+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, January 20, 2011

ရွှေဆွဲကြိုး လုယူမှုဖြစ်ပွား

ဈေးဝယ်ပြန်လာသူ၏ဆွဲကြိုး စက်ဘီးစီး၍လုယူသွား

ဈေးဝယ်ပြန်လာသူလည်ပင်း၌ ၀တ်ဆင်ထားသည့်ရွှေဆွဲကြိုးကို စက်ဘီးနင်းသူက လုယူသွားသည်ဆိုကာ တိုင်တန်းမှု သာကေတမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ နှစ်ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် သာကေတမြို့နယ် ၈ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ၅ ကွေ့မှ ဈေးဝယ်ပြီးနေအိမ်သို့ ရှုခင်းသာလမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာစဉ် အနောက်မှ စက်ဘီးစီးလာသူလူငယ်က ၀တ်ဆင်ထားသည့် ကျပ် ၁၉၀,၀၀၀ တန်ရွှေဆွဲကြိုးကို လုယူသွားသဖြင့် အကူညီတောင်း၍ဖမ်းဆီးရာ ဆွဲကြိုးလုယူသူမှာ သာကေတမြို့နယ် ၆/ အရှေ့ရပ်ကွက်နေ အောင်ငြိမ်းလွင် (ခ)ခင်သန်း(၂၀)နှစ်ဖြစ်ကြောင်းသိရ၍ အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက (ပ) ၄၄၉/ ၁၀ ပြစ်မှုဥပဒေပုဒ်မ ၃၈၂ အရ အရေးယူထားကြောင်းသိရသည်။

နိုင်မိုး
(မှုခင်း)
အကျိုးဆောင်ဂျာနယ်

0 comments:

Post a Comment