+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, November 19, 2010

မီးစာကုန် ဆီခမ်းနေတဲ့ ဗမာစစ်အာဏာရူးအုပ်စု



Source Audio from http://www.rfa.org/burmese



Source Audio from http://www.bbc.co.uk/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကြွက်မနိုင် ကျီမီးနဲ့ရှို့တဲ့ စစ်အာဏာရူး ဗမာနအဖစစ်အုပ်စု


Source Photo from http://www.bbc.co.uk/burmese

NLD လူမှုစောင့်ရှောက်ရေး ဂေဟာမှာ HIV လူနာများ တည်းခိုခွင့်တားမြစ်ခံရ

By ကိုမိုးဇော်
သောကြာ, 19 နိုဝင်ဘာ 2010

အမျိုးသားဒီမိုကရေစီအဖွဲချုပ် အဖွဲ့ဝင်လူငယ်တွေ ဦးစီး ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေးဂေဟာမှာ HIV/AIDS ရောဂါနဲ့ ဆေးကုသနေသူတွေကို ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့အတွက် အာဏာပိုင်တွေက မနေ့ ညနေပိုင်းက သတိပေးလိုက်ပါတယ်။ ဒါဟာ အဲဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးစကားပြောကြားပြီး နောက်တရက်မှာ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ HIV/ AIDS အတွက် ဆေးကုသခံနေရသူတွေဟာ နယ်တွေကို ပြန်ရမယ်ဆိုရင် ဆေးကုသမှုကောင်းစွာ မရနိုင်တာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေး ဂေဟာကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေက HIV/ AIDS ရှိသူတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဂေဟာကို မြန်မာပြည်အနှံ့က HIV/ AIDS ရောဂါရှိသူတွေကို လာရောက် ဆေးကုသမှုခံနေပြီး အဲဒီမှာ ဆေးကုသခံစဉ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့တွေကို သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နောက်တရက်မှာတော့ ဆေးကုသခံနေသူတွေကို အဲဒီဂေဟာမှာ ဆက်လက်နေထိုင်ခွင့် ပေးတော့မှာမဟုတ်ကြောင်း အာဏာပိုင်တွေက ခေါ်ယူပြောဆိုခဲ့တယ်လို့ လူမှုရေးဂေဟာကို တာဝန်ယူဆောင်ရွက်နေတဲ့ ကိုရာဇာက ပြောပါတယ်။

“မနေ့က ခေါ်စာ ရောက်လာတော့ ကိုထင်အောင် ဆိုတဲ့လူကို ခေါ်စာရောက်တယ်။ အကြောင်းအရာက လူမှုရေးကိစ္စ ဆွေးနွေးရန်ဆိုပြီးတော့ ခေါ်တယ်တဲ့။ အဲတော့ မနေ့ည ၈ နာရီက သူသွားတော့ မယက ဥက္ကဌ ရောက်လာပြီးတော့ ဘာပြောလဲဆိုတော့ - ဒီမှာ တိုင်စာတွေ အများကြီး တက်တယ်ပေါ့ဗျာ။ ရပ်ကွက်ထဲကနေ တိုင်စာတွေ အများကြီး တက်တယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ ၂၀ ရက်နေ့ပေါ့နော်။ ဒီတပတ် ဧည့်စာရင်းတိုင်တာက ၂၀ ရက်နေ့ ပြည့်တာကိုး။ အဲဒီနေ့ကစပြီး ဧည့်စာရင်း မပေးဘူးပေါ့။ ဒါပေမဲ့ ၂၅ ရက်နေ့ထိတော့ နေခွင့်ပေးမယ်။ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်နေမယ် ဆိုရင် တရားစွဲမယ်ဆိုပြီး ပြောတယ်။”

ဒီလူမှုစောင့်ရှောက်ရေး ဂေဟာကို စတင်ဖွင့်လှစ်စဉ်က လူ ၁၀ ယောက် ၁၅ ယောက်လောက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်အနှံ့က လာရောက် ဆေးကုသူတွေ များလာတာကြောင့် အာဏာပိုင်တွေက ၂ ကြိမ်လောက် ခေါ်ယူမေးမြန်းခဲ့ဖူးပေမဲ့ အခုလို ခြိမ်းခြောက်ပြောဆိုတာတော့ မရှိဘူးလို့ ပြောပါတယ်။ ဒီဂေဟာကနေ ပံ့ပိုးပေးနေတဲ့ လူမှုကူညီ စောင့်ရှောက်မှု လုပ်ငန်းတွေကိုတော့ ကိုရာဇာက အခုလို ဆက်ပြောပါတယ်။

“အဓိကကတော့ သူတို့ ရောက်လာပြီဆိုရင် နေရေးထိုင်ရေးက ပထမအချက်ပါ။ ဒုတိယအချက်ကတော့ သူတို့ရဲ့ အာဟာရပေါ့။ အာဟာရဆိုတာ ထမင်း၊ ဟင်း အပါအ၀င် အခြားသော လိုအပ်တဲ့ အာဟာရတွေ လုပ်ပေးရတယ်။ နောက်ပြီးတော့ ဆေးဝါးပေါ့။ ARV ဆေးဝါးက သူတို့ တခြား NGO တွေဆီမှာ တန်းစီနေတဲ့အချိန် မရရှိသေးဘူး။ သို့သော်လည်း အထူးကု ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေကနေ ဆရာဝန်ကြီးတွေကနေ လိုအပ်တယ်၊ လိုအပ်နေပြီ။ CD4 account နည်းနေပြီ ဆိုတဲ့အချိန်မျိုးမှာ ကျနော်တို့က တိုက်တာမျိုး။ ဒီဝန်ဆောင်မှုတွေ ပေးတာပါ ကျနော်တို့က။”

လောလောဆယ်မှာ အဲဒီဂေဟာမှာ ဆေးကုသခံယူသူနဲ့ ARV ဆေးအထောက်အပံ့ ရရှိဖို့အတွက် လာရောက် စောင့်ဆိုင်းနေသူ ၈၄ ယောက်နဲ့ ကူညီစောင့်ရှောက်သူ ၂ ယောက် နေထိုင်နေတာဖြစ်ပါတယ်။ ဒီလိုဂေဟာမှာ ဆေးကုသမှု ခံယူနေသူတွေကတော့ မိမိတို့ နေရပ်ရင်းကို ပြန်ရမယ်ဆိုရင် ဆေးဝါးကုသမှု ကောင်းကောင်း မရနိုင်တာကြောင့် အသက်ဘေးအတွက်ကို စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

“ကျမတို့ နယ်မှာဆိုရင်တော့ ဒီလို ဆေးဝါးတွေလည်း မရဘူးလေ။ နောက်ပြီးတော့ ဆေးရုံတွေကလည်း လက်မခံဘူးလေ။ ဒီလို ဆေးဝါးတွေမရှိတော့ နယ်မှာဆိုတော့ အသေပဲခံရမှာပေါ့။ ဒီမှာဆိုတော့ ဆေးဝါးလည်း ရှိတယ်။ ဆေးလည်း တိုးလို့ ရနေပြီလေ။ ဆေးလာတိုးမယ့်သူတွေ အခက်အခဲကြားထဲကနေ လာရတာပေါ့နော်။ ရွာတွေက ခက်ခက်ခဲခဲ လာရတာ။ ဒီလို ပြန်လွှတ်မယ်ဆိုရင် ကျမတို့ လာရကျိုး ဘယ်နပ်တော့မလဲ။”

HIV/ AIDS ရောဂါရှိသူတွေအတွက် လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ မဖြူဖြူသင်းကတော့ ဒီလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်နေပြီလို့ ပြောဆိုပါတယ်။

“ကျမတို့ လုပ်နေတယ်ဆိုတာက ကျမတို့ တတ်နိုင်တဲ့အားနဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ၀ိုင်းဝန်း ကူညီပေးတဲ့သဘောပဲ ရှိတယ်။ အမှန်တကယ်လုပ်ရမှာက သူတို့ကိုယ်တိုင် ဦးဆောင်ပြီးလုပ်ရမှာ။ ကျမတို့ အနေနဲ့က ဘယ်လို လူမျိုးနဲ့မဆို၊ ဘယ်လို အဖွဲ့အစည်းနဲ့မဆို ဒီလိုလူမှုရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒလည်း ရှိတယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒမျိုးပဲ ထားပြီးတော့ အကူအညီပေးပါလို့ပဲ ပြောချင်တယ်။ ဒီလိုမျိုး အနှောက်အယှက်တွေကို ထပ်ပြီးတာ့ မလုပ်စေချင်တော့ပါဘူး။”

ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် မြန်မာပြည်မှာ HIV/ AIDS ရောဂါ ဖြစ်နေသူ ၂ သိန်း ၄ သောင်းလောက်ရှိပြီး အဲဒီလူတွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၅ သောင်း နီးပါးလောက်သာ ဆေးသောက်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးကိုလည်း ရန်ကုန်နဲ့ နယ်က မြို့ကြီးတချို့မှာသာ အခမဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။

အခုလို ဒဂုံမြို့သစ်တောင်ပိုင်းက NLD လူငယ်တချို့ ဦးစီးဆောင်ရွက်နေတဲ့နေရာမှာ HIV လူနာတွေ ဆက်ပြီး တည်းခိုခွင့် မပေးဖို့ ဖိအားပေးတဲ့ကိစ္စကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ကြပြီး နောက်ပိုင်းမှာလည်း နိုင်ငံရေးအစုသဘော ရှိလာတဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ HIV/AIDS ဝေဒနာသည်တွေ မိမိတို့နှစ်သက်တဲ့ နေရာတွေမှာ တည်းခိုခွင့် ရရှိရေးဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူမှုရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတို့ဟာ ခွဲခြားမရဘူးလို့ ထောက်ပြသလို ဒီဝေဒနာသည်တွေ လွတ်လပ်စွာ ဆက်ပြီး နေထိုင်ခွင့်ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွေ့အလုပ်တခုလို သဘောထား ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB ကလည်း အကူအညီမဲ့နေတဲ့ နေထိုင်စရာမရှိတဲ့ HIV ဝေဒနာသည်တွှေအတွက် ဒီလုပ်ရပ်ဟာ တရားညှာတာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်သွားပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုတွေ၊ လူထု ကြည်ညိုမှုတွေကို စစ်အစိုးရက စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာကို ဖော်ပြတာပဲလို့လည်း USCB က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။




Find this article at:
http://www.voanews.com/burmese/news/NLD-HIV-Burma-11-19-10-109205499.html NLD

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နေပြည်တော်တွင် ၂၀၁၀ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဖွင့်လှစ်ပြီး ကျောက်စိမ်းနှင့် ပတ္တမြားအရိုင်းများပြသရောင်းချ



နေပြည်တော်တွင် ၂၀၁၀ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ
၁၇ ရက်နေ့က ဖွင့်လှစ်ပြီး ကျောက်စိမ်းနှင့် ပတ္တမြားအရိုင်းများပြသ,ရောင်းချ

၂၀၁၀ ပြည့်နှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ဟိုတယ်ဇုန်ရှိ မဏိရတနာခန်းမတွင် ၂၀၁၀ပြည့် နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကျင်းပခဲ့ကြောင်း၊ ပြပွဲတွင် ကျောက်စိမ်းနှင့် ပတ္တမြားအရိုင်းများကို ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှကျောက်စိမ်းနှင့် ကျောက်မျက်ကုန်သည်များ၊ ပြည် တွင်းမှ ကျောက်မျက်ကုန်သည်များ တက်ရောက်ခဲ့ပြီး ပြပွဲကို နိုဝင်ဘာလ (၁၇)ရက်မှ(၂၉)ရက်နေ့အထိပြသသွား မည်ဖြစ်ကြောင်း သိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, November 18, 2010

ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်

Source photo from http://www.bbc.co.uk/burmese

ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်
By ဗွီအိုအေ (မြန်မာဌာန)
ကြာသပတေး, 18 နိုဝင်ဘာ 2010

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့တဲ့ HIV/AIDS ရောဂါသည်တချို့ကို သူတို့ လက်ရှိနေထိုင်ပြီး ဆေးကုသမှု ခံယူနေတဲ့ စေတနာ့ဝန်ထမ်း ဆေးခန်းက မောင်းထုတ်လိုက်မယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တဲ့ ကိစ္စကို အမေရိကန် အခြေစိုက် USCB ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ရှုတ်ချလိုက်ပါတယ်။

ဒီလူနာတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီးနောက် ညဘက်မှာ လူနာတွေကို စောင့်ရှောက်နေတဲ့ စေတနာ့ဝန်ထမ်း တဦးကို ဆေးခန်းရှိရာ ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲ့ အာဏာပိုင်တွေက ဆင့်ခေါ်ပြီး အဲဒီဆေးခန်းက လူနာ ၁၂၀ ကို နေထိုင်ခွင့် ဆက်ပြီး ထုတ်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ နေထိုင်ခွင့်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ခိုကိုးရာမဲ့ HIV လူနာတွေအပေါ် အကြင်နာတရား ကင်းမဲ့တဲ့ လုပ်ရပ်လို့ USCB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Find this article at:
http://www.voanews.com/burmese/news/dassk-hiv-aids-patients-109063914.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်တွင်းမှ ကဗျာများ

ကဗျာတွေ မရေးဖြစ်တာကလည်းကြာပြီဆိုတော့ ခင်မင်တဲ့သူတွေက ပြောလာကြတယ်။

ကဗျာမရေးတော့ဘူးလား?
ဘာတွေကြောင်နေလဲ?
ရုပ်ရှင်ဒါရိုက်တာလုပ်မလို့လား?
အဆိုကျော်လုပ်ဘို့ အသံတွေဘာတွေ ကျင့်နေတာလား?
ကဗျာမရေးဖြစ်တာကတော့ ဟုတ်ပါတယ်။

ကြောင်နေတာလည်း ဟုတ်မှာပါ။
(အရူးဆိုတာ သူ့ကိုယ်သူရူးနေမှန်းမသိဘူး....တဲ့။
သိနေတယ်ဆိုလျင် အရူးမဟုတ်ဘူးတဲ့။)
အာရုဏ်နောက်နေလို့ ဘာမျှမလုပ်ဖြစ်တာပါ။

ရုပ်ရှင်ဒါရိုက်တာ လုပ်လျင် ကျုပ်ရိုက်မယ့်ကားက သူရဲကား။ ဘလူးကား၊ ဟုတ်ပါဘူး ဘီလူးကား။ ဆင်းရဲသားကား၊(နအဖ ခွင့်မပြုတဲ့ဆင်းရဲသားကား) အဲသည်လို ကားမျိုးတွေရိုက်မှာဆိုတော့ သရုပ်ဆောင်က ခပ်ရှားရှားဗျ။

သီချင်းဆိုမယ်လုပ်ပြန်တော့ တခြားလူတော့ မပြောတတ်ဘူး ကျုပ်ကတော့ဗျာ ကျုပ်အသံကိုနားထဲခံစားရင်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ကို ဖြစ်နေတာ။
ကျုပ်အသံက မကောင်းတာမဟုတ်ပါဘူး ကောင်းပါတယ်။ ဝေးလျင်။
နီးလျင်မကောင်းဘူး။

ထားလိုက်ပါတော့ အခု ကျုပ်ကိုယ်တိုင်မရေးနိုင်ပေမယ့် ပြည်တွင်းထဲက ကဗျာဆရာတွေရဲ့ကဗျာ
သုံးပုဒ်ကို ကူးပြီးတင်ပေးလိုက်ပါတယ်။






ကဗျာချစ်သူတွေရွှင်လန်းချမ်းမြေ့နိုင်ပါစေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗန်းကိုင်သူလေးနဲ့ တွေ့ဆုံခြင်း

ခေတ်တွေက ပြောင်းလာသလို အခေါ်အဝေါ်တွေကလည်း ဆန်းလာတယ်ဗျ။
ကျုပ်တို့ခေတ်တုန်းက ကွမ်းတောင်းကိုင် အခုတော့ ဗန်းကိုင် တဲ့။
ကဲဗျာ ခုခေတ် ဗမာပြည်က ကွမ်းတောင်းကိုင် ဟုတ်ပါဘူး ဗန်းကိုင် တယောက်အကြောင်း ပေဖူးလွှာမဂ္ဂဇင်း ထဲမှာတွေ့လို့ ကူးပြီးတင်ပေးလိုက်တယ်။
အကယ်ဒမီဗန်းကိုင် ဆိုလား။





ထူးခြားတဲ့သတင်းတခုတော့ရ,ထားတယ်။(ရထားမဟုတ်ပါ)
NCGUB အလံခိုးတဲ့ နအဖ ဗမာစစ်အစိုးရက ဒီနှစ်အကယ်ဒမီဆုပေးပွဲအတွက် ဗန်းကိုင် တွေရွေးပြီးလျင် ယတြာချေတဲ့အနေနဲ့ သူတို့အားလုံး စုပေါင်း ထုံးကိုင် မယ်ဆိုပဲ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၂၀၀၉ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီ ဗန်းကိုင်များ စတင်လျှောက်ထားနိုင်


၂၀၀၉ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီ ဗန်းကိုင်များ စတင်လျှောက်ထားနိုင်

၂၀၀၉ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လိုသူများအနေဖြင့် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ရွေးချယ်မှုများပြုလုပ်ရန် စီစဉ်ထားသည်ဟု ရုပ်ရှင်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

"အကယ်ဒမီ ဗန်းကိုင်အတွက် စပြီးလျှောက်ထားလို့ ရပြီလို့ သိရပါတယ်။ အကယ်ဒမီဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရပြီဆိုရင် တစ်နိုင်ငံလုံးက စိတ်ပါဝင်စားတဲ့ပွဲ၊ တစ်တိုင်းပြည်လုံးက ပရိသတ်တွေ မြင်ခွင့်ရတဲ့ ပွဲဖြစ်တာကြောင့် သမီးတို့လို လူငယ်သရုပ်ဆောင် အသစ်တွေအတွက်တော့ အရမ်းမျှော်လင့်ရတဲ့ အခွင့်အရေးတစ်ခုပါ။ ဘယ်လိုအရည်အချင်း၊ စံနှုန်းတွေနဲ့ ရွေးချယ်တယ်ဆိုတာ မသိရပေမယ့် ဗန်းကိုင်တစ်ယောက်ဖြစ်ပြီးပြီ ဆိုရင် အနုပညာလောကအတွင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ကြတာကြောင့် ဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရချင်ပါတယ်"ဟု အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ် လျှောက်ထားရန် ပြင်ဆင်လျက်ရှိသည့် လူငယ်သရုပ်ဆောင်တစ်ဦးက ပြောပြခဲ့သည်။

ထို့အပြင် အကယ်ဒမီဗန်းကိုင် တစ်ဦးအဖြစ်မှ သရုပ်ဆောင်တစ်ဦးအဖြစ် လျှောက်လှမ်းခဲ့သူ သရုပ်ဆောင် ခိုင်သင်းကြည်ကလည်း "မခိုင်လေးတို့ နှစ်တွေတုန်းကတော့ အကယ်ဒမီဗန်းကိုင်ဆိုတာ အစောဆုံးပဲပေါ့။ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ပျော်ခဲ့ရတာ။အဲဒီလိုပါဝင်ခွင့်ရပြီးတဲ့ နောက်ပိုင်းမှာပရိသတ် အားလုံးက ခိုင်သင်းကြည်ဆိုတာ သေသေချာချာ သိသွားတယ်လို့ပြောလို့လည်း ရတယ်။ ဒီတော့လူငယ် သရုပ်ဆောင်လေးတွေ အတွက်တော့ ဗန်းကိုင်တစ်ယောက်ဖြစ်ဖို့ ဆိုတာ အခွင့်အရေး တစ်ခုပဲပေါ့လေ"ဟုသူမ ၏အမြင်အား ပြောပြခဲ့သည်။

၂၀၀၉ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲ အခမ်းအနားတွင် ဗန်းကိုင် တာဝန်လျှောက်ထားလိုသူများ အနေဖြင့် မြန်မာဝတ်စုံဖြင့် ရိုက်ကူးထားသည့် ကိုယ်တစ်ပိုင်း ရှေ့တည့်တည့်၊ ဘေးစောင်းနှစ်ဖက်ဓာတ်ပုံ၊ တစ်ကိုယ်လုံးပေါ် ရှေ့တည့်တည့်၊ ဘေးစောင်းနှစ်ဖက် ဓာတ်ပုံစုစုပေါင်း ဓာတ်ပုံခြောက်ပုံတို့နှင့်အတူ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ထုတ်ပေးသည့် ကိုယ်ရေးအကျဉ်းအား ဖြည့်စွက်၍ လျှောက်ထားနိုင်သည်ဟု သိရသည်။ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ရန်အတွက် လူငယ်မျက်နှာသစ် သရုပ်ဆောင်များအား နှစ်စဉ်လေးဦးမှ ခြောက်ဦးအထိ ရွေးချယ်လေ့ရှိဟု သိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အဆိုးလား အကောင်းလား

အဆိုးလား အကောင်းလား
(မင်းစိုးစံ)

ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ကောင်းမွန်ချောမွေ့လာသည့်အလျှောက် အကြောင်းအရာအစုံအလင် သတင်းအချက်အလက်စုဆောင်းရာ၌ များစွာအဆင်ပြေလွယ်ကူလာလေသည်။ အထူးသဖြင့် ယနေ့လူအ များစု အသုံးပြုနေသည့် အင်တာနက်ကွန်ယက်များသည် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်မဆိုင်း သ တင်းအချက်အလက်များ မြေပုံများ မိုးလေဝသ,အခြေအနေများ တရားဓမ္မများ ရုပ်ရှင်များ တေးသီချင်းများ စ သည်စသည်တို့ကို လိုအပ်သည့်အချိန်တွင် ရှာဖွေဖေါ်ထုတ် ကူးယူနိုင်သော နားဆင်ကြည့်ရှုနိုင်သော အနေအ ထားသည် အကျိုးကျေးဇူးများပြားစေသည်မှာ မုချပင်ဖြစ်၏။

ထိုသို့သောကောင်းကျိုးအဖုံဖုံကို ပြုနေသော အဆိုပါအင်တာနက်ကွန်ယက် ဆက်သွယ်ရေးလမ်းကြောင်းများ ၏ ဆိုးကျိုးများကို သိရှိလာရသည့်အခါ၌ စာရေးသူသည် များစွာစိုးရိမ်လာမိသည်။ပုဂ္ဂိုလ်ရေးအရ မိမိကိုယ်ရေး ကိုယ်တာ အချက်အလက်များကို တစိမ်းတရံစာမှ အလွယ်တကူသိရှိသွားစေခြင်းဟူသည့် အချက်သည်ကား လူမှုလွတ်လပ်ခွင့်ကို များစွာထိခိုက်နစ်နာဆုံးရှုံးစေသည်မှာ အမှန်ဧကန်ဖြစ်သောကြောင့်ဖြစ်သည်။
ယခင်က အင်တာနက်ကိုသုံးခြင်းဖြင့် လုံခြုံစိတ်ချရသည်ဟု အထင်ရှိခဲ့ပါသည်။ မိမိအနေဖြင့်မသိနားမလည်၍ အွန်လိုင်းပေါ်မှ ပစ္စည်းများဝယ်ယူခြင်း ငွေပေးချေခြင်း များပြုလုပ်ခြင်းဖြင့်လူမသိနိုင်ဟု ထင်မြင်ယူဆခဲ့ဘူးပါ ၏။ သို့သော်လူမသိကျားမကိုက် ဟူသောစကားပုံသည် ဤနေရာ၌အမှားကြီးမှား၍ အလွဲကြီးလွဲနေပေတော့ သည်။
အကြောင်းကား ဘီဘီစီမြန်မာပိုင်းဌာနမှ ထုတ်လွှင့်သည့်အစီအစဉ်တခုကို နားဆင်လိုက်သည့်အခါ အထင်နှင့် အမြင်သည် တက်တက်စင်အောင်လွဲနေသောကြောင့်ဖြစ်ပါ၏။

သို့ဖြစ်ပါ၍ စာရှုသူလူကြီးမင်းများ သတိရှိစေရန်ရည်ရွယ်၍ ဘီဘီစီမှ စီစဉ်တင်ပြချက်ကို ကူးယူတင်ပြလိုက်ရပါ သည်။ ထိုသို့ပြုလုပ်လိုက်ရခြင်းသည် လူကြီးမင်းတို့ထံမှ သွန်သင်လမ်းညွှန်မှုကို ရ,ယူလိုသောကြောင့်ဖြစ်ပါ၏။ စာရေးသူအနေဖြင့် သိရှိလိုသည်မှာ အင်တာနက်ကိုသုံးစွဲသည့်အတွက် မိမိ၏ကိုယ်ရေးကိုယ်တာ အကြောင်းအ ရာ အချက်အလက်များအား တစိမ်းတရံစာမသိရှိနိုင်စေရန် မည်သို့မည်ပုံပြုလုပ်ရမည်ဆိုသည့် အချက်ပင်ဖြစ်ပါ သည်။


Source Audio from http://www.bbc.co.uk/burmese

သို့သော် စာရေးသူသည် ပညာဂုဏ်၊ ဓနဂုဏ်၊ ရာထူးဂုဏ် ရှိသူတဦးမဟုတ်သည့်အပြင် အသက်အရွယ် ငယ် ရွယ်နုနယ်သူတဦး မဟုတ်သည်ကို သတိချပ်၍ အကြံပြုရေးသားစေလိုပါသည်။
ကျန်းမာချမ်းသာပါစေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

DKBAဗိုလ်မှူးချုပ် စောလားပွယ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဗိုလ်နှုတ်ခမ်းမွေး ထောက်ခံ
2010-11-18

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မဲ့ ပင်လုံညီလာခံ ခေါ်ယူကျင်းပရေး အစီအစဉ်ကို အပြည့်အဝ ထောက်ခံ အားပေးပြီး ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့ အောင်မြင်အောင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုကြောင်း DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“ထောက်ခံပါတယ်၊ အမြန်ဆုံး သွားဖို့လည်း တိုက်တွန်းပါတယ်။ ဒီ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံမယ်၊ တိုက်တွန်းမယ်ဆိုရင် ကျွန်တော့ကိုလည်း သူ တွေ့ဆုံမယ်ဆိုလို့ရှိရင် ကျွန်တော်လည်း သွားတွေ့ဆုံမှာပေါ့နော။”

အခုရက်ပိုင်း ဒီကေဘီအေ တပ်တွေနဲ့ မြန်မာစစ်အစိုးရတပ်တွေအကြား နယ်စပ်ဒေသတွေမှာ တိုက်ပွဲငယ်လေးတွေ ကြိုကြား ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေဟာ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို လက်နက်စွဲကိုင် ဝင်ရောက်ခဲ့ပြီး အဓိကကျတဲ့ အစိုးရ ရုံးနေရာတွေကို နာရီပေါင်း အတန်ကြာ ထိန်းချုပ် သိမ်းပိုက်ထားခဲ့ပါတယ်။

ဒီနောက် ဒီကေဘီအေ တပ်တွေနဲ့ စစ်အစိုးရတပ်တွေအကြား မြဝတီနဲ့ ဘုရားသုံးဆူဒေသတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ မြဝတီဒေသခံတွေ ထိုင်းနိုင်ငံဖက် ဝင်ရောက်ခိုလှုံခဲ့ရပြီး အရပ်သားပြည်သူတချို့ပါ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

ဒီကေဘီကေအဖွဲ့ နိုင်ငံရေးရပ်တည်ချက်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့ ပြည်တွင်း နိုင်ငံရေးအခြေအနေအပေါ် သဘောထား၊ KNU ကြေညာချက်အတု ထွက်ပေါ်ခဲ့တဲ့အပေါ် အမြင်စတာတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။



Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူမဆန်တဲ့ ဗမာစစ်အာဏာရူးတွေလုပ်ရပ်

သူကြီးမ (ရွာသူကြီးမ)

သူကြီးမ, ဖြစ်ရတာ မလွယ်ဘူး တောင်းတာအကုန်ပေးရတာ။
အစားအစာ လုပ်အား ငွေ အချိန် ပြီးတော့ အသွေးအသား၊ ယုတ်ကန်းလိုက်တဲ့ ဗမာ့တပ်မတော်၊ ဂျပန်ခေတ်ကိုပြန်ရောက်နေသလိုပဲ။
အဲဒါလေ မြန်မာ့နည်းမြန်မာ့ဟန် အနော်ရထာမင်းထူထောင်တဲ့ ဗမာနိုင်ငံကြီး။
အဲဒါတောင် မြို့ပေါ်က လူအချို့ တပ်မတော်ကို အထင်ကြီးပြီး ကိုယ်လုပ်တော်တွေလုပ်နေကြတာ။
ဒီတော့ ဗမာနအဖစစ်တပ်ထဲက တပ်ချပ်ကြီးလည်း နေပြည်တော် ဆိုပြီး ဘုရင်ရူးရူးနေပေမပေါ့။
တပ်ချုပ်ကြီးက တရုတ်သမ္မတကို အားကျနေတာဗျို့။
ကမ္ဘာပေါ်မှာအာဏာအရှိဆုံး (အာဏာရှင်) က တရုတ်ဆိုတော့၊ အိမ်နားနီးချင်း အားကျပြီး အုန်းသီးဆီစွပ်မျို တော့မယ်ဆိုတဲ့ စိတ်တခုတည်းရှိနေတော့ ကျန်တာတွေက တပ်ချုပ်ကြီးအတွက် မိုင်နာ။
တရုတ်လူဦးရည်နဲ့ မြန်မာ့လူဦးရည်ကို ထည့်တွက်ပါဦးတော့လား တပ်ချုပ်ကြီးရာ။



တပ်ချုပ်ကြီး ကုလားထိုင်လှုပ်လာပြီနော်


ှSource Audio from http://www.bbc.co.uk/burmese


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....