လက်မောင်းအနောက် အဆီကျစေသောလေ့ကျင့်ခန်းများ
Thursday, 20 January 2011လက်မောင်းအနောက် အဆီများကျစေသောလေ့ကျင့်ခန်းကို အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး လေ့ကျင့်နိုင်ပါသည်။
လေ့ကျင်းခန်း(၁)
ပုံတွင်ပြထားသည့်အတိုင်း လေ့ကျင့်ခုံ ပေါ်တွင် မတ်မတ်ထိုင်ပါ။
မိမိ လေ့ကျင့်နိုင်သလောက်အလေးတုံးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ အပေါ်တည့်တည့်သို့
ဆန့်ထုတ်ထားပါ။
ပြီးလျှင် တံတောင်ကို ဦးခေါင်းနှင့်ကပ်လျက် အနောက်သို့တည့်တည့်ကွေးချပါ။
ပြီးလျှင် မူလအနေအထားအတိုင်း အပေါ်သို့ ဖြည်း ဖြည်းဆန့်ထုတ်ပါ။
ဤနည်းအတိုင်း အနည်းဆုံး အကြိမ် ၂၀ မှ အကြိမ် ၃၀ အထိ လေ့ကျင့် နိုင်သည်။
အကျိုးကျေးဇူး
လက်မောင်းအနောက်ရှိ အဆီများကိုကျစေသည်။
လေ့ကျင့်ခန်း (၂)
လေ့ကျင့်ခုံပေါ်တွင် ပုံတွင်ပြထားသည့် အတိုင်းဘယ်ခြေ၊ ဘယ်လက်တင်၍ ခန္ဓာကိုယ် နှင့် ဘယ်ဘက် တံတောင်ကို တစ်တန်းတည်း အနေအထားဖြစ်အောင်နေပါ။
ညာခြေကို ကြမ်းပြင်ပေါ်နင်း၍ ညာဘက်လက်တွင် မိမိနိုင် သလောက် အလေးကိုကိုင်ပါ။
ထို့နောက် တံတောင်ကိုခန္ဓာကိုယ်နှင့်ကပ်လျက် နောက်သို့ တည့်တည့်ဆန့်ထုတ်ပါ။
ပြီးလျှင် လက်မောင်းအနောက် အဆီကျစေသော လေ့ကျင့်ခန်းများ မူလအနေအထားသို့ရောက်အောင် ဖြည်းဖြည်းချင်းကွေးယူပါ။
ဤနည်းအတိုင်း ဘယ်ညာပြောင်း၍လေ့ကျင့်ပါ။
အနည်းဆုံး အကြိမ်၂၀မှ အကြိမ်၃၀အထိ လေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး
လက်မောင်းအနောက်ရှိ အဆီများကို ကျစေသည်။
လေ့ကျင့်ခန်း (၃)
လေ့ကျင့်စက်တွင် မိမိနိုင်သလောက် အလေးကို တပ်ဆင်ပါ။ ထို့နောက် စက်ရှေ့ တွင် မတ်မတ်ရပ်၍ လက်နှစ်ဖက်ကို ခန္ဓာကိုယ်၏ဘေးတွင်ကပ်လျက် အလေးတန်းကိုကိုင်ပါ။
တံတောင်ကို ခန္ဓာကိုယ်နှင့် မကွာစေဘဲ လက်နှစ်ဖက်ဖြင့် အောက်သို့တည့်တည့်ဆန့်၍ ဖိချပါ။
ပြီးလျှင် မူလအနေအထားအတိုင်း ဖြည်းဖြည်းချင်းထိန်း၍ ကွေးတင်ပါ။
ဤနည်းအတိုင်း အနည်းဆုံး အကြိမ်၂၀မှ အကြိမ်၃၀အထိ လေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး
လက်မောင်းအနောက်ရှိ အဆီများကိုကျစေသည်။
Source Article from Health Digest


0 comments:
Post a Comment