+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, March 9, 2012

မိခင်တစ်ယောက်ရဲ့ သမီးအတွက်ကြီးမားလှတဲ့ မေတ္တာတရား

Singer Whitney Houston
Source Photo from http://www.google.com/images

Houston ၏ သေဆုံးမှုမှာ

မတော်တဆဖြစ်ရပ်သာဖြစ်ဟုကြေငြာပြီ


Wed, 02/29/2012

ဂရမ်မီ ဆုပေးပွဲ မတိုင်မီ တစ်ရက် အလိုက ဟောလီးဝုဒ် ဟိုတယ် ရေချိုးကန် အတွင်း သေဆုံးခဲ့ ရသည့်
အဆိုရှင်Whitney Houston၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မတော်တဆ ဖြစ်ရပ်တစ်ခု အဖြစ်တရားဝင်
ကြေငြာတော့မည်ဖြစ်သည်ဟု E! News သတင်းတွင်ဖော်ပြခဲ့သည်။

ဆုံးဖြတ်ချက်မှာ သူမ၏ မိသားစု တင်ကြိုမျှော်လင့်ထားသည့် အချက်လည်း ဖြစ်ပြီး သူမသေဆုံးခဲ့သည့်
ဖေဖော်ဝါရီလ၁၁ ရက်နေ့က တာဝန်ရှိသူများမှ ထုတ်ပြန်ရန်ရွှေ့ဆိုင်းခဲ့မှုမှာလည်း ယခုအဖြေထွက်တော့
မည် ဖြစ်သည်။

ယခုလို အဖြေကို ရရှိရန် အတွက် တာဝန်ရှိ သူများမှာ စစ်ဆေးမှု မှတ်ချက်ကို စောင့်မျှော် နေကြခြင်း ဖြစ်ကာ
သတင်းပေးတစ်ဦးမှ E! News သို့ပြောရာတွင် သူမ၏ ခန္ဓာကိုယ်တွင် သံသယဖြစ်ဖွယ်ရာ ဖြစ်ရပ်များလည်း
မတွေ့ခဲ့ရကြောင်းပြောကြားသွားခဲ့သည်။

source :E! News


Singer Whitney Houston and daughter Bobbi
Source Photo from http://abcnews.go.com

Whitney Houston ၏ အမွေပစ္စည်းများ

သမီးဖြစ်သူသို့ အလုံးစုံပေးအပ်ခဲ့

Thu, 03/08/2012

သေဆုံး သွားခဲ့ပြီး ဖြစ်သည့် ဂန္တဝင် တေးဆိုရှင် Whitney Houston ၏ သမီးငယ် ဖြစ်သူ အသက် ၁၉ နှစ်
အရွယ်Bobbi Kristina Brown မှာ သူမမိခင်ပိုင်ဆိုင်ထားသည့် အမွေဥစ္စာအားလုံးကို အမွေရရှိသွားခဲ့ပြီ
ဖြစ်သည်။

ယခုလို Houston ၏ ဆန္ဒကို ဗုဒ္ဓဟူးနေ့ကပေါ်ထွက်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ ပစ္စည်းပိုင်ဆိုင်ခွင့်များတွင်
မည်၍မည်မျှဟု ကန့်သတ်ထားခဲ့ခြင်း မရှိကြောင်းလည်းဖော်ပြခဲ့သည်။

ယင်းသို့ မဖော်ပြ ထားသဖြင့် သူမ၏ပိုင်ဆိုင်ပစ္စည်းများအားလုံး၊ အဝတ်အထည်များအားလုံး၊ လက်ဝတ်ရတနာ
များအားလုံးနှင့် မော်တော်ကားများကို ကျန်ရှိသည့် တစ်ဦးထဲသော သမီးဖြစ်သူအား ပေးစေရန်ဆန္ဒပြုခဲ့ကြောင်း
သိရသည်။

ယခုလို ဆန္ဒပြုမှုကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က Bobbi Kristina Brown ကို
မမွေးဖွားမီအတွင်း ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုလိုဆုံးဖြတ်ချက်နှင့်အတူ Houston ၏ ငွေကြေးများကို Bobbi Kristina Brown အသက်၂၁နှစ်ပြည့်သည့်
အချိန်တွင် လက်ခံရရှိမည်ဖြစ်ပြီး ၂၅ နှစ်အရွယ်တွင် နောက်ထပ်အပိုဆောင်းငွေကြေးများကို လက်ခံ ရရှိမည်
ဖြစ်ကာအသက် ၃၀တွင် ကျန်ရှိသည့်ပိုင်ဆိုင်မှုများကို ရရှိမည်လည်းဖြစ်ကြောင်း AP သတင်းတွင်ဖော်ပြခဲ့
သည်။

source : AP
Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

J.K. Rowling ၏ Pottermore ဝက်ဆိုက် လာမည့် ဧပြီတွင် လွှင့်တင်မည်

JK Rowling wants her books removed from Scribd.com
Photo: Jonathan Lodge

J.K. Rowling ၏ Pottermore ဝက်ဆိုက်

လာမည့် ဧပြီတွင် လွှင့်တင်မည်


Fri, 03/09/2012

ဟယ်ရီ ပေါ်တာ ဝတ္ထုများဖြင့် အရောင်းရဆုံး ဝတ္ထုရေးဆရာ ဖြစ်လာသူ J.K. Rowling မှာ သူမ၏ပရိသတ်များ
အတွက် ဟယ်ရီပေါ်တာကို ခြေရာခံနိုင်မည့် ဝက်ဆိုက်တစ်ခုကိုလွှင့်တင်တော့မည် ဖြစ်ကာ ယင်းဆိုက်မှတဆင့် ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းများနှင့် E book များကို ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဧပြီလတွင်စတင် လွှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

ယခုဆိုက်ကိုဖန်တီးသူမှာ စမ်းသပ်သည့်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး မကြာမီကာလအတွင်းတွင် Pottermore
ဆိုဒ်သို့ ပရိတ်သတ်များအနေဖြင့် ဝင်ရောက်နိုင်တော့မည်ဖြစ်သည်။

ယခုဆိုက်ကို လွန်ခဲ့သည့်အောက်တိုဘာလက အပြီးသတ်နိုင်ရန်လျာထားသော်လည်း အကြောင်းအမျိုးမျိုး
ကြောင့်နောက်ကျခဲ့ရပြီး ယခုမှသာဖွင့်လှစ်နိုင်မည့်ရက်ကို ကြေငြာလိုက်နိုင်ခြင်းလည်းဖြစ်သည်။

ယခုဆိုက်ကို ဖန်တီးသူ၏အပြောအရ ဟယ်ရီပေါ်တာနှစ်သက်သူ ပရိသတ်သန်းပေါင်းများစွာအနေဖြင့်
ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

source : reuters

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အင်းလေးကန်ထိန်းသိမ်းရေး စစ်တမ်းကောက်ယူလျက်ရှိ

အင်းလေးကန်(2009)
Source Photo from http://www.google.com/images

အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရန်

ကနဦး ကိန်းဂဏန်း အချက်အလက်များ

စစ်တမ်းကောက်ယူလျက်ရှိ

Thursday, 08 March 2012

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကနဦးကိန်းဂဏန်း အချက်အလက်များကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း သိရသည်။

UNDP အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ကနဦးစာရင်းကောက်ယူရေးအဖွဲ့အား စေလွှတ်ကာ ဒေသနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ကောက်ခံလျက်ရှိကာ မတ်လတတိယပတ်ခန့်တွင် စီမံချက်လုပ်ငန်းများ စတင်နိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

''အင်းလေးကန်ကို တကယ်ထိန်းသိမ်းနိုင်ဖို့ဆိုရင် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းကို အရေးပါပါတယ်။ ဘယ်အချက်တွေက ထိခိုက်စေတယ်။ ဘယ်လိုနေထိုင်သင့်တယ် စတာတွေကို ဒေသခံတွေကို ပို့ချပေးမယ်။ အန်ဂျီအိုတွေက အစပြုပေးထားမယ်။ ဒေသခံတွေက ရေရှည်ထိန်းသိမ်းရမှာဖြစ်ပါတယ်''ဟုလည်း UNDP မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကတိမတည်တဲ့ပြည့်တန်ဆာမ,ရဲ့လင် မဖြစ်စေနဲ့

KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ကရင်အမျိုးသားအခန်းအနားတခုတွင် မိန့်ခွန်းမြွက်ကြားနေစဉ်

ကတိမတည်တဲ့ပြည့်တန်ဆာမ,ရဲ့လင် မဖြစ်စေနဲ့

(မင်းစိုးစံ)
March 8,2012 Thursday

ကျုပ်တို့ရဲ့ KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကိုလာမယ့် အင်္ဂါနေ့မှာ စီရင်ချက်ချမယ်ဆိုတာ သတင်းတွေကပြော
နေကြပါတယ်၊ ကျနော်တို့ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်နဲ့ပတ်သက်ပြီး kmessenger က ဘယ်လမ်းရွေးမလဲဆိုတဲ့
သူ့ဆောင်းပါးမှာ အခုလိုရေးထားတာကို ဖတ်လိုက်ရပါတယ်။

ပဒိုမန်းငြိမ်းမောင်တစ်ယောက် သေဒဏ် သို့မဟုတ် တသက်တစ်ကျွန်း ပြစ်ဒဏ်များကျခံရသော် လက်ရှိကျနော်တို့
ကေအင်ယူခေါင်းဆောင်များ ကြံ့ဖွံ့အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးအုန်းမည်လော။
သို့တည်းမဟုတ် လက်မှတ်မထိုးပဲ ကျနော်တို့ အဖိနှိပ်ခံကရင်ထုတရပ်လုံးဂုဏ်သိက္ခာကိုဆက်ထိန်းမည်လော။ ဘယ်လမ်းကိုရွေးကြမလဲ။

သူများပေးတဲ့ကံ ကြမ္မာကို လိုက်မသွားပဲနဲ့ကိုယ့်ကံကြမ္မာနဲ့ကိုယ်ဖန်တီး နိုင်တဲ့ ထာဝရစစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံ
မဟုတ်တဲ့ ငြိမ်းချမ်းရေးမျိုးရွေးချယ်နိုင်ကြပါစေဖြင့် …မျှော်လင့်ရင်း…..။

သူ့ရေးထားတဲ့အကြောင်းအရာအပြည့်အစုံကို ဖတ်ချင်လျင်ဖြင့် အောက်ကလိပ်စာအတိုင်းသွားရောက်လေ့လာဖတ်ရှုနိုင်
ပါတယ်။
http://www.kmessenger2012.info/2012/03/blog-post_08.html

တရားမဝင်အသင်းအဖွဲ့ဆက်သွယ်မှုအရ ထောင်ဒဏ်၃နှစ် ကျခံရစတမ်းဆိုလျင်တရားဥပဒေအထက်မှာဘယ်
သူမျှမရှိစေရ ဆိုတဲ့ဆောင်ပုဒ်ကို တကယ်အသိအမှတ်ပြုလက်ခံတယ်ဆိုလျင် KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး
နေတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းရဲ့အဖွဲ့က ဦးချစ်ကိုကိုဟာ KNU နဲ့ထပ်တွေ့ဖို့ရှိနေတာကိုထောက်လျင် KIO နဲ့ရွှေလီမှာဆွေးနွေးနေတာကို ထောက်လျင် တကယ်လို့များ ကျုပ်တို့ရဲ့ KNUခေါင်းဆောင်ကို ဖေါ်ပြတဲ့ဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုလျင်သူတို့အားလုံးတယောက်မကျန် (သမ္မတကြီး ဦးသိန်းစိန်အစိုးရတဖွဲ့လုံး) ကိုအ ရေးယူရမှာ
ဖြစ်ပါတယ်။

ကျုပ်တို့ KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မနဲ့ အရေးယူစတမ်းဆိုလျင်ဦးနေ၀င်းလက်
ထက်ကနေ တိုင်းပြည်အာဏာကိုသိမ်းခဲ့တဲ့ စစ်အာဏာရှင်အဖွဲ့များအပြင် အခုလက်ရှိတိုင်းပြည်ကို ကနေ့မတရားအုပ်
ချုပ်သူအား လုံး(သမ္မတကြီး ဦးသိန်းစိန် အစိုးရတဖွဲ့လုံး) နဲ့ ဒီအစိုးရမတိုင်မှီ အုပ်စိုးခဲ့တဲ့စစ်အာဏာ ရှင်အဆက်ဆက် အားလုံးတစ်ယောက်မကျန် သေဒါဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ကျခံစေရမှာဖြစ်ပါ တယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် အပေါင်းလက္ခဏာမဆောင်ပဲ အနှုတ်လက္ခဏာဖြစ်တဲ့အတွက်အပေါင်းလက္ခဏာဖြစ်စေဘို့
စေတနာတကယ်ရှိတယ်ဆိုလျင်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တိုင်းရင်းသားများအားလုံးတန်းတူရေးအတွက်
စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာမှန်ကန်တယ်ဆိုလျင် ဒီမိုကရေစီစနစ်ကို
အမှန်တကယ်လျှောက်လှမ်းပြီး နောက်ပြန်မလှည့်သလိုနောက်ပြန်ဆုတ်မှာမဟုတ်ဘူးဆိုလျင် ကျုပ်တို့ KNU ခေါင်း
ဆောင် ပဒိုမန်းငြိမ်းမောင်အပါအ၀င် မတရားသဖြင့် ဖမ်းဆီးထောင်ချခံနေရတဲ့သူတွေနဲ့တကွ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ ဆက်စပ်ဖမ်းဆီးထိန်းသိမ်း အကျဉ်းကျခံနေကြရသူများအပြင် နိုင်ငံရေးယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘူးဆိုလျင်တော့ ဗမာစစ်အစိုးရကိုယုံကြည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတာဟာ ကတိမတည်တဲ့ ပြည့်
တန် ဆာမကို အိမ်သူသက်ထားဇနီးမယားအဖြစ် တသက်လုံးပေါင်းသင်းဘို့ကြိုးစားနေတဲ့ သတို့သားအဖြစ်ထက် ပိုမို
ဆိုးရွားယုတ်လျော့ဘို့သာရှိကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ရှေ့နေကြီး ဦးကြီးမြင့်နှင့် RFA ဆက်သွယ်မေးမြန်းချက်


March 8, 2012 Thursday Evening
Source NEWS Audio from http://www.rfanews.org/burmese

ရှေ့နေကြီး ဦးကြီးမြင့်နှင့် DVB ဆက်သွယ်မေးမြန်းချက်


March 8, 2012 Thursday Evening
Source NEWS Audio from http://www.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး

ကချင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားတဦး

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ

သဘောတူညီချက် မရသေး
2012-03-09

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးကြရာမှာ ကေအိုင်အိုက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စားလှယ်ဘက်က လက်မခံသေးတဲ့အတွက် ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။

ဒုတိယနေ့ ဆွေးနွေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တပ်တွေ ဘယ်လိုလုပ်ပြီး ရှင်းလင်းမလဲ ဆိုတာကို အဓိက ဆွေးနွေးကြကြောင်း၊ မနက်ဖြန် မနက် ၉ နာရီမှာ ပြန်လည်စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဆင့် ၃ ဆင့်ကို လက်ခံရေး၊ တပ်တွေကို ရှင်းလင်းထားရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ရှေ့မှာ လက်မှတ်ထိုးရေးဆိုတဲ့ အချက် ၃ ချက် KIA က တင်ထားကြောင်း ပြောပါတယ်။

ကေအိုင်အိုအနေနဲ့ အစိုးရဘက်က လိုချင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူဖို့ကို လက်မခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက် ရှင်းပြပါတယ်။

“Road Map ၇ ချက်ကို ကျွန်တော်တို့ ကေအိုင်အိုက အများကြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခွင့် မရဘဲနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ ဒီအခါမှာလည်း ကျွန်တော်တို့က အပစ်အခတ်ရပ်စဲပြီးမှပဲ နောက်ကိစ္စတွေ ဆွေးနွေးရအောင် ဆိုတာက အရင်အတွေ့အကြုံအရ လက်ခံဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ လိုချင်တာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဟာ တစ်ပြိုင်တည်း ဖြစ်သွားရမယ်။ အဓိကတော့ နိုင်ငံရေး ဆွေးနွေးတယ်ဆိုရင် အပစ်ခတ်တွေက သူ့ဟာနဲ့သူ လျော့ပါးသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောတာက နိုင်ငံရေးဆွေးနွေးမှု လုပ်ဖို့အတွက် တစ်ခါတည်း လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့အခါမှာ ခုနပြောသလို အချက် ၃ချက်အောက်မှာ ထိုးမယ်”

တခြားရှမ်းနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အစိုးရက စာချုပ်ချုပ်ထားတာဟာ နောက်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာ မဟုတ်တာကြောင့် ခိုင်ခိုင်မာမာဖြစ်အောင် လက်မှတ်ထိုးချင်တယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ကေအိုင်အိုနဲ့ မြန်မာအစိုးရဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ၁၇ နှစ်အကြာ ၂၀၁၁ ခု ဇွန်လမှာ အစိုးရတပ်တွေက ကေအိုင်အိုကို စတင်တိုက်ခိုက်ရာကနေ စစ်ရေးအရ အခုအချိန်အထိ တင်းမာနေတာဖြစ်ပါတယ်။

အတုယူစရာ သင်္ခန်းစာယူစရာ အလွန်ကောင်းတဲ့ ကချင်ဗိုလ်မှူးချုပ် ဂွမ်မော်ရဲ့ ပြောကြားချက်တွေပါ


March 9, 2012 Friday Evening
Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, January 4, 2012

အင်းစိန်ထောင်က လွတ်လာတဲ့ စောစေးကလယ်


စောစေးကလယ် 
Source Photo from http://www.moemaka.com



Source Audio from http://www.rfanews.org/burmese



KNU ကရင်ငြိမ်းချမ်းရေးကော်မီတီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ်ထော



Source Audio from http://www.dvb.no

ယုံကြည်ဘို့ မယုံကြည်ဘို့ ပြောဘို့စောသေးတယ်ဆိုတာ တကယ်ပဲလား ပဒို။
စောင့်ကြည့်မယ် ဟုတ်လား။
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စမှာ ဗမာစစ်အစိုးရ စိတ်ကွက်မှာစိုးလို့ ကာပြောပြောလိုက်တာများလား။
ကျုပ်တခုပြောရဲတာက ဒီဗမာစစ်အစိုးရမှာ စိတ်ကောင်းရှိဘို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ  တကမ္ဘာလုံးက
သိနေပြီးသား။
ပဒို မျှော်လင့်ထားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
သံခင်း တမံခင်း ကိစ္စမှာ ပြောဆိုရမယ့် စကားမှန်း ကျုပ်နားလည်ပါတယ်။
ဒါပေမယ့် အဲဒီစစ်အုပ်စုဟာ ခွေးမြီးကောက် ကျည်ထောက် စွပ်တာထက်ပိုဆိုးပါတယ်။
ပဒို ကျုပ်ကိုနားလည်နိုင်ပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ရသောနေအိမ်များ ပြန်ဆောက်ပေးနေပြီ


မီးလောင်ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ရသော ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ နေအိမ်များအား ဇန်န၀ါရီလ ၃ ရက်နေ့က တွေ့ရစဉ်


မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော 
ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များအတွက် ယင်းနေရာ၌ပင် ပြန်လည်ဆောက်လုပ်ပေးနေ

Wednesday, 04 January 2012

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့် က မင်္ဂလာ တောင်ညွှန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ မီးလောင်ပေါက်ကွဲမှုကြောင့် ပြိုကျ ပျက်စီးခဲ့ရသော နေအိမ်များအတွက် ဇန်န၀ါရီလ ၃ ရက်နေ့မှ စတင်ကာ ယင်းနေရာ၌ပင် အိမ်များပြန်လည် ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ မြို့နယ်များခွဲကာ အဆိုပါ မီးဘေးသင့်ပြည်သူများ အတွက် နေအိမ်များကို တစ်မြို့နယ် လျှင် နှစ်အိမ်မှသုံးအိမ်အထိ တာဝန်ယူကာ တည်ဆောက်ပေးနေကြောင်း သိရှိရသည်။

“ကျွန်မတို့သိရသလောက် ဒီကူးတို့ ဆိပ်ရပ်ကွက်မှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း တစ်ရာကျော်ရှိပါတယ်။ အဲဒီအိမ်တွေကို သက်ဆိုင်ရာမြို့နယ် အလိုက် အိမ်အကြီးအသေးအပေါ် မူတည်ပြီးနှစ်အိမ်၊ သုံးအိမ်လောက် အထိတာဝန်ယူပြီး ပြန်ဆောက်ပေး နေပါတယ်။
ကုန်ကျစရိတ် အားလုံးကို တာဝန်ယူဆောက်နေတဲ့ မြို့နယ် က လက်သမားတွေကတွက်ချက်ပြီး ကွပ်ကဲရေးရုံးကို တင်ပြရပါတယ်။
အိမ်ကိုတော့ အရင်ပုံစံအတိုင်း အရင် နေရာမှာပဲ ပြန်ဆောက်ပေးတာပါ” ဟု တာဝန်ယူ တည်ဆောက်ပေးနေသည့် မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

“ကျွန်မတို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက နေရထိုင်ရတာ အဆင်မပြေပါဘူး၊၊
အိမ်မှာက အမိုးလည်းမရှိတော့ မလုံခြုံပါဘူး။
ဒီလို သက်ဆိုင်ရာ ကနေပြီးတော့ ကျွန်မတို့အိမ်တွေ ကို ပြန်ဆောက်ပေးမယ်ဆိုတော့ ၀မ်းသာ
ပါတယ်။
ကျွန်မတို့က ကယ်ဆယ်ရေးစခန်းကို မသွားဘဲ ရပ်ကွက်ထဲမှာ နေခဲ့တာပါ။
ကယ်ဆယ်ရေး စခန်းကိုတော့ အလှူပစ္စည်း တွေရောက်ပေမယ့် ကျွန်မတို့ဆီကိုတော့ သိပ်မရောက်ဘူး” ဟု
ကူးတို့ ဆိပ်ရပ်ကွက် တွင် နေထိုင်သူတစ်ဦး က ပြောပြခဲ့ပါသည်။

Copy from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, January 3, 2012

ပြန်ခဲ့ပါ (ရင်နီ)



Credit http://www.moemaka.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, January 2, 2012

ညှင်းပမ်းနှိပ်စက်ခံခဲ့ရသူ မိန်းကလေး အမကို စုံစမ်းရန် သမ္မတ ကာဇိုင်း အမိန့်ပေး


In this photo taken Wednesday, Dec. 28, 2011, Sahar Gul, a 15-year-old Afghan wife, is carried in a wheelchair to a hospital in Baghlan, north of Kabul, Afghanistan. Afghan President Hamid Karzai said police will arrest members of a family accused of torturing and illegally detaining their son's teenage wife Gul for the past six months while trying to force her into a life of crime. Photo: Jawed Basharat / AP Read more: http://www.seattlepi.com/news/article/Tortured-Afghan-girl-to-go-to-India-for-treatment-2435741.php#ixzz1iR7AHLvy 

Copy from http://www.seattlepi.com/news

ညှင်းပမ်းနှိပ်စက်ခံခဲ့ရသူ မိန်းကလေး အမကို စုံစမ်းရန် 

သမ္မတ ကာဇိုင်း အမိန့်ပေး 

3 Jan, 2012

လွန်ခဲ့သည့် လက လင်ယောက်ျားဖြစ်သူ၏ နေအိမ်မြေအောက်ခန်းအတွင်း ပိတ်လှောင် နှိပ်စက်ခံခဲ့ရသူ အသက် ၁၅ နှစ် အရွယ်ရှိသည့် Sahar Gul ဆိုသူမိန်းကလေး၏ အမှုကိစ္စနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန် နိုင်ငံ၏ သမ္မတဖြစ်သူ ဟာမစ်ကာဇိုင်း မှစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန်ပေး ပြောကြားလိုက်ကာ အဆိုပါ မိန်းကလေး
အား သူမ၏ မိဘများမှ တွေ့ခွင့်မရသည်မှာ အချိန် ကြာမြင့်စွာ ရှိနေခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ တိုင်တန်းရာမှတစ်ဆင့် ယခုလို နှိပ်စက်ခံနေခဲ့ရသည်ကို တွေ့ရှိခဲ့ရပြီး ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်။

Sahar မှာ သူမအနေဖြင့် ပြည်တန်ဆာအလုပ်ကို မလုပ်ကိုင်လိုဟု ငြင်းဆန်ခဲ့သဖြင့် ယင်းသို့ ပိတ်လှောင်နှိပ်စက် ခံခဲ့ရခြင်းဖြစ်ကာ သူမ၏ လင်ယောက်ျား ဖြစ်သူ နှင့် ၎င်း၏မိသားစုများမှ ခုလိုရက်ရက်စက်စက်ပြုမူခဲ့ခြင်း
ဖြစ်သည်။

ယခုအမှုနှင့် ပတ်သက်ပြီး အပြစ်ကျူးလွန် သူများကိုလည်း ဖမ်းဆီးရန် သမ္မဖြစ်သူမှ ပြောကြားသွားခဲ့သည်။

source : CNN

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အစိုးရသစ်ရဲ့ ရုပ်လုံးပေါ်လာပါပြီ



နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပါတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ

Monday, 02 January 2012

နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။


ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။


လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။

လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)

အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။

ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။
ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။

လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။

အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။
နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။

ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)

ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။

ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။

ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ပါကောင်းပါလာ
နိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။

အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။

ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)

အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေ
သူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။

ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက် တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။
ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။

ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်း ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။

ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။
အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။

ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။

နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။
လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်
 

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်
လုံးကပါ လွတ်စေချင်နေကြပါပြီ။
သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။
အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။
ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေက
ရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့
ရပါတယ်။
ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။
NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။
သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။
NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့
ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
 
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြ
သလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ ပါ ထောက်ခံ
ဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။
ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။
ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည် သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။
အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။


ဝေဖြိုး (အယ်ဒီတာချုပ်၊ Weekly Eleven News Journal) 


NLD ပါတီမှ တာဝန်ရှိသူများအပါအဝင် အခြားပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များအား ရရှိနိုင်ရန် ဆက်သွယ်လျက်ရှိပါသည်။ ထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။


Credit http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....