ဝါးလုံးခေါင်းထဲမှာ သာတဲ့လ
မကြေနပ်ဘူး မကြေနပ်ဘူး
လုံးဝမကြေနပ်ဘူး
အော်ရှာသကွယ့် အော်ရှာသကွယ့်
အသံကြောင်စီ အက်တက်တက်
ဘာသာဖျက်မှ ရာထူးတိုး
ဘာသာတူမှ သူ့အမျိုး။ ။
ဘာသာမတူသူ သူ့ရန်သူ
မထားဘူးတဲ့ ဒီဇမ္ဗူ
ရက်စက်ပုံက မဟားဒရား
သူ့အရိပ် သူကြောက်သွား။ ။
မြစ်ဆုံတလွှားမှာ သွေးစွန်းပေ
မြေပြင်တခုလုံး နီစွေးနေ
နီစွေးသွေးတွေ မချောက်သေးလဲ
သူ့သွေးတစက်မှ မပါတာပဲ။ ။
သွေးချွေးမကျခဲ့တဲ့ သူ့ဘဝ
ဘာဆိုဘာမျှ မခွဲခြားတတ်
လူတကာလုပ်သမျှ အမှားမြင်
သူမှားတာကျ လုံးဝမပြင်။ ။
စိတ်ကြီးဝင်ပြီး အသံကောင်းဟစ်
ဝါးလုံးခေါင်း မျိုးချစ်။ ။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment