+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, January 13, 2010

ဆိုရေးရှိက ဆိုအပ်လှ၏

အဝေးက ကြည့်ရင် တမျိုးလေးလှတဲ့ စိန့်ပေါမြို့ရဲ့ ညရှုခင်း

ဆိုရေးရှိက ဆိုအပ်လှ၏

(မင်းစိုးစံ)

ပိုးကရင်စာအရေးအသား(ဖႜုံလိက်ထူ့လီ)နဲ့ပတ်သက်လို့ ကျုပ်အမြင်ကို နည်းနည်းရေးသားတင်ပြချင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကျုပ်တို့ကရင် VCD (Video Compact Dick)တွေမှာပဲဖြစ်ဖြစ် DVD (Digital Video Dick)တွေမှာပဲဖြစ်ဖြစ် အထူးသဖြင့်ကတော့ သီချင်းခွေ (Karoke) တွေမှာစာအရေးအသား တွေမှားနေတာ သတ်ပုံလေးတွေမှားနေတာတွေ့ရ,သလို ဗျည်းစာလုံးတွေ မမှန်တာတွေ့နေရပါတယ်။
အဲဒီလိုမပြောခင်မှာ တင်ကြိုပြောချင်တာကတော့ ကျုပ်ရဲ့ရေးသားချက်တွေအပေါ် စာဖတ်ကြတဲ့သူတွေအနေနဲ့ တခုခုပြန်တုန့်ပြန်စေချင်ပါတယ်၊ ဒါတင်မက အခုလိုရေးသားတင်ပြလိုက်တဲ့ကျုပ်ဟာ စာပေအရေးအသားနဲ့ ပတ်သက်လို့ စာရေးဆရာတယောက်မဟုတ်တဲ့အတွက် အားနည်းချက်တွေအများကြီးရှိနိုင်ပါတယ်။
ဒါကြောင့်စာဖတ်သူတို့အနေနဲ့ တစုံတရာ တုန့်ပြန်ရေးသားအကြံပြုဆွေးနွေး ကြမယ်ဆိုရင်ဖြင့် ကျုပ်တို့ရဲ့ကရင် စာပေဟာ အခြားဘာသာစာပေတွေလို ရေရှည်တည်တံ့နိုင်စရာရှိနိုင်ပါတယ်၊ ဆွေးနွေးအကြံပေးတာတွေ ဝေ ဘန်သုံးသပ်တာတွေအားနည်းမယ် ဝေဘန်သုံးသပ်မှုတွေမရှိဘူး ဆိုရင်တော့ အားရစရာအကြောင်းမမြင်ပါဘူး။
ကျုပ်ငယ်ငယ်တုန်းက မဂ္ဂဇင်းတခုမှာ ရုပ်ရှင်သရုပ်ဆောင် ၀င်းဦး ရေးခဲ့တဲ့ စာကြောင်းလေးတခုကို သတိရလို့ ရေးပြပါရစေ။
ဘယ်လိုရေးထားသလဲဆိုတော့ အိုမင်းခြင်းကိုမည်သည့်အရာမျှ မလွန်ဆန်နိုင် သို့သော် အခိုက်အတန့်ဟန့်တား နိုင်၏ တဲ့၊ အဲဒီလိုကိုရေးထားတာပါ၊ စာဖတ်သူတို့အနေနဲ့ဘယ်လိုနားလည်လက်ခံသလဲဆိုတာ ကျုပ်မသိပေ မယ့် ကျုပ်နားလည်သလိုပြောချင်တာက မမြဲခြင်းတရားသဘောကို ဘယ်သူမှမလွန်ဆန်နိုင်ကြပါဘူး၊ ဒါပေ မယ့် ခဏတဖြုတ်တော့ ထိန်းထားနိုင်တယ်လို့ ပြောလိုခြင်းဖြစ်မယ်ထင်ပါတယ်၊ ဒါကြောင့်လည်း ဒီကနေ့လူ သားတွေဟာ အသက်ပိုရှည်အောင်၊ ကျန်းမာအောင်၊ နုပျိုအောင် နည်းလမ်းရှာဖွေကျင့်ကြံအားထုတ်နေကြတာ အားလုံးအသိပါပဲ၊ ဥစ္စာကိုကံစောင့် အသက်ကိုဥာဏ်စောင့် ဆိုတဲ့စကားပုံကိုလက်ခံလို့ အဲဒီလိုလုပ်ကြတာ များ လားတော့ မဆိုတတ်ဘူး။
ဆိုလိုချင်တာကတော့ ကျုပ်တို့ပိုးကရင်စာ(ဖႜုံလိက်ထူ့လီ)ဟာ အနိစ္စ မမြဲခြင်းတရားကို တနေ့ရင်ဆိုင်ကြုံတွေ့ရ မှာဖြစ်လေတော့ တိမ်ကောမယ်၊ ပပျောက်မယ် ဒီဖြစ်စဉ်ကတော့ မြေကြီးလက်ခတ်မလွဲပါ၊ အဲဒီတော့ စောစော စီးစီးမတိမ်ကောမပ,ပျောက်ရလေအောင် ၀ိုင်းဝန်းထိန်းသိမ်းသွားရမှာကတော့ အားလုံးရဲ့တာဝန်ပါ၊ အဲဒီလိုထိန်း သိမ်းရာမှာလည်း တာဝန်အရ,ထိန်းသိမ်းတာမျိုးမဟုတ်ပဲ လိုလိုလားလားထိန်းသိမ်းချင်တဲ့စိတ်နဲ့ ထိန်းသိမ်းမှ သာ ပိုပြီးခိုင်မြဲသလို ရင်ထဲမှာလည်းကြေနပ်ပီတိတွေဖြစ်နေနိုင်ပါတယ်။

ဒီနေရာမှာ ဗမာစာအရေးအသားနဲ့ ပတ်သက်လို့ သတိပြုမိတာလေးတခုထည့်ရေးပါရစေ၊(ဆရာကြီးလုပ်တာမ ဟုတ်ဘူးနော်) ကျုပ်တို့ငယ်ငယ်တုန်းက ၀တ်ဆံနှစ်လုံးပေါက်ဆိုတာသင်ခဲ့တယ်ဗျ၊ ဥပမာဗျာ ပန်း ဆိုပါစို့၊ ပန်း ကို ပစောက်ရေး နသတ်ပန် ၀တ်ဆံနှစ်လုံးပေါက် ပန်း၊ အဲဒီလိုသင်လာတာ၊ အတန်းမြင့်လာတော့ ရှေ့ဆီးတဲ့ ဗျား။ ဥပမာ ပစောက်ရေး နသတ်ပန် ရှေ့ဆီးပန်း။ အဲဒီလိုဖြစ်လာပြီး နောက်ပိုင်း ရှေ့ကပေါက်ဆိုတာဖြစ်လာ ပြန်တယ်၊ ဥပမာ ပစောက်ရေး နသတ်ပန် ရှေ့ကပေါက် ပန်း။ ဗမာစာနဲ့ပတ်သက်လို့ အဲဒီလိုသင်ခဲ့ရတာ။
ဗမာ့စာပေခေတ်ရေဆီးကြောင်းကြောင့်လို့ပြောမလား၊ ကျုပ်လည်းနားမလည်ဘူး။
ဒါပေမယ့် ဆရာတော်ကျော်အောင်စံထား ရေးသားတဲ့ ဝေါဟာရတ္ထပကါသဏီကျမ်းက ဗမာစာအရေးသားတွေ မှာတော့ ၀တ်ဆံပဲခေါ်ခေါ်၊ ရှေ့ဆီးပဲဆိုဆို ရှေ့ကပေါက်ပဲဖြစ်ဖြစ် ကျုပ်တို့ကရင်စာလို အစက်ကလေး တလုံး ထည့်ရေးတာကိုတွေ့ရတယ်၊ ကျုပ်လည်းမသင်ခဲ့ရတော့ ဗမာလိုဘယ်လိုအသံထွက်သလဲဆိုတာ မသိဘူး။
ကျုပ်တို့ကရင်စာမှာက ဥပမာ ၀ ၀တ်ဆံနှစ်လုံးပေါက်ဆိုရင် ဗမာလို ၀ါးလို့အသံထွက်တယ်၊ ၀ရေးချဆိုရင် ဗမာလို ၀ါလို့အသံထွက်တယ်၊ ၀ရေးချဝတ်ဆံတလုံးဆိုရင်တော့ ၀ါးမဟုတ်ဝါမဟုတ်တဲ့ ၀ါးနဲ့ဝါရဲ့ ကြားသံထွက် တယ်၊ အခုအချိန်မှာ ဗမာစာအရေးအသားတွေမှာ ဆရာတော်ကျော်အောင်စံထား ရေးသားခဲ့တဲ့ ဝေါဟာရတ္ထ ပကါသဏီကျမ်းထဲကလို ၀တ်ဆံတလုံးထည့်မသုံးတော့တာ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းကို ကျုပ်မေးမေးနေ မိတယ်။

ဒါတွေအသာခေါက်ထားပြီး ကရင်စာအရေးအသားဘက်ကို ဆက်သွားပါ့မယ်၊ (ကိုယ့်စာပေအကြောင်းကိုယ်မ ပြောပဲ တခြားအကြောင်းလျှာရှည်နေလို့ တမျိုးထင်နေကြမလားမသိဘူး) တခုတော့ပြောပါရစေ ရှေ့ဆက်ရေး မယ့် စာတွေထဲမှာ ဗမာလိုအသံထွက်ကို ဗမာစာအရေးအသားနဲ့ရေးမှာဆိုတော့ ၀တ်ဆံတလုံးကိုထည့်ရေးသွား မှာဖြစ်ပါတယ်၊ ဒါပေမယ့်ဗမာစာပေအရေးအသားကို ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ဆန္ဒမရှိဘူးဆိုတာကိုတော့ ကြို တင်တောင်းပန်ပါတယ်။
ဦးစွာပထမ ကရင်စာတွေမှာ အသံမငြိမ်တဲ့ ဗျည်း စာလုံးတွေထဲက အချို့ကိုရေးပြချင်ပါတယ်။

ဘာၟ ဘေက၀္လင္ေဍအာ ဘာ ေဆ၀္ဖႜဳံးေမံယါ့လု္ဖႜဳံး ဘာၟ (ဖ်ာၟ) စာသင်ကျောင်း
ဘာ့ ဘကေ၀်လင်ဍေအာ ဆေ၀်ဖႜုံးဖင့်လး ဘာ့ (ဖျာ့) ဈေး
ဘိင် ဘကေ၀်ထင်းဍေအိ ငးခွေဝ်ကါင်းဘိင် ဆေ၀်ဖႜုံးမေံယာ့လ်ုဖႜုံး ဘိင်ၟ (ဖိန်ၟ) ဘိန်း
ဘေင်ၟအေကေဍိင်ဍေဘ ငးခွေဝ်ကါင်းဘေင် ဆေ၀်ဖႜုံးမေံယာ့လ်ုဖႜုံး ဘေင်ၟ(ဖျောင်ၟ) ဆေးခြောက်
ဘ (ဘကုဂ်ဆုဂ်))ဖြစ်ပေမယ့် တခါတလေ ဖ (ဖးဖိုတ်ကါင်)အသံထွက်ပြီး တခါတရံမှာ ဖျ ဆိုတဲ့အသံ ထွက် ပါတယ်။
ဗ (ဗလင်အုင်း)ဖြစ်ပေမယ့် တခါတလေ ပ(ပးအင်ထင့်) အသံထွက်ပြီး ဖ(ဖးဖိုတ်ကါင်) အသံထွက်တဲ့အ ခါမျိုးလည်း ရှိတတ်ပါတယ်။
ျ ယပင့်မပါပေမယ့်ျ အသံထွက်တဲ့ အရေးအသားတွေလည်းရှိပါတယ်။
တခြားကျုပ်မသိတာတွေ ဗမာလိုဘာသာပြန်ရခက်တဲ့ဝေါဟာရတွေ တပုံတမ,ကြီးရှိပါသေးတယ်။

စာလုံးပေါင်းဆိုတာကတော့ အားလုံးသိပြီးသားပါ၊ဘယ်လိုစာပေမျိုးမှာမဆို မှားရင်မှားသလို အဓိပ္ပါယ်လွဲတတ် ပါတယ်။
ဥပမာ အှ်ဆံင်းလာၟဆါ် ဆိုတဲ့ ၀ါကျလေးတခုကိုရေးကြမယ်ဆိုပါစို့။
တချို့ရေးတာက အှ်ဆံင်လာဆါ်။ အှ်ဆံင်းလာဆါ်။ အှ်ဆံင့်လာဆါ်။ အဲဒီလိုရေးတော့ အဓိပ္ပါယ် မရှိတာ၊ ဘာမှန်း မသိနိုင်တာတွေ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်စာပေကို ကိုယ်ကိုယ်တိုင်က ကပျက်ကချော်ရေးနေမှတော့ စာ ပေခိုင်မာမှာမဟုတ်တဲ့နောက် ရေရှည်တည်တံ့ဘို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
ဆံင် ဆးဆေ၀်ဖႜုံးဖင့်ခေါဟ်ငးခွေဝ်ကါင်း ဆံင် ဆိုတဲ့စာလုံးရဲ့အဓိပ္ပါယ်က ကရင်စကားမှာကျုပ်တော့မကြားဘူး ပါဘူး။
စံင် စဆေ၀်ဖႜုံးဖင့်ခေါဟ် ငးခွေဝ်ကါင်း စံင်(ကျံင်) ဆိုရင်တော့ အဓိပ္ပါယ်က
စံင်(ကျံင်)ထင်းပႝါင့် ဖယောင်းတိုင်ထွန်းညှိခြင်း
ဆံင့် ဆဆေ၀်ဖႜုံးဖင့်ခေါဟ် ငးခွေဝ်ကါင်း ဆံင် ဆေ၀်ဖႜုံးဖင့်လး ဆံင့် ဆိုရင်တော့ အဓိပ္ပါယ်က
ဆံင့်မေ၀်ဆံင့်သိုင့် ထမင်းဟင်းများခူးခပ်ပြင်ဆင်ပေးခြင်း
ဆံင်ၟ ဆဆေ၀်ဖႜုံးဖင့်ခေါဟ် ငးခွေဝ်ကါင်းဆံင် ဆေ၀်ဖႜုံးမေံယာ့လ်ုဖႜုံး ဆံင်ၟ ဆိုရင်လည်းအဓိပ္ပါယ်က
ထေါဟ်ဆံင်ၟလင် လ်ုသိင်းထါင်ခီ့ သစ်ကိုင်းဖျားမှာ ငှက်နားနေတယ်။
က႟င်ယူ ဆံင်ၟလင်လု က႟င်ယူသေႝ၀့်အိုဝ်ယုဂ် လေယာဉ်ပျံက လေယာဉ်ကွင်းထဲမှာ ဆိုက်နေပြီ။
အ်ုဖူၟမူးလံင်ဆံင်ၟ အ်ုဝဲါခွါ့ သူ့အစ်ကိုကို သူ့ညီမက လိုက်ခေါ်နေတယ်။
လာ လကေ၀်လင်ဍေအာ လာ ဆိုတာကိုတော့ သိမှာပါ။
လ(စန္ဒာ) လ(တလ၊ နှစ်လ၊ သုံးလ)
လာသး လကေ၀်လင်ဍေအာ လာ သးဆေ၀်ဖႜုံးမေံယါ့ဏီ့ဖႜုံး သး လာသး ဇီးဖြူသီး။
လာထုင်း လးကေ၀်လင်ဍေအာ လာ ထးကေ၀်ဍိင်ဍေအု ငးခွေဝ်ကါင်းထုင် ဆေ၀်ဖႜုံးမေံယါ့ဏီ့ဖႜုံး ထုင်း လာထုင်း ဇီးဖြူပင်။
လာၟ လကေ၀်လင်ဍေအာ ဆေ၀်ဖႜုံးမေံယာ့လ်ုဖႜုံး လာၟ ဆိုတာက ရည်ရွယ်တာ၊ ဖြစ်စေချင်တာ၊ မျှော်လင့်တာ၊ အဲဒီလို အဓိပ္ပါယ်သက်ရောက်ပါတယ်။

နောက်တခုက္ဘေ့သိုဝ်လာပုင်းအွာ လမင်းလိုပဲ ဆိုတာကို ရေးကြတဲ့အခါ ဝေ့သိုဝ်လာပုင်းအွာ ဆိုတာရေးတာ တွေ့ရပြန်ပါတယ်။
ကရင့်ဗျည်းစာလုံး္ဘ မရှိလို့လား၊ မရေးတတ်လို့လား၊ ဆိုတာတော့ ကျုပ်လည်းမသိဘူး၊ အဲဒီလိုကို ဖြစ်ချင်တိုင်း ဖြစ် ရေးချင်တိုင်းရေးနေတာကို တွေ့နေမြင်နေရပါတယ်။
ဒါတွေကတော့ ကျုပ်အမြင်နဲ့ ကျုပ်သိသလောက်လက်လှမ်းမှီသလောက် ကျုပ်ရဲ့အသိဥာဏ်သေးသေးလေးထဲ က လွမ်းလောက်စရာမရှိတဲ့အမြင်လေးကို ရေးသားတင်ပြလိုက်တာပါ၊ တတ်လို့ လူတကာအပေါ်ဆရာလုပ်ချင် လို့ ရေးတာမဟုတ်ပါဘူး၊ ကျုပ်ကိုယ်တိုင်သိထားတဲ့မဖြစ်စလောက်လေးကို ကျုပ်လိုဘ၀တူတွေ သိချင်ရင်သိပါ စေဆိုတာရယ်၊ ကျုပ်လည်းကိုယ်သိထားတာတွေကို ပြန်ပြီးမှတ်မိနေရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးလိုက် တာပါ။
ကရင်စာပေနဲ့ပတ်သက်လို့ ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း ကိုယ်ပြောခဲ့တဲ့စကားကို ပြန်သတိရပြီး ဆက်လက်ကြိုးစားဖေါ်ထုတ်ကြပါ၊ မဖြစ်မနေကိုလုပ်ကြပါ၊ တယောက် ယောက်က တစုံတခု တစုံတရာလေး ရေးလိုက်ရုံလေးနဲ့၊ ဝေဘန်လိုက်ရုံလေးနဲ့ လက်လျှော့လိုက်တာမျိုးမလုပ် လိုက်ပါနဲ့၊ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် အင်မတန်ဆိုးရွားတဲ့ ဘ၀ကိုရောက်သွားအောင် ကိုယ့်အမျိုးသားကို တွန်းပို့လိုက်တာနဲ့ အတူတူပဲလို့ ကျုပ်မြင်ပါတယ်။

ကျုပ်တို့ကရင်အမျိုးသားတွေ တိုးတက်သင့်သလောက်မတိုးတက်တာက ဘယ်နေရာမှာမဆို ဇွဲရှိရှိမလုပ်တတ် တဲ့အကျင့်နဲ့ ပြဿနာကိုရှောင်တတ်တဲ့အကျင့် အတိုက်အခံလုပ်ရမှာကိုမပျော်ပိုက်တတ်တဲ့အကျင့် အတိုက်အ ခံလုပ်တဲ့လူကို ရန်သူလို့မြင်တဲ့အကျင့်တွေကြောင့်လို့ ကျုပ်မြင်တယ်။

ဥပမာ လူတယောက်က ကုန်စုံဆိုင်လေးဖွင့်တယ်ဆိုရင် သူကမဖွင့်ဘူး၊ သူကုန်စုံဆိုင်ဖွင့်ထားတာ ငါလည်းကုန် စုံဆိုင်ဖွင့်လိုက်မယ်ဆိုရင် သူ့ကိုယှဉ်ရာကျသွားမလား၊ ငါ့ကို အခင်မင်ပျက်သွားလေမလား၊ သူ့စီးပွါးရေးထိခိုက် သွားမလား စတဲ့အတွေးတွေတွေးပြီး မလုပ်ပဲနေတဲ့လူလိုပါပဲ၊ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ အာဏာရှင် တွေပေါ်ပေါက်လာတယ်ပေါ့ဗျာ။(ဆက်စပ်လို့ရမယ်ထင်တာပဲ)

တဆိုင်ထဲဆိုတော့ ဆိုင်ရှင်က စားသုံးသူတွေကို ကြိုက်ဈေးတင်မယ်၊ ရောင်းချင်တဲ့သူကိုမှရောင်းမယ်၊ မရောင်း ချင်တဲ့သူကို မရောင်းဘူး၊ ဖွင့်ချင်တဲ့အချိန်ဖွင့်မယ်၊ ပိတ်ချင်တဲ့အချိန်ပိတ်မယ်၊ သူ့အမျိုးကိုဈေးတမျိုးထားမယ်၊ တခြားလူကိုဈေးတမျိုးပေးမယ်၊ မရှိဆင်းရဲသားတွေဆိုရင် တမျိုးဆက်ဆံမယ်၊ နောက်ဆုံးဗျာ သူကြိုက်သလို လုပ်လို့ရတယ်၊ ဆိုင်တဆိုင်ထက်ပိုလာပြီဆိုရင် သူလုပ်ချင်သလိုလုပ်လို့မရတော့ဘူး။(ရှင်းပါတယ်နော်)

အိုးသူကြီးဘ၀ဆိုဟာ အင်မတန်ပင်ပမ်းဆင်းရဲပါတယ်၊ ချွေးတွေသန်တွေနဲ့ စေတနာထားချက်ရပြုတ်ရ ကြော်ရ လှော်ရသလောက် အကောင်းပြောခံရတာမရှိပါဘူး၊ သူ့ရည်ရွယ်ချက်က လူတွေ သန့်သန့်ရှင်းရှင်းနဲ့ကောင်း ကောင်းမွန်မွန် အရသာရှိရှိစားသောက်နိုင်ဘို့အတတ်နိုင်ဆုံးချက်ပြုတ်ကျွေးမွေးဘို့ဆိုတော့ ဘယ်သူတွေဘာ ပြောပြော စိတ်ဓါတ်မကျပဲ အကောင်းဆုံးဖြစ်အောင် နည်းလမ်းသစ်တွေရှာပြီး ချက်ပြုတ်နိုင်ရပါမယ်။

ကိုယ့်ရည်ရွယ်ချက်တွေ ကိုယ့်ရည်မှန်းချက်တွေကို ဘာမဟုတ်တဲ့ဝေဘန်မှုတခုကြောင့်၊ ဒါမှမဟုတ် အကြောင်း အချက်တခုခုကြောင့် အကောင်အထည်ဖေါ်ဘို့ တွန့်ဆုတ်သွားတယ်ဆိုတာ မဖြစ်သင့်တဲ့အရာ ဖြစ်တယ်ဆိုတာ ရယ်၊ စာပေပြန့်ပွါးတိုးတက်အောင်လုပ်ဆောင်ကြိုးပမ်းနေတာပါလို့ ဆိုတဲ့စကားမျိုးပြောဘူးခဲ့တဲ့သူများ ဒီအ ကြောင်းကိုဖတ်မိသွားမယ်ဆိုရင် ကိုယ့်ရည်ရွယ်ချက်ကို ဆက်လက်ပုံဖေါ်ကြပါလို့ ရေးသားအကြံပြုရင်း ခေတ္တ ရပ်နားပါဦးမယ်။
ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွါးရေးကို အစဉ်ရှေ့ရှုလျှက်
ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment