သူငယ်ချင်း ဆူးနစ်ရင်က ကျနော် ဖတ်ဖို့ ကူးရေးပေးထားတဲ့ ဆရာမြင့်သန်းရဲ့ကဗျာတစ်ပုဒ်ပါ။
နေလို့ကောင်းရင်ပြီးတာပဲ
ငါ့တူတွေထဲမှာတော့
မင်းအလွန်ထူတာပဲရယ်လို့
ဘကြီးက ပြောရင်း ဆဲတယ်။
ဓါးတိုတစ်ချောင်းနဲ့ ယာမခုတ်တတ်သလို
စားလို့ကောင်းမယ့် မှိုများလည်း မရှာတတ်ဘူး တဲ့။
ဟိုဘက်ရွာက အပျိုတွေငမ်း
ဒီဘက်ရွာက လူပျိုတွေနဲ့ ဖြန်း
ကြမ်းကြမ်းရမ်းရမ်းတော့ ဘာမှ မလုပ်ဘဲ
ဖျာစုတ်တစ်ချပ်ပေါ်လှဲရင်း
ပျင်းပြီးရင်း ပျင်းနေတော့
ဖျင်းပြီးရင်း ဖျင်းသပေါ့ တဲ့။
ဘကြီးရာ
ကိုယ့်ထမင်းကိုယ်စား
ဘကြီးနွား ကျောင်းနေရတာထက်စာရင်
ဖျာပေါ်ကျောခင်း
ပျင်းပြီးရင်း ပျင်းနေရတာကတော့ဖြင့်
နာမည် ပျက်လောက်ပေတဲ့
နေလို့တော့လည်း အချောင်သား ဗျ။
မြင့်သန်း
အထူးမေတ္တာရပ်ခံချက်
ကဗျာကို ဘယ်ဘလော့ထဲကနေ ကူးယူမိမှန်း မမှတ်မိတဲ့အတွက် ဘလော့ပိုင်ရှင်ကို
မဖေါ်ပြမိတာကို ကာယကံရှင်အနေနဲ့ ခွင့်လွှတ်စေချင်ပါတယ်။
အကယ်၍များ ဒီကဗျာဟာ မိမိရဲ့ဘလော့ကပါလို့ လိပ်စာရေးပြီး ပို့ပေးမယ်ဆိုရင်
တလေးတစားနဲ့ကြိုဆိုဖေါ်ပြပေးချင်ပါတယ်။
ကျေးဇူးတင်လျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment