+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, July 6, 2010

စောင်းကောက်သံကြားချင်တယ်


စောင်းကောက်သံကြားချင်တယ်
(မင်းစိုးစံ)

နုညက်အိစက်ခြင်းမရှိတဲ့
ငါ့ရဲ့လက်ချောင်း
စောင်းကြိုးပေါ်တက်ဆင်း
ညှင်းသွဲ့ဆော့ပြေး
လ,ရေးရေးကြား
“လေလေး....” ဆိုတဲ့တေးသံတွေ
လွင့်ပျံနေခဲ့။ ။

ဒီဓါတ်ပုံကတော့ www.bbcburmese.com က ကူးယူထားတာဖြစ်ပါတယ်

“လေလေး....” နဲ့အစ,ပျိုး
မရိုးနိုင်တဲ့ကရင့်တေး
စစ်ခွေးတွေကြောင့်တိတ်ဆိတ်
တပြည်လုံးထိတ်လန့်
စောင်းသံပါတန့်ကုန်တယ်။ ။

ဒီဓါတ်ပုံကတော့ www.bbcburmese.com က ကူးယူထားတာဖြစ်ပါတယ်

ဒီတော့……..
အိစက်နုညက်ခြင်းမရှိတဲ့
ငါ့ရဲ့လက်ချောင်း
သေနတ်မောင်းကိုဖြုတ်ဘို့
အလိုလိုဖြစ်သွား
စောင်းသမားငါ့ရဲ့ဘဝ
သေနတ်သမားဖြစ်ခဲ့ရပေါ့။ ။

ဒီဓါတ်ပုံကတော့ www.bbcburmese.com က ကူးယူထားတာဖြစ်ပါတယ်

သေနတ်မောင်းထဲက,ငါ့လက်ချောင်း
စောင်းခတ်သလိုမနှေးပဲ
ရန်သူ့နှလုံးသွေးကိုဖေါက်ထုတ်ဘို့
ခပ်သုတ်သုတ်ကုတ်ရင်း
ဝပ်ကျင်းထဲက,ငါ
ဆန္ဒပြုလိုက်ပါတယ်
သာယာတဲ့ကရင့်စောင်းကောက်သံ
စီညံလျှံပါစေ။

အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တော်လှန်သူများအားလုံးကို ဂုဏ်ပြုလိုက်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment