
တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု
တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမတွင် ညနေ ၆ နာရီဝန်းကျင်ခန့်မှ စတင်ပြီး မီလောင်ကြွမ်းမှုတစ်ခု ဖြစ်ပွားလျှက်ရှိပါသည်။




တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမ သုတ ၁ လမ်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကြွမ်းမှုသည် အိမ်ခြေ ၁၀လုံး လောင်ကြွမ်းခဲ့ပြီး ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ
(၁)လမ်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်လောင် ကျွမ်း
ခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုးငြှိမ်းသတ် နိုင်ခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွား
ခဲ့ကြောင်း သိရသည်။
''မီးကတော်တော်ပြင်းတယ်။
လေက လမ်းမကြီးဘက်က တိုက်တော့ မီးလောင်မှုဖြစ်တဲ့ အိမ်တွေရဲ့ ကျောခြင်း ကပ်အိမ်တွေကတော့
မီးကူးစက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဝေယဇန္တာလမ်းပေါ်က ကုမ္ပဏီတစ်ခုရဲ့ အနောက်ဘက် မှန်တွေကိုခွဲပြီး
တော့တောင် မီးငြှိမ်းသတ်ခဲ့ရတယ်။
ရပ်ကွက်က လမ်းလည်းကျဉ်းတယ်။
ပြီးတော့ ၀ိုင်းအုံကြည့်နေကြတဲ့သူတွေနဲ့ ပိတ်နေတော့ မီးသတ်ကားတွေဝင်ဖို့ ခက်နေလို့ မီးသတ်ကားတွေ
က လမ်းမကြီးပေါ်က သတ်ခဲ့ကြတယ်။
ဒါတောင် မီးလောင်တဲ့နေရာနဲ့ တော်တော်လှမ်းလှမ်းမှာရှိတဲ့ အုန်းပင်တွေတောင် မီးညွန့်တွေ ကူးစက်သွား
တယ်။ မီးသတ်ကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူး
တင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ မီးလောင်နေတဲ့အချိန်မှာ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြလို့ပါပဲ။
မီးလောင်နေတဲ့အချိန်မှာ ပစ္စည်းခိုးတဲ့ သူခိုးတစ်ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်''
ဟု ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြုယာဉ် ၅ စီး လာရောက်ငြိမ်း
သတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေဆယ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
|
|
Friday, March 16, 2012
တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု
မီးသတ်ကားလည်းမတွေ့မိဘူး။
Thursday, March 15, 2012
မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီထွေမှုမရှိ
ကြာသပတေး, 15 မတ် 2012
မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီထွေမှုမရှိ
By နန္ဒာချမ်း
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အခြေအနေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး ဖြစ်ပေါ်လာအောင် ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့အချက်
နဲ့ လိုက်လျောညီထွေ မရှိဘူး။ ဒေသခံပြည်သူတွေရဲ့ အရေးအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ - မြန်မာနိုင်
ငံ မှာ ရောက်ရှိနေတဲ့ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဟာလည်း အရေးကြီး တယ်လို့ - ဒီကနေ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ က - အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ ပြေလည်မှုတွေ မရရှိသေးတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေ
အရေး အပါအ၀င် မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ - ဒီ နှစ်ချက်
ကို အဓိက အလေးထား ပြောကြားခဲ့တာပါ။
တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မကြာသေးခင်ကာလတွေက တိုးတက်မှုတွေကို တွေ့မြင်ရ
တယ်ဆိုပေမဲ့ - အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲ က - ဒီသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလိုပြောကြားသွားခဲ့တာပါ။
“ပြီးခဲ့တဲ့ လပိုင်းတွေ၊ သီတင်းပတ်တွေအတွင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော် တို့ မြင်တွေ့ခဲ့ရပါတယ်။
မြန်မာ အစိုးရကလည်း - အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တွေကို ရှေ့ဆက်ဆောင်ရွက်နေတဲ့
အကြောင်း၊ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်နေတဲ့ အကြောင်းတွေ ကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက် ဖြစ် နေတာက - အစိုးရက ပြောနေတဲ့ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေး ရအောင် ယုံကြည်မှု တည် ဆောက် နေပါတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိတာကို တွေ့နေရ
တာပါ။”
ဒါ့အပြင် ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေနဲ့ပတ်သက်လို့လည်း မစ္စတာ မစ်ချဲက ရန်ကုန်မှာ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း - ဒီဒုက္ခသည်တွေကို အကူ အညီပေးရာမှာ အကန့်
အသတ်တွေ ရှိနေတာကို သိခဲ့ရတယ်လို့ အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့အနေနဲ့ တကယ်ပဲ စိုးရိမ်မိတာက ကချင်ပြည်နယ်တွင်းက IDP လို့ခေါ်တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေး
ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေးပါ။ ဒီခရီးစဉ်အတွင်းမှာ ကျနော် - ကုလသမဂ္ဂရုံးအပြင် တခြားအဖွဲ့အ
စည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူတို့အနေနဲ့ ဒီဒုက္ခသည် တွေကို ကူညီထောက်ပံ့ချင်ပေမဲ့လို့ အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေတာကို ပြောပြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ သိမ်မွေ့နက်နဲတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့ အသိပေးကြေညာချင်တာက ဒီဒုက္ခသည်တွေကို ကူညီဖို့အတွက်ကို အမေရိကန်
ပြည်ထောင်စုကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကို
ပေးအပ်သွားမယ်ဆိုတာပါပဲ။”
ဒါ့အပြင် မစ္စတာ မစ်ချဲ က - မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ
လွတ်လပ်ပြီး တရားမျှတမှုရှိဖို့နဲ့ ထင်သာမြင်သာရှိဖို့ကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် - လက်ရှိ ကြုံတွေ့နေရတဲ့
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း အခက်အခဲတွေနဲ့ မဲပေးကြမယ့် မဲဆန္ဒရှင်တွေ
ရဲ့ စာရင်းမှားယွင်းတာတွေကို ကြားသိခဲ့ရတဲ့အတွက် ရွေးကောက်ပွဲရလဒ်ဟာ အင်မတန်မှ အရေးကြီး တယ်လို့ အခုလို ပြောဆိုသွားခဲ့ပါတယ်။
“ မြန်မာနိုင်ငံမှာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့ မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော်တို့က လွတ်လပ်မှုရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်ပါတယ်။
ဒီမနက်လည်း နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့တွ့ဆုံပြီး မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
ဆုံပြီးပါပြီ။
မနက်ဖြန်မှာ မန္တလေးကို သွားပြီး အဲ့ဒီက နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါမယ်။
ဒီရွေးကောက်ပွဲ တရားမျှတမှုရှိဖို့၊ လွတ်လပ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးကြပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ ပြောင်းလဲမှုမျိုး ရရှိဖို့ အထူး အရေး
ကြီးနေတဲ့အခြေအနေပါ။ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီး လှတဲ့ အချိန်ပါ။”
အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ ၆ ရက်ကြာခရီးစဉ် အတွင်း
နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ မြန်
မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့လည်း - အကျိုးရှိတဲ့အကြောင်း နဲ့ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်
ဖို့အတွက်ကို အထောက်အကူ ဖြစ်စေတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေ ကို
ပြောကြားခဲ့ပါတယ်။
မစ္စတာ မစ်ချဲ ဟာ - မနက်ဖြန် မနက်ပိုင်းမှာတော့ မန္တလေးမှာ ရှိတဲ့ NLDမန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့တွေနဲ့
တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/03-15-12_Derek_Mitchell_Kachin-142768835.html
Wednesday, March 14, 2012
အကျဉ်းသားများထွက်ပြေး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး တစ်ဦးသေဆုံး
အချုပ်ခန်းတစ်ခု (မြန်မာနိုင်ငံ မဟုတ်)Source Photo from http://www.google.com/images
အကျဉ်းသားများထွက်ပြေးခဲ့၍
သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး
Wednesday, 14 March 2012
တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့်
လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း
သိရသည်။
တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသား ကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌
သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟုသိရသည်။
မှော်ဘီမြို့နယ် တရားရုံး၏ရာကြီး ၁၂၇/၂၀၁၁ ပုဒ်မ ၃၈၀ အမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁
ဒီဇင်ဘာ ၂၅ ရက်နေ့တွင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/ ၁၃၇၂၂/ မှော်ဘီမြို့နယ်နေသူနှင့်
သန်လျင်မြို့နယ် တရားရုံး၏ရာကြီး ၅၀၉/၂၀၁၁ ပုဒ်မ ၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး
၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ရောက်ရှိလာသူထွန်းနိုင် (ခ)ကိုဦး(၃၂နှစ်)၊ အစ/၁၁/ ၀၆၈၆၀
သန်လျင်မြို့နယ်နေသူတို့နှစ်ဦးမှာ အဆိုပါစခန်းမှထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် တွံတေးမြို့နယ်ရဲ
ဘက်စခန်း တာဝန်ခံများမှ အပူတပြင်းလိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
ရေပို့ကွန်ကရစ်ပိုက်ပေါက် ရန်ကုန်ဆက်စပ်မြိ့နယ် ရေပြတ်
လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ပေးဝေနေသော
ရေပို့ကွန်ကရစ်ပိုက်မကြီး ပေါက်သွားသောကြောင့်
ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင်
ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား
ရေပို့ကွန်ကရစ်ပိုက်မကြီး ပေါက်သွားသောကြောင့်
ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင်
ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား
Thursday, 15 March 2012
လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အချင်း ၆၆ လက် မရှိသော ရေပို့ ကွန်ကရစ် ပိုက်မကြီးမှာ ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားသောကြောင့် ယင်း
ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ် တောက်ထားကြောင်း သတင်းရရှိသည်။
အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊
၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာ
တောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ်များတွင် ရေပေးဝေမှု
ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။
ရေခေတ္တဖြတ်တောက်ထားမှုနှင့် ပတ်သက်၍
''အချင်း ၆၆ လက်မရှိတဲ့ ရေပို့ ကွန်ကရစ် ပိုက်မကြီးက ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံအနီးမှာ မတ်လ
၁၂ ရက်နေ့က ပေါက်သွားခဲ့ပါတယ်။
ဒီပိုက်ပေါက်မှုကို ၂၄ နာရီ အရေးပေါ် ပြုပြင်နေတာ ၂ ရက်ရှိပါပြီ။
ဒါကြောင့် ရေပေးဝေမှု ခေတ္တဖြတ်တောက် ထားပါတယ်။
မတ်လ ၁၅ ရက်နေ့လောက်မှာ ရေပုံမှန်အတိုင်း ပြန်ပေးဝေနိုင်အောင် လုပ်နေပါတယ်။
ကွန်ကရစ် ပိုက်မကြီးက နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်တာပါ။
ဟိုတစ်လောက မင်္ဂလာတောင်ညွန့်ဘက်မှာ ရေပိုက်တွေကို မြှင့်ဖို့ရှိခဲ့တဲ့အတွက် ရေပေးဝေမှုကို ခေတ္တဖြတ်တောက်ထားမယ်၊
ရေကို ကြိုတင်စုဆောင်းထားဖို့အတွက်ကို အများပြည်သူသိအောင် တစ်ပတ်လောက် ကြိုတင်အသိပေးကြေ
ညာခဲ့ပါတယ်။
အခုရေပိုက်ပေါက်တဲ့ ကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့အတွက် ကြိုတင် အသိမပေးနိုင်ခဲ့ပါဘူး''
ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့
သည်။
ထို့အတူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း ရေပြတ်တောက်ခြင်းများ ကာလရှည်ကြာ ဖြစ်ပွားမှု ရှိနေ
ကြောင်းလည်း စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ရေပြတ်တောက်မှုများကြောင့် ရေတွန်းလှည်းများဖြင့် ရောင်းချသောရေကို ၀ယ်ယူသုံးစွဲနေရ
ကြောင်း၊ ၀ယ်ယူမသုံးစွဲနိုင် သူများမှာမူ ကိုယ်တိုင်တွန်းလှည်းများဖြင့် ရေတွန်း၍ ရယူသုံးစွဲနေရကြောင်း
သိရသည်။
ဒေါပုံမြို့နယ်၊ ယမုံနာ ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
''ကျွန်တော်တို့ဆီမှာ ရေပြတ်နေတာ နှစ်ပတ် သုံးပတ်လောက် ရှိနေပါပြီ။
ဒေါပုံမြို့နယ် စည်ပင်ရေသန့်ရုံးကို သွားပြောတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အခုထိ လာမလုပ်ပေး
သေးဘူး။
ဒါကြောင့် ကျွန်တော်တို့ အခုရေ တွန်းလှည်းသမားတွေဆီက ရေတစ်စည်ကို ကျပ် ၈၀၀ နဲ့ ၀ယ်သုံးနေရတယ်။ ၀ယ်မသုံးနိုင်တဲ့သူတွေကတော့ ဟိုဘက်ရပ်ကွက်က ကိုယ်တိုင် ရေတွန်း လှည်းနဲ့တွန်းပြီး သုံးနေရတယ်။
ရေတော့ ပြတ်တောက်နေတယ်။
ဒါပေမဲ့ ရေဖိုးကတော့ ပုံမှန် ပေးဆောင်နေရပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်ဆီမှာ တစ်ရက်ခြားတစ်ခါ ရေလာပါတယ်။
ကျွန်တော်တို့ ရပ်ကွက်အတွင်းပိုင်းက ရေဆက်သွယ်ချင်လို့ဆိုပြီး စည်ပင်က ကျွန်တော်တို့ ပိုက်ကိုဖောက်ပြီး ဆက်သွယ်ပေးလိုက်တဲ့နောက်ပိုင်း အခုလို ရေပြတ်တောက်မှုတွေ ဖြစ်လာတာပါ''
ဟု ပြောပြခဲ့သည်။
Tuesday, March 13, 2012
KNU ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်ကို ခွေးကိုက်ပြီ
ခွေးရူး(သို့မဟုတ်) ဗမာအစိုးရ
(မင်းစိုးစံ)
ခွေးကလူကို ကိုက်တယ်ဆိုလျင်
ခွေးကိုလူက ရိုက်သတ်ရတယ်။
ရိုက်သူလည်းခွေး ခွေးလည်းခွေးလို့
အတွေးတွေချော် ခွေးနဲ့ပျော်လျင်
မသူတော်ချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ငြား ပေါင်းသူခွေးဆော်
နံလိမ့်မည်။
ရိုးရိုးခွေးလား ခွေးဝဲစားလား
ခွေးလေခွေးလွင့် ခွေးကျင့်ခွေးကြံ
တိရိစ္ဆာန်ခွေး ခွေးချေးဆန်မပါ
ဗမာအစိုးရ ဖ ဆ ပ လ
မ ဆ လ နဲ့ န ၀ တ လား
န အ ဖ တဲ့ ခွေးတပ်စုဟာ
လူထုကိုကိုက် သံဃာကိုဆွဲ
လူထဲမ၀င်ဆန့် အမြီးနှံ့မြူး
ဒီခွေးရူးကို တွေ့ရာဿုဿန်
တကောင်မျှမချန်နဲ့။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)
(မင်းစိုးစံ)
ခွေးကလူကို ကိုက်တယ်ဆိုလျင်
ခွေးကိုလူက ရိုက်သတ်ရတယ်။
ရိုက်သူလည်းခွေး ခွေးလည်းခွေးလို့
အတွေးတွေချော် ခွေးနဲ့ပျော်လျင်
မသူတော်ချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ငြား ပေါင်းသူခွေးဆော်
နံလိမ့်မည်။
ရိုးရိုးခွေးလား ခွေးဝဲစားလား
ခွေးလေခွေးလွင့် ခွေးကျင့်ခွေးကြံ
တိရိစ္ဆာန်ခွေး ခွေးချေးဆန်မပါ
ဗမာအစိုးရ ဖ ဆ ပ လ
မ ဆ လ နဲ့ န ၀ တ လား
န အ ဖ တဲ့ ခွေးတပ်စုဟာ
လူထုကိုကိုက် သံဃာကိုဆွဲ
လူထဲမ၀င်ဆန့် အမြီးနှံ့မြူး
ဒီခွေးရူးကို တွေ့ရာဿုဿန်
တကောင်မျှမချန်နဲ့။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)
အင်္ဂါ, 13 မတ် 2012
ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ်တသက်ချမှတ်
ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက
ထောင်ဒဏ် တသက်တကျွန်း ချလိုက်ပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/-03-13-12-mahn-nyein-maung--sentence---142469535.html
ဖဒို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း စီရင်ချက်ချ
2012-03-13နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်း
မောင်ကို အင်းစိန်ထောင် အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက်ချလိုက်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
Email ThisBlogThis!Share to TwitterShare to Facebook
Sunday, March 11, 2012
ရေတပ် ကာချုပ် တရုတ်နိုင်ငံသွား
ရေတပ် ကာချုပ် တရုတ်နိုင်ငံသွား
ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က တရုတ်နိုင်ငံသို့ သွားရောက်သည်။
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဦးစီးချုပ် Admiral Wu Shengll ၏ ဖိတ်ကြားချက်အရ
မတ်လ ၈ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
Copy from http://burma.irrawaddy.org/
အချိန်ခါမဟုတ်မိုးကြောင့် သီးနှံများ အမြန်ရိတ်သိမ်းနေရ
(မင်းစိုးစံ)
မင်းဆိုးမင်းညစ်
သူတို့ခေတ်မှာ
ကောက်သစ်ပျက်ပြုဉ်း
တောင်ကတုံးနှင့်
မသင့်ချိန်ခါ
ရာသီတွေမှား
စားရေရိက္ခာ
ရှားပါးမက
ဓါးပြသူခိုး
ဘေးဆိုးရောဂါ
ထူပြောပါသည်
လိမ်ညာနှုတ်ချို
ထိုသူတို့ကား
မတရားအုပ်ချုပ်
အာဏာထုတ်သုံး
မင်းဆိုးယုတ်မာ
တည်ရာဌာန
သာဓက။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မင်းဆိုးမင်းညစ်
သူတို့ခေတ်မှာ
ကောက်သစ်ပျက်ပြုဉ်း
တောင်ကတုံးနှင့်
မသင့်ချိန်ခါ
ရာသီတွေမှား
စားရေရိက္ခာ
ရှားပါးမက
ဓါးပြသူခိုး
ဘေးဆိုးရောဂါ
ထူပြောပါသည်
လိမ်ညာနှုတ်ချို
ထိုသူတို့ကား
မတရားအုပ်ချုပ်
အာဏာထုတ်သုံး
မင်းဆိုးယုတ်မာ
တည်ရာဌာန
သာဓက။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အချိန်ခါမဟုတ် မိုးရွာသွန်း၍ နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ
အလျင်အမြန် ရိတ်သိမ်းနေရ
အလျင်အမြန် ရိတ်သိမ်းနေရ
Monday, 12 March 2012
မတ်လ ၁၁ ရက်နေ့က အချိန်ခါမဟုတ် မိုးရွာသွန်းလာသည့်အတွက် နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အနေဖြင့် သီးနှံများအား အလျင်အမြန် ရိတ်သိမ်းခြင်း ပြုနေရကြောင်း သတင်းရရှိပါသည်။
ရိတ်သိမ်းပြီး ကောက်လှိုင်းများနှင့် စပါးများအား တာလပတ်များဖြင့် အုပ်ဆိုင်းခြင်း၊ မတ်ပဲများအား လူအင်အားသုံး
ကာ ရိတ်သိမ်းခြင်းများ ပြုလုပ်နေရကြောင်း သိရှိရသည်။
ယခုနှစ်တွင် စပါးဈေးကျ ဆင်းခြင်း၊ ပဲဈေးကျဆင်းခြင်းအပြင် စပါးနှင့်ပဲအထွက်နှုန်းပါကျဆင်းခဲ့ ရကြောင်း၊ ထပ်မံ
၍ မိုးမိပါက ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားခဲ့ပါသည်။
''အိမ်ရှိလူကုန် အကုန်လုံးသုံးပြီးပဲသိမ်းနေတာပါ။
ပဲဈေးက မနှစ် ကနဲ့ဆို ထက်ဝက်ကျတယ်။
စပါး ဈေးက တင်းတစ်ရာကို အခုကျပ် သုံးသိန်းသုံးသောင်းခုနှစ်ထောင် ပေါက်ဈေးရှိတယ်။
ဒါတောင်မှ တစ်တင်း ၄၆ ပေါင်နဲ့မဟုတ်ဘူး။
ပေါင် ၅၀ နဲ့ ၀ယ်ကြတာ။
ပဲ အထွက်၊ စပါး အထွက်ကျပါတယ်ဆိုမှ မိုးမိရင်ပိုဆိုးမယ်။
ဒီနေ့ မတ် လ ၁၁ ရက်နေ့မှာ မိုးရွာတယ်လေ။
မပျက်စီးသေးပေမယ့် ရသမျှ လူအင်အားနဲ့ အကုန်သိမ်းနေရတယ်''
ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
US Soldier 'Assassinated' 16 Afghans
I cannot explain the motivation behind such callous acts,but they were in no way part of authorized Isak military activity.
Lt Gen Adrian Bradshaw, Isaf Deputy Commander
Source Photo from http://www.google.com/images
တနင်္ဂနွေ, 11 မတ် 2012
အမေရိကန် စစ်သားလက်ချက်ကြောင့် အာဖဂန် အရပ်သား ၁၅ ဦး သေဆုံး
By ဗွီအိုအေ (မြန်မာဌာန)
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်အတွင်းမှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုက အမေရိကန် စစ်သားတစ်ယောက် အပြင်ထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁၅ ယောက် သေဆုံးသွားတယ်
လို့ အာဖဂန်အရာရှိတွေနဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။
အဲဒီ စစ်သားဟာ တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ စခန်းထဲကထွက်သွားပြီး Panjwayi ခရိုင်အတွင်းက အိမ်အ
တော်များများကို ပစ်ခတ်ခဲ့တာလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အဲဒီ ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဖမ်း
ဆီးထိန်းသိမ်းထားလိုက်ပြီး အခင်းဖြစ်ပွားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နေတိုးတပ်ဖွဲ့
က ပြောပါတယ်။
အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အင်မတန် စိတ်မကောင်း၊ အံ့အားသင့်ရတဲ့အကြောင်း နေတိုး နိုင်ငံတကာ လုံခြုံ
ရေးတပ်ဖွဲ့တွေရဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Adrian Bradshaw က ပြောပါတယ်။
အခုလိုအပြစ်မဲ့ကျေးရွာသားတွေ သေကြေ၊ ဒဏ်ရာရလောက်အောင် ဖြစ်စေခဲ့တဲ့ ဒီ ရက်စက်ကြမ်းကြုတ်တဲ့လုပ်
ရပ်ကို အဲဒီစစ်သားက ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ ရှင်းမတတ်အောင် ဖြစ်မိကြောင်း ဒီကနေ့ထုတ်
ပြန်တဲ့ ကြေညာချက်ထဲမှာ Bradshaw က ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း သူကပြောပါတယ်။
ဒီပစ်ခတ်မှုမှာ တာဝန်ရှိသူကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း အာဖဂန်မှာရှိတဲ့ အမေရိကန်သံရုံး
က ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်စခန်း တစ်ခုအတွင်း
ကိုရမ်ကျမ်းစာအုပ်ကို အမေရိကန်စစ်သားတွေက မီးရှို့ ဖျက်ဆီးလိုက်တဲ့အတွက် အမေရိကန်နဲ့ အာဖဂန်
အကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Afghanistan-US-03-11-12-142242335.html
ကိုကာ ကိုလာနှင့် ပက်ဆီဖျော်ရည် အရောင်ပြောင်းလဲမည်
Coke and Pepsi change recipes to avoid printing cancer warningSource Picture from http://eideard.com
ထိုင်းမှာနေခဲ့တုန်းက ဆိုလျင် ဖါကဖေါင်းလို့ခေါ်တဲ့ အသားကြော်တမျိုးနဲ့ ထမင်းဖြူကို အခုပြောတဲ့ Coke နဲ့ Pepsi
ထဲက တမျိုးမျိုးနဲ့တွဲပြီး စားသောက်ရတာ အင်မတန် အရသာရှိသကိုး။
ဖါကဖေါင်းဆိုတာကလည်း ဖစ်ခီ့နူ(ကြွက်ချေးငရုတ်သီး)နဲ့ အသားကိုကြော်ထားတော့ စပ်သလားမမေးနဲ့။
ထမင်းဖြူပူပူလေးနဲ့ဆိုတော့ အာပူလျှာပူပေါ့။
အဲဒီအချိန်မှာ Coke နဲ့ Pepsi အေးအေးလေးကို သောက်ချလိုက်လျင် အိုးဟိုး အဆင်ပြေလိုက်တာများ။
အခုတော့ အဲဒီထဲက အရောင်ကြောင့် အသားပိုဖြစ်နိုင်တယ်ဆိုတာ အသေအခြာပဲဗျို့။
ကျုပ်မှာ အသားပိုတွေပေါက်နေတာများ ကြည့်မကောင်းရှုမကောင်းပဲ။
ဆရာဝန်နဲ့ လှီးထုတ်ဖြတ်တောက်ပစ်လိုက်ရတဲ့ အထိ။
(တခြားအကြောင်းတွေကြောင့် အသားပိုထွက်တာလည်းဖြစ်ပါလိမ့်မယ်)
အခုတော့ နောင်တရပါပြီ။ ကျန်းမာရေးက အဓိကဗျ။
လျှာအရသာကို လိုက်ပြီးစားနေလို့ကတော့ ရောဂါကိုလက်ယပ်ခေါ်နေသလိုကို ဖြစ်နေမှာ။
စကားပုံ တခုဖတ်ဘူးတယ်၊ ပညာရှိတို့သောက်ရန်ပစ္စည်းမှာ ရေသာဖြစ်၏ တဲ့။
ကျုပ်ကပညာရှိမှ မဟုတ်တာ သောက်တော့ဘာဖြစ်လဲနော်။
ရောဂါဖြစ်တော့ ကိုယ်ပဲခံရတာ။
ရောဂါဆိုတာမျိုးက ပညာရှိတွေ ပညာမဲ့တွေ ရွေးတာမျှမဟုတ်တာ။
အောက်က သတင်းလေးကို ဆက်လက် ဖတ်ရှုလေ့လာကြပါ။
ကိုကာ ကိုလာနှင့် ပက်ဆီဖျော်ရည် အရောင်ပြောင်းလဲမည်
Saturday 10th March 2012
ကိုကာကိုလာနဲ့ ပက်ဆီ ကုမ္ပဏီတို့ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ ၎င်းတို့ရဲ့
ဖျော်ရည် အရောင်ကို အညိုဖျော့ရောင်ကနေ ပြောင်းလဲ ထုတ်လုပ် တော့မယ်လို့သိရပါတယ်။
ကိုကာကိုလာနဲ့ ပက်ဆီ ဖျော်ရည်တွေမှာ အညိုဖျော့ရောင် ရရှိဖို့ 4-methylimidazole လို့ခေါ်တဲ့ 4-MI
အဖြည့်ပစ္စည်း တစ်မျိုး ပါဝင်ပါတယ်။ အဲ့ဒီပစ္စည်းကို ဓါတ်ခွဲခန်းမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ် စစ်ဆေးကြည့်
တဲ့အခါ အသားပို ကင်ဆာကို ဖြစ်စေကြောင်း တွေ့ရှိရပြီး အဲ့ဒီ ဆိုးကျိုးဟာ လူသားတွေ အပေါ် အကျိုး သက်
ရောက်မှု ရှိ ၊ မရှိကိုတော့ လေ့လာမှုတွေမှာ ဖော်ပြထားခြင်း မရှိကြောင်း သိရပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ဘေးအန္တရာယ် အကဲဖြတ် အဖွဲ့က 4-MI ပါ
ဝင်မှုကို ၂၉ မိုက်ခရို ဂရမ် သတ်မှတ်ထားပြီး ကိုကာကိုလာနဲ့ပက်ဆီ ထုတ်ကုန်တွေဟာ အဲ့ဒီ သတ်မှတ်ချက်
ကို ကျော်လွန်နေပါတယ်။
ကိုကာကိုလာနဲ့ ပက်ဆီကိုလာ ဖျော်ရည် တစ်ဘူးစီမှာ 4-MI ၁၄၀ မိုက်ခရိုဂရမ် ပါဝင်နေပေမယ့် ကျန်းမာရေး အတွက် ဘေးအန္တရာယ် မရှိကြောင်း ကိုကာကိုလာမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
ဒါပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့ အတွက် မူလ အညိုဖျော့ဖျော့ အရောင်ဖော်
စပ်မှုကို ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
(Reference : Xinhua.com)
Copy from http://www.mrtv4.net.mm
Friday, March 9, 2012
ုရန်ကုန်က Shu Shi ကို စစ်တမ်းကောက်ထားတာတဲ့
ကျုပ်ကတော့ Shu Shi ဆိုတဲ့ ဂျပန်အစားအသောက်ကို အရမ်းကြိုက်တာပေါ့ဗျာ။
ဒါပေမယ့် အောက်ကသတင်းကိုလည်းဖတ်လိုက်ရော စားဘို့အတော်ကလေးကို လန့်သွားတယ်။
သေသေခြာခြာ ဖတ်ကြည့်လိုက်တော့ ရန်ကုန်မှာဖြစ်နေတာဆိုတာ သိလိုက်ရလို့တော်သေးတာပေါ့ ဆိုပြီး
သက်ပြင်းချလိုက်နိုင်တယ်ဗျို့။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာလည်တဲ့အခါမျိုးမှာ အဲလိုမျိုးကြီးသွားစားမိ
လို့ကတော့ လျော်လိုက်ရမယ့်ဖြစ်ခြင်း။
အဲဒီအစားအစာတင်မဟုတ်ဘူး တခြားအစားအစာတွေလည်း မပြောနိုင်ဘူးလေ။ ဒီတော့ ဗမာပြည်အလည်
ပြန်တဲ့လူတွေ ရန်ကုန်ကိုရောက်လျင် သတိထားစားသောက်စေချင်တဲ့အတွက် အခုလိုရေးထားတဲ့ သတင်း
ဆောင်းပါးလေးကို တင်ပေးလိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)
Source Photo from http://www.google.com/imagesဂျပန်ထမင်းလိပ်များတွင်
အီးကိုလိုင်ပိုးနှင့်
အခြားပိုးများ တွေ့ရှိ
အဆိုပါသုတေသနအား စားသောက်ဆိုင်ကြီးများ၊ ထမင်းလိပ်သီးသန့်ရောင်းသော ကောင်တာများ၊ အစား
အသောက်ရောင်းသော စူပါမားကက်များမှ ၀ယ်ယူ၍ ဘက်တီးရီးယားပိုး ပါဝင်မူကို လေ့လာခဲ့ခြင်းဖြစ်သည်။
အဆိုပါသုတေသနတွင် စူပါမားကက်များ၌ ရောင်းချသည့် ထမင်းလိပ်များသည် သန့်စင်မူ အားနည်းပြီး
အီးကိုလိုင်ရောဂါပိုး ပါဝင်မူများပြားကာ ပင်လယ်စာများပါဝင်သော ထမင်းလိပ်များ အထူးသဖြင့် ၀က်ပေါင်
ခြောက်ကဲ့သို့ ပြုပြင်ထားသည် အသားများပါဝင်သော ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးမွှား ပမာဏမြင့်မား
စွာ ပါဝင်နေကြောင်း ဆေးသုတေသနဦးစီးဋ္ဌာန (အောက်မြန်မာပြည်၊ ဆေးတက္ကသိုလ် - ၁၊ ရန်ကုန်)မှ ပညာ
ရှင် ရှစ်ဦးတို့က သုတေသနပြုထားသည်။
ထမင်းလိပ်တွင် ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများသန့်ရှင်းမူ အားနည်းခြင်း၊ ပြင်ဆင်ရာတွင် သန့်ရှင်းမူမ
ရှိခြင်းစသည့် အကြောင်းအရာများကြောင့် ပိုးများပါဝင်ပြီး သိုလှောင်ရောင်းချသည့်နေရာတွင် ပိုးမွှားများ မ
ပေါက်ဖွားစေရန် လုံလောက်သော အအေးဓာတ် မရှိခြင်းကလည်း ပိုးများပါဝင်မူ များပြားခြင်း၏ အကြောင်း
ရင်းများဖြစ်ကြောင်း သုတေသနပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးကပြောသည်။
သုတေသနတွင် အီးကိုလိုင်မျိုးစိတ်များ EAEC သည် ၄၀-ဒသမ ၆-ရာခိုင်နူန်း၊ EIEC သည် ၂၇-ရာခိုင်နူန်း၊
EPEC သည် ၂၅-ရာခိုင်နူန်း၊ EHEC သည် ၅-ရာခိုင်နူန်းနှင့် ETEC ၁-ဒသမ ၆-ရာခိုင်နူန်း အသီးသီး ပါဝင်
နေပြီး အခြား Staphylococcus aureus နှင့် Bacillus cereus ပိုးမွှားများလည်း ပါဝင်ကြောင်းသိရသည်။
ထမင်းလိပ်များတွင် ပိုးများပါဝင်မူ နည်းပါးစေရန် သန့်ရှင်းမူကို အလေးပေးခြင်းနှင့် လုံလောက်သော အ
အေးပေးစနစ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
အီးကိုလိုင်ရောဂါပိုးသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက ၀မ်းလျှောခြင်း၊ အန်ခြင်းအပြင် အသက်ပါ
သေဆုံးစေသည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်ဆရာဝန်များက
လည်းသတိပေးပြောကြားထားသည်။
ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News Jorunal) Vol.11, No.1. MARCH 8,2012
စာရေးသူကတော့ ♣☺တောသူမလေး☺♣ ဖြစ်ပါတယ်. အချိန်က 10:09 PM
စာရေးသူကတော့ ♣☺တောသူမလေး☺♣ ဖြစ်ပါတယ်. အချိန်က 10:09 PM
Subscribe to:
Posts (Atom)







