ငွေမချေး၍ လည်ပင်းကိုခဲတံချွန်ခေါက်ဓားဖြင့် လှီး
ငွေမချေးသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ရာက လည်ပင်းကို ခဲတံချွန်ခေါက်ဓားဖြင့် လှီးသဖြင့် ထိခိုက်ဒဏ်ရာ ရမှု ဒလမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ (၂၃)ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်က ဒလ တွံတေး ကားဝင်းအတွင်း ရာဇသင်္ကြန် ရပ်ကွက်နေ အမျိုးသားနှင့်၎င်း၏ဇနီးတို့က ကွမ်းယာ ရောင်းနေစဉ် ဈေးအတွင်း ဆေးနှင့် ပရုတ်ဆီရောင်းသူ ငသက် နှင့် အသေးလေးတို့ရောက်ရှိလာပြီး ငွေမချေးသည့်ကိစ္စဖြင့် စကားများစဉ် အသေးလေးက ခဲတံ ချွန်ခေါက်ဓားဖြင့် ထိုးသဖြင့် အမျိုးသားမှာ လည်ပင်း၌ ဒဏ်ရာရရှိပြီး ဒလ ဆေးရုံမှရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း တင်ပို့ကုသခဲ့သောကြောင့် တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာက (ပ)၇၄၃/၁၀ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူထားသည်။
(မှုခင်း)
အကျိုးဆောင်ဂျာနယ်


0 comments:
Post a Comment