+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, April 16, 2010

မါလါၟဖုက်ဖုက်ဖယ်ဖယ်ဆေ၀်ၟ



မါလါၟဖုက်ဖုက်ဖယ်ဖယ်ဆေ၀်ၟ
(စ၀်ထေါဟ်တွါ်)

အ်ုနိုင်ဍေအ်ုကျာ
အ်ုဏါဍေအု္ဘှ်
ဏ်ုစှ်ယေါဝ်ၟခွါၟ
ဖိုင်သ္ဘာံင်္ဘံင်လဲ
ဏ်ုမုခါ့ထင်းခင်း။

အ္ဘေးသါနိုင်စါ်္ဘိုဝ်
ဏ်ုမု္ဘးသှေ်ယါ့အ်ုကျာ
ဏ်ုအေလ်ုသှေ်ယါ့အ်ုဏ္ဘါးဍူ
အု္ဘှ်ဏှ်ကင်ကါဃှေဝ်။

ကါလါၟလ်ုခါ့ဍ်ါဏုခင်းခါ့
ယုဂ်ထင်းစူးမေံထုင်ၟခေါဟ်
ပုင်ပုင်ၟအှ်ဝယ်
ဖုက်ဏင်ၟစယ်ဃှေဝ်
မါဏ်ုသ္ဘါယ်ဃွှယ်အေး္ဘှ်။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကေါဝ်တြာ် ခင်းထ်ါလး)
picture widgets

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, April 15, 2010

ဟ,ပေးတိုင်းလည်းမဝင်နဲ့ ချကျွေးတိုင်းလည်းမစားနဲ့

Photo by www.khitpyaing.org

ဟ,ပေးတိုင်းလည်းမဝင်နဲ့ ချကျွေးတိုင်းလည်းမစားနဲ့
(မင်းစိုးစံ)

ရွေးကောက်ပွဲဆိုတာ ကျုပ်သိတာက ကိုယ်သဘောကျတဲ့ အဖွဲ့အစည်း၊ ဒါမှမဟုတ် အသင်းအပင်း၊ ဒါ မှမဟုတ် လူပုဂ္ဂိုလ်တယောက်ယောက်ကို ရွေးတာလို့ပဲနားလည်တာ။ ပြီးတော့ အဲဒီအဖွဲ့ဆိုတဲ့ အသင်း တွေဆိုတာကလည်း အများပြည်သူသာယာဝ,ပြောရေး သက်သာချောင်ချိရေးအတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိမှ။

အဲဒါ ကျုပ်အထင်ပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်က ဟိုးအသက်မပြည့်ခင်ကတည်းက တောထဲ ရောက်နေခဲ့တာဆိုတော့ ဗဟုဿုတနည်းတယ်ဗျ၊ ပြီးတော့ရွေးကောက်ပွဲကော်မီရှင်ရဲ့လုပ်ပိုင်ခွင့်ဆို တာလည်း ကောင်းကောင်းနားမလည်ဘူး။
ဒါပေမယ့် ကျုပ် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဘဝပေးအသိကြောင့် ဘယ်ဟာကတော့ဖြင့် တ ရားမျှတမှုရှိတယ်၊ ဘယ်ဟာကတော့ဖြင့်မတရားဘူးဆိုတာ သိတယ်ဗျ၊ ဆိုလိုချင်တာက အတန်းပညာ မတတ်ပေမယ့် ဘဝပေးတဲ့အသိနဲ့ သိတယ်ပေါ့ဗျာ။

အခုကျုပ်လူ့နဗိန်းတုန်းအတွေးနဲ့ ကောက်ရေးလိုက်တဲ့စာကြောင်းလေးတွေကလည်း ကျုပ်ဘဝပေးအ သိကလာတာဆိုတော့ တချို့လက်ခံချင်မှလက်ခံပါလိမ့်မယ်၊ အခု ၂၀၁၀ရွေးကောက်ပွဲအတွက် စစ်အ စိုးရအာဏာပေးလိုက်တဲ့ ရွေးကောက်ပွဲကော်မီရှင်ကို ကျုပ်သိနေတာက မတရားတဲ့ကော်မီရှင်အဖွဲ့ပဲ။ ဗမာစစ်အုပ်စုကလာတဲ့ အရာမှန်သမျှ ဘယ်နှစ်ခုများအကောင်းရှိလို့လည်း။

ပညာရေးကိုပဲကြည့်ကြည့်၊ စီးပွါးရေး၊ လူမှုရေး၊ အမျိုးသားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဘာကိုပဲကြည့် လိုက်ကြည့်လိုက် ကောင်းလာတာတခုမှမတွေ့ဘူး၊ တချို့ကတော့ ပြောကြတယ်၊ တိုက်တာအိမ်ရာတွေ တိုးတက်လာတာမမြင်ဘူးလား၊ အကောင်းမြင်ဝါဒမရှိတဲ့ မင်းတော့လား အဆိုးမြင်တဲ့ပုဆိန်ရိုးဖြစ်မှန်းမ သိဖြစ်နေပြီ။ တံတားတွေဆောက် လမ်းတွေဖေါက် အဆောက်အဦးတွေထိုးထိုးထောင်နဲ့ မင်းမို့မမြင် တတ်လေခြင်း။

ဟုတ်သားပဲ အဲဒီအဆောက်အဦးတွေကိုဆောက်တာ ဘယ်က ဘိလပ်မြေတွေ၊ သံတွေရတယ်ထင်သ တုန်း၊ ထိုင်းဘက်က ပစ္စည်းတွေထက်ဈေးပိုသက်သာတဲ့ တရုတ်ဆီကသယ်လာတာဗျ။ မနေ့တနေ့က တရုတ်ပြည် ချင်းဟိုင်းပြည်နယ်မှာငလျင်လှုပ်သွားတာကြားလိုက်မှာပေါ့ ဂျန်ဂူးမြို့ဆိုရင်တမြို့လုံးပြို တယ်ဆိုလား ဆောက်ထားတဲ့အဆောက်အဦးတွေက အရည်အသွေးမပြည့်မီလို့ပြိုရတယ်ဆိုလားပဲ။

အဲဒီတော့ဗျာ၊ အခုမြန်မာပြည်မှာရှိနေတဲ့ အဆောက်အဦးတွေကို ကျုပ်တော့ အသည်းယားလိုက်တာ။ အင်းပေါ့လေ ကျုပ်က ဘာပညာမှမတတ်တော့ မချင့်မချိန်ကြောက်တာလည်းဖြစ်နိုင်ပါတယ်။

စစ်အုပ်စုလည်းကြောက်တတ်တယ်နော်၊ ဘယ်လိုလုပ်သိသလဲဆိုရင် အခုဗျာ အိန္ဒြိယကိုကပ်ထားသလို အာဆီယံထဲလည်း ဝင်ထားတယ်၊ ပြီးတော့မြောက်ကိုးရီယားနဲ့လည်းပေါင်းတယ်၊ ဗီယက်နမ်ကို လည်းလက်မလွှတ်ဘူး၊ ကျုပ်ထင်တာမဟုတ်ရင်လွဲမှာပဲ၊ ဗမာစစ်အစိုးရဟာ တရုတ်ကိုတော်တော်လန့် နေတာဗျ။

ဒါကြောင့် တရုတ်က တခုခုအကြပ်ကိုင်လာရင် အကာအကွယ်လေးရအောင်၊ ပြီးတော့ အတိတ်ကာလ တုန်းက တရုတ်ဗမာအရင်းအခင်းကို အခုထက်ထိတရုတ်တွေအစာကြေကြသေးတာမဟုတ်ဘူး၊အဲဒါ ကြောင့် တရုတ်နိုင်ငံက ပစ္စည်းတခုထုတ်ပြီဆိုရင် သုံးမျိုးသုံးစားထုတ်တယ်၊ တခုက တရုတ်ပြည်အ တွက်၊ တခုကနိုင်ငံခြားတိုင်းပြည်တွေအတွက်၊ နောက်တမျိုးကတော့ ဗမာပြည်အတွက်ဆိုပြီးတော့ ထုတ်တယ်။

ကျုပ်ကဘယ်လိုလုပ်သိသလဲဆိုရင် တောထဲမှာနေတုန်းက တရုတ်တယောက်က ပြောပြတာ တရုတ် ပစ္စည်းတခုထဲက တရုတ်စာနဲ့ကြေငြာကို ဖတ်ပြလို့သိရတာ။

အခုလည်း ဗမာစစ်အုပ်စု လုပ်ပိုင်ခွင့်ပေးထားတဲ့ အဲဒီ ရွေးကောက်ပွဲကော်မီရှင်ထဲက ထိပ်ပိုင်း လူသုံး ယောက်ကို နိုင်ငံတခုက ဗီဇာမပေးဘူးဆိုလား ဘားဆိုလား သတင်းထဲကြားလိုက်မိတယ်၊ ဗမာစစ် အုပ်စု ဟ,ပေးတဲ့အပေါက်ကိုဝင်ပြီး ပြုပြင်ယူမယ်ဆိုတဲ့ အဖွဲ့တွေကလည်းအသံကောင်းဟစ် စိတ်ကူး ယဉ်နေတာကလည်း တမျိုးဆန်းနေသလိုပါပဲ။
Photp by www.moemaka. com

အဲဒီမှာ ရွေးကောက်ပွဲကော်မီရှင်က ချကျွေးတာ စားတဲ့လူတွေကလည်းရှိနေပြန်တယ်။ ဒီပါတီက တော့ ဒီအလံနဲ့ဒီတံဆိပ်ကို သုံးမှာဖြစ်တယ်၊ သဘောမတူရင်အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ၇ရက် အတွင်းကန့်ကွက်နိုင်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်တဲ့။

အဲဒါကိုဗျာ ခေါင်းအစားခံနေကြတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ်၊ ဘယ်လိုကန့်ကွက်မယ် ဘာညာပေါ့ ကျုပ်ကတော့ ဘာမှမလုပ်ဘူး ဘာကြောင့်လည်းဆိုရင် ဒီလောက်အူကြောင်ကြောင်နိုင်တဲ့ရွေးကောက် ပွဲကော်မီရှင်အဖွဲ့နဲ့ ဆောက်ဖြစ်မှကျောင်းဒကာဖြစ်လာမယ့် အသင်းအဖွဲ့ကိုလုံးဝ,မထောက်ခံလို့ပဲ၊ ကျုပ် တို့က တခုခုလုပ်ပြလိုက်ရင် သူတို့တတွေကို ထောက်ခံအတည်ပြုပေးရာရောက်သွားမှာပေါ့။

ဒီလိုပြောလိုက်တဲ့အတွက် ဒါဟာပညာမဲ့လူတန်းစားတွေရဲ့ အင်မတန်သေးသိမ်တဲ့ အတွေးအခေါ်လို့ ပြောရင်ခံရမှာပါပဲ။ ကျုပ်မြင်တာကတော့ သူတို့လုပ်ရပ်ကို အချိန်ကုန်ခံစောင့်ကြည့်နေအောင် နောက် တခုက ကန့်ကွက်တဲ့လူနဲ့ မကန့်ကွက်တဲ့လူတွေ အချင်းများအောင်၊ ကွဲအောင်လုပ်တာ။

အဲဒီတော့ဗျာ ဟ,ပေးတိုင်းလည်းမဝင်ပါနဲ့ ချကျွေးတိုင်းလည်းမစားပါနဲ့ ကျုပ်တို့လုပ်စရာရှိတဲ့ အလုပ် တွေအတွက် အချိန်အလဟသ ဖြစ်ကုန်မှာစိုးလို့ပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, April 14, 2010

နာန်ၟသိင်းလး္ဘင် ထါခေါဟ်လ်ုဖး























ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မဟာသင်္ကြန်ပွဲတော်

ရန်ကုန်သင်္ကြန်ပွဲ ဆင်နွှဲနေသူအချို့


သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ


ဧပြီ ၁၄၊ ၂၀၁၀။
ရန်ကုန်မှာ ဒီနှစ်တော့ ရေကစားမဏ္ဍပ်တွေ ခပ်ကျဲကျဲနဲ့ သိပ်စည်စည်ကားကား မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်းတင်ပြပေးထားပါတယ်။

“ကမ္ဘာအေး ဘုရားလမ်းရယ်၊ ပြည်လမ်းရယ် ဒါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်အကြီးကြီးဆိုတော့ ၂ ခုပဲရှိတယ်။ ပြည်လမ်းမှာဆိုလည်း မဏ္ဍပ် အကြီးကြီးရှိတယ်။ သံချပ်တွေဘာတွေတော့ မထိုးဘူး။ သမီးသိတာတော့ ဗမာအကနဲ့ ပန်းကုံးတွေစွပ်ပြီးတော့ အဲဒီလိုမျိုးပဲ။ အရင်ကဆိုရင် တနေရာတည်းမှာ စုနေတာ။ အခုတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဲလိုဖြစ်သွားတာပေါ့။”

“ပြည်လမ်းမှာတော့ နည်းနည်းဝေးတယ်။ ကန်တော်ကြီးမှာတော့ နည်းနည်းစည်တယ်။ ပြီးရင် မြို့ထဲဘက်ကို သွားရော။ မြို့ထဲမှာလည်း တော်တော်လှမ်းမှ တခု၊ တော်တော်လှမ်းမှ တခု။ နောက် သိမ်ဖြူလမ်းဘက်မှာ နည်းနည်းရှိတယ်၊ ကန်တော်ကြီးဘက် ဆက်လျက်ပေါ့။ အဲဒီဘက်တွေက နည်းနည်းစည်တယ်။ တခြားနေရာတွေမှာတော့ မရှိဘူး။ နေပူကြီးထဲမှာ ကားက မောင်းမောင်း၊ ပြီးတော့ မဏ္ဍပ်လေးတွေ့ရင် ရေပက်ခံ၊ မဏ္ဍပ်က ကျဲတော့။”

မနေ့က သင်္ကြန်အကြိုနေ့မှာတော့ နေပြည်တော်ဘက်မှာ မဟာသင်္ကြန် ရေသဘင်ပွဲ အခမ်းအနား ဖွင့်ပွဲတွေ ကျင်းပပြီး နာမည်ကြီး အဆိုတော် တော်တော်များများကိုလည်း နေပြည်တော်က မဏ္ဍပ်တွေက ငှားရမ်းထားတယ်လို့ ပြောကြပါတယ်။ မြန်မာစစ်အစိုးရထုတ်တဲ့ သတင်းစာထဲမှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အရေးကြီးတဲ့ တချို့နယ်မြေတွေကို ရေ ၂၄ နာရီ ပေးထားမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အများစု မြို့နယ်တွေက ရေသိပ်မရလို့ သိပ်မစည်ကားသလို ယူနီဖောင်းဝတ် အများအပြားကိုလည်း လုံခြုံရေးချထားတာ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူတို့က လုံခြုံရေးတွေ ချထားတာခင်ဗျ။ စွမ်းအားရှင်လိုပဲ၊ သူတို့က ယူနီဖောင်းတခု ၀တ်ထားတယ် အပြာတွေ။ တံဆိပ်မတပ်ထားတော့ ဘာယူနီဖောင်းမှန်းတော့ မသိဘူး။ မီးသတ်တို့၊ ရဲတို့ ချထားပါတယ်။ သူတို့လူတွေပဲ များပါတယ်။ ပြည်သူကတော့ အဲဒီထဲကို သိပ်မတိုးချင်ကြဘူး။ အပြာဝတ်တွေ များတယ်။ အရင်လို ပျော်ပျော်ပါးပါး သိပ်မရှိကြဘူး။ နှစ်သစ်ကူး အတာသင်္ကြန်မှာ အညစ်အကြေးတွေ ဆေးတဲ့ ရေကစားတဲ့ နေရာမှာ ရေကလည်း မလာတဲ့အခါကြတော့ တယောက်နဲ့တယောက် မူးပြီး သောက်စား၊ နောက်ပြောင်ပြီး သီချင်းတွေဆို၊ ကတယ်။ အဲဒါပဲရှိတယ်။ ဟိုးအရင်နှစ်တွေနဲ့တော့ မတူတော့ဘူးဗျ။”

ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီနှစ်တွေထဲမှာ စီးပွားရေး ကျပ်တည်းတာမို့ အလည်အပတ် သိပ်မရှိကြသလို ရပ်ကွက်နဲ့ မြို့နယ်တွေထဲမှာလည်း သင်္ကြန် အလှူဒါန ပြုတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။

“မနှစ်ကနဲ့ စာရင်တော့ မစည်ဘူး၊ ဟိုးနှစ်တွေကနဲ့ စာရင်တော့ ပိုဝေးတာပေါ့။ အခုက ဘယ်လိုလဲဆိုတော့ ရေပက်ခံ ထွက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မဏ္ဍပ်မှာ ရေတက်ပက်ချင်ရင်လည်း တနေ့ကို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုမျိုးပေါ့။ ရေပက်ခံ ထွက်မယ်ဆိုလည်း ကားငှားရတာ ကားခက တသိန်းနဲ့ တသိန်းခွဲကြားမှာရှိတယ်။ အဲတော့ ရေပက်ခံထွက်မယ်ဆိုလည်း ပိုက်ဆံရှိမှ၊ ရေပက်ချင်ရင်လည်း ပိုက်ဆံရှိမှ အဲလိုဖြစ်နေတယ်။ မုန့်လုံးရေပေါ်တို့ ရွှေရင်အေးတို့ဆို ဒီနှစ် ဝေမယ့်လူ တယောက်မှမရှိဘူး။ ကျန်တဲ့ဟာ ဘယ်သူမှ လုပ်တာလည်း မတွေ့ဘူး၊ ဝေတာလည်း မတွေ့ဘူး။”

“သင်္ကြန် ရေကစားဖို့ ပစ္စည်းလေးတွေတောင်မှ ကျနော်တို့ ၀ယ်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ၀မ်းနည်းပါတယ်၊ ကျနော်တို့က စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သင်္ကြန်မှာပျော်ဖို့ ကလေးတွေအတွက် မပံ့ပိုးနိုင်တာကို ကျနော်တို့ ၀မ်းနည်းပါတယ်။”

ရန်ကုန်သင်္ကြန်ပွဲအကြောင်း မြို့ခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။

မန္တလေးဘက်မှာဆိုရင်လည်း အရင်နှစ်တွေကလို ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်အကြီးတွေ သိပ်မရှိပေမဲ့ ဒီနေ့ အကျနေ့မှာတော့ စည်စည်ကားကား ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

www.voanews/burmese.com ကကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, April 13, 2010

KPPပါတီနဲ့ BBC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းခန်း

Photo by www.bbcburmese.com

၂၀၁၀ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဘို့အတွက် ကရင်လူမျိုးတွေအဓိကပါဝင်တဲ့ ကရင်ပြည်သူ့ပါတီ ဟာ ပါတီမှတ်ပုံခွင့် တင်လိုက်ပါပြီ ဥက္ကဌအဖြစ် ဦးစောထွန်းအောင်မြင့် ဒုဥက္ကဌ စောဆိုင်မွန်သာ၊ စောအေးကို၊ စောကက်နက်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲမှူးကြီးဟောင်း စောစေးဝါး တို့ပါဝင် ကြမှာဖြစ်ပါတယ်။
ပါတီရဲ့မူဝါဒနဲ့ပတ်သက်လို့ အတွင်းရေးမှူးစောစေးဝါးကို ကိုမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ် ခင်ဗျား။

စောစေးဝါး။ ။ ဒီကရင်လူမျိုးများအနေနဲ့ ဒီ ကရင်လူမျိုးများသာမက ပေါ့နော် ဆက်စပ်ပတ်သက်နေတဲ့ တခြားလူမျိုးတွေလည်းပါပါတယ်၊ အားလုံးပေါ့လေ အေးအေးချမ်းချမ်း လုပ်ကိုင်ဆောင်ရွက်သွားပြီး တော့ တိုင်းပြည်ရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက် တတတ်တအားပါဝင်တဲ့သဘောပါ။
နောက်ဆိုရင်ပေါ့နော် ဒီ ဖွံ့ဖြိုးတိုးတက်ရေး အသိဥာဏ်အားဖြင့်သော်လည်းကောင်း ပညာရေး၊ ကျန်း မာရေး၊ လူမှုရေး၊ စာပေယဉ်ကျေးမှုပေါ့ စသည်အားဖြင့်ပေါ့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွား ဘို့ ရည်ရွယ်ထားပါတယ်။

Photo by www.bbcburmese.com


ကိုမိုးမြင့်။ ။ အခု မကြာခင်တုန်းက ရွေးကောက်ပွဲဥပဒေတွေထွက်လာတယ် ဒါပေမဲ့ တချို့နိုင်ငံရေးသ မားတွေက ဒီအပေါ်မှာသဘောမတူတာတွေရှိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေလည်း အခုလက်ရှိ ရှိ နေတဲ့အနေအထားမှာရှိနေသေးတယ်၊ ဒီအခြေခံဥပဒေအပိုင်းမှာရော ဒီလွတ်လပ်မျှတ,မှုမရှိနိုင်ဘူး ဆို ပြီးတော့ ပြောနေကြတာလည်းရှိတယ်၊ ရဲမှူးကြီးစောစေးဝါးတို့အနေနဲ့ကျတော့ကော ဒီရွေးကောက်ပွဲ ဟာ လွတ်လပ်မျှတ,မှုရှိမယ်လို့ ထင်ထားလားခင်ဗျ။
စောစေးဝါး။ ။ ဒါ ရှိရမှာပေါ့ သူ့အတိုင်းအတာထိ ဖေါ်ပြတဲ့အတိုင်းပဲဖြစ်မှာပါ၊ သူများရဲ့ ဒီသုံးသပ်ချက် ဆွေးနွေးချက်အပေါ်မှာ ကျွန်တော်အခြေမခံပါဘူး၊ ကိုယ့်ရဲ့ပါတီရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ လုပ်ဆောင် သွားမှာပါ၊ သူများကိုလည်း ဝေဘန်ပြောဆိုခြင်းမရှိပါဘူး။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဒီကရင့်ပြည်သူပါတီအနေနဲ့ရော အမတ်နေရာဘယ်နှစ်နေရာလောက်မှာ ပါ ဝင်သွားမယ်လို့ ရည်ရွယ်ထားလဲခင်ဗျ။
စောစေးဝါး။ ။ အခြေအနေပေးသလောက်တော့ တော်တော်များများလည်းလုပ်ဆောင်သွားမှာပါ၊ အဓိ က ကတော့ ကျွန်တော်တို့ ဒီ ကရင်တွေအများစုရှိနေတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်းပေါ့လေ၊ ကရင်ပြည်နယ်ကတော့ မြို့နယ် နှစ်မြို့နယ်လောက်တော့မှန်းထားပါ တယ်၊ သံတောင်နဲ့ဖါပွန်လောက်ပေါ့နော်၊ အဲဒီနှစ်ခုလောက်တော့ရာထားပါတယ်၊ နောက်ပြီးတော့ က ယားပြည်နယ်ဘက်မှာလည်း နှစ်မြို့နယ် သုံးမြို့နယ်လောက်တော့ ပါဝင်ပါလိမ့်မယ်ထင်ပါတယ်၊ အခုအချိန်အထိတော့ အမတ် နှစ်ဆယ်ကျော် သုံးဆယ်လောက်တော့ ရာထားပြီးပါပြီ။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့၊ ကရင်ပြည်နယ်တွင်းမှာရော တခြားဘယ်ပါတီတွေပြိုင်တယ်လို့ သိရသေးလည်း ခင်ဗျ။
စောစေးဝါး။ ။ မပြောနိုင်သေးပါဘူး၊ သူလည်းပဲ၊ လှုပ်ရှားနေတုန်းပဲရှိပါသေးတယ်၊ လောလောဆည်က တော့ နှစ်ပါတီပေါ့နော်၊ UKL Union Karen League ယူကေအယ်လ်ဆိုတာရှိပါတယ်၊ နဂိုလ်ကတည်း က ရှိပြီးသားအဖွဲ့အစည်းဖြစ်ပါတယ်၊ အခုလည်းပြန်ပြီးတော့ မှတ်ပုံတင်ပြီးတော့ စတင်လှုပ်ရှားနေပြီ လို့လည်းသတင်းရပါတယ်။

ကိုမိုးမြင့်။ ။ လူထုရဲ့ထောက်ခံမှု လူထုရဲ့စိတ်ဝင်စားမှုကကော လောလောဆည် ဒီပါတီအပေါ်မှာ ဘယ် လောက်ရှိလဲခင်ဗျ။
စောစေးဝါး။ ။ အတိုင်းအတာတခုအထိတော့ ရှိနေပါတယ်၊ ခြောက်ထောင်၊ ခုနစ်ထောင်လောက်တော့ ရှိပါတယ်။

ကိုမိုးမြင့်။ ။ အဖွဲ့ဝင်လား။
စောစေးဝါး။ ။ အဖွဲ့ဝင်ပေါ့၊ ဒါတောင်မစည်းရုံးရသေးပါဘူး၊ သူ့သဘောနဲ့သူလာပြီးတော့ သတင်းပေး နာမည်ပေးတဲ့ သဘောပါပဲ၊ အများဆုံးကတော့ ဒီ တိုင်း ပဲပေါ့နော်။

ကိုမိုးမြင့်။ ။ ပါတီရဲ့ရံပုံငွေအနေနဲ့ကျတော့ရော ဘယ်လိုရှာမှာလဲ၊ အခုလောလောဆည် ဒီ အမတ်တ ယောက်ကို ငါးသိန်းတင်ရမယ်၊ စည်းရုံးရေးအတွက် သိန်းတရာသုံးစွဲခွင့်ရှိတယ်၊ စသည်ဖြင့်ပေါ့၊ အဲဒီ လိုမျိုးသိရတော့ ဒီ ရံပုံငွေအတွက်ကျ ပါတီက ဘယ်လိုရလဲခင်ဗျ။
စောစေးဝါး။ ။ ရံပုံငွေသီးခြားမရှိပါဘူး၊ ခံယူတဲ့ပြည်သူတွေအပေါ်မှာပဲ ပြည်သူကလည်းပဲ သူ့ဟာသူ ဖြည့်ဆည်းသွားပေးမယ်လို့ ဒီလိုပဲနားလည်ပါတယ်၊ သူ့အလိုအလျှောက်ပါဝင်လာမှာပါ။

ကိုမိုးမြင့်။ ။ ဟုတ်ကဲ့၊ ဒီ ကရင့်ပြည်သူ့ပါတီဆိုတော့ ဒီကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဘို့ပေါ့ လောလောဆည် ကရင်ပြည်နယ်အတွင်းမှာ တကယ်တမ်းပြောရမယ်ဆိုရင် မငြိမ်းချမ်းတဲ့နေရာတွေ အများကြီးရှိပါတယ်၊ ဆိုတော့ ဒီကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဘို့အတွက် ဘယ်လောက်လုပ် နိုင်မယ်ဆိုတဲ့ အာမ,ခံချက်မျိုး ရှိလားခင်ဗျ။
စောစေးဝါး။ ။ ဒီလောက်အထိတော့လည်း ဒီ မမျှော်မှန်းသေးပါဘူး၊ လုပ်ဆောင်တဲ့ ဒီ ဖြစ်ပေါ်တိုးတက် လာမှုအပေါ်မူတည်ပြီးတော့မှ ပြည်သူကလည်းပဲ ဒီပါတီရဲ့ဦးဆောင်မှုပေါ့နော် အားကိုးအားထားပြုမှု ထောက်ခံအားပေးမှုအပေါ် မူတည်ပြီးတော့ လှုပ်ရှားသွားမှာပါ၊ အထူးသဖြင့်ကတော့ ဒီဆူဆူပူပူနဲ့ ဒီ လိုသွားခြင်းအားဖြင့် ဘယ်လိုမှလည်းအကျိုးမရှိနိုင်ဘူးပေါ့နော်၊ အေးအေးချမ်းချမ်းနဲ့လုပ်ဆောင်သွား ဘို့ပဲဖြစ်ပါတယ်။

ဒါကတော့ April 13, 2010 ဘီဘီစီမြန်မာပိုင်းဌာနရဲ့ မနက်ပိုင်းအစီစဉ်က ထုတ်လွှင့်သွားတာကို နား ထောင်ပြီးပြန်ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံများနဲ့ အသံတွေအားလုံးဟာ www.bbcburmese.com က နားထောင်ပြီး ရေးသားတင်ပြတာမို့ စာလုံးပေါင်းမှားတာ စကားလုံးမှားတာရှိမယ်ဆိုရင် ကျုပ်ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, April 12, 2010

Burma Issues က ကိုစောရဲ့ ပြောပြချက်


တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ပညာရေးနဲ့ အခွင့်အရေးကိစ္စရပ်ကို အထူး စိတ်ဝင်စားတဲ့(Burma Issues)ပညာရေးနဲ့ အဖွဲ့အစည်းများဆိုင်ရာ က ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုစော ပြောပြတဲ့လုပ်ဆောင်ချက်များ

ကျွန်တော့်အနေနဲ့ကတော့ အထူးသဖြင့်ပြည်တွင်းမှာရှိတဲ့ ကလေးပညာရေးစနစ်ကို ကျွန်တော်အဓိက လုပ်တယ်၊ အထူးသဖြင့်တိုင်းရင်းသားပြည်နယ်မှာ၊ ကရင်ပြည်နယ်နဲ့ကရင်နီပြဘ်နယ်မှာပေါ့နော်၊ ကျွန် တော်တာဝန်ယူရတာကတော့ ဒီကရင်ပြည်နယ်မှာလုပ်နေတယ်၊ အဖွဲ့အစည်းတွေကတော့ရှိတယ်၊ ပ ညာရေးနဲ့လုပ်တဲ့အဖွဲ့အစည်းတွေ၊ ဒီ Karen Education Department နဲ့ KTUG Karen Teacher Working Group နောက်ပြီးကျွန်တော်တို့ကလည်း ဒီ Children Education လုပ်တဲ့နေရာမှာ ပူးပေါင်း ဆောင်ရွက်တယ်၊

ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ပြည်တွင်းထဲမှာစစ်ဖြစ်တဲ့နယ်မြေမှာ ထောက်ပံ့မှုရယ် လုံလောက်မှုမရှိဘူး၊
ကျွန်တော်တို့နည်းလမ်းရှာတယ် နည်းလမ်းရှာပြီးတော့ကျွန် တော်တို့ ဘာတွေလုပ်လဲဆိုတော့ ဒီပြည်ပ,ကနေ ကျွန်တော်တို့လုပ်နေတာ၊ ကျွန်တော်တို့မြန်မာ့ရေး ရာကနေ ကျွန်တော်တို့ ဒီ ကလေးပုံပြင်စာအုပ်ထုတ်တယ်၊

ကလေးပုံပြင်စာအုပ်ထုတ်တဲ့နေရာမှာ ကျွန်တော်တို့အထူးသဖြင့် ကလေးတွေဒီ Reading material ဒီစာအုပ်ပြန်ဖတ်နိုင်ဘို့ လောလော ဆယ်ကျွန်တော်တို့လုပ်နေတာကတော့ ဒီကရင်ဘာသာနဲ့ ကရင်နီဘာသာနဲ့နောက်မြန်မာဘာသာနဲ့ပါ ကျွန်တော်တို့လုပ်တဲ့အတွက် တွင်ကျယ်မှုရှိတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်၊ ဘာဖြစ်လို့လည်းဆို တော့အထူးသဖြင့် ကျွန်တော်တို့တိုင်းရင်းသားနယ်မြေထဲမှာဆိုရင်နော် စစ်အစိုးရအောက်မှာဆိုရင် ကျွန်တော်တို့ ဒီကိုယ့်ဘာသာကိုယ့်လူမျိုးနော် သင်နိုင်တဲ့အခွင့်အရေးမရှိဘူး။

Photo by www.google.com

ဒီ အခွင့်အရေးဆုံးရှုံးတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ထင်တာ အများကြီးအကျိုးရှိတယ်၊ နောက်တော့ ကျောင်းဆရာကျောင်းဆရာမတွေ ဒီဥစ္စာအတွက် အသုံးအများကြီးပြုတယ်၊ ကျွန်တော်တို့လုပ်ငန်းအနေနဲ့ ခုဏကျွန်တော်တို့ပြောသလိုပေါ့နော် ကျွန်တော်တို့နယ်စပ်မှာလုပ်နိုင်တဲ့ ကဏ္ဍအနေနဲ့ ကျွန်တော်တို့လုပ်လေ့ရှိတယ်၊ နောက်တခု ကျွန်တော်တို့တွဲလုပ်နေတာ ဒီ သတင်းဖ လှယ်မှုတွေ သတင်းစုဆောင်းတဲ့နေရာမှာ ပြန်ပြီးတော့စုဆောင်းပြီးတော့လုပ်တာတွေရှိတယ်၊
အထူး သဖြင့်နယ်စပ်ဆိုရင် ကျွန်တော်ဒီ Net Work for Human right Documentation Burma ဆိုရင် တိုင်းရင်းသားတွေစုပြီးတော့ လုပ်ထားတာရှိတယ်၊ အဲဒီ သတင်းစုဆောင်းတာတို့ ကိုယ့်ဒေသ ကိုယ့် နယ်မြေမှာဖြစ်တဲ့ ဒီ လူ့အခွင့်အရေးချိုးဖေါက်မှု ဒီစစ်အစိုးရချိုးဖေါက်တဲ့အခွင့်အရေးအားလုံးကို ပူး ပေါင်းပြီးတော့ ဆောင်းပြီးထားတာရှိတယ်ပေါ့၊ အဲဒါတွေ ကျွန်တော်တို့ လုပ်လေ့ရှိတယ်ပေါ့နော်။

ကျွန်တော်တွေ့တာက ဒီ လူ့အခွင့်အရေးချိုးဖေါက်တဲ့ သတင်းတခုတည်းစုဆောင်းတာမဟုတ်ပဲနဲ့ လူ့ အခွင့်အရေးပညာပေးတွေ လုပ်လေ့လည်းရှိတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အနာဂါတ်ဗမာပြည် ပြောင်းလွဲရေးအတွက် တော်တော်လေးအရေးကြီးတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီအရေးနော် တရားမျှတ,မှုနဲ့ ငြိမ်းချမ်းရေးအပေါ်မှာ အခြေခံပြီးတော့ကျွန်တော်တို့လုပ် လေ့ရှိတယ်၊ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီ သတင်းစုဆောင်းတာတခုတည်းလုပ်တာမဟုတ်ဘူး၊ အဲဒါကြောင့်မို့ ဒီပညာပေးရေး အမျိုးသမီးမှာဆိုရင်လည်း သူတို့အများကြီးလုပ်တယ်၊ အမျိုးသမီးပညာ ပေး၊ ကျွန်တော်တို့မှာဆိုရင်လည်း လူထုပညာပေးရေးတွေကိုလုပ်တယ်၊ နောက်တခြားလှုပ်ရှားမှုတွေ ပေါ့နော်၊ နောက်ပြီးတော့ ပညာရေးတို့ ကျန်းမာရေးတို့ကဏ္ဍမှာလည်း ကျွန်တော်တို့လုပ်တယ် အဲဒါ တွေအားလုံးရှိတယ်။

အဲဒါကတော့ တိုင်းရင်းသားရေးရာကဏ္ဍကနေ ကရင်အမျိုးသား ကိုစောပြောသွားတာကို နားထောင် ပြီး ပြန်ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။

ဒီအသံလွှင့်အစီစဉ်ကတော့www.bbcburmese.com က ထုတ်လွှင့်ထားတာဖြစ်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, April 11, 2010

မန္တလေးသားစစ်စစ်ကြီးပါခင်ဗျား

ကဲဗျာ ဒီဗွီဒီယို အပိုင်းအစ,လေးကို ကြည့်လိုက်စမ်းပါ စစ်အစိုးရခေတ်မှာ ဗမာတွေတောင် မချောင်တော့ဘူးဆိုတာ
အဲဒါ ကိုယ့်ကိုယ်ကို သခင်မျိုး ကိုယ့်ကိုယ်ကိုမဟာမြန်မာလို့ အစွန်းရောက်တဲ့ ဗမာတွေ သဘောပေါက်ကြပါ။
တိုင်းရင်းသားတွေလည်း အမှုမဲ့အမှတ်မဲ့ မနေကြပါနဲ့။
ကိုယ့်တပြည်တည်းသားတွေ စစ်အစိုးရကို ဘယ်လိုပူးပေါင်းပြီးတိုက်ရမလဲဆိုတာ အပြုသဘောဆွေးနွေးတိုင်ပင်ကြပ


Real Mandalay Thar from chanmyasoe on Vimeo.



ဒီဗွီဒီအို အပိုင်းအစလေးကို http;//mdymedia.blogspot.com ထဲကကူးယူတင်ပြလိုက်တာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, April 10, 2010

ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး (www.voanews/burmese.com)

Photo by www.bbcburmese.com


ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး

10 April 2010


ပိုလန်သမ္မတ လက် ကာချင်းစကီး (Lech Kaczysnki) ရဲ့ လေယာဉ်ပျံ ရုရှားနိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားလို့ သမ္မတနဲ့ ထိပ်တန်း ပိုလန်ခေါင်းဆောင်များ သေဆုံးသွားပါတယ်။ ဂျက်လေယာဉ်ပျံဟာ နှင်းတွေ ထူထူထပ်ထပ်ထဲမှာ ပျံသန်းရင်း ရုရှားနိုင်ငံ အနောက်ပိုင်း စမောလက် (Smolensk) မြို့အနီးက လေဆိပ်ကို ဆင်းသက်ခါနီးမှာ မီးလောင်ပြီး သစ်ပင်တွေကြား ပျက်ကျသွားကြောင်း၊ လေယာဉ်ပေါ်လိုက်ပါသူ ၉၆ ယောက်စလုံး သေဆုံးသွားကြောင်း ရုရှား အစိုးရ တာဝန်ခံများက ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီ ၉၆ ယောက်ထဲမှာ ၈၈ ယောက်ဟာ ပိုလန်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်များ ဖြစ်ပါတယ်။ သမ္မတနဲ့အတူ သမ္မတ ကတော် မာရီယာ (Maria Kaczysnki)၊ ပိုလန်စစ်ဦးစီးချုပ်၊ အစိုးရအဖွဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပိုလန်နိုင်ငံ ဗဟိုဘဏ်နဲ့၊ ပိုလန်လွှတ်တော်ကိုယ်စားလှယ်များလည်း သမ္မတနဲ့အတူ လိုက်ပါသွားကြတယ်လို့ ပိုလန်အစိုးရက အတည်ပြု ကြေညာပါတယ်။

ပိုလန်နိုင်ငံက အမျိုးသား ကျေကွဲဖွယ်ရာနေ့အဖြစ် ကြေညာထားပြီး ဒါဟာ တကယ့်ကို ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပဲလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက် က ၀ါဆော မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန် ၂၂,၀၀၀ ကို ဆိုဗီယက် လုံခြုံရေးတပ်ဖွဲ့များက သတ်ခဲ့တဲ့ အနှစ် (၇၀) ပြည့် အထိန်းအမှတ်ပွဲ ကျင်းပမယ့် စမောလက် မြို့အနီး ကာတဲ မြို့ကိုအသွားမှာ ပိုလန်သမ္မတ နဲ့အတူ တခြား ၈၈ ယောက်တို့ အခုလို လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။
Photo by www.bbcburmese.com

အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များက ၀မ်းနည်းကျေကွဲကြောင်း ပိုလန် ၀န်ကြီးချုပ်ထံ အကြောင်းကြားကြပါတယ်။

www.voanews/burmese.com မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဆန္ဒပြပွဲနှိမ်နင်းမှု လူ၁၅ယောက်သေဆုံး (www.voanews/burmese.com)

Photo by www.bbcburmese.com


ထိုင်းဆန္ဒပြပွဲ နှိမ်နှင်းမှု ၁၅ ယောက်သေဆုံး
(VOA Burmese Section)

11 April 2010


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်း ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသတင်းထောက် တဦးနဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရက စုံစမ်းပေးပါမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ သူ ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုထားတာကိုတော့ သူက ပယ်ချသွားပါတယ်။

ဘန်ကောက်မြို့တော်က အဓိက နေရာတွေကို ပိတ်ဆို့ထားတဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့၊ ကျင်းပနေတာ တလကြာလာပြီးဖြစ်တဲ့ ဆန္ဒပြပွဲတွေ အခုလို ကြမ်းတမ်းလာတာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ တကယ့် ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်တာတောင်မှ လူစုကွဲမသွားခဲ့ပါဘူး။ ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ ဓါတ်ဆီပုံးတွေနဲ့ ပြန်လည် ပစ်ပေါက်ပြီးတော့ သေနတ်တွေနဲ့လည်း ပြန်ပစ်ခဲ့ကြပါတယ်။
www.voanews/burmese.com မှ ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, April 9, 2010

ဒုက္ခဘုံက အသံ

Photo by http;//www.ehkhaungthount.blogspot.com

ဒုက္ခဘုံက အသံ
(မင်းစိုးစံ)

လကွယ်ည
မှောင်တာမှမဲလို့
ဒါပေမယ့်
ရွာမြောက်ဘက်မှာ
မီးရောင်ဟာထိန်နေတယ်။


Photo by www.google.com

သေနတ်သံတွေဆူ
ခွေးအူသံတွေညံ
မီးပွါးပျံလွင့်
အမှန်ပဲ
မီးပုံပွဲမဟုတ်တာ။

Photo by http;//www.ehkhaungthount.blogspot.com


မြေဇာတွေဖွါလံကျဲ
ကျည်ဆံတွေတဖွဲဖွဲ
မီးလျှံကရဲရဲတွတ်
ဇွတ်ပြေးရင်းလဲပြို
သားကို ငိုရင်းရှာတဲ့ အမေ
အမေကို ငိုရင်းရှာတဲ့ သား
မှားယွင်းတဲ့မဟာဗမာတွေရဲ့စံနစ်
စစ်အစိုးရခေတ်မှာ
ဒီအဖြစ်က
အသစ်မဟုတ်။

Photo by http;//www.ehkhaungthount.blogspot.com

ညစ်စုတ်တဲ့စစ်အစိုးရ
အမြစ်မပြုတ်သမျှတော့
ဘဝ,တွေပျက်မြဲ
ဇီဝိန်တွေကြွေမစဲ
ကွေကွင်းမှုတွေ အဖန်ဖန်တလဲလဲဖြစ်
သွေးနဲ့မျက်ရည်တွေ ရွှဲနစ်စို။

Photo by http;//www.ehkhaungthount.blogspot.com

ညီအစ်ကိုတို့ရေ
ကျုပ်တို့တတွေရှေ့ဆက်
တယောက်နဲ့တယောက်လက်မတွဲ
ဒီလိုပဲ ဆက်ဆော်နေကြမှာလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....