+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 22, 2009

ခေါင်းနှင့်ရင် မပါသော ရုပ်တု



ခေါင်းနှင့်ရင်မပါသောရုပ်တု


မင်းနဲ့ငါ
ငါနဲ့မင်း
ညီရင်းအစ်ကိုခေါက်ခေါက်
တယောက်တပေါက်နဲ့
ကတောက်ကဆဖြစ်ရုံမက
မင်းက ငါ့ကိုနေရာမပေး
ငါကမင်းကို
တရိ စ္ဆာန်စာရင်းလေးတောင် မသွင်းမှတော့
တို့အမျိုးကိုနားရင်းတီးရင်း တီးနေတဲ့ ကြားလူ
အူမြူးနေပြီပေါ့။
မင်းဘက်မှာလည်း သူတို့လူ
ငါ့ဘက်မှာ လည်းသူတို့လူ
မင်းဘက်ကသူတို့လူ ဒီမိုကရေစီနဲ့မြှူသလို
ငါ့ဘက်ကသူတို့လူ
ဖွံ့ဖြိုးရေးဆိုတာနဲ့ ဖျားယောင်းရင်း
တို့နှစ်ယောက်ညံ့ဖျင်းမှုကို
အခန်းအနားနဲ့ ခင်းကျင်းပြသ
တို့အမျိုး နောက်ကောက်ကျရေးအတွက်
အသုံးချစေခိုင်း
ခပ်ရိုင်းရိုင်းပြောရရင်
သူတို့ထင်တိုင်း လူပါးဝနေကြတယ်။
ပကတိအခြေအနေကို
တို့နှစ်ယောက်မတွေး
နားထင်သွေးရောက်
ရင်ကော့ခေါင်းမော့ နေကြသေးမယ်ဆိုရင်တော့
တို့ရဲ့သားစဉ်မြေးဆက်
ခေါင်းဟက်တက်
ရင်ချိုင့်ခွက်နဲ့
ပြတိုက်ထဲ အထည့်ခံရချေရဲ့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဂဏန်းဆိုတာ ဘယ်တော့မှ တည့်တည့်မသွားဘူး၊ ဘေးတိုက်ပဲသွားတတ်တယ်
ဘေးတိုက်သွားနေတဲ့ လူတွေ၊အဖွဲ့တွေ သတိချပ်စေလိုပါတယ်။

0 comments:

Post a Comment