+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 17, 2010

ရုရှားက စစ်သားဘလော့ဂါတွေ ဖတ်သင့်တဲ့ သတင်း


ရွေးကောက်တင်မြှောက်ခံရသူများကို ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် ကော်မရှင်က ပါတီများသို့ အကြောင်းကြားစာများ ပေးပို့

၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူများကို ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် ကော်မရှင်က ပါတီများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သတင်း ရရှိပါသည်။

ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုပါက ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာပါတီ အသီးသီးသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း(၁၇)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ကျင်းပ ပြုလုပ်ခဲ့သော လွှတ်တော် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ စာရင်းနှင့်လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲ အရေအတွက်များကို အများပြည်သူ သိရှိနိုင်ရန် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများမှ ထည့်သွင်းဖော်ပြ ထုတ်ပြန် ကြေငြာလျက်ရှိကြောင်း၊ လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ရွေးကောက်တင်မြှောက်ခံရခြင်းကို ကန့်ကွက်လိုလျင် ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက်လိုလျင် ဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈နှင့် နည်းဥပဒေ ၈၇ တို့နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံရေးပါတီ အချို့သည် မိမိတို့ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ခံရမှု မရှိခြင်းကို အကြောင်းပြု၍ ပြည်ပအသံလွှင့်ဋ္ဌာနများ၊ သတင်းဂျာနယ် စာစောင်များ၌ ဥပဒေမဲ့ ပြောဆိုရေးသားနေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ရေးသားပြောဆိုမှု များသည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၄ ၌ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်နှင့်ငြိစွန်းရာ ရောက်ကြောင်း၊သို့ဖြစ်၍ ရွေးကောက် တင်မြှောက်ခံရသော ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက်လိုလျှင် ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်ကြရန် ဖော်ပြ အကြောင်းကြားထား ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ကန့်ကွက်လွှာ တင်သွင်းသူ တိုင်းသည် မိမိ၏ ကန့်ကွက်လွှာနှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသည့် ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရမည် ဖြစ်ကြောင်း ကန့်ကွက်လွှာ တစ်စောင်၌ ကန့်ကွက်သူ တစ်ဦးထက် ပို၍ ပါရှိလျင် ကန့်ကွက်သူ တစ်ဦးချင်း အလိုက် ငွေကျပ် ၁၀ သိန်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ပေးသွင်းထားသော အမှုစရိတ်များကို မည်သည့် အကြောင်းကြောင့်မျှ ပြန်လည်ထုတ် ယူခွင့် မရှိစေရကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်းထားချက်အရ သိရသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၈(က)ပါ ပုဂ္ဂိုလ်တစ်ဦးဦးက ရွေးကောက်တင်မြှောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်အတွက်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ဖြစ်စေ ထိုမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက် ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို နည်းဥပဒေ ၇၂(က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေငြာသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်ကသော် လည်းကောင်း ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်းထားချက်အရ သိရသည်။

#21 NyanHtet 2010-11-17 15:08
၁၀ သိန်းတော့ အကုန်မခံ တော့ဘူးဆရာတို့....
မျက်စေ့မှိတ်ပီး ထောက်ခံလိုက်ပါမ ယ်.....
စိတ်ချ ဒီလုပ်ရည် ကိုင်ရည်နဲ့.....
ငါးနှစ်အတွင်း ဘယ်လောက်တိုးတက် မလဲ ကြည့်လိုက်မယ်...
တစ်....မီးပျက်မယ်
နှစ်....လူငယ်တွေ နိုင်ငံခြားအကုန် အလုပ်ထွက်လုပ်မယ်...
သုံး...(ဖ....အနှိပ်ခန်း...)အကုန်ပေါမယ်...ဖ...နိုင်ငံဖြစ်မယ်...
လေး...သောက်ရေမပြောနဲ့ သုံးရေ ရဘို့တောင် အနိုင်နိုင်ဖြစ် မယ်..
ငါး....
ခြောက်...
ခုနှစ်..
ဝှူး....မောတယ်.

0 comments:

Post a Comment