+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, January 11, 2010

ဆီးသီးသည် မ,ဗျိုင်းများသို့

ဆီးသီးသည် မ,ဗျိုင်းများသို့
(မင်းစိုးစံ)

ငါတို့ဟာ
ဝမ်းစာအရေး
မိုးဖွေးဖွေးထဲ
ထွန်ယက်စိုက်ပျိုး ခဲ့ကြတယ်။

ငါတို့ဟာ
ဝမ်းစာဖူဘို့
နေပူကျဲတဲ
ကွင်းပြောင်ထဲမှာ
ရိတ်သိမ်းနယ်လှေ့ ခဲ့ကြတယ်။

ငါတို့ဟာ
ဝမ်းစာရ,ရေး
ချွေးသန်ရွှဲရွှဲ
မောင်းဆုံထဲမှာ
ခွဲကြိတ်ဖွပ်ထောင်း ခဲ့ကြတယ်။

ငါတို့ဟာ
ဝမ်းစာအတွက်
မောပေမယ့်လည်း
ဆန်ကောထဲမှာ
ဝိုင်းကြပြာကြ
ဆန်ရင်းကျမှ စားခဲ့ရ,တယ်။

ငါတို့သမီးသား
နိုင်ငံခြားမှာ
ဆန်စားနေတာမှန်ပေမယ့်
ဆန်တွေဘယ်က ရ,သလဲ?
သဲသဲကွဲကွဲ မင်းမေးဘူးသလား?။

ဆိုလိုရင်းက
ငါ့သားသမီး
နိုင်ငံကြီးကနေပြန်ခဲ့
စပါးတွေထုထောင်းဟဲ့လို့
ငါ တောင်းဆိုနေတာမဟုတ်ဘူး။

သားသမီးတွေအတွက်
ငါတို့ရဲ့ ဖြစ်စဉ်မှန်သမျှ
မျက်ခြေမပြတ်စေဘို့။

ငါတို့ရဲ့ ကျောရိုးကို
မရိုက်ချိုးမိစေဘို့။

ငါတို့ရဲ့ ဘဝ,မှန်ကို
အမှောင်မချမိစေဘို့။

နိုင်ငံခြားကိုရောက်နေတဲ့
မင်းတို့အားလုံး
သားသမီးတွေရှေ့မှာ
ဆီးသီးသည် မ,ဗျိုင်းလို
လုပ်မပြကြဘို့
ငါ အထပ်ထပ်တောင်းဆိုတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment