+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, January 20, 2011

ဆေးခြောက်များ ဖမ်းမိ

ဒန်အိုး ဒန်ခွက် ရောင်းသူထံမှ ဆေးခြောက်များဖမ်းမိ

ဒန်အိုး၊ ဒန်ခွက်ရောင်းသူကို လှည့်ကင်း အဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာက ဆေးခြောက်ထုပ်များ ဖမ်းဆီးရှိမှု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (၁၀း၄၀) နာရီခန့်တွင် ဗိုလ်တထောင် ရဲစခန်းမှ နယ်ထိန်းတပ်ကြပ် ထွန်းအောင်နှင့်အဖွဲ့သည် သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်၌ မသင်္ကာဖွယ်တွေ့ရှိသူ တွံတေးမြို့နေ ဒန်အိုး၊ ဒန်ခွက်ရောင်းသူ တင်လွင်ဦး(ခ)ရာဂျာ (၃၅) နှစ်အား ခေါ်ယူစစ်ဆေးခဲ့သည်။

၎င်းထံမှ ပလတ်စတစ်ဖြင့်ထုပ်ထားသည့် အလေးချိန် တစ်မတ်ခြောက်ရွေး ဆေးခြောက်ထုပ် နှစ်ထုပ်၊ အလေးချိန် တစ်မတ်သုံးရွေးရှိ ဆေးခြောက်ထုပ် တစ်ထုပ်၊ ကာလတန်ဖိုး ကျပ် (၁၅၀၀၀)ခန့်ကို သိမ်းဆည်းရမိသည်။

သက်ဆိုင်ရာက မယ (ပ)၆/၁၀ မူးယစ် ပုဒ်မ ၁၅/၁၆(၈) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မှုခင်း
(အကျိုးဆောင်ဂျာနယ်)

0 comments:

Post a Comment