ကိုယ့်ပန်းကန်ထဲ ကိုယ်ထည့်စားကြ
မိသားစုဟာ
သံသယတွေ ပုတီးစိပ်လို့။ ။
ကိုယ့်အိတ်မှ ကိုယ့်အိတ်ပဲ
ထမင်းတအိုးတည်း
ကြမ်းတပြေးတည်း
စိတ်ကတော့ကွဲ။ ။
ဆင်းရဲမွဲတေနေတာ အသပြာလား?
ငါသာငါထက် အိပ်မက်ရှည်လား?
ဖန်ခွက်ထဲက ရေတဝက်လား?
ဖြည့်မထားတဲ့ ဖန်သားလား?
စကားများ မပြောဖြစ်ကြ
ထ,သွား
ကျောက်ခဲတခဲလို။ ။
အိမ်ဆိုတာ
ပြူတင်းပေါက်မဲ့ရင်
မကောင်းဘူး။
စည်သူငြိမ်း
ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment