အမျိုးသားတစ်ဦး လည်ပင်းလှီးပြတ်ဒဏ်ရာနှင့် သေဆုံး
ပြီးခဲ့သည့် တစ်ပတ်က ဖွင့်လှစ်ခဲ့သော သီရိ မင်္ဂလာဈေး သစ်ကြီး၏ အများသုံး အိမ်သာတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး လည်ပင်းလှီးပြတ်ဒဏ်ရာဖြင့် ဒဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း ဈေးသာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်ပွားပုံမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခြောက်ခန်းတည်းသာရှိသည့် အိမ်သာများ အနက် အခန်းတစ်ခန်းအတွင်း လူတစ်ဦး သည် နာရီဝက်ကျော်ကြာသည်အထိ တံခါးထုသော်လည်း ထွက်မလာ၍ ခုံဖြင့် အပေါ်မှ တက်ကြည့်ရာ သွေးအိုင် ထဲတွင် လူတစ်ဦး လဲကျသေဆုံးနေ ကြောင်း၊ သေဆုံးသူမှာ မုန်လာဥနီဆိုင် မှလုပ်သားတစ်ဦးဖြစ်ကြောင်း ၎င်း ကဆက်လက်ရှင်းပြသည်။
သေဆုံးသွားသူသည် ချောင်း ဆိုးသွေးပါဝေဒနာကို ခံစားနေရပြီး မသေဆုံးမီရက်ပိုင်းက “ရောဂါနှင့်သေ ရင်လည်းသေ၊ မသေရင် ကိုယ့်ဟာ ကိုယ်လုပ်သေတော့မယ်” ဟု မကြာခဏ ပြောဆိုနေကြောင်း၊ မသေဆုံးခင် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဆိုင်မှထွက်သွား ပြီး ရေအိမ်ထဲတွင် နှစ်လက်မ အရွယ် ခန့်ရှိသည့် မုန်လာဥနီသန့်စင်သည့် ဓား ဖြင့် ၎င်း၏ လည်ဇလုတ်ကို ၎င်းကိုယ်တိုင် လှီးဖြတ်လိုက်သည်ဟု ယူဆရကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦး က ပြောကြားသည်။
“ဈေးအိမ်သာက တစ်ယောက် တစ်ရာလည်းပေးရတယ်။ ခြောက်ခန်းပဲရှိ တော့ လူတွေက နည်းနည်းကြာရင် ဒုန်းဒုန်းနဲ့ ထုကြရော။ သူကတော့ ထုပေ မယ့် နာရီဝက်ကြာတဲ့အထိမပွင့်မှ အပေါ်ကတက်ကြည့်တာ။ စောစောသိပြီး အချိန်မီ ဆေးရုံပို့နိုင်မယ်ဆိုရင် မသေနိုင် ဘူး”ဟု ၎င်းကသုံးသပ်ပြောကြားသည်။ သေဆုံးသူသည် ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာဇာတိဖြစ်သည်။ ရန်ကုန် တွင် ဆွေမျိုးဝမ်းကွဲများနှင့် နေထိုင် ကြောင်း ပိတောက်ချောင်း ရဲတပ်ဖွဲ့ စခန်း မှ သေမှုသေခင်း ၁၀/၂၀၁၀ ဖြင့် အမှုဖွင့် ထားကြောင်း စုံစမ်းသိရှိရသည်။
မှုခင်း
The Voice Journal


0 comments:
Post a Comment