+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, July 12, 2009

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၈)






စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၉)သို့ ဆက်လက်လေ့လာဖတ်ရှုနိုင်ပါသည်။

အစဉ်လေးစားမှုများဖြင့်

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၇)






စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၈)သို့ ဆက်လက်ဖတ်ရှုစေလိုပါသည်။

လေးစားစွာဖြင့်

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ်အပိုင်း(၆)






စတုတ္ထတန်း ကရင်ဖတ်စာ အပိုင်း(၇) သို့ဆက်လက်ဖတ်ရှုစေလိုပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၅)











စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၆)သို့ ဆက်လက်ဖတ်ရှုပါရန်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၄)











စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၅)သို့ ဆက်လက်ဖတ်ရှုပါရန်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၃)











စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း(၄) သို့ဆက်လက်ဖတ်ရှုပါရန်
မင်းစိုးစံ
အဝေးရောက် ကရင်အဝေးရောက်ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 11, 2009

စတုတ္ထတန်း ကရင်ဖတ်စာအပိုင်း (၂)












စတုတ္ထတန်း ကရင်ဖတ်စာ အပိုင်း(၃)သို့ ဆက်လက်ဖတ်ရှုပါရန်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာ အပိုင်း (၁)





စတုတ္ထတန်း ကရင်ဖတ်စာ အပိုင်း(၂)သို့ ဆက်လက်ဖတ်ရှုပါရန်
လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ုးက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 10, 2009

ဟှယ့်ကဲထင်းသါ် အ်ုခင်းထါ်

အရက်၏ မူလအစ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဟောင်သယောခေါင်းဆောင်ကို ဖမ်းဆီးတာမဟုတ်ဟု KNU ငြင်းဆို

ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို
ဖနိဒါ

သောကြာနေ့၊ ဂျူလိုင်လ 10 ရက် 2009 ခုနှစ် 18 နာရီ 34 မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ် ကရင်အဖွဲ့တခုဖြစ်သော ဟောင်သရောအဖွဲ့ (KPF) မှ တပ်ရင်း (၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်များ အား ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒအရ လာရောက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ငြင်းဆိုလိုက်သည်။

KNU ခွဲထွက် ဟောင်သရောအဖွဲ့မှ ဒုဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်အချို့ကို KNU တပ်မဟာ ၆ မှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA က ယခုလ (၈) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းများ ဖြစ်ပေါ်နေသည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်ကတော့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းကို အလေးပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတွေက ကျနော်တို့ အကဲခတ်ပြီး မေးခိုင်းလိုက်တဲ့ အခါကျတော့ သူတို့ကတော့ ဖမ်းတာမဟုတ်ဘူး။ ပူးပေါင်းတာဘဲလို့ ပြောတာဘဲ” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမသို့ ပြောသည်။

“ဒု ဗိုလ်မှူးကြီး မန်းလေးဝါး” နှင့် အဖွဲ့ဝင်တချို့ကို KNLA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ် (မြိုင်သာယာ) တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီး လိုက်သည်ဟု KPF နှင့် နီးစပ်သူများကို ကိုးကား၍ ထိုင်းနယ်စပ်အခြေစိုက် ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း “တပ်ရင်းမှူးစောလေးဝါး” နှင့်အဖွဲ့အား KNLA တပ်ဖွဲ့ ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းတွင် ဖမ်ဆီးလိုက်သည်ဟု KNU နှင့် နီးစပ်သူများ ကို ကိုးကား၍ ရေးသားထားသည်။

ဒုဗိုလ်မှူးကြီး မန်းလေးဝါး အဖွဲ့ထံမှ RPG (၁) လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂) လက်၊ ပစ်စတို (၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို KNLA က သိမ်းဆည်းသွားကြောင်း ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

သို့သော် ဗိုလ်မှူးစောလှငွေကမူ လာပူးပေါင်းသည့် အင်အားမှာ (၃ဝ) ခန့်ရှိပြီး ၎င်းတို့နှင့်အတူ RPG၊ AK-47၊ M-16 အပါအဝင် လက်နက်စုံ (၂၁) လက်နှင့် စကားပြောစက် (၅) လုံးခန့် ပါလာ သည်ဟုဆိုသည်။

ထို့အပြင် စစ်အစိုးရက ဟောင်သရောအဖွဲ့ KPF အား နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူး ပြောင်းရန် စွဲဆောင်စည်းရုံးသဖြင့် KPF အဖွဲ့ဝင်အချို့ ပြီးခဲ့သည့် ရက်သတ္တပတ်က KNU သို့ လာရောက် ပူးပေါင်းရန် ကမ်းလှမ်းခဲ့မှုများလည်း ရှိခဲ့ကြောင်း သူကပြောသည်။

ကရင်သတင်းစဉ် (KIC) မှ အယ်ဒီတာ နန်းဖောဂေ က အခြေအနေအမှန်ကို အတိအကျ မသိရ သေးကြောင်း၊ သို့သော် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းသည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် စီစဉ်နေမှု၏ အကျိုးဆက်များသာဖြစ်သည်ဟု ပြောသည်။

“ကျန်ခဲ့တဲ့ KPF ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ security အရ ထုတ်ဖော်မပြောတာလဲ ဖြစ်နိုင်တယ်။ KNU ဘက်ကလည်း သူတို့ရဲ့ အောက်ခြေ တာဝန်ခံ အဆင့်ဆင့်ကနေ ပေးပို့လာတဲ့ အပေါ်မှာ ဖမ်းဆီးခြင်းမရှိဘူးလို့ ပြောတာပေါ့နော်။ ကျမတို့ အမြင်ကတော့ နယ်ခြားစောင့်တပ်ရဲ့ သက်ရောက်မှုလို့ ထင်တယ်လေ” ဟု သူက မဇ္ဈိမသို့ပြောသည်။

ဟောင်သရောအဖွဲ့ KPF သည် ၁၉၉၇ ခုနှစ်၌ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ တပ်ရင်မှူး အဆင့်ရှိ စောသမူဟဲ ဦးဆောင်၍ စစ်အစိုးရနှင့် ပူးပေါင်းသွားခဲ့သည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်၌ မစ္စတာ ဘန်ကီးမွန်းနှင့် တွေ့ဆုံရာတွင် အခြား အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အချို့နှင့်အတူ ဟောင်သရောအဖွဲ့လည်း ပါဝင်ခဲ့သည်။

မဇ္ဖျိမ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....