(၅၅)ကြိမ်မြောက်၊ ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲကျင်းပပြီးစီး
ဒီနှစ်ကျရောက်သည့် (၅၅)ကြိမ်မြောက်၊ နိုဝင်ဘာ(၇)ရက် ကရင်ပြည်နယ်နေ့ကို ဖျောက်ဖျက်စေချင်သော
ရည်ရွယ်ချက်ဖြင့် နအဖက ရွေးကောက်ပွဲနေ့အဖြစ် နိုဝင်ဘာ(၇)ရက်နေ့ကို ရွေးချယ်သတ်မှတ်ခဲ့သည်။
သို့သော်လည်း မျိုးချစ်စိတ်ရှိသော ကရင့်ပုဂ္ဂိုလ်တို့၏ တောင်းဆိုအားထုတ်မှုကြောင့် နိုဝင်ဘာ(၉)ရက်သို့
ပြောင်းလဲကျင်းပခဲ့သည်။
အထူးသဖြင့် ကရင့်ရိုးရာဒုံးအကကို ဦးစားပေးကျင်းပခဲ့ခြင်းဖြစ်သည်။
ဒီနှစ် ပထမရရှိသော ဒုံးမှာ ဒုံးနည်းပြဆရာစောမြင့်သူ သင်ကြားသော ဖႜုံပညာ့တွါန့်(ကရင့်ပညာရွာ၊တောင်ကလေး)
ဒုံးအဖွဲ့က ဆွတ်ခူးရရှိသွားပါသည်။
ဒုတိယဆွတ်ခူးရရှိသောဒုံးမှာ ဘားအံတက္ကသိုလ်မှ ကရင်ကျောင်းသူ/သားများ ဒုံးအဖွဲ့ဖြစ်သည်။
ဒီဒုံးကို ဆရာစောအောင်ကျော်ငြိမ်း(ရသေ့ပျံ)နှင့် နန်းဖြူစင်ခိုင်က သင်ကြားပို့ချပါသည်။
တတိယဆုကို အိန္ဒုကျေးရွာ ကိုယ်စားပြုဒုံးအဖွဲ့က ဆွတ်ခူးရရှိပြီး စောကဗျာစိန်က ကိုင်တွယ်သင်ကြားခဲ့
ခြင်းဖြစ်သည်။
Posted by sawdahbo2749@gmail,com at 8:47 PM


0 comments:
Post a Comment