+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, November 7, 2010

မြဝတီမြို့ တိုက်ပွဲသတင်း

မြဝတီမြို့ တိုက်ပွဲသတင်း

2749:
မြ၀တီမှာပစ်နေပြီ
2749 is online.

ဟုတ်ကဲ့လား?
2749:
ဟုတ်တယ် ဗုံးလဲပေါက်တယ်။သေနတ်ကြီးတွေနဲ့ရော။

ဘယ်အချိန်လောက်မှာ စ,ဖြစ်တာလဲ?
2749:
ဒီမနက်လေ

ဘယ်သူနဲ့လဲ? ကေအင်န်ယူပါလား?
2749:
ဗိုလ်နှုတ်ခမ်းအဖွဲ့

အသေအပျောက်သတင်းရ,ပြီလား?
2749:
လောလောဆယ် ကျွန်တော့်အမမိသားစု ပုန်းနေရလို့
မေးလို့မရသေးဘူး

သူတို့က မြဝတီမှာနေလား?
2749:
ဟုတ်တယ်

ဒါဆိုလျင် အခြေအနေထူးလျင် ပြန်ဆက်သွယ်စေချင်ပါတယ်။
2749:
အိုကေ
အခုလို အကြောင်းကြားတာ ကျေးဇူးအများကြီးတင်ပါတယ် အှ်ဆံင်းလာ.ဆါ်။
Sent at 9:27 PM on Sunday

2749:
ပြည်သူအသေအပျောက်များ ဆေးရုံမဆန့်။

တိုက်ပွဲပြီးပြီလား?
2749:
ပြီးပြီလား
မပြီးသေးဘူး
တိုက်နေတုန်းပဲ


နှစ်ဘက်အထိအခိုက် ဘယ်လိုလဲ?
2749:
အဲဒါကို မသိရသေးဘူး
ပြည်သူတွေတော့တော်တော်ထိတယ်။

ပြဿနာပါပဲကွာ။ ပြည်သူတွေက အချောင်သက်သက်။
2749:
သေနပ်သံများကြောင့် နယ်စပ်တလျောက် အန်ဂျီအိုများဖွင့်လှစ်ထားတဲ့ မြန်မာ အလုပ်သမား များရဲ့ ကလေး ကျောင်းများကို ထိုင်းအာဏာပိုင်များက ပိတ်ရန် ညွန်ကြားထားပါတယ်။

လူသေတာများတယ်ပြောတယ်. အပြင်ထွက်လို့မရကြတော့ဘူး. ထွက်တဲ့လူတွေ အပစ်ခံရတယ်တဲ့. ပေါ်တာလည်း စဆွဲနေပြီပြောတယ်. အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ်ကြားတယ်. ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်။
ခုသူများပြောပြချက်အရ။

အေးကွာ စောကျော်ခွီးပြောတာက ဘုရားသုံးဆူဘက်မှာလည်း ဆော်နေကြတယ်တဲ့
Sent at 10:14 PM on Sunday
2749:
KNU တပ်ရင်း 201 ဝေါလေးခီးဂွင်က စစ်သားတွေ ကူညီဖို့ အဆင်သင့်ဖြစ်နေပြီ

0 comments:

Post a Comment