ဘ၀တူဇနီးမောင်နှံ အတူတူသေဆုံးခဲ့ရသည့် ဖြစ်ရပ်
ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း ရဲစခန်းပိုင် နယ်မြေ အတွင်း၌ ၂၀၁၀ အောက်တိုဘာ ၉ ရက် နေ့ ၀၇း၀၀ နာရီ အချိန်က ဘ၀တူ လုပ်ကိုင် စားသောက်နေသည့် ဇနီးမောင်နှံ နှစ်ဦး မှာ သွားအတူတူ၊ လာအတူတူ၊ စား အတူတူဆိုသကဲ့သို့ ၎င်းနေ့မှာပင် အတူတူ သေဆုံးသွားခဲ့သည့် ဖြစ်စဉ် တစ်ခုမှာ ရင်နင့်ကြေကွဲဖွယ်ဖြစ်ရပ် ကလေးတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၎င်းနေ့ အချိန်က သပိတ်ကျင်း ရဲစခန်းပိုင် တောင်လယ် ရွာနေ ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူ ထွန်းထွန်းနိုင် ၂၄ နှစ်နှင့်ဇနီးဖြစ်သူ မအေးအေးမြင့်တို့နှစ်ဦးသည် ရွှေကျင်လုပ်ငန်းအတူတူလုပ်ကိုင်ခဲ့ပြီး ထမင်းစားနားချိန် နှစ်ဦးသား ထမင်းစားနေခဲ့စဉ် အတောင် ၄၀ ခန့်၊ လုံးပတ် ၄ ပေခန့်ရှိ သစ်ပင် တစ်ပင်မှာ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့ပြီး ၎င်းတို့ဇနီးမောင်နှံထမင်းစားနေသည့် အပေါ်သို့ ပိမိခဲ့ပြီး ဦးခေါင်းများကွဲကြေ၍ သေဆုံးခဲ့ကြပြီး ယင်းဖြစ်စဉ်အပေါ် သပိတ်ကျင်း ရဲစခန်း အမှတ် ၂၅/၂၀၁၀ အရ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
(မှုခင်း)
တင်ကိုကိုလွင်
SHADE Journal


0 comments:
Post a Comment