ကရင့်ရိုးရာ နဘန်းပွဲလေး
ကျုပ်တို့ ကရင့်ရိုးရာ အားကစားတွေထဲက နဘန်းပွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟိုးအရင်တုန်းကတော့ ကောက်သစ်စားပွဲတွေမှာ ယှဉ်ပြိုင်လုံးသတ်ကြတဲ့ ပျော်ရွှင်ဘွယ် ရိုးရာအားကစားပွဲလေးတခုဖြစ်ပါတယ်။
အများအားဖြင့် စပါးပုံတွေပေါ်မှာကစားကြတယ်လို့ ဆိုပါတယ်။ စပါးပုံဆိုတဲ့နေရာမှာ စပါးမချွေရသေးတဲ့ ကောက်ရိုးပုံ(တလင်းထဲမှာ နယ်ဘို့ထားတဲ့စပါး) ပေါ်မှာ နဘန်းပွဲကို ပြုလုပ်ကြတာပါ။ စပါးလည်းချွေပြီးသားဖြစ် သွားသလို ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
အဲဒီလိုပဲ အမျိုးသားတွေရဲ့ ကိုယ်ကာယ စွမ်းအားကို ပြသ,ရာလည်းရောက်တဲ့ အတွက် အလွန်အားပေးသင့်တဲ့ ရိုးရာအားကစားပွဲတခုလို့မြင်မိပါတယ်။
စိတ်ဝင်စားလျင် ကြည့်ရှုအားပေးနိုင်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


0 comments:
Post a Comment