အစားအစာကိုကျွေးလျှင် တိရစ္ဆာန်အသား
စားသူထက် အဆ ၃၀ခန့်ကျွေးနိုင်သည်။ တစ်နည်းအားဖြင့် အသားဖိုးတစ်ယောက်စာသုံးလျှင် ပဲပုပ်ဖိုးအယောက် ၃၀ စာ သုံးနိုင်သည်။

အမဲသားစားသူ ၂ ဦးအတွက် လိုအပ်သောအမဲသား ပမာဏရရှိဖို့ လယ်မြေ ၁၀ဧက လိုအပ်ပြီး ထို ၁၀ ဧကတွင် ပဲပုပ်စိုက်မည်ဆိုပါက ပဲပုပ်စားသူ လူ ၆၁ ဦးအတွက်လုံလောက်သည်။

ကမ္ဘာပေါ်၌ အစာအာဟာရမလုံလောက်မှုကြောင့် နှစ်စဉ်ကလေးသူငယ် ၁၅သန်း သေဆုံးလျက်ရှိသည်။


Source from Health Digest

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, February 13, 2011

အဆီဓါတ် မြင့်မားမှု ပြဿနာ

VOA's Vidushi Sinha has motheallineed.com
Source Photo from http://www.google.com/images

Cholesterol အဆီဓါတ် မြင့်မားမှု

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ကမ္ဘာ့ကျန်မာရေးအဖွဲ့ WHO က သွေးထဲမှာ Cholesterol အဆီဓါတ် မြင့်မားနေတဲ.သူ အများအပြားဟာ Heart Attack ခေါ် နှလုံးဖောက်တာ၊ နှလုံးခုန်ရပ်တာ နဲ့ လေဖြတ်တာတွေ မဖြစ်ရအောင် ကာကွယ်နိုင်ဖို့ ဒီ အဆီဓါတ် မြင့်မားနေတာကို မသိကြ၊ သိရင်တောင် ဆေးကုသမှု့မရကြဖူးလို့ ကမ္ဘာအနှံ လေ့လာမှု့ကြီး လုပ်ရာမှာတွေ့ ရှိလိုက်ပါတယ်။

ဒီ အဆီဓါတ် မြင့်မားတဲ့ ပြဿနာဟာ မြန်မာနိုင်ငံမှာရော ဘယ်လိုလူတွေမှာ အများဆုံးဖြစ်နေပါလဲ။ ဒီ Cholesterol အဆီဓါတ် မြင့်မားတာကို ဘယ်လိုသိနိုင်ပါလဲ၊ ဘယ်လို ကာကွယ်နိုင်ပါလဲ။ ဒီ အဆီဓါတ် မြင့်မားတာကို အဓိကဖြစ်စေတဲ့ မကောင်းတဲ့ အဆီတွေအများကြီး မစားမိအောင် ဘယ်အစားအစာတွေမှာ ဒီ Cholesterol အဆီဓါတ် အများအပြားပါနေလဲ ဆိုတာသိဖို့ လိုပါတယ်။ ဘယ်လို အစားအစာတွေမှာတော့ ဒီ Cholesterol အဆီဓါတ်နည်းနည်း ဒါမှမဟုတ်လုံးဝ မပါတဲ့အတွက် ဖြည့်စွက်ပြီး ပိုစားပေးနိုင်ပါလဲ။

ဒီ အကြောင်းတွေအားလုံးကို ဗွီအိုအေသတင်းထောက် ဗီဒူရှီ စင်န်ဟာ (Vidushi Sinha) သတင်းပို.ထားတာနဲ့ စုစည်းပြီး၊ ကိုဝင်းမင်းက အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ University Collage Cork မှာ သုတေသနလုပ်နေပြီး၊ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကြာ ဆေးခန်းဖွင့် ဆေးကုပေးခဲ့ဖူးကာ ဒီ Cholesterol အဆီဓါတ် ပြဿနာအကြောင်းလည်း စာတွေရေးဖူးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/health/health_02-09-2011-115686179.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, January 31, 2011

လူ လူချင်း ကိုက်တဲ့အခါ

Source Photo from http://www.google.com/images

လူ လူချင်း ကိုက်တဲ့အခါ
31,Jan,2011

- -လူတစ်ယောက်ကနေ လူတစ်ယောက်ကို ကျီစယ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ စိတ်ဆိုးဒေါသထွက်လို့ပဲဖြစ်ဖြစ် ကိုက်တဲ့အခါမှာ သွားကိုက်ရာကြောင့် အရေပြား ပေါက်ပြဲသွားတတ်ပါတယ်။
အဲဒီလို လူ လူချင်းကိုက်တာက အန္တရာယ်ရှိပါတယ်။

အကြောင်းကတော့ ပေါက်ပြဲဒဏ်ရာကနေ တစ်ဆင့် ကူးစက်ပိုး ဝင်နိုင်ခြေများလို့ပါ။
လူ လူချင်းကိုက်တဲ့ အပြုအမူဟာ ကလေးငယ်လေးတွေမှာ အတွေ့ရ များပါတယ်။

ကလေးတွေဟာ သွားပေါက်ခါစမှာ သွားဖုံးယားလို့ ဒါမှမဟုတ် ဒေါသထွက်စိတ်ဆိုးလို့ ကိုက်တတ်ပါတယ်။
လူ လူချင်းကိုက်တာက တိရစ္ဆာန်တချို့ ကိုက်တာထက်တောင် အန္တရာယ်ပိုများတတ်ပါတယ်။

တချို့လူတွေရဲ့ ပါးစပ်ထဲမှာ ပိုးမွှား (Germs) တွေ ရှိနေတတ်ပြီး အဲဒီ ကူးစက်ပိုးတွေဟာ ကုသရခက်တာကြောင့်ပါ။
ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ အထူးသဖြင့် သင့်လက်မှာ ကိုက်ရာကြောင့် ကူးစက်ပိုးဝင်တာမျိုးရှိခဲ့ရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသမှုခံယူနိုင်အောင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။
ပြင်းထန်ဆိုးရွားတဲ့ တချို့သော အခြေအနေတွေမှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေပါတယ်။

ရောဂါလက္ခဏာများ

အကိုက်ခံရတဲ့အခါ ယေဘုယျအားဖြင့် အသေးအမွှားကနေ ပြင်းထန်တဲ့အဆင့်အထိ ရောဂါလက္ခဏာ ပြသနိုင်ပါတယ်။

- သွေးထွက်တဲ့ ဒါမှမဟုတ် သွေးမထွက်တဲ့ ပေါက်ပြဲရာ
- သွေးစို့တဲ့ ဒဏ်ရာ
- သွားကိုက်ရာ

ရှေးဦးပြုစုနည်း

၁။ အကိုက်ခံရပြီးချိန်မှာ စိတ်ကို တည်ငြိမ်အောင်ထားပါ။ ပြီးရင် အနာကို ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးကြောပေးပါ။

၂။ ဒဏ်ရာက သွေးသိပ်မထွက်ရင် အပျော့စားဆပ်ပြာနဲ့တိုက်ပြီး စီးကျနေတဲ့ရေ (ဘုံပိုင်ရေ) မှာ ဆေးကြောပေးပါ။
အချိန် သုံးမိနစ်လောက် ဆေးကြောပေးပြီးမှ သန့်ရှင်းတဲ့ ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။

၃။ အနာက သွေးထွက်နေရင်တော့ သွေးထွက်တာတိတ်တဲ့အထိ သန့်ရှင်း ခြောက်သွေ့နေတဲ့ ပတ်တီးစနဲ့ အုပ်ပေးပါ။ အဲဒီ ဒဏ်ရာရထားတဲ့နေရာကို မြှင့်ထားပေးပါ။

၎။ ပြီးရင် ဆေးကုသမှု ခံယူပါ။

ရှောင်သင့်သော အပြုအမူများ

- လူကိုက်ခံရတဲ့နေရာကို လျစ်လျူမရှုပါနဲ့။ အထူးသဖြင့် အနာက သွေးထွက်နေရင် ပိုပြီး လျစ်လျူရှုထားလို့ မရပါဘူး။
- အကိုက်ခံရတဲ့ ဒဏ်ရာကို ပါးစပ်ထဲ မထည့်ပါနဲ့။

ဆရာဝန်နှင့် တွေ့ဆုံသင့်သော အချိန်

အကိုက်ခံရတဲ့အခါ ဒဏ်ရာက ကြီးကြီးသေးသေး ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။
ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆရာဝန်နဲ့ အရေးပေါ် ပြသသင့်တဲ့ အခြေအနေတွေကတော့ -
- အကိုက်ခံရတဲ့ အနာကနေ ပြည်တွေစီးကျနေရင်၊ ရောင်ရမ်းနီမြန်းနေရင်၊
- အကိုက်ခံရတဲ့ ဒဏ်ရာက မျက်ဝန်းတစ်ဝိုက်မှာဆိုရင် မျက်နှာ၊ လက်၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တွေမှာဖြစ်ရင်၊
- အကိုက်ခံရသူဟာ ခုခံအားစနစ် အားနည်းနေရင်
(ဥပမာ - HIV ပိုးရှိရင် ဒါမှမဟုတ် ကင်ဆာရောဂါကုသရာမှာ ဆေးသွင်းကုသနေရရင်) အကိုက်မခံရစေရန် ကာကွယ်မှု
- ကလေးငယ်တွေကို သူများကို ဘယ်တော့မှ မကိုက်ဖို့ သင်ထားပါ။
- ကလေးငယ်ရဲ့ ရှေ့မှာ ကျီစယ်သလိုမျိုး ကိုက်ပြဟန် မလုပ်ပါနဲ့။
ကလေးက သင့်ကို ကိုက်တဲ့အခါမှာ ပြန်ကိုက်တာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။
- အတက်ရောဂါရှိသူရဲ့ ပါးစပ်နားမှာ လက်ကို ဘယ်တော့မှ မထားမိပါစေနဲ့။

Ref: Good Health

Source Article from

http://hittai.net/?show=rm&fileid=43&t=home6&id=6

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, January 30, 2011

မိခင်အာဟာရ နဲ့ ကလေးဦးနှောက်

Source Photo from http://www.google.com/images

မိခင်အာဟာရ နဲ့ ကလေးဦးနှောက်ဖွံဖြိုးမှု

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

အမေရိကန်နိုင်ငံ Texas တက္ကသိုလ် ကျန်းမာရေးသုတေသနအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရနဲနဲလေး လျော့သွားရင်တောင် သန္ဓေသားကလေးရဲ့  ဦးနှောက်ဖွံဖြိုးမှု့ကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလဲ ငါးနှစ်အောက် ကလေး (၃) ယောက်မှာ (၁) ယောက်ဟာ အာဟာရချို့တဲ့နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန့်ခဲ့ပါတယ်။ ဒီအာဟာရချို့ တဲ့မှု့ဟာ အာဟာရမျှတအောင် မစားတတ်တာနဲ့ ဆေးခန်းပုံမှန် မပြတာကြောင့် အဓိကဖြစ်ရတာပါ။ အာဟာရပြည့်စုံအောင် Protein လို့ခေါ်တဲ့ အသားဓာတ်ဖြစ်တဲ့ အသား၊ ငါး၊ နို့၊ ဥ၊ ပဲအမျိုးမျိုးနဲ့ Carbohydrate လို့ခေါ်တဲ့ ကဆီဓာတ် ဖြစ်တဲ့ ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ ပြီးတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှတအောင်စားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းတွေ အားလုံးကို ဗီအိုအေ (VOA) သတင်းထောက် အာ့တ် ချိုင်းမ်စ် (Art Chimes) သတင်းပို့ထားတာနဲ့ စုစည်းပြီး ကိုဝင်းမင်း က အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ University Collage Cork မှာ သုတေသန လုပ်နေပြီး၊ မြန်မာနိုင်ငံမှာနှစ် (၃၀) ကြာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးခဲ့ဖူးကာ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့  အာဟာရအကြောင်းလဲ စာရေးဖူးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။

Source Photo from http://www.google.com/images



Find this article at:
http://www.voanews.com/burmese/news/health/health_01-26-2011-114616604.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, January 22, 2011

ပြင်းထန်တဲ့ ဦးခေါင်းနဲ့ ဦးနှောက် ထိခိုက်မှု့ ဒဏ်ရာတွေအကြောင်း

Source Photo from http://www.google.com/images

ပြင်းထန်တဲ့ ဦးခေါင်းနဲ့ ဦးနှောက်

ထိခိုက်မှု့ဒဏ်ရာတွေအကြောင်း

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011

အမေရိကန် အမျိုးသမီး လွှတ်တော်အမတ် ဂယ်ဘရီလာ ဂစ်ဖ်ဖေါ့ဒ်စ် (Gabrielle Giffords) ဇန္နဝါရီ ၈ ရက်မှာ ဦးခေါင်းကို သေနပ်နဲ့ အနီးကပ် အပစ်ခံခဲ့ရပေမယ့် သူ အသက်မဆုံးရှုံးရအောင် အမြန်ခွဲစိပ်မှုနဲ့ ဦးနှောက်ရောင်ပြီး ဦးခေါင်းတွင်း ဖိအားများမလာအောင် ဦးနှောက်ကို ဖွင့်ပြီး ကြိုးစားကုသပေးနေပါတယ်။

တဆက်တည်းမှာ မြန်မာပြည်မှာရော ဘယ်လိုမျိုး ဦးခေါင်းနဲ့ ဦးနှောက်ဒဏ်ရာတွေဖြစ်တတ်ပါသလဲ၊ ဖြစ်လာရင် အသက်မဆုံးရှုံးရအောင် ဦးခေါင်းတွင်း ဖိအားတွေများလာစေနိုင်တဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေကိုသိပြီး ဆေးရုံဆေးခန်းအမြန်သွားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းအရာတွေကို ဗွီအိုအေ (VOA) သတင်းထောက် ကယ်ရိုး ပီယာစန် (Carol Pearson) တင်ပြထားတဲ့ သတင်းဆောင်းပါးကို ကောက်နုတ်ပြီး ကိုဝင်းမင်းက ဦးနှောက်နဲ့ အာရုံကြော အထူးကု မြန်မာဆရာဝန် ဒေါက်တာစိုးမြင့်အောင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/health/health_01-19-2011-114238579.html



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 20, 2011

အဆီကျစေသောလေ့ကျင့်ခန်း

လက်မောင်းအနောက် အဆီကျစေသောလေ့ကျင့်ခန်းများ

Thursday, 20 January 2011

လက်မောင်းအနောက် အဆီများကျစေသောလေ့ကျင့်ခန်းကို အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး လေ့ကျင့်နိုင်ပါသည်။

လေ့ကျင်းခန်း(၁)

ပုံတွင်ပြထားသည့်အတိုင်း လေ့ကျင့်ခုံ ပေါ်တွင် မတ်မတ်ထိုင်ပါ။
မိမိ လေ့ကျင့်နိုင်သလောက်အလေးတုံးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ အပေါ်တည့်တည့်သို့
ဆန့်ထုတ်ထားပါ။

ပြီးလျှင် တံတောင်ကို ဦးခေါင်းနှင့်ကပ်လျက် အနောက်သို့တည့်တည့်ကွေးချပါ။
ပြီးလျှင် မူလအနေအထားအတိုင်း အပေါ်သို့ ဖြည်း ဖြည်းဆန့်ထုတ်ပါ။
ဤနည်းအတိုင်း အနည်းဆုံး အကြိမ် ၂၀ မှ အကြိမ် ၃၀ အထိ လေ့ကျင့် နိုင်သည်။

အကျိုးကျေးဇူး

လက်မောင်းအနောက်ရှိ အဆီများကိုကျစေသည်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခုံပေါ်တွင် ပုံတွင်ပြထားသည့် အတိုင်းဘယ်ခြေ၊ ဘယ်လက်တင်၍ ခန္ဓာကိုယ် နှင့် ဘယ်ဘက် တံတောင်ကို တစ်တန်းတည်း အနေအထားဖြစ်အောင်နေပါ။
ညာခြေကို ကြမ်းပြင်ပေါ်နင်း၍ ညာဘက်လက်တွင် မိမိနိုင် သလောက် အလေးကိုကိုင်ပါ။

ထို့နောက် တံတောင်ကိုခန္ဓာကိုယ်နှင့်ကပ်လျက် နောက်သို့ တည့်တည့်ဆန့်ထုတ်ပါ။
ပြီးလျှင် လက်မောင်းအနောက် အဆီကျစေသော လေ့ကျင့်ခန်းများ မူလအနေအထားသို့ရောက်အောင် ဖြည်းဖြည်းချင်းကွေးယူပါ။
ဤနည်းအတိုင်း ဘယ်ညာပြောင်း၍လေ့ကျင့်ပါ။

အနည်းဆုံး အကြိမ်၂၀မှ အကြိမ်၃၀အထိ လေ့ကျင့်နိုင်သည်။

အကျိုးကျေးဇူး

လက်မောင်းအနောက်ရှိ အဆီများကို ကျစေသည်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်စက်တွင် မိမိနိုင်သလောက် အလေးကို တပ်ဆင်ပါ။ ထို့နောက် စက်ရှေ့ တွင် မတ်မတ်ရပ်၍ လက်နှစ်ဖက်ကို ခန္ဓာကိုယ်၏ဘေးတွင်ကပ်လျက် အလေးတန်းကိုကိုင်ပါ။
တံတောင်ကို ခန္ဓာကိုယ်နှင့် မကွာစေဘဲ လက်နှစ်ဖက်ဖြင့် အောက်သို့တည့်တည့်ဆန့်၍ ဖိချပါ။
ပြီးလျှင် မူလအနေအထားအတိုင်း ဖြည်းဖြည်းချင်းထိန်း၍ ကွေးတင်ပါ။
ဤနည်းအတိုင်း အနည်းဆုံး အကြိမ်၂၀မှ အကြိမ်၃၀အထိ လေ့ကျင့်နိုင်သည်။

အကျိုးကျေးဇူး

လက်မောင်းအနောက်ရှိ အဆီများကိုကျစေသည်။

Source Article from Health Digest

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 6, 2011

ငှက်ဖျားရောဂါ ကြောင့် အသက်မဆုံးရဖို့

ငှက်ဖျားရောဂါ ကြောင့် အသက်မဆုံးရဖို့


By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011

ပြီးခဲ့တဲ့ အပတ်တွေက မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ အဆုပ်နာ TB ရောဂါ အကြောင်းပြီးတဲ့အခါမှာ ဒီတပတ်မှာတော့ မြန်မာနိုင်ငံထဲမှာ နောက်အဖြစ်များနေသေးတဲ့ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးမှာ အဓိက ဖြစ်နေတဲ့ ပြဿနာတွေအကြောင်း ဆွေးနွေးထားပါတယ်။ ငှက်ဖျားရောဂါကြောင့် အသက်မဆုံးရအောင် ငှက်ဖျားရောဂါဖြစ်တာ စောစောသိနိုင်ဖို့ ငှက်ဖျားရောဂါ လက္ခဏတွေ ကူးစက်ပုံ၊ ဖြစ်နိုင်ခြေများသူတွေ၊ ပြီးတော့ ရောဂါဖြစ်တာသိပြီးရင် ငှက်ဖျားဒေသမှာ မနေဘူးသူတွေအတွက် ၂၄ နာရီအတွင်း ဆေးရုံဆေးခန်းပြဖို့ အရေးကြီးတာတွေ မပြနိုင်ရင် ငှက်ဖျားပိုးဦးနှောက်ထဲဝင်ပြီး အသက်ဆုံးရှုံးနိုင်တာတွေကို ရှင်းပြထားပါတယ်။ ဒါတွေကို ကိုဝင်းမင်းက ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး မြန်မာနိုင်ငံထဲမှာ လက်တွေ့လုပ်နေတဲ့ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာအေးယုစိုး ကို မေးမြန်းတင်ပြထားပါတယ်။





Find this article at:
http://www.voanews.com/burmese/news/health/health_01-05-2011-112975434.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....