တိပိဋကဓရ ယောဆရာတော်ဘုရားကြီး၏
ဆောင်ပုဒ်လင်္ကာ
“မေတ္တာနှလုံး အလှဆုံး”
ရှိသင့်သည်များ၊ ရှိပါငြားလည်း၊ စွမ်းအားမေတ္တာ၊ ကင်းစင်ကွာ၊
ချမ်းသာမပြည့်ဝ။
စည်းစိမ်ဥစ္စာ၊ ပေါများပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်ဘက်သာ
လုပ်လိုကြ။
ရာထူးဂုဏ်သိန်၊ အရှိန်အ၀ါ၊ ကြီးမားပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊
ဆန့်ကျင်မုန်းတီးကြ။
သိက္ခာသုံးဖြာ၊ ဖြည့်ကျင့်ပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်
နှောက်ယှက်ကြ။
မေတ္တာတရား၊ အစဉ်ပွား၊ စွမ်းအားတိုးတက်ရ။ရန်သူကပင်၊ အကျွမ်းဝင်၊
ချစ်ခင်လေးစားရ။
ကိုယ်ကချစ်မှ၊ သူကတဖန်၊ ကိုယ့်ထံပြန်၊ ဧကန်တုံ့ပြန်ကြ။
မေတ္တာထုံမွှမ်း၊ လူ့အစွမ်း၊ ချီးမွမ်းအံ့သြရ။
မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊ ရွှင်ပြုံးကြည်သာ၊ အေးမြကာ၊ ကောင်းစွာ
သန့်ရှင်းရ။
မေဓါဝီ ဘလော့ဂ် မှကူးယူဖေါ်ပြပါသည်။
ရှာဖွေဖေါ်ပြသူ ဖူ့ယောင်ဟဲ့ USA


0 comments:
Post a Comment