မာနယ်ပလော
ငြိမ်းဝေ | အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၃ မိနစ်
ငါကိုယ်တိုင်ရွေးချယ်ပြီး
ငါကိုယ်တိုင် တည်ဆောက်တဲ့ ဘူတာ
အဲဒီကနေပြီး
ငါတက်စီးခဲ့တဲ့ရထား
အဲဒါ “မာနယ်ပလော”။
(၁၉၉၂၊ ဇွန်…)
ထိုင်ခုံတနေရာ မရလိုက်ဘူး
အသံထက်မြန်
ကျည်ဆံထက်မြန်
မြန်သထက်မြန်
အဲဒီ ရထား ဘီးပါသလား
ရထားဆိုတာ ဘီးပါရသလား
ဘီးပါမှ ရထားဖြစ်သလား
“ရထားဖြစ်သလား ရထားဖြစ်သလား”
မော့ကြည့်တယ်
ဘီးက ဆယ်ဘီး
ဆယ်ဘီး ရထားပေါ့
တချို့က ဆယ့်ငါးဘီးလို့ ပြောတယ်
ဒါဆို ဆယ့်ငါးဘီးရထားပေါ့
ဒါက အရေးမကြီးပါဘူး
ရထားဖြစ်သလားပဲ အရေးကြီးတာပါ
ဘီးပါဖို့ပဲ အရေးကြီးတာပါ
ဘီးပါတဲ့ ရထားပေါ်မှာ
ဘီးမပါပဲ ငါလမ်းလျှာက်ကြည့်တာ
ငါ့ကို ဘယ်သူ ဘီးတပ်ပြီး တွန်းလွှတ်လိုက်သလဲ
တွန်းလွှတ်တဲ့အခါ ဘီးတပ်ထားသလား
ငါက ရထားထက်မြန်သလား
ရထားကို ငါစီးလာသလား
ရထားက ငါ့ကို စီးသွားနေသလား
ဘယ်လိုပဲဖြစ်ဖြစ်
ရထားရွေ့နေခဲ့ဖို့ပါပဲ
ရထားဖြစ်သလား
ရွေ့တဲ့အခါ ရှေ့ကို
ဘေးကို
နောက်ကိုတော့ ပြန်မရွေ့ဖို့ပဲ
ဘီးတွေက မြည်လှ မြန်လှချည့်လား
လေတွေက တဝူးဝူး
ဝုန်း ဒိုင်း ရွှီ ဝေါင်း
ရထားဖြစ်သလား
ခက်တာက ခလေးတွေချည်းပဲ
နှပ်မသုတ်တတ်ဘူး
နောက်ဖေး ကြုံသလိုသွား
မျက်နှာ သူများသစ်ပေးမှ
ထမင်း ခွံ့ကျွေးမှ
လက်ဆေးပေးမှ လက်သုပ်ပေးမှ
ခက်တာက ခလေးတွေချည်းပဲ
“ကုလားထိုင် စိုက်ပျိုးခင်း”* တဲ့လား
မျိုးစေ့တွေ အောင်လှချည့်လား
ပန်းတွေ ပွင့်လွန်းသလား
သီချင်းတွေ ဆိုလွန်းသလား
အကတွေ များလွန်းသလား
ဒါပေမယ့်
ငါ့မှာ
တံဇဉ်မရှိဘူး
အနံ့ကောင်းကောင်း မရဘူး
ကီး ကောင်းကောင်းမကိုက်ဘူး
ချိုမိုင်မိုင်ပါကွာ
ဒါပေမယ့်
ငါ
မျိုးစေ့ကြဲ
ပန်းစိုက်
သီချင်းဆို
က
သူများလိုပါပဲ
တေ တျာ ထန် ရှင် ပါပဲ
“ဘောင်းဘီပွပွကြီးကို ကြိုက်တယ်ဟေ့”*
ဒီလိုနဲ့
ငါတို့တတွေ ရထားဖြစ်ခဲ့ကြသပေါ့
ဒီလိုနဲ့
ငါတို့တတွေ
ရထားစီးခဲ့ကြသပေါ့
အဲဒါ မာနယ်ပလော။
ဘီးတပ်ရထားကို ဘယ်သူတွေ တွန်းခဲ့ကြသလဲ
ဘယ်ကိုလဲ
ဘယ်လောက်အထိလဲ
ခင်ဗျားက ဂတ်ဗိုလ်လား
စက်ခေါင်းဗိုလ်လား
ပလက်ဖေါင်းပေါ်က အလံပြလား
ခြေနင်းခုံပေါ်မှာ ငါလား
သူလား ငါလား
ညီအကို မသိတသိလား
ရောင်နီလာပြီလား
မှောင်ပြီလား လင်းပြီလား
ဒါကတော့
အပြော
ဒါကတော့
အပြ
ဒါကတော့
အလှုပ်
ထိုင်ခုံတနေရာ ငါလိုက်ရှာ
ထိုင်ခုံတနေရာ ငါတွေ့ 
ထိုင်ခုံတနေရာဆီ ငါသွား
ဒယီးဒယိုင်
ရထားက လှုပ်လွန်းခါလွန်း
လူတွေက တွန်းလွန်းတိုးလွန်း ယိမ်းလွန်းယိုင်လွန်း
ငါက ပွန်းလွန်းပဲ့လွန်း
ဒါနဲ့ပဲ
ရတဲ့တနေရာ ငါထိုင်
မဟုတ်ဘူး ထိုင်တဲ့တနေရာ ငါရ
ငါ
ကဗျာရေး ကဗျာတွေး ကဗျာဆေး ကဗျာဘေး
ဒါပေမယ့်
ငါ
ရထားစီးခဲ့
ငါ
ကဗျာရေးခဲ့
ကဗျာဖြစ်သွားတဲ့ ညနေဆည်းဆာများ
ကဗျာဖြစ်တော့မယ့် နံနက်ဆည်းဆာများ
သည်လိုနဲ့ 
ငါ
အိပ်ငိုက်လိုက် ပြုံးလိုက်
လက်သီးဆုပ်လိုက် ဖြန့်လိုက်
ကုန်းလိုက် ကွလိုက်
ယားလို့ ကုတ်လိုက်
ကုတ်လို့ ယားလိုက်
ရှေ့ကိုသွားဖို့ရာ
သွားတဲ့ရထားကို စီးရမှာလား
ရထားစီးရင်း သွားရမှာလား
ဒီလိုနဲ့
ငါ့ကဗျာ ဆယ့်တပုဒ်
ဒီကနေ့ ရေး
နေ့မကူးခင် ဟောင်းသွား
နေ့မကူးခင် ကျိုးပဲ့သွား
မာနယ်ပလောရေ
နင်ဟာ
ငါ့ရဲ့ နှလုံးသား ဒီမိုကရေစီမှာ
ဘယ်တော့မှ
အပျိုရည် မပျက်စေရဘူး ဆိုလား
မာနယ်ပလောတွေ
အများကြီးလို့ ဆိုလိုက်သလား
တော်လှန်ရေးရဲ့ နှလုံးသားတည်ရှိရာ
ဆိုလိုက်သလား
ခင်ဗျား
အသံတိုးလှချည့်လား
ခင်ဗျား
အသံတွေ ကျယ်လှချည့်လား
ခင်ဗျား
အသံတွေ ကြောင်လှချည့်လား
ခင်ဗျား
အသံတွေ အောင်လှချည့်လား
အဲဒါ
မာနယ်ပလော။
ဘီးပါတယ်လို့ ယူဆရဖွယ်ရှိတဲ့ ရထားတစင်း
အဲဒီရထားမှာ ဘီးပါသလား
ဒီကြားထဲ
ရထားမှာ ဘီးမပါလဲဖြစ်တယ်တဲ့
တချို့က
ရထားဘီးတွေ လဲရမယ်တဲ့
တချို့က
ဘီးတဘီး နှစ်ဘီး သုံးဘီးလောက် ဖြုတ်ချထားခဲ့မှ ရမယ်တဲ့
ဘီးတွေဖြုတ်ချထားခဲ့တာလား
ပြုတ်ကျကျန်ခဲ့တာက ဘီးတွေလား
တချို့က ဘီးလုံးဝမပါပဲ သွားကြည့်ရင်ကောင်းမယ်ဆိုလား
ဘီးအဝိုင်းအစား
ဘီးသုံးထောင့် ဘီးလေးထောင့်
သည်လို ပြောင်းတပ်ကြဆိုလား
ဆီထည့်ဖို့ မလို
ဝက်အူမပြုန်းတဲ့ ဘီးဆိုလား
ရှေ့ကိုပဲလိမ့်ပြီး နောက်ပြန်ဆုပ်မရတဲ့ ဘီးအတွေဆိုလား
သံလမ်းမလိုတဲ့ ဘီးတွေဆိုလား
ဒါလည်း ဘာလိုသလဲ
ဘီးဖြစ်ဖို့က အဓိကပဲမို့လား
ကြားဘူတာ မလိုတဲ့ ရထားဆိုလား
ဘယ်ဘူတာမှ ရပ်ဖို့ မလိုတဲ့ ရထားလား
ဒါလည်း ဘာလိုသလဲ
ရထားဖြစ်ဖို့ပဲ မဟုတ်လား
အဲဒါ
မာနယ်ပလော။
ခြေသံတွေ
ခင်ဗျား ကြားလိုက်ရဲ့လား
လူ ဆယ့်သုံးယောက်ရဲ့ ခြေသံတွေ
ကြောင်ရှာပင်တွေဆီ ကပ်သွားတဲ့
ခြေသံတွေ
ဘတ် ၃၅ဝ ကိုပိုက်ပြီး
မယ်ညောခီးတောင် ကျော်သွားနေတဲ့ ခြေသံတွေ
အာဇာနည်ကုန်းပေါ်က သေနတ်ဖေါက်သံတွေ
ဒီအေဘီကုန်းပေါ်က
ဒီဗွီဘီသတင်းထောက်တယောက်ရဲ့
အသံဖမ်းစက် တောင်းခံသံတွေ
မနက် ၉ နာရီကျော်ကျော်
မြစ်ဆုံပေါ်က လက်နက်ကြီးကျသံတွေ
စစ်သင်တန်းအထူးဆုရ မိန်းခလေး
စစ်ဖိနပ်သံတွေ
ဝန်ကြီးများရုံးနောက်ကြောကုန်းပေါ်က
ခန္ဓာကိုယ်ချည်းပဲ လှိမ့်ချလိုက်တဲ့အသံတွေ
ပါကင်ထုပ်ကြီးတထုပ် ဝိုင်းထိုင်ကြည့်နေကြ ရင်ခုန်သံတွေ
တနေ့တော့ မောင်ပြန်လာမည်ကို ထိုင်ဆဲလိုက်ကြတဲ့အသံတွေ
အဲဒါ
မာနယ်ပလော။
ငါ
ရထားတစင်းပေါ်မှာ
မှန်ထောင်ကြည့်
ယက်တူရှန်ကိုလား
အိုစစ် မင်ဒယ်လ်စတန်းလား
ဆစ်လ်ဗီယာ ပလပ်လား
ဒါက
ငါလား
ဒါက
သူများလား
သူများတွေလို
ငါ့လို
သူတို့မှာ
ဒါပေမယ့် လက်က သုံးလေးချောင်း
သွားနဲ့
ဒါပေမယ့် သုံးဆယ့်ငါးချောင်း
ဒါပေမယ့် မျက်လုံးက နဖူးးပေါ်မှာ
သူတို့နဲ့ ငါ
ထူးရာစိုးမှာ ထိုင်
ဒေါ်အောင်ဆန်းစုကြည်လမ်းထဲ
လေနုအေးက ပူတယ်
ခြေတပေါင်ကျိုး လမ်းလျှောက်
ကုလားမခြေထောက်နဲ့ သွား
အုန်းပင်စိုက်
အမျိုးမျိုး ထွင်ကြည့် ထွင်းကြည့် ထွက်ကြည့် ထွာကြည့် ထုံးကြည့်
ကျီးကြည့် ကြောင်ကြည့် စာကလေးကြည့် ဆက်ရက်ကြည့်
အမြီးလှုပ်ကြည့် အမြီးကုတ်ကြည့်
လက်ချိုးကြည့် ဇက်ချိုးကြည့်
အဟမ်း
ငါ ကဗျာတပုဒ် ရွတ်မယ်
အဲဒါ မာနယ်ပလော။
ငါ
တကယ်ပဲ ဘူတာတခု တည်ဆောက်ခဲ့သလား
ရပ်မပေးတဲ့ ရထားတစင်းပေါ် ခုန်တက်ခဲ့တာ တကယ်လား
ရထားပေါ်ကြမှ
ငါ့ကိုယ်ငါ တည်ဆောက်လိုက်သလား
ဒါမှမဟုတ်
ရထားပေါ်ရောက်ကာမှ
ငါ တည်ဆောက်ခံလိုက်တာလား
သူများချစ်လို့
လိုက်ချစ်တာမျိုး
သူများစီးလို့
လိုက်စီးတာမျိုး
လိုက်စီးရင်းတော့ ချစ်လိုက်မိသလား
ချစ်လို့ လိုက်စီးလိုက်တာလား
ခေတ်တခေတ်နဲ့ ရထားတစင်းက အတူတူပဲလား
ရထားတစင်းဟာ ခေတ်တခေတ်ဆိုရင် ကြီးကျယ်ရာ ကျနေမလား
ဝန်ကြီးများရုံး ရဟန်းပျိုများသမဂ္ဂကုန်းတော်
နိုင်ဝင်းဆွေရဲ့ နန်းတော်တဲအိမ် မယ်တုက္ခီစမ်းချောင်း
ထမင်းစားရုံဘက်က ဝါးခေါက်သံ
ဒါပေမယ့်
“အိုအောင်” ရေ
ခင်ဗျားလိုပဲ ခလောက်သံပြန်မကြား
မဟုတ်ဘူး မကြားတကြား တကိုယ်ကြား
တံခါးခေါက်သံ ဝါးပေါက်သံ ကျားဟောက်သံ
ဒါပေမယ့်
ခေတ်တခုကို အခုလို
နားဖေါက်
တချို့လည်း ဒူးထောက်လို့
ရစကောင်းလား
ကောင်းတာရမှာလား
တောင်းတာ ရမှာလား
ရတာ ကောင်းမှာလား
ရတာ တောင်းတာလား
ခင်ဗျား
ကျနော်နဲ့ လိုက်ဆို
သံပြိုင် မဆိုနဲ့
လိုက်ဆို
ရှေ့က မဆိုနဲ့
ဘေးက မဆိုနဲ့
လိုက်ဆို
ကဲ
လိုက်ဆို
အဲဒါ မာနယ်ပလော။
မာနယ်ပလောမှာ
ငါမပါရင် ကဗျာမဖြစ်ဘူး
မဟုတ်ဘူး
ကဗျာမပါရင် ငါမဖြစ်ဘူး
ငါမပါရင် အသံမထွက်
ငါမပါရင် မငံ
ငါမပါရင် ဟင်းခွက်တရာမပြည့်
ငါမပါရင်
ဒါကြောင့်မို့
ငါက
ဘောင်းဘီပွပွကြီးကို ကြိုက်ခဲ့တာပေါ့
ပက်စတာညက်ရဲ့ ဆောင်းညကို ခြုံအိပ်ခဲ့တာပေါ့
မာယာကော်စကီးရဲ့ နဖူးဆီလာနေတဲ့ ကျည်ဆံကို
လက်နဲ့ ဝင်တားဖို့ ကြိုးစားခဲ့တာပေါ့
မောင်သင်းခိုင်ရဲ့ ခေါင်းကို မရိုက်ဖို့ ပြောခဲ့တဲ့
ဇော်(ပျဉ်းမနား) ကို ငါ ထောက်ခံခဲ့တာပေါ့
သခင်ကိုယ်တော်မှိုင်းရဲ့ ဗဟုဝါဒကို ငါ ဖြင်ကြည့်ခဲ့တာပေါ့
ဆရာတာရာရဲ့ ရန်သူကို မိတ်ဆွေဖြစ်အောင် …
ငါ
ကဗျာရေးတယ်
ငါ
ကဗျာရေးတယ်
ငါ
ကဗျာ ရေးတယ်
အဲဒါ
မာနယ်ပလော။
ဒီတုန်းက
ငါ
အမှတ်အနည်းဆုံး စစ်သင်တန်းသား
ငါ့ သေနတ်ပြောင်းပေါ်က ပိုက်ဆံက အကြိမ်ကြိမ်ခုန်ချ
ရှေ့တန်းကို ကျည်ဆံမယူဘဲ နှလုံးသားအခွံကြီးနဲ့ ဆင်းသွား
ယွန်းစလင်းချောင်းဘေးမှာ ဗသျှိုးရဲ့ ဖါးတကောင် ရေထဲခုန်ချတာကို နားထောင်
ပလုံ..။
လေးကေတောင် ကားမဲတောင် မိဆိုင်းတောင်
ကျုံစိန် တလိုင်းကရင် ကျောက်ဖြာ
ဟပ်သလိုက်ကျေးနယ်
မယ်ပေါထ ပေါ့ပါးထ ဒေါင်းဂွင် သံလွင် ပဟေလူ ဖွေးပေါလူ
စောဘဦးကြီး ကျောက်တိုင်
ကရင်လူငယ်အစည်းအရုံးရှေ့ စုပေါင်းဓာတ်ပုံရိုက်ခြင်း
ဗိုလ်ချုပ်ကြီးစောဘိုမြမွေးနေ့ ပွဲခင်းထဲက ခင်ဝင်းသစ်ရဲ့ လမ်းလျှောက်နေတဲ့လက်ဆစ်များ
ပဒိုမန်းရှာအိမ်ကုန်းပေါ်က လရောင်
ဘောနော်လေးတောင်ကြားထဲက ဂန္ထဝင်မြောက် မြူခိုးများ
ကချင်ကုန်း ပလောင်ကုန်း မွန်ကုန်း
ပြီးတော့
ဒေါင်းအိုးဝေ
သနူးထူး
ခေဒဗလျူအိုမဂ္ဂဇင်း
ဂျီအန် သာတီတူး
စာပေကလပ်
အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ
ဒေါ်အောင်ဆန်းစုကြည်လမ်းကလေး
နိုင်ဝင်းဆွေရဲ့ ငြုပ်ခင်း ခရမ်းခင်းနဲ့ သောင်ရင်းမြစ်ပေါ်က လေညှင်းကလေး
မယ်တုက္ခီစမ်းချောင်းထဲက နေရောင်ခတဲ့ ကျောက်တုံးများ
အဲဒါ
မာနယ်ပလော။
ငါ
နှစ်မြုပ်ဖောက်ခွဲနိုင်ခဲ့ရဲ့လား
ပေါက်ကွဲသံနဲ့ ဖောက်ခွဲသံကို ခွဲခြားနိုင်ခဲ့ရဲ့လား
ဒါဟာ
နာရီသံချောင်းခေါက်သံ
ဒါဟာ
မီးသံချောင်းခေါက်သံ
တုံးခေါက်သံနဲ့ ဗုံးဖေါက်သံ
အသံစုံ
အသံကြောင်
အသံအောင်
အသံစူး
အသံဖြင်း
အသံပြင်း
အသံဟူသမျှ သယ်ဆောင် ရထားတစင်း
တံတားတစင်းပေါ်မှာ
မြစ်တစင်းကို ဖြတ်ကျော်လာခဲ့ပေါ့
ငါ
တံတားတစင်းကို နှစ်ခါကျော်လို့ ရနိုင်မတဲ့လား
ရထားတစင်းကို နှစ်ကြိမ်စီးလို့ ရနိုင်မတဲ့လား
ဒါပေမယ့်
တခါထဲနဲ့ တဘဝလုံး သယ်ဆောင်သွားရမယ့် ရိက္ခာများ
အဲဒါ
မာနယ်ပလော။
ငါ
ရထားတစင်းပေါ်မှာ
ငါ
ကဗျာတပုဒ်ပေါ်မှာ
ငါ
ငါ့ကိုယ်ပေါ်မှာ
ချူကြည့်ခဲ့ ယူကြည့်ခဲ့
ရထားပေါ်က ဘဝတခုကို ငါချူကြည့်ခဲ့သလား
ချူနိုင်ခဲ့ရဲ့လား
အချူခံခဲ့ရသေးလား
ငါ ကိုယ်တိုင်က
အချူခံခဲ့ အယူခံခဲ့သလား
အဲဒါ
လက်ခမေါင်းသံ
အဲဒါ
အနံ့တမျိုး
အဲဒါ
လွတ်မြောက်နယ်မြေ
အဲဒါ
တော်လှန်ရေး စခန်း
အဲဒါ
ကဗျာတပုဒ် ဖြစ်ခဲ့ပေါ့။ ။
(၁၈၊ ၅၊ ၂ဝ၁ဝ)
* ကဗျာဆရာ တိုက်မောင်းရဲ့ ကဗျာတပုဒ်ထဲက စာသားများဖြစ်ပါတယ်။
မာနယ်ပလော။ ။ တချိန်က ရှိခဲ့ဖူးတဲ့ တော်လှန်ရေး အမာခံစခန်းကြီးရဲ့ အမည်ဖြစ်ပါတယ်။
ဒီကဗျာကို မဇ္ဈိမသတင်းနဲ့မီဒီယာ စာစောင်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျား။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ငြိမ်းဝေ | အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၃ မိနစ်
ငါကိုယ်တိုင်ရွေးချယ်ပြီး
ငါကိုယ်တိုင် တည်ဆောက်တဲ့ ဘူတာ
အဲဒီကနေပြီး
ငါတက်စီးခဲ့တဲ့ရထား
အဲဒါ “မာနယ်ပလော”။
(၁၉၉၂၊ ဇွန်…)
ထိုင်ခုံတနေရာ မရလိုက်ဘူး
အသံထက်မြန်
ကျည်ဆံထက်မြန်
မြန်သထက်မြန်
အဲဒီ ရထား ဘီးပါသလား
ရထားဆိုတာ ဘီးပါရသလား
ဘီးပါမှ ရထားဖြစ်သလား
“ရထားဖြစ်သလား ရထားဖြစ်သလား”
မော့ကြည့်တယ်
ဘီးက ဆယ်ဘီး
ဆယ်ဘီး ရထားပေါ့
တချို့က ဆယ့်ငါးဘီးလို့ ပြောတယ်
ဒါဆို ဆယ့်ငါးဘီးရထားပေါ့
ဒါက အရေးမကြီးပါဘူး
ရထားဖြစ်သလားပဲ အရေးကြီးတာပါ
ဘီးပါဖို့ပဲ အရေးကြီးတာပါ
ဘီးပါတဲ့ ရထားပေါ်မှာ
ဘီးမပါပဲ ငါလမ်းလျှာက်ကြည့်တာ
ငါ့ကို ဘယ်သူ ဘီးတပ်ပြီး တွန်းလွှတ်လိုက်သလဲ
တွန်းလွှတ်တဲ့အခါ ဘီးတပ်ထားသလား
ငါက ရထားထက်မြန်သလား
ရထားကို ငါစီးလာသလား
ရထားက ငါ့ကို စီးသွားနေသလား
ဘယ်လိုပဲဖြစ်ဖြစ်
ရထားရွေ့နေခဲ့ဖို့ပါပဲ
ရထားဖြစ်သလား
ရွေ့တဲ့အခါ ရှေ့ကို
ဘေးကို
နောက်ကိုတော့ ပြန်မရွေ့ဖို့ပဲ
ဘီးတွေက မြည်လှ မြန်လှချည့်လား
လေတွေက တဝူးဝူး
ဝုန်း ဒိုင်း ရွှီ ဝေါင်း
ရထားဖြစ်သလား
ခက်တာက ခလေးတွေချည်းပဲ
နှပ်မသုတ်တတ်ဘူး
နောက်ဖေး ကြုံသလိုသွား
မျက်နှာ သူများသစ်ပေးမှ
ထမင်း ခွံ့ကျွေးမှ
လက်ဆေးပေးမှ လက်သုပ်ပေးမှ
ခက်တာက ခလေးတွေချည်းပဲ
“ကုလားထိုင် စိုက်ပျိုးခင်း”* တဲ့လား
မျိုးစေ့တွေ အောင်လှချည့်လား
ပန်းတွေ ပွင့်လွန်းသလား
သီချင်းတွေ ဆိုလွန်းသလား
အကတွေ များလွန်းသလား
ဒါပေမယ့်
ငါ့မှာ
တံဇဉ်မရှိဘူး
အနံ့ကောင်းကောင်း မရဘူး
ကီး ကောင်းကောင်းမကိုက်ဘူး
ချိုမိုင်မိုင်ပါကွာ
ဒါပေမယ့်
ငါ
မျိုးစေ့ကြဲ
ပန်းစိုက်
သီချင်းဆို
က
သူများလိုပါပဲ
တေ တျာ ထန် ရှင် ပါပဲ
“ဘောင်းဘီပွပွကြီးကို ကြိုက်တယ်ဟေ့”*
ဒီလိုနဲ့
ငါတို့တတွေ ရထားဖြစ်ခဲ့ကြသပေါ့
ဒီလိုနဲ့
ငါတို့တတွေ
ရထားစီးခဲ့ကြသပေါ့
အဲဒါ မာနယ်ပလော။
ဘီးတပ်ရထားကို ဘယ်သူတွေ တွန်းခဲ့ကြသလဲ
ဘယ်ကိုလဲ
ဘယ်လောက်အထိလဲ
ခင်ဗျားက ဂတ်ဗိုလ်လား
စက်ခေါင်းဗိုလ်လား
ပလက်ဖေါင်းပေါ်က အလံပြလား
ခြေနင်းခုံပေါ်မှာ ငါလား
သူလား ငါလား
ညီအကို မသိတသိလား
ရောင်နီလာပြီလား
မှောင်ပြီလား လင်းပြီလား
ဒါကတော့
အပြော
ဒါကတော့
အပြ
ဒါကတော့
အလှုပ်
ထိုင်ခုံတနေရာ ငါလိုက်ရှာ
ထိုင်ခုံတနေရာ ငါတွေ့ 
ထိုင်ခုံတနေရာဆီ ငါသွား
ဒယီးဒယိုင်
ရထားက လှုပ်လွန်းခါလွန်း
လူတွေက တွန်းလွန်းတိုးလွန်း ယိမ်းလွန်းယိုင်လွန်း
ငါက ပွန်းလွန်းပဲ့လွန်း
ဒါနဲ့ပဲ
ရတဲ့တနေရာ ငါထိုင်
မဟုတ်ဘူး ထိုင်တဲ့တနေရာ ငါရ
ငါ
ကဗျာရေး ကဗျာတွေး ကဗျာဆေး ကဗျာဘေး
ဒါပေမယ့်
ငါ
ရထားစီးခဲ့
ငါ
ကဗျာရေးခဲ့
ကဗျာဖြစ်သွားတဲ့ ညနေဆည်းဆာများ
ကဗျာဖြစ်တော့မယ့် နံနက်ဆည်းဆာများ
သည်လိုနဲ့ 
ငါ
အိပ်ငိုက်လိုက် ပြုံးလိုက်
လက်သီးဆုပ်လိုက် ဖြန့်လိုက်
ကုန်းလိုက် ကွလိုက်
ယားလို့ ကုတ်လိုက်
ကုတ်လို့ ယားလိုက်
ရှေ့ကိုသွားဖို့ရာ
သွားတဲ့ရထားကို စီးရမှာလား
ရထားစီးရင်း သွားရမှာလား
ဒီလိုနဲ့
ငါ့ကဗျာ ဆယ့်တပုဒ်
ဒီကနေ့ ရေး
နေ့မကူးခင် ဟောင်းသွား
နေ့မကူးခင် ကျိုးပဲ့သွား
မာနယ်ပလောရေ
နင်ဟာ
ငါ့ရဲ့ နှလုံးသား ဒီမိုကရေစီမှာ
ဘယ်တော့မှ
အပျိုရည် မပျက်စေရဘူး ဆိုလား
မာနယ်ပလောတွေ
အများကြီးလို့ ဆိုလိုက်သလား
တော်လှန်ရေးရဲ့ နှလုံးသားတည်ရှိရာ
ဆိုလိုက်သလား
ခင်ဗျား
အသံတိုးလှချည့်လား
ခင်ဗျား
အသံတွေ ကျယ်လှချည့်လား
ခင်ဗျား
အသံတွေ ကြောင်လှချည့်လား
ခင်ဗျား
အသံတွေ အောင်လှချည့်လား
အဲဒါ
မာနယ်ပလော။
ဘီးပါတယ်လို့ ယူဆရဖွယ်ရှိတဲ့ ရထားတစင်း
အဲဒီရထားမှာ ဘီးပါသလား
ဒီကြားထဲ
ရထားမှာ ဘီးမပါလဲဖြစ်တယ်တဲ့
တချို့က
ရထားဘီးတွေ လဲရမယ်တဲ့
တချို့က
ဘီးတဘီး နှစ်ဘီး သုံးဘီးလောက် ဖြုတ်ချထားခဲ့မှ ရမယ်တဲ့
ဘီးတွေဖြုတ်ချထားခဲ့တာလား
ပြုတ်ကျကျန်ခဲ့တာက ဘီးတွေလား
တချို့က ဘီးလုံးဝမပါပဲ သွားကြည့်ရင်ကောင်းမယ်ဆိုလား
ဘီးအဝိုင်းအစား
ဘီးသုံးထောင့် ဘီးလေးထောင့်
သည်လို ပြောင်းတပ်ကြဆိုလား
ဆီထည့်ဖို့ မလို
ဝက်အူမပြုန်းတဲ့ ဘီးဆိုလား
ရှေ့ကိုပဲလိမ့်ပြီး နောက်ပြန်ဆုပ်မရတဲ့ ဘီးအတွေဆိုလား
သံလမ်းမလိုတဲ့ ဘီးတွေဆိုလား
ဒါလည်း ဘာလိုသလဲ
ဘီးဖြစ်ဖို့က အဓိကပဲမို့လား
ကြားဘူတာ မလိုတဲ့ ရထားဆိုလား
ဘယ်ဘူတာမှ ရပ်ဖို့ မလိုတဲ့ ရထားလား
ဒါလည်း ဘာလိုသလဲ
ရထားဖြစ်ဖို့ပဲ မဟုတ်လား
အဲဒါ
မာနယ်ပလော။
ခြေသံတွေ
ခင်ဗျား ကြားလိုက်ရဲ့လား
လူ ဆယ့်သုံးယောက်ရဲ့ ခြေသံတွေ
ကြောင်ရှာပင်တွေဆီ ကပ်သွားတဲ့
ခြေသံတွေ
ဘတ် ၃၅ဝ ကိုပိုက်ပြီး
မယ်ညောခီးတောင် ကျော်သွားနေတဲ့ ခြေသံတွေ
အာဇာနည်ကုန်းပေါ်က သေနတ်ဖေါက်သံတွေ
ဒီအေဘီကုန်းပေါ်က
ဒီဗွီဘီသတင်းထောက်တယောက်ရဲ့
အသံဖမ်းစက် တောင်းခံသံတွေ
မနက် ၉ နာရီကျော်ကျော်
မြစ်ဆုံပေါ်က လက်နက်ကြီးကျသံတွေ
စစ်သင်တန်းအထူးဆုရ မိန်းခလေး
စစ်ဖိနပ်သံတွေ
ဝန်ကြီးများရုံးနောက်ကြောကုန်းပေါ်က
ခန္ဓာကိုယ်ချည်းပဲ လှိမ့်ချလိုက်တဲ့အသံတွေ
ပါကင်ထုပ်ကြီးတထုပ် ဝိုင်းထိုင်ကြည့်နေကြ ရင်ခုန်သံတွေ
တနေ့တော့ မောင်ပြန်လာမည်ကို ထိုင်ဆဲလိုက်ကြတဲ့အသံတွေ
အဲဒါ
မာနယ်ပလော။
ငါ
ရထားတစင်းပေါ်မှာ
မှန်ထောင်ကြည့်
ယက်တူရှန်ကိုလား
အိုစစ် မင်ဒယ်လ်စတန်းလား
ဆစ်လ်ဗီယာ ပလပ်လား
ဒါက
ငါလား
ဒါက
သူများလား
သူများတွေလို
ငါ့လို
သူတို့မှာ
ဒါပေမယ့် လက်က သုံးလေးချောင်း
သွားနဲ့
ဒါပေမယ့် သုံးဆယ့်ငါးချောင်း
ဒါပေမယ့် မျက်လုံးက နဖူးးပေါ်မှာ
သူတို့နဲ့ ငါ
ထူးရာစိုးမှာ ထိုင်
ဒေါ်အောင်ဆန်းစုကြည်လမ်းထဲ
လေနုအေးက ပူတယ်
ခြေတပေါင်ကျိုး လမ်းလျှောက်
ကုလားမခြေထောက်နဲ့ သွား
အုန်းပင်စိုက်
အမျိုးမျိုး ထွင်ကြည့် ထွင်းကြည့် ထွက်ကြည့် ထွာကြည့် ထုံးကြည့်
ကျီးကြည့် ကြောင်ကြည့် စာကလေးကြည့် ဆက်ရက်ကြည့်
အမြီးလှုပ်ကြည့် အမြီးကုတ်ကြည့်
လက်ချိုးကြည့် ဇက်ချိုးကြည့်
အဟမ်း
ငါ ကဗျာတပုဒ် ရွတ်မယ်
အဲဒါ မာနယ်ပလော။
ငါ
တကယ်ပဲ ဘူတာတခု တည်ဆောက်ခဲ့သလား
ရပ်မပေးတဲ့ ရထားတစင်းပေါ် ခုန်တက်ခဲ့တာ တကယ်လား
ရထားပေါ်ကြမှ
ငါ့ကိုယ်ငါ တည်ဆောက်လိုက်သလား
ဒါမှမဟုတ်
ရထားပေါ်ရောက်ကာမှ
ငါ တည်ဆောက်ခံလိုက်တာလား
သူများချစ်လို့
လိုက်ချစ်တာမျိုး
သူများစီးလို့
လိုက်စီးတာမျိုး
လိုက်စီးရင်းတော့ ချစ်လိုက်မိသလား
ချစ်လို့ လိုက်စီးလိုက်တာလား
ခေတ်တခေတ်နဲ့ ရထားတစင်းက အတူတူပဲလား
ရထားတစင်းဟာ ခေတ်တခေတ်ဆိုရင် ကြီးကျယ်ရာ ကျနေမလား
ဝန်ကြီးများရုံး ရဟန်းပျိုများသမဂ္ဂကုန်းတော်
နိုင်ဝင်းဆွေရဲ့ နန်းတော်တဲအိမ် မယ်တုက္ခီစမ်းချောင်း
ထမင်းစားရုံဘက်က ဝါးခေါက်သံ
ဒါပေမယ့်
“အိုအောင်” ရေ
ခင်ဗျားလိုပဲ ခလောက်သံပြန်မကြား
မဟုတ်ဘူး မကြားတကြား တကိုယ်ကြား
တံခါးခေါက်သံ ဝါးပေါက်သံ ကျားဟောက်သံ
ဒါပေမယ့်
ခေတ်တခုကို အခုလို
နားဖေါက်
တချို့လည်း ဒူးထောက်လို့
ရစကောင်းလား
ကောင်းတာရမှာလား
တောင်းတာ ရမှာလား
ရတာ ကောင်းမှာလား
ရတာ တောင်းတာလား
ခင်ဗျား
ကျနော်နဲ့ လိုက်ဆို
သံပြိုင် မဆိုနဲ့
လိုက်ဆို
ရှေ့က မဆိုနဲ့
ဘေးက မဆိုနဲ့
လိုက်ဆို
ကဲ
လိုက်ဆို
အဲဒါ မာနယ်ပလော။
မာနယ်ပလောမှာ
ငါမပါရင် ကဗျာမဖြစ်ဘူး
မဟုတ်ဘူး
ကဗျာမပါရင် ငါမဖြစ်ဘူး
ငါမပါရင် အသံမထွက်
ငါမပါရင် မငံ
ငါမပါရင် ဟင်းခွက်တရာမပြည့်
ငါမပါရင်
ဒါကြောင့်မို့
ငါက
ဘောင်းဘီပွပွကြီးကို ကြိုက်ခဲ့တာပေါ့
ပက်စတာညက်ရဲ့ ဆောင်းညကို ခြုံအိပ်ခဲ့တာပေါ့
မာယာကော်စကီးရဲ့ နဖူးဆီလာနေတဲ့ ကျည်ဆံကို
လက်နဲ့ ဝင်တားဖို့ ကြိုးစားခဲ့တာပေါ့
မောင်သင်းခိုင်ရဲ့ ခေါင်းကို မရိုက်ဖို့ ပြောခဲ့တဲ့
ဇော်(ပျဉ်းမနား) ကို ငါ ထောက်ခံခဲ့တာပေါ့
သခင်ကိုယ်တော်မှိုင်းရဲ့ ဗဟုဝါဒကို ငါ ဖြင်ကြည့်ခဲ့တာပေါ့
ဆရာတာရာရဲ့ ရန်သူကို မိတ်ဆွေဖြစ်အောင် …
ငါ
ကဗျာရေးတယ်
ငါ
ကဗျာရေးတယ်
ငါ
ကဗျာ ရေးတယ်
အဲဒါ
မာနယ်ပလော။
ဒီတုန်းက
ငါ
အမှတ်အနည်းဆုံး စစ်သင်တန်းသား
ငါ့ သေနတ်ပြောင်းပေါ်က ပိုက်ဆံက အကြိမ်ကြိမ်ခုန်ချ
ရှေ့တန်းကို ကျည်ဆံမယူဘဲ နှလုံးသားအခွံကြီးနဲ့ ဆင်းသွား
ယွန်းစလင်းချောင်းဘေးမှာ ဗသျှိုးရဲ့ ဖါးတကောင် ရေထဲခုန်ချတာကို နားထောင်
ပလုံ..။
လေးကေတောင် ကားမဲတောင် မိဆိုင်းတောင်
ကျုံစိန် တလိုင်းကရင် ကျောက်ဖြာ
ဟပ်သလိုက်ကျေးနယ်
မယ်ပေါထ ပေါ့ပါးထ ဒေါင်းဂွင် သံလွင် ပဟေလူ ဖွေးပေါလူ
စောဘဦးကြီး ကျောက်တိုင်
ကရင်လူငယ်အစည်းအရုံးရှေ့ စုပေါင်းဓာတ်ပုံရိုက်ခြင်း
ဗိုလ်ချုပ်ကြီးစောဘိုမြမွေးနေ့ ပွဲခင်းထဲက ခင်ဝင်းသစ်ရဲ့ လမ်းလျှောက်နေတဲ့လက်ဆစ်များ
ပဒိုမန်းရှာအိမ်ကုန်းပေါ်က လရောင်
ဘောနော်လေးတောင်ကြားထဲက ဂန္ထဝင်မြောက် မြူခိုးများ
ကချင်ကုန်း ပလောင်ကုန်း မွန်ကုန်း
ပြီးတော့
ဒေါင်းအိုးဝေ
သနူးထူး
ခေဒဗလျူအိုမဂ္ဂဇင်း
ဂျီအန် သာတီတူး
စာပေကလပ်
အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ
ဒေါ်အောင်ဆန်းစုကြည်လမ်းကလေး
နိုင်ဝင်းဆွေရဲ့ ငြုပ်ခင်း ခရမ်းခင်းနဲ့ သောင်ရင်းမြစ်ပေါ်က လေညှင်းကလေး
မယ်တုက္ခီစမ်းချောင်းထဲက နေရောင်ခတဲ့ ကျောက်တုံးများ
အဲဒါ
မာနယ်ပလော။
ငါ
နှစ်မြုပ်ဖောက်ခွဲနိုင်ခဲ့ရဲ့လား
ပေါက်ကွဲသံနဲ့ ဖောက်ခွဲသံကို ခွဲခြားနိုင်ခဲ့ရဲ့လား
ဒါဟာ
နာရီသံချောင်းခေါက်သံ
ဒါဟာ
မီးသံချောင်းခေါက်သံ
တုံးခေါက်သံနဲ့ ဗုံးဖေါက်သံ
အသံစုံ
အသံကြောင်
အသံအောင်
အသံစူး
အသံဖြင်း
အသံပြင်း
အသံဟူသမျှ သယ်ဆောင် ရထားတစင်း
တံတားတစင်းပေါ်မှာ
မြစ်တစင်းကို ဖြတ်ကျော်လာခဲ့ပေါ့
ငါ
တံတားတစင်းကို နှစ်ခါကျော်လို့ ရနိုင်မတဲ့လား
ရထားတစင်းကို နှစ်ကြိမ်စီးလို့ ရနိုင်မတဲ့လား
ဒါပေမယ့်
တခါထဲနဲ့ တဘဝလုံး သယ်ဆောင်သွားရမယ့် ရိက္ခာများ
အဲဒါ
မာနယ်ပလော။
ငါ
ရထားတစင်းပေါ်မှာ
ငါ
ကဗျာတပုဒ်ပေါ်မှာ
ငါ
ငါ့ကိုယ်ပေါ်မှာ
ချူကြည့်ခဲ့ ယူကြည့်ခဲ့
ရထားပေါ်က ဘဝတခုကို ငါချူကြည့်ခဲ့သလား
ချူနိုင်ခဲ့ရဲ့လား
အချူခံခဲ့ရသေးလား
ငါ ကိုယ်တိုင်က
အချူခံခဲ့ အယူခံခဲ့သလား
အဲဒါ
လက်ခမေါင်းသံ
အဲဒါ
အနံ့တမျိုး
အဲဒါ
လွတ်မြောက်နယ်မြေ
အဲဒါ
တော်လှန်ရေး စခန်း
အဲဒါ
ကဗျာတပုဒ် ဖြစ်ခဲ့ပေါ့။ ။
(၁၈၊ ၅၊ ၂ဝ၁ဝ)
* ကဗျာဆရာ တိုက်မောင်းရဲ့ ကဗျာတပုဒ်ထဲက စာသားများဖြစ်ပါတယ်။
မာနယ်ပလော။ ။ တချိန်က ရှိခဲ့ဖူးတဲ့ တော်လှန်ရေး အမာခံစခန်းကြီးရဲ့ အမည်ဖြစ်ပါတယ်။
ဒီကဗျာကို မဇ္ဈိမသတင်းနဲ့မီဒီယာ စာစောင်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျား။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment